ဇာတ်ညွှန်းများ • FDMN
Закритий канал
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
Creed III (2023)
⭐IMDB: 6.8/10 (75 k Votes)
🎬 #Drama #Sport #Action
🗓 2023 🎞 movie
📺 #4K #1080p #720p #480p
💿 3.1 GB ⦿ 1.7 GB ⦿ 713.9 MB ⦿ 419.3 MB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 57 မိနစ် 28 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Creed III (2023)=============IMDb Rating – 7.2/10
ခရိရုပ်ရှင် သုံးကားမြောက်လာပါပြီ။ ခရိဆိုတာ စတားလုံးသရုပ်ဆောင်ခဲ့တဲ့ လက်ဝှေ့ရုပ်ရှင်တွေရဲ့နောက်ဆက်တွဲအဖြစ် ထွက်လာတဲ့ မျိုးဆက်သစ်လက်ဝှေ့သမားအကြောင်းပါ။ မင်းသားကတော့ မိုက်ကယ်ဘီဂျော်ဒန်ပါပဲ။ ခရိအရင်ရုပ်ရှင် နှစ်ကားကိုလည်းချန်နယ်မြန်မာမှာ ကြည့်ရှုနိုင်ပါတယ်။
ဒီရုပ်ရှင်အစမှာတော့ ခရိဟာ ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံဆုတွေအလီလီရခဲ့ပြီး လက်ဝှေ့လောကကနေ အနားယူပြီးခဲ့ပါပြီ။ လက်ချောင်းအရိုးအက်တာတွေ၊ မျက်ခုံးကွဲတာတွေ ဒဏ်ရာဒဏ်ချက်ဟောင်းတွေလည်း အပြည့်ပါပဲ။ ဒီတော့ မိသားစုနဲ့ပဲ လက်ဝှေ့သမားလေးတွေ ပျိုးထောင်ပေးရင်း အေးအေးချမ်းချမ်းနေထိုင်နေပါပြီ။ ဒါပေမဲ့ တစ်နေ့မှာတော့ သူ့ရဲ့ ငယ်သူငယ်ချင်း ဒိမ်းနဲ့ပြန်တွေ့လာပါတယ်။ ဒိမ်းဟာ သူ့ထက်ကြီးပြီး ထောင် ၁၈ နှစ်လောက်ကျပြီးမှ ပြန်ထွက်လာတဲ့သူပါ။ သူတို့မှာ ရာဇဝင်တွေရှိခဲ့ပါတယ်။ ဒိမ်းက အသက်ကြီးနေပေမဲ့ လက်ဝှေ့ကိုစိတ်မကုန်သေးဘဲ ခရိလို လက်ဝှေ့ချန်ပီယံဖြစ်ချင်လို့ ကူညီပေးဖို့ တောင်းဆိုလာတဲ့အခါ…
Creed I – Link
Creed II – Link
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Mr.Anderson ဖြစ်ပါတယ်)...
Klaus (2019)
⭐IMDB: 8.2/10 (168 k Votes)
🎬 #Adventure #Animation #Comedy #Family #Fantasy
🗓 2019 🎞 movie
📺 #720p #4K
💿 376.9 MB ⦿ 785.2 MB ⦿ 2.1 GB
🌎 #Spain #UnitedKingdom #UnitedStates
⏰ 1 နာရီ 38 မိနစ် 27 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ချစ်ခြင်းမေတ္တာနဲ့ နွေးထွေးမှုကို လူသားတွေက
နည်းလမ်းအမျိုးမျိုးနဲ့ ဝေမျှကြပါတယ်…
ဒီခေတ်မှာ စာအိတ်ထဲထည့်ပေးကြတဲ့
ပေးစာတွေ မရှိတော့ဘူးဆိုပေမယ့်
လူမှုကွန်ယက်ပေါ်ကဖြစ်ဖြစ် တစ်ယောက်ကိုတစ်ယောက်
စာတွေပေးပို့နေကြတုန်းပါပဲ…
ဒါပေမယ့် ပေးပို့တဲ့စာတွေထဲမှာ အမုန်းတရားတွေထက်
ချစ်ခြင်းမေတ္တာတွေ ထည့်ပေးထားရင်မကောင်းဘူးလား
ဒီဇာတ်ကားလေးကတော့ အေးမြတဲ့ ခရစ္စမတ်အကြောင်းကို
နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာနဲ့
ပုံဖော်ထားတဲ့ ချစ်စရာကောင်းတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်…
ခရစ္စမတ်မှာ လက်ဆောင်တွေ လာပေးနေတဲ့ ခရစ္စမတ်ဘိုးဘိုးကြီးလို့ခေါ်တဲ့
စန်တာကလောက်စ် အကြောင်း အခြေခံပြီး ပုံဖော်ထားတာပါ …
အခွင့်ထူးခံ လူပေါ်ကျော့ ဂျက်စပါဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာ
အဖေ့ရဲ့စာပို့လုပ်ငန်းကြီးမှာ လက်ကျောတင်းအောင် မလုပ်ချင်ဘဲ
ပျင်းရိနေတဲ့အတွက်ကြောင့် သူ့ကိုအပြစ်ပေးတဲ့အနေနဲ့ လူသူမနီးတဲ့
ကျွန်းတစ်ကျွန်းပေါ်က မြို့ကလေးမှာ စာပို့သမားလုပ်ဖို့ ပို့လွှတ်စေခိုင်းခဲ့ပါတယ်…
ရိုင်းပြပြီး အမြဲဒေါသထွက်နေတဲ့ လူတွေနေတဲ့ အေးခဲပြီး ခေါင်ဖျားလွန်းတဲ့
စမီရင်ဘာ့ဂ် မြို့ကလေးကနေ တစ်နှစ်အတွင်း
ပေးစာ ၆၀၀၀ ထွက်လာအောင်လုပ်မှ ဒီမြို့ကနေပြန်ရမယ့်သူပါ…
မဟုတ်ရင် အဖေကအမွေပြတ်စွန့်လွှတ်မတဲ့…
Klaus ဆိုတဲ့ ဒီဇာတ်ကားလေးဟာ ၂၀၁၉ မှာထွက်ရှိထားပြီး
IMDb – 8.4/10 နဲ့ Rottentomatoes – 89% တောင်ရရှိထားတာမို့
လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးဖြစ်တယ်လို့ပဲပြောလိုက်ပါရစေ.။
ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zuel Khant Thwin ပဲဖြစ်ပါတယ်…...
