OCTOPUS (ရေဘဝဲ) 🐙
Відкрити в Telegram
ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) https://www.facebook.com/octopusyangon?mibextid=ZbWKwL
Показати більше4 971
Підписники
-424 години
-297 днів
-9930 днів
Триває завантаження даних...
Схожі канали
Хмара тегів
Немає даних
Виникли проблеми? Будь ласка, оновіть сторінку або зверніться до нашого support-менеджера.
Вхідні та вихідні згадування
---
---
---
---
---
---
Залучення підписників
вересень '26
вересень '26
+6
в 0 каналах
серпень '26
+21
в 8 каналах
Get PRO
липень '26
+39
в 3 каналах
Get PRO
червень '26
+19
в 8 каналах
Get PRO
травень '26
+9
в 0 каналах
Get PRO
квітень '26
+18
в 2 каналах
Get PRO
березень '26
+11
в 0 каналах
Get PRO
лютий '26
+9
в 5 каналах
Get PRO
січень '26
+80
в 2 каналах
Get PRO
грудень '25
+45
в 8 каналах
Get PRO
листопад '25
+26
в 2 каналах
Get PRO
жовтень '25
+66
в 7 каналах
Get PRO
вересень '25
+43
в 2 каналах
Get PRO
серпень '25
+27
в 0 каналах
Get PRO
липень '25
+29
в 7 каналах
Get PRO
червень '25
+116
в 6 каналах
Get PRO
травень '25
+38
в 5 каналах
Get PRO
квітень '25
+524
в 5 каналах
Get PRO
березень '25
+205
в 9 каналах
Get PRO
лютий '25
+119
в 5 каналах
Get PRO
січень '25
+51
в 1 каналах
Get PRO
грудень '24
+78
в 5 каналах
Get PRO
листопад '24
+74
в 5 каналах
Get PRO
жовтень '24
+733
в 5 каналах
Get PRO
вересень '24
+158
в 4 каналах
Get PRO
серпень '24
+376
в 18 каналах
Get PRO
липень '24
+194
в 7 каналах
Get PRO
червень '24
+172
в 8 каналах
Get PRO
травень '24
+346
в 11 каналах
Get PRO
квітень '24
+199
в 17 каналах
Get PRO
березень '24
+173
в 11 каналах
Get PRO
лютий '24
+558
в 20 каналах
Get PRO
січень '24
+240
в 24 каналах
Get PRO
грудень '23
+308
в 9 каналах
Get PRO
листопад '23
+858
в 25 каналах
Get PRO
жовтень '23
+257
в 17 каналах
Get PRO
вересень '23
+386
в 0 каналах
Get PRO
серпень '23
+1 056
в 0 каналах
Get PRO
липень '23
+75
в 0 каналах
Get PRO
червень '23
+29
в 0 каналах
Get PRO
травень '23
+47
в 0 каналах
Get PRO
квітень '23
+85
в 0 каналах
Get PRO
березень '23
+61
в 0 каналах
Get PRO
лютий '23
+33
в 0 каналах
Get PRO
січень '23
+56
в 0 каналах
Get PRO
грудень '22
+38
в 0 каналах
Get PRO
листопад '22
+36
в 0 каналах
Get PRO
жовтень '22
+50
в 0 каналах
Get PRO
вересень '22
+111
в 0 каналах
Get PRO
серпень '22
+87
в 0 каналах
Get PRO
липень '22
+193
в 0 каналах
Get PRO
червень '22
+164
в 0 каналах
Get PRO
травень '22
+126
в 0 каналах
Get PRO
квітень '22
+421
в 0 каналах
Get PRO
березень '22
+741
в 0 каналах
Get PRO
лютий '22
+334
в 0 каналах
Get PRO
січень '22
+289
в 0 каналах
Get PRO
грудень '21
+238
в 0 каналах
Get PRO
листопад '21
+428
в 0 каналах
Get PRO
жовтень '21
+727
в 0 каналах
| Дата | Залучення підписників | Згадування | Канали | |
| 05 вересня | 0 | |||
| 04 вересня | +1 | |||
| 03 вересня | +1 | |||
| 02 вересня | +1 | |||
| 01 вересня | +3 |
Дописи каналу
| 2 | "ကိုကြီး နောက်လအတွက် အိမ်ငှားခ ဘယ်လိုပေးမလဲ"
Zoom အစည်းအဝေးပွဲအတွင်း
ရဲဘော်တစ်ဦး၏ အမေးကို ကျွန်တော် ချက်ချင်းပြန်မဖြေဖြစ်။
အဖွဲ့အစည်း ရန်ပုံငွေ အနုတ်ပြနေသည်မှာ လွန်ခဲ့သည့် ရှစ်လခန့်ကပင်။ လက်ချိုးရေလို့ရသည့် အမာခံဝန်းရံသူတချို့နှင့် ဆရာသမားတို့၏ ကူညီမှုဖြင့် အိမ်ငှားခနှင့် ဝမ်းရေးကို ကျားကန်ထားရသည်။
မိမိနေထိုင်သော မြို့နယ်မှာ အခြေခံလူတန်းစားအများစု နေထိုင်သော မြို့နယ်ဖြစ်သည့်အတွက် အိမ်ငှားခမှာ တခြားမြို့နယ်များလောက် မကြီး။ ထမင်းဆိုင်၊ အသုပ်ဆိုင်ကလေးများ၏ ဈေးနှုန်းမှာလည်း အသင့်သင့်။ ဟင်းတစ်ပွဲ ၁၀၀၀/၁၅၀၀၊ ထမင်းတစ်ထုပ် ၅၀၀ မို့ အဆင်ပြေသည်။ သို့ရာတွင် မနက်စာနှင့် နေ့လည်စာ ပေါင်းစားရသည့်ရက်များက ပို၍ များနေသည်။
'ရေဘဝဲ' ဆိုပြီး အစပြုခဲ့စဉ်ကတည်းက စည်းကမ်းတွေကို စိတ်ထဲက ပြန်ရေတွက်နေမိသည်။
ငွေကြေး၊ မူးယစ်ဆေး၊ လူမှုရေး၊ ပွဲ... ပုံရိပ်ထိခိုက်မည့် အရှုပ်အရှင်းမှန်သမျှ ကင်းရှင်းရမည်။
ကျွန်တော်မှ -
"ငွေကြေးနဲ့ ပတ်သက်ရင် တို့အဖွဲ့ ဘယ်လို ရပ်တည်ခဲ့လဲ ရဲဘော်တို့ အသိဆုံးပါ။ ဒီလိုအချိန်မှာ ငါတို့ လက်ထဲမှာ ပိုလျှံနေတဲ့ ဘာဘတ်ဂျက်မှ မရှိဘူးဆိုတာလည်း..."
