uk
Feedback
𝑰 𝑬𝒓𝒓𝒐𝒓 - 𝒍𝒆𝒔𝒃𝒊𝒂𝒏 𝑹𝒆𝒗𝒊𝒆𝒘

𝑰 𝑬𝒓𝒓𝒐𝒓 - 𝒍𝒆𝒔𝒃𝒊𝒂𝒏 𝑹𝒆𝒗𝒊𝒆𝒘

Відкрити в Telegram

ရုပ်ရှင် (Review and Poster)

Показати більше

📈 Аналітичний огляд Telegram-каналу 𝑰 𝑬𝒓𝒓𝒐𝒓 - 𝒍𝒆𝒔𝒃𝒊𝒂𝒏 𝑹𝒆𝒗𝒊𝒆𝒘

Канал 𝑰 𝑬𝒓𝒓𝒐𝒓 - 𝒍𝒆𝒔𝒃𝒊𝒂𝒏 𝑹𝒆𝒗𝒊𝒆𝒘 (@ierror9) у мовному сегменті Бірманська є активним учасником. На даний момент спільнота об'єднує 19 509 підписників, посідаючи 15 207 місце в категорії Фільми та 7 078 місце у регіоні М'янма.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 19 509 підписників.

За останніми даними від 26 червня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на 119, а за останні 24 години на 21, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 57.37%. Протягом перших 24 годин після публікації контент зазвичай збирає N/A% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 0 переглядів. Протягом першої доби публікація в середньому набирає 0 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 0.

📝 Опис та контентна політика

Автор описує ресурс як майданчик для висловлення суб'єктивної думки:
ရုပ်ရှင် (Review and Poster)

Завдяки високій частоті оновлень (останні дані отримано 27 червня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Фільми.

19 509
Підписники
+2124 години
+417 днів
+11930 день
Архів дописів
Jimpa (2026) ဒီကားက မိသားစု သံယောဇဉ်၊ လိင်စိတ်ခံယူမှု (Identity) နဲ့ မျိုးဆက်တစ်ခုနဲ့တစ်ခုကြားက နားလည်မှုတွေအကြောင်းကို အရမ်း
Jimpa (2026)
ဒီကားက မိသားစု သံယောဇဉ်၊ လိင်စိတ်ခံယူမှု (Identity) နဲ့ မျိုးဆက်တစ်ခုနဲ့တစ်ခုကြားက နားလည်မှုတွေအကြောင်းကို အရမ်းကို နွေးထွေးပြီး  အနုပညာဆန်ဆန် ရိုက်ပြထားတာပါ။ ဇာတ်လမ်းက Hannah ဆိုတဲ့ အမျိုးသမီးနဲ့ သူ့သမီးဖြစ်သူ Frances တို့အကြောင်းကို အခြေခံထားပါတယ်။ သူတို့ သားအမိနှစ်ယောက်ဟာ အမ်စတာဒမ် မြို့မှာနေထိုင်တဲ့ Hannah ရဲ့ အဖေ (Frances ရဲ့ အဘိုး) Jimpa ဆီကို အလည်သွားကြတာပါ။ "Jimpa" ဆိုတာက Frances က သူ့အဘိုးကို ချစ်စနိုးခေါ်တဲ့ နာမည်လေးပေါ့။ Jimpa က အမ်စတာဒမ်ရဲ့ လွတ်လပ်တဲ့ လူမှုပတ်ဝန်းကျင်မှာ  အခြေချနေထိုင်နေတဲ့သူပါ။ ဒီခရီးစဉ်အတွင်းမှာ Frances က သူ့ကိုယ်သူ Non-binary (ကျား/မ ခွဲခြားသတ်မှတ်မထားသူ) အဖြစ် ခံယူထားကြောင်းနဲ့ သူ့ရဲ့ တကယ့် Identity ကို ရှာဖွေတွေ့ရှိသွားကြောင်း မိခင်ဖြစ်သူကို ဖွင့်ပြောပြခဲ့ပါတယ်။ ဒီနေရာမှာ ဇာတ်လမ်းက ပိုပြီး စိတ်ဝင်စားဖို့ကောင်းလာတာက အမေဖြစ်သူ Hannah က သူ့သမီးကို ချစ်ပေမယ့် ဒီလိုအပြောင်းအလဲသစ်ကို လက်ခံဖို့ ရုန်းကန်နေရချိန်မှာ၊ အဘိုးဖြစ်သူ Jimpa ကတော့ သူ့မြေးလေးကို နားလည်မှုအပြည့်နဲ့ ကူညီပေးနေတာပါ။ အဘိုး၊ အမေ နဲ့ မြေး သုံးယောက်ကြားမှာ ရှိနေတဲ့ မတူညီတဲ့ အမြင်တွေ၊ အချစ်တွေနဲ့ နားလည်မှုတွေကို ခရီးစဉ်တစ်လျှောက်မှာ လှလှပပလေး မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Jimpa အဖြစ် ဝါရင့်သရုပ်ဆောင် Ian McKellen က သရုပ်ဆောင်ထားပြီး၊ Hannah အဖြစ် Olivia Colman က ပါဝင်ထားပါတယ်။ ဒီလို ထိပ်တန်းသရုပ်ဆောင်နှစ်ယောက်ရဲ့ အပေးအယူတွေကတင် ဒီကားကို ကြည့်ရတာ တန်နေပါပြီ။  ခိုက်ရန်ဖြစ်ပွားတာမျိုးထက် မိသားစုဝင်တွေကြား တစ်ယောက်ကိုတစ်ယောက် နားလည်ဖို့ ကြိုးစားတဲ့ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကို အသားပေးထားပါတယ်။ ဇာတ်လမ်းနောက်ခံ အမ်စတာဒမ်မြို့ရဲ့ အလှအပတွေကလည်း ဒီကားရဲ့ ပေါ့ပေါ့ပါးပါးနဲ့ နွေးထွေးတဲ့ ခံစားချက်ကို ပိုပြီး ပံ့ပိုးပေးထားပါတယ်။ "မျိုးဆက် သုံးဆက်ကြားက မတူညီတဲ့ အယူအဆတွေကို အချစ်နဲ့ နားလည်မှုတွေနဲ့ ဘယ်လိုပေါင်းကူးပေးမလဲဆိုတာကို ရိုက်ပြထားတဲ့၊ စိတ်ကို နွေးထွေးစေမယ့် မိသားစုဒရာမာကားလေး" ပါပဲ။ ဒီကားက မိသားစုဝင်တွေကြား ပွင့်လင်းမြင်သာမှုရှိဖို့ ဘယ်လောက် အရေးကြီးလဲဆိုတာကို သင်ခန်းစာပေးသလို၊ Ian McKellen နဲ့  Olivia Colman တို့ရဲ့ သရုပ်ဆောင်ကောင်းမှုကြောင့် ပရိသတ်တွေကြားမှာ တော်တော်လေး ရေပန်းစားနေတဲ့ ကားတစ်ကား ဖြစ်ပါတယ်။
. ချန်နယ်အရင်Joinရန် ➡️  နှိပ်ပါ ပြီးမှ ဗွီဒီယိုကြည့်ရန်  ➡️   နှိပ်ပါ Main Channel

