cookie

Ми використовуємо файли cookie для покращення вашого досвіду перегляду. Натиснувши «Прийняти все», ви погоджуєтеся на використання файлів cookie.

avatar

Dream

Hey! အထီးကျန်ရင် အဖော်ပြုပေးမယ့် စာတိုတွေနဲ့ zodiac signတွေက ကြိုဆိုနေပါတယ်...။

Більше
М'янма12 125Бірманська10 451Категорія не вказана
Рекламні дописи
2 048
Підписники
+124 години
-17 днів
-3630 днів

Триває завантаження даних...

Приріст підписників

Триває завантаження даних...

" မတွေ့ခဲ့ကြရင် ကောင်းသား ( အခန်း - ၁၇ ) " " အိမ့် အဆင်ပြေလား " နေ့တိုင်းဖုန်းခေါ်ပြီး ‌မေးလေ့မေးထရှိသည့် မာယာ ။ " ပြေပါတယ်ဟ နင်ကလည်း " " စိတ်ကိုမေးနေတာ ၊ ကိုယ်ကိုမဟုတ်ဘူး " " ပြေပါတယ်ဟ ၊ ငါမမှားဘူးလေ " " အေး မှားတာ၊မမှားတာကိုမသိချင်ဘူး ။ နင့်စိတ်ထဲ တကယ်အဆင်ပြေလားပဲ သိချင်တာ " " ပြေတယ်လေ " " ဒီလိုလုပ် ၊ တစ်အောင့်နေရင် ငါလာခဲ့မယ် ။ နင်ကြိုက်တာငါဝယ်ကျွေးမယ်။ ဒီနေ့အတွက် ငါ့ပိုက်ဆံက နင်ကြိုက်တာစားဖို့ပဲ " " မလိုပါဘူးဟ " " လိုလို ၊ မလိုလို ။ ခဏနေရင်ငါလာခဲ့မယ်။ အဝတ်အစားလဲထား " ဖုန်းချသွားသော မာယာ။ အိမ့်လည်း အဝတ်အစားလဲပြီး မာယာကိုစောင့်သည်။ 10မိနစ်လောက်နေတော့ မာယာမလာသေးသဖြင့် တိုက်အောက်ဆင်းစောင့်ဖို့ ကြံလိုက်သည်။ တံခါးဖွင့်လိုက်တဲ့အချိန် မြင်လိုက်ရတာ လှေကားမှာစောင့်နေသော ကောင်းစံ ။ သံပန်းတံခါးကို အိမ့် အမြန်ပြန်ပိတ်သည်။ တံခါးမကြီးကိုတော့မပိတ်ရသေးသဖြင့် အိမ့်နှင့်ကောင်းစံကြား သံပန်းတံခါးသာခြားသည်။ " ကျွန်တော် အရင်ရက်တွေက တိုက်အောက်မှာလာစောင့်သေးတယ်။ မတွေ့လို့ " " တံခါးပိတ်လိုက်တယ်ဆိုတာ မင်းနဲ့စကားမပြောချင်လို့လေ ။ ပြန်တော့ " " တစ်ခုခုအထင်လွဲနေတာနေမယ် ။ ကျွန်တော်ရှင်းပြပါရစေ " " ဘာမှမလွဲဘူး " အိမ့်တိုက်ခန်းထဲပြန်ဝင်ပြီး တံခါးမကြီးပါ ပိတ်ချလိုက်သည်။ " မမ အဲ့လိုမလုပ်နဲ့လေ " သံပန်းတံခါးကိုထုရင်းအသံမြှင့်ပြောသော ကောင်းစံ ။ " ကျွန်တော် ဒီမှာ ကျွန်တော်ပြောချင်တာတွေအော်ပြောလိုက်ရမလား။ အခန်းနီးနားချင်းတွေပါကြားကုန်မှာနော် " အိမ့်တံခါးပြန်ဖွင့်လိုက်သည်။ သံပန်းတံခါးတော့မဖွင့်ပါ။ " စကားပြောချင်ရင် cafe မှာစောင့်နေ ၊ လိုက်လာခဲ့မယ် " ကောင်းစံ ခေါင်းညိတ်ပြီး လှည့်ထွက်သွားသည်။ ___ " မာယာ နင်ရောက်လာရင် ခဏစောင့်။ ငါလုပ်စရာလေးရှိလို့ " ဟု မာယာကို လှမ်းဖုန်းဆက်လိုက်သည်။ အိမ့်နှင့်ကောင်းစံ ဆုံနေကျ cafe သို့ အိမ့်ခြေဦးတည်လိုက်သည်။ Cafe ထဲဝင်လိုက်တော့ " မမ ဒီမှာ " ဟု ‌လက်လှမ်းပြသည်။ အိမ့် ကောင်းစံရှိသည့်ဝိုင်းကို လျှောက်သွားလိုက်သည်။ " ထ ၊ vip ခန်းကိုပြောင်းမယ် " ကောင်းစံ အံ့ဩသောအမူအရာဖြင့်မော့ကြည့်သည်။ " မင်းပဲ စကားပြောချင်တာမဟုတ်လား ။ ငါအနေနဲ့ကတော့ လူကြားမခံချင်တဲ့စကားတွေပဲ ။ အခုဒီဝိုင်းမှာထိုင်မပြောနိုင်ဘူး။ ထ ။ vipခန်းယူလိုက်မယ် ။ " အိမ့် cafe vip ခန်းယူလိုက်သည်။ အခန်းသဘောမျိူးဖြစ်ပြီး အထဲကအသံ ပြင်ပသို့ သဲ့သဲ့မျှပင် မကြားရချေ ။ " မမ ဘာလို့ အတည်ပေါက်ကြီးတွေလုပ်နေတာလဲ " " ကဲ ပြော ။ မင်းပြောချင်တာဘာလဲ ။ " " မမ ဘာကိုအထင်လွဲနေတာလဲတော့မသိဘူး " " ဘာကိုမှအထင်မလွဲဘူး " " ဟိုနေ့ညက ကိစ္စကြောင့်ဆိုရင်တော့ မမအပိုလုပ်နေတာပဲ " " အပိုလုပ်တယ် ။ ကောင်းစံ မင်းကောင်မလေးရှေ့မှာ မင်းငါ့ကို ဖက်ခဲ့တာနော်! " " ဖက်တော့ ဘာဖြစ်လဲ ။ နမ်းနေလို့လား " " စကားကိုထိန်း " " မမက အဲ့တာပဲ ။ တအား စည်းတွေ၊ဘောင်တွေကို အလေးထားလွန်းတာ ။ ကျွန်တော်က ခံစားချက်ကိုပဲဦးစားပေးတယ် " " ဟုတ်တယ်လေ ။ အဲ့တာကငါပဲ ။ " " အဲ့တာကြောင့် စည်းကမ်းစာအုပ်ကြီးလို ကျွန်တော့်ကို အဆက်အသွယ်ဖြတ်တာလား။ ဘာမှမပြောမဆိုပဲ။ " အိမ့် ဘာမှပြန်မပြောပါ။ စားပွဲဝိုင်းပေါ်က ‌အငွေ့တထောင်းထောင်း coffee ခွက်ကိုသာ စိုက်ကြည့်နေသည်။ " မမ! ကျွန်တော့်ကိုကြည့်စမ်းပါ ။ ကျွန်တော့်မျက်လုံးတွေထဲကို မြင်အောင်ကြည့်စမ်းပါ ။ " စားပွဲခုံကို တစ်ချက်ထုပြီး ပေါက်ကွဲမည့် အငွေ့တွေနှင့် ကောင်းစံ ။ " ကျွန်တော်လေ .. ကျွန်တော်မမကို ချစ်တယ်သိလား။ စတွေ့ကတည်းကနေ ချစ်တာ ။ မမ မယုံမှန်းသိပေမယ့် ကျွန်တော့်ရင်ဘတ်ကြီးတစ်ခုလုံးနဲ့ကိုချစ်တာ ။ မမကသာ မမြင်တာ ။ မမြင်ချင်ယောင်ဆောင်တာ " ပြိုတော့မယ့်မိုးလို အသံနှင့် ကောင်းစံ။ အိမ့် ပြုံးပြီး ကောင်းစံကိုကြည့်သည်။ " ကောင်းစံ .. မင်းမှာကောင်မလေးရှိတယ်။ စကားကိုထိန်း " " ကျွန်တော်ပြောနေတာ မမနဲ့ကျွန်တော့်အကြောင်းပဲ ။ တခြားဟာတွေ ခေါက်ထားစမ်းပါဗျာ။ ကျွန်တော်က မမကိုပဲ ဂရုစိုက်တယ် ။ မမဘာလို့ဘေးကဟာတွေပါလိုက်ထည့်နေတာလဲ " ကောင်းစံအသံဟာ ပို၍တင်းမာလာသည်။ သို့သော် အိမ့်ကတော့ ညင်သာစွာပင် တုံ့ပြန်သည်။ " ကောင်းစံ မင်းက မင်းမျက်လုံးတွေကို မြင်အောင်ကြည့်ဖို့ပြောတယ်။ သေချာကြည့်စမ်းပါ။ မင်းရော ငါ့မျက်လုံးတွေကို သေချာကြည့်ဖူးလား " အိမ့်ဟာ တဖြည်းဖြည်း လေးနက်သောစကားတွေကိုထုတ်ပြောလာသည်။ " ငါရော မင်းကိုမချစ်ခဲ့ဘူး ထင်လား။ ငါ့စိတ်ထဲမှာလေ မင်းမှမင်းပဲ ။ မိုးလင်းကနေ‌မိုးချုပ်သည်အထိ ။ ငါမင်းအဖြေတောင်းတာ ရှောင်တယ် ။ မှန်တယ် ။ ဒါပေမဲ့ ဘယ်လိုလုပ်မလဲ ။ မယုံကြည်နိုင်တဲ့ အချစ်မျိုးကို ငါဘဝတစ်ခုလုံးမပုံအပ်နိုင်ဘူး ။ ငါအချိန်ပေးပြီး မင်းကိုလက်ခံနိုင်ဖို့ အကြိမ်ကြိမ်ကြိုးစားတာက မှန်သောစကားပဲ ကောင်းစံ။ စောင့်တယ် ။ ထပ်စောင့်တယ်။ ဒါပေမဲ့ မင်းကငါ့အတွက် ယုံကြည်နိုင်စေမယ့် အကြောင်းပြချက်မျိုး တစ်ခုမှမပေးခဲ့ဘူး " " ကျွန်တော့်ကောင်မလေးကို အခုပဲ ဖြတ်လိုက်လို့ရတယ် " အိမ့်ရယ်လိုက်သည်။ ရယ်ရင်း မျက်ရည်တွေကို မျက်တောင်ခတ်ကာ ပုတ်ထုတ်လိုက်သည်။ #forward_only #fictional #owner
Показати все...
19❤‍🔥 1🔥 1
Фото недоступнеДивитись в Telegram
နောက်နှစ်ရက်ဆို fictional က on fire တော့မယ် :3 #owner
Показати все...
🔥 20 5💘 1
" မတွေ့ခဲ့ကြရင် ကောင်းသား ( အခန်း - ၁၆ ) " " ဘာလို့ တော်တော်ကြီးဝေးတဲ့ bus ကားမှတ်တိုင်မှာ တစ်ယောက်တည်းရှိနေတာလဲ " " 7နာရီလောက်က " အိမ့်စကားခေတ္တရပ်သွားသည် ။ " ဖုန်းဝင်လာတယ် ။ ကောင်းစံကောင်မလေးစီက " " ကောင်းစံကောင်မလေးက ? " " ကောင်းစံကို ဖုန်းခေါ်မရလို့ ငါ့ကိုခေါ်တာ " ဖြစ်ကြောင်းကုန်စင် မာယာကိုပြောပြလိုက်သည်။ ___ သူငယ်ချင်းသက်တမ်းတော်တော်ကြာနေသည်နှင့်အညီ အိမ့်အကြောင်း မာယာသိသည်။ အိမ့်ဟာ ခေါင်းမာသည်။ နောက်တစ်ခုက အိမ့်ဟာ စည်းတွေကို ဂရုစိုက်သည်။ အိမ့်အများဆုံးပြောလေရှိသည့် စကားက " လောကမှာ စည်းဆိုတာရှိတယ် " ဆိုတဲ့စကားပင်။တစ်ဖက်သား ကိုယ်ရေးကိုယ်တာကို ဝင်စွက်ဖက်မိမှာမျိုးကို အိမ့်ဟာ အလွန်သတိထားသည်။ " အိမ့် ဒါနင့်အမှားမဟုတ်ဘူး " " ငါ့အမှားပဲ ။ ငါလေ.. " " မဟုတ်ဘူး အိမ့် ။ နင်စည်းတားခဲ့တယ်လေ ။ အဲ့ဒီစည်းကိုချိုးနေတာကောင်းစံ ။ နင်မဟုတ်ဘူး " " ဒါပေမဲ့ မာယာရယ် ကောင်မလေးဘက်က ခံစားကြည့်စမ်းပါ " " မခံစားပါဘူး ။ နင်ကငါ့သူငယ်ချင်းလေ ။ ငါ့သူငယ်ချင်းဘက်ကပဲ ငါခံစားပေးမှာ။ " " နင် ငါ့ကိုအကြံမပေးတော့ဘူးလား ဘယ်လိုလုပ်မလဲဆိုတာ " " သိသာနေတာပဲလေ။ နင့်စိတ်နဲ့ဆိုရင် ကောင်းစံကို အဆက်အသွယ်ဖြတ်တော့မှာမဟုတ်လား " အိမ့်ရယ်လိုက်သည်။ အိမ့်ရယ်သည်မြင်ရမှ မာယာအသက်ကောင်းကောင်းရှူနိုင်သည်။ ___ ထို‌နေ့ညကတည်းက အိမ့်ဟာ ကောင်းစံကို online ပေါ်ရော ၊ content ကိုရော block list သွင်းလိုက်သည်။ အိမ့်လုပ်မှဖြစ်မည်။ ကြားသုံးကြားမဝင်ကောင်းသလို