803
Підписники
+424 години
+167 днів
+4630 день
Архів дописів
ကျွန်တော်အစကတည်းကပြောပြိးသားနော်..ကျွန်တော့်ဆီကအချစ်ကိုရဖို့ကတော့...ဒီဘဝမပြောနဲ့ နောက်ဘဝထိတောင်ရမှာမဟုတ်ဘူး...ကျွန်တော်တို့ပတ်သက်မှုက အပျာ်ပါလို့ကျွန်တော်ပြောခဲ့ပြီးသားလေ...အခုချိန်ကစပြီး ကျွန်တော်နဲ့မမရဲ့ပတ်သက်မှုက .....ဒီနေရာမှာပဲ ပြီးဆုံးသွားပါပြီ..ကျွန်တော်သွားတော့မယ် "
" မောင် ...မသွားပါနဲ့မောင်ရယ်..မောင်မကြိုက်ရင်မပြောတော့ပါဘူးနော်.....ဒီအတိုင်းပဲမမတို့ တိတ်တိတ်လေးတွဲနေကြရအောင်နော် "
" ဆောရီးပါ မမရယ်...ကျွန်တော်မှာအလုပ်တွေများနေလို့ အချိန်မပေးနိုင်တော့လို့ပါ..."
အခန်းထဲမှာ ငိုရှိုက်သံတွေပျံ့လွင့်ပြီးကျန်နေခဲ့တယ်။ဟန်လင်းသန့်အေးဆေးပဲ ထွက်လာခဲ့လိုက်တယ်။တစ်ယောက်ယောက်ကိုကြာရှည်တွဲလေ့မရှိတဲ့သူ့အတွက်တော့ ဒီကိစ္စကဖြစ်ရိုးဖြစ်စဉ်တစ်ခုလိုပဲ ဘာခံစားချက်မှမဖြစ်ခဲ့ဘူး။စပြီးတွဲကြပြိးဆိုကတည်းကလဲ ကိုယ့်ကို လိုတာထက်ပိုပြီး ရေလာမြောင်းပေးလုပ်ကြတဲ့ ချောချောလှလှလေးတွေနဲ့ပဲရွေးပြီးတွဲခဲ့တာလေ။စတွဲပြီဆိုရင်လဲ အပျော်တွဲကြမယ်။စိတ်မပါတော့တဲ့နေ့မှာ လမ်းခွဲကြမယ်လို့ကို စပြောခဲ့ပြီးမှတွဲခဲ့တာချည်းပဲ။ဒီလိုပြောခဲ့တဲ့ကြားက သူ့တို့ကို သူတို့အထင်ကြီးနေကြပြီး ဟန်လင်းသန့်ဆိုတဲ့ သူက တစ်နေ့နေ့တော့သူတို့ကိုချစ်လာလိမ့်မယ်လို့အထင်ရောက်ခဲ့ကြတာလေ။ချောချောလှလှလေးတွေက ကိုယ့်ကိုအတင်းလိုက်ကပ်တွယ်နေတော့လဲသူတော်စင်ကြီးမဟုတ်တဲ့ ဟန်လင်းသန့်ဆိုတဲ့သူက ဘယ်လိုရှောင်နိုင်လိမ့်မလဲ။အချောအလှလေးတစ်ယောက်ယောက် ဟန်လင်းသန့်နားကပ်လာလိုက်။ချစ်သူရည်းစားတွေဖြစ်သွားလိုက်နဲ့ဟုတ်နေကြတာပဲ။တချို့တွေလဲ လမ်းခွဲတော့မယ်ဆိုရင် ပြဿနာရှာချင်တဲ့သူတွေရှိတယ်။အဲ့ဒီလိုလူနဲ့တွေ့ရင်တော့ နည်းနည်းဖြေရှင်းရတတ်လို့အလုပ်ရှုပ်သွားတာတွလဲရှိတယ်။ဒါပေမဲ့ဟန်လင်းသန့်ရဲ့ဘဝမှာအရှုံးပေးလိုက်ရတယ်ဆိုတာမရှိစေရဘူးလေ။ဒီလိုမရှုံးအောင်လဲ အစစအရာရာမှာဟန်လင်းသန့်ဂရုစိုက်ခဲ့တယ်။ကုန်ကုန်ပြောရရင် တွဲခဲ့တဲ့သူတိုင်းနဲ့ဟန်လင်းသန့်အတူမအိပ်ခဲ့သလို ၊အတူအိပ်ခဲ့တိုင်းမှာလဲအကာအကွယ်တွေ သုံးခဲ့တယ်။ရှင်းရှင်းပြောရရင် ဟန်လင်းသန့်ရဲ့ဘဝမှာဘယ်သူ့ကိုမှသံယောဇဉ် မတွယ်ခဲ့မိသလို ရင်ခုန်ခဲ့တာမျိုးလဲမရှိခဲ့ဘူး။တကယ်တော့ မိ*န်းမတွေဆိုတာ ဟန်လင်းသန့်အတွက်တော့ အပျင်းပြေကစားစရာတွေပါပဲလေ။
~~~~~~~~~~
" ဆရာ..ဆရာ..ဘာတွေတွေးနေတာလဲဆရာ...အစည်းအဝေးသွားတက်ရအုံးမယ်လေ "
ရုတ်တရက် လက်မောင်းကိုလှုပ်ကိုင်ပြီး အမေးခံလိုက်ရတော့မှ ဟန်လင်းသန့်မှာသတိပြန်ဝင်လာခဲ့မိတယ်။
" ဟာ.....ဒါနဲ့ ဧည့်သည်ရော...ပြန်သွားတာလားမောင်ထွေး "
" ဟုတ်ကဲ့.....ဆရာ အိပ်ငိုက်နေတယ်ထင်လို့...ပြန်သွားပြီလေ ...
''မောင်ထွေးရာ ..မင်းကလဲ စောစောကတည်းက သတိမပေးဘူး .... လမ်းမှာ ကားပိတ်ရင်တော့ ဒုက္ခပဲ ...ကဲ ..လာကွာ ..... အမြန်လစ်ကြစို့ ..စာရွက်စာတမ်းတွေ လုံးဝမကျန်ခဲ့စေနဲ့နော် "
=====================================
အပိုင်း( ၉ ) ဆက်ရန်
A KYI PHYU
#ဧကြည်ဖြူ
အပိုင်း( ၁ ) Link
https://m.facebook.com/story.php?story_fbid=684737547107957&id=100067151540690&mibextid=Nif5oz
အပိုင်း (၂) Link
https://m.facebook.com/story.php?story_fbid=685298803718498&id=100067151540690&mibextid=Nif5oz
အပိုင်း(၃)Link
https://m.facebook.com/story.php?story_fbid=685838313664547&id=100067151540690&mibextid=Nif5oz
အပိုင်း (၄)
https://m.facebook.com/story.php?story_fbid=686373200277725&id=100067151540690&mibextid=Nif5oz
အပိုင်း (၅)
https://m.facebook.com/story.php?story_fbid=686924473555931&id=100067151540690&mibextid=Nif5oz
အပိုင်း (၆)
https://m.facebook.com/story.php?story_fbid=687482310166814&id=100067151540690&mibextid=Nif5oz
အပိုင်း ၇
https://m.facebook.com/story.php?story_fbid=688061703442208&id=100067151540690&mibextid=Nif5oz
" အဲ့ဒီထက် စိတ်တိုစရာရှိသေးတယ်လင်းသန့်ရေ...သူတို့ကမင်းကိုတိုင်ထားတယ်ကွ...မလေးပို့ပေးမယ်လို့လိမ်ညာငွေတောင်းပြီး ...တခြားနေရာပို့လို့တဲ့လေ...သူတို့ပြောနေတာတော့...သူတို့လူက အချိန်မီသိပြီး ပြန်ထွက်ပြေးလာနိုင်လို့တဲ့လေ....မဟုတ်ရင် .....အခုလောက်ဆိုရင် ရောင်းစားခံနေရပြီတဲ့လေ "
အလုပ်သမားရှာဖွေပေးသူ လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ကိုအောင်ခန့်ရဲ့စကားကြောင့် ဟန်လင်းသန့်စိတ်ပျက်လက်ပျက်နဲ့ခေါင်းကိုခါယမ်းလိုက်မိတယ်။
" အဲ့ဒီလိုသူရဲဘောကြောင်တဲ့ကောင်ကို....ပို့ပေးလိုက်မိတာကိုကကျွန်တေ့်အမှာပါ ကိုအောင်ခန့်ရာ ....လောလောဆယ်(.....)မှာခြောက်လလောက်နေပြီးတာနဲ့ မလေးမှာနေရာကောင်းရမယ်လို့ စာချုပ်ချုပ်ကတည်းက သေချာထည့်ပြောပြီးသားပါ...အခု ...သူဒီလိုပြန်ပြေးလာတဲ့အတွက် ဟိုဘက်က သူဌေးကို ငွေလျော်ပေးရတော့မှာ ...ဒါကိုတောင် သူတို့ကကျွန်တော့်ကို တရားစွဲချင်တယ်ဆိုရင်လဲစွဲပါစေ...အဲ့ဒါမှရှင်းလို့ကောင်းမှာ...... ကျွန်တော့်ဘက်ကလဲ မညှာတော့ဘူး "
ဟန်လင်းသန့်အလုပ်လုပ်ရတာက အလုံးစုံအောင်မြင်ပြည့်စုံနေတာကြီးတော့မဟုတ်ပါဘူး။တစ်ခါတစ်ရံမှာတော့ ဒီလိုပဲတလွဲတွေဖြစ်တတ်တယ်။ကိုယ်ကစေတနာနဲ့လုပ်ပေးလိုက်ပေမဲ့ ထောင်နှုတ်ခမ်းနင်းရမဲ့အနေအထားမျိုးလဲဖြစ်သွားတာတွေရှိတယ်။ဒီလိုအခြေအနေမျိုးမှာ မဖြေရှင်းနိုင် မဖြေရှင်းတတ်ဘူးဆိုရင် ပုဒ်မအကြီးကြီးတပ်ခံရပြီး အထဲမှာနှစ်ရှည်အောင်းသွားနိုင်တယ်။နိုင်ငံရပ်ခြားမှာအလုပ်ထွက်လုပ်ကြတာတွေကလဲ ဒီမှာခေတ်စားလာတာနှစ်ကာလအားဖြင့် ဆယ်စုနှစ်လောက်ရှိလာပေမဲ့ အရင်ကသိပ်မတွင်ကျယ်သေးတာကြောင့် အလုပ်သဘောကိုသေချာနားလည်တဲ့သူလဲသိပ်မရှိသေးဘူးလေ။ လက်ရှိ နှစ်ဆယ်ရာစုထဲဝင်လာချိန်ကစလို့ နိုင်ငံခြားထွက်ပြီး အလုပ်လုပ်သူတွေပိုပြီးများလာသလို လူလိမ်လူကောက်တွေလဲ ပိုပြီးတော့ များလာခဲ့တာကိုတော့ ဟန်လင်းသန့်လဲ လက်ခံပါတယ်။ဒါပေမဲ့ သူ့လိုမျိုး ရုံးခန်းဖွင့်ပြီး အတည်အခန့်လုပ်နေသူကို ဒီလိုအထင်သေးစော်ကားတာမျိုးကိုတော့ ဟန်လင်းသန့် လုံးဝလက်မခံနိုင်ဘူး။ နားလည်ခွင့်လွှတ်မပေးနိုင်ဘူးလေ။
~~~~~~~~~~
" အစ်ကိုတောင်းပန်ပါတယ်..ညီလေးရာ..အစ်ကို့ဘာသာ သူများအရပ်ဒေသမှာ မနေချင်လို့ ပြန်လာတာပါ...အဲ့ဒါအိမ်ကမေးတော့ အမှန်တိုင်းမပြောရဲတာနဲ့ လိမ်ပြောလိုက်မိတာ...ဒါကိုအိမ်ကသွားတိုင်လိမ့်မယ်လို့မထင်လိုက်မိဘူး "
မျက်နှာငယ်နဲ့တောင်းပန်နေတဲ့ လူကိုကြည့်လိုက်ပြီး ဟန်လင်းသန့်နှုတ်ခမ်းကိုတွန့်ကွေးရုံပြုံးလိုက်တယ်။
" တကယ်ဆိုရင် အစ်ကိုတို့...ကျွန်တော့်ဆီကို အရင်လာမေးသင့်တယ်ဗျာ..ကျွန်တော်ကခြေရာဖျောက်သွားလို့ဆိုရင်လဲတစ်မျိုးပေါ့ ..အခုတော့ကျွန်တော့်ရုံးခန်းကိုလဲ သိသိနဲ့လူကိုယ်တိုင်လဲ လာမမေးကြဘဲလုပ်ချင်ရာတွေဇွတ်လုပ်လိုက်ကြတယ်..ကျွန်တော်က ဒါနဲ့လုပ်စားနေရတာလေဗျာ..ဒီလိုနာမည်ဖျက်ခံရရင် ...ကျွန်တော်ကရှေ့ဆက်ပြီးဘယ်လိုလုပ်စားရမလဲ...အားနာပါတယ်ဗျာ...ဘာပဲဖြစ်ဖြစ် ကျွန်တော့်သိက္ခာကိုဆယ်ဖို့အတွက် ..စာချုပ်ထဲကအတိုင်း ကျွန်တော့်ဘက်က အစ်ကိုတို့ကိုပြန်ပြီးတရာစွဲရမှာပဲ..တရားရုံးအထိမသွားချင်ရင်လဲ..အလုပ်ရှင်ဘက်ကစိုက်ထုတ်ပေးထားတဲ့ငွေကို နှစ်ဆပြန်လျော်ပေးလိုက်ရုံပါပဲ "
" ဟာကွာ ငါ့ညီရာ ..ပိုက်ဆံမရှိလို့မှ အလုပ်သွားလုပ်ဖို့ ထွက်သွားခဲ့တာပါကွာ..လျော်ဖို့ငွေဘယ်မှာရှိမှာတဲ့လဲ "
" ကျွန်တော်လဲ စိတ်မကောင်းပါဘူးဗျာ...အဲ့လောက်များတဲ့ငွေအမောက်ကျတော့ ကျွန်တော်လဲအားလုံးစိုက်မလျော်နိုင်လို့ပါ...ကျွန်တော်နိုင်သလောက်တော့ စိုက်ပေးမှာပါ "
ဟန်လင်းသန့်ရဲ့စကားအဆုံးမှာ တစ်ဖက်လူမှာခေါင်းငိုက်စိုက်ချကာ ငိုင်ကျသွားခဲ့တယ်။သူနဲ့အတူ အဖော်လိုက်ပါလာကြတဲ့သူ့ဇနီးနဲ့သူ့ယောက္ခမမျက်နှာက စူပုတ်ကာမှုန်မိုင်းနေခဲ့တယ်။တကယ်ဆို ဒီဇာတ်လမ်းကို သူမတို့နှစ်ယောက်ကစခဲ့တာ။စခဲ့ရတဲ့ရည်ရွယ်ချက်ကလဲ ရှင်းရှင်းလေးပဲ။ဟန်လင်းသန့်ဆီက အလျော်လိုချင်လို့လုပ်ခဲ့ကြတာ။သူတို့ဘက်ကဒီလိုစလုပ်လာတယ်ဆိုမှတော့ ဟန်လင်းသန့်ဘက်ကလဲပညာပါးပါးလေးပြန်ပြလိုက်တာပေါ့။အမှန်တကယ်က_ ဒီလူအစားနောက်တစ်ယောက်အစားထိုးပေးလိုက်တာမို့ သူ့အတွက်စိုက်လျော်စရာအကြောင်းလဲမရှိပါဘူး။
~~~~~~~
"မောင် ..ကောင်မလေးတစ်ယောက်နဲ့တွဲနေတယ်ဆို "
သူ့မျက်နှာကိုတည့်တည့်စိုက်ကြည့်ရင်း မေးလာတဲ့ မေးခွန်းကို ဟန်လင်သန့်ခေါင်းငြိမ့်ပြလိုက်ပြီး အဖြေပြန်ပေးလိုက်တယ်။
" ဘာ..ဘာပြောတယ်မောင်..ဒါ..ဒါဆို သူများတွေပြောနေကြတာက....တကယ်ပေါ့လေ ဟုတ်လား "
" အင်း..ဟုတ်တယ်လေ..မမပြောတော့ ကျွန်တော့်ကိုချစ်နေရရင်ကျေနပ်တယ်ဆို...ရည်စားဘယ်လောက်ထပ်ထားထား ခွင့်လွှတ်တယ်ဆို "
" တော်..တော်ပါတော့မောင်...မမကချစ်ရသလောက်မောင်တကယ်ရက်စက်တယ်..မမတောင်းပန်ပါတယ်မောင်ရယ်...မမအပေါ်မရက်စက်ပါနဲ့နော်..."
