uk
Feedback
News Of Myanmar

News Of Myanmar

Відкрити в Telegram

📈 Аналітичний огляд Telegram-каналу News Of Myanmar

Канал News Of Myanmar (@newsofmyanmar) у мовному сегменті Бірманська є активним учасником. На даний момент спільнота об'єднує 12 368 підписників, посідаючи 15 949 місце в категорії Новини і ЗМІ та 10 127 місце у регіоні М'янма.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 12 368 підписників.

За останніми даними від 12 липня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -219, а за останні 24 години на -14, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 8.12%. Протягом перших 24 годин після публікації контент зазвичай збирає 5.53% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 1 005 переглядів. Протягом першої доби публікація в середньому набирає 684 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 14.

📝 Опис та контентна політика

Автор описує ресурс як майданчик для висловлення суб'єктивної думки:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Завдяки високій частоті оновлень (останні дані отримано 13 липня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Новини і ЗМІ.

12 368
Підписники
-1424 години
-587 днів
-21930 день
Архів дописів
photo content
+9

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ မြိုင်ကျေးရွာနေအပြစ်မဲ့ အရပ်သားပြည်သူတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က သတင်းပေး/ ဒလန်ဟု
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ မြိုင်ကျေးရွာနေအပြစ်မဲ့ အရပ်သားပြည်သူတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က သတင်းပေး/ ဒလန်ဟု စွပ်စွဲသတ်ဖြတ် NOM နိုဝင်ဘာ ၂၆၊ ၂၀၂၅ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ မြိုင်ကျေးရွာနေ ဦးတင်အောင်စိုး (၄၆) နှစ်သည် နိုဝင်ဘာလ ၂၄ ရက်နေ့ ည ၁၀ နာရီ ၁၅ မိနစ်အချိန်၌ ၎င်း၏ဇနီးဖြစ်သူဒေါ်ပိုးတီ (၂၆) နှစ်နှင့် အတူ နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမား ၁၀ ဦးခန့်ရောက်လာပြီး နေအိမ်အနောက်ဘက်ရှိ ဝက်သတ်ရုံအတွင်းသို့ ဖမ်းဆီးခေါ်ဆောင်ကာ "သတင်းပေး / ဒလန်" ဟု စွပ်စွဲပြောဆို၍ သံတုတ်/ ဓားများဖြင့် ရိုက်နှက်ထိုးခုတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးတင်အောင်စိုးတွင် ဦးခေါင်းကြေမွဒဏ်ရာ၊ လည်ပင်းဝဲဘက်ထိုးသွင်းဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

နွားထိုးကြီးမြို့နယ်၊ အမှတ် (၁) ရပ်ကွက်အတွင်းသို့ PDF အကြမ်းဖက်အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် မြို့နယ်ပ
နွားထိုးကြီးမြို့နယ်၊ အမှတ် (၁) ရပ်ကွက်အတွင်းသို့ PDF အကြမ်းဖက်အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် မြို့နယ်ပြည်သူ့ဆေးရုံရှိ လူနာဆောင်၏ ပြတင်းပေါက်မှန်ဗုံးသီးပေါက်ကွဲစထိမှန်ပျက်စီး NOM နိုဝင်ဘာ ၂၆၊ ၂၀၂၅ မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ အမှတ် (၁) ရပ်ကွက်အတွင်းသို့ နိုဝင်ဘာလ ၂၅ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်၌ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန်ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အဆိုပါရပ်ကွက်ရှိ နွားထိုးကြီးမြို့နယ် ပြည်သူ့ဆေးရုံဝင်းအတွင်းသို့ လက်နက်ကြီးဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ဆေးရုံလူနာဆောင်၏ ပြတင်းပေါက်မှန်တစ်ချပ်ဗုံးသီးပေါက်ကွဲစ ထိမှန်၍ ကွဲအက်ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် ဖြစ်စဉ်အတွင်း လူထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