Silver Star (2025) မျက်လုံးတစ်ဖက်ကွယ်နေတဲ့ ထောင်ထွက် Billie ဆိုတဲ့ အာဖရိကန် ယောက်ျားလျာ မိန်းမငယ်လေးတစ်ယောက်က ဘဏ်ဒမြတိုက်တာ မ
+1
Silver Star (2025)
မျက်လုံးတစ်ဖက်ကွယ်နေတဲ့ ထောင်ထွက် Billie ဆိုတဲ့ အာဖရိကန် ယောက်ျားလျာ မိန်းမငယ်လေးတစ်ယောက်က ဘဏ်ဒမြတိုက်တာ မအောင်မြင်ဘဲ ကိုယ်ဝန်သည် ကောင်မလေး Franny ကို ပြန်ပေးဆွဲခေါ်လာခဲ့လိုက်တယ်။ ဒါပေမဲ့ Billie နောင်တရသွားတာက Franny ကို ခေါ်လာရတာ အရမ်းစကားပေါတဲ့ 6 နှစ်သားလေးကို ထိန်းနေရတာနဲ့ အတူတူမို့ပါပဲ။ အဲဒီမှာ စကားအရမ်းပေါတဲ့ Franny နဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ သွေးအေးအေး Billie တို့ နှစ်ယောက်သား ရဲလက်ကထွက်ပြေးရင်း မထင်မှတ်ထားတဲ့ ရင်းနှီးမှုတွေပေါ်လာပြီး သူတို့နှစ်ယောက် ပိုက်ဆံမရှိဘဲ ဘယ်အထိခရီးဆက်ကြမလဲ၊ ဘယ်မှာ လမ်းခွဲဖြစ်ကြမလဲဆိုတာကတော့....။
ချန်နယ်အရင်Joinရန် ➡️  နှိပ်ပါ ပြီးမှ ဗွီဒီယိုကြည့်ရန်  ➡️   နှိပ်ပါ Main Channel