" ကဲပါဗျာ တော်ပါတော့...ကျွန်တော်စိတ်ရှုပ်လာပြီ...ဒီလိုတွေအာရုံမနောက်ချင်ဘူးလို့.......
#ပန်းတွေပွင့်ချိန်
(အခန်းဆက်ဝတ္ထု)
အပိုင်း (၈)
akyiphyu
********
" ကျွန်တော်တို့တွေအားလုံး...မိသားစုတွေအတွက်...ဘဝအတွက်ဆိုပြီး အလုပ်လုပ်ဖို့ထွက်လာကြတဲ့သူတွေချည်းပါပဲ...ဘဝတူချင်းတွေတစ်ယောက်နဲ့တစ်ယောက် ဖေးမကူညီပေးကြတာပေါ့... "
ဟန်လင်းသန့်ကပြောလိုက်ရင်းနဲ့ အားလုံးကိုအကဲခတ်ကြည့်လိုက်တယ်။အားလုံးကအလိမ်ခံလိုက်ကြရတာမို့ အတော်လေးကိုစိတ်ဓါတ်တွေကျနေခဲ့ကြတယ်၊၊ပြီးတော့ အားလုံးရဲ့ဘဝအခြေအနေတွေကခက်ခဲကြသူတွေမို့ လမ်းစရိတ်အတွက်တောင် ရှိတာတွေကိုပေါင်နှံရောင်းချပြီးထွက်လာခဲ့ကြတဲ့သူတွေချည်းပဲဖြစ်နေခဲ့တယ်။အခုလိုခရီးအစမှာတင် ဒုက္ခအကြီးအကျယ်ရောက်တာဆိုတော့ အားလုံးလက်မှိုင်ချကာ စိတ်ဓါတ်ကျကုန်ကြတယ်။ပွဲစားလူလိမ်တွေကို သူ့တို့ရှေ့မှာပဲ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပေမဲ့ အလုပ်ရဖို့အတွက် ပွဲစားခပေးထားတဲ့ငွေတွေတော့ပြန်မရခဲ့ဘူး။ အားလုံးက ပေါင်းရိုက်ပေါင်းစားတွေမို့ ပြန်ရဖို့လဲ လမ်းစမရှိဘူး။
" ကျွန်တော့်နာမည် ဟန်လင်းသန့်ပါ..အသက်က (၂၀ ) ...ရန်ကုန်မှာ လက်တွန်းလှည်းတစ်စီးနဲ့ ဈေးရောင်းစားတယ်...ချမ်းသာချင်လို့ ဒီဘက်ကိုတက်လာခဲ့မိတာဆိုပါတော့"
" မင်းရုပ်ရည်နဲ့ဆို အလုပ် ကျိန်းသေရမှာပါကွာ..မင်းပုံစံကမိုက်သားပဲ ...ငါကအသက် (၃၀) ကွ....အလုပ်ကရနိုင်ပါ့မလားမသိဘူး "
" ကျွန်တာ်က (၁၈) ..."
" ငါက (၄၀ ) နားကပ်နေပြီကွ "
" ကျွန်တော်က (၂၄) "
အားလုံးတစ်ယောက်
နဲ့တစ်ယောက်မိတ်ဆက်လိုက်ကြတယ်။သူတို့အားလုံး ငါးယောက်။
"ဆရာသမားတို့တော့မသိဘူး...ဘာပဲဖြစ်ဖြစ် ....ကျွန်တော်က ရန်ကုန်မပြန်တော့ဘူး ...ဒီမှာပဲရရာအလုပ်ဝင်လုပ်ပြီး..ဟိုဘက်ကိုလစ်မယ်....ပြီးတော့ ကျွန်တော်က အင်္ဂလိပ် ...တရု<တ်..ထို<င်းဘာသာစကားသုံးမျိုးတတ်တယ် ....ကျွန်တော့်ကိုယုံကြည်မယ်ဆိုရင် .အလုပ်အတွက် ကျွန်တော်စုံစမ်းပေးမယ်.....လူလိx မ်ပွဲစားတွေက ..ကျွန်တော်တို့လိုလူတွေကို လူလို့တောင်မသက်မှတ်ဘဲ....တိရစ္ဆာန်သာသာပဲသဘောထားကြတာ...သူတို့အတွက် ကျွန်တော်တို့တွေက ငွေစက္ကူတစ်ရွက်လောက်တောင် တန်ဖိုးမရှိဘူး ...မရ ရတဲ့ဈေးနဲ့ ရောင်းစားပစ်ဖို့ပဲသူတို့တွေးနေကြတာ ... သူတို့ပြောစကားအရ .... ကျွန်တော်တို့ကိုလူခွဲပြီး.... ငါဖမ်းသင်္ဘောပေါ် ထွည့်ပေးလိုက်ဖို့ပြောနေကြတာ ....ဘာပဲဖြစ်ဖြစ်ဗျာ ... ကိုယ့်လုပ်အားနဲ့တန်ရာတန်ကြေးရလို့ကတော့ ပင်လယ်ထဲမကလို့ ....ကမ္ဘာ့အပြင်ဘက်ပဲသွားရပါစေ.....သွားနိုင် ...လုပ်နိုင်တယ် ... အခုက ကျွန်တော်တို့ကို ...ကျွ<န်အဖြစ်ရောင်းစားလိုက်ကြမှာတဲ့ "
" အေးကွာ ...သူတို့စကားကို မင်းနားလည်လို့.... ကံကောင်းသွားကြတာ ....မင်းက သူတို့စကားကိုနားလည်တာဆိုတော့ မင်းကိုပဲ အားကိုရမှာပဲ ...ငါလဲဒီမှာပဲ..... ရရာအလုပ်ဝင်လုပ်ပြီး ဟိုဘက်ကိုဆက်သွားမယ် ...ရွာမှာလဲ ဘာအလုပ်မှမရှိလို့ တစ််မိသားစုလုံးငတ်တစ်လှည့်ပြတ်တစ်လှည့်နေနေရတာ ..ပြန်လဲငတ်ရုံပဲရှိမှာ "
" ကျွန်တာ်လဲ အတူတူပါပဲဗျာ ....မိန်းမကဈေးရောင်ကျွေးနေရတာ...ဒီကိုလာဖို့အတွက် လက်ရှိနေနေတဲ့ခြံဝိုင်းလေးကိုပေါင်နှံပြီး လာခဲ့ရတာ "
" ကျွန်တော်လဲ အတူတူပါပဲ... ထိုင်နေလဲ ငက်ရုံရှိတော့တာမို့ ... ထွက်လာခဲ့တာ "
" ကဲပါဗျာ ..ကျွန်တော်တို့တွေက ယောက်ျားတွေပဲဗျာ....ကြိုးစားကြတာပေါ့ ..လောလောဆယ်နေဖို့နေရာအရင်ရှာကြတာပေါ့ "
သူတို့အားလုံး ရှေ့မတိုးသာနောက်မဆုတ်သာ အခြေအနေမှာ ဖြစ်သမျှအကြောင်းအကောင်းလို့ သဘောထားလိုက်ကြပြီး ရှေ့ဆက်ကြိုးစားကြဖို့သာ ဆုံးဖြတ်လိုက်ကြတယ်။
~~~~~~~~
ဘဝတူချင်းတွေကြားမှာ ဘာသာစကားတတ်ကျွမ်မှုရှိတဲ့ ဟန်လင်းသန့်အတွက် အခွင့်အရေးတွေက သိသိသာသာပိုရခဲ့တယ်။သုံးနှစ်အတွင်းမှာပဲ ဟန်လင်းသန့်ရဲ့အနေအထားက အလုပ်ကြမ်းလုပ်စရာမလိုတော့ဘဲ သူဌေးရဲ့လူယုံတစ်ယောက်လိုဖြစ်လာခဲ့ပြီး စကားပြန်အလုပ်တွေကိုပဲလုပ်ကိုင်ခဲ့ရတယ်။ဟန်လင်းသန့်အတွက် အဓိကအလုပ်ကတော့ အလုပ်ရှင်သူဌေးတွေအတွက် အလုပ်သမားရှာပေးရတာ။ဒီပွဲစားအလုပ်ကို ကိုယ်တိုင်လုပ်ကိုင်လာရတဲ့အခါ ကိုယ့်အတွက်လဲကျန်အောင်လုပ်သလို အလုပ်ရှာနေသူတွေလဲ အဆင်ပြေအောင် ဟန်လင်းသန့် ကြိုးစားလုပ်ကိုင်ခဲ့တယ်။အခုဆိုရင်ဟန်လင်းအလုပ်က နေရာအနှံ့ကိုလျှောက်သွားနေရပြီး အလုပ်လုပ်ချင်သူတွေကိုလိုက်ရှာနေရတော့တာ။ ဒီလိုသွားလာနေရတော့ ဟန်လင်းသန့်အနေနဲ့လူပေါင်းစုံနဲ့သိကျွမ်းခင်မင်ခဲ့ရသလို အတွေ့အကြုံတွေလဲ တဖြည်းဖြည်းပိုစုံလာခဲ့တယ်။
~~~~~~~
" တောက်..အဓိပ္ပါယ်မရှိတာဗျာ...ကျွန်တော့်နာမည်ဟန်လင်းသန့်ဗျ....ကျွန်တော်တင်ပေးလိုက်လို့ ဒုက္ခရောက်သွားတဲ့သူတွေရှိရင်ပြောစမ်းပါ.....အေး...ဟိုရောက်ပြီးအပျော်ကြူးနေတဲ့ကောင်တွေကတော့ ဒုက္ခရောက်တာတောင်နည်းသေးတယ်...ဒီလူဗျာ ကျွန်တော်သေချာပြောလိုက်ရဲ့သားနဲ့ .....လေဆိပ်မှာတင်ပြန်ထွက်ပြေးလာတယ်ပေါ့ဟုတ်လား ...ဒီလိုလူတွေက မှန်မှန်ကန်ကန်လုပ်တတ်တဲ့သူတွေနဲ့မတန်ဘူး......ယောက်ျားဖြစ်ပြီး ဒီလောက်ကြောက်နေရင်..မိန်းမလုပ်စားပဲထိုင်စားနေတာမဟုတ်ဘူး ..."
"ခင်ဗျားတို့ ပြောနေတာတွေကို ... ကျုပ်နားမလည်ဘူးလို့ ထင်နေတာပေါ့လေဟုတ်လား..ဒီမှာ ဟေ့လူ ..ကျုပ်နာမည်ဟန်လင်းသန့်တဲ့ မှတ်ထားလိုက်အုံး....ဟန်လင်းသန့်ဆိုတဲ့ ကျုပ်က ခင်ဗျားတို့အားလုံးလိုကို ဂျေးထဲပို့မလို့ ထိုင်စောင့်နေတာ .. ဟေ့ ....ဒီမှာ ...မင်းတို့ ဘာထိုင်ကြည့်နေကြတာလဲ ..ဒီနှစ်ကောင်က ငါတို့ကိုဟိုဘက်မှာ ရောင်းစားဖို့ပြောနေကြတာကွ ..မင်းတို့တွေကွာ ...ကိုယ်သွားမဲ့ နိုင်ငံရဲ့ ဘာသာစကားလေးတော့ နည်းနည်းပါးပါးသင်ပြီးမှ သွားကြပါဟ...ဒီကောင်တွေက ငါတို့ကိုတိရစ္ဆာန်တွေလို သဘောထားပြီး ဈေးစကားပြောနေကြတာ "
" ဘာ ..ဟုတ်လား ...ငါတယ် .. "
" ချကွာ"
ပြည်ပနိုင်ငံနဲ့အနီးဆုံးမှာရှိနေတဲ့ နယ်စပ်မြို့လေးရဲ့ တစ်နေရာက စားသောက်ဆိုင်ထဲမှာ ရန်ပွဲတစ်ခုဖြစ်ပေါ်လာခဲ့တယ်။ဟန်လင်းသန့်တို့ဘက်က အုပ်စုက လေးငါးယောက်ရှိသလို ပွဲစားတွေဘက်က လူတချို့လဲ အလျှိုအလျှိုပေါ်ပေါက်လာတာမို့ ရန်ပွဲကကြီးထွားသထက်ကြီးထွားလာခဲ့တယ်။နောက်ဆုံးမှာတော့ စားသောက်ဆိုင်ပိုင်ရှင်ကိုယ်တိုင်က ပွဲစားတွေနဲ့ညှိထားတာကို ဖျက်သိမ်းလိုက်ပုံရပြီး သက်ဆိုင်ရာကို ဖုန်းဆက်တိုင်ကြားလိုက်တော့တယ်။
=====================================
အပိုင်း( ၈) ဆက်ရန်
A KYI PHYU
#ဧကြည်ဖြူ
အပိုင်း( ၁ ) Link
https://m.facebook.com/story.php?story_fbid=684737547107957&id=100067151540690&mibextid=Nif5oz
အပိုင်း (၂) Link
https://m.facebook.com/story.php?story_fbid=685298803718498&id=100067151540690&mibextid=Nif5oz
အပိုင်း(၃)Link
https://m.facebook.com/story.php?story_fbid=685838313664547&id=100067151540690&mibextid=Nif5oz
အပိုင်း (၄)
https://m.facebook.com/story.php?story_fbid=686373200277725&id=100067151540690&mibextid=Nif5oz
အပိုင်း (၅)
https://m.facebook.com/story.php?story_fbid=686924473555931&id=100067151540690&mibextid=Nif5oz
အပိုင်း (၆)
https://m.facebook.com/story.php?story_fbid=687482310166814&id=100067151540690&mibextid=Nif5oz
ပြောပြီးတာနဲ့ နေရာကနေ ဟန်လင်းသန့် ချာခနဲထထွက်ခဲ့လိုက်တယ်။တောက်မခေါက်မိအောင် စိတ်ကိုတင်းထားတဲ့ကြားကနေ လက်သီးကို ခပ်တင်းတင်းဆုပ်လိုက်မိတယ်။
~~~~~~
ဟန်လင်းသန့်ဒေါသနဲ့ ထွက်လာခဲ့ရင်း အပြင်ကို ရောက်တဲ့အခါမှာ ရပ်ထားတဲ့ကားနားကိုလျှောက်သွားပြီး မှန်တံခါးကိုခေါက်လိုက်တယ်။ကားမှန်တံခါးက လျောခနဲပွင့်လာတဲ့အခါ ဟန်လင်းသန့်ကားထဲကို ငုံ့ကြည့်လိုက်ပြီး
"ဒီမှာ ဦးမင်းနိုင် ... ခင်ဗျားကြီး နေရာသစ်မှာ.... ဘယ်လိုပဲပုံစံပြောင်းထားပြောင်းထား ....ကြာကူလီမယားခိုးက ကြာကူလီမယားခိုးပါပဲ....ကျွန်တော့်ဘဝကို လာမရှုပ်နဲ့နော် ....ခင်ဗျားကြီးရဲ့ဘ၀ကို စောက်ထိုးမိုးမျှော်ဖြစ်သွားအောင် လုပ်ပစ်လိုက်မှာ...ဒါနဲ့ခင်ဗျားကြီးတို့သမီးလေးမွေးထားတယ်ဆိုဗျ ...တစ်ရက်လောက်တော့လာကြည့်ပြီး ခေါ်သွားရင်ကောင်းမလားပဲ ..မိန်းခလေးဆိုတော့ ခိုင်းစားလို့ရတယ်လေ .."