အိမ့်ကိုယ်တိုင်ကလည်း ဒီလိုအဖြစ်အပျက်မျိုးထဲမနေချင်ပါ။ အိမ့်မှာ စည်းဆိုတာရှိသည် ။ နှစ်ရက်လောက်အထိ မာယာဟာ အိမ့်နားလာနေပေးသည်။ " ရေချိုးတာသတိထားနော် ၊ နေမကောင်းထပ်ဖြစ်ရင် ငါရိုက်မှာ " " အေးပါဟယ် ၊ ပြန်ပါတော့ " " စာပို့ရင် ချက်ချင်းဝင်ကြည့်နော် " " အေးပါဆို " " ပြန်ပြီနော် ၊ တစ်ခုခုဆို လှမ်းခေါ်နော် " " အေးပါ " ပွစိပွစိမှာစရာရှိတာတွေမှာပြီး ပြန်သွားသောမာယာ။ တစ်ရက် ၊ နှစ်ရက်ကနေ တစ်ပတ်အထိ ကူးပြောင်းသည်။ အိမ့်ကတော့ assignment တွေလုပ်လိုက် ၊ par time job interview တွေဖြေလိုက်နဲ့ ကိုယ့်ကိုယ်ကို အလုပ်ရှုပ်အောင်လုပ်သည်။ ခဏလောက် ငြိမ်မိလိုက်တာနဲ့ စိတ်ဟာ ကောင်းစံစီရောက်သည်။ " ငါတို့ ဘယ်ကစမှားတာလဲ " " Healing လုပ်ပေးချင်ပေမယ့် ငါကိုယ်၌ကိုက Trauma ပေးမိခဲ့လား " ဟုရောက်တတ်ရာရာလျှောက်တွေးသည်။ Bike သံကြားရင် နှလုံးသားတစ်နေရာက လှည့်လှည့်ကြည့်မိသည်။ " ချစ်ခဲ့လား " မေးရင် ချစ်သည်။ မယုံသည့်အတွက် ထုတ်မပြခဲ့ခြင်းသာဖြစ်သည်။ စည်းတားခဲ့ခြင်းသာဖြစ်သည်။ အိမ့်ကိုယ်တိုင်ကို Toxic ဖြစ်နေတာလား ဟုလည်းတွေးမိသည်။ ဘယ်ကဘယ်လိုစမှန်းမသိတဲ့ အချစ်ကို အိမ့်ဟာ လက်မခံနိုင်ပါ။ သို့ပေမယ့် အဆက်အသွယ်ဖြတ်တာကမှန်သည် ။ သမီးရည်းစားကြားထဲ ကြားဝင်ရလောက်အောင်အထိ အိမ့်ဟာ ကိုယ့်တန်ဖိုးကိုမချနိုင်ပါ။ ___ " အရေးအကြောင်းရှာရင် မတွေ့တော့ဘူး " အိမ့်တစ်ယောက် ပစ္စည်းပျောက်ရှာနေသည်။ အပြင်သွားမည်ဖြစ်၍ ငွေသားမကိုင်ဘဲ card ယူမည်လုပ်ကာမှ ထားနေကျ နေရာတွင်မတွေ့တော့ ။ Jewelry ဘူးထဲမှာများလားဆိုပြီး ဖွင့်ကြည့်ကာမှ တွေ့တော့သည်။ " အမလေး အခုမှတွေ့တယ် " ပစ္စည်းရှာတွေမှ ကျေနပ်သွားသောအိမ့် ။ jewelry ဘူးကို ပြန်ပိတ်မည်ကြံကာမှ အကြည့်ဟာတစ်နေရာမှာရပ်သွားသည်။ လက်စွပ်ဘူးလေးတစ်ခု ။ " ငါဒါကိုမေ့နေခဲ့တာပဲ " ဟုတွေးလိုက်ပြီး လက်စွပ်ဘူးကိုယူကာ ဖွင့်လိုက်သည်။ ဖွင့်လိုက်သည်နှင့် လက်စွပ်နှစ်ကွင်း ပေါ်ထွက်လာသည် ။ အိမ့်စိတ်တွေလက်စွပ်ဝယ်ခဲ့သည် မှတ်ဉာဏ်စီပြန်ရောက်သွားသည်။ ထိုနေ့က မာယာနှင့်အတူ အပြင်သွားသောနေ့ဖြစ်သည်။ မာယာက ထုံးစံအတိုင်း ဟိုဝယ်ဒီဝယ်လုပ်ရတာကြိုက်သူ။ အခုလည်း " အိမ့်ရယ် ဒီက jewelry လေးတွေ တအားလှတာ " ဟုဆိုကာ fancy jewelry ဆိုင်ထဲ အိမ့်ကို ဆွဲခေါ်သွားသည်။ အိမ့်လည်း " ရောက်မှတော့ မထူးဘူး " ဟုသည့်စိတ်နှင့် ဟိုကြည့်ဒီကြည့် လိုက်စပ်စုသည်။ လက်စွပ်တွေ အစီအရီပြထားသည့် ကောင်တာမှာ အိမ့်ရပ်သွားသည် ။ လက်စွပ်ဟာ အပြင်ကရွှေရောင်ကိုမှ အလယ်ကနေ ငွေရောင်အကြောင်းလေး highlight ဖောက်ထားခြင်းဖြစ်သည်။ " အစ်မ စမ်းဝတ်ကြည့်လို့ရပါတယ် " ကောင်တာက ဝန်ထမ်းမလေးက အိမ့်စိတ်ကိုသိသည့်အလား ထုတ်ပြသည်။ " ဟိုဟာအစ်မ ဒီလက်စွပ်လေးကလေ couple ring လေးပါရှင့် " Couple ring ဖြစ်ဖြစ်၊ဘာဖြစ်ဖြစ် အိမ့်တော်တော်ကြိုက်နေမိသည်။ ရုတ်တရက် ကောင်းစံမျက်နှာကို သွားပြေးမြင်သည် ။ " ယူမယ်နော် ညီမလေး " ထိုလက်စွပ်ကိုဝယ်သည့်အချိန်တုန်းက ကောင်းစံ နှင့် အိမ့် ကြည်နူးနေသည့်ကာလဖြစ်သည်။ နောက်ပိုင်း ကောင်းစံဟာ အိမ့်စိတ်ကို အမြဲရှုပ်အောင်လုပ်လာသဖြင့် အိမ့်လည်း လက်စွပ်လေးကို မေ့လျော့ခဲ့သည်။ အိမ့်လက်စွပ်နှစ်ကွင်းလုံးကို ယူလိုက်သည်။ ပထမတစ်ကွင်းက အိမ့်လက်သူကြွယ်နှင့် ကွက်တိဖြစ်သည်။ ကောင်းစံအတွက်ရည်ရွယ်ထားသည့်လက်စွပ်က အိမ့်လက်မနှင့် ပိစိလေးချောင်သည်။ သို့သော် ကျွတ်မကျနိုင်ပါ။ အိမ့်နှစ်ကွင်းလုံးဝတ်လိုက်သည်။ " Couple ring လည်း ဘာလို့တစ်ယောက်တည်း ဝတ်လို့မရရမှာလဲ " #fictional #forward_only #owner
Показати все...
24🦄 2👍 1💅 1
Фото недоступнеДивитись в Telegram
Fictional ဖတ်သူများအခြေအနေ xd #owner
Показати все...
