cookie

Ми використовуємо файли cookie для покращення вашого досвіду перегляду. Натиснувши «Прийняти все», ви погоджуєтеся на використання файлів cookie.

avatar

RFA Burmese

လွတ်လပ်တဲ့အာရှအသံရဲ့ တာဝန်နဲ့ရည်ရွယ်ချက်ဟာ သက်ဆိုင်ရာအစိုးရတွေရဲ့ ပိတ်ပင်ဟန့်တားမှုတွေကြောင့် သတင်းလွတ်လပ်ခွင့်မရှိတဲ့ အာရှနိုင်ငံတွေအတွက် တိကျမှန်ကန်တဲ့ သတင်းအချက်အလက်တွေ ထုတ်လွှင့်ပေးဖို့ ဖြစ်ပါတယ်။

Більше
Рекламні дописи
31 627
Підписники
+25624 години
+1 6987 днів
+6 82630 днів

Триває завантаження даних...

Приріст підписників

Триває завантаження даних...

တိုက်ပွဲပြင်းထန်နေတဲ့ လားရှိုးမှာ ဒေသခံတွေ မြို့ကိုစွန့်ခွာ ~~~ ■ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က တိုက်ပွဲတွေအတွင်း အရပ်သားသေဆုံးမှုတွေ ရှိလာတဲ့နောက် ဇူလိုင်လ ၄ ရက်နေ့ကစလို့ မြို့ခံတစ်ထောင်ထက်မနည်း မြို့ကနေ ထွက်ခွာနေကြပြီး ကားတွေလည်း ရာနဲ့ချီပြီး ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲတွေမရှိတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နဲ့ မန္တလေးမြို့ကို အများဆုံးထွက်ခွာနေကြတာဖြစ်ပြီး တိမ်းရှောင်သူတွေ များတာကြောင့် ဇူလိုင်လ ၅ ရက် ဒီနေ့မနက်အထိ လမ်းမှာ ကားတွေပိတ်မိနေတယ်လို့ မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။ “မနေ့ကကတည်းက ကားတန်းစီတာ အခုချိန်ထိပဲ၊ တော်တော်များတယ်၊ ကားတွေ ထောင်ချီတယ်။ အခုက သီပေါနဲ့ လားရှိုးကြား စဉ့်အင်မှာ ချောင်းကို စက်လှေနဲ့ပဲ ကားတွေကို ကူးနေရတော့ အဲမှာက တစ်ခါကူးရင် နှစ်စီးပဲ ကူးနိုင်တယ်။ တစ်နာရီမှာမှ ရှစ်စီးလောက်ပဲ ကူးနိုင်တော့ အဲမှာ ကားတွေ ပြုံနေလို့ ဒီဘက်က ကားတွေ မလွှတ်ဖို့ပြောလို့ အခုက အထွက် ပိတ်ထားတယ်။ အခုလားရှိုးမှာ ကားတန်းစီးနေတာက တော်တော်များတယ်” ဒီနေ့မနက်မှာတော့ လားရှိုးမြို့အနီးမှာ လက်နက်ကြီးသံ၊ သေနတ်သံမကြားရသေးဘဲ တိတ်ဆိတ်နေတယ်လို့ နောက်ထပ် မြို့ခံတစ်ဦးက ပြောပါတယ်။ “ဒီနေ့မနက်ကတော့ အသံတိတ်နေတယ်။ အခုက စစ်ကောင်စီတပ်တွေက နည်းနည်းတော့ ဆုတ်လာပြီ။ သိန္နီမြို့လမ်းဘက် နမ်တွန်းဘက်လည်း ၁၂ မိုင် လောက်ထိ နီးလာပြီ အစဖြစ်တဲ့အချိန်တော့ ၁၆ မိုင်အကွာလောက်မှာ ဖြစ်တာ” လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုတွေကြောင့် လားရှိုးတိုက်ပွဲ သုံးရက်အတွင်း အရပ်သားပြည်သူ ၁၃ ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရထားသူတွေလည်းရှိတယ်လို့ ဒေသခံတွေနဲ့ လူမှုကူညီရေးအဖွဲ့တွေက ပြောပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်စီးပွားရးဝန်ကြီးဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။ စစ်ကောင်စီရဲ့ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ရမခ) အခြေစိုက်တဲ့ လာရှိုးမြို့ကို ဇူလိုင် ၃ ရက်နေ့ကစပြီး မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)နဲ့ ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်နေပြီး လားရှိုးမြို့အပြင်မှာလည်း တိုက်ပွဲဖြစ်ပွားနေပါတယ်။ RFA Burmese Website တွင် ဖတ်ရှုရန်…
Показати все...
တိုက်ပွဲပြင်းထန်နေတဲ့ လားရှိုးမှာ ဒေသခံတွေ မြို့ကိုစွန့်ခွာ

