uk
Feedback
News Of Myanmar

News Of Myanmar

Відкрити в Telegram

📈 Аналітичний огляд Telegram-каналу News Of Myanmar

Канал News Of Myanmar (@newsofmyanmar) у мовному сегменті Бірманська є активним учасником. На даний момент спільнота об'єднує 12 485 підписників, посідаючи 15 905 місце в категорії Новини і ЗМІ та 10 046 місце у регіоні М'янма.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 12 485 підписників.

За останніми даними від 30 червня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -219, а за останні 24 години на -6, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 9.80%. Протягом перших 24 годин після публікації контент зазвичай збирає 6.61% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 1 224 переглядів. Протягом першої доби публікація в середньому набирає 825 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 15.

📝 Опис та контентна політика

Автор описує ресурс як майданчик для висловлення суб'єктивної думки:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Завдяки високій частоті оновлень (останні дані отримано 01 липня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Новини і ЗМІ.

12 485
Підписники
-624 години
-117 днів
-21930 день
Архів дописів
🇮🇷 အီရန်အခြေစိုက် 'Tasnim News' မှ အီရန်ပြည်သူများအကြား ကျယ်ကျယ်ပြန့်ပြန့် ကောက်ယူခဲ့သော စစ်တမ်းအရ ၇၂% သော ဖြေဆိုသူများက စစ်ဖြစ်ပွားနိုင်ခြေရှိသည့်တိုင်အောင် ဘော်လစ်စတစ်ဒုံးကျည်များ (Ballistic Missile) ထုတ်လုပ်မှု ရပ်တန့်ခြင်းကို ငြင်းဆန်ကြသည်။ ၆၉.၅% သော ဖြေဆိုသူများက အီရန်နိုင်ငံသည် အမေရိကန်နှင့်ဖြစ်ပွားမည့် စစ်ပွဲကို ခုခံတောင့်ခံနိုင်စွမ်းရှိသည်ဟု ယုံကြည်ကြသည်။ အမျိုးသားများတွင် ၆၅.၇% ကသာ နိုင်ငံ၏ ခုခံနိုင်စွမ်းကို ယုံကြည်ကြသော်လည်း၊ အီရန်အမျိုးသမီးများ၏ ၇၆.၅% က နိုင်ငံတွင် ခုခံနိုင်စွမ်းရှိသည်ဟု ပိုမိုခိုင်မာစွာ ယုံကြည်ကြသည်။ NOM

မြဝတီမြို့နယ်၊ မေတ္တာလင်းမြိုင်ကျေးရွာအနီး Online လိမ်လည်မှုနှင့် လောင်းကစားမှုများ လုပ်ကိုင်နေသည့်တရားမဝင်ပြည်ပနိုင်ငံသားမျာ
+5
မြဝတီမြို့နယ်၊ မေတ္တာလင်းမြိုင်ကျေးရွာအနီး Online လိမ်လည်မှုနှင့် လောင်းကစားမှုများ လုပ်ကိုင်နေသည့်တရားမဝင်ပြည်ပနိုင်ငံသားများအား ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ ဖေဖော်ဝါရီ ၂၆၊ ၂၀၂၆ NOM

