uk
Feedback
ဧကြည်ဖြူ၏ ဝတ္ထုများ

ဧကြည်ဖြူ၏ ဝတ္ထုများ

Відкрити в Telegram

Показати більше
803
Підписники
+424 години
+167 днів
+4630 день
Архів дописів
" ဟဲ့ ... တပေါင်း ....ငါတို့အဖေနဲ့အမေက ...နင့်ကြောင့် ရန်ဖြစ်တာဟဲ့ " အစ်မဝမ်းကွဲဖြစ်သူက တပေါင်းကို လှမ်းအော်တယ်။တပေါင်း ဘာမှပြန်မပြောဘဲ မြင်ကွင်ကို ကြောင်ငေးကြည့်နေမိတယ်။ " တပေါင်း ..နောက်တစ်ခါဆိုရင် ..နင်ဘာပဲဖြစ်ဖြစ်... ကြီးကြီးဆီကို မလာခဲ့နဲ့သိလား ....ကြီးကြီးကလဲ ဒီအိမ်မှာကပ်စားနေရတဲ့ ကျွန်မကြီးပဲ .." ကြီးတော်ဖြစ်သူ လှမ်းပြောတဲ့စကားကို နားထောင်ပြီး တပေါင်းခြေတရွတ်ဆွဲကာ အိမ်နောက်ဖေးဘက်ကို ထွက်လာခဲ့လိုက်တယ်။ဖြစ်ပျက်နေခဲ့သမျှတွေအတွက် တပေါင်းရင်ထဲမှာ နာကျင်နေပေမဲ့ အရင်ကလိုမျိုး မျက်ရည်ကျတာ ငိုမိတာတွေ မဖြစ်တော့ဘဲ နှုတ်ပိတ်ကာငြိမ်သက်နေမိတယ်။ ================================== အပိုင်း (၇)ဆက်ရန် #AKyiPhyu #ဧကြည်ဖြူ (၁) https://www.facebook.com/100067151540690/posts/734556598792718/ J https://www.facebook.com/100067151540690/posts/735119455403099/https://www.facebook.com/100067151540690/posts/735674495347595/https://www.facebook.com/100067151540690/posts/736235605291484/https://www.facebook.com/100067151540690/posts/736791991902512/

" အိုတော်..ဘယ်လိုဖြစ်နေတာလဲ...ကျုပ်တူမကိုဆေးခန်းပြတာကလဲ စေတနာဆေးခန်းမှာပြတာပါရှင်...အလှုငွေလေးပဲထည့်ရတာပါ..ဆေးဖိုးလဲမပေးရပါဘူး...ကျုပ်တူမစားတယ်ဆိုတာကလဲ ... တစ်လုတ်တစ်ဆုပ်ပါတော်..တစ်နေကုန် ဟင်းနှစ်တုံးအပြင်ပိုမကုန်ပါဘူး...ဒါတောင်နေ့တိုင်းကျွေးတာမဟုတ်ပါဘူး...ပိုမှကျွေးတာပါ..ကလေးကလဲ ငါးပိရည်နဲ့အရည်ဟင်းလောက်ပဲ အဓိကစားတာပါ " " တော်စမ်းပါဟာ...ငါမမြင်ဘူးဆိုတိုင်း လာလိမ်မနေစမ်းပါနဲ့ ....နင်လိုအမျိုးချစ်က နင့်တူမကိုမကျွေးဘဲနေမလား ...အေး ...ရှင်းရှင်းပဲပြောမယ်...သူ့အဖေလဲဆေးရုံကဆင်းလာပြီးပဲ ..သူ့ကိုပြန်ပို့လိုက်တော့ ..စကားအပိုတွေမကြားချင်ဘူး " အိမ်ရှေ့ခန်းက စကားသံတွေကြောင့် တပေါင်းနေရာမှာငြိမ်ကုပ်နေမိတယ်။တပေါင်းအတွက် အဖေ့အိမ်နဲ့ယှဉ်ရင်ကြီးကြီးတို့အိမ်က ပိုပြီးအဆင်ပြေတာအမှန်ပါပဲ။အဖေ့အိမ်မှာရော ကြီးကြီးတို့အိမ်မှာပါ တပေါင်းအလုပ်တော့လုပ်ရတာပါပဲ။အလုပ်ကတော့ထမင်းချက်၊အဝတ်လျှော်၊အိမ်သန့်ရှင်းရေး အကုန်လုပ်ရတာပါပဲ။ကြီးကြီးတို့အိမ်မှာလူများတော့ အလုပ်တွေလဲပိုများတယ်။ပြီးတော့ ကြီးကြီးကအိမ်မှာ စက်လဲချုပ်တော့ ကြီးကြီးအလုပ်တွေကိုလဲ ဝိုင်းကူပေးရတာပေါ့။ဒီလိုအလုပ်တွေဘယ်လောက်များများ ကြီးကြီးကဆဲဆိုတာတွေ၊ ရို///က်နှက်တာတွေသိပ်မလုပ်တော့ ကြီးကြီးတို့အိမ်မှာတပေါင်းနေနိုင်ပါတယ်။ဒါပေမဲ့ ကြီးကြီးယောက်ျား အလုပ်ကပြန်လာရင်တော့ တပေါင်းစိတ်ညစ်မိတယ်။ကြီးကြီးယောက်ျားက တပေါင်းကိုအစားအသောက်ကျွေးတာကိုမကြိုက်ဘူး။သူ့သားသမီးတွေအတွက် ဝယ်လာတဲ့မုန့်တွေထဲနေ တပေါင်းကိုကျွေးရင် မကြိုက်ဘူး။ဟင်းချက်တာနည်းလို့ ဘကြီးအတွက် ဟင်းချန်ထားတာ နည်းသွားရင်လဲ တပေါင်းကြောင့်ဆိုပြီး ပွစိပွစီပြောလေ့ရှိတယ်။ကုန်ကုန်ပြောရရင် ဘကြီးက တပေါင်းကိုသူတို့အိမ်မှော ခေါ်မထားချင်တာကြောင့် တပေါင်းသနပ်ခါးလိမ်းတာကအစ အပြစ်ပြောလေ့ရှိတယ်။တပေါင်းက သနပ်ခါးလိမ်းရင် မိခင်ကြီးရှိုစဉ်တုန်းကလိမ်းပေးခဲ့သလိုမျိုးပဲ သနပ်ခါးတုံးကို ခြေဆုံး ခေါင်းဆုံးလိမ်းတတ်တယ်။ဒါကိုဘကြီးက မကြိုက်ဘူး။သနပ်ခါးတုံးတွေ စျေးကြီးတယ်တဲ့။ဒါက တမင်အပြစ်ရှာပြောတာမှန်း တပေါင်းနားလည်နေပါပြီ။ ဒီလိုပြောတတ်မှန်းသိလို့လဲ မသွေးတော့တဲ့ သနပ်ခါးတုံးတွေကို တပေါင်းကသွေးလိမ်းတာပါ။ခုနောက်ပိုင်းမှာတော့ ဘကြီးအကြောင်းကို သိသွားလို့ မျက်နှာကိုတောင် တပေါင်း သနပ်ခါးသိပ်မလိမ်းဖြစ်တော့ပါဘူး။ကြီးကြီးကတော့ တစ်ခါတလေ စိတ်မရှည်တဲ့အခါမှ တပေါင်းကို ခေါင်းခေါက်လေ့ရှိတယ်။အော်ဟစ်ဆဲဆိုတာ၊ရို***က်တာမျိုးတွေလဲ သိပ်လုပ်လေ့မရှိဘူး ။ ဒီနေ့လဲ ထုံးစံအတိုင်း ဘကြီး ပြန်ရောက်လာပြီးသိပ်မကြာဘူး ။ကြီးကြီးနဲ့ဘကြီး စကားများနေကြတာ။ ဒီလိုစကားများကြပြီဆိုရင် များသောအားဖြင့် ကြီးကြီးကရှောင်ထွက်သွားလေ့ရှိတယ်။ ဒါပေမဲ့ ဒီနေ့မှာတော့ ကြီးကြီးကလဲ စိတ်တိုနေပုံနဲ့ ပြန်ပြောနေတာမို့ စကားဝိုင်းက အရင်လိုမျိုး ခဏနဲ့ ပြီးပြတ်မသွားဘဲ ကြာရှည်နေခဲ့တယ်။ " မင်းပါးစပ်ကို ပိတ်ထားစမ်းအေးခင် ..အားကိုးရတာတွေ မရတာတွေ လာပြောမနေနဲ့ ...သူရောက်လာလို့လဲ ....အိမ်ကပိုသန့်သွားတာမရှိဘူး ....ငါက ငါရှာဖွေတာနဲ့ လောက်ငှအောင် ကလေးတောင်သုံးယောက်ပဲယူနိုင်လို့ သုံးယောက်ပဲမွေးခိုင်းခဲ့တာ...ငါ့သားသမီးသုံးယောက်ကိုပဲ ဝဝလင်လင်နဲ့ကျွေးမွေးစောင့်ရှောက်ချင်တယ်...လူပိုတွေ တင်ကျွေးမထားနိုင်ဘူး ... မင်းတို့ဟာက ... လူပိုလဲခေါ်ထားရသေးတယ် ....ဆေးရုံပြပေးရအုံးမယ်ဆိုတော့ မလွန်လွန်းဘူးလားဟ ....သူရောက်လာကတည်းက ...ငါ့သမီးတွေမျာ သူတို့အခန်းထဲ လွတ်လွတ်လပ်လပ် မနေရဘဲ ကျဉ်းကျဉ်းကျုတ်ကျုတ်နေနေရတာလေ .. မင်းကို ရှင်းရှင်းပဲပြောမယ် ...မင်းတူမကို ဒီလောက်ချစ်နေရင် မင်းသူနဲပဲ နေလိုက်တော့ " မအေးခင်တစ်ယောက် ယောက်ျားဖြစ်သူရဲ့စကားကြောင့် ဒေါသထွက်သွားပြီး ယောက်ျားဖြစ်သူ ရှေ့ကနေ ဝုန်းခနဲ ထရပ်လိုက်တယ်။ " တော်က ဘာစကားပြောတာလဲ ..ဘာလဲ ...ရှင်က ကျွန်မနဲ့ ကွဲချင်နေတာလား ..... ကျွန်မတူမက ဘယ်လောက်တောင်များစားသောက်နေလို့လဲ ...သူကို ဆေးခန်းပြတာကလဲ အလှူငွေပဲ ထည့်ခဲ့ရတယ်လို့ ဘယ်နှစ်ခါပြောရမလဲ ....ဆေးရုံတင်ရမယ်ဆိုတာကလဲ အခြေအနေကိုပြောပြတာပါတော် ... ရှင့်ဆီက ငွေမတောင်းပါဘူး ....ရှင်က ငွေနဲ့ ပတ်သက်လာရင် ကျွန်မကိုတောင်မသဒ္ဓါဘူးဆိုတာလဲသိပါတယ် ... ရှင့်အမျိုးတွေကိုတော့ ကျွန်မ မသိအောင်ထောက်ပံ့ပေးနေတာကိုလဲ သိပါတယ် ..ကိုယ့်ဘက်ပဲ ကိုယ်ကြည့်တဲ့ တစ်ကိုယ်ကောင်းသမားရဲ့ " " ဘာကွ ..မင်းဘာပြောလိုက်တယ်...ထပ်ပြောလိုက်စမ်း " " ပြောမယ် ..ပြောမယ် ... လင်ရှိတဲ့ ရှင့်နှမတွေကို .. စရိတ်တွေ ခိုးပေးနေတာလဲသိတယ် ....ရှင့် ဘက်ကိုတော့အကုန်ပို့ပြီး ကျွန်မအတွက်တော့ နှမြောတွန့်တိုတာကို သိတယ်..လူ့အတ္တကြီးရဲ့ " " ဘုံး .." " ဒုန်း " အိမ်ရှေ့က အသံတွေက ဆူညံစွာထွက်ပေါ်လာခဲ့တယ်။လင်မယားနှစ်ယောက် စကားများတဲ့အခြေအနေကနေ ခြေပါလက်ပါတွေဖြစ်ကုန်ကြပြီး နှစ်ယောက်သား ဝုန်းဒိုင်းကြဲကာ ရန်ဖြစ်ကြတော့တယ်။ မိခင်နဲ့ဖခင်ရဲ့ အခြေအနေကြောင့် သားသမီးသုံးယောက်က ပြေးဆွဲကြတယ်။ တပေါင်းမှာ အိမ်တွင်းက ထွက်လာခဲ့ပြီး ခန်းဆီးနားကနေ မရဲတရဲချောင်းကြည့်နေမိတယ်။

