uk
Feedback
News Of Myanmar

News Of Myanmar

Відкрити в Telegram

📈 Аналітичний огляд Telegram-каналу News Of Myanmar

Канал News Of Myanmar (@newsofmyanmar) у мовному сегменті Бірманська є активним учасником. На даний момент спільнота об'єднує 12 554 підписників, посідаючи 16 071 місце в категорії Новини і ЗМІ та 10 062 місце у регіоні М'янма.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 12 554 підписників.

За останніми даними від 16 червня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -270, а за останні 24 години на -12, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 7.40%. Протягом перших 24 годин після публікації контент зазвичай збирає 9.94% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 929 переглядів. Протягом першої доби публікація в середньому набирає 1 248 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 17.

📝 Опис та контентна політика

Автор описує ресурс як майданчик для висловлення суб'єктивної думки:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Завдяки високій частоті оновлень (останні дані отримано 17 червня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Новини і ЗМІ.

12 554
Підписники
-1224 години
-597 днів
-27030 день
Архів дописів
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အိန္ဒိယသမ္မတနိုင်ငံဝန်ကြီးချုပ် H.E. Shri Narendra Modi
+6
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အိန္ဒိယသမ္မတနိုင်ငံဝန်ကြီးချုပ် H.E. Shri Narendra Modi နှင့် တွေ့ဆုံဆွေးနွေး ဇွန် ၁၊ ၂၀၂၆ အိန္ဒိယသမ္မတနိုင်ငံဝန်ကြီးချုပ် H.E. Shri Narendra Modi ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်ရုံး (Hyderabad House)၌ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် H.E. Shri Narendra Modi နှင့်တွေ့ဆုံဆွေးနွေးသည်။ At the invitation of the Prime Minister of the Republic of India, H.E. Shri Narendra Modi, President of the Republic of the Union of Myanmar U Min Aung Hlaing, who is on an official visit to India, held a separate meeting with Indian Prime Minister H.E. Shri Narendra Modi at the Prime Minister's Office (Hyderabad House), on June 1.

မြင်းခြံမြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွား လူနေအိမ် ၁၅လုံးခန့်မီးလောင်ဆုံးရှူံး NOM၊ဇွန်၁၊၂၀၂၆ မန္တလေးတိုင်းဒ
မြင်းခြံမြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွား လူနေအိမ် ၁၅လုံးခန့်မီးလောင်ဆုံးရှူံး NOM၊ဇွန်၁၊၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်တွင် ယနေ့(ဇွန်၁ရက်)နံနက်၁၂နာရီ၅၂မိနစ်ခန့်ကမီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ် ၁၅လုံးခန့်မီးလောင်ဆုံးရှူံးခဲ့ပြီး သေဆုံးသူနှင့်ထိိခိုက်ဒဏ်ရာရရှိသူမရှိကြောင်းအဖြူရောင်က်များပရဟိတအသင်း မှတာဝန်ရှိသူတစ်ဦးကပြောသည်။ မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် မြင်းခြံခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်များ မီးသတ်ရေသယ်ယာဉ်များ မြင်းခြံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်များ၊စက်မှုဇုန်အရန်မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်နှင့် ပရဟိတအသင်းမှ ရေသယ်ယာဉ်များ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ငြှိမ်းသတ်ခဲ့ရာ နံနက်၂နာရီ ၂၀ မိနစ်တွင် မီးငြိမ်း သွားကြောင်းသိရသည်။ မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ လက်ရှိ မမြင်းခြံမြို့နယ်မီးသတ်တပ် မှစစ်ဆေးမှုများပြုလုပ်နေကြောင်းသိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ အိန္ဒိယနိုင်ငံ၊ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂ
+3
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ အိန္ဒိယနိုင်ငံ၊ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်က လာရောက်ဂါရဝပြုတွေ့ဆုံ ဇွန် ၁၊ ၂၀၂၆ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ အိန္ဒိယနိုင်ငံ၊ အမျိုး သားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် H.E. Mr. Ajit Doval က မေလ ၃၁ ရက်နေ့ ညနေပိုင်းတွင် လာရောက်ဂါရဝပြုတွေ့ဆုံသည်။ တွေ့ဆုံရာတွင် ✅ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ ✅ နယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ ✅ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင်ဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

