uk
Feedback
ဧကြည်ဖြူ၏ ဝတ္ထုများ

ဧကြည်ဖြူ၏ ဝတ္ထုများ

Відкрити в Telegram

Показати більше
803
Підписники
+424 години
+167 днів
+4630 днів
Архів дописів
အမှုအရာများကို တော့သဲကွဲစွာ မြင်ရဘဲရှိလေသည်။ထိုမြင်ကွင်းကိုကြည့်ပြီး စိုင်းခွန်နောင် ရင်ထဲ၌ ဗလောင်ဆူလာလေ သည်။"ငြိမ်းဘတွေ လုပ်နေတာလဲ " ဟု ပြေး၍ မေးချင်စိတ်များပါ ပေါ်ပေါက်လာလေသည်။အတန်ကြာသောအခါ ငြိမ်းသည် စားပွဲမှ ပြန်ထလာသည်ကို တွေ့လိုက်ရလေသည်။ငြိမ်းထွက်လာသည်ကို မြင်သည်နှင့် စိုင်းခွန်နောင်လည်း ကားပေါ်မှ အမြန်ဆင်းလိုက်ပြီး ငြိမ်း ဆီသို့ ခပ်သွက်သွက် လျှောက်သွားလိုက်လေသည်။ " ငြိမ်း " ဆိုင်ထဲမှ ထွက်လာသော ငြိမ်းကိုစိုင်းခွန်နောင် ခေါ်လိုက်သည်။ ငြိမ်းသည် စိုင်းခွန်နောင်ကို ရုတ်တရက် တွေ့လိုက်ရသောကြောင့် အံ့ဩ ထိတ်လန့်သွားပြီး အထစ် ထစ်အငေါ့ငေါ့နှင့် စိုင်းခွန်နောင်ကို ပြန်၍ခေါ်လိုက်လေသည်။ "ကို ...ကိုစိုင်း " @@@@@@@@@@@@@@@@@@@@ အပိုင်း ၂၂ ဆက်ရန် ဧကြည်ဖြူ

မပြုလုပ်ခဲ့ပါလေ။ရဲရင့်ဆုံးသွားပြီးသည့်နောက်မှာတော့ ဖုန်းကို နည်းပညာ ကျွမ်းကျင်သူထံအပ်နှံလိုက်ပြီး လျှို့ဝှက်နံပတ်ဖြင့် ပိတ်ထားသော် ဖုန်းကို ဖွင့်ခိုင်းလိုက်သည့်အပြင် ဖုန်းထဲမှ ဖျက်ထား ဖျောက် ထားသောပုံများနှင့် ဗွီဒီယိုဖိုင်များကိုပါ ပြန်ရှာခိုင်းထားလိုက်ခြင်းဖြစ်သည်။ ငြိမ်း အိပ်ရာပေါ်သို့ လှဲချလိုက်ပြီး ဖုန်းကို ဖွင့်ကြည့်လိုက်ပြီး ဖေ့ဘုက်မက်ဆင်ဂျာသို့ ဝင်ကြည့်လိုက်သည်။ပြီးလျှင် အမြဲစကားပြောနေကျ အကောင့်သို့ ဝင်ကြည့်လိုက်သည်။ {Facebook user ) ဆိုသော စာတမ်းကို မြင်လိုက်ရသည်။နောက်ဆုံးပို့ထားသော စာကြောင်းများကို ငြိမ်း ဖတ်ကြည့်လိုက်မိသည်။ "တကယ်လို့ များ ကျွန်တော့် မင်္ဂလာပွဲ ပျက်သွားရင် ခင်ဗျားလည်း မလွယ်ဘူးနော်...ခင်ဗျားခြိမ်းခြောက်ပြီး ပို့ထားတဲ့ ဗွီဒီယိုဖိုင်တွေ ဓါတ်ပုံတွေ ကျွန်တော့်ဆီမှာအကုန် ရှိတယ်...." "မင်းရူးနေလား ... ငါ့မိသားစုကို လာမရူပ်နဲ့နော်...မင်းဘယ်လောက်လို ချင်လဲပြော..." "ခင်ဗျား အလှည့်ကျတော့ ကြောက်တတ်လှချည်လား ဒေါ်မှုယာ ဟန် ...ကျွန်တော် တောင်းပန်နေတဲ့ကြားက ကျွန်တော့်ဘဝကို ပျက်အောင်ဖျက်ခဲ့တာလေ...ခင်ဗျားမိသားစုကို ထိမှာတော့ကြောက်တယ်လား ..." "မင်းကို ပြောလိုက်မယ်... ငါ့ကိုလာရှုပ်ရင် ...မင်းဘ၀ဒီထက်ဆိုးသွားမယ်..." စာတွေကိုဆက်ဖတ်ချင်စိတ်မရှိတော့သောကြောင့် ငြိမ်း မက်ဆင်ဂျာထဲမှ ပြန်ထွက်ပြီး ဓါတ်ပုံတွေ ၊ ဗွီဒီယိုတွေ ကို၀င်ကြည့်လိုက်သည်။ငြိမ်းလက်ထဲသို့ ဖုန်းရောက်နေသည့်အချိန်မှစ၍ ပထမ ဦးဆုံး ဝင်ကြည့်မိခြင်းဖြစ်လေသည်။ ဓါတ်ပုံဖိုင်ထဲသို့ကြည့်လိုက်သောအခါ တွေ့မြင်လိုက်ရသော ဓါတ်ပုံများကိုကြည့်ပြီး ငြိမ်း ရင်ထဲ အော်ဂလီဆန်သွားမိလေသည်။မိန်းမတစ်ယောက်၏ မမြင်သင့် မမြင်အပ်သောအရာမှန် သမျှကို အသားပေး ဖော်ပြထားသော မူယာဟန်၏ ပုံများနှင့် စက်ဆုပ်ရွံရှာဖွယ် ဗွီဒီယိုဖိုင်အချို့ကိုလည်း တွေ့ရလေသည်။ငြိမ်းသည် ဖုန်းကိုကြည့်ပြီး အံကိုတင်းတင်းကြိတ်ထားမိလေသည်။ ******** "သားရယ် ဒေါ် လေးလည်း ယုံယုံကြည်ကြည်နဲ့ တိုင်ပင်ရမယ့်သူဆိုလို မင်းပဲရှိလို့ပါကွယ်..." ဒေါ်ငြိမ်းဝေသည် စိုင်းခွန်နောင်ကို ကြည့်ပြီး ပြောလိုက် သည်။ "ဟုတ်ကဲ့ ဒေါ် လေး ပြောပါ...ဒေါ်လေးနဲ့ ငြိမ်းရဲ့ကိစ္စက ကျွန်တော့်ရဲ့ ကိစ္စပဲလေ " စိုင်းခွန်နောင်က ဒေါ်ငြိမ်းဝေ၏ ရှေ့တွင် ထိုင်လျက် ရိုရိုသေသေပင်ပြန်ပြောလိုက်သည်။ "ငြိမ်းကို ကြည့်ရတာ တစ်မျိုးပဲ သားရယ်... တစ်ခုခုကို ကြိတ်ပြီး လုပ်နေသလိုပဲ...မေးရင်လဲမဖြေဘူး ... သူဘာတွေလုပ်နေလဲ ဒေါ်လေး စိတ်ပူလှပြီ ... အရင်နဲ့မတူတာတော့ သေချာတယ်..." " စိတ်ချပါ ဒေါ်လေး ...ကျွန်တော် ငြိမ်းကို စောင့်ကြည့်ပေးထားပါ့မယ်...." ***** စိုင်းခွန်နောင်သည် ကားပေါ်တွင် ထိုင်လျက် ငြိမ်းတို့၏ ရပ်ကွက်လမ်းမသို့ မျှော်ကြည့်လိုက်သည်။ဒေါ်ငြိမ်းဝေထံမှ ဖုန်းရပြီးကတည်းက သူ ငြိမ်းကိုလာစောင့်နေခြင်း ဖြစ်လေသည်။စိုင်းခွန်နောင် ကြည့်နေစဉ်မှာပင် ခြေလှမ်းမှန်မှန်နှင့် လျှောက်လာသော ငြိမ်းကို တွေ့လိုက်ရလေသည်။ဂျင်းဘောင်းဘီရှည်နှင့်အနက်ရောင် ရှပ်အင်္ကျီကို ဝတ်ထားပြီး လျှာထိုးဦးထုပ်ကို ခပ်ငိုက်ငိုက် ဆောင်းပြီး တစ်လောကလုံးကို ထီမထင်သည့်ဟန်နှင့် လျှောက်လာလေသည်။ကျောထက်မှလွယ်ထားသော ကျောပိုးအိတ်လေးနှင့် ကျစ်ဆံမြီး တုတ်တုတ်ကြီးသည် လမ်းလျှောက်သည့်အခါ ဟိုသည် ယိမ်း၍နေလေသည်။စိုင်းခွန်နောင်သည် ငယ်စဉ်ကတည်းကပင် သံယောစဉ်ကြီး ချစ်ခင်ခဲ့ရသော ငယ်သူငယ်ချင်းမလေးကို သတိလက်လွတ် ငေးမောကြည့်နေမိလေသည်။စိုင်းခွန်နောင်ကြည့်နေစဉ်မှာပင် ငြိမ်းသည် တက္ကစီကားတစ်စီးကိုလက်တားပြီး တက်သွားသည်ကို မြင်လိုက်ရလေသည် ။စိုင်းခွန်နောင်လည်း ထိုကား နောက်မှ လိုက်ခဲ့လေသည်။ယခုတလော အလုပ်မှအလုပ်ကိုပဲ စိတ်၀င်စားသော ငြိမ်းတစ်ယောက် မကြာခဏအပြင်သို့ထွက်နေသောကြောင့် ဒေါ်ငြိမ်းဝေက စိုးရိမ်ပြီး ငြိမ်းသွားရာနောက်သို့ လိုက်ကြည့်ရန် စိုင်းခွန်နောင်ကို အကူအညီတောင်းထားခြင်း ဖြစ်လေသည်။တကယ်တော့ ငြိမ်းကို စောင့်ကြည့်ပြီး ကူညီစောင့် ရှောက်ပေးရသော အလုပ်သည် စိုင်းခွန်နောင်အတွက်တော့ မထူးဆန်းလှပေ။ငယ်စဉ်ကတည်းကပင် ငြိမ်းသွားလေရာ ၊ ဆော့လေရာနောက်သို့ သူ့မှာ တကောက်ကောက်လိုက်ပါခဲ့ရသည်။ယခုအခါ သည်လို အခွင့်အရေးမျိုးကို ပြန်ရလာသည့်အတွက် စိုင်းခွန်နောင်ကျေနပ်ပျော်ရွှင်မိလေသည်။ကံကောင်းသည်မှာ အလုပ်ကိစ္စများကို ဆန်လင်းအောင်က ဝိုင်းဝန်းကူညီပေးသလို အချို့မဖြစ်မနေ ကိုယ်တိုင် လုပ်ရမည့်အလုပ်များကိုမူ ညဘက်တွေ၌ လုပ်ကိုင်ရလေသည်။ စိုင်းခွန်နောင်ကားကိုအတန်ကြာမောင်းလာပြီးနောက် ငြိမ်းစီးသွားသော တက္ကစီ ကား ရပ်လိုက်သည်ကို တွေ့လိုက်ရသောကြောင့် စသူလည်းကားကို ခပ်လှမ်းလှမ်းတွင် ရပ်တန့်လိုက်လိုက်ပြီး လှမ်းကြည့်နေလိုက်သည်။ ကြည့်နေစဉ်မှာပင် ငြိမ်းက ကားပေါ်မှဆင်းလာပြီး ကော်ဖီဆိုင်တစ်ဆိုင်ထဲသို့ဝင်သွားလေသည်။ဆိုင်ထဲသို့ရောက်သောအခါ ငြိမ်းသည် ဦးထုပ်ဆောင်းထားသော လူတစ်ယောက်၏ စားပွဲ၌ သွားထိုင်လိုက်သည်ကို တွေ့ရလသည်။ပြီးလျှင် နှစ်ယောက်သား စကားပြောနေကြဟန်ကို တွေ့လိုက်ရလေသည်။ ကော်ဖီဆိုင်သည် မှန်များဖြင့် ကာထားသော ကြောမျက်နှာ