တိမ်းရှောင်သူတွေ များတာကြောင့် ဇူလိုင်လ ၅ ရက် ဒီနေ့မနက်အထိ လမ်းမှာ ကားတွေပိတ်မိနေတယ်လို့ မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

05:04
Відео недоступнеДивитись в Telegram
နေ့လယ်ခင်းသတင်း (၂၀၂၄ ဇူလိုင် ၅ ရက်) ~~~ ■ လူမျိုးတုံးအကြမ်းဖက်မှုတွေ သတိထားဖို့ လူ့အခွင့်အရေး ကိုယ်စားလှယ်ပြော ■ တော်လှန်ရေး အင်အားစုတွေနဲ့ဆက်ဆံဖို့ အာဆီယံကို SAC-M တိုက်တွန်း ■ ဖမ်းဆီးခံနေရတဲ့ ဂျပန်နိုင်ငံသားကို သံအမတ်နဲ့ တွေ့ခွင့်ပြု ■ ဖာပွန်မှာ တစ်လအတွင်း တိုက်ပွဲတစ်ရာကျော်ဖြစ် ■ ရေဖြူမှာ အရပ်သားလေးဦး သတ်ဖြတ်ခံရ
Показати все...
B0705-MIDDAY.mp4116.39 MB
2
သရက်ချောင်းမှာ သံဃာတော်တွေ ဦးဆောင်ချီတက် ဆန္ဒပြ ~~~ ■ တနင်္သာရီတိုင်း ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်မှာ ကံဆောင် သပိတ်မှောက်ထားတဲ့ သံဃာတော်တွေ ဦးဆောင်ပြီး ထားဝယ်ခရိုင် အမှတ် (၈) ပြည်ထောင်စုလမ်းမပေါ်မှာ လူတစ်ရာခန့်နဲ့ ချီတက်ဆန္ဒပြခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ထားဝယ်ခရိုင်ထဲက ဘုန်းကြီးကျောင်း ၁၃ ကျောင်းက သံဃာတွေရဲ့ ဦးဆောင်မှုနဲ့အတူ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ ကော်မတီ (DDMSC) နဲ့ ဒေသခံတွေ ဝန်းရံချီတက် ဆန္ဒပြခဲ့တာလို့ သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးက RFA ကို ပြောပါတယ်။ “စစ်ကောင်စီက ပြည်သူလူထုကို ရက်ရက်စက်စက် သူတို့ အာဏာတည်မြဲရေးအတွက် မလုပ်ရဲတာ ဘာမှမရှိဘူးဆိုတဲ့ ပုံစံမျိုး သူတို့ လုပ်နေတယ်။ အဲဒီအထဲမှာ ရဟန်းသံဃာတွေပါ အသတ်ခံရတဲ့ အနေအထား ဖြစ်လာတယ်။ အဲလို အခြေအနေမျိုးမှာ ကျွန်တော်တို့က ဒီအာဏာရှင်စနစ် လုံး၀ချုပ်ငြိမ်းရေးအတွက် ပြည်သူလူထု တစ်ရပ်လုံး ပါဝင်ပူးပေါင်း တိုက်ပွဲဝင်ဖို့လိုသလို ဆရာ၊ ဒကာ ညီညီညွတ်ညွတ်နဲ့ တိုက်ပွဲဝင်မယ်ဆိုရင် ပိုပြီးတော့ ခရီးရောက်နိုင်တယ်” ပြည်ထောင်စုလမ်းမကြီးပေါ်က လှည့်လည်ဆန္ဒပြမှုအပြင် အဲဒီနေ့တစ်ရက်တည်းမှာပဲ ကျေးရွာတွေက လမ်းမပေါ်တွေမှာလည်း ဒေသခံရာနဲ့ချီပြီး ဆန္ဒပြချီတက်ခဲ့ကြတယ်လို့ သူက ဆိုပါတယ်။ ပဲခူးမြို့ ဝင်းနိမ္မိတာရုံ ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသကို စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့အပေါ် သံဃာတော်တွေရဲ့ ပတ္တုနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်မှုကို ဇွန်လ ၂၃ ရက်နေ့မှာ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်က သံဃာတော် တချို့နဲ့ စတင်ခဲ့တာပါ။ လက်ရှိမှာ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်က သံဃာတော်တွေ အပါအဝင် စစ်ကိုင်း၊ မကွေး၊ မန္တလေးနဲ့ တနင်္သာရီတိုင်းက မြို့နယ် ၂၁ ခုအထိ ဒီလှုပ်ရှားမှုမှာ ပါဝင်လာတာဖြစ်ပါတယ်။ ကံဆောင်သပိတ်မှာ ဦးဆောင်ပါဝင်တဲ့ သံဃာတော်တွေကတော့ စစ်ကောင်စီ ကျုးလွန်နေတဲ့ ပြစ်မှုတွေကို အရေးယူဆောင်ရွက်နိုင်ဖို့ ပြည်တွင်း၊ ပြည်ပ သံဃာတော်တွေ ဒီလှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။ _________ ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်မှ သံဃာတော်များ ကံဆောင်သပိတ်ပြုလုပ်နေကြသည်ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့က တွေ့ရစဉ်။ (Democracy Movement Strike Committee-Dawei Photo) RFA Burmese Website တွင် ဖတ်ရှုရန်…
Показати все...
သရက်ချောင်းမှာ သံဃာတော်တွေ ဦးဆောင်ချီတက် ဆန္ဒပြ

ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်မှာ ကံဆောင် သပိတ်မှောက်ထားတဲ့ သံဃာတော်တွေ ဦးဆောင်ပြီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

🙏 21👍 6 2
ချင်းတွင်းမြစ်ရေ မြင့်တက်မှု ဒေသခံထောင်ချီ ရေဘေးသင့် ~~~ ■ ချင်းတွင်းမြစ်ရေ မြင့်တက်မှုကြောင့် စစ်ကိုင်းတိုင်း ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်နဲ့ မော်လိုက်မြို့က အနိမ့်ပိုင်းရပ်ကွက်တွေနဲ့ ရွာတချို့ ရေဝင်နစ်မြုပ်နေပြီး ဒေသခံထောင်နဲ့ချီ ရေဘေးကြုံနေရတယ်လို့ ဇူလိုင်လ ၅ ရက်နေ့မှာ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ဒီနေ့မနက် ထုတ်ပြန်ချက်မှာတော့ ချင်းတွင်းမြစ်ရေဟာ ခန္တီး၊ ဟုမ္မလင်းနဲ့ ဖောင်းပြင်မြို့တို့ရဲ့ စိုးရိမ်ရေအမှတ်အထက် လေးပေကနေ ခုနစ်ပေနီးပါးအထိ ကျော်လွန်ရောက်ရှိနေတယ်လို့ ဖော်ပြထားပါတယ်။ ဟုမ္မလင်းမြို့ခံတစ်ဦးကတော့ ဒီနေ့မနက်အထိ မြစ်ရေက ဆက်လက်မြင့်တက်နေပြီး အနိမ့်ပိုင်းရပ်ကွက်တွေက ဒေသခံတွေ ပြောင်းရွေ့နေကြတယ်လို့ RFA ကို ပြောပါတယ်။ “မြစ်ရေက ဆက်ပြီးတက်နေဆဲပဲ။ ခိုပဲဝရပ်ကွက်အထိ ရေဝင်ပြီ။ ဥရုချောင်းရေလည်း တိုးနေတယ်။ ရေဘေးရှောင်တော့ ဘယ်လောက်ရှိလဲတော့ သေချာမသိဘူး။ တချို့တွေက ရှောင်နေကြတယ်။ တချို့တွေက နေအိမ်ထဲမှာပဲ နေနေကြတုန်း။ တခြားရွာတွေမှာ စစ်ဘေးရှောင်ရင်း ရေဘေးပါ ပြန်ရှောင်နေရတာတွေလည်း ရှိတယ်” စစ်ကောင်စီကတော့ ခန္တီးမြို့နယ်အတွင်းက လူခုနစ်ရာခန့်ကို ပြောင်းရွှေ့ပေးထားကြောင်း ပြောဆိုထားပါတယ်။ မြို့နယ် လေးခုလုံးရဲ့ ပြောင်းရွှေ့ရတဲ့ လူအရေအတွက်ကိုတော့ မသိရသေးပါဘူး။ စစ်ကောင်စီရဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူး ဒေါ်လေးရွှေဇင်ဦးကလည်း ချင်းတွင်းမြစ်ရေကြီးမှုကြောင့် ရေဘေးသင့်နေသူတွေကို ကူညီရွှေ့ပြောင်းပေးနေကြောင်း ဇူလိုင်လ ၄ ရက်နေ့မှာ RFA ကို ပြောပါတယ်။ မြစ်ရေ ဆက်လက်မြင့်တက်လာနိုင်တာကြောင့် ချင်းတွင်းမြစ်အောက်ပိုင်း ကလေးဝ၊ မင်းကင်း၊ ကနီနဲ့ မုံရွာမြို့က မြစ်ကမ်းအနီး နေထိုင်သူတွေတွေ ကြိုတင်သတိပြုကြဖို့ စစ်ကောင်စီရဲ့ မိုး/ဇလဌာနက ပြောထားပါတယ်။ _______ RFA Burmese Website တွင် ဖတ်ရှုရန်…
Показати все...
ချင်းတွင်းမြစ်ရေ မြင့်တက်မှု ဒေသခံထောင်ချီ ရေဘေးသင့်

