uk
Feedback
News Of Myanmar

News Of Myanmar

Відкрити в Telegram

📈 Аналітичний огляд Telegram-каналу News Of Myanmar

Канал News Of Myanmar (@newsofmyanmar) у мовному сегменті Бірманська є активним учасником. На даний момент спільнота об'єднує 12 491 підписників, посідаючи 15 995 місце в категорії Новини і ЗМІ та 10 066 місце у регіоні М'янма.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 12 491 підписників.

За останніми даними від 25 червня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -245, а за останні 24 години на -7, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 10.08%. Протягом перших 24 годин після публікації контент зазвичай збирає 5.41% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 1 259 переглядів. Протягом першої доби публікація в середньому набирає 676 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 15.

📝 Опис та контентна політика

Автор описує ресурс як майданчик для висловлення суб'єктивної думки:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Завдяки високій частоті оновлень (останні дані отримано 26 червня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Новини і ЗМІ.

12 491
Підписники
-724 години
-427 днів
-24530 день
Архів дописів
ပြည်ပထွက်ခွာခွင့်နှင့်ပတ်သက်၍ အလုပ် သမားဝန်ကြီးဌာနမှထုတ်ပြန်
ပြည်ပထွက်ခွာခွင့်နှင့်ပတ်သက်၍ အလုပ် သမားဝန်ကြီးဌာနမှထုတ်ပြန်

မြန်မာနိုင်ငံအတွင်းဖြစ်ပွားနေသော စစ်ပွဲများနှင့် တရားမဝင် နယ်စပ်ကုန်သွယ်မှုများကြောင့် မီဇိုရမ်ပြည်နယ်တွင် လောင်စာဆီပြတ်လပ်မည
မြန်မာနိုင်ငံအတွင်းဖြစ်ပွားနေသော စစ်ပွဲများနှင့် တရားမဝင် နယ်စပ်ကုန်သွယ်မှုများကြောင့် မီဇိုရမ်ပြည်နယ်တွင် လောင်စာဆီပြတ်လပ်မည်ကို စိုးရိမ်ပြီး အလုအယက်ဝယ်ယူမှုများဖြစ်ပွား အိမ်နီးချင်း မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော စစ်ပွဲများနှင့် တရားမဝင် နယ်စပ်ကုန်သွယ်မှုများ မြင့်တက်လာခြင်းကြောင့် မီဇိုရမ်ပြည်နယ်တွင် လောင်စာဆီပြတ်လပ်တော့မည်ဟူသော စိုးရိမ်မှုများ ပြင်းထန်လာခဲ့သည်။ ယင်းအခြေအနေကြောင့် ပြည်နယ်မြို့တော် အိုက်ဇောအပါအဝင် နေရာအနှံ့အပြားရှိ စက်သုံးဆီဆိုင်များတွင် ပြည်သူများက အလုအယက် တန်းစီဝယ်ယူမှုများ (Panic Buying) ဖြစ်ပေါ်နေကြောင်း သိရသည်။ မြန်မာနိုင်ငံအတွင်း တိုက်ပွဲများကြောင့် လောင်စာဆီ ဈေးနှုန်းများ အဆမတန် မြင့်တက်နေခြင်းကြောင့် အိန္ဒိယဘက်မှ လောင်စာဆီများကို နယ်စပ်ဖြတ်ကျော်ကာ တရားမဝင် မှောင်ခိုတင်ပို့မှုများ ရှိနေသည်။ ဤသို့ မှောင်ခိုရောင်းချမှုများကြောင့် ပြည်နယ်အတွင်း သုံးစွဲရန်ရှိသည့် ဆီပမာဏအပေါ် သက်ရောက်မှုရှိမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။ အဆိုပါ အခြေအနေကို ထိန်းချုပ်ရန်အတွက် မီဇိုရမ်ပြည်နယ် အစိုးရက စက်သုံးဆီ ရောင်းချမှုကို ကန့်သတ်ချက်များ ထုတ်ပြန်ခဲ့သည်။ မော်တော်ယာဉ် အမျိုးအစားအလိုက် တစ်ကြိမ်ဝယ်ယူလျှင် သတ်မှတ်ထားသည့် ပမာဏထက် ပိုမိုဝယ်ယူခွင့် မပြုရန် ဆီဆိုင်များကို ညွှန်ကြားထားသည်။ မြန်မာနိုင်ငံဘက်ခြမ်းတွင် တိုက်ပွဲများ ပြင်းထန်နေခြင်းက နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများကို ထိခိုက်စေရုံသာမက၊ အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက်ရှိ ကုန်စည်စီးဆင်းမှု စနစ်တစ်ခုလုံးကိုပါ မတည်မငြိမ် ဖြစ်စေခဲ့သည်။ ပြည်နယ်အစိုးရ တာဝန်ရှိသူများကမူ ပြည်နယ်အတွင်း လောင်စာဆီ အလုံအလောက် ရှိနေသေးကြောင်းနှင့် အများပြည်သူအနေဖြင့် မလိုအပ်ဘဲ စိုးရိမ်ထိတ်လန့်ခြင်း မပြုကြရန် တိုက်တွန်းထားသည်။ နယ်စပ်တစ်လျှောက် တရားမဝင် ဆီမှောင်ခိုမှုများကို တားဆီးရန်အတွက်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုးမြှင့်ချထားပြီး စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သတင်းတွင် ဖော်ပြထားသည်။ NOM

