cookie

Ми використовуємо файли cookie для покращення вашого досвіду перегляду. Натиснувши «Прийняти все», ви погоджуєтеся на використання файлів cookie.

avatar

Kyimyindaing Networks

ပြည်သူနှင့်အတူ - KMD18 Kyimyindaing Scout Channel - KSC ကြည့်မြင်တိုင်မြို.နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ. Contact 📌 @Skrillex191

Більше
Рекламні дописи
12 017
Підписники
+7024 години
+4067 днів
+1 11630 днів

Триває завантаження даних...

Приріст підписників

Триває завантаження даних...

00:06
Відео недоступнеДивитись в Telegram
အကြမ်းဖက်စစ်ခေါင်းဆောင်များက ၎င်းတို၏ ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံတော်အာဏာကို မတရားသဖြင့် အတင်းအဓမ္မသိမ်းယူထားသည်မှာ ၁၂၅၂ရက် ရှိပြီဖြစ်
ဇူလိုင်လ 6️⃣ရက် ပြည်သူများ၏ ငြိမ်းချမ်းစွာဆန္ဒပြ တောင်းဆိုမှုများကို မလိုက် လျောသလို ဆန္ဒပြသူများအား စစ် ကောင်စီတပ်များက အကြမ်းဖက်ဖမ်းဆီးခြင်း၊ ရက်ရက်စက်စက် သေနတ်ဖြင့်ပစ်သတ်ဖြတ်ခြင်းများပြုလုပ်ခဲ့သည်။ ငြိမ်းချမ်းစွာဆန္ဒပြ တောင်းဆိုမှုကို လျစ်လျူရှုပြီး ဆန္ဒပြသူများကို  အကြမ်းဖက်သတ်ဖြတ်လာသဖြင့် ပြည်သူများက စစ်ပညာသင်ယူပြီး လက်နက်ဆွဲကိုင်၍ စစ် ကောင်စီကို ခုခံ တော်လှန်စစ်ဆင်နွှ နေကြသည်။ တစ်ချိန်တည်းတွင် ပြည်သူများက စစ်အာဏာရှင်ဖြုတ်ချ ရေး ငြိမ်းချမ်းစွာဆန္ဒထုတ် ဖော်မှုများကို ပုံစံမျိုးစုံဖြင့် ပြုလုပ် နေဆဲဖြစ်သလို စစ်တပ်ထွက်ကုန်များကိုလည်း သပိတ် မှောက် နေကြသည်။ #KyimyindaingNetworks #KyimyindaingScoutChannel
Показати все...
NUG_Flat.mp45.97 MB
🫡 3👍 2❤‍🔥 1🔥 1
စစ်မှုထမ်း​ဟောင်း ဗိုလ်ကြီး​နောင်ချိုတိုက်ပွဲတွင်​သေဆုံး
