uk
Feedback
News Of Myanmar

News Of Myanmar

Відкрити в Telegram

📈 Аналітичний огляд Telegram-каналу News Of Myanmar

Канал News Of Myanmar (@newsofmyanmar) у мовному сегменті Бірманська є активним учасником. На даний момент спільнота об'єднує 12 498 підписників, посідаючи 15 920 місце в категорії Новини і ЗМІ та 10 072 місце у регіоні М'янма.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 12 498 підписників.

За останніми даними від 27 червня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -236, а за останні 24 години на -7, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 9.60%. Протягом перших 24 годин після публікації контент зазвичай збирає 6.25% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 1 198 переглядів. Протягом першої доби публікація в середньому набирає 780 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 15.

📝 Опис та контентна політика

Автор описує ресурс як майданчик для висловлення суб'єктивної думки:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Завдяки високій частоті оновлень (останні дані отримано 28 червня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Новини і ЗМІ.

12 498
Підписники
-724 години
-277 днів
-23630 день
Архів дописів
စက်သုံးဆီခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည့်သူ့ပါတီမှအကြံပြု
စက်သုံးဆီခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည့်သူ့ပါတီမှအကြံပြု

ဟိုပင်မြို့တွင် မိသာစုခြောက်ဥဦးအသတ်ခံရ NOM၊မတ်၆၊/၂၀၂၆ ကချင်ပြည်နယ်၊ ဟိုပင်မြို့၊ မြို့မတောင်ရပ်ကွက်၊ မြသာယာရပ်၊ နယ်မြေ(၅)၊ အမ
ဟိုပင်မြို့တွင် မိသာစုခြောက်ဥဦးအသတ်ခံရ NOM၊မတ်၆၊/၂၀၂၆ ကချင်ပြည်နယ်၊ ဟိုပင်မြို့၊ မြို့မတောင်ရပ်ကွက်၊ မြသာယာရပ်၊ နယ်မြေ(၅)၊ အမှတ်(၅/၆၄)နေအိမ်တွင်နေထိုင်သည့်မိသားစုဝင် ခြောက်ဦးယမန်နေ့ (မတ်လ ၅ ရက်) နံနက်ပိုင်းတွင် အသတ်ခံခဲ့ရ ကြောင်းသိရသည်။ ဖြစ်စဉ်မှာနေအိမ်အတွင်းအမျိိုးသားတစ်ဦး ဓားဒဏ်ရာများ ဖြင့်သေဆုံးနေသည်ကိုတွေ့ရှိခဲ့ဖြင့်သက်ဆိုင်ရာမှသွားရောက်စစ်ဆေးခဲ့ရာ နေအိမ် အိမ်ရှေ့ခန်း၌အိမ်ရှင် ဦးကျော်မြတ်ဦး အား ဓားဒဏ်ရာများ ဖြင့်သေဆုံးနေသည်ကိုတွေ့ရှိခဲ့ရပြီး နေအိမ် ရှေ့ အိပ်ခန်းအတွင်းတွင် ဒေါ်မီးမီး နှင့် မောင်ဘုန်းခန့်ကျော်တို့နှင့် နေအိမ်နောက်အိပ်ခန်းတွင် ဒေါ် အိဖြူ၊ မယုဝတီကျော် မယွန်းဝတီကျော်တို့ကိုလည်း ဓားဒဏ်များဖြင့်သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်းသိရသည်။ "လင်မယားနှစ်ယောက်ရယ်အသက်မပြည့်သေးတဲ့ကလေးသုံးဦးနဲ့ အိမ်အကူအမျိုးသမီးတစ်ယောက် စုစုပေါင်းခြောက်ဥဦးအသတ်ခံရတာပါ ဘယ်လိုကြောင့်အသတ်ခံရတယ်ဆိုတာတော့စစ်ဆေးနေပါတယ်"ဟုလူမှုကူညီရေးအသင်းတစ်ခုမှသိရသည်။ သေဆုံးသူများကို စစ်ဆေးရန်အတွက် ဟိုပင်မြို့ပင်းဘောတိုက်နယ် ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ကာ သေမှုသေခင်း စစ်ဆေးလျက်ရှိကြောင်းသိရသည်။