Pushpa: The Rise - Part 1 (2021)
⭐IMDB: 7.6/10 (81 k Votes)
🎬 #Action #Adventure #Bollywood #Crime #Drama #Thriller
🗓 2021 🎞 movie
📺 #4K #1080p #720p
💿 5.2 GB ⦿ 3.8 GB ⦿ 2.3 GB
🌎 #India
⏰ 2 နာရီ 56 မိနစ် 6 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Pushpa : The Rise (2021)=====================
IMDB- 8.1/10
ဒီဇင်ဘာလကမှ ရုံတင်ခဲ့ပေမယ့် 2021 မှာ အိန္ဒိယရဲ့ ဝင်ငွေအကောင်းဆုံးဇာတ်ကားဖြစ်ပြီး ဟော့နေတဲ့ Pushpa Part1 ကို တင်ဆက်လိုက်ပါတယ်။
အင်တာနက်မှာတော့ ဒီနေ့မှ ပူပူနွေးနွေး ထွက်ရှိလာခဲ့တာပါ။
နာမည်ကြီး မင်းသား Allu Arjun ပါ၀င်သရုပ်ဆောင်ထားပြီး မင်းသမီးချော Rashmika Mandanna ကလည်း ပါ၀င်အားဖြည့်ထားပါသေးတယ်။
သာမန်ဆင်းရဲသား ကြုံရာကျပန်း လုပ်တတ်တဲ့ ပွတ်ရှ်ပါ ဟာ ဆင်းရဲသလောက် မာနကြီးသလို
ဘုဘောက်လည်းကျပါတယ်။ တစ်ခွန်းတည်းစာဖွဲ့ရရင် လူ့ဂွစာပေါ့ဗျာ။ ကိုယ်မှန်တယ်ထင်ရင်
ဘာကိုမှ အလျှော့မပေးတတ်သလို အမျှော်အမြင်လည်း အတော်ကြီးရှာတယ်။
အဲ့လိုလူတစ်ယောက်က အလွန်ရှားပါးသော သစ်တစ်မျိုးဖြစ်တဲ့ အနီရောင်စန္ဒကူးပင်ကို
မှော်ခိုရောင်း၀ယ်ကူးလူးတဲ့ ဂိုဏ်းနဲ့ ချိတ်ဆက်မိသွားရာက
CM ပရိသတ်ကြီးတို့ အကြိုက်တွေ့စေမဲ့ ဇာတ်လမ်းတစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။
ဒီကားကို ဝေဖန်ရေးဆရာများက ချီးကျုးထားကြပြီး
အထူးသဖြင့် မင်းသား Allu ရဲ့ ကာရိုက်တာဇာတ်ရုပ်အား ပီပြင်စွာ
သရုပ်ဖော်နိုင်ခြင်းကို အထူးသဘောကျနှစ်သက်နေကြပါတယ်။
Box Office မှာလည်း ၀ငျငွေများစွာ ရရှိနေပြီး အောင်မြင်မှုအပေါင်း
သရဖူဆောင်းထားတယ်လို့ ဆိုရမှာပါ။ ဘာပဲပြောပြော
လူတစ်ကိုယ်အကြိုက်တစ်မျိူးဖြစ်တဲ့အတွက် တကယ်ကောင်းမကောင်း
ကြိုက်မကြိုက်ကို ကိုယ်တိုင်ကြည့်ရှုခံစားပြီးမှသာ ဆုံးဖြတ်သင့်ကြောင်း တိုက်တွန်းလိုပါတယ်။
အခု ဇာတ်လမ်းဟာ Part 1 ဖြစ်ပြီး Part 2 ကိုတော့ February 2022 မှာ
ရိုက်ကူးရေးစတင်မှာဖြစ်လို့ ပရိသတ်ကြီးတို့ အကြာကြီး မစောင့်ရမှာသေချာပါတယ်နော်။
(ဇာတ်လမ်းအညွှန်းကို Thet Hnin Hsu က ရေးသားပေးထားပါတယ်)...
Cobra (2022)
⭐IMDB: 6.1/10 (9 k Votes)
🎬 #Action #Bollywood #Crime #Thriller
🗓 2022 🎞 movie
📺 #720p #1080p #4K
💿 1.5 GB ⦿ 3.3 GB ⦿ 7.1 GB
🌎 #India
⏰ 3 နာရီ 1 မိနစ် 28 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတစ်ခေါက်မှာတော့ IMDB 6.5 နဲ့ ခါးကုန်းမင်းသား၊ကြပ်မပြည့်တဲ့မင်းသားအဖြစ်သရုပ်ဆောင်ခဲ့တဲ့ Vikram လိုနာမည်ကြီးမင်းသားဟောင်းကြီးတွေပါဝင်သရုပ်ဆောင်ထားတဲ့Cobra လို့အမည်ရတဲ့ Crime,Actionအမျိုးအစားရုပ်ရှင်နဲ့မိတ်ဆက်ပေးချင်ပါတယ်။
လူတစ်ယောက်ဟာ သင်္ချာနည်းတွေနဲ့ ပြစ်မှုကျူးလွန်နိုင်လား?ဟုတ်ကဲ့ ဒီကားမှာတော့ မာသီဆိုတဲ့လူဟာ သင်္ချာသဘောတရားတွေနဲ့ပြစ်မှုကျူးလွန်ပါတယ်
သူပြစ်မှုကျူးလွန်ပုံကတော့ကမ္ဘာတစ်ဝှမ်းက ရာထူးကြီး အရေးကြီးပုဂ္ဂိုလ်တွေကိုမှနိုင်ငံရေးသမားတွေကိုမှ လုပ်ကြံသတ်ဖြတ်တာ ဖြစ်ပါတယ်
ဒါကို အပြည်ပြည်ဆိုင်ရာ ရဲအရာရှိက သင်္ချာပါရမီရှင်ကောင်မလေးတစ်ယောက်ရဲ့ အကူအညီနဲ့ သူ့ကိုအမိဖမ်းမှာပဲ ဖြစ်ပါတယ်
သူ့ရဲ့ သင်္ချာအတွက်အချက် ဗျူဟာတွေနဲ့ပြစ်မှုဘယ်လိုကျူးလွန်တာလဲ။ သူကတကယ်ရောတရားခံအစစ်မှဟုတ်ရဲ့လား။ ဘယ်လို အရှုပ်အထွေးတွေပါဝင်ပါတ်သက်နေမလဲ။
ဘာကြောင့် နိုင်ငံတကာက အရေးကြီးပုဂ္ဂိုလ်တွေကိုမှ လုပ်ကြံရတာလဲဆိုတာဒီကားလေးထဲမှာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်လို့ အခုလိုပဲ တင်ဆက်ပေးလိုက်ရပါတယ်နော်...
The Woman King (2022)
⭐IMDB: 6.9/10 (64 k Votes)
🎬 #Action #Drama #History
🗓 2022 🎞 movie
📺 #720p #1080p
💿 681.6 MB ⦿ 836.2 MB ⦿ 2.1 GB
🌎 #UnitedStates #Canada #UnitedStatesofAmerica
⏰ 2 နာရီ 15 မိနစ် 20 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Woman King (2022)
~ IMDb – 6.7/10, Rotten Tomatoes – 94% ~
သမိုင်းရုပ်ရှင်ကောင်းတစ်ခု ထွက်လာပါပြီ။ ၁၇ ရာစုနဲ့ ၁၉ ရာစုကြား အနောက်အာဖရိကတိုင်းပြည် ဒါဟိုမီမှာ အမျိုးသမီးတွေချည်းပဲ ရှိတဲ့ အထူးစစ်တပ်တစ်ခုရှိခဲ့ပါတယ်။ သူတို့တွေဟာ တိုင်းပြည်ကိုကာကွယ်ဖို့နဲ့ ပတ်ဝန်းကျင်နိုင်ငံတွေကို တိုက်ခိုက်ဖို့ အရေးပါတဲ့ အင်အားတစ်ခုပါပဲ။ ဒီရုပ်ရှင်ထဲမှာတော့ ဒါဟိုမီနဲ့ အိုယိုအင်ပါယာစစ်ပွဲအကြောင်း၊ ကျွန်ကုန်သည်တွေအကြောင်းကို အခြေခံပြီးပြသထားပါတယ်။ ဥရောပသားတွေကတော့ သူတို့ကို အမေဇုံစစ်သည်တွေလို့ ခေါ်ခဲ့ကြပါတယ်။
“ဇာတ်လမ်းအကျဉ်း”
ဒါဟိုမီရဲ့ဘုရင်အသစ် ဂယ်ဇိုမှာ အာဂိုဂျေးလို့ခေါ်တဲ့ အမျိုးသမီးအထူးတပ်ဖွဲ့ရှိပြီး နန်နိစကာဆိုတဲ့ မိန်းမစစ်သူကြီးက ဦးဆောင်ပါတယ်။ ဒါဟိုမီရဲ့ရွာတွေကို အိုယိုအင်ပါယာနဲ့ မာဟီမျိုးနွယ်တွေပူးပေါင်းစီးနင်းပြီး ကျွန်တွေဖမ်းရောင်းနေတဲ့ကာလလည်းဖြစ်ပါတယ်။ အဲဒီကာလမှာပဲ အာဂိုဂျေးစစ်သည်ဖြစ်ဖို့ လေ့ကျင့်နေတဲ့ မိန်းကလေးတစ်စုအကြောင်းနဲ့ အာဂိုဂျေးတပ်ဖွဲ့ရဲ့ တိုက်ပွဲတွေအကြောင်းကို မြင်ရမှာပါ။
ဒီရုပ်ရှင်ထဲမှာ အာဂိုဂျေးတွေဟာ ကျွန်ကုန်ကူးဖို့ထက် အုန်းဆီတွေပဲအဓိက ထုတ်ရောင်းချင်တဲ့အကြောင်းပါဝင်တာလည်း ဖြစ်ရပ်မှန်ပါပဲ။ ဒါပေမဲ့ အဲဒီတုန်းက ကျင့်ဝတ်ကိုနားလည်ခဲ့လို့ ဟုတ်မဟုတ်တော့ မသေချာခဲ့ပါဘူး။ နောက်ပြီးတော့ ရုပ်ရှင်ထဲမှာ ချန်လှပ်ထားတဲ့ဖြစ်ရပ်မှန်တစ်ခုကတော့ ဒါဟိုမီတိုင်းပြည်ရဲ့ လူယဇ်ပူဇော်တဲ့ဓလေ့ပါပဲ။ ဘုရင်ဂယ်ဇို နတ်ရွာစံချိန်မှာတောင် လူပေါင်း ၈၀၀လောက်ကို ခေါင်းဖြတ် ယဇ်ပူဇော်ခဲ့ပါသေးတယ်။ အခုတော့ အက်ရှင်ကောင်းကောင်း ဇာတ်လမ်းကောင်းကောင်းတစ်ခုကိုပဲ ခံစားကြည့်လိုက်ပါဦး။
(ဒီဇာတ်ကားနဲ့အညွှန်းကိုMr. Andersonမှ ပြန်ဆို ရေးသားထားပါတယ်)...