🤣 41 1
" မတွေ့ခဲ့ကြရင် ကောင်းသား ( အခန်း - ၁၅ ) " " Hello အစ်မ " " ကောင်းစံကိုတွေ့ပြီနော် ညီမ။ စိတ်မပူနဲ့။ " " အစ်မ location လေးပို့ပေးပါလား။ ညီမလာခဲ့မယ် " " Okay " Location ပို့ပြီးသည်နှင့် ဖုန်းပိတ်ပြီး ကောင်းစံဘက်ပြန်လှည့်လိုက်သည်။ " ကောင်းစံ မင်း cigarette သောက်တတ်တာလား " ကျောခိုင်းဖုန်းပြောပြီး ပြန်လှည့်လိုက်တော့ မြင်ရသည့်မြင်ကွင်းက cigaretteကို ပါးစပ်မှာခဲထားသည့် ကောင်းစံ။ အဆုတ်ထဲက အငွေ့တွေကို အိမ့်ရှေ့ပြန်မှုတ်ထုတ်ရင်း " မသောက်တတ်ပါဘူး ၊ အခုမှသောက်ကြည့်တာ ၊ မမ မကြိုက်မှန်းသိလို့လေ " " ငါ့ကြောင့်လို့ဆိုလိုချင်တာပေါ့ " " ဟုတ်တယ်လေ ။ ကျွန်တော့်ကို လတစ်ဝက်လောက် မဆက်သွယ်ဘူးလေ " " အဲ့တာနဲ့ မင်းက cigarette သောက်တယ်ပေါ့ " " ဟုတ်တယ်လေ " " ကောင်းစံ မင်း cigarette သောက်တာ မင်းကိစ္စ။ ငါဘာမှမပြောဘူး။ ဒါပေမဲ့ ငါ့ကြောင့်လို့တော့ လာမစွပ်စွဲနဲ့ " " စွပ်စွဲနေတာမဟုတ်ဘူး။ အတည် မမကြောင့် " အိမ့်စိတ်ထဲ ကျင်'ခနဲဖြစ်သွားသည်။ " ဒါနဲ့ မမ ဘယ်သူ့ကိုဖုန်းဆက်နေတာလဲ " " မင်းကောင်မလေးကိုလေ " " သူနဲ့ဘာဆိုင်လဲ " " မင်းကောင်မလေးက မင်းကိုဖုန်းခေါ်မရလို့ ငါ့စီဖုန်းဆက်တာ " ဆေးလိပ်ကို အောက်သို့ပစ်ချလိုက်ပြီး တတ်နင်းကာ မီးသတ်လိုက်သော ကောင်းစံ။ " ခေါက်ထားစမ်းပါ မမရာ ၊ ဒီမှာမမ ကျွန်တော့်ကိုကြည့် " အိမ့် ပခုံးနှစ်ဖက်ကိုကိုင်ပြီး ရီဝေနေသောမျက်လုံးများဖြင့် " မမရှေ့မှာ ကျွန်တော်ရှိတယ်လေ ၊ ဒါနဲ့လုံလောက်နေပြီမဟုတ်လား " ပခုံးပေါ်က ကောင်းစံလက်ကို ဖယ်ထုတ်လိုက်ပြီး " ကောင်းစံ သတိထား ၊ မင်းပုံမှန်စိတ်မဟုတ်နေဘူး " ရုတ်တရက် အိမ့်နားကနေခွာပြီး လူကူးတံတားအောက် ငုံကြည့်နေ‌သည်။ " မမ သိလား ။ ကျွန်တော်သိတယ် ။ မမကျွန်တော့်ကို မယုံတာ " " ကောင်းစံ အဲ့လိုကြီး အောက်ငုံ့ကြည့်မနေနဲ့ ။ မင်းကိုယ့်အရှိန်ကိုယ်မထိန်းနိုင်ဘဲ အောက်ပြုတ်ကျမယ် " " ပြုတ်ကျသွားရင်ရော မမယုံမလား " " ဘာတွေပြောနေတာလဲ ။ အဲ့နားကနေခွာ " " မခွာချင်ပါဘူး " " ကောင်းစံကလည်း လာပါ မမနားကို ၊ အဲ့နားက ခွာခဲ့ချည် " အိမ့် အသည်းတွေတလှပ်လှပ်ဖြစ်နေသည်။ မတွေးကောင်းပေမယ့် ကောင်းစံ အိမ့်ရှေ့တွင် အောက်ပြုတ်ကျသွားမှာကို စိုးရိမ်မိသည်။ " မမ မကောင်းဘူးသိလား။ အသည်းနှလုံးမရှိဘူးမလား " ကောင်းစံဘာပြောပြော အိမ့်ဆန့်ကျင်လို့မရပါ။ အတည်ခုန်ချတော့မယ့်အရိပ်အယောင်တွေ မြင်နေသည်။ " ဟုတ်တယ် မင်းမှန်တယ်။ အဲ့နားကသာခွာခဲ့ ။ စကားသေချာပြောမယ် " အိမ့်ရဲ့ထောက်ခံသောစကားကြားမှ ထိုနေရာကနေခွာသော ကောင်းစံ။ " မမ ကျွန်တော်ပြောမယ် " ထိုအချိန်တွင် ကောင်းစံ၏ ကောင်မလေးရောက်လာသည်။ ကောင်းစံကတော့ အိမ့်ကို မျက်နှာမူထားလို့ မသိပေမယ့် အိမ့်ကတော့ မြင်ရသည်။ " ကောင်းစံ မင်းကောင်မလေး မင်းအနောက်ရောက်.. " အိမ့်စကားပင်မဆုံးလိုက် ။ ကောင်းစံရုတ်တရက် အိမ့်ကို ဖက်လိုက်သည်။ cigarette အနံ့တွေ ၊ alcohol အနံတွေ .. " ဒီတိုင်းလေး..မမကို ကျွန်တော့်အနားမှာပဲရှိစေချင်တာ ၊ ကျွန်တော့်အတွက်ဆိုပြီးလေ ၊ ကျွန်တော်တစ်ယောက်ထဲအတွက်ဆိုပြီးလေ ။ မမတစ်ယောက်ထဲကိုပဲရှိစေချင်တာ " အိမ့် တွန်းလိုက်သည်။ " ကောင်းစံ မင်းကောင်မလေး မင်းနောက်ရောက်နေပြီ " ___ " မင်းတို့ Taxi နဲ့ပြန် ၊ ကောင်းစံအခြေအနေက bike မောင်းလို့မရဘူး ၊ အစ်မ Taxi ငှားပေးမယ် " ကောင်းစံကတော့ သူ့ခန္ဓာကိုယ်တောင် ဟန်ချက်ညီအောင် မထိန်းနိုင်တော့သည့်အတွက် သူ့ကောင်မလေးက တွဲပြီးထိန်းထားသည်။ bus မှတ်တိုင်အထိတွဲခေါ်လာပြီး