ခံရလိမ့်မယ်ထင်တယ်...ဒါကြောင့် ငါ့အမေဘာလုပ်လုပ် ငါသည်းခံမှာပါ..ငါ‌ေ*သချင်‌‌‌ေ**သသွားပါစေ....ငါ့အမေနဲ့အဖေလဲ ပင်ပင်ပန်းပန်းနဲ့အလုပ်လုပ်နေရာတာမဟုတ်လား " " အေးပါ ဖိုးဇင်ရယ်..ကျောင်းတက်ဖို့ကိစ္စရော ...နင်ကျောင်းအပ်ပြီးပြီလားဖိုးဇင် " " ဟင့်အင်း....ငါကျောင်းမတက်ရတော့ဘူး...ငါ့အမေကိုဝိုင်းကူပေးရမှာလေ....ငါ့အမေကပြောတယ်..ငါ့အသက် (၁၅)နှစ်ပြည့်ပြီးရင်..ငါတို့အမျိုးကားဝပ်ရှော့ကိုပို့်ပေးမယ်တဲ့ ...အဲ့ဒီမှာ ပိုက်ဆံလဲရတယ်တဲ့လေ ..ငါတော့သွာချင်လွန်းလို့ ...အသက်အမြန်ပြည့်ပါစေလို့ဆုတောင်းနေမိတယ် ..ငါတို့တွေအသက်ကြီးလာရင်တော့... အရိုက်မခံရတော့ဘူးထင်တယ်နော်..ငါ့အမေကတော့ ပြောတယ်..မိဘကဆုံးမရင် သားသမီးကနာခံရတယ်တဲ့..သားသမီးဘယ်အရွယ်ရောက်ရောက်မိဘကပိုင်တယ်တဲ့ ..သားသမီးကပြန်ပြောခွင့်မရှိဘူးတဲ့လေ " ဖိုးဇင်ပြောသမျှတွေကို တပေါင်းနှုတ်ဆိတ်ကာ နားထောင်နေမိတယ်။ " နင်စိတ်မပူနဲ့သိလား တပေါင်း...အခုတော့ နင်တို့ကြီးကြီးအိမ်မှာ နင်ခဏနေလိုက်အုံးနော်...ငါအပြင်မှာ အလုပ်ထွက်လုပ်လို့် ..လုပ်အားခရလာရင် ...ငါ့အမေမသိအောင် နင့်ကိုလဲကူညီပေးမယ်သိလား " " အေးပါ ဖိုးဇင်ရယ်...နင်သွားတော့လေ..တော်ကြာ ...ကြာနေလို့ဆိုပြီး နင့်အမေကရို//က်နေအုံးမယ်..ငါလဲသွားတော့မယ်နော် " တပေါင်းပြောပြီးတာနဲ့ ဖိုးဇင်ကိုကျောခိုင်းပြီး ခြေကိုထော့နင်းကာထွက်လာခဲ့လိုက်တယ်။ ကျောခိုင်းလျှောက်သွားတဲ့ တပေါင်းကိုကြည့်ပြီး ဖိုးဇင်အလန့်တကြားနဲ့လှမ်းခေါ်မေးလိုက်မိတယ်။ " တ...တပေါင်း ..နင့်ခြေထောက်က ဘာဖြစ်တာလဲ " ဖိုးဇင်ရဲ့အမေးကြောင့် တပေါင်းက သူမရဲ့ညာခြေထောက်ကို ထိန်းကာထော့နဲ့နဲ့နင်းလိုက်ပြီးမှ သူမခြေထောက်ကိုငုံ့ကြည့်လိုက်မိတယ်။နောက်တော့ဖိုးဇင်ကို လည်ပြန်ကြည့်လိုက်ပြီး ပြန်ဖြေလိုက်တယ်။ " အင်း...ညာခြေထောက်က မသန်သလိုဖြစ်သွားတာဟ..လမ်းလျှောက်လိုက်ရင် ထိန်းပြီးတော့လျှောက်လဲခြေတစ်ဖက်ဆာနေသလိုဖြစ်သွားတာ..ကျိုးတော့မကျိုးပါဘူးဟာ " တပေါင်းရဲ့အဖြေစကားကြောင့် ဖိုးဇင်ငိုင်တွေသွားရတယ်။ " ငါအလုပ်လုပ်ရင်...နင့်ခြေထောက်ကိုဆေးကုပေးမယ်နော်တပေါင်း... နင်အားမငယ်နဲ့သိလား..." " အေး...ကျေးဇူးပါပဲဟာ ..ငါသွားတော့မယ်ဖိုးဇင်..နင်လဲသွားတော့လေ...တော်ကြာနောက်ကျလို့ အရိုက်ခံနေရအုံးမယ် " တပေါင်းကပြောပြပြီးတာနဲ့ ခြေထောက်တစ်ဖက်ကို ဆာတာဆာတာနင်းပြီး ထွက်လာခဲ့တယ်။ ကျောခိုင်းသွားတဲ့ တပေါင်းကိုကြည့်ပြီး ဖိုးဇင်နေရာမှာငူငူကြီးရပ်နေမိတယ်။ ~~~~~~~~~~~ " လာစမ်း...လာစမ်း ....‌ေ*သနာလေး...အလုပ်ခိုင်းလိုက်ရင် ပေါ်မလာတော့ဘူး..လမ်းမှာ ဟိုအဇာတသတ်မနဲ့စကားရပ်ပြောနေတယ်ဆို ဟုတ်လား ...ဘာလဲ... နင်ကပါ အဲ့ဒီဟာမလိုမျိုး မိဘကိုပြန်ခံသတ်ချင်နေတာလား ..ဟုတ်လား...ဒီလောက်ဖြစ်နေတာ သ//တ်လေ...လာသ*တ်စမ်း ..နင်မသတ်ရင် နင့်ကို ငါသ*တ်ပြမယ် " နှုတ်ကပြောရင်းနဲ့ကြက်သွန်လှီးတဲ့ ဓ///ါးကိုကိုင်ကာဆိုင်ထဲကထွက်လာတဲ့ မိခင်ဖြစ်သူကို ဖိုးဇင်ကြောင်ငေးကြည့်နေမိတယ်။ဆိုင်နီးနားချင်းတွေနဲ့ မုန့်ထိုင်စားနေကြသူတွေလဲ ဝင်မဆွဲရဲဘဲ ကြောင်ငေးကြည့်နေခဲ့ကြတယ်။ မအေးလှိုင်က ဒေါသနဲ့ထွက်လာရင်း သားဖြစ်သူဆီကိုသွားလိုက်တယ်။ " ဟဲ့ ...အေးလှိုင် ..နင့်လက်ထဲက ဓ/**ါးကိုချလိုက်စမ်း..လက်လွန်ခြေလွန်ဖြစ်ကုန်မယ် " ခပ်လှမ်းလှမ်းဈေးဆိုင်က လူကြီးတစ်ယောက်က လှမ်းအော်တယ်။မအေးလှိုင်က ဂရုမစိုက်ဘဲ ပိုပြီးဒေါသထွက်သွားတယ်။ဒေါသနဲ့ဖိုးဇင်ဆီကို ဆက်သွားတယ်။ကိုယ့်သားသမီးကို ကိုယ့်ဘာသာဆုံးမနေတာကို ပတ်ဝန်းကျင်ကဝင်ပြောတော့ မအေးလှိုင်ဒေါသပိုထွက်သွဒးတယ်။ဒါကြောင့်လက်ကိုမြှောက်လိုက်ပြီး ဖိုးဇင်ကို Dar နဲ့လှမ်းပေါက်လိုက်တယ်။ ပထမတော့ ဖိုးဇင်လဲ မိခင်ကိုကြောင်ငေးကြည့်နေပြီးတော့မှ သတိဝင်လာပြီးတော့ လက်ထဲဆွဲလာတဲ့အထုပ်ကို ပစ်ချပြီးထွက်ပြေးတော့တယ်။ " ဟင် ...‌ေ*/သနာလေး ဘယ်ပြေးတာလဲ...ပြန်လာခဲ့စမ်း...ငါလိုက်လို့ မိလို့်ကတော့ နင့်ကို အ‌ေ//သသ//တ်မှာ ...ပြေစမ်း...ပြေး..လွှတ်အောင်ပြေးစမ်းဟဲ့ " မအေးလှိုင် အော်ဟစ်ဆဲဆိုလိုက်ရင်းက အနီးကထင်ချောင်းတစ်ချောင်းကိုကောက်ပြီး ဖိုးဇင်ကိုလှမ်းပစ်လိုက်တယ်။ပြီးတော့ ထဘီကိုခပ်တိုတိုဝတ်ပြီး ဖိုးဇင်နောက်ကိုပြေးလိုက်တယ်။ ဖိုးဇင်ကတော့ နောက်ကိုလှည့်မကြည့်ဘဲခြေကုန်ပြေးတော့တယ်။ ~~~~~~~~~~~~ " ငါ့သားသမီးကလွဲပြီး ဘယ်သူမှအရေးမပါဘူး ...ငါမွေးထားတာလဲ မဟုတ်ဘူး....ငါ့ကြောင့်လဲဖြစ်တာမဟုတ်ဘူးဟ...ငါ့သားသမီးတွေကို ငါဘယ်လိုထားလဲနင်သိပါတယ်...ငါအရက်သောက်ချင်တာတောင်် ...ငါ့သားသမီးတွေစားဖို့ ဖယ်ပြီးမှ သောက်တာ...ငါ့သားသမီးတွေကို ရို//က်နှက်ဖို့နေနေသာသာ လက်ဖျားလေးနဲ့တောင်ထိတာမဟုတ်ဘူး...အေး ..ငါ့သားသမီးတွေစားဖို့ငါ့ရှာနေတာကို ...တခြားသူကိုဖဲ့ကျွေးဖဲ့ပေးနေရတယ်ဆိုရင်တော့ ငါကသည်းခံနေမှာမဟုတ်ဘူးနော် အေးခင် "

#ရင်တွင်းနာ (အခန်းဆက်ဝတ္ထု) အပိုင်း (၆) akyiphyu *********** " အဲ့ဒီတော့..... ဦးလေးတို့က ..ဘယ်လိုကူညီပေးရမှာလဲဆိုတာကို ပြောပါမအေးခင် " " ဟုတ်ကဲ့ ....ကလေးကိုဆေးရုံတင်ပြီးကုသပေးဖို့ သူ့အဖေအောင်မင်းကို ပြောပေးစေချင်တာပါ ဥက္ကဌကြီး ........မကြာခင်မှာကလေးကလဲ အပျိုပေါက်လေးဖြစ်လာတော့မှာမဟုတ်လား... ..ပြီးတော့ ဒီလကုန်ရင်ကျောင်းတွေပြန်ဖွင့်ပါပြီရှင်....အဲ့ဒါကလေးကျောင်းတက်ဖို့ကိစ္စလဲသိချင်ပါတယ်.....တကယ်လို့် သူတို့ခေါ်မထားနိုင်ဘူးဆိုရင်လဲ ... စားစရိတ်ပဲထောက်ပံ့ပေးဖို ပြောပေးပါရှင်...ဘာလို့လဲဆိုတော့ ကျွန်မကလေးတွေကလဲ ...သုံးယောက်လုံးကျောင်းသားတွေပါ.....သမီးအကြီးမလေးကတက္ကသိုလ်တက်နေတာပါ.....ဒါကြောင့်မို့ လေးယောက်စရိတ်ကိုမနိုင်လို့ပါ " " ဟုတ်ပါပြီကွယ်...သူ့အဖေကို... ဦးလေးတို့ အမြန်ဆုံးခေါ်ပြောလိုက်ပါ့မယ်..အောင်မင်းလဲဆေးရုံကဆင်းလာပါပြီ...ခွဲစိတ်ထားတဲ့ဒဏ်ရာကျက်အောင် တစ်လလောက်အနားယူရမယ်ဆိုလို့် အိမ်မှာရှိပါတယ်...ဦးလေးတို့ သူ့ကိုခေါ်ပြီး သူ့သဘောထားကိုမေးကြည့်လိုက်ပါ့မယ်...ပြီးရင် ညည်းတို့ဆီကိုအကြောင်းကြားပေးမယ် ဟုတ်ပြီလား " "ဟုတ်ကဲ့ ..ကျေးဇူးတင်ပါတယ် ဥက္ကဌကြီး ....ကျွန်မတို့ကို ပြန်ခွင့်ပြုပါအုံး " တပေါင်းနဲ့ ကြီးကြီးတို့ ရပ်ကွက်ရုံးထဲကပြန်ထွက်လာတော့ ရပ်ကွက်ထဲကလူတစ်ချို့က တပေါင်းတို့ကိုလှမ်းကြည့်ပြီး မကြားတကြားလှမ်းပြောကြတဲ့အသံတွေကို ကြားလိုက်ရတယ်။ " အဲ့ဒါ ..တပေါင်းမဟုတ်လား...ဖအေကိုဖန်ကွဲစနဲ့ထိုးတဲ့ကောင်မလေးလေ....သူ့ခြေထောက်ကဘာဖြစ်တာလဲ ...ကြည့်ရတာ မိဘကိုပြစ်မှားတော့ ကံကြီးထိုက်တာဖြစ်မယ် " " ဟုတ်မယ်..ကြည့်ရတာခြေတစ်ဖက်မသန်သလိုဖြစ်သွားတာထင်တယ် ....အင်း...မိဘစော်ကားတဲ့ကံက သိပ်ကြောက်ဖို့ကောင်းတာပဲ...ဖအေကြီးက သူလုပ်လိုက်တာကြောင့် ခွဲစိတ်မှုလုပ်လိုက်ရပြီး ... ဟိုရက်ကမှ ဆေးရုံကဆင်းလာတာ...သူ့ခြေထောက်က အကောင်းကြီးကနေ ချက်ချင်းကိုထဖြစ်တာပဲ " " ဟုတ်တယ်...ဒီခေတ်ကလေးတွေကို ဒါကိုပြရမယ်..သူတို့ကလက်တွေ့မကြုံဖူးတော့ လူကြီးတွေကိုပြန်ခံပက်ချင်နေကြတာ...အဲ့ဒီကောင်မလေးဆိုရင် ဘာလုပ်ရလို့လဲ ...သိန်းနုပြောတာကတော့ ...ထမင်းဟင်းလဲသိန်းနုချက်သွားတာတဲ့...အဝတ်တွေဆိုလဲ နေ့လယ်နေ့ခင်းမှာသိန်နုကပြန်လျှော်တာတဲ့လေ..သူလုပ်ရာတာကလေးထိန်းရတာပဲရှိတာတဲ့လေ...ဒါကိုကလေးမှာလဲ ဒဏ်ရာတွေအမြဲရနေတယ်ဆိုလားပဲ...ကလေးပစ်ထားပြီး အမြဲလိုက်ဆော့နေတာတဲ့လေ....ဒါကြောင့်လဲ သူ့အဖေအလုပ်ကပြန်လာရင် မောမောနဲ့ဆူတာပေါ့...ပြောရရင် မိထွေးကမဆူအောင်... ဖအေကဆူပြတဲ့သဘောနေမှာပါဟယ် ...ဒီအကြောင်းတွေကို သေချာမသိကြဘဲ..တချို့က ဖအေကပဲနှိ/ပ်စက်နေတာဆိုပြီး ထင်ရာမြင်ရာပြောနေတဲ့သူတွေလဲရှိသေးတယ် " " ဟုတ်ပတော်...ထင်လဲထင်ချင်စရာပဲလေ..တစ်ခါတစ်ခါ ..အဲ့ဒီကောင်မလေးနဲ့ အသံပြဲကြီးနဲ့ ရွာရိုးကိုးပေါက်လျှောက်ပြေပြီး ..ကယ်/ကြပါအုံးအော်နေတာကိုအေ " ပြောနေကြတဲ့စကားသံတွေက တပေါင်းရဲ့နားထဲအထိပျံ့လွင့်ရောက်ရှိလာခဲ့တယ်။ကြီးတော်ဖြစ်သူကတော့ စကားသံတွေကို မကြားပါ။တပေါင်းကိုနောက်မှ ဖြည်းဖြည်းလိုက်ခဲ့လို့်ပြောကာ ရှေ့မှ ပြန်နှင့်ပြီလေ။တပေါင်း ခေါင်းကိုငုံ့ကာ မကြားသလိုဘဲ လျှောက်လာခဲ့လိုက်တယ်။ ~~~~~~~~~~~ " တပေါင်း..တပေါင်း နေပါအုံးဟ " ခေါ်သံကြောင့် တပေါင်း ခေါင်းမော့ကြည်လိုက်တော့ ဖိုးဇင်ကိုတွေ့လိုက်ရတာမို့ နေရာမှာရပ်ပြီးစောင့်နေလိုက်တယ်။ " တပေါင်း ...နင်နေကောင်းရဲ့လား...နင့်တို့ကြီးကြီးအိမ်မှာ သွားနေတာဆို...နင်အဆင်ပြေတယ်မဟုတ်လား...နင့်အ်မ်မှာလို အရို//က်မခံရဘူးမဟုတ်လား...." ဖိုးဇင်ကမေးခွန်းတွေတရစပ်မေးလိုက်ရင်းနဲ့ တပေါင်းလက်ကိုဝမ်းသာအားရဆုပ်ကိုင်လိုက်မိတယ်။ " နင်အရို/က်မခံရတော့ဘူးဆိုရင် ဝမ်းသာတယ်ဟာ...နင်တို့ကြီးကြီးအိမ်မှာပဲ... နင်နေလိုက်တော့ ...နင့်အဖေဆီကိုပြန်မလာနဲတော့ သိလား....ဘာပဲဖြစ်ဖြစ်ဟာ ဘယ်လောက်ပင်ပန်းတဲ့အလုပ်ပဲလုပ်ရပါစေ...လူကြားထဲမှာအရို/က်မခံရရင်အဆင်ပြေပါတယ်ဟာ..." ဖိုးဇင်ရဲ့စကားကို တပေါင်းပြန်မဖြေမိဘဲ ဖိုးဇင်ကိုငေးကြည့်နေမိပြီးမှ ခပ်တိုးတိုးပြန်မေးလိုက်မိတယ်။ " နင်ရော... အမြဲအရို//က်ခံနေရတုန်းပဲလားဖိုးဇင် " တပေါင်းရဲ့အမေးကြောင့် ဖိုးဇင်မျက်နှာလေးမဲ့ကျသွားရပြီး ခပ်တိုးတိုးပြန်ဖြေလိုက်တယ်။ " ရို//က်တာပေါ့ တပေါင်းရယ်...အရင်ကထက်တောင် ပိုရိုက်လာသေးတယ်...ငါ့အမေက ... ငါလဲ ...နင်လို့မျိုးမိဘကိုပြန်လုပ်မှာကိုကြောက်နေတာထင်တယ်.....ငါကမလုပ်ရဲပါဘူးဟာ...ငါ့အမေကနင့်အဖေထက်တောင်ဆိုးသေးတာ...သူကစိတ်ဆိုးလာရင်...သူ့နားမှာရှိသမျှပစ္စည်းတွေနဲ့ပစ်ပေါက်တာဟ...အဲ့ဒီပစ္စည်းတွေထဲမှာ ဓ//ါ'းတွေ...ကတ်//ကြေးတွေနဲ့ငရုတ်ကျည်ပွေ့လိုဟာမျိုးတွေလဲပါတယ်....ပြီးတော့ မနက်မနက်ကျရင် ...ငါ့ကိုနှိုးရခက်ရင်လဲ ...ရေလောင်းပြီးနှိုးတယ်...တံမြတ်စည်းရိုးနဲ့ရို/က်ပြီနှိုးတာဟ....ရေတိုင်ကိထဲမှာခေါင်းကိုလဲ နှစ်သေးတာ...ဘာပဲဖြစ်ဖြစ်ဟာ...ငါ့က အမေ့ကိုပြန်လုပ်လိုက်မိရင် ..ငါ့ကိုငါ့အမေကထောင်ချမှာ...အဲဒိလိုဆိုရင်ငါ့အစားကို ငါ့ညီမလေးနဲ့ငါ့ညီလေးတွေ

