uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закритий канал

🚩 Channel was restricted by Telegram

Показати більше
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
https://image.tmdb.org/t/p/original/lksgBRKSmi0quAx1X9c9l4IJhpm.jpg Possessed (2000) ⭐IMDB: 5.2/10 (2 k Votes) 🎬 #Horror #Drama 🗓️ 2000 🎞️ Movie 📺 1080p FHD 🌎 United States, Canada ⏰ 1 နာရီ 50 မိနစ် 49 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Possessed(2000) ================ ဖာသာ ဘိုဒန် ဟာဒုတိယကမ္ဘာစစ် စစ်ပြန်တယောက် တဖြစ်လဲ ခရစ်ယာန်ဘုန်းတော်ကြီး။ စစ်အတွင်းပြင်သစ်မှာ သူ မကယ်တင်လိုက်နိုင်တဲ့လူငယ်လေးတယောက်ကြောင့် နေ့နေ့ညညအရက်စွဲပြီးPTSDရခဲ့တယ်။ လက်ရှိ‌ကက်သလစ် တက္ကသိုလ်ရဲ့ ဘုရားကျောင်းမှာတာ၀န်ထမ်းနေရင်ကြုံတွေ့ လာရတာက ရော်ဘီဆိုတဲ့ကောင်လေးရဲ့အဖြစ်အပျက်။ ဒီ 11 နှစ်သားလေးဟာ မိုးမွှန်အောင်ဆဲဆိုရိုင်းစိုင်းနေသလို သူ့ဘေးနားမှာသဘာ၀လွန်အဖြစ်အပျက်တွေကလည်း တသီချည်းဖြစ်နေတယ်။ ဒါကဘာဖြစ်တာလဲ? သိပ္ပံနည်းနဲ့လည်းအဖြေရှာမရဘူး။ နောက်ဆုံးမျှော်လင့်ချက် အနေနဲ့ရောက်လာတဲ့ရော်ဘီ့မိသားစုကို ဘိုဒန်ကူညီနိင်ပါ့မလား ၂၀ရာစုဒီခေတ်ကြီးမှာဒီလိုအဖြစ်အပျက်တွေကို ကက်သလစ် ကျောင်းတော်ကြီးကရောသူတို့ကိုယုံကြည်ပါ့မလား။ ဘိုဒန်ရဲ့ယုံကြည်မှုဘုရားသခင်ရဲ့သူ့အ‌ပေါ်စမ်းသပ်မှုတွေကို အောင်မြင်နိုင်ပါ့မလားဆိုတာကိုရှုစားပေးကြပါဦးခင်ဗျာ……. File size…1.68GB / 803MBQuality…WEB-Rip 1080p  / 720pFormat…mp4Duration….1h 50mGenre ….. Horror , DramaSubtitle….Myanmar Subtitle (Hard Sub)Encoder….Min WaiTranslated by Brackman

https://m.media-amazon.com/images/M/MV5BNmJlNmM3ZWYtNDA4ZS00ODQ3LWJiNzUtZmM0M2YyOWI2NGE3XkEyXkFqcGdeQXVyOTA0NDk0NzM@._V1_FMjpg_UX1000_.jpg Govinda Naam Mera (2022) ⭐IMDB: 5.7/10 (744 Votes) 🎬 #Bollywood #Comedy #Drama #Romance 🗓️ 2022 🎞️ Movie 📺 720p HD 🌎 India ⏰ 2 နာရီ 12 မိနစ် 12 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Govinda Naam Mera (2022)Comedy, Drama, RomanceIMDb 6.2/10 ခုတစ်ခါထွက်ရှိလာတဲ့ကားလေးကတော့ ပုရိသတွေအသည်းကိုလုယူသွားတဲ့အိန္ဒိယနာမည်ကျော်မင်းသမီးချောလေး ကက်ထရီနားရဲ့ယောက်ျား မင်းသားဗစ်ကီရဲ့ကားသစ်လေးပဲဖြစ်ပါတယ် မင်းသမီးအနေနဲ့ကတော့ Kabir Singh ထဲက မင်းသမီးချောလေးကီယာရာလေးနဲ့ မင်းသမီး ဘူမီကာပဒ်နေကာတို့က အဓိကပါဝင်သရုပ်ဆောင်ပေးထားပါတယ် ဇာတ်လမ်းအကျဥ်းကိုပြောရမယ်ဆိုရင် မွန်ဘိုင်းမြို့ကြီးမှာ ဘဝတွေဒုက္ခရောက်နေရတဲ့အထဲ တစ်ယောက်အပါအဝင်ဖြစ်တဲ့ ဂိုဗင်ဒါဆိုတဲ့ကောင်လေးရဲ့အကြောင်းပါ သူဟာ မိန်းမဖြစ်သူနဲ့ ကွာရှင်းချင်နေပြီး ချစ်သူနဲ့နီးစပ်ချင်နေသူပါသူ့ဘဝဟာ ဘယ်လောက်တောင် ပြဿနာတက်နေလဲဆိုရင် အိမ်ထောင်ကျပြီး မယားကြောက်ရတယ်မိခင်က ဖခင်ရဲ့မယားငယ်ဖြစ်လို့ အမွေဆိုင်အိမ်ဆုံးရှုံးရမှာကြောက်ရတယ် ဘဝက အခွင့်အရေးပေးလာပြန်တော့လည်း လူမိုက်တွေနဲတိုးပြန်လို့အသက်​ဆုံးရှုံးရမှာ ကြောက်ရပြန်ပါတယ်တစ်ရက်တော့ လောကကြီးက သူ့ကိုမျက်နှာသာပေးခဲ့ပြီး သူချစ်ရသူနဲ့နီးစပ်ဖို့ အကြောင်းဖန်လာပါတော့တယ်ဒါပေမဲ့ အဲ့ဒီကံကောင်းခြင်းဆုလာဘ်ဟာ မိန်းမဖြစ်သူရဲ့သေခြင်းတရားနဲ့ ဆက်စပ်နေတဲ့အခါမှာတော့…။ဂိုဗင်ဒါ ဘယ်လိုမထူးဇာတ်ခင်းမလဲဆိုတာကို ဆက်လက်ရှုစားပေးပါဦးနော်။

https://m.media-amazon.com/images/M/MV5BZDZmMTQ0OWMtYTM1YS00MWM1LWFhZTQtOTc3NzI1ZGQyOTkzXkEyXkFqcGdeQXVyNjQ2MjQ5NzM@._V1_FMjpg_UX1000_.jpg Shiri (1999) ⭐IMDB: 6.5/10 (8 k Votes) 🎬 #Action #Thriller 🗓️ 1999 🎞️ movie 📺 720p HD 🌎 South Korea ⏰ 28 မိနစ် 48 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Shiri (1999) ၁၉၉၉ ခုနှစ်မှာ ကိုရီးယားရဲ့ရုပ်ရှင်လောကကို အရွေ့တစ်ခုဖြစ်စေခဲ့တဲ့ Shiri ရုပ်ရှင်ကတော့ဇာတ်လမ်းဇာတ်အိမ်ရော သရုပ်ဆောင်တွေရော ဘယ်နေရာမှလက်လွတ်မခံသင့်တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပါ။ Dr. Romantic ဇာတ်လမ်းတွဲထဲက ဂင်ဆာဘူဇာတ်ရုပ်နဲ့ကျော်ကြားတဲ့ ၊A Taxi Driver, Parasite စတဲ့ရုပ်ရှင်တွေနဲ့ လူတိုင်းအားပေးကြတဲ့ Song Kang Ho တို့အပြင်အခုခေတ်မှာ ပြိုင်စံရှားသရုပ်ဆောင်ကြီးတွေဖြစ်နေကြပြီဖြစ်တဲ့ Choi Min Sik, Kim Yunjin တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ မြောက်ကိုရီးယားက ဖွဲ့စည်းထားတဲ့ အထူးတပ်ဖွဲ့ကသူလျှိုတွေနဲ့တောင်ကိုရီးယားကအေးဂျင့်တွေအကြောင်း အခြေတည်ထားတဲ့ အက်ရှင်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပေမယ့်ဒီဘက်ခေတ်ဇာတ်လမ်းတွေနဲ့ ကွဲပြားတဲ့ ဇာတ်ကြောင်း၊ ရှုထောင့်တွေနဲ့ အသစ်အဆန်းခံစားချက်တစ်မျိုးခံစားရမှာပါ။ကိုရီးယားရုပ်ရှင်တွေဟာ အဲ့ဒီအချိန်ကတည်းက ဘယ်လိုအဆင့်အတန်းရှိနေပြီလဲဆိုတာ တွေ့မြင်ရမှာဖြစ်သလိုတကယ့်စူပါမင်းသားကြီးတွေရဲ့ ငယ်နုစဉ်ကာလကိုကြည့်ရတာနဲ့တင် တန်နေပြီဖြစ်တာကြောင့် Shiri ကတော့ လုံးဝကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ကားပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့Lao Quiပဲ ဖြစ်ပါတယ်။ Genre….. Action, ThrillerQuality….  720p | 480pFile size…2GB | 875MBFormat… mp4Duration…. 2h 5minSubtitle…. Myanmar Subtitle (Hardsub)Translator …..Lao QuiEncoder …..August

