2 498
Підписники
+924 години
+837 днів
+40030 днів
Архів дописів
📌EDU HUB ရဲ့ YouTube Channel ကို Subscribe လုပ်ထားနိုင်ပါပြီ ခင်ဗျာ
ကျောင်းသား၊ကျောင်းသူများရဲ့ group work presentation များ PBL များကို ကြည့်ရူ့နိုင်မှာဖြစ်ပြီး၊ EDU HUB ရဲ့လက်ရှိသင်ကြားနေမှုများကို follow up လုပ်နိုင်မှာပဲ ဖြစ်ပါတယ်။မကြာခင်မှာလဲ EDU HUB ရဲ့ YouTube channel ကနေ GED ကို ဖြေ ဆိုအောင် မြင်သွားတဲ့ ကျောင်းသားကျောင်းသူများရဲ့ Study tips and tricks sharing များကို တင်ပေးသွားမှာပဲဖြစ်ပါတယ်…
နောက်ထပ် Educational Blogs and Sharing များကိုတင်ဆက်ပေးသွားမှာ ဖြစ်လို့ Channel လေးကို အခုပဲ Subscribe လုပ်ထားလိုက်တော့နော်
Channel Link
🔗 https://www.youtube.com/@eduhub4934
GED လမ်းကြောင်းကို စတင်နေရာမှာ ရှိတဲ့ အခက်အခဲတွေ၊ study tips and tricks လေးတွေအချင်းချင်း share ေပေးရင်း community လေးတစ်ခု တည်ဆောက်ထားပါတယ် Facebook group လေးကို join ထားနိုင်ပါတယ်ခင်ဗျ https://m.facebook.com/groups/774811617203925/?ref=share&mibextid=S66gvF
GED_Test_For_Dummies_Quick_Prep_Edition_by_Murray_Shukyn_Dale_E.pdf5.27 MB
GED Self ျstudy လုပ်တဲ့ အခါမှာ အရမ်းကို အသုံး၀◌င်ပြီး GED Free Lessons များနှင့် practice test များကို လေ့ကျင့် သင်ကြားနိုင်မှာဖြစ်ပါတယ်ခင်ဗျ။ Sign Up လုပ်ပြီး သင်ခန်းစာတွေကိုလေ့လာနိုင်မှာပဲဖြစ်ပါတယ် Website Link - https://classroom.usahello.org/
GED exam မှာ အမှတ်ကောင်းရချင်သူများ subscribe လုပ်ထားသင့်သော YouTube Channels များ 📌
GED exam အတွက် ပြင်ဆင်ကြတော့မယ်ဆိုရင် YouTube ကနေတဆင့် လေ့လာတာကလည်း အထောက်အကူဖြစ်စေပါတယ်။ စာတွေကို နားလည်ဖို့ကအရေးကြီးသလို သက်ဆိုင်ရာဘာသာရပ်များအလိုက် မေးခွန်းပုံစံများကိုလည်း သိရှိဖို့လိုအပ်ပါသေးတယ်။ ဒါ့ကြောင့် Edu Hub ကနေ Learning Resources ကောင်းများက်ို ကျောင်းသားကျောင်းသူများအတွက် မျှဝေပေးလိုက်ပါတယ်။ 🥰🤩
Test Prep Champion 🏆
Parker လို့အမည်ရတဲ့ ဆရာတစ်ဦးရဲ့ YouTube Channel ဖြစ်ပါတယ်။ ဒီ Channel မှာတော့ တကယ့်စာမေးပွဲမှာ မေးနိုင်ချေရှိတဲ့ မေးခွန်းတွေကို အဖြေနဲ့တကွတင်ပေးလေ့ရှိပါတယ်။ ဒါ့အပြင် စာမေးပွဲဖြေတဲ့အခါမှာ သတိထားသင့်တဲ့ Tips & Tricks တွေကိုပါ မျှဝေပေးလေ့ရှိပါတယ်။ 🥰
https://youtube.com/c/TestPrepChampions