လွှတ်ငြိမ်းချမ်းသာခွင့် နှင့် ၅၀၅ (က) အမှုဖွင့်ခံ ထားရသူအချို့အား အမှုပိတ်သိမ်းပေးမည် NOM၊နိုဝင်ဘာ၂၆၊၂၀၂၅ ယနေ့ ည (၈) နာရီတွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်နှင့် ရာ ဇသတ်ကြီး ပုဒ်မ ၅၀၅(က) ဖြင့် ကြားနာစစ်ဆေးဆဲ အမှုများကို ပိတ်သိမ်းခြင်းအမိန့်တို့အား ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ အမိန့်များ ထုတ်ပြန်မည့် ကိစ္စနှင့် ပတ်သက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက သတင်းထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ထိုင်းတောင်ပိုင်း ရေကြီးမှုကြောင့် ဆီးဂိမ်းကစားကွင်းများ ရေမြုပ် NOM၊နို၀င်ဘာ၂၆၊၂၀၂၅ ထိုင်းနိုင်ငံတောင်ပိုင်းတွင် ဖြစ်ပေါ်နေသ
+2
ထိုင်းတောင်ပိုင်း ရေကြီးမှုကြောင့် ဆီးဂိမ်းကစားကွင်းများ ရေမြုပ် NOM၊နို၀င်ဘာ၂၆၊၂၀၂၅ ထိုင်းနိုင်ငံတောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ရေကြီးရေလျှံမှုကြောင့် ဆီးဂိမ်း အမျိုးသားဘောလုံးပြိုင်ပွဲအပါအဝင် အားကစားနည်း(၁၀)မျိုးလက်ခံကျင်းပမည့် ကစားကွင်းများရေမြုပ် ပျက်စီးကုန်ကြောင်း ဒေသတွင်းမီဒီယာများ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ဆီးဂိမ်းအမျိုးသားယူ-၂၃ဘောလုံးပြိုင်ပွဲ အုပ်စု(ခ)ပွဲစဉ်များကို လက်ခံကျင်းပမည့် ဆုန်ခလာမြို့၊ တင်ဆူလာနွန်ဘောလုံးကွင်းအပါအဝင် မွေထိုင်း၊ ပန်လက်ဆီလတ်၊ စစ်တုရင်၊ ဂျူဒို၊ ကရာတေး၊ ကာဘာဒီ၊ နပန်း၊ ပီတန်း၊ ဝူရှုး အစရှိသည့်ကစားနည်းများကျင်းပမည့် အဓိက အားကစားရုံများအားလုံးလည်း ရေမြုပ် ပျက်စီးကုန်ကြောင်း သိရသည်။ ပြိုင်ပွဲ ကျင်းပရေးအနေနှင့် ဆုန်ခလာမြို့တွင် ကျင်းပမည့် အားကစားနည်းများကို ဘေးကင်းမည့် မြို့များတွင် ပြောင်းရွှေ့ကျင်းပဖို့ စီစဉ်နေကြောင်းကြားသိသော်လည်းယခုအချိန်အထိ တရားဝင် သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