"ဘာကွ ....ဟေ့ကောင် မင်းဘာစကားပြောလိုက်တာလဲ "
ဦးမင်းနိုင်ရဲ့ ဒေါသတကြီးနဲ့ပြောလိုက်တဲ့စကားသံမဆုံးခင်မှာဘဲ အမေက ဟန်လင်းသန့်နောက်ကိုရောက်လာခဲ့တယ်။
"ဟန်လင်းသန့် ..မင်း....မင်း..လူဖြစ်ပြီးခွေးစကားပြောတာလား ..အဲ့ဒါ မင်းညီမဟဲ့ "
"ဖြန်း "
အမေ့ရဲ့လက်ဝါးက ဟန်လင်းသန့်ရဲ့ပါးတစ်ဖက်ပေါ်ကို ကျရောက်လာခဲ့တယ်။ဟန်လင်းသန့် မရှောင်ဘဲပေပြီး ခံနေလိုက်တယ်။ပြီးတော့မှ မဲ့ပြုံးတစ်ချက်ပြုံးလိုက်တယ်။
"မအေအရင်းကတောင် သားအပေါ်မှာ မေတ္တာမထားနိုင်သေးတာ ... မအေတူဖအေကွဲ ညီမကို ဘယ်လိုသံယောဇဉ်ထားနိုင်မှာလဲဗျာ .....သမီးလေးကို သေသေချာချာလေး ထိန်းသိမ်းစောင့်ရှောက်ထားကြပေါ့ဗျာ ... ဝဋ်ဆိုတာလည်တတ်တယ်ဗျ သတိထားကြပေါ့.....မလည်လည်အောင်လဲ ကျွန်တော်က လုပ်မှာလေ "
" ဟန်လင်းသန့် ... မင်း ...မင်း.."
အမေ့ရဲ့ အံကြိတ်သံနဲ့ခေါ်လိုက်သံက ဟန်လင်းသန့်ရဲ့ နောက်ကျောမှာကျန်နေခဲ့တယ်။ဟန်လင်းသန့် အံကိုကြိက်ပြီး သူရဲ့ ချဉ်ပေါင်းလှည်းရပ်ထားရာဆီကိုလျှောက်သွားလိုက်တယ်။
~~~~~~~~
" ဘာလို့ပြောင်းမှာလဲ ငါ့တူရာ ....မင်းစျေးရောင်းတာလဲ အဆင်ပြေနေတာပဲကို..ဘာလဲ အိမ်လခမပေးနိုင်လို့လား ....ဒါဆိုလဲအိမ်လခကို အပြည့်မပေးနဲ့ တစ်ဝက်ပဲပေးကွာ "
အဖေဆုံးပြီးသွားကတည်းက အရက်သောက်တာကို ဆင်ခြင်လိုက်ပြီဖြစ်တဲ့ ဦးလေးကျော်သိန်းက ဟန်လင်းသန့် အိမ်ပြောင်းတော့မယ်ဆိုတော့ စိတ်မကောင်းစွာနဲ့ တားမြစ်လာတယ်။ဦးလေးကျော်သိန်းတားမြစ်သလိုပဲ ရပ်ကွက်ထဲက အသိမိတ်ဆွေတွေကလဲ ဝိုင်းတားကြတယ်။
" ပိုက်ဆံကြောင့် မဟုတ်ပါဘူး ဦးလေးကျော်ရာ ...ကျွန်တော့်မှာ လုပ်စရာတွေများနေလို့ပါ ...ကျွန်တော်ကားမောင်းလဲ သင်ချင်တယ် ...ဘာသာစကား
သင်တန်းတွေလဲ တက်ချင်သေးတယ်...အဲ့ဒီသင်တန်းတွေတက်ဖို့ ဒီနေရာကနည်းနည်းဝေးလို့ပါ ....ကျွန်တော်ချမ်းသာအောင်ကြိုးစားချင်တယ် ....ကျွန်တော်ချမ်းသာလာတဲ့နေ့ကျရင် ဒီရပ်ကွက်ကိုပြန်လာခဲ့မှာပါ "
"လင်းသန့်ရာ မင်းကွာ .... အေး .. မင်းမှာငွေရှိရှိမရှိရှိပြန်လာချင်တဲ့နေ့မှ ပြန်လာခဲ့ကွာ "
အဖေနဲ့အတူနေခဲ့တဲ့ တဲအိမ်လေးကို နောက်ဆုံးအနေနဲ့ ဟန်လင်းသန့် ငေးကြည့်နေမိရင်း လည်ချောင်းတစ်လျှောက်မှာ စူးရှကျင်တက်လာခဲ့ပြီး ရင် ထဲတလှပ်လှပ်နဲ့ ဝမ်းနည်းသလိုဖြစ်လာမိတယ်။ ရုန်းထွက်နိုင်ဖို့ အတွက် အမြဲလိုလိုကြိုးစားခဲ့တဲ့နေရာကနေ အမှန်တကယ် ရုန်းထွက်နိုင်တော့မှာဖြစ်ပေမဲ့ သူ့ရင်ထဲမှာ ထင်သလောက် မပျော်မိဘူး။နောက်ကျိရှုပ်ထွေးနေတဲ့သူ့စိတ်တွေက ပျော်ရွှင်မှုတွေ လုံးလုံးပျောက်ဆုံးနေခဲ့ပြီး စိတ်တွေက လောကကြီးကိုအရွှဲ့တိုက်ချင်သလိုလို၊လူတွေအားလုံးကို ရွံရှာစက်ဆု<ပ်မု**န်းတီးလာသလိုလိုဖြစ်နေမိတယ်။အခုချိန်ထိတော့ သူ့အတွက် အနာဂတ်က မှောင်မိုက်နေဆဲပါပဲလေ။
~~~~~~
သူ့နဲ့ မလှမ်းမကမ်းမှာထိုင်ပြီး ထို<င်း ဘာသာစကားနဲ့ ခပ်တိုးတိုးပြောနေကြတဲ့ လူနှစ်ယောက်ကိုကြည့်ပြီး ဟန်လင်းသန့်အသာပြုံးလိုက်တယ်။ပြီးတော့မှ ရှေ့တည့်တည့်မှာထိုင်နေတဲ့လူနှစ်ယောက်ရဲ့ မျက်နှာတွေကို ခွပ်ခနဲထိုးချပစ်လိုက်တယ်။
" ဒီမှာ ဟေ့လူ ...ခင်ဗျားတို့လူကြည့်မှားသွားပြီဗျ ....ခင်ဗျားတို့က ကျုပ်ကိုလူကုန်ကူးဖို့တွေးထားတယ်ဆိုရင် ..ခင်ဗျားအတွက် အ<သုဘစရိတ်နဲ့ ခင်ဗျားမိသားစုတွေအတွက်ပါ စရိတ်ရှာထားလိုက်အုံး .....ခင်ဗျားဆီမှာ အလုပ်လာအပ်ကတည်းက ခင်ဗျားရဲ့ဆွေစဉ်မျိုးဆက်အကြောင်းကိုစုံစမ်းပြီးမှ လာခဲ့တာ..လူတွေကိုသောက်ရူးတွေလို့ ခင်ဗျားကထင်နေတာလား ...."
" ဟာ ...မ....မဟုတ်ရပါဘူး ငါ့ညီရာ ....အစ်ကိုတို့က အလုပ်ကိစ္စအကြောင်း ပြောနေကြတာပါကွာ ....စိတ်ချပါ့ ငါ့ညီတို့ကို...ဟိုဘက်အထိအရောက်ပို့ပေးမှာပါ ...ဟိုဘက်ရောက်တာနဲ့ ငါ့ညီတို့အတွက် ဆောက်လုပ်ရေးလုပ်ငန်းပိုင်ရှင်သူဌေးက လူလွတ်ပြီးကြိုခိုင်းမှာပါ "
လူကိုကြည့်ပြီး ဗြောင်ကျကျလိမ်နေတဲ့လူရဲ့ မျက်နှာကို ဟန်လင်းသန့် ခုံနဲကောက်ရွယ်ပစ်လိုက်တယ်။
အနီးကပ်ကြီးမြည်လာခဲ့တဲ့ ကားဟွန်းတီးသံကြောင့် ဟန်လင်းသန့်လန့်သွာမိပြီး အတွေးအိမ်ထဲကနိုးထလာပြီးသတိဝင်လာခဲ့မိတယ်။ဒီအခါမှ ဘေးနားမှာထိုးရပ်လာတဲ့ကားကို ငဲ့စောင်းပြီးကြည့်လိုက်မိတယ်။ကာားပေါ်ကလူနှစ်ယောက်ကိုတွေမြင်လိုက်ရတဲ့အခါ ဟန်လင်းသန့်ကိုယ်ထဲကသွေးတွေပွက်ပွက်ဆူလာသလိုခံစားလိုက်ရတယ်။ကားပေါ်မှာတော့ အမေနဲ့အတူ သူအနှစ်နှစ်အလလက မုန်းတီးခဲ့တဲ့သူကို တွေ့မြင်လိုက်ရတယ်။မြင်ကွင်းကိုကြည့်ပြီး ဟန်လင်းသန့်လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး အံကိုတင်းတင်းကြိတ်လိုက်မိတယ်။။ဒီအချိန်မှာပဲ ကားထဲကနေ အမေဆင်းလာခဲ့တာကို တွေ့လိုက်ရတယ်။
" မင်းရဲ့လှည်းကို ဒီနားမှာခဏထားခဲ့လိုက်...စကားခဏလောက်ပြောရအောင် "
အမေကပြောပြောဆိုဆိုနဲ့ လှမ်းမြင်နေရတဲ့စားသောက်ဆိုင်ဆီကို လှမ်းဝင်သွားခဲ့တယ်။ဟန်လင်းသန့်လဲ လှည်းကို လမ်းဘေးမှာကပ်ပြီးရပ်ခဲ့လိုက်ပြီး အမေ့နောက်ကနေလိုက်သွားခဲ့လိုက်တယ်။
~~~~~~~~~~
" မင်းအဖေသတင်းကို အမေကြားပါတယ်...မင်းဘာမှစိတ်မကောင်းဖြစ်မနေနဲ့ ...ဒါကသူ့အတွက်လဲ ဝဋ်ကျွတ်သွာသလို ...ငါ့သားအတွက်လဲ တာဝန်တွေအေးသွားတာပေါ့...ဘာပဲဖြစ်ဖြစ် အခုချိန်မှာ နိုင်ငံရပ်ခြားကိုသွားရမယ်ဆိုရင်လဲ.....စိတ်ပေါ့ပေါ့ပါးပါးနဲ့ သွားလို့ရပြီလေ..... သားအဖေမရှိတော့ဘူးဆိုတော့ ..အမေ့မှာ သားကိုစောင့်ရှောက်ပေးရမဲ့တာဝန်ရှိတယ် "
ဟန်လင်းသန့်ဘာမှမပြောသေးဘဲ အမေ့ပြောနေတဲ့စကားတွေကို ငြိမ်သက်စွာနားထောင်နေလိုက်တယ်။
" ဦးလေးမင်းနိုင်ကပြောတယ်.....သားစိုက်ပျိုးရေးလုပ်တာဝါသနာပါလားတဲ့...နယ်ဘက်မှာဦးလေးမင်းနိုင်ဝယ်ထားတဲ့ခြံတွေရှိတာကို ...သားကိုပေးမယ်တဲ့လေ...ပြီးတော့ သားအတွက်ဆိုင်ကယ်တစ်စီးလဲ ဝယ်ပေးအုံးမယ်တဲ့လေ..နေရာကလဲပြင်ဦးလွင်ဘက်မှာဆိုတော့ သားသဘောကျတယ်မဟုတ်လား..လစဉ်အသုံးစရိတ်လဲပေးအုံးမှာတဲ့ ..... သားသွားဖို့အတွက် အမေအားလုံးစီစဉ်ပေးထားတယ် "
အမေ့နှုတ်ကထွက်ပေါ်လာတဲ့ စကားတွေကို နားထောင်ပြီး ဟန်လင်းသန့်ရဲ့ နှလုံးသွေးတွေ တထိတ်ထိတ် ဆောင့်ခုန်လာခဲ့တယ်။
'' ဘယ်လိုလဲ သား ....ဘယ်နေ့စသွားမလဲ ..လောလောဆယ် သုံးဖို့.သားမှာငွေရှိရဲ့လား ..အမေပေးလိုက်တဲ့ ငွေတွေကများသားပဲ ..ရှိသေးတယ်မဟုတ်လား "
ဟန်လင်းသန့် နှုတ်ခမ်းလေးကိုတွန့်ကာပြုံးလိုက်ပြီး
" ဟုတ်ကဲ့ ရှိပါသေးတယ်...သိမ်းထားပါတယ် ..အဖေ့အတွက်တစ်လပြည့်ဆွမ်းကျွေးဖို့ချန်ထားတာပါ....အဖေ့ တစ်လပြည့်အလှူလုပ်ပြီးရင် အိမ်ပြောင်းဖို့ စီစဉ်ထားလို့ .....အမေပေးတဲ့ငွေကိုပဲသုံးရမှာလေ "
'' ဪ ...ဟုတ်လား...ဒါဆိုရင်လဲ ..အဲ့ဒီအိမ်မှာ တစ်လပြည့်တဲ့နေ့အထိနေလေသား ... အိမ်ငှါးဖို့ မလိုတော့ဘူးဆိုတော့ ပြင်ဦးလွင်ရောက်မှ သားလိုတာသုံးပေါ့ ...ဒီကနေပြင်ဦးလွင်သွားဖို့ လမ်းစရိတ်ကိုလဲ အမေတို့ ပေးလိုက်မှာပါ "
အမေ့စကားကြောင့် ဟန်လင်းသန့် ဟက်ခနဲတစ်ချက်ရယ်လိုက်တယ်။
'' လမ်းစရိတ်ပေးစရာမလိုပါဘူးဗျာ ... ကျွန်တော်ဘယ်ကိုမှ မသွားဘူးလေ "
"ဟင် ..ဘယ်လို ... ဘာပြောလိုက်တယ်သား ...မင်းကို ပြင်ဦးလွင်မှာသွားနေဖို့ အမေပြောနေတာမကြားဘူးလား "
" ဟုတ်ကဲ့ကြားပါတယ်...ဒါပေမဲ့ ကျွန်တော်က ဘာလို့သွားရမှာလဲ ..ကျွန်တော့်ဝမ်းကျွန်တော်ရှာစားနေတာပဲ ..ကျွန်တော့်ကြိုက်တဲ့နေရာမှာ ကျွန်တော့်ဘာသာနေမှာပေါ့ ..... ဘာလဲ အမေက ...ပိုက်ဆံပေးထားတယ်ဆိုပြီး..အမေ့ စိတ်ကြိုက်နေရာမှာနေခိုင်းနေတာလား...မဟုတ်သေးဘူးနော် ..အမေ့ဆီကယူလိုက်တဲ့ ပိုက်ဆံတွေက ....အဖေ့ဆီကနေ အမေယူသွားခဲ့တယ်ဆိုတဲ့ ရွှေတွေအစားယူလိုက်တာနော်...ကျွန်တော့်အတွက် ထောက်ပံ့ကြေး ယူလိုက်တာမဟုတ်ဘူး....နောက်ထပ်ယူဖို့ အတွေးလဲမရှိတော့လို့ .....ကျွန်တော့်အပေါ် မိခင်မေတ္တာမပေးနိုင်ဘဲနဲ့ ချုပ်ကိုင်ဖို့မကြိုးစားပါနဲ့ . .....အမေ့လဲ အမေ့ဘ၀ကိုစိတ်ကြိုက်လုပ်သွားခဲ့တာပဲလေ......ဒါတောင် အဲ့ဒီအချိန်က ..အမေကအဖေ့လုပ်စာကိုစားနေခဲ့တာနော် .. အခုကျွန်တော်က ကျွန်တော့်ဘဝ ကျွန်တော်ကြောင်းနေတာလေ .. ကျွန်တာ်နေချင်တဲ့နေရာမှာနေမှာပါ......နောက်ဆုံးပြောရရင် ..အမေတို့အိမ်ရဲ့မျက်နှာချင်းဆိုင်အိမ်ကို ကျွန်တော်ပြောင်းလာခဲ့ရင်လဲ ....အမေ့မှာပြောပိုင်ခွင့်မရှိပါဘူး ...ဒါကြောင့် ကျွန်တော့်ကို ငရဲတွေလာလာမပေးပါနဲ့ အမေရယ်....ကိုယ့်ဘဝနဲ့ ကိုယ်နေပါ ..."