Khuda Haafiz Chapter 2 Agni Pariksha (2022)
⭐IMDB: 7.5/10 (15 k Votes)
🎬 #Action #Bollywood #Crime #Drama #Romance #Thriller
🗓 2022 🎞 movie
📺 #720p #1080p #4K
💿 1.0 GB ⦿ 2.3 GB ⦿ 6.6 GB
🌎 #India
⏰ 2 နာရီ 19 မိနစ် 40 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Khuda Haafiz Chapter II: Agni Pariksha (2022)
=============================
ကွန်မန်ဒိုမင်းသားရဲ့ အက်ရှင်ကားလေးတစ်ကားထွက်လို့လာခဲ့ပြန်ပါပြီ…နံပါတ် ၁ ကတော့၂၀၂၀ လောက်က ထွက်ရှိထားပါတယ်…
နံပါတ် ၁ တုန်းကလည်း ကွန်မန်ဒိုမင်းသားရဲ့ အကြမ်းအရမ်းအက်ရှင်တွေကို တစ်ဝကြီး ကြည့်ခဲ့ရသလို နံပါတ် ၂ မှာလည်းအက်ရှင်ခန်းတွေကို ကောင်းကောင်းကြီးမြင်တွေ့ရဦးမှာပါ..
အိန္ဒိယနိုင်ငံမှာ ၁၅မိနစ်ခြားတစ်ခါ အမျိုးသမီးတစ်ယောက်အဓမ္မကျင့်စော်ကားခံနေရပါတယ်..နှစ်စဉ်နှစ်တိုင်းပြစ်မှုပေါင်း၇၂၀၀ကျော် ဖြစ်ပွားနေတယ်..
ဒီဇာတ်လမ်းလေးမှာလည်း စမီရ်နဲ့ နရ်ဂစ်တို့ဟာ ဒုက္ခအပေါင်းကိုကျော်လွှားပြီး ဘဝကိုအဆင်ပြေပြေနဲ့ အခြေချနေထိုင်ဖို့ ကြိုးစားနေကြတဲ့ဇနီးမောင်နှံတွေဖြစ်ပါတယ်…
နိုင်ငံရပ်ခြားမှာ ရောင်းစားခံရပြီး အကြိမ်ပေါင်းများစွာမုဒိန်းကျင့်ခံခဲ့ရတဲ့ နရ်ဂစ်အဖို့ ဒီစိတ်ဒဏ်ရာဟာ နေ့စဉ်နဲ့အမျှလူကို သတ်နေပါတယ်…
သူတို့လင်မယားနှစ်ယောက်ရဲ့ကြားမှာ ပေါင်းကူးတံတားလေးဖြစ်စေဖို့စမီရ်ဟာ နန်ဒီနီဆိုတဲ့ ၅နှစ်အရွယ် သမီးမိန်းကလေးတစ်ယောက်ကိုမွေးစားလိုက်တယ်
မိသားစုရိပ်မြုံလေးအစပျိုးလာပြီး သံယောဇဉ်တွေနဲ့ပျော်ရွှင်နေတဲ့အခိုက်အတန့်မှာ နန်ဒီနီလေး မတော်တဆပြန်ပေးဆွဲခံလိုက်ရပါတယ်..
ရုန်းရင်းဆန်ခတ်အဖြစ်အပျက်တွေကြားမှာ ဒီကလေးမလေးမဖြစ်သင့်တာတွေဖြစ်လာတဲ့အခါမှာတော့ ဖခင်ဖြစ်သူရဲ့သမီးအပေါ်ထားရှိတဲ့မေတ္တာနဲ့ ကလဲ့စားဟာ ဘယ်လောက်တောင်ကြမ်းတမ်းပေါက်ကွဲထွက်လာမလဲဆိုတာကိုတော့ ဒီဇာတ်ကားလေးမှာဆက်လက်ရှုစားပေးပါ…...
Karthikeya 2 (2022)
⭐IMDB: 8.0/10 (63 k Votes)
🎬 #Action #Adventure #Animation #Bollywood #Mystery #Thriller #Fantasy
🗓 2022 🎞 movie
📺 #720p #1080p
💿 1.1 GB ⦿ 2.4 GB
🌎 #India
⏰ 2 နာရီ 30 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Karthikeya 2 (2022)
ခုတစ်ခါထွက်ရှိလာတဲ့ အိန္ဒိယတောင်ပိုင်းတေလဂူကားလေးကတော့တကယ်ကို စိတ်ဝင်စားစရာကောင်းတဲ့ကားလေးပါပဲ…
မင်းသားချော နီခေလ်နဲ့ မင်းသမီးချောလေး အန်နူပမာတို့ခေါင်းဆောင်မင်းသား မင်းသမီးနေရာကနေ ပါဝင်သရုပ်ဆောင်ထားတယ်
ဒီဇာတ်ကားမှာ ကာသစ်က လက်တွေ့သိပ္ပံကလွဲရင် ကျန်တာတွေကိုအယုံအကြည်မရှိဘူးဆိုပေမယ့် လက်တွေ့ဆန်တာ ယုတ္တိရှိတာတွေကိုတော့ယုံလေ့ရှိသလို တစ်မူထူးခြားတဲ့လူတစ်ယောက်လည်း ဖြစ်တယ်…
သူဟာ ဆရာဝန်တစ်ယောက်ဖြစ်သလို စူးစမ်းလေ့လာရေးသမားတစ်ယောက်လည်းဖြစ်သေးတယ်…
ဘုရားအဆင်တန်ဆာတွေကို လိုချင်တပ်မက်နေကြတဲ့ သိုက်တူးသမားအဖွဲ့အစည်းတစ်ခုရှိတယ်…လောဘသားကောင်တွေဆိုပါတော့ကမ္ဘာမီးလောင်ရင် သားကောင်ချနင်းမယ့် လူစားမျိုးတွေ…
အဲ့ဒီအဖွဲ့အစည်းထဲက ပရော်ဖက်ဆာတစ်ယောက်ဟာတော့ဒီအဖြစ်ကို မလိုလားခဲ့ဘူး..ဒါကြောင့် အဆင်တန်ဆာတွေရဲ့တည်နေရာကို ခဲရာခဲဆစ်နဲ့ တစ်ယောက်တည်း သဲလွန်စတွေရှာဖွေဖေါ်ထုတ်ခဲ့တယ်…
နောက်ဆုံး ဒီသဲလွန်စတွေနဲ့ အဆင်တန်ဆာတွေကို ကာကွယ်ရမယ့်တာဝန်ကကာသစ်ဆီရောက်လာတော့..
