uk
Feedback
News Of Myanmar

News Of Myanmar

Відкрити в Telegram

📈 Аналітичний огляд Telegram-каналу News Of Myanmar

Канал News Of Myanmar (@newsofmyanmar) у мовному сегменті Бірманська є активним учасником. На даний момент спільнота об'єднує 12 497 підписників, посідаючи 16 044 місце в категорії Новини і ЗМІ та 10 054 місце у регіоні М'янма.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 12 497 підписників.

За останніми даними від 23 червня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -266, а за останні 24 години на -1, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 10.24%. Протягом перших 24 годин після публікації контент зазвичай збирає 5.31% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 1 279 переглядів. Протягом першої доби публікація в середньому набирає 664 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 15.

📝 Опис та контентна політика

Автор описує ресурс як майданчик для висловлення суб'єктивної думки:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Завдяки високій частоті оновлень (останні дані отримано 24 червня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Новини і ЗМІ.

12 497
Підписники
-124 години
-597 днів
-26630 день
Архів дописів
အီရန်နိုင်ငံခြားရေးဝန်ကြီး အာရတ်ချီ Araghchi ပြောကြားချက်- အမေရိကန်တွေအနေနဲ့ အသေအပျောက် အလွန်များပြားတဲ့ ကမြေပြင် စစ်ပွဲ ရှုံးနိမ့်မှုကို ကြုံတွေ့ရလိမ့်မယ် အစီအစဉ်တင်ဆက်သူ - အီရန်ကျွန်းတွေကို တိုက်ခိုက်ဖို့ ခြိမ်းခြောက်တာ ဒါမှမဟုတ် မြေပြင်ကနေ တိုက်ခိုက်လာနိုင်ခြေအပေါ် ဝန်ကြီးရဲ့ အမြင်က ဘာဖြစ်မလဲ။ အာရတ်ချီ - ကျွန်တော် အရင်ကလည်း ပြောဖူးသလိုပဲ။ ကျွန်တော်တို့က စောင့်နေတာပါ။ သူတို့ဘက်က အသေအပျောက် အလွန်များပါလိမ့်မယ်။ ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကိုယ် ပြင်းပြင်းထန်ထန် ခုခံကာကွယ်ခဲ့ပြီး သူတို့ရဲ့ စက်ပစ္စည်းနဲ့ အဆောက်အအုံတွေကို အထိနာအောင် လုပ်နိုင်ခဲ့ပါတယ်။ AWACS (ကြိုတင်သတိပေးလေယာဉ်) တွေနဲ့ ဆီတင်သင်္ဘောတွေ ဘာဖြစ်သွားလဲဆိုတာ ခင်ဗျားတို့ မြင်ခဲ့ပြီးသားပါ။ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုကာကွယ်ရမလဲဆိုတာ ကောင်းကောင်းသိသလို မြေပြင်စစ်ပွဲမှာလည်း အတွေ့အကြုံ ပိုများပြီး လက်နက်ခဲယမ်း ပိုစုံလင်ပါတယ်။ မြေပြင်ကနေ ခြိမ်းခြောက်လာသမျှကို ရင်ဆိုင်ဖို့ အပြည့်အဝ အဆင်သင့်ရှိနေသလို အတွေ့အကြုံလည်း လုံလုံလောက်လောက် ရှိပါတယ်။ ကျွန်တော်တို့ အမြင်အရတော့ အီရန်မှာ စစ်ပွဲပြီးဆုံးဖို့ဆိုတာ ဒေသတစ်ခုလုံးနဲ့ သက်ဆိုင်ရပါမယ်။ ဆိုလိုတာက စစ်ပွဲပြီးဆုံးခြင်းအကြောင်း ပြောတဲ့အခါ အီရန်၊ လက်ဘနွန်၊ အီရတ်နဲ့ ယီမင်နိုင်ငံတွေမှာပါ စစ်ပွဲတွေ အားလုံးပြီးဆုံးသွားတာကို ဆိုလိုတာပါ။ ကျွန်တော်တို့ဟာ ဒေသတစ်ခုလုံး ငြိမ်းချမ်းဖို့ကို လိုလားပါတယ်။ လောလောဆယ်မှာတော့ ဆွေးနွေးညှိနှိုင်းဖို့ အစီအစဉ် မရှိသေးပါဘူး။ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့နေရာမှာ ဘယ်လိုအချိန်အကန့်အသတ် (Deadline) မှ သတ်မှတ်ထားတာ မရှိပါဘူး။ ကိုယ့်နိုင်ငံနဲ့ ကိုယ့်လူမျိုးကို လိုအပ်တဲ့ နည်းလမ်းမှန်သမျှနဲ့ လိုအပ်သရွေ့ ကာကွယ်သွားမှာပါ။ ရန်သူတွေက သူတို့ဘာသာ ဘယ်လိုအချိန်အကန့်အသတ်တွေ သတ်မှတ်ထားလဲဆိုတာ ကျွန်တော်တို့အတွက် အရေးမကြီးပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ပေးချင်တဲ့ အကြံပြုချက်ကတော့ ဒီထက်ပိုပြီး အထိအခိုက် မများခင် မှာ ဒီစစ်ပွဲကို အပြီးတိုင် ရပ်တန့်လိုက်ဖို့ပဲ ဖြစ်ပါတယ်။ NOM