"ဟန်....ဟန်လင်းသန့် .....မင်း ..မင်း စကားပြောတာရိုင်းလှချည်းလား ... ငါကမင်းဘဝအတွက်ပြောနေတာ "
" ကျွန်တော်ရိုင်းနေတယ်ဆိုရင်လဲ အမေ့ကြောင့်ပဲရိုင်းလာတာနေမှာပါ ....ဒါနဲနေပါအုံး...ဘာလို့ ကျွန်တော့်ကိုနယ်ကိုအတင်းလွှတ်နေရတာလဲ ....မဟုတ်မှ ..အမေတို့က လက်ရှိနေရာမှာ ..ဂုဏ်သိက္ခာရှိတဲ့မိသာစုလို့လူတွေကသက်မှတ်ထားကြတာလား ...အဲ့ဒီတော့ အတိတ်က အမေတို့အကြောင်းတွေကို လူတွေ သိမှာကြောက်နေကြတာလား ....ဒါတော့ ဘယ်တတ်နိုင်မလဲ အမေရယ် ....အားလုံးက အမေတို့ လုပ်ခဲ့တာတွေပဲလေ ..တစ်ခုတော့ သတိပေးလိုက်မယ် အမေ ..မင်းနိုင်ဆိုတဲ့ လူကြီးကို အသက်ရှည်ရှည်နေခိုင်းလိုက်ပါ ...ကျွန်တော်တို့အိမ်ကိုလာတိုင်း သူစားခဲ့တဲ့ ထမင်းဖိုးတွေကို ....ပြန်တောင်းချင်လို့ပါ "
#ပန်းတွေပွင့်ချိန်
(အခန်းဆက်ဝတ္ထု)
အပိုင်း ( ၇ )
akyiphyu
********
ပိတ်ဖြူစလွှမ်းခြုံထားတဲ့ အဖေရဲ့သ<က်မဲ့ရုပ်အလော<င်းကို ဟန်လင်းသန့်ကြောင်ငေးပြီးကြည့်နေမိတယ်။တစ်နေ့နေ့ဒီလိုကြုံရနိုင်တယ်ဆိုတာကို သိပေမဲ့ အဖေထွက်သွားတာထင်ထားတာထက်စောလွန်းနေခဲ့တယ်။မနက်တုန်းက သူဈေးရောင်းမသွားခင်မှာ အဖေ့အတွက်မနက်အဆာပြေစာဝယ်ပေးခဲ့ပြီးပြင်ပေးနေချိန်မှာ အဖေအိပ်နေရာကနိုးလာခဲ့သေးတယ်။အရင်နေ့တွေကဆိုရင် မျက်လုံးနှစ်လုံးပွင့်တာနဲ့ အရက်ဆိုတဲ့စကားကိုစပြီးပြောခဲ့တဲ့အဖေက ဒီမနက်မှာတော့ ဟန်လင်းသန့်မထင်မှတ်ထားခဲ့တဲ့စကားကိုပြောခဲ့တယ်။
" သား....လင်းသန့်...အ..အဖေ..တောင်းပန်
ပါတယ် "
အဖေ့ဆီက အဲ့ဒီလိုစကားကြားကြားချင်းမှာ ဟန်လင်းသန့်အံ့ဩနေခဲ့သေးတာ။နောက်တော့မှ အဖေကဆေးရုံစရိတ်အတွက် အားနာလို့ပြောတာထင်မိလို့ အဖေ့ကိုလိမ်ညာပြောဆိုပြီးနှစ်သိမ့်ခဲ့လိုက်သေးတယ်။သူလွယ်နေကျလွယ်အိတ်ကိုလွယ်ပြီးထွက်လာချိန်မှာ အဖေ့စကားလှမ်းပြောတာကို သူသေသေချာချာကြားခဲ့ရသေးတယ်။
" ငါ့သားရဲ့ရုပ်ရည်လေးနဲ့မလိုက်ဖက်တဲ့ဘဝမှာ နေနေရတာအဖေ့ကြောင့်ပါ "
အဖေဒီလိုပြောလိုက်ချိန်က ဟန်လင်းသန့်ပြုံးရုံသာပြုံးပြီး ဒီတိုင်းပဲ ထွက်သွားခဲ့တာ။အခုတော့ အဖြစ်အပျက်တွေက မယုံနိုင်အောင်မြန်ဆန်လွန်းနေခဲ့တယ်။မနက်တုန်းဆီက သူ့နဲ့စကားတွေပြောနေခဲ့သေးတဲ့ အဖေက အခုတော့လူလောကြီးကိုထာဝရနှုတ်ဆက်သွာခဲ့လေပြီ။
" ကောင်လေး..တင်းမထားနဲ့ကွာ ငိုချလိုက်..လူ့ဘဝဆိုတာဒီလိုပဲကွ...အချိန်တန်ရင်အားလုံးသွားကြရမှာပဲ..စောစောသွားတာနဲ့နောက်ကျမှသွားတာပဲကွာတာ "
" အားတင်းထားကွာငါ့တူ...မင်းအဖေစိတ်ဖြောင့်ဖြောင့်သွားနိုင်အောင်... မင်းကစိတ်ကိုတင်းထားရမယ်...မင်းအဖေရဲ့နောက်ဆုံးခရီးကိုလှလှပပမြေကျနိုင်အောင်မင်းပဲလုပ်ရမှာ "
စကားသံတွေက သူ့နားထဲမှာပဲ့တင်ထပ်နေခဲ့တယ်။လူ့လောကသဘာဝကြီးကို ဟန်လင်းသန့်နားလည်နေခဲ့ပေမဲ့ ထွက်ခွါချိန်စောခဲ့တဲ့ဖခင်အတွက် ယူကျုံးမရဖြစ်နေမိတယ်။ဆေးရုံတင်ဖို့အတွက်အားလုံးစီစဉ်ခဲ့ပြီးမှ ဖြုန်းစားကြီးဖြစ်သွာရတာကို သု့ရင်ထဲမှာမဖြေနိုင်ဖြစ်နေမိတယ်။
" ကောင်လေးတော်တော့..လုပ်စရာအလုပ်တွေအများကြီးကျန်သေးတယ်ကွာ ....မင်းအားတင်းထားမှဖြစ်မှကွ "
စကားသံနဲ့အတူရပ်ကွက်ထဲက လူကြီးတွေရဲ့ဆွဲခေါ်ရာနောက်ကို ဟန်လင်းသန့်လိုက်ပါလာခဲ့တယ်။
~~~~~~~~~~
" ဂျိုင်း "
မီးသင်္ဂြိုဟ်စက်တံခါးကြီးပိတ်သွားတဲ့အထိ ဟန်လင်းသန့်ငူငူကြီးရပ်ကြည့်နေမီတယ်။အခုဆိုရင် အဖေကဟန်လင်းရဲ့ဘဝထဲကနေထာဝရပျောက်ကွယ်သွားခဲ့ပြီ။ဟန်လင်းသန့်မှာ ဖြစ်ပျက်နေသမျှတွေကို အခုချိန်ထိမယုံကြည်နိုင်သေးဘဲဖြစ်နေမိတယ်။အမေထွက်သွားပြီးကတည်းက အရက်ကိုပဲအဖော်ပြုခဲ့တဲ့အဖေက တစ်ခါတစ်ရံမှာ နေကုန်နေခန်းဘယ်တွေသွားမှန်းမသိလျှောက်သွားနေတတ်ပေမဲ့ မိုးချုပ်တာနဲ့အိမ်ကိုအရောက်ပြန်လာတတ်တယ်။နေ့စဉ်လိုလို ဟန်လင်းသန့်ကိုမကျေမနပ်ပြောဆိုနေတတ်ပေမဲ့ အစားအသောက်ရှိရင်သူတစ်ယောက်တည်းမစားဘဲ ဟန်လင်းသန့်အတွက် အမြဲချန်ထားတတ်တယ်။အဖေကသိပ်ကိုချစ်တတ်ပြီး သံယောဇဉ်သိပ်ကြီးတတ်တာကို ဟန်လင်းသန့်သိတယ်။အထူးသဖြင့် အဖေကအမေ့ကို သိပ်ချစ်တာကိုလဲ ဟန်လင်းသန့်သိတယ်။အမေ့ကိုအဖေချစ်သလိုပဲ ဟန်လင်းသန့်လဲအမေ့ကို သိပ်ချစ်ပါတယ်။ပြောရရင်အဖေ့ထက်ကို ပိုချစ်ခဲ့ပါတယ်။ဒါပေမဲ့ အမေ့ကိုချစ်တဲ့စိတ်နဲ့အမေ့ကိုမမေ့ပျောက်နိုင်ဘဲ အရှုံးသမားကြီးကြီးလုံးလုံးဖြစ်ခဲ့တဲ့အဖေ့ကို စိတ်ဆိုးနာကြည်းမိခဲ့တယ်။ဒီခံစားချက်တွေက အမေ့ကိုပြန်တွေ့လိုက်ရချိန်မှာ ပိုပြီးနာကြည်းခံစားခဲ့ရတယ်။ဒါကြောင့်လဲ အဖေ့ကိုဆေးရုံချက်ချင်းတင်ဖို့ဆုံးဖြတ်ခဲ့လိုက်တာ။စွန့်ပစ်သူသွားသူက ဘဝကိုပျော်ပျော်ကြီးဖြတ်သန်းနေချိန်မှာ အစွန့်ပစ်ခံခဲ့ရသူက လူတောမတိုးနိုင်တော့ဘဲ ဘဝကစုတ်ပျက်သွားခဲ့တယ်။အသွားရှိရင်အပြန်ရှိတယ်ဆိုတဲ့လောကရဲ့နိယာမက အဖေ့အတွက်တော့ အလွဲကြီးလွဲနေခဲ့တယ်။အခုတော့ အရှုံးသမားကြီးဖြစ်ခဲ့တဲ့အဖေက အားလုံးကိုလက်မြှောက်အရှုံးပေးပြီး လောကကြီးထဲက အပြီးအပိုင်ထွက်သွားခဲ့လေပြီ။
~~~~~~~~~~
" ကောင်လေး ....အဆင်ပြေရဲ့လား "
"ဟုတ်ကဲ့ ....အဆင်ပြေပါတယ် ဒေါ်ပြုံး "
ထမင်းဆိုင်ကဒေါ်ပြုံးရဲ့အမေးကို ဟန်လင်းးသန့်ပြန်ဖြေလိုက်ပြီး လှည်းကိုဆက်တွန်းလာခဲ့တယ်။အဖေမရှိတော့တဲ့အချိန်မှာ သူ့အတွက်ဝန်တွေပေါ့သွားလိမ့်မယ်လို့ စိတ်ကတွေးထင်ခဲ့ဖူးပေမဲ့ တကယ်တမ်း လက်တွေ့ကြုံလာရတဲ့အခါမှာတော့ သူ့ရင်ထဲမှာ လစ်ဟာနေပြိးအသက်ရှင်ရတာအဓိပ္ပါယ်မရှိသလိုခံစားနေရတယ်။အရင်ကဆိုရင် သူ့မှာစိတ်ပူရမဲ့သူစိုးရိမ်ရမဲ့သူရှိနေတော့ သူ့ရဲ့အိမ်ပြန်ချိန်တွေက အမြဲအဓိပ္ပါယ်ရှိနေခဲ့တယ်။အခုတော့ သူ့မှာမျှော်လင့်ချက်လဲမရှိသလို ခံစားချက်တွေလဲကင်းမဲ့နေခဲ့တယ်။အဆိုးဆုံးကဈေးရောင်းသိမ်းပြီးရင် အိမ်ပြန်ရမှာကိုတွေးပြီး စိတ်ထဲလေးလံပင်ပန်းနေခဲ့ရတယ်။
" တီ..တီ..တီ "
ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချထားခဲ့တယ်။
"အဖေ..မနက်ဖြန်ကျရင် ဆေးရုံ.သွားမယ်နော်.."
" မသွားဘူးကွာ...ငါနေကောင်းတယ် "
"အဖေနေကောင်းပေမဲ့ အားမရှိဘူးလေ.....အားရှိမှ အဖေသောက်ချင်တဲ့အရက်ကို အများကြီးသောက်နိုင်မှာလေ....ကျွန်တော်ပန်းရောင်းကပြန်လာရင်လိုအပ်တာတွေဝယ်လာခဲ့မယ်.....အဖေအရက်တွေဝယ်မသောက်ထားနဲ့နော်...အဖေသောက်နေကြအရက်ဆိုင်ကိုရောပိုက်ဆံချေးတဲ့သူတွေကိုပါ အကြွေးမရောင်းဖို့ပိုက်ဆံမချေးဖို့မှာထားခဲ့မှာနော် "
" မှာ..ကွာ..နားငြီးတယ်...ပါးစပ်ပိတ်စမ်း "
အဖေကဒေါသတကြီးနဲ့ဗလုံးဗထွေးထပြောတာမို့ ဟန်လင်းသန့်ပါးစပ်ပိတ်ပြီးနှုတ်ဆိတ်နေလိုက်ရတယ်။
~~~~~~~~~~~
" ဟဲ့ လင်းသန့်....မင်းအဖေ့သတိလစ်သွားလို့ ...ဆေးရုံကိုခေါ်သွားကြပြီဟဲ့...အခြေနေမကောင်းဘူးလို့ပြောတယ်..မင်းမြန်မြန်လိုက်သွားလိုက်အုံး "
" ဗျာ..အ..အဖေ..အဖေသတိလစ်သွားလို့ ဟုတ်လား "
အဖေကိုဆေးရုံတင်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေဝယ်ပြီးပြန်လာခဲ့တဲ့လင်းသန့်မှာ ရပ်ကွက်ထဲဝင်ဝင်ချင်းမှာပဲ ကြားလိုက်ရတဲ့သတင်းဆိုးကြောင့် လူမှာဖြတ်ရိုက်ခံလိုက်ရသလို မူးမိုက်ကာလဲကျမတတ်ဖြစ်သွားရတယ်။
=====================================
အပိုင်း( ၇) ဆက်ရန်
A KYI PHYU
#ဧကြည်ဖြူ
"ကြက်သားဟင်း သုံးရာဖိုး ... ငံပြာရည်ချက်တစ်ရာဖိုးရယ် ပဲပြားဟင်းတစ်ရာဖိုးပေး ..."