အုတ်ဖိုမြို့နယ်တွင် (၆)ဘီးကားတိမ်းမှောက်တစ်ဦး‌ သေဆုံး နှစ်ဦးဒဏ်ရာပြင်းထန် NOM၊ဇွန်၁၊၂၀၂၆ ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်ရှိထော
အုတ်ဖိုမြို့နယ်တွင် (၆)ဘီးကားတိမ်းမှောက်တစ်ဦး‌ သေဆုံး နှစ်ဦးဒဏ်ရာပြင်းထန် NOM၊ဇွန်၁၊၂၀၂၆ ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်ရှိထောက်ကြန့်ကွင်းကျေးရွာရန်ကုန်-ပြည်သွားကားလမ်းတွင် ယမန်နေ့ (မေ ၃၁ )ရက်မွန်လွဲ၁နာရီခွဲ၌(၆) ဘီးကားတစ်စီးတိမ်းမှောက်မှုဖြစ် ပွါးခဲ့ရာယာဉ်ပေါ်ပါ တစ်ဦး‌သေဆုံးနှစ်ဦးဒဏ်ရာပြင်းထန်သည့်ဟု ဓမ္မဝိဇယ သာရေးနာရေးကူညီမှုအသင်း (အုတ်ဖိုမြို့)မှတာဝန်ရှိသူတစ်ဦးက ပြောသည်။ ဖြစ်စဉ်မှာလက်ပံတန်ဘက်မှ အုတ်ဖိုဘက်သို့မောင်းနှင်လာသော(၆)ဘီးကားသည် အုတ်ဖိုမြို့နယ်၊ ထောက်ကြန့်ကွင်းကျေးရွာ ရန်ကုန်- ပြည်သွားကားလမ်းမကြီး၏ မိုင်တိုင် အမှတ် ၁၀၈/၁ အရောက်တွင် မိုးရွာပြီးစလစ်ဖြစ်ရာမှ တိမ်းမှောက် သွားခြင်းဖြစ်သည်။ ယာဉ်တိမ်းမှောက်မှုကြောင့် ‌သေဆုံးသူ၏ရုပ်အလောင်းနှင့် ထိခိုက်ဒဏ်ရာရသူနှစ်ဦးတို့ကို သဒ္ဓါဖြူ လူမှုကူညီရေအသင်း(အေးမြသာယာ)နှင့် ဓမ္မဝိဇယ သာရေးနာရေးကူညီမှုအသင်း(အုတ်ဖိုမြို့)တို့၏ ယာဉ်များဖြင့်အေးမြသာယာဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင် ၄ ထပ် လူနေအဆောက်အအုံ ၃ လုံးအား စ
+4
ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင် ၄ ထပ် လူနေအဆောက်အအုံ ၃ လုံးအား စနစ်တကျ ထပ်မံဖြိုချဖျက်ဆီး၊ တရားမဝင်အဆောက်အအုံ ၂၁ လုံး ဖြိုချဖျက်ဆီးပြီးဖြစ်   မေ ၃၁၊ ၂၀၂၆   နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို အခြေချလုပ်ကိုင်ခဲ့ကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ တရားမဝင် အဆောက်အအုံများအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများ လုပ်ကိုင်ခြင်းမရှိစေရေး ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် ဝင်ရောက်ရှင်းလင်း၍ လုပ်ငန်းလုပ်ဆောင်ရာတွင် အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများအား စနစ်တကျဖျက်ဆီးခြင်းနှင့် တရားမဝင် အဆောက်အအုံများအား အသုံးပြု၍ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ထပ်မံကျူးလွန်ခြင်း မပြုနိုင်စေရေးတို့အတွက် အပြီးတိုင်ဖြိုချဖျက်ဆီးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ တရားမဝင် ၄ ထပ် လူနေအဆောက်အအုံ ၃ လုံးအား ထပ်မံ၍ စနစ်တကျ ဖြိုချဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။   ရွှေကုက္ကိုလ်နယ်မြေအတွင်း၌ အွန်လိုင်းလိမ်လည် လောင်းကစားလုပ်ငန်းများ ကျူးလွန်ရာတွင် အသုံးပြုသည့် အဆောက်အအုံ ၇၇ လုံးအနက် ယာဉ်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၅၇ လုံးနှင့် ဖောက်ခွဲ၍ ဖျက်ဆီးမည့် အဆောက်အအုံ ၂၀ လုံးဖြင့် အဆောက်အအုံ အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်၍ စနစ်တကျ ဖြိုချဖျက်ဆီးခြင်းဖြစ်ကြောင်း သိရှိရသည်။   ယနေ့တွင် ယာဉ်ယန္တရားဖြင့် ဖြိုချဖျက်ဆီးရန် သတ်မှတ်ထားသည့် အဆောက်အအုံ ၅၇ လုံးအနက် ၄ ထပ် လူနေအဆောက်အအုံ ၃ လုံးကို ယာဉ်၊ ယန္တရားများအသုံးပြု၍ စနစ်တကျ ထပ်မံဖြိုချဖျက်ဆီးခဲ့ရာ ယနေ့အထိ စုစုပေါင်း အဆောက်အအုံ ၂၁ လုံးအား ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်းနှင့် ဖျက်ဆီးရန်ကျန်ရှိသည့် တရားမဝင် အဆောက်အအုံ ၅၆ လုံးကိုလည်း ဆက်လက်၍ စနစ်တကျ ဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရှိရသည်။   နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတကာနှင့် တစ်ကမ္ဘာလုံးကို အန္တရာယ်ပေးနေသည့် အွန်လိုင်းလိမ်လည် လောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံ အစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ တက်ကြွစွာဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