Love Doesn't Matter to Me (2025) (Japan) "ဟေး၊ မိယာတာ... နင် အသက်ရှင်ရတာ ပျော်ရဲ့လား" လက်ရှိပစ္စုပ္ပန်မှာ ရှင်သန်နေကြတဲ့ မိန်
Love Doesn't Matter to Me (2025) (Japan)
"ဟေး၊ မိယာတာ... နင် အသက်ရှင်ရတာ ပျော်ရဲ့လား" လက်ရှိပစ္စုပ္ပန်မှာ ရှင်သန်နေကြတဲ့ မိန်းကလေးငယ်တွေရဲ့ လူငယ်ဘဝ လွတ်မြောက်ရာ ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ သာမန်ဆိုတဲ့ ဘဝနဲ့ ဝေးကွာနေတဲ့ ကောလိပ်ကျောင်းသူ မိယာတာ ဟီရိုဟာ ကျောင်းတက်ရသလို တစ်ဖက်မှာလည်း အိပ်ချိန်မရှိဘဲ မနက်ကနေ ညအထိ အချိန်ပိုင်းအလုပ်တွေနဲ့ အိမ်မှုကိစ္စတွေမှာ အလုပ်ရှုပ်နေရသူပါ။ ဒါတွေအားလုံးက သူ့ရဲ့မိခင်ကို ပိုက်ဆံပေးဖို့နဲ့ ပြုစုစောင့်ရှောက်ဖို့အတွက်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့မိခင်ဟာ ကြမ်းတမ်းရက်စက်တတ်တဲ့ နှိပ်စက်ညှဉ်းပန်းတတ်တဲ့သူမျိုး မဟုတ်ပါဘူး။ ဒါပေမဲ့ "မေမေ သမီးကို ချစ်တယ်" ဆိုတဲ့ စကားလုံးလေးတစ်ခွန်းတည်းနဲ့ပဲ ဟီရိုကို ချည်နှောင်ထားခဲ့တာပါ။ ဒါကြောင့် ဟီရိုဟာ ဘဝအပေါ် ဘာမျှော်လင့်ချက်မှမရှိဘဲ နူးညံ့တဲ့ စိတ်ပျက်အားလျော့မှုထဲမှာ ရှင်သန်နေရရှာပါတယ်။ တစ်နေ့မှာတော့ ဟီရိုဟာ သူနဲ့ တစ်နေရာတည်းမှာ အချိန်ပိုင်းအလုပ်တူတူလုပ်တဲ့ အတန်းဖော် အဲနာဂါ မိယာဘိနဲ့ ဆုံတွေ့ခဲ့ပြီးနောက် သူ့ရဲ့ဘဝဟာ သိသိသာသာကြီး ပြောင်းလဲသွားပါတော့တယ်။ တစ်ချိန်တည်းမှာ သူ့အမေ သူ့ကိုဖုံးကွယ်ထားခဲ့တဲ့ ကိစ္စတစ်ခုကိုလည်း မမျှော်လင့်ဘဲ သိရှိသွားပြီး အိမ်ကနေ ထွက်ဖို့ ဆုံးဖြတ်လိုက်တဲ့အခါမှာတော့ ..
ချန်နယ်အရင်Joinရန် ➡️  နှိပ်ပါ ပြီးမှ ဗွီဒီယိုကြည့်ရန်  ➡️   နှိပ်ပါ Main Channel

Patty is Sucha Girly Name (2025) ချန်နယ်အရင်Joinရန် ➡️ နှိပ်ပါ ပြီးမှ ဗွီဒီယိုကြည့်ရန် ➡️ နှိပ်ပါ ဇာတ်လမ်းအညွှန်း ကွန်မန့်မှာ
Patty is Sucha Girly Name (2025) ချန်နယ်အရင်Joinရန် ➡️  နှိပ်ပါ ပြီးမှ ဗွီဒီယိုကြည့်ရန်  ➡️   နှိပ်ပါ ဇာတ်လမ်းအညွှန်း ကွန်မန့်မှာကြည့်ပါ Main Channel

Montreal, My Beautiful (2026) ချန်နယ်အရင်Joinရန် ➡️ နှိပ်ပါ ပြီးမှ ဗွီဒီယိုကြည့်ရန် ➡️ နှိပ်ပါ ဇာတ်လမ်းအညွှန်း ကွန်မန့်မှာကြည
Montreal, My Beautiful (2026) ချန်နယ်အရင်Joinရန် ➡️  နှိပ်ပါ ပြီးမှ ဗွီဒီယိုကြည့်ရန်  ➡️   နှိပ်ပါ ဇာတ်လမ်းအညွှန်း ကွန်မန့်မှာကြည့်ပါ Main Channel

Two Women (2025) ချန်နယ်အရင်Joinရန် ➡️ နှိပ်ပါ ပြီးမှ ဗွီဒီယိုကြည့်ရန် ➡️ နှိပ်ပါ Main Channel ဒေးဗစ်ဟာ အရေးကြီးတဲ့ အလုပ်ကိစ္
Two Women (2025) ချန်နယ်အရင်Joinရန် ➡️  နှိပ်ပါ ပြီးမှ ဗွီဒီယိုကြည့်ရန်  ➡️   နှိပ်ပါ Main Channel
ဒေးဗစ်ဟာ အရေးကြီးတဲ့ အလုပ်ကိစ္စနဲ့ နှစ်ပတ်ကြာ ခရီးထွက်သွားချိန်မှာ သူ့ရဲ့ဇနီးကို အိမ်မှာ တစ်ယောက်တည်း ထားခဲ့ရပါတယ်။ ဒါပေမဲ့ သူရဲ့ဇနီးဟာ တခြားအမျိုးသမီးတစ်ယောက်နဲ့အတူ တိုက်ခန်းတစ်ခုတည်းမှာ နေထိုင်ရင်း နက်ရှိင်းတဲ့ သံယောဇဉ်တွေ၊ လျှို့ ဝှက်ချက်တွေကို စတင်ဖော်ထုတ်လာကြပါတယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက်ကြားက ပုံမှန်မဟုတ်တဲ့ ဆက်ဆံရေးက ပိုပြီး လေးနက်လာသလို၊ တစ်ဖက်မှာလည်း သူတိုရဲ့ အတိတ်က နာကျင်စရာတွေက အခြေအနေကို တင်းမာလာစေပါတယ်။ ဒေးဗစ် ပြန်မလာခင်မှာ ဒီအမျိုးသမီးနှစ်ယောက်ရဲ့ လျှို့ ဝှက်ချက်နဲ့ ဘဝအလှည့်အပြောင်းတွေက ဘယ်လိုအဆုံးသတ်သွားမလဲ? သူတိုနှစ်ယောက်ရဲ့ ပတ်သက်မှုက ဘာတွေလဲ? ဆိုတာကို ရင်ခုန်စရာ ကြည့်ရှုရမှာဖြစ်ပါတယ်။ (18+ အခန်းတချို့နှင့် ဝတ်လစ်စလစ် အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။)