https://image.tmdb.org/t/p/original/eXN4DJn9f5ytbj1IDy3LIWR8O5L.jpg Decibel (2022) ⭐IMDB: 6.8/10 (301 Votes) 🎬 #Action #Drama #Horror 🗓️ 2022 🎞️ movie 📺 720p 🌎 South Korea ⏰ 1 နာရီ 50 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Decibel (2022) (1080p ရပါပြီ) Kim Rae Won ဆိုတာတော့ အထူးအထွေ ညွှန်းနေစရာလိုမယ်မထင်ပါဘူး။ သူ့အပြင်ကို Big Mouth မင်းသားကြီး Lee Jong Suk လည်း အဓိက ပါဝင်ထားတဲ့ အက်ရှင် ဇာတ်လမ်းလေးဖြစ်ပြီး ရုံတင်ပြသစဉ်မှာ ပရိသတ်အတော် အကြိုက်တွေ့ခဲ့တဲ့ ဇာတ်လမ်းလေးပါ။ ဇာတ်လမ်းအညွှန်း … ပစိဖိတ်သမုဒ္ဒရာထဲမှာ တောင်ကိုရီးယား ရေတပ်က ရေငုတ်သင်္ဘောတစ်စီးဟာ စစ်ရေးလေ့ကျင့်နေခဲ့တယ်။ ပစ်ခတ်စဉ်တွေပါတဲ့ ဒီလေ့ကျင့်မှုဟာအချိန်အတော်ကြာပြီးတဲ့နောက်မှာ တောင်ကိုရီးယားကိုပြန်လာခဲ့တယ်။ ကိုရီးယားကျွန်းဆွယ်ကို ပြန်လာစဉ်မှာပဲ မုန်တိုင်းကလည်းတိုက်ဆိုင်စွာ ကြမ်းနေတဲ့အချိန်ဖြစ်နေတယ်။ ဒါအပြင် ရေငုတ်သင်္ဘာဟာ အမည်မသိ ချေမှုန်းရေးသင်္ဘောမှ အကြမ်းစားတော်ပီဒိုကြီးတစ်လုံး ပစ်ခတ်ခြင်းခံလိုက်ရတယ်။ လုံးဝမမျှော်လင့်ထားတဲ့ တိုက်ခိုက်ခံရမှုဖြစ်တဲ့အပြင် တန်ပြန်တိုက်ခိုက်ရေး လက်နက်တွေကလည်း စစ်ဆင်ရေးမှာသုံးခဲ့လေတော့ ရေငုတ်သင်္ဘောဟာ တော်ပီဒိုကြီးထိမှန်ဖို့ အရေးကနေ အသည်းအသန်ထွက်ပြေးရပါတော့တယ်။ အဲ့ဒီနောက်မှာ ဘာတွေဆက်ဖြစ်ကြမလဲဆိုတော့ … (ဇာတ်လမ်းအညွှန်းကို ကိုPhyo Pyaeက ရေးပေးထားပါတယ်။) File Size          :2.3GB,774MB, 379MBQuality            :1080p WEB-DL,720p WEB-DL, 480pFormat            :mp4Duration         :1hr 50minsGenre              :Action,Drama, HorrorTranslated byHnin Win, Tiff & MiriEncoded byKinnov

https://image.tmdb.org/t/p/original/hvvR7Yf743pc2E2F1VJ2dfZl7OZ.jpg Heaven & Earth (1993) ⭐IMDB: 6.8/10 (14 k Votes) 🎬 #Action #Biography #Drama 🗓️ 1993 🎞️ Movie 📺 1080p FHD 🌎 United States, France ⏰ 2 နာရီ 21 မိနစ် 52 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Heaven and Earth (1993) အိုလီဗာစတုန်းရဲ့ Vietnam War Trilogy ဟာ နာမည်ကျော် Trilogyတွေထဲ တစ်ခုအပါအဝင်ဖြစ်ခဲ့ပြီး သူ့နာမည်အတိုင်းပဲ အဲဒီသုံးကားဟာ ဇာတ်လမ်းဇာတ်အိမ် ဇာတ်ကောင် လားလားမှမဆိုင်ဘဲ ဗီယက်နမ်စစ်ပွဲကို အခြေပြုထားတာခြင်းပဲ တူနေတဲ့ ၃ကားပါ။ ပထမကားဖြစ်တဲ့ Platoon (1986) ကတော့ အကောင်းဆုံးကားလို့‌ ပြောရမှာပါပဲ။ နောက်တွမ်ခရုစ်ပါတဲ့ Born on the Fourth of July ပါ။ အခုကား Heaven and Earth (1993) ကတော့ တွမ်မီလီဂျုန်းပါဝင်ထားပါတယ်။ အိုလီဗာစတုန်းဟာ သမိုင်းကားတွေ အရိုက်များတဲ့ ဒါရိုက်တာဖြစ်ပြီး ဂျွန်အက်ဖ်ကနေဒီတို့ နက်ဆွန်တို့အကြောင်းလည်း ရိုက်ခဲ့ပါသေးတယ်။ သူကိုယ်တိုင်လည်း ဗီယက်နမ်စစ်ပွဲမှာ တာဝန်ကျဖူးပြီး သူ့စစ်မှုထမ်းအတွေ့အကြုံတွေဟာ ဒီ Trilogy အတွက် ထောက်တိုင်တွေဖြစ်ခဲ့တာမို့ ဒီကားတွေဟာ နာမည်ကျော်တာပါပဲ။ Vietnam War Trilogy ရဲ့ ပထမကားနဲ့ တတိယကားကို တင်ထားပေးပြီးပြီဖြစ်ပြီး ဒုတိယကား တွမ်ခရုစ်ရဲ့ Born on the Fourth of July ကလည်း လာပါလိမ့်မယ်။ စစ်ကားကြိုက်တဲ့လူတွေ လက်မလွှတ်သင့်တဲ့ Trilogy ပါပဲ။ ဗီယက်နမ်စစ်ပွဲကြီးဟာ (၁၉၅၅) ခုနှစ်မှာ စတင်ဖြစ်ပွားခဲ့ပါတယ်။ စစ်ပွဲတစ်ပွဲဖြစ်ပြီဆိုတာနဲ့ စစ်ရဲ့ဆိုးကျိုးတွေက နောက်ကချက်ချင်းကပ်လိုက်လာပါတယ်။ အမြင်သာဆုံးတစ်ခုကတော့ စစ်ဖြစ်ပြီဆိုတာနဲ့ ပြည့်တန်ဆာတွေ ပေါလာတာပါ။ အားကောင်းမောင်းသန် ယောက်ျားသားတွေ စစ်ထဲလိုက်သွားရတဲ့အချိန် ကျန်ခဲ့တဲ့မိန်းမသားတွေအတွက် စီးပွားရှာရခက်ခဲတဲ့အပြင် ကိုယ့်စိုက်ခင်းလေး ဘယ်အချိန်မီးရှို့ခံရမလဲ ကိုယ့်ပစ္စည်းလေး ဘယ်တော့အခိုးခံရမလဲ ကျီးလန့်စာစားနေရတဲ့ဘဝမို့ ရှာဖွေစားသောက်ရတာ မလွယ်ကူပါဘူး။ “စစ်ကဖြစ်ချင်လို့ကိုဖြစ်တာ ဖာက စားစရာမရှိလို့ဖြစ်တာ” လို့ မမမယ်လီနာက သူ့ဇာတ်ကားထဲမှာ ပြောခဲ့ဖူးပါတယ်။ ဒီဇာတ်ကားလေးကလည်း စစ်ကြောင့်ဘဝပျက်ခဲ့ရတဲ့၊ စစ်ကြောင့် ချစ်တဲ့မြေနဲ့ဝေးခဲ့ရတဲ့၊ စစ်ကြောင့် ချစ်ရတဲ့အရာတွေနဲ့ ဝေးခဲ့ရတဲ့၊ စစ်ကြောင့် ချစ်တဲ့သူတွေနဲ့ ဆုံစည်းခဲ့ရတဲ့ ဗီယက်နမ်အမျိုးသမီးလေးတစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းပါပဲ။ ဇာတ်ကားနာမည်က Heaven and Earth လို့အမည်ရပြီး IMDB rating – 6.8/10 ထိရရှိထားတဲ့ ကားဟောင်းတစ်ကားမို့ မခေဘူးဆိုတာတော့ အသေအချာပါပဲ။ ဇာတ်ကားထဲမှာ ဗီယက်နမ်လူမျိုးတွေနဲ့ အမေရိကန်စစ်သားတွေကြား Communication ကောင်းကောင်းမပေါက်တာကိုပြဖို့အတွက် စကားပြောတဲ့အချိန် Broken English တွေချည်း သုံးထားပေမဲ့ ဗီယက်နမ်လူမျိုးအချင်းချင်းစကားပြောတဲ့နေရာတွေ၊ Narrating လုပ်တဲ့နေရာတွေမှာ ဗီယက်နမ်စကားမသုံးဘဲ အင်္ဂလိပ်စကားကိုပဲပြန်သုံးထားတာကိုတော့ သိပ်သဘောမကျလှပေမဲ့ ဒါကလည်းဇာတ်လမ်းကို အနှောင့်အယှက်ဖြစ်လောက်တဲ့ထိ မဟုတ်တာမို့ War / Drama ကြိုက်သူတွေအနေနဲ့ လေလီရဲ့ဘဝအတက်အကျလေးကို အတူတူလိုက်ခံစားပေးကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကိုMariposaမှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.3GB, 1.1GB, 630MBQuality – 1080p, 720p, 480pIMDb Rating – 6.8/10Format – mp4Duration – 2H 20MinGenre – Action, Biography, DramaSubtitle – Myanmar Subtitle (Hardsub)Translated byMariposaEncoded by Y