MQ4C Tritonမောင်းသူမဲ့ကင်းထောက်လေယာဥ်(ဒရုန်း)၏ အချက်အလက်များ NOM ရည်ရွယ်ချက်- ပင်လယ်ပြင်ကင်းလှည့်ခြင်းအတွက် အထူးတည်ဆောက်ထားပြီး ရေငုပ် သင်္ဘောများ၊ ရေမျက်နှာပြင်ရှိ သင်္ဘောများနှင့် ပုံမှန်မဟုတ်သော လှုပ်ရှားမှုများကို အချိန်နှင့်တစ်ပြေးညီ ခြေရာခံနိုင်သည်။ · ပျံသန်းနိုင်ချိန်နှင့် အကွာအဝေး- Triton သည် တစ်ကြိမ်လျှင် နာရီပေါင်း ၃၀ အထိ ကောင်းကင်ယံ၌ ပျံသန်းနိုင်ပြီး မိုင် ၈၀၀၀ ကျော် အကွာအဝေးအထိ ကင်းထောက်နိုင်စွမ်းရှိသည်။ အာရုံခံကိရိယာ အစုံအလင်- AN/ZPY-3 စွမ်းဆောင်ရည်မြင့် တက်ကြွလှုပ်ရှားနိုင်သော အာရုံခံ ရေဒါ (MFAS) တပ်ဆင်ထားပြီး ၃၆၀ ဒီဂရီ ထောင့်စုံ လွှမ်းခြုံနိုင်ကာ ဆိုးရွားသော ရာသီဥတုတွင်ပင် ပြောင်းပြန်ပေါင်းစပ်ဖွဲ့စည်းထားသော ဓာတ်မှန်ရိုက်စက် (ISAR) ဖြင့် အလွန်ကြည်လင်ပြတ်သားသည့် ပုံရိပ်များကို ဖမ်းယူနိုင်သည်။ ဒီဇိုင်းအခြေခံ- ၎င်းသည် RQ-4 Global Hawk ၏ မူကွဲအဆင့်မြှင့်တင်ထားသော ပုံစံဖြစ်ပြီး ပင်လယ်ပြင်အထက် နိမ့်ပါးသော အမြင့်ပတ်ဝန်းကျင်အတွက် အားဖြည့်ထားသော လေယာဉ်ကိုယ်ထည်နှင့် ရေခဲပျော်စနစ်များ တပ်ဆင်ထားသည်။ အမြန်နှုန်း- တစ်နာရီလျှင် ၃၃၀ မိုင်မှ ၃၅၇ မိုင်အထိ နှုန်းဖြင့် ပျံသန်းနိုင်စွမ်းရှိသည်။ စစ်ဆင်ရေး- မြေပြင်အခြေစိုက်စခန်းမှ လေယာဉ်ပျံသန်းရေးမှူး (တစ်ဦး)၊ နည်းဗျူဟာမှူး (တစ်ဦး) နှင့် မစ်ရှင်လုပ်ငန်းဆောင်ရွက်ရေးမှူး (သုံးဦး) စုစုပေါင်း လေယာဉ်အမှုထမ်း ငါးဦးဖြင့် ပျံသန်းစေခြင်း ဖြစ်သည်။ ထုတ်လုပ်သည့်ကုမ္ပဏီ- နော့ထရော့ဂရူမင် စတင်ထုတ်လုပ်သည့်နှစ်- ၂၀၂၄ သုံးစွဲသည့်အဖွဲ့အစည်း- အမေရိကန်ရေတပ်(၂၇စီး) သြစတေလျတော်ဝင်ရေတပ်(၄စီး) တစ်စီးတန်ဖိုး- အမေရိကန်ဒေါ်လာသန်း၁၈၀

အမေရိကန်၏ဒေါ်လာသန်း၁၈၀တန်MQ4Cစောင့်ကြည့်ရေးဒရုန်း
အမေရိကန်၏ဒေါ်လာသန်း၁၈၀တန်MQ4Cစောင့်ကြည့်ရေးဒရုန်း