အီရန်နိုင်ငံဟာ ကူဝိတ်နိုင်ငံမှာရှိတဲ့ အလီ အယ်လ်-ဆာလမ် Ali Al-Salem လေတပ်အခြေစိုက်စခန်းကို အပြင်းထန်ဆုံး တိုက်ခိုက်မှုတွေထဲက တစ်ခုအဖြစ် ပြုလုပ်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် ကူဝိတ်စစ်ဘက်ဆိုင်ရာဝန်ထမ်း ၆၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်NOM

အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို သည် မတ်လအဆုံးပိုင်းတွင် ဂျပန်သို့ သွားရောက်ရန် စီစဉ်နေ NOM ဂျပန်ဝန်ကြီးချုပ် ဆန်နေတာကာအီချီ သည်
အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို သည် မတ်လအဆုံးပိုင်းတွင် ဂျပန်သို့ သွားရောက်ရန် စီစဉ်နေ NOM ဂျပန်ဝန်ကြီးချုပ် ဆန်နေတာကာအီချီ သည် အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တို နှင့် တိုကျိုမြို့တွင် မတ်လအဆုံးပိုင်း၌ ထိပ်သီးအစည်းအဝေး ပြုလုပ်နိုင်ရန် စီစဉ်နေသည်။ တရုတ်နိုင်ငံသည် အာဆီယံ အပေါ် သက်ရောက်မှုကို ပိုမိုတိုးချဲ့ရန် ကြိုးပမ်းနေချိန်တွင်၊ ဂျပန်သည် လွတ်လပ်သော အင်ဒို-ပစိဖိတ် ဒေသကို အားပေးထောက်ခံရာတွင် အင်ဒိုနီးရှားနှင့် အတူတကွ ရပ်တည်နေကြောင်း ထပ်မံအတည်ပြုလိုနေသည်။ အင်ဒိုနီးရှားသည် အရေးကြီးသော ရေကြောင်းသယ်ယူပို့ဆောင်ရေး လမ်းကြောင်းများ၏ မဟာဗျူဟာအရေးပါသည့် နေရာတွင် တည်ရှိနေသည်။ ထို့အပြင် အင်ဒိုနီးရှားသည် ဂျပန်၏ Official Security Assistance (OSA) အစီအစဉ်မှ အကျိုးခံစားရသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး၊ အဆိုပါအစီအစဉ်အောက်တွင် ဂျပန်က မိတ်ဖက်နိုင်ငံများကို ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးလျက်ရှိသည်။

ရန်သူအားလှည့်စားသည့်အနေဖြင့် မြေပြင်ပေါ်တွင် 3D ရုပ်ကြွရေးဆွဲထားသည့် လေယာဉ်အတုပုံများကို လေယာဉ်အစစ်များထင်မှတ်၍ အမေရိကန်နှင့် အစ္စရေးက လေကြောင်းမှ တိုက်ခိုက်မှုများဆက်လက်ပြုလုပ်နေ NOM

ဗန်းမော်ဒေသတွင် တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းရေး ဆက်လက်လုပ်ဆောင်လျက်ရှိပြီး ယမန်နေ့ မတ်လ ၅ ရက်နေ့ က KIA အကြမ်းဖက်အလ
+2
ဗန်းမော်ဒေသတွင် တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းရေး ဆက်လက်လုပ်ဆောင်လျက်ရှိပြီး ယမန်နေ့ မတ်လ ၅ ရက်နေ့ က KIA အကြမ်းဖက်အလောင်း ၂ လောင်း ရရှိပြန်။ NOM