https://image.tmdb.org/t/p/original/hvvR7Yf743pc2E2F1VJ2dfZl7OZ.jpg Heaven & Earth (1993) ⭐IMDB: 6.8/10 (14 k Votes) 🎬 #Action #Biography #Drama 🗓️ 1993 🎞️ Movie 📺 720p HD 🌎 United States, France ⏰ 2 နာရီ 21 မိနစ် 52 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Heaven and Earth (1993) အိုလီဗာစတုန်းရဲ့ Vietnam War Trilogy ဟာ နာမည်ကျော် Trilogyတွေထဲ တစ်ခုအပါအဝင်ဖြစ်ခဲ့ပြီး သူ့နာမည်အတိုင်းပဲ အဲဒီသုံးကားဟာ ဇာတ်လမ်းဇာတ်အိမ် ဇာတ်ကောင် လားလားမှမဆိုင်ဘဲ ဗီယက်နမ်စစ်ပွဲကို အခြေပြုထားတာခြင်းပဲ တူနေတဲ့ ၃ကားပါ။ ပထမကားဖြစ်တဲ့ Platoon (1986) ကတော့ အကောင်းဆုံးကားလို့‌ ပြောရမှာပါပဲ။ နောက်တွမ်ခရုစ်ပါတဲ့ Born on the Fourth of July ပါ။ အခုကား Heaven and Earth (1993) ကတော့ တွမ်မီလီဂျုန်းပါဝင်ထားပါတယ်။ အိုလီဗာစတုန်းဟာ သမိုင်းကားတွေ အရိုက်များတဲ့ ဒါရိုက်တာဖြစ်ပြီး ဂျွန်အက်ဖ်ကနေဒီတို့ နက်ဆွန်တို့အကြောင်းလည်း ရိုက်ခဲ့ပါသေးတယ်။ သူကိုယ်တိုင်လည်း ဗီယက်နမ်စစ်ပွဲမှာ တာဝန်ကျဖူးပြီး သူ့စစ်မှုထမ်းအတွေ့အကြုံတွေဟာ ဒီ Trilogy အတွက် ထောက်တိုင်တွေဖြစ်ခဲ့တာမို့ ဒီကားတွေဟာ နာမည်ကျော်တာပါပဲ။ Vietnam War Trilogy ရဲ့ ပထမကားနဲ့ တတိယကားကို တင်ထားပေးပြီးပြီဖြစ်ပြီး ဒုတိယကား တွမ်ခရုစ်ရဲ့ Born on the Fourth of July ကလည်း လာပါလိမ့်မယ်။ စစ်ကားကြိုက်တဲ့လူတွေ လက်မလွှတ်သင့်တဲ့ Trilogy ပါပဲ။ ဗီယက်နမ်စစ်ပွဲကြီးဟာ (၁၉၅၅) ခုနှစ်မှာ စတင်ဖြစ်ပွားခဲ့ပါတယ်။ စစ်ပွဲတစ်ပွဲဖြစ်ပြီဆိုတာနဲ့ စစ်ရဲ့ဆိုးကျိုးတွေက နောက်ကချက်ချင်းကပ်လိုက်လာပါတယ်။ အမြင်သာဆုံးတစ်ခုကတော့ စစ်ဖြစ်ပြီဆိုတာနဲ့ ပြည့်တန်ဆာတွေ ပေါလာတာပါ။ အားကောင်းမောင်းသန် ယောက်ျားသားတွေ စစ်ထဲလိုက်သွားရတဲ့အချိန် ကျန်ခဲ့တဲ့မိန်းမသားတွေအတွက် စီးပွားရှာရခက်ခဲတဲ့အပြင် ကိုယ့်စိုက်ခင်းလေး ဘယ်အချိန်မီးရှို့ခံရမလဲ ကိုယ့်ပစ္စည်းလေး ဘယ်တော့အခိုးခံရမလဲ ကျီးလန့်စာစားနေရတဲ့ဘဝမို့ ရှာဖွေစားသောက်ရတာ မလွယ်ကူပါဘူး။ “စစ်ကဖြစ်ချင်လို့ကိုဖြစ်တာ ဖာက စားစရာမရှိလို့ဖြစ်တာ” လို့ မမမယ်လီနာက သူ့ဇာတ်ကားထဲမှာ ပြောခဲ့ဖူးပါတယ်။ ဒီဇာတ်ကားလေးကလည်း စစ်ကြောင့်ဘဝပျက်ခဲ့ရတဲ့၊ စစ်ကြောင့် ချစ်တဲ့မြေနဲ့ဝေးခဲ့ရတဲ့၊ စစ်ကြောင့် ချစ်ရတဲ့အရာတွေနဲ့ ဝေးခဲ့ရတဲ့၊ စစ်ကြောင့် ချစ်တဲ့သူတွေနဲ့ ဆုံစည်းခဲ့ရတဲ့ ဗီယက်နမ်အမျိုးသမီးလေးတစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းပါပဲ။ ဇာတ်ကားနာမည်က Heaven and Earth လို့အမည်ရပြီး IMDB rating – 6.8/10 ထိရရှိထားတဲ့ ကားဟောင်းတစ်ကားမို့ မခေဘူးဆိုတာတော့ အသေအချာပါပဲ။ ဇာတ်ကားထဲမှာ ဗီယက်နမ်လူမျိုးတွေနဲ့ အမေရိကန်စစ်သားတွေကြား Communication ကောင်းကောင်းမပေါက်တာကိုပြဖို့အတွက် စကားပြောတဲ့အချိန် Broken English တွေချည်း သုံးထားပေမဲ့ ဗီယက်နမ်လူမျိုးအချင်းချင်းစကားပြောတဲ့နေရာတွေ၊ Narrating လုပ်တဲ့နေရာတွေမှာ ဗီယက်နမ်စကားမသုံးဘဲ အင်္ဂလိပ်စကားကိုပဲပြန်သုံးထားတာကိုတော့ သိပ်သဘောမကျလှပေမဲ့ ဒါကလည်းဇာတ်လမ်းကို အနှောင့်အယှက်ဖြစ်လောက်တဲ့ထိ မဟုတ်တာမို့ War / Drama ကြိုက်သူတွေအနေနဲ့ လေလီရဲ့ဘဝအတက်အကျလေးကို အတူတူလိုက်ခံစားပေးကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကိုMariposaမှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.3GB, 1.1GB, 630MBQuality – 1080p, 720p, 480pIMDb Rating – 6.8/10Format – mp4Duration – 2H 20MinGenre – Action, Biography, DramaSubtitle – Myanmar Subtitle (Hardsub)Translated byMariposaEncoded by Y

https://m.media-amazon.com/images/M/MV5BODk2NjAyOWMtM2FjZC00MjZhLTkxMjQtZTM3NjJlYTE5MDdlXkEyXkFqcGdeQXVyMTkxNjUyNQ@@._V1_FMjpg_UX1000_.jpg Peacemaker (2022) ⭐IMDB: 8.3/10 (111 k Votes) 🎬 #Action #Adventure #Comedy 🗓️ 2022 🎞️ tv series 📺 1080p FHD 🌎 United States ⏰ 45 မိနစ် 06 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Peacemaker (2022)Peacemaker (2022)============== IMDb Rating – 7.3/10Suicide Squad 2 မှာ ပါဝင်ခဲ့တဲ့ ဇာတ်ကောင်တစ်ကောင်ဖြစ်တဲ့ ပိစ်မိတ်ကာရဲ့ စီးရီးအသစ်ထွက်ပါပြီ။ သရုပ်ဆောင်ကလည်း တွေ့တဲ့အတိုင်း ဂျွန်စီနာ ပါပဲ။ ပိစ်မိတ်ကာဆိုတဲ့ ငြိမ်းချမ်းရေးဖန်တီးရှင်ဆိုတဲ့ နာမည်နဲ့လိုက်အောင် ခရစ်စ် ဟာ ငြိမ်းချမ်းရေးကို အရမ်းတန်ဖိုးထားသူတစ်ယောက်ပါ။ ငြိမ်းချမ်းရေး ရဖို့အတွက် ယောကျာ်းမိန်းမကလေးသူငယ် ဘယ်လောက်ပဲ သတ်ရသတ်ရ သတ်မယ့်သူပါပဲ။ လက်နက် အားလုံးကို ကျွမ်းကျွမ်းကျင်ကျင်သုံးပြီး လူသတ်နိုင်တဲ့ ပါရမီရှင်လည်း ဖြစ်ပါတယ်။ဒီစီးရီးကတော့ Suicide Squid 2 မှာ သူ သေနတ်မှန်ပြီး တိုက်ပိပြီး မသေဘဲ ဆေးရုံတက်နေရတာကနေ စပါတယ်။ ဆေးရုံကဆင်းတဲ့အချိန်မှာ အမန်ဒါ ဝေါ်လာက သူ့ကို သီးသန့် စစ်ဆင်ရေးတစ်ခုလုပ်ဖို့ အဖွဲ့တစ်ဖွဲ့နဲ့ အတူ တာဝန်ပေးလာတဲ့အခါ ဒီစီးရီးဖြစ်လာတာပါပဲ။PS. စကားလုံးတွေ ကြမ်းတမ်းတာရယ် တုံးလုံးအခန်းတွေပါတာရယ်ကြောင့် ကလေးတွေကြည့်ဖို့ မသင့်တော်ပါဘူး။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Mr.Anderson မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ Mr.Anderson, Yoon Sandi Aung, JimX, Chuck Chuck, Thiha Yan Naing တို့ပဲဖြစ်ပါတယ်။)File Size – (800 MB) / (450 MB) Quality – WEBRIP 1080p / 720p Duration – 40 mins (@Episode) Subtitle – Myanmar Hardsub Format – MP4 Genre : Action, Adventure, Comedy

https://image.tmdb.org/t/p/original/t7F6s18frvtkCnciCQeIOqzz9Tu.jpg Decibel (2022) ⭐IMDB: 6.9/10 (290 Votes) 🎬 #Action #Drama #Horror 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 korea ⏰ 1 နာရီ 50 မိနစ် 13 စက္ကန့် 👑 Gold Channel Movies ဇာတ်ညွှန်း 📜 ဒီတစ်ခေါက်တော့ ရေတပ်ထဲမှာ ဖြစ်ခဲ့တဲ့အဖြစ်အပျက်တစ်ခုကြောင့် အငြိုးထားခံရတဲ့ ‌တပ်မှူးကြီးကို လက်စားချေတဲ့ အနေနဲ့ သူ့မိသားစုကို ပစ်မှတ်ထားပြီး ဗုံးထောင်ခံရတဲ့ ဇာတ်ကားကိုကြည့်ရမှာပါ။ထူးထူးခြားခြားအနေနဲ့ ဆူညံအသံအနေအထားကိုလိုက်ပြီး 100db (100Decibel volume limit) ကိုကျော်လွန်တာနဲ့ ပေါက်ကွဲတဲ့ ဗုံးကို အသုံးပြုထားတဲ့ ဖောက်ခွဲခြင်းနဲ့ အားကစားကွင်းကြီးထဲက ရင်ခုန်စိတ်လှုပ်ရှားဖွယ် ဗုံးကွဲခါနီး အခိုက်အတံ့တွေကိုပါ ကြည့်ကြရမှာပါ ။ဒါ့အပြင် ရေအောက်မှာပါ ရေငုပ်သင်္ဘော စစ်သင်္ဘောနဲ့ ကုန်တင်သင်္ဘောတွေကြား တိုင်ဖွန်းနဲ့ တွေ့တဲ့အခါ အောက်ဆီဂျင်ပြတ်လပ်မှုကို ဘယ်လိုပြန်အစားထိုးမလဲဆိုတာနဲ့ ရေအောက်ရောက်နေတဲ့ သင်္ဘောအတွင်းက လုတွေရှင်သန်ဖို အထဲက Co2 ကို အပြင်ကို ဘယ်လိုပြန်ထုတ်မလဲဆိုတာကိုပါ ကြည့်ရမှာပါ။ဒါတင်မက ပိုကြည့်သင့်တဲ့အချက်ကတော့ အချစ်၊ အလွမ်း၊ အဆွေး၊ အလောင်ကားနဲ့ သာမန်လူငယ်ဇာတ်ကားတွေမှာပဲပါလေ့ရှိတဲ့ Cha Eun Woo နဲ့ Lee Jung Sok တိုကို အက်ရှင်ဇာတ်ကြမ်းမှာ ဘယ်လိုတွေ့ရမလဲ၊ အက်ရှင်ကား ကြမ်းမှ ကြိုက်တယ်ဆိုတဲ့ Kim Rae Won နဲ့ ဘယ်လိုအပေးအယူမျှစွာ သရုပ်တောင်မလဲဆိုတာကို ကြည့်ရမယ့်ကားလည်းဖြစ်ပါတယ်။နိုဝင်ဘာ ၁၆ရက်ကမှ အသစ်စက်စက်ရုံတင်ထားတဲ့ အဲဒီဇာတ်ကားကို ဒီနေ့နေ့လည်ကစလို Gold Channel မှာ မြန်မာစာတန်းထိုးနဲ့ ကြည့်ရှုခံစားနိုင်ပြီဖြစ်ပါတယ်။Review: NasoyeTranslators: Yoobin , Nasoye and ClaudiaEncoder : Cham