အီရန်အနီးကောင်းကင်ယံတွင်အမေရိကန်၏ဒေါ်လာသန်း၁၈၀တန်ဒရုန်းပျောက်ဆုံး NOM ဖေဖော်ဝါရီ ၂၂၊ ၂၀၂၆ ရက်နေ့မှာ အမေရိကန် ရေတပ်ရဲ့ စောင့်ကြည့်ရေး ဒရုန်းတစ်စင်း ပါရှန်ပင်လယ်ကွေ့ကောင်းကင်မှာ ပျောက်ဆုံးသွားခဲ့ပါတယ် ။ အဓိက ဖြစ်စဉ်အကျဉ်း · လေယာဉ်အမျိုးအစား- US Navy ပိုင် MQ-4C Triton ခေါ် မောင်းသူမဲ့ကင်းထောက် လေယာဉ်ဖြစ်ပြီး ခန့်မှန်းတန်ဖိုး ဒေါ်လာ သန်း ၁၈၀ ကျော်ရှိပါတယ် ။ · အချိန်နှင့်နေရာ- ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ပါရှန်ပင်လယ်ကွေ့၊ အီရန်နိုင်ငံ တောင်ဘက်အနီး ကောင်းကင်မှာ ဖြစ်ပွားခဲ့တာပါ ။ · ဖြစ်စဉ်- ယူအေအီးနိုင်ငံက ထွက်ခွာပျံသန်းလာတဲ့ ဒရုန်းဟာ ပေ ၃၂၉၀၀ ဝန်းကျင် အမြင့်မှာ ပျံသန်းနေရင်း အရေးပေါ် အချက်ပြမှု (emergency signal) ပေးပို့ပြီးနောက် ရေဒါပြင်မှ ပျောက်ကွယ်သွားခဲ့တာပါ ။ ဘာတွေ ဖြစ်နိုင်လဲ (ခန့်မှန်းချက်များ) လောလောဆယ် တရားဝင် အတည်ပြုချက် မရသေးတဲ့အတွက် ဖြစ်နိုင်ခြေ အကြောင်းရင်း သုံးခုကို လေ့လာသုံးသပ်သူတွေက ခန့်မှန်းနေကြပါတယ် ။ 1. စက်ချို့ယွင်းမှု- ပါရှန်ပင်လယ်ကွေ့ရဲ့ ပြင်းထန်တဲ့ ရာသီဥတုဒဏ်ကြောင့် အင်ဂျင် (သို့) အီလက်ထရောနစ် စနစ်တွေ ချို့ယွင်းပြီး ပျက်ကျတာဖြစ်နိုင်တယ် ။ 2. အီလက်ထရောနစ် စစ်ဆင်ရေး (EW) - အီရန်ရဲ့ GPS နဲ့ ဆက်သွယ်ရေးလိုင်းတွေကို ဖျက်စီးနိုင်တဲ့ ဂျမ်မင်း (jamming) စနစ်တွေနဲ့ တိုက်ခိုက်ခံရတာ ဖြစ်နိုင်တယ် ။ 3. ပစ်ချခံရခြင်း- အီရန်ရဲ့ ဝေဟင်ပစ် ကာကွယ်ရေးစနစ်နဲ့ ပစ်ချခံရတာ ဖြစ်နိုင်တယ်။ ၂၀၁၉ ခုနှစ်က US RQ-4 Global Hawk ဒရုန်း အီရန်နဲ့ နီးစဉ် ပစ်ချခံခဲ့ရတဲ့ ဖြစ်ရပ်မျိုး ရှိခဲ့ဖူးပါတယ် ။ ဘာကြောင့် အရေးကြီးတာလဲ ဒီဖြစ်ရပ်ဟာ အမေရိကန်နဲ့ အီရန်ကြား တင်းမာမှုတွေ ပိုမိုမြင့်တက်လာချိန်မှာ ဖြစ်ပွားခဲ့တာမို့ နိုင်ငံတကာ အာရုံစိုက်မှု ခံနေရပါတယ်။ · တင်းမာနေတဲ့ အခြေအနေ- ဒီဖြစ်ရပ်မတိုင်ခင် ရက်ပိုင်းအလိုမှာပဲ အမေရိကန်က အီရန်ရဲ့ Shahed-139 ဒရုန်းကို ပစ်ချခဲ့ပြီး နှစ်ဖက် ဒရုန်းချင်း အပြန်အလှန် ပစ်ချတဲ့အထိ တင်းမာမှုတွေ ရှိနေပါတယ် ။ · ပထဝီနိုင်ငံရေး သက်ရောက်မှု- ကမ္ဘာ့ရေနံတင်ပို့မှုရဲ့ ငါးပုံတစ်ပုံခန့် ဖြတ်သန်းသွားလာတဲ့ ဟော်မုန်ရေလက်ကြား (Strait of Hormuz) ရဲ့ လုံခြုံရေးအတွက် ဒီဖြစ်ရပ်က သင်္ကေတတစ်ခု ဖြစ်လာနိုင်တယ် ။ အမေရိကန်နဲ့ အီရန် နှစ်ဖက်စလုံးက တရားဝင် အတည်ပြုပြောကြားချက် မရှိသေးတာမို့ ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ ဆက်လက် စောင့်ကြည့်နေရဆဲ ဖြစ်ပါတယ် ။