" ရဲ့ရင့်ကို ကြည်ပါအုံး မမူယာရယ်... နှစ်ဆယ့်လေးနှစ်ပဲ ရှိသေးတာပါ..ဘ၀တက်လမ်းတွေအများကြီးရှိသေးတဲ့အရွယ်ပါ...ဒီလိုချက်ချင်းကြီးဖြစ်သွားတော့ သူမကျွတ်လွတ်နိုင်မှာပဲစိုးရိမ်မိတယ်...မမူယာ လဲသူ့အတွက်အလှူအတန်းလေး လုပ်ပေးပါနော် ...ဇနီးမောင်နှံလို နေခဲ့တော့ တော်ကြာ သူ့စိတ်ထဲများစွဲနေမလားလို့ပါ " " ရှင်" မူယာဟန်သည် ငြိမ်းပြောလိုက်သော စကားကြောင့် အထိတ်တလန့် ဖြစ်သွားပြီးလျှင် လူအုပ်ကြားထဲမှ အတင်းတိုး၍ ရုန်းထွက်လိုက်လေသည် ။ သည်အခါ၌ ငြိမ်းသည်လည်း မူယာဟန်၏နောက်သို့ အလိုက်သင့်လိုက်သွားလိုက်လေသည်။ "ပြန်တော့မလို့လား မမူယာ...သင်္ဂြိုဟ်ပြီးတဲ့အထိ မနေတော့ဘူးလား ...ဘာပဲဖြစ်ဖြစ်လာပေးတာကျေးဇူးပါနော်..." ငြိမ်းက မူယာဟန်၏ လက်ကို လွှတ်ပြီး ပြောလိုက်သည်။ "ဟုတ်... ဟုတ်ကဲ့ ....ဆိုင်မှာ ဧည့်သည်တွေနဲ့ချိန်းထားလို့ပါ ငြိမ်း....မမူယာကို ပြန်ခွင့်ပြုပါအုံးနော် ..." မူယာဟန်က အထစ်ထစ်အငေါ့ငေါ့ နှင့် နှုတ်ဆက်လေသည်။ ငြိမ်းက ခေါင်းကို အသာငြိမ့်ပြလိုက်သည်။မူယာ ဟန်ကျောခိုင်းထွက်ခွါသွားပြီး အခန်းပေါက်ဝသို့ရောက်သောအခါ ငြိမ်းက မူယာဟန်ကို အသံ မတိုးမကျယ်နှင့်လှမ်းခေါ်လိုက်သည်။ " ခဏနေပါအုံး ....မမူယာ " မူယာဟန်သည် ငြိမ်း၏ခေါ်သံကြောင့် တုန်လှုပ်ချောက်ချားစွာဖြင့် နောက်သို့လှည့်ကြည့်လိုက်လေသည်။ ငြိမ်းက မူယာဟန်၏ အနားသို့ လျှောက်သွားပြီးလျှင် အသံ ခပ်တိုးတိုးနှင့် ပြောလိုက်သည်။ " ရဲရင့် မတော်တဆမှုဖြစ်တော့ သူ့ဖုန်းမပါသွားဘူးတဲ့ မမူယာ ..မမူယာဆီမှာများ ဖုန်း ကျန်ခဲ့သေးလား ဟင်.." ပြောပြီးသည်နှင့် ငြိမ်းက ရုပ်အလောင်းအနားသို့ ပြန်လှည့်လျှောက်လာခဲ့သည်။ ငြိမ်းတို့ အနီးနားမှ လူများသည် ငြိမ်းနှင့် မူယာဟန်ကို စူးစမ်းသလိုကြည့်နေကြလေသည်။မူယာဟန်မှာတော့ ငြိမ်းပြောသွားသော စကားကြောင့် နေရာတွင်ပင် ကြက်သေသေလျက် ရပ်၍ကျန်ခဲ့လေသည်။ "ဆွေမျိုးတွေ ဆုံပြီဆိုရင် မီးသင်္ဂြိုဟ်ပါတော့မယ် ခင်ဗျာ ခွင့်ပြုပေးကြပါ" သင်္ချိုင်းမှ တာဝန်ရှိသူ၏ ပြောစကားအဆုံးတွင် အလောင်းအနီးအပါးမှလူများ ဘေးသို့ ကပ်ပေးလိုက်ကြလေသည်။ အသုဘ အခမ်းအနားသည် ငိုသံတိတ်ဆိတ်လျက်ရှိသည် ။တစ်ဦးတည်းသော ငိုမည့်သူ ရဲရင့်၏ မိခင်မှာ သတိလစ်မေ့မျောသွားသောကြောင့် သိတတ်နားလည်သူအချို့က ပြုစုပေးလျက်ရှိလေသည်။အသုဘပို့ လာ သူများက ငြိမ်းကို အကဲခပ်စောင့်ကြည့်၍နေကြသည် ။ငြိမ်းလည်း ဘယ်အချိန်များ သတိလစ်မေ့လဲသွားရှာမည်လဲဟု သူတို့ တွေးထင်နေ ကြလေသည်။ ငြိမ်သည် တိတ်ဆိတ်ငြိမ်သက်စွာပင် ရဲရင့်၏ သက်မဲ့ခန္ဓာကိုယ်အား သက်ဆောင်သွားသော အခေါင်းတင် တွန်းလှည်း နောက်မှလိုက်ပါလာခဲ့လေသည်။ ***** " တကယ်ဆို ဒီလိုအချိန်မှာ ငြိမ်းရဲ့ အနီးဆုံးမှာ မင်းကူညီပေးနေသင့်တာ စိုင်း " ဆန်းလင်းအောင်က စိုင်းခွန်နောင်ကိုကြည့်ပြီးပြောလိုက်သည်။ စိုင်းခွန်နောင်က ကားပေါ်မှနေ သင်္ချိုင်းထဲသို့ လှမ်းကြည့်နေရင်းမှ ဆန်လင်းအောင် ကိုခပ်တိုးတိုးပြန်ပြောလိုက်လေသည်။ "သွားချင်တာပေါ့ ကိုဆန်းရာ...ဒါပေမဲ့ အဲ့ဒီကို ရောက်ရင် ကျွန်တော် ငြိမ်းအနားကို သွားမိမှာပဲ...အဲဒါဆို လူတွေရဲ့ မျက်လုံးတွေ ...ပါးစပ်တွေက ငြိမ်နေမယ် မထင်ဘူး...လူတွေငြိမ်းကို တစ်မျိုး မြင်မှာကို ကျွန်တော် အကြောက်ဆုံးပဲ ကိုဆန်း...." စိုင်းခွန်နောင်သည် ပြောရင်း သုသာန် ထဲသို့ငေးမျှော်ကြည့်နေမိလေသည်။ ****** " ဘယ်လိုလုပ်မလဲ သမီး ..မအေးမွန်က သူ့သားတစ်လပြည့်ဆွမ်းကျွေးပြီးရင်လဲ ..အဲ့ဒီအိမ်မှာပဲဆက်နေချင်တယ်တဲ့လေး..သူ့သဘောက သူသားခေါင်းချသွားတဲ့အိမ်က မပြောင်းချင်တဲ့ သဘောပဲ ..." ဒေါ်ငြိမ်းဝေက လက်ထဲမှ အထုတ်ကို ချလိုက်ပြီး ဆက်တီခုံမှာ ဝင်ထိုင်ရင်း ပြောလိုက်သည်။ယခင်နေ့ကမှ ရဲရင့်၏ အသုဘရက်လည်ပြီးဆုံးသွားသောကြောင့် ငြိမ်းတို့သားအမိ ယနေ့မှပင် မိမိတို့အိမ်သို့ပြန်လာခဲ့ကြခြင်းဖြစ်လေသည်။ " အခုတော့ စိတ်ထဲရှိ သလိုလုပ်ပါစေ အမေ ....သမီးတို့ပဲ တာဝန်ယူကြည့်ရှုစောင့်ရှောက်ပေးကြတာပေါ့.... ရေရှည်အတွက်တော့ သူတို့အမျိုးတွေက ကူညီမပေးဘူးဆိုရင် တစ်မျိုးတစ်ဖုံ စီစဉ်ကြတာပေါ့အမေ ..... အခုတော့ သမီးခဏလောက် အိပ်လိုက်အုံးမယ် ...အမေလည်း နားလိုက်အုံး ... တစ်ပတ်လုံး အအိပ်ပျက် အစားပျက်ထားတာ မဟုတ်လား...." ငြိမ်းက မိခင်ကို ပြောပြီးသည်နှင့် အပေါ်ထပ်ရှိ မိမိ အခန်းရှိရာသို့ တက်ခဲ့လေသည်။ **** ငြိမ်းသည် အခန်းထဲသို့ရောက်သောအခါ တံခါးကို ချက်ချပိတ်လိုက်လေသည် ။ပြီးနောက် ဗီဒိုကို ဖွင့်လိုက်ပြီး အထဲမှ ရဲရင့်၏ ဖုန်းကို ယူထုတ်လိုက်သည် ။ငြိမ်း၏ အခန်းထဲသို့ ရဲရင့်ဝင်လာပြီး တောင်းပန်ချိန်က ဖုန်းကျန်ခဲ့ခြင်းဖြစ်သည်။ဖုန်းပြန်ပေးချိန်ပင်မရလိုက်ဘဲ ထိုညကပင် ရဲရင့်ဆုံးပါးသွားခဲ့ခြင်းဖြစ်လေသည်။ရဲရင့်ဆုံးသွားပြီ ဆိုသောအခါ သူ၏ဖုန်းကို ငြိမ်းကြည့်ဖို့ရန်ဆုံးဖြတ်ခဲ့လိုက်သည်။ရဲရင့်နှင့် ငြိမ်းပတ်သက်ခဲ့သည့်သက်တမ်းတစ်လျှောက်၌ ရဲရင့်အား လေးစားသောအားဖြင့် သူ့ရဲ့ကိုယ်ရေးကိုယ်တာကို ငြိမ်း စွက်ဖက်ခြင်း ၊ အနိုင်ယူခြင်းမပြုခဲ့ပေ။ထို့ကြောင့်ပင် ရဲရင့်၏ ဖုန်းကိုး တစ်ခါတစ်လေမျှ တောင်းယူကြည့်ရှုခြင်း

ဝတ္ထု တင်ပေးတာ နောက်ကျသွားတဲ့ အတွက် စာချစ်သူတွေကို တောင်းပန်ပါတယ်ရှင် ဧကြည်ဖြူ " ချစ်ဆိပ်" (ချူ ) အပိုင်း (၂၁) ****** "အရက်တွေ အတော်လေး သောက်ထားပြီး ကားကို မိုင်ကုန်မောင်းခဲ့ပုံပဲ...ကံကောင်းလို့ ညဘက်ဖြစ်နေလို့ ပေါ့.... မဟုတ်ရင် တခြားသူတွေပါ ထိခိုက်ကုန်မှာ ...လမ်း အရှင်းကြီးမှာကို ကားက လမ်းဘေးကသစ်ပင်ကို ဝင်ဆောင့်ခဲ့တာ...." နားထဲတွင် ကြားနေရသော အသံများကိုကျောခိုင်းပြီး ပိတ်ဖြူဖြင့် ဖုံးလွှမ်းထားသော ရုပ်အလောင်းရှိရာသို့ ငြိမ်းလျှောက်လှမ်းသွားလိုက်သည်။ဘေးတွင် ရပ်နေသော လူတစ်ယောက်က ပိတ်ဖြူကို အသာလှပ်ပြသည်။ ပိတ်ဖြူ အောက်တွင် ပေါ်လာသော ရဲရင့်၏မျက်နှာတွင် သွေးစ အနည်းငယ်မျှနှင့် ယောင်ယမ်း ညိုမည်းနေသည့် ဒဏ်ရာအချို့ကိုတွေ့ရသည် ။ တင်းတင်းစေ့ထားသော နှုတ်ခမ်းများ။မပွင့် တပွင့် ဖြစ်နေသောမျက်လုံးများ။အရာရာသည် အေးစက် တိတ်ဆိတ်နိုင်လွန်းလှသည်။ " ရုပ်ပျက် ဆင်းပျက် ဖြစ်မသွားတာပဲ ကျေးဇူးတင်ရမယ်......" "အမလေး ...သားလေးရယ်...အမေ့ကို ထားခဲ့ပြီလား .... တစ်မိသားစုလုံး အတူတူ ခရီးထွက်ကြမယ်ဆို...အီး ..ဟီး ...ဟီး...သမီးလေးငြိမ်း...သားလေးကို ကယ်ပေးပါးအုံးနော်....အဒေါ် ... တောင်းပန်..... " ရဲရင့်၏ မိခင်သည်ပြောရင်မှ ခွေခနဲ လဲကျသွာလေသည်။ " မအေးမွန် ...သတိထားလေ...သတိထားပါအုံး....စိတ်ကို ထိန်းပါအုံး မအေးမွန် ..." ဒေါ်ငြိမ်းဝေသည် လဲကျသွားသော ရဲရင့်၏ မိခင် ဒေါ်အေးမွန်ကို ဖေးမထိန်းကူရင်း သူနာပြု တစ်ယောက်၏ အကူအညီနှင့် ခေါ်ထုတ်သွားရလေသည်။ "ထုံးစံအတိုင်း သုံးရက်ပဲထားမယ် ... အမေနဲ့ ဒေါ် လေးကလဲ စိတ်ထိခိုက်နေကြတာမို့ ...ကိစ္စ အစအဆုံးကို ဦးလေးတို့ဆီမှာ အကူအညီတောင်းပါတယ် ...သင့် တော်သလို စီစဉ်ပေးကြပါ " ငြိမ်းက ရပ်ကွက်၏ လူမှုအသင်းအဖွဲ့မှ လူကြီးများကို အကူအညီတောင်းလိုက်သည်။ပြီးလျှင် ခုတင်ပေါ်တွင် ရှိနေသော ရဲရင့်၏ သက်မဲ့ခန္ဓာကိုယ်ကို တစ်ချက် စိုက်ကြည့်ပြီး အပြင်သို့ထွက်လာခဲ့သည်။ရဲရင့်၏ သက်မဲ့ခန္ဓာကိုယ်ကို ကျောခိုင်းပြီးထွက်လာသည့်အခါ ငြိမ်း၏ လည်ချောင်းတစ်လျှောက်န့် စူးရှနာကျင်၍နေသည်။သို့သော် မျက်ရည်တစ်စက်မျှ ကျမလာခဲ့ပေ။ ***** "သနားပါတယ်ဟယ် ... " " သေသွားတဲ့သူလဲ သနားဖို့ကောင်းသလို...ကျန်ခဲ့တဲ့သူလဲ သနားဖို့ကောင်းတယ်..." "အေးဟယ် ... မင်္ဂလာပွဲရက်ကြီးမှာ ဖြစ်သွားတာ" တစ်ယောက်တစ်ပေါက် ပြောဆိုနေကြသော လူအုပ်ကြားထဲမှ ငြိမ်းသည် အသုဘ ခန်းမ၏ ၀င်ပေါက်သို့ မျှော်ကြည့်မိလိုက်ပြန်သည်။ ဒေါ်ငြိမ်းဝေသည်လည်း သမီးဖြစ်သူ ကြည့်နေသော နေရာသို့ လှမ်း၍ကြည့်လိုက်မိသည်။ထိုအခါ ဧည့်သည် များကြားမှ အနက်ရောင်ဝတ်စုံပြည့်နှင့် ဝင်လာသော မူယာဟန်ကို ကြည့်ပြီး ဒေါ်ငြိမ်းဝေဆတ်ခနဲ တုန်လှုပ်သွားမိသည်။ပြီးလျှင် သမီးဖြစ်သူ၏ လက်ကို ယောင်ယမ်း၍ ဆွဲယူဖျစ်ညှစ်လိုက်မိလေသည်။ ငြိမ်းက မိခင်၏ လက်မှ အသာရုန်းထွက်လိုက်ပြီးလျှင် အနားသို့ လျှောက်လာသော မူယာဟန်၏လက်ကိုဆွဲကာ အသက်ဝိညာဉ်ကင်းမဲ့နေပြီဖြစ်သော ရဲရင့်၏မျက်နှာကို ရှင်းရှင်းလင်းလင်းမြင်ရသော နေရာသို့ ဆွဲခေါ်ယူလိုက်လေသည်။ မူယာဟန်သည် ဟန်မပျက်ပင် ငြိမ်း၏ ဘေးတွင် ရပ်လျက် ရဲရင့်၏ရုပ်အလောင်းကိုကြည့်လိုက်လေသည်။ "လာပေးတာ ...ကျေးဇူးပါ မမူယာ...ရဲရင့်ကလည်း မမူယာကို မျှော်နေမယ်ထင်ပါတယ်.....သူ့ရဲ့နောက်ဆုံးအချိန်မှာ ကျွန်မထက် ပိုပြီးရင်းနှီးကျွမ်းဝင်ခဲ့တဲ့ မမူယာကိုပဲ တမ်းတခဲ့မှာ သေချာပါတယ်...."ငြိမ်းက မူယာဟန်၏နားနားသို့ ကပ်ပြီး လေသံမျှနှင့် ပြောလိုက်သည်။ငြိမ်း၏ စကားကြောင့် မူယာဟန်သည် တုန်တုန်ယင်ယင်နှင့် ဖြစ်သွားသလို ရဲရင့်၏ ရုပ်အလောင်းကိုမကြည့်ဘဲ မျက်နှာကိုဘေးသို့အနည်းငယ်မျှလွှဲ၍ထားလေသည်။ "ကြည့်ပါအုံး ...မမူယာရယ်...အိပ်နေတဲ့အတိုင်းပဲနော်...နောက်ဆုံးအနေနဲ့ သူ့နဖူးလေးကို လက်နဲ့ အသာလေး ထိပြီး နှုတ်ဆက်ပေးပါနော်... သူ့ရဲ့ ဝဋ်ကြွေးတွေဒီဘ၀မှာတင် ပြီးဆုံးသွားဖို့ ကျွန်မတို့ ဆုတောင်းပေးကြတာပေါ့..." ငြိမ်းကလေသံအေးအေးလေးနှင့် ပြောလိုက်ပြီးလျှင် မူယာဟန်၏လက်ကိုဆွဲယူလျက် ရုပ်အလောင်းကိုထိကိုင်စေလိုက်လေသည်။ထိုအခါ မူယာဟန်သည် အထိတ်တလန့်နှင့် သူ၏ လက်ကို အတင်းပြန်ရုန်းလိုက်လေသည်။ထိုအပြုအမူကို ငြိမ်းက မသိယောင်ပြုပြီးနေလိုက်သည်။ ဒေါ်ငြိမ်းဝေသည် ငြိမ်းနှင့်မူယာဟန်ကို အလွှတ် မပေးဘဲ စောင့်ကြည်နေလေသည်။ " ပြီးရင် ...ရဲရင့်ရဲ့အမေကို နှုတ်ဆက်သွားပေးပါအုံး မမူယာ... သူတို့မှာ ပြေးကြည့်မှာ သားအမိ နှစ်ယောက်တည်းရှိတာလေ...ရဲရင့် အဖေတော့ ရှိပါသေးတယ်...ဒါပေမဲ့ မယားငယ်နဲ့လေ ... သားသမီးဆုံးတာတောင် မလာနိုင်တဲ့ ဘဝပါ...အသက်ကြီးမှ တဏှာဖက်တော့ မိသားစုတွေ ဘ၀ပျက်ရတာပေါ့ ...သားကလဲ အဖေတူဖြစ်သွားတော့... ကျန်းမာရေးမကောင်းတဲ့ မိခင်ကြီး ဘ၀တော့ ဒုက္ခပင်လယ်ဝေပြီပေါ့..." ငြိမ်း၏ စကားကြောင့် မူယာဟန်သည် မျက်နှာကွက်ခနဲပျက်သွားရုံမျှမက မသိမသာနှင့် ခြေလှမ်းများကို နောက်သို့ ဆုတ်လိုက်လေသည်။ ငြိမ်းသည် နောက်သို့ မသိမသာဆုတ်သွားသော မူယာဟန်၏ လက်ကိုတင်းတင်းကြပ်ကြပ် ဆွဲထားလိုက်ပြီး မူယာဟန်နားသို့ကပ်ပြီးခပ်တိုးတိုးထပ်ပြောလိုက်သည်။