https://image.tmdb.org/t/p/original/A2yyLdbrqoAepr6BexMpJjosLHq.jpg Lost in Saigon (2016) ⭐IMDB: 5.1/10 (43 Votes) 🎬 #Comedy #Family #Romance 🗓️ 2016 🎞️ Movie 📺 1080p FHD 🌎 Vietnam ⏰ 1 နာရီ 41 မိနစ် 53 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Lost in Saigon (2016) Lost in Saigon ဆိုတဲ့ ဗီယက်နမ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ ဇာတ်လမ်း အကျဉ်းလေးကတော့မိသားစု တစ်စုမှာ မိန်းမက ကလပ်မှာ သီချင်းဆိုပြီး အိမ်ထောင်ဦးစီးလုပ်ပြီးယောကျာ်းဖြစ်သူမှာ ကလေးထိန်း ဟင်းချက် အဝတ်လျော်ကာ အိမ်ရှင်မ ရာထူးကို ယူထားကြပါတယ်။မိန်းမဖြစ်သူမှာလည်း သူငယ်ငယ်က အဆိုတော်ကြီးဖြစ်ချင်တဲ့ အိပ်မက်ကိုစပွန်ဆာဘဲကြီး တစ်ပွေက စပွန်ဆာပေးမည်ဟု ပြောလာပါတယ်။ဒါနဲ့ပဲ မိန်းမ ဖြစ်သူဟာ နာမည်မကြီးခင် စနေနှစ်ခိုင် အရင်ကြီးအောင်လုပ် ဆိုတဲ့ ထုံးကို နှလုံးမူပြီး ခွဲစိတ်ဖို့ အတွက် ပိုက်ဆံလိုလာပါတယ်။ဒါနဲ့ အိမ်ကယောကျာ်းပေးထားတဲ့ လက်ထပ်လက်စွပ်ကို ရောင်းပြီးစနေနှစ်ခိုင်ကြီးအောင် လုပ်မယ်ဆိုပြီး လုပ်ရာကနေ ယောကျာ်းနဲ့စကားများပြီး အရောင်းဆိုင်ကို ရောက်သွားပါတော့တယ်။ကံဆိုးချင်တော့ ရွှေဆိုင်ကို ဓားပြလာတိုက်တာနဲ့ကြုံပြီး မျက်မြင်သက်သေတွေဖြစ်ကာသူတို့မိသားစုလေးနဲ့ဓားပြတွေ ဘယ်လိုတွေ နှစ်ပါးသွားပြီး တွေ့ကြမလဲသူတို့ရဲ့ အိမ်ထောင်ရေးကကော ဘယ််လိုတွေဖြစ်ကြမလဲ ဆိုတာကိုပေါ့ပေါ့ပါးပါးနဲ့ ဟာသတွေ အရွှန်းဖောက်ကာ ရယ်စရာကောင်းတဲ့ မိသားစု ကားလေးဖြစ်ပါတယ်။ဗီယက်နမ်ကားဆိုတော့လဲ လူတိုင်းနဲ့ မစိမ်းတဲ့ပုံစံမျိုးလေး တင်ဆက်ထားပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့K.Heinပဲ ဖြစ်ပါတယ်။ Genre…..ComedyQuality…. 1080p | 720p | 480pFile size…2.2GB | 1.2GB | 522MBFormat… mp4Duration…. 1h 40minSubtitle…. Myanmar Subtitle (Hardsub)Translator …..K.HeinEncoder …..August

https://m.media-amazon.com/images/M/MV5BMjM5MmE0ZjQtZGRmOS00OWU2LWJlMTEtZjg4NDFhMTFjZmU4XkEyXkFqcGdeQXVyNTM3MDMyMDQ@._V1_FMjpg_UX1000_.jpg Rolpeulrei (2012) ⭐IMDB: 5.6/10 (32 Votes) 🎬 #Adult #Asian #Thriller 🗓️ 2012 🎞️ movie 📺 720p HD 🌎 United States ⏰ 1 နာရီ 15 မိနစ် 36 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 စာရေးဆရာတစ်ယောက်ရဲ့ စိတ်ကူးယဉ်မှုနဲ့ သဝန်တိုတတ်တဲ့ မိန်းမအကြောင်းကို ရိုက်ကူးပြထားတဲ့အကောင်းစား ကိုရီးယားဇာတ်ကားလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့…ပါမောက္ခစာရေးဆရာကြီး ဂျောင်ဟို ဟာ စာရေးရင်းနဲ့ စာအုပ်ထဲကအကြောင်းတွေကို အိပ်မက်ဆိုးတွေအဖြစ်မက်နေခဲ့တဲ့ သူတစ်ယောက်ပါတစ်နေ့ သူ့မိန်းမ အလုပ်လုပ်တဲ့ ကောလိပ်ကို လိုက်သွားရင်းနဲ့ ကျောင်းသူလေးတစ်ယောက်ကို တွေ့ရင်း စွဲလန်းမိသွားပါတော့တယ်အဲဒီကျောင်းသူလေးက သူ့အိပ်မက်ထဲမှာ မက်နေတဲ့ ကောင်မလေးဖြစ်နေပြီးကျောင်းသူလေးကိုယ်တိုင်ကလည်း သူ့ရဲ့ ပရိသတ်အကြီးစားကြီးဖြစ်နေပါတယ် အဲဒီလိုနဲ့ ကျောင်းသူလေးက သူ့အိမ်ကိုလက်မှတ်ထိုးခိုင်းဖို့ ရောက်လာပါရောသူမရှိတဲ့အချိန်ဖြစ်နေလို့ သူ့မိန်းမနဲ့တွေ့သွားတာကနေ သူ့မိန်းမကလည်း မယုံသင်္ကာတွေဖြစ်လာပေါ့အဲဒီလိုနဲ့ တစ်နေ့ သူ့မိန်းမ ကျောင်းကနေ ခွင့်ယူပြီးအိမ်ပြန်လာတဲ့အချိန်အိမ်မှာ အဲဒီကောင်မလေးနဲ့ သူ့ယောကျာ်းရှိနေတာကိုတွေ့သွားတော့ ဘယ်လိုတွေဆက်ဖြစ်ကြမလဲကောင်မလေးကရော ပါမောက္ခကြီးရဲ့ အလိုကိုလိုက်ရောမှာလားသူ့မိန်းမကရော ဘယ်လိုတွေလက်စားချေချင်နေလဲသူမက်တဲ့အိပ်မက်ဆိုးတွေကဘာများဖြစ်မလဲဇာတ်လမ်းတစ်ခုလုံးက ဝတ္ထုပဲလား တကယ်ဖြစ်နေတာလားဆိုတာကိုတော့တစ်ယောက်တည်းမကြည့်ဘဲ ၁၈ယောက် တိုင်တိုင်ပင်ပင် အဖြေရှာရင်း ကြည့်ပြီးခံစားလို့ကောင်းမဲ့ ကားကောင်းလေးတစ်ကားမို့ တင်ဆက်ပေးလိုက်ပါတယ်။ (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။

https://image.tmdb.org/t/p/original/A2yyLdbrqoAepr6BexMpJjosLHq.jpg Lost in Saigon (2016) ⭐IMDB: 5.1/10 (43 Votes) 🎬 #Comedy #Family #Romance 🗓️ 2016 🎞️ Movie 📺 720p HD 🌎 Vietnam ⏰ 1 နာရီ 41 မိနစ် 53 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Lost in Saigon (2016) Lost in Saigon ဆိုတဲ့ ဗီယက်နမ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ ဇာတ်လမ်း အကျဉ်းလေးကတော့မိသားစု တစ်စုမှာ မိန်းမက ကလပ်မှာ သီချင်းဆိုပြီး အိမ်ထောင်ဦးစီးလုပ်ပြီးယောကျာ်းဖြစ်သူမှာ ကလေးထိန်း ဟင်းချက် အဝတ်လျော်ကာ အိမ်ရှင်မ ရာထူးကို ယူထားကြပါတယ်။မိန်းမဖြစ်သူမှာလည်း သူငယ်ငယ်က အဆိုတော်ကြီးဖြစ်ချင်တဲ့ အိပ်မက်ကိုစပွန်ဆာဘဲကြီး တစ်ပွေက စပွန်ဆာပေးမည်ဟု ပြောလာပါတယ်။ဒါနဲ့ပဲ မိန်းမ ဖြစ်သူဟာ နာမည်မကြီးခင် စနေနှစ်ခိုင် အရင်ကြီးအောင်လုပ် ဆိုတဲ့ ထုံးကို နှလုံးမူပြီး ခွဲစိတ်ဖို့ အတွက် ပိုက်ဆံလိုလာပါတယ်။ဒါနဲ့ အိမ်ကယောကျာ်းပေးထားတဲ့ လက်ထပ်လက်စွပ်ကို ရောင်းပြီးစနေနှစ်ခိုင်ကြီးအောင် လုပ်မယ်ဆိုပြီး လုပ်ရာကနေ ယောကျာ်းနဲ့စကားများပြီး အရောင်းဆိုင်ကို ရောက်သွားပါတော့တယ်။ကံဆိုးချင်တော့ ရွှေဆိုင်ကို ဓားပြလာတိုက်တာနဲ့ကြုံပြီး မျက်မြင်သက်သေတွေဖြစ်ကာသူတို့မိသားစုလေးနဲ့ဓားပြတွေ ဘယ်လိုတွေ နှစ်ပါးသွားပြီး တွေ့ကြမလဲသူတို့ရဲ့ အိမ်ထောင်ရေးကကော ဘယ််လိုတွေဖြစ်ကြမလဲ ဆိုတာကိုပေါ့ပေါ့ပါးပါးနဲ့ ဟာသတွေ အရွှန်းဖောက်ကာ ရယ်စရာကောင်းတဲ့ မိသားစု ကားလေးဖြစ်ပါတယ်။ဗီယက်နမ်ကားဆိုတော့လဲ လူတိုင်းနဲ့ မစိမ်းတဲ့ပုံစံမျိုးလေး တင်ဆက်ထားပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့K.Heinပဲ ဖြစ်ပါတယ်။ Genre…..ComedyQuality…. 1080p | 720p | 480pFile size…2.2GB | 1.2GB | 522MBFormat… mp4Duration…. 1h 40minSubtitle…. Myanmar Subtitle (Hardsub)Translator …..K.HeinEncoder …..August