ဗီဇအရ စူးစမ်းရှာဖွေလိုစိတ်အပြည့်ရှိတဲ့ ကာသစ်ဟာ ဒီသဲလွန်စတွေကိုဘယ်လိုရှာဖွေဖေါ်ထုတ်မလဲ…။
ဆန်းကြယ်မှုတွေပြည့်နှက်နေတဲ့ သူ့ခရီးကိုဘယ်လိုဖြတ်သန်းမလဲဆိုတာကတော့….။...
Karthikeya 2 (2022)
⭐IMDB: 8.0/10 (63 k Votes)
🎬 #Action #Adventure #Animation #Bollywood #Mystery #Thriller #Fantasy
🗓 2022 🎞 movie
📺 #720p #1080p
💿 1.0 GB ⦿ 2.2 GB
🌎 #India
⏰ 2 နာရီ 18 မိနစ် 30 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Karthikeya 2 (2022)
ခုတစ်ခါထွက်ရှိလာတဲ့ အိန္ဒိယတောင်ပိုင်းတေလဂူကားလေးကတော့တကယ်ကို စိတ်ဝင်စားစရာကောင်းတဲ့ကားလေးပါပဲ…
မင်းသားချော နီခေလ်နဲ့ မင်းသမီးချောလေး အန်နူပမာတို့ခေါင်းဆောင်မင်းသား မင်းသမီးနေရာကနေ ပါဝင်သရုပ်ဆောင်ထားတယ်
ဒီဇာတ်ကားမှာ ကာသစ်က လက်တွေ့သိပ္ပံကလွဲရင် ကျန်တာတွေကိုအယုံအကြည်မရှိဘူးဆိုပေမယ့် လက်တွေ့ဆန်တာ ယုတ္တိရှိတာတွေကိုတော့ယုံလေ့ရှိသလို တစ်မူထူးခြားတဲ့လူတစ်ယောက်လည်း ဖြစ်တယ်…
သူဟာ ဆရာဝန်တစ်ယောက်ဖြစ်သလို စူးစမ်းလေ့လာရေးသမားတစ်ယောက်လည်းဖြစ်သေးတယ်…
ဘုရားအဆင်တန်ဆာတွေကို လိုချင်တပ်မက်နေကြတဲ့ သိုက်တူးသမားအဖွဲ့အစည်းတစ်ခုရှိတယ်…လောဘသားကောင်တွေဆိုပါတော့ကမ္ဘာမီးလောင်ရင် သားကောင်ချနင်းမယ့် လူစားမျိုးတွေ…
အဲ့ဒီအဖွဲ့အစည်းထဲက ပရော်ဖက်ဆာတစ်ယောက်ဟာတော့ဒီအဖြစ်ကို မလိုလားခဲ့ဘူး..ဒါကြောင့် အဆင်တန်ဆာတွေရဲ့တည်နေရာကို ခဲရာခဲဆစ်နဲ့ တစ်ယောက်တည်း သဲလွန်စတွေရှာဖွေဖေါ်ထုတ်ခဲ့တယ်…
နောက်ဆုံး ဒီသဲလွန်စတွေနဲ့ အဆင်တန်ဆာတွေကို ကာကွယ်ရမယ့်တာဝန်ကကာသစ်ဆီရောက်လာတော့..
ဗီဇအရ စူးစမ်းရှာဖွေလိုစိတ်အပြည့်ရှိတဲ့ ကာသစ်ဟာ ဒီသဲလွန်စတွေကိုဘယ်လိုရှာဖွေဖေါ်ထုတ်မလဲ…။
ဆန်းကြယ်မှုတွေပြည့်နှက်နေတဲ့ သူ့ခရီးကိုဘယ်လိုဖြတ်သန်းမလဲဆိုတာကတော့….။...
Cuttputli (2022)
⭐IMDB: 5.8/10 (22 k Votes)
🎬 #Bollywood #Thriller #Crime #Mystery #Drama
🗓 2022 🎞 movie
📺 #720p #1080p #4K
💿 1011.1 MB ⦿ 1.9 GB ⦿ 4.5 GB
🌎 #India
⏰ 2 နာရီ 14 မိနစ် 59 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီဇာတ်ကားလေးဟာဆိုရင် ၂၀၁၈ တုန်းက လူကြိုက်များခဲ့တဲ့ ‘Ratsasan’ ဆိုတဲ့ ဇာတ်ကားကိုDisney+ Hotstar က ၂၀၂၂ မှာ ဆန်းသစ်တဲ့ ရိုက်ချက်တွေနဲ့ ပြန်လည်ရိုက်ကူးထားပြီးမင်းသားကြီးအာရှေးကူးမားပါဝင်သရုပ်ဆောင်ထားတဲ့သည်းထိတ်ရင်ဖို မှုခင်းဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။
အာဂျန်ဆိုတဲ့ ဘွဲ့ရပညာတတ်တစ်ယောက်ဟာ ကွင်းဆက်လူသတ်မားတွေရဲ့စိတ်ပညာကို စိတ်ဝင်စားသဖြင့် မှုခင်းစိတ်ပညာတွေကိုလဲလေ့လာခဲ့ပါတယ်။သူရဲ့ရည်ရွယ်ချက်ကတော့ ကောင်းမွန်တဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားကောင်းတစ်ကားကိုရိုက်ကူးချင်ခဲ့တာဖြစ်ပါတယ်။
မှုခင်းဖြစ်ရာ ဖြစ်စဉ်တွေကို သူ့ဘဝရဲ့ ခုနစ်နှစ်တိုင်ကြိုစားအားထုတ်လေ့လာပြီးရလာတဲ့ ဇာတ်ညွှန်းလေးဟာ ရိုက်ကူးခံရဖို့အတွက် သဘောကျနှစ်ခြိုက်တဲ့ ထုတ်ဝေသူမတွေ့ခဲ့ရပါဘူး။သူခုနစ်နှစ်တိုင်လေ့လာထားတဲ့ မှုခင်းပညာတွေ မှုခင်းနဲ့ဆိုင်တဲ့ ဗဟုသုတတွေကိုအလကားမဖြစ်သွားအောင် ရဲအဖြစ် တာဝန်ထမ်းဖို့အတွက် ရွေးချယ်ခဲ့ပါတော့တယ်။သူရဲထဲဝင်ပြီးမကြာခင်မှာမှာ ပေါက်ပေါက်လာတဲ့ ဆယ်ကျောက်သက်ကျောင်းသူအရွယ်လေးတွေ ပျောက်ဆုံးနေတဲ့ အမှုဟာ လူပျောက်မှုလေးကနေကွင်းဆက်လူသတ်မှုအထိ ကြီးမားလာတဲ့ အခါ အာဂျန်တစ်ယောက်သူ့ရဲ့ လက်တွေ့အသုံးမချရသေးတဲ့ မှုခင်းပညာတွေကို ဘယ်လိုအသုံးချမလဲ။အတွေ့အကြုံမရှိတဲ့ ရဲတစ်ယောက်ဖြစ်ပေမယ့် မှုခင်းပညာတွေကိုအပြင်မှာလေ့လာခဲ့တဲ့ အာဂျန်တစ်ယောက် အထက်ကလူတွေနဲ့ရောအဆင်ပြေနိုင်ပါ့မလား ဆိုတာတွေကို Cuttputlli ဆိုတဲ့ ဇာတ်ကားလေးမှာ ကြည့်ရှုခံစားလိုက်ပါ။...