photo content
+3

ဖေဖော်ဝါရီလ၂၆ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။ အမေရိကန်နိုင်ငံဖလော်ရီဒါပြည်နယ်မှတ်ပုံတင်ထားသောစက်လှေတစ်စီးသည်ကျူးဘားရေပိုင်နက်အတွင်းဝင်လာသဖြင့်ကျူးဘားကမ်းခြေစောင့်ရေယာဥ်ကစစ်​ဆေးရန်ချဥ်းကပ်စဥ်အမေရိကန်စက်လှေပေါ်မှစတင်ပစ်ခတ်သဖြင့်နှစ်ဖက်တိုက်ပွဲဖြစ်ပြီးအမေရိကန်စက်လှေပေါ်ပါလာသောလူဆယ်ဦးအနက်လေးဦး သေဆုံးပြီးခြောက်ဦးကိုဒဏ်ရာများဖြင့်ဖမ်းမိခဲ့သည်။ ၂။ ရုရှားသည်တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများကိုဘယ်လာရုစ်မှတစ်ဆင့်​မြေအောက်လှိုင်ဂူဖြင့်ပိုလန်နိုင်ငံအတွင်းပို့ဆောင်နေကြောင်း၊ထိုလမ်းကြောင်းမှခိုးဝင်လာသူ၁၈၀ဦးကိုဖမ်းမိထားကြောင်းပိုလန်ကကြေညာသည်။(ဓါတ်ပုံ) ၃။ဗြိတိန်ဝန်ကြီးချုပ်ဟောင်းဘောရစ်ဂျွန်ဆင်သည်ရုရှား-ယူကရိန်းစစ်ပွဲလေးနှစ်ပြည့်နေ့တွင်ယူကရိန်းမြို့တော်သို့ရောက်လာပြီးစစ်ပွဲငါးနှစ်ပြည့်နေကိုမမြင်လိုကြောင်း၊စစ်ပွဲရပ်ရန်ရုရှားသမ္မတပူတင်ကိုဖိအားပိုပေးရန်လိုကြောင်းပြောကြားခဲ့သည်။ယူကရိန်းစစ်မီးတောက်လောင်ရန်လုပ်သည့်သူများတွင်ဘောရစ်ဂျွန်ဆင်သည်တစ်ဦးအပါအဝင်ဖြစ်သည်။ ၃။ရုရှားသည်ကျဆုံးယူကရိန်းစစ်သည်ရုပ်အလောင်းတစ်ထောင်ကိုယူကရိန်းသို့​ပေးအပ်ပြီးယူကရိန်းကကျဆုံးရုရှားစစ်သားအလောင်း၃၅လောင်းကိုပြန်လည်ပေးအပ်လဲလှယ်ကြသည်။ ၄။ယူကရိန်းစစ်တပ်တွင် တိုက်ပွဲဝင်နေသောမက္ကဆီကို၊ကိုလမ်ဘီယာနှင့်ဘရာဇီးမှ ကြေးစားစစ်သားများသည်မက္ကဆီကိုမူးယစ်ဂိုဏ်းဘက်မှဝင်ရောက်တိုက်ခိုက်ရန်ယူကရိန်းကိုစွန့်ခွာနေကြသည်။သူတို့ကမက္ကဆီကိုမူးယစ်ရာဇာများသည်ကြေးစားစစ်သားများကိုတစ်လလျင်လစာဒေါ်လာတစ်သောင်းခွဲအထိပေးပြီးတိုက်ပွဲအတွေ့အကြုံမရှိသူပင်တစ်လဒေါ်လာသုံးထောင်ရသည်ဟုပြောသည်။မက္ကဆီကိုတွင်မူးယစ်ဂိုဏ်းများ၌ကြေးစားစစ်သားသုံးသောင်းခန့်ရှိသည်။ ၅။ဘာရိန်းတွင်အခြေပြုထားသောအမေရိကန်အမှတ်၅ရေတပ်အုပ်စုသည်ယနေ့ပင်လယ်ပြင်သို့ထွက်ခွာသွားရာအီရန်ကိုတိုက်ခိုက်တော့မည်လက္ခဏာဟုစစ်ရေးကျွမ်းကျင်သူများကမှတ်ချက်ပေးသည်။