ခုံပေါ်ထိုင်ခိုင်းထားရသည်။ Taxi စောင့်နေတုန်း ကောင်မလေးက အိမ့်ကို လှမ်းလှမ်းကြည့်သည် ။ " အစ်မ သိလား " ရုတ်တရက်စကားစလာသော ကောင်မလေး ။ " ဘာကိုလဲ " " ကောင်းစံကလေ အစ်မပေါ်ခံစားချက်ရှိနေတာ " အိမ့်မျက်နှာ ရှိန်းခနဲဖြစ်သွားသည်။ " ညီမသိတယ် ။ ဒါပေမဲ့လေ ညီမလည်း ကောင်းစံအပေါ် ခံစားချက်ရှိတယ် " " ကောင်းစံနဲ့ အစ်မနဲ့က ဘာမှမဟုတ်ဘူး ညီမ " ထိုအချိန်တွင် Taxi တစ်စီးရောက်လာသည်။ အိမ့်လှမ်းတားသည်။ ရပ်ပေးသည်။ အိမ့် Taxiခပါ တစ်ခါတည်းရှင်းပေးလိုက်သည်။ ကောင်မလေးက ကားပေါ်မတက်ခင် " အစ်မ ထွက်သွားဖို့မလိုပါဘူး " အိမ့်စိတ်ထဲတွေးနေသောအတွေးကို ဖမ်းမိသွားသည်။ " ကောင်းစံက အစ်မကို ညီမထက်ပိုလိုပါတယ်။ ညီမလည်း လက်ခံနိုင်ပါတယ် ဒါကို " Taxi ထွက်သွားသည်လား ၊ မထွက်သွားသည်လား အိမ့်ဂရုမစိုက်နိုင်‌တော့ ။ အိမ့်ခေါင်းထဲ အတွေးတွေပြိုင်နေသည်။ " လောကမှာ စည်းဆိုတာရှိတယ် "ဆိုတဲ့ စကားသံဟာ အိမ့်ခေါင်းထဲ အထပ်ထပ်အခါခါ ပဲ့တင်သံဖြစ်ပေါ်နေသည်။ ဖုန်းဖွင့်ကာ content တစ်ခုကို နှိပ်လိုက်သည်။ ပြိုတော့မည့်မိုးအသံဖြင့် " မာယာ ငါ့ကိုလာခေါ်ဟာ " ___ ညဘက်ကြီး အိမ့်ဖုန်းဝင်လာသည်နှင့် သူငယ်ချင်းကိုစိုးရိမ်သဖြင့် Taxi ငှားပြီး ချက်ချင်းရောက်ချသည်။ အိမ်ပြန်ရောက်သည်အထိ အိမ့်စိတ်ငြိမ်အောင် စောင့်ပေးသည်။ အတော်အတန်ကြာမှ အိမ့်နဖူးကို လာစမ်းကာ " အိမ့် နင်အရင်ဆေးသောက်လိုက် ၊ ကိုယ်ပူချင်နေပြီ " " အင်း " " ညနေက ငါလာတုန်းကအကောင်းပါ ။ ဘာဖြစ်လို့လဲ။ " #fictional #forward_only #owner
Показати все...
20🐳 1
Фото недоступнеДивитись в Telegram
ဒီအပတ်ထဲ fictional end ပါမယ်လို့ ။ တစ်ပတ်လုံးတင်ပေးမှာပါ xd #owner
Показати все...
🥰 14 7🦄 2👏 1
Фото недоступнеДивитись в Telegram
Hee Hee #owner
Показати все...
😭 30👏 1
" မတွေ့ခဲ့ကြရင် ကောင်းသား ( အခန်း - ၁၄ ) " အိမ့်ကိုတွေ့သည်နှင့် ပြုံးပြသော ကောင်းစံ။ " ဖုန်းခေါ်နေတာ ဘာလို့မကိုင်တာလဲ " ကောင်းစံ သူ့အိတ်ကပ်ထဲက ဖုန်းကို ထုတ်၍ယူကြည့်သည်။ " Sorry မမ ၊ mute ထားမိတာ " " မနေ့ညနေကကိစ္စဘာလို့ငါ့ကိုအသိမပေးတာလဲ " " မမ သိသွားပြီကို " " ငါ့အလုပ်မှာ မင်းသောင်းကျန်းသွားတဲ့ကိစ္စ ငါ့စီပြန်မရောက်ဘူးထင်နေတာလား " " ကျွန်တော်မမှားဘူးမမ " အိမ့်ရယ်လိုက်သည်။ စိတ်ကုန်သည်။ စိတ်တိုသည်။ ကောင်းစံကို စိတ်နာသည်။ " မင်းအဲ့လူကိုထိုးတဲ့ကိစ္စငါဘာမှမပြောဘူး ၊ ဒါပေမဲ့ မင်းနဲ့ငါက ဘာဆိုင်လို့လဲ " " မမ ဘာကိုဆိုလို .. " " ငါ့ဘဝထဲကိုဝင်စွက်ဖက်ရလောက်အောင်အထိ မင်းနဲ့ငါ ဆက်ဆံရေးက အဲ့လောက်မဟုတ်ဘူး " " မမက အဲ့လိုထင်တာလား " " ငါ့ပြဿနာငါ့ဘာသာရှင်းမယ် ။ ပြီးတော့ မင်းမှာ ကောင်မလေးရှိတယ် ကောင်းစံ " " ကျွန်တော်ကောင်မလေးထားတာနဲ့ မမနဲ့ အနေဝေးစရာလား " " ကောင်းစံ ! " အိမ့်လေသံပုံမှန်ထက်ပိုမြင့်သွားသည်။ " လောကမှာ စည်းဆိုတာရှိတယ် ။ မင်းကောင်မလေးဘက်က စဉ်းစားကြည့်စမ်းပါ ! ။ " " ကျွန်တော်ဂရုမစိုက်ဘူး " " မင်း ဂရုမစိုက်ပေမယ့် ငါစိုက်တယ် " " အခုမမက စိတ်ဆိုးနေတာလား " Bike ကိုမှီထားရာကနေ အိမ့်စီ တစ်လှမ်းချင်းလှမ်းလာသော ကောင်းစံ။ " မဟုတ်ဘူး ။ စိတ်ပျက်တာ " " ကျွန်တော် မမှားဘူးလေ ။ အဲ့လူကိုကအချိုးမပြေနေတာ " " မင်းမှားတာ ငါ့ရဲ့ ကိုယ်ရေးကိုယ်တာကို respect မရှိတာ " " မမကလည်း ကျွန်တော်က မမကိုခင်လို့လေ " အိမ့်လက်ကို ဖွဖွလေးကိုင်ကာ ပြောသော ကောင်းစံ။ အိမ့်ဒေါသထွက်သည်က ဒါတွေ။ မသေချာတဲ့ အရိပ်အယောင်ပြတာတွေ ။ " တော်ပြီ ကောင်းစံ ။ မင်း ငါနဲ့ ဝေးဝေးနေတာကောင်းမယ် ။ မမြင်ချင်ဘူး " ___ အိမ့်က မမြင်ချင်ဘူးပြောသည်နှင့် လှည့်ထွက်သွားသော ကောင်းစံ။ အဲ့ကတည်းက မတွေ့ဖြစ်တာ အခုဆို လဝက်နီးပါးရှိပြီ ။ ဒီနေ့မနက်ကျ ဘွား"ကနဲ တိုက်ရှေ့မှာ ပန်းစည်းကိုင်ပြီး ရပ်စောင့်နေပြန်သည်။ " မမ " အိမ့် မသိချင်ယောင်ဆောင်ပြီး ဖြတ်လျှောက်သည်။ " မမကလည်း " ဟုဆိုကာ အိမ့်လက်ကို လှမ်းဆွဲသည်။ " လွှတ် " " မမ မမြင်ချင်ဘူးဆိုလို့ ကျွန်တော် လဝက်လောက်ပျောက်ပေးပြီးပြီလေ " " အဲ့တော့ ? " " ကျွန်တော် တောင်းပန်ပါတယ် " အိမ့်ဘာမှပြန်မပြောပါ။ " ဒူးထောက်တာလိုချင်တာလား မမက ။ ရတယ်လေ " ဗြုန်းခနဲ ဒူးထောက်ဖို့ဟန်ပြင်သောကောင်းစံ။ " မလိုဘူးလေ " " အခုမှပဲ အဖက်လုပ်တယ်ပေါ့ " " တဇွတ်ထိုးမလုပ်စမ်းနဲ့ " " ကျွန်တော်တကယ်တောင်းပန်တယ် မမ " " ခွင့်လွှတ်ရမှာလား " " ခွင့်မလွှတ်ချင်ဘူးလား " အိမ့် ရယ်လိုက်သည်။ ___ " နင်တို့ဟာက ရန်ဖြစ်လိုက်၊ပြန်ချစ်လိုက်ကြီး " ဟု မာယာက ပြောသည်။ အိမ့်ကတော့ ဘာမှပြန်မပြောခဲ့ပါ။ ဒီလောက်အဖြစ်အပျက်တွေဖြစ်သွားပေမယ့် ကောင်းစံကတော့ ဘာမဟုတ်သလိုအထာဖမ်းသည်။ သို့သော် အိမ့်ကတော့ ကောင်းစံကို သိသိသာသာ စည်းတားလိုက်သည်။ __ ရာသီအကူးအပြောင်းမလို့ အိမ့်နေလိုမကောင်းဖြစ်နေသည်။ မာယာကတော့ နေ့လည်လောက်က စိတ်ပူသဖြင့် လာကြည့်သွားသည် ။ " ကိုယ်ပူလာရင် ဆေးခန်းသွားနော် အိမ့် ၊ ခေါင်းမမာနဲ့ " " အေးပါ ၊ ငါအဆင်ပြေတယ် ။ ပြန်ပါတော့ " မာယာပြန်သွားသည်နှင့် ဟိုလုပ်ဒီလုပ်လုပ်ရင်း အချိန်ကုန်သွားသည်။ နာရီကိုလှမ်းကြည့်တော့ 7pm။Part time job ထပ်ရှာကြည့်ဦးမယ်ဆိုသည့်အတွေးနှင့် laptop ရှေ့ထိုင်ရုံရှိသေး ဖုန်းဝင်လာသည်။ unknown number ဖြစ်တာကြောင့် တွေဝေနေမိပေမယ့် ကိုင်လိုက်သည် ။ " Hello " " အစ်မ အိမ့်မှူးလား မသိဘူး " " ဟုတ်ပါတယ် " " ညီမ ကောင်းစံ ကောင်မလေးပါ " အိမ့်မျက်နှာရှိန်းခနဲဖြစ်သွားသည်။ " ဟိုဟာလေ ကောင်းစံ ညီမနဲ့ရန်ဖြစ်ပြီး bike နဲ့ထွက်သွားတာ ၊ ဖုန်းခေါ်တော့လည်းမကိုင်ဘူး " " ကောင်းစံအိမ်ကိုရော ဆက်ပြီးသွားပြီလား " " ဟုတ် ဆက်ပြီးသွားပြီ၊ မရောက်သေးဘူးတဲ့ ။ ပြီးတော့.. " " ပြီးတော့ ဘာဖြစ်လဲ " " ကောင်းစံ နည်းနည်းသောက်ထားတယ် ၊ အဲ့တာ အစ်မ ဖုန်းဆက်ကြည့်ပါလား ၊ အစ်မဖုန်းဆိုကိုင်လောက်မှာ " " အိုခေ ၊ အစ်မဆက်ကြည့်ပေးမယ် " ထိုကောင်မလေးဖုန်းချသွားသည်နှင့် အိမ့် ကောင်းစံကို ဖုန်းခေါ်သည်။ ချက်ချင်းမကိုင်၊ အတော်အတန်ကြာမှ ကိုင်သည်။ alcohol ဝေနေသည့် အသံဖြင့် " Hello မမ " " ဘယ်မှာလဲ " " မမ ကျွန်တော်ပြောပြမယ် " " ဘယ်မှာလဲလို့ " " လူကူးတံတားပေါ်မှာလေ " " မင်းကောင်မလေး ငါ့ကိုဖုန်းဆက်တယ် " " မမ လာခဲ့ပါလား " " ငါပြောတာနားထောင် ကောင်းစံ ၊ မင်းကောင်မလေးကိုဖုန်းပြန်ဆက်လိုက် " " မမ မလာရင် ကျွန်တော် အောက်ကကားတွေကြားရောက်သွားလိမ့်မယ် " ပြောချင်ရာပြောပြီး ဖုန်းချသွားသော ကောင်းစံ။ အိမ့် နာရီကို လှမ်းကြည့်သည် ။ ရှပ်အင်္ကျီ ထူထူထဲထဲ တစ်ထည်ကောက်ယူပြီး အပြင်သွားဖို့ဆုံးဖြတ်လိုက်သည်။ ___ လူကူးတံတားပေါ်ရောက်သည်နှင့် ဟန်ချက်ညီအောင်မရပ်နိုင်သော ကောင်းစံကိုတွေ့လိုက်သည်။ " ကျွန်တော့် fav person ကြီး လာသားပဲ " " ကလေးမဆန်စမ်းနဲ့ကောင်းစံ ၊ မင်းဘာဖြစ်လာတာလဲ " " ဒီတိုင်း စိတ်ညစ်လို့ " အိမ့် ဖုန်းထုတ်ကာ unknown number ကို ခေါ်လိုက်သည်။ " မမ ဘာလုပ်နေတာလဲ " #fictional #forward_only #owner
Показати все...