စကားကို ဆက်မပြောဘဲ ခဏရပ်လိုက်မိသည်။ သက်ပြင်းတစ်ချက်ကို အသံမထွက်အောင် မြိုချရင်း လေသံကို ပြန်ထိန်းလိုက်ရ၏။
လွန်ခဲ့သောနှစ်များက နာမည်ကြီး ထောက်ပို့တစ်ဦးနှင့် တေးသံရှင်တစ်ဦးမှ အဖွဲ့အစည်းထံ ထောက်ပို့ရန် ဆက်သွယ်ခဲ့ဖူးသည်။ ထိုစဉ်က မိမိတို့ ရန်ပုံငွေမှာ လုံလောက်နေသည်က တစ်ကြောင်း၊ နိုင်ငံရေးနှင့် မြေပြင်အခြေအနေအရ တွန်းလှန်စစ်နှင့် စစ်ဘေးရှောင်များမှာ မိမိတို့ လက်နက်မဲ့ မြေအောက် နိုင်ငံရေး သပိတ်အဖွဲ့အစည်းများထက် အရေးကြီးသည်က တစ်ကြောင်း၊ ထိုအကြောင်းတရားများကြောင့် ၎င်းတို့ ထောက်ပို့သော များပြားသည့် ငွေပမာဏကို လက်မခံခဲ့။
"ဟုတ်ကဲ့ပါ ကိုကြီး၊ အခုက ညီမတို့တင် မဟုတ်ဘဲ မြို့ပြအဖွဲ့တွေ အကုန်လုံးလိုလို ထောက်ပံ့မှုတွေ ရပ်နားခံထားရပြီး စားသောက်နေထိုင်ရေး အခက်အခဲတွေ ဖြစ်နေကြတယ်လို့ ကြားသိရပါတယ်ရှင်"
ရဲဘော်ပြောသည်မှာ မှန်၏။ ရန်ကုန်သပိတ်အဖွဲ့အစည်းများအတွင်း ရုံးတက်ရုံးဆင်း အလုပ်လုပ်၍ရသော ရဲဘော်များရှိသလို၊ အမည်ပေါက်ထား၍ အွန်လိုင်းကသာ အလုပ်လုပ်ကြရသော ရဲဘော်များလည်း ရှိသည်။ သို့ရာတွင် ထိုလစာများနှင့် ကျပ်တည်းလာသော အခြေအနေများကို ဖြေရှင်းရန် မလွယ်ကူပေ။
"ကိုကြီး ပြောချင်တာကတော့ ဒီလိုအခြေအနေမှာ ငါတို့ကို ထောက်ပံ့မှု အားနည်းသွားလို့ဆိုပြီး လူထုကို အပြစ်မမြင်စေချင်ဘူး။ အခု ကုန်ဈေးနှုန်းအခြေအနေတွေ၊ ပေါ်တာဆွဲနေတဲ့ အခြေအနေတွေနဲ့ ဘယ်လိုတွေ ရင်ဆိုင်နေကြရလဲ ကိုကြီးတို့ မျက်မြင်ပဲ မဟုတ်လား"
"စိတ်ချပါ ကိုကြီး၊ လူထုကိုတော့ စိတ်နဲ့တောင် မပြစ်မှားပါဘူး။ ညီမတို့စားစရာ၊ သုံးစရာမရှိလို့ စိတ်ဓာတ်ကျပေမဲ့ ယုံကြည်မှုနဲ့ ရည်ရွယ်ချက်ကတော့ နည်းနည်းမှ မကျပါဘူး ကိုကြီး"
အစည်းအဝေးကို နောက်လုပ်မည့် လှုပ်ရှားမှုအတွက် စနစ်တကျ တိုင်ပင်ပြီး ရပ်နားလိုက်သည်။သို့သော် အစည်းအဝေးတွင် ရဲဘော်တစ်ဦး၏ -
"ကိုကြီး နောက်လအတွက် အိမ်ငှားခ ဘယ်လိုပေးမလဲ" ဆိုသည့် အမေးကို ပြန်မဖြေဖြစ်ခဲ့...
- ကိုရေဘဝဲ
ရေဘဝဲ ဖေ့စ်ဘုတ် - https://www.facebook.com/octopusyangon?mibextid=ZbWKwL
ရေဘဝဲ တယ်လီဂရမ် - https://t.me/CTOPUSMYANMAR
#ရန်ကုန် #သပိတ်
#OCTOPUS #ရေဘဝဲ | 471 |
| 3 | 🚨 | 1 187 |
| 4 | 💙ကမာရွတ် အထက (၅) ကျောင်းရှေ့၌ ရှစ်လေးလုံးလှုပ်ရှားမှု ပြုလုပ် (ရုပ်သံ)
၈၈၈၈ ဒီမိုကရေစီအရေးတော်ပုံကြီး (၃၈) နှစ်မြောက် အထိမ်းအမှတ် လှုပ်ရှားမှုအဖြစ် ကိုညီညီအောင်ထက်နိုင် ကျဆုံးခဲ့သည့် ကမာရွတ်မြို့နယ်၊ အထက (၅) ကျောင်းရှေ့တွင် "ရေဘဝဲ" (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) မှ "8888" ဘန်နာစာတန်း ကိုင်ဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။
တပါတီအာဏာရှင်စနစ် ဖျက်သိမ်းရေးနှင့် ပါတီစုံဒီမိုကရေစီစနစ် ပေါ်ထွန်းရေး စသည့် နိုင်ငံရေးကြွေးကြော်သံများနှင့်အတူ အကြမ်းဖက် ဖိနှိပ်၊ ဖြိုခွင်း၊ သတ်ဖြတ်မှုများကြားမှ တစ်ပါတီအာဏာရှင်အစိုးရကို ဖြုတ်ချနိုင်ခဲ့ခြင်းသည် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီး၏ နိုင်ငံရေးအောင်မြင်မှု မှတ်တိုင်တစ်ခုဟု ဆိုရမည်ဖြစ်သည်။ ထို့အတူ ၁၉၆၂ ခုနှစ်မှ စတင်ခဲ့သော စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ခရီးကြမ်းပေါ်တွင် လျှောက်လှမ်းခဲ့ကြသည့် အရေးတော်ပုံခြေလှမ်းများသည် ယခု ၂၀၂၁ နွေဦးတော်လှန်ရေးတွင် အောင်မြင်မှုပန်းတိုင်သို့ ရောက်ရှိရန် နီးကပ်နေပြီ ဖြစ်သည်။