မြဝတီမြို့၌ လူမှုကွန်ရက်အသုံးပြုကာ လိုင်စင်မဲ့မော်တော်ယာဉ်များ အရောင်းအဝယ်ပြုလုပ်နေသူ တစ်ဦးအား ဖော်ထုတ်ဖမ်းဆီးအရေးယူ နိုဝင်ဘာ
မြဝတီမြို့၌ လူမှုကွန်ရက်အသုံးပြုကာ လိုင်စင်မဲ့မော်တော်ယာဉ်များ အရောင်းအဝယ်ပြုလုပ်နေသူ တစ်ဦးအား ဖော်ထုတ်ဖမ်းဆီးအရေးယူ နိုဝင်ဘာ ၂၆၊ ၂၀၂၅ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကိုနှောင့်ယှက်ဖျက်ဆီးလိုသူများက ၎င်းတို့ ပြစ်မှုကျူးလွန်ရာတွင် သဲလွန်စမကျန်ရှိစေရေး လိုင်စင်မဲ့မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များအား အသုံးပြုကျူးလွန်ဖျောက်ဖျက်ခြင်းများ၊ ဖွံ့ဖြိုးတိုးတက်လာသည့် ခေတ်နှင့်အညီ နိုင်ငံအနှံ့ မော်တော်ယာဉ်/မော်တော်ဆိုင်ကယ်များ တွင်ကျယ်စွာအသုံးပြုလာကြသကဲ့သို့ လိုင်စင်မဲ့ မော်တော် ယာဉ်/မော်တော်ဆိုင်ကယ်များကို တရားမဝင်အရောင်းအဝယ်ပြုလုပ်လာကြသည့်အပြင် လူမှုကွန်ရက် စာမျက်နှာများအသုံးပြု၍လည်း အရောင်းအဝယ်ပြုလုပ်ခြင်းများဆောင်ရွက်လာကြသည်ကို စိစစ်တွေ့ရှိရပါသည်။ ထိုသို့ လိုင်စင်မဲ့မော်တော်ယာဉ်/မော်တော်ဆိုင်ကယ်များ တရားမဝင် ရောင်းဝယ်အသုံးပြုခြင်းများအား တာဝန်ရှိသူများကစိစစ်ဖော်ထုတ်ဖမ်းဆီးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။ ထို့သို့စိစစ်ဖော်ထုတ်ဖမ်းဆီးခြင်းများ ဆောင်ရွက်ခဲ့ရာTikTok လူမှုကွန်ရက်စာမျက်နှာ၌ @naungminsatt အကောင့်ဖြင့် လိုင်စင်မဲ့မော်တော်ယာဉ်များပြသကာ အရောင်းအဝယ်ပြုလုပ် နေသည်ကို တွေ့ရှိရသဖြင့် အဆိုပါအကောင့်ပိုင်ရှင်အား စိစစ်ခဲ့ရာ @naungminsatt အကောင့် ပိုင်ရှင်မှာရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်နေ နောင်မင်းဆက် (၂၆)နှစ်ဖြစ်ကြောင်း သိရှိရပြီး ၎င်းမှာ ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ သစ်တပင်လမ်း၊ အမှတ်(၄/၀၀၃၈)၌ နေထိုင်ကာ ခြံဝင်းအတွင်း၌ လိုင်စင်မဲ့မော်တော်ယာဉ်များ ထားရှိ၍ အရောင်းအဝယ် ပြုလုပ်နေကြောင်း ဖော်ထုတ်သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၂၅ ရက်နေ့ ည ၁၂ နာရီ ၁၀ မိနစ်အချိန်တွင် ဝင်ရောက်ရှာဖွေခဲ့ရာ နောင်မင်းဆက်အား အဆိုပါခြံဝင်းအတွင်းမှ YGN-7 1P-4273 TOYOTA LEXUS၊ KYN-4 9K-6698 BMW၊ KYN-7 5K-6318 TOYOTA LEXUS အမျိုးအစား လိုင်စင်မဲ့မော်တော်ယာဉ် ၃စီး၊ စိစစ်ဆဲ မော်တော်ယာဉ် ၁ စီး၊ ပေါင်း ၄ စီးတို့နှင့်အတူဖမ်းဆီးရမိခဲ့ပါသည်။ လိုင်စင်မဲ့မော်တော်ယာဉ်များအား လူမှုကွန်ရက်အသုံးပြု၍ အရောင်းအဝယ်ပြုလုပ်နေသူ နောင်မင်းဆက်အား မြဝတီမြို့မရဲစခန်း(ပ)အမှတ် ၂၆၈/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ-၈ ဖြင့် ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်းနှင့် အလားတူ အကောက်ခွန်မဲ့ တရားမဝင် လိုင်စင်မဲ့မော်တော် ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များအား စီးနင်းအသုံးပြု၊ အရောင်းအဝယ်ပြုလုပ်ခြင်းများအားဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ News Of Myanmar NOM