"လင်းသန့်ရယ် မင်းမလဲနေ့တိုင်းပဲပြားဟင်းနဲ့ပဲစားနေရလား ..ငါ့လေးအသားလေး ပြောင်းစားပါအုံးလား "
ထမင်းဟင်းရောင်းတဲ့ ဒေါ်ပြုံးက ဟန်လင်းသန့်ဝယ်တဲ့ ဟင်းတွေကို ခပ်ထည့်ပေးရင်း ပြောလာပြန်တယ်။
"ကျွန်တော့်အတွက် ပဲပြားဟင်းပဲ ကောင်းပါတယ် ဒေါ်ကြီးပြုံးရယ် ....အဖေ့အတွက်သာ အသားဟင်းလိုအပ်တာပါ ....လက်ရှိဘ၀ကနေ လွတ်မြောက်ဖို့ဆိုရင် ကြိုးစားရမယ်လေ ...."
" အင်းပါတော်....ကြိုးစားပါ...ငါတို့လဲ ကြိုးစားနေတာပါပဲ .... ကြိုးစားရဲ့နဲ့ ဒီဘ၀ဒီနေရာက မတိုးတက်တာတော့ ကံမပါလို့နေမှာပေါ့ "
ဒေါ်ကြီးပြုံးက ထုံးစံအတိုင်း ကံကိုလွှဲချလိုက်ပြီး ဟင်းထုပ်တွေကို သူ့ဆီကမ်းပေးတယ်၊၊လမ်းဘေးမှာ တဲထိုးပြီး ထမင်းဟင်းရောင်းနေရတဲ့ ဒေါ်ပြုံးရဲ့ဘ၀ကလဲ ဟန်လင်းသန့်တို့နဲ့သူမသာကိုယ်မသာတွေပါပဲ။ဆိုင်ခန်းရယ်အတည်တကျငှါးပြီး မဖွင့်နိုင်လေတော့ ဒီနေရာက မောင်းထုတ်ရင် ဟိုနေရာပြောင်းတယ်။ဟိုဘက်က မောင်းထုတ်လိုက်ရင် ဒီဘက် ပြောင်းတယ်။ ဒေါ်ပြုံးဘယ်လိုပဲ နေရာတွေပြောင်းပြောင်း ဟန်လင်းသန့်တို့လို လူမျိုးတွေကလဲ ဒေါ်ပြုံးသွားရာအရပ်မှာလိုက်ဝယ်ကြတာပဲ ။ဒီနေရာ ဒီအရပ်မှာက ဈေးသက်သာပြီး လက်ရာကောင်းတဲ့ဆိုင်က ဒေါ်ပြုံးဆိုင်ပဲရှိတာလေ။ဟင်း ငါးရာဖိုးလောက်ဝယ်ပြီး ငါးပိရည်နဲ့တို့စရာပါအပိုတောင်းလို့ရတယ်လေ။
~~~~~~~
ဟင်းထုပ်လေးတွေဆွဲပြီး ရပ်ကွက်ထဲ၀င်လာခဲ့တော့ နေ့အလင်းရောင်က မရှိသလောက်ဖြစ်နေပြီ။လမ်းပေါ်မှာ အလင်းရောင်မရှိတော့သလို အိမ်တွေကလဲ ဖယောင်းတိုင်မီးလေးတွေထွန်းလို့ လျှပ်စစ်မီးအလာကိုမျှော်နေကြတယ်။ဖယောင်းတိုင်မီး ခပ်မှိန်မှိန်ပဲ ထွန်းထားတဲ့ တဲအိမ်ကျဉ်းကျဉ်းလေးပေါ်မတက်ချင်သူလူတချို့တလေကတော့ လမ်းပေါ် မှာပဲ ပေကပ်ပြီးထိုင်နေကြမြဲ။ ဖင့်တလှည့်စာသာသာပဲရှိတဲ့ အိမ်စုတ်စုတ်တွေပေါ် ကို အိပ်ခါနီးမှ တက်အိပ်လိုက်ကြတာက ဒီရပ်ကွက်ရဲ့ထုံးစံလိုဖြစ်နေခဲ့ပြီ။
~~~~~~~~
ဟန်လင်းသန့်အိမ်ပေါ်ရောက်တာနဲ့ အဖေ့ဘေးမှာထိုင်ချလိုက်တယ်။ဟန်လင်းသန့်တို့ နေတဲ့အိမ်ကလဲ တခြားသူတွေရဲ့ တဲအိမ်လေးတွေလို စုတ်စုတ်ပြတ်ပြတ်လေးဆိုပေမဲ့ ဟန်လင်းသန့်က တတ်နိုင်သလောက် သန့်သန့်ရှင်းရှင်းနဲ့ ပြုပြုပြင်ပြင်နဲ့နေတယ်။ ဘ၀က တခြားသူတွေလိုပဲ ကြွပ်ကြွပ်အိတ်ဆွဲစားရတဲ့ ဘ၀ဆိုပေမဲ့ အိမ်အောက်မှာ ကြွပ်ကြွပ်အိတ်တစ်အိတ်မှ မကျအောင် ဂရုစိုက်တယ်။သူများတွေဘယ်လိုပဲ ညစ်ပတ်ပတ် ကိုယ်နေတဲ့အိမ်ကိုတော့ သန့်ရှင်းနေအောင်ထားတယ်။တစ်ခဏပဲနေရနေရ ၊တစ်ဘ၀စာပဲနေရနေရ ကိုယ့်ဘ၀ကို ရှိသလောက်အင်အား လေးနဲ့ အဆင့်တန်းရှိရှိနေဖို့ ဟန်လင်းသန့် ဆုံးဖြတ်ထားတယ်။
ထန်းကြောဖျာခင်းထားတဲ့ အိပ်ရာပေါ်မှာ ငြိမ်သက်နေတဲ့ အဖေ့ကိုကြည့်ပြီး ဟန့်လင်းသန့်ခေါင်းထဲကို သွေးတွေဆောင့်တိုးသွားသလို ခံစားလိုက်ရပြီး စိုးရိမ်စိတ်နဲ့ အဖေ့ရင်ဘတ်ပေါ်ကို မျက်နှာအပ်ပြီး အသက်ရှူသံကို နားထောင် ကြည့်လိုက်မိတယ်။
"အဟွပ် ... အဟွပ် ... ဘယ်...ဘယ်သူလဲ...ဘာလုပ်တာလဲ "
ချောင်းဆိုးသံနဲ့အတူမူးမူးနဲ့ ထအော်လိုက်တဲ့ အဖေ့အသံကိုကြားလိုက်ရမှ ဟန်လင်းသန့်ရဲ့ရင်ထဲက အပူလုံးကြီးက လျောခနဲကျဆင်းသွားခဲ့ရတယ်။
" ကျွန်တော်ပါအဖေ ..ကျွန်တော်ပြန်လာပြီ ...အဖေဗိုက်ဆာနေပြီလား ....ထမင်းစားကြမယ်လေ ..အဖေကြက်သားဟင်းစားချင်တယ်ဆိုလို့ ကျွန်တော်ဝယ်လာခဲ့တယ် "
" ဘာလဲ ....မင်း..ပြန်လာပြီဟုတ်လား .....ငါ့ ..အတွက် အရက်ဝယ်လာလား ..ဘယ်မှာလဲ ...အရက်.. ပေး .. သောက်မယ် "
"မသောက်ပါနဲ့တော့ အဖေရာ...အဖေညနေကလဲ ဦးပေါက်တို့ဆီမှာအကြွေးဝယ်သောက်ထားတာလေ...ကျွန်တော် ပြန်လာရင်းနဲ့ကြွေးဝင်ဆပ်ခဲ့ရသေးတယ် "
" ဘာ..လဲ ..အဲ့ဒီတော့ ပိုက်ဆံထပ်ကုန်မှာစိုးလို့...ဝယ်မတိုက်တော့ဘူးပေါ့ ဟုတ်..လား "
"မဟုတ်ပါဘူး အဖေရာ...အဖေထမင်းစားပြီးရင် ဝယ်တိုက်မယ်ဟုတ်ပြီလား...အခုထမင်းအရင်စားလိုက်အုံးနော်...."
အတင်းချော့မော့ပြောလိုက်ရင်းအဖေ့ကို ဟန်လင်းသန့်ဆွဲထူလိုက်တယ်။ဒီအခါမှာ အရိုးပေါ်အရည်တင်ဖြစ်နေရှာပြီဖြစ်တဲ့အဖေ့ရဲ့ အရိုးငေါငေါခန္ဓာကိုယ်က ဟန်လင်းသန့်ဆွဲထူရာနောက်ကို အလွယ်တကူပဲပါလာခဲ့တယ်။အသက်လေးဆယ်ကျော်ကျော်ပဲရှိသေးတဲ့ အဖေက သက်ကြီးရွယ်အိုအဘိုးကြီးတစ်ယောက်လိုဖြစ်နေခဲ့တာတော့ ရင်နာဖို့ကောင်းလှတယ်။တကယ်ဆိုရင် ယောက်ျားတစ်ယောက်ကအသက်လေးဆယ်ကျော်စအရွယ်မှာ အတောက်ပဆုံးအချိန်ဖြစ်နေရမှာလေ။ဘဝရဲ့အကောင်းဆုံးအချိန်တွေကို ဖြတ်သန်းနေရမဲ့အချိန်။အသက်လေးဆယ်ကျော်ယောက်ျားတစ်ယောက်ရဲ့တည်ကြည်ခန့်ညားမှုကို လူပျိုလူရွယ်လေးတွေကဘယ်လိုမှမယှဉ်နိုင်တဲ့အချိန်ဖြစ်နေရမှာလေ။အခုတော့ ဘဝကိုလက်မြှောက်အရှုံးပေးလိုက်ပြီး အရက်ရဲ့ကျေးကျွန်ကြီးဖြစ်သွားတဲ့အဖေ့ခမျာ အရွယ်မတိုင်ခင်မှာဘဲ ဘဝရဲ့နေဝင်ချိန်ကိုရောက်ရှိနေခဲ့ရပြီ။ကနဦးကတော့ အဖေဟာ မိန်းမတစ်ယောက်အတွက်သူ့ဘဝသူဖျက်ဆီးပစ်ခဲ့တယ်။နောက်တော့ အရက်ကိုခင်တွယ်ပြီး ဘဝကိုဆိုးသထက်ဆိုးအောင်ဖျက်ဆီးပစ်ခဲ့ပြန်တယ်။တကယ်တော့အားလုံးဟာစိတ်ပျော့ညံ့လို့ဖြစ်ခဲ့ရတာတွေပဲပေါ့။ဟန်လင်းသန့်အရွယ်ရောက်လာခဲ့ရင်တော့ အဖေလိုမျိုးစိတ်မပျော့ညံ့စေရဘူးလို့
" မင်း..မင်း..ဟန်လင်းသန့်လား "
သူ့မျက်နှာကိုကြောင်ငေးကြည့်ပြီးမေးလာတဲ့အမေးအတွက် ဟန်လင်းသန့်ခေါင်းကိုငြိမ့်ပြလိုက်တယ်။
" ဒါ..ဒါကမင်းရောင်းတာလား..."
မေးသံကထစ်ငေါ့တုန်ယင်နေခဲ့တယ်။ပြီးတော့ မယုံကြည်နိုင်သလိုမျိုးကြည့်နေခဲ့တယ်။
" ဟုတ်ပါတယ်...ကျွန်တော်ရောင်းတာ.."
" ဪ..ဟုတ်လား "
အမေကဒါပဲပြောပြီးတစ်ခဏတိတ်ဆိတ်သွားခဲ့တယ်။ဟန်လင်းသန့်လဲ ဘာမှမပြောမိဘဲအမေ့ကိုငေးကြောင်ကြည့်ကာရပ်နေမီတယ်၊၊ပြီးတော့မှ အားယူပြီးစကားစပြောလိုက်မိတယ်။
" အဖေနေမကောင်းဘူး "
" အင်း သိတယ်...မနေ့က အဒီရပ်ကွက်မှာမင်းတို့အကြောင်းကိုလာစုံစမ်းခဲ့တယ်...မင်းကိုအမေပြောမယ်...အခုအမေ့မှာ သမီးလေးတစ်ယောက်ရနေပြီ...ရှင်းရှင်းပြောရရင် သမီးလေးကို...အမေ့တို့အကြောင်းတွေကိုမသိစေချင်ဘူး...အမေ့ဘဝလေးအေးချမ်းနေတာကို မပျက်စီးချင်ဘူး ....အဲ့ဒီတော့ အမေစီစဉ်ထာားတဲ့အတိုင်းသားလိုက်နာပါ....သားကိုငွေအရင်းအနှီးထုတ်ပေးလိုက်မယ်....သားတို့ရန်ကုန်မှာမနေဘဲ တခြားမြို့ကိုပြောင်းကြပါ...ဖြစ်နိုင်ရင် မင်းအဖေကို စိတ်ကျန်းမာရေးဆေးရုံကိုပို့လိုက်ပြီး.... မင်းဘဝအတွေက်ပဲကြိုးစားပါ...သူရှိနေလို့မင်းဘဝကဒီလောက်ထိပျက်စီးနေတာ "
အမေ့နှုတ်ဖျားကထွက်လာတဲ့စကားတွေကို ဟန်လင်းသန့်မယုံကြည်နိုင်စွာနားထောင်နေမိတယ်။အမေက သူ့လက်ထဲမှာ ဆွဲလာခဲ့တဲ့အိတ်ကို သူ့ဆီကိုကမ်းပေးလာခဲ့တယ်။ဟန်လင်းသန့်လက်သီးကိုမသိမသာဆုပ်လိုက်မိပြီး အံကိုတစ်ချက်ကြိတ်လိုက်မိတယ်။ပြီးတော့မှအေးစက်တဲ့အကြည့်တွေနဲ့အမေ့ကိုကြည့်ပြီးမေးလိုက်တယ်။
" ဒါကဘာတွေလဲ "
" ငွေတွေလေသား...ဒီငွေတွေကိုယူပြီး သားတို့တခြားမြို့ကိုပြောင်းကြပါ....ပဲခူးကိုတော့ပြန်မပြောင်းပါနဲ့ ...အခုပေးလိုက်တဲ့ငွေနဲ့ သားဘဝကိုထူထောင်ပါ...မင်းအဖေကို စိတ်ကျန်းမာရေးဆေးရုံမှာပို့ထားလိုက်ပါ "
"ဪ ဟုတ်ကဲ့ ...အခုလိုငွေပေးလို့ကျေးဇူးတင်ပါတယ်ဗျာ...ဒါပေမဲ့ ဒီငွေတွေကို ကျွန်တော်လက်မခံချင်ပါဘူး....ပြီးတော့တစ်ခါတည်းပဲပြောလိုက်ပါ့မယ်....ကျွန်တော်တို့ရန်ကုန်မှာပဲနေမှာပါ...ရန်ကုန်ကပိုက်ဆံရှာလိုကောင်းသလို...အဖေ့အတွက်လဲဆေးရုံဆေးခန်းနီးတယ်လေ...ဒီပိုက်ဆံတွေကိုစေတနာရှိလို့ပေးတာဆိုရင်လဲ ဒီတိုင်းပဲပေးပါ...ဘာတောင်းဆိုမှုမှမလုပ်ပါနဲ့....ကျွန်တော်ဘာသာဘာလုပ်လုပ် အမေနဲ့မဆိုင်သလို...ပြောပိုင်ခွင့်လဲမရှိပါဘူး...အဖေနဲ့ပတ်သက်ပြီးလဲဘာမှမပြောပါနဲ့ ..အမေ့မှာပြောပိုင်ခွင့်မရှိဘူး.. "
" ဘာပြောတယ် လင်းသန့် ... မင်းဘာပြောလိုက်တယ် ...မင်းရိုင်းလှချည်လား ... မင်းအဖေလိုအရက်သမားကို ခင်တွယ်နေရင် မင်းဘဝဒီထက်ပျက်စီးသွားလိမ့်မယ်သိရဲ့လား .."