ဇူလိုင်လ 5️⃣ရက် စစ်ကောင်စီက စစ်မြေပြင်သို ပြန်ခေါ်ထားသည့် အငြိမ်းစား ဗိုလ်ကြီး မြင့်ဝင်း နောင်ချိုတိုက်ပွဲ၌ ​သေဆုံးခဲ့ကြောင်း သိရသည်။ ဗိုလ်ကြီးဟောင်းမြင့်ဝင်းသည် ယမန်နေ့(ဇူလိုင် ၄ ရက်)နေ့ ညနေပိုင်းတွင် သေဆုံးခဲ့ ခြင်းဖြစ်ပြီး နောက်ချို မြို၏ စစ်မှုထမ်းဟောင်းအဖွဲ၏ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဟု စုံစမ်းသိရသည်။ "သေချင်လို စစ်မှု ပြန်ထမ်းတာ။နောင်ချို​ ဒုံးတပ်ရင်း ၆၀၆ ရဲ့ ကာကင်း စခန်းမှာ သေတာ"ဟု ရှမ်းပြည်နယ် မြောက်ပိုင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ မဂ်လာဒုံမြိုနယ်ဇာတိ ဖြစ်သော ဗိုလ်ကြီးဟောင်း ဦး မြင့်ဝင်းသည် OTS-86(စည်သူတပ်ခွဲ) မှ ဖြစ်ပြီး သေဆုံးချိန်တွင် အသက် ၆၀ ရှိပြီဖြစ်သည်။ နာ​ရေးဖိတ်စာတွင် မူ တပ်ရာထူးနှင့် ​​နောင်ချိုတိုက်ပွဲ၌ ​သေဆုံးသည်ကိုမူ ​ဖော်ပြထ္းခြင်းမရှိ​ပေ ။ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိင်းအဖြစ် တိုက်ခိုက်နေသည့် နောင်ချိုမြိုနှင့် ကျောက်မဲမြိုတိုမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲ ဖြစ်သည်။ ဇွန်လ ၂၅ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြိုနယ်တွင် စစ်စခန်းအများစုကို ​တော်လှန်​ရေးအင်အားစုများက သိမ်းပိုက်ထားပြီး အမှတ် ၆၀၆ ဒုံးတပ်ရင်းတစ်ခုသာ ကျန်ရှိပြီး ထိုတပ်ရင်းကိုလည်း ​တော်လှန်​ရေးတပ်ဖွဲများက သိမ်းပိုက်ရန် အပြင်းအထန်ထိုးစစ်ဆင်​နေသည်။ အလားတူ ကျောက်မဲမြိုရှိ ခမရ ၅၀၁၊ ၅၀၂ တပ်ရင်းတိုကို အပြီးသတ်သိမ်းနိုင်ရန် TNLA က ထိုးစစ်ဆင်နေသည်။ #PeopleSpring #KyimyindaingNetworks
Показати все...
👏 4👍 3🔥 1
Фото недоступнеДивитись в Telegram
လူပျောက်ကြော်ငြာ ‼️‼️
အခုထိ မတွေ့သေးလို့ မိသားစုတွေ အရမ်းစိတ်ပူနေပါတယ်။ 😢😢😢 “ရက်တွေ များလာလေလေ… စိတ်ပူလာလေပဲ… သား အန္တရာယ်ကင်းကင်းနဲ့ ပြန်လာနိုင်ပါစေ…” ကျွန်တော်၏ သား မောင်ဝေယံခန့် အသက် ၁၆ နှစ် ၊ ပုဇွန်တောင် မြို့နယ်ကနေ ၇ လပိုင်း ၂ ရက်နေ့ ၊ ညနေ ၄း၃၀ အချိန် မှာ အပြင် ထွက်သွားပြီး အခုချိန်ထိ အဆက်အသွယ်ပြတ်သွားသဖြင့် တွေ့ရှိပါက အကြောင်းကြားပေးကြပါရန် မေတ္တာရပ်ခံပါတယ်။ #Shareပေးခြင်းဖြင့်လည်းကူညီပါ 🙏🙏 တွေရှိပါက ဆက်သွယ်ရန်ဖုန်း ☎️ 09421070471 09421008111 #KyimyindaingNetworks
Показати все...
😢 7👍 1🔥 1🙏 1
Показати все...
ကပ်