ချင်းတွင်းမြစ်ရေ မြင့်တက်မှုကြောင့် ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်နဲ့ မော်လိုက်မြို့က အနိမ့်ပိုင်းရပ်ကွက်တွေနဲ့ ရွာတချို့ ရေဝင်နစ်မြုပ်နေပြီး ဒေသခံထောင်နဲ့ချီ ရေဘေးကြုံနေရပါတယ်။

😢 12👍 2
မြင်းခြံမှာ စစ်ကြောင်းထိုးစဉ် ဒေသခံ တစ်ရာခန့် ဖမ်းဆီးခံရ ~~~ ■ စစ်ကိုင်းတိုင်း မြင်းခြံမြို့နယ် တူရင်းဘို့ရွာနဲ့ ကျောင်းဖြူကန်ရွာကို စစ်ကောင်စီတပ်က ဇူလိုင်လ ၄ ရက်နေ့မှာ စစ်ကြောင်းထိုးစဉ် ကျောင်းဖြူကန်ရွာ စာသင်ကျောင်းမှာ ပိတ်မိသွားတဲ့ လူတစ်ရာခန့် ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့က မနက်ပိုင်းမှာ အင်အားခြောက်ဆယ်ခန့်ပါတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းက တူရင်းဘို့ရွာကို ဝင်ရောက်စီးနင်းရာမှာ နေအိမ် ၁၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။ တူရင်းဘို့ရွာသားတွေကတော့ သူတို့ရွာနဲ့ တစ်မိုင်ခန့်ဝေးတဲ့ ကျောင်းဖြူကန်ရွာကို ထွက်ပြေးခဲ့ကြတာပါ။ စစ်ကြောင်းက မနေ့ကညနေပိုင်းမှာ ကျောင်းဖြူကန်ရွာကို ဆက်လက်ဝင်ရောက်စီးနင်းစဉ် ရွာနှစ်ရွာပေါင်းက လူတစ်ရာခန့် ဖမ်းဆီးခံလိုက်ရတာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။ “တူရင်းဘို့ကနေ ကျောင်းဖြူကန်ရွာက စာသင်ကျောင်းထဲ ရှောင်ကြတော့ သူတို့ (စစ်ကောင်စီတပ်) က ရှောင်တဲ့ဘက်လိုက်လာတော့ ရှောင်တဲ့သူတွေက မရှောင်နိုင်တော့ဘူး။ အကုန်လုံး တစ်ရာလောက်က ကျောင်းဖြူကန် ကျောင်းထဲမှာပဲ မိသွားတာ။ သူတို့ကို သော့ခတ်ပြီးတော့ ပိတ်ထားတယ်” စစ်ကြောင်းဝင်လာတာကြောင့် လူနှစ်ထောင်ခန့်လည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သူက ဆိုပါတယ်။ မြင်းခြံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကတော့ အဲဒီစစ်ကြောင်းဟာ ဒီနေ့မနက် ကျောင်းဖြူကန်ရွာမှာ အင်းအားထပ်ဖြည့်နေတယ်လို့ RFA ကို ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။ မြန်မာနိုင်ငံတစ်ဝန်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေအကြား ပြည်တွင်းနေရပ်ရွှေ့ပြောင်းရသူ သုံးသန်းကျော်ရှိသွားပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)က ဇွန်လ ၃၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။ _________ စစ်ကိုင်းတိုင်း မြင်းခြံမြို့ အဝင်တစ်နေရာအား ၂၀၂၂ ခုနှစ်၊ မေလအတွင်းက တွေ့ရစဉ်။ (Citizen Photo) RFA Burmese Website တွင် ဖတ်ရှုရန်…
Показати все...
မြင်းခြံမှာ စစ်ကြောင်းထိုးစဉ် ဒေသခံ တစ်ရာခန့် ဖမ်းဆီးခံရ