Time Was (2025) Indie Supernatural Drama အမျိုးအစားဖြစ်ပြီး ဇာတ်လမ်းက တကယ့်ကို စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒီဇာတ်လမ်းရဲ့ အဓိကဇ
Time Was (2025)
Indie Supernatural Drama အမျိုးအစားဖြစ်ပြီး ဇာတ်လမ်းက တကယ့်ကို စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ကတော့ Beth ဆိုတဲ့ ကောင်မလေးတစ်ယောက်ပါ။ သူက အိမ်ဟောင်းတွေကို ပြန်လည်ပြင်ဆင်ပြီး ရောင်းချတဲ့ အလုပ်ကို လုပ်ကိုင်သူပေါ့။ Beth ဟာ မကြာသေးခင်ကမှ ရည်းစားနဲ့ လမ်းခွဲထားရလို့ စိတ်ဓာတ်တွေကျပြီး အထီးကျန်နေတဲ့အချိန်မှာ မြို့ပြင်က အိမ်ဟောင်းကြီးတစ်လုံးကို ပြင်ဆင်ဖို့ ရောက်လာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအိမ်ထဲမှာ သူတစ်ယောက်တည်း ရှိနေတာ မဟုတ်ဘူးဆိုတာကို ဖြည်းဖြည်းချင်း ခံစားလာရပါတယ်။ အိမ်ထဲမှာ ထူးဆန်းတဲ့ ဖြစ်ရပ်တွေ၊ တစ်စုံတစ်ယောက် ရှိနေသလို ခံစားချက်တွေက သူ့ကို စတင် ခြောက်လှန့်လာပါတယ်။ အဲဒီအချိန်မှာပဲ Melissa ဆိုတဲ့ အိမ်တွင်းအလှဆင်ပညာရှင်အမျိုးသမီးလေးတစ်ယောက်ရောက်လာပြီး Beth ကို ကူညီပေးပါတယ်။ သူတို့နှစ်ယောက်ဟာ အိမ်ကြီးကို အတူတူ ပြင်ဆင်ရင်းနဲ့ တစ်ယောက်ကိုတစ်ယောက် သံယောဇဉ်တွေ ဖြစ်လာကြပါတယ်။ ဒါပေမဲ့ ပဟေဠိကတော့ ဒီအိမ်ကြီးထဲမှာ ရှိနေတဲ့ "ထူးဆန်းတဲ့ အရာ" က ဘာလဲ၊ ပြီးတော့ Melissa ကရော တကယ်ပဲ ဘယ်သူလဲဆိုတာပါပဲ။ ဒါဟာ သရဲကား သက်သက်မဟုတ်ဘဲ လူသားတွေရဲ့ ချစ်ခြင်းမေတ္တာ၊ အထီးကျန်မှုနဲ့ နာကျင်စရာ အတိတ်တွေကို ဝိညာဉ်ရေးရာဆန်ဆန်လေးနဲ့ ရောယှက် ရိုက်ပြထားတာပါ။ ဇာတ်လမ်းက အမျိုးသမီးနှစ်ယောက်ကြားက သံယောဇဉ်ကို အခြေခံထားပြီး သူတို့ရဲ့ ဆက်ဆံရေးမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေနဲ့ နားလည်မှုတွေကို ပုံဖော်ထားပါတယ်။ ဇာတ်လမ်းက ဖြည်းဖြည်းချင်းပဲ ဆွဲခေါ်သွားပြီး အဆုံးသတ်မှာတော့ ရင်ထဲကို ထိရှစေမယ့် အမှန်တရားတစ်ခုကို ချန်ထားခဲ့မှာပါ။ ဒီဇာတ်လမ်းက "စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာက အချိန်နဲ့ နေရာတွေကို ဘယ်လို ကျော်ဖြတ်နိုင်မလဲ" ဆိုတဲ့ အဓိပ္ပာယ်ကို ဖော်ဆောင်ထားတဲ့ ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။
. ချန်နယ်အရင်Joinရန် ➡️  နှိပ်ပါ ပြီးမှ ဗွီဒီယိုကြည့်ရန်  ➡️   နှိပ်ပါ Main Channel