မြောက်ဒဂုံဘိုဘိုမင်းဟိုတယ်မှအမျိုးသားတစ်ဦးပြုတ်ကျသေဆုံး NOM၊နိုဝင်ဘာ၂၆၊၂၀၂၅ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊၂၉ရပ်ကွက်၊ပင်လု
မြောက်ဒဂုံဘိုဘိုမင်းဟိုတယ်မှအမျိုးသားတစ်ဦးပြုတ်ကျသေဆုံး NOM၊နိုဝင်ဘာ၂၆၊၂၀၂၅ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊၂၉ရပ်ကွက်၊ပင်လုံလမ်းရှိBo Bo Minဟိုတယ်မှနိုဝင်ဘာလ၂၅ရက်နံနက်၁း၅၀နာရီအချိန်၌အမျိုးသားတစ်ဦးပြုတ်ကျသေဆုံး​ကြောင်းသိရသည်။ ရဲတပ်ဖွဲ့ကသတင်းအရသွားရောက်စစ်ဆေးရာသေဆုံးသူမှာမလွှကုန်း၊ဌေးကြွယ်(က)ရပ်ကွက်နေကိုအောင်ခန့်ဖုန်း(၂၃နှစ်)ဖြစ်ပြီးမှောက်လျက်အနေအထားဖြင့်မေးရိုးကျိုး၊ခြေလက်များကျိုးသေဆုံးနေသည်ကိုတွေ့ရသည်။ ဟိုတယ်မန်နေဂျာအားစစ်ဆေးရာသေဆုံးသူသည်နိုဝင်ဘာလ ၂၄ရက်နေ့ ၁၂း၃၀နာရီတွင်လာရောက်တည်းခိုသဖြင့်ခြောက်လွှာရှိအခန်းအမှတ်၆၀၂တွင်နေရာချထားပေးကြောင်း၊နိုဝင်ဘာလ ၂၅ရက်နံနက်၁း၅၀နာရီတွင်ဝုန်းဆိုသည့်အသံကြားသဖြင့်စစ်ဆေးရာကိုအောင်ခန့်ဖုန်းသည်ပြူတင်းပေါက်မှပြုတ်ကျသေ ဆုံး နေသည်ကိုတွေ့ရကြောင်း ပြောပြသည်။ သေဆုံးသူ၏ရုပ်အလောင်းကိုရဲတပ်ဖွဲ့က မြောက်ဥက္ကလာပဆေးရုံကြီးသို့ပို့ဆောင်ပြီးဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်မဟုတ်စစ်ဆေးနေကြောင်းသိရသည်။

ရွှေပြည်သာမြို့နယ် အမှတ်(၄)လမ်းမကြီး ရွှေပြည်သာကွေ့ မီးပွိုင့်အနီး တွဲကားနှင့်YBSကား တိုက်မှု ဖြစ်ပွား နိုဝင်ဘာ၂၅၊၂၀၂၅ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊အမှတ်(၂၅) ရပ်ကွက်၊ အမှတ်(၄)လမ်းမကြီးဘေးရှိ ရွှေပြည်သာကွေ့ မီးပွိုင့်အနီးတွင်တွဲကားနှင့်YBSကား ယာဉ် တိုက်မှုဖြစ်ပွားခဲ့‌ကြောင်းသိရသည်။ ဖြစ်စဉ်မှာနို၀င်ဘာ၂၆ရက်နံနက် ၁နာရီဝန်းကျင်က တွဲကား ၏ အနောက်ဖက်ကို YBSကားက ဝင်တိုက်မိခဲ့ရာ အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့၍လူမူကူညီရေးအသင်းများက ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင် ရွက်ခဲ့‌ကြောင်း အင်းစိန်ပြည်သူ့ဆေးရုံးကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