အမေရိကန်ကိုစစ်ပွဲအတွင်းဆွဲခေါ်ရန်အစ္စရေးအတွက်နောက်ဆုံးအခွင့်အရေး NOM အမေရိကန်မျိုးဆက်သစ် များသည်အစ္စရေး နှင့်ခပ်ကင်းကင်းနေလာသည့်အတွက်ယခုအချိန်သည်အမေရိကန်ကို စစ်ပွဲထဲ ဆွဲခေါ်သွားရန်အစ္စရေး၏နော က်ဆုံးအခွင့်အရေးဟုနေတန်ယာဟုယုံကြည်နေ ကြောင်းအမေရိကန်ဂျာနယ်လစ်တပ်ကါကယ်လ်ဆန်ကပြောကြားလိုက်သည်။

ဆန္ဒမဲပေးပိုင်ခွင့်ရှိသူနှင့် ဆန္ဒမဲပေးသူများတွင် လူငယ်များပါဝင်မှု ရာခိုင်နှုန်းများပြား ဖေဖော်ဝါရီ ၂၆၊ ၂၀၂၆ NOM
+1
ဆန္ဒမဲပေးပိုင်ခွင့်ရှိသူနှင့် ဆန္ဒမဲပေးသူများတွင် လူငယ်များပါဝင်မှု ရာခိုင်နှုန်းများပြား ဖေဖော်ဝါရီ ၂၆၊ ၂၀၂၆ NOM

တပ်မတော်/PNO က PNLA/PDF ဌာနချုပ်အား သိမ်းပိုက်ရရှိ - တိုက်ပွဲသတင်းစုံ NOM
+2
တပ်မတော်/PNO က PNLA/PDF ဌာနချုပ်အား သိမ်းပိုက်ရရှိ - တိုက်ပွဲသတင်းစုံ NOM

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်
+1
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ "Roscosmos" နိုင်ငံပိုင်ကော်ပိုရေးရှင်း၏ အထွေထွေညွှန်ကြားရေးမှူးချုပ်က လာရောက်ဂါရဝပြုတွေ့ဆုံ ဖေဖေါ်ဝါရီ ၂၆၊ ၂၀၂၆ NOM

မတ္တရာမြို့နယ်၊ တံငါကျေးရွာတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် နေအိမ်အနီးဆော့ကစားနေသည့် ကလေးတ
မတ္တရာမြို့နယ်၊ တံငါကျေးရွာတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် နေအိမ်အနီးဆော့ကစားနေသည့် ကလေးတစ်ဦးဒဏ်ရာရ NOM ဖေဖော်ဝါရီ ၂၆၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်ပြည်သူ့ဆေးရုံသို့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်အချိန်၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာဖြင့် ကလေးငယ်တစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၁၁ နာရီ ၅၀ မိနစ်အချိန်၌ မတ္တရာမြို့နယ်၊ တံငါကျေးရွာနေ မောင်ဝဏ္ဏ(၉) နှစ်သည် ၎င်း၏နေအိမ်အနီးတွင် ဆော့ကစားနေစဉ် PDF အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ News Of Myanmar NOM

