uk
Feedback
AlpHa's Sharing ( FMMC )

AlpHa's Sharing ( FMMC )

Відкрити в Telegram

We Win or We Learn

Показати більше
546
Підписники
Немає даних24 години
Немає даних7 днів
Немає даних30 днів
Архів дописів
Trading Journal ရေးတဲ့အခါ ကိုယ်ဝင်ခဲ့ထွက်ခဲ့တဲ့ Trade ရဲ့ ဓါတ်ပုံတွေကို သိမ်းထားဖို့ အရမ်းလိုအပ်တယ်။ လက်ရှိအချိန်မှာ မသုံးတတ်ရင်တောင် သိမ်းထားပါ။ တချိန် ကိုယ့်ရဲ့ Trading System ကို အဆင့်မြှင့်ချင်တဲ့အခါမျိုး၊ ဈေးကွက်ကို သုတေသနလုပ်ချင်တဲ့အခါမျိုး၊ အလုပ်မဖြစ်တဲ့နည်းတွေကို ရှင်းထုတ်ပြီး ဖြစ်တန်စွမ်းမြင့်တဲ့ အရည်အသွေးကောင်းတဲ့ Trade တွေဖန်တီးချင်တဲ့အခါမျိုးမှာ အဲဒီ Trade လုပ်ခဲ့တဲ့ ဓါတ်ပုံတွေက အရမ်းအသုံးဝင်တယ်။ Trade ဝင်ခဲ့‌တဲ့ အချိန်၊ နေရာကို ပြန်သွားပြီး ကိုယ်သတိမပြုခဲ့မိတာ ဘာရှိလဲဆိုတာကို ပြန်လေ့လာလို့ရတယ်။ ဘာကြောင့် မြတ်ခဲ့တာလဲ၊ ဘာကြောင့်ရှုံးခဲ့တာလဲ၊ အခြေအနေတူ ပုံစံတူတွေမှာ ဘယ်နှစ်ခုရှုံးပြီး ဘယ်နှစ်ခု မြတ်ခဲ့တာလဲ၊ နည်းစနစ်တစ်ခုအဖြစ် တူညီတဲ့ဘယ်အချက်ကို ရွေးထုတ်သတ်မှတ်လို့ရလဲ၊ အဲလိုရွေးထုတ်သတ်မှတ်လိုက်ရင် ပိုရှုံးမှာလား ပိုမြတ်မှာလား၊ အရှုံးနည်းပြီး အမြတ်များအောင် ပိုပြီးအနုစိတ်ဆန်တဲ့စနစ်တစ်ခုကို ရှာဖွေပြီး ထည့်လို့ရသေးလား၊ မရတော့ဘူးဆိုရင် အချို့ဆုံးရှုံးမှုတွေကို လက်ခံရမှာလား၊ မကောင်းတဲ့အစိတ်အပိုင်းတွေကို ထပ်ပြီးပါးပါးလှီးထုတ်ပစ်လို့ ရသေးလားစသဖြင့် ကိုယ့်ကိုငွေရှာပေးတဲ့စနစ်ကို အဆင့်မြှင့်တင်လို့ ရတယ်။ အဲလိုလုပ်ခြင်းရဲ့ကောင်းကျိုးက ကိုယ့်စနစ်၊ ကိုယ့်ဆုံးဖြတ်ချက်ရဲ့နောက်ကွယ်က အကြောင်းတရားကို သိလာတယ်။ အဲလိုသိတော့ ကိုယ့်စနစ်၊ ကိုယ့်စည်းကမ်းကို မချိုးဖောက်တော့ဘူး။ ချောက်ထဲမကျအောင်ကာထားတဲ့အတားအဆီးဆိုတာကိုသိရင် အဲဒီအတားအဆီးကို အတင်းတွန်းတိုက်ချိုးဖောက်ဖို့ အားထုတ်နေမှာ မဟုတ်ဘူးလေ။ နောက်ပြီး ကိုယ်တိုင်က ဈေးကွက်ကိုသုတေသနပြုထားတာမို့လို့ ကိုယ့်စနစ်ကိုကိုယ် ယုံကြည်တယ်။ တွေဝေတုံ့ဆိုင်းနေတာတွေ မဖြစ်တော့ဘူး။ လုပ်စရာရှိတာ လုပ်၊ စောင့်စရာရှိတာ စောင့်။ အချို့ Trade တွေမှာ Stop Loss ထိခံရမယ်၊ အချို့ Trade တွေကို လက်လွတ်ခံရမယ်ဆိုတာကို သိလာ၊ လက်ခံလာမယ်။ အဲလိုလက်ခံလာခြင်းက Consistency ဆိုတဲ့ တစိုက်မတ်မတ်လုပ်ကိုင်ဆောင်ရွက်ခြင်းရဲ့ အစိတ်အပိုင်းတစ်ခုပဲလေ။ ဖြစ်တန်စွမ်းဂိမ်းဆိုပေမယ့် ဖြစ်တန်စွမ်းမြင့်တဲ့နည်းစနစ်ကို ကိုယ်တိုင်လေ့လာဆန်းစစ်ပြီး ဖန်တီးအကောင်အထည်ဖော်ထားတာမလား။ ဖြစ်တန်စွမ်းဆိုတဲ့အတိုင်း ပွဲတိုင်းအနိုင်ရချင်နေလို့တော့ မရဘူး။ နဂိုရည်ရွယ်ချက်ကိုက "ပွဲတွေအားလုံးပေါင်းလိုက်ရင် သေချာပေါက် ကိုယ်အမြတ်ရရမယ်"ဆိုတာ မဟုတ်လား။ ပြောရင်းနဲ့အဆုံးထိ ရောက်သွားပြန်ပြီ။ ထားပါတော့။ အဲလိုအဆုံးထိရောက်ဖို့ဆိုရင် အစမှာကတည်းက စနစ်တကျလုပ်ဆောင်သွားရမှာတွေ ရှိတယ်။ အဲဒါက ... 🎯 Trading Journal ရေးတဲ့အခါ ကိုယ်ဝင်ခဲ့ထွက်ခဲ့တဲ့ Trade ရဲ့ ဓါတ်ပုံတွေကို သိမ်းထားပါ။ 🎯 အောင်မြင်တဲ့ Trader တွေ ဖြစ်ကြပါစေခင်ဗျာ ... We win or we learn AlpHa (FMMC)