မိမိတို့အနေဖြင့် ခေတ်အဆက်ဆက် ဖြတ်သန်းခဲ့ကြသော အရေးတော်ပုံတပ်သားများ၏ အတွေ့အကြုံကောင်းများနှင့် ခေတ်ဝန်ကိုထမ်း၍ ခေတ်လမ်းကို လျှောက်လှမ်းနေကြသည့် နွေဦးတော်လှန်ရေးရဲဘော်များ၏ အတွေးအမြင်သစ်များကို ပေါင်းစပ်ကာ၊ တော်လှန်ရေးတိုက်ပွဲ နည်းနာမျိုးစုံဖြင့် ဟန်ချက်ညီညီ လှုပ်ရှားနေကြသော အလွှာအသီးသီး၊ ဒေသအသီးသီးမှ တော်လှန်ရေးရဲဘော်များနှင့်အတူ မပြီးဆုံးသေးသည့် အရေးတော်ပုံတာဝန်များကို ကျရာကဏ္ဍမှ သမိုင်းထမ်းရွက်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုအပ်ပါသည်။
အရေးတော်ပုံ အောင်ရမည်။
ရေဘဝဲ ဖေ့စ်ဘုတ် - https://www.facebook.com/octopusyangon?mibextid=ZbWKwL
ရေဘဝဲ တယ်လီဂရမ် - https://t.me/CTOPUSMYANMAR
#ရှစ်လေးလုံး #၈၈၈၈ #8888
#OCTOPUS #ရေဘဝဲ | 8 914 |
| 5 | နိုင်ငံတော် အကြည်ဓါတ် ✅
#AungSanSuuKyi #အောင်ဆန်းစုကြည်
#OCTOPUS #ရေဘဝဲ | 1 626 |
| 6 | မိသားစုပိုင် ရွှေလုပ်ငန်းရှိသည့် မြန်မာနိုင်ငံမှ ထွက်ပြေးရန် စိတ်မဝင်စားကြောင်း Sweet ဟု လူသိများသည့် မေနွယ်ထွန်းက ပြောသည်။ သူမ၏ သူငယ်ချင်းအများစုမှာ ပြည်ပတွင် ပိုမိုလုံခြုံသော ဘဝကို ရရှိရန် ထွက်ခွာသွားခဲ့ကြပြီဖြစ်သော်လည်း ဤနေရာသည်သာလျှင် စည်ကားသော လက်ဖက်ရည်ဆိုင်များနှင့် စေတီပုထိုးများရှိသည့် အိမ်ဖြစ်သည်ဟု ဆိုသည်။
“ငါတို့ ပျော်ပျော်နေရမယ်လေ၊ ဘေဘီ၊ ကိုယ်ချစ်တဲ့ နိုင်ငံမှာ ဆက်နေချင်တယ်ရင် အကောင်းဆုံး ကြိုးစားကြလေ”ဟု မေနွယ်ထွန်းက ပြောသည်။ သူမသည် ယခုအခါ နိုင်ငံတကာကျောင်းသားအများစု လက်လွတ်ဆုံးရှုံးသွားခဲ့ပြီဖြစ်သော International ကျောင်းတစ်ကျောင်းတွင် တက်ရောက်နေသည့် ဆယ်ကျော်သက်သားအတွက် မွေးနေ့ပါတီပွဲတစ်ခုကို ကျင်းပနေသည်။ ဘတ်စကက်ဘောပုံစံ ကိတ်မုန့်တစ်လုံးနှင့် Transgender များ ပါဝင်သည့် ဖျော်ဖြေရေးအဖွဲ့တစ်ဖွဲ့လည်း ရှိနေခဲ့သည်။
ယင်းပါတီပွဲ၏ အထက်နား၊ မည်းမှောင်နေသော ကောင်းကင်ယံတွင် အရပ်သားများကို လေကြောင်းတိုက်ခိုက်ရန် တိုက်လေယာဉ်များ ဟိန်းထွက်ပျံသန်းသွားခဲ့ကြသည်။ မန္တလေးမြို့တဖက်မြစ်ကမ်းနားတွင် ဗုံးကြဲတိုက်ခိုက်မှု စစ်ဆင်ရေးများ၏ တဒိန်းဒိန်းမြည်သံများလည်း ညဉ့်ယံတွင် ပဲ့တင်ထပ်နေသည်။
ရန်ကုန်မြို့သို့ ပြန်ရောက်သောအခါ ယုန်လေး၏ချစ်သူ အဆိုတော်မိန်းကလေးမှာ Pioneer Plus တွင် အရက်တခွက်ပြီး တခွက် သောက်နေခဲ့သည်။ စစ်တပ်နှင့် တိုက်ခိုက်နေသည့် အင်အားကြီး လက်နက်ကိုင်တပ်ဖွဲ့တစ်ခုမှ အဖွဲ့ဝင်ဖြစ်သည့် သူမသည် စစ်အုပ်စုနှင့်ရင်းနှီးသော ဂီတပညာရှင်တစ်ဦးနှင့် တွဲနေခြင်းကြောင့် သစ္စာဖောက်အဖြစ် ပစ်မှတ်ထားခံရမည်ကို စိုးရိမ်နေသည်။
သူမ၏အမည်ကို ဖော်ပြခြင်းမပြုရန် The New York Times သတင်းဌာနကို တောင်းဆိုခဲ့သည်။ “အပြင်ကလူတွေက စစ်တပ်က သတ်တယ်ဆိုတာကိုပဲ သိကြတယ်။ ဘက်တစ်ဘက်တည်းကိုပဲ သိကြတယ်” ဟု သူမက ဆိုသည်။ “ကျွန်မက စီးပွါးရေးသမားတို့၊ နိုင်ငံရေးသမားတို့ မဟုတ်ဘဲ အနုပညာရှင် တစ်ယောက်ပဲ ဖြစ်ချင်တာပါ”ဟု ပြောသည်။
မူးယစ်ယိုင်နဲ့နေသည့် ခြေလှမ်းများနှင့်အတူ သူမ မတ်တပ်ရပ်လိုက်သည်။ သူမ၏ သူငယ်ချင်းများက သူမကို ထိန်းပြီး လက်ချင်းချိတ်ထားလိုက်ကြသည်။ “ကကြရအောင်၊ အရာရာကို မေ့ပစ်လိုက်ကြရအောင်။” ဟု အော်ဟစ်နေသည်။
ရေဘဝဲ ဖေ့စ်ဘုတ် - https://www.facebook.com/octopusyangon?mibextid=ZbWKwL
ရေဘဝဲ တယ်လီဂရမ် - https://t.me/OCTOPUSMYANMAR
#ယုန်လေး #ဆွိ
#OCTIPUS #ရေဘဝဲ #NewYorkTimes | 1 750 |