" အိုတော်...ဟုတ်တယ်လေ...ဟိုကောင်အောင်မင်း ဆေးရုံးကဆင်းတဲ့အထိပါပဲ..သူကဘယ်နေ့ဆင်းမယ်မှန်းမှမသိတာ...တွေ့ရာထည့်ပေးလိုက်တာနေမှာပေါ့တော်.....ကျွန်မတူမလေးက ချက်တတ်ပြုတ်တတ်လျှော်တတ်ဖွပ်တတ်ပါတယ်တော်...အိမ်အတွက်အကူအညီရမှာပါ ...ဘာဖြစ်နေတာလဲ " မအေးခင်ပြောမဲ့သာပြောလိုက်ရပေမဲ့ ငွေကြေးနဲ့ပတ်သက်လာရင် ကပ်စေးနှဲလွန်းတဲ့ယောက်ျားဖြစ်သူအကြောင်းကိုသိနေတာမို့ သက်ပြင်းချလိုက်မိတယ်။ဘယ်လိုပဲဖြစ်ဖြစ် တပေါင်းလေးက ညီမအရင်းကမွေးထားတဲ့သွေးရင်းသားရင်းမို့် စိတ်ထဲမကောင်းဖြစ်မိတာတော့အမှန်ပါပဲ။ " အေး...ပြီးတာပဲ ...နောက်မှ ရှုပ်ရှုပ်ယှက်ယှက်အသံတွေမကြားချင်ဘူးနော်...ဒီခေတ်ကြီးထဲမျာ လူတစ်ယောက်ရဲ့စားစရိတ်ကနည်းတာမဟုတ်ဘူး ...ဒါပဲပြောမယ် " " ဟုတ်ပါပြီတော် ..တပေါင်းရေနင့်အဝတ်ထုပ်လာယူ " ကြီးတော်ဖြစ်သူရဲ့အော်ပြောလိုက်သံကြောင့် တပေါင်းမီးဖိုခန်းထဲကနေခြေကိုတရွတ်ဆွဲကာ ထလာခဲ့ပြီး ခေါင်းကိုငုံ့ကာအိမ်ရှေ့ကို ထွက်လာခဲ့တယ်။အိမ်ရှေ့ရောက်တော့ ကြိးတော်ဖြစ်သူရဲ့ယောက်ျားရှေ့ကဖြတ်သွားချိန်မှာ သူမကိုများထရိုက်လိုက်မလားဆိုပြိး အသားတွေတဆတ်ဆတ်တုန်နေခဲ့မိတယ်။ ~~~~~~~~~~~~~ " တပေါင်းရယ် ညည်းလဲဒုက္ခပါပဲအေ...ခြေထောက်က အရောင်လဲမရှိတော့ပါဘူး..ဒါကိုဘာလို့ခြေတစ်ဖက်ဆွဲပြီးလျှောက်နေရတာလဲ ...ညည်းအဲ့ဒီလိုလမ်းလျှောက်နေတော့ ...နင့်အစ်မနှစ်ယောက်ကရှက်လို့်တဲ့အေ....လာစမ်းပါအေ...ကုသိုလ်ဖြစ်ဆေးခန်းကိုလိုက်ပြပေးပါအုံးမယ်...ညည်းပထွေးလဲ... ဖြစ်တာကနည်းနည်းကို ...အနားယူလို့မပြီးနိုင်တော့ဘူးလားမသိဘူး " ကြီးတော်ဖြစ်သူရဲ့စကားကြောင့် တပေါင်းကိုယ့်ခြေထောက်ကိုယ် ငုံ့ကြည့်လိုက်မိတယ်။နှစ်ပတ်အတွင်းမှာ ဆရာမလေးပေးလိုက်တဲ့ဆေး‌တွေကိုသောက်လဲသောက်အနာထဲလဲပုံမှန်ထည့်တာမို့ ခြေထောက်က ရောင်တာနာတာလုံးဝမရှိတော့ဘဲ သက်သာနေပြီဖြစ်ပေမဲ့ အရင်ကလိုလမ်းပြန်မလျှောက်နိုင်တော့ဘူး။လမ်းလျှောက်ရင် ညာဘက်ခြေထောက်ကခြေတစ်ဖက်သိမ်နေသလိုမျိုး ထောနဲ့တေနဲ့ဖြစ်နေခဲ့တယ်။ဒီပုံစံကို ကြီးတော်ရဲ့ယောက်ျားရော အစ်မဝမ်းကွဲနှစ်ယောက်ကပါ သဘောမကျမှန်းသိတာမို့ တပေါင်းလဲတတ်နိုင်သလောက်ကြိုးစားပြီးထိန်းခဲ့ပေမဲ့ ခြေတစ်ဖက်သိမ်သလိုဖြစ်နေခဲ့တာလေ။ ~~~~~~~~~~~ " ခြေထောက်က ဒဏ်လိုဖြစ်သွားခဲ့တာ ...ဖြစ်နိုင်ရင်တော့ အရိုးအကြောဆေးရုံသွားပြစေချင်တယ်..အသက်ငယ်သေးတော့ ဆရာဝန်တွေညွှန်ကြားတဲ့အတိုင်းလိုက်နာရင် ..ပြန်ကောင်းနိုင်ခြေရှိပါသေးတယ်...မကုဘဲဒီတိုင်းထားရင်တော့ ..ဒီနေရာလေးကသိမ်နေသလိုဖြစ်သွားပြီး ...တစ်သက်လုံးဒီပုံစံမျိုးနဲ့ပဲနေရလိမ့်မယ် " ဆရာမလေးရဲ့စကားကြောင့် မအေးခင်မှိုင်တွေသွားမိတယ်။သူမအခြေအနေနဲ့ ဆေးရုံသွားပြပေးဖို့နေနေသာသာ ဆေးခန်းပြဖို့ငွေတောင်မရှိတာမို့ ရပ်ကွက်ကျော်ပြီး တောင် ကုသိုလ်ဖြစ်အခမဲ့ဆေးခန်းကိုလာပြရတာလေ။ဒီဆေးခန်းက ဆေးဖိုးကစေတနာကြေးပဲအလှူငွေထည့်ရတာလေ။ တပေါင်းကတော့ ဆရာမလေးရဲ့စကားကိုကြားပေမဲ့ ရင်ထဲမှာ ဘာမှမခံစားရဘူး။ခြေတစ်ဖက်မသန်ဖြစ်သွားမယ်တဲ့။အသက်ရှင်နေရတာ င/ရဲလိုမျိုးခံစားနေရချိန်မှာ ခြေတစ်ဖက်မသန်တဲ့ဘဝရောက်သွားတာက အထူးတလည်ဝမ်းနည်းစရာမှမဟုတ်တော့တာ။ရောင်ကိုင်းနေပြီး ပြည်တွေပြည့်နေတဲ့ ခြေထောက်တစ်ဖက်ကိုတရွတ်ဆွဲပြီး ထမင်းချက်အဝတ်လျှော် ၊အိမ်အလုပ်တွေလဲလုပ်ဖူးခဲ့တာပဲလေ။အခုမှတော့ ဘာထူးဆန်းတော့မှာမို့ လို့်လဲ။ တပေါင်းတို့ဆေးခန်းကပြန်ခဲ့ကြတော့ ကြီးကြီးကသူတို့အိမ်ဘက်ကိုမပြန်ဘဲ တပေါင်းတို့ရပ်ကွက်ရဲ့ရပ်ကွက်ရုံးဘက်ကို ဦးတည်သွားတာမို့ တပေါင်းလန့်ဖျပ်သွားမိတယ်။မေးလဲမမေးရဲဘဲ ကြီးကြီးနောက်ကနေ တွန့်ဆုတ်ဆုတ်နဲ့လိုက်လာခဲ့မိတယ်။ " ဟဲ့ ..တပေါင်းရယ် လာစမ်းပါအေ.....ညည်းလမ်းမလျှောက်နိုင်တော့ဘူးလား...အလာတုန်းက ဒီထက်မြန်ပါတယ်အေ...တော်ကြာ ... အိမ်မှာ ညည်းဘကြိးပြန်ရောက်နေခဲ့ရင် အစအဆုံးရှင်းပြနေရအုံးမယ် ...မြန်မြန်လာစမ်းပါအေ" ကြီးတော်ဖြစ်သူက နောက်ကိုလှည့်ကြည့်ပြိးစိတ်ရှုပ်သလိုပြောလာတာမို့ တပေါင်းလဲ ညာခြေထောက်ကို ‌ထော့ကာထော့ကာနင်းပြီး နောက်ကအမြန်လိုက်သွားလိုက်တယ်။ ================================== အပိုင်း (၆)ဆက်ရန် #AKyiPhyu #ဧကြည်ဖြူ (၁) https://www.facebook.com/100067151540690/posts/734556598792718/ J https://www.facebook.com/100067151540690/posts/735119455403099/https://www.facebook.com/100067151540690/posts/735674495347595/https://www.facebook.com/100067151540690/posts/736235605291484/

" ဖိုးဇင် ....tသနာလေး .. ငါခေါ်နေတာကို မကြားဘူးလားဟဲ့ ...ဘာလဲ... နင်ကမအေကို ပမာမခန့်လုပ်တာလား ...ဂရုမစိုက်တဲ့အချိုးလား ..." " ဒေါင် " ဒေါသနဲ့ အော်သံကြားလို့ ဖိုးဇင်လှမ်းကြည့်လိုက်ချိန်မှာ နောက်ကျသွားခဲ့ပြီ။မိခင်ဖြစ်သူ ပစ်လိုက်တဲ့လင်ဗန်းက ဖိုးဇင်ရဲ့ နဖူးပြင်ကိုဒေါင်ခနဲထိမှန်သွားတယ်။လင်ဗန်းက အရှိန်ပါတော့ နဖူးပြင်တစ်ခုလုံး နာကျင်ကျိန်းစက်သွားပြီး လူကပါနောက်ကို ယိုင်ခနဲဖြစ်သွားတယ်။လူကယိုင်ခနဲဖြစ်သွားချိန်မှာ ကံဆိုးချင်တော့ ခွါထားတဲ့ ကြက်သွန်ဖြူဇကာက မြေပြင်ပေါ် ဘုတ်ခနဲပြုတ်ကျသွားတယ်။ " အမယ်လေး ....ကုန်ပါပြီ ..ကုန်ပါပြီဟဲ့ ...ငနွားလေးရဲ့ ...ဘာခိုင်းခိုင်းအချိုးကို မပြေဘူး ....နင်ရှာထားတဲ့ငွေ ဘယ်နှစ်ပြားရှိလို့ ...ဖြုန်းတီးနေရတာလဲ ...ကဲဟယ် .. ဖြုန်းအုံး ..ဖြုန်းတီးချင်အုံး ..အလုပ်ထဲကိုစိတ်မှမပါတာ ...ခေါ် မကြားအော်မကြားနဲ့ အလေလိုက်ဖို့ပဲ တွေးနေတာ " " ဖြန်း ..ဖြန်း " မအေးလှိုင်က စိတ်တိုဒေါသထွက်သွားပြီး မီးဖိုဘေးက ထင်းတစ်ချောင်းကို ကောက်ယူကာ ဖိုးဇင်ကိုသုံးလေးချက်ဆင့်ပြီး ရို*က်ပစ်လိုက်တယ်။ " တော်ပါတော့ အေးလှိုင်ရယ် ... သူလဲ လုပ်ရရှာပါတယ်ဟယ် " အအေးဆိုင်က မိန်းမကြီးက မအေးလှိုင်ကို လှမ်းတားတယ်။ဒီအခါ မအေးလှိုင်က သားဖြစ်သူရဲ့ကျောပြင်ကို ထပ်ရို**က်လိုက်ပြီး " အစ်မတို့ မသိပါဘူး...ဒီကောင်လေးက နှိမ်ထားမှရမှာ ..လွှတ်ထားလိုက်ရင်...သူလဲ ဟိုဟာမလေးလို ...မိဘကိုပြန်သ*တ်မဲ့အချိုး ... တစ်နေ့တစ်နေ့မိဘတွေကယားလို့တောင်မကုက်အားဘူး...သူကတော့... ဆော့ဖို့်နဲ့အလေလိုက်ဖို့လောက်တွေးနေတာ...ထမင်းတစ်ဝမ်းကို အေးအေးဆေးဆေးစားနေရလို့ ......ဘဝမနာဘူးဖြစ်နေတာ ...သူများတွေလို ခိုင်းစားမှတော်ကာကျမှာ " မအေးလှိုင်ကဒေါသတကြီးပြောရင်းနဲ့ ဖိုးဇင်ကိုမကျေနိုင်မချမ်းနိုင်နဲ့ရိုက်နေတာမို့ အအေးဆိုင်ကမိန်းမကြိးလဲ ဘာမှထပ်မပြောတော့ဘဲ ပါးစပ်ပိတ်သွားတယ်။သူထပ်ပြောရင်လဲ မအေးလှိုင်ရဲ့အဆဲအဆိုကိုခံရတော့မှာလေ။မအေးလှိုင်ဆိုတာက သာသမီးကိုအဆုံးအမကြမ်းသူအဖြစ် ဈေးလေးထဲမှာနာမည်ကြီးနေတဲ့သူ။သူ့သားသမိးကို သူဆုံးမနေရင် ဘယ်သူဝင်တားဝင်ပြောတာကိုမှ မကြိုက်ဘူး။ဝင်ပြောတဲ့သူရှိရင်လဲ ဆဲဆိုလွှတ်တဲ့အပြင် သားဖြစ်သူကိုပါ ရွှဲ့ပြီးပိုရို///က်တတ်တဲ့အကျင့်ရှိတယ်။ဒါကြောင့် မအေးလှိုင်တို့မိသားစုကိစ္စမှာ ဘယ်သူမှဝင်ပါလေ့မရှိကြဘူး။ " နင်ကြပ်ကြပ်သတိထားနော် ဖိုးဇင်...ငါ့ဒေါသကိုမဆွနဲ့....ထမင်းဝအောင်စားနေရလို့် လူပါးမဝနဲ့....နင့်ကို အရိပ်ထဲမှာခိုင်းနေတာနော်....ငါ့လိုမိဘကိုရလို့ နင်ကံကောင်းနေတယ်မှတ်..." မအေးလှိုူင်က အော်ကြီးဟစ်ကျယ်ပြောရင်း ဖိုးဇင်းရဲ့ခေါင်းကို ခေါက်လိုက်ပြန်တယ်။ဖိုးဇင်တစ်ကိုယ်လုံး ‌ေ*သလုမတတ်နာကျင်နေပေမဲ့ မိခင်ကိုမော့တောင်မကြည့်ရဲဘူး။ဒီလိုအချိန်မှာ မော့ကြည့်လိုက်ရင်လဲ ဖိုးဇင်ရဲဘဝကမတွေးရဲစရာဖြစ်သွားမယ်။တစ်ကိုယ်လုံး အရိုးတွေကျိုးသွားအောင် အရို//က်ခံနေရရင်တောင် မျက်ရည်တစ်စက်မကျဘဲ ထုရိုက်သမျှကိုငြိမ်ခံနေရမှာက ဖိုးဇင်ရဲ့တာဝန်ပါ။တကယ်တော့ ဖိုးဇင်မှာကျစရာမျက်ရည်တွေလဲ မရှိတော့ပါဘူး။တစ်နေ့တစ်နေ့ မိခင်ရိုဲက်တာက လွှတ်အောင်နေဖို့ဆိုတာက ဖိုးဇင်အတွက်တော့ အခက်ခဲဆုံး ကိစ္စတစ်ခုပါပဲ။အစားစားနေရင်းနဲ့လဲရိုက်၊အလုပ်လုပ်ပေးနေရင်းနဲ့လဲရို*/က်၊ဈေးခိုင်းလို့်နောက်ကျရင်လဲရို//က်၊တစ်ယောက်ယောက်နဲ့စကားပြောနေရင်းနဲလဲရိုက်။သေချာတာက ဘယ်အချိန်ထရိုက်လိုက်မလဲလို့် တွေးပူပြီး သတိထားလုပ်နေရင်းက အရို//က်ခံနေရတာမို့် ဖိုးဇင်ခန္ဓာကိုယ်အနှံ့မှာလဲ ဒဏ်ရာအမာရွတ်တွေနဲ့ပြည့်နေခဲ့တယ်လေ။ ~~~~~~~~~~ " ဟဲ့....ဒါက ဘာတွေလဲ " ဆိုက်ကားကိုခြံဝမှာရပ်ခဲ့ပြီး ကြွပ်ကြွပ်အိတ်အမည်းရောင်နဲ့ထုပ်ထားတဲ့အထုပ်တစ်ထုပ်ကိုဆွဲပြီးဝင်လာတဲ့ ဆိုက်ကားဆရာကို မအေးခင်က လှမ်းမေးလိုက်တယ်။ " ဟိုဘက်ရပ်ကွက်က မသိန်းနုပို့ခိုင်းလိုက်တာပါ.." ဆိုက်ကားဆရာကပြောပြီးတာနဲ့ အိမ်ရှေ့ ဖိနပ်ချွတ်ပေါ် အထုပ်ကိုတင်ပြီး ခပ်မြန်မြန်ပြန်ထွက်သွားတယ်။မှောင်ရီဖျိုးဖျအချိန်ဖြစ်နေပြီမို့် မအေးခင်ရဲ့ယောက်ျားလဲ အလုပ်ကပြန်ရောက်နေခဲ့ပြီဖြစ်တယ်။မအေးခင်ယောက်ျားက အထုပ်ကိုလှမ်းကြည့်တယ်။မအေးခင်က အထုပ်ကိုမဝံ့မရဲဖွင့်ကြည့်လိုက်ရင်း ထင်ထားတဲ့အတိုင်း တပေါင်းရဲ့အဝတ်အစားအချို့ကိုတွေ့လိုက်ရတော့ မျက်စိမျက်နှာပျက်သွားမိတယ်။ " ဘာထုပ်ကြီးလဲ အေးခင်... " ယောက်ျားဖြစ်သူရဲ့မေးသံထွက်ပေါ်လာတာမို့ မအေးခင်မဖြေလို့မရတော့ဘူး။တော်ကြာ ယောကျ်ားကဆိုးဆိုးဆတ်ဆတ်နဲ့လှမ်းလောကြည့်လိုက်မှ ပိုပြီးစိတ်တိုသွားမယ်လေ။ " ဟို..ဟို...တပေါင်းအဝတ်တွေပါ...သိန်းနုပို့ခိုင်းလိုက်တာတဲ့ " " ဘာကွ...မင်းပြောတော့...သူကတစ်ရက်နှစ်ရက်ပဲနေမှာဆို...အဝတ်ထုပ်ကမသေးပါလား " ယောကျ်ားဖြစ်သူရဲ့မကျေမနပ်ပြောသံကြောင့် မအေးခင်စိတ်ရှုပ်သွားရတယ်။