ထိုင်းစကားသင်ချင်ရင် Ling ဆိုတဲ့ app မှာ ကိုယ်သင်ချင်ရတဲ့အကြောင်းရင်းရွေးပြီး မြန်မာလိုသင်လို့ရပါတယ်။ အကြောင်းရင်းရွေးပေးရင်
+2
ထိုင်းစကားသင်ချင်ရင် Ling ဆိုတဲ့ app မှာ ကိုယ်သင်ချင်ရတဲ့အကြောင်းရင်းရွေးပြီး မြန်မာလိုသင်လို့ရပါတယ်။ အကြောင်းရင်းရွေးပေးရင် ကိုယ်အတွက်အသုံးဝင်မယ့်စကားလုံးတွေကိုရွေးပြီး အရင်သင်ပေးပါတယ်။ အခမဲ့ပါ။ Paid Version နဲ့လဲသင်လို့ရပါတယ်။ Free Veraion နဲ့ ၈ ရက်လောက်စမ်းထားပြီးမှ ပြန်ညွှန်းပေးတာပါ။ ကိုယ်ကတော့ Motivated မဖြစ်လို့ ထိုင်းစကား မသင်ပါ။ သင်ချင်တဲ့သူတွေရှိရင်အဆင်‌ပြေအောင် ပြန်ညွှန်းပေးတာပါ။

photo content

ဖြစ်တန်စွမ်းကိုစဉ်းစားဖို့ အောက်ကဖြစ်တန်စွမ်းပတ်ဝန်းကျင်ရဲ့နိယာမတွေနဲ့ ကိုက်ညီတဲ့စိတ်နေစိတ်ထားကို ဖန်တီးဖို့လိုပါတယ်။ အခြေခံအမှန်တရား (၅) ခုပါဝင်တဲ့၊ Trading နဲ့သက်ဆိုင်တဲ့ ဖြစ်တန်စွမ်းစိတ်နေစိတ်ထားကတော့ ❤️ ၁။ မည်သည့်အရာမဆို ဖြစ်ပျက်နိုင်တယ်။ ❤️ ၂။ ပိုက်ဆံရှာဖို့အတွက် နောက်ဘာဆက်ဖြစ်မှာလဲဆိုတာကို သိဖို့မလိုဘူး။ ❤️ ၃။ သတ်မှတ် Trading ပုံစံခွက်ရဲ့ မည်သည့်အပြောင်းအလဲမှာမဆို အနိုင်တွေနဲ့ အရှုံးတွေကြားမှာ ကျပန်းခွဲဝေမှုရှိတယ်။ ❤️ ၄။ သတ်မှတ် Trading ပုံစံခွက်ဆိုတာက အခြားတခုထက် ဒီတခုက ပိုပြီးဖြစ်ပျက်နိုင်တယ်ဆိုတာကို ဖော်ပြတဲ့ညွှန်ပြချက်တစ်ခုထက် မပိုဘူး။ ❤️ ၅။ ဈေးကွက်ထဲကအခိုက်အတန့်တိုင်းက မတူထူးခြားတယ်။ စိတ်နာကျင်မှုကိုကြုံတွေ့ နိုင်‌ချေက ကိုယ်ထိတွေ့တဲ့သတင်းအချက်အလက်တွေပေါ်မှာ ကိုယ့်ရဲ့ဘာသာပြန်မှု (တနည်းအားဖြင့်) သတ်မှတ်မှုကနေ လာပါတယ်။ ဒီအမှန်တရား (၅) ခုကို မွေးမြူတဲ့အခါ ကိုယ့်ရဲ့မျှော်မှန်းချက်တွေက ဈေးကွက်သဘာဝရဲ့စိတ်ပိုင်းဆိုင်ရာအရှိတရားနဲ့ တပြေးညီဖြစ်သွားပါလိမ့်မယ်။ ဈေးကွက်ရဲ့သတင်းအချက်အလက်တွေကို နာကျင်မှု၊ ခြိမ်းခြောက်မှုအဖြစ် သတ်မှတ်ဘာသာပြန်နိုင်ချေတွေကို သင့်တင့်တဲ့မျှော်မှန်းချက်တွေနဲ့ ရှင်းလင်းဖယ်ရှားပစ်နိုင်လာပါလိမ့်မယ်။ အဲလိုနဲ့ Trading ရဲ့ စိတ်ပိုင်းဆိုင်ရာ Risk တွေကို ထိထိရောက်‌ရောက်‌ချေဖျက်ပစ်နိုင်ပါလိမ့်မယ်။ ရည်ရွယ်ချက်ကတော့ ဈေးကွက်ထဲမှာ ကိုယ်မသိနိုင်တဲ့အားတွေ အမြဲတမ်းလည်ပတ်နေတယ်ဆိုတဲ့အချက်ကို အပြည့်အဝလက်ခံတဲ့ အရေးမစိုက်တတ်တဲ့စိတ် ( A carefree state of mind) ကို ဖန်တီးဖို့ပဲ ဖြစ်ပါတယ်။ ဒီအမှန်တရားတွေကို ကိုယ့်ရဲ့ယုံကြည်မှုစနစ်ထဲမှာ အပြည့်အဝလည်ပတ်အောင် လုပ်ဆောင်တဲ့အခါမှာ ကိုယ့်စိတ်ရဲ့စဥ်းစားဆင်ခြင်တဲ့အပိုင်းက ဒီအမှန်တရားတွေကို အခြား Trading နဲ့ပတ်သက်လို့ကိုယ်ဆုပ်ကိုင်ခဲ့တဲ့ယုံကြည်ချက်တွေကို ဆန့်ကျင်တွန်းလှန်ခဲ့သလိုပဲ ဆန့်ကျင်တွန်းလှန်ပါလိမ့်မယ်။ .................................................... ဒါတွေကတော့ ကမ္ဘာကျော်ထရိတ်ဒါ Mark Douglas ရဲ့ "The Five Fundamental Truths about Trading" ပဲဖြစ်ပါတယ်။ အောင်မြင်တဲ့ Trader တွေ ဖြစ်ကြပါစေခင်ဗျာ ... We win or we learn AlpHa (FMMC)