တောင်ငူမြို့တွင်ကါးတစ်စီး ဖက်ရှင်ဆိုင်အတွင်းဝင်တိုက် NOM၊နိုဝင်ဘာ၂၆၊၂၀၂၅ တောင်ငူမြို့၊ ဗိုလ်မှူးဖိုးကွန်းလမ်း မြန်မာ့စီးပွားရ
တောင်ငူမြို့တွင်ကါးတစ်စီး ဖက်ရှင်ဆိုင်အတွင်းဝင်တိုက် NOM၊နိုဝင်ဘာ၂၆၊၂၀၂၅ တောင်ငူမြို့၊ ဗိုလ်မှူးဖိုးကွန်းလမ်း မြန်မာ့စီးပွားရေး ဘဏ်နားအနီး၊ယမန်နေ့ နိုဝင်ဘာ၂၅ရက်မွန်းလွဲ ၃း၂၀နာရီခန့်တွင် ကိုယ်ပိုင်ယာဉ်တစ်စီးအရှိန်လွန် ပြီးဖက်ရှင်အရောင်းဆိုင်ထဲသို့ဝင်တိုက်မိရာ ဆိုင်ဝန် ထမ်းအမျိုးသားတစ်ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ Mitsubishi အမျိုးအစားကိုယ်ပိုင်ယာဉ်တစ်စီးသည် တောင်ငူမြို့လယ်မှ မြို့ပြင်ထွက်သည့်လမ်းအတိုင် မောင်းနှင်လာစဉ်အရှိန်လွန်ပြီးလမ်းဘေတွင်ဖွင့်လှစ် ထားသည့် Victory 1 ဖက်ရှင်ဆိုင်ထဲသို့ဝင်တိုက်မိခြင်းဖြစ်ပြီး ဆိုင်ဝန်ထမ်းအမျိုးသားတစ်ဦးဒဏ်ရာရရှိခဲ့ပြီးတစ်ဆိုင် လုံးနီပါးပျက်ဆီးသွား ကြောင်းသိရသည်။ "ဆိုင်ထဲကိုကားတစ်စီးဝင်တိုက်မိတယ်ဆိုတာသတင်း ရလို့သွားကူညီပါျယ်၊ကားမောင်းတဲ့သူကတော့လီဗာနဲ့ဘရိက်ကိုမှားနင်းပြီးအရှိန်လွန်ပြီးဝင်တိုက် မီလိုက်တာတော့ပြောတယ် ဖက်ရှင်ဆိုင်ကတော့အတော် လေးပျက်စီးသွားပါတယ်"ဟု ရွှေမင်းဝင်ပရဟိတအသင်း မှတာဝန်ရှိသူတစ်ဦးကပြောသည်။ ဒဏ်ရာရရှိသည့်ဆိုင်ဝန်ထမ်းမှာခြေနှင့်လက်တို့တွင်ပွန်း ပဲ့ဒဏ်ရာများရရှိခဲ့ပြီး ဆိုင်အတွင်းရောက်နေသည့် ကားကိုအပြန်ရောက်အောင် ဝိုင်ဝန်ကူညီဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။

+1
နိုဝင်ဘာလ၂၆ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။စပိန်နိုင်ငံကာတာဟန်နာမြို့ရှိဆန်တာလူစီယာဆေးရုံတွင်ယနေ့အစောပိုင်းကမီးလောင်မှုကြီးဖြစ်ပွားခဲ့​သော်လည်းအသေအပျောက်မရှိခဲ့ပေ။(ဗီဒီယို) ၂။ရုရှားကအမေရိကန်၏ယူကရိန်းစစ်ပွဲပြီးဆုံးရေးအဆိုပြုချက်ပါအချို့အချက်များသည်အပြုသဘောဆောင်ကြောင်းပြောသည်။ ၃။ယမန်နေ့ညကရုရှားကယူကရိန်းကိုဒရုန်းများဖြင့်တိုက်ခိုက်စဥ်မော်လ်ဒိုဗာနိုင်ငံအတွင်းရုရှားဒရုန်း၆စီးဝင်လာပြီးတစ်စီးသည်အိမ်တစ်လုံးပေါ်ပျက်ကျခဲ့သည်။(ဓါတ်ပုံ) ၄။ထိုင်ဝမ်သည်တရုတ်ကျူးကျော်မှုကိုကာကွယ်ရန်ကာကွယ်ရေးစရိတ်နောက်ထပ်ဘီလီယံ၄၀သုံးမည်ဟုသမ္မတလိုင်ချင်တေးကပြောသည်။ ၅။ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွင်ဥရောပပါဝင်ရန်မလိုဟုရုရှားက​ပြောသည်။