#ရင်တွင်းနာ (အခန်းဆက်ဝတ္ထု) အပိုင်း (၅) akyiphyu ************ "ကဲပါလေ ... ဟုတ်ပါပြီ ...ဦးလေးတို့ ပြောတာကိုလဲ သေချာနားထောင်ပါအုံးကွယ် ....ကလေးကို တစ်သက်လုံး တာဝန်ယူခိုင်းတာလဲ မဟုတ်ပါဘူး....ကလေးအဖေ ဆေးရုံကဆင်းလာတဲ့အချိန်အထိပါပဲ...သိပ်လဲမကြာလောက်ပါဘူး ...အခုက အောင်မင်းမိန်းမသိန်းနုကလဲဆေးရုံမှာပဲလူနာစောင့်နေတာဆိုတော့ ...အိမ်မှာကလေးတစ်ယောက်တည်း ဖြစ်နေလို့ပါ ...ငါ့တူမရဲ့ညီမရင်းက မွေးထားခဲ့တဲ့ ကလေးပဲကွယ် ... ခဏတစ်ဖြုတ်စောင့်ရှောက်ပေးထားစေချင်တယ် " ဥက္ကကြီးရဲ့စကားကြောင့် တပေါင်းရဲ့ကြီးတော်ဖြစ်တဲ့ မအေးခင်တစ်ယောက် မကျေနပ်ပေမဲ့ ငြိမ်သက်သွားခဲ့တယ်။ တပေါင်းကတော့ ဥက္ကဌကြီးနဲ့ ကြီးတော်ဖြစ်သူတို့ စကားပြောနေတာကို ဘာမှဝင်မပြောဘဲ ဘေးကနေထိုင်ကြည့်နေခဲ့တယ်။ဥက္ကဋ္ဌကြီးနဲ့ ကြီးတော်ဖြစ်သူတို့အတော်ကြာစကားပြောပြီးချိန်မှာတော့ ကြီးတော်ရဲ့အိမ်ကို တပေါင်းလိုက်ခွင့်ရသွားခဲ့တယ်။ ကြီးတော်ဖြစ်သူနောက်ကို လိုက်သွားဖို့ရန် တပေါင်း မတ်တတ်ထရပ်လိုက်တယ်။ပြီးတော့ ရုံးခန်းထဲမှာကျန်ခဲ့တဲ့ ကောင်လေးကို လှည့်ကြည့်လိုက်မိတယ်။ကောင်လေးက သူမကိုပြုံးပြပြီး လက်ဝှေ့ယမ်းပြတယ်။တပေါင်းသူ့ကို ပြန်မပြုံးပြမိပါဘူး။သူကကြိုးနဲ့ချည်ခံထားရတဲ့ကြားက ပြုံးပြနိုင်ပေမဲ့ တပေါင်းမပြုံးနိုင်ပါဘူး။ပြုံးချင်စိတ်လဲမရှိပါဘူး။ဒါကြောင့်လဲ သူမကိုပြုံးရယ်ပြနေတဲ့ကောင်လေးကိုသာ ခပ်ကြောင််ကြောင်နဲ့ငေးကြည့်နေမိရင်း ကောင်လေးရဲ့ ညာဘက်နားရွက်ပေါ်က မှဲ့စိမ်းလေးကို အဓိပ္ပါယ်မဲ့စူးစိုက်ကြည့်နေမိတယ်။ " တပေါင်းလာလေ ..သွားမယ် ....ဘာရပ်လုပ်နေတာလဲ " ကြီးကြီးရဲ့အော်သံကိုကြားလိုက်ရမှ ကောင်လေးကို ကြည့်နေမိရာက တပေါင်းမျက်နှာလွှဲလိုက်ပြီး ကြီးကြီးနောက်ကို လိုက်ဖို့ပြင်လိုက်တယ်။ကောင်လေးကို ကျောခိုင်းပြီး တပေါင်းလှည့်အထွက်မှာ ညာဘက်ခြေချင်းဝတ်ကနာတဲ့အရှိန်ရယ်ကြောင့် လမ်းလျှောက်တဲ့အခါမှာ ခြေတစ်ဖက်သိမ်သလိုဖြစ်ပြီး ခြေထောက်ကတရွတ်ဆွဲနေခဲ့တယ်။ " ဟဲ့ ...နင့် ခြေထောက်ကဘာဖြစ်တာလဲ တပေါင်းရဲ့ " မအေးခင်က တပေါင်းကိုကြည့်ပြီး အထိတ်တလန့်နဲ့ မေးလိုက်တယ်။ ကြီးတော်ဖြစ်သူမေးတာကို တပေါင်းမဖြေမိဘဲ နှုတ်ဆိတ်နေမိတယ်။ " ဟဲ့ကောင်မလေး ....နင့်ကိုငါမေးနေတယ်လေ ...နင့်ခြေထောက်က ဘာဖြစ်တာလဲလို့ " ကြီးတော်ဖြစ်သူက လေသံမာမာနဲ့ထပ်မေးလိုက်တော့မှ တရွတ်ဆွဲလျှောက်နေရတဲ့ ညာဘက်ခြေထောက်ကို တပေါင်းငုံ့ကြည့်လိုက်မိပြီး " ဟို ...ဟို ... ချော်လဲတာရော ..အဖေကကြိုးတုပ်ပြီး ရိုက်လို့ ...ဒဏ်ရာရထားတာပါကြီးကြီး " တပေါင်းရဲ့အဖြေစကားကြောင့် မအေးခင်အံကိုကြိတ်ပြီး အောင်မင်းကို တစ်တစ်ခွခွဆဲဆိုလိုက်တယ်။ " ...ကောင်...နင့်ပထွေးဆေးရုံကဆင်းတာနဲ့ ...နင်တို့အိမ်ကိုပြန် ...ကြားလား...တော်ကြာ ငါ့ညီမရှာဖွေစုဆောင်းထားခဲ့တာတွေကိုပါ ..ဟိုမယားငယ်မက သိမ်းသွားအုံးမယ် " " ဟုတ်ကဲ့ " အဖေ့အိမ်ကို တပေါင်းမပြန်ချင်တော့ပေမဲ့ ကြီးတော်ဖြစ်သူ ကျေနပ်အောင်ခေါင်းငြိမ့်ပြလိုက်တယ်။ ~~~~~~ " အေးလှိုင်ရေ ... သိန်းနုနဲ့ရုံးခန်းလိုက်သွားတယ်ဆို ... အောင်မင်းသက်သာတယ်တဲ့လား ..ကလေးမလေးကို စခန်းတိုင်မလို့ဆို...ဘယ်လိုဖြစ်သွားပြီလဲ " အအေးဆိုင်ပိုင်ရှင်အမျိုးသမီးရဲ့ အမေးကြောင့် မအေးလှိုင်က နှုတ်ခမ်းကိုမဲ့ရွှဲ့ကာ ခေါင်းကိုခါယမ်းလိုက်ပြီး " ဘာမှမထူးပါဘူးတော်...ကိုအောင်မင်းဆေးရုံကဆင်းမှ...ဖြေရှင်းပေးမယ်တဲ့..အဲ့ဒီဟာမလေးကိုတော့ ...သူ့ကြီး တော်အိမ်ကို ပို့လိုက်ပြီ ...ကိုအောင်မင်းတော့ ... ဗိုက်ကချုပ်ထားရတယ်တဲ့...ကျွန်မကတော့ အဲ့ဒီကလေးမလေးကို မှတ်လောက်သားလောက်ဖြစ်သွားအောင်... ကလေးထော**င်ဖြစ်ဖြစ်ကျစေချင်တာ...မဟုတ်ရင် ...အတုလိုက်ခိုးမဲ့ဟာတွေက အများကြီး..အိမ်မှာလဲတစ် ကောင်ရှိနေသေးတယ် " မအေးလှိုင်က သားဖြစ်သူကို မကျေမချမ်းလှမ်းကြည့်လိုက်ရင်း ပြောလိုက်တယ်။ " အဲ့ဒီလိုလဲ မဟုတ်လောက်ပါဘူး အေးလှိုင်ရယ် ...ဖိုးဇင်လေးက လိမ္မာပါတယ်အေ ....ညည်း အားကိုးနေရတာပဲဟာ " " အမယ်လေး ....ထုလွန်းရို/က်လွန်းလို့ အချိုးပြေနေတာပါ အစ်မရယ် ....ကျွန်မကိုလဲ အကြောလာတင်းလို့တော့ မရဘူး...သားသမီးတွေကို ငယ်ငယ်ကတည်းက...... ပုံစံပေးထားတာ....မိဘကဒါဆိုဒါပဲ အတွန့်တက်ခွင့်မရှိဘူး ...ဒီကောင်လေးလဲ နည်းနည်းလေးကြီးလာတော့... မိဘကိုပြန်ခံပက်ချင်တယ် .. ဒါကြောင့်လဲနိုင်သလောက်ဖိထားရတာ " မအေလှိုင်က ပြောရင်းနဲ့ သားဖြစ်သူကို လှမ်းကြည့်တယ်။ မိခင်ဖြစ်သူ လှမ်းကြည့်နေမှန်းသိတော့ ဖိုးဇင်မှာအလိုလိုနေရင်းနဲ့ ခြေတွေလက်တွေတုန်လာမိတယ်။သူတို့ အမနဲ့အဖေက တခြားသူတွေရဲ့မိဘတွေနဲ့ သိပ်မတူတာတော့အမှန်ပဲ။တစ် ခုခုဆိုရင် ဒေါသအရမ်းကြီးတယ်။ဒေါသဖြစ်နေရင် တွေ့ရာနဲ့ပစ်ပေါက်ထုရို*က်တတ်ကြတယ်။ဒါကြောင်းလဲ အဖေ့ကိုရောအမေ့ကိုပါ ဖိုးဇင်သိပ်ကြော**က်တယ်။အထူးသဖြင့် မိခင်ဖြစ်သူ စိတ်တိုနေပြီဆိုရင် ဖိုးဇင် tသသွားချင်လောက်အောင်ကြောက်မိတယ်။

" ဪ...အဖမ်းခံရမှာကြောက်တာလား...မကြောက်နဲ့ နင့်အိမ်ထက်တော့ ပိုဆိုးမှာမဟုတ်ဘူး...လူကြီးတွေက မေးရင်လဲ အမှန်တိုင်းဖြေ ..မကြောက်နဲ့ ...ကိုယ့်ကိုယ်ကိုအားကိုးနိုင်အောင်ကြိုးစား...သူများပြောတိုင်းလဲမယုံနဲ့ ..ကိုယ့်အပေါ်ရက်စက်တဲ့သူတွေကို... အားကိုးဖို့မတွေးနဲ့ နင့်ဘာသာ ရှာစားနိုင်အောင်ကြိုးစား..." ကောင်လေးပြောနေတာတွေကို တပေါင်းငေးကြည့်ကာနားထောင်နေမိတယ်။ကောင်လေးက တပေါင်းနဲ့ အသက်ကွာပုံမရပေမဲ့ သတ္တိတော့ အတော်လေး ရှိပုံရတယ်။ " ဟေ့ကောင်လေး..မင်းကိုယ်မင်းလူတတ်ကြိးလုပ်ပြီး ဘာတွေပြောနေတာလဲ ...ထမင်းကိုအေးအေးဆေးဆေးစား...ဆေးရုံပေါ်ကလူမမာမ‌ေသပါစေနဲ့လို့ဆုတောင်းနေကွ...အေး...တကယ်လို့် ဟိုလူသာ‌‌ေသသွားရင် ...မင်းတော့သွားပြီကောင်လေးရ...တစ်ယောက်အဖေရင်းကို ဖန်ကွဲနဲ့ထိုးတယ်...တစ်ယောက်ကမွေးစားအဖေကို ‌အရိုးကျိုးအောင်ရိုက်ခဲ့တယ်...နှစ်ယောက်လုံးကိုကြည့်လိုက်တော့လဲ (၁၂)နှစ်(၁၃ )နှစ်တဲ့...,,လောကကြိးလဲဘာတွေဖြစ်နေပြီလဲမသိတော့ဘူး...ကလေးတွေလဲ အရွယ်မရောက်ကြသေးဘူး ...ကြော//က်စရာကောင်းနေကြပြီ " လူကြီးတစ်ယောက်ရဲ့စကားကြောင့် ကောင်လေးကို တပေါင်းအထိတ်တလန့်နဲ့မော့ကြည့်လိုက်မိတယ်။ဒီအချိန်မှာပဲ ရုံးခန်းထဲကို ကြီးတော်ဖြစ်သူ ဝင်လာတာကို တပေါင်းတွေ့လိုက်ရတယ်။ ~~~~~~~~ " အို ..ဒီကိစ္စက ကျွန်မနဲ့မဆိုင်ပါဘူး ဥက္ကဌကြီး ...သူတို့သတင်းကိုကြားပါတယ် ...... မဆိုင်လို့ မလာတာပါ ..အောင်မင်းဆိုတဲ့ကောင်နဲ့လဲ အပြတ်ပြောပြီးသားပါ ..ကျွန်မတို့လဲ စီးပွားရေး အဆင်ပြေတာမဟုတ်ဘူး ...ကလေးကလဲသုံးယောက်ရှိတယ် ... သူ့ကို တာဝန်မယူနိုင်လို့ပါ " ကြီးတော်ဖြစ်သူရဲ့စကားကြောင့် တပေါင်းခေါင်းကို တွင်တွင်ငုံ့ကာငြိမ်သက်နေမိတယ်။ ============================ အပိုင်း (၅) ဆက်ရန် #AKyiPhyu #ဧကြည်ဖြူ (၁) https://www.facebook.com/100067151540690/posts/734556598792718/ J https://www.facebook.com/100067151540690/posts/735119455403099/https://www.facebook.com/100067151540690/posts/735674495347595/