မတ်၁၈၊၂၀၂၆ လျှပ်စစ်ဓာတ်အားသုံးစွဲသူမိဘပြည်သူများသို့အသိပေးပန်ကြားချက်
မတ်၁၈၊၂၀၂၆ လျှပ်စစ်ဓာတ်အားသုံးစွဲသူမိဘပြည်သူများသို့အသိပေးပန်ကြားချက်

လှိုင်သာယာတွင် အင်ဗာတာ အပူလွန်ကဲပြီး မီးလောင်ကျွမ်းမှုဖြစ်ပွား NOM၊မတ်၁၈၊၂၀၂၆ ရန်ကုန်တိုင်း‌ ဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ် ၁၈ ရပ်ကွက်၊ ရွှေရင်အေးကျောင်းလမ်းတွင် ယမန်နေ့ နံနက် ၅နာရီ ၅၀မိနစ်ခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားကြောင်း သိရသည်။ ဖြစ်စဉ်မှာအောင်မျိုးဝင်း ၏နေအိမ်က အင်ဗာတာကို တစ်ညလုံး အားသွင်းထားရာမှ အပူလွန်ကဲ့ပြီး မီးလောင်‌ခဲ့ကြောင်း ၎င်းအိမ် ၁၀×၆၀ အပါအဝင် ဦးဆူဘား ပိုင်ဆိုင်သည့် ၁၀×၆၀ နေအိမ်တစ်အိမ်၊ ဒေါ်နီနီမာ ပိုင်ဆိုင်သည့် ၁၀×၆၀ နေအိမ်တစ်အိမ်၊ ဒေါ်သန်းသန်းဆွေ ပိုင်ဆိုင်သည့် ၁၀×၆၀ နေအိမ်တစ်အိမ်၊ စုစုပေါင်း လူနေအိမ် ၄အိမ် မီးလောင်ကျွမ်းပြီး ပျက်စီးဆုံးရှုံးခဲ့‌ ကြောင်းသိရသည်။ အဆိုပါမီးလောင်ကျွမ်းမှုနှင့်ပတ်သတ်၍ အောင်မျိုးဝင်းအား လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ သောင်ကြီးနယ်မြေရဲစခန်းမှ အမှုဖွင့်၍ ဥပဒေအရ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

+2
အီရတ်နိုင်ငံမြောက်ပိုင်း၊ အီရဘေးလ်မြို့ရှိ ကာ့ဒ်-အီရန်အကြမ်းဖက်အဖွဲ့၏ ဌာနချုပ်အတွင်း အင်အားပြင်းထန်သောပေါက်ကွဲမှုများဖြစ်ပွားခဲ့သည်။ NOM

+9
မတ် ၁၈၊ ၂၀၂၆ ရာမတ်ဂန် (Ramat Gan)၊ တဲလ် အဗီး (Tel Aviv)၊ ဘနေးဘရက်ခ် (Bnei Brak) နှင့် ပီတာတစ်ကွာ (Petah Tikva) မြို့များတွင် အီရန်ကလပ်စတာဒုံးကျည်များ ထိမှန်မှုများထပ်မံဖြစ်ပွားခဲ့သည်။ တဲလ်အဗီးမြို့ရှိ အချို့နေရာများတွင် လျှပ်စစ်မီးပြတ်တောက်မှုများရှိခဲ့သည်။ အစ္စရေးမီဒီယာများ၏ အဆိုအရ တဲလ်အဗီးမြို့၊ ရာမတ်ဂန်တွင် လူ ၂ ဦး သေဆုံးခဲ့ကြောင်းသိရသည်။ NOM

+7
အီရန်ကလပ်စတာဒုံးကျည်များကြောင့် အစ္စရေးဒေသတွင်းမှာ ပျက်စီးဆုံးရှုံးမှုတွေ အကြီးအကျယ် ပျံ့နှံ့သွားခဲ့ပါတယ်။ NOM

+1
အစ္စရေးနိုင်ငံ တဲလ်အဗီးမြို့ NOM

+1
အစ္စရေးမီဒီယာများ​၏ ဖော်ပြချက်အရ အီရန်ကလပ်စတာဒုံးကျည်များထိမှန်မှုကြောင့် မြို့လယ်ခေါင်တွင် လူထိခိုက်ဒဏ်ရာရမှုအများအပြားရှိခဲ့ကြောင်းနှင့် အဆောက်အဦးအချို့ ထိမှန်ပျက်စီးမှုရှိကြောင်းသိရသည်။ NOM

+2
အစ္စရေးနိုင်ငံ၊ တယ်လ်အဗီးဗ် (Tel Aviv) မြို့ပေါ်ရှိကောင်းကင်ယံတွင်တွေ့ရသည့် အီရန်ကလပ်စတာဒုံးကျည်များ။ NOM

အီရန် အမျိုးသားလုံခြုံရေးဆိုင်ရာ အဆင့်မြင့်ကောင်စီ​၏ အတွင်းရေးမှူး အလီလာရီဂျာနီ​၏ ယခင်တင်ခဲ့သည့်ပို့စ် အမေရိကန်အစိုးရက ၎င်းအာ
အီရန် အမျိုးသားလုံခြုံရေးဆိုင်ရာ အဆင့်မြင့်ကောင်စီ​၏ အတွင်းရေးမှူး အလီလာရီဂျာနီ​၏ ယခင်တင်ခဲ့သည့်ပို့စ် အမေရိကန်အစိုးရက ၎င်းအား ရှာဖွေဖော်ထုတ်နိုင်သူကို အမေရိကန်ဒေါ်လာ (၁၀) သန်း ဆုကြေးပေးမည်ဟု ကြေညာခဲ့မှုအပေါ် အာဇာနည် အလီလာရီဂျာနီ (Ali Larijani) ၏ တုံ့ပြန်ချက်မှာ - "ကျွန်ုပ်အဖို့ သေခြင်းတရားဆိုသည်မှာ ပျော်ရွှင်ခြင်းတစ်မျိုးသာဖြစ်ပြီး ဖိနှိပ်သူများနှင့်အတူ ယှဉ်တွဲနေထိုင်ရခြင်းသည်သာ အဆိုးရွားဆုံး ဆင်းရဲဒုက္ခ ဖြစ်ပေသည်။" NOM

အီရန် အမျိုးသားလုံခြုံရေးဆိုင်ရာ အဆင့်မြင့်ကောင်စီ​၏ အတွင်းရေးမှူး အလီလာရီဂျာနီ သည် ၎င်း၏သားဖြစ်သူ (ဒုတိယအရာရှိတစ်ဦး) နှင့် သ
အီရန် အမျိုးသားလုံခြုံရေးဆိုင်ရာ အဆင့်မြင့်ကောင်စီ​၏ အတွင်းရေးမှူး အလီလာရီဂျာနီ သည် ၎င်း၏သားဖြစ်သူ (ဒုတိယအရာရှိတစ်ဦး) နှင့် သက်တော်စောင့်အဖွဲ့ဝင်အချို့နှင့်အတူ ပါဒစ်ဧရိယာရှိ ၎င်း၏သမီးဖြစ်သူ နေအိမ်၌ ရှိနေစဉ် အမေရိကန်နှင့် ဇီယွန်ဝါဒီအစိုးရ၏ တိုက်လေယာဉ်များဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခြင်းခံရပြီး ကျဆုံးသွားခဲ့သည်။ အီရန်နိုင်ငံ၏ အုပ်ချုပ်ရေးနှင့် ကွပ်ကဲမှု ယန္တရားမှာမူ စိုးရိမ်ရသည့် အခြေအနေတွင် မရှိဘဲ အရေးကြီးပြီး အမိန့်ပေးကွပ်ကဲရသည့် ရာထူးနေရာများအတွက် အဆင့်ဆင့်သော အစားထိုး အရာရှိများနှင့် ဒုတိယအရာရှိများကို ကြိုတင်ပြင်ဆင်ထားရှိပြီး ဖြစ်သောကြောင့် အကြပ်အတည်းကာလများတွင် လုပ်ငန်းတာဝန်များကို ချက်ချင်း ဆက်လက်ထမ်းဆောင်နိုင်မည် ဖြစ်သည်။ ပုံ- အလီလာရီဂျာနီ (ဘယ်ဘက်အစွန်) NOM

သံတောင်ကြီးမြို့နယ်တွင် KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လ
သံတောင်ကြီးမြို့နယ်တွင် KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီး‌တစ်လုံးကျရောက် ပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရ NOM မတ် ၁၇၊ ၂၀၂၆ နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်ရှိ ခုတင် (၁၀၀၀) ပြည်သူ့ဆေးရုံကြီးသို့ မတ်လ ၁၆ ရက်နေ့ ညနေ ၄ နာရီ ၅၀ မိနစ်အချိန်၌ ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသမီးတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ မတ်လ ၁၄ ရက်နေ့ ညနေ ၅ နာရီခွဲ အချိန်၌ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ဇလဲ (တောင်) ကျေးရွာနေ ဒေါ်ခင်အေးလွင် (၄၂) နှစ် သည် ၎င်းပိုင်ယာခင်းအတွင်းမှ ကျေးရွာသို့ ခြေလျင်ပြန်လာစဉ် ကျေးရွာဘောလုံးကွင်းအရောက် ၎င်းအနီးသို့ KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီး‌တစ်လုံးကျရောက် ပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ NOM

ဖားကန့်ဒေသအခြေစိုက် ဥရု နေ့စဉ်သတင်းဌာန (Uru Daily News)​၏ အယ်ဒီတာဖြစ်သူ၊ ဖားကန့်မြို့ သပိတ်အဖွဲ့​၏ ပြန်ကြားရေးတာဝန်ကိုယူထားသူ
ဖားကန့်ဒေသအခြေစိုက် ဥရု နေ့စဉ်သတင်းဌာန (Uru Daily News)​၏ အယ်ဒီတာဖြစ်သူ၊ ဖားကန့်မြို့ သပိတ်အဖွဲ့​၏ ပြန်ကြားရေးတာဝန်ကိုယူထားသူ၊ KIA ‌PDF အကြမ်းဖက် လော်ဘီတဦးလည်းဖြစ်သူ "တာလင်းမောင်" ကို မတ်လ ၁၇ ရက်နေ့ ညနေအချိန်၌ ဆိုင်းတောင်ကျေးရွာတွင် KIA အကြမ်းဖက်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည်။ "KIA စုဆောင်းရေးဆွဲတာနဲ့ပါတ်သက်ပြီး ထုတ်ပေးတာက တဖွဲ့ ပိုက်ဆံယူတာက တဖွဲ့တဲ့ ဘာတွေလည်းဟ။ သပွတ်အူလို စီးပွားရေးဇာတ်ရှုပ်ကြီးနော်၊ မန့်မှာ ဆွေးနွေးကြပါဦး" စာသားပါ ပို့စ်တခုကို မတ်လ ၁၆ ရက်နေ့ညက ၎င်း​၏ လူမှုကွန်ယက်ပေါ်တွင်တင်ခဲ့သည်။ အဆိုပါကိစ္စနှင့် ပတ်သတ်ပြီး ဖမ်းဆီးစစ်ဆေးခံရခြင်းဖြစ်နိုင်ကြောင်း ၎င်းနှင့် နီးစပ်သူများကသုံးသပ်ကြသည်။

သည်ဂါးဒီးယန်း (The Guardian) သတင်းဌာန၏ ဖော်ပြချက်အရ ဗြိတိန်အမျိုးသားလုံခြုံရေးအကြံပေး ဂျိုနသန် ပါဝဲလ် (Jonathan Powell) သည် ဂ
သည်ဂါးဒီးယန်း (The Guardian) သတင်းဌာန၏ ဖော်ပြချက်အရ ဗြိတိန်အမျိုးသားလုံခြုံရေးအကြံပေး ဂျိုနသန် ပါဝဲလ် (Jonathan Powell) သည် ဂျီနီဗာတွင် ပြုလုပ်သည့် နောက်ဆုံးအဆင့် အမေရိကန်-အီရန် ဆွေးနွေးပွဲများသို့ တက်ရောက်ခဲ့ပြီး တီဟီရန်၏ နျူကလီးယားဆိုင်ရာ အဆိုပြုချက်သည် သံတမန်ရေးလမ်းကြောင်းကို ဆက်လက်ထိန်းသိမ်းထားရန်နှင့် ပဋိပက္ခအရှိန်မြင့်တက်လာမှုကို ရှောင်ရှားနိုင်ရန် လုံလောက်သော အရေးပါမှုရှိသည်ဟု ယုံကြည်ခဲ့ကြောင်း သိရသည်။ အီရန်၏ ကမ်းလှမ်းချက်သည် မမျှော်လင့်ထားဘဲ သိသာထင်ရှားပြီး တိုးတက်မှုများ ရရှိခဲ့ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။ အဆိုပါအစီရင်ခံစာတွင် အစ္စရေးနှင့် နီးကပ်သောဆက်ဆံရေးရှိသည့် ဂျဲရက် ကွတ်ရှ်နာ (Jared Kushner) နှင့် အထူးကိုယ်စားလှယ် စတီးဗ် ဝစ်ကော့ဖ် (Steve Witkoff) တို့ ဦးဆောင်သော အမေရိကန်ညှိနှိုင်းရေးအဖွဲ့အပေါ် စိုးရိမ်မှုများကိုလည်း မီးမောင်းထိုးပြထားသည်။ ဆွေးနွေးပွဲများကို သိရှိနားလည်သည့် သံတမန်တစ်ဦးက သည်ဂါးဒီးယန်း သို့ ပြောကြားရာတွင် "ကျွန်ုပ်တို့ကတော့ ဝစ်ကော့ဖ် နဲ့ ကွတ်ရှ်နာတို့ကို သမ္မတကိုယ်တိုင်က ရှောင်လွှဲလိုတဲ့ စစ်ပွဲတစ်ခုထဲကို သမ္မတကို ဆွဲသွင်းနေတဲ့ အစ္စရေးရဲ့ အသုံးချခံတွေ (Israeli assets) အဖြစ်ပဲ ရှုမြင်ပါတယ်” ဟု ဆိုသည်။ ဝစ်ကော့ဖ် သည် ကျွမ်းကျင်မှုပိုင်းအတွက် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) အကြီးအကဲ ရာဖေးလ် ဂရော့ဆီ (Rafael Grossi) ကိုသာ အားကိုးနေရပြီး အမေရိကန်ဘက်မှ သီးသန့်နည်းပညာရှင်အဖွဲ့ မပါဝင်ခြင်းအပေါ် ဝေဖန်သူများက ထောက်ပြခဲ့ကြသည်။ ဆွေးနွေးပွဲအပြီး မကြာမီမှာပင် အမေရိကန်နှင့် အစ္စရေးတို့သည် အီရန်ကို တိုက်ခိုက်မှုများ စတင်ခဲ့သည်။ ထိုလုပ်ရပ်အပေါ် ဗြိတိန်က သံတမန်ရေးရာ ရွေးချယ်စရာများ မကုန်ဆုံးသေးဘဲ ညှိနှိုင်းဆွေးနွေးမှုလမ်းကြောင်း ပွင့်နေဆဲဖြစ် သည့်တိုင် အချိန်မတိုင်မီ စောလွန်းသည့် လုပ်ရပ်အဖြစ်ရှုမြင်ခဲ့သည်။ NOM

photo content
+3

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေ (အမျိုးသားကာကွယ
+9
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေ (အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဥပဒေအမှတ် ၁၉ / ၂ဝ၂၆) ၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၅ ရက်် (၂ဝ၂၆ ခုနှစ်၊ မတ်လ ၁၇ ရက်) NOM

ထရမ့်မှ ခန့်အပ်ထားသည့် အမျိုးသား အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုဌာန ညွှန်ကြားရေးမှူး ဂျိုးဇက်ကန့် (Joseph Kent) သည် အီရန်အပေါ်
+2
ထရမ့်မှ ခန့်အပ်ထားသည့် အမျိုးသား အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုဌာန ညွှန်ကြားရေးမှူး ဂျိုးဇက်ကန့် (Joseph Kent) သည် အီရန်အပေါ် ဖန်တီးပြုလုပ်ထားသည့် စစ်ပွဲကို ကန့်ကွက်သည့်အနေဖြင့် ရာထူးမှ နုတ်ထွက်သွားပြီဖြစ်သည်။ "အီရန်တွင် ဖြစ်ပွားနေသော စစ်ပွဲကို ကျွန်ုပ်၏ ကိုယ်ကျင့်တရားအရ ဆက်လက် ထောက်ခံခြင်း မပြုနိုင်ပါ။ အီရန်သည် ကျွန်ုပ်တို့ နိုင်ငံအပေါ် မကြာမီ ကျရောက်တော့မည့် ခြိမ်းခြောက်မှုမျိုး မရှိခဲ့ဘဲ ဤစစ်ပွဲကို အစ္စရေးနှင့် အမေရိကန်ရှိ အင်အားကြီး အစ္စရေးလိုလားသော အုပ်စုများ (Lobby) ၏ ဖိအားပေးမှုကြောင့် စတင်ခဲ့ခြင်းဖြစ်သည်မှာ ရှင်းလင်းနေပါသည်" ဟု ၎င်းက ပြောကြားခဲ့သည်။" NOM

မြန်မာနိုင်ငံတွင်အကြမ်းဖက်သမားများကိုလေ့ကျင့်သင်ကြားပေးခဲ့သူများကိုအိန္ဒိယကဖမ်း NOM အိန္ဒိယအမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) သည် မြန်မာနိုင်ငံတွင် စစ်ဆင်ရေးများအတွက် အကြမ်းဖက်သမားများကို လေ့ကျင့်ပေးသည်ဟု သံသယဖြင့် ယူကရိန်းနိုင်ငံသား ခြောက်ဦးနှင့် အမေရိကန်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း The Indian Express သတင်းဌာနက ဖော်ပြသည်။

မြစ်ကြီးနားမြို့ တပ်မတော်‌ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများအား ကြည့်ရှုအားပေး မတ် ၁၆၊ ၂၀၂၆ တပ်မတော်အနေဖြင့် တိုင်းရင်းသား
မြစ်ကြီးနားမြို့ တပ်မတော်‌ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများအား ကြည့်ရှုအားပေး မတ် ၁၆၊ ၂၀၂၆ တပ်မတော်အနေဖြင့် တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် နိုင်ငံတော်အစိုးရနှင့်အတူ တစ်ဖက်တစ်လမ်းမှ ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တပ်မတော်ဆေးရုံများ၌ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ပြည်သူ့စစ်မှုထမ်းများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအပြင် သံဃာတော်များ၊ သာသနာ့ နွယ်ဝင်သီလရှင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများကိုလည်း လက်ခံဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့သို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံ တိုင်းရင်းသားပြည်သူများအား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုကြသည်။ ဦးစွာ တိုင်းမှူးနှင့်တာဝန်ရှိသူများက ဆေးရုံတက်လူနာတစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါး ကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်မှု အခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေး စကားပြောကြားပြီး အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်ကြသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ NOM