Her Kiss, My Libido Twinkles (2025) (ဂျပန်) "အနမ်းတစ်ပွင့်ကနေ စတင်ခဲ့တဲ့ ထူးဆန်းတဲ့ ရင်ခုန်သံ..." ဆေးရုံမှာ ရေရှည်ကုသမှု ခံယူ
+3
Her Kiss, My Libido Twinkles (2025) (ဂျပန်)
"အနမ်းတစ်ပွင့်ကနေ စတင်ခဲ့တဲ့ ထူးဆန်းတဲ့ ရင်ခုန်သံ..." ဆေးရုံမှာ ရေရှည်ကုသမှု ခံယူနေရတဲ့ Sana (ဆာနာ) ဟာ နေ့စဉ်ဖြတ်သန်းနေရတဲ့ ဆေးရုံအပြင်အဆင်တွေနဲ့ တစ်ကိုယ်တည်းဖြစ်နေတဲ့ ခံစားချက်တွေကြောင့် စိတ်ဓာတ်ကျနေသူပါ။ တစ်နေ့မှာတော့ ဆေးရုံက အအေးအရောင်းစက်ရှေ့မှာ ထူးဆန်းတဲ့အငွေ့အသက်တွေရှိတဲ့ မိန်းကလေး Ayane (အာယာနဲ) နဲ့ မထင်မှတ်ဘဲ ဆုံတွေ့ခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ ဆေးရုံမှာ တဖြည်းဖြည်းရင်းနှီးလာကြပြီးတော့ Ayane ဟာ Sana ကို မမျှော်လင့်ထားတဲ့အချိန်မှာ အနမ်းတစ်ပွင့်ပေးလိုက်တဲ့အခါ ... Sana ရဲ့ ငြိမ်သက်နေတဲ့ ကမ္ဘာလေးဟာ ရုတ်တရက် လှုပ်ခတ်သွားခဲ့ပါတယ်။ Ayane ရဲ့စိတ်ကို Sana လက်ခံပေးမလားဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ပဲ ဆက်လက်ကြည့်ရှုပေးကြပါဦးနော်။ ဒီဇာတ်ကားဟာ ဆေးရုံဆိုတဲ့ ကန့်သတ်ချက်ရှိတဲ့ နေရာလေးထဲမှာ မိန်းကလေးနှစ်ဦးကြားက ရုပ်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ နီးစပ်မှုတွေကို အနုပညာဆန်ဆန် ပုံဖော်ထားပြီးတော့ ပုံမှန် GL ဇာတ်လမ်းတွေထက် ပိုမိုနက်ရှိုင်းပြီး ရိုးသားတဲ့ ခံစားချက်တွေကို အသားပေးထားသလို၊ Miyuki Yorita ရဲ့ မူရင်း Manga အငွေ့အသက်ကိုလည်း ကောင်းကောင်း ထည့်သွင်းထားပါတယ်။ ဒီဇာတ်ကားက ပေါ့ပေါ့ပါးပါးထက် ရိုမန့်တစ် (Romantic) ဆန်ပြီး စိတ်ကူးယဉ်ဆန်တဲ့ (Fantasy elements) အနည်းငယ်ပါဝင်တဲ့ J drama ဇာတ်လမ်းအမျိုးအစားကို ကြိုက်နှစ်သက်သူတွေအတွက် တကယ်ကြည့်သင့်တဲ့ ကားလေးဖြစ်ပါတယ် ။
. ချန်နယ်အရင်Joinရန် ➡️  နှိပ်ပါ ပြီးမှ ဗွီဒီယိုကြည့်ရန်  ➡️   နှိပ်ပါ Main Channel