🇺🇸🇮🇷🇨🇭🇴🇲 "အီရန်-အမေရိကန် ဆွေးနွေးညှိနှိုင်းမှုများ ပျက်ပြားသွားရန် အလွန်နီးကပ်နေပြီ" မီဒီယာများက ဆွစ်ဇလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ပြုလုပ်သည့် အီရန်-အမေရိကန် ဆွေးနွေးညှိနှိုင်းမှု အခြေအနေမှာ ကောင်းမွန်နေသည်ဟု ဖော်ပြနေကြသော်လည်း အမှန်တကယ်တွင်မူ ဆန့်ကျင်ဘက်သာ ဖြစ်နေသည်။ အမေရိကန်ပြည်ထောင်စုသည် တောင်းဆိုချက်စာရင်းတစ်ခုကို ယူဆောင်လာပြီး အကယ်၍ အီရန်အနေဖြင့် လိုက်နာဆောင်ရွက်ခြင်း မရှိပါက "အခြားသော ရွေးချယ်စရာ နည်းလမ်းများ" ကို အသုံးပြုသွားမည်ဟု အီရန်အား ပြောကြားခဲ့သည်။ ☢️ အီရန်သည် ဖိုဒိုး၊ နတန့်ဇ်နှင့် အစ်ဖာဟန်တို့ရှိ ၎င်း၏ နျူကလီးယား အဆောက်အအုံများကို အပြီးတိုင် ဖျက်သိမ်းရမည်။ သန့်စင်ပြီး ယူရေနီယံ အားလုံးကို အမေရိကန်ပြည်ထောင်စုထံ လွှဲပြောင်းပေးရမည်။ သဘောတူညီချက်သည် "အမြဲတမ်း" ဖြစ်ရမည်ဖြစ်ပြီး အီရန်ကို ယူရေနီယံ သန့်စင်ခြင်း လုံးဝ ခွင့်ပြုမည်မဟုတ်ပေ။ ဤတောင်းဆိုချက်များအတွက် အပြန်အလှန်အနေဖြင့် အမေရိကန်က "စစ်မဖြစ်စေရ" ဟူသော ကတိနှင့် အကန့်အသတ်ရှိသော ပိတ်ဆို့မှုဖြေလျှော့မှုများ ကိုသာ ကမ်းလှမ်းထားသည်။ 🚨 ဆွေးနွေးညှိနှိုင်းမှုများ ပျက်ပြားသွားရန် အလွန်နီးကပ်နေပြီဖြစ်သည်။ NOM

သပိတ်ကျင်းမြို့နယ်၊ ပေါက်တပင်ကျေးရွာသို့ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြေ
သပိတ်ကျင်းမြို့နယ်၊ ပေါက်တပင်ကျေးရွာသို့ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရ NOM ဖေဖော်ဝါရီ ၂၆၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ည ၆ နာရီ ၅၅ မိနစ်အချိန်၌ ဗုံးသီးစပေါက်ကွဲစထိမှန်ဒဏ်ရာဖြင့် အမျိုးသမီးတစ်ဦးရောက်ရှိနေ ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အားစစ်ဆေးခဲ့ရာ နံနက် ၁၁ နာရီအချိန်၌ သပိတ်ကျင်းမြို့နယ် ပေါက်တပင်ကျေးရွာသို့ PDF အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲမှုကြောင့် အဆိုပါကျေးရွာနေ ဒေါ်တင်မာ (၅၂) နှစ်တွင် လက်နက် ကြီးဗုံးသီးစထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ News Of Myanmar NOM

လှိုင်းဘွဲ့မြို့နယ်၊ မိုးနိုင်းကျေးရွာအနီးသို့ KNU အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ Drop Bomb များ ပစ်ချတိုက်
+3
လှိုင်းဘွဲ့မြို့နယ်၊ မိုးနိုင်းကျေးရွာအနီးသို့ KNU အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ Drop Bomb များ ပစ်ချတိုက် ခိုက်ခဲ့မှုကြောင့် ကလေးများအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူလေးဦးထိခိုက်ဒဏ်ရာရ NOM ဖေဖော်ဝါရီ ၂၆၊ ၂၀၂၆ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ မိုးနိုင်းကျေးရွာအနီးသို့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်၌ KNU အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ချလိုက်သည့် Drop Bomb တစ်လုံးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ပေါက်ကွဲမှုဖြစ် ပွားသည့်နေရာအနီး ရောက်ရှိနေသော မိုးနိုင်းကျေးရွာနေသူများဖြစ် ကြသည့် ဒေါ်ခင်သီ (၅၇) နှစ်၊ မောင်ဇင်မင်းထွန်း (၁၇) နှစ်၊ မောင်ကောင်းထက်ယံ (၉) နှစ်နှင့် မောင်ဟယ်တာရာ (၃) နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ဘားအံမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်းသိရသည်။ News Of Myanmar NOM