| 7 | ယုန်လေး နဲ့ ဆွိ New York Times မှာ ပါလာပြီ ❗️
သန်းခေါင်ကျော်အချိန်၊ စစ်ပွဲတစ်ခုအကြား DJ က လူအုပ်ကြီးကို မြူးကြွလာအောင် လှုံ့ဆော်နေသည်။ “ပါတီလုပ်ဖို့ အသင့်ပဲလား” ဟု သူက အော်လိုက်ပြီး ကြမ်းတမ်းသော စကားလုံးတစ်လုံးကိုပါ ထည့်ပြောလိုက်သည်။
စစ်ဒဏ်သင့် မြန်မာနိုင်ငံ၏ ဇိမ်အကျဆုံး နိုက်ကလပ်တစ်ခုဖြစ်သည့် Pioneer Plus တွင် ပျော်ပွဲစားများ အသင့်ဖြစ်နေကြလေပြီ။ DJ သည် ခရိုအေးရှားမှ အဝေးကြီး ခရီးနှင်လာခဲ့ရသူ ဖြစ်သည်။ ငယ်ရွယ်သော မိန်းကလေးများ စင်ပေါ်တွင် ခါးယမ်းကခုန်နေကြသည်။
Johnnie Walker အရက်များ ပေါပေါများများ ရှိသော်လည်း ငွေပေါများသူများ၏ ထုံးစံအတိုင်း Blue Label ကိုသာ သောက်သုံးကြသည်။ တစ်ညစာ သီးသန့်ဝိုင်းတခုအတွက် ကျသင့်ငွေမှာ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ရာပေါင်းများစွာ ရှိလေသည်။
နိုက်ကလပ်၏ အလင်းတန်းများအကြားတွင်ဖြစ်စေ၊ ရေချိုးခန်းထဲတွင် ဖြစ်စေ၊ Pioneer Plus ၏ ဖောက်သည်အချို့သည် ဗနီလာ သို့မဟုတ် စပျစ်အနံ့လေးများ သင်းနေသည့် အရောင်ဖျော့ဖျော့ ဆေးပြားများကို မျိုချလိုက်ကြသည်။ မူးယစ်ရာဇာအဖွဲ့အစည်းများ၏ အမည်များကို တံဆိပ်တပ်ထားသည့် မက်သ်ဖက်တမင်းနှင့် ကဖင်း ရောစပ်ထားသည့် ဆေးပြားများသည် နာရီပေါင်းများစွာကြာအောင် အာနိသင်ရှိနေတတ်သည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ရွေးကောက်ခံ အစိုးရကို စစ်တပ်က ဖြုတ်ချခဲ့ပြီးနောက် ငါးနှစ်အတွင်း ပြည်တွင်းစစ်ကြီးအတွင်းသို့ အလုံးစုံကျဆင်းသွားခဲ့သည့် မြန်မာနိုင်ငံတွင် စိတ်အပန်းဖြေအနားယူစရာနှင့် မူးယစ်ရူးသွပ်စရာတစ်ခုခုကို အသည်းအသန် လိုအပ်နေကြသူများ ရှိသည်။
နိုင်ငံ၏ထက်ဝက်ကျော်ကို စစ်မြေပြင်အဖြစ်သို့ ပြောင်းလဲပစ်ခဲ့သည့် ဤပဋိပက္ခဒဏ်မှ ကင်းလွတ်နေသူဟူ၍ မြန်မာနိုင်ငံတွင် တယောက်မှ မရှိပေ။ ယခုအခါ လူဦးရေ၏ ထက်ဝက်မှာ ဆင်းရဲမွဲတေနေပြီဖြစ်သည်။
ဒရုန်းများ၊ တိုက်လေယာဉ်များနှင့် မြေမြှုပ်မိုင်းများသည် အရပ်သားများဆီသို့ ကြောက်မက်ဖွယ်ရာများကို ယူဆောင်လာကြသည်။ စစ်မှုထမ်းဥပဒေမှာ အမျိုးသားရော အမျိုးသမီး နှစ်ဦးစလုံးအပေါ် သက်ရောက်နေသည်။ မြန်မာစစ်အစိုးရသည် ယခင် စစ်အုပ်ချုပ်ရေးများကဲ့သို့ပင် နိုင်ငံတကာ၏ အထီးကျန် အပယ်ခံရသူ တစ်ဦးဖြစ်လာပြန်သည်။
စစ်ပွဲကြားထဲတွင် ဘဝများကို ဆက်လက်ရှင်သန်နေကြသည်။ ပါတီပွဲကျင်းပတတ်သည့် အသိုက်အဝန်းကလည်း ပါတီပွဲများကို ဆက်လုပ်ကြမည်ဖြစ်ပြီး ၎င်းတို့၏ သုံးစွဲမှုပုံစံမှာလည်း ထင်ရှားပေါ်လွင်လှသည်။
အနောက်နိုင်ငံ အစိုးရများက စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်များနှင့် ၎င်းတို့၏ စီးပွားရေး မိတ်ဆွေ လက်နက်ကုန်သည်များ၊ မူးယစ်ရာဇာများ၊ သယံဇာတ သူဌေးကြီးများနှင့် တရုတ်စီးပွားရေးလုပ်ငန်းများ၏ ကြားခံလူများအပေါ် ချမှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့မှုများကြောင့် နယူးယောက်၊ ပါရီနှင့် လန်ဒန်မြို့များသို့ ဈေးဝယ်ထွက်ခြင်းများ ရပ်တန့်သွားဖွယ် ရှိသော်လည်း ဒူဘိုင်း၊ ရှန်ဟိုင်းနှင့် ဘန်ကောက်တို့ ရှိနေဆဲ မဟုတ်ပါလော။
ယုန်လေးသည် Pioneer Plus ၏ ပုံမှန်ဧည့်သည်တစ်ဦး ဖြစ်သည်။ သူသည် စစ်တပ်၏ ဂုဏ်ပြုပွဲများတွင် ပံ့ပိုးပေးတတ်သူ ဖြစ်သည်။ သူသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ချီးကျူးဂုဏ်ပြုထားသည့် တေးဂီတဗီဒီယိုတစ်ပုဒ်ကို တစ်ချိန်က ရိုက်ကူးခဲ့ဖူးသည်။