မြင်းခြံမြို့နယ် တူရင်းဘို့ရွာနဲ့ ကျောင်းဖြူကန်ရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးစဉ် ကျောင်းဖြူကန်ရွာ စာသင်ကျောင်းမှာ ပိတ်မိသွားတဲ့ လူတစ်ရာခန့် ဖမ်းဆီးခံထားရပါတယ်။

👍 8😢 6
ရေဖြူမှာ စစ်ကြောင်းက ဖမ်းသွားတဲ့ အရပ်သားလေးဦး သတ်ဖြတ်ခံရ ~~~ ■ တနင်္သာရီအတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ်မှာ စစ်ကောင်စီတပ် စစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဒေသခံလေးဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC) က ဇူလိုင်လ ၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ သတ်ဖြတ်ခံရသူတွေဟာ ရေဖြူမြို့နယ် ခေါင်ပြန်ရွာက အသက် ၄၀ ကနေ ၆၀ ကျော်အရွယ်ရှိကြတဲ့ ဦးကျော်စိန်၊ ဦးအောင်ဇော်ဝင်း၊ ဦးသားသား (ခ) ဦးလိုင်းယားနဲ့ ဦးနိုင်နိုင်တို့ ဖြစ်ပါတယ်။ ခေါင်ပြန်ရွာကို ဇူလိုင်လ ၁ ရက်နေ့မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးစဥ် ဖမ်းဆီးခေါ်ဆောင်သွားခံရတာဖြစ်ပြီး အလောင်းတွေကိုတော့ ခေါင်ပြန်ရွာအနီးမှာရှိတဲ့ ချောင်းထဲမှာ ဇူလိုင် ၃ ရက်နဲ့ ၄ ရက်နေ့တွေက ပြန်တွေ့ခဲ့တာလို့ DDMSC ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ “စစ်ကောင်စီတပ်သားတွေက ခေါင်ပြန်ကျေးရွာကို ဖြတ်ပြီးတော့ စစ်ကြောင်း ထိုးလာတယ်။ အဲဒီမှာ ရွာသားတွေကို ဖမ်းဆီးသွားတယ်။ ဖမ်းသွားတာက ဇူလိုင် ၁ ရက်နေ့။ ဇူလိုင် ၃ ရက်နေ့နဲ့ ၄ ရက်နေ့မှာ ချောင်းထဲမှာ အလောင်း လေးလောင်းကို ရွာခံတွေက ပြန်တွေ့တာ” ရုပ်လောင်းတွေဟာ လက်ပြန်ကြိုးတုပ်ခံထားရတဲ့အပြင် ဓားနဲ့ထိုးသွင်းဒဏ်ရာ အများအပြားလည်း တွေ့ရတယ်လို့ သူက ဆိုပါတယ်။ စစ်ကြောင်းက ဖမ်းခေါ်သွားတဲ့ရွာခံ စုစုပေါင်း ရှစ်ဦးအထိရှိပြီး ကျန်တဲ့အမျိုးသမီးသုံးဦးနဲ့ အမျိုးသားတစ်ဦးတို့ဟာလည်း သတင်းအစအန မရတာကြောင့် အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးသက်နိုင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေမဲ့ ဆက်သွယ်လို့ မရပါဘူး။ အင်အား တစ်ရာဝန်းကျင်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဇူလိုင်လ ၁ ရက်နေ့ကစပြီး ခေါင်ပြန်ရွာကတစ်ဆင့် ထားဝယ် အထူးစီးပွားရေးဇုန် ဧရိယာတစ်ဝိုက်ကို စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံတချို့လည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့အထိ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှာ သေဆုံးသူပေါင်း ၅၃၅၁ ဦးအထိ ရှိနေပါပြီ။ _____ RFA Burmese Website တွင် ဖတ်ရှုရန်…
Показати все...
ရေဖြူမှာ စစ်ကြောင်းက ဖမ်းသွားတဲ့ အရပ်သားလေးဦး သတ်ဖြတ်ခံရ

ထားဝယ်ခရိုင် ရေဖြူမြို့နယ်မှာ စစ်ကောင်စီတပ် စစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဒေသခံလေးဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ DDMSC က ထုတ်ပြန်ပါတယ်။