https://m.media-amazon.com/images/M/MV5BMWQ4YzU5YjgtZTQ5Yy00YjEzLWFlODAtMTE5MmRlODdlMDVmXkEyXkFqcGdeQXVyMTM2MzM0OTQy._V1_FMjpg_UX1000_.jpg Kill Me Now (2022) ⭐IMDB: ⁉️ 🎬 #Drama 🗓️ 2022 🎞️ movie 📺 1080P 🌎 Australia ⏰ 0 နာရီ : 8 မိနစ် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Kill Me Now (2022) “မိဘမေတ္တာဆိုတာ အတိုင်းအဆ မရှိ” ဆိုတဲ့ စကားပုံလေးကြားဖူးကြမှာပါ… ဒီဇာတ်ကားမှာတော့ မသန်စွမ်းရောဂါရှင် သားဖြစ်သူနဲ့ သားအတွက် အိပ်မက်နဲ့ ဘဝကို စွန့်လွှတ်အနစ်နာခံရင်းအစွမ်းကုန်စောင့်ရှောက်သွားတဲ့ အဖေတစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းလေးကို ခံစားကြည့်ရှုကြရမှာပါ ဂျန်မင်ဆော့ဟာ ငယ်ရွယ်စဉ်က နာမည်ရှိတဲ့စာရေးဆရာတစ်ဦးဖြစ်ပြီး အတော်လေးအောင်မြင်ခဲ့သူပါ။ဒါပေမယ့် သူ့ရင်သွေးလေးဟာ မသန်စွမ်းရောဂါနဲ့ မွေးဖွားလာတာကို သိရှိပြီးနောက်ပိုင်းမှာသူဟာ စာရေးဆရာဘဝကို စွန့်လွှတ်ပြီး အမေမဲ့ သားဖြစ်သူရဲ့ ကျန်းမာရေးအတွက် သူ့ရဲ့ ဘဝကို စွန့်လွှတ်မြှုပ်နှံထားခဲ့ပါတယ်။ တစ်ဖက်မှာတော့ သားဖြစ်သူ ဂျန်ဟျွန်းဂျယ်ဟာ မိသားစုအကူအညီမပါဘဲနဲ့နေ့စဉ်ဘဝမှာ အဆင်မပြေနိုင်တဲ့ မသန်စွမ်းတစ်ယောက်ဖြစ်ပါတယ်။ဒါပေမယ့် သူ့အတွက် လူမှုရေးဝန်ထမ်းအကူအညီဖြစ်တဲ့ရွယ်တူသူငယ်ချင်း ဆောင်ဂီချောရဲ့ မြှောက်ပင့်ပေးမှုကြောင့် သပ်သပ်အိမ်ခွဲ​နေချင်နေတာပါ။ အဖေ့ကို တောင်းဆိုတဲ့အခါမှာတော့ အဖေဟာ မဖြစ်နိုင်ကြောင်း ငြင်းဆန်တဲ့အတွက်ကတောက်ကဆဖြစ်ကြရင်း မတော်တဆဖြစ်သွားပါတော့တယ်။ ဒီမတော်တဆကနေမှတဆင့် အဖေဖြစ်သူဟာ ကုသလို့မရနိုင်တဲ့အာရုံကြောဆိုင်ရာ ရောဂါတစ်ခုရှိနေပြီး ပိုပြီးပြင်းထန်လာဖို့ပဲ ရှိတော့တာကို သိလိုက်ရတဲ့အခါမှာတော့ ……… မာမားကားထဲက စစ်မှုရေးရာအမတ်ကြီး တဖြစ်လဲ ဝါရင့်သရုပ်ဆောင်မင်းသားကြီး Jang Hyun Sung နဲ့All of us are dead ထဲမှာ အားလုံးရဲ့ မျက်ရည်တွေကိုသိမ်းပိုက်သွားခဲ့တဲ့ ဂျွန်ယောင်းလေး တဖြစ်လဲ မင်းသား Ahn Seung Gyun တို့က ပါဝင်သရုပ်ဆောင်ထားတာမို့ သရုပ်ဆောင်ပိုင်းသာမက … ဇာတ်လမ်းဇာတ်ကွက်ကပါ ဟာသရသ ၊ ကရုဏာရသမျိုးစုံကို ပေးစွမ်းနိုင်မယ့်ဇာတ်ကားကောင်းလေးဖြစ်တဲ့အတွက် အားပေးကြည့်ရှုကြဖို့ ဖိတ်ခေါ်လိုက်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ThantSinပဲ ဖြစ်ပါတယ်။ Genre…..DramaQuality…. 1080p | 720p | 480pFile size… 1.7GB | 824MB | 395MBFormat… mp4Duration…. 1h 59minSubtitle…. Myanmar Subtitle (Hardsub)Translator …..ThantsinEncoder…..August

https://image.tmdb.org/t/p/original/uyJEfpAflLCkqn6PFHu9EHxmbI6.jpg The Ash Lad: In the Hall of the Mountain King (2017) ⭐IMDB: 6.2/10 (4 k Votes) 🎬 #Adventure #Fantasy 🗓️ 2017 🎞️ Movie 📺 1080p FHD 🌎 Norway, Czech Republic, Ireland ⏰ 1 နာရီ 41 မိနစ် 22 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Ash Lad: In the Hall of the Mountain King(2017) ========================================== တိုင်းပြည်ရဲ့မင်းသမီးလေးဟာ အသက်တစ်ဆယ့်ရှစ်နှစ်မပြည့်ခင် အိမ်ထောင်မပြုရင် တောင်ဘုရင်ကြီးရဲ့ ဖမ်းဆီးကျွန်ပြုခြင်းကို ခံရမယ်ဆိုတဲ့ ဒဏ္ဏာရီပုံပြင်တစ်ပုဒ် လက်မထပ်ချင်လို့နန်းတော်က ထွက်ပြေးသွားတဲ့ မင်းသမီးလေး ခရစ်စတင်း ညီအစ်ကိုသုံးယောက်ထဲမှာ ဘာလုပ်လုပ် အသုံးမကျဘဲ အိမ်ကိုပါပြာကျအောင်လုပ်ခဲ့မိတဲ့ ဆင်းရဲသားလယ်သမားလေး အက်စပန် မင်းသမီးလေးကိုကယ်တင်ပြီး ဘုရင်ကြီးပေးတဲ့ဆုလာဘ်တွေနဲ့ အိမ်ပြန်ဆောက်ဖို့ စိတ်ကူးထားတဲ့ အက်စပန်နဲ့သူ့အစ်ကိုတို့ ဘီလူးကြီးရှိရာ တောတွင်းကိုသွားကြတဲ့အခါမှာတော့ အက်စပန်တို့တောထဲမှာ ဘာတွေကိုတွေ့ကြုံရင်ဆိုင်ရမလဲ မင်းသမီးလေးခရစ်စတင်းကရော ဘယ်ပျောက်သွားတာလဲ ဘီလူးကြီးကရော တကယ်ရှိတာလား ဒဏ္ဏာရီပုံပြင်တွေကရော အမှန်ပဲလားဆိုတာ စိတ်ဝင်စား ရင်ဖိုဖွယ် ကြည့်ရှုရမယ့် adventure/fantasy ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်….. File size…1.44GB / 739MBQuality…WEB-DL 1080p  / 720pFormat…mp4Duration….1h 44mGenre ….. Adventure , Family , FantasySubtitle….Myanmar Subtitle (Hard Sub)Encoder….Min WaiTranslated by Phoebe

https://image.tmdb.org/t/p/original/p31oIzxbbUcbxvUDsD4VuC2chyS.jpg One Fine Spring Day (2001) ⭐IMDB: 7.0/10 (2 k Votes) 🎬 #Drama #Romance 🗓️ 2001 🎞️ movie 📺 1080p FHD 🌎 South Korea, Japan, Hong Kong ⏰ 1 နာရီ 55 မိနစ် 30 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 One Fine Spring Day ( 2001 ) Christmas in Augustတို့ April Snowတို့ The Last Princessတို့ Lost (TV series)တို့ရိုက်ခဲ့တဲ့Hur Jin-hoရဲ့ Christmas in August အပြီး ဆက်ရိုက်ခဲ့တဲ့ကားပါ။မင်းသားကတော့ လက်ရှိ Money Heist: Korea – Joint Economic Areaထဲက ပရော်ဖက်ဆာအဖြစ်လူသိများလောက်မယ့် ပတ်ချန်းဝုရဲ့ Oldboyတို့ Lady Vengeanceတို့Hong Sang-sooရဲ့ Woman Is the Future of Manတို့ Dittoတို့လိုကိုရီးယားရဲ့မာစတာပိစ် ကားတွေမှာ အဓိကကျတဲ့ဇာတ်ကောင်တွေအဖြစ် သရုပ်ဆောင်ဖူးခဲ့တဲ့ Yoo Ji-taeပါ။မင်းသမီးကတော့ ငယ်ငယ်က ချန်ဂင်အဖြစ် လူသိများခဲ့တဲ့ ပတ်ချန်းဝုရဲ့ Lady Vengeanceတို့Joint Security Areaတို့ အဓိကဇာတ်ကောင်အဖြစ် သရုပ်ဆောင်ခဲ့ဖူးတဲ့ Lee Young-aeပါပဲ။ဒါရိုက်တာရော သရုပ်ဆောင်တွေရော ဘာမှပြောစရာမရှိသလို ဇာတ်ကလည်းChristmas in Augustကို သဘောကျတဲ့လူတွေ သဘောကျမယ့် ဇာတ်ပါပဲ။အဲဒီထက်တော့ ပိုရိုမန့်ဆန်ပေမဲ့ သူရိုက်နေကျအတိုင်း သူ့ရိုမန့်တွေက သဘာဝကျကျလေးနဲ့ကို အရမ်းငြိမ်ပါတယ်။တစ်ခါတလေ ဘဝမှာ ရိုမန့်တစ်အဆန်ဆုံး ဘာတွေရှိဖူးလဲ ကိုယ့်ကိုယ်ကိုယ်ပြန်မေးကြည့်တော့ ရိုမန့်တစ်ကွေကွင်းခြင်းတွေကို အိပ်မက်မက်တယ်။ကွေကွင်းခြင်းဟာ ရိုမန့်တစ်ဖြစ်ဖို့ တစ်ခါတလေလည်းခက်တယ်။ အချစ်ဟာ အဆုံးသတ်တစ်နေရာမှာ ကွေကွင်းကြဖို့ပဲမလား။ကွေကွင်းခြင်းသာ ရိုမန့်တစ်မဆန်ဘူးလို့ ငြင်းလာရင်လည်း အဲဒီအချစ်က ရိုမန့်တစ်ဆန်ပါဦးမလား။ထားပါတော့။ လူ့ကမ္ဘာဟာ ငရဲပဲဆိုပါစို့။ သေကွဲဟာ အကောင်းဆုံး ဇာတ်ပေါင်းခန်းလို့ရော တစ်ခါတလေ မြင်မိကြလား။ကံကောင်းထောက်မခဲ့ရင်တော့ ရှင်ကွဲလည်း ဇာတ်ပေါင်းခန်းဖြစ်သွားနိုင်တာပါပဲ။ ကံကောင်းထောက်မခဲ့ရင်ပေါ့။ဒီရုပ်ရှင်ဟာ ရိုမန့်တစ်ဆန်တဲ့အချစ်နဲ့ ရိုမန့်တစ်ဆန်တဲ့ ကွေကွင်းခြင်းအကြောင်း ရုပ်ရှင်ပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့WiRa Aungပဲ ဖြစ်ပါတယ်။ Genre…..Drama, RomanceQuality…. 1080p | 720p | 480pFile size… 1.5GB | 880MB | 385MBFormat… mp4Duration….1h 46minSubtitle…. Myanmar Subtitle (Hardsub)Translator …..WiRa AungEncoder …..August

https://image.tmdb.org/t/p/original/yTq5OB0LZwqbtZrpBUsB6fruLEf.jpg Marriage Blue (2013) ⭐IMDB: 6.0/10 (209 Votes) 🎬 #Comedy #Romance 🗓️ 2013 🎞️ movie 📺 1080p FHD 🌎 South Korea ⏰ 1 နာရီ 59 မိနစ် 08 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Marriage Blue (2013) ၂၀၁၃ ခုနှစ်ထွက် Marriage Blue ဇာတ်လမ်းကတော့Ju Ji Hoon, Ma Dong Seok, Lee Yeon Hee, Kim Kang Hoon,Lee Hee Joon, 2PM အဖွဲ့ဝင် Taecyeon စတဲ့ နာမည်ကျော်သရုပ်ဆောင်တွေများစွာပါဝင်ထားတဲ့ အချစ်ဟာသရုပ်ရှင်လေးဖြစ်ပါတယ်။ လူတိုင်းရဲ့ဘဝမှာ ကောင်းတာပဲဖြစ်ဖြစ် ဆိုးတာပဲဖြစ်ဖြစ် အလှည့်အပြောင်းတွေကြုံရတဲ့အခါ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကြုံရလေ့ရှိပါတယ်။ဒါကြောင့် ကလေးမွေးပြီးနောက်ပိုင်းခံစားရတဲ့ စိတ်ကျရောဂါကိုတော့ baby blue လို့ခေါ်ပြီးလက်မထပ်ခင်ဖြစ်တတ်တဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကိုတော့ marriage blue လို့ခေါ်ပါသတဲ့။ ဒီရုပ်ရှင်ထဲမှာတော့ လက်ထပ်ပြီး ဘဝတစ်ခုတည်ထောင်ကြမယ့်စုံတွဲလေးတွဲရဲ့ ပြဿနာတွေ၊ ကြည်နူးစရာတွေကိုကြည့်ရှုရမှာဖြစ်ပြီးပရိတ်သတ်တွေအသဲစွဲ သရုပ်ဆောင်တွေမြိုင်မြိုင်ဆိုင်ဆိုင်ပါပဲ။ ၂၀၁၃ ခုနှစ်ကထွက်ရှိခဲ့တဲ့ရုပ်ရှင်ဖြစ်ပေမယ့် ဘယ်အချိန်ကြည့်ကြည့် လက်တွေ့ဘဝက စုံတွဲတွေရဲ့ အချစ်ရေးပြဿနာတွေကိုပေါ့ပေါ့ပါးပါးမီးမောင်းထိုးပြထားသလို ဇာတ်လမ်းဇာတ်အိမ်လေးမို့ ကြည့်ရှုသင့်တဲ့ ရုပ်ရှင်တစ်ကားပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့Lao Quiပဲ ဖြစ်ပါတယ်။ Genre….. Comedy, RomanceQuality…. 1080p | 720p | 480pFile size… 1.69GB | 976MB | 474MBFormat… mp4Duration…. 1h 58minSubtitle…. Myanmar Subtitle (Hardsub)Translator …..Lao QuiEncoder …..August

https://m.media-amazon.com/images/M/MV5BNWQyMTdhYWMtMDYyNC00ZGQ4LTg2MzQtMTYwNGNlZDNjN2M3XkEyXkFqcGdeQXVyMjg0MTI5NzQ@._V1_FMjpg_UX1000_.jpg Overheard (2009) ⭐IMDB: 7.1/10 (3 k Votes) 🎬 #Crime #Thriller 🗓️ 2009 🎞️ Movie 📺 1080p FHD 🌎 Hong Kong, Singapore, China ⏰ 1 နာရီ 39 မိနစ် 56 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Overheard ( 2009 ) ဟောင်ကောင်ဂန်း မာစတာပိစ်ကားဖြစ်တဲ့ Infernal Affairsကားကို ရိုက်ခဲ့တဲ့ ဇာတ်ညွှန်းရေးခဲ့တဲ့ ၂ယောက်ဖြစ်တဲ့ Felix Chongနဲ့ Alan Mak တို့ ပူးတွဲ ရိုက်ထားတဲ့ကားပါ။ Infernal Affairsလိုပဲ ၃ကားထွက်ရှိထားပြီး ဟောင်ကောင်မှုခင်းကားကောင်း စာရင်းဝင်ကားဆိုလည်း မမှားပါဘူး။ မင်းသားတွေ ဇာတ်ပို့တွေကတော့ တကယ့်နာမည်ကြီးတွေချည်းပါပဲ။ The Mitchells vs. the Machines ကို ဆိုနီနဲ့ပူးတွဲထုတ်ခဲ့တဲ့ One Cool Group Limited ရဲ့ဖောင်ဒါ 1994က ရုပ်ရှင်စရိုက်ခဲ့ပြီး ဟောင်ကောင်ရဲ့ သရုပ်ဆောင်အကောင်းဆုံးမင်းသားတွေထဲ အပါအဝင်ဖြစ်သလို Johnnie Toလို ဆရာကြီးရဲ့ လက်စွဲတော်ဖြစ်ခဲ့တဲ့ တလောကတင်နာမည်ကြီးခဲ့တဲ့ ဟောင်ကောင်သိပ္ပံကား Warriors of Futureရဲ့မင်းသား Louis Koo , ဂျက်ကီချမ်းရဲ့ New Police Story နဲ့ လူသိများတယ်ပြောလို့ရတဲ့ ခုတော့ အမေရိကန်တက်ပြီး Reminiscence ,Tomb Raider , Warcraft , Into the Badlands , Westworld တို့လို အနောက်က နာမည်ကြီးစီးရီးတွေ ဇာတ်ကားတွေမှာသရုပ်ဆောင်နေတဲ့ daniel wu , Johnnie Toရဲ့ ကားတိုင်းလိုလို မင်းသားအဖြစ်တစ်ဖုံ ဇာတ်ရန်အဖြစ်တစ်မျိုး ပါနေကျ Sean Lau , နောက် Rush Hour 3ထဲက တရုတ်မ , Lost and Found ထဲက နိုင်ငံခြားသား , Bullet in the Headတို့ A Better Tomorrowတို့လို ဂျွန်ဝူးကားတွေထဲ ဗီလိန်ဘဲ waise leeစသဖြင့် နာမည်ကြီးတွေ ဆရာ့ဆရာကြီးတွေ ရင်းနှီးပြီးသားလူတွေ မြိုင်မြိုင်ဆိုင်ဆိုင်ပါပဲ။ ဇာတ်လမ်းကတော့ မင်းသားသုံးယောက်က စတော့ဈေးကစားပြီး စီးပွားရေးမသမာမှုလုပ်နေတဲ့လုပ်ငန်းတစ်ခုနောက် လိုက်နေကြတယ်။ သူတို့လုပ်ရတဲ့အလုပ်က အသံဖမ်းစက်တွေတပ်ပြီး သူတို့ပြောတာကို ချောင်းနားထောင်ကြတာပေါ့။ တစ်ခါကျ သူတို့တွေ သူဌေးဖြစ်မယ့်အကွက်ကို ကြားလိုက်ရာကနေ အစီရင်ထည့်မခံတော့ဘဲ ကွက်ပျောက်လေးရိုက်ပြီး စတော့လောင်းလိုက်ကြတယ်။ ဒါပေမဲ့ သူတို့ အဲဒီကနေမှ သူတို့ငွေတွေဆုံးသွားပြီး ငွေတွေပြန်ရဖို့ကြိုးစားရင်း အာဏာလည်းကြီးသလို မလုပ်ရဲတာဘာမှမရှိတဲ့ ကုမ္ပဏီပိုင်ရှင်နဲ့ ထိပ်တိုက်ရင်ဆိုင်ရဖို့ဖြစ်လာခဲ့တယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ ) File Size__(1.8GB) / (900MB)Quality__WEB-DL1080p, 720pIMDb Rating__7.1/10Format__mp4Duration__01:45:00Type__Crime , ThrillerSubtitle__Myanmar Subtitle (Hardsub)Translated byWiRa AungEncoded byNaing Aung Latt