Repost from NOM.World News
အီရန်က ကျန်းမာရေး ဌာန ၁၃ ခုအထိဟာ တိုက်ခိုက်မှုခံခဲ့ရတယ်လို့ WHO က အတည်ပြုပြောကြားလိုက်ပါတယ်။ ဒါဟာ အစ္စရေးနဲ့ အမေရိကန်တို့က ကျ
အီရန်က ကျန်းမာရေး ဌာန ၁၃ ခုအထိဟာ တိုက်ခိုက်မှုခံခဲ့ရတယ်လို့ WHO က အတည်ပြုပြောကြားလိုက်ပါတယ်။ ဒါဟာ အစ္စရေးနဲ့ အမေရိကန်တို့က ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ နေရာတွေကိုပါ ပစ်မှတ်ထားတိုက်ခိုက်နေတယ်ဆိုတဲ့ သဘောလည်းဖြစ်ပါတယ်။ News Of Myanmar NOM

အမြန်လမ်းတွင်ဘုရားဖူးယာဥ်နှင့်ဆိုင်ကယ်တိုက်မိဆိုင်ကယ်‌ ပေါ်ပါသုံးဦး လုံးသေဆုံး NOM၊မတ်၆၊၂၀၂၆ နေပြည်တော် -ရန်ကုန်အမြန်လမ်း မို
အမြန်လမ်းတွင်ဘုရားဖူးယာဥ်နှင့်ဆိုင်ကယ်တိုက်မိဆိုင်ကယ်‌ ပေါ်ပါသုံးဦး လုံးသေဆုံး NOM၊မတ်၆၊၂၀၂၆ နေပြည်တော် -ရန်ကုန်အမြန်လမ်း မိုင်တိုင်အမှတ် (၇၅/၃-၇၅/၄) ကြားတွင်ဘုရားဖူးကားနှင့်ဆိုင်ကယ်တိုက်မိပြီး ဆိုင်ကယ်‌စီးလာသူသုံးဦးနေရာမှာ ပင်သေဆုံးခဲ့‌ကြောင်းအမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့မှ သိရသည် ။ ဖြစ်စဉ်မှာမတ်လ၅ရက် ညနေပိုင်းက နေပြည်တော်- ရန်ကုန်အမြန်လမ်းအပြန် လမ်းအတိုင်းမောင်းနှင်လာသည့်လင်းထက်ကြယ် Higer အမျိုးအစား ဘုရားဖူးယာဉ်သည် အမြန်လမ်းမကြီးပေါ် မောင်းနှင်နေစဉ် ဆိုင်ကယ်သည်လမ်းအနောက်ဘက်မှ အရှေ့ဘက်သို့ရုတ်တရက် ဖြတ်ကူးစဉ်တိုက်မိခဲ့ရာဆိုင်ကယ်‌ ပေါ်ပါသူသုံးဦးစလုံးနေရာမှာပင်သေဆုံးခဲ့‌ခြင်းဖြစ်သည်။

လက်ဘနွန်တောင်ပိုင်း ရှီယာ (Shia) မူဆလင်အများစုနေထိုင်တဲ့ဒေသက ဖခင်ဖြစ်သူတစ်ဦးရဲ့ ရင်နင့်ဖွယ်စကားတွေကို အောက်ပါအတိုင်း ဘာသာပြန်ပေးထားပါတယ်။ "ကျွန်တော့်သား အန်နစ် (Anis) တစ်ယောက် မနေ့ကတည်းက မြေပုံအောက်မှာ ပိတ်မိနေတာပါ။ မနေ့ ညနေ ၅ နာရီခွဲလောက်ကတည်းက အခုထိပဲ... ယုံနိုင်စရာတောင် မရှိဘူးဗျာ၊ အစိုးရက မြေတူးစက်တစ်စီးတောင် လွှတ်မပေးဘူး။ ဒါမှမဟုတ် ကျွန်တော်တို့က (တောင်ပိုင်းသားတွေ) ဖြစ်နေလို့ လျစ်လျူရှုထားတာလား။ တောင်ပိုင်းကဆိုရင် ဘယ်သူကမှ ဂရုမစိုက်တော့ဘူးလား။ တကယ်ကို စိတ်မကောင်းစရာပါပဲ။ ကျွန်တော့်သားတစ်ယောက်တည်းမှ မဟုတ်တာ ကျွန်တော်တို့လို လူတွေ အများကြီး မတရားသဖြင့် အသက်ဆုံးရှုံးနေရတယ်။ အစိုးရကလည်း ကျွန်တော်တို့ဘက်က ဘယ်တော့မှ ရပ်တည်မပေးဘူး။ ကျွန်တော်တို့လည်း လက်ဘနွန်နိုင်ငံသားတွေပါပဲ။ ကျွန်တော်တို့မှာလည်း လက်ဘနွန်မှတ်ပုံတင်ရှိတာပဲ။ သူက အဆောက်အအုံပေါ်ကို ၅ မိနစ်လောက်ပဲ တက်သွားတာ၊ အစာစားဖို့ (Iftar) ပြန်ဆင်းလာတော့မယ့်အချိန်မှာ အစ္စရေးလေယာဉ်တွေက ဗုံးကြဲလိုက်တာ။ ဘာမှလည်း မရှိပါဘူး။ ကျွန်တော်တို့မှာ ဘာမှဖုံးကွယ်ထားတာ မရှိပါဘူး။ ဘုရားသခင်ပဲ ကောင်းချီးပေးပါတော့... ကျွန်တော် ဘာပြောနိုင်ဦးမှာလဲ။ အခုတော့ 'လက်ဘနွန်အတွက်' လို့တောင် မပြောချင်တော့ဘူး 'တောင်ပိုင်းသားတွေအတွက်' လို့ပဲ ပြောချင်တော့တယ်။ ဘာလို့လဲဆိုတော့ သူတို့က ကျွန်တော်တို့ကို လက်ဘနွန်နိုင်ငံသားလို့တောင် မသတ်မှတ်ကြတော့လို့ပဲ။" အစ္စရေးနဲ့ဖြစ်ပွားနေတဲ့ ဒီတိုက်ပွဲမှာ လက်ဘနွန်အစိုးရဟာ 'ရှီယာ' (Shia) မူဆလင်တွေကို အထီးကျန်စွာ ပစ်ထားခဲ့တော့မယ်ဆိုတာ အခုတော့ထင်ရှားသွားပါပြီ။ NOM

+1
အီရန်နိုင်ငံတွင်း လက်ရှိအခြေအနေအပေါ် CNN သတင်းထောက်၏ တင်ပြချက် CNN သတင်းထောက်တစ်ဦးသည် အီရန်နိုင်ငံသို့ သွားရောက်ခဲ့ပြီး လက်ရှိအခြေအနေနှင့် ပတ်သက်၍ အောက်ပါအတိုင်း ပြောကြားခဲ့သည်။ ဗုံးကြဲတိုက်ခိုက်ခံထားရသည့် နေရာတစ်ခုကို တွေ့ရှိခဲ့ပြီး သွားရာလမ်းတစ်လျှောက်တွင် စစ်ဆေးရေးဂိတ် (Checkpoints) များရှိနေသည်ကို တွေ့ရသည်။ သို့သော်လည်း ဆိုင်များအားလုံး ပုံမှန်အတိုင်း ဖွင့်လှစ်ထားပြီး စက်သုံးဆီဆိုင်များတွင်လည်း လူတိုးကြိတ်နေခြင်း မရှိသည်ကို တွေ့ရသည်။ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ကဲ့သို့သော လတ်ဆတ်သည့် စားသောက်ကုန်များကို အလွယ်တကူ ဝယ်ယူရရှိနိုင်သည့်အပြင် ကော်ဖီဆိုင်များပင် ဖွင့်လှစ်ထားသည်။ အီရန်ပြည်သူများသည် ထိတ်လန့်တုန်လှုပ်ခြင်းမရှိဘဲ အလွန်ပင် တည်ငြိမ်အေးဆေးစွာ ရှိနေကြသည်။ NOM

ဘာရိန်းရှိ အမေရိကန်ရေတပ်အရာရှိများ တည်းခိုရာဟိုတယ်ကို ဒရုန်းဖြင့် တိုက်ခိုက် ဘာရိန်းနိုင်ငံရှိ အမေရိကန်ရေတပ်အရာရှိများ တည်းခိုနေထိုင်ရာ ဟိုတယ်တစ်ခုကို ဒရုန်းဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။ အမေရိကန် အမှတ် (၅) ရေတပ်​မှ အရာရှိများ တည်းခိုရာ ဂျူဖဲယား (Juffair) အရပ်ရှိ ဟိုတယ်တစ်ခုကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း ဖြစ်သည်။ အမှတ် (၅) ရေတပ်သည် ပါရှန်ပင်လယ်ကွေ့၊ ပင်လယ်နီနှင့် အာရေဗျပင်လယ်ပြင်တို့ကို တာဝန်ယူရသည့် အမေရိကန်၏ အလွန်အရေးပါသော ရေတပ်ဖြစ်ပြီး ဌာနချုပ်မှာ ဘာရိန်းနိုင်ငံတွင် တည်ရှိသည်။ Juffair (ဂျူဖဲယား) သည် ဘာရိန်းနိုင်ငံ၊ မနားမားမြို့ (Manama) ရှိ နာမည်ကြီး ရပ်ကွက်တစ်ခုဖြစ်ပြီး အမေရိကန် ရေတပ်စခန်းနှင့် နီးကပ်သည့်အတွက် နိုင်ငံခြားသားများနှင့် စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်များ အခြေစိုက်ရာ နေရာဖြစ်သည်။ NOM

📡 ရေဒါစနစ်များ ပျက်စီးလာမှုကြောင့် ဒုံးကျည်သတိပေးချိန် တိုတောင်းလာ ဇီယွန်ဝါဒီ (အစ္စရေး) သတင်းထောက်တစ်ဦး၏ ပြောကြားချက်အရ 👇 �
📡 ရေဒါစနစ်များ ပျက်စီးလာမှုကြောင့် ဒုံးကျည်သတိပေးချိန် တိုတောင်းလာ ဇီယွန်ဝါဒီ (အစ္စရေး) သတင်းထောက်တစ်ဦး၏ ပြောကြားချက်အရ 👇 👉သတိပေးချိန် လျော့ကျလာခြင်း - ယခင်က ဒုံးကျည်သတိပေးချက်များကို ၅ မိနစ်မှ ၁၅ မိနစ်အထိ ကြိုတင်ရရှိခဲ့သော်လည်း ယခုအခါ ၁ မိနစ်မှ ၂ မိနစ်ခန့်သာ ကြိုတင်သတိပေးနိုင်တော့သည့် အခြေအနေသို့ ကျဆင်းသွားသည်။ 👉အကြောင်းရင်း - ဒေသတွင်းရှိ အစ္စရေးနှင့် အမေရိကန်တို့၏ ကာကွယ်ရေးရေဒါစနစ်များမှာ တဖြည်းဖြည်းချင်း ဖျက်ဆီးခံနေရခြင်းကြောင့် ဖြစ်သည်။ NOM

ကူဝိတ်နိုင်ငံရှိ အမေရိကန်လေတပ်တပ်ဖွဲ့များအခြေစိုက်ရာ အရေးပါသည့်စခန်းတစ်ခုဖြစ်သော အလီအယ်လ်ဆလမ် (Ali Al Salem) လေတပ်စခန်းရှိ လေယာဉ်များကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထွက်ပေါ်လာသည့် ဗီဒီယိုမှတ်တမ်းများတွင် ပေါက်ကွဲမှုများဖြစ်ပွားပြီး မီးဟုန်းဟုန်းတောက်ကာ လောင်ကျွမ်းနေသည်ကို တွေ့ရသည်။ NOM

+7
ယနေ့ အစ္စရေးနိုင်ငံ တဲလ်အဗီးဗ်မြို့အား တိုက်ခိုက်မှုများတွင် အီရန်ဟာ ခိုရမ်ရှာ (Khorramshahr) ကလပ်စတာ ဒုံးကျည်များ (Cluster Missile) ကို အသုံးပြုခဲ့သည်။ NOM

အီရန်အဓိပတိခေါင်းဆောင် အယာတိုလာ ခါမေနီ​၏ X (ယခင်တွစ်တာ) အကောင့်တွင်တင်ထားသော ပို့စ်- "ခိုရမ်ရှာ (Khorramshahr) ဒုံးကျည်များ လ
အီရန်အဓိပတိခေါင်းဆောင် အယာတိုလာ ခါမေနီ​၏ X (ယခင်တွစ်တာ) အကောင့်တွင်တင်ထားသော ပို့စ်- "ခိုရမ်ရှာ (Khorramshahr) ဒုံးကျည်များ လာနေပြီ" ခိုရမ်ရှာ ဒုံးကျည်ဟာ အီရန်နိုင်ငံရဲ့ အစွမ်းထက်ဆုံး ပဲ့ထိန်းဒုံးကျည်တွေထဲက တစ်ခုဖြစ်ပါတယ်။ ခိုရမ်ရှာဒုံးကျည် အကြောင်းအနှစ်ချုပ် - အမျိုးအစား - တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်ဖြစ်သည်။ အကွာအဝေး - ကီလိုမီတာ ၂,၀၀၀ (မိုင် ၁,၂၄၀ ခန့်) အထိ ရောက်ရှိအောင် ပစ်ခတ်နိုင်သဖြင့် အရှေ့အလယ်ပိုင်းရှိ ရန်သူ့ပစ်မှတ်များကို ကောင်းကောင်း လက်လှမ်းမီသည်။ ထိပ်ဖူး အလေးချိန် - ကီလိုမီတာ ၁,၅၀၀ မှ ၂,၀၀၀ အထိ အလေးချိန်ရှိသည့် ထိပ်ဖူးများကို သယ်ဆောင်နိုင်ပြီး အဖျက်စွမ်းအား အလွန်ပြင်းထန်သည်။ ထူးခြားချက် - ၎င်းသည် အရည်လောင်စာသုံး ဒုံးကျည်ဖြစ်သော်လည်း ပစ်ခတ်ရန် အချိန်တိုအတွင်း ပြင်ဆင်နိုင်ပြီး လမ်းကြောင်းပြစနစ် ပါဝင်သောကြောင့် ပစ်မှတ်ကို တိကျစွာ ထိမှန်နိုင်သည်။ အီရန်-အီရတ်စစ်ပွဲတုန်းက အီရန်တို့ ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည့် "ခိုရမ်ရှာမြို့" အောင်ပွဲကို အမှတ်ရဂုဏ်ပြုပြီး ဤအမည်ကို ပေးထားခြင်းဖြစ်သည်။ NOM

အီရန်စစ်ပွဲကြောင့် ပင်လယ်ကွေ့နိုင်ငံများက အမေရိကန်ရှိ ရင်းနှီးမြှုပ်နှံမှုများကို ပြန်လည်သုံးသပ်နေခြင်း ပင်လယ်ကွေ့ဒေသတွင်း အဓ
အီရန်စစ်ပွဲကြောင့် ပင်လယ်ကွေ့နိုင်ငံများက အမေရိကန်ရှိ ရင်းနှီးမြှုပ်နှံမှုများကို ပြန်လည်သုံးသပ်နေခြင်း ပင်လယ်ကွေ့ဒေသတွင်း အဓိကစီးပွားရေးနိုင်ငံကြီး ၄ ခုဖြစ်သည့် ဆော်ဒီအာရေးဗီးယား၊ ယူအေအီး (UAE)၊ ကူဝိတ် နှင့် ကာတာနိုင်ငံ တို့အနက် ၃ နိုင်ငံသည် ၎င်းတို့၏ ဘတ်ဂျက်နှင့် စီးပွားရေးအပေါ် ကျရောက်နေသည့် ဖိအားများအကြောင်းကို ပူးတွဲဆွေးနွေးခဲ့ကြကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ သို့သော် မည်သည့်နိုင်ငံများဖြစ်သည်ကိုမူ အမည်တပ်ပြောဆိုရန် ငြင်းဆိုခဲ့သည်။ လက်ရှိစစ်ပွဲကြောင့် ခန့်မှန်းထားသည့် စီးပွားရေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများကို လျှော့ချနိုင်ရန်အတွက် လက်ရှိချုပ်ဆိုထားသော စာချုပ်များတွင် "အင်အားမမျှ၍ မလွှဲမရှောင်သာသော အခြေအနေ" ဆိုင်ရာ အပိုဒ်များကို အသုံးပြု၍ ရ၊ မရ အတွင်းပိုင်း ပြန်လည်စစ်ဆေးမှုများ စတင်နေပြီဖြစ်သည်။ လက်ရှိနှင့် နောင်ပြုလုပ်မည့် ရင်းနှီးမြှုပ်နှံမှု ကတိကဝတ်များကိုလည်း ပြန်လည်သုံးသပ်နေသည်။ အထူးသဖြင့် စစ်ပွဲနှင့် ဆက်စပ်ကုန်ကျစရိတ်များ ယခုအတိုင်း ဆက်လက်ရှိနေပါက ပိုမိုလုပ်ဆောင်လာနိုင်သည်။ စီးပွားရေးထိခိုက်မှု အကြောင်းရင်းများ စွမ်းအင်ကဏ္ဍမှ ဝင်ငွေလျော့ကျလာခြင်း (ထုတ်လုပ်မှု နှေးကွေးခြင်း သို့မဟုတ် တင်ပို့ရန် ခက်ခဲခြင်းကြောင့်)။ ခရီးသွားလုပ်ငန်းနှင့် လေကြောင်းကဏ္ဍများ ကျဆင်းလာခြင်း။ ကာကွယ်ရေးဆိုင်ရာ အသုံးစရိတ်များ မြင့်တက်လာခြင်း။ "နိုင်ငံရေးနှင့် စစ်ရေး အခြေအနေ" အမေရိကန်အပေါ် ဖိအား - ပင်လယ်ကွေ့နိုင်ငံများသည် ကမ္ဘာ့အကြီးဆုံး အချုပ်အခြာအာဏာပိုင် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေများကို စီမံခန့်ခွဲနေသူများဖြစ်ပြီး ပြီးခဲ့သည့်နှစ်က ဒေါ်နယ်ထရန့် လာရောက်ပြီးနောက် အမေရိကန်တွင် ဒေါ်လာဘီလီယံ ရာနှင့်ချီ ရင်းနှီးမြှုပ်နှံရန် ကတိပြုခဲ့ကြသည်။ ယခုကဲ့သို့ ရင်းနှီးမြှုပ်နှံမှုများအပေါ် သက်ရောက်လာမည့် အခြေအနေသည် ဒေါ်နယ်ထရန့်အား စစ်ပွဲကို အဆုံးသတ်ရန် သံတမန်ရေးရာ နည်းလမ်းများရှာဖွေဖို့ ဖိအားဖြစ်လာနိုင်သည်။ ဟော်မုဇ် ရေလက်ကြား - အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို စတင်တိုက်ခိုက်ခဲ့သည့် ပဋိပက္ခအတွင်းသို့ ပင်လယ်ကွေ့နိုင်ငံများပါ ဆွဲသွင်းခံလိုက်ရသည်။ ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ ငါးပုံတစ်ပုံ ဖြတ်သန်းရာ အရေးပါသည့် ဟော်မုဇ် ရေလက်ကြားတွင် သင်္ဘောသွားလာမှုများ ရပ်တန့်လုနီးပါး ဖြစ်နေပြီး အနည်းဆုံး ရေနံတင်သင်္ဘော ၁၀ စီးခန့် တိုက်ခိုက်ခံခဲ့ရသည်။ NOM

အီရန် မီနပ်ဘ် (Minab) မိန်းကလေးမူလတန်းကျောင်း တိုက်ခိုက်ခံရမှု နောက်ကွယ်တွင် အမေရိကန်ဖြစ်ကြောင်း ပေါ်ထွက်လာ နယူးယောက်တိုင်းမ်
အီရန် မီနပ်ဘ် (Minab) မိန်းကလေးမူလတန်းကျောင်း တိုက်ခိုက်ခံရမှု နောက်ကွယ်တွင် အမေရိကန်ဖြစ်ကြောင်း ပေါ်ထွက်လာ နယူးယောက်တိုင်းမ်စ် The New York Times သတင်းဌာနရဲ့ စုံစမ်းစစ်ဆေးမှုအရ အီရန်နိုင်ငံရှိ မီနပ်ဘ် (Minab) မိန်းကလေးမူလတန်းကျောင်းကို တိုက်ခိုက်ခဲ့ပြီး ကျောင်းသူလေး ၁၇၅ ဦး သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်ဟာ ယခင်က ထင်မှတ်ထားသလို အစ္စရေးရဲ့ လက်ချက်မဟုတ်ဘဲ အမေရိကန်ပြည်ထောင်စုက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်လာခဲ့ပါတယ်။ NOM

ဂျော်ဒန်ရှိ အမေရိကန် သတ် THAAD ရေဒါစနစ် ဖျက်ဆီးခံရမှုကို ဂြိုဟ်တုဓာတ်ပုံများက အတည်ပြု ဂျော်ဒန်နိုင်ငံ၊ မုဝါဖတ် ဆာလ်တီ (Muwaff
ဂျော်ဒန်ရှိ အမေရိကန် သတ် THAAD ရေဒါစနစ် ဖျက်ဆီးခံရမှုကို ဂြိုဟ်တုဓာတ်ပုံများက အတည်ပြု ဂျော်ဒန်နိုင်ငံ၊ မုဝါဖတ် ဆာလ်တီ (Muwaffaq Salti) အခြေစိုက်စခန်းမှာရှိတဲ့ အမေရိကန်ရဲ့ AN/TPY-2 သတ် (THAAD) ရေဒါစနစ်ဟာ အီရန်ရဲ့ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားကြောင်း အဲယားဘတ်စ် (Airbus) က ထုတ်ပြန်တဲ့ အရည်အသွေးမြင့် ဂြိုဟ်တုဓာတ်ပုံတွေအရ အတည်ပြုနိုင်ခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အီရန်ဘက်က အထောက်အထားခိုင်လုံတဲ့ ဂြိုဟ်တုဓာတ်ပုံတွေကို အစောကတည်းက ထုတ်ပြန်ခဲ့ပေမဲ့ အမေရိကန်ဘက်ကတော့ ဒါကို ငြင်းဆိုထားခဲ့တာ ဖြစ်ပါတယ်။ NOM

မတ်လ ၅ ရက်နေ့၌ တွင်းငယ်-တကောင်းကြားရှိ လက်ပန်ကုန်းရွာ အား တပ်မတော်က ရှင်းလင်းထိန်းချုပ်ခဲ့သည်။ NOM
+7
မတ်လ ၅ ရက်နေ့၌ တွင်းငယ်-တကောင်းကြားရှိ လက်ပန်ကုန်းရွာ အား တပ်မတော်က ရှင်းလင်းထိန်းချုပ်ခဲ့သည်။ NOM

အမေရိကန် အထက်လွှတ်တော်အမတ် ခရစ် ဗန် ဟော်လန် (Chris Van Hollen) ရဲ့ ထရမ့်နဲ့ပတ်သက်ပြီး ပြင်းထန်တဲ့ ဝေဖန်ပြောကြားချက် အထက်လွှတ်တော်အမတ် ခရစ် ဗန် ဟော်လန် က — အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု ဟာ အီရန်နဲ့ စစ်ဖြစ်ဖို့အတွက် အမေရိကန်ကို စစ်ပွဲထဲ ဆွဲသွင်းနိုင်လောက်အောင် "မိုက်မဲ" တဲ့ အမေရိကန်သမ္မတတစ်ဦးကို နှစ်ပေါင်း ၄၀ ကြာမှ တွေ့ရှိခဲ့တာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ "နေတန်ယာဟုက သူဟာ ဒီလိုအခြေအနေမျိုးရောက်ဖို့ နှစ်ပေါင်း ၄၀ ကြာအောင် စောင့်နေခဲ့ရတာဖြစ်ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ပြောခဲ့ပါတယ်။ အမေရိကန်ကို ဒီစစ်ပွဲထဲ ဆွဲသွင်းနိုင်လောက်အောင် မိုက်မဲတဲ့ အမေရိကန်သမ္မတတစ်ဦးကို ရှာတွေ့ဖို့ သူ (နေတန်ယာဟု) မှာ နှစ်ပေါင်း ၄၀ ကြာခဲ့တာပါပဲ။" NOM