+9
TNLA အကြမ်းဖက်အဖွဲ့၏ ယမ်းများနှင့် အက်ဆစ်များသိုလှောင်ထားသည့် ဂိုဒေါင်ပေါက်ကွဲမှုကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှုများပြား မေလ ၃၁ ရက် နေ့လယ်အချိန်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာရှိ TNLA အကြမ်းဖက်အဖွဲ့​၏ တရားမဝင် မြေဆီများ၊ သတ္တုများ တူးဖော်ရန် ယမ်းများနှင့် အက်ဆစ်များသိုလှောင်ထားသည့် ဂိုဒေါင်ပေါက်ကွဲမှုကြောင့် ကောင်းတပ်ကျေးရွာနေ ဒေသခံအရပ်သားပြည်သူ ၆၀ ကျော်သေဆုံးခဲ့ပြီး ၂၀၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ပြည်သူပိုင်နေအိမ် အများအပြားလည်း ပျက်စီးဆုံးရှုံးခဲ့

မန္တလေး-မြစ်ကြီးနား လမ်းကြောင်းတစ်လျှောက်ရှိ မြို့၊ ရွာများ၌ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အထောက်အကူပြု ကုန်ပစ္
+9
မန္တလေး-မြစ်ကြီးနား လမ်းကြောင်းတစ်လျှောက်ရှိ မြို့၊ ရွာများ၌ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အထောက်အကူပြု ကုန်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်များ ဒုတိယအကြိမ် မြစ်ကြီးနားမြို့သို့ရောက်ရှိ မေ ၃၁၊ ၂၀၂၆

မန္တလေး-မြစ်ကြီးနား လမ်းကြောင်းတစ်လျှောက်ရှိ မြို့၊ ရွာများ၌ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အထောက်အကူပြု ကုန်ပစ္
+9
မန္တလေး-မြစ်ကြီးနား လမ်းကြောင်းတစ်လျှောက်ရှိ မြို့၊ ရွာများ၌ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အထောက်အကူပြု ကုန်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်များ ဒုတိယအကြိမ် မြစ်ကြီးနားမြို့သို့ရောက်ရှိ မေ ၃၁၊ ၂၀၂၆

ဟစ်ဇ်ဘိုလာအဖွဲ့သည် ၎င်းတို့၏ FPV ဒရုန်းတစ်စင်းမှ အစ္စရေး ကယ်ဆယ်ရေးယာဉ်၏ မောင်းနှင်သူခန်းထဲသို့ တည့်တည့်ဝင်ရောက် တိုက်ခိုက်ခဲ့သည့် ဗီဒီယိုဖိုင်ကို လူမှုကွန်ရက်ပေါ်သို့ တင်လိုက်ပြီဖြစ်သည်။ NOM