Yenni Thuniga (2022)
⭐IMDB: 6.0/10 (804 Votes)
🎬 #Action #Bollywood #Thriller
🗓 2022 🎞 movie
📺 #720p #1080p #4K
💿 1.0 GB ⦿ 2.4 GB ⦿ 8.0 GB
🌎 #India
⏰ 2 နာရီ 24 မိနစ် 41 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Yenni Thuniga (2022)
ယခုမိတ်ဆက်ပေးမယ့် တမဲလ်ဇာတ်ကားလေးကတော့ ပုံမှန်စုံထောက်ကားတွေနဲ့ မတူဘဲ ရသတစ်မျိုးကို ပေးစွမ်းနိုင်မှာ အသေအချာပါပဲ။ဇာတ်လမ်းစစချင်းမှာ ရိုးရှင်းမယ်လို့ ထင်ရပေမယ့် မထင်မှတ်ထားတဲ့ အရှုပ်အထွေးတွေနဲ့အတူ ကြည့်ရှုသူတိုင်းကိုရင်တထိတ်ထိတ်နဲ့ ခံစားရစေမယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်း
ဇာတ်လမ်းအစမှာ ရွေးကောက်ပွဲဝင်ပြိုင်မယ့် အမတ်လောင်းရဲ့ ရတနာဆိုင်ကို ဓားပြဝင်တိုက်ခံလိုက်ရပါတယ်။ရွေးကောက်ပွဲနီးမှ သူ့ဒေသမှာ ရာဇဝတ်တွေဟာ မှိုလိုပေါက်လာတာမို့ အမတ်လောင်းလည်း ခေါင်းခြောက်ရတာပေါ့။အဲ့ဒီထက်ပိုဆိုးတာက့ ရွေးကောက်ပွဲကာလမှာ အသုံးပြုမယ့် ရူပီး ကုဋေ ၂၀၀၀ အထိ တန်ဖိုးရှိတဲ့စိန် ၁၀ လုံးပါအခိုးခံလိုက်ရတော့ အမတ်လောင်းတစ်ယောက် တစ်ပူပေါ် နှစ်ပူဆင့်ရပါတော့တယ်။ ကံကောင်းချင်တော့ဓားပြအဖွဲ့က ပြန်ပေးဆွဲသွားတဲ့ မိန်းကလေးက အသက်မသေခဲ့ပြန်ဘူး။ ဒါပေမဲ့ ကိုမာဝင်သွားတော့သတိပြန်ရဖို့အရေး နံပါတ်တစ်အနေနဲ့ လုပ်ရပြန်တယ်။ ဓားပြအဖွဲ့ကလည်း ပိရိလွန်းပြီး ခြေရာလက်ရာမကျန်တာမို့ ဦးရဲကြီးတို့လည်း ခေါင်းရှုပ်ရတာပေါ့ဗျာ။ ကိုမာဝင်သွားတဲ့ မိန်းကလေးရဲ့ အစ်ကဖြစ်သူကတော့ရေဆုံးမြေဆုံးလိုက်ပြီး ရှာဖွေတဲ့အခါမှာတော့…ဓားပြအဖွဲ့ကို မိသွားနိုင်မလား…?
ဒါ့အပြင် ဓားပြအဖွဲကို ပြည်ပစိန်မှောင်ခိုဂိုဏ်းက ခိုင်းစေခဲ့ပေမယ့်အဲ့ဒီထက် ရှုပ်ထွေးတဲ့ မထင်မှတ်ထားတဲ့သူတစ်ယောက် ရှိနေပြန်တယ်။သူကရော ဘယ်သူဖြစ်မလဲ…?လူငယ်ဓားပြအဖွဲ့ကလည်း မထင်မှတ်ထားဘဲ စိန်တွေအကုန်အံ့ဩစွာ ပျောက်ဆုံးသွားတဲ့အခါမှာတော့…...
Vikrant Rona (2022)
⭐IMDB: 7.0/10 (28 k Votes)
🎬 #Action #Adventure #Bollywood #Drama #Mystery #Thriller #Crime
🗓 2022 🎞 movie
📺 #720p #1080p #4K
💿 1.1 GB ⦿ 2.2 GB ⦿ 2.6 GB
🌎 #India
⏰ 2 နာရီ 21 မိနစ် 52 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
VR (Vikrant Rona) (2022)Action, Adventure, DramaIMDb 8.0/10 (19K)
အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ တောင်ပိုင်း ကန်နန်းဒါးဘက်က နာမည်ကြီးမင်းသားဆလ်မန်းခန်းရဲ့ Dabangg 3 ဇာတ်ကားထဲမှာ ဗီလိန်နေရာက သရုပ်ဆောင်သွားတဲ့မင်းသား ကစ်ချားဆူဒီပါးနဲ့ ဆက်ဆီကျကျမမလှလှဂျက်စီတို့ရဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်
ဒီဇာတ်ကားလေးက တော်တော်လေးတော့စိတ်ဝင်စားဖို့ကောင်းတယ်….ကာနတကမြို့နယ်အတွင်းက ကမာရုတူးဆိုတဲ့ရွာလေးကနေ ဇာတ်လမ်းကိုအစပြုထားတယ်….အဲ့ဒီရွာက တောအုပ်ကြီးအလယ်မှာ တည်ရှိနေတဲ့ရွာဖြစ်သလိုဖြစ်ရပ်ဆန်းကြယ်မှုတွေနဲ့ နတ်ဆိုးတွေသောင်းကျန်းနေတယ်လို့လည်း နာမည်ကြီးတယ်…
အဲ့ဒီရွာအတွင်းမှာရှိတဲ့ ဘိုးဘွားပိုင်အိမ်မှာ မိသားစုတစ်စုမင်္ဂလာပွဲလာကျင်းပကြပါတယ် အထမမြောက်နိုင်ခဲ့ဘဲ အိမ်ထဲမှာအရာရှိတစ်ယောက်ရဲ့ခေါင်းပြတ်နေတဲ့အလောင်းကိုတွေ့ရှိခဲ့ပါတယ်
ကလေးသူငယ်တွေဟာလည်း အသတ်ခံနေနေရပါတယ်…..ဆိုတော့ ဒီရွာက တကယ်ပဲ့ ကျိန်စာသင့်နေတာလား….နတ်ဆိုးတွေ သောင်းကျန်းနေတာလား….အဖြစ်မှန်က ဘာများလဲ…..။...
Battery (2022)
⭐IMDB: 5.0/10 (331 Votes)
🎬 #Bollywood #Drama #Crime #Thriller
🗓 2022 🎞 movie
📺 #720p #1080p #4K
💿 955.1 MB ⦿ 1.8 GB ⦿ 5.0 GB
🌎 #India
⏰ 2 နာရီ 45 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Battery (2022)
ဒီတစ်ခါတော့ တမီးလ်ရုပ်ရှင်လေးဖြစ်တဲ့ Batteryဆိုတဲ့ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ
ဇာတ်လမ်းရဲ့အစမှာတော့ရဲအရာရှိပူဂေ့ (Senguttuvan) က ချန်နိုင်းရဲစခန်းမှာ မီးလောင်ထားတဲ့လူသေလောင်းရှာတွေ့တဲ့အမှုနဲ့ပတ်သတ်ပြီး တွဲဖက်အင်စပက်တာအဖြစ်နဲ့ရောက်လာခဲ့ပါတယ်ရာထူးမြင့်တဲ့ ရက်သနန်(Jaypee)ကတော့ ပူဂေ့ရဲ့ပူးပေါင်းမှုကို အစမှာမနှစ်မြိုပေမယ့်အမှုကိုကိုင်တွယ်ရာမှာ ပူဂေ့ရဲ့ထက်မြက်မှုကိုအသိအမှတ်ပြုလာပါတယ်
နှလုံးခုန်စက်တပ်ထားတဲ့လူနာတစ်ယောက်ကိုစစ်ဆေးမေးမြန်းရာမှလွတ်သွားတဲ့အခါလိုက်ဖမ်းရင်း နှလုံးခုန်စက်တပ်ထားတဲ့သူတစ်ယောက်ကိုရှာနေတဲ့အဘီရာမီလိုခေါ်တဲ့မိန်းကလေးတစ်ယောက်ကနဲ့ဆုံမိကြပါတယ်ဒီနှလုံးခုန်စက်က ဒီဇာတ်လမ်း ဒီအမှုမှာ ဘယ်လိုတွေဖြစ်လာမလဲ…မတူတဲ့နည်းလမ်းတွေနဲ့မျက်နှာဖုံးစွပ်ပြီးလိုက်သတ်နေတဲ့ လူသတ်သမားကရော ဘယ်သူဖြစ်မလဲ..သူဘာကြောင့် ဒီလိုလိုက်သတ်နေရတာလဲသူ့ကိုဖမ်းမိမလား မဖမ်းမိဘူးလားဆိုတာကိုဒီBatteryဆိုတဲ့ဇာတ်ကားလေးမှာ မြင်တွေ့ရမှာဖြစ်ပါတယ်...