လူကြီးတွေ လှမ်းကြည့်လိုက်ကြသလို အသံထွက်ပေါ်လာရာဆီကို တပေါင်းလဲ လှမ်းကြည့်လိုက်မိတယ်။ဒီအခါ သူတို့တွေ့ကို ခပ်စူးစူးလှမ်းကြည့်နေတဲ့ သူမနဲ့ရွယ်တူလောက်ရှိတဲ့ ကောင်လေးတစ်ယောက်ကိုတွေ့လိုက်ရတယ်။ကောင်လေးကလဲ သူမကိုလှမ်းကြည့်တယ်။ရှားရှားပါးပါး သူမဘက်ကပါတဲ့တစ်ဦးတည်းသောသူဖြစ်တာမို့ တပေါင်း ကောင်လေးကိုငေးကြည့်နေမိတယ်။ " ဟေ့ကောင်လေး မင်းပါးစပ်ကိုပိတ်ထားစမ်းကွာ...အရွယ်နဲ့မလိုက် ကြီးကြီးကျယ်ကျယ် စကားတွေပြောမနေနဲ့...ပြဿနာတစ်ခုကမပြီးသေးဘူး...နောက်ထပ်ပြဿနာတက်ချင်လို့်လား ...အေးအေးဆေးဆေးနေစမ်းကွာ...တော်ကြာမင်းကိုလာခေါ်လိမ့်မယ် " ရုံးထဲက လူကြီးတစ်ယောက်က လှမ်းအော်လိုက်တယ်။ကောင်လေးက လူကြီးကိုခပ်တည်တည်ပဲပြန်ကြည့်တယ်။သူ့ပုံစံက တစ်စက်မှကြောက်စိတ်ရှိတဲ့ပုံမပေါ်ဘူး။ရဲရင့်ပြီးသတ္တိရှိပုံရတဲ့သူ့ကို တပေါင်းငေးကြည့်မြဲငေးကြည့်နေမိတယ်။ " ကဲ...တော်ပြီ...စကားတွေအများကြီးမပြောကြနဲ့ ...မဆိုင်တဲ့သူတွေလဲပြန်ကြတော့ ...သိန်းနုလဲမကျေနပ်ရင် စခန်းကိုသွားတိုင်...အခုတော့ပြန်ကြတော့ ...ကလေးမကိုအိမ်ပြန်မခေါ်ရဲရင်မခေါ်နဲ့.....သူတို့အမျိုးတွေ မလာကြဘူးလား....သူ့အမေရဲ့အစ်မ...ဟိုဘက်ရပ်ကွက်မှာရှိတယ်မဟုတ်လား...ငါတို့ပဲသွားခေါ်ခိုင်းလိုက်မယ် ...အားလုံးပြန်ကြတော့ " လူကြီးကအသံမာမာနဲ့ပြောလိုက်တော့ အားလုံးထပြန်ကြတယ်။ဒါတောင် မသိန်းနုနဲ့မအေးလှိုင်က တပေါင်းကိုမျက်နှာကြောတင်းတင်းနဲ့လှမ်းကြည့်သွားကြပြီး ခပ်လှမ်းလှမ်းမှာထိုင်နေတဲ့ ကောင်လေးကိုပါ မျက်စောင်းခဲကာကြည့်သွားကြတယ်။ အားလုံးပြန်သွားကြတော့ ရုံးထဲမှာ လူကြီးအချို့နဲ့တပေါင်းတို့နှစ်ယောက်ပဲကျန်နေခဲ့တယ်။ရပ်ကွက်လူကြီးက တပေါင်းကြီးတော်ရဲ့နာမည်ကိုမေး၊နေရာကိုမေးပြီး ရုံးကစာရေးကိုသွားခေါ်ခိုင်းလိုက်တယ်။ " မောင်သန်း..ရပ်ကွက်ရုံးကိုအရင်သွားနော် .... ရပ်ကွက်လူကြီးကိုအကျိုးအကြောင်းပြောပြပြီး ..အကူအညီတောင်းလိုက် ကြားလား " " ဟုတ်ကဲ့ပါ ဥက္ကဌ " မောင်သန်းဆိုတဲ့စာရေးထွက်သွားတော့ ရပ်ကွက်လူကြီးက ရုံးထဲမှာ ကျန်ခဲ့တဲ့သူ တွေကိုလှည့်ကြည့်လိုက်ပြီး " ကလေးတွေကို ထမင်းဝယ်ကျွေးလိုက်ကွာခြ...ထမင်းဆာနေကြမှာပေါ့ ...ငါအိမ်ခဏပြန်လိုက်အုံးမယ်..မောင်သန်းပြန်လာတာပဲဖြစ်ဖြစ်...ကောင်လေးကိုစခန်းကလာခေါ်တာပဲဖြစ်ဖြစ်... ရောက်လာရင် ငါ့ကို လာခေါ်ခိုင်းလိုက်နော်...ကလေးတွေကိုလဲ သေချာကြည့်ထားလိုက်အုံးဟ " " ဟုတ်ကဲ့ပါ ဥက္ကဌကြီး ....စိတ်မပူပါနဲ့ ..ကျွန်တော်တို့သေချာကြည့်ထားပါ့မယ် " ရပ်ကွက်လူကြီးထွက်သွားတော့ စာရေးတစ်ယောက်လဲ နောက်ကလိုက်ထွက်သွားခဲ့တယ်။ရုံးခန်းထဲမှာတော့ တပေါင်းရယ်ကောင်လေးရယ် လူကြီးသုံးလေးယောက်ရယ်ကျန်ခဲ့တယ်။ ~~~~~~~~~~ " ဟေ့ ကလေးတွေ ...ထမင်းလာစားကြ ...ရန်မဖြစ်ကြနဲ့နော် ...ကောင်လေး...မင်းလဲလာစား..." လူကြီးတစ်ယောက်က ဆိုင်ကလာပို့တဲ့ထမင်းပွဲတွေကို ခုံတစ်လုံးပေါ်ချပေးပြီး တပေါင်းတို့ကို ထမင်းစားခိုင်းတယ်။ထမင်းကိုမြင်တော့ တပေါင်းဟန်မဆောင်နိုင်ဘဲ စားပွဲဆီကိုထသွားမိတယ်။ပြသာနာဖြစ်ပြီးကတည်းက တပေါင်းထမင်းကောင်းကောင်းမစားရသေးဘူး။မနေ့တုန်းကတစ်နေ့လုံး အိမ်မှာ တစ်ယောက်တည်းရှိနေခဲ့ပေမဲ့ ချက်မစားရဲလို့ဘာမှမစားခဲ့ရဘူး။ရပ်ကွက်ကုသိုလ်ပြုဆေးခန်းက သူနာပြုဆရာမလေးက ခြေထောက်ကအနာအတွက်ဆေးခေါ်ထိုးပေးရင်း ပေါင်မုန့်တွေတော့ကျွေးလိုက်တယ်။မနေ့ကတစ်နေ့လုံး သူနာပြုဆရာမလေးနဲ့ရပ်ကွက်လူကြီးတွေကလွဲလို့် တပေါင်းကိုဘယ်သူမှလာမတွေ့ကြဘူး။တပေါင်းမှာ ကြီးတော်တွေများရောက်လာမလားလို့် မျှော်ရင်းနဲ့ ဆေးရုံတက်နေရတဲ့အဖေ့ကိုလဲစိတ်ပူနေခဲ့မိတာ။ဒီမနက်တော့ မိထွေးဖြစ်သူပြန်ရောက်လာခဲ့ပြီး သူမကိုရဲစခန်းတိုင်မယ်ဆိုပြီး ရပ်ကွက်ရုံးကိုခေါ်လာခဲ့တာပဲ။ တပေါင်းဗိုက်ဆာနေတာမို့ ဟန်မဆောင်နိုင်တော့ဘဲ ထမင်းပန်းကန်ကိုဆွဲယူပြီး အငမ်းမရစားလိုက်တယ်။ရှေ့မှာဟင်းပန်းကန်နှစ်ချက်ကိုတွေ့ပေမဲ့ယူမစားရဲ့တာမို့ ထမင်းပန်းကန်ထဲမှာပုံပေးထားတဲ့ ငရုတ်သီးကြော်နဲ့ပဲစားနေလိုက်တယ်။ဒီအချိန်မှာပဲ သူမပန်းကန်ထဲကိုဟင်းတွေရောက်လာတာမို့မော့ကြည့်လိုက်တော့ ဇွန်းကိုကိုင်ထားတဲ့ကောင်လေးကိုတွေ့လိုက်ရတယ်။ကောင်လေးက သူမပန်းကန်ထဲကို ဟင်းတွေခပ်ထည့်ပေးနေတာ။ဒီတော့မှကောင်လေးကို တပေါင်းသေချာကြည့်လိုက်မိတယ်။ကောင်လေးက အဝတ်အစားနွမ်းဖက်ဖက်လေးဝတ်ထားပြီး ဝတ်ထားတဲ့ဘောင်းဘီကလဲ အစုတ်အပြဲတွေနဲ့ပြည့်နေတယ်။ပိုပြီးဆိုးတာက သူ့ခြေထောက်တစ်ဖက်ကို တိုင်နဲ့တွဲပြီး ကြိုးနဲ့ချည်ထားခံရတာ။ဒီပုံစံကိုမြင်တော့ တပေါင်းလန့်သွားပြီး ကြောင်ငေးကြည့်နေမိတယ်။ကောင်လေးလဲ တပေါင်းလိုအပြစ်လုပ်ထားသူပဲ။ဒီလိုဆိုရင်ဖြင့် သူမတို့ကိုမကြာခင်မှာလာဖမ်းတော့မယ်ထင်တယ်။ဒါကိုတွေးလိုက်မိတော့ တပေါင်းထမင်းမစားနိုင်တော့ဘဲ ပါးပြင်ပေါ်ကိုမျက်ရည်တွေစီးကျလာခဲ့တယ်။ " ဟိတ်...နင်ဘာလို့်ငိုတာလဲ...ငါ့ကိုကြောက်လို့လား" ကောင်လေးရဲ့အမေးကို တပေါင်းခေါင်းခါပြလိုက်မိတယ်။ " ငါ့ကိုမကြောက်ဘူးပေါ့ ,,,ဒါဆိုရင် အဖမ်းခံရမှာကိုကြောက်တာလား .." ကောင်လေးရဲ့အမေးကို တပေါင်းခေါင်းငြိမ့်ပြလိုက်မိတယ်။