တောင်သာမြို့နယ်အတွင်း အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးပြီး၊ ကျေးရွာနေအိမ်များကို လုံခြုံရေးတပ် ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့သည
တောင်သာမြို့နယ်အတွင်း အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးပြီး၊ ကျေးရွာနေအိမ်များကို လုံခြုံရေးတပ် ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများ စွပ်စွဲရေးသားဝါဒဖြန့် ဖေဖော်ဝါရီ ၂၆၊ ၂၀၂၆ NOM

ဝါးတရာစက်မှုဇုန်ရှိ ဖေါ့စက်ရုံ၌ Level 1 အဆင့် မီးလောင်မှုဖြစ်ပွား NOM၊ဖေဖော်ဝါရီ၂၆၊၂၀၂၆ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါ
+1
ဝါးတရာစက်မှုဇုန်ရှိ ဖေါ့စက်ရုံ၌ Level 1 အဆင့် မီးလောင်မှုဖြစ်ပွား NOM၊ဖေဖော်ဝါရီ၂၆၊၂၀၂၆ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊ ငမိုးရိပ်လမ်းရှိ ဖေါ့စက်ရုံတွင် ယနေ့ (ဖေဖော်ဝါရီ ၂၆ ရက်)နံနက် ၁၁ နာရီ ၄၆ မိနစ်က Level 1 အဆင့်မီးလောင်မှုဖြစ်ပွါးခဲ့ကြောင်းRescue Organization Hlaing Thar Yar ပြန်ကြားရေးမှတာဝန်ရှိသူတစ်ဦးကပြောသည်။ မီးလောင်မှုဖြစ်စဉ်မှာ ဝါးတရာစက်မှုဇုန်၊ ငမိုးရိပ်လမ်းရှိ ဖေါ့စက်ရုံအတွင်း အဆောက်အဦးအသစ်တစ်ခုဆောက်လုပ်ရာတွင်ဝရိန်ဆော် ရာ၌ ဝရိန်မီးစများအောက်သို့ကျရာတွင်အောက်ရှိဖော့များ ပေါ်သို့ကျပြီးမီးတင်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။ မီးလောင်မှုဖြစ်ပွားကြောင်းသတင်အရ ရွှေပြည်သာမြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များကသွား ရောက်ငြှိမ်းသက်ခဲ့ရာ မီးများလားသည့်အတွက် Level 1 အဆင့် ယာဉ်အုပ်စုများနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များဖြင့်ငြှိမ်းသတ်ခဲ့ရာ မွန်တည်၁၂နာရီ၄၈မိနစ်တွင်မီးငြိမ်းသွားကြောင်းသိရသည်။

ကျောက်ဖြူမြို့နယ်၊ ပြားကျွိန်ရွာအနီးမှာ ပုန်းခိုနေတဲ့ ဆေးကြောင်သူပုန်များအား အနီးကပ်ချေမှုန်းခြင်း (25-2-2026) - တိုက်ပွဲသတင်းစုံ NOM