ရွှေဘိုမြို့နယ်၊ တောင်တင်းကျေးရွာသို့ PDF အကြမ်းဖက်အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရ မေ ၃၁၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ မေလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီ ၅၀ မိနစ်အချိန်၌ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာဖြင့် အမျိုးသမီးတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များကသွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ မေလ ၂၇ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်၌ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ တောင်တင်းကျေးရွာသို့ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်းသို့ လက်နက်ကြီး ဗုံးသီးများကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေ မမိုးဟေမာန်ကျော် (၁၄) နှစ်တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ NOM

ယူကေနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသော အမေရိကန် ဝေဟင်ဆီဖြည့်လေယာဉ် KC-135 (အမှတ်အသား 63-8028) တွင် ပြင်းထန်သော ဗုံးဆန်/ကျည်ဆန်စ
+2
ယူကေနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသော အမေရိကန် ဝေဟင်ဆီဖြည့်လေယာဉ် KC-135 (အမှတ်အသား 63-8028) တွင် ပြင်းထန်သော ဗုံးဆန်/ကျည်ဆန်စ ထိမှန်ထားသည့် ပျက်စီးဒဏ်ရာများကို တွေ့ရှိရပြီး လက်ရှိတွင် တာဝန်ထမ်းဆောင်နိုင်ခြင်း မရှိတော့ဘဲ လေယာဉ်ရပ်နားထားရဖွယ် ရှိနေသည်။ စိတ်ဝင်စားစရာကောင်းသည်မှာ ဤဝေဟင်ဆီဖြည့်လေယာဉ်သည် စစ်ပွဲကာလအတွင်း ဆော်ဒီအာရေဗျတွင် အခြေစိုက်ခဲ့ခြင်းမဟုတ်ဘဲ အစ္စရေးနိုင်ငံ၊ တယ်လ်အဗစ် (Tel Aviv) တွင် အခြေစိုက်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ဤလေယာဉ်သည် ဘင်ဂူရီယွန်လေဆိပ် (Ben Gurion Airport) မြေပြင်ပေါ်တွင် ရှိနေစဉ်အတွင်း အစုလိုက်ကွဲထွက်တတ်သော ပဒေသာဗုံး (Cluster warhead) သို့မဟုတ် ဝေဟင်တွင် ပေါက်ကွဲတတ်သော ဗုံးသီး (Airburst warhead) ထိမှန်ခဲ့ခြင်း ဖြစ်နိုင်ခြေ အလွန်များပြားသည်။ အခြားဖြစ်နိုင်ခြေတစ်ခုမှာ ဤလေယာဉ်သည် အီရန်၏ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည် (Surface-to-air missile) ထိမှန်ခဲ့သော်လည်း အရေးပေါ် ဆင်းသက်နိုင်ခဲ့ခြင်း ဖြစ်သည်။ NOM

ညောင်ဦးမြို့နယ်၊ နွားကြိုးအိုင်ကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူးကို PDF အကြမ်းဖက်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွား မေ ၃၁၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ နွားကြိုးအိုင်ကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ညို (၅၄) နှစ်သည် မေလ ၃၀ ရက်နေ့ နံနက် ၁၁ နာရီအချိန်၌ ပုဂံမြို့မှ နွားကြိုးအိုင်ကျေးရွာသို့ ခြေလျင်ပြန်လာစဉ် ကျေးရွာအဝင်လမ်းဆုံအနီး အရောက် PDF အကြမ်းဖက်သမားခြောက်ဦးက ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာပြီး အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။ NOM