မသိန်းနုက မကျေမနပ်နဲ့ပြောလိုက်တယ်။ " ကလေးက အသက်မပြည့်သေးဘူး...စဉ်းစားကြပါအုံး..." " သိပါတယ်ဥက္ကဌကြီး...ဒါပေမဲ့...ကိုအောင်မင်း ဆေးရုံက မဆင်းရသေးတာကိုလဲ ဥက္ကဌကြီးအသိပဲ...ပြီးတော့... ကျွန်မတို့မှာလဲ ကလေးငယ်လေးနဲ့ဆိုတော့... သူ့ကိုအိမ်မှာလက်ခံထားဖို့ ကြောက်လို့်ပါ..ဟို..လူငယ်ထိန်းသိမ်းရေးစခန်းဆိုတာကို သူ့ကိုပို့လိုမရဘူးလား " မသိန်းနုက ကြားဖူးနားဝနဲ့ သူမသိချင်တာကိုမေးလိုက်တယ်။ " ဒါတော့ တရားသူကြီးကပဲ တိတိကျကျသိလိမ့်မယ် ...ဦးလေးတို့လဲမပြောနိုင်ဘူးကွယ်...ဦးလေးတို့တာဝန်ကတော့ ကြီးတဲ့အမှုကိုငယ်အောင်...ငယ်တဲ့အမှုကိုပပျောက်အောင်ပဲ ကူညီပေးချင်တာ ..ပြီးတော့ ကလေးမလေးမှာလဲ ဒဏ်ရာတွေရထားတယ်...ညာခြေထောက်ဒဏ်ရာက ရောင်နေလို့ ကလေးမလေးကိုလဲ ဆေးခန်းပြထားရတာ သိတယ်မဟုတ်လား ....အေး..ကလေးကို တိုင်ရင်တော့ .. အောင်မင်းကိုလဲစခန်း ကစစ်မှာပဲ ..နင်တို့တွေ ကလေးကို ဒီလောက်တောင် နှိပ်စက်ထားရလား " ရပ်ကွက်လူကြီးရဲ့ လေသံမာမာကြောင့် မသိန်းနု မျက်နှာပျက်သွားရပြီး "မ ..မဟုတ်ပါဘူးဥက္ကဌကြီးရယ် ....ကျွန်မ သူ့ကိုတစ်ခါမှ မရိုက်သလို .. သူ့အဖေကလဲ တစ်ခါတလေမှ ပြောမရလို့ ဆုံးမတာပါ ....အဲ့ဒီနေ့ကလဲ ကိုအောင်မင်းက ...သူ့အသားနာသွားလို့ သတိလွတ်ပြီးကန်လိုက်မိတာပါရှင် ... ကလေးမလေး ခြေထောက်ကဒဏ်ရာကလဲ သူ့ဘာသာချော်လဲလို့ ရထားတာပါ .. ဒဏ်ရာရထားပြီး ရောင်နေတာကို သူက မပြောလို့ ကျွန်မတို့လဲသတိမထားမိဘူးဖြစ်သွားတာပါ ... သူကိုက နည်းနည်းလေး မူမမှန်သလိုဖြစ်နေတာပါ ဥက္ကဌကြီး ...အဲ့ဒါကြောင့်လဲ အတူမနေရဲလို့ပါ...မယုံရင် အိမ်နီးနားချင်းတွေကိုသာ မေးကြည့်ပါ " " အေး .. တားမရရင်လဲ နင်တို့သဘောပဲ ...နင်တို့ကိစ္စကို တရားသူကြီးကပဲ ဆုံးဖြတ်ပေးလိမ့်မယ်...ကိုယ်လုပ်ရင်ကိုယ်ခံကြပေါ့ " နောက်ဆုံးမှာတော့ ရပ်ကွက်လူကြီးက တားမရတော့တာမို့ စကားကိုယတိပြတ်ပြောပစ်လိုက်တယ်။ " ဘာပဲဖြစ်ဖြစ်...မသိန်းနုပြောတာကို ထောက်ခံပါတယ်...ဘယ့်နှယ့် မိဘနဲ့သားသမီးကို သားသမီးကမိဘကိုပြန်လုပ်စရာလား...အစရှိအနောင်နောင်ဆိုသလိုပဲ ...နောင်လဲ ဒီလိုထပ်မလုပ်ဘူးလို့ ဘယ်ပြောနိုင်မလဲ .....ဦးကျိုးအောင်လုပ်ထားတာကောင်းမယ်...တခြားကလေးတွေလဲ ...သူ့ကိုကြည့်ပြီး အတုယူမှားမှာစိုးရတယ်..ဒါကြောင့် ထိထိရောက်ရောက်အပြစ်ပေးသင့်တယ် " စကားဝိုင်းထဲဝင်ပြောသူက မအေးလှိုင်ဖြစ်တယ်။မအေးလှိုင်ရဲ့စကားကို မသိန်းနုအပါအဝင် လာကြည့်နေသူတွေကလဲထောက်ခံကြတယ်။တကယ်တော့ ဒီလူတွေကို မသိန်းနုက ငွေပေးပြီးခေါ်လာခဲ့တာ။ ငွေပေးထားရတဲ့ သူတွေထဲမှာ မအေးလှိုင်တို့လိုလူမျိုးတွေတော့ မပါဘူး။မအေးလှိုင်လို လူမျိုးကတော့ သားသမီးကိုရို**က်နှက်ပြီး ဦးချိုးထားမှ သားလိမ္မာသမီးလိမ္မာဖြစ်မယ်လို့ ယူဆထားတဲ့သူမျိုး။သားသမီးကို အချိန်ပြည့်ဆူပူမာန်မဲကြိမ်းမောင်းနေမှ မိဘစကားနားထောင်မယ်လို့ ခံယူထားတဲ့သူ။ပြောရရင် မအေးလှိုင် မငယ်စဉ်ကလဲ မိဘရဲ့အဆူအပူအရို*က်အနှက်ခံခဲ့ရတာတွေရှိတယ်။ပြီးတော့ မအေးလှိုင်စိတ်ထဲစွဲနေတာက မိဘဆိုတာ အနန္တဂိုဏ်းဝင်ကျေးဇူးရှင်။မိဘပြောမျှမှန်တယ်၊မိဘလုပ်သမျှမှန်တယ် ။မိဘပြောရင် သားသမီးကနားခံရမယ်လို့ ခံယူထားတဲ့သူ။မအေးလှိုင်က သူ့သားသမီးတွေကိုလဲ ဦးချိုးထားပြီး မိဘဝါဒအစွဲကြီးသူတစ်ယောက်။ဒါကြောင့်လဲ ရှားရှားပါးပါးဒီလိုပွဲမျိုးကို မအေးလှိုင်ကအခမဲ့သက်သေလိုက်ပေးဖို့ ရောက်လာခဲ့တာ။ " ဟုတ်ပါတယ်လေ...တို့များငယ်ငယ်တုန်းက မိဘကဒါဆိုဒါပဲ...မိဘကိုမျက်လုံးလှန်ပြီးတောင်ကြည့်ရဲခဲ့တာမဟုတ်ဘူး...မိဘက‌ေ*သဆိုသေ...ရှင်ဆိုရှင်ပဲ...စကားတစ်ခွန်းတောင် ပြန်မပြောရဲဘူး ...ဒီခေတ်ကလေးတွေများတော့ ....ရန်တောင်ပြန်လုပ်တယ်တဲ့ကြောက်စရာကောင်းလိုက်တာ ... ကံကောင်းလို့.အောင်မင်းက မtသတာ...ဒါကိုလွှတ်ထားလို့မဖြစ်ဘူး..ပြင်းပြင်းထန်ထန်အပြစ်ပေးမှဖြစ်မယ် ... " လူကြီးတချို့က ဝင်ပြောလိုက်ကြတာမို့ ရပ်ကွက်လူကြီးတွေ စိတ်ရှုပ်သွားကြရတယ်။ရုံးပြင်မှာရပ်နေကြတဲ့သူတွေကလဲ ရုံးစုရုံးစုနဲ့ သူတို့ထင်ရာမြင်ရာကိုပြောနေကြတယ်။ " သားသမီးတွေကို ...မိဘတွေက ‌ေသမတတ်ရိုက်နှက်နေတာကိုကျတော့ ...ဘယ်သူမှဝင်မဆွဲဝင်မတားခဲ့ကြဘဲနဲ့ ...သားသမီးကပြန်လုပ်မိတော့ အပြစ်ကြီးတယ်တဲ့လား..ငရဲအိုးကျမယ်တဲ့လား...စခန်းတိုင်မယ်ပေါ့လေ...ကလေးတွေ အရှင်လတ်လတ်ငရဲကျနေတာကိုတော့ ဘယ်သူမှမမြင်ခဲ့ကြဘူးလား...မြင်သိနေရဲ့နဲ့မသိချင်ယောင်ဆောင်နေခဲ့ကြတယ်မဟုတ်လား ... ကိုယ်နဲ့မဆိုင်ဘူးဆိုပြီးနေခဲ့ကြတာမဟုတ်လား . " လူတွေက တင်ရာမြင်ရာ ကိုပြောနေချိန်မှာပဲ ရုံးခန်းအတွင်းထောင့်ဆီက ရုတ်တရက်ထွက်ပေါ်လာတဲ့အသံကြောင့် အားလုံးအသံလာရာဆီကိုလှည့်ကြည့်လိုက်ကြတယ်။ဒီအခါ သူတို့မြင်လိုက်ရတာက တပေါင်းနဲ့မတိမ်းမယိမ်းအရွယ်ရှိတဲ့ ကောင်လေးတစ်ယောက်ကို အားလုံးတွေ့လိုက်ကြရတယ်။အားလုံးရဲ့ဒေါသမျက်လုံးတွေက ကောင်လေးဆီကိုရောက်ရှိသွားကြတယ်။

#ရင်တွင်းနာ (အခန်းဆက်ဝတ္ထု) အပိုင်း (၄) akyiphyu ************ ခြေထောက်တစ်ဖက်က မြှောက်ခနဲတက်လာပြီး မျက်နှာကိုခပ်ပြင်းပြင်းကန်လိုက်ချိန်မှာတော့ ဖန်ကွဲစကိုကိုင်ထားတဲ့ တပေါင်းရဲ့လက်တစ်ဖက်ကလဲ အလိုလိုလေထဲမြောက်တက်သွားခဲ့တယ်။ " အား " " အမယ်လေးဗျ...‌ေ*သပါပြီ ..ကယ်ကြပါအုံး " နာကျင်စွာအော်လိုက်တဲ့အသံတွေက စူးစူးဝါးဝါးထွက်ပေါ်လာခဲ့တယ်။အော်သံတွေရဲ့အဆုံးမှာ မသိန်းနုရဲ့မျက်လုံးအစုံကပြူးကျယ်ကာ လူကထိတ်လန့်တုန်လှုပ်သွားတယ်။ " ကို..ကိုအောင်မင်း...ရှင်...ရှင့်ကိုထိသွားတာလား...များလား ...တပေါင်း...အယုတ်တ*မာမလေး....မိဘကိုစော်ကားတဲ့‌‌ေ*ကာင်မ..ကံကြီးထိုက်မဲ့ဟာမ...လာကြပါအုံးတော် ...ဒီမှာ တပေါင်းကသူ့အဖေကို ပြန်သ/တ်နေလို့ " မသိန်းနုထိတ်ထိတ်လန့်လန့်နဲအော်ဟစ်ရင်း ယောက်ျားဖြစ်သူနားကိုပြေးသွားလိုက်တယ်။ပြီးတော့ တံမြက်စည်းကိုယူလိုက်ပြီး တပေါင်းကို ခပ်ပြင်းပြင်းရို/က်ချပစ်လိုက်တယ်။မိထွေးဖြစ်သူရဲ့ရို/က်ချက်ကြောင့် တပေါင်းကြောက်ကြောက်လန့်လန့်နဲ့မိထွေးဖြစ်သူကိုဆောင့်တွန်းပစ်လိုက်ပြီး မိထွေးဖြစ်သူလက်ထဲက လွှတ်ကျသွားတဲ့ တံမြက်စည်းကို ကောက်ယူလိုက်ပြီး မိထွေးဖြစ်သူကို သုံးလေးချက်ဆင့်ပြီးရိုက်ပစ်လိုက်တယ်။တပေါင်းရဲ့လုပ်ရပ်ကြောင့် မသိန်းနုတစ်ယောက် ထိန်လန့်ချောက်ချားစွာအော်ဟစ်လိုက်တော့တယ်။ " အမယ်လေး ... tသပါပြီးတော့ ...ကယ်ကြပါအုံးရှင်...ကျွန်မတို့ကို တပေါင်းလိုက်သ//တ်နေလို့ပါ..ကယ်ကြပါအုံး " မသိန်းနုငယ်သံပါအောင် အော်ဟစ်လိုက်ပြီး သိပ်မကြာခင်မှာပဲ အိမ်နီးနားချင်းတချို့အိမ်ရှေ့ကိုရောက်ရှိလာခဲ့ကြတယ်။ " ကိုအောင်မင်း...သိန်းနု ဘာဖြစ်ကြတာလဲဟဲ့..မထိတ်သာမလန့်သာနဲ့ " " အမယ်လေး..ကယ်ကြပါအုံးရှင်...ဒီမှာ ...တပေါင်း ..ကျွန်မတို့ကိုသ//တ်နေလို့်ပါ " အိမ်နီးနားချင်းတွေရဲ့အသံကိုကြားလိုက်ရတော့ မသိန်းနုငိုကြီးချက်မနဲ့လှမ်းပြောလိုက်တယ်။ မသိန်းနုမှာ အရိုက်ခံထားရတာကြောင့် တစ်ကိုယ်လုံးနာကျင်နေသလို ဖန်ကွဲစတွေကိုနင်းမိထိမိထားတာကြောင့် ခြေလက်တွေမှာ tသွးတွေထွက်နေခဲ့တယ်။ကိုအောင်မင်းမှာလဲ ခြေထောက်နဲ့ ဝမ်းဗိုက်ဘေးကို ဖန်ကွဲစနဲ့အထိုးခံထားရတာမို့ ‌ေသွးတွေထွက်နေခဲ့တယ်။ကိုအောင်မင်းက တပေါင်းကိုကြည့်ပြီး သတ်ဖို့ရန်ကြိမ်းမောင်းတယ်။တပေါင်းကတော့ တံမြက်စည်းကိုလက်ထဲမှာဆုပ်ကိုင်ထားရင်း ကြောင်ငေးကာထိုင်နေခဲ့တယ်။ " ကိုအောင်မင်းတော်တော့ ..လက်လွန်မယ်...သူက ကလေးပဲရှိသေးတာ...ခင်ဗျားတို့လင်မယား ဆေးရုံအမြန်သွားကြ ...တော်ကြာ‌ေ--သွးထွက်လွန်နေမယ်..ကိုအောင်မင်းတို့ကို ဆေးရုံလိုက်ပို့ပေးလိုက်ပါအုံး ...ကျန်တာတွေ ပြီးမှဆက်ရှင်းမယ်..." တတ်သိနားလည်သူတစ်ယောက်ကအော်ပြောလိုက်တာမို့ ကိုအောင်မင်းတို့ လင်မယားကိုဆေးခန်းပို့ဖို့အမြန်ပြင်ဆင်ကြတယ်။ " သမီး...ကျွန်မသမီးကို ခေါ်လာခဲ့ပါအုံးရှင် " မသိန်းနုက အော်ပြောလိုက်တာမို့ အိမ်နီချင်းတစ်ယောက်က ငိုနေတဲ့ကလေးလေးကို ကောက်ချီသွားလိုက်တယ်။ဒီအချိန်အထိ တပေါင်းတစ်ယောက် နေရာမှာငူငူကြီးထိုင်နေဆဲဖြစ်တယ်။ ~~~~~~~~~~~~~ " အေးလှိုင်ရေ ...ညည်းသတင်းကြားပြီးပြီလား ....သိန်းနုလင်ပါသမီး တပေါင်းဆိုတဲ့ကလေးမလေးလေ...သူ့အဖေနဲ့သိန်းနုကို ဖန်ကွဲစနဲ့လိုက်ထိုးတာတဲ့...နှစ်ယောက်လုံး ‌ေ-//သွးတွေမြင်မကောင်းပါဘူးအေ...ဆေးရုံတောင် ရောက်သွားကြပြီတဲ့ " ဆိုင်ထဲကိုဝင်လာပြီး ပြောလိုက်တဲ့ဒေါ်ဝတုတ်ရဲ့စကားကြောင့် ဆိုင်သိမ်းနေတဲ့ ဖိုးဇင်ရဲ့လက်တွေတုံ့ခနဲ့ဖြစ်သွားရတယ်။မယုံကြည့်နိုင်တဲ့စိတ်နဲ့ ဒေါ်ဝတုတ်ကိုလှမ်းကြည့်လိုက်မိတော့ ဒေါ်ဝတုတ်က သူကြားသိလာသမျှကို အမေ့ကိုပြောပြနေတာကို‌ တွေ့လိုက်ရတယ်။ " ‌ေ**သွးတွေဆိုတာမြင်မကောင်းဘူးတဲ့အေ..တော်သေးတာပေါ့...အသ//က်အန္တရာယ်မစိုးရိမ်ရလို့် ...တော်တော်ကြောက်ဖို့ကောင်းတဲ့ကလေးမလေးပါအေ...တော်တော်လေးရိုင်းစိုင်းတာပါ....မိဘကို ဒီလိုပြန်လုပ်တယ်ဆိုတော့ တွေးတောင်မတွေးရဲဘူး...လူကနေပေမဲ့ ငရဲကနေမှာမဟုတ်ဘူး " " ကြားရတာ ကျောချမ်းစရာပါလား မဝတုတ်ရယ်...ကျွန်မက အစကတည်းက အဲ့ဒီကောင်မလေးကိုကြည့်မရတာ...သူ့ပုံစံကပြန်မပြောနားမထောင်ပုံစံနဲ့....ငရဲအိုးဇောက်ထိုးကျမဲ့ဟာမလေး...မိဘကဆုံးမတာနဲ့ပဲ မိဘကိုပြန်လုပ်စရာလား ...တကယ်ကြောက်စရာ သားဆိုးသမီးဆိုးတွေ....အိမ်မှာလဲ တစ်ယောက်ရှိသေးတယ်...မအေကဆူလိုက်ရင်...မျက်လုံးကြီးပြူးပြီး ပြန်ပြန်ကြည့်တာ ...ကြပ်ကြပ်သတိထားနော် ဖိုးဇင်...နင်ကြားတယ်မဟုတ်လား....နင်လဲ အဲ့ဒီကောင်မလေးနဲ့ပေါင်းပြိး မိဘတွေကိုပြန်ခံပြောချင်နေတာမဟုတ်လား ..အေး...မိဘကိုပြန်လုပ်ပြန်ပြောရင် မိဘကခွင့်လွှတ်ရင်တောင် ငရဲကမနေဘူးနော် " မအေးလှိုင်က သားဖြစ်သူကိုလှမ်းမာန်လိုက်တယ်။မိခင်ပြောတဲ့စကားကို ဖိုးဇင်မကြားပါ။စိတ်ထဲမှာတွေးနေမိတာက တပေါင်းများအဖမ်းခံရမလားဆိုတဲ့ အတွေးကိုပဲ တွေးနေမိတယ်။ ~~~~~~~~~~~~~ " သူရှိနေရင်တော့ ...အိမ်မှာ ကျွန်မတို့ သားအမိမနေရဲ့ပါဘူး...ဥက္ကဌကြီးအရေးယူပေးပါရှင်...သူ့ကိုစခန်းမှာအမှုဖွင့်ပါမယ် "