ဆော်ဒီရှိအမေရိကန်သံရုံးကဆော်ဒီတွင်နေထိုင်သောအမေရိကန်လူမျိုးများပုန်းခိုမည့်နေရာရှာထားရန်သတိပေးချက်ထုတ်ပြန်လိုက်သည်။အမေရိကန်နှင့်ပတ်သက်သောကုမ္ပဏီများ၊အမေရိကန်နိုင်ငံသားများကိုဧပြီလ၁ရက်ည၈နာရီတွင်စတင်တိုက်ခိုက်မည်ဟုအီရန်ကသတိပေးထားသည်။

အမေရိကန်ဂျာနယ်လစ်ပြန်ပေးဆွဲခံရ NOM အမေရိကန် ဂျာနယ်လစ် ရှယ်လေကစ်လက်ဆင်ကို အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တွင် အမည်မသိ လက်နက်ကိုင်စစ
အမေရိကန်ဂျာနယ်လစ်ပြန်ပေးဆွဲခံရ NOM အမေရိကန် ဂျာနယ်လစ် ရှယ်လေကစ်လက်ဆင်ကို အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တွင် အမည်မသိ လက်နက်ကိုင်စစ်သွေးကြွများက ပြန်ပေးဆွဲသွားသည်။

အီရန်ကအမေရိကန်နှင့်ပတ်သက်သည့်ကုမ္ပဏီဝန်ထမ်းများရှောင်တိမ်းရန်သတိပေး NOM အီရန်သည် အရှေ့အလယ်ပိုင်းရှိ အမေရိကန်နှင့် ဆက်စပ်နေသော
အီရန်ကအမေရိကန်နှင့်ပတ်သက်သည့်ကုမ္ပဏီဝန်ထမ်းများရှောင်တိမ်းရန်သတိပေး NOM အီရန်သည် အရှေ့အလယ်ပိုင်းရှိ အမေရိကန်နှင့် ဆက်စပ်နေသော ကုမ္ပဏီများမှ ဝန်ထမ်းများအား ၎င်းတို့၏ ဘေးကင်းလုံခြုံမှုကို သေချာစေရန်အတွက် ဒေသတွင်းမှ ထွက်ခွာရန် သတိပေးချက် ထုတ်ပြန်ခဲ့ပြီး စတင်တိုက်ခိုက်မည့်အချိန်ကိုဧပြီလ ၁ ရက်၊ ဗုဒ္ဓဟူးနေ့၊ ဒေသစံတော်ချိန် ည ၈:၀၀ နာရီဟုသတ်မှတ်ထားသည်။ အီရန်ကရန်လိုသော သို့မဟုတ် “အကြမ်းဖက်မှုနှင့် ဆက်စပ်သော” လုပ်ဆောင်ချက်များကို ပံ့ပိုးပေးသည်ဟု စွပ်စွဲသော ကုမ္ပဏီများသည်တုံ့ပြန်လက်စားချေသည့် လုပ်ဆောင်ချက်များနှင့် ရင်ဆိုင်ရနိုင်ကြောင်းလည်း သတိပေးခဲ့သည်။ အမည်ပေးထားသော အဖွဲ့အစည်းများတွင် Meta၊ Apple၊ Microsoft၊ Google၊ Intel၊ Boeing၊ Oracle၊ IBM၊ Nvidia၊ Tesla နှင့် အခြားကုမ္ပဏီကြီးများ ပါဝင်သည်။

အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် ကမ္ဘာတစ်ဝန်း လေယာဉ်ဆီစျေးနှုန်းများ အဆမတန် မြင့်တက်လာပြီး လေကြောင်းလိုင်းများ ခရီးစဉ်ဖျ
အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် ကမ္ဘာတစ်ဝန်း လေယာဉ်ဆီစျေးနှုန်းများ အဆမတန် မြင့်တက်လာပြီး လေကြောင်းလိုင်းများ ခရီးစဉ်ဖျက်သိမ်းမှု ပိုမိုများပြားလာကြောင်း တယ်လီဂရပ်ဖ် သတင်းဌာနဖော်ပြ "လေကြောင်းခရီးစဉ်များ ဖျက်သိမ်းမှု အခြေအနေ" စီရီယမ် Cirium ၏ အချက်အလက်များအရ မကြာသေးမီက တစ်ရက်အတွင်း ကမ္ဘာတစ်ဝန်းရှိ လေကြောင်းခရီးစဉ် စုစုပေါင်း၏ ၇% (ခရီးစဉ်ပေါင်း ၇,၀၀၀ ကျော်) ဖျက်သိမ်းခဲ့ရသည်။ မြောက်အမေရိကတွင် ခရီးစဉ်ဖျက်သိမ်းမှုနှုန်းမှာ ၁၄.၆% အထိ ရှိခဲ့သည်။ "လောင်စာဆီစျေးနှုန်းနှင့် အကျပ်အတည်း" အရှေ့အလယ်ပိုင်း တင်းမာမှုများကြောင့် လေယာဉ်ဆီစျေးနှုန်းမှာ တစ်တန်လျှင် ၇၄၂ ဒေါ်လာ မှ ၁,၇၁၀ ဒေါ်လာ ကျော်အထိ ခုန်တက်သွားခဲ့သည်။ Brent ရေနံစိမ်းစျေးမှာလည်း တစ်စည်လျှင် ၁၁၆ ဒေါ်လာ အထိ မြင့်တက်လာသည်။ ကမ္ဘာ့ရေနံ ၂၀% ခန့် ဖြတ်သန်းရာ ဟော်မုဇ် ရေလက်ကြား မှတစ်ဆင့် တင်ပို့မှုများမှာ ပြတ်တောက် လုနီးပါး ဖြစ်နေသည်။ ဗြိတိန်နိုင်ငံသည် ယခုအပတ်အတွင်း အဆိုပါဒေသမှ နောက်ဆုံး လောင်စာဆီတင်ပို့မှုကို လက်ခံရရှိမည်ဟု ဖိုင်နန်ရှယ် တိုင်းမ်စ် သတင်းဌာန က ဆိုသည်။ "လေကြောင်းလိုင်းများ၏ တုံ့ပြန် မှု" လေကြောင်းလိုင်းများမှာ လောင်စာဆီစရိတ် မြင့်မားမှုကြောင့် ခရီးစဉ်များကို လျှော့ချနေရသည်။ နယူးဇီလန် လေကြောင်းလိုင်း Air New Zealand - မေလတွင် ခရီးစဉ်ပေါင်း ၁,၁၀၀ ဖြတ်တောက်ရန် စီစဉ်နေသည်။ စကင်ဒီနေးဗီးယန်း လေကြောင်းလိုင်းများ Scandinavian Airlines- နောက်လတွင် ခရီးစဉ် ၁,၀၀၀ ခန့် လျှော့ချမည်။ ဗီယက်နမ် လေကြောင်းလိုင်းများ Vietnam Airlines- စျေးနှုန်းများ ဆက်တက်နေပါက ခရီးစဉ် ၂၀% အထိ လျှော့ချနိုင်သည်။ ယူနိုက်တက် လေကြောင်းလိုင်းများ (အမေရိကန်) United Airlines (USA) - အကျိုးအမြတ်နည်းသော ခရီးစဉ် ၅% ခန့်ကို ဖြတ်တောက်ထားပြီးဖြစ်သည်။ လောင်စာဆီစရိတ်မှာ ဒေါ်လာ ၁၁ ဘီလီယံအထိ မြင့်တက်လာနိုင်သဖြင့် အရှုံးမပေါ်စေရန် လက်မှတ်ခကို ၂၀% ခန့် မြှင့်တင်ရဖွယ် ရှိသည်။ "ခရီးသည်များအပေါ် သက်ရောက်မှု" လွန်ခဲ့သည့် သီတင်းပတ်အနည်းငယ်အတွင်း လေယာဉ်လက်မှတ်ခများမှာ ၁၅% မှ ၂၀% အထိ မြင့်တက်သွားပြီဖြစ်ပြီး ဝယ်လိုအားမှာလည်း စတင်ကျဆင်းလာနေပြီဖြစ်သည်။ ဥရောပရှိ အဓိက လေကြောင်းဗဟိုချက်များတွင် ရက်ပိုင်းအတွင်း လောင်စာဆီပြတ်လပ်မှုနှင့် ရင်ဆိုင်ရနိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားသည်။ NOM