ရဲရင့်က ငြိမ်း၏ ပခုံးများကို ကိုင်လှုပ်လျက် ပြောလေသည်။ "မင်းကို ရွံတယ် ...ခုချက်ချင်းငါ့အခန်းထဲကထွက်သွားစမ်း ... မင်းနဲ့ငါ ဘာမှမဆိုင်ဘူး...ဘာမင်္ဂလာပွဲကိုမှလဲ မျှော်လင့် မနေနဲ့...ဘာမှလဲ လာပြောမနေနဲ့တော့..." ငြိမ်းက ပြောပြီး ရဲရင့်ကို တွန်းထုတ်ပစ်လိုက်သည်။ ရဲရင့်က တုတ်တုတ်မျှမလှုပ်ဘဲ တောင့်ခံနေပြီး အံကိုတင်းတင်းကြိတ်၍ထားသည်။ပြီးနောက် ငြိမ်း၏မျက်နာကို စူးစိုက်ကြည့်လိုက်ပြီးတစ်ခွန်းချင်း ပြောလိုက်သည်။ "မမက ရက်စက်တယ်နော်...မမမှာ ချစ်ခြင်းမေတ္တာဆိုတာမရှိဘူး ....ကျွန်တော် အမှားလုပ်မယ့်အချိန်ကို စောင့်ပြီး ကျွန်တော်ကို စွန့်ပစ်ဖို့ အမြဲပြင်ဆင်နေခဲ့တာ မဟုတ်လား....ကျွန်တော်က ယောက်ျားဗျ... ချစ်သူဆီကနွေးထွေး ယုယမှုကို လိုချင်တောင့်တမိတာ သဘာဝပဲ ...ဒါပေမဲ့ မမဆီက ဘာတွေရခဲ့လို့လဲ...မမ ကျွန်တော်နဲ့ပတ်သက်ရင် အမြဲအေးစက်ခဲ့တယ် ....ကျွန်တော့်ရဲ့မျက်လုံးတွေကို ကြည့်ပြီး မမ ဘယ်သူ့ကိုရှာနေတာလဲ .... ဘယ်သူ့အစားကျွန်တော့်ကို ကြည့်နေ့ ခဲ့တာလဲ ...ခင်ဗျားက ကျွန်တော့်ကို တကယ်မချစ်ခဲ့ပေမဲ့ ကျွန်တော်က ခင်ဗျားကို တကယ်ချစ်ခဲ့တာ ...ခင်ဗျားရဲ့စိတ်ရင်းကိုသိရဲ့နဲ့ ချစ်ခဲ့တာ...ဒါပေမဲ့ စိုင်းခွန်နောင်ဆိုတဲ့ကောင် ပေါ်လာပြီးတဲ့နောက်မှာ မမပုံစံတွေ ပြောင်းလာတာလဲ ကျွန်တော်သိတယ် ..." "ဘာ ...မင်း ပါးစပ်ပိတ်ထားစမ်း...ပြီးတော့...မင်းက တဏှာနဲ့ ချစ်ချင်း မေတ္တာကို မခွဲခြားနိုင်တဲ့သူပဲ....တကယ်လို့ မင်းပြောသလိုသာဆို....မင်းကို မချစ်တဲ့ ငါက တောင် မင်းအပေါ် သစ္စာ စောင့်နိုင်သေးတာ ...ချစ်ပါတယ်ဆိုတဲ့ မင်းက ဘာလို့ သစ္စာမစောင့်တည်နိုင်ရတာလဲ....တော်ပါတော့ ဆင်ခြေတွေမပေးနဲ့တော့ ...မင်းက သစ္စာမဲ့တယ်...ငါက ခွင့် မလွှတ်ဘူး ...ဒါကြောင့် လမ်းခွဲကြမယ်...ဒါပဲလေ...အကြောင်းပြချက်တွေ ထပ်မပေးနဲ့တော့ ... ငါကိုယ်တိုင်း ပျိုးထောင်ခဲ့တဲ့ သူကို ...ငါကိုယ်တိုင်မဖျက်ဆီးချင်လို့ ...မင်းကို ငါ့ဆီက ထွက်သွားဖို့ပြောနေတာ...မူယာဟန်လို ငွေနဲတဏှာပဲရှိတဲ့မိန်းမ မျိုးနဲ့ မင်းဖြစ်တယ်ဆိုကတည်းက မင်းကငါ့ရင်ထဲမှာ မရှိတော့ဘူး ....ပြန်တော့... ငါ ဒေါသမထွက်ချင်ဘူး" ငြိမ်းက ပြောပြီးသည်နှင့် ရဲရင့်ကို ကျောခိုင်းလျက် အခန်းပြင်သို့ ထွက်ခဲ့သည်။ "မမ မောင့်ကို...လက်မခံတာ သေချာရင် .. ကိုယ့်ကိုယ်ကို သတ်သေ ပစ်မှာ " ရဲရင့်က ငြိမ်း၏ နောက်ကျောပြင်ကို ကြည့်ပြီး ဒေါသတကြီး အော်ဟစ်ပြောလိုက်သည်။ ငြိမ်းက နောက်သို့ တစ်ချက် ခပ်စိမ်းစိမ်း ပြန်လှည့်ကြည့်လိုက်ပြီး " အဲ့ဒါ မင်းဆန္ဒပဲ ငါနဲ့မဆိုင်ဘူး "ဟု ပြောပြီး အောက်ထပ်သို့ဆင်းခဲ့လိုက်သည်။အခန်းထဲမှ ရဲရင့်၏ ငိုသံသဲ့သဲ့ကို ကြားရသည်။ရဲရင့်ငိုသံကြောင့် ငြိမ်း ရင်ထဲစူးခနဲထိုးအောင့်သွားသည်မှာတော့အမှန်ပင်။ဘာပဲဖြစ်ဖြစ်ငြိမ်းသည် ရဲရင့်အပေါ်၌ သံယောစဉ်အပြည့်ရှိခဲ့သည်လေ။ ***** " သမီး ... ငြိမ်း ..." ခေါ်သံကြောင့် ငြိမ်းအိပ်ပျော်နေရာမှ ဆတ်ခနဲ နိုးသွား သည် ။ နာရီကို ကြည့်လိုက်တော့ ညနှစ်နာကျော်ပင် ရှိသေးသည်။ " .. ဘာဖြစ်လို့လဲ အမေ..သမီး အစောကြီး ထွက်သွားမှာစိုးလို့ လာချောင်းတာလား .... " ငြိမ်းက ငိုထားဟန်ပေါက်နေသော မိခင်၏မျက်နှာကို ကြည့်ပြီး ပြောလိုက်သည်။ "သမီး...ဖုန်းပိတ်ထားတာလား " ဒေါ်ငြိမ်းဝေက ငိုသံကြီးနှင့် မေးလိုက်သည်။ "ဟုတ်ကဲ့ အမေ ''ဟု ဖြေလိုက်ပြီး ငြိမ်းက မိခင်ကို ကြည့်လိုက်သည်။မိခင်ကြီး၏မျက်နှာသည် ငိုထား၍ မို့အစ်နီရဲနေလေသည်။ "အမေ ဘာဖြစ်တာလဲ ....အမေငိုထားတာလား " " ရဲရင့် ဆုံးသွားပြီးတဲ့ ... " "ရှင်" ငြိမ်းသည် မိခင်ဆီမှ ကြားလိုက်ရသော စကားကြောင့် လူမှာမိုက်ခနဲ ဖြစ်သွားပြီး ခုတင်ပေါ်တွင် တောင့်တောင့်ကြီး ငြိမ်သက်နေမိလေသည်။ @@@@@@@@@@@@@@@ အပိုင်း ၂၁ ဆက်ရန် ဧကြည်ဖြူ

"မိန်းမတစ်ယောက်က ယောကျားတစ်ယောက်ကို မချစ်ပေမဲ့ ... လေးစားယုံကြည်မှုနဲ့တစ်သက်လုံး အတူနေ သွားလို့ရတယ်....ဒါပေမဲ့ ရွံရာစက်ဆုပ်သွားပြီဆိုရင်တော့ ရှိရင်းစွဲ ချစ်ခြင်း မေတ္တာတရားပါ ပျောက်ဆုံးသွားတယ် ..." ငြိမ်းက ပြောပြီးသည် တံခါးပေါက်ဘက်သို့ လျှောက်သွားလိုက်သည် ။ တံခါးနားသို့ ရောက်လျှင် ရဲရင့်ကို တစ်ချက်လှည့်ကြည့်ပြီးပြောလိုက်သည်။ "ငါ ကျေနပ်တယ်...မင်းလိုလူမျိုးက အဲ့ဒီလို မိန်းမနဲ့ပဲ တန်တာ...ငါ ရဲ့အချိန်တွေနဲ့ ငွေတွေကို နှမြောမိလို့ ...မင်းတို့နှစ်ယောက်လက်ထပ်ရအောင် ငါကိုယ်တိုင် ကူညီပေးအုံးမှာ နေကြည့်ပေါ့ အဲ့ဒီလို မိန်းမနဲ့..." " မမ ...မမ ... ကျွန်တော်လည်းလိုက်မယ်..." " အရှက်မကွဲ ချင်ရင် အေးအေးဆေးဆေးနေခဲ့...နောက်တစ်ခွန်း ထပ်မပြောဘူးနော်..." ငြိမ်းက သူ့နောက်သို့ အတင်းကပ်လိုက်လာသော ရဲရင့်ကို အသံခပ်မာမာနှင့် ပြောပြီး အပြင်သို့ ပြန်ထွက်ခဲ့သည်။အပြင်သို့ ရောက်လျှင် တက္ကစီကားပေါ်သို့တက်လိုက်လေသည်။ ကားဆရာ ကိုကျော်စိုးသည် ငြိမ်းကားပေါ်သို့ ရောက်သည်နှင့် ကားကို အမြန်ဆုံး မောင်းထွက်ခဲ့လေသည်။ ထိုမြင်ကွင်းကို စိုင်းခွန်နောင်တစ်ယောက် ကားပေါ်မှ မမှိတ်မသုန်ကြည့်နေမိပြီးနောက် ငြိမ်းတို့ကားနောက်မှလိုက်၍ သူ၏ ကားကို မောင်းခဲ့ လေသည်။ ***** "ဘယ် ...ဘယ်လို သမီး .... မင်္ဂလာပွဲကိုဖျက်မယ် ဟုတ်လား ....မနက်ဖြန်တစ်ရက်ပဲ လိုတော့မှ မင်္ဂလာပွဲကို ဖျက်မယ်တဲ့လား .... ဘာတွေဖြစ်ကုန်တာလဲ အမေ့ကိုလဲ ပြောပါအုံးအေ...အားလုံး သမီးစိတ်တိုင်းကျချည်းပဲလုပ်နေခဲ့ပြီးမှ ... " ဒေါ်ငြိမ်းဝေက ငြိမ်းကို အထိတ်တလန်ံ့ ကြည့်ရင်း အဖြစ်အပျက်များကို မယုံကြည် နိုင်စွာ မေးလိုက်သည်။ " ရဲရင့်နဲ့ မမူယာဟန်က ကြိုက်နေကြတယ် အမေ...အဲ့ဒါကို သိသိနဲ့ သမီးက ဘယ်လို ရှေ့ဆက်ရမလဲ " "ဘာ ...တ ...တကယ်လား ....မောင်ရဲရင့်က မူယာဟန်နဲ့လား ....အဲ့...အဲ့ဒါဆို မင်္ဂလာပွဲကရော....." "မတတ်နိုင်ဘူးလေ အမေ ... ဖိတ်စာ ဝေမိတဲ့သူတွေကို ပြန်တောင်းပန်လိုက်ရုံပေါ့ " ဒေါ်ငြိမ်းဝေသည် ငြိမ်း၏ အေးတိအေးစက်နှင့် ပြောနေသော အမူအရာကို ကြည့်ပြီး အားမလိုအားမရနှင့် ဆူပူပြောဆို လိုက်သည် ။ "ပြောတာ လွယ်လှချည်းလား ငြိမ်းရဲ့ ...ကိုက့်ကိုယ်ကိုမိန်းခလေးဆိုတာကိုလည်း သတိထားအုံး ...မောင်ရဲရင့် ဘယ်မှာလဲပြော ...အမေ သူနဲ့ စကားပြောမယ် " ဒေါ်ငြိမ်းဝေသည် စိုးရိမ်ပူပန်စွာ ပြောပြီး အောက်ထပ်သို့ဆင်းသွားသည်။ ကျန်ခဲ့သောငြိမ်းသည် မင်္ဂလာပွဲအတွက် ပြင်ဆင်ထားသော ပစ္စည်းများကို တစ်ချက်ကြည့်လိုက်ပြီး ဒေါ်ကြူကို လှမ်းခေါ်လိုက်သည်။ "ဒေါ်ကြူ ... ဒါတွေကို အိတ်နဲ့ အကုန်စုထည့်ပြီး သိမ်းပေးပါအုံး ...ဪ...ပြီးတော့ ငြိမ်း မင်္ဂလာပွဲ ပျက်သွားပြီး ...အဲ့ဒါ အမေ စိတ်ပူနေမယ် ထင်တယ် အမေ့ကို ဂရုစိုက်ပေးပါအုံးနော်..." ဒေါ်ကြူသည် ငြိမ်းအားမယုံကြည်နိုင်သလို ငေးမောကြည့်နေသည်။ငြိမ်းကတော့ အေးအေးဆေးဆေးပင်။ အခန်းထဲဝင်ပြီး ရေမိုးချိုးရန်ပြင်လိုက်လေသည်။ ***** " သမီး ...အောက်ထပ်မှာ မောင်ရဲရင့်ရောက်နေတယ်....ခဏလောက်တွေ့ပြီး စကားပြောလိုက်ပါ..." ငြိမ်း ရေမိုးချိုးပြီးသည်နှင့် ခရီးထွက်ရန်အတွက် အဝတ်အစားများကို ကျောပိုးအိတ်ထဲထည့်နေစဉ်မှာပင် မိခင်၏အသံကိုကြားလိုက်ရသောကြောင့် မော့ကြည့်ပြီး ခေါင်းကိုငြိမ့်ပြလိုက်သည်။ "အခန်းထဲကိုလွှတ်လိုက်ပါ အမေ " "ဒေါက် ..ဒေါက် " မိခင်ဖြစ်သူ ဒေါ်ငြိမ်းဝေ ထွက်သွားပြီး မကြာမီမှာပင် အခန်းတံခါးခေါက်သံ ထွက်ပေါ်လာလေသည်။ ငြိမ်းက တံခါးဘက်သို့ တစ်ချက်လှည်ကြည့်ပြီး အသံပြုလိုက်သည်။ " ၀င်လာခဲ့ " ရဲရင့်သည် မဝံ့မရဲနှင့် အခန်းထဲသို့ဝင်လာပြီးနောက် ငြိမ်းနှင့်မလှမ်းမကမ်းတွင် ရပ်၍နေသည်။ ငြိမ်းက ရဲရင့်ကို မော့ကြည့်ပြီးမေးလိုက်သည်။ "ဘာကိစ္စရှိလို့လဲ " ငြိမ်းအသံသည် ပကတိ အေးစက်လျက်။ဒေါသသံ မပါ ။ သူစိမ်းတစ်ရံဆံကို တွေ့ရသကဲ့သို့ ရဲရင့်ကိုကြည့်ပြီး မေးလိုက်သည်။ ရဲရင့်သည် မတ်မတ် ရပ်နေရာမှ ငြိမ်း၏ အနားတွင် ဒူးတုပ်ထိုင်ချလိုက်ပြီး ငြိမ်းကို တောင်းပန်စကားဆိုလိုက်သည်။ " မောင့်ကို ခွင်လွှတ်ပါနော် မမ...မမ မရှိရင် မောင်သေလိမ်မယ်ထင်တယ် " ထိုသို့ ရဲ့ရင့်က ပြောလိုက်သောအခါ ငြိမ်းက ရဲရင့်ကို ကြည့်ပြိုး လှောင်ပြုံးလေးနှင့့် "ဟုတ်လား "ဟု မေးလိုက်သည်။ပြီးနောက် ရဲရင့်၏ မျက်နှာကို ကြည့်လိုက်ပြီး မဲ့ပြုံးတစ်ချက်ပြုံးပြီး ပြောလိုက်သည်။ " အဲ့ဒီလို ဖြစ်သွားရင်လဲ မင်္ဂလာပွဲဖျက်ဖို့ကိစ္စ ဖြေရှင်းရလွယ်သွားတာပေါ့ " ရဲရင့်သည် ငြိမ်း၏ အလေးအနက်မရှိသော ဟန်ပန်ကို အံ့သြစ္စာ ကြည်နေမိပြီးနောက် မချင့်မရဲ ဝမ်းနည်းစိတ်ဖြင့်ပြောဆိုလိုက်သည်။ "မမ တစ်ခုခုပြောပါ ...မကျေနပ်ရင် မောင့်ကို သတ်လိုက်ပါ... အခုတော့ မမပုံစံက အေးစက်လွန်းတယ်.... ဒါပေမဲ့ ထူးတော့ မထူးဆန်းပါဘူး ...မမက မောင်နဲ့ ပတ်သက်ရင် အမြဲအေးစက်နေခဲ့တာပဲ ...ခုချိန်ထိ ချစ်တယ်လို့ ပါးစပ်က တစ်ခွန်းမှ မပြောခဲ့ဖူးသလို မောင့်ရင့်ထဲမှာ ဘာစိတ်ကူးတွေရှိလဲ ... ဘာတွေခံစားနေရလဲဆိုတာကို ရော မမ စိတ်ဝင်စားခဲ့ဖူးလို့လား ..."