" မင်္ဂလာပါ " စာချစ်သူများရှင် #ရင်တွင်းနာ (အခန်းဆက်ဝတ္ထု) ကိုစာဖတ်ခ 1000 Ksပေးသွင်းပြီး နေ့စဉ်ဖတ်ရှုနိုင်ပါတယ်။ စာဖတ်ခ 1000Ks ပေးသွင်းဖို့ရန်အခြေအနေအခက်အခဲရှိပါကလဲ Free ဖတ်ရှုလို့ရပါတယ်ရှင် စ/ဆုံး ဖတ်ရှုပြီးမှလဲ စာဖတ်ခကိုပေးသွင်းလို့လဲရပါတယ်ရှင် .... စာဖတ်သူများကို မေတ္တာရပ်ခံချင်တာက စာဖတ်ခ 1000 Ks ပေးသွင်းနိုင်သူများအနေဖြင့်စာဖတ်ခပေးသွင်းပေးပါရန်နှင့် အခန်းဆက်ဝတ္ထုမှာလဲရေးသားထားပြီးသော ဝတ္ထုမဟုတ်ပါဘူးရှင် .. နေ့စဉ်ရေးသားပြီးတစ်ပိုင်းစီတင်ပေးသွားမှာဖြစ်ပါတယ်... စာဖတ်ခကို KPay (or) Wave နဲ့ ပေးသွင်းလို့ရပါတယ် A Kyi phyu မှာ Paid group မရှိပါဘူးနော် ငွေအများကြီးပေးလဲ စ/ဆုံး ပေးဖတ်စရာမရှိပါဘူးရှင် တစ်နေ့တစ်ပိုင်းပဲ ရေးပြီး ရေးပြီးတာနဲ့တင်တာပါ စာဖတ်ခ 1000 ကျပ်ကိုလဲ စ/ဆုံး ဖတ်ပြီးမှ ဇာတ်လမ်းကြိုက်မှလဲ ချီးမြှင့်လို့ရပါတယ် ငွေပို့ထားတဲ့ ss ပြပြီး စ/ဆုံး Link လာတောင်းရင် A Kyi မျက်နှာပူလို့ပါရှင် ပေးသွင်းရမည့် အကောင့်များမှာ KPay 09773745413 Lai Lai Win Wave 09773745413 Lae Lae Win ဖြစ်ပါတယ် အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ရှင် #AKyiPhyu #ဧကြည်ဖြူ (၁) https://www.facebook.com/100067151540690/posts/734556598792718/ J https://www.facebook.com/100067151540690/posts/735119455403099/

မအေးလှိုင် ထဘီစွန် တောင်ဆွဲပြီး ဒေါသနဲ့ထွက်ခဲ့တယ်။ ~~~~~~~~ " မောတာပဲ အဖက်တင်တယ် ဖိုးဇင်ရာ ...ငါ့အထင်တော့ သူတို့ကြက်ကို တစ်အိမ်အိမ်က ချက်စားလိုက်ပြီးထင်တယ် '' ပေါက်ပေါက်ရဲ့ စကားကြောင့် ဖိုးဇင်စိတ်ဓါကျသွားမိတယ်။ကြက်ကိုရှာလို့မတွေ့တဲ့အဆုံးမှာတော့ ဖိုးဇင်ပြန်ဖို့ ဆုံးဖြတ်လိုက်တယ်။ " ဖိုးဇင် tသနာလေး ... လာစမ်း...မအေကအလုပ် ဒီလောက်များနေတာကို ... နင်က ကမြင်းကြောလာထနေတယ်ပေါ့ ဟုတ်လား ..လာစမ်း...နင် tသဖို့သာပြင် " " ဘုတ် ..ဘုတ် " " ဘုံး ...ဘုံး " ပြောပြောဆိုဆိုနဲ့ မအေးလှိုင်ရဲ့လက်တွေက ဖိုးဇင်ရဲ့ ခန္ဓာကိုယ်အနှံ့ကို ခပ်ပြင်းပြင်းကျရောက်သွားခဲ့တယ်။ပြင်းထန်လှတဲ့ ရို***က်ချက်တွေကြောင့် ဖိုးဇင်နာကျင်လှပေမဲ့ အံကိုတင်းတင်းကြိတ်ကာ ကြိတ်မှိတ်ခံနေလိုက်တယ်။ အပြန်လမ်းတစ်လျှောက်မှာ ရှေ့ကနေဖိုးဇင်က ကလေးချီကာလျှောက်သွားခဲ့ပြီး နောက်ကနေမအေးလှိုင်က တဘုံးဘုံးတဖြန်းဖြန်းရို***က်ရင်း လိုက်ပါလာခဲ့တယ်။ ~~~~~~~~ ခြေထောက်ကို ထော့နင်းထော့နင်းလျှောက်နေတဲ့ တပေါင်းကို မသိန်းနုလှမ်းကြည့်လိုက်ပြီး မျက်နှာကိုမဲ့လိုက်တယ်။ " ကိုအောင်...ရှင့်သမီးကိုလဲကြည့်အုံး...သူ့ခြေထောက်က ဒဏ်ရာက တစ်ပတ်ကျော်နေပြီ ...သူကအခုချိန်ထိ အဲ့ဒီလိုလျှောက်နေတုန်းပဲ ...ရှင်နည်းနည်းပါးပါးပြောအုံး ...တော်ကြာ ...မိထွေးနှိပ်စက်ထားတယ်လို့ ပတ်ဝန်းကျင်ကထင်နေအုံးမယ် " မသိန်းနုရဲ့စကားကြောင့် ကိုအောင်မင်းက သမိးဖြစ်သူကိုလှမ်းကြည့်ပြီး ခေါ်လိုက်တယ်။ " တပေါင်း .....နင့်ခြေထောက်က ဘာဖြစ်နေလို့ ..အကျိုးလိုလမ်းလျှောက်နေတာလဲ...ကောင်းကောင်းလျှောက်စမ်း..မလျှောက်ရင် ...ငါကိုယ်တိုင်ရို/က်ချိုးပစ်မယ် " ဖခင်ဖြစ်သူရဲ့အော်ငေါက်သံကြောင့် တပေါင်းမှာနာကျင်နေတဲ့ခြေထောက်ကိုအတင်းဖိနင်းကာလျှောက်လိုက်တယ်။ " အား " ခြေထောက်ကို ဖိနင်းလိုက်ချိန်မှာ စူးစူးဝါးဝါးနာကျင်သွားတာကြောင့် တပေါင်းလွှတ်ခနဲအော်မိမလိုဖြစ်သွားရတယ်။ခြေထောက်က ရောင်ပြီးနာကျင်နေပေမဲ့ ဖခင်ဖြစ်သူကိုမပြောရဲဘူးဖြစ်နေမိတယ်။ခြေထောက်ကလဲတစ်နေ့ထက်တစ်နေ့သက်သာမလာဘဲ ပိုပြီးနာနေခဲ့တယ်။ နာနေတဲ့ကြားက ခုလိုဖိနင်းလိုက်တော့ ပိုပြီးဆိုးသွားခဲ့တယ်။ " နင့်ကိုအဲ့ဒီလို မလျှောက်နဲ့လို့ပြောနေတာမကြားဘူးလား..ငါ..တယ်...စိတ်ရှိတိုင်းလုပ်ရရင်တော့ နာတော့မယ်...ဟဲ့...နင်ကိုပြောနေတာမကြားဘူးလားတပေါင်း....နင်က ...ငါ့ကိုမခန့်လေးစားလုပ်နေတာလား မိတပေါင်း " " ဒုန်း ...ခွမ်း " " ဘုံး " " အီး ...နာတယ်...နာတယ်..." ကိုအောင်မင်းကပြောရင်းနဲ့ စိတ်မရှည်တာမို့ သူ့အနားမှာရှိတဲ့ ဖန်ခွက်နဲ့လှမ်းပေါက်လိုက်တယ်။ဖအေဖြစ်သူပစ်ပေါက်လိုက်တဲ့ ဖန်ခွက်ကို တပေါင်းကြောက်လန့်တကြားရှောင်တိမ်းလိုက်တော့ ကိုယ့်အရှိန်ကိုယ် မထိန်းနိုင်တော့ဘဲ ဘုံးခနဲ့ကြမ်းပြင်ပေါ်လဲကျသွားခဲ့ရတယ်။ဒီအခါမှာ ဘေးနားမှာဆော့နေတဲ့ အငယ်မလေးရဲ့ခြေဖျားလေးကိုသွားဖိမိတယ်။အဖိခံလိုက်ရတဲ့အရှီန်ကြောင့် အငယ်မလေးက စူးခနဲထငိုတော့တယ်။ သမီးငယ်လေးရဲ့ငိုသံကြောင့် ကိုအောင်မင်းနဲ့မသိန်းနုတို့ရဲ့ဒေါသကထိန်းမရတော့။ " ဟာ...ဒီဟာမနဲတော့ ...ကလေးကိုထိသွားပြီ..." ကလေးငိုသံကြောင့် ကိုအောင်မင်း ဒေါသထွက်သွားရပြီး တပေါင်းကိုပြေးကန်လိုက်တယ်။ဖြစ်ချင်တော့ ကိုအောင်မင်းရဲ့ကန်ချက်ကြောင့် တပေါင်းကလန့်ပြီးရှောင်လိုက်တယ်။ဒီလိုရှောင်လိုက်တော့ ဘေးမှာငိုနေတဲ့ကလေးရဲ့လက်သေးသေးလေးကို တပေါင်းရဲကိုယ်ကသွားဖိမိပြန်တယ်။ကလေးကနာသွားပြီးတော့ ပိုပြိးစူးစူးဝါးဝါးငိုတယ်၊။ကလေးငိုသံကျယ်လာလေလေ ကိုအောင်မင်းရဲ့ဒေါသတွေက ပိုပြီးဆူဝေလာခဲ့တယ်။မသိန်းနုက ငိုနေတဲ့သမီးငယ်ကိုပြေးပြီးချီလိုက်တယ်။ကိုအောင်မင်းက တပေါင်းရဲ့ကိုယ်လုံးလေးကို တစ်ချက်ပြီးတစ်ချက်လှိမ့်ပြီး က*န်လိုက်တယ်။ " အသံမထွက်နဲ့နော်..အသံထွက်ရင် ဒီထက်နာမယ်မှတ် " ဖခင်ရဲ့ စကားကြောင့် တပေါင်းအသံမထွက်ရဲ့ဘဲ ကြိတ်ခံတယ်။တပေါင်းဆီက အသံမထွက်ပေမဲ့ ကိုအောင်မင်းက ဒေါသမပြေနိုင်ဘဲဆက်ကာဆက်ကာကန်တယ်။ဖခင်ရဲ့ကန်ကျောက်မှုတွေကြောင့် တပေါင်းတစ်ကိုယ်လုံးမခံမရပ်နိုင်အောင် နာကျင်လာတယ်။မိထွေးဖြစ်သူကို အားကိုတကြီးနဲ့လှမ်းကြည့်မိတော့လဲ ကလေးကိုချော့ကာတစ်ဖက်ကိုမျက်နှာလွှဲနေတာကိုတွေ့လိုက်ရတယ်။ " လာစမ်း ဒီခြေထောက်...ဒီလောက်တောင် ထော့**ကျိုး ဖြစ်ချင်နေရင် ဖြစ်စေရမယ် " ကိုအောင်မင်းကအရက်လေးလဲ နည်းနည်းဝင်ထားတာမို့ စိတ်ကသွေးကြွနေပြီး သမီးဖြစ်သူရဲ့ထော့နဲ့နဲ့ဖြစ်နေတဲ့ခြေထောက်ကို နှစ်ချက်သုံးချက်ဆင့်က/န်လိုက်တယ်။ " အား..ကြောက်ပါပြီးအဖေရဲ့..နာလှပါပြီ....‌ေ**သပါတော့မယ်....သမီးကိုကယ်ကြပါအုံးရှင် " ခြေထောက်တစ်ခုလုံး အသည်းခိုက်အောင်နာသွားတာမို့ တပေါင်းသတိလက်လွတ်နဲ့ အသံကုန်အော်ဟစ်လိုက်မိတယ်။ဒီအခါမှာ ဖခင်ဖြစ်သူက သူမမျက်နှာကိုက/န်ထည့်လိုက်တာမို့် တပေါင်းကြောက်ကြောက်လန့်လန့်နဲ့လက်တစ်ဖက်နဲ့မျက်နှာကိုကာလိုက်မိပြီးကျန်တဲ့လက်တစ်ဖက်က ဖန်ခွက်ကွဲစကို ကောက်ယူလိုက်မိတယ်။ ================================== အပိုင်း (၄) ဆက်ရန် A Kyi Phyu #ဧကြည်ဖြူ