https://m.media-amazon.com/images/M/MV5BOWZlZDVmMWItZDcxNi00MGJmLTk0MzktOGZkNTNkMzU3OWQzXkEyXkFqcGdeQXVyMTM1MTE1NDMx._V1_FMjpg_UX1000_.jpg National Treasure: Edge of History (2022-2022) ⭐IMDB: 4.8/10 (184 Votes) 🎬 #Action #Adventure #Mystery 🗓️ 2022-2022 🎞️ tv series 📺 1080p FHD 🌎 United States ⏰ 46 မိနစ် 50 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 National Treasure: Edge of History (2022)National Treasure: Edge of History (2022) Ongoing Series  ” အစအဆုံး ဆယ်ပိုင်းရှိနိုင်ပြီး တစ်ပတ်တစ်ပိုင်းနှုန်းနဲ့ ပြသပေးသွားမှာပါ ” National Treasure နှစ်ကားဟာ ကျွန်တော်တို့ ငယ်ငယ်ကတည်းက လူတိုင်းကြိုက်ခဲ့ကြတဲ့ ပြန်ကြည့်တိုင်းလည်း ကြည့်ကောင်းနေတဲ့ ဇာတ်ကားတွေလို့ ပြောရင် လွန်ရာကျမယ်မထင်ဘူး။ နစ်ကေ့ကြီးရဲ့ ရွှေခေတ်စာရင်းလည်း ဝင်တဲ့ကားတွေလို့ ပြောရမှာပဲ။ ရတနာရှာတဲ့ကားတွေ ရှေးဟောင်းသုတေသနကားတွေ ဖောချင်းသောချင်းရှိပေမဲ့ ဒီထဲကမှ အကောင်းဆုံး ၂ခုကိုရွေးပြဆို အင်ဒီယာနာဂျုံးစ်နဲ့ ဒီ National Treasure ကိုပဲ ရွေးကြရမှာမလား။ အင်ဒီနဲ့မတူတာကတော့ ဒီကောင်က ဖောက်ပြီးရင် သူလည်း အကျိုးအမြတ်နည်းနည်းတော့ရသေးသလို နိုင်ငံတော်ပိုင်လည်း အသိမ်းခံရသေးသပေါ့။ အင်ဒီယာနာလောက် အက်ရှင်မများပေမဲ့ သမိုင်းနဲ့ချိတ်ဆက်ပြီး ပဟေဠိဖော်တာတွေနဲ့ စိတ်ဝင်စားစရာကောင်းအောင် တရိပ်တရိပ်ပြတတ်တယ်။ ဒီလိုပြလို့လည်း ကိုယ်သိပြီးသားအချက်တွေနဲ့ သမိုင်းတွေနဲ့ နောက်ကွယ်က အချက်တွေကြောင့် စိတ်ဝင်တစားပိုဖြစ်ပြီး အားလုံးကို ဆွဲဆောင်ထားနိုင်တာပါပဲ။ National ဆိုတဲ့ နာမည်နဲ့လိုက်အောင်လည်း ကျွန်တော်တို့ရင်းနှီးတဲ့ နာမည်ကျော်သမ္မတွေဖြစ်တဲ့ ဘင်ဂျမင်ဖရန့်ကလင်၊ လင်ကွန်း၊ တက်ဒီရုစဗဲ့၊ ကနေဒီ တို့လို သမ္မတတွေနဲ့မကင်းတာတွေချည်းပါပဲ။ အခုတစ်ခေါက်မှာတော့ ပထမလူတွေနဲ့မဟုတ်တော့ဘဲ လူသစ်တွေနဲ့ ဇာတ်ကောင်မတူ သရုပ်ဆောင်မတူဘဲ စီးရီးသစ်ထွက်လာခဲ့ပါတယ်။ ကားကိုထုတ်ခဲ့တဲ့ ဒစ္စနေးကပါပဲ။ နစ်ကေ့တို့ ဒိန်းကရူဂါတို့ ဂျွန်ဗွိုက်တို့ ဟယ်လင်မရန်တို့လို အသက်ကြီးပိုင်း ဘိုးတော်ကြီးတွေကို ကြည့်ခဲ့ပြီးတဲ့နောက် ခုတော့ လူငယ်ခြေတက်တွေ ဦးဆောင်မှာကို မြင်ရတော့မှာပါ။ National Treasure 3 အတွက် မီးစိမ်းပြပြီးသား‌ဆိုတော့ ဒီစီးရီးဟာ 2007 ကတည်းကနေ ခုထိ ဆယ့်လေးနှစ်ကျော်ကြာပြီးမှထွက်လာ‌တော့မယ့် Main National Treasure movie အတွက်‌ မီးစာပျိုးပေးတဲ့ ကြားစီးရီးပေါ့။ ဒီကားနဲ့ NT3 ဆက်ရင်လည်း ဆက်လောက်ပါတယ်။ ဇာတ်လမ်းကတော့ အရင်ကားတွေအတိုင်းပဲ ဒီခေတ်ဒီအခါမှာ ရတနာသိုက်ကြီးရှိလေသတည်းဆိုပြီး ပုံပြင်လေးနဲ့ စထားတာပေါ့။ မင်းသမီးလေးလဲ မိုက်ပါတယ်။ လူငယ်ဆန်တယ် တစ်ချိန်တည်းမှာပဲ ရင့်ရင့်ကျက်ကျက် ခံစားရတယ်။ အဲဒီလို ကလေးတွေကြားထဲ ချွန်းထွက်နေပြန်တာကတော့ ကတ်သရင်းဇီတာဂျုံးစ်ကြီးပါပဲ။ Wednesday မှာလည်း သူ့သမ္ဘာနဲ့ ဝါကို မြင်ခဲ့ရပြီးပြီ။ ခုလည်း ထပ်မြင်ရပါလိမ့်မယ်။ ရှေ့ NT နှစ်ကားက သရုပ်ဆောင်တွေပဲ ပြန်ရအောင်သုံးပေးထားတာကတော့ ပရိုဂျူဆာ ဂျယ်ရီဘရက်ဟိန်းမား တော်တယ်ပြောရမှာပါပဲ။ သောမတ်ဂိတ်စ်တို့ အဘီဂေးလ်တို့တော့ မပါသေးဘူးပေမယ့် ရိုင်လေပူးလ်ကတော့ ပြန်ပါရင်ပါနိုင်လောက်တယ်။ ဒီစီးရီးမှာတော့ အမေရိကန်သမိုင်း Founding Fathers သမ္မတတွေကို ဦးမတည်ဘဲ Freemason တွေနဲ့ပဲ တိုက်ရိုက်ဆက်ထားပြီး ဗီလိန်ကလည်း ငွေကိုရေလိုသုံး ရှယ်ကြမ်းတဲ့ ဗီလိန်ပါပဲ။ သူ့နောက်ကွယ်က ဗီလိန်လည်း ထွက်လာနိုင်သေးပါတယ်။ NT ခေါင်းစဉ်အောက်မှာပဲ မတူတဲ့အရသာရမယ့် ကြည့်ရတန်မယ့် နောက်အပတ်လည်း ဆက်စောင့်ကြည့်ဖို့ကောင်းတဲ့ ဆယ်ပိုင်းစာ စီးရီးအသစ်ပါပဲ။(ဒီစီးရီးကို ဘာသာပြန်ပေးသူကတော့ Mr. Anderson ပဲဖြစ်ပါတယ်။)Size ~ 700MB+ Total – 10 Episodes Quality – 1080p Duration ~ 45min (@Episode) Subtitle – Myanmar Hardsub Format – Mp4 Genre : Action, Adventure, Mystery Source : DSNP.Web-dl.1080p