အပိုင်း ၂၀ ကို ရေးရတာ လိုအပ်ချက်အရမ်းများနေတယ်လို့ ခံစားနေရတယ် ဧကြည်ဖြူ " ချစ်ဆိပ်" (ချူ ) အပိုင်း (၂၀ ) ******* "မ မ " ရဲရင့်သည် တုန်လှုပ်ချောက်ချားနေသော အသံတုန်တုန်ယင်ယင်ဖြင့် ငြိမ်းကို ခေါ်လိုက်သည်။ မူယာဟန်မှာ ရုတ်တရက် ငြိမ်းကို တွေ့လိုက်ရသောကြောင့် ဆိုဖာ ဆက်တီ ပေါ်မှ ဆတ်ခနဲထရပ်လိုက်လေသည်။ ငြိမ်းက ရဲရင့်နှင့် မူယာဟန်ကို စက်ဆုပ်ရွံရှာသော အကြည့် နှင့် ကြည့်လိုက်သည်။ "ဟုတ်မှဟုတ်ပါ့မလားလို့ တွေးနေတာ...ထင်တဲ့အတိုင်းပဲ ရှင်ဖြစ်နေတာကို မမူယာဟန်...ရှင်တို့က ခိုးလည်းခိုးကြသေးတယ် ...ပိုင်ရှင်ဖြစ် ဟန်နဲ့လည်း ကြွား ချင်ကြသေးတာကို ...တကယ့် အရူးတွေပဲ " "မမ ...မောင် ရှင်းပြပါ့မယ်.." ရဲရင့်က ပြောရင်း ငြိမ်း၏ လက်ကိုဆွဲပြီး မျက်နှာငယ်လေး တောင်းပန်လိုက်သည်။ "ဖယ်စမ်း ...ငါ့အသားကို မထိနဲ့ " "မဟုတ်ဘူး မမ .... မောင်ရှင်းပြပါ့မယ် " ငြိမ်းက မထိနှင့်ဟု ပြောနေသည့်ကြားမှ ရဲရင့်က ငြိမ်း၏ လက်ကို အတင်း ဆွဲယူပြီး ကောင်းပန်လိုက်သည်။ "ဖယ်စမ်း ...ငါ့အသားကို မထိပါနဲ့ဆို..ကဲဟာ " " ဖြန်း ....ဖြန်း" ငြိမ်းသည် သူ၏လက်ကို လာဆွဲသော ရဲရင့်ကို ဒေါသတကြီး ဆောင့်တွန်းပစ်လိုက်ရုံမက ပါးကိုပါ နှစ်ချက်ဆင့်၍ ရိုက်ချလိုက်လေသည်။ " ငါ့အသားကို လာမထိနဲ့ ရွံစရာကောင်းတဲ့ကောင် ...ဟိုမှာ သွားထိုင် ...နင့် ဟာမဘေးမှာ..." ပြောရင်း ငြိမ်းက ရဲရင့်ကို မူယာဟန် ဘေးသို့ ဆောင့်တွန်းချလိုက်လေသည်။မူယာဟန်ကတော ဆိုဖာဆက်တီတွင် ခြေချိတ်၍ ခပ်တင်းတင်းပင်ပြန်ထိုင်နေလေသည်။ ရဲရင့်သည် ငြိမ်း၏ အေးစက် တင်းမာနေသော မျက်နှာထားကို တောင်းပန် တိုးလျှိုးသော မျက်နှာနှင့် ကြည့်နေသည်။ " ရဲရင့် မင်းကို ငါအမြဲ ပြောခဲ့တယ် သစ္စာမရှိ ဖောက်ပြန်တာကို ငါအမုန်းဆုံးပါလို့...." "မ ... မဟုတ်ဘူး မမ...မောင် တောင်းပန်ပါတယ် ... မောင်တို့ ဘာမှ မပတ်သက်ပါဘူး....တကယ်ပြောတာပါ.." "ဘာ...ပါးစပ်ရှိတိုင်း လျှောက်ပြောမနေနဲ့ ... အခု ဘာဆက်လုပ်ကြမလဲ ... မင်္ဂလာဖိတ်စာတွေကလဲ ဝေပြီးပြီး... ရှိသမျှ အရှက်သိက္ခာတွေ အကွဲခံပြီး မင်္ဂလာပွဲကို ဖျက်ရမလား.... ဒါမှမဟုတ် မင်္ဂလာပွဲကို အမင်္ဂလာပွဲအဖြစ် ကျင်းပရမလား ပြောပါအုံး ရှင်တို့နှစ်ယောက် " ငြိမ်းက မူယာဟန်နှင့့်ရဲရင့်ကို ကြည့်ပြီး မေးလိုက်သည်။ " ဒါမှမဟုတ်....ပြင်ဆင်စရိတ်တွေ မဆုံးရုံးရအောင် အဲ့ဒီမင်္ဂလာပွဲကို ရှင်တို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲအဖြစ် ကျင်းပလိုက်ရင်ရော " "မမ ..တော်ပါတော့ဗျာ ... မောင်မှားမိပါတယ်... ဒါပေမဲ့ မမကလွဲရင် ဘယ်သူ့ကိုမှ မချစ်ဘူးဆိုတာ ကျိန်ပြောရဲပါတယ် ...ရှေ့ဆက်ပြီး ဒီလို အမှားမျိုးကိုလည်း မလုပ်တော့ပါဘူးလို့ ကတိပေးပါတယ်.." ရဲ့ရင်သည် ငြိမ်း၏ နားတွင် ဒူးတုပ်ထိုင်လျက် တောင်းပန်စကားဆိုလိုက်သည်။ ငြိမ်းက ရဲရင့်ကို မကြည့်ဘဲ ခပ်တင်းတင်းအမူအရာနှင်ထိုင်နေသော မူယာဟန်ကို ကြည့်လိုက်သည်။ " ဘယ်လိုလဲ မမူယာ ဟန် ... မင်္ဂလာပွဲကိုလုပ်မှာလား...အခုချက်ချင်းလက်မှတ်ထိုးကြမယ်ဆိုလည်း ရတယ်နော် ... ကျွန်မအသိ ရှေ့နေ့နဲ့ ရှင့််ရဲ့ စပွန်စာ ယောကျာ်းကြီးဆီကို ဖုန်းဆက်လိုက်မယ် " ငြိမ်းက ပြောရင်း ဖုန်းကို ထုတ်ပြီး ဆက်လိုက်သည်။ "နင် ရူးနေလား " မူယာဟန် ပြောပြီး ငြိမ်း၏ ဖုန်းကို ဆွဲ လုလိုက်သည်။ငြိမ်းက ဖုန်းကိုင်ထားသော လက်ကို ရှောင်တိမ်းလိုက်ပြီး မူယာဟန်ကို ဆောင့်် တွန်းပစ်လိုက်သည်။ပြီးလျှင် မူယာဟန်ကို စက်ဆုပ်ရွံရှာစွာကြည့်ပြီး ပြောဆို လိုက်သည်။ " ရှင်တို့လို မိန်းမတွေက အခြားသူရဲ့ ခင်ပွန်း တွေ ... ချစ်သူရည်းစားတွေကို မှ လိုချင်တပ်မက်နေကြတာပဲ ....ရှင်တို့ဆီမှာ မေတ္တာတရား မရှိဘူး ...ရမ္မက်နဲ့တဏှာရယ် သူများ မိသားစု အသိုက်အမြုံကိုဖျက်ဆီးချင်စိတ်ပဲရှိတာ...လိုချင်တယ်မဟုတ်လား ယူလိုက် ... ရှင်တို့နှစ်ယောက်က လိုက်ဖက်ပါပေတယ်....သူ့ကို ခေါ်ထားလိုက် ကျွန်မဆီကို ပြန်မလာစေနဲ့နော် ...လာခဲ့ရင် သဘက်ခါ ကျင်းပမယ့် မင်္ဂလာပွဲအစား ရှင်တို့နှစ်ယောက်ရဲ အသုဘပွဲဖြစ်သွားမယ် " " မမ...မမရယ် ...မောင်တောင်းပန်ပါတယ် ...မောင့်ကို ကြိုက်သလို လုပ်ပါ ... သတ်ချင်ရင် လဲသတ်ပါ ... မင်္ဂလာပွဲကိုတော့ မဖျက်ပါနဲ့ နော် .... တစ်သက်လုံး မမစိတ်တိုင်းကျ နေပါ့မယ် ... နောက် ဘယ်တော့မှ ထပ်မဖြစ်စေရပါဘူး... မမကို ကတိပေးပါတယ် " ရဲရင့်က ငြိမ်း၏နားတွင်ထိုင်လျက် ငြိမ်းကို အကြိမ်ကြိမ် အခါခါ တောင်းပန်လိုက်သည်။ " မင်း အခုချက်ချင်းထစမ်း ...ပြီးရင် ဖိတ်စာဝေထားတဲ့အိမ်တိုင်းကို ကျွန်တော် ဖောက်ပြန်မိလို့ မင်္ဂလာပွဲ ပျက်သွားပါပြီလို့လိုက်ပြောပေး ... မင်းသွားရင်း မင်းရဲ့ မမမူယာဟန်ကိုပါ ခေါ်သွားပေါ့ ...ကြား လား ....." ငြိမ်က ဒေါသတကြီး ကြိမ်းမောင်း ပြောဆိုလိုက်ပြီး ရဲရင့်၏ လက်မောင်းကိုကိုင်ကာ ဆွဲထူလိုက်သည်။ရဲရင့်သည် အံကိုကြိတ်၍ထားသည်။ငြိမ်းက ရဲရင့်၏မျက်နှာကို တစ်ချက်ကြည့်လိုက်သည်။ ပြီးလျှင် ခပ်တိုးတိုးတစ်ချက် ပြောလိုက်သည်။

ရဲရင့်သည် မူယာဟန်၏ စကားကြောင့် ခန္ဓာကိုယ် မှာ တုံ့ဆိုင်းသွားပြီး နောက်သို့လှည့်ကြည့်လိုက်ပြီးနောက် မူယာဟန်ကို တောင်းပန်စကားပြောလိုက်သည်။ "ဒီနေ့တော့ ပြန်ခွင့် ပြုပါတော့...နောက်နေ့ အချိန်ရရင် ခဏတစ်ဖြုတ်တွေ့တာပေါ့" ရဲရင့်က ခပ်ယဲ့ယဲ့လေသံနှင့် ပြောပြီး တံခါးကို ဖွင့်လိုက်သည်။ ******* "ငြိမ်းရေ ... အထဲက တံခါးဖွင့်နေပြီထင်တယ်" ကိုကျော်စိုး၏ပြောစကားမဆုံးသေးခင်မှာပင် ငြိမ်းက ကားတံခါးကိုဖွင့်ပြီးဆင်းလိုက်ကာ တိုက်ခန်းရှိရာသို့အလျင်မြန်လျှောက်သွားလိုက်လေသည်။ ရဲရင့်မှာ တံခါးကိုဖွင့်ပြီး အပြင်သို့ထွက်လိုက်ချိန်၌ အပေါက်ဝတွင် ငြိမ်းကို တွေ့မြင်လိုက်ရသောကြောင့် ကြောင် အအ နှင့်ကြက်သေသေလျက် ငေးကြောင်ကြည့်နေမိလေသည်။ ငြိပ်သည် ခြေစုံရပ်တန်းလျက် မိမိအား ကြည့်နေသော ရဲရင့်၏ခန္ဓာကိုယ်ကို တိုက်ခန်းထဲသို့ ပြန်တွန်းသွင်းလိုက်ပြီးလျှင် ကိုယ်တိုင်ပင် အခန်းထဲသို့ဝင်လိုက်သွားလိုက်လေသည်။ @@@@@@@@@@@@@@@ အပိုင်း ၂၀ ဆက်ရန် ဧကြည်ဖြူ

မင်းရဲ့ စိတ်ကို ထိန်းပါလို့ ကိုယ်တောင်းပန်ချင်တယ် ...တကယ်လို့မှ ဒေါသတွေကို ဖြေဖျောက်ပစ်ဖို့လိုတယ်ဆိုရင် ကျွန်တော့်ကို အသုံးချပါ...ကျွန်တော်ကိုပဲရန်လုပ်ပါနော်..." ပြောရင်း မှ စိုင်းခွန် နောင်၏ အသံမှာ တိုးလျပျောက်ကွယ် တိတ်ဆိတ်သွားလေသည်။ ငြိမ်းမှာသာ ဖုန်းကိုကိုင်လျက် စိုင်းခွန်နောင်ပြောသွားတာတွေကို နားမလည်နိုင်စွာ တွေးတောစဉ်းနေမိသလို တစ်ဆက်တည်းမှာပင် ငယ်စဉ်က ငြိမ်းရန်ဖြစ်တိုင်း ရှေ့မှ ကာဆီး ခုခံပေးတတ်သောသူကို ပြေး၍သတိရလိုက်မိလေသည်။ ထိုအခါ ငြိမ်း၏နားထဲတွင် စကားသံ အချို့ကို ပြန်ကြားယောင် မြင်ယောင်လာမိလေသည်။"နင် ရန်မဖြစ်ပါနဲ့ ငြိမ်းရာ ...နင်တို့ မိန်းခလေး ချင်းရန်ဖြစ်ရင် ငါက ဝိုင်းချလို့လည်းမရဘူး.... နင်ခံရရင်လဲ ငါမကြိုက်ဘူး အဲ့ဒါကြောင့် နင်ရန်မဖြစ်နဲ့ ...တစ်ယောက်ယောက်ကိုစိတ်တိုရင် ငါ့ကို လာရိုက် ဟုတ်လား .."ထိုစဉ်က ငြိမ်းသည် သူပြောသလိုပင် တကယ်လုပ်ခဲ့ပါသည်။စိတ်တိုလာလျှင် သူ့ကို ဆွဲဆိတ်သည်။သူ့ခေါင်းကို ခေါက်ခဲ့သည်။တစ်ခါတစ်လေများဆို ငြိမ်းက အိမ်စာမပြီး၍ စာမရသေးလျှင် သူ့ကဘေးမှာ အိပ်ချင်မူးတူးနှင့် အဖော်နေပေးခဲ့သည်။ထိုအခါမျိုး၌ငြိမ်းသည် သူ့နာရွက်ကိုဆောင့််ဆွဲသည် ။"နောက် နေ့ နင်အရင်စာရအောင်မကျက်နဲ့ "ဟု ရန်လုပ်ခဲ့သည်။သို့သော်လည်း ဉာဏ်ကောင်းသော သူက စာရေးရေး ၊ စာကျက်ကျက် အချိန်ခဏမျှသာယူခဲ့ရသည်။ငြိမ်းသည် သတိလက်လွတ်နှင့် အတိတ်ကို တွေးနေမိရင်းမှ ပါးပြင်ပေါ်မှ ပူနွေးစိုစွတ်သော အထိအတွေ့ကြောင့် ပစ္စုပ္ပန်ကို ပြန်လည် အမှတ်ရလိုက်မိပြီး ခေါင်းကိုခါယမ်းပစ်လိုက်ကာ အံကို တင်းတင်းကြိတ်ထားမိလေသည်။ ******* " စိုင်းရေ ...ငါ့ကောင် ဖုန်းဆက်တယ်ကွ...ရဲရင့်ဆိုတဲ့ ကောင်တော့ ထုံးစံအတိုင်းပဲတဲ့..." " ဗျာ...ဒီကောင် လွန်လှချည်လား...မင်္ဂလာဆောင်ဖို့ သုံးရက်တောင်မလို့တော့တာကို...ဒီလောက် သတိပေးထားရဲနဲ့ ဗျာ ...." စိုင်းခွန်နောင်သည် ဆန်းလင်းအောင်ဆီမှ စကားကို ကြားသည်နှင့် ကွန်ပျူတာရှေ့မှ ထလိုက်ပြီး ကားသော့ကို ကောက်ယူလိုက်ကာ ဒေါ်သတကြီးနှင့် ထွက်ခဲ့လိုက်သည်။ "ဟေ့ကောင် စိုင်း ... ဒေါသကိုလဲ ထိန်းအုံးကွ.......ငါလိုက်ပို့ပေးမယ် .. တစ်ယောက်တည်း မသွားနဲ့......" ဟု အော်ပြောရင်း ဆန်းလင်းအောင်လည်း နောက်မှ ပြေးလိုက်သွားလေသည်။ ****** ငြိမ်းက တက္ကစီပေါ်မှ ဆင်းလိုက်ပြီး သည်နှင့် အနားသို့ ရောက်လာသော ကိုကျော်စိုးကို မေးလိုက်သည်။ "ကိုကျော်စိုး သေချာတယ်နော် ... " ကိုကျော်စိုး ဆိုသည်မှာ ငြိမ်း ကား ငှားစီးနေကျတက္ကစီကားဆရာတစ်ယောက် ဖြစ်သည်။ခုရက်ပိုင်း ရဲရင့်ကိုကြည့်ရတာ စိတ်ထဲ မသင်္ကာဖြစ်နေသောကြောင့် ကိုကျော်စိုးကို စောင့်ကြည့်ခိုင်းထားခြင်း ဖြစ်လေသည်။ "ဟိုမှာမြင်နေရတဲ့ ဆိုင်ခန်းပဲငြိမ်း... ငါ့ညီမ နင် ဒေါသ တော့ထိန်းဟာ... ဘယ်သူလဲဆိုတာသိရင် နင်မယုံနိုင်အောင် ဖြစ်သွားမယ်" ငြိမ်းက ကိုကျော်စိုး ပြသော နေရာကို လှမ်းကြည့်လိုက်သည်။အခန်းကမြေညီထပ်တိုက်ခန်း ဖြစ်သည်။အခန်းမှာ သံဘာဂျာတံခါးများ ပိတ်ထားသည်ကို တွေ့ရသည်။ဘေးတစ်ဘက်တစ်ချက်တွင်လည်း မှန်လုံဆိုင်ခန်းများသာရှိသောကြောင့် တောရုံ ဘေးအခန်းမှာ ဘာဖြစ်ဖြစ် သိကြမည်မထင်ပေ။ "တံခါးသွားခေါက်ရင်တော့ ဖွင့်ပေးပါ့မလာဘဲ ... ဒါမှမဟုတ် သူတို့ ထွက်လာတဲ့အထိ စောင့်နေ့မလား .... အစ်ကိုကားကို အဲ့ဒီဘက်မှာ ပါကင်ရအောင်ထိုးလိုက်မယ်လေ...." ငြိမ်းက လေပူတစ်ချက်ကို မှုတ်ထုတ်ပစ်လိုက်သည်။ပြီးလျှင် 'ကျစ်" ခနဲ စုတ်တစ်ချက်သပ်လိုက်ပြီး "ဆိုးရွာလိုက်တာ" ဟု အံလေးကိုကြိတ်ပြီးပြောလိုက်မိသည်။ ကားဆရာကိုကျော်စိုးက ငြိမ်းကို စိုးရိမ်ပူပန်သော မျက်နှာထားနှင့် ငေးကြည့်နေသည်။ ******** တိုက်ခန်း ထဲတွင် ရဲရင့်က ခေါင်းကို ငိုက်စိုက်ချကာထိုင်နေသည်။ သူ့၏ဘေးတွင် မူယာဟန်က မှီတွယ်ပြီး ထိုင်နေသည်။ရဲရင့်သည် မိမိ၏ တဒင်္ဂ သာယာစိတ်အတွက် ပေးဆပ်နေရသော ဘဝအတွက် ယူကြုံးမရဖြစ်နေမိလေသည်။ "ကျွန်တော် တောင်းပန်ပါတယ် မမမူ ကျွန်တော့် ကိုလွှတ်ပေးပါတော့ ....ရှေ့ဆက်ပြီး ကျွန်တော်ကို ဒုက္ခမပေးပါနဲ့တော့ဗျာ ....." "ဒုက္ခပါပဲကွာ ရဲရင့်ကို မမမူက ဘာဒုက္ခပေးနေလို့လဲ...ချစ်လို့ ဆက်သွယ်နေတာကို ... မမမူကြောင့် ရဲရင့်စိတ်ညစ်ရတာ ဘာရှိလို့လဲ... ..ရဲရင့်လိုချင်တာ မှန်သမျှလည်း မမမူ ဝယ်ပေးနေတာပဲကို...မင်းရဲ့မမငြိမ်းက ...မမမူ ထက်သာတာဘာရှိလို့လဲ ပြောပါအုံး ...ပြောလေ" မူယာဟန်က အမှုအရာပိုပို့နှင့် ပြောလိုက်ပြီး ရဲရင့်၏ရင်ခွင်ထဲသို့အတင်းတိုး၀င်လိုက်သည်။ ရဲရင့်သည် ရင်ခွင်ထဲသို့အတင်းတိုးဝလာသော မူယာဟန်ကို တွန်းဖယ်လိုက်ပြီး ပြန်ရန်ပြင်လိုက်သည်။ "ကျွန်တော် ပြန်တော့မယ် ... ကျွန်တော့်မင်္ဂလာပွဲ ကျင်းပဖို့ သုံးရက်တောင် မလိုတော့ ဘူး...ကျွန်တော့် ခုချိန်မှာ ဒီမှာရှိ မနေသင့်ဘူး...မမမူအပျင်းပြေကစားဖို့အတွက် အခြားသူကိုထပ်ရှာပါတော့ဗျာ..." "ချစ်လေး ပြန်လို့ မရသေးဘူးနော်...ညနေမှပြန်ခွင့် ပြုမှာ ...မဟုတ်ရင် ....မမက မင်းရဲ့ သတို့သမီးလောင်းဆီကို ဖုန်းဆက်လိုက်မှာနော် ..."