Jothi (2022)
⭐IMDB: 6.1/10 (237 Votes)
🎬 #Bollywood #Drama
🗓 2022 🎞 movie
📺 #720p #1080p #4K
💿 854.3 MB ⦿ 1.7 GB ⦿ 5.6 GB
🌎 #India
⏰ 1 နာရီ 53 မိနစ် 50 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb 9.1/10 ရထားတဲ့တမီးလ်ကားကောင်း Thriller ကားသစ် လေးလာပါပြီကမ္ဘာတစ်ဝှမ်းမှာ ကလေးပျောက် ကလေးလူကုန်ကူးခံရမှုတွေ များလာခြင်းမှာဂျိုသီတိုမြိုလေးလည်း ခြွင်းချက်မရှိခဲ့ပါဘူးကိုယ်ဝန်အရင့်အမာကြီးနဲ့ ဂျိုသီက သူမွေးဖွားလာမယ့်ကလေးလေး မတော်တဆ ပြန်ပေးဆွဲခံရရင်ဘယ်လိုလုပ်မလဲလို တွေးပူနေတဲ့မိခင်တစ်ယောက်ဖြစ်နေရာကနေသူယောကျ်ားဆရာဝန်ဖြစ်သူ အဝေးကိုအလုပ်ကိစ္စနဲ့သွားရချိန် တစ်ယောက်တည်းရှိနေတဲ့အချိန်မှာသူစိတ်ပူခဲ့တဲ့အတိုင်းထက်အလွန်မွေးတောင်မမွေးရသေးတဲ့ကလေးကိုအတင်းအကြပ် ဗိုက်ဖွင့်ပြီး ထုတ်ယူပြန်ပေးဆွဲတာကိုခံလိုက်ရပါတယ်
ညကြီးမိုးချုပ် မိုးကာဝတ်ပြီး ပညာသည်တစ်ယောက်ရဲ့ လက်ရာအတိုင်း သေသပ်စွာ ဗိုက်ခွဲထုတ်ယူကလေးမွေးပြီး လျှိဝှက်စွာလာရောက် ပြန်ပေးဆွဲသွားတဲ့ တရားခံက ဘယ်သူလဲဆိုတာကိုမြိုနယ်ရဲမှူး ရှက်သီနဲ့အဖွဲ အပြင်းအထန်ထုတ်ဖော်ကြရတော့တယ်စစ်ဆေးချက်တွေ သက်သေတွေ မှတ်တမ်းတွေအရတရားခံဖြစ်နိုင်တဲ့ သံသယရှိသူတွေကို လိုက်ရှာရင်းသံသယရှိသူအရေအတွက်များလာတဲ့အခါရဲမှူးရှက်သီရဲ့ မာနကို ထိခိုက်လာသလိုဖြစ်လာတယ်
တရားခံသံသယရှိသူတွေရော ဘယ်နှယောက်တိုးလာပြီးတရားခံအစစ်ကဘယ်သူလဲရဲမှူးဖြစ်သူရဲ့ မာနထိခိုက်ခံရမှုကို ရဲမှူးကတရားခံကို ဖမ်းပြပြီး အစွမ်းပြနိုင်မှာလား စတာတွေကိုအတော်လေး စိတ်ဝင်စားဖွယ် ကြည့်ရမှာပါRun time လည်း သိပ်မကြာတဲ့အပြင် လူအင်အားများများနဲ့ခပ်သွက်သွက်လေး ရိုက်ကူးတင်ဆက်ထားတာမို ကြည့်ရတာ တော်တော်မြိုင်ပါတယ်တချိုအပိုင်းလေးတွေတော့ သွေးထွက်သံယိုလေးတွေရှိလိုသက်ဆိုင်သူများ သတိထားကြည့်ရင် အဆင်ပြေပါလိမ့်မယ်...
Shamshera (2022)
⭐IMDB: 4.8/10 (57 k Votes)
🎬 #Action #Adventure #Bollywood #Drama
🗓 2022 🎞 movie
📺 #720p #1080p #4K
💿 2.0 GB ⦿ 3.1 GB ⦿ 10.0 GB
🌎 #India
⏰ 2 နာရီ 39 မိနစ် 58 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Shamshera (2022)Action, Adventure, DramaIMDb 7.5/10 (48K)
နောက်ဆုံးကား Sanju (2018) နဲ့ငြိမ်နေပြီး ကိုဗစ်ကာလကတည်းကဘာကားမှမထွက်ထားတဲ့ မင်းသားချောလေး ရန်ဘီးကပူးရဲ့Shamshera ဆိုတဲ့ ဇာတ်ကားသစ်လေး ထွက်လို့လာပြန်ပါပြီနော်..
ဇာတ်ကားကတော့ ဗြိတိသျှခေတ် ကိုလိုနီတွေ အိန္ဒိယနိုင်ငံကိုသိမ်းပိုက်ထားစဉ်ကာလကို အခြေပြုထားတယ်
အဲ့ဒီတုန်းက တောအုပ်ကြီးထဲမှာ မင်းလုပ်ကျက်စားနေကြတဲ့ဓါးပြအဖွဲ့တစ်ဖွဲ့ရှိတယ်..သူတို့အဖွဲ့ခေါင်းဆောင်ကိုရှမ်ရှေရားလို့ခေါ်တယ်…
အဲ့ဒီခေတ်အခါက အထက်အရာရှိတွေကို ကပ်ဖားလျက်ဖားလုပ်နေကြတဲ့အထက်တန်းလွှာတွေက ဇာတ်နိမ့်တွေကို တအားနှိမ်တဲ့ခေတ်ဆိုပါတော့…ရှမ်ရှေရားတို့အဖွဲ့ဟာ အဲ့ဒီအထက်တန်းလွှာတွေဆီကနေ လုယက်ပြီးမရှိဆင်းရဲသားတွေကို ပြန်လှူတယ်…
ဓါးပြတော့ တိုက်တယ်ဒါပေမဲ့ ဓမ္မတော့ရှိတယ်လို့ ပြောရမှာပေါ့…
ဒီလိုနဲ့ရှမ်ရှေးရှားတို့အဖွဲ့ဗြိတိသျှအစိုးရနဲ့အပေးအယူလုပ်ပြီးလွတ်လပ်ရေးကို အရယူနိုင်မယ့်အချိန်မှာတော့…………..
ဒီဇာတ်ကားမှာ ညှင်းပန်းနှိပ်စက်ခံလူတစ်စုက အင်အားကြီးမားလွန်းတဲ့အင်ပါယာကြီးတစ်ခုလုံးကို တွန်းလှန်ပုံနဲ့ ခေါင်းဆောင်ကောင်းတို့ရဲ့မြင့်မြတ်တဲ့စိတ်ထားကို မြင်တွေ့ရမှာဖြစ်လို့ ကြည့်ရကျိုးနပ်မယ့်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်လို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်…...