ဒေါသတကြီးနဲ့ ပြောဆိုနေတဲ့အမေ့ကို ဟန်လင်းသန့် ခပ်စိမ်းစိမ်းစိုက်ကြည့်ပစ်လိုက်တယ်။ပြီးတော့ မဲ့ပြုံးလေးတစ်ချက်ပြုံးလိုက်မိပြီး
" ကျွန်တော်တို့ဘဝတွေက လွန်ခဲ့တဲ့ရှစ်နှစ်ကျော်ကတည်းက ပျက်စီးခဲ့သွားခဲ့ပြီလေ.... ပြီးတော့ အဖေဒီလိုအရက်သမား ဘဝရောက်သွားခဲ့တာ ဘယ်သူ့ကြောင့်လဲ အမေအသိဆုံးပဲ မဟုတ်လား ....အဖေ့ကို.စိတ်ကျန်းမာရေးဆေးရုံကိုပို့ဖို့ အမေမို့ပြောထွက်တယ် ... အဖေ့ကို ကျွန်တော်ဘယ်တော့မှ မစွန့်ပစ်ဘူးဗျ ..ဘာလို့လဲသိလား ...အဖေက သူ့ဘာသာအရက်ပဲသောက်သောက်..ဘာပဲလုပ်လုပ် အချိန်တန်ရင်ကျွန်တော့်ဆီကို အမြဲပြန်လာတယ် ... ကျွန်တော့်ကိုစွန့်ပစ်ဖို့အတွက် သူတစ်ခါမစဉ်းစားခဲ့ဘူး ....ကျွန်တော်အဖေ့ကိုရှာကျွေးတာ ရှစ်နှစ်မပြည့်သေးပါဘူး ... အဖေက ကျွန်တော်တို့ကို ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ အချိန်က ဆယ်နှစ်ကျော်ပါတယ် ...အဲ့ဒီတုန်းက ကျွန်တော်တို့ ဘယ်လိုနေခဲ့ရလဲ ....ဘ၀က ဘယ်လောက်အေးချမ်းခဲ့ရလဲ ..ဒါပေမဲ့ အခု ကျွန်တော်တစ်လှည့်ပြန်စောင့်ရှောက်ပေးနေချိန်မှာ .....အဖေကို အိမ်ကောင်းရာကောင်းနဲ့ မထားနိုင်သေးပါဘူး ....နံစော်ညစ်ပတ်နေတဲ့ ၀က်ခြံလိုတဲစုတ်လေးမှာပဲ ထားနိုင်သေးတာပါ ....စိတ်ချပါ .. နောက်နောင် အမေ့ကိုဘယ်နေရာမှာတွေ့တွေ့ ... ကျွန်တော် မခေါ်ပါဘူး.....အဖေ့နဲ့ မတွေ့အောင်တော့ရှောင်ပေါ့ ..မတော်လို့တွေ့ခဲ့ရင်လဲ အဖေ့ခမျာ အမေတို့ကို ဆဲဆိုရုံအပြင် ဘာမှမလုပ်နိုင်တော့ပါဘူး ....အဖေဆဲဆိုတာလောက်တော့ ခံလိုက်ကြပါ..... ဒီထက်မကတောင် အပြစ်ဒဏ်ခံရသင့်တာပဲမဟုတ်လား ....ကျွန်တော်သွားတော့မယ် ..အဖေ့ကို ဆေးရုံပြဖို့အတွက် ဒီငွေတွေ ကျွန်တော်ယူသွားမယ်... ဒါလဲအဖေရသင့်တယ်မဟုတ်လား ..အမေထွက်ပြေးသွားတုန်းက အဖေဆင်ပေးထားခဲ့တဲ့ ရွှေတွေကိုယူသွားခဲ့တယ်ဆို ... ရွှေတွေအစားလျော်ပေးတယ်လို့ပဲ သဘောထားလိုက်ပါ ....ပြီးတော့ထပ်ပြီးပြောခဲ့လိုက်မယ်....ကျွန်တော်တို့သားအဖ ရန်ကုန်မှာပဲ အခြေချမှာပါ .....မကျေနပ်ရင် အမေတို့ ပြောင်းသွားလိုက်ကြပေါ့ "
စကားကုန်ပြောပြီးတာနဲ့ အမေ့နားကနေ ဟန်လင်းသန့်ထွက်လာခဲ့လိုက်တယ်။
"နောင် ..နောင် ..နောင် ..နောင် "
နာနာကြည်းကြည်းထုလိုက်တဲ့ မောင်းသံကဆူညံကျယ်လောင်စွာ ထွက်ပေါ်လာခဲ့တယ်။
'' ချဉ်ပေါင်းတွေရမယ် ..ချဉ်ပေါင်းတွေရမယ်ဗျို့ "
ရင်ကိုဖွင့်ကာအားပါးတရအော်ဟစ်လိုက်တဲ့ သူ့အသံက တင်းမာခက်ထန်စွာနဲ့ထွက်ပေါ်လာခဲ့တယ်၊၊
~~~~~~~~
#ပန်းတွေပွင့်ချိန်
(အခန်းဆက်ဝတ္ထု)
အပိုင်း (၆)
akyiphyu
********
"ကိုမောင်ခိုင်... ဒီမှာပိုက်ဆံယူပြီးပေးလိုက် "
ခပ်မှိန်မှိန်လမ်းမီးရောင်အောက်မှာမြင်နေရတဲ့ ကားနောက်ခန်းကို ဟန်လင်းသန့်တိုးကပ်ပြီးကြည့်လိုက်မိတယ်။
" ဟေ့ကောင် သူခိုး...မင်းဒါဘာလုပ်တာလဲ ...ကားနားကို ဘာကိစ္စကပ်ရတာလဲ "
ကားဆရာရဲ့အမေးကိုမဖြေဘဲ ကားနောက်ခန်းကိုသာ ဟန်လင်းသန့်ကြည့်နေမိတယ်။
" ဟေ့ကောင် မင်းဖယ်စမ်း....ငါအော်လိုက်ရမလား "
ကားဆရာကဟန်လင်းသန့်ရဲ့ခန္ဓာကိုယ်ကိုလာပြီး တွန်းလိုက်တယ်။
" ဟာဗျာ..ဖယ်စမ်းပါ ဘာလာဖြစ်နေတာလဲ...အခုချက်ချင်းကားထဲကမီးကိုဖွင့်လိုက်စမ်းပါ.....ကားထဲကဘယ်သူလဲ.....ဒေါ်ခင်မေရီလားလို့မေးလိုက်စမ်းပါ...ကျုပ်နာမည်ဟန်လင်းသန့်ဆိုတာကိုပါပြောပြလိုက် "
ဟန်လင်းသန့် အသံခပ်ကျယ်ကျယ်နဲ့အော်လိုက်တယ်။ဒီအချိန်မှာပဲ ကားနောက်ခန်းတံခါးကပွင့်လာခဲ့ပြီး စကားသံထွက်ပေါ်လာခဲ့တယ်။
" ကိုမောင်ခိုင် ...ကားကိုလမ်းဘေးခဏကပ်ပြီးရပ်ထားလိုက်ပါ..ကျွန်မစကားခဏပြောလိုက်အုံးမယ်"
ကားအောက်ကိုဆင်းလာပြီးပြောလိုက်တဲ့စကားသံကြောင့် ဟန်လင်းသန့်ရဲ့ရင်တွေတဒိန်းဒိန်းဆောင့်ခုန်လာခဲ့တယ်။
" ဟန်...ဟန်လင်းသန့်ဟုတ်လား...မင်းက ...တ..တကယ်ပဲ ဟန်လင်းသန့်လား..."
ဟန်လင်းသန့်ဖြုန်းခနဲပြန်မဖြေနိုင်ဘဲ ရင်ထဲမှာဆို့နင့်နေမိတယ်။
" မင်း...မင်းတို့ ဘယ်တုန်းကရန်ကုန်ရောက်လာကြတာလဲ..ဒီ..ဒီနားမှာနေတာလား...ဒါ...ဒါကရောဘာတွေလဲ...မင်း..မင်းက အရွယ်မရောက်သေးဘူး အရက်သမားဖြစ်နေပြီပေါ့ ဟုတ်လား "
စကားသံတွေအရ အမေဆိုတာတိကျသေချာသွားခဲ့လေပြီ။သို့ပေမဲ့ ဟန်လင်းသန့်ဘာစကားမှမပြောနိုင်ဘဲ ဆွံ့အနေမိတယ်။
" မင်း ...မင်းအဖေရော ဘာတွေလုပ်နေလဲ...ငါ့ကိုလိုက်ရှာနေတာလား....ငါနဲ့တွေ့တယ်လို့ ပြန်မပြေနဲ့နော်...မင်းကိုအမေပိုက်ဆံပေးပါမယ်...အခုတော့အမေ့မှာပိုက်ဆံနည်းနည်းပဲပါလာလို့.....သဘက်ခါနေ့လယ်ကျရင်..(....)ကိုလာခဲ့ပါ....အမေသွားတော့မယ်နော်...အမေ့ကိုတွေ့ခဲ့တယ်လို့ မင်းအဖေကိုပြန်မပြောနဲ့နော်"
အမေကပြောပြီးတာနဲ့ ကားဆီကိုပြန်လျှောက်သွားခဲ့တယ်။ရှစ်နှစ်နီးပါးကွဲကွာနေခဲ့တဲ့ အမေနဲ့သားတွေ့ဆုံမှုက ရုပ်ရှင်တွေထဲကလိုလဲ ဒရမ်မာမဆန်ခဲ့သလို သားတစ်ယောက်ရဲ့ခံစားချက်ကိုလဲ ပေါက်ကွဲခွင့်မရခဲ့ဘူး။မနေ့တစ်နေ့ကမှ ခွဲခွါခဲ့ရတဲ့သူတွေလိုပဲ အမေကအေးဆေးစွာထွက်သွားခဲ့တယ်။အမေ့အသံတွေက အံ့ဩနေဟန်ရှိပေမဲ့ လွမ်းဆွတ်တသဝမ်းနည်းနေဟန်မပါခဲ့ဘူး။ဟန်လင်းသန့်သေသေချာချာနားလည်သဘောပေါက်လိုက်တာက အမေ့အသံတွေထဲမှာ စိုးရိမ်ပူပန်သွားပုံရတဲ့ခံစားချက်တွေကိုပဲခံစားလိုက်ရတယ်။ပြီးတော့ဒီခံစားချက်တွေကလဲ သူတို့အတွက်မဟုတ်ဘူးဆိုတာကို ဟန်လင်းသန့်နားလည်သဘောပေါက်လိုက်တယ်။ ဒီလို နားလည်လိုက်တာနဲ့အမျှရင်ထဲမှာဆိုနင့်နင့်ကြီးခံစားလိုက်ရပြီး လက်သီးကိုဆုပ်အံကိုကြိတ်ပြီး နေရာကနေဟန်လင်းသန့်ထွက်လာခဲ့လိုက်တယ်။ရင်ထဲမှာလစ်ဟာသွားတဲ့ခံစားချက်နဲ့အတူ တဖြည်းဖြည်းနဲ့အေးစက်လာခဲ့တယ်။
~~~~~~~~
" အဖေ့ကိုကြည့်ထားပေးပါအုံးဗျာ ...ဒီမှာဦးလေးကျော်သိန်းသုံးဖို့ "
ဦးလေးကျော်သိန်းလက်ထဲကို ငွေစက္ကူနှစ်ရွက်ထည်ပေးခဲ့လိုက်ပြီး ချဉ်ပေါင်းလှည်းကိုတွန်းပြီး ဟန်လင်းသန့်ထွက်ခဲ့လိုက်တယ်။
" မင်းသားလေးဈေးရောင်းထွက်ပြီလားဟေ...တော်ကြာမသိတဲ့သူတွေက ... ရုပ်ရှင်မင်းသားဈေးရောင်းတဲ့ဇာတ်ဝင်ခန်းလာရိုက်တယ်ထင်နေကြအုံးမယ် "
လမ်းထဲကအမျိုးသမီးကြီးတစ်ယောက်ရဲ့စနောက်သံကို ထုံးစံအတိုင်း ဟန်လင်းသန့်ခပ်ပြုံးပြုံးပဲ တုံ့ပြန်ခဲ့လိုက်တယ်။စနောက်ပြီးပြောခံရတာက သူ့အတွက်ရိုးနေပြီးဖြစ်ပေမဲ့ သူကလဲ ဒီနေ့ကျမှဝတ်နေကျဂျင်းဘောင်းဘီးအပြဲကိုမဝတ်ဘဲ ခပ်လတ်လတ်ရှိတဲ့ဂျင်းဘောင်းဘီနဲ့မိုးပြာရောင်တီရှပ်အသစ်လေးကိုဝတ်လာခဲ့တယ်။ပြီးတော့လှည်းတွန်းနေတဲ့သူ့လက်တွေကလဲမသိမသာတုန်ယင်နေခဲ့တယ်။
~~~~~~~~
ချိန်းထားတဲ့နေရာမှာချဉ်ပေါင်းလှည်းကိုရပ်ထားပြီး ဟန်လင်းသန်စိတ်တွေလှုပ်ရှားနေမိတယ်။ဈေးဝယ်တစ်ယောက်လာတိုင်း နာရီမေးရတာလဲအမောပဲ။
နေ့လယ်တစ်နာရီထိုးပြီးချိန်မှာတော့ ကားလေးတစ်စီးကကားလမ်းတစ်ဖက်ခြမ်းမှာထိုးရပ်လာတာကိုတွေ့လိုက်ရတယ်။ပြီးတော့ ကားထဲကနေသိပ်ကိုလှတဲ့အမျိုသမီတစ်ယောက်ဆင်းလာခဲ့တယ်။မြင်ကွင်းကိုကြည့်နေရင်းက ဟန်လင်းသန့်တစ်ကိုယ်လုံးအေးစက်တောင့်တင်းလာတယ်။ရင်အစုံကပေါက်ကွဲလုမတတ်ကို တဒိန်းဒိန်းလှုပ်ရှားခုန်လှုပ်နေခဲ့တယ်။သူကြည့်နေချိန်မှာပဲ အမေကပတ်ဝန်းကျင်ကိုဝေ့ဝဲကြည့်ရင်း သူရှိရာဘက်ခြမ်းကိုလမ်းကူးလာခဲ့တယ်။ဟန်လင်းသန့် သတိလက်လွတ်နဲ့အမေ့ကိုငေးကြည့်နေခဲ့မိတယ်။လှည်းနောက်မှာရပ်နေတဲ့သူ့ကို အမေကမမြင်သလို ချဉ်ပေါင်းလှည်းဘေးမှာရပ်နေတာ သူ့သားလို့လဲတွေးထင်ထားပုံမရဘဲ ဟိုဟိုဒီဒီကိုမျက်စိကစားနေခဲ့တယ်။
" နောင်..နောင် "
ဟန်လင်းသန့်မောင်းကိုနှစ်ချက်ဆင့်ပြီးတီးလိုက်တယ်။မောင်းတီးလိုက်သံကြောင့် အမေကသူ့လှည်းရှိရာကိုလှည့်ကြည့်လာခဲ့တယ်။ဟန်လင်းသန့်ခေါင်းပေါ်ကဦးထုပ်ကိုချွတ်လိုက်တယ်။အမေမျက်လုံးတွေက သူ့ကိုငေးကြည့်နေခဲ့ပြီးမှ သူရှိရာကိုတစ်လှမ်းချင်းလှမ်းလျှောက်လာခဲ့တယ်။
အလုပ်ကိုလုပ်တယ်။ပန်းရောင်းသိမ်းတာနဲ့ ချဉ်ပေါင်းလှည်းနဲ့ချဉ်ပေါင်းစုံလိုက်ရောင်းတယ်။လှည်းက ကိုယ့်အပိုင်မဟုတ်ဘူး ။ သူများလှည်းကို လပေးနဲ့ ငှါးထားတာ။ ဟန်လင်းသန့်တို့ နေတဲ့နေရာမှာ ဘာပစွည်းမှ မပိုင်လို့လဲစိတ်ညစ်စရာမရှိဘူး။ အကုန်ငှါးသုံးလို့ရတယ်။အငှါး မိန်းမခေါ်လို့ရသလို အဝတ်အစား၊ ဖိနပ်ကအစငှါးဝတ်လို့ရတယ်။ပိုက်ဆံမရှိရင်လဲ ပူစရာမလိုဘူး ။ မနက်မိုးလင်းလို့ လမ်းထိပ်ထွက်လိုက်တာနဲ့ ပိုက်ဆံချေးပေးမဲ့သူက စာအုပ်တစ်အုပ်နဲ့ ထိုင်စောင့်နေတာ။ဈေးရင်းဖို့ငွေလိုတာလား၊ လမ်းစရိတ်အတွက်ငွေလား။အိမ်သုံးစရိတ်လိုတာလား၊ ဆေးဖိုးဝါးခငွေလိုတာလား။ ဘာအတွက်လိုလို ထုတ်ချေးပေးတယ်။ ဒါပေမဲ့ မနက်က ယူသွားတဲ့ငွေကို ညနေမှာ အတိုးနဲ့အတူ လာပြန်ဆပ်။နောက်နေ့အတွက် ငွေလိုရင် နောက်နေ့မနက်မှထပ်ယူ။ ယူထားတဲ့ငွေကို ပြန်မဆပ်ဘူးလို့တော့ ယောင်လို့တောင်မတွေးလိုက်နဲ့ မိုးမီးလောင်တာထက်ဆိုးသွားမယ်။ ဒီလိုဘ၀တွေမှာ ဟန်လင်းသန့် .