ပျဥ်းမနားမြို့နယ် အာဟာရသုခဈေးး Level 2 အဆင့်မီးလောင်မှုဖြစ်ပွား စျေးဆိုင်လိုင်းသုံးလိုင် မီးလောင်ဆုံးရှုံး NOM၊ဖေဖော်ဝါရီ၂၆၊၂
ပျဥ်းမနားမြို့နယ် အာဟာရသုခဈေးး Level 2 အဆင့်မီးလောင်မှုဖြစ်ပွား စျေးဆိုင်လိုင်းသုံးလိုင် မီးလောင်ဆုံးရှုံး NOM၊ဖေဖော်ဝါရီ၂၆၊၂၀၂၆ နေပြည်တော်၊ ပျဥ်းမနားမြို့နယ်ရှိ အာဟာရသုခစျေးအတွင်း စျေးဆိုင်ခန်းများတွင် ယမန်နေ့ (ဖေဖော်ဝါရီ ၂၅ ရက်)ည ၈ နာရီ ၄၅ မိနစ်က မီးလောင်မှုဖြစ်ပွားခဲ့ရာ စျေးရုံအတွင်းရှိဆိုင်လိုင်းသုံးလိုင်းမီးလောင်ဆုံးရှုံးခဲ့သည့်ဟု ကရုဏရှင်လူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။ ဖြစ်စဉ်မှာ ပျဉ်းမနားမြို့နယ်၊ ကင်ပွန်းတန်းကျေးရွာအုပ်စု၊ ကင်ပွန်းတန်းကျေးရွာရှိ အာဟာရသုခဈေးအတွင်း သစ်သားဆိုင်ခန်းများတွင် လက်ရှိသတင်းများအရ ဝါယာရှော့ဟုယူဆရပြီးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်းမီးလောင်မှုကြောင့် သား၊ငါးနှင့်ကုန်ခြောက်ပစွည်းများရောင်းချသည့် စျေးရုံကြီးအတွင်းရှိစျေးဆိုင်ခန်းလိုင်းသုံးလိုင်းမီးလောင်ဆုံးရှုံးခဲ့ ကြောင်းသိရသည်။ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပျဉ်းမနားမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များထွက်ခွာငြှိမ်းခဲ့ရာမီးလောင်မှုမှာများလာသဖြင့် ည၈နာရီ၅၃မိနစ်တွင်Level 2 ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်ခဲ့ရာည၉နာရီ ၃၂မိနစ်တွင်မီးငြိမ်းသွားကြောင်းသိရသည်။

အကြမ်းဖက် AA သူပုန်၏ စခန်းကုန်း ၂ ခု သိမ်းပိုက်ရရှိ (ကျောက်ဖြူ) ဖေ ၂၅ ရက်နေ့က ကျောက်ဖြူမြို့နယ်၊ ကြောင်ခိုးချောင်းဖျားဒေသရှိ
+3
အကြမ်းဖက် AA သူပုန်၏ စခန်းကုန်း ၂ ခု သိမ်းပိုက်ရရှိ (ကျောက်ဖြူ) ဖေ ၂၅ ရက်နေ့က ကျောက်ဖြူမြို့နယ်၊ ကြောင်ခိုးချောင်းဖျားဒေသရှိ ရန်သူအခြေပြုစခန်း ၂ ခုအား လက်နက်ကြီး၊ Drone ပစ်ကူများယူ၍ တပ်မတော်စစ်ကြောင်းများက စီးနင်းတိုက်ခိုက်ရာ ည ၇ နာရီခွဲအချိန်တွင် ရန်သူ့နေရာများအား အသီးသီး သိမ်းပိုက်ရရှိခဲ့။ ဖြစ်စဉ်တွင် မိမိစစ်သည် ၁ ဦး ဒဏ်ရာရရှိပြီး ရန်သူ့ထံမှ - (၁) အကြမ်းဖက် AA ၃ လောင်း (၂) လက်နက်မျိုးစုံ ၈ လက် - Type-81 သေနတ် ၃ လက် - MA-1 သေနတ် ၁ လက် - MA-3 သေနတ် ၂ လက် - M-23 သေနတ် ၁ လက် (၃) ကျည်အိမ် ၁၃ ခု၊ ကျည် ၁၄၀ တောင့် (၄) လက်ပစ်ဗုံး ၂ လုံး (၅) ဆသရမြောင်းများ (၆) ပစ်ကျင်း/ဘန်ကာများ သိမ်းပိုက်ရရှိခဲ့သည်။ ဝန်းကျင်ရှင်းလင်းနေဆဲဖြစ်၍ ထပ်တိုး အလောင်း၊ လက်နက်များ ရှိနိုင်ပါသည်။ - ရှေ့တန်းစစ်မြေပြင်တွင် လက်နက်ကြီးအား ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် ရဲဝံ့စွာပစ်ကူပေးခဲ့သည့် တပ်ကြပ် သောင်းအေး အား စစ်မြေပြင်အဆင့်တိုးဖြင့် တပ်ကြပ်ကြီးအဆင့် ချီးမြှင့်ပေးလိုက်ပါသည်။ - 🏆Congratulations ပါ မြန်မာ့တပ်မတော်သားများ🏆 - တိုက်ပွဲသတင်းစုံ NOM