အားကောင်းသောမုန်တိုင်းငယ်ကြောင့် လေကြောင်းနှင့် ရေယာဥ်များသတိပြုကြရန် မိုးဇလသတိပေး NOM၊နိုဝင်ဘာ၂၆၊၂၀၂၅ မြန်မာနိုင်ငံ၊ ကော့သောင်းမြို့၏ တောင်-အနောက် တောင်ဘက် ရေမိုင် (၃၀၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကိုဗဟိုပြုနေသော အားကောင်းသောမုန်တိုင်းငယ်ကြောင့် လေကြောင်းနှင့် ရေယာဥ်များသတိပြုသွားလာကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့နိုဝင်ဘာ ၂၆ ရက်နံနက်၇ နာရီထုတ်ပြန်ချက်အရ သိရသည်။ မလက္ကာရေလက်ကြားအနီးတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression)သည် အနောက် ဘက်သို့ရွေ့လျားခဲ့ပြီး ပိုမိုအားကောင်းလာကာအား ကောင်းသောမုန်တိုင်းငယ်(Deep Depression) အဖြစ်သို့ ရောက်ရှိနေကြောင်းအဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ ကော့သောင်းမြို့၏ တောင်- အနောက်တောင်ဘက် ရေမိုင် ၃၀၀ မိုင်ခန့်၊ မလေးရှားနိုင်ငံ၊ ပီနန်မြို့၏အနောက်- အနောက် တောင်ဘက် ရေမိုင် ၁၃၅ မိုင်ခန့်၊ အင်ဒိုနီးရှားနိုင်ငံ၊ ကူတာမတ်ကွာမြို့၏ အရှေ့ဘက် ရေမိုင် ၆၀ မိုင်ခန့်နှင့် အိန္ဒိယနိုင်ငံ၊ ကားနီကိုးဘားမြို့၏ အရှေတောင်ဘက် ရေမိုင် ၄၀၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေ ကြောင်းထုတ်ပြန်ထားသည်။ အဆိုပါမုန်တိုင်းငယ်သည်ကော့သောင့်မြို့၏ ပင်လယ်ပြင်ကို ဗဟိုပြု နေသော်လည်း မြန်မာ နိုင်ငံဘက်သို့ဦးတည်ရွှေ့လျားလာနိုင်ခြင်းမရှိ၍ အဝါရောင်အဆင့်သတ်မှတ်ထားပြီးယင်းအရှိန်ကြောင့် မြန်မာ့ပင်လယ်ပြင်မုတ္တမကွေ့၊ မွန်၊တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်ဟု ထုတ်ပြန်ထားသည်။ ထို့ကြောင့် ပြည်တွင်းလေ ကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုကြရန် မိုးဇလကအသိပေးထားကြောင်းသိရသည်။

Repost from NOM
ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက ရောမမြို့က ပန်းခြံတခုနားမှာ ရွှေ့ပြောင်းနေထိုင်သူ အမျိုးသား ၃ဦးက စုံတွဲတတွဲရဲ့ ကားကို ဖျက်ဆီးပြ
ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက ရောမမြို့က ပန်းခြံတခုနားမှာ ရွှေ့ပြောင်းနေထိုင်သူ အမျိုးသား ၃ဦးက စုံတွဲတတွဲရဲ့ ကားကို ဖျက်ဆီးပြီး အမျိုးသမီးကို မုဒိမ်းကျင့်ကာ အမျိုးသားဖြစ်သူကို အတင်းအကျပ်ကြည့်ရှုစေခဲ့တဲ့ အမှုဖြစ်ပွားခဲ့ပါတယ်။ အသက် ၂၄ နှစ်အရွယ် အမျိုးသားကို ကားထဲကနေ ဆွဲထုတ်ခဲ့ပြီး သူနဲ့စေ့စပ်ထားတဲ့ ၁၈ နှစ်အရွယ် မိန်းကလေးကို မလှမ်းမကမ်းနေရာဆီ ခေါ်ဆောင်သွားခဲ့ကာ လိင်ပိုင်းဆိုင်ရာ ကျင့်ကြံခဲ့တာပါ။ အမျိုးသားဖြစ်သူကိုလည်း အော်ဟစ်အကူအညီတောင်းဆိုပါက သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တာကြောင့် ဒီအတိုင်းကြည့်နေခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီနောက်မှာ အဆိုပါစုံတွဲက ရဲစခန်းသွားကာ တိုင်ကြားခဲ့ပြီး ရွှေ့ပြောင်းနေထိုင်သူ မော်ရိုကိုအမျိုးသား ၃ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။ နောက်ထပ်ပါဝင်သူတွေရှိနိုင်သေးတယ်လို့ ရဲတပ်ဖွဲ့က ယူဆထားပြီး ဆက်လက်စုံစမ်းနေတယ်လို့လည်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ အီတလီမှာ ရွှေ့ပြောင်းနေထိုင်သူတွေက ဒီလိုမျိုး လုပ်ရပ်တွေ မကြာခဏလုပ်ဆောင်နေပြီး တလကို အနည်းဆုံး တကြိမ်နှုန်းဖြစ်ပွားနေတယ်လို့လည်း သိရပါတယ်။ NOM