Phuket PALS 🏆
ဒီ Channel ကတော့ 2009 ခုနှစ်ကတည်းက ကျောင်းသားကျောင်းသူအများအပြားကို GED,IGCSE,SAT စတဲ့ အထက်တန်းအောင်လက်မှတ်များ ရရှိအောင် ကူညီပေးခဲ့ကြတာပါ။ GED Testing Services USA, a
British Council IELTS Partner,Pearson VUE testing center တို့နှင့် Paid Partnershipလည်း ဖြစ်ပါတယ်။
GED အတွက်သာမက IELTS, IGCSE တို့အတွက်ပါ learning guidevideosများ၊စာလေ့လာနည်းများ၊မေးခွန်းနှင့်ပတ်သက်ပြီး ပြန်လည်ရှင်းလင်းချက်များ၊ အရေးကြီးသော concepts များ စတဲ့အကြောင်းအရာစုံစုံလင်လင်ကို မျှဝေပေးနေတဲ့ Channel တခုဖြစ်တာကြောင့် Subscribe လုပ်ထားသင့်တဲ့အထဲက တခုပါပဲ။ 🤩
https://youtube.com/c/PhuketPALS
Mometrix Online Courses 📌
GED နှင့် ပတ်သက်ပြီး up to date ဖြစ်တဲ့အကြောင်းအရာများ၊ မေးခွန်းပုံစံများ၊ Study lessons များ၊ flashcards များ စသဖြင့် learning resources ပေါင်းများစွာကို မျှဝေပေးနေတဲ့ Channel တခုဖြစ်ပါတယ်။ GED ဘာသာရပ် ၄ခုနှင့်ပတ်သက်သော Study Videos များဟာ ရှင်းလင်းပြီး နားလည်ရလွယ်တာကြောင့် စာလေ့လာကြရာမှာ အထောက်အကူဖြစ်စေမှာပါ။ ဒါ့ကြောင့်ဒီ Channel ကိုလည်း မဖြစ်မနေ subscribe လုပ်ထားသင့်ပါတယ်နော်။ 🥰
https://youtube.com/c/MometrixTestPreparation
Michelle Revisited 📌
GED exam အတွက် ပြင်ဆင်နေသူတိုင်း Subscribe လုပ်ထားသင့်တဲ့ Channel ဖြစ်ပါတယ်။ တပတ်တခါ Videos များတင်ပေးပြီး တဘာသာချင်းစီရဲ့ သင်ခန်းစာတခုချင်းကို လေ့လာနိုင်ဖို့အပိုင်းလိုက်တင်ပေးလေ့ရှိပါတယ်။
Videos တွေအပြင် ထပ်မံလေ့လာနိုင်ဖို့ Resources ကောင်းတွေကိုလည်း မျှဝေပေးပါသေးတယ်။ ဒါ့အပြင် Michelle ဟာ မေးခွန်းပုံစံများကိုလည်း section အလိုက်ပြောပြပေးပြီး စာတွေကို ဘယ်လိုမျိုးပုံစံနဲ့လေ့လာသင့်လဲဆ်ိုတဲ့အကြောင်းအရာများအထိပါ မျှဝေပေးပါတယ်။ ဒါ့ကြောင့် subscribe လုပ်ထားသင့်တဲ့ Channel လို့ဆ်ိုရခြင်းဖြစ်ပါတယ်။ 🥰
https://youtube.com/c/michellerevisited
Edu Hub, Edu Corner တို့မှ
နိုင်ငံခြားပညာရေးနဲ့ပတ်သက်သော အကြောင်းအရာများကို လည်း မျှဝေပေးနေတာကြောင့်လက်မလွှတ်လိုက်ရလေအောင် like & follow လုပ်ထားဖို့တော့ လိုမယ်နော် 🥰
https://www.facebook.com/profile.php?id=100088851251870&mibextid=LQQJ4d
GED exam အတွက် Instructor မပါပဲ ဘယ်လိုမျိုးself study လုပ်ကြမလဲ ?