Poltergeist (2015)
⭐IMDB: 4.9/10 (60 k Votes)
🎬 #Horror #Thriller
🗓 2015 🎞 movie
📺 #720p #1080p #4K
💿 623.8 MB ⦿ 1.1 GB ⦿ 2.8 GB
🌎 #UnitedStates #Canada #UnitedStatesofAmerica
⏰ 1 နာရီ 40 မိနစ် 52 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတစ်ခါမှာတော့ CM Fan တွေ အတွက်
ကြောက်စရာကောင်းတဲ့သရဲကား
တစ်ကား ကို တင်ဆက်ပေးလိုက်ပါတယ်
1982 တုန်းက အောင်မြင်ခဲ့တဲ့ Poltergeist ဆိုတဲ့
ရုပ်ရှင်ကားကို Remake ပြန်ရိုက်ထားတာ ဖြစ်ပါတယ်
အဲရစ် နဲ့ အေမီ တို့ မိသားစု တစ်စုဟာ ဈေးသက်သာတဲ့ အိမ်ကိုရှာရင်း
မထင်ထားလောက်အောင် တန်တဲ့ အိမ်ကြီး တစ်အိမ်ကို
ရရှိခဲ့ပါတယ် လောလောလတ်လတ် အလုပ်ပြုတ်ထားတဲ့
အဲရစ် အတွက်တော့ ဒီနေရာလေးကနေ ဘဝသစ်တစ်ခု
ပြန်စမယ် စိတ်ကူးထားတာပါ
ဒါပေမဲ့ တစ်နေ့ထက် တစ်နေ့ အဲ့ဒီအိမ်ကြီးဟာ
ထူးဆန်းစွာ အသံတွေ ပေးတာ ပစ္စည်းတွေ ရွေ့လျားတာမျိုးတွေ
ဆက်တိုက်ဖြစ်လာပြီး မိသားစုကို ပါ ဒုက္ခပေးဖို့ ကြံရွယ်လာခဲ့သော
အခါမှာတော့…....
Gargi (2022)
⭐IMDB: 8.1/10 (6 k Votes)
🎬 #Bollywood #Drama #Thriller
🗓 2022 🎞 movie
📺 #720p #1080p #4K
💿 800.2 MB ⦿ 1.6 GB ⦿ 4.7 GB
🌎 #India
⏰ 2 နာရီ 17 မိနစ် 35 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Drama, Thriller, MysteryIMDb – 8.4 / 10
“ခွန်အားနည်းတဲ့ မိန်းမသားတွေရဲ့ဖြစ်တည်မှုဟာခွန်အားကြီးတဲ့ ယောက်ျားသားတွေရဲ့ ရှက်ဖွယ်ဖြစ်တဲ့ တဏှာရာဂလောဘစိတ်တွေထွက်ပေါ်လာဖို့ လက်ယပ်ခေါ်နေတာမဟုတ်…မလုံ့တလုံဝတ်လို့ စော်ကားခံရတယ်ဆိုရင်လုံခြုံပြီး အပြစ်ကင်းတဲ့ ကလေးငယ်လေးတွေကိုရော ဘာကြောင့် လုပ်ရက်ကြတာလဲ…?”
ဟုတ်ကဲ့..ဒီနေ့မှာတော့ အားလုံးရဲ့အချစ်တော်သဘာဝအလှနဲ့ မင်းသမီးလေး စိုင်းပလာဗီရဲ့ဇာတ်ကားကောင်းတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်
ဒီကားထဲမှာတော့ သူဟာ သာမန်မိသားစုတစ်ခုက သမီးကြီးတစ်ယောက်ဖြစ်ပြီးကျောင်းဆရာမတစ်ယောက်ဖြစ်ပါတယ်
ဒီလိုနဲ့ နေထိုင်လာခဲ့ရင်း လုံခြုံမှုမရှိတဲ့သူတို့မြို့ထဲ အုပ်စုဖွဲ့ သက်ငယ်မုဒိန်းမှုတစ်ခုပေါ်ပေါက်လာခဲ့ပါတော့တယ်
ထူးဆန်းတာက အဲဒီမုဒိန်းကျင့်မှုမှာ သူ့အဖေဟာငါးယောက်မြောက်တရားခံ ဖြစ်လို့နေပါတယ်
အဲဒီလိုနဲ့ သူတို့တွေ အမှုရင်ဆိုင်ဖို့ဖြစ်လာတဲ့အခါမှာတော့….
သူ့အဖေဖြစ်သူဟာ အပြစ်မရှိဘဲယိုးစွပ်ခံရတာလားဒါမှမဟုတ် တကယ့်တရားခံအစစ်ပဲလားဆိုတာမေးခွန်းပေါင်းများစွာနဲ့အပြင်
အမှုဖော်ထုတ်မှုတွေကိုလည်း သိချင်စိတ်ပြင်းပြစွာကြည့်ရှုရမှာဖြစ်လို့စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်ကားလေးတစ်ကား ဖြစ်ကြောင်းအခုလိုပဲ အညွှန်းရေးသားလိုက်ရပါတယ်...
Cadaver (2022)
⭐IMDB: 6.5/10 (3 k Votes)
🎬 #Bollywood #Crime #Drama #Mystery #Thriller
🗓 2022 🎞 movie
📺 #720p #1080p #4K
💿 1023.5 MB ⦿ 2.0 GB ⦿ 7.6 GB
🌎 #India
⏰ 2 နာရီ
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Cadaver (2022)
ဘယ်သူက တရားခံလဲ…ဘယ်သူက နစ်နာသူလဲ…တရားမှုကို ဘယ်လိုရှာဖွေကြမလဲ…
ထောင်ထဲမှာ တစ်သက်တစ်ကျွန်းပြစ်ဒဏ်နဲ့ အကျဥ်းကျနေပေမယ့်လည်းသူ့ဘဝကိုဖျက်ဆီးခဲ့သူတွေကို လက်တုံ့ပြန်သတ်ဖြတ်ဖို့ စိုင်းပြင်းနေတဲ့ ဗတ်ထရီ…တစ်ချိန်တည်းမှာပဲ ဗတ်ထရီရဲ့ အကျဥ်းခန်းနံရံမှာ ပုံဆွဲထားတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့နာမည်ကျော်လူချမ်းသာဆရာဝန်တစ်ယောက် သတ်ဖြတ်ခံရတဲ့အခါ…
သူမရဲ့ အမှုလိုက်နိုင်စွမ်းကြောင့် ဒီလူသတ်မှုစုံစမ်းရာမှာပါဝင်လာတဲ့ ရဲဆာဂျင်ဘတ်ဒရာနဲ့ ရဲအရာရှိဗီရှယ်တို့ဗတ်ထရီကို မေးမြန်းစစ်ဆေးရင်း ဘယ်လိုရှုပ်ထွေးတဲ့နောက်ကြောင်းတွေ ပေါ်ထွက်လာဦးမလဲ…ဗတ်ထရီက တကယ့်လူသတ်တရားခံလား၊ ဒါဆိုရင် အကျဥ်းခန်းထဲကနေသူဘယ်လိုသတ်လိုက်တာလဲ၊ သူ့ကို ဘယ်သူက ကူညီနေတာလဲ၊ဘယ်သူတွေ ထပ်ပြီးအသတ်ခံရဦးမှာလဲ၊ ဘာကြောင့်လဲ…စတဲ့မေးခွန်းပေါင်းများစွာ၊ အလှည့်အပြောင်းများစွာ၊ ရင်နင့်ခံပြင်းစရာအဖြစ်အပျက်များစွာနဲ့ စိတ်ဝင်တစားကြည့်ရှုရမယ့် မှုခင်းဒရာမာဇာတ်ကားလေးဖြစ်ပါတယ်…...