ယုန်လေး နိုက်ကလပ်ထဲသို့ ဝင်ရောက်လာသောအခါ လုံခြုံရေးများက သူ့ကို အဝတ်တခုနဲ့ အလုံပိတ်ကာထားကြသည်။ ဤကဲ့သို့ ဝန်းရံခြင်းမှာ For Show လုပ်ရန် မဟုတ်ပေ။ လက်နက်မဲ့ ဆန္ဒပြသူများကို စစ်တပ်က သတ်ဖြတ်ခြင်းကို ကန့်ကွက်ရမည့်အစား စစ်အုပ်စုဘက်မှ ရပ်တည်ခဲ့ကြသည့် အနုပညာရှင်အချို့သည် မြို့ပြပြောက်ကျားများ၏ ပစ်မှတ်များ ဖြစ်လာခဲ့၍ ဖြစ်သည်။
၂၀၂၃ တွင် ယုန်လေး၏ မိတ်ဆွေတစ်ဦးဖြစ်ပြီး ဗိုလ်ချုပ်များနှင့် ရင်းနှီးသည့် အဆိုတော် လီလီနိုင်ကျော်မှာ ရန်ကုန်မြို့တွင် ရှင်းလင်းခံခဲ့ရသည်။ ယင်းမတိုင်မီ လပိုင်းများတွင်လည်း ယုန်လေးမှာ ဓားကိုင်ထားသူတစ်ဦး၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ တစ်နှစ်အကြာတွင်မူ သူ၏ကားပေါ်တွင် ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။
“အဲဒီလူတွေက မင်းတို့က နာမည်ကြီးပြီး စစ်တပ်နဲ့ အဆက်အသွယ်ရှိရင် ငါတို့ သတ်လို့ရတယ်ဆိုတာကို ပြချင်ကြတာပါ” ဟု ယုန်လေးက New York Time ကို ပြောသည်ဃ “အပြင်ကနေ ကြည့်တဲ့သူတွေက ယုန်လေးလို လူတွေလည်း ဖိနှိပ်ခံနေရတယ်ဆိုတာကို မသိကြပါဘူး” လို့ သူက ပြောသည်။
ယခုအခါ ယုန်လေးသည် သူ၏ တည်ရှိမှုအပေါ် စိုးရိမ်ပူပန်မှုများဖြစ်လာနေသည်။ သူသည် ကိုယ်ရံတော်များနှင့်အတူ ခရီးသွားလာနေရသည်။ ယင်းစိတ်ဖိစီးမှုများကြောင့် နိုက်ကလပ်များတွင် စိတ်ကို လျှော့ချအပန်းဖြေရန် မဖြစ်မနေ လိုအပ်လာကြောင်း သူက ပြောကြားခဲ့သည်။ “ငါတို့ ပျော်ရွှင်ဖို့ နည်းလမ်းတွေ ရှာကို ရှာရမယ်လေ။ ဘာဖြစ်လို့ ငါတို့ရဲ့ ခေါင်းဆောင်တွေအားလုံးကို ချစ်ပြီး ငြိမ်းချမ်းစွာ မနေနိုင်ကြတာလဲ” ဟု မေးခွန်းထုတ်သည်။
ပြုပြင်ပြောင်းလဲရေးကာလများအတွင်း ဆောက်လုပ်ရေးအသစ်များနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ၊ စီးပွါးရေးနဲ့ အင်္ဂလိပ်စာသင်တန်း ကြော်ငြာများဖြင့် စည်ကားလှုပ်ရှားနေခဲ့သော ရန်ကုန်မြို့သည် ယခုအခါ ယိုယွင်းပျက်စီးနေသည့် အခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
အနောက်နိုင်ငံ စီးပွါးရေးလုပ်ငန်း အများစု ထွက်ခွာသွားကြပြီဖြစ်ပြီး အမေရိကန်အချိုရည်များနှင့် ဂျာမန်ဆီဒန်ကားများကို ပြသခဲ့သော ဘီလ်ဘုတ်ကြော်ငြာကြီးများနေရာတွင် ပြည်တွင်းထုတ် ကော်ဖီမစ်များနှင့် ရေချိုးခန်းပိုက်လိုင်းကြော်ငြာများကိုသာ ပြသထားကြတော့သည်။
သို့သော်လည်း အခြေအနေများကို မျက်စိမှိတ်ထားကြသည့် ရေပေါ်ဆီ အသိုက်အဝန်းကမူ ရန်ကုန်မြို့ရှိ ဘဝသည် အာဏာသိမ်းပြီးခေတ်တွင်လည်း အရင်ကနှင့် ကြီးကြီးမားမား မကွာခြားကြောင်း ဟန်ဆောင်ယူဆနေကြသည်။
မင်းအောင်လှိုင်၏ သား ပိုင်ဆိုင်မှုအချို့ ပါဝင်သည့် The Yangon Restaurant တွင် ဥရောပဆန်ဆန် ခမ်းနားလှပ စည်ကားနေသည်။ ကြိုတင်မှာယူထားပါက စင်ကာပူနိုင်ငံမှ ဝိုင်ကျွမ်းကျင်သူတစ်ဦးကိုပါ လေယာဉ်ဖြင့် ခေါ်ယူနိုင်သည်ဟု စားသောက်ဆိုင်မန်နေဂျာက ပြောသည်။
အသက် ၃၆ အရွယ် ခရစ္စတီးနားလင်းနှင့် ခင်ပွန်းဖြစ်သူ အသက် ၃၈ အရွယ်ရှိ ကိုသူရိန်ကျော်မိုးတို့သည် ၎င်းတို့၏ ဆိုရှယ်မီဒီယာမှတစ်ဆင့် ရန်ကုန်မြို့သာမက မော်လဒိုက်နှင့် တရုတ်နိုင်ငံတို့တွင် နေထိုင်ကြသော သူတို့၏ တင့်တယ်ခမ်းနားလှသည့် လူနေမှုပုံစံများကို ကြွားဝါပြသလေ့ရှိကြသည်။
သားရေနှင့် ကတ္တီပါတို့ဖြင့် အရောင်ကိုက်ညီအောင် ဝတ်ဆင်ထားသည့် ဝတ်စုံများအပြင် Samsung၊ Carlsberg တို့ကဲ့သို့ အမှတ်တံဆိပ်များနှင့် ဖက်စပ်ထားသည့် အမှတ်တံဆိပ်ပေါင်း ၂၀၀ ကျော် ရှိသည်။