Facebook မှာ ကျောင်းသားကျောင်းသူတွေ အမေးများတာက
“ GED ကို self study လုပ်လို့ရနိုင်လား” ဆိုတဲ့ မေးခွန်းပါ။
အဖြေကတော့ Yes ပါ လူငယ်တို့ရေ
Self studyလုပ်ပြီးGED examကိုဝင်ရောက်ဖြေဆိုနိုင်ပါတယ်။
ဒီနေ့မှာတော့ Edu Hub မှ GED exam အတွက် ဘယ်လိုမျိုး self study လုပ်သင့်လဲဆိုတာ မျှဝေပေးသွားမှာဖြစ်ပါတယ်။
မေးခွန်းပုံစံ
စာမေးပွဲအတွက် မပြင်ဆင်ခင် အရင်ဆုံး မေးခွန်းပုံစံနဲ့ ဖြေဆိုရမယ့်ဘာသာရပ်တွေအကြောင်း လေ့လာထားရပါမယ်။
ဒါ့အပြင် အမှတ်ပေးစည်းမျဉ်းနဲ့ စာမေးပွဲဖြေဆိုရမယ့်ပုံစံတို့ကိုလည်း ကြိုတင်လေ့လာထားသင့်ပါတယ်။
သင်ထောက်ကူပစ္စည်းများ
လိုအပ်သော စာအုပ်စာတမ်းများနှင့် online resources တို့ကို ကြိုတင်စုဆောင်းထားရပါမယ်။
Study Plan
လိုအပ်တာတွေပြင်ဆင်ပြီးသွားရင် Study Plan တခုရေးဆွဲပါ။
ကိုယ်အားနည်းတဲ့ဘာသာရပ်၊အားသာတဲ့ဘာသာရပ်တွေကိုလည်း သိပါစေနော်။
Practice Tests
ပွဲမဝင်ခင် အပြင်ကကျင်းပဆိုတဲ့အတိုင်း
Practice Test တွေကိုလည်း ခဏခဏဖြေဆိုကြည့်ဖို့လိုအပ်ပါတယ်။
အခုဆိုရင် Free Websites တွေကတဆင့် ဖြေဆိုကြည့်နိုင်ပြီပဲဖြစ်ပါတယ်။
Sample questions တွေ ဖြေကြည့်နိုင်မယ့် Websites တွေအကြောင်းကို အောက်ပါ link တွင်ဖတ်ရှုနိုင်ပါတယ်။
https://m.facebook.com/story.php?story_fbid=109046445400397&id=100088851251870
စာလေ့လာနေတဲ့အချိန်မှာ အားလပ်ချိန်လေးတွေ ယူပြီး အနားယူဖို့လည်း မမေ့ပါနဲ့ဦး။
GED exam အတွက် ဘယ်လိုလူတွေက self study လုပ်သင့်လဲဆိုတာလည်း ဆက်လက်မျှဝေပါရစေ။
အသက် ၁၆နှစ်နှင့်အထက် လူငယ်များ၊
၉တန်း/၁၀တန်းအရွယ်ကျောင်းသားလူငယ်များ၊
အထူးသဖြင့် Bio,Chem နဲ့ Phys ဘာသာရပ်များနဲ့အကျွမ်းတဝင်ရှိပြီးသားသူများနဲ့
English level intermediate ရှိသူများသာ
Self study လုပ်သင့်ပါတယ်။
၇တန်း/၈တန်းအရွယ်ကျောင်းသားကျောင်းသူများအနေနဲ့ကတော့ Pre GED class များကို အရင်တက်ရောက်သင့်ပါတယ်။
GED ဖြေဆိုဖို့ကတော့ ၄လမှ ၆လအထိ အချိန်ယူပြင်ဆင့်ပါတယ်။