Repost from NOM
Grand Canyon နဲ့ Yosemite အမျိုးသားဥယျာဉ်တွေဆီ သွားရောက်လည်ပတ်မယ့် နိုင်ငံခြားသားခရီးသွားတွေဟာ အပိုကြေးပေးဆောင်ရမယ်လို့ ထရမ့်
Grand Canyon နဲ့ Yosemite အမျိုးသားဥယျာဉ်တွေဆီ သွားရောက်လည်ပတ်မယ့် နိုင်ငံခြားသားခရီးသွားတွေဟာ အပိုကြေးပေးဆောင်ရမယ်လို့ ထရမ့်အစိုးရအဖွဲ့က မနေ့က ပြောဆိုလိုက်ပါတယ်။ လူကြိုက်များတဲ့ နေရာ ၁၁ ခုကို ဝင်ရောက်ကြည့်ရှုမယ့် ခရီးသွားတွေဟာ လက်ရှိပေးဆောင်နေရတဲ့ အခကြေးငွေအပြင် နောက်ထပ် ဒေါ်လာ ၁၀၀ ပေးဆောင်ရမယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောဆိုခဲ့ပါတယ်။ လာမယ့်နှစ်ကစပြီး ခရီးသွားတွေဟာ ဥယျာဉ်တွေဆီ ဝင်ခွင့်အဖြစ် ဒေါ်လာ ၂၅၀ ထက် ပိုပြီးပေးဆောင်ရမှာဖြစ်ကာ ကန်နိုင်ငံသားတွေနဲ့ အမြဲတမ်းနေထိုင်သူတွေကတော့ ဒေါ်လာ ၈၀ သာ ပေးဆောင်ရမှာပါ။ ဒီလိုလုပ်ဆောင်တာဟာ ကန်မိသားစုတွေကို ဦးစားပေးဖို့ဖြစ်ပြီး နိုင်ငံသားတွေကို သက်သာစေဖို့လည်းဖြစ်တယ်လို့ ဆိုပါတယ်။ NOM

ဘရာဇီးသမ္မတဟောင်းဂျိုင်ယာဘိုဆွန်နာရိုကိုလက်ရှိအစိုးရကထောင်ဒဏ်၂၇နှစ်ချလိုက်သည်။
ဘရာဇီးသမ္မတဟောင်းဂျိုင်ယာဘိုဆွန်နာရိုကိုလက်ရှိအစိုးရကထောင်ဒဏ်၂၇နှစ်ချလိုက်သည်။

ဇလင်စကီးနှင့်ထရမ့်တွေ့မည် NOM ယူကရိန်းသမ္မတ ဇလင်စကီးသည် ရုရှားနှင့် သဘောတူညီချက်ရရန် အဆင်သင့်ရှိကြောင်း ကြေညာရန် ကျေးဇူးတော်ပ
ဇလင်စကီးနှင့်ထရမ့်တွေ့မည် NOM ယူကရိန်းသမ္မတ ဇလင်စကီးသည် ရုရှားနှင့် သဘောတူညီချက်ရရန် အဆင်သင့်ရှိကြောင်း ကြေညာရန် ကျေးဇူးတော်ပွဲနေ့ (နိုဝင်ဘာ ၂၇) တွင် ထရမ့်နှင့် တွေ့မည်ဟု Axios သတင်းက ယူကရိန်းသမ္မတရုံး အကြီးအကဲယာမက်ကို ကိုးကားဖော်ပြသည်။ ဤသတင်းသည် ဒေါ်နယ်ထရမ့်က ကျေးဇူးတော်ပွဲနေ့ (နိုဝင်ဘာ ၂၇) ကို ယူကရိန်းအနေဖြင့် ၎င်း၏ငြိမ်းချမ်းရေးအစီအစဉ်ကို တုံ့ပြန်ရန် နောက်ဆုံးရက်အဖြစ် သတ်မှတ်ကြေညာခဲ့သည့် အချိန်တွင် ထွက်ပေါ်လာသည်။