YouTube၊ Facebook နှင့် Instagram တို့တွင် ၎င်းတို့စုံတွဲသည် ပထမဆုံးရင်သွေးဖြစ်သော သမီးလေးအတွက် ပျော်ပွဲရွှင်ပွဲများနှင့် မင်းအောင်လှိုင်၏ မိသားစုနှင့် ရင်းနှီးသော အနုပညာရှင်များနှင့်အတူ ရိုက်ကူးထားသော ပုံများဖြင့် ကြည့်ရှုသူ သန်းပေါင်းများစွာကို ရရှိထားကြသည်။
“ကျွန်မတို့က အကောင်းမြင်ဖို့ အဓိကထားရတာကိုပဲ ကြိုက်တယ်။ အကောင်းမြင်တဲ့ စိတ်ခံစားချက်ပေါ့။ ကြည့်ရှုသူတွေအနေနဲ့ ကျွန်မတို့ရဲ့ ဗီဒီယိုတွေကို ကြည့်ပြီးတဲ့အခါမှာ စိတ်ချမ်းသာမှုကို ရစေချင်တာပါ။” ဟု ၄င်းက ဆိုသည်။
အာဏာသိမ်းပြီး ရက်ပိုင်းများအတွင်း ၄င်းတို့သည် စစ်တပ်၏ ဝင်ရောက်စွက်ဖက်မှုကို ဆန့်ကျင်ရန် ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြခဲ့ကြသည့် ဆန္ဒပြသူများနှင့်အတူ ပူးပေါင်းခဲ့ကြသည့် ပုံများကို ဆိုရှယ်မီဒီယာတွင် တင်ခဲ့သည်။
ဖယ်ရှားခံခဲ့ရသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန်အတွက် လူဦးရေသန်းပေါင်းများစွာသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လမ်းမများပေါ်သို့ ထွက်လာခဲ့ကြသည်။ သီတင်းပတ်အနည်းငယ်အတွင်းမှာပင် စစ်တပ်က ကလေးငယ်များအပါအဝင် ဆန္ဒပြသူများကို ကျည်ဆန်ဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်းနှင့် ထောင်သွင်းအကျဉ်းချခြင်းများ စတင်ပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံ နယ်စပ်ဒေသများရှိ မိုးသစ်တောများတွင် လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ စုစည်းလာကြသည်။ အနုပညာရှင်များနှင့် Influencers များက စစ်တပ်၏ သတ်ဖြတ်ဖိနှိပ်ဖြိုခွင်းမှုကို ရှုတ်ချခဲ့ကြသည်။
၎င်းတို့စုံတွဲသည် တော်လှန်ရေး၏ လက်သုံးချောင်းထောင် လက်ဟန်ဖြင့် “အိမ်ပြန်လာနိုင်တော့မည်မဟုတ်သော အာဇာနည်များကို” အမှတ်ရစေသည့် ပုံစံကို Facebook တွင် တင်ခဲ့သည်။ ထို့နောက်တွင် ထိုစုံတွဲမှာ တိတ်ဆိတ်သွားခဲ့သည်။
မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်ကြီး မီးဟုန်းဟုန်းတောက်လာပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ် အစောပိုင်းတွင် မလင်းနှင့် ကိုသူရိန်ကျော်မိုးတို့သည် နီရဲရဲဝတ်စုံများကို ဝတ်ဆင်ကာ လက်ထပ်နှစ်ပတ်လည်နေ့ကို ကျင်းပခဲ့ကြသည်။
ထိုအချိန်မှစ၍ အိမ်ခြံမြေ၊ စက္ကူ၊ တင်သွင်းလာသော မော်တော်ယာဉ်များနှင့် အအေးခန်းလုပ်ငန်းများဖြင့် ချမ်းသာကြွယ်ဝလာခဲ့ကြသော ဤစုံတွဲသည် နိုင်ငံရေးကို ရှောင်ရှားခဲ့ကြပြီး ဇိမ်ခံကားများနှင့် ပစ္စည်းများအကြောင်းကိုသာ တခမ်းတနား ချီးကျူးရေးသားခဲ့ကြသည်။
ထိုစုံတွဲသည် မြို့ပေါ်မှ ပြင်သစ်စားသောက်ဆိုင်ရှိ အကောင်းဆုံး ဟင်းလျာများကို ချီးကျူးကြသည်။ Blue အမည်ရှိ ပြင်သစ်ခွေးလေးအပြင် ၎င်းတို့၏ ကလေးငယ်နှစ်ဦးကို အထူးအလေးထား ဂရုစိုက်ကြသည်။ “ဖြစ်တာတွေက ဖြစ်သွားပြီ” ဟု မစ္စလင်းက ပြောဆိုခဲ့သည်။
သူမက လက်ရှိအခြေအနေသည် “မှောင်မိုက်နေသည်” ဟု ဝန်ခံခဲ့သော်လည်း အမှန်တော့ လျှပ်စစ်မီး မမှန်သည်ကို ဆိုလိုခြင်းဖြစ်သည်။ “ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ လူတွေက ပုံမှန်အတိုင်း အလုပ်သွားကြတယ်၊ ပုံမှန်အတိုင်း ကျောင်းသွားကြတယ်လေ။” လို့ ထပ်ပြောသည်။
၎င်းတို့၏ သာမန်ပို့စ်များပင်လျှင် ကြည့်ရှုသူပမာဏ အများအပြားကို ဆွဲဆောင်နိုင်ခဲ့ကြသည်။ သူတို့၏ အဓိက ရည်ရွယ်ချက်မှာလည်း ထိုအရာပင် ဖြစ်မည်။ ကိုသူရိန်ကျော်မိုး၏ ပုံစံမကျဘဲ ကြက်ဥကြော်ကာ အသင့်စား ခေါက်ဆွဲ ပြုတ်နေသည့် ဖေ့စ်ဘွတ်ခ်ဗီဒီယို တစ်ခုမှာ ကြည့်ရှုသူ ၁.၁ သန်း ရရှိခဲ့သည်။