မြဝတီမြို့နယ်ရှိ တပ်မတော်​၏ ဝေါလေတပ်စခန်းကို KNLA/ PDF အကြမ်းဖက်အဖွဲ့က တိုက်ခိုက်သိမ်းပိုက်ရန် ကြိုးပမ်းခဲ့သော်လည်း အကျအဆုံးမ
+3
မြဝတီမြို့နယ်ရှိ တပ်မတော်​၏ ဝေါလေတပ်စခန်းကို KNLA/ PDF အကြမ်းဖက်အဖွဲ့က တိုက်ခိုက်သိမ်းပိုက်ရန် ကြိုးပမ်းခဲ့သော်လည်း အကျအဆုံးများစွာဖြင့် ထွက်ပြေးသွားရ မတ် ၃၁၊ ၂၀၂၆ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ တပ်မတော်​၏ ဝေါလေတပ်စခန်းကို သိမ်းပိုက်ရန် မတ်လ ၃၁ ရက်နေ့ နံနက်အစောပိုင်းက KNLA/ PDF အကြမ်းဖက်အဖွဲ့က အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ခဲ့သော်လည်း စခန်းရှိ တပ်မတော်အရာရှိ၊ စစ်သည်များ​၏ ခုခံမှုများကြောင့် KNLA/ PDF အကြမ်းဖက်သမားများ အထိအခိုက် အကျအဆုံးများစွာဖြင့် ထွက်ပြေးသွားရပြီး တပ်မတော်က အကြမ်းဖက်သမားများ ထားပစ်ခဲ့သည့် အကြမ်းဖက်သမား အလောင်း ၅ လောင်း၊ လက်နက် ၃ လက်၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။ ဓါတ်ပုံ - Truth Wave NOM

🌟 ဟစ်ဇ်ဘိုလာအဖွဲ့က လက်ဘနွန်တောင်ပိုင်း အယ်လ်ဘာယာဒါမြို့မှာ အစ္စရေးရဲ့ သံချပ်ကာ စစ်သည်တင်ယာဉ် နှစ်စီးနဲ့ Humvee ကားတစ်စီးကို FPV ဒရုန်းတွေနဲ့ တိုက်ခိုက်နေတဲ့ ဗီဒီယိုဖိုင်ကို ထုတ်ပြန်လိုက်ပါတယ်။ NOM

နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့် PDF အဖွဲ့ဝင် အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၁ ဦး
+4
နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့် PDF အဖွဲ့ဝင် အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၁ ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက် မတ် ၃၁၊ ၂၀၂၆ NOM

တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် ဝင်းဝတံတားအား ပြန်လည်ထိန်းချုပ်ကာ ထားဝယ်-မြိတ်သွား ဆက်
+3
တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် ဝင်းဝတံတားအား ပြန်လည်ထိန်းချုပ်ကာ ထားဝယ်-မြိတ်သွား ဆက်သွယ်ရေး လမ်းကြောင်းအား ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ မတ် ၃၁၊ ၂၀၂၆ NOM