"Beyond TheTruth " အစီအစဥ် ရဲ့ Episode (8) အနေနဲ့ ကျွန်တော်၊ချမ်းမင်း၊ကိုဟိန်း နှင့် နောင်ရိုး တို့မှ စစ်အာဏာရှင်ရဲ့ လုပ်ရပ်တွေကြောင့် နောက်ဆက်တွဲ ပြည်သူတွေကြားမှာ ကြုံတွေ့နေရတဲ့ ဒုက္ခတွေအကြောင်းနဲ့ ပတ်သတ်ပြီး ဒါဟာ ကပ်ဆိုက်တာမဟုတ်ဘဲ အာဏာရူးတွေကြောင့် ရေဘေး၊ ရောဂါဘေးတွေသာမက ‌ကုန်စျေးနှုန်းကြီးမြင့်ခြင်း၊ စစ်ပွဲဖြစ်ပွားခြင်းတို့ ဖြစ်ပွားနေရခြင်းဖြစ်ကြောင်းကို ရိုက်ကူးတင်ဆက်ထားပါတယ်ဗျ.... #BBM #CDM #WhatHappenInMyanmar

👍 6💯 1🫡 1
00:02
Відео недоступнеДивитись в Telegram
⚠️⚠️⚠️ အရေးပေါ်သတိပေးချက်
ရန်ကုန်တိုင်းဒေသကြီးမှာ ကာလဝမ်းရောဂါ (Cholera) ပျံ့နှံမှု စတင်နေတာကို တွေ့ရပါတယ်။ အဲ့အတွက် * လက်ကို ဆပ်ပြာဖြင့် မကြာခဏ ဆေးပါ။ * တကိုယ်ရေသန့်ရှင်းမှုဂရုစိုက်ပါ။ * ရေကိုကြိုချက်သောက်ပါ။ * အခုရက်အတွင်း အပြင်စာစားသောက်မှုကို တတ်နိုင်သမျှရှောင်ပါ။ * အသီးအရွက်များကို သေချာစွာဆေးကြောပါ။ အစိမ်းစားခြင်းရှောင်ပါ။ * အစားအစာများကို သေချာစွာကျက်အောင်ချက်ပါ။ ပူပူနွေးနွေးစားပါ။ * ယင်နားစာများမစားပါနှင့်။ * ဆန်ဆေးရေကဲ့သိုဝမ်းများသွားပါက နီးစပ်ရာ ကျန်းမာရေးဌာနသိုပြသ၍ ချက်ချင်းကုသမှုခံယူပါ။ #KyimyindaingNetworks
Показати все...
warning-alert.gif.mp40.19 KB
🙏 9😱 4💯 2👍 1❤‍🔥 1🔥 1
00:02
Відео недоступнеДивитись в Telegram
warning-alert.gif.mp40.19 KB
⚠️⚠️⚠️အရေးပေါ်သတိပေးချက်
ရန်ကုန်တိုင်းဒေသကြီးမှာ ကာလဝမ်းရောဂါ (Cholera) ပျံ့နှံမှု စတင်နေတာကို တွေ့ရပါတယ်။ အဲ့အတွက် * လက်ကို ဆပ်ပြာဖြင့် မကြာခဏ ဆေးပါ။ * တကိုယ်ရေသန့်ရှင်းမှုဂရုစိုက်ပါ။ * ရေကိုကြိုချက်သောက်ပါ။ * အခုရက်အတွင်း အပြင်စာစားသောက်မှုကို တတ်နိုင်သမျှရှောင်ပါ။ * အသီးအရွက်များကို သေချာစွာဆေးကြောပါ။ အစိမ်းစားခြင်းရှောင်ပါ။ * အစားအစာများကို သေချာစွာကျက်အောင်ချက်ပါ။ ပူပူနွေးနွေးစားပါ။ * ယင်နားစာများမစားပါနှင့်။ * ဆန်ဆေးရေကဲ့သိုဝမ်းများသွားပါက နီးစပ်ရာ ကျန်းမာရေးဌာနသိုပြသ၍ ချက်ချင်းကုသမှုခံယူပါ။ #KyimyindaingNetworks
Показати все...
00:48
Відео недоступнеДивитись в Telegram
The News of 🔠🔠🔠🔠🔠🔠