အာဏာသိမ်းမှုနှင့် ပြည်တွင်းစစ်ကြောင့် မြန်မာနိုင်ငံရှိ သူဌေးသူကြွယ်များ၏ ရွေးချယ်မှုများကို ပိုမိုပေါ်လွင်စေခဲ့သည်။ ကျောက်စိမ်းနှင့် အခြားကျောက်မျက်ရတနာများအတွက် တစ်ချိန်က ရောက်ရှိလာခဲ့ကြသော တရုတ်ကုန်သည်များမှာ အများစုမှာ မန္တလေးမြို့မှ ထွက်ခွာသွားကြပြီ ဖြစ်သည်။ | 1 133 |
| 8 | Немає тексту... | 1 169 |
| 9 | 🐙 မနီလာသိန်းများ နဲ့ ရက်ပေါင်း ၁,၄၆၁ ရက်
သူရဲကောင်း (၄) ဦးကို ကြိုးမိန့်ပေးခဲ့တယ်လို့ စစ်တပ်ရဲ့ထုတ်ပြန်ချက် နှစ်ပတ်လည်နေ့မှာ (၈၈)ကျောင်းသားခေါင်းဆောင် “မနီလာသိန်း” ဘာတွေသတင်းစကားပါးထားပါသလဲ၊ အဆုံးထိကြည့်ပါ။
ရေဘဝဲ ဖေ့စ်ဘုတ် - https://www.facebook.com/octopusyangon?mibextid=ZbWKwL
ရေဘဝဲ တယ်လီဂရမ် - https://t.me/CTOPUSMYANMAR
#OCTOPUS #ရေဘဝဲ | 1 833 |
| 10 | ✊ "အာဇာနည်တိုင်း သမိုင်းမသေ"
၇၉ နှစ်မြောက် အာဇာနည်နေ့ လှုပ်ရှားမှု (ရုပ်သံ)
ယနေ့ ဂျပန်နိုင်ငံ၊ အိုကီနာဝါတွင် "Every Martyr, History Will Never Die" စာတန်းကို ကိုင်ဆောင်၍ ဂျပန်ရောက် မြန်မာတိုင်းရင်းသား လူမျိုးစုများနှင့်အတူ ၇၉ နှစ်မြောက် အာဇာနည်နေ့ လှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။
ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့်တကွ ခေတ်အဆက်အဆက် တိုင်းပြည်နှင့် လူထုအတွက် ကိုယ်ကျိုးစွန့် လမ်းပြပေးခဲ့ကြသော အာဇာနည်သူရဲကောင်းများအား ဦးညွှတ်အလေးပြုအပ်ပါသည်။
ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)
ရေဘဝဲ ဖေ့စ်ဘုတ် - https://www.facebook.com/octopusyangon?mibextid=ZbWKwL
ရေဘဝဲ တယ်လီဂရမ် - https://t.me/OCTOPUSMYANMAR
#အာဇာနည်တိုင်းသမိုင်းမသေ #July19Movement
#OCTOPUS #ရေဘဝဲ | 1 365 |
| 11 | ⏺ အာဇာနည်တိုင်း သမိုင်းမသေ
ဇူလိုင်လ (၁၉) ရက်နေ့နေ့တွင် အာဇာနည်နေ့ လူထုလှုပ်ရှားမှုကြီး ပြုလုပ်မည်
လာမယ့် ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျွန်ုပ်တို့ ပြည်သူတစ်ရပ်လုံးအနေနဲ့ -
• (၁၉) ရက်၊ မနက် (၁၀) နာရီ (၃၇) မိနစ်မှာ ရောက်ရာနေရာမှ ငြိမ်သက်ခြင်း၊ ဥဩဆွဲခြင်း၊ ဟွန်းတီးခြင်းတို့ဖြင့် အလေးပြုပေးကြပါ။
• အနက်ရောင် အဝတ်အစား၊ ဖဲကြိုး သို့မဟုတ် ဦးထုတ်များ ဝတ်ဆင်၍ ကျွန်ုပ်တို့ရဲ့ ဝမ်းနည်းခြင်းနဲ့ မမှိန်မသုန် ဆက်လက် တော်လှန်လိုသော စိတ်ဓာတ်ကို "အနက်ရောင်လှုပ်ရှားမှု (Black Movement)" ဖြင့် ဖော်ပြပေးကြပါ။
• ဗိုလ်ချုပ်ရုပ်တု၊ လွတ်လပ်ရေးကျောက်တိုင်၊ ကျဆုံးအာဇာနည်များရဲ့ ဂူဗိမာန်များဆီသို့ စုဝေးချီတက်ခြင်းဖြင့် အာဇာနည်တို့ရဲ့ သမိုင်းကို ကျွန်ုပ်တို့က အစဉ်အမှတ်ရနေကြောင်း သက်သေပြကြပါ။
ဒီလူထုလှုပ်ရှားမှုရဲ့ တောင်းဆိုချက်များ အနေနဲ့ကတော့ -
• လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းလွှတ်ပေးရန် တောင်းဆိုသည်။
• အဓမ္မ စစ်မှုထမ်း ပေါ်တာဆွဲဥပဒေကို ချက်ချင်း ဖျက်သိမ်းရန် တောင်းဆိုသည်။
• နိုင်ငံတော် သမ္မတသည် ဦးဝင်းမြင့်သာဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်ကြောင်း ထပ်လောင်းဖော်ပြသည်။
အာဇာနည်နေ့ရဲ့ လက်ဆင့်ကမ်းတော်လှန်လိုစိတ်ကို လူထုအင်အားနဲ့ သက်သေပြကြပါစို့
#အာဇာနည်နေ့ #အာဇာနည်တိုင်းသမိုင်းမသေ
#OCTOPUS #ရေဘဝဲ | 2 033 |
| 12 | ⭐မြို့ပြတော်လှန်ရေးအင်အားစုတွေရဲ့ စိန်ခေါ်မှု !!!