ငြိမ်းနှင့် ရဲရင့်တို့ စကားပြောနေကြစဉ်မှာပင် နှုတ်ဆက်သံနှင့်အတူ အနားသို့ ရောက်လာသော သူကို နှစ်ယောက်သားပြိုင်တူ မော့ကြည့်လိုက်မိကြလေသည်။ "မမူယာ ပါလား ... စျေးဝယ်လာတာလား...ထိုင်လေ ...ထိုင်ပါအုံးမမူယာ " ငြိမ်းက ပြောရင်း မမူယာ ထိုင်ရန်ခုံကိုထုတ်ပေးလိုက်သည်။ ရဲရင့်မှာ မူယာဟန်ကိုမြင်လိုက်ရသောကြောင့် ရင်အစုံမှာ မီးရထား တစ်စင်းခုတ်မောင်းနေသကဲ့သို့ ဆူညံ ဝုန်းဒိုင်းကြဲသွားပြီး ထိတ်လန့်တုန်လှုပ်သွားကာ မူယာဟန်ကို မျက်လုံးအပြူးသားနှင့် ကြည်နေမိလေသည်။ မူယာဟန်သည် ငြိမ်းဆွဲထုတ်ပေးသော ခုံကို ကျော်ပြီး တမင်ပင် ရဲရင့်ဘေးနားမှ ခုံကိုဆွဲထုတ်ကာ ထိုင်လိုက်လေသည်။ မူယာဟန်၏ အပြုအမူကြောင့် ရဲရင့်၏ ခန္ဓာကိုယ်မှာ ဆတ်ခနတစ်ချက်တုန်လှုပ်သွားသည်။ ငြိမ်းကတော့ မူယာဟန်ကို မျက်လုံးတစ်ချက်ဝံ့ကြည့်လိုက်ပြီးခပ်အေးအေး ပင်ပြုံးနေလိုက်သည်။ "ဘယ်လိုလဲ သတိုးသားကြီးရဲ့ ငြိမ်လှချည်လား ... မူယာက နှောက်ယှက်သလိုများ ဖြစ်သွားလို့လား..." မူဟာဟန်က ရဲရင့်ကို ကြည့်ပြီး မထိတထိ ပြောလိုက်သည်။ရဲရင့်က ပျက်ယွင်းနေသော မျက်နှာကို ထိန်းပြီး မူယာဟန်ကို ပြန်ပြောလိုက်သည်။ "မ ..မဟုတ်ပါဘူး ခင်ဗျာ...ဒါနဲ့ ဘာသောက်မလဲ ... ကျွန်တော်မှာလိုက်မယ်..." " ရပါတယ် ရဲရင့်သောက်နေတာမျိုးပဲ မှာပေးပါ ...ကျေးဇူးပါနော်ရဲရင့် " မူယာဟန်က မပွင့်တပွင့်ပြောပြီး ရဲရင့်မျက်နှာကိုကြည့်နေသည်။ ရဲရင့်က မသိဟန် ပြုလျက် စာပဲထိုးလေးကိုခေါ်ကာ မှာပေးလိုက်ပြီး ချစ်သူငြိမ်း၏ မျက်နှာကို မသိမသာ အကဲခပ်လိုက်သည်။ "ဒါနဲ့ ငြိမ်းရေ ... ငယ်တဲ့ကောင်လေးတွေက စိတ်မချရဘူးနော် သတိထားဦး..." မူယာဟန်သည် ငြိမ်းကို ကြည့်ပြီး ပြုံးစေ့စေ့အမူအရာနှင့် ပြောလိုက်သည်။ ငြိမ်းကလည်း ပြုံးရယ်လျက်ပင် ပြန်ဖြေလိုက်သည်။ "ငြိမ်း အထင်တော့ သစ္စာရှိတာ ...မရှိတာက အသက်နဲ့တော့ မဆိုင်လောက်ဘူးထင်တယ်...လူတစ်ယောက်ရဲ့ အရင်းခံ ဗီဇနဲ့ တဏှာကြီးတာ ...မကြီးတာနဲ့ပဲ ဆိုင်မယ်ထင်တယ် ... ဟုတ်လား ရဲရင့်...." "ဗျာ..မမ "ရဲရင့်သည် ငြိမ်း၏ အပြောကြောင့် မျက်နှာမှာ ကွက်ခနဲ ပျက်သွားပြီး ငြိမ်းကို ထိတ်လန့်အံ့သြစ္စာမော့ကြည့်လိုက်မိလေသည်။ သူသိခဲ့သမျှ သက်တမ်းတစ်လျှောက်လုံး၌ ချစ်သူငြိမ်းသည် ဤကဲ့သို့ ကြမ်းကြမ်းတမ်းတမ်း စကားများကို တစ်ခါမျှ မပြောဖူးခဲ့သောကြောင့် ထိတ်လန့်စွာ ကြည့်လိုက်မိခြင်းဖြစ်လေသည်။ မူယာဟန် သည်လည်း ငြိမ်း၏ စကားကြောင့် ပျက်ယွင်းသွားသော မျက် အမူအရာကို ထိန်းရင်း ဟန်မပျက်ရယ်နေလေသည်။ " သွားရအောင် မမ ...မောင်တို့ ဈေးဝယ်ရအုံးမှာ လေ...." ရဲရင့်ပြောပြီးသည်နှင့် ချစ်သူငြိမ်း၏ ပခုံးလေးကိုခပ်ဖွဖွ ဖက်ပြီး ဆိုင်ပြင်သို့ထွက်ခဲ့လေသည်။ ****** ငြိမ်းနှင့် ရဲရင့်တို့ အအေးဆိုင် အပြင်သို့လျှောက်လာခဲ့ပြီးနောက် ငြိမ်းက ရုတ်တရက် ရဲရင့်ကို ပြောလိုက်သည် ။ "အဲ့ဒီလို မိန်းမနဲ့ဝေးဝေးနေ....သိပ်ကြောက်စရာကောင်းတဲ့မိန်းမမျိုးပေါ့... လောကကြီးထဲမှာရှိတဲ့ ဘယ်ယောက်ျားကို မဆို သူလိုချင်ရင် ယူလို့ရတယ်လို့ ခံယူထားတဲ့သူမျိုးပဲ...သူများ အကြောင်ကို ပြောတော့မပြောချင်ဘူး...သူ့ကိုယ်သူအထင်ကြီးနေတာလဲ အပြစ်တော့ ပြောလို့မရဘူး...လောကမှာ စိတ်ဓါတ်ယုတ်ညံ့တဲ့ ယောက်ျားသားတွေကလည်း အများသားလေ... မိန်းမတစ်ယောက်က မြူပြလိုက်ရင် ကိုယ့်ချစ်သူ...ကိုယ့်မိန်းမနဲ့ မိသားစုကိုပါ စွန့်ပစ်ဖို့ ၀န်မလေးတဲ့ ယောက်ျားတွေက မရေမတွက်နိုင်အောင် ရှိနေတာကို....ရဲရင့်လည်း မှတ်ထား ဒီလိုလူနဲ့တော့ ခိုးမတွေ့နဲ့ ..." "ဟာဗျာ မမ ...ဒီလိုလူမျိုးနဲ့ မောင့်ကို မပြောပါနဲ့နော်..." ရဲရင့်သည် ငြိမ်း၏မျက်နှာကို မကြည့်ဘဲ ခေါင်းကို ငုံ့လျက်ပင် ပြန်ပြောလိုက်လေသည်။ ငြိမ်းကတော့ နှုတ်ခမ်းလေးကိုတင်းတင်းစေ့လျက် လျှောက်လှမ်း၍ သွားနေလေသည်။ **** "ချစ်သူ့ဆီကို တောင်ပံဖြန့်ကျက်လို့...သွားချင်တယ်...ဘယ်ဆီဘယ်ဝယ်မှန်းလဲ အတတ် မသိနိုင်...." ဖုန်းသံကြောင့် ငြိမ်းယူကြည့်လိုက်သည်။ဖုန်းမျက်နှာပြင်ပေါ်တွင် ပေါ်နေသော စိုင်းခွန်နောင်ဆိုသော အမည်ကြောင့် ငြိမ်း တွေခနဲ တစ်ချက်ဖြစ်သွားမိသည် ။ ထို့နောက် ဖုန်းကို ကောက်ကိုလိုက်သည်။ " ဟယ်လို...ငြိမ်း .ခဏလောက်တွေ့လို့ရမလား ..." စိုင်းခွန်နောင်၏ စကားကြောင့် ငြိမ်း ခန္ဓာကိုယ်လေး တောင့်ခနဲဖြစ်သွားရလေသည်။ပြီးလျှင် ငြိမ်းသည် အေးဆေးစွာပင် အငြင်းစကား ဆိုလိုက်သည်။ " ကောင်းပန်ပါတယ် ကိုစိုင်း...တွေ့ဖို့ အဆင်မပြေလို့ပါ...." ငြိမ်းပြောလိုက်သောအခါ တစ်ဖက်မှ စိုင်းခွန်နောင်၏ အသံမှာ တိတ်ဆိတ်သွားလေသည်။အတန်ကြာသောအခါမှ စိုင်းခွန်နောင်ဆီမှ အသံခပ်တိုးတိုးထွက်လာလေသည်။ " ငြိမ်းကို ပျော်စေချင်တာ ကျွန်တော့်ရဲ့စိတ်ရင်း အမှန်ပါ .... ငြိမ်းကို အကောင်းဆုံးတွေပဲ ပိုင်ဆိုင်ခွင့် ရစေချင်တယ်... ငြိမ်းကို ကူညီ နိုင်ဖို့ ကျွန်တော်ဘာတွေလုပ်ရမှန်း မသိဘူး...အားလုံးက ကျွန်တော့် အပြစ်တွေပဲ ... နောက်ကို ဘယ်လိုကိစ္စတွေပဲ ဖြစ်လာလာ ...

