cookie
Ми використовуємо файли cookie для покращення вашого досвіду перегляду. Натиснувши «Прийняти все», ви погоджуєтеся на використання файлів cookie.
avatar
Thuriya
Update News
Більше
Рекламні дописи
685
Підписники
Немає даних24 години
Немає даних7 днів
Немає даних30 днів
Триває завантаження даних...
Приріст підписників
Триває завантаження даних...
Фото недоступнеДивитись в Telegram
NLD ရဲ့တပည့်ကျော် PDF ပဒက်ဆိုတဲ့ ငမိုက်သားတွေ NLD အမာခံတွေကိုတောင် သတ်နေP လား?... ****************** PDFပဒက် ဆိုတာ စတင်ဖောက်ဖွားလားကတည်းက ဆရာဆိုတဲ့ကောင်တွေက ဝရမ်းပြေး၊ လူမိုက်အားပေး မီဒီယာတွေကလည်း မြှောက်ပင့်ပေး …မင်းတို့လုပ်ရပ်တွေက တော်တော်မိုက်ရိုင်းလားP---- မနေ့က စစ်ကိုင်းတိုင်းဒေသကြီး ၊ဖောင်းပြင်မြို့နယ်၊ သရောင်းအုပ်စု၊ ထောမကျေးရွာ အပေါင်ဆိုင်လုပ်ငန်းနှင့် ကြက်သားရောင်းခြင်းလုပ်ငန်းများ လုပ်ကိုင်နေသော NLDပါတီ ထောက်ခံ အားပေးသူ ဉီးဝင်းနိုင်(၅၀)နှစ်၊ဇနီးဖြစ်သူ ဒေါ်လဲ့လဲ့ဝင်း(၅၅)နှစ်နှင့် သမီးဖြစ်သူ မသက်သက်မာ(၁၈)နှစ်တို့အား အကြမ်းဖက် PDFအဖွဲ့များမှ လက်လုပ်သေနက်များဖြင့် ပစ်ခတ်ခဲ့ရာ ဦးဝင်နိုင်နှင့်ဒေါ်လဲ့လဲ့ဝင်းတို့တွင် ဝမ်းဗိုက်ကျည်ဖောက်ထွတ်ခြင်း ဒဏ်ရာနှင့်မသက်သက်မာသည် ဦးခေါင်းနောက်စေ့ ကျည်ထိမှန်၍ မိသားစု (၃)ဦးလုံး သေဆုံးခဲ့ရကြောင်း နယ်မြေခံတို့၏ ပြောပြချက်အရ သိရှိခဲ့ရပြီး …. အကြမ်းဖက် PDF တွေ အနေနဲ့ သူလူလည်း မရှောင် ကိုယ်လူလည်းမရှောင် မိုက်ကြေးခွဲ သတ်ဖြတ်နေခြင်းများအား ပြည်သူများအနေဖြင့် မလိုလားတော့ဘဲ ၎င်းတို့အား ဒေသအတွင်းမှ အမြန်ဆုံးထွက်ခွာကြရန် တောင်းဆိုနေကြကြောင်း သိရှိရ၍ ပြန်လည် ဝေမျှပေးလိုက်ပါတယ်……
Показати все...
ခရမ်းတွင် စက်ဘီးစီးလာသူ တစ်ဦးပစ်သတ်ခံရ NOM နိုဝင်ဘာ ၁၂၊ ၂၀၂၂ ခရမ်းမြို့နှင့် လေးမိုင်ဝေးသည့် ဒေးပေါက်ကျေးရွာ၊ ရွာလယ်လမ်းတွင်စက်ဘီးစီးလာသူတစ်ဦးကိုနိုဝင်ဘာလ ၁၂ ရက် ညနေ ၅ နာရီအချိန်၌ အကြမ်းဖက်ပီဒီအက်(ဖ်)များ က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်းသိရသည်။ ဦးဝင်းနိုင် (တောင်သူ) သည် ရွာလယ်လမ်းတွင် စက်ဘီးစီးလာစဉ် ဆိုင်ကယ်တစ်စီးဖြင့် ပီဒီအက်(ဖ်) အကြမ်းဖက် သမားနှစ်ဦးက အနီးကပ်ပြီးသေနတ်ဖြင့်ပစ်သဖြင့် ဦးဝင်းနိုင်သည်ဦးခေါင်းထိမှန်ဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင်သေဆုံးခဲ့ကြောင်းသိရသည်။
Показати все...
Nov 12 မြိုင်မှာ PDF လက်ချက်နဲ့ တောင်သူ ၃ ဦးသေ ၃ ဦး ဒဏ်ရာရ ================================ ဖြစ်စဉ်မှာ ယနေ့နံနက်ပိုင်းက မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန်ကျေးရွာ၌ တောင်သူ ၁၁ ဦးသည် မြေပဲ နှုတ်နေစဉ် PDF ၅ ယောက်က လာရောက်ကာ သေနတ်ဖြင့် ပစ်သတ်ရာ တောင်သူ ၃ ဦးသေပြီး ၃ ဦး စိုးရိမ်ရ ဒဏ်ရာရရှိခဲ့သည်။ #PeopleMedia
Показати все...