23
" မတွေ့ခဲ့ကြရင် ကောင်းသား ( အခန်း - ၁၃ ) " အိမ့် ပြန်ရောက်သည်နှင့် ဖုန်းကမ်းပေးသော ကောင်းစံ။ " မမ ဖုန်းလာတယ် " အိမ့်လည်း ယူလိုက်ပြီ ကိုင်လိုက်သည်။ " Hello " " အခုမှပဲ အသံကြားရတော့တယ် " " အလုပ်မှာ ကိစ္စရှိလို့လား " " မရှိပါဘူး ၊ ဒီတိုင်း ဆက်တာပါ ၊ စောနကကောင်လေးနဲ့ အိမ့်နဲ့က ဘယ်လိုဆက်ဆံရေးလဲ " " သိဖို့မလိုဘူးထင်တယ်နော် ၊ ပြီးတော့ အလုပ်ကိစ္စ မဟုတ်ရင် အိမ့်ကို ဖုန်းမဆက်ပါနဲ့ " အိမ့် ဖုန်းချလိုက်သည်။ ကောင်းစံကတော့ မှိုရသောမျက်နှာဖြင့် ပြုံးစိစိ ။ ___ ပိတ်ရက်ဖြစ်သဖြင့် အေးဆေးနေမည်ကြံကာမှ မာယာရောက်ချလာသည် ။ " အိမ့်ရေ ထထ ၊ ရုပ်ရှင်သွားကြည့်ရအောင် ၊ ငါလက်မှတ်ဘိုကင်ယူထားပြီပြီ " " နင်ကလည်း ကြိုမပြောဘူး " " ကြိုပြောရင် နင်က မလိုက်ဘူး လုပ်မှာလေ " ရုပ်ရှင်ရုံက ပိတ်ရက်မို့ လူတွေရှုပ်နေသည်။ " များလိုက်တဲ့လူ ၊ အိမ်ပဲပြန်ရအောင်ဟာ " " မရပါဘူးနော် " " ဟဲ့ ဟဲ့ ဟိုကိုကြည့်စမ်း ၊ ကောင်းစံမဟုတ်လား " မာယာညွှန်ပြသည့်နေရာကို ကြည့်လိုက်တော့ ကောင်းစံဖြစ်နေသည်။ " အေး ဟုတ်တယ် " " လာလေ ၊ သွားစကားပြောရမယ်လေ ဒါမျိုးက " မာယာ ခြေလှမ်းလှမ်းဖို့ပြင်ပြီးမှ ငြိမ်ကျသွားသည်။ " ဟဲ့ အိမ့် " " အေး ငါတွေ့တယ် " မြင်လိုက်ရသည့်မြင်ကွင်းက ကောင်းစံ၏ လက်မောင်းကိုတွဲလျက် ကောင်မလေးတစ်ယောက် ပေါ်ထွက်လာခြင်းဖြစ်သည်။ ထို့နောက် ‌ကောင်းစံပါးကို နမ်းလိုက်ခြင်း ဖြစ်သည်။ " မာယာ ပြန်ရအောင် " မာယာကလည်း အိမ့်စိတ်အခြေအနေကို နားလည်သည်နှင့် " အေးပါ " ___ နောက်‌နေ့တွင် ကောင်းစံ၏ noti ဝင်လာသည်။ " မမ cafe လာခဲ့လေ " အိမ့် သွားသည်။ အိမ့် ကောင်းစံကို ရှောင်ဖို့ ဘာအကြောင်းမှမရှိ။ " မမ ဟို Graphic designer လေ ၊ ဖုန်းထပ်ဆက်သေးလား " " မဆက်ပါဘူး ၊ မင်းကဘာလုပ်မလို့လဲ " " မဟုတ်ပါဘူး ၊ ကြည့်မရလို့ ၊ တခုခုမကောင်းတာခံစားမိနေတယ် " " မနေ့က ရုပ်ရှင်ကြည့်လို့ကောင်းလား " အံဩသော အမူအရာဖြင့် " ဗျာ " " မနေ့က ရုပ်ရှင်ရုံသွားခဲ့တယ်မလား ၊ ကြည့်လို့ကောင်းလားလို့ " " မမ ကျွန်တော့်ကို တွေ့ခဲ့တာလား " " မာယာလာခေါ်လို့ ၊ မင်းကိုရော၊ မင်းရဲ့ကောင်မလေးကိုပါတွေ့တယ် " ကောင်းစံ ပြန်မဖြေတော့ချေ ။ " တွဲနေတာ ဘယ်လောက်ကြာပြီလဲ " " နှစ်ပတ်လောက်တော့ရှိပြီ " အိမ့်စိတ်ထဲ တင်းသွားသည်။ အိမ့်ကိုဖွင့်ပြောတာလည်း နှစ်ပတ်ပဲရှိသေးတယ်မဟုတ်ပါလား ။ ___ ဒီနေ့လည်း ထုံးစံအတိုင်း အိမ့်အလုပ်ဆင်းသည်နှင့် ကောင်းစံ လာကြိုသည်။ " မမ တတ်လေ " " မတတ်တော့ဘူး ၊ grab ခေါ်ထားတယ် " " မမကလည်း နောက်ပြီ ။ ကျွန်တော်အမြဲလာကြိုနေကျကို " " ကောင်းစံ မင်းမှာ ကောင်မလေးရှိတယ် ၊ ငါ့စည်းငါစောင့်တယ် ၊ နောက်နေ့တွေလည်း လာကြိုစရာမလိုဘူး " " မဟုတ်ဘူးလေ မမကလည်း... " ကောင်းစံစကားမဆုံးခင် ရောက်လာသော grab taxi ပေါ်တတ်သွားသော အိမ့် ။ " တစ်စုံတစ်ယောက်တော့ အပစ်ခံလိုက်ရပြီနဲ့တူတယ် " ဖြစ်ရပ်တစ်ခုလုံးကို အစအဆုံးရပ်ကြည့်နေသော graphic designer ဆိုသူက ဝင်ရွဲ့သည်။ မီးဝင်းနေသော မျက်လုံးများဖြင့် ကောင်းစံ လှည့်ကြည့်လိုက်ပြီး " မဆိုင်တာ ဝင်မပါနဲ့ " " ဆိုင်တာပေါ့ ၊ အိမ့်က မကြာခင် ငါ့ကောင်မလေး ဖြစ်လာတော့မှာလေ " ကောင်းစံ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး bike ပေါ်က ဆင်းလိုက်သည်။ " စကားကို သတိထားပြောတာ ကောင်းမယ်နော် " " အတည်ပြောနေတာ ။ အိမ့်မှူးလို မိန်းမတွေအများကြီး ငါတွေ့ဖူးတယ် ။ အစတော့ မူမယ် ။ ပြီးကျရင် သူတို့ပဲ ငါ့ကိုတမ်းတမ်းစွဲ ဖြစ်သွားမှာ ။ မယုံရင် စောင့်ကြည့်ပေါ့ ညီလေးရာ " ပါးစပ်အရသာခံနေသော ထိုလူကြောင့် ကောင်းစံ ဒေါသ အဆုံးစွန်ရောက်သွားသည်။ ထို့အတူ ကောင်းစံ၏ လက်သီးကလည်း ထိုလူမေးရိုးနှင့် မိတ်ဆက်လေသည်။ ___ ဒီနေ့ အိမ့် ရုံးစရောက်ကတည်းက လေထုက တစ်မျိုးဖြစ်နေသည်။ ဘာဖြစ်တာလဲ မေးချင်ပေမယ့် ရင်းနှီးသည့်သူသိပ်မရှိ။ တွေးနေတုန်း graphic designer က ရှေ့ရောက်လာသည်။ မေးရိုးတစ်ခြမ်း ယောင်ကိုင်းလျက် ။ " အိမ့် မင်းသိပြီးပြီလား " " ဘာကိုသိရမှာလဲ " " ဒီမှာလေ ငါ့မေးရိုး ၊ ငါ့မေးရိုးကိုကြည့်လိုက်စမ်းပါ " ဘာမှမဆိုင် အိမ့်ရှေ့လာပေါက်ကွဲပြနေသော graphic designer ကို နားမလည်နိုင် ။ " မြင်တယ်လေ ။ ယောင်နေတာ ။ အဲ့တာ အိမ့်နဲ့ ဘာဆိုင်လဲ " " ဘာဆိုင်လဲဟုတ်လား ။ ဟား ဟား မင်းကို လာကြိုနေကျကောင်လေး ငါ့ကိုထိုးသွားတာကွ " " ဟမ် " " မင်းကြားတဲ့အတိုင်းပဲ " " ထိုးသင့်လို့ထိုးတာနေမှာ ။ ဘာသွားပြောလိုက်လဲ " " ဘာ!! ။ ထိုးသင့်လို့ထိုးတာ။ ငါပြောတာဆိုလို့ မင်းက ငါ့ကိုကြိုက်နေတယ်ဆိုတာပဲ " " ဘာပြောတယ် " " ဟုတ်တယ်လေ ၊ မင်းကမူနေတာမလား " " ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးမနေနဲ့ ။ လုပ်ဖော်ကိုင်ဖက်မလို့ စကားပြောရုံလောက်ပဲ ။ ကောင်းစံသာမထိုးရင် ရှင်ကျွန်မလက်ဝါးနဲ့ညားမှာ " အိမ့်လှည့်ထွက်လိုက်သည်။ အထက်လူကြီးရုံးခန်းကိုသွားပြီး အလုပ်ထွက်စာတင်လိုက်သည် ။ ___ ကောင်းစံကို ဖုန်းခေါ်သည်။ ဆက်သွယ်မှုဧရိယာပြင်ပရောက်နေပါသဖြင့်နှင့်ပဲ တိုးသည်။ အိမ့်တိုက်ခန်းရှေ့ရောက်တော့မှ ရပ်စောင့်နေသော ကောင်းစံကို တွေ့ရသည်။ #fictional #forward_only #owner
Показати все...