တာချီလိတ်မြို့တွင် ကျပ်သိန်း ၄၀၀ ခန့်တန်ဖိုးရှိစိတ်ကြွဆေးပြား ၁ သိန်း ဖမ်းမိ NOM၊မေ၃၁၊၂၀၂၆ တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းပူး
တာချီလိတ်မြို့တွင် ကျပ်သိန်း ၄၀၀ ခန့်တန်ဖိုးရှိစိတ်ကြွဆေးပြား ၁ သိန်း ဖမ်းမိ NOM၊မေ၃၁၊၂၀၂၆ တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင်မေလ ၃၀ ရက်နေ့ မနက် ၁၀ နာရီခန့်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့် အတူ ယာဉ်များကို စစ်ဆေးခဲ့ရာကျပ်သိန်း ၄၀၀ ခန့်တန်ဖိုးရှိစိတ်ကြွဆေးပြား ၁ သိန်း ဖမ်းမိ ခဲ့ကြောင်းသိရသည်။ မိုင်းဆတ်ဘက်မှ တာချီလိတ်ဘက်သို့ မောင်းနှင်လာသော ဆိုင်ကယ်တစ်စီးကို ရပ်တန့်စစ်ဆေးဖို့ တားမြစ်ခဲ့ရာ အဆိုပါ ဆိုင်ကယ်မောင်းနှင်လာသူသည် ရပ်မပေးဘဲ အရှိန်ဖြင့် မောင်းနှင်ထွက်ပြေးသွားခဲ့ပြီး ဆိုင်ကယ်ရှေ့မှ တင်ဆောင်ထားသော ကျောပိုးအိတ်တစ်လုံး ကျကျန်ခဲ့သဖြင့် ပူးပေါင်းအဖွဲ့က စစ်ဆေးကြည့်ရာ WY စာတန်းပါ စိတ်ကြွဆေးအပြား တစ်သိန်းကို တွေ့ရှိသိမ်းဆည်းရမိခဲ့ ကြောင်းသိရသည်။ ထွက်ပြေးသူအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် တာဝန်ရှိသူများနှင့် ပူးပေါင်းအဖွဲ့များက တာချီလိတ် မြို့ရဲစခန်းတွင် အမှုဖွင့် စုံစမ်းထောက်လှမ်း လျက်ရှိကြောင်း CCDAC Myanmar မှ သတင်းထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သားပြည်သ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ မေ ၃၁၊ ၂၀၂၆ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်ပြည်သူ့ဆေးရုံသို့ မေလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီ ၃၅ မိနစ်အချိန်၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၁၀ နာရီအချိန်၌ နောင်ချိုမြို့နယ်၊ နမ့်ဆောင်ဟူးကျေးရွာနေ ကိုဇင်မျိုးထွန်း (၂၈) နှစ်သည် ကျေးရွာ၏အရှေ့ဘက် ၂ ဖာလုံခန့်အကွာရှိ တောအတွင်းတွင် အလုပ်လုပ်ကိုင်နေစဉ် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင်ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ NOM

မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင် ဖြေဆိုပူဇော်ပွဲတွင်ပထမဆုရရှိခဲ့သည့်မအိမ့်ချစ်သူကို ဂုဏ်ပြု ကြိုဆိုပွဲပြုလုပ်မည် NO
မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင် ဖြေဆိုပူဇော်ပွဲတွင်ပထမဆုရရှိခဲ့သည့်မအိမ့်ချစ်သူကို ဂုဏ်ပြု ကြိုဆိုပွဲပြုလုပ်မည် NOM၊မေ၃၁၊၂၀၂၆ မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင် ဖြေဆိုပူဇော်ပွဲ (အလယ်တန်းအဆင့်) ၌ ရှမ်းပြည်နယ် ကိုယ်စားပြုအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ပြီး ပထမဆု ရရှိခဲ့သည့် မအိမ့်ချစ်သူ ကိုဇွန်လ ၆ ရက်တွင် တောင်ကြီမြို့၌စည်ကားသိုက်မြိုက်စွာဂုဏ်ပြုကြိုဆိုရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။ "လက်ရှိကြိုဆိုပွဲ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။ အစီအစဉ် အသေးစိတ်ကိုတော့ ဆွေးနွေးနေကြဆဲ ဖြစ်ပါတယ်။” ဟု ရှမ်းတောင် မြို့နယ်ပေါင်းစုံ ဓမ္မစကူးလ်ကော်မတီမှတာဝန် ရှိသူတစ်ဦးကပြောသည်။ မေလ(၂၈)ရက်၊ ညနေပိုင်းက အမျိုးသားပြဇာတ်ရုံတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ (၂၀၂၆)သုတစုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲကြီးကို ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ သုတစုံလင် ဗုဒ္ဓဝင်ပွဲကြီးတွင်ပထမဆုကို ရှမ်းပြည်နယ်ကိုယ်စာပြု မအိမ့်ချစ်သူ မှရရှိခဲ့ကြောင်းသိရသည်။