Фото недоступнеДивитись в Telegram
ပေါင်မြို့နယ်တွင် PDF အကြမ်းဖက်သမားများက အမျိုးသားတစ်ဦးကို သေနတ်ဖြင့်ပစ်သတ် +++++++++++++++++++++++++ နိုဝင်ဘာ ၁၁ ၊ ၂၀၂၂ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ပေါင်းရပ်ကွက်၊ ဇော်လေးပင်လမ်းဆုံတွင် နိုဝင်ဘာ ၁၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅ မိနစ်အချိန်၌ PDF အကြမ်းဖက်သမားများက အမျိုးသားတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်းသိရသည်။ အဆိုပါရပ်ကွက်နေ ကိုမင်းရဲသူကျော် (၃၃) နှစ် သည် ၎င်း၏နေအိမ်မှ မိဘများနေအိမ်သို့ အောက်လမ်းမကြီးအတိုင်း ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် အခင်းဖြစ်နေရာအရောက်တွင် ဆိုင်ကယ်မောင်းနှင်လာသည့် PDF အကြမ်းဖက်သမား ၄ ဦးက သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ကိုမင်းရဲသူကျော်တွင် ကျည်ထိမှန် ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးရုံသို့ ပို့ဆောင်ကုသစဉ် သေဆုံးခဲ့ကြောင်းသိရသည်။ crd
Показати все...
Фото недоступнеДивитись в Telegram
မတ္တရာမြို့နယ်တွင် အမျိုးသား (၂) ဦး ကျည်ဖောက်ထွက်ဒဏ်ရာ၊ ဦးခေါင်းကျေမွဒဏ်ရာများဖြင့် သေဆုံးနေ ……………………………………… နေပြည်တော်၊ နိုဝင်ဘာ ၁၁ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ မြောက်သစ်ကျေးရွာအနီးတွင် ယမန်နေ့က အမည်မသိ အမျိုးသား ၂ ဦး ကျည်ဖောက်ထွက်ဒဏ်ရာ၊ ဦးခေါင်းကျေမွဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သိရသည်။ နိုဝင်ဘာလ ၁၀ ရက် နံနက် ၈ နာရီအချိန်တွင် မတ္တရာမြို့နယ်၊ မြောက်သစ်ကျေးရွာအနီး မန္တလေး-မိုးကုတ် ကားလမ်းမကြီး မိုင်တိုင် ၁၈ မိုင်နှင့် ၁၉ မိုင် အကြားလမ်းဘေး၌ အမျိုးသား ၂ ဦး သေဆုံးနေရာ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အမျိုးသားတစ်ဦးတွင် ဦးခေါင်းနှင့် လည်ပင်းတို့၌ ကျည်ဖောက် ထွက် ဒဏ်ရာ ၂ ချက်ဖြင့်လည်းကောင်း၊ အမျိုးသား နောက်တစ်ဦးတွင် ဦးခေါင်းကျေမွဒဏ်ရာဖြင့် လည်း ကောင်း သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် ၎င်းတို့ ၂ ဦး၏ အကြောင်းအရာများနှင့် သေဆုံးရသည့် အကြောင်းအရင်းများအား ဆက်လက်စုံစမ်းလျက်ရှိကြောင်း သိရသည်။ #PeopleMedia
Показати все...
Repost from MDY image✍️
မုံရွာ ဘုတလင် သားရိုးကုန် ကျေးရွာမှာ မူလတန်းပြကျောင်းအုပ်ဆရာမကြီးကိုPDF အကြမ်းဖက်အဖွဲ့က အင်အား ၁၀ ဦးခန့်လာရောက်ပြီးဖမ်းသွားတယ်သိရပါတယ် အခုလေးတင်လို့သိရ။
Показати все...
Repost from People Media
Показати все...
Repost from Myanmar Hard Talk
Фото недоступнеДивитись в Telegram
"မီတာကောက်ခံရရှိငွေတွေ မပေးတာကြောင့် ကျေးရွာမီးလင်းရေးကော်မတီတစ်ဦးကို အကြမ်းဖက်က သေနတ်ဖြင့်ပစ်ခတ်" စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ အုတ်နှဲပင်ကျေးရွာ၌ နိုဝင်ဘာ ၁၀ ရက်၊ ညနေ ၆ နာရီဝန်းကျင်အချိန်ခန့်တွင် ကိုယ့်အားကိုယ်ကိုး မီးလင်းရေးကော်မတီ၊ မီတာကောက်လုပ်ကိုင်သူတစ်ဦးကို အကြမ်းဖက်အင်အား ၁၀ ဦးခန့်မှ နေအိမ်အတွင်းဝင်ရောက်ကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။ "အခုချိန်မှာ PDF တွေက ဘုရားရံပုံငွေပါမကျန် ကျေးရွာရံပုံငွေအားလုံးကို သူတို့ဆီအပ်ဖို့ ခြိမ်းခြောက်တောင်းယူနေကြတာဗျ။ တချို့ရွာတွေကလည်း ကြောက်တော့ အပ်လိုက်ကြရတာရှိတယ်။ အခု သူကတော့ မအပ်ဘူး။ အဲဒါကြောင့်လည်း အခုလို လုပ်ကြံတာထင်ပါတယ်။" ဟု ဒေသခံတစ်ဦးကဆိုသည်။ ဒဏ်ရာရရှိသွားသူမှာ ဦးတင်စိုး (၄၉)နှစ် ဆိုသူဖြစ်ပြီး သေနတ်ဖြင့် ၅ ချက်အပစ်ခံရကာ ပြင်းဒဏ်ဒဏ်ရာရရှိခဲ့သဖြင့် စစ်ကိုင်းဆေးရုံမှတစ်ဆင့် မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ပေးထားရကြောင်း သိရသည်။ #mhtnews
Показати все...
Фото недоступнеДивитись в Telegram
မိသားစု ၆ ယောက်ကို သတ်ပြီး ပစ္စည်းရော၊ ကားရောယူသွားကြတဲ့ ယောနယ်အဖွဲ့တွေပေါ့။ ခုတော့ ကွဲကြ၊ ပြဲကြပြန်ပြီ။ #ဖိုးစီ
Показати все...
Repost from People Media
Показати все...
Оберіть інший тариф
На вашому тарифі доступна аналітика тільки для 5 каналів. Щоб отримати більше — оберіть інший тариф.