ယူကရိန်းမီဒီယာတွေကတော့ အရာရှိတစ်ဦးဖြစ်တဲ့ ဗိုလ်ကြီး အာနာတိုလီ အိုနီရှု (Anatolii Onyshchuk) သေဆုံးမှုအတွက် ဝမ်းနည်းကြောင်း ဖေ
+1
ယူကရိန်းမီဒီယာတွေကတော့ အရာရှိတစ်ဦးဖြစ်တဲ့ ဗိုလ်ကြီး အာနာတိုလီ အိုနီရှု (Anatolii Onyshchuk) သေဆုံးမှုအတွက် ဝမ်းနည်းကြောင်း ဖော်ပြနေကြပါတယ်။ သူဟာ "ပါရှန်ပင်လယ်ကွေ့နိုင်ငံတွေက တိုက်ခိုက်ရေးသမားတွေကို လေ့ကျင့်ပေးတာနဲ့ ဒရုန်းပစ်ချတဲ့နည်းပညာတွေကို မျှဝေပေးတာတွေ" မှာ ပါဝင်ခဲ့သူပါ။ ပြီးခဲ့တဲ့ ရက်အနည်းငယ်က ယူအေအီး (UAE) နိုင်ငံမှာရှိတဲ့ ယူကရိန်းစစ်သည် ၂၁ ဦး ပုန်းအောင်းနေတဲ့နေရာကို အီရန်ကတိုက်ခိုက်ခဲ့တယ်ဆိုတဲ့ အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) ရဲ့ ထုတ်ပြန်ချက်ဟာ အတော်လေးကို တိကျနေပါတယ်။ NOM

ထိုင်းဘုရင့်ရေတပ်မှ စစ်ရေယာဉ်တစ်စီး ချစ်ကြည်ရေးခရီးလည်ပတ်ရန် ရန်ကုန်မြို့သို့ ရောက်ရှိ မတ် ၃၁၊ ၂၀၂၆ NOM
+2
ထိုင်းဘုရင့်ရေတပ်မှ စစ်ရေယာဉ်တစ်စီး ချစ်ကြည်ရေးခရီးလည်ပတ်ရန် ရန်ကုန်မြို့သို့ ရောက်ရှိ မတ် ၃၁၊ ၂၀၂၆ NOM

အမေရိကန်က အရှေ့အလယ်ပိုင်းမှာ ဖြန့်ကြက်ချထားဖို့အတွက် ပိုလန်နိုင်ငံဆီက ပက် ထရီ ယော့ Patriot လေကြောင်းကာကွယ်ရေးစနစ် နှစ်ခုထဲက တ
အမေရိကန်က အရှေ့အလယ်ပိုင်းမှာ ဖြန့်ကြက်ချထားဖို့အတွက် ပိုလန်နိုင်ငံဆီက ပက် ထရီ ယော့ Patriot လေကြောင်းကာကွယ်ရေးစနစ် နှစ်ခုထဲက တစ်ခုကို တောင်းဆိုခဲ့ပေမဲ့ ဝါဆော (ပိုလန်အစိုးရ) က ငြင်းဆိုခဲ့ပါတယ်။ NOM

ဒုတိယဝန်ကြီး ဦးကိုကိုကျော် မြန်မာနိုင်ငံဆိုင်ရာ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ (ယူအေအီး) သံအမတ်ကြီးအား လက်ခံတွေ့ဆုံ မတ်
ဒုတိယဝန်ကြီး ဦးကိုကိုကျော် မြန်မာနိုင်ငံဆိုင်ရာ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ (ယူအေအီး) သံအမတ်ကြီးအား လက်ခံတွေ့ဆုံ မတ် ၃၀၊ ၂၀၂၆ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ (ယူအေအီး) သံအမတ်ကြီး မစ္စတာ မူတာ့ဇ်အဗ္ဗဒူလာ အဗ္ဗဒူလ်ဂျာလဲလ် မိုဟာမက် အယ်လ်ဖာဟင်းမ်အား ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော် ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။ တွေ့ဆုံစဉ် မြန်မာ-အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများအပါအဝင် နှစ်နိုင်ငံအကျိုးတူပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။ NOM