မိထွေးဖြစ်သူရဲ့စကားကြောင့် တပေါင်းကိုယ်လေးဆတ်ခနဲတုန်သွားရတယ်။ကိုယ်ပေါ်က ဒဏ်ရာတွေက နာကျင်နေတုန်းပဲမို့ နောက်ထပ် ထပ်ပြီးအရိုxက်ခံရမယ်ဆိုရင် တပေါင်းရဲ့ခန္ဓာကိုယ်က အရိုးတွေကျိုးဖို့ပဲရှိပါတော့တယ်။တပေါင်းကြိုးစားပြီး ထရပ်လိုက်ပေမဲ့ ညာဘက်ခြေထောက်က ဘယ်လိုမှ မထောက်နိုင်တာမို့ ညာခြေကို တရွတ်ဆွဲပြီး မျက်နှာသစ်တဲ့နေရာကို ထွက်လာခဲ့လိုက်တယ်။ ~~~~~~~~ ထမင်းဟင်းတွေ ချက်နေရင်းနဲ့ညာဘက်ခြေထောက်က ဒဏ်ရာက တဆစ်ဆစ်ကိုက်ခဲနာကျင်နေတာကြောင့် နနွင်းမှုန့် တွေကို ဒဏ်ရာထဲကိုသိပ်ထည့်ပစ်လိုက်တယ်။ပြီးတော့ အဝတ်စုတ်တစ်ထည်ကိုယူပြီး ပတ်ထားလိုက်တယ်။ဒီအချိန်မှာပဲ ညီမလေးရဲ့အသံကို ကြားလိုက်ရတာမို့ ဖခင်ကြီးရှိနေရာအခန်းဆီကို ခြေတရွတ်ဆွဲကာ တပေါင်းသွားလိုက်တယ်။အခန်းရှေ့ရောက်တော့ အခန်းထဲကိုမဝင်ရဲ။ ညီမလေးကို လှမ်းကြည့လိုက်တော့ ခုတင်ပေါ်ကနေ လျောဆင်းပြီး တပေါင်းကို လှမ်းကြည့်နေတာ ။တပေါင်းလဲ ညီမလေးကို လက်ယပ်ခေါ်လိုက်တယ်။ကလေးက တပေါင်းကိုမြင်တော့ ဒယိမ်းဒယိုင်နဲ့ပြေးထွက်လာတယ်။ အနားရောက်လာတဲ့ ကလေးကို တပေါင်းပွေ့ချီလိုက်တယ်။ '' အ " " ဗိုင်း " ကလေးကို ပွေ့ချီလိုက်ချိန်မှာပဲ တပေါင်းဘယ်လိုမှ မဟန်နိုင်တော့ဘဲ ဗိုင်းခနဲလဲကျတော့တယ်။လဲကျသွားတဲ့အခိုက်မှာ ကလေးကိုမထိအောင် တပေါင်းလက်တွေနဲ့ ဖမ်းထိန်းလိုက်ပေမဲ့ ကလေးက လန့်ပြီး ထငိုတော့တယ်။ " အီး ..ဟီး..ဟီး " " ဟာ....တောက်....ဘာဖြစ်တာ လဲ ..ကလေးက ဘာဖြစ်တာလဲ ...ကလေးကိုနင်ဘာလုပ်လိုက်တာလဲ တပေါင်း " ကလေးငိုသံကြောင့် ကိုအောင်မင်းလန့်နိုးသွားပြီး ဒေါသနဲ့ ထအော်လိုက်ရင်း သူ့ဘေးမှာရှိနေတဲ့ ခေါင်းအုံးနဲ့ လှမ်းပစ်ပေါက်လိုက်တယ်။ခေါင်းအုံးက တပေါင်းရဲ့ကျောပြင်ကို လာထိမှန်ပေမဲ့ ခေါင်းအုံးဖြစ်နေလို့ တပေါင်း ကံကောင်းသွားခဲ့တယ်။ ဖခင်ကြီးဆီက နောက်ထပ် တုံ့ပြန်မှုတွေ ကျရောက်မလာခင်မှာ ညီမဖြစ်သူလက်ကိုဆွဲပြီး ခြေတရွတ်ဆွဲကာ အခန်းရှေ့ကနေ တပေါင်းအမြန်ထွက်ခဲ့လိုက်တယ်။ ~~~~~~~~ " ဖိုးဇင် ... မျက်နှာသစ်ရင်းနဲ့ငိုက်နေပြန်ပြီလား ...နေ့တိုင်းကိုပြောနေရပါလားဟဲ့ ....ငါ့မှာ မနက် (၄)နာရီကအလုပ်ထလုပ်နေရတာ...အလုပ်ဆိုရင် ငူငူငိုင်ငိုင်နဲ့ ...အစားဆိုရင် ရှေ့ဆုံးကနေ မျိုတယ် ..လုပ်စမ်းမြန်မြန်သွက်သွက် " " ဂဒေါင် " မအေးလှိုင်က ဆူဆူဆဲဆဲ နဲ့ပြောရင်းက ဖိုးဇင်ရဲ့ခေါင်းကို ရေခွက်နဲ့ ဒေါင်ခနဲမြည်အောင် ခေါက်ချလိုက်တယ်။ မိခင်ရဲ့ခေါက်ချက်ကြောင့် ဖိုးဇင်နာကျင်သွားပေမဲ့ အသံမထွက်ရဲဘဲ အံကိုကြိတ်ကာတင်းခံထားရတယ်။မနက် (၄)နာရီကျော်တာနဲ့ ဖိုးဇင်လဲအိပ်ရာကထရတယ်။အိပ်ရာကနိုးတာနဲ့ ဆိုင်ထွက်ဖို့အတွက် မိခင်ကိုဝိုင်းကူရတယ်။မနက်(၆)နာရီမထိုးခင်မှာ လက်တွန်းလှည်းပေါ်ကို ဈေးပစ္စည်းတွေတင်ပြီး ဈေးလေးဆီကို သွားကြတယ်။ဈေးလေးက ဖိုးဇင်တို့အိမ်နဲ့ သိပ်မဝေးပါဘူး။ဈေးကို ရောက်ပြီဆိုရင် ဆိုင်ကိုအရင် ခင်းပေးရတယ်။ပြီးရင် နံနံပင်၊ ရှောက်သီစတဲ့ လိုအပ်တာတွေ ပြေးဝယ်ပေးရတယ်။မုန့်ဟင်းရည်အိုးနဲ့ ဟင်းခါးအိုးတွေကိုလဲ မီးမွှေးပေးရသေးတယ်။ အားလုံးလုပ်ပြီးလို့ စားသူတွေရောက်လာပြီဆိုရင် ဖိုးဇင်စားပွဲထိုးလုပ်ရတယ်။ပန်းကန်တွေဆေးရတယ်။ဆိုင်မှာ လူပါးသွားရင်အိမ်ပြန်ပြီးတော့ သူ့အဝတ်တွေနဲ့ ကလေးတွေရဲ့အဝတ်တွေကိုလျှော်ရတယ်။မိဘနှစ်ပါးရဲ့ အဝတ်တွေကိုတော့ မလျှော်ရဘူး။ မိခင်ဖြစ်သူကိုယ်တိုင်ပဲ လျှော်တာ။အိမ်အလုပ်တွေပြီးရင် အငယ်လေးနှစ်ယောက်ကို ရေချိုးပေးရတယ်။ကိုးနှစ်အရွယ်ညီမကတော့ သူ့ဘာသာရေချိုး၊ သနပ်ခါးလူး၊အဝတ်အစားဝတ်တာတွေလုပ်တတ်နေတဲ့ အရွယ်ရောက်နေပြီဆိုတော့ ဖိုးဇင်လုပ်ပေးစရာမလိုဘူး။အိမ်က အလုပ်တွေပြီးရင် ဆိုင်ကိုပြန်ပြေးရတယ်။အဲ့ဒီအချိန်ကျရင် မိခင်ဖြစ်သူကအိမ်ပြန်တယ်။ဖိုးဇင်က ဆိုင်စောင့်ရတယ်။ဆိုင်စောင့်နေချိန်မှာ မိခင်ခိုင်းထားခဲ့တဲ့ အလုပ်တွေမရှိရင်တော့ ဈေးလမ်းထဲလာဆော့ကြတဲ့ သူငယ်ချင်းတွေနဲ့ ခဏတစ်ဖြုတ်ဆော့လို့ရတာပေါ့။ကျန်တဲ့ အချိန်တွေကတော့ ညဆယ်နာရီအထိ ဖိုးဇင်အလုပ်မအားပါဘူး။ ~~~~~~~~ "ပေါက်ပေါက် မင်းလိုက်မှာလား ....တပေါင်းတို့ကြက်ဖကြီးကို ရပ်ကွက်ထဲလိုက်ရှာမလို့ " ဖိုးဇင်က ညီငယ်လေးကို လက်ဆွဲထားရင်းက ပေါက်ပေါက်ကို ပြောလိုက်တယ်။ " အေး ..လိုက်ခဲ့ပေးမယ်လေကွာ ...ရပ်ကွက်ကလဲ ကျဉ်းကျဉ်းလေးပဲဟာ ..သိပ်မကြာ လောက်ပါဘူး " " အေး .. ဒါဆိုသွားကြမယ်လေကွာ " ဖိုးဇင်ပြောပြီးတာနဲ့ ညီငယ်လေးကို ခါးထစ်ခွင်ချီလိုက်ပြီး ရှေ့ကနေဦးဆောင်ပြီး ထွက်ခဲ့လိုက်တယ်။ ~~~~~~~~ " ဟင် ....ဖိုးဇင်ဘယ်သွားတာလဲ -- အိမ်မှာ သမီးတို့ပဲရှိတာလား " မအေးလှိုင်က အိမ်ထဲကိုဝေ့ဝဲကြည့်ကာ သမီးဖြစ်သူကို မေးလိုက်တယ်။ဖိုးဇင်ကို အိမ်ပြန်လွှတ်ပြီး အလုပ်ခိုင်းလိုက်တာ။ အခုတော့ အိမ်မှာလဲမရှိ၊ လမ်းမှာလဲမတွေ့တာမို့ ဒေါသထွက်ကာ တု**က်တစ်ချောင်းကို ကောက်ယူလိုက်တယ်။ " တွေ့မယ် ( ....)...ငါ့အကြောင်းသိမယ်...မိဘက အလုပ်ခိုင်းလိုက်တာကို ကလေးတွေကိုထားပြီး ....သွားဆော့နေတယ် ...ကလေကချေ ကောင် သိမယ်မှတ် "

#ရင်တွင်းနာ (အခန်းဆက်ဝတ္ထု) အပိုင်း (၃) akyiphyu ************ ဆာလောင်လွန်းတာကြောင့် ဝမ်းဗိုက်ထဲကတကြုတ်ကြုတ်မြည်နေခဲ့သလို အာခေါင်တွေလဲခြောက်ကာရေသောက်ချင်နေမိတယ်။တစ်အိမ်လုံးမှောင်မိုက်နေတာမို့ ဖခင်ဖြစ်သူတို့ အိပ်ပျော်နေလောက်ပြီဆိုတာကို ခန့်မှန်းလိုက်မိတယ်။တစ်ခန်းလုံးမှောင်နေပေမဲ့လဲ ကိုယ့်အိမ်ကိုယ့်ရာဆိုတော့ ဘယ်နေရာမှာဘာရှိတယ်ဆိုတာကို တပေါင်းကျွမ်းကျင်နေပြီးသားပါ။အထူးသဖြင့် မီးဖိုချောင်ဆိုတာ သူမအကျွမ်းကျင်ဆုံးနေရာ။မိခင်ဖြစ်သူမရှိတော့ကတည်းက မီးဖိုချောင်နဲ့အိမ်ရှေ့ခန်းအတက်အဆင်းဘေးနားမှာပဲ တပေါင်းအိပ်ခဲ့ရတာလေ။တပေါင်းတို့အိမ်မှာ အိပ်ခန်းနှစ်ခန်းရှိပေမဲ့ အိပ်ခန်းထဲမှာ တပေါင်းနေခွင့်မရှိဘူး။တစ်ခန်းမှာ ဖခင်ဖြစ်သူနဲ့မိထွေးဖြစ်သူတို့နေတယ်။ကျန်တစ်ခန်းမှာက မိထွေးဖြစ်သူရဲ့အဝတ်အစားအသုံးအဆောင်တွေထားတာ။အိပ်ခန်းထဲမှာမအိပ်ရလို့် အိမ်ရှေ့ခန်းမှာ အိပ်ရဖို့ပြောတော့လဲ မိန််းကလေးမို့ မသင့်တော်ဘူးဆိုပြီး မီးဖိုချောင်အတက်အဆင်းနားမှာပဲ အိပ်ခဲ့ရတာ။မှောင်ကြီးမည်းမည်းထဲမှာ တပေါင်းဖင်တရွတ်ဆွဲကာတရွေ့ရွေ့သွားရင်း ရေအိုးရှိရာဆီကိုမှန်းသွားလိုက်တယ်။ဒီလိုအချိန်မှာ ထမင်းမစားရရင်တောင် ရေလေးနည်းနည်းလောက်ဖြစ်ဖြစ်သောက်ချင်နေမိတယ်။ခြေထောက်နှစ်ဖက်ကို ကြိုးနဲ့ချည်ထားပေမဲ့ ဖင်တရွတ်ဆွဲသွားလို့ရတော့ တော်သေးတယ်။ဒါပေမဲ့လှုပ်ရှားလိုက်တိုင်းမှာ ညာဘက်ခြေချင်းဝတ်က ဆိုးဆိုးဝါးဝါးနာကျင်နေခဲ့တယ်။နာလွန်းတာရယ်၊ဆာလောင်လွန်းတာရယ်ကြောင့် ပါးပြင်ပေါ်ကိုမျက်ရည်တွေ တလိမ့်လိမ့်စီးကျလာခဲ့ပြန်တယ်။တပေါင်းငိုရလွန်းလို့မောနေပါပြီ။ငိုနေပေမဲ့လဲ ရှိုုက်သံမထွက်ရဲတဲ့အခါ ရင်ဘတ်တစ်ခုလုံးကမောဟိုက်နေခဲ့ပြီး လည်ချောင်းတစ်လျှောက်မှာလဲမီးစနဲ့အထိုးခံထားရသလို ပူလောင်စူးရှပြီးနာကျင်နေခဲ့တယ်။ တပေါင်းရေအိုးရှိရာကို မှန်းဆပြီးတရွတ်ဆွဲသွာားနေချိန်မှာ လက်ကရေအိုးကို စမ်းလိုက်မိတာမို့ အိုးထဲကရေခွက်ကို လက်နဲ့စမ်းယူလိူက်ပြိး ရေတစ်ခွက်ကိုအငမ်းမရသောက်ချလိုက်မိတယ်။တစ်ခဏအတွင်းမှာပဲ ရေတစ်ခွက်ကကုန်သွားခဲ့ပြီး မောဟိုက်နေတဲ့ရင်အစုံကလဲငြိမ်ကျသွားခဲ့တယ်။ဗိုက်ထဲကိုရေတွေဝင်သွားခဲ့တာမို့ တကြုတ်ကြုတ်မြည်နေတဲ့ဝမ်းဗိုက်ကလဲ အနည်းငယ်ငြိမ်သက်သွားခဲ့တယ်။ဗိုက်ကဆာနေတုန်းဖြစ်ပေမဲ့ ထမင်းစားဖို့ကိုတော့ တပေါင်းစိတ်မကူးရဲဘူး။သူမထမင်းစားနေတုန်းမှာ ဖခင်ဖြစ်သူများ နိုးသွားခဲ့ရင် ထပ်ပြီးအရို**က်ခံရမှာကိုကြောက်နေမိတယ်။အမှောင်ထဲမှာ ခြင်တွေကိုက်နေတာကိုလဲ အသံထွက်အောင် မရို*က်ရဲဘဲ လက်နဲ့ပဲအသာသပ်ချနေရတယ်။ဒီလိုမှောက်မိုက်နေတဲ့အခြေအနေက ကြောက်စရာကောင်းတယ်ဆိုပေမဲ့လဲ ဖခင်ဖြစ်သူနဲ့ယှဉ်ခဲ့ရင်တော့ ကြောက်စရာမဟုတ်ဘဲ အေးချမ်းရာပဲမဟုတ်လား။ဖြစ်နိုင်မယ်ဆိုရင် မိုးမလင်းတော့ဘဲ မှောင်ကြိးထဲမှာပဲ တပေါင်းနေချင်မိတော့တယ်။တဝီဝီမြည်နေတဲ့ခြင်တွေရဲ့အသံတွေရယ်။နာကျင်နေတဲ့ခြေထောက်ရယ်၊မှောက်မိုက်နေတဲ့အနေအထားက ဖခင်ဖြစ်သူယှဉ်ရင် အသေးအဖွဲကိစ္စလေးတွေဖြစ်သွားခဲ့တယ် မဟုတ်လား။ရေကိုဝအောင်သောက်ပြီးသွားတော့ ရေအိုးနဲ့မနီးမဝေးကနံရံဘေးမှာပဲ တပေါင်းလှဲချလိုက်မိတယ်။ ~~~~~~~~~ မသိန်းနုအိပ်ရာကနိုးလာတာနဲ့ မီးဖိုခန်းဘက်ကိုလျှောက်လာလိုက်တယ်။မီးဖိုခန်းဝကိုရောက်တော့ မီးဖိုထဲကိုလှမ်းကြည့်ပြီး နှာခေါင်းကိုရှုံ့လိုက်မိတယ်။မီးဖိုထဲက အကြမ်းသုံးတဲ့ရေအိုးဘေးနားမှာအိပ်ပျော်နေတဲ့ တပေါင်းကိုရှိရာဆီကို မသိန်းနုလျှောက်သွားလိုက်တယ်။ " တပေါင်း...တပေါင်းထစမ်း...ထတော့လေ..ဘယ်အချိန်ရှိနေပြီးလဲ ....နင်လဲ ..ဒီအခြေအနေမှာတောင် အိပ်ပျော်နိုင်သေးတယ်နော် " " ရှင် ... ဟုတ်..ဟုတ်ကဲ့ ...အမေသိန်းနု " မသိန်းနုရဲ့ နှိုးသံကြောင့် တပေါင်းလန့်နိုးလာခဲ့တယ်။ "ရော့ ...ဒီမှာ ကတ်ကြေး ...နင့်ခြေထောက်က ကြိုးကိုဖြတ်လိုက် ....ငါဒီနေ့ဆိုင်စောစောထွက်ရမှာမို့... ထမင်းဟင်းတွေ နင်ချက်ထားလိုက် ... ဟင်းဆီသ*တ်ရင် ...မတူးစေနဲ့ကြားလား.....ချက်လို့ပြီးရင် ....အဝတ်တွေလျှော်ထားလိုက်အုံး ...ကလေးနိုးလာရင် ... ကလေးကို မုန့်ကျွေးပြီး ရေမိုးချိုးပေးလိုက်အုံးနော် " " ဟုတ်ကဲ့ပါ ..အမေသိန်းနု " မိထွေးဖြစ်သူ ပြောနေတာတွေကို တပေါင်းခေါင်းငြိမ့်ပြလိုက်ပြီးတော့ ကတ်ကြေးကို လှမ်းယူလိုက်ကာ ကြိုးတွေကို ဖြတ်လိုက်တယ်။ ကြိုးတွေပြေသွားတော့ တပေါင်းအားယူပြီး ထကြည့်လိုက်တယ်။ " ဘုတ် '' "အား " တပေါင်း မတ်တတ်ထရပ်လိုက်တော့ ခြေချင်းဝတ်ဆီက နာကျင်မှုနဲ့အတူ လူကဖင်ထိုင်ရက်ပြန်လဲကျသွားတယ်။တပေါင်းလဲကျတဲ့ အသံကြောင့် မသိန်းနုကတပေါင်းကိုလှမ်းကြည့်လိုက်ပြီး မာန်မဲလိုက်တယ်။ " ဟဲ့ ဘာဖြစ်တာလဲ .... အဖြစ် သည်းပြမနေနဲ့...ဖြည်းဖြည်းထမှပေါ့ ....တော်ကြာ နင့်ဖအေနိုးလာလို့ ...စောစောစီးစီး အရိုက်ခံနေရအုံးမယ် "