The Warriorr (2022)
⭐IMDB: 4.8/10 (2 k Votes)
🎬 #Action #Bollywood #Crime #Drama
🗓 2022 🎞 movie
📺 #720p #1080p #4K
💿 1.6 GB ⦿ 3.6 GB ⦿ 11.4 GB
🌎 #India
⏰ 2 နာရီ 35 မိနစ် 48 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတစ်ခေါက်မှာတော့ Modern Love Hyderabad ထဲက မင်းသားအက်ဒ်ဟီနဲ့ Uppenaမင်းသမီးချော ကာရီသီ တို့ပါဝင်သရုပ်ဆောင်ထားတဲ့အက်ရှင် ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်IMDB မှာ 5.4 ရထားတဲ့ Action, Crime, Thriller အမျိုးအစားမို့အက်ရှင်ကြိုက်တဲ့သူတွေအကြိုက်တွေ့မှာပါ။
ဇာတ်လမ်းအကျဉ်းရိုးရိုးသားသားနဲ့ကြိုးစားပြီးဖခင်ရဲ့ဆန္ဒပြည့်ဖို့ မိခင်ရဲ့လမ်းညွှန်မှုနဲ့ဆေးပညာဘွဲ့ရအောင်ယူပြီး ကူအာနိုးဆေးရုံမှာ အလုပ်သင်ဆင်းဖို့ဟိုင်ဒရာဘတ်က ကူအာနိုးကို ပြောင်းလာတဲ့ ဆရာဝန်လေးFM တစ်ခုမှာအလုပ်လုပ်ပြီး မဟာလက်ရှ်မီးရဲ့ဝီစီသံလို့အမည်တွင်အောင် သူကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေကိုဇာတ်လမ်းဆင်ပြီးထုတ်လွှင့်နေတဲ့ မိတဆိုးသမီးလေးတစ်ယောက်တို့တိုက်ခန်းတစ်ခုမှာ ဆုံကြတဲ့နောက်…..
ဆရာဝန်ဟူသည် ရန်သူပင်ဖြစ်လင့်ကစားကုပေးရမယ်ဆိုတဲ့ထုံးကို နှလုံးမူပြီး ကုသမှုပေးတဲ့ဆရာဝန်လေးနဲ့ ကူအာနိုးမြို့ရဲ့အဓိကရ ဂုရုဆိုတဲ့ လူတစ်ယောက်နဲ့ ဆုံကြတဲ့အခါဘယ်လိုအပြောင်းအလဲတွေနဲ့ ဇာတ်လမ်းဆက်မလဲဆိုတာတော့ ရုပ်ရှင်ထဲမှာပဲလိုက်ပါစီးမျောခံစားလိုက်ပါ။ အက်ရှင်ကြမ်းကြမ်း သတ်ဖြတ်ခန်းတွေနဲ့စိတ်လှုပ်ရှားစရာ ဇာတ်ကွက်တွေကို မိုးအေးအေးနဲ့ စီးမျောနိင်ကြပါစေဗျာ။...
Om - The Battle Within (2022)
⭐IMDB: 2.8/10 (2 k Votes)
🎬 #Action #Bollywood #Thriller
🗓 2022 🎞 movie
📺 #720p #1080p #4K
💿 964.0 MB ⦿ 1.9 GB ⦿ 5.7 GB
🌎 #Italy #India
⏰ 2 နာရီ 8 မိနစ် 24 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Rashtra Kavach Om (2022)
ခုတစ်ခါထွက်ရှိလာတဲ့ ကားလေးကတော့ မင်းသားချောအာဒစ်သယားရွိုင်းကပူး (Malang မင်းသား) ရဲ့ အက်ရှင်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်
ကမ္ဘာ့နိုင်ငံကြီးတွေမှာ နျူးကလီးယားလက်နက်တွေ တီထွင်နေကြတယ်ဖွံ့ဖြိုးတိုးတက်နေကြတယ် ဒါပေမဲ့ နျူးကလီးယားလက်နက်ကိုခုခံနိုင်မယ့်လက်နက်တစ်ခု မရှိဘူးဖြစ်နေတယ်..
အိန္ဒိယနိုင်ငံက ဒီလက်နက်ကို တီထွင်တယ်ဆိုပါတော့…
နျူးကလီးယားလက်နက်ကို ခုခံနိုင်တဲ့ လက်နက်တစ်ခုကိုအောင်မြင်စွာ တီထွင်လို့အပြီးမှာ တီထွင်သူဟာ နိုင်ငံတော်ကိုသစ္စာဖောက်သွားခဲ့ပါတယ်…
အဲ့ဒီသစ္စာဖောက်ကို တပ်ဖွဲ့တစ်ခုဖွဲ့စည်းပြီး လိုက်လံဖမ်းဆီးဖို့နိုင်ငံတော်က တာဝန်ပေးလိုက်တယ်..
ဒီကိစ္စဟာ ထင်သလိုမရိုးရှင်းလာဘဲ လှည့်ကွက်လေးတွေပါနေတဲ့အခါဇာတ်ကွက်တစ်ခုချင်းစီကို ဘယ်လိုဖေါ်ထုတ်မလဲဆိုတာကိုစိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ်...
Jurassic World Dominion (2022)
⭐IMDB: 5.6/10 (187 k Votes)
🎬 #Action #Adventure #SciFi #ScienceFiction #Thriller
🗓 2022 🎞 movie
📺 #480p #1080p #720p #4K
💿 347.9 MB ⦿ 2.8 GB ⦿ 1.3 GB ⦿ 8.7 GB
🌎 #UnitedStates #China #Malta #UnitedStatesofAmerica
⏰ 2 နာရီ 27 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Jurassic World Dominion (2022)
ဂျူရက်ဆစ်ကမ္ဘာရဲ့ တတိယရုပ်ရှင်ကြီးထွက်လာပါပြီ။ပထမရုပ်ရှင်မှာ ဂျူရက်ဆစ်ပန်းခြံပျက်စီးသွားခဲ့ပြီး၊ဒုတိယကားမှာ ဒိုင်နိုဆောတွေအားလုံး ကမ္ဘာကြီးထဲကို ပျံ့နှံ့လာတာကို တွေ့ရမှာပါ။
ဒီတတိယကားမှာတော့ ဒိုင်နိုဆောတွေနဲ့ ဒီအန်အေတူတဲ့ ဧရာမကျိုင်းကောင်ကြီးတွေ ပေါ်လာပြီးကမ္ဘာပေါ်က လယ်ကွင်းတွေကို လိုက်ဖျက်ဆီးနေတဲ့ပြဿနာကနေစတင်လာပါတယ်။အိုဝင် နဲ့ ကလယ်ရာတို့အတွဲကလည်း ချားလော့ကလုန်း ကောင်မလေးဖြစ်တဲ့ မေစီကို ကယ်လာပြီးလူတွေနဲ့ဝေးရာမှာ ဖွက်ထားခဲ့ပါတယ်။
အဲဒီမှာပဲ ကျိုင်းကောင်တွေကို မျိုးဗီဇပြောင်းတဲ့တရားခံကိုရှာနေတဲ့ သိပ္ပံပညာရှင် သူငယ်ချင်းနှစ်ယောက်ရယ်၊ မေစီကိုဖမ်းသွားတဲ့အပြင်ရပ်ပ်တာမကြီး ဘလူးရဲ့ ကလေးကိုပါ ဖမ်းသွားတဲ့လူတွေနောက်ကို ကယ်ဖို့လိုက်လာတဲ့ အိုဝင်တို့စုံတွဲရယ်ပူးပေါင်းပြီးစွန့်စားခန်းတွေ ဖွင့်ကြရပါတော့တယ်…
ရရချင်း တင်ပေးထားရတာမို့ Korea Hardsