uk
Feedback
News Of Myanmar

News Of Myanmar

Відкрити в Telegram

📈 Аналітичний огляд Telegram-каналу News Of Myanmar

Канал News Of Myanmar (@newsofmyanmar) у мовному сегменті Бірманська є активним учасником. На даний момент спільнота об'єднує 12 408 підписників, посідаючи 15 958 місце в категорії Новини і ЗМІ та 10 126 місце у регіоні М'янма.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 12 408 підписників.

За останніми даними від 09 липня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -203, а за останні 24 години на 0, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 7.90%. Протягом перших 24 годин після публікації контент зазвичай збирає 5.95% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 980 переглядів. Протягом першої доби публікація в середньому набирає 739 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 15.

📝 Опис та контентна політика

Автор описує ресурс як майданчик для висловлення суб'єктивної думки:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Завдяки високій частоті оновлень (останні дані отримано 10 липня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Новини і ЗМІ.

12 408
Підписники
Немає даних24 години
-587 днів
-20330 день
Архів дописів
အကျဉ်းသား၆၁၄၃ဥိးကိုပြစ်ဒဏ်လျော့ပေါ့လွတ်ငြိမ်းခွင့်ပြု
အကျဉ်းသား၆၁၄၃ဥိးကိုပြစ်ဒဏ်လျော့ပေါ့လွတ်ငြိမ်းခွင့်ပြု

နိုင်ငံခြားသားအကျဉ်းသား၅၂ဦးကိုပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု
နိုင်ငံခြားသားအကျဉ်းသား၅၂ဦးကိုပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု

Repost from NOM
မာဒူရိုကို ပြန်ပေးဆွဲဖမ်းဆီးခဲ့ပြီးနောက် အမေရိကန်ဟာ တရုတ်နဲ့ ပြသနာမရှိဘူးလို့ ဒေါ်နယ်ထရမ့်က ပြောဆိုခဲ့ကာ ဘေဂျင်းအနေနဲ့ ဗင်နီဇ
မာဒူရိုကို ပြန်ပေးဆွဲဖမ်းဆီးခဲ့ပြီးနောက် အမေရိကန်ဟာ တရုတ်နဲ့ ပြသနာမရှိဘူးလို့ ဒေါ်နယ်ထရမ့်က ပြောဆိုခဲ့ကာ ဘေဂျင်းအနေနဲ့ ဗင်နီဇွဲလားဆီကနေ ရေနံ ထပ်မံရရှိနေဦးမယ်လို့လည်း ဆိုပါတယ်။ ဗင်နီဇွဲလားရဲ့ ရေနံစျေးကွက်ကို အမေရိကန်က ထိန်းချုပ်သွားမှာဖြစ်ကာ တရုတ်ကို ဆက်လက်ရောင်းချပေးမယ်လို့ ထရမ့်က ပြောဆိုခဲ့တာဖြစ်ပါတယ်။ NOM

Repost from NOM
ဗင်နီဇွဲလားရဲ့ နိုင်ငံရေးအနာဂတ်ကို အမေရိကန်က ဆုံးဖြတ်ပေးသွားမှာဖြစ်ပြီး ရှေ့ဆက်သွားမယ့် လုပ်ငန်းစဉ်တွေမှာလည်း တိုက်ရိုက်ပါဝင်သွားမယ်လို့ ဒေါ်နယ်ထရမ့်က ပြောဆိုလိုက်ပါတယ်။ NOM

Repost from NOM
+1
ဗင်နီဇွဲလားသမ္မတ မာဒူရိုကို လေယာဉ်နဲ့ခေါ်ဆောင်ခဲ့ပြီးနောက် အမေရိကန်ကို ရောက်ရှိလာခဲ့တဲ့ မြင်ကွင်းတွေ ဖြစ်ပါတယ်။ NOM

Repost from NOM
အီရန်တော်လှန်ရေးအစောင့်တပ်ရဲ့ ထောက်လှမ်းရေးအဖွဲ့ဟာ Isfahan မှာ မငြိမ်သက်မှုတွေကို ဦးဆောင်နေတဲ့ အမျိုးသမီး ၂ ဦးကို ဖမ်းဆီးလိုက်ပါတယ်။ အဆိုပါ အအမျိုးသမီးတွေဟာ မိန်းကလေးတွေနဲ့ ယောကျာ်းလေးတွေ ပါဝင်တဲ့ ၃၀ ဦးအဖွဲ့ကို ဖွဲ့စည်းခဲ့ကာ ဂျာမနီက အေးဂျင့်ထောက်လှမ်းရေးလို့ ယူဆရတဲ့ သူတဦးဆီက ငွေကြေးလက်ခံရရှိခဲ့တယ်လို့ ထွက်ဆိုခဲ့ပါတယ်။ ရဲတွေရှေ့မှာ စီးကရက်သောက်ပြပြီး မထီမဲ့မြင်ပြုလုပ်ဖို့အတွက် ခိုင်းစေခံခဲ့ရကာ ရဲတွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ဖို့ကိုလည်း စီစဉ်ထားပြီး သူတို့ကို ထိမိတာနဲ့ မြေကြီးပေါ်လှဲချကာ ရဲတွေက ငါတို့ကို တိုက်ခိုက်နေတယ်လို့ အော်ဟစ်ရမယ်ဆိုပြီး ညွှန်ကြားခဲ့တယ်လို့လည်း ဆိုပါတယ်။ ဂျာမနီက အေးဂျင့်ဆိုသူနဲ့ အဆက်အသွယ်ရှိတဲ့ အဓိကပုဂ္ဂိုလ်တဦးဖြစ်ပြီး အဆိုပါလူက ငွေကြေးပေးချေကာ အခြားသူတွေဆီကို ပြန်လည်မျှဝေခဲ့ကြပါတယ်။ သူတို့ဟာ စုစုပေါင်း Tomans ငွေကြေး ၅ သန်းအထိ ရရှိခဲ့ပြီး အမေရိကန်ဒေါ်လာအားဖြင့် ၃၉ ဒေါ်လာရှိပါတယ်။ NOM

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၂/ ၂၀၂၆ ၁၃၈၇ ခုနှစ်၊ ပြာသိုလ
+8
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၂/ ၂၀၂၆ ၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၂ ရက် ( ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် )

photo content
+6

photo content
+9

photo content
+9

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၁ / ၂၀၂၆ ၁၃၈၇ ခုနှစ် ၊ ပြာသိ
+9
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၁ / ၂၀၂၆ ၁၃၈၇ ခုနှစ် ၊ ပြာသိုလပြည့်ကျော် ၂ ရက် (၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်)

Repost from MRTV
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ထံမှ ၂၀၂၆ ခုနှစ်၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၂/ ၂၀၂၆ ၁၃၈၇ ခုနှစ်၊ ပြာသိုလ
+8
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၂/ ၂၀၂၆ ၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၂ ရက် ( ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် )

ဇရပ်ကွင်းမှာ ခိုးဆိုးလုနှိုက်လုပ်နေတဲ့ TRI ဗျူဟာလို့ခေါ်တဲ့ မိုးကုတ် ပဒက် ၁၂၂၂ ရဲ့ ပဒက်ဂူ ... လက်နက်အားကိုးနဲ့ ပြည်သူလူထုကို
+3
ဇရပ်ကွင်းမှာ ခိုးဆိုးလုနှိုက်လုပ်နေတဲ့ TRI ဗျူဟာလို့ခေါ်တဲ့ မိုးကုတ် ပဒက် ၁၂၂၂ ရဲ့ ပဒက်ဂူ ... လက်နက်အားကိုးနဲ့ ပြည်သူလူထုကို ၁၈ လကျော် အနိုင်ကျင့်ထားခဲ့ပေမယ့် တပ်မတော်က ပြန်သိမ်းလိုက်တဲ့အခါ ပဒက်ဂူ ကို ပြည်သူလူထုက ဘာဖိအားမှမပါပဲ ဖြိုဖျက် ပစ်လိုက်ကြတယ် ရင်ထဲမှာ ပဒက်တွေပေးတဲ့ ဒဏ်ရာဘယ်လောက်တောင် ပြင်းခဲ့သလဲ တပ်မတော်က ဒီနေ့...သိမ်း ပြည်သူက မနက်ဖြန် ...ဖျက် ဒါ...သမိုင်းပဲ ပဒက်ဆိုတာ သေတာတောင် လူဖြစ်ရှူံးတယ်ဆိုတဲ့ အတန်းအစား ထူးမောင်-ဖန်ခါးမြေ #UNION_Politics_News

တောင်ကိုးရီးယား နိုင်ငံရဲ့ သမိုင်းကြောင်း (စစ်အာဏာသိမ်းတဲ့) ဇာတ်ကား တကားရှိတယ်။ ရုပ်ရှင် သဘောသဘာဝအရ ဘက်လိုက်မှု နည်းနည်း ရှိနိုင်ပေမယ့် တိုင်းပြည်အတွက် ထောက်လှမ်းရေး ကဏ္ဍဟာ အရေးကြီးတဲ့ အရာ ဖြစ်တယ် ဆိုတာကို မြင်ခဲ့ရတယ်။ ------ ခုလည်း ဗင်နီဇွဲလားကို အမေရိကန်က စစ်ရေးအရ အရေးယူ ဆိုင်ထားတာ ရက်ပေါင်း အတော်လေး ကြာခဲ့ပါပြီ။ ခေတ်မှီတဲ့ နည်းပညာ၊ ဂြိုလ်တုအပြင် ထောက်လှမ်းရေး ကွန်ရက်တွေနဲ့ပါ ဖြည့်စွက်လိုက်တဲ့အခါ သမ္မတ တစ်ယောက်ဟာ ကြက်ကလေး၊ ငှက်ကလေးလို ပါသွားတော့တာပါပဲ။ အဓိကကတော့ စစ်ရေးအရ ဝင် ကြုံးတော့မယ်လို့ ညာသံပေးနေချိန်မှာ အမေရိကန်လွှတ်ထားတဲ့ Cell တွေက အစိုးရထိပ်ပိုင်းထဲတောင် ရောက်နေလောက်ပါပြီ။ အမေရိကန်ဘက်က ဖမ်းဆီးရမိပါပြီ ကြေညာပြီးကာမှ ဒုသမ္မတဘက်က သက်ရှိထင်ရှားပြသဖို့ ပြောနေတာကလည်း ဟာသ ဆန်လွန်းပါတယ်။ ------ လက်ရှိ အီရန်ကလည်း ပြည်တွင်း ဆူပူမှု ဇာတ်လမ်းတွေ ဖန်တီးထားလိုက်ပါပြီ။ အမေရိကန်ရဲ့ ကျင့်သုံးတဲ့ မူဝါဒမှာ နိုင်ငံတနိုင်ငံရဲ့ အစိုးရကို ပြုတ်ကျအောင် ဘက်ပေါင်းစုံက ဆန်ရှင်လုပ် ပိတ်ပင်တာပါပဲ။ ပြည်ပ ရင်းနှီးမြုပ်နှံမှုတွေ မရှိတော့ဘူး။ နိုင်ငံတကာ အထောက်အပံ့တွေ မဝင်တော့ဘူး။ စီးပွားရေးအရ ခြွတ်ခြုံ ကျလာတဲ့အခါ လူထု ဟာ စားဝတ်နေရေးအရ ဆူပူ ဆန္ဒပြလာကြတော့တာပါပဲ။ ဒါက အမေရိကန် လိုလားတဲ့ မရိုးနိုင်တဲ့ ဇာတ်ညွှန်း ကြီး တစ်ခုဆိုပေမယ့် တော်ရုံ ဘယ်နိုင်ငံကမှလည်း ဖောက်ထွက်နိုင်စွမ်း မရှိနေပြန်ဘူး။ ------ တိုင်းပြည်တပြည်မှာ ဆန္ဒပြမှုတွေကို ဒီမိုကရေစီ နည်းလမ်းအရ ခွင့်ပြုထားတယ်ဆိုပေမယ့် လိုအပ်လာရင် အကြမ်းနည်း သုံးကြတာပါပဲ။ ဒီလိုကိုင်တွယ်မှုတွေကို ဒီမိုကရေစီ ရင့်သန်လာပါပြီဆိုတဲ့ နိုင်ငံကြီးတွေတောင် ဖြိုခွင်းမှု၊ သေဆုံးမှုတွေ ရှိတတ်ပေမယ့် " ဆန္ဒပြတာတွေကို အကြမ်းဖက် ဖြိုခွင်းရင် ငါနဲ့တွေ့မယ် " ဆိုပြီး ကျိမ်းထားတဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ အတော်လေးတော့ ကလေး ကုလား ဆန်နေတာ အမှန်ပဲ။ ဒီဆန္ဒပြမှုတွေရဲ့ နောက်ကွယ်မှာ ဆူပူမှုတွေ ဖြစ်အောင် ဖန်တီးတာ၊ အစိုးရ အပြောင်းအလဲ ဖြစ်အောင် မီးစာ မွှေးတတ်တဲ့ အမေရိကန်ကိုယ်၌က နိုင်ငံတစ်ခုရဲ့ နိုင်ငံရေး အခင်းအကျင်းမှာ နှောကျေနေတဲ့ ထောက်လှမ်းရေး Cell တွေ မွေးထားတာကလည်း ဒီဖြစ်စဉ်တွေရဲ့ အသက်ပေါ့လေ။ ------- ဆိုတော့ .....နိုင်ငံတခုမှာ ထောက်လှမ်းရေး ကဏ္ဍဟာ တိုင်းပြည်ရဲ့ မျက်စိနဲ့နားပါပဲ။ လက်ရှိ ဗင်နီဇွဲလား အရေးမှာလည်း အစိုးရ ထိပ်ပိုင်း အဆင့်အထိတောင် အမေရိကန်ရဲ့ Cell တွေ ဝင်ထားပြီးလောက်ပါပြီ။ အချိန်တခုကြာရင် အမေရိကန်တင်တဲ့ သမ္မတ တက်လာပါလိမ့်မယ်။ လက်ရှိသမ္မတဟာ လက်ခုပ်ထဲကရေဆိုတော့ အမည်တပ်ထားတဲ့ မူးယစ်ဆေးဝါး အမှုမှာ ပုဒ်မ ပေါင်းစုံ တပ်ခံရမယ့် အခင်းအကျင်းမျိုး မြင်နေရတယ်။ ------ ဒီနေရာမှာ အရေးကြီးတာက မိတ်ဖက်တွေရဲ့ အခန်းကဏ္ဍပါပဲ။ ဗင်နီဇွဲလားအပေါ် တရုတ်အပြင် ရုရှားကလည်း မိတ်ဖက်ဆက်ဆံရေး ရှိတာပါပဲ။ ဒါပေမယ့် နိုင်ငံရေးမှာ အကျိုးစီးပွားကသာ အဓိကပါ။ ဆိုလိုတာက ဗင်နီဇွဲလားရဲ့ သမ္မတအသစ်တယောက် ပြောင်းခြင်း မပြောင်းခြင်းက ယူကရိန်းအရေးမှယ၊ ထိုင်ဝမ်အရေးမှာ အမေရိကန်အနေနဲ့ သက်ဆိုင်ရာ နိုင်ငံတွေကို မသိကျိုးကျွံ လုပ်ပေးပါ့မယ် ဆိုတဲ့ ကတိ တစ်လုံးနဲ့တင် ပွဲသိမ်း သွားနိုင်တယ်ပေါ့။ နိုင်ငံရေးမှာ မဟာမိတ်ဆိုတာထက် မင်းဘာပေးမလဲ၊ ငါ ဘာရမလဲနဲ့ပဲ တိုင်းတာကြတတ်တာ သဘာဝပဲ မဟုတ်လား။ ----- သင်ခန်းစာအနေနဲ့ ဖော်ထုတ်ရရင် နိုင်ငံရေးမှာ အကျိုးစီးပွားကသာ အာမခံချက်ပေးတယ် ဆိုတာပါပဲ။ ဒုတိယကတော့ ထောက်လှမ်းရေးဟာ တိုင်းပြည်တစ်ခုရဲ့ အသက်ဝိဉာည်ပါပဲ။ ချွင်းချက်အနေနဲ့ အမေရိကန်ရဲ့ လုပ်ရက်ကို သဘောကျမိတာက ထိပ်ပိုင်း ဂေါင်တွေကိုပဲ ရွေးသုတ်တဲ့ အချက်ပါ။ အဆုံးသတ်က ခေါင်းဆောင်ပြောင်းရင် မူဝါဒပါ ပြောင်း ရတာပါပဲ။ ဥပမာ KNU အနေနဲ့ ဖထီး လက်ထက်မှာ NCA ထိုးခဲ့ပေမယ့် လက်ရှိ မှာ NCA က ပျက်ပြယ်ပြီ ပြောပြီး လက်နက်ကိုင် တိုက်ခိုက်နေသလိုပေါ့။ မြန်မာ့ လက်နက်ကိုင်အရေးမှာ လက်ရှိ EAO တွေနဲ့ပတ်သက်ရင် အမေရိကန်ရဲ့ လုပ်ရပ်ဟာ သင်ခန်းစာ ယူချင်စရာပါပဲ။ (နရီမိုး)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် ( ၅ / ၂၀၂၆ ) ၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော်
+5
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် ( ၅ / ၂၀၂၆ ) ၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁ ရက် ( ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ လ ၃ ရက် )ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း

🏆 စတုတ္ထအကြိမ် သွေးတိုးစမ်းနိုင်သဖြင့် ကြိုတင်ပြင်ဆင်ထားရပါမည် 🏆 - (Congratulations) - တိုက်ပွဲသတင်းစုံ
🏆 စတုတ္ထအကြိမ် သွေးတိုးစမ်းနိုင်သဖြင့် ကြိုတင်ပြင်ဆင်ထားရပါမည် 🏆 - (Congratulations) - တိုက်ပွဲသတင်းစုံ

KK Park နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်အဆောက်အအုံ ၅၆၃ လုံး စနစ်တကျဖြိုချဖျက်
+5
KK Park နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်အဆောက်အအုံ ၅၆၃ လုံး စနစ်တကျဖြိုချဖျက်ဆီးပြီးဖြစ် နေပြည်တော်၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၃

Repost from NOM
“အမေရိကန်အနေနဲ့ လက်တင်အမေရိကမှာ ဒီမိုကရေစီကို အာရုံစိုက်ရမှာမဟုတ်ပါဘူး” - အငြိမ်းစား အမေရိကန်ဗိုလ်ချုပ် Laura Richardson ရဲ့ အရင်တုန်းက ပြောဆိုခဲ့မှု “အမေရိကန်အနေနဲ့ လက်တင်အမေရိကမှာ ဒီမိုကရေစီကို အာရုံစိုက်ရမှာမဟုတ်ဘဲ ရေနံ၊ လီသီယမ်၊ ရွှေနဲ့ ရှားပါးသတ္ထု‌တွေကို ထိန်းချုပ်ရမှာပါ၊ ဗင်နီဇွဲလားမှာ အကြီးမားဆုံး ရေနံသိုက်နဲ့ မဟာဗျူဟာကျတဲ့ အရင်းအမြစ်တွေ အများကြီးရှိပါတယ်၊ ဗင်နီဇွဲလားရဲ့ အဓိက စွမ်းအင်တင်ပို့မှုက တရုတ်ကိုပါ၊ အခုတော့ ရပ်တန့်ရပါလိမ့်မယ်၊ Somaliland နဲ့ တောင်ယီမင်တို့ကို ဩဇာခံနိုင်ငံသစ်တွေအဖြစ်နဲ့ ဖန်တီးပြီး ပင်လယ်နီကတဆင့် တရုတ်ကို တင်ပို့မှု၊ တင်သွင်းမှုတွေကို ပိတ်ဆို့ဖန်တီးရပါမယ်” NOM

Repost from NOM
“ကျူးဘား၊ ဗင်နီဇွဲလားနဲ့ နီကာရာဂွာတို့က ရုရှားနဲ့ ဆက်ဆံရေးရှိတယ်၊ ဒီဒေသတွေက ဘာကြောင့် အရေးကြီးတာလဲဆိုရင် ကြွယ်၀တဲ့ အရင်းအမြစ်
“ကျူးဘား၊ ဗင်နီဇွဲလားနဲ့ နီကာရာဂွာတို့က ရုရှားနဲ့ ဆက်ဆံရေးရှိတယ်၊ ဒီဒေသတွေက ဘာကြောင့် အရေးကြီးတာလဲဆိုရင် ကြွယ်၀တဲ့ အရင်းအမြစ်တွေနဲ့ ရှားပါးဒြပ်စင်တွေကြောင့်ပါ။ ဒီနေ့ခေတ် နည်းပညာအတွက် လိုအပ်တဲ့ lithium triangle ရှိနေတယ်။ ကမ္ဘာ့ lithium ရဲ့ ၆၀% က အဲဒီမှာ ရှိတာပါ၊ အာဂျင်တီးနား၊ ဘိုလီဗီးယား၊ ချီလီတို့မှာပါ။ အကြီးမားဆုံး ရေနံသိုက်တွေရှိတယ်၊ Guyana မှာဆိုရင် လွန်ခဲ့တဲ့ တနှစ်ကျော်က ရှာတွေ့ခဲ့တဲ့ white sweet ရေနံစိမ်းတွေ ရှိပါတယ်၊ ဗင်နီဇွဲလားဆိုရင် ရေနံ၊ ကြေးနီနဲ့ ရွှေတို့လို အရင်းအမြစ်တွေရှိတယ်၊ ကမ္ဘာကြီးရဲ့ lungs (အဆုတ်) လို့ တင်စားခံထားရတဲ့ အမေဇုန်လည်း အဲဒီဒေသမှာပါ။ ကမ္ဘာ့ရေချို ၃၀% က လက်တင်အမေရိကမှာပါ၊ ဒါက စာရင်းဇယားထဲတွေမှာပဲ ရှိနေတာမျိုး မဟုတ်ဘဲ ကျွန်မတို့မှာ လုပ်စရာတွေ အများကြီးရှိပါတယ်၊ ဒီဒေသက အရမ်းအရေးကြီးပါတယ်၊ အမျိုးသားလုံခြုံရေးနဲ့ အများကြီးသက်ဆိုင်ပြီး ကျွန်မတို့ရဲ့ ကစားပွဲကို မြှင့်တင်ဖို့ လိုအပ်ပါတယ်။” NOM