မြောက်ဒဂုံ၌ခိုက်ရန်ဖြစ်ပွါးစဉ်သေနတ်ပစ်ခတ်သူကိုဖမ်းဆီး NOM၊မေ၃၁၊၂၀၂၆ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊၄၁တိုးချဲ့ရပ်ကွက်၊ဦးဝိစာရလမ်းရှိACEစားသောက်ဆိုင်တွင်မေလ၃၀ရက်ည၈း၃၀နာရီအချိန်ကခိုက်ရန်ဖြစ်ပွါးစဉ်သေနတ်ပစ်ဖောက်သူကိုဖမ်းဆီးရမိကြောင်းသိရသည်။ စားသောက်ဆိုင်တွင်ရှေ့နေဦးမျိုးကိုကိုဇော်၊ဇနီးနှင့်မိတ်ဆွေတစ်ဦးစားသောက်နေစဉ်မြောက်ဥက္ကလာမြို့နယ်နေသက်ဇော်(ခေါ်)သက်ဇော်ထွန်းနှင့်အမည်မသိအမျိုးသား၁၅ဦးလာရောက်ပြီးရန်စထိုးကြိတ်ကါဦးမျိုးကိုကိုဇော်နှင့်မိတ်ဆွေဦးယျောမြင့်မြတ်ကိုဓားဖြင့်ထိုးပြီးဦးမျိုးကိုကိုဇော်၏ဇနီးဖြစ်သူကိုကါးပေါ်ဆွဲတင်ခေါ်ဆောင်သဖြင့်ဦးမျိုးကိုကိုဇော်မှသေနတ်တစ်ချက်ပစ်ဖောက်ခဲ့သည်။သက်ဇော်နှင့်အဖွဲ့သည်ခေါ် ဆောင် သွားသောအမျိုးသမီးထံမှဖုန်းကိုလုယူပြီးအမျိုးသမီးကိုကြည့်မြင်တိုင်တွင်ကါးပေါ်မှချထားခဲ့သည်။ ဓားထိုးခံရသူဦးမျိုးကိုကိုဇော်နှင့်ဦးဇေယျာမြင့်မြတ်တို့မြောက်ဥက္ကလာပဆေးရုံသို့သွားရောက်ပြသရာဦးဇေဇယျာမြင့်မြတ်ကိုစိုးရိမ်ရသဖြင့်အတွင်းလူနာအဖြစ်ကုသပြီးဦးမျိုးကိုကိုဇော်ကိုပြင်ပလူနာအဖြစ်ကုသပေးခဲ့သည်။ ရံတပ်ဖွဲ့မှသေနတ်ပစ်ဖောက်သူဦးမျိုးကိုကိုဇော်၏အိမ်သို့သွားရောက်ရှာဖွေရာရန်ဖြစ်စဉ်မိုးပေါ်ထောင်ပစ်ခတ်ခဲ့ သောပစ္စတိုနှင့်ကျည် လေးတောင့်ကိုကါးအတွင်းမှသိမ်းဆည်းရမိပြီးလက်နက်ပုဒ်မ(၂၄)ဖြင့်ဖမ်းဆီးအရေးယူလိုက်သည်။ ဦးမျိုးကိုကိုဇော်၏ဇနီးဒေါ်ဖြိုးပပစိုးကလည်းသူတို့လင်မယားနှင့်မိတ်ဆွေကိုအကြောင်းမဲ့ထိုးကြိတ်ကါဓားဖြင့်ထိုးသည့်အပြင်သူမကိုခြိမ်းခြောက်ခေါ်ဆောင်ပြီးတယ်လီဖုန်းလုယူသွားသူသက်ဇော်နှင့်အဖွဲ့ကိုအမှုဖွင့်တိုင်တန်းထားကြောင်းသိရသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် NETRA (NTPC Energy Technology Research Alliance)ကို ကြည့်ရှုလေ့လာ အိန္ဒိယနိုင်ငံတွင်ရောက်
+6
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် NETRA (NTPC Energy Technology Research Alliance)ကို ကြည့်ရှုလေ့လာ အိန္ဒိယနိုင်ငံတွင်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ မေ ၃၁ ရက်တွင် နယူးဒေလီမြို့ရှိ NETRA (NTPC Energy Technology Research Alliance)၌ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုလေ့လာခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် NETRA (NTPC Energy Technology Research Alliance)ကို ကြည့်ရှုလေ့လာ အိန္ဒိယနိုင်ငံတွင်ရောက်
+6
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် NETRA (NTPC Energy Technology Research Alliance)ကို ကြည့်ရှုလေ့လာ အိန္ဒိယနိုင်ငံတွင်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ မေ ၃၁ ရက်တွင် နယူးဒေလီမြို့ရှိ NETRA (NTPC Energy Technology Research Alliance) ၌ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုလေ့လာခဲ့သည်။