လဲ မကင်းနိုင်ဘဲကျင်လည်နေခဲ့ရတယ်။ ကိုယ်တိုင်လိုလို့ငွေချေးခဲ့တာတော့ မဟုတ်ဘူး။အိမ်မှာကျန်ခဲ့တဲ့အဖေက ချေး ငှါးပြီးသုံးထားတာ။ ဟန်လင်းသန့်ဈေးရောင်းပြီးပြန်သွားပြီဆိုရင် ကြွေးရှင်က လမ်းထိပ်ကနေ စာအုပ်ကြီးကိုင်ပြီးစောင့်နေတာ။ရပ်ကွက်ကျဉ်းကျဉ်းစုတ်စုတ်လေးမှာ ဟန်လင်းသန့်လို့ ပြောလိုက်ရင် မသိတဲ့သူကို မရှိတာ။
~~~~
" အဟွပ်...အဟွပ် "
အိမ်ပေါ်ကို လှမ်းတက်လိုက်တာနဲ့ အဖေ့ရဲ့ချောင်ဆိုးသံကိုစပြီးကြားလိုက်ရတယ်။အခုတလောအဖေ့ကျန်းကျန်းမာရေးအတော်လေးဆိုးလာခဲ့တယ်။အရက်ကိုနေ့မနားညမနားသောက်ခဲ့တဲ့ဒဏ်တွေက အဖေ့ကိုဖိစီးနှိပ်စက်နေခဲ့ပြီ။
" အဖေ မသက်သာဘူးလား...ဆေးခန်းသွားမယ်လေ..."
"မသွားဘူး...မသွားဘူး...အရက်ပဲပေး..ငါအရက်သောက်ချင်တယ်...အရက်ပဲဝယ်ပေးစမ်းကွာ "
" ဟာ..အရက်တော့မရဘူး အဖေ...ဟိုနေ့က ဆရာဝန်ပြောလိုက်တာ အဖေလဲကြားတာပဲလေ..."
" ဟာ ပေးစမ်းကွာ...စကားတွေများမနေစမ်းနဲ့ကွာ...သောက်ရင်ဘာဖြစ်မှာလဲ..သေမှာလား...သေလဲသောက်မယ်ပေး..အရက်ပဲဝယ်ပေးစမ်းကွာ "
အဖေကဒေါသတကြီးပြောဆိုနေရင်းက အတင်းကုန်းရုန်းပြီးထလိုက်တယ်။ဒါပေမဲ့ မထနိုင်ဘဲပြန်လဲကျသွားခဲ့တယ်။ဟန်လင်းသန့်စိတ်ပူပြီးအဖေ့ကိုပွေ့ထူလိုက်တယ်။
" အဖေ...အဖေသတိထားလေ "
" အဟွပ်...အဟွပ် ..အရက်...အရက်ဝယ်ပေး "
" အဖေရာ "
အသံဗလုံးဗထွေးကြီးနဲ့ပြောနေတဲ့ အဖေ့ကိုကြည့်ပြီး ဟန်လင်းသန့်မချိတင်ကဲရေရွတ်လိုက်မိတယ်။
" ဟေ့ကောင်..သွားကွာ...သွားဝယ်ပေး "
" မရဘူး အဖေ...အဖေသောက်ထားတာများနေပြီ မဟုတ်လား...တော်ပါတော့အဖေရာ"
" မတော်ဘူးကွာ...မတော်ဘူး...ဟေ့ ..ဟေ့ကောင်...မင်းက ငါ့ကိုဒါလေးတောင် မဝယ်တိုက်ချင်တာလား..သွားကွာ...မင်းထွက်သွား...မင်းကငါနဲ့နေချင်တာမဟုတ်ဘူး..မင်းအမေနဲ့ပဲနေချင်တာမဟုတ်လား...သွားကွာ မင်းထွက်သွားတော့.."
အဖေကသူ့ကိုအတင်းတွန်းလွှတ်နေတယ်။ပိန်လှီနေတဲ့ အဖေရဲ့လက်တွေက သူ့ကိုယ်လုံးကိုနည်းနည်းလေးတောင်မှမရွေ့သွားစေပါဘူး။အဖေ့ကိုအိမ်ရာပေါ်ပြန်လှဲချပေးလိုက်ပြီး သူ့လက်စွဲတော်အိတ်ကိုလွယ်ပြီးထွက်လာခဲ့လိုက်တယ်။ဒီအိတ်က ဟန်လင်းသန့်ရဲ့ဘဝလေ။သူ့ခြေထောက်တွေဦးတည်ရာအရပ်က ရပ်ကွက်လမ်းဆုံကဘုံဆိုင်ကိုဖြစ်လေတယ်။
~~~~~~~~~
ဟန်လင်းသန့် အရက်ပုလင်းနဲ့အမြည်းထုပ်ကိုလက်ကဆွဲပြီး ကားလပ်းတစ်ဖက်ခြမ်းကို ပြန်ကူးလာခဲ့လိုက်တယ်။ညကမှောင်မှောင် ရပ်ကွက်ကလဲမှောင်မှောင်၊လမ်းတွေကလဲမှောင်မှောင်၊အိမ်တွေကလဲဖယောင်းတိုင်မီးလေးတွေနဲ့မှိန်မှိန်ပျပျလင်းလို့ပေါ့။
" တီ..တီ..ပွမ်..ပွမ်.."
"ကျွီ..."
"အောင်မယ်လေးဗျ"
လျှပ်တစ်ပြတ်အတွင်းမှာပဲ ကားကဟွန်းကိုကျယ်လောင်စွာတီးလိုက်ပြီး ကျွီခနဲအသံမြည်ကာထိုးရပ်သွားခဲ့တယ်။ဟန့်ထင်းသန့်လဲလန့်ဖျပ်ပြီးအော်လိုက်မိတယ်။ဒိအချိန်မှာပဲကားထဲကနေ ဆဲဆိုသံထွက်ပေါ်လာခဲ့တယ်။
" ဟေ့ကောင်...မင်းဒါဘာအချိုးချိုးတာလဲ..ဘာလဲ လျော်ကြေးလိုချင်တာလား..လျော်ကြေးမရဘဲဂျေးထဲအောင်းသွားရမယ်ကွ...ဘာမှတ်နေလဲ "
" ဘာဗျ..တောက်...လူပါးဝလှချည်လား..ခင်ဗျားကြိးအောက်ကိုဆင်းခဲ့လိုက်စမ်းပါ "
ဟန်လင်းသန်စိတ်တိုသွားမိပြီး ကားပေါ်ကလူကိုစိန်ခေါ်လိုက်တယ်။ဒီအချိန်မှာပဲ ကားနောက်တံခါးကပွင့်လာခဲ့ပြီး စကားပြောသံကို ဟန်လင်းသန့်ကြားလိုက်ရတယ်။
" ကဲ..ကိုမောင်ခိုင် ...သူ့ကိုဘယ်လောက်ပေးရမလဲမေးလိုက်...တော်ကြာအစ်ကို့ကိုသွားကြိုတာနောက်ကျနေလို့ အစ်ကိုစိတ်ဆိုးနေအုံးမယ်..ဘယ်လောက်ပေးရမလဲသာမေးလိုက် "
ကြားလိုက်ရတဲ့အသံကြောင့် ဟန်လင်းသန့်တစ်ကိုယ်လုံးမိုးကြိုးပစ်ချခံလိုက်ရသလိုတုန်လှုပ်ချောက်ချားသွားမိတယ်
=====================================
အပိုင်း( ၆) ဆက်ရန်
A KYI PHYU
#ဧကြည်ဖြူ
အပိုင်း( ၁ ) Link
https://m.facebook.com/story.php?story_fbid=684737547107957&id=100067151540690&mibextid=Nif5oz
အပိုင်း (၂) Link
https://m.facebook.com/story.php?story_fbid=685298803718498&id=100067151540690&mibextid=Nif5oz
အပိုင်း(၃)Link
https://m.facebook.com/story.php?story_fbid=685838313664547&id=100067151540690&mibextid=Nif5oz
အပိုင်း (၄)
စီးဆင်းမှုမရှိဘဲညစ်ပတ်နံစော်နေတယ်။ဟန်လင်းသန့်လမ်းလျှောက်နေရင်းနဲ့ နှာခေါင်းကိုမသိမသာ ရှုံ့ထားလိုက်မိတယ်။
~~~~~~~~~~
" ကဲ ...ဘယ်လိုလုပ်မလဲဟေ့ကောင်ရေ...ပါလာတဲ့ပိုက်ဆံကလဲကုန်ပြီ...မင်းကိုလဲငါရှာမကျွေးနိုင်တော့ဘူးကွ...မင်းဘာသားရှာစားတော့..ငါကတော့အရက်သောက်နေရရင်ကျေနပ်တယ်...ထမင်းမစားရရင်လဲဖြစ်တယ်..."
အဖေ့ရဲ့အာလေးလျှာလေးသံကြီးနဲ့ပြောလာတဲ့ စကားကြောင့် ဟန်လင်းသန့်သက်ပြင်းကိုချလိုက်မိတယ်။တကယ်လဲ အရက်သောက်နေရရင်ကျေနပ်နေတဲ့အဖေက ထမင်းမှန်းဟင်းမှန်းလဲမသိတော့တာကြာခဲ့ပါပြီ။သားအဖနှစ်ယောက်ဈေးအတူတူရောင်းကြမယ်လို့ပြောခဲ့ပေမဲ့ တကယ်ဈေးရောင်းရတော့ ဟန်လင်းသန့်တစ်ယောက်တည်း ရောင်းခဲ့ရတာ။အရက်ကိုအစွဲကြီးစွဲနေပြီဖြစ်တဲ့အဖေက အရက်ကလွဲရင်ဘာကိုမှစိတ်မဝင်စားတော့ဘူး။အရက်မူးရင်အရင်ကအကြောင်းတွေကိုပြန်ပြောပြီးငိုလိုက်ဆဲဆိုလိုက်နဲ့လုပ်နေတတ်တယ်။အခုလဲ ဟန်းလင်းသန့်ဝယ်လာတဲ့ ထမင်းကိုစားနေရင်းက စိတ်ထဲရှိရာတွေကိုပြောနေတာ။
" ငါ့အိမ်...ငါ့ချွေးနှဲစာနဲ့ရှာထားတာတွေနဲ့ဝယ်ထားတဲ့အိမ်ကွ..မိန်းမယုတ်မကြောင့် ...ရတဲ့ဈေးနဲ့ရောင်းခဲ့ရတာ...လူတွေက ငါ့ကိုမြင်တာနဲ့အဲ့ဒီကောင်မအကြောင်းပဲပြောနေကြတယ်...အဲ့ဒီဟာမက ငါဆင်ပေးထားတဲ့ရွှေတွေကိုပါယူသွားတာ...အဲ့ဒါတွေကအကုန်မင်းကြောင့်ဖြစ်တာသိရဲ့လား ဟေ့ကောင်...မင်းကပထွေးအားကိုးပြီး ပါးစပ်ပိတ်နေခဲ့တာကြောင့်ဖြစ်ရတာကွ "
" ခွမ်း "
အဖေကပြောရင်းနဲ့သူ့လက်ထဲကထမင်းပန်ကန်ကိုပေါက်ခွဲပစ်လိုက်တယ်။
" အဖေ ထမင်းမစားချင်လဲ အိပ်လိုက်တော့လေ "
" ဘာကွ..မင်းက ငါ့ကိုထမင်းတောင်မကျွေးချင်ဘူးလား...မအေတူသား အကျင့်မကောင်းတဲ့ကောင်...ငါရှာကျွေးတာကိုတော့ အခန့်သားထိုင်စားခဲ့တယ်...မစားဘူးကွာ မစားဘူးဟေ့ကောင် "
"ခွမ်း...ဂလုံ "
" အဖေရာ စားမယ်ဆိုလဲ ..အေးအေးဆေးဆေးစားပါလားဗျာ..အဖေ့ကိုမသဒ္ဓါလို့ပြောနေတာမဟုတ်ဘူး....အချိန်လဲမနည်းတော့ဘူး..ဘေးအိမ်တွေကိုလဲအာနာပါအုံး "
"ဘာ...ဘာဘေးအိမ်လဲ...အားမနာဘူးကွာ..မနာဘူး..သူတို့လဲဆူတယ်.....ငါလဲဆူတယ်ဘာဖြစ်လဲ...ကြိုက်တဲ့ကောင်လာပြောစမ်း ..ဝေလင်းတို့ကဂရုမစိုက်ဘူးကွ "
ပြောကာမှ ပိုဆိုးနေတဲ့အဖေ့ကြောင့် ဟန်လင်းသန့်ပဲ ပါးစပ်ပိတ်လိုက်ရတယ်။ဒီရပ်ကွက်ထဲပြောင်းလာခဲ့ပြီး နှစ်နှစ်အတွင်းမှာ အဖေကဘယ်သူ့ကိုမှဂရုစိုက်ခြင်းမရှိတော့ဘဲ သူ့ရပ်သူ့ရွာလိုပဲနေထိုင်လာခဲ့တယ်။ဘေးပတ်ဝန်းကျင်ကိုလဲ လုံးဝကိုဂရုမစိုက်တော့တာ။ခက်တာက ဘေးပတ်ဝန်းကျင်ကလဲ အဖေ့လိုလူမျိုးတွေပဲများတယ်။သူဆူငါဆူနဲ့ မကျနပ်ရင် ထပြီး ဆဲလိုက်ကြနဲ့ ဟုတ်နေတာပဲ။ အဖေ့အတွက် ဘယ်လောက်ပဲ နေသားကျကျ ဟန်လင်းသန့် အတွက်တော့ ဒီနေ့ရာဒီအရပ်မှာ နေသားမကျနိုင်သေးဘဲ ငရဲဘုံတစ်ခုလို ခံစားနေရတုန်းပါပဲ။ ရန်ကုန်စရောက်ကတည်းက ကျောင်းလဲဆက်မတက်ရတော့သလို လမ်းဘေးမှာ ဈေးရောင်းနေခဲ့ရတဲ့ သူ့ဘ၀။ စားတော့လမ်းဘေးထမင်းဆိုင်။အိပ်တော့လဲနံစော်နေတဲ့မြောင်းပုပ်ပေါ်က တဲအိမ်ပေါ် မှာ။နာကျင်မှုတွေနဲ့ ပြည့်နေတဲ့ သူ့စိတ်ကလဲ တစ်နေ့ထက်တစ်နေ့ပိုပြီးအေးစက်မာကျောလာခဲ့တယ်။တစ်ယောက်ယောက်ဆီက အမေလို့ခေါ်သံကြားရင် အလိုလိုနေရင်းက မဲ့ပြုံးပြုံးမိလာတယ်။