https://m.media-amazon.com/images/M/MV5BOWExYjI5MzktNTRhNi00Nzg2LThkZmQtYWVkYjRlYWI2MDQ4XkEyXkFqcGdeQXVyNTAyODkwOQ@@._V1_FMjpg_UX1000_.jpg The Mask (1994) ⭐IMDB: 6.9/10 (388 k Votes) 🎬 #Comedy 🗓️ 1994 🎞️ Movie 📺 480p SD 🌎 United States ⏰ 1 နာရီ 41 မိနစ် 12 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 1994 ခုနှစ မိတ်ဆွေတို့ ကျွန်တော်တို့ ပေါက်စနဘ၀လေးပဲရှိသေးတဲ့အချိန် အဲဒီအချိန်ခုနှစ်မှာပဲ အခု Deadpoolထွက်ပြီးတဲ့အချိန်ထိ ဒါမှမဟုတ် နောက်ရာစုနှစ်တွေအထိ အရယ်ရဆုံး ComicBook Movie တစ်ခုဖြစ်လာမယ့် The Mask ကို မွေးဖွားခဲ့ပါတယ် IMDB: 6.9/10Metacritic : 56%Rotten Tomatoes : 77% Edge City ဆိုတာ အမေရိကန်နိုင်ငံက မထင်မရှားဆိပ်ကမ်းမြို့လေးတစ်မြို့ အဲဒီမြို့လေးက မြို့သား Stanley Ipkissကလည်း Edge City ဘဏ်မှာ အလုပ်လုပ်နေတဲ့ မထင်မရှားမြို့သားတစ်ယောက် သူရဲ့စိတ်ထားအင်မတန်ကောင်းလွန်းနေတာရယ် အလျှော့ပေးဆက်ဆံတတ်တဲ့ အကျင့်ကြောင့် လူချစ်လူခင်ပေါတဲ့လူတစ်ယောက် တစ်နေ့ ဘဏ်ကိုဓါးပြတိုက်ဖို့ အကြံအစည်နဲ့ရောက်လာတဲ့ Tina Carlleyl ဆိုတဲ့ကောင်မလေးကို တန်းတန်းစွဲဖြစ်သွားပြီး လိုက်ပိုးရာက တလွဲတွေဖြစ် အိမ်အပြန်လမ်းမှာ ထူးထူးဆန်းဆန်း မျက်နှာဖုံးတစ်ခုကို ကောက်ရရာကနေ Stanleyရဲ့ဘ၀ ကပြောင်းကပြန် ပြောင်းလဲဖို့ဖြစ်လာပါတော့တယ်… The Truman Show, Man on The Moon, Eternal Sunshine of the Spotless Mind ဇာတ်ကားတွေဟာJim Carrey ရဲ့ အရည်အချင်းကိုအကောင်းဆုံးမှတ်ကျောက်တင်ပေးခဲ့တယ်ဆိုရင် အခု The Mask ကားဟာ Jim Carrey ဆိုတဲ့ မင်းသားတစ်ယောက်ကို ကမာၻ ့ရုပ်ရှင်ဇာတ်ခုံပေါ်တင်ပေးခဲ့တယ်လို့ ပြောနိုင်ပါတယ် ဒါတင်မကပဲ နောင်တစ်ချိန်မှာ ထိပ်တန်းမင်းသမီးတစ်ယောက်ဖြစ်လာမယ့် Cameron Diaz ကိုစင်တင်ပေးခဲ့တဲ့ ဇာတ်ကားလည်းဖြစ်ခဲ့တယ်Visual Effect ကဏ္ဍအတွက် nomitationတွေလည်း အများကြီးပါခဲ့ရုံတင်မကပဲ Jim Carrey ကို Golden Globes မှာ Best Actor စာရင်း၀င်စေခဲ့တဲ့ ပထမဆုံးကားလည်း ဖြစ်ခဲ့တယ်။ Jim Carrey ရဲ့အကောင်းဆုံးအချိန်က အကောင်းဆုံးကားဖြစ်ခဲ့တဲ့ The Mask ဟာ မူရင်းကောမစ်က သွေးပျက်ခြောက်ခြားစရာကောင်းနေပေမယ့်လည်း ယခုအချိန်ထိ ဒါမှမဟုတ် နောင်နှစ်များထိတိုင်အောင် အကောင်းဆုံး အရီရဆုံး ComicBook Movie ပါလို့ပြောရင် ဘယ်သူကများ ငြင်းနိုင်ဦးမှာလဲ ” From Zero To Hero… ” File Size       :   700 Mb Quality         :   720 HD Translator   :    Ye Khant Min Encoder       :    Littleneo

https://image.tmdb.org/t/p/original/rb7xx68WQMzxNZlgoaW2jFaZ3nK.jpg The Old Mans Dog (2021) ⭐IMDB: 2.9/10 (61 Votes) 🎬 #Drama 🗓️ 2021 🎞️ Movie 📺 1080p FHD 🌎 Vietnam ⏰ 1 နာရီ 37 မိနစ် 18 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Cau Ving (2021) ပမ်ဗန်ဟက်နဲ့ ပမ်ဗန်ကိုတို့ဟာ ဆင်းရဲမွဲတေပြီး စိုက်စားစရာစိုက်ခင်းလေးနဲ့ ခွေးလေးဗန်ပဲရှိတဲ့ သားအဖပါ။တစ်ဖက်မှာတော့ ရွာသူကြီးလီနဲ့ သူ့အဖေ ရွာရဲ့ဂုဏ်သရေရှိလူကြီး သခင်ဗာတို့ သားအဖဟာရွာသားတွေကို အခွန်အခတွေကောက်ပြီး ဖိနှိပ်နေသူတွေပါ။ သူတို့ကိုထိ ဓားကြည့်ဆိုပြီး အာဏာစက်နဲ့ အုပ်ချုပ်နေသူတွေပေါ့။ သားဖြစ်သူ ပမ်ဗန်ကိုတစ်ယောက် မိန်းကလေးကိစ္စနဲ့ သခင်ဗာတို့သားအဖနဲ့ ငြိစွန်းပြီး ရွာက ထွက်သွားရတဲ့အပြင်အ‌ဖေဖြစ်သူ ပမ်ဗန်ဟက်တို့စိုက်ခင်းအတွက် အမြဲသုံးနေတဲ့ ရေတွင်းကြီးကို ဒီတွင်းက နဂါးသွေးကြောဖြစ်ကြောင်း၊ဒီရေကိုသောက်ရင် သခင်ဗာရဲ့ မျိုးဆက်မပြတ်နိုင်တော့ကြောင်း ဗေဒင်ဆရာတစ်ယောက်က ပြောပြီးနောက်မှာအဘိုးကြီးဟက်တို့စိုက်ခင်းဟာ ရွာသူကြီးလီတို့ လိုချင်စရာပစ်မှတ်ဖြစ်လာပါတော့တယ်။ ဒီလိုမျိုး အဖက်ဖက်က ပစ်မှတ်ထားခံနေရတဲ့ အဘိုးကြီး ပမ်ဗန်ဟက်တစ်ယောက်သူ့ခွေးလေး ဗန်နဲ့အတူ စိုက်ခင်းလေးကို ဘယ်လိုထိန်းသိမ်းမလဲ။မြေနိမ့်ရာလှံစိုက်ဖြစ်နေတဲ့ အဘိုးကြီးရဲ့ဘဝမှာ ခွေးလေးနဲ့အတူဘယ်လိုအသက်ရှင်နေထိုင်မလဲဆိုတာကို ဒီကားလေးမှာ ဆက်လက်ကြည့်ရှုပေးကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့Xing Eggပဲ ဖြစ်ပါတယ်။ Genre…..DramaQuality…. 1080p | 720p | 480pFile size… 2.5GB | 953MB | 411MBFormat… mp4Duration….1hSubtitle…. Myanmar Subtitle (Hardsub)Translator …..Xing EggEncoder …..August

https://image.tmdb.org/t/p/original/964VZmKXGmjXmsHdG4yDoast8lV.jpg Something in the Dirt (2022) ⭐IMDB: 6.0/10 (2 k Votes) 🎬 #Comedy #Horror #Sci-Fi 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 United States ⏰ 1 နာရီ 55 မိနစ် 47 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Something in the Dirt (2022) Sci-Fi ဇာတ်လမ်းတွေကိုနှစ်သက်သူတွေ ကြည့်စရာဇာတ်ကားကောင်းတစ်ခုဖြစ်တဲ့ “Something in the Dirt” ပါ။ဒီဇာတ်ကားက ကိုဗစ်၁၉ လော့ခ်ဒေါင်းကာလမှာ ဒါရိုက်တာအိမ်မှာပဲ လူဆယ့်နှစ်ယောက်လောက်နဲ့ရိုက်ကူးထားတာမို့ဘတ်ဂျက်မူဗီအနေနဲ့ကတော့ တော်တော်အရည်အသွေးမှီတဲ့ဇာတ်လမ်း နဲ့ရိုက်ချက်တွေပါပဲ။ ဒီကမ္ဘာကြီးမှာ ဘယ်သူမှမဖြေရှင်းနိုင်တဲ့ပဟေဋိတွေအများကြီးပါဥပမာ ကွင်းဆက်လူသတ်သမား ဂျက်ရစ်ပါကဘယ်သူလဲJFK ကိုဘယ်သူသတ်တာလဲပိရမစ်တွေကဘာအတွက်ဘယ်လိုတည်ဆောက်ခဲ့လဲစသဖြင့်ပေါ့။ ဒီဇာတ်လမ်းမှာတော့ လီဗိုင်ဆိုတဲ့ သက်လတ်ပိုင်းလူတစ်ယောက်က အိမ်အသစ်တစ်ခုကိုပြောင်းလာပါတယ်။သူကဘားမှာအလုပ်လုပ်သူဖြစ်ပြီး သူ့ဘဝကဘာမှအဓိပ္ပါယ်မရှိပဲလွင့်မြောနေသူ ဆိုပါတော့။သူပြောင်းလာတဲ့တိုက်ခန်း၊ ဘာမှမရှိတဲ့တိုက်ခန်းထဲမှာ ဘာမှမထူးခြားတဲ့နေ့လည်ခင်းတစ်ခုမှာအပေါ်ကပြောခဲ့သလိုမဖြေရှင်းနိုင်တဲ့ပဟေဋိမျိုးနဲ့ကြုံလိုက်ရပါတယ်။အဲဒီအချိန်မှာ သူ့အိမ်နီးချင်းကလဲရှိနေတယ် ပြီးတော့ဒါကသရဲခြောက်တာလို့သူတို့ထင်တော့သူတို့နှစ်ယောက်ပေါင်းပြီးဒါကိုမှတ်တမ်းဗီဒီယိုရိုက်မယ် ပြီးရင်နက်ဖလစ်မှာ ရောင်းစားကြမယ်ပေါ့။ဒါပေမဲ့တကယ်တမ်းကျတော့ ဒါကသရဲခြောက်တာမဟုတ်ဘဲ သိပ်နက်နဲတဲ့ပဟေဋိဖြစ်နေတော့အခုမှတွေ့တဲ့သူစိမ်းအိမ်နီးချင်းနှစ်ယောက် ဘာတွေများရှာတွေ့ဦးမလဲသူတို့ရဲ့မှတ်တမ်းတင်ရုပ်ရှင်ကိုရော နက်ဖလစ်မှာ မကြာခင်ကြည့်ရတော့မလားဆိုတာ ကြည့်လိုက်ကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့Rashidaပဲ ဖြစ်ပါတယ်။ Genre….. Comedy, Horror, Sci-fiQuality…. 1080p | 720p | 480pFile size…Format… mp4Duration….1h 56minSubtitle…. Myanmar Subtitle (Hardsub)Translator …..RashidaEncoder …..August