လက်ဘနွန်စစ်သားတစ်ဦး၏ မိခင်ဖြစ်သူက သားဖြစ်သူ၏ စစ်ဝတ်စုံကို ဝှက်ထားပြီး တာဝန်ပြန်ထမ်းဆောင်ခွင့်မပြုဘဲ ငြင်းဆန်နေ အကြောင်းရင်းမှာ အစ္စရေး၏ တိုက်ခိုက်မှုများကို ပြန်လည်တုံ့ပြန်ရန် လက်ဘနွန်စစ်တပ်ကို အထက်က "အာဏာကုန် လုပ်ပိုင်ခွင့်မပေးထားခြင်း" ကြောင့်ဖြစ်သည်။ "ကျွန်မတို့သားသမီးတွေဟာ ဝက်စာကျွေးဖို့ မွေးထားတဲ့ ကြက်ကလေးတွေ မဟုတ်ဘူး" ဟု မိခင်ဖြစ်သူက ပြောကြားခဲ့သည်။ ထို့အပြင် လက်ဘနွန် သမ္မတနှင့် ဝန်ကြီးများ၏ သားသမီးများကိုသာ "ယဇ်ပူဇော်မည့် သိုးသူငယ်များ" အဖြစ် အစားထိုး အသုံးပြုသင့်သည်ဟုလည်း သူမက ဆိုသည်။ NOM

ဟော်မုဇ်ရေလက်ကြား ပြဿနာကြောင့် လေယာဉ်ဆီ မရနိုင်တော့တဲ့ နိုင်ငံတွေ (ဥပမာ - အီရန်ကို အမြစ်ဖြတ်ချေမှုန်းတဲ့နေရာမှာ ပါဝင်ဖို့ ငြင
ဟော်မုဇ်ရေလက်ကြား ပြဿနာကြောင့် လေယာဉ်ဆီ မရနိုင်တော့တဲ့ နိုင်ငံတွေ (ဥပမာ - အီရန်ကို အမြစ်ဖြတ်ချေမှုန်းတဲ့နေရာမှာ ပါဝင်ဖို့ ငြင်းဆန်ခဲ့တဲ့ ဗြိတိန်လို နိုင်ငံမျိုးတွေ) အတွက် ကျွန်တော့်မှာ အကြံပြုချက် ရှိပါတယ်။ နံပါတ် (၁) - အမေရိကန်ဆီကပဲ ဝယ်ကြပါ။ ကျွန်တော်တို့ဆီမှာ အများကြီး ရှိပါတယ်။ နံပါတ် (၂) - အခုမှ နောက်ကျပြီးမှ ရလာတဲ့ သတ္တိမျိုးကို မွေးပြီး အဲဒီရေလက်ကြားကို ကိုယ်တိုင်သွားပြီး သိမ်းယူလိုက်ကြပါ။ ကိုယ့်အတွက်ကိုယ် တိုက်ပွဲဝင်ဖို့ သင်ယူရတော့မယ်။ ခင်ဗျားတို့ ကျွန်တော်တို့ဘက်မှာ မရပ်တည်ပေးခဲ့သလိုပဲ အမေရိကန်ကလည်း ခင်ဗျားတို့ကို ကူညီဖို့ ရှိနေတော့မှာ မဟုတ်ဘူး။ အီရန်ကတော့ အခြေခံအားဖြင့် ပြာပုံဖြစ်သွားပြီ။ အခက်ခဲဆုံး အပိုင်းက ပြီးသွားပြီ။ ကိုယ့်ဘာသာကိုယ် သွားပြီး ရေနံရှာကြတော့!!!" — သမ္မတ ဒေါ်နယ် ဂျေ ထရမ့် NOM