Trading ရဲ့အမှန်တရား (၅) ခု နဲ့ တစိုက်မတ်မတ်လုပ်ဆောင်ခြင်းရဲ့ နိယာမ (၇) ခုက Trading Psychology ရဲ့ လယ်ဗယ်အမြင့်ပိုင်းမှာပါတယ်။ သိစိတ်အလွှာနှစ်လွှာမှာ အပေါ်ယံလွှာနဲ့အတွင်းလွှာက တစ်ခုနဲ့တစ်ခု ဆန့်ကျင်နေသလို ထင်ရတတ်တယ်။ Trading Psychology စာတွေက သိစိတ်ရဲ့အတွင်းလွှာဖက်ကို သွားတယ်။ အဲဒါကို အပြင်လွှာလို့ယူဆလိုက်ရင် ဒုက္ခရောက်သွားလိမ့်မယ်။ အထူးသဖြင့် အတွေ့အကြုံနုသေးသူတွေ ထိနိုင်တယ်။ တဆင့်ချင်းတွဲခေါ်ပြီးမှ ရေးမလို့ပဲ။ ဒါပေမယ့် အခြေအနေအရ ရေးထားရတော့မယ်။ ကိုယ့်ဟာကိုယ်သာ ချင့်ချိန်ဖတ်ကြပါ။ နောက်အခွင့်အရေးရမှ အသေးစိတ်ထပ်ရှင်းပြပေးပါမယ်။ https://t.me/AlpHasSharing We win or we learn AlpHa (FMMC)

"ဈေးကွက်က မရေရာဘူး" အဲဒီစကားက Trading Psychology မှာ နှလုံးသွင်းရတဲ့စကား။ Risk ကိုနားလည်လက်ခံဖို့ အဲဒီအသိကို ယုံကြည်မှုစနစ်ထဲရောက်အောင် ထည့်ပေးရတယ်။ အသိဉာဏ်အလွှာနှစ်ခုရဲ့ အတွင်းလွှာမှာ နေရာယူရတဲ့စကား။ အဲဒါကိုနားလည်မှ မျှော်လင့်ချက်နဲ့ Over Trade လုပ်တာမျိုးလျော့သွားပြီး Risk Management မှန်လာမှာ။ Risk Management မှန်မှ ပုံမှန်အမြတ်ရလာမှာ။ Trading မှာ TA/ FA နားလည်ရုံနဲ့ ရေရှည်မရပ်တည်နိုင်ဘူး။ ဒါပေမယ့် "ဈေးကွက်က မရေရာဘူး"ဆိုတဲ့စကားက နှစ်ဖက်သွားဓါးလိုပဲ။ မကိုင်တတ်ရင် ကိုယ့်ကိုယ်ကို ပြန်ထိခိုက်တတ်တယ်။ Trading Psychology အတွက် အဲဒီစကားပေးခံလိုက်တဲ့ Trader အဆင်ပြေသွားသလားလို့ နောက်ပိုင်းလေ့လာကြည့်တော့ အဆင်ပြေမသွားဘူး။ အရင်လို လည်နေတုန်းပဲ။ စမ်းစစ်ကြည့်တဲ့အခါ ဘာသွားတွေ့လည်းဆိုတော့ Trader တွေရဲ့စိတ်ထဲမှာ "ဈေးကွက်က မရေရာဘူး"ဆိုတော့ Trading Edge နဲ့မကိုက်ပဲဝင်ရင်လည်း အမြတ်ရချင်ရနိုင်တာပဲလို့ တွေးတာ။ ဘာလို့အဲလိုတွေးလည်းဆိုတော့ သူတို့ Trading Edge နဲ့မကိုက်လို့မဝင်ခဲ့ပေမယ့် ဝင်ခဲ့ရင်အမြတ်ရမယ့် Trade တွေကို မြင်ခဲ့ရတာကိုး။ အဲတော့ "ဈေးကွက်က မရေရာဘူး"ဆိုတဲ့စကားက သူတို့အတွက် Risk Management ဖက်ကို မသွားပဲ၊ မျှော်လင့်ချက်နဲ့ Trade တဲ့ဖက်ကိုရောက်သွားပြီး သူတို့ရဲ့ Trading Life က တဖြည်းဖြည်းပိုဆိုးလာတယ်။ "ဈေးကွက်က မရေရာဘူး"ဆိုတဲ့စကားက သူ့တခွန်းထဲဆိုရင် ဘက်ပဲ့‌နေတယ်။ အဲဒီစကားကို "တစိုက်မတ်မတ်အမြတ်ရဖို့" ဆိုတဲ့စကားပေါင်းထည့်လိုက်မှ လမ်းလွဲသွားတဲ့ Trader တွေ လမ်းမှန်ပေါ်ကို ပြန်ရောက်နိုင်လိမ့်မယ်။ တစိုက်မတ်မတ်အမြတ်ရဖို့ဆိုရင် Trading Edge လိုလာပြီ။ ပုံသေ Trade တဲ့ပုံစံရှိမှ ပုံမှန်ဘယ်လိုအမြတ်ရတာလဲဆိုတာကို သိမှာကိုး။ ကြုံသလို မီးစင်ကြည့်ကနေရင် ပုံသေအမြတ်မရနိုင်ဘူးလေ။ အကြောင်းတိုက်ဆိုင်လို့ အမြတ်ရတာမျိုး ဖြစ်နေနိုင်တယ်။ ပြဿနာက ဘယ်အချိန်ကျရင် အကြောင်းမတိုက်ဆိုင်ပဲပြန်ကုန်သွားမလဲဆိုတာကို မသိနိုင်ဘူး။ အဲတော့ မရေရာမှုကို ခံစားရမယ်။ မရေရာမှုကိုခံစားရရင် လမ်းပျောက်လာလိမ့်မယ်။ Emotion ကို ထိန်းနိုင်မှာ မဟုတ်တော့ဘူး။ "ဈေးကွက်က မရေရာဘူး"ဆိုတာကို လက်ခံလို့ရပေမယ့် Trader ရဲ့လုပ်ရပ်က မရေရာလို့တော့ မရဘူး။ ဈေးကွက်က အကြောင်းတရားများစွာနဲ့လည်ပတ်နေလို့ ထိန်းချုပ်လို့မရပေမယ့် Trader ကတော့ ကိုယ့်လုပ်ရပ်ကိုကိုယ် ထိန်းချုပ်နိုင်ရမယ်။ အဲတော့မှ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိလာမယ်။ အမြတ်ရအောင် ရှာနိုင်လာမယ်။ အဲတော့ အနှစ်ချုပ်ရရင် "ဈေးကွက်က မရေရာဘူး"။ ဒါပေမယ့် "တစိုက်မတ်မတ်အမြတ်ရဖို့"ဆိုရင် ကိုယ့်ရဲ့ Trading Edge ကို လိုက်နာရမယ်။ စကားကတော့ ပြောနေကျစကားလိုပဲ။ ဖတ်ကြည့်ရင် သိသွားမယ်။ ဒါပေမယ့် တကယ်ရင်ထဲကနားလည်ဖို့ဆိုရင်တော့ နှစ်ချီတဲ့အတွေ့အကြုံနဲ့ အားကောင်းတဲ့သတိကို ပေးရလိမ့်မယ်။ We win or we learn AlpHa (FMMC)

photo content

Trading Psychology ကိုလေ့ကျင့်ချင်ရင် အနည်းဆုံး Trading Edge တခု ရှိဖို့လိုတယ်။ Trading Edge မရှိရင် Consistency ဆိုတာ ဘာမှန်းသိမှာ မဟုတ်ဘူး။ Consistency ဆိုတာ တသမတ်တည်းဆောင်ရွက်တာကို ပြောတာပါ။ Psychology နဲ့ Consistency ပေါင်းနိုင်မှ ရလာဒ်ကောင်းထွက်တာ။ ဖြစ်တန်စွမ်းနဲ့လည်ပတ်နေတဲ့ဈေးကွက်ထဲမှာ မီးစင်ကြည့်ကနေရင် စိတ်ကရေရှည်မှာ ဘယ်အရာပေါ်အခြေတည်ရမှန်းမသိပဲ လမ်းပျောက်လာလိမ့်မယ်။ အဲဒီအခါမှာ Trader တွေက ဟိုယောင်ယောင်၊ ဒီယောင်ယောင် ဖြစ်နေတတ်တယ်။ ဒါကြောင့်မို့ Trading Edge+ Consistency+ Psychology သုံးခုပေါင်းပြီး စိတ်ကို အခြေတည်ထားဖို့ လိုတယ်။ Trading Edge ရှိလာတဲ့အခါ Trading Edge အတိုင်းမလိုက်နာပဲ ဝင်မိတဲ့ Trade တွေ ရှိလာမယ်။ အဲဒီအခါမှာ ဘယ်လိုအချိန်မျိုး၊ ဘယ်လိုအခြေအနေမျိုးမှာ ဘယ်လိုအတွေးဝင်လာပြီး Trading Edge ကိုချိုးဖောက်မိလဲဆိုတာကို ချရေးမှတ်ထားဖို့လိုတယ်။ အဲဒါ စိတ်ရဲ့ Pattern ပဲ။ အဲဒီ ကိုယ့်စိတ်ရဲ့ Pattern ကို နားလည်ထားမှ နောက်ကွယ်ကမောင်းနှင်နေတဲ့ ယုံကြည်မှုကို ရှာလို့ရမယ်။ အဲလိုရှာလို့ရမှ ရလာဒ်ကောင်းရစေမယ့် ယုံကြည်မှုနဲ့ အစားထိုးလို့ရမယ်။ အဲလိုလုပ်နိုင်မှ Thought➡️ Emotion➡️ Action➡️ Result➡️ process အတိုင်း ရလာဒ်ကောင်းရမယ်။ ကိုယ့်စိတ်ရဲ့ Pattern ကို ရှာဖွေနိုင်ဖို့ သတိကောင်းဖို့လိုတယ်။ သတိကောင်းဖို့ဆိုရင် တရားထိုင်တာ၊ ယောဂလေ့ကျင့်တာ၊ ထိုက်ကျိချွမ်ကစားတာနဲ့ အခြားစိတ်တည်ငြိမ်ရေးကျင့်စဉ်တွေ နေ့စဉ်အားထုတ်လေ့ကျင့်ဖို့လိုတယ်။ ခုတော့ ဘယ်လိုအချိန်မျိုး၊ ဘယ်လိုအခြေအနေမျိုးမှာ ဘယ်လိုအတွေးဝင်လာပြီး ကိုယ့်စည်းကမ်းကိုချိုးဖောက်မိလဲဆိုတာကို စာရွက်ပေါ်မှာဖြစ်ဖြစ်၊ Note မှာဖြစ်ဖြစ် ချရေးကြည့်လိုက်ပါ။ အောင်မြင်တဲ့ Trader တွေ ဖြစ်ကြပါစေခင်ဗျာ ... We win or we learn AlpHa (FMMC)

တစိုက်မတ်မတ်အောင်ပွဲရယူနိုင်ရခြင်းအ‌ကြောင်းက ❤️ ၁။ ငါ့ရဲ့အဝင်အထွက်စနစ်ကို ခံစားမှုမပါပဲ ယထာဘူတကျကျရေးဆွဲထားတယ်။ ❤️ ၂။ Trade တိုင်းရဲ့ မရေရာမသေချာမှုတွေကို ကြိုတင်တွက်ဆသတ်မှတ်ထားတယ်။ ❤️ ၃။ ငါက မရောမှုတွေကို လုံးဝလက်ခံထားတယ် (သို့မဟုတ်) ငါက Trade တွေကို လက်လွတ်ခံဖို့လည်း ဆန္ဒရှိနေတယ်။ ❤️ ၄။ ငါက ကြိုတင်မှန်းဆမှု (ဒါမှမဟုတ်) တုံ့ဆိုင်းမှုမရှိပဲ ငါ့ရဲ့အဝင်အထွက်စနစ်အတိုင်း လုပ်ဆောင်တယ်။ ❤️ ၅။ ဈေးကွက်ကထုတ်လုပ်တဲ့ ငါရယူနိုင်တဲ့ပိုက်ဆံလို့ယူဆပြီး ငါ့ကိုယ်ငါ‌‌ ငွေပေးချေတယ်။ ❤️ ၆။ ငါက အမှားတွေကိုလုပ်မိစေတဲ့ ဖြစ်ပေါ်လာတဲ့ခံစားချက်ကို ဆက်လက်စောင့်ကြည့်တယ်။ ❤️ ၇။ ငါက တစိုက်မတ်မတ်အောင်ပွဲရဖို့ ဒီနိယာမတွေရဲ့ လုံးဝဥသုံအရေးပါမှုကို သိရှိနားလည်တယ်။ ဒါကြောင့်မို့ ဘယ်တော့မှ မလေးမစားပြုမူပြီး ချိုးဖောက်ကျူးလွန်တာမျိုးကို မလုပ်ဘူး။ ..................................................... ဒါတွေကတော့ ကမ္ဘာကျော်ထရိတ်ဒါ Mark Douglas ရဲ့ Trading မှာ တစိုက်မတ်မတ်အောင်ပွဲရရှိဖို့ နှလုံးသွင်းလေ့ကျင့်ရမယ့် "The Seven Principles of Consistency" ပဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ယုံကြည်မှုစနစ်ထဲမှာတသားတည်းဖြစ်ပြီး အားထုတ်စရာမလိုတော့တဲ့ထိဖြစ်အောင် နေ့စဉ်နှလုံးသွင်းလေ့ကျင့်ဖို့ကိုလည်း တိုက်တွန်းထားပါသေးတယ်။ အခွင့်အလမ်းကြုံတဲ့အခါ ဒီနိယာမ (၇) ခုအကြောင်းကို အသေးစိတ်ထပ်မံရှင်းလင်းမျှဝေရေးသားသွားပါဦးမယ်။ အောင်မြင်တဲ့ Trader တွေ ဖြစ်ကြပါစေခင်ဗျာ ... We win or we learn AlpHa (FMMC)

photo content

"Who moved my cheese?" စာအုပ်ထဲမှာ ဇာတ်ကောင် (၄) ဦးပါတယ်။ လူနှစ်ယောက်နဲ့ ကြွက်နှစ်ကောင်။ လူနှစ်ယောက်က ဟမ်နဲ့ ဟော။ လူ့သဘာဝအတိုင်း ယုံကြည်ချက်တွေ၊ စိတ်ခံစားချက်တွေနဲ့။ ကြွက်နှစ်ကောင်က စနစ်ဖ်နဲ့ စကာရီ။ စနစ်ဖ်က အနံ့ခံကောင်းတယ်။ စကာရီက အပြေးမြန်တယ်။ ပုံပြင်ထဲမှာ ကြွက်နှစ်ကောင်အကြောင်းက တိုတိုလေးရယ်။ ဒိန်ခဲ C နေရာတွေ့တယ်။ စားတယ်။ ရုတ်တရက် ဒိန်ခဲတွေမရှိတော့ စနစ်ဖ်ကအနံ့ခံပြီး ဝင်္ကပါထဲမှာဦးတည်ရာရှာတယ်။ စကာရီက စနစ်ဖ်ပြတဲ့ဖက်ကိုပြေးရင်း ဒိန်ခဲသစ်ရှာတယ်။ နောက် ဒိန်ခဲ N နေရာတွေ့တယ်။ ဒါပဲ။ ဒိန်ခဲက ဘဝပန်းတိုင်ရဲ့နိမိတ်ပုံအဖြစ်၊ ဝင်္ကပါက ဘဝပန်းတိုင်ကိုရှာရင်း ကုန်သွားတဲ့အချိန်ရဲ့နိမိတ်ပုံအဖြစ်။ ပုံပြင်ရဲ့ ၉၀% လောက်က လူနှစ်ယောက်အကြောင်း။ လူနှစ်ယောက်ထဲမှာမှ ဟောအကြောင်း။ ဟမ်အကြောင်းက ဘာလို့ သိပ်မပါတာလဲဆိုတော့ ဒီလို။ ဟမ်နဲ့ ဟောလည်း ကြွက်နှစ်ကောင်လို ဒိန်ခဲ C နေရာတွေ့တယ်။ စားတယ်။ ကြာတော့ ဒီနေရာကို သူပိုင်သွားပြီ၊ ဘယ်တော့မှ မဆုံးရှုံးနိုင်တော့ဘူးထင်လာတယ်။ အဲတော့ ပျင်းရိလေးတွဲလာတယ်။ ပတ်ဝန်းကျင်အပြောင်းအလဲကို ဂရုမစိုက်အလေးမထားတော့ဘူး။ ရုတ်တရက် ဒိန်ခဲတွေပျောက်သွားတယ်။ ကြွက်နှစ်ကောင် ဒိန်ခဲထွက်ရှာနေချိန်မှာ သူတို့ကဒေါသထွက်နေတယ်၊ ထိတ်လန့်‌နေတယ်။ ဟောက စိတ်ပျက်သွားတယ်။ ဟမ်က ဘယ်သူ့လက်ချက်လဲဆိုပြီး ဒေါသထွက်တယ်။ နောက်နေ့ ဒိန်ခဲတွေပြန်ရောက်လာမယ်လို့ မျှော်လင့်တယ်။ မရောက်လာတော့ အနီးနားကဝင်္ကပါနံရံတွေကိုဖောက်ပြီး လိုက်ရှာတယ်။ တယောက်ယောက်ဖွက်ထားတယ် ထင်လို့။ ပြန်မတွေ့တော့ စိတ်ဓါတ်ကျတယ်။ ဟောက ဒိန်ခဲအရသာကိုတမ်းတပြီး ထွက်ရှာဖို့ပြောပေမယ့် ဟမ်က လက်မခံဘူး။ သူက ပြဿနာရှာသူမဟုတ်လို့ သူ့မှာ ဒိန်ခဲပြန်ရပိုင်ခွင့်ရှိတယ်လို့ မြင်တယ်။ အဲတော့ ဟောတစ်ယောက်ထဲ ဝင်္ကပါထဲကိုထွက်ခဲ့တယ်။ ဟမ်က ကျန်ခဲ့တယ်။ ဟောရဲ့ဝင်္ကပါအတွေ့အကြုံတွေက စာအုပ်ရဲ့အနှစ်သာရပဲ။ အသေးစိတ်တော့ ရေးမပြတော့ဘူး။ ကြောက်စိတ်ကို ရင်ဆိုင်ရတာတွေနဲ့ကြောက်စိတ်ကိုကျော်လွှားနိုင်ချိန်မှာ ခံစားရတဲ့လွတ်လပ်မှုအကြောင်း။ ဒိန်ခဲကတော့ မတွေ့သေးဘူး။ ရှာဖွေရင်း ဗိုက်ဆာလာတဲ့အခါမှာ ဒိန်ခဲကိုစောစောထွက်ရှာခဲ့သင့်တဲ့အကြောင်း၊ ဝင်္ကပါလမ်းမှာကျနေတဲ့ဒိန်ခဲအစအနတွေကိုစားရင်း ဝင်္ကပါထဲမှာသွားရတာ ထင်ထားသလောက်ကြောက်စရာမဟုတ်တဲ့အကြောင်း၊ ဒိန်ခဲကိုထိုင်စောင့်ရတာထက် ဝင်္ကပါထဲလျှောက်သွားနေတာက ပိုအန္တရာယ်ကင်းကြောင်းစသဖြင့် ဟောတယောက်က သူ့ရဲ့အတွေ့အကြုံတွေကို နံရံမှာစာရေးပြီး မှတ်တမ်းတင်ထားတယ်။ ဟမ်များလိုက်လာခဲ့ရင် တွေ့နိုင်ပါစေဆိုပြီး။ ကျွန်တော်တို့လူတွေမှာလည်း ကိုယ့်ကိုယ်ကိုရပိုင်ခွင့်ရှိတယ်လို့ ယူဆသူတွေရှိတယ်။ နေရာတစ်ခုမှာ အသားကျပြီးဇိမ်ခံနေချင်သူတွေ ရှိတယ်။ တစ်ဖက်ပိတ်၊ တယူသန်၊ အသိတစ်ခုကို စွဲကိုင်ထားသူတွေရှိတယ်။ အပြောင်းအလဲကိုကြောက်တဲ့ ရှေးရိုးစွဲသမားတွေ ရှိတယ်။ ဒါပေမယ့် အပြောင်းအလဲလှိုင်းလုံးကြီးလာတဲ့အခါ တွန်းလှန်ဖို့၊ တင်းခံဖို့ဆိုတာ မလွယ်လှဘူး။ လှိုင်းစီးတတ်မှ အဆင်ပြေလိမ့်မယ်။ Comfort Zone➡️ Fear Zone➡️ Learning Zone➡️ Growth Zone တွေကို ဖြတ်ရတဲ့အခါမှာ Fear Zone ကို မြန်မြန်ဖြတ်နိုင်ဖို့ ပိုပြီးအရေးကြီးတယ်။ Fear Zone က တံတိုင်းတစ်ခုလိုပဲ။ သူ့ကိုဖြတ်နိုင်မှ အခြား Zone တွေကို ရောက်နိုင်တာ။ စနစ်ဖ်နဲ့ စကာရီလို ဘာမှတွေးမနေပဲ လုပ်စရာရှိတာကို မြန်မြန်လုပ်လိုက်တာက ရလာဒ်တစ်ခုခုကို မြန်မြန်ရစေတယ်။ ဒါပေမယ့် လူတွေကတော့ ခံစားချက်နဲ့ ယုံကြည်ချက်တွေ ရှိတယ်မလား။ ကြွက်နှစ်ကောင်လိုလုပ်ဖို့ဆိုတာ သိပ်တော့မလွယ်လှဘူး။ ဒါပေမယ့်လည်း အချို့အပိုင်းတွေမှာ ကြွက်နှစ်ကောင်ကို အတုယူဖို့လိုလိမ့်မယ်။ လုပ်စရာရှိတာကို တွေဝေမနေပဲလုပ်ဖို့ပေါ့။ ကျွန်တော်ကတော့ မဖြစ်မနေလုပ်ရတော့မယ်ဆိုရင် ကိုယ့်ခံစားချက်နဲ့ယုံကြည်ချက်ကိုပါ အလိုင့်မင့်ညီသွားအောင် အရင်ညှိယူလိုက်တာပဲ။ ပုံပြင်ထဲကအကြိုက်ဆုံးစကားတွေကတော့ "မင်းမကြောက်တော့ဘူးဆိုရင် ဘာဆက်လုပ်မလဲ"နဲ့ "💥ကြောက်သင့်တာကို ကြောက်၊ မကြောက်သင့်တာကို မကြောက်နဲ့။ 💥စွန့်စားရင် ဆုလာဘ်ရမယ်။ 💥ရိုးရှင်းစွာတွေး၊ အလျော့အတင်း မြန်မြန်ဆန်ဆန်လုပ်။ 💥မြန်မြန်လှုပ်ရှား၊ မဟုတ်ရင် မလုပ်ဖြစ်တော့ဘူး။ 💥ကြောက်စိတ်ကြောင့် ကိုယ့်ကိုယ်ကိုအမြင်မကြည်လင်အောင် မလုပ်နဲ့။" ဒါတွေကတော့ "Who moved my cheese?" စာအုပ်ထဲကနေ ထုတ်နှုတ်ရရှိခဲ့တဲ့ ကျွန်တော့်ရဲ့မှတ်စုတစိတ်တပိုင်း ဖြစ်ပါတယ်ခင်ဗျာ။ We win or we learn AlpHa (FMMC)

📖🖊️
📖🖊️

ကိုယ့်ကို မောက်မာစေတဲ့အောင်မြင်မှုထက် သင်ယူလေ့လာခွင့်ရတဲ့ကျရှုံးမှုက ပိုပြီးတန်ဖိုးရှိပါတယ်။ Midas Touch Syndrome ထိပြီးတဲ့သူတွေက သိပ်မကြာခင်မှာ ပြိုလဲသွားတတ်ကြပါတယ်။ အပြင်'လောက'ကလူတွေအပေါ်မှာ လေ့လာထားတာဖြစ်ပါတယ်။။ သတိပေးမယ့်သူမရှိတာ၊ ကိုယ့်ကိုကိုယ်သတိမပေးတာကြောင့် ဆင်သေစားတဲ့ကျီးလို သမုဒ္ဒရာထဲထိလိုက်သွားပြီး ပျက်စီးရတတ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်လည်း ကိုယ်သိနားလည်ထားတာတွေကိုရေးသားမျှဝေရင်း ကိုယ့်ကိုယ်ကိုလည်း သတိပေးဖြစ်ပါတယ်။ ကျွန်တော်ရေးခဲ့တဲ့စာတွေက သူများအတွက်ရော၊ ကိုယ့်အတွက်ရော ဖြစ်ပါတယ်။ အောင်မြင်တဲ့ Trader တွေ ဖြစ်ကြပါစေခင်ဗျာ ... we win or we learn AlpHa (FMMC)

photo content

Trading နဲ့ပတ်သက်ပြီး အများသိချင်ကြတဲ့မေးခွန်းတွေကို ဖြေဆိုပေးခဲ့တာဖြစ်ပါတယ်။ နောက်လာမည့်မေးခွန်းတွေရဲ့အဖြေတွေကိုလည်း အောက်ကလင့်တွေမှာ ထပ်ပေါင်းထည့်ပေးထားပါမယ်။ အောင်မြင်တဲ့ Trader တွေ ဖြစ်ကြပါစေခင်ဗျာ ... We win or we learn AlpHa (FMMC) (၁) မေး : Stop Loss ထားရင် Stop Loss ခဏခဏထိတတ်လို့ Stop Loss မထားပဲ Trade သင့်လား ... https://www.facebook.com/share/p/VHK9ei8GzzMY6jBk/?mibextid=oFDknk (၂) မေး : Stop loss ကို ဘယ်နေရာမှာ ထားသင့်လဲ ... https://www.facebook.com/share/korJvKHbYX7T9V4k/?mibextid=oFDknk (၃) မေး : Trade တခုအတွက် Margin Size ဘယ်လောက်သုံးသင့်လဲ ... https://www.facebook.com/share/np5tSyVWqgLSRgbH/?mibextid=oFDknk (၄) မေး: Trade Size တိုးချင်တယ်၊ တိုးရင် ပိုမြတ်နိုင်လား၊ ပိုရှုံးနိုင်လား ... https://www.facebook.com/share/9i9AG3KPvddWsGg3/?mibextid=oFDknk (၅) မေး : Future Trading မှာ Leverage များရင် Risk များတယ်ဆိုတာ ဟုတ်လား ... https://www.facebook.com/share/v/D3qUA4c4S8CZVBmE/?mibextid=oFDknk (၆) မေး: Techanical Analysis မှာ Respect လုပ်တယ်၊ Reject လုပ်တယ်ဆိုတာ ဘာလဲ။ https://www.facebook.com/share/YbHn32gc7asxbUAj/?mibextid=oFDknk (၇) မေး: Bollinger Bands နဲ့ Volume တွဲသုံးပုံကို ရှင်းပြပေးပါ။ https://www.facebook.com/share/UxtruJVmU5ZQoCoy/?mibextid=oFDknk (၈) မေး: တခုလောက် သိချင်လို့ပါ။ HTF Trend Follow လိုက်ပြီး LTF မှာ Trade တာ၊ HTF retrace တွေမှာကျ ဘယ်လို Trade လဲဗျ။ Retrace တွေက တခါတလေမကြာပေမဲ့ ကြာတဲ့အခါကျတော့လဲ ကြာပြန်ရော။ မကြာတဲ့အခါတွေကျတော့ Stop Loss က ထိတာ များသလားလို့။ ကျနော်ပြောတာ မှားချင်လဲ မှားနိုင်ပါတယ်။ သိချင်တာက HTF တွေရဲ့ Retrace နေရာတွေကို LTF မှာ ဘယ်လို Trade ရလဲ သိချင်တာပါ။ အဆင်ပြေရင် ဖြေပေးစေချင်ပါတယ်။ https://www.facebook.com/share/xHN4ZcYJjYCtDaSG/?mibextid=oFDknk (၉) မေး: Breakout နဲ့ False Breakout ကို ဘယ်လိုခွဲခြားနိုင်သလဲ။ https://www.facebook.com/share/v/gCShAAwrJ5XuEbDu/?mibextid=oFDknk (၁၀) မေး: Profitable Strategy တစ်ခုကို ဘယ်လိုတည်ဆောက်ရမလဲ ... https://www.facebook.com/share/vBF2jnFTEJaMAT1L/?mibextid=oFDknk (၁၁) မေး : Professional Trader တယောက်ဖြစ်ဖို့ အချိန်ဘယ်လောက်လိုသလဲ... https://www.facebook.com/share/wHETDRWRdmB91aP3/?mibextid=oFDknk (၁၂) မေး : Trading Psychology တွေကို ရင်ထဲစွဲနေအောင် ဘယ်လိုလေ့ကျင့်သင့်လဲ ... https://www.facebook.com/share/9xgdbQDpiBWtTN2V/?mibextid=oFDknk

"ကျွန်တော့် Trading System က အားနည်းချက်များပါတယ်"လို့ Trader တစ်ယောက်ကပြောတော့ ကျွန်တော့်စိတ်ထဲက စကားသံက "အားနည်းချက်ရှိရင်
"ကျွန်တော့် Trading System က အားနည်းချက်များပါတယ်"လို့ Trader တစ်ယောက်ကပြောတော့ ကျွန်တော့်စိတ်ထဲက စကားသံက "အားနည်းချက်ရှိရင် ပြင်ပေါ့"တဲ့။ ဟုတ်တယ်။ ကျွန်တော့်အယူအဆက "အားနည်းချက်ရှိရင် ပြင်ရမယ်"။ အားနည်းချက်မှန်းမသိလို့ မပြင်တာက ကိစ္စမရှိဘူး။ သိရင်တော့ ပြင်ရမယ်။ ဒါမှ ပိုကောင်းလာမှာပေါ့။ ငြီးတွားနေတာက ကောင်းကျိုးမှ မရှိနိုင်တာ။ ကျွန်တော့်အယူအဆက "Trading System ဟာ အားနည်းချက် မရှိရဘူး။" We win or we learn AlpHa (FMMC)

ခုကာလမှာ ဖတ်ကြည့်သင့်တဲ့စာအုပ်နှစ်အုပ်။ Online ကနေပဲ ရှာဖတ်ကြည့်လို့ရပါတယ်။ ဖတ်မယ်ဆို "ငါ့ဒိန်ခဲကို ဘယ်သူနေရာရွှေ့ထားသလဲ"ကို
+1
ခုကာလမှာ ဖတ်ကြည့်သင့်တဲ့စာအုပ်နှစ်အုပ်။ Online ကနေပဲ ရှာဖတ်ကြည့်လို့ရပါတယ်။ ဖတ်မယ်ဆို "ငါ့ဒိန်ခဲကို ဘယ်သူနေရာရွှေ့ထားသလဲ"ကို အရင်ဖတ်ပါ။ တိုပြီး နားလည်ရလွယ်လို့ပါ။ အပြောင်းအလဲနဲ့ပတ်သက်တဲ့သတိပြုဆင်ခြင်စရာတွေ၊ အတွေ့အကြုံတွေ၊ ဖြစ်စဉ်တွေကို နားလည်သဘောပေါက်လာပါလိမ့်မယ်။ "သောကကင်းဝေးနေထိုင်ရေး"က သောကတွေကိုကိုင်တွယ်ဖြေရှင်းခဲ့တဲ့အထင်ကရပုဂ္ဂိုလ်တွေနဲ့ သူတို့ရရှိခဲ့တဲ့မှတ်သားစရာ၊ ကျင့်သုံးလိုက်နာစရာ အမြင်တွေ၊ အယူအဆတွေကို လေ့လာရယူနိုင်ပါတယ်။ ဆရာကြီးဒေးကာနယ်ဂျီပြုစုမျှဝေပေးတာ ဖြစ်ပါတယ်။ နှစ်အုပ်လုံးက အောင်မြင်တဲ့ဘာသာပြန်စာအုပ်တွေ ဖြစ်ပါတယ်။ ဒီကာလနဲ့ကိုက်ညီတာမို့ ယူတတ်ရင် အကျိုးရှိပါလိမ့်မယ်။ အဆင်ပြေကြပါစေ။ We win or we learn AlpHa (FMMC)

photo content

Trading လုပ်တဲ့အခါ အစီအစဉ်ရေးဆွဲထားဖို့ ဘာကြောင့်လိုအပ်သလဲ။ လူ့စိတ်က မသေချာမရေရာမှုကို ကြုံတွေ့ရတဲ့အခါ ကြောက်စိတ်ဝင်လာတတ်တယ်။ အထူးသဖြင့် ကိုယ်မထိန်းချုပ်နိုင်တဲ့အရာကို ကြောက်ကြတယ်။ ကြောက်တော့ ဆုံးဖြတ်ချက်အမှားတွေချမိတတ်တယ်။ ကြောက်တဲ့အရာပေါ်မှာအာရုံစိုက်နေတော့ အခြားအခွင့်အလမ်းတွေကို မမြင်နိုင်တော့ဘူး။ ပိတ်သွားတယ်။ ကြောက်စိတ်ကိုဖြေရှင်းဖို့ဆိုရင် မသေချာမ‌ရေရာတဲ့အရာတွေကို ကိုင်တွယ်နိုင်တယ်လို့ စိတ်ကယုံကြည်ဖို့လိုတယ်။ အဲလိုယုံကြည်ဖို့ဆိုရင် ဘာဖြစ်ရင် ဘာလုပ်မယ်ဆိုတဲ့ အစီအစဉ်ရေးဆွဲထားရတယ်။ Plan A, Plan B, Plan C အစရှိသဖြင့်။ ဖြစ်တန်စွမ်းအားလုံးနဲ့ ဖြစ်တန်စွမ်းအလိုက် ဖြေရှင်းပုံတွေကို ကြိုတင်စီစဥ်ရေးဆွဲထားရတယ်။ အစီအစဉ်ရေးဆွဲပြီးရင် လိုက်နာရတယ်။ အကောင်အထည်ဖော်ရတယ်။ အဲလိုလုပ်မှ ကြောက်စိတ်လျော့ပါးပြီး စိတ်ခံစားချက်တွေကို ကိုင်တယ်နိုင်လာမယ်။ ကိုင်တွယ်တတ်လာမယ်။ ဒါမှလည်း ရေရှည်ခရီးကို ဝန်နည်းနည်းနဲ့ လျှောက်နိုင်မှာပေါ့။ အောင်မြင်တဲ့ Trader တွေ ဖြစ်ကြပါစေခင်ဗျာ ... We win or we learn AlpHa (FMMC)