#OCTOPUS #ရေဘဝဲ
https://www.youtube.com/watch?v=TuLGbcJWu2A | 1 530 |
| 13 | 🌹နှင်းဆီလှုပ်ရှားမှု - ROSE Movement: Roses of Hope
လာမယ့် ဇွန်လ (၁၉) ရက်နေ့၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့မှာ "နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope)" ကို ပြည်လုံးကျွတ် လှုပ်ရှားကြမှာ ဖြစ်ပါတယ် ။
#RoseMovement #RosesOfHope #ProofOfLife #June19 #FreeAungSanSuuKyi
#peoplemovementmyanmar | 3 227 |
| 14 | 🆕 " ငါ အိမ်နဲ့ အဆက်အသွယ်ရချင်တယ် " ရုပ်သံ
- ကိုကိုလတ်၊ သံသေစစ်သား (တပ်မ-၆၆)
စစ်မြေပြင်သို့ရောက်ရှိပါက
ပြည်သူ့ရင်ခွင် တယ်လီဂရမ်လိပ်စာ @MyanmarPeople နဲ့ ဗိုက်ဘာနံပါတ် +66968847969 ကိုအလွတ်ကျက်ဆက်သွယ်၍ တော်လှန်ရေးဘက်ပြောင်းကာ လက်နက်ချ၍ အသက်ရှင်သန်ပါ။
#OCTOPUS #ရေဘဝဲ | 1 359 |
| 15 | 🚨 အဓမ္မစစ်မှုထမ်း၊ ပေါ်တာဆွဲ — ကြုံလာရင် ဘာလုပ်မလဲ ?
၁။ ထွေအုပ်ရုံးဝန်ထမ်း၊ ရဲ၊ မီးသတ်၊ လဝက ဝန်ထမ်းများကို သတိပြုရှောင်ကြဉ်ပါ။
၂။ မိမိအုပ်ထိန်းသူ၏ ဖုန်းနံပါတ်ကို အလွတ်ကျက်ထားပါ။
၃။ လမ်းလျှောက်သည့်အခါ ရှေ့နောက်ဝဲယာကို သတိချပ်ကြည့်ရှုပါ။
၄။ မိမိအလုပ်ပြန်ချိန်နှင့် ညဘက်အိမ်ပြင်ထွက်သည့်အခါ အုပ်ထိန်းသူနှင့်ဖြစ်စေ၊ လူ ၅ ဦးနှင့်အထက်ဖြစ်စေ စုဝေးသွားလာပါ။
၅။ အရေးကြုံလာပါက ပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီတောင်းခံ၍ ခုခံတိမ်းရှောင်ပါ။
၆။ အကယ်၍ ပေါ်တာဆွဲခံခဲ့ရပြီး တပ်မှဖြစ်စေ၊ စစ်သင်တန်းသို့ ပို့ရာလမ်းမှဖြစ်စေ တိမ်းရှောင်နိုင်ပါက မိမိအိမ်သို့ တန်းပြန်ခြင်းမျိုး သတိပြုရှောင်ကြဉ်ပါ။
၇။ မတိမ်းရှောင်နိုင်၍ စစ်မြေပြင်သို့ ရောက်ရှိပါက ပြည်သူ့ရင်ခွင် တယ်လီဂရမ်လိပ်စာ @MyanmarPeople နှင့် ဗိုင်ဘာနံပါတ် +66968847969 ကို အလွတ်ကျက်ဆက်သွယ်၍ တော်လှန်ရေးဘက်ပြောင်းကာ လက်နက်ချပြီး အသက်ရှင်သန်ပါ။
မြေပြင်နောက်ဆုံးအခြေအနေများနှင့် အဓမ္မစစ်မှုထမ်း၊ ပေါ်တာဆွဲခံရခြင်းမှ လွတ်မြောက်လာသူအချို့၏ အတွေ့အကြုံများကို အခြေခံ၍ ပြုစုရေးသားသည်။
#ပေါ်တာဆွဲ #အဓမ္မစစ်မှုထမ်း
#OCTOPUS #ရေဘဝဲ | 9 672 |
| 16 | VAN 🌐
#joshuavan #ဂျိုရှုအာဗန်
#OCTOPUS #ရေဘဝဲ | 1 505 |
| 17 | “ဖထီး ဖထီးမှာ သူ့လိုမျိုး သမီးလှလှလေးတယောက်လောက်မရှိတော့ဘူးလားဗျ၊ရှိရင် ကျနော်နဲ့ပေးစားဗျာဒါဆိုကျနော် ဒီမှာပဲနေတော့မယ် မပြန်တော့ဘူး”
"အဲ ကိုငှက်ကြီးကတော့ လုပ်ချလိုက်ပြန်ပြီ"
နာမည်ကျော် " အရေးကြီးပြီ" သီချင်းကို တောထဲမှာရေးခဲ့သူ ...
KNU က ဗိုလ်ချုပ်မောင်မောင် ဆီမှာ သမီးသွားတောင်းခဲ့ တဲ့ ထူးအိမ်သင်
အပြည့်အစုံဖတ်ရန် ဖေ့စ်ဘုတ်လင့်
https://www.facebook.com/share/p/17a1ZuCN8A/ | 1 491 |
| 18 | 💙လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
သက်ရှိထင်ရှား ရှိနေကြောင်း သက်သေပြဖို့ တောင်းဆိုပါတယ်။
#AungSanSuuKyi #အောင်ဆန်းစုကြည်
#Whathappeningmyanmar
#OCTOPUS #ရေဘဝဲ | 1 684 |
| 19 | နိုင်ငံတော်သမ္မတ ... ပြည်သူ့သမ္မတ ❤️
#myanmarpresident #UWinMyint
#OCTOPUS #ရေဘဝဲ | 4 251 |
| 20 | 🐬ဖြေရဲလား ?
ရေဘဝဲ ဖေ့စ်ဘုတ် - https://www.facebook.com/octopusyangon?mibextid=ZbWKwL
ရေဘဝဲ တယ်လီဂရမ် - https://t.me/OCTOPUSMYANMAR
#သမ္မတ #ဥိးဝင်းမြင့်
#OCTOPUS #ရေဘဝဲ | 1 897 |