ဇူလိုင်လ 5️⃣ရက် ရန်ကုန် ပထမအကြိမ် မအောင်မြင်ခဲ့တဲ့ ခြံအမှတ် ၅၄ ကို စျေးနှုန်းလျှော့ချပြီး လေလံပြန်ခေါ် နေပြည်တော်အကျဉ်းထောင်မှာ မတရားအကျဉ်းကျခံထားရချိန် ရန်ကုန်တိုင်း ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းမှာရှိတဲ့ ခြံအမှတ် ၅၄ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သမိုင်းဝင်နေအိမ်ကို အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့မှာ ကျပ်ငွေ ၃၁၅ ဘီလျံနဲ့ လေလံတင်ရောင်းချဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ မတ်လ ၂၀ ရက် မနက်ပိုင်းမှာ လေလံတင်ရောင်းချခဲ့ပေမဲ့ လေလံဆွဲမယ့်သူမရှိတာကြောင့် ပထမအကြိမ် မအောင်မြင်ခဲ့ပါဘူး။ အခုနောက်တကြိမ် ခြံအမှတ် ၅၄ လေလံကြမ်းခင်းဈေးကို ဦးအောင်ဆန်းဦးက ကျပ်ငွေ ၂၈၅ ဘီလျံ ပြင်ဆင်သတ်မှတ်ပြီး အနောက်ပိုင်းခရိုင် တရားရုံးကို ဇွန်လ ၂၈ ရက်မှာ တင်ပြလျှောက်ထားခဲ့ပေမဲ့ ကမာရွတ်ခရိုင် တရားရုံးက ပထမအကြိမ် မူလကြမ်းခင်းဈေး ၃၁၅ ဘီလျံကို ၁၅ ဘီလျံ လျှော့ချကာ ခြံအမှတ် ၅၄ လေလံကြမ်းခင်းဈေးကို ဒုတိယအကြိမ် ကျပ်ငွေ ၃၀၀ ဘီလျံ ပြင်ဆင်သတ်မှတ်ခဲ့ပါတယ်။လာမယ့် ဩဂုတ် ၁၅ ရက်မှာတော့ ခြံအမှတ် ၅၄ နေအိမ်ရှေ့မှာ ဒုတိယအကြိမ် လေလံတင်ရောင်းချမှုကို လုပ်ဆောင်သွားမှာပါ။အဲ့ဒီလို လေလံစျေးလျော့ချပြီး ရောင်းချဖို့ခွင့်ပြုချက်ကို ကမာရွတ် ခရိုင်တရားရုံး၊ ခရိုင်တရားသူကြီး ဇော်မင်းထွဋ်က ဇူလိုင် ၁ ရက်မှာ ရုံးတံဆိပ်ရိုက်ခွင့်ပြုခဲ့ပြီး အဲ့ဒီကြေညာစာကို ဒီနေ့ ဇူလိုင် ၅ ရက်မှာ စစ်ကောင်စီထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်ကြေးမုံသတင်းစာမှာ ဖော်ပြထားသည်ကို တွေ့ရသည်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ ခြံနံပါတ် ၅၄ ကို အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ထားခဲ့ပြီး ဒီခြံဝန်းကို မည်သူမဆို ပိုင်ဆိုင်ခြင်း၊ ပိုင်ဆိုင်ရန်ကြိုးစားခြင်း၊ ရောင်းချခြင်း၊ ရောင်းချရန်ကြိုးစားခြင်း၊ ဖျက်ဆီးခြင်း၊ ဖျက်ဆီးရန်ကြိုးစားခြင်း၊ ပုံစံပြောင်းခြင်း၊ ပြင်ဆင်ခြင်း၊ အခြားနည်း အသုံးချခြင်းများကို တင်းကျပ်စွာတားမြစ်ကြောင်း NUG က ၂၀၂၂ ခုနှစ်ကတည်းက ထုတ်ပြန်ထားပြီး ၂၀၂၃ ခုနှစ်မှာလည်း သတိပေးချက် ထပ်ထုတ်ထားပါသည်။ ©BVJ သာကေတမြို့နယ် သာကေတမြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနေပြီး သေဆုံးသူအချို့ရှိ ယခုရက်ပိုင်း သာကေတမြိုနယ်တွင်း ဒေသခံအချို့ ဝမ်းပျက်ဝမ်းလျှောရောဂါ ခံစားနေကြရကြောင်း သတင်းရရှိသည်။ ထူပါရုံ၊ သဒ္ဒါရုံ၊ ၂ မြောက် ရပ်ကွက်တို၌ ဝမ်းပျက်ဝမ်းလျှောဖြစ်‌ကြ၍ သေဆုံးသူများပင်ရှိနေသည်။ သေဆုံးသွားသူတိုအနက် လူငယ်တချိုပါ ပါဝင်ကြောင်း သိရှိရသည်။ ©RSN ရန်ကုန် ဧည့်စာရင်း ရန်ကုန်မြို့အတွင်းရှိ မြို့နယ်အတော်များများတွင် အကြမ်းဖက် စခ၊ရခ နှင့် လက်ပါးစေရပ်ကျေးများမှ တရားဥပဒေမဲ့ ပြည်သူ့အိမ်များကို ဧည့်စာရင်း လိုက်လံစစ်ဆေးခြင်းများရှိနေကြောင်းကို မြေပြင် သတင်းများအရ စုံစမ်းသိရှိရသည်။ ©KMDNet ဗဟန်းမြို့နယ် ဧည့်စာရင်း ယနေ့ည ၉:၂၄ ခန့်တွင် ဗဟန်းမြိုနယ်၊ ဗိုလ်ချို ၂ ရပ်ကွက်၊ စောမဟာလမ်းအတွင်း၌ ဧည့်စစ်ဝင်နေကြောင်း ကနဦး သိရှိရသည်။ ©BSNC ဒေါပုံမြို့နယ် ဧည့်စာရင်း ယနေ့ည ၉:၅၄ ခန့်တွင် ဒေါပုံမြို့နယ်၊ ရဲစခန်း အနောက်ဘက်ရှိ ယမုံနာ ၂ ရပ်ကွက်အတွင်း၌ ဧည့်စစ်ဝင်နေကြောင်း ကနဦး သတင်းရရှိသည်။ ©RSN ကမာရွတ်မြိုနယ် ဧည့်စာရင်း ယနေ့ည ၁၀:၂၁ ခန့်တွင် ကမာရွတ်မြိုနယ်၊ ၂ ရပ်ကွက်၊ အင်းစိန်လမ်းမပေါ်ရှိ ဆင်ရေတွင်း မှတ်တိုင်အနီး၌ စစ် DC တစ်စီး၊ Honda Fit တစ်စီး၊ ပေါင်မုန့်လုံးကား တစ်စီး၊ အိမ်ကား တစ်စီး ‌ရပ်ထားပြီး အကြမ်းဖက် စစ်သား၊ ရဲ၊ လဝက ဝန်ထမ်းများ၊ ထွေအုပ်ဝန်ထမ်းများနှင့် အရပ်ဝတ်များ အင်အားအများအပြားဖြင့် အနီးရှိ တိုက်များပေါ်တက်၍ ဧည့်စစ်ဝင်နေကြောင်း သတင်းရရှိသည်။ ©RSN #TheNewsofYangon #KyimyindaingNetworks #KyimyindaingScoutChannel #KyimyindaingChannel #RangoonScoutNetwork #ကြည့်မြင်တိုင် #Yangon
Показати все...
Yangon Daily2.mp436.51 MB
🔥 3👍 1
❗️Flash News⚡️ကမ္ဘာကျော် ဂုတ်ထိပ်တံတားကို TNLA ပူးပေါင်းအဖွဲများ ထိန်းချုပ် https://t.me/kyimyindaingnetworks/43375 ❗️မိုးကုတ်-မန္တလေး လမ်းပိုင်း လုံခြုံရေး သပိတ်ကျင်း ပကဖ က စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများ လုပ်ဆောင် https://t.me/kyimyindaingnetworks/43379 ❗️ရွာငံမြိုနယ်တွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၂ ဦးသေဆုံး၊ လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရရှိ https://t.me/kyimyindaingnetworks/43385 ❗️Up To Date🔄၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိင်း ၁၁ ရက်မြောက်နေ့တွင် နောင်ချိုနှင့် မိုးမိတ် မြိုနယ်တို၌ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေ https://t.me/kyimyindaingnetworks/43393 ❗️Today’s People STRIKE - အသံမတိတ် အလံမလိပ်တဲ့ တိုက်ပွဲကြားက လူထုသပိတ်စစ်ကြောင်းများ https://t.me/kyimyindaingnetworks/43396 ❗️We Are TOGETHER - တော်လှန်ရေးအင်အားစုများ၏ ပြည်သူ့အကျိုးပြုလုပ်ငန်းများ https://t.me/kyimyindaingnetworks/43397 ❗️UPDATE - မြန်မာနိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲဝင် ၁၆ ဦးသေဆုံး https://t.me/kyimyindaingnetworks/43398 #TodayHeadlines #KyimyindaingNetworks #KyimyindaingChannel #ကြည့်မြင်တိုင်
Показати все...
Kyimyindaing Networks