ဥရောပသမဂ္ဂကအမေရိကန်ကိုဒူးထောက် NOM ဗြိတိန်ဝန်ကြီးချုပ် စတာမာက “ဥရောပသည် ၎င်း၏ကိုယ်ပိုင်ယူကရိန်း ငြိမ်းချမ်းရေးအစီအစဉ်ကို ရေးဆွဲမည့်အစား အမေရိကန်သမ္မတထရမ့်၏ လက်ရှိငြိမ်းချမ်းရေးအစီအစဉ်နှင့် ပူးပေါင်းဆောင်ရွက်ရန် ဆုံးဖြတ်လိုက်ပြီ” ဟု ဗြိတိန်အောက် လွှတ်တော်တွင်ယနေ့ပြောကြားလိုက်သည်။ ယခင်ကဥရောပသမဂ္ဂသည်အမေရိကန်၏ငြိမ်းချမ်းရေးအဆိုပြုချက်ကိုကန့်ကွက်ပြီးဥရောပသမဂ္ဂအနေဖြင့်သီးခြားငြိမ်းချမ်းရေးအဆိုပြုချက်ရေးမည်ဟုလေကြီးလေကျယ်ပြောခဲ့သည်။ ဥရောပသမဂ္ဂ၏ ယခင်ကအဆိုပြုချက်တွင် ရုရှားကပယ်ချခဲ့သည့် စည်းမျဉ်းများ ပါဝင်ခဲ့သည်။ ရုရှားသမ္မတပူတင်က အမေရိကန်၏အစီ အစဉ်သည် “နောက်ဆုံးငြိမ်းချမ်းရေးအတွက် အခြေခံအဖြစ် အသုံးပြုနိုင်သည်” ဟု မှတ်ချက်ပြုခဲ့သည်။

ဂျပန်တွင်ငလျင်လှုတ် NOM ဂျပန်နိုင်ငံကျူရှူးကျွန်းတွင်ပြင်းအား၅.၅မဂ္ဂနီကျုရှိငလျင်လှုတ်သည်။
ဂျပန်တွင်ငလျင်လှုတ် NOM ဂျပန်နိုင်ငံကျူရှူးကျွန်းတွင်ပြင်းအား၅.၅မဂ္ဂနီကျုရှိငလျင်လှုတ်သည်။

ဗင်နီဇွဲလားလေတပ်စစ်ရေးလေ့ကျင့် NOM အမေရိကန်ကဝင်ရောက်ကျူးကျော်မည့်အခြေအနေရှိနေသောဗင်နီဇွဲလားသည်ယနေ့F-16တိုက်လေယာဥ်များSU-30လေယာဥ်များဖြင့်လေတပ်စစ်ရေးလေ့ကျင့်ခဲ့သည်။

ကညနမှထုတ်ပေးသည့်ယာဥ်နံပါတ်ပြားမတပ်သူများကိုအရေးယူမည်
ကညနမှထုတ်ပေးသည့်ယာဥ်နံပါတ်ပြားမတပ်သူများကိုအရေးယူမည်

စက်သုံးဆီတင်သွင်းနေသည့်ကုမ္ပဏီများကိုစစ်ဆေးနေ NOM၊နိုဝင်ဘာ၂၅၊၂၀၂၅ စက်သုံးဆီပြည်ပမှတင်သွင်းနေသည့်ကုမ္ပဏီ၄၀ကိုသက်ဆိုင်ရာမှစစ်ဆေးလျက်ရှိပြီးအလွဲသုံးစားမှုကြောင့်နိုင်ငံတော်မှနစ်နာဆုံးရှုံးငွေကျပ်ဘီလီယံ၅၀၀ကျော်ကိုပြန်သွင်းရန်ညွှန်ကြားထားကြောင်းသိရသည်။ထိုငွေမှာဆယ်လစာသာရှိသေးပြီးတပ်မတော်မှနိုင်ငံတော်အာဏာထိန်းချိန်မှစတင်တွက်ချက်ပါကယခုထက်အဆများစွာပိုလာနိုင်ကြောင်းဆီလုပ်ငန်းရှင်များကပြောနေကြသည်။စွမ်းအင်ဒုတိယဝန်ကြီးနှင့်ညွှန်ကြားရေးမှူးချုပ်ကိုလည်းသက်ဆိုင်ရာကစစ်ဆေးနေပြီးယနေ့တွင်ဒုတိယဝန်ကြီးကိုတာဝန်မှရပ်စဲသည့်အမိန့်ထွက်လာကြောင်းသိရသည်။