ဧကြည်ဖြူ " ချစ်ဆိပ် "(ချူ " ) အပိုင်း (၁၉) ****** "ဗျာ မမ .... ဘာပြောလိုက်တယ်... ပြောရက်လိုက်တာ...ဘာလို့ အဲ့ဒီလိုမေးရတာလဲ ..." ရဲရင့်သည် ပြုတ်ကျသွားသော ဖုန်းကို ပြန်ကောက်လိုက်ပြီး ဟန်မပျက်ပြောလိုက်သည်။ ငြိမ်းက ဝရံတာတံခါးတွင် မှီရပ်လိုက်ပြီး ရဲရင့်ကို ခပ်စူးစူးတစ်ချက်စိုက်ကြည့်ရင်း ပြန်ပြောလိုက်သည် ။ "မင်းကို ကြည့့်ရတာ .... ခုတလော ဂနာမငြိမ်သလိုဖြစ်နေလို့ လေ ... မဟုတ်ရင်လည်း...မဟုတ်ဘူးပေါ့..." "ဟုတ်စရာလား မမရယ် ... မမကလွဲရင် ဘယ်သူ့ကို မှမချစ်ဘူး...ဘာလဲ မင်္ဂလာရက်နီးလာလို့ မမအကြောင်းရှာနေတာလား...တကယ်တမ်းလက်ထပ်ရမယ်ဆိုတော့ လက်မထပ်ချင်ဘူးလား " ရဲရင့်က ငြိမ်းကို ကြည့်ပြီး ခပ်တည် တည်နှင့်ပြန်ပြောလိုက်သည်။ ငြိမ်းသည် လက်ကို ပိုက်ထားလျက်မှပင် ရဲရင့်၏မျက်နှာကိုစိုက်ကြည့်လိုက်ပြီး တစ်ခွန်းချင်းပြန်ပြောလိုက်သည်။ "ဒီမှာ ရဲရင့် .... ငြိမ်းပြောတာကို သေချာနားထောင် .... ရဲ့ရင့်နဲ့ ငြိမ်း ချစ်သူ တွေဖြစ်ပြီဆိုကတည်း ... တစ်သက်တာလုံးအတွက် ရည်ရွယ်ခဲ့တာ...ကုန်ကုန်ပြောမယ် မင်းမှာဘယ်လိုဒုက္ခတွေ ဖြစ်နေပါစေ....ရောဂါဆိုးတွေ ... နောက်ဆုံး ရူးသွပ်သွားရင်တောင် လမ်းခွဲဖို့ စိတ်ကူးမရှိဘူး...ဒါပေမဲ့ သစ္စာဖောက်ရင်တော့ တစ်စက္ကန့်တောင် ဆိုင်းမှာ မဟုတ်ဘူး.... အိမ်ထောင်ကွဲဖြစ်မှာစိုးလို့ မကွာနိုင်တာတို့...သားသမီးကြောင့် သည်းခံနေရတာတို့ ဆိုတာမျိုး ငြိမ်းမှာ ရှိမှာမဟုတ်ဘူး....ပြီးတော့ သစ္စာဖောက်တဲ့လူကို တစ်ဘ၀လုံး နာလန်မထူနိုင်အောင်လည်း လုပ်ပစ်အုံးမှာ ကောင်လေးရဲ့...အဲ့ဒါကို မြဲမြဲမှတ်ထား ...." "ဟာဗျာ မမ...မောင်က သစ္စာဖောက်မှာမှ မဟုတ်တာကို ..." ရဲရင့်သည် ထိတ်လန့် တုန်လှုပ်နေသော စိတ်ကို ထိန်း၍ တုန်တုန်ယင်ယင် ဖြစ်ချင်နေသော အသံကိုထိန်းပြီး ငြိမ်းကို ပြန်ပြောလိုက်သည်။ "အင်းပါ .... မဟုတ်ရင်လည်းပြီးတာပဲ...လာခဲ့ အိမ်ထဲပြန်ဝင်တော့..." ငြိမ်းက ပြောပြီး အိမ်ထဲသို့ ပြန်ဝင်သွားသည်။ရဲရင့်လည်း ငြိမ်း နောက်မှ ခြေလှမ်းမမှားအောင်ထိန်းရင်း လိုက်ဝင်လာခဲ့လေသည်။ ***** "ဒေါ်ကြူ ဘာတွေ လုပ်နေတာလဲ " ငြိမ်း အပေါ်ထပ်သို့ တက်လာစဉ် စည်သူလေး ၏ အခန်းထဲတွင် အထုပ်အပိုးများ ပြင်နေသော ဒေါ်ကြူကိုတွေ့လိုက်ရသောကြောင့် ငြိမ်းမေးလိုက်မိသည်။ "စည်သူ့ကို ပြန်ပို့တော့ မှာမို့ ....မငြိမ်းဝေက အဝတ်အစားတွေ သိမ်းခိုင်းထားလို့ သိမ်းနေတာ ငြိမ်းလေးရဲ့..." "ရှင် ...ငြိမ်းလဲမသိပါလား ... ငြိမ်းမင်္ဂလာပွဲပြီးမှ ပြန်ပို့ပါလို့ ပြောထားတာကို..." ငြိမ်းက ဒေါ်ကြူကို ပြောရင်း မိခင်ကြီးကို မေးရန် အောက်ထပ်သို့ဆင်းခဲ့လိုက်သည်။ အောက်ထပ်သို့ ရောက်သောအခါ မိခင်ကို အဆင်သင့် တွေ့လိုက်ရသောကြောင့် ငြိမ်း လှမ်းမေးလိုက်သည်။ "အမေ...စည်သူကို ပြန်ပို့တော့မလို ဆို...." ဒေါ်ငြိမ်းဝေက ငြိမ်းမေးခွန်းကို ခေါင်းငြိမ့်ပြ၍ဖြေလိုက်သည်။ "ဟုတ်တယ် သမီး ... သူ့အဖေလည်း အဆင်ပြေနေပြီမို့ပြန်ပို့ လိုက် တော့မယ်လေ..." " သမီးမင်္ဂလာပွဲပြီးမှပြန်ပို့ပါလား အမေရယ် ... တကယ်ဆို ကျောင်းအပြီးပိတ်မှ ပို့သင်တာ... ကျောင်းပိတ်ဖို့လည်း မလိုတော့ဘူးလေ..." ဒေါ်ငြိမ်းဝေက သမီးဖြစ်သူကိုကြည့်လိုက်ပြီး သက်ပြင်းကို မသိမသာချလိုက်မိသည်။ "သမီးရယ် ...အချိန်တန်ပြန်ပို့ရမယ်ဟာ ... စောစောပို့လိုက်တော့ သံယောစဉ်မတွယ်တော့ဘူးပေါ့ " " ဟင့်အင်း ....သမီးမင်္ဂလာဆောင်ပြီးမှ ပြန်ပို့မယ် နော် အမေ..." ငြိမ်းက သူပြောချင်တာပြေပြီး ဆိုင်ဘက်သို့ ထွက်သွားလေသည်။ဒေါ်ငြိမ်းဝေမှာသာ နေရာတွင် သက်ပြင်းတစ်ချချ နှင့်ကျန်ခဲ့လေသည်။ ****** "မမ ထိုင်နော်..." ရဲ့ရင့်က ပြောရင်း ခုံကို ဆွဲထုတ်လိုက်ပြီး ငြိမ်းကို ထိုင်ခိုင်းလိုက်သည်။ပြီးလျှင် ငြိမ်းဘေးက ခုံကို ထုတ်ယူလိုက်ပြီး သူပါ ထိုင်လိုက်ပြီး ငြိမ်း၏ မျက်နှာလေးကို ကြည့်ပြီး မေးလိုက်သည်။ "မမ ဘာသောက်မလဲ..." "ကော်ဖီအေးပဲသောက်တော့မယ် ... " " ကော်ဖီတွေပဲသောက်နေတာပဲကွာ....မင်္ဂလာပွဲရက်မှာ ၀နေမှာစိုးလို့လား ... မုန့်လေးဘာလေး စားအုံးပါအုံး မမရာ...မမကိုကြည့်ရတခုတလော ပိုပိန်လာသလိုပဲ ..." ရဲရင့်က ငြိမ်း၏ လက်ဖဝါးလေးကို သူ့လက်နှင့် အုပ်မိုး ဆုပ်ကိုင်ပြီး ပြောလိုက်သည်။သည်နေ့ ရဲရင့်နှင့်ငြိမ်းတို့စျေးဝယ်ထွက်လာခြင်းဖြစ်သည်။ရဲရင့်က အနည်းငယ်ပိန်သွားသော ငြိမ်းကိုကြည့်ပြီး စိုးရိမ်စွာ ပြောလိုက်သည်။ "နည်းနည်း အလုပ်များလို့ ပိန်သွားတာပါ ရဲရင့်ရဲ့ ...နေကောင်းဖို့အဓိကပဲ မဟုတ်လား...ဒါနဲ့ မင်္ဂလာပွဲပြီးရင် ငြိမ်းတို့ တစ်မိသားစုလုံး ခရီးထွက်ကြမယ်နော်...အန်တီလည်း ခရီးမထွက်တာကြာပြီမဟုတ်လား..." "ဟောဗျာ ...အမေတို့ကိုပါ ခေါ်သွားမလို့လား...မမ ဟန်နီးမွန်းကလဲ ဆွေမျိုး အစုံနဲ့ လား..." ရဲရင့်က တမင်ပင် မျက်နှာကို စူပုတ်ဟန်လုပ်ပြီးပြောလိုက်သည်။ ငြိမ်းက စူပုတ်နေသော ရဲရင့်ကို မျက်စောင်းတစ်ချက်ထိုးလိုက်ပြီး ပြန်ဖြေလိုက်သည်။ "ဆွေမျိုးအစုံနဲ့ ဆို တော့ ပျော်စရာကြီးပေါ့ ရဲရင့်ရဲ့ " " ငြိမ်းတို့စုံတွဲ ဈေးဝယ်ထွက်လာကြတာလား..."

ငြိမ်းနှင့်ရဲရင့်တို့၏ နှစ်ဖက်မိဘလူကြီးစုံရာနှင့် စေ့စပ်ကြောင်းလမ်းပွဲက အေးအေးချမ်းချမ်းနှင့်ပြီးဆုံးသွားလေပြီ။ ရဲရင့်၏ မိခင်က ငြိမ်း၏ လက်ကလေးကို ဆုပ်ကိုင်ကာ ကျေးဇူးတင်စကားတွေ တဖွဖွပြောနေသည်။ "အဒေါ်သားလေး လို လက်ခံပေးလို့ ကျေးဇူးပါ သမီးရယ်...အဒေါ် အတွက် မပူပါနဲ့ ...အဒေါ်ဘာသာနေပါ့မယ်...သားအတွက် စိတ်အေး ရရင်ပဲ အဒေါ် သေပျော်ပါပြီ.." ငြိမ်းက မျက်ရည်များ ရစ်ဝဲလျက်ပြောနေသော ယောက္ခမလောင်း၏ လက်ကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်ပြီး နှစ်သိမ့်စကားပြောလိုက်လေသည်။ " မကြာခင် တစ်မိသားစုတည်း ဖြစ်တော့မှာကို ဘာတွေပြောနေတာလဲ အမေရယ်.. တစ်ယောက်တည်းမနေရပါဘူးနော် ...ဒီမှာအတူနေရမယ်...အဲ့ဒါမှ ငြိမ်းမှာလဲ အမေ နှစ်ယောက် ...ရဲရင့်ရင့်မှာလဲ အမေနှစ်ယောက်နဲ့ ဘယ်လောက်ကောင်းလဲ ....ပြီးတော့ အမေတို့နှစ်ယောက်အတူရှိနေတော့ ငြိမ်းတို့လည်း အမေတို့အတွက် မပူရ တော့ဘူးပေါ့ " "တူ ..တူ " ငြိမ်းသည် ရဲရင့်၏ မိခင်နှင့်စကားပြောနေစဉ်မှာပင် ရဲရင့်၏ဖုန်းဆီမှ အသံထွက်လာသောကြောင့် ငြိမ်းက ရဲရင့် ပခုံးကို ပုက်လိုက်ပြီးဖုန်းကိုင်ရန် ပြောလိုက်လေသည်။ "ရဲရင့်ဖုန်းလာနေတာလား မဟုတ်လား ... စောစောကတည်းက ခေါ်နေတာထင်တယ်... ကားငှါးတဲ့သူထင်တယ်... ဖုန်းပြန်ပြောလိုက်အုံးလေ..." "ဟုတ် ... ဟုတ်မယ်ထင်တယ် ...ဖုန်းသံပိတ်ထားတော့ မောင်က သတိမထားလိုက် မိဘူး ..." ရဲရင့်သည် ငြိမ်းကို ပြန်ဖြေလိုက်ရင်း ဖုန်းကို ကိုင်ကာ မသိမသာနှင့် ဝရံတာဘက်သို့ ထွက်ခဲ့လေသည်။ ****** "မမမူ ..ခင်ဗျား လွန်နေပြီနော် ....ဘာလို့ ဖုန်းတွေ ခေါ်နေရတာလဲ...' ရဲရင့်သည် ဝရံတာသို့ရောက်သည်နှင့် ဒေါသကို ထိန်းပြီး အသံခပ်အုပ်အုပ်နှင့် ပြောလိုက်လေသည်။ "သတိရလို့ ..စိတ်ပူလို့ ဆက်တာပေါ့...ချက်ချင်း မင်္ဂလာပွဲရက်သတ်မှတ်လိုက်မှာစိုးလို့ စိတ်ပူပြီး ဆက်မိတာပါကွာ ... မနက်ဖြန်ကျရင် မမမူတို့ ခဏလောက် တွေ့ရအောင် တိုက်ခန်းကိုလာခဲ့အုံးနော် ...တကယ်လို့ မောင် မလာဘဲနေရင် မမမူက ...ငြိမ်း ဆီလာမေးမှာနော်...." "ဗျာ..မ..မလုပ်နဲ့နော်....ကျွန်တော် လာခဲ့မယ်...ခင်ဗျား အေးဆေးနေပါ ....ကျွန်တော် တောင်းပန်ပါတယ်...." ရဲရင့်က မူယာဟန်၏ စကားကြောင့် ထိတ်လန့်တုန်လှုပ်သွားပြီး ပျာပျာသလဲ တောင်းပန်လိုက်သည်။ထိုစဉ်မှာပင်ရဲ့ရင့်ရှိရာ ဝရံတာသို့ ငြိမ်းရောက်လာလေသည်။ "ရဲရင့် ...မင်း ဖောက်ပြန်နေတာလား " အသံနှင့် အတူ ဝင်လာသောငြိမ်းကိုကြည်ပြီး ရဲရင့် လန့်ဖျပ်သွားမိပြီး လက်ထဲမှဖုန်ပါ ပြုတ်ကျသွားလေသည်။ @@@@@@@@@@@@@ အပိုင်း ၁၉ ဆက်ရန် ဧကြည်ဖြူ

ငြိမ်းသည် မိခင်ဖြစ်သူ၏ မေးခွန်းကြောင့် ရင်ထဲတွင် တဆစ်ဆစ်နာကျင်လာပြီး ဒေါသများပါ ထွက်လာ သဖြင့် ထိုင်နေရာမှ ထရပ်ပြီးမိခင်ကို ပြန်ဖြေလိုက်သည်။ "သတိမရပါဘူး...အကျင့်မကောင်းတဲ့ မျိုးက ဆင်းသက်လာတဲ့သူ ... ပြီးတော့ တောင်းပန်းရမှန်းမသိဘဲ ထွက်ပြေး သွားကြတဲ့ တာဝန်မသိတဲ့လူတွေ..." ဒေါ်ငြိမ်းဝေ သည် ငြိမ်း၏ တင်းမာခက်ထန်နေသောပုံစံကိုကြည့်ပြီး သက်ပြင်းချလိုက်မိပြီး လေပြေ စကားဆိုလိုက်သည်။ "သမီးရယ် ... သူတို့လည်းရှက်လို့နေမှာပေါ့ကွယ်..ပြီးတော့ အဲ့ဒီတုန်းက ထူးထူးလေးကလဲ ငယ်သေးတယ်လေ သမီးရယ်...အချိန်တွေကြာလာပါပြီ သမီးစိတ်တွေမပြေသေးဘူးလားကွယ်...ခုချိန်များ ထူးထူးလေးနဲ့ ဆုံတွေ့ရမယ်ဆိုရင် သမီးလက်ခံမှာလား " ဒေါ်ငြိမ်းဝေက သမီးဖြစ်သူ ကိုသွေးတိုးစမ်းသည့် သဘောနှင့် မေးလိုက်သည်။ "မဆုံပါဘူး အမေ...ဆုံစရာလည်းအကြောင်းမရှိဘူး...အဲ့ဒီတုန်းက သူက ငယ်သေးလို့ လူကြီးတွေဆန္ဒအတိုင်း လုပ်ခဲ့ရတယ်ဆိုရင်တောင် နှုတ်ဆက်စကားပြောဖို့ တောင် သူ့မှာ အချိန်မရှိတော့ဘူးလား...သူလည်း အတူတူပဲ ကတိမတည်တဲ့လူလိမ်.." ငြိင်းသည် ဒေါသတကြီးနှင့် ပြောဆိုပြီး မိခင်ဖြစ်သူ၏ အပါးမှ ထွက်ခဲ့လေသည်။ ****** "တော်ပါတော့ မမမူ ... ကျွန်တော် တောင်းပန်ပါတယ်ဗျာ....ထပ်ပြီး လည်း မခြိမ်းခြောက်ပါနဲ့တော့...ခုလည်း မမမူ ခေါ်ရင်း ကျွန်တော်လာနေတာပဲ ... တစ်ဆိတ်ရှိ မမကို ပြောမယ်ဆိုတဲ့ စကားကို မပြောပါနဲ့တော့ ...မနက်ဖြန်ကျရင် ကျွန်တော်တို့လူကြီးစုံရာနဲ့ တောင်းရမ်းနား ဖောက်ဖို့ အားလုံး လုပ်ပြီးသွားပြီ....ကျွန်တော် နောက်မဆုတ်နိုင်ဘူး.... မမမူ ပြောသလို ခိုးတွေ့ရအောင် ဆိုတာကိုလည်း တတ်နိုင်သမျှ လိုက်လျော ပေးခဲ့တာပဲ...ဒီထက်ပိုပြီး လောဘမတက်ပါနဲ့ ....ဒီလိုဖုန်းပြောရရုံနဲ့ပဲကျေနပ်ပေးပါ ...အိမ်ကိုလာရှာတာတို့ ဘာတို့မလုပ်ပါနဲ့တော့နော်...." ရဲရင့်က မူယာဟန်ကို ဖုန်းထဲမှ တောင်းပန်ပြောဆိုလိုက်လေသည်။ "မင်းကွာ...မမမူ တောင်းဆိုတာကို ဒီလောက်လေးတောင် မလိုက်လျောနိုင်ဘူးလား....မင်းတို့ကို လက်မထပ်နဲ့လို့ မပြောဘူး ...စေ့စပ်ပြီးရင် လက်ထပ်ပွဲကို နောက်ကို ဆုတ်ဖို့ပဲ ပြောတာ...မင်းနဲ့မမမူ တွေ့ရတာတောင် သိပ်မကြာသေးဘူး ... မင်းအိမ်ထောင်ပြုမှာကို လက်မခံနိုင်ဘူး ... လုပ်ငန်းတစ် ခုလုပ်မယ်လို့အကြောင်းပြပြီး လက်ထပ်ပွဲကို နောက်ဆုတ်လိုက်...ပြီးတော့ မင်းလိုသမျှ ပြော ....ကားလား..အိမ်လား...ငွေလား မမမူ ပိုင်သမျှ မင်းအတွက် ချည်းပဲ ..." "ဟာဗျာ ...စိတ်ရှုပ်လာပြီ...ကျွန်တော် ဖုန်းချလိုက်တော့မယ်..." ရဲရင့်စိတ်ရှုပ်ရှုပ် နှင့် ဖုန်းကို ချပစ်လိုက်သည်။ ဖုန်းချလိုက်မှပင် ငြိမ်းဖုန်းခေါ်ထားသည်ကို တွေ့လိုက်ရသောကြောင့် ဖုန်းပြန်ခေါ်လိုက်လေသည်။ "ဟယ်လို ...မမ ..ဖုန်းခေါ်ထားတာလား...မောင်ကသူငယ်ချင်းတွေနဲ့ ဖုန်းပြောနေလို့...မင်္ဂလာပွဲကိုဖိတ်နေတာမမရဲ...." ရဲရင့်က စိုးရိမ်စိတ် အပြည့်နှင့်ပင် ငြိမ်းကို လိမ်ညာပြောလိုက်သည်။ "အင်းပါ ....ဖုန်းဆက်မရလို့ စိတ်ပူနေတာ....မနက်ဖြန် ကိစ္စကိုတော့ မမေ့ဘူး မဟုတ်လား....ဒီညများ အိမ်ကို လာအုံးမလားလို့ မျှော်နေတာ...." ငြိမ်း၏ မာဆတ်ဆတ် နှင့် ပြောလာသောအသံကိုကြားလိုက်ရသောအခါ ရဲရင့်စိတ်ထဲမှ အပူလုံးကြီးလျောခနဲကျသွားရလေသည်။ဘယ်လိုအခြေအနေတွေ ဘာတွေပဲဖြစ်နေပါစေ ရဲရင့်အနေနှင့် ငြိမ်းကိုတော့ အမှန်တကယ်ချစ်မြတ်နိုးခြင်းဖြစ်ပါလေသည်။ ******* "စိုင်း မင်းနေသာရဲ့လား...." ဆန်းလင်းအောင်က အိပ်ရာထဲတွင် ခွေနေသောစိုင်းခွန်နောင်ကိုကြည့်ပြီး မေးလိုက်သည်။ စိုင်းခွန်နောင်မှာ မနေညက ငြိမ်းတို့ဆီမှ ပြန်လာပြီးကတည်းက အပြင်းဖျားပြီး အိပ်ရာထဲမှမထနိုင်ခြင်း ဖြစ်လေသည် ။တစ်ညလုံး ဝေဒနာကို ကြိတ်မှိတ်ခံနေပြီး မိုးလင်းမှ ဆန်းလင်းအောင်ကို ဖုန်းဆက်ခေါ်လိုက်၍ ရောက်လာခြင်းဖြစ်လေသည်။ "မင်းကွာ..ည တုနုံးတည်းက ဆက်ပါလား...ခုဆေးခန်းသွားမလား...ဆရာဝန်ခေါ်ရမလား ပြော.." "ရတယ် ကိုဆန်း...ဒီ...ဒီညနေ ....ငြိမ်း စေ့စပ်တော့မှာတဲ့ဗျ..." စိုင်းခွန်နောင်၏ စကားကြောင့် ဆန်းလင်းအောင်က ခုတင်ဘေးရှိ စာကြည့်စားပွဲစုံတွင် စိတ်ပျက်လက်ပျက်နှင့် ထိုင်ချလိုက်ပြီး "အဲ့ဒါကြောင့် မင်းကဒီလိုဖြစ်နေတာပေါ့လေ... ဒီလိုဖြစ်နေမယ့်အစား သတ္တိရှိရှိဖွင့်ပြောလိုက်ပါလားကွာ ..မင်းကို ကြည့်ရတာပင်ပန်းလိုက် တာ...မင်းအဖြစ် က ချစ်သူကိုလဲ ဖွင့်မပြောရဲ...ပြီးတော့ ချစ်သူရဲ့အဖေကိုကအစ မသိအောင် ခိုးပြီးကူညီ စောင့်ရှောက်နေရတဲ့ဘ၀..မလွယ်ပါလားကွာ....." " ဒါကတော့ ကိုဆန်းရယ်.... မခေါ်ချင်လည်း တော်နေရတဲ့ သွေးသားကြောင့် လေ....ငြိမ်းရဲ့မောင်လေးက ကျွန်တော်နဲ့လည်း ညီအစ်ကိုဝမ်းကွဲ တော်တယ်လေ....ပြီးတော့ ဘာပဲဖြစ်ဖြစ် ကျွန်တော်ချစ်ရတဲ့သူရဲ့ ဖခင်လေ....ဒုက္ခရောက်နေတာကို ဒီတိုင်းကြီး ပစ်မထားရက်ဘူးဗျာ..." " အေးကွာ မင်းတို့ရေစက်တွေကလည်း အဆန်းသားစိုင်းရာ ..." ****** " ကဲ...ဒါဆိုရင် မင်္ဂလာပွဲရက်ကနောက်လ ဆယ်ရက်နေ့ပေါ့...." "စေ့စပ်ကြောင်းလမ်း နားဖောက်တဲ့ပွဲက အောင်အောင်မြင်မြင်နဲ့ပြီး သွားပြီဆိုတော့ ....ဦးလေးတို့ကို ပြန်ခွင့် ပြုပါအုံးနော်..."