~~~~~~~
"နောင် ..နောင် ..နောင် "
"ချဉ်ပေါင်းသည် ခဏရပ်ပါအုံး "
ဟန်လင်းသန့်ရဲ့ချဉ်ပေါင်းတွန်းလှည်းကမောင်းသံကို ကြားတာနဲ့ ဖောက်သည်တချို့က အပြေးအလွှားရောက်လာကြစမြဲပဲ။ သူတို့တွေချဉ်ပေါင်းစားချင်လို့ ရောက်လာတာလား ဘာလားမသေချာပေမဲ့ သူတို့မျက်လုံးတွေက ဟန်လင်းသန့်ရဲ့မျက်နှာကိုသာ မသိမသာ ရော ၊ သိသိသာသာပါကြည့်နေကြတာ။ တချို့ခပ်ရဲရဲခပ်ကဲကဲ အမျိုးသမီးတွေဆိုရင် ရေလာ မြောင်းပေးစကားတွေပါပြောကြတယ်။သူတို့ဘာပြောပြော ဟန်လင်းသန့်ကတော့ ခပ်ပြုံးပြုံးပဲ နားထောင်နေလိုက်တယ်။ ဒါပေမဲ့ စိတ်ထဲကတော့ ဒီလိုမိန်းမတွေကို ရွံရှာစက်ဆုပ်နေခဲ့တာပေါ့။
"မောင်လေး ...အသက်ဘယ်နှစ်နှစ်ရှိပြီလဲဟင် "
မေးသံက အိညှောင့် ညှောင့်နဲ့။ ဟန်လင်းသန့် ခပ်ပြုံးပြုံးပဲပြန်ဖြေလိုက်တယ်။
" ၁၇ "
"ဟယ် ...ကြည့်စမ်း အသက်ငယ်ငယ်လေးပဲရှိသေးတာပဲ ...သိပ်တော်တာပဲ ..... နောက်ဆိုရင် ဒီရှေ့ရောက်တိုင်း မောင်းကို ကျယ်ကျယ်လေးတီးလိုက်နော်မောင်လေး ... မမအမြဲအားပေးမယ်သိလား "
" ဟုတ်ကဲ့ ကျေးဇူးပါမမ "
အသံရောမျက်နှာအမူအရာပါ ချိုမြနေတဲ့အမျိုးသမီးကို ဟန်လင်းသန့်လဲ ချိုချိုအီအီနဲ့ ပြန်ဖြေလိုက်တယ်။ရုပ်ရည်လှတာက အဓိကမဟုတ်ဘူး စိတ်ထားလှဖို့သာအဓိကလို့ အသံကောင်းဟစ်နေကြတဲ့ လူတချို့ကြားမှာ သူ့ရုပ်ရုည်ကြောင့်ပဲ ကိစ္စအတော်တော်များများက အဆင်ပြေနေခဲ့တယ်၊၊ အတန်းပညာရှစ်တန်းပဲ အောင်ခဲ့တဲ့သူ့ကို အလုပ်ခန့် ချင်ကြတဲ့ အလုပ်ရှင်တွေလဲ မနည်းဘူး။ သူ့အနေနဲ့က ဒီထက်ပိုပြီးမြင့်မားတဲ့ဘ၀ကို မျှော်မှန်းထားတာမို့ ဈေးရောင်းတဲ့ကိုယ်ပိုင်အလုပ်ကိုပဲ ရွေးချယ်ခဲ့တာ။ဈေးရောင်းရင်း တစ်ဖက်နဲ့ အင်္ဂလိပ်စာကို ကြိုးစားသင်ယူနေခဲ့တာ ။ သူ့ရည်ရွယ်ချက်က ဝင်ငွေများများရမဲ့နိုင်ငံရပ်ခြားမှာ အလုပ်သွားလုပ်ဖို့ပဲ။ပြောရရင်ညစ်ပတ်နံစော်နေတဲ့ ဘ၀ကြီးထဲကနေ အပြီးအပိုင်ရုန်းထွက်နိုင်ဖို့အတွက် ကြိုးစားနေခဲ့တာ။ မနက်စောစောမှာ ကားကြိုကားကြားမှာ ပန်းရောင်းတဲ့
#ပန်းတွေပွင့်ချိန်
(အခန်းဆက်ဝတ္ထု)
အပိုင်း(၅)
akyiphyu
*******
အဖေခေါ်လာခဲ့တဲ့ နေရာသစ်ဆိုတာက ရန်ကုန်မြို့တဲ့။ရန်ကုန်ဆိုပေမဲ့ ဟန်လင်းသန့် ကြည့်ဖူးနေတဲ့ ရုပ်ရှင်တွေထဲကလို နေရာမျိုးတွေမဟုတ်ဘူး။အိမ်လေးတွေက တစ်လုံးနဲ့ တစ်လုံးကပ်ညပ်နေတာပဲ။ ဟိုဘက်အိမ်ကစကားပြောရင် ဒီဘက်အိမ်ကကြားရတယ်။လမ်းတွေဆိုတာ လမ်းရယ်လို့တောင် ပီပီပြင်ပြင်မရှိဘဲ လူနှစ်ယောက်သွားသာရုံ လမ်းကျဉ်းလေးတွေ။
"ဟေ့ကောင် လင်းသန့် ...ဒီမှာ တွေ့လား...ဒီအိမ်ကငါတို့နေရမဲ့ အိမ်ပဲ ... ဘယ်အမျိုးနဲ့မှမနီးလို့ ..... ဘယ်သူနဲ့မှ စကားပြောစရာမလိုတော့ဘူးကွ....အေး...မင်းရောငါရော ဈေးရောင်းစားကြမယ် ..."
အဖေပြတဲ့အိမ်စုတ်လေးကိုကြည့်ပြီး ဟန်လင်းသန့် အံ့ဩမင်သက်နေမိတယ်။ပဲခူးက သူ့တို့အိမ်ရဲ့ မီးဖိုချောင်လောက်တောင် မကျယ်တဲ့အိမ်လေး။ ပြီးတော့ လမ်းဘေးကအကြော်တဲလောက်တောင် သပ်သပ်ရပ်ရပ်သန့်သန့်ရှင်းရှင်းမရှိဘူး။ခိုင်ခန့်ပုံလဲမရဘူး။တွေ့မြင်နေရသလောက်တော့ လူနေအိမ်တွေနဲ့တောင်မတူဘဲ ဝက်ခြံကြက်ခြံတွေနဲ့တူနေခဲ့တယ်။ ဒီလိုအိမ်မှာနေရမယ်ဆိုတာမျိုး ဟန်လင်းသန့်နည်းနည်းလေးတောင်မှမတွေးထားခဲ့မိဘူး။
"ဟေ့ကောင် လာလေ..ဘာကြောင်ကြည့်နေတာလဲ....ဘာလဲ မင်းမိထွေးနဲ့ပထွေးကို တမ်းတနေတာလား...တမ်းတနေရင်လဲ ထွက်သွာလိုက်ဟေ့ကောင် ... ဝေလင်းတို့က ဘယ်သူ့ကိုမှမဆွဲထားဘူးကွ "
ရပ်ကွက်ထဲစပြီး ဝင်လာခဲ့ကတည်းက အရက်ဆိုင်ကို အရင်ဝင်ခဲ့တဲ့အဖေက အရှိန်နည်းနည်းရနေခဲ့ပြီ။ခြံစည်းရိုးလဲမရှိသလို လမ်းမပေါ်မေးတင်ပြီးယိုင်ရဲ့ရဲ့ဆောက်ထားတဲ့တဲစုတ်လေးပေါ်ကို ဟန်လင်းသန့်မရဲတရဲလှမ်းတက်လိုက်တယ်။
" ဂျွတ် "
ခပ်ဆွေးဆွေးဖြစ်နေတဲ့ဝါးကြမ်းခင်းက ဟန်လင်းသန့်နင်းလိုက်တဲ့အရှိန်ကြောင့် ဂျွတ်ခနဲအသံမြည်သွားခဲ့တယ်။
" ဟေ့ကောင် ဖြည်းဖြည်းတက်စမ်း.. ဒါ ငါတို့အပိုင်မဟုတ်ဘူးကွ...ငှါးထားတဲ့အိမ်ဟ "
အဖေ့ရဲ့အော်ငေါက်သံကြောင့် ဟန်လင်းသန့်ကိုယ့်အရှိန်ကိုယ်မနည်းပြန်ထိန်းလိုက်ရတယ်။အိမ်ပေါ်ကိုရောက်တဲ့အခါမှာတော့ အိမ်ထဲကအခြေအနေက အိမ်ပြင်ထက်တောင်ဆိုးနေတာကို တွေ့လိုက်ရတယ်။ခေါင်းမိုးက တာလပတ်စကြီးမိုးထားးပြီး ဇကာပေါက်နဲ့နင်လားငါလားပဲ။ကာရံထားတဲ့ဝါးထရံတွေကလဲ ကျိုးပဲ့ပျက်စီးနေပြီး အပေါက်အပြဲတွေချည်းပဲ။ခင်းထားတဲ့ကြမ်းခင်းက အပေါက်တွေပြည့်နေပြီး အိမ်အောက်ကကြွပ်ကြွပ်အိတ်နဲ့ဘူးစုတ်ခွက်စုတ်အမှိုက်ပေါင်းစုံကိုပါမြင်နေရတယ်။အနံ့တွေကလဲ ဘာနံ့တွေမှန်းမသိနိုင်အောင်ကိုအနံ့ပေါင်းစုံရောထွေးပြီးနံစော်နေခဲ့တယ်။အိမ်ရဲ့အကျယ်ကလဲ သူ့အိမ်ခန်းတစ်ခန်းစာတောင်မရှိဘူး။အိမ်ပေါ်တက်လိုက်တာနဲ့အိပ်ရာဖြစ်ပြီး ဟိုဘက်ကိုမျက်နှာလှည့်လိုက်တာနဲ့ ထမင်းချက်တဲ့နေရာဖြစ်တယ်။ဒါဟာလူနေတဲ့အိမ်ရော ဟုတ်ရဲ့လားလို့ ဟန်လင်းသန့်တွေးနေမိတယ်။လူတွေဟာ တိရစ္ဆာန်သာသာလောက်သာနေနေနေရတဲ့အနေအထားကြောင့် ဟန်လင်းသန့်မယုံကြည်နိုင်ဘဲ ထိတ်လန့်တုန်လှုပ်နေမိတယ်။
" ထိုင်လေ ကောင်လေး...မင်းရဲ့သားကလူချောပဲကွ ဝေလင်းရ....အသက်ကဘယ်လောက်ရှိပြီလဲ...အရပ်ကြီးကလဲမြင့်လှချည်လား"
အသံကိုကြားလိုက်ရမှပဲ အိမ်နောက်ဖေးအပေါက်ဝမှာရပ်နေတဲ့လူကို ဟန်လင်းသန့်မြင်လိုက်ရတယ်။အသားညိုညိုပိန်ပိန်ပါးပါးလူပုံစံက ကြည့်ရတာအဖေ့လိုပဲ ရီဝေဝေမျက်လုံးတွေနဲ့လေ။
" မင်းတို့သားအဖနှစ်ယောက်ကတော့ ကောင်းကောင်းနေလို့ရပါတယ်ကွာ..ငါတို့အခန်းဆိုရင် ငါးယောက်နေကြတာကွ...ငါရယ်ငါ့မိန်းမရယ်..ငါ့ယောက္ခမကြီးရယ်ငါ့ကလေးနှစ်ယောက်ရယ်လေ....နေ့လယ်နေ့ခင်းဆိုရင် တစ်မိသားစုလုံးလမ်းပေါ်မှာပဲ နေကြတယ်..ညရောက်မှဖြစ်သလိုတက်အိပ်လိုက်ကြတာပဲ....မင်းတို့သားအဖကတော့ အေးအေးဆေးဆေးနေလို့ရလောက်ပါတယ် "
" ရတယ်ကျော်သိန်းရေ...ငါတို့နေတတ်တယ် ...ငါ့သားကိုဈေးဆိုင်နေရာလေး ဘာလေး ပြောပြလိုက်စမ်းပါအုံး...အလုပ်ကတော့ နောက်ရက်မှစမယ်ကွာ...ဒီနေ့တော့ အမောအပန်းဖြေလိုက်အုံးမယ်...လင်းသန့်သွားစမ်း ...တစ်ပုလင်းသွားဝယ်ပေးစမ်း...အလာတုန်းက ငါဝင်သောက်ခဲ့တဲ့ဆိုင်ကိုမှတ်မိတယ်မဟုတ်လား..ရော့..ဒီမှာပိုက်ဆံ မင်းစားဖို့တစ်ခုခုဝယ်ခဲ့လိုက်...မြန်မြန်လာနော်..ကျော်သိန်းလာကွာသောက်ရအောင်..
~~~~~~~~~
ရန်ကုန်ရောက်ရောက်ချင်းမှာ ဟန်လင်းသန့်ပထမဆုံးလုပ်ရတဲ့အလုပ်က အရက်ဆိုင်ရှာရတာပါ။အရက်ထွက်ဝယ်ရင်း လမ်းတစ်လျှောက်မှာ တွေ့ရတဲ့အိမ်လေးတွေကို ဟန်လင်းသန့်အံ့ဩတကြီးနဲ့ကြည့်သွားမိတယ်။တွေ့မြင်ရသမျှလမ်းတွေအိမ်တွေဟာ လူတွေနေတဲ့နေရာတွေမှ ဟုတ်ရဲ့လားလို့ထင်ချင်စရာတွေ။အိမ်တိုင်းလိုလိုတာလပတ်အစုတ်တွေကိုပဲ မိုးထားကြတာများတယ်။လူတွေကလဲ ကိုယ်အိမ်ထဲမှာမနေကြဘဲ လူကြီးလူငယ်ကလေးပါမကျန်အားလုံးလိုလို လမ်းပေါ်မှာထွက်နေနေကြတယ်။လမ်းလျှောက်ရင်လဲ ရှောင်လို့မလွှတ်ချင်ဘူး။ဘယ်သူမှလဲလမ်းဖယ်ပေးတယ်မရှိကြဘူး။ဒီလိုပဲတိုးတိုးတိုက်တိုက်နဲ့သွားလာနေကြတယ်။လမ်းဆိုတာကလဲ ဟန်လင်းသန့်တို့နေရာမှာလိုမျိုး သဲလမ်းတွေမြေလမ်းတွေမဟုတ်ဘဲ မည်းမည်းညစ်ညစ်လမ်းတွေ။လမ်းပေါ်မှာလဲ မုန့်အိတ်ခွံအမှိုက်တွေနဲ့ညစ်ပတ်နေတာပဲ။လမ်းဘေးတချို့နေရာတွေမှာ ရေမြောင်းတွေရှိပြီး တချို့နေရာတွေမှာက ရေမြောင်းတွေကိုခွပြီးနေအိမ်တွေဆောက်ထားကြတော့ ရေပုပ်ရေဆိုးတွေကလဲ