Flash News⚡️ကမ္ဘာကျော် ဂုတ်ထိပ်တံတားကို TNLA ပူးပေါင်းအဖွဲ့များ ထိန်းချုပ် ဇူလိုင်လ 5️⃣ရက် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြိုနယ် မန္တလေး-လားရှိး ရထားလမ်းပေါ်ရှိ ကမ္ဘာကျော် ဂုတ်ထိပ်တံတားကို တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)နှင့် ပူးပေါင်းအဖွဲများက ထိန်းချုပ်ထားကြောင်း မြေပြင် စစ်ရေး သတင်းရင်းမြစ်များထံမှ သိရသည်။ ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးအဖွဲဝင်တဦးက “ဂုတ်ထိပ်ရယ် ဂုတ်တွင်းရယ်ကို TNLA အဖွဲရယ် ကျနော်တို ကျောက်မဲခရိုင်အထူးတိုက်ခိုက်ရေးအဖွဲရယ် ထိန်းချုပ်ထားတယ်၊ ဂုတ်ထိပ်ရဲ့ ဟိုဘက်ကမ်းကိုကျတော့ MDY PDF ရယ် ဓနုအဖွဲရယ် TNLA ပေါ့ ထိန်းချုပ်ထားတယ်၊ လောလောဆယ် ၆၀၆ တပ် ကို တိုက်နေတဲ့အတွက်ကြောင့် ဒီဘက်ကို ခဏ ငြိမ်ထားတယ်”ဟု ပြောသည်။ ဂုတ်တွင်းကြီးထိပ်၌ တည်ဆောက်ထားသော တံတားဖြစ်သောကြောင့် ဂုတ်ထိပ်တံတားဟုခေါ်ဆိုပြီး နောင်ချိုဘူတာအလွန် ၇ မိုင်အကွာတွင် တည်ရှိကာ ယခုအခါ သက်တမ်း ၁၂၄ နှစ်ရှိပြီဖြစ်သည်။ TNLA သည် နောင်ချိုမြိုကို ထိန်းချုပ်ထားပြီး ကျန်နေသည့် စစ်တပ်စခန်းများကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေ ကြောင်း သိရသည်။ ပုံစာ- ဂုတ်ထိပ်တံတားတွင် တော်လှန်ရေးတပ်ဖွဲဝင်များအား တွေ့ရစဉ် #TheIrrawaddy #KyimyindaingNetworks

👍 4 3🫡 2❤‍🔥 1
Оберіть інший тариф

На вашому тарифі доступна аналітика тільки для 5 каналів. Щоб отримати більше — оберіть інший тариф.