Fantasy of the Girls (2018) (Korea) BluRay Update ဒီဇာတ်ကားထဲမှာ Our Universe ထဲက မင်းသမီး Roh Jeong-eui, Itaewon Class m ໖:
Fantasy of the Girls (2018) (Korea) BluRay Update
ဒီဇာတ်ကားထဲမှာ Our Universe ထဲက မင်းသမီး Roh Jeong-eui, Itaewon Class m ໖: Kwon Naras Who Are You: School 2015 ဗီလိန်မလေး Jo Soo-hyang တို့ အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားလေးကတော့ ကျောင်းသူလေးတွေရဲ့ ကမ္ဘာငယ်လေးထဲက အပြစ်ကင်းစင်မှု၊ ဝေခွဲမရတဲ့ သံယောဇဉ်နဲ့ စိတ်ကူးယဉ်အိပ်မက်တွေကို ပုံဖော်ထား တာဖြစ်ပြီး LGBT Supporter တို့အတွက် Lesbian Teen Romance Movie ကောင်းလေးတစ်ခုဖြစ်ပါ တယ် ။ ဇာတ်လမ်းအညွှန်း အချစ်ဆိုတာ အသက်အရွယ်မရွေး Gender မရွေးမှာ ဖြစ်ပေါ်လာတတ်ပေမယ့် ပတ်ဝန်းကျင်ရဲ့ တိုက်ခိုက်မှု ဒဏ်ကိုခံရပြီး မဖြစ်သင့်တဲ့ ဒဏ်ခတ်အချစ်ဆိုတာမျိုး ရှိပါတယ်... ချစ်နေကြပေမယ့်လည်း မဖြစ်သင့်တဲ့အတွက် မချစ်ခဲ့ သလိုနေခဲ့လိုက်ရမယ့် အချစ်ဇာတ်လမ်းလေးကို ဒီ ကားလေးမှာ ပုံဖော်ထားပုံကတော့ ... ပထမနှစ်အထက်တန်ကျောင်းသူလေး ဆွန်းဟွာ(Roh Jeong-eui)ဟာ သူမရဲ့ကျောင်းက နောက်ဆုံးနှစ် စီနီ ယာကျောင်းသူ ဆူယွန်း(Jo Soo-hyang)နဲ့ အမှတ်မ ထင်တွေ့ဆုံခဲ့ရာက ဆူယွန်းရဲ့မျက်စိကျသွားမှုကြောင့် ရိုမီယို ဂျူးလိယက် ပြဇာတ်အတွက် ဂျူးလိယက်နေရာကို အရွေးခံခဲ့ရပါ တယ်။ ရိုမီယိုနေရာမှာ သရုပ်ဆောင်မယ့် စီနီယာကျောင်းသူ ဟာနမ်(Kwon Nara)ကတော့ ဂျူနီယာတိုင်းရဲ့ အသည်းစွဲစံပြ ကျောင်းသူတစ်ယောက်ဖြစ်တာမို့လို့ တွဲသရုပ်ဆောင်ခွင့်ရခဲ့တဲ့ ဆွန်းဟွာကို လူတိုင်းက အားကျနေခဲ့ရတဲ့အဖြစ်ပေါ့ .. ဒီလိုနဲ့ ပြဇာတ်အတွက် လေ့ကျင့်ကြရင်း ရင်းနှီးသွား ပြီး ဆွန်းဟွာက စီနီယာဟာနမ်အပေါ် ခံစားချက်တွေ ရှိလာတဲ့အခါမှာတော့ .
---- ချန်နယ်အရင်Joinရန် ➡️  နှိပ်ပါ ပြီးမှ ဗွီဒီယိုကြည့်ရန်  ➡️   နှိပ်ပါ Main Channel

Dreamers (2025) နိုင်ဂျီးရီးယားနိုင်ငံသူ အီစီယိုဟာ ယူကေမှာ တရားမဝင် နေထိုင်နေရင်း ဖမ်းဆီးခံရပြီး လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ
Dreamers (2025)
နိုင်ဂျီးရီးယားနိုင်ငံသူ အီစီယိုဟာ ယူကေမှာ တရားမဝင် နေထိုင်နေရင်း ဖမ်းဆီးခံရပြီး လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းကို ပို့ဆောင်ခံရပါတယ်။ သူဟာ ဥပဒေအတိုင်းလိုက်နာရင် အဲဒီနေရာကနေ လွတ်မြောက်မယ်လို့ ယုံကြည်နေသူဖြစ်ပေမယ့် သူ့ရဲ့ အခန်းဖော် ဖာရာကတော့ ဒီစနစ်ဟာ မမျှတကြောင်း ကြိုတင်သတိပေးခဲ့ပါတယ်။ ထိန်းသိမ်းရေးစခန်းရဲ့ ဖိနှိပ်မှုတွေကြားမှာ အီစီယို နဲ့ ဖာရာ တို့ကြား သံယောဇဉ်တွေ စတင်ဖြစ်ပေါ်လာပြီး၊ ခိုလှုံခွင့်လျှောက်ထားချက် ငြင်းပယ်ခံရတဲ့အခါမှာတော့ အီစီယို တစ်ယောက် သူ့ရဲ့ ယုံကြည်ချက်နဲ့ ဘဝလွတ်မြောက်ရေးကြား ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ရပါတော့တယ်။
ချန်နယ်အရင်Joinရန် ➡️  နှိပ်ပါ ပြီးမှ ဗွီဒီယိုကြည့်ရန်  ➡️   နှိပ်ပါ Main Channel