31
" ပြင်ညာရေး " အခြေခံပညာ အလယ်တန်းကျောင်း တစ်ခုတွင် ဆရာမတွေ အမှတ်ခြစ်နေကြသည်။ " အစ်မရေ အစ်မ ‌ငါးတန်းက ကလေးတွေ အဖြေလွှာကိုင်ရတာ မဟုတ်လား " " ဟုတ်တယ် ညီမရေ " " အဲ့ထဲ ကျွန်မကလေးတွေ ပါတယ် မမ " " ဟုတ်လား ၊ ညီမက ခြောက်တန်းကလေးတွေ အဖြေလွှာကိုင်ရတာ မဟုတ်လား ၊ အစ်မကလေးတွေလည်းပါတယ် " ကလေးတွေဆိုသည်မှာ သူတို့၏ ကျူရှင်ကိုတတ်သောကလေးတွေကို ရည်ညွှန်းခြင်းဖြစ်သည်။ " ပြစမ်းပါဦးအေ " အဖြေလွှာတွေလဲကာခြစ်ကြသည်။ ခုံနံပါတ်နဲ့ နာမည်တွေကို stapler နဲ့ ညှပ်ပြီး အုပ်ထားပေမယ့် သူတို့ကလေးတွေ၏ လက်ရေးကိုတော့ မှတ်မိကြသည်။ " အော် ဒီကလေးကတော့ စာတစ်ကြောင်းကျန်ခဲ့တာ သနားပါတယ် " ဟု အသံပြုပြီး အသင့်ယူလာသော ဘောပင်ပြာကို ထုတ်ကာ ရေးပေးလိုက်သည်။ " ကလေးတွေ ရှပ်ပြာရှပ်ပြာနဲ့မို့ အစ်မရယ် " " အစ်မကလေးတွေလည်း အဲ့လိုပဲဟေ " စာခြစ်တဲ့ဆရာမတွေ ဘောပင်အနီပဲကိုင်ရတယ်ဆိုသည်ဟာ စကားသာသာဖြစ်သည်။ ကိုယ်ပိုင်ဆရာရှိသည့် အဖြေလွှာတွေဟာ အမြဲပြည့်စုံပြီးသား မဟုတ်ပါလား ။ " ဟယ် အစ်မ ဒီကလေးလက်ရေးက ဟိုဆရာမ သင်နေတဲ့ ကလေးလေ " " ဟယ် ဟုတ်လား ၊ ပြစမ်းပါဦး " " အမလေး ကကြီးကိုရေးထားတာ ဆက်နေသော ထဆင်ထူးနဲ့ နင်လားငါလားပဲ ၊ လျှော့ပလိုက်ဟေ အမှတ် " " ဟုတ်ပ မမရယ် " ပါတီမတူသဖြင့် အမှတ်တစ်မှတ်လျော့ပြန်သော အဖြေလွှာ ..။ " အမလေး ၊ အမှတ်ခြစ်ရတာ ပင်ပန်းလိုက်တာအေ " " ဟုတ်ပ မမရယ် ၊ ဒါပေမဲ့ ကျွန်မကလေးတွေက အမှတ်တော့ကောင်းသားပဲ ၊ လျှမ်းတာလေးတွေ သနားလို့ ပြင်ပေးထားလိုက်တယ်မမရယ် ၊ ကလေးတွေလည်း ကြိုးစားခဲ့တာပဲလေ " ကိုယ်ပိုင်ဆရာမရှိသော အဖြေလွှာတွေကတော့ ဒီတိုင်းငြိမ်ငြိမ်လေး ကျန်ခဲ့ရတာပေါ့ ။ ___ ဆရာမတစ်ယောက်၏အိမ်တွင် စာကျက်သံများထွက်ပေါ်နေသည်။ တပည့်တွေကို စာသင်နေခြင်းမဟုတ်။ သူကိုယ်တိုင် အော်ကျက်နေခြင်းဖြစ်သည်။ " ဟာ ဆရာမ စာတွေကျက်နေတာလား " ဘေးအိမ်က အိမ်နီးချင်းက အိမ်ရှေ့ လမ်းလျှောက်ရင်း အသံပြုသည်။ ထိုဆရာမ လက်ထဲက စာအုပ်ကို ချကာ အိမ်ပြင်ထွက်လာသည်။ " ဟုတ်တယ် အစ်ကိုရေ ။ ကျောင်းတွေပြန်ဖွင့်တော့မှာဆိုတော့ ကျွန်မတို့ သင်တန်းပေးခံနေရတယ် " " အဲ့လို စာအော်ကျက်ဖို့လား " " မဟုတ်ပါဘူး ။ essay ရေးဖြေရမယ်ကြားလို့ essay ကျက်နေတာ " " ဆရာမကလည်း အဲ့ခါကျမှ ဒီတိုင်းချရေးလိုက်လေ " " မရေးနိုင်ပါဘူးတော် ၊ အခုတောင်သင်တန်းပေးနေတာ meaning မသိတဲ့အလုံးတွေပါလာလို့ မနည်းမှတ်နေရတာ " " ဘာတွေမလို့လဲ " " audience တို့ ၊ artificial intelligence တို့ ။ ကျွန်မတစ်ခါမှ မကြားဖူးပါဘူးတော် " နှစ်ရက်လောက်နေတော့ ထိုဆရာမအိမ်မှစာကျက်သံပျောက်သွားသည်။ ညနေတိုင်း လမ်းလျှောက်လေ့ရှိသော အိမ်နီးချင်းက " ဆရာမ သင်တန်းပြီးသွားပြီလား " " ပြီးသွားပြီရှင် ၊ essay ကတော့ ကွက်တိ‌ပဲ " " ဘာခေါင်းစဉ်မလို့တုန်း " " Memories of childhood မေးတာ၊ ကျွန်မက Family trip essay ကျက်ထားတယ်လေ ၊ အဲ့တာ ချရေးလာတယ် " #sarto #forward_only #owner
Показати все...
🔥 33 6🍓 3❤‍🔥 1🦄 1
Оберіть інший тариф

На вашому тарифі доступна аналітика тільки для 5 каналів. Щоб отримати більше — оберіть інший тариф.