😢 17👍 5💔 1
လူမျိုးတုံး အကြမ်းဖက်မှုတွေ သတိထားဖို့ ကုလလူ့အခွင့်အရေး ကိုယ်စားလှယ် ပြော ~~~ ■ ရခိုင်ပြည်နယ်မှာ လူမျိုးတုံး အကြမ်းဖက်မှုတွေ ထပ်မဖြစ်အောင်ရှောင်ဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်အန်ဒရူးက မနေ့က သတိပေးလိုက်တယ်လို့ AFP သတင်းမှာ ဖော်ပြထားပါတယ်။ စစ်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်ဟာ နယ်မြေတွေဆုံးရှုံးနေပြီး ရက္ခိုင့်တပ်တော်က စိုးမိုးနိုင်တာ များလာတယ်လို့ သူက ပြောပါတယ်။ ဒီအခြေအနေမှာ ရက္ခိုင့်တပ်တော် AA ကို ပြန်တိုက်ဖို့ ရိုဟင်ဂျာလူငယ် ထောင်နဲ့ချီပြီး မြန်မာစစ်တပ်က သင်တန်းပေး စေလွှတ်နေတယ်လို့လည်း သူက ပြောပါတယ်။ အဲဒီ ရိုဟင်ဂျာတွေက သူ့တို့ ဆန္ဒမပါဘဲ ရှေ့တန်းထွက်ပြီး တိုက်ခိုက်ရရင်တောင်၊ ရခိုင်တွေက စိတ်ဆိုးပြီး လက်စားပြန်ချေတာတွေ အကြီးအကျယ်ဖြစ်လာနိုင်တယ်လို့ သူက ထောက်ပြပါတယ်။ ဒါ့ကြောင့် ရခိုင်တွေရော ရိုဟင်ဂျာတွေ အတွက်ပါ သေရေးရှင်ရေး အလွန်အရေးကြီးတဲ့ အချိန်ဖြစ်တယ်လို့ မစ္စတာ အန်ဒရူးက ပြောပါတယ်။ _________ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ် အင်ဒရူးအား တွေ့ရစဉ်။ (RFA Photo) RFA Burmese Website တွင် ဖတ်ရှုရန်…
Показати все...
လူမျိုးတုံး အကြမ်းဖက်မှုတွေ သတိထားဖို့ ကုလလူ့အခွင့်အရေး ကိုယ်စားလှယ် ပြော

ရခိုင်ပြည်နယ်မှာ လူမျိုးတုံး အကြမ်းဖက်မှုတွေ ထပ်မဖြစ်အောင်ရှောင်ဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်အန်ဒရူးက မနေ့က သတိပေးလိုက်ပါတယ်။

👍 17👏 1
ဖမ်းဆီးခံနေရတဲ့ ဂျပန်နိုင်ငံသားကို သံအမတ်နဲ့ တွေ့ခွင့်ပြု ~~~ ■ ဆန်ကိစ္စနဲ့ အဖမ်းခံထားရတဲ့ Aeon Orange ကုမ္ပဏီအမှုဆောင်အရာရှိ ဂျပန်နိုင်ငံသား ဟီရိုရှီ ကာဆာမက်ဆု ကို ရန်ကုန်မြို့အခြေစိုက် ဂျပန်သံအမတ်ကြီးက တွေ့ခွင့်ရတယ်လို့ ကျိုဒိုသတင်းမှာ မနေ့က ဖော်ပြထားပါတယ်။ သူ့ကို အမြန်ဆုံးလွှတ်ပေးဖို့ ဂျပန်အစိုးရက တောင်းဆိုထားပြီး အခုလည်း အစိုးရရဲ့ တောင်းဆိုချက်ကြောင့် တွေ့ခွင့်ရတာလို့ ဆိုပါတယ်။ သံအမတ်ကြီး အိချီရို မာရူယားမားက သူ့ကို ကျန်းကျန်းမာမာတွေ့ရပြီး၊ လက်ရှိ ရဲစခန်းမှာ စစ်ဆေးနေတယ်လို့ ဆိုပါတယ်။ ဘယ်ရဲစခန်းမှာ ထိန်းသိမ်းစစ်ဆေးနေလဲဆိုတာတော့ သတင်းမှာ ဖော်ပြမထားပါဘူး။ ကာဆာမက်ဆု ကို မြန်မာရှေ့နေကတစ်ဆင့် လိုအပ်တဲ့ပစ္စည်းတွေလည်း ပေးခွင့်ရသလို သူ့အခြေအနေလည်း သိခွင့်ရတယ်လို့ သံရုံးရဲ့ ပြောဆိုချက်ကို သတင်းမှာ ဖော်ပြထားပါတယ်။ ကျန်တဲ့ မြန်မာကုန်သည်တွေကိုတော့ ရှေ့နေငှားခွင့်၊ မိသားစုတွေ့ခွင့်ပြု၊ မပြု မသိရသေးပါဘူး။ ကာဆာမက်ဆု အပါအဝင် ရန်ကုန်မြို့က နာမည်ကျော် စျေးဆိုင်တွေဖြစ်တဲ့ City Mart၊ One Stop Mart၊ စိန်ဂေဟာက တာဝန်ရှိတဲ့သူတွေနဲ့ ဆန်ကုန်သည် စုစုပေါင်း ၁၁ ဦးကို ဆန်တွေ စျေးတင်ပြီး ရောင်းတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ဇွန်လ ၃၀ ရက်မှာ ဖမ်းထားတာ ဖြစ်ပါတယ်။ သူတို့ကို အမြင့်ဆုံးထောင်ဒဏ် သုံးနှစ်အထိ ချနိုင်တဲ့ ဥပဒေပုဒ်မနဲ့ အရေးယူမယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။ ______ ရန်ကုန်မြို့ရှိ Aeon Orange စူပါမားကက်ကို ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့က တွေ့ရစဉ်။ (Photo: STR / AFP) RFA Burmese Website တွင် ဖတ်ရှုရန်…
Показати все...
ဖမ်းဆီးခံနေရတဲ့ ဂျပန်နိုင်ငံသားကို သံအမတ်နဲ့ တွေ့ခွင့်ပြု

ဆန်ကိစ္စနဲ့ အဖမ်းခံထားရတဲ့ Aeon Orange ကုမ္ပဏီအမှုဆောင်အရာရှိ ဂျပန်နိုင်ငံသား ဟီရိုရှီ ကာဆာမက်ဆုကို ရန်ကုန်မြို့အခြေစိုက် ဂျပန်သံအမတ်ကြီးက တွေ့ခွင့်ရတယ်လို့ ကျိုဒိုသတင်းမှာ ဖော်ပြထားပါတယ်။

👍 18
ဖာပွန်မှာ တစ်လအတွင်း တိုက်ပွဲ တစ်ရာကျော် ဖြစ်ပွား ~~~ ■ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) ထိန်းချုပ်နယ်မြေ ကရင်ပြည်နယ် ဖာပွန် (မူတြော်) ခရိုင်မှာ ဇွန်လတစ်လအတွင်း စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်းတပ်တွေအကြား တိုက်ပွဲပေါင်း ၁၂၂ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ KNU မူတြော်ခရိုင်က ဇူလိုင်လ ၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ ဖာပွန်ခရိုင်အတွင်း စစ်ကောင်စီတပ်က လေကြာင်းနဲ့ ဗုံးဆန် ခြောက်ရာနီးပါး (၅၈၈ လုံး) ကြဲချခဲ့ပြီး ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်မှုတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ နေအိမ်တချို့ ထိခိုက်ပျက်စီးတယ်လို့ KNU က ဖော်ပြပါတယ်။ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က လူခြောက်ဆယ် သေဆုံးပြီး၊ ၁၉ ဦး ဒဏ်ရာရခဲ့သလို KNLA ဘက် နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာခဲ့တယ်လို့ ဆိုပါတယ်။ ဒီသေဆုံးထိခိုက်မှုတွေနဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။ ဒီထုတ်ပြန်ချက်အပေါ် စစ်ကောင်စီဘက်က တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုလာတာ မတွေ့ရသေးပါဘူး။ KNU ဖာပွန်ခရိုင်ရဲ့ စာရင်းတွေအရ ပြီးခဲ့တဲ့ မေလအတွင်းမှာတော့ တိုက်ပွဲ ၁၀၇ ကြိမ်ပွားပြီး လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သား ရှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။ အဲဒီလအတွင်းမှတော့ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ပေါင်ငါးရာဗုံး ၁၂ လုံးကြဲချခဲ့ပြီး ဇွန်လအတွင်းမှာ လေကြောင်းတိုက်ခိုက်မှု အကြိမ်အရေ ပိုများလာတာကို တွေ့ရပါတယ်။ အာဏာသိမ်း သုံးနှစ်ကျော်အတွင်း တိုက်ပွဲတွေကြောင့် KNU ထိန်းချုပ်နယ်မြေတွေမှာ လာရောက်ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည် တစ်သန်းကျော်ရှိလာတယ်လို့ KNU ဗဟိုက ဇွန်လ ၂၀ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ _________ ကရင်ပြည်နယ် ဖာပွန် (မူတြော်) ခရိုင်တွင် စစ်ကောင်စီတပ်မှ ဗုံးကြဲချခံခဲ့ရသည့် ဘုန်တော်ကြီးကျောင်းအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့က တွေ့ရစဉ်။ (KNU-Mutraw News Photo) RFA Burmese Website တွင် ဖတ်ရှုရန်…
Показати все...
ဖာပွန်မှာ တစ်လအတွင်း တိုက်ပွဲ တစ်ရာကျော် ဖြစ်ပွား

ဖာပွန် (မူတြော်) ခရိုင်မှာ ဇွန်လတစ်လအတွင်း စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်းတပ်တွေအကြား တိုက်ပွဲပေါင်း ၁၂၂ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။

👍 19👌 2
အာဆီယံဘုံသဘောတူညီချက်ထက် ကျော်လွန်ဖြေရှင်းဖို့ SAC-M တိုက်တွန်း ~~~ ■ မြန်မာ့အရေး ဘုံသဘောတူညီချက်ငါးရပ်ထက် ကျော်လွန်ဆောင်ရွက်ဖို့ အာဆီယံကို ကုလသမဂ္ဂအရာရှိတွေ၊ လူ့အခွင့်အရေး ကိုယ်စားလှယ်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံအတွက် အထူးအကြံပေးကောင်စီ Special Advisory Council for Myanmar (SAC-M) က ဇူလိုင်လ ၄ ရက်နေ့မှာ ထုတ်ပြန်တိုက်တွန်းပါတယ်။ အာဆီယံနဲ့ ကုလသမဂ္ဂတို့ဟာ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အခြေအနေ အရှိတရားကို သတိမူ တုံ့ပြန်ဆောင်ရွက်ဖို့လိုတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီဟာ သုံးနှစ်ကြာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ခုခံတော်လှန်မှုတွေကြောင့် အားနည်းလာပြီး အစိုးရအာဏာကို လိုအပ်တဲ့ထိန်းချုပ်နိုင်မှု မရှိတော့ဘူးလို့လည်း ဖော်ပြပါတယ်။ အာဆီယံအနေနဲ့ ဘုံသဘောတူညီချက်ငါးရပ်ကို အကောင်အထည်ဖော်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအပါအဝင် အရပ်ဘက်အဖွဲ့အစည်းတွေကိုပါ ထိတွေ့ဆက်ဆံသင့်တယ်လို့ SAC-M က တိုက်တွန်းထားပါတယ်။ အာဆီယံဘုံသဘောတူညီချက် ငါးချက်ကတော့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ ငြိမ်းချမ်းတဲ့ အဖြေတစ်ခုရဖို့ သက်ဆိုင်သူတွေ ဆွေးနွေးကြဖို့၊ အာဆီယံဥက္ကဋ္ဌနဲ့ အထူးကိုယ်စားလှယ်က ဆွေးနွေးမှုတွေမှာ ကြားဝင်ဆောင်ရွက်ဖို့၊ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးဖို့နဲ့ အာဆီယံအထူးကိုယ်စားလှယ်အဖွဲ့နဲ့ သက်ဆိုင်သူတွေ တွေ့ဆုံဖို့ စတဲ့အချက်တွေ ဖြစ်ပါတယ်။ ______ RFA Burmese Website တွင် ဖတ်ရှုရန်…
Показати все...
အာဆီယံဘုံသဘောတူညီချက်ထက် ကျော်လွန်ဖြေရှင်းဖို့ SAC-M တိုက်တွန်း

အာဆီယံအနေနဲ့ ဘုံသဘောတူညီချက်ငါးရပ်ကို အကောင်အထည်ဖော်ရေးအတွက် NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအပါအဝင် အရပ်ဘက်အဖွဲ့အစည်းတွေကိုပါ ထိတွေ့ဆက်ဆံသင့်တယ်လို့ SAC-M က တိုက်တွန်းထားပါတယ်။

👍 15👏 2
Оберіть інший тариф

На вашому тарифі доступна аналітика тільки для 5 каналів. Щоб отримати більше — оберіть інший тариф.