Heart Code (2026) Serie (ep1 to 7) "နှလုံးသား ထောက်လှမ်းရေး" =================== အာဏာရှိရဲမှူးချုပ်ဖတ်ဖွန်ဟာ ရန်သူများပြားတာက
Heart Code (2026) Serie (ep1 to 7) "နှလုံးသား ထောက်လှမ်းရေး" ===================
အာဏာရှိရဲမှူးချုပ်ဖတ်ဖွန်ဟာ ရန်သူများပြားတာကြောင့် လိုက်သတ်နေတဲ့လူသတ်သမားတွေလည်း ရှိနေပါတယ်..သမီးဖြစ်သူ ဝိကီးကို သတ်မယ်လို့ ခြိမ်းခြောက်မှုတခုကြုံလာတဲ့အခါမှာ ဖတ်ဖွန်ဟာ ဝိကီးကို လေ့ကျင့်သင်ကြားရေး သင်တန်းတစ်ခုတက်ရောက်ဖို့ ပို့ဆောင်ခဲ့ပါတယ် သင်တန်းမှာ ဝိကီးက မိန်းကလေးရဲအုပ်ထာ ဆိုသူနဲ့ တစ်ခန်းတည်း တူတူကျခဲ့ပါတယ် ထာဟာ သူ့အဖေကိုသတ်ခဲ့သူမှာ ဖတ်ဖွန်လို့ ထစ်ထစ်ချယုံကြည်နေသူပါ ဒါကြောင့် ရန်သူ့သမီးဖြစ်တဲ့ဝိကီးကို ချဉ်းကပ်ရင်းကနေ နှစ်ဦးကြားမှာ အချစ်ဖြစ်ပေါ်လာတဲ့အခါ.......... သူတိုနှစ်ဦးသား တရားမျှတမှုနဲ့ မသိစိတ်ကဖြစ်လာတဲ့အချစ်အတွက် ဘယ်လိုစိန်ခေါ်မှုတွေ ဆက်ရှိလာမလဲဆိုတာကတော့ “နှလုံးသားထောက်လှမ်းရေး”ဇာတ်ကားထဲမှာ ကြည့်ရှုကြရအောင်ပါ......
ဇာတ်လမ်းတွဲချန်နယ်လင့် https://t.me/+a2ymCUcd0qw2YWY1 ဗွီဒီယိုလင့် https://t.me/c/2059081454/273

Ice Break, Heart Melt (2025) (Thai) အရည်ပျော်သွားသော နှလုံးသား ရေခဲလိုပဲ အေးစက်နေတဲ့ နှလုံးသားပိုင်ရှင်လေး "နီးဗ်" ရဲ့ ဘဝမှာ
Ice Break, Heart Melt (2025) (Thai) အရည်ပျော်သွားသော နှလုံးသား
ရေခဲလိုပဲ အေးစက်နေတဲ့ နှလုံးသားပိုင်ရှင်လေး "နီးဗ်" ရဲ့ ဘဝမှာ ရေခဲပင်စကိတ်စီးတာနဲ့ အောင်မြင်မှု့ရရှိဖို့က သူမဘဝရဲ့ အရာရာပါ...ဒါပေမယ့် ရေခဲပြင်စကိတ်လောကထဲကို ပြန်ဝင်ဖို့ စပွန်ဆာမရှိလို့ ရုန်းကန်နေရသူပေါ့ တနေ့မှာတော့ "နီးဗ်"ဆီကို စပွန်ဆာကမ်းလှမ်းမှု့တခု ရောက်လာပါတယ် နီးဗ်တယောက် ကုမ္ပဏီရဲ့ အမွေခံ နှုတ်သီးကောင်းရှာပါး စွာတေးမလေး "အိုင်ဗီ" နဲ့ တစ်အိမ်ထဲအတူနေပြီး အတွဲလို ဟန်ဆောင်ပေးရမှာပါ ရေခဲမင်းသမီးနဲ့ စွာတေးမလေးတို့ရဲ့ စာချုပ်ပေါ်က ဆက်ဆံရေးကနေ အချစ်ပန်းလေးတွေဖူးပွင့်လာချိန်မှာတော့...
ချန်နယ်အရင်Joinရန် ➡️  နှိပ်ပါ ပြီးမှ ဗွီဒီယိုကြည့်ရန်  ➡️   နှိပ်ပါ Main Channel

Little Trouble Girl (2025) လူစီယာဟာ ကက်သလစ်အထက်တန်းကျောင်းက မိန်းကလေးသံပြိုင်အဖွဲ့ရဲ့ အဖွဲ့ဝင်သစ်ဖြစ်ကာ ရှက်ရွံ့တတ်ပြီး အတွင်
+3
Little Trouble Girl (2025)
လူစီယာဟာ ကက်သလစ်အထက်တန်းကျောင်းက  မိန်းကလေးသံပြိုင်အဖွဲ့ရဲ့ အဖွဲ့ဝင်သစ်ဖြစ်ကာ ရှက်ရွံ့တတ်ပြီး အတွင်းစိတ်တွေရှုပ်ထွေးနေတဲ့၁၆နှစ်အရွယ်မိန်းကလေးတစ်ဦးပါ။ သူမရဲ့ တင်းကျပ်တဲ့ ဘာသာရေးခံယူချက်တွေနဲ့  မိခင်ရဲ့မျှော်လင့်ချက်တွေကြားမှာ ရုန်းကန်နေရပါတယ်။ ဒီအချိန်မှာပဲ အသင်းထဲကရဲရင့်ပြီး လိင်ပိုင်းဆိုင်ရာကို  ပွင့်ပွင့်လင်းလင်း ပြောဆိုရဲတဲ့အန်နာမာရီယာနဲ့ ရင်းနှီးသွားပါတယ်။ အသင်းဟာ ပြင်းထန်တဲ့ လေ့ကျင့်ရေးအတွက်  အီတလီနယ်စပ်က ဝေးလံခေါင်ဖျားတဲ့ သီလရှင်ကျောင်းတစ်ခုကိုခရီးထွက်ကြပါတယ်။ အေးချမ်းတဲ့ဘုရားကျောင်း နံရံတွေအပြင်ဘက်မှာ ချွေးစေးတွေနဲ့ပြည့်နေတဲ့ ဆောက်လုပ်ရေးလုပ်သားတွေ အဝတ်ဗလာနဲ့  ရေချိုးနေတဲ့ အမျိုးသားတစ်ဦးရဲ့မြင်ကွင်းတွေနဲ့အတူ လူစီယာရဲ့ အတွင်းစိတ်ထဲမှာ ပိတ်လှောင်ထားတဲ့တပ်မက်မှုတွေ  စတင်နိုးထလာပါတော့တယ်...
ချန်နယ်အရင်Joinရန် ➡️  နှိပ်ပါ ပြီးမှ ဗွီဒီယိုကြည့်ရန်  ➡️   နှိပ်ပါ Main Channel