"အမေ သူက သမီးရဲ့မိတ်ဆွေ ကိုစိုင်းခွန်နောင်တဲ့....ကိုစိုင်း ...ငြိမ်းရဲ့အမေလေ နာမည်က ဒေါ်ငြိမ်းဝေတဲ့ " ငြိမ်းက မိခင်ဖြစ်သူနှင့် စိုင်းခွန်နောင်ကို မိတ်ဆက်ပေးလိုက်လေသည်။ "ဟုတ် ..ဟုတ်ကဲ့ ...တွေ့ရတာဝမ်းသာပါတယ် အန်တီ..." စိုင်းခွန်နောင်က ခေါ် ငြိမ်းဝေကို မဝံ့မရဲကြည့်ပြီး နှုတ်ဆက်လိုက်သည်။ဒေါ်ငြိမ်းဝေသည် မျက်နှာကို တည်ငြိမ်အောင်ထားပြီး ပြန်နှုတ်ဆက်လိုက်သည်။ငြိမ်းကတော့ မိခင်ဖြစ်သူနှင့် စိုင်းခွန်နောင်တို့ ၏အမူအယာများကို သတိမထားမိဘဲ ရှိလေသည်။ သုံးယောက်သားထိုင်နေသော အခန်းကျဉ်းလေးသည် အတန်ကြာတိတ်ဆိတ်နေပြီးနောက် ငြိမ်းက စတင်စကားဆိုလိုက်လေသည်။ "ကိုစိုင်းက မြန်မာပြည်ကို ပြန်ရောက်တာမကြာသေးဘူးလေ အမေ...ဒါနဲ့ ကိုစိုင်းရော နေရေးထိုင်ရေး နဲ့လုပ်ငန်းတွေ အဆင်ပြေရဲ့လား" "ဟုတ်ကဲ့ ပြေပါတယ် ငြိမ်း..." စိုင်းခွန်နောင်သည် ငြိမ်း၏ မျက်နှာကို ငေးငေးရီရီနှင့် ကြည့်ပြီး ငြိမ်းမေးတာကို ပြန်ဖြေလိုက်လေသည်။ "ငြိမ်းလည် ကိုစိုင်းတို့ ဆိုင်ကို လာလည်မလို့ဘဲ...ခုရက်ပိုင်း မင်္ဂလာပွဲအတွက် အလုပ်များနေလို့ မလာဖြစ်တာ...ဖိတ်စာရရင် ပို့လိုက်မယ်နော် ကိုစိုင်းရဲ့ သူငယ်ချင်းကိုပါ ဖိတ်ပေးပါအုံး ..မလာမဖြစ်လာရမှာနော်.." "ဗျာ... ဟုတ် ... ဟုတ်ကဲ့ ....လာမှာပါ ငြိမ်း " "ဒါနဲ့ ...မောင်ရင်က ဘယ်ဇာတိလဲကွဲ့ ...မိဘတွေရော ရှိကြသေးလား...." ဒေါ်ငြိမ်းဝေ၏ ရုတ်တရက် ထမေးလိုက်သော မေးခွန်းကြောင့် စိုင်းခွန်နောင်မှာ ဖြုန်းခနဲ ကြောင်အပြီး မဖြေနိုင်ဘဲ ရှိလေသည်။ငြိမ်းကလည်း စိုင်းခွန်နောင်ကိုငေးကြည့်လျက် စိုင်းခွန်နောင်၏ အဖြေကို နားထောင်နေလေသည်။ စိုင်းခွန်နောင်သည် ထိတ်လန့်သွားသောစိတ်ကို အမြန်ထိန်းလိုက်ပြီး လေသံမှန်မှန်နှင့် ဖြေလိုက်လေသည်။ "မွေးဇာတိကတော့ နယ်ဘက်ကပါ ... ပြီးတော့မှအမေ့အမျိုးတွေရှိတဲ့ တောင်ကြီးကို ပြောင်းသွားတာပါ...အဖေကတော့ မရှိတော့ပါဘူး...အဘွားရယ်....အမေနဲ့ ညီလေးတို့က တောင်ကြီးမှာနေကြပါတယ်.." စိုင်းခွန်နောင်က ဖြေပြီး ဒေါ်ငြိမ်းဝေနှင့် ငြိမ်းကို ကြည့်လိုက်သည်။ "ခဏလေးနော် ကိုစိုင်း ....ရဲရင့်နဲ့ကိုစိုင်းကို သေချာ မိတ်ဆက် ပေးချင်လို့ ဖုန်းခေါ်လိုက်အုံးမယ်....." ငြိမ်းက ပြောပြီး ဧည့်ခန်း အပြင်သို့ ထွက်ခဲ့လိုက်သည်။အခန်းထဲတွင် ဒေါ်ငြိမ်းဝေနှင့် စိုင်းခွန်နောင်တို့သာ ကျန်ခဲ့လေသည်။ " တကယ်ဆို မင်းမလာသင့်ဘူး...မင်းကို ဒေါ် လေး သံယောစဉ် ရှိပါတယ်... သမီးက မင်းကို လက်ခံရင် ဒေါ်လေးသိပ်ဝမ်းသာမိမှာပဲ ...ဒါပေမဲ့...သမီးက မင်းကိုမြင်တိုင် မောင်ရဲရင့်ဆီကို ပိုပြီး ရောက်ရောက်သွားတယ်....တကယ်လို့ များ မင်းကထူးထူးမှန်းသာသိသွားရင် ..သူ့စိတ်အတိုင်းသာဆိုရင် မောင်ရဲရင့်နဲ့ ချက်ချင်းကို လက်ထပ်ပစ်လိုက်မလားတောင် မသိဘူး...အင်း ပြောမယ့်သာ ပြောရတာ ခုလဲ ဘာမှတော့ မထူးပါဘူး...သူ့စိတ်သူတောင် မသိတဲ့ အဲ့ဒီကောင်မလေးကို အဒေါ်လည်း ဖြောင့်ဖျပြောပြလို့မရဘူး...ဖြစ်နိုင်ရင် ခုချိန်မှာ သမီးကို စိတ်ဖိစီးမှုဖြစ်စေတဲ့ အရာတွေမှန်သမျှနဲ့ မတွေ့ဆုံစေချင်ဘူးကွယ်..." စိုင်းခွန်နောင်သည် ပြိုတော့မည့်မိုးကဲ့သို့ မျက်နှာထားနှင့် ဒေါ်ငြိမ်းဝေကို မော့ကြည့်လိုက်ပြီး ခပ်တိုးတိုးတောင်းပန်လိုက်လေသည်။ "ကျွန်တော် တောင်းပန်ပါတယ် အန်တီ...." ****** "လူကြီးမင်း ခေါ်ဆိုနေသော ဖုန်းမှာ မအားသေးပါသဖြင့် ... ကျေးဇူးပြု၍ ခေတ္တစောင့်ဆိုင်းပြီးမှ ခေါ်ဆိုပါရန်..." ဒုတိယအကြိမ်ကြားလိုက်ရသော အသံကြောင့် ငြိမ်း စိတ်တိုပြီးဖုန်းကို ချပစ်လိုက်သည်။ပြီးနောက် ဧည့်ခန်းထဲသို့ ပြန်ဝင်လာခဲ့လေသည်။ " အားနာလိုက်တာကိုစိုင်းရယ်... နောက်တစ်ခါမှပဲ သေချာ မိတ်ဆက်ပေးတော့မယ် ....ရဲ့ရင့်က အလုပ်မအားဘူး ထင်တယ်... ဖုန်းဆက်လို့မရဘူး ဖြစ်နေတယ်.." ငြိမ်းက ပြောရင်း ခုံမှာ ပြန်ဝင်ထိုင် လိုက်သည်။ စိုင်းခွန်နောင်သည် ငြိမ်း၏မျက်နှာကို ခပ်စူးစူး တစ်ချက် ကြည့် လိုက်ပြီး နှုတ်ဆက်စကားပြောကာ ပြန်ရန် ပြင်လိုက်လေသည်။ " ရပါတယ် ငြိမ်း...နောက်မှ ဆုံတာပေါ့...ကျွန်တော့်ကို ပြန်ခွင့် ပြုပါအုံးနော်....ပြန်ခွင့် ပြုပါအုံး အန်တီ..." ***** စိုင်းခွန်နောင်ကို လိုက်ပို့ပြီး ပြန်ဝင်လာသော ငြိမ်ကို ဒေါ်ငြိမ်းဝေက ကြည့်ပြီး မေးလိုက်သည်။ " မောင်စိုင်းခွန်နောင်ကို ကြည့်ရတာ... တစ်ယောက်ယောက်နဲ့ မတူဘူးလား သမီး" ဒေါ်ငြိမ်းဝေ၏စကားကြောင့် ငြိမ်းက မိခင်ကို လှမ်းကြည့်လိုက်ပြီး မေးလိုက်လေသည်။ "ဘယ်သူနဲ့ တူတာလဲ အမေ " " ထူးထူးနဲ့လေ မျက်လုံးလေးတွေက ထူးထူးနဲ့အတော်တူသလိုပဲ ..." ငြိမ်းသည် မိခင်ဖြစ်သူ၏ စကားကြောင့် ထိုင်ရန်ပြင်နေရာမှ ဆတ်ခနဲ မိခင်ကို မော့ကြည့်ပြီး ငြင်းဆန် စကားဆိုလိုက်လေသည်။ " မတူပါဘူး.... တစ်ခြားစီပဲ ...." " ဟုတ်လား ...အမေကတူတယ် ထင်လို့ ....အခုချိန်ဆို ထူးထူး လေးလဲ ဘယ်တွေ ရောက်ပြီး ဘာတွေ လုပ်နေ ပါလိမ့် .... သူက သမီး အနိုင်ကျင့်သမျှ သည်းညည်းခံ ရှာတဲ့ ကလေးပါ ....သမီးရော ထူးထူး လေး ကို သတိမရဘူးလား ..."

"သမီးရယ် ဘယ်တွေသွားနေတာလဲ...ဖုန်းပါ ပိတ်ထားတော့ အမေမှာစိတ်ပူလွန်းလို့ သေတော့မယ်...အရေး ထဲ မောင်ရဲရင့်ဖုန်းကလည်းဆက်မရဘူးလေး" ငြိမ်းသည် မိခင်ကို ကြည်ပြီး တောင်းပန်စကားဆိုလိုက်မိသည်။ "တောင်းပန်ပါတယ် အမေ..ဖုန်းအား ကုန်သွားလို့ပါ " ဒေါ်ငြိမ်းဝေသည် ငြိမ်းကိုကြည့်ပြီး ငြိမ်နောက်မှ လျှောက်လိုက်လာခဲ့လေသည်။ငြိမ်းက သူ့အခန်းထဲသို့ဝင်သွားသောအခါ ဒေါ်ငြိမ်းဝေပါ လိုက်ဝင်ခဲ့လေသည်။ "သမီး ထိုင်ပါအုံး... သမီး ဘာတွေဖြစ်နေတာလဲ အမေ့ကို ပြောပြ...ဘာလဲ သမီး မောင်ရဲရင့်နဲ့ လက်မထပ်ချင်ဘူးလား...ဒါမှမဟုတ်...သမီးမှာ တကယ်ချစ်ရမယ့်သူရှိနေလား အမေ့ကို ပြော...သမီးစိတ်ချမ်းသာအောင် အမေ ဝိုင်းကူညီပေးပါ့မယ်....." ငြိမ်းသည် မိခင်ဖြစ်သူ၏ စကားကြောင့် ထိုင်နေရာမှဆတ်ခနဲထရပ်လိုက်ပြီး မိခင်ကို ပြန်ပြောလိုက်လေသည်။ "မဟုတ်ပါဘူး...သမီးဘာမှမဖြစ်ပါဘူး ....သမီးမှာ ရဲရင့်အပြင် အခြား ချစ်ရမယ့်သူလဲမရှိဘူး...သမီးကို သစ္စာမရှိတဲ့သူတစ်ယောက်လို့အမေက ထင်နေတာလား....သမီး ရဲရင့်နဲ့ပဲ ကျိန်းသေလက်ထပ်မှာ ..." "သမီးကသာ ဘာမှမဖြစ်ဘူး ...ပျော်နေတယ်ပြောတာ...ခုတလော သမီးကို ကြည့်လိုက်ရင် မှိုင်နေတာပဲ အမေ မြင်တယ်.." မိခင်ကြီး၏ စကားကြောင့် ငြိမ်းက ပျာပျာသလဲ ငြင်းချက်ထုတ်လိုက်လေသည်။ "အမေ ထင်လို့ပါ ...သမီးပျော်တယ်...မင်္ဂလာပွဲအတွက် စီစဉ်နေရလို့ စိတ်မောနေလို့ ပန်းခြံထဲ အပန်းသွားဖြေရုံပါ....သမီးမှာ တစ်နေ့တစ်နေ့ ဆိုင်ထဲမှာပဲ နေနေရလို့ မလန်းမဆန်း ဖြစ်နေရုံပါ အမေရယ် ....ကဲပါ အမေရယ်...သမီးရေချိုလိုက်အုံးမယ် နော်...." ငြိမ်းက မိခင်ဖြစ်သူကို ပြောပြီးသည်နှင့် ရေချိုးရန် ပြင်လိုက်လေသည်။ဒေါ်ငြိမ်းဝေမှာ သမီးဖြစ်သူကို ကြည့်ပြီး လေးလံသော ခြေလှမ်းများဖြင့် အခန်းအပြင်သို့ ထွက်ခဲ့လေသည်။ ***** ငြိမ်း ရေမိုးချိုးပြီးတော့ အခန်းအပြင်သို့ပြန်ထွက်ခဲ့သည်။အောက်ထပ်သို့ ဆင်းခါနီးတွင် ဝရံတာ၌ စည်သူ ရပ်နေသည်ကို တွေ့လိုက်ရသောကြောင့် ဝရံတာသို့လျှောက်သွားလိုက်လေသည်။ "စည်သူလေး ... ဘာလဲ...သား အဖေ့ကို သတိရနေပြန်ပြီလား " စည်သူက ငြိမ်း အသံကိုကြားသောအခါ လှည့်ကြည့်ပြီးခေါင်းငြိမ်းဖြေလေသည်။ "ဟုတ်ကဲ့ မမငြိမ်း...အဖေနေမကောင်းဖြစ်မှာစိုးလို့ပါ ...ကြီးကြီးကတော့ ပြောတယ် ... မကြာခင် အဖေ့ဆီ ပြန်လို့ရပြီတဲ့ " "ဟုတ်လား...မမငြိမ်းလည်း မသိရပါလား...ဒါဆို စည်သူပျော်နေမှာပေါ့နော် " ငြိမ်းက ပြောရင်း စည်သူ့ခေါင်းလေးကို အသာပွတ်လိုက်သည်။အနေကြာလာသည်နှင့် အမျှ စည်သူ လေးကို ငြိမ်းသံယောစဉ် တွယ်နေမိပါလေပြီ။ စည်သူ လေးပြန်ရတော့မည် ဆိုသောစကားကြောင့် ရင်ထဲ၌ ဟာတာတာကြီး ခံစားလိုက်ရလေသည်။စည်သူ လေးကလည်း ငြိမ်းကို မော့ကြည့်နေရင်း မှ ခပ်တိုးတိုးပြန်ပြောလေသည်။ "ပျော်သလိုလို ... မပျော်သလိုလို ပါပဲ မမငြိမ်း...အဖေနဲ့လည်း အတူနေချင်တယ်...မမငြိမ်းနဲ့ကြီးကြီးတို့နဲ့လည်း အတူနေချင်တယ်..." " ဪ ... စည်သူ ရယ် ... မောင်လေးနေချင်တဲ့နေရာမှာ နေ ဟုတ်ပြီလား ...မမတို့အိမ်မှာ တစ်သက်လုံးနေလဲ ရတယ်... အခုတော့ အထဲဝင်တော့ နော်..." "ဟုတ်ကဲ့ မမငြိမ်း.." စည်သူက ငြိမ်းပြောတာကို ခေါင်းငြိမ့် ပြပြီး အိမ်ထဲသို့ ပြေဝင်သွားလေသည်။ငြိမ်းလည်း အိမ်ထဲသို့ဝင်ရန် ပြင်လိုက်ပြီး စိတ်ထဲ၌ တစ်မျိုးကြီးခံစားနေရသောကြောင့် လမ်းမဘက်သို့လှမ်းကြည့်လိုက်မိလေသည်။မြင်လိုက်ရသော မြင်ကွင်းကြောင့် ငြိမ်းရင်တွေဒိန်းခနဲဆောင့်ခုန်သွားသည်။မှောင်ရိပ်ခပ်ကွယ်ကွယ်တွင် ရပ်ထားသော ကားပေါ်မှ ခပ်ဝါးဝါး ပုံရိပ်ကိုမြင်နေရသည်။ငြိမ်းဖုန်းကို ဖွင့်ပြီး နာမည်တစ်ခုကိုနှိပ်လိုက်လေသည်။ "ဟယ်လို...." သြရှရှ ထူးသံအဆုံးမှာ ငြိမ်း သက်ပြင်းကို မသိမသာချလိုက်ပြီး အေးဆေးတည်ငြိမ်စွာ စကားဆိုလိုက်သည်။ " ကိုစိုင်းခွန်နောင် ငြိမ်းဆီလာလည်တာလား ....အိမ်ကိုလာခဲ့လေ..." ပြောပြီးသည်နှင့် ငြိမ်းဖုန်းကိုချပြီး အောက်ထပ်သို့ဆင်းခဲ့လိုက်သည်။ ***** "ဒေါ်ကြူရေ ... ဧည့်.သည်လာမှာမလို့ ...ကော်ဖိနဲ့မုန့်ပြင်ပေးပါနော်..." ဒေါ်ကြူကို ပြောရင်း မိခင်ဖြစ်သူကိုပါ ငြိမ်း ပြောလိုက်သည်။ "ငြိမ်း မိတ်ဆွေတစ်ယောက် လာမယ် အမေ..." ငြိမ်း၏ စကားကြောင့် ဒေါ်ငြိမ်းဝေက အံ့သြစွာ ပြန်မေးလိုက်သည်။ "ဘယ်အချိန်လာမှာလဲ သမီး...မိုးတောင် ချုပ်နေပြီ..." "ခုပဲလာမှာ အမေ ...ဆိုင်ရှေ့တောင် ရောက်နေလောက်ပြီ.." မိခင်ကို ပြန်ဖြေရင်း ငြိမ်းဆိုင် ရှေ့သို့ထွက်လာခဲ့သည်။ဆိုင်ရှေ့သို့ရောက်သောအခါ ဆိုင်ဝတွင် ခပ်ရို့ရို့ ရပ်နေသော စိုင်းခွန်နောင်ကို တွေ့လိုက်ရလေသည်။ဘောင်းဘီရှည်နှင့် အပြာရောင်ဖျော့ဖျော့ ရှပ်အင်္ကျီကို ဝတ်ထားပြီး ပုံစံကရှင်းသန့်ကြည့်ကောင်းနေလသည် ။အထူးသဖြင့် တောက်ပသော မျက်ဝန်းစူးစူးများကို ငြိမ်း ငေးမောကြည့်လိုက်မိသေးသည်။ပြီးနောက် အိမ်ထဲသို့ ဖိတ်ခေါ်လိုက်လေသည်။ "လာလေ ကိုစိုင်း ... " ဒေါ်ငြိမ်းဝေသည် စိုင်းခွန်နောင်ကို မြင်သောအခါ အံ့သြမင်သက်စွာ ကြည့်နေမိလေသည်။ပြီးလျှင် သမီးဖြစ်သူကိုပါ အလန့်တကြားကြည့် လိုက်မိလေသည်။

ဧကြည်ဖြူ " ချစ်ဆိပ် " ( ချူ ) အပိုင်း (၁၈) ***** ရဲရင့်နောက်မှ လိုက်ပြေးထွက်လာသော မူယာဟန်သည် စိုင်းခွန်နောင်ကိုတွေ့သောအခါ စူးစမ်းသလိုကြည့်ပြီးမေးလိုက်သည်။ "ရှင်က ဘယ်သူလဲ" " ကျွန်တော် ရဲရင့်နဲ့ ပြောစရာ ကိစ္စလေးရှိလို့ပါ ..ခွင့်ပြုပေးပါအုံး" ပြောပြီးသည်နှင့် စိုင်းခွန်နောင် ကားပေါ်သို့ ပြန်တက်လိုက်သည်။ ရဲရင့်လည်း သူ၏ တက္ကစီကားလေးထဲသို့ ဝင်ပြီးနောက်မှလိုက် မောင်းထွက်ခဲ့လေသည်။ **** " ယောက်ျားချင်းပဲ ပွင့်ပွင့်လင်းလင်းပြောကြတာပေါ့ ငါ့ညီ....ငြိမ်းကို ငါညီဘယ်လိုသဘောထားနေလဲဆိုတာ အစ်ကိုသိချင်တယ်..." စိုင်းခွန်နောင်၏ အမေးကြောင့် ရဲရင့်က စိုင်းခွန်နောင်ကို "ခင်ဗျားနှင့် ဘာဆိုင်လို့ လဲ "ဆိုသော အကြည့်မျိုးနှင့် ကြည့်လိုက်ရုံမျှမက နှုတ်ကပါ ဖွင့်မေးလိုက်လေသည်။ " ခဏနေပါအုံး .... မရှင်းလို့ မေးပါရစေအုံး...ကျွန်တော်နဲ့ မမကိစ္စက အစ်ကိုနဲ့ ဘာဆိုင်လို့လဲ..." ရဲရင့်၏ တုန့် ပြန်မေးခွန်းကြောင့် စိုင်းခွန်နောင်ကရဲရင့်ကို ခပ်တင်းတင်းကြည့်လိုက်သည်။ " အစကတော့ မဆိုင်သလိုနေခဲ့တာပဲ...ငြိမ်း စိတ်ချမ်းသာဖို့အဓိကလို့ပဲ တွေးခဲ့တာ...ခုတော့ ငါ့ညီရဲ့ လုပ်ပုံတွေကြောင့် မဆိုင်သလိုမနေနိုင်တော့ဘူး..အဲ့ဒီတော့ မင်းလုပ်ရပ်တွေကို ရပ်တန်းကရပ်ပြီး... အဖြစ်မှန်တွေကို ငြိမ်း ဆီမှာ ဝန်ခံလိုက်ပါ ...." စိုင်းခွန်နောင်၏စကားကြောင့် ရဲရင့်သည် ထိုင်နေရာမှ ဝုန်းခနဲထရပ်လိုက်ပြီး ဒေါသတကြီးနှင့် တုန့်ပြန်ပြောဆိုလိုက်လေသည်။ "ဘာ ...ဘာကို ဝန်ခံရမှာလဲ ခင်ဗျား ဘာတွေ လာပြောနေတာလဲ ....ခင်ဗျာ နဲ့ ဘာဆိုင်လို့ ကျွန်တော်နဲ့ မမကြားမှာ လာရှုပ်နေတာလဲ...." "မင်းထင်ချင် သလိုထင်နိုင်တယ် ... မင်း ဘာတွေရှုပ်နေလဲဆိုတာ အကုန်သိတယ် ....ဒီအကြောင်းတွေကို ငြိမ်း မသိခင် မင်းအနေအထိုင်ဆင်ခြင်ဖို့လိုတယ်...ရှေ့ဆက်ပြီး ဒီလိုလုပ်နေမယ်ဆိုရင်တော့ ဒီအတိုင်းကြည့်နေမှာမဟုတ်ဘူး ..." "ဘာပြောတယ် ... ခင်ဗျားက ဘာလုပ်ချင်လို့လဲ...ကောက်ရိုးပုံ စောင့်ချင်နေတာလား....စိတ်ကူးယဉ်မနေနဲ့...မမက ကျွန်တော့်အတွက် ပဲ...မမနဲ့ ကျွန်တော့်ကြားမှာ ဘယ်သူမှဝင်ရှုပ်လို့မရဘူးဆိုတာ မှတ်ထား..." ရဲရင့်သည် ပြောပြီးသည်နှင့် မျက်စိပျက် မျက်နှာပျက် နှင်းစိုင်းခွန်နောင် ရှေ့မှ ချာခနဲ လှည့်ထွက်ခဲ့သည်။ စိုင်းခွန်နောင်က လှည့်ထွက်သွားသော ရဲရင့်၏ ရှေ့မှပိတ်ရပ်လိုက်ပြီး "ဒီမှာ ငါညီ...မင်းရှုပ်ချင်ရင် အခြားမိန်းခလေးတွေကို သွားရှုပ်...ငြိမ်းကို ဒုက္ခလာမပေးနဲ့...မင်းကို ကိုယ်စောင့်ကြည့်နေတယ်ဆိုတာ မမေ့နဲ့...ငြိမ်းကို ကာကွယ်ဖို့အတွက်ဆိုရင် ဘာမဆိုလုပ်ဖို့ ဝန်လေးနေမှာ မဟုတ်ဘူး ဆိုတာသိထား..." ပြောပြီးသည်နှင့် စိုင်းခွန်နောင် လှည့်ထွက်ခဲ့သည်။ " တောက် " နေရာတွင် ခြေစုံရပ်လျက် ကျန်ခဲ့သော ရဲရင့်သည် မကျေမနပ်နှင့် တောက်တစ်ချက်ကိုခပ်ပြင်းပြင်းခေါက်လိုက်လေသည်။ ***** တက္ကစီကားထိုးရပ်လိုက်သည်နှင့် ငြိမ်းကားပေါ်မှဆင်းလိုက်ပြီး ကန်တော်ကြီးထဲသို့ လျှောက် ဝင်လာခဲ့သည်။ ဦးထုပ်ကိုခပ်ငိုက်ငိုက်ဆောင်းလျက် ဘေးဘီဝဲယာကို အကြည့် ကစားရင်း ငြိမ်းလျှောက်လှမ်းလာခဲ့သည်။နေ့လယ်နေခင်း အချိန်ဖြစ်သောကြောင့် ပန်းခြံထဲတွင် အရိပ်ခိုနေကြသော ဟိုတစ်စုသည် တစ်စု လူအုပ်စုများကိုတွေ့ရသလို ချစ်သူရည်းစားစုံတွဲများကိုလည်း တွေ့ရလေသည်။ငြိမ်းပတ်ဝန်းကျင်ကို ကြည့်ရင်း လျှောက် ပြီးရင်း လျှောက်ခဲ့သည်။ သို့သော်လည်း ငြိမ်း တွေ့ချင်သောအရာကို မမြင်တွေ့ရ။နောက်ဆုံး ငြိမ်း၏ ခြေထောက်တွေ ညောင်းညာကိုက်ခဲလာသောကြောင့် လူရှင်းသော ရေစပ်တစ်နေရာတွင် ထိုင်ချလိုက်သည်။ပြီးလျှင် ပြာလဲ့လဲ့မိုးကောင်းကင်ကို မော့ကြည်လိုက်မိသည်။ ကောင်းကင်ကြီးကလည်း အရမ်းလှနေသည်။ငြိမ်းမှာလည်း အဆင်မပြောမှုဆိုတာလည်းသိပ်မရှိ။ပြီးနောက် ငြိမ်းသည် မကြာသောအချိန်ကာလ၌ ချစ်သောသူနှင့် ဘ၀ခရီးလမ်းကို အတူလက်တွဲလျှောက်လှမ်းရတော့မည်။ တွေးကြည့်လျှင် သည်လိုအချိန်မှာ ငြိမ်းအရမ်းပျော်ရွှင်နေသင့်သည်။သို့သော်လည်း ငြိမ်းမပျော်မိ။တစ်ခါတစ်ရံကိုယ်နှင့်သက်ဆိုင်မှုမရှိသော ယောက်ျားတစ်ယောက်ကို ငြိမ်း အကြောင်းမဲ့သတိရနေ တတ်ပြန်သည်။ထိုအချိန်မျိုး၌ငြိမ်းသည် ရဲရင့်ကိုစိတ်ထဲမှ အားနာစိတ်များ ဖြစ်မိသလို ကိုယ့်ကိုယ်ကို မုန်းတီးစက်ဆုပ်ရွံ့ရာ စိတ်များ ဖြစ်ပေါ်လာမိလေသည်။ထိုအခါမျိုး၌ လူတစ်ယောက်၏ မျက်နှာကိုစေ့စေ့ကြည့်ပြီး "မကောင်းတဲ့ဗီဇ သွေးတွေ ကျွန်မကို ပေးခဲ့တာလား "ဟု မေးပစ်လိုက်ချင်စိတ်များဖြစ်ပေါ်လာတတ်လေသည်။ ကန်တော်ကြီးထဲတွင် နာရီပေါင်းများစွာထိုင်နေပြီးနောက် ငြိမ်းအိမ်သို့ ပြန်ခဲ့သည်။ငြိမ်းပြန်လာချိန်၌ ညနေစောင်းနေပြီးဖြစ်လေသည်။ပုစွန်ဆီရောင်သန်းနေသော ကောင်းကင်ကြီးကို ကားပေါ်မှ ငေးမောကြည်လာခဲ့ရင်း ငြိမ်း၏ စိတ်အစဉ်သည် မိုးကုပ်စက်ဝိုင်း၏ အဝေးဆုံးသို့ ပြေးထွက်သွားနေမိလေသည်။ ***** ငြိမ်းအိမ်ထဲသို့ ၀င်လိုက်သောအခါ စိုးရိမ်ပူပန်စွာစောင်ကြိုနေသော မိခင်ကြီးကိုတွေ့လိုက်ရလေသည်။