စပိန်နဲ့ အီတလီပြီးတဲ့နောက်မှာတော့ အခု ပြင်သစ်ကလည်း သူတို့ပိုင်နက်ထဲမှာ အမေရိကန်စစ်လေယာဉ်တွေ သွားလာလှုပ်ရှားတာကို တားမြစ်လိုက်
စပိန်နဲ့ အီတလီပြီးတဲ့နောက်မှာတော့ အခု ပြင်သစ်ကလည်း သူတို့ပိုင်နက်ထဲမှာ အမေရိကန်စစ်လေယာဉ်တွေ သွားလာလှုပ်ရှားတာကို တားမြစ်လိုက်ပြန်ပြီ ဒီကိစ္စနဲ့ပတ်သက်ပြီး ထရမ့်က သူ့ရဲ့ဆိုရှယ်မီဒီယာအကောင့်ကနေ အခုလိုပြောကြားခဲ့ပါတယ်။ "ပြင်သစ်နိုင်ငံဟာ အစ္စရေးကိုသွားမယ့် စစ်လက်နက်ပစ္စည်းတွေတင်ဆောင်ထားတဲ့ လေယာဉ်တွေကို သူတို့ ဝေဟင်ပိုင်နက်ကနေ ဖြတ်သန်းခွင့်မပေးပါဘူး။ ပြင်သစ်ဟာ အောင်အောင်မြင်မြင် ရှင်းလင်းလိုက်နိုင်ပြီဖြစ်တဲ့ 'အီရန်ရဲ့ သားသတ်သမား' (Butcher of Iran) နဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာလည်း လုံးဝ (လုံးဝ) အကူအညီမပေးခဲ့ပါဘူး။ ဒါကို အမေရိကန်က မှတ်ထားမှာပါ!!!" — သမ္မတ ဒေါ်နယ် ဂျေ ထရမ့် NOM

အီရန် ဖားစ်နယူးစ် သတင်းဌာန (Fars News) ကို အတွင်းသိသတင်းမြစ်တစ်ခုက ပြောတာကတော့ - အာရပ်စော်ဘွားများပြည်ထောင်စု (UAE) အနေနဲ့ အမေရိကန်ရဲ့ လေကြောင်းနဲ့ ဒုံးကျည်တိုက်ခိုက်မှုတွေမှာ ဆက်ပြီးပါဝင်နေမယ်။ အစ္စရေးကို ကူညီဖို့အတွက် ထောက်လှမ်းရေးတပ်ဖွဲ့တွေကို ဆက်လက်လက်ခံထားမယ်ဆိုရင်တော့ အီရန်က ကမ္ဘာ့အကြီးဆုံး သင်္ဘောဆီဖြည့် ဆိပ်ကမ်းတွေထဲက တစ်ခုဖြစ်ပြီး UAE အတွက် စီးပွားရေးအရ အင်မတန်အရေးပါတဲ့ ဖူဂျိုင်ရာ (Fujairah) ဆိပ်ကမ်းနဲ့ ဟော်မုဇ်ရေလက်ကြားကို ဖြတ်စရာမလိုဘဲ ရေနံတင်ပို့နိုင်တဲ့ အရေးကြီး ရေနံပိုက်လိုင်းကို ပစ်မှတ်ထား တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။ NOM

စက်သုံးဆီအရောင်းဆိုင်၁၇ဆိုင်ကို ယာယီပိတ်သိမ်း အရေးယူထား NOM၊မတ်၃၁၊၂၀၂၆ စက်သုံးဆီဝယ်ယူမှုနှင့်ပတ်သက်ပြီး Call Center သို့သတင်းပေးပို့တိုင်ကြားလာမှုများအပေါ် အရေးယူ ဆောင်ရွက်ထားမှုများမှာလက်ရှိအချိန်အထိ စက်သုံးဆီအရောင်းဆိုင် ၁၇ဆိုင်ကို ယာယီပိတ်သိမ်းပြီးအရောင်းဆိုင်တာဝန်ရှိသူများကို အရေးယူထားပြီးဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှသိရသည်။ အဆိုပါယာယီပိတ်သိမ်းထားသည့်ဆိုင်များမှာနေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်ရှိ “TGB” ၊ ပုဗ္ဗသီရိမြို့နယ်ရှိ ရွှေပိုး နဲ့Terminal 001 ၊ မန္တလေး တိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်ရှိ Away ၊ အမရပူရမြို့နယ်ရှိ အောင်ဗိုလ်ဟိန်း၊ စဉ့်ကိုင်မြို့နယ်ရှိ စိန်စီအောင်၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ အောင်သန်းကျော်၊ အောင်သိဒ္ဓိ၊ ရွှေခြင်္သေ့၊ မိုးကောင်းကင်နဲ့ စွမ်းအင်၊ ရန်ကုန်တိုင်း ဒေသကြီး သန်လျင်မြို့နယ်ရှိ Apex ၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ BOC ၊ မွန်ပြည်နယ် မော်လမြိုင်မြို့ ဈေးကြို ရပ်ကွက်ရှိ စွမ်းမြန်မာ၊ ညောင်ပင်ဆိပ် ရပ်ကွက်ရှိ Parent Love– 01 ၊ ကျိုက်မရောမြို့နယ်ရှိ Puma Power ၊ ပေါင်မြို့နယ်ရှိ မင်းသန့်-၉ အပါအဝင် စက်သုံးဆီအရောင်းဆိုင်၁၇ဆိုင်ကို အရေးယူထား‌ေကြာင်းသိရသည်။ ထို့အပြင် Bar Code/ QR Code များ၊ရောင်းချနေမှုများကို Online Monitoring Center က စောင့်ကြည့်ကြပ်မတ် တာများကို ဆောင်ရွက်နေရာ Bar Code/ QR Code များScan ဖတ်ခြငါးမပြုလုပ်ဘဲ ရောင်းချနေတာကို စိစစ် တွေ့ရှိရသည့် နေပြည်တော်ကောင်စီနယ်မြေမှ စက်သုံးဆီအရောင်းဆိုင်သုံးဆိုင်၊ ရန်ကုန်တိုင်းဒေသကြီး‌မှ‌ လေးဆိုင်၊ မန္တလေးတိုင်းဒေသကြီးမှ၁၀ဆိုင်နှင့်ရှမ်းပြည်နယ် တောင်ကြီးမြို့မှခုနှစ်ဆိုင် စုစုပေါင်း စက်သုံးဆီ အရောင်းဆိုင် ၂၄ဆိုင်ကိုလည်း ပြင်းထန်စွာ သတိပေးထားပြီး ညွှန်ကြားချက်များကို လိုက်နာမှုမရှိကြောင်း ထပ်မံ စိစစ်တွေ့ ရှိရင် ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်‌ကြောင်းသိရသည်။ ပြည်သူများစက်သုံးဆီဝယ်ယူရာတွင် ပိုမိုအဆင်ပြေချောမွေ့စေဖို့ စက်စွမ်းအားအလိုက် ဝယ်ယူခွင့်ပမာဏကို သတ်မှတ်အဆင့်မြှင့်တင်ထားသည့် Bar Code/ QR Code များနှင့် နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ ပဲခူး၊ ပြင်ဦးလွင်၊ ရန်ကုန်-မန္တလေး လမ်းဟောင်းနှင့်အမြန်လမ်းမကြီးတစ်လျှောက်ရှိ စက်သုံးဆီ အရောင်းဆိုင်များတွင် ရောင်းချပေးနေကြောင်း သိရသည်။

ယူအေအီး (UAE) ကမ်းလွန်မှာ တိုက်ခိုက်ခံခဲ့ရတဲ့ ကူဝိတ်နိုင်ငံပိုင် အယ်လ် ဆလ်မီ "Al Salmi" သင်္ဘောကြီး။ NOM
+1
ယူအေအီး (UAE) ကမ်းလွန်မှာ တိုက်ခိုက်ခံခဲ့ရတဲ့ ကူဝိတ်နိုင်ငံပိုင် အယ်လ် ဆလ်မီ "Al Salmi" သင်္ဘောကြီး။ NOM

အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုကြောင့် ကင်ဆာရောဂါကုဆေး၊ မေ့ဆေးနဲ့ အထူးရောဂါကုဆေးတွေ ထုတ်လုပ်ပေးနေတဲ့ အီရန်ရဲ့ အဓိက ဆ
အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုကြောင့် ကင်ဆာရောဂါကုဆေး၊ မေ့ဆေးနဲ့ အထူးရောဂါကုဆေးတွေ ထုတ်လုပ်ပေးနေတဲ့ အီရန်ရဲ့ အဓိက ဆေးဝါးကုမ္ပဏီကြီးတစ်ခု ပျက်စီးသွားပြီး ဆေးထုတ်လုပ်မှုပိုင်းမှာ အတော်လေး ထိခိုက်သွားပါတယ်။ အီရန်ဟာ နိုင်ငံတကာရဲ့ စီးပွားရေးပိတ်ဆို့မှုတွေကြောင့် အရေးကြီးတဲ့ ဆေးဝါးတွေကို ကိုယ်တိုင်ထုတ်လုပ်နေရတာပါ။ NOM