အမေရိကန်နဲ့ တရုတ်နိုင်ငံတို့က ကုလသမဂ္ဂ (UN) သို့ ပေးသွင်းရမယ့် ငွေကြေးတွေကို ဆိုင်းငံ့ထားတာကြောင့် ကုလသမဂ္ဂဟာ ဒေဝါလီခံရမယ့် အ
အမေရိကန်နဲ့ တရုတ်နိုင်ငံတို့က ကုလသမဂ္ဂ (UN) သို့ ပေးသွင်းရမယ့် ငွေကြေးတွေကို ဆိုင်းငံ့ထားတာကြောင့် ကုလသမဂ္ဂဟာ ဒေဝါလီခံရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ဝါရှင်တန် (အမေရိကန်အစိုးရ) က ကုလသမဂ္ဂရဲ့ အစီအစဉ် တော်တော်များများကို လေလွင့်ပြုန်းတီးမှုတွေ ရှိတယ်လို့ အကြောင်းပြပြီး ဒေါ်လာ ဘီလီယံနဲ့ချီတဲ့ ပေးသွင်းရမယ့် ငွေတွေကို မပေးဘဲ ထားတဲ့အပြင် အစီအစဉ် ဒါဇင်ပေါင်းများစွာကနေလည်း နုတ်ထွက်သွားခဲ့ပါတယ်။ လက်ရှိမှာ ကုလသမဂ္ဂအပေါ် အမေရိကန်ရဲ့ ကြွေးမြီဟာ ဒေါ်လာ ၄ ဘီလီယံကျော်အထိ မြင့်တက်နေပြီ ဖြစ်ပါတယ်။ တရုတ်နိုင်ငံကလည်း ၎င်းတို့ ပေးသွင်းရမယ့် ငွေကြေးတွေကို အချိန်ဆွဲထားတာကြောင့် ဒီဘဏ္ဍာရေး အကျပ်အတည်းကို ပိုမိုဆိုးရွားသွားစေပါတယ်။ NOM