အလုပ်ခေါ်ယူခြင်း တယ်လီဂရမ်မှာ Video တင်ပေးဖို့ လူတစ်ယောက်လိုပါတယ် ဘာသာပြန်ဆိုဒ်ကနေ ဒေါင်းတတ်သူ... တယ်လီဂရမ်မှာ တင်ဖူးသူဆိုရင် အဆင်ပြေပါတယ် ဖုန်း Ram 6 / 128 GB လောက်နဲ့ ဝိုင်ဖိုင်လိုင်းကောင်းကောင်းရှိရင် ရပါပြီ ဇာတ်လမ်းတွဲ တပိုင်း - ၃၀၀ ကျပ် တကားထဲအပြီး - ၅၀၀ ကျပ် MB များရင် ပိုပေးပါမယ် ဆက်သွယ်ရန် - t.me/flame2021

Yes Or No (2010) (Thai) BluRay HD ချန်နယ်အရင်Joinရန် ➡️ နှိပ်ပါ ပြီးမှ ဗွီဒီယိုကြည့်ရန် ➡️ နှိပ်ပါ ဇာတ်လမ်းအညွှန်း ကွန်မန့်မှ
Yes Or No (2010) (Thai) BluRay HD ချန်နယ်အရင်Joinရန် ➡️  နှိပ်ပါ ပြီးမှ ဗွီဒီယိုကြည့်ရန်  ➡️   နှိပ်ပါ ဇာတ်လမ်းအညွှန်း ကွန်မန့်မှာဖတ်ပါ Main Channel

Honey Dont (2025) ချန်နယ်လင့် အရင်Joinရန် ➡️ နှိပ်ပါ ပြီးမှ ဗွီဒီယိုကြည့်ရန် ➡️ နှိပ်ပါ ဇာတ်လမ်းအညွှန်း ကွန်မန့်မှာဖတ်ပါ Main
+3
Honey Dont (2025) ချန်နယ်လင့် အရင်Joinရန် ➡️  နှိပ်ပါ ပြီးမှ ဗွီဒီယိုကြည့်ရန်  ➡️   နှိပ်ပါ ဇာတ်လမ်းအညွှန်း ကွန်မန့်မှာဖတ်ပါ Main Channel

Steal Her Breath (2024) ချန်နယ်လင့် အရင်Joinရန် ➡️ နှိပ်ပါ ပြီးမှ ဗွီဒီယိုကြည့်ရန် ➡️ နှိပ်ပါ ဇာတ်လမ်းအညွှန်း ကွန်မန့်မှာဖတ်ပ
Steal Her Breath (2024) ချန်နယ်လင့် အရင်Joinရန် ➡️  နှိပ်ပါ ပြီးမှ ဗွီဒီယိုကြည့်ရန်  ➡️   နှိပ်ပါ ဇာတ်လမ်းအညွှန်း ကွန်မန့်မှာဖတ်ပါ Main Channel

Video တင်ဖို့ အလုပ်အပ်မယ့်သူ ရသွားပါပြီ ပိုစ့်တင်လိုက်တာနဲ့ အကောင့်တွေအများကြီး စာပို့ပြီးလာစုံစမ်းကြလို့ တယောက်ချင်းစီကို Reply မပြန်နိုင်တော့တဲ့အတွက် ဒီနေရာကနေ အနူးအညွတ်တောင်းပန်ပါတယ် အားလဲနာပါတယ်ဗျ ပထမဆုံးလာမေးသူထဲကနေ အဆင်အပြေဆုံးတယောက်ကို အလုပ်အပ်လိုက်ပါပြီ

မဂ်လာပါခင်ဗျာ တယ်လီဂရမ်မှာ ဇာတ်လမ်းတွဲအပိုင်းများတာတွေ video တင်ပေးဖို့ လူငှားချင်ပါတယ် ဝိုင်ဖိုင်ရှိပြီး တယ်လီဂရမ်မှာ တင်နေကြလူဆိုရင် ပိုအဆင်ပြေပါတယ် ဇာတ်လမ်းတွဲအတွက် ၁၀ ပိုင်း ကို ၃ထောင်ကျပ်ပါ MB များရင် ပိုပေးပါ့မယ် စိတ်ဝင်စားသူများ အက်မင်ရဲ့အကောင့် @flame2021 မှာ လာhi ပေးပါ တယောက်ပဲ လိုအပ်လို့ လူရပြီးရင် ပြန်ဖျက်ပါမယ်ခင်ဗျ