အမျိုးသားလုံခြုံရေးအဖွဲ (National Security Bureau - NSB)ကို နိုင်ငံ​တော်သမ္မတကဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး ပြန်လည်ဖွဲစည်းထား NOM၊မေ၃၁၊၂၀၂၆ အမျိုးသားလုံခြုံရေးအဖွဲ (National Security Bureau - NSB)ကို နိုင်ငံ​တော်သမ္မတကဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး ပြန်လည်ဖွဲစည်းထား​ကြောင်း မြန်မာနိုင်ငံပြန်တမ်းတွင် ​ဖော်ပြထားမှုအရသည်။ အဆိုပါ အမျိုးသားလုံခြုံရေးအဖွဲကို နိုင်ငံတော်သမ္မတရုံးက အမိန့်အမှတ် (၄၆/၂၀၂၆)ဖြင့် ၂ဝ၂၆ ခုနှစ်၊ ဧပြီ ၂၁ ရက်က ဖွဲစည်းခဲ့ခြင်းဖြစ်ပြီး ဥက္ကဋ္ဌအပါအဝင် ၁၃ ဦးပါဝင်သည်။ အမျိုးသားလုံခြုံရေးအဖွဲ (National Security Bureau - NSB) တွင် ဥက္ကဋ္ဌအဖြစ် နိုင်ငံ​တော်သမ္မတက တာဝန်ယူပြီး ဒုတိယဥက္ကဋ္ဌ(၁)အဖြစ် ဒုတိယသမ္မတ(၁)ကလည်း​ကောင်း၊ ဒုတိယဥက္ကဋ္ဌ (၂)အဖြစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလည်း​ကောင်း၊အတွင်းရေးမှူးအဖြစ် တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ကလည်း​ကောင်း တာဝန်ယူမည်ဖြစ်ပြီး အဖွဲဝင်များအဖြစ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ပြည်​ထောင်စုဝန်ကြီး နိုင်ငံတော်သမ္မတရုံး၊ ပိုဆောင်ရေးဝန်ကြီးဌာနနှင့် ဒီဂျစ်တယ်ဖွံဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတိုမှ ပြည်​ထောင်စုဝန်ကြီးများ ပါဝင်မည်ဖြစ်သည်။ ယခင် အမျိုးသားလုံခြုံရေးအဖွဲကို ၂၀၂၁ ခုနှစ် ​ဖေ​ဖော်ဝါရီ ၉ ရက်တွင်ဖွဲစည်းခဲ့ပြီး ထိုစဥ်က အဖွဲဥက္ကဋ္ဌအပါအဝင် စုစု​ပေါင်း ၁၀ ဦးဖြင့်ဖွဲစည်းခဲ့ကာ ဥက္ကဋ္ဌတာဝန်ကို တပ်မ​တော်ကာကွယ်​ရေးဦးချုပ်ကလည်း​ကောင်း၊ အတွင်း​ရေးမှူးအဖြစ်ပြည်ထဲ​ရေးဝန်ကြီးဌာန ပြည်​ထောင်စုဝန်ကြီးနှင့် တွဲဖက်အတွင်း​ရေးမှူးအဖြစ် တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ကလည်း​​​ကောင်း တာဝန်ယူ​ဆောင်ရွက်ပြီး ကျန်အဖွဲဝင်ခုနစ်ဦးမှာ ပြည်​ထောင်စုဝန်ကြီးများဖြစ်သည်။ အမျိုးသားလုံခြုံရေးအဖွဲ (National Security Bureau - NSB)ကို ဖွဲစည်းခြင်းမှာ အမျိုးသားလုံခြုံရေးကဏ္ဍအား ဖွဲစည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက်ဖြစ်​ကြောင်း သိရသည်။ ယခု ပြန်လည်ဖွဲစည်းသည့် အမျိုးသားလုံခြုံရေးအဖွဲ (National Security Bureau - NSB) ၏ လုပ်ငန်းတာဝန်များမှာ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒိုတာဝန်အရေး(၃)ပါးကို ဦးထိပ်ထား၍ နိုင်ငံတော်၏ အခြေအနေအရပ်ရပ်အား ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီးဌာနများပေါင်းစပ်၍ အမျိုးသားလုံခြုံရေးတာဝန်များအား ထိရောက်စွာပူးပေါင်းဆောင်ရွက်​ရဖြစ်​ကြောင်း၊  အမျိုးသားလုံခြုံရေးအဖွဲ၏ နေ့စဉ်လုပ်ငန်းတာဝန်များကို ညှိနှိင်းဆောင်ရွက်နိုင်ရန်အတွက် အဖွဲတွင် ပါဝင်သော ပြည်ထောင်စုဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များဖြင့် ရုံးအဖွဲအား ဖွဲစည်းထားရှိရမည်ဖြစ်​ကြောင်း၊ အဆိုပါရုံးအဖွဲအား ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးမှ ကြီးကြပ်ကွပ်ကဲ၍ ညှိနှိင်းပေါင်းစပ် ဆောင်ရွက်ရမည်ဖြစ်​ကြောင်းနှင့် အမျိုးသားလုံခြုံရေးအဖွဲ (NSB) ၏ ဘဏ္ဍာငွေခွဲဝေသုံးစွဲမှုအရပ်ရပ်အား ပြည်ထောင်စုအစိုးရအဖွဲရုံး၏ ဘဏ္ဍာရေးအသုံးစရိတ် (Budget) မှ ကျခံသုံးစွဲရန်ဖြစ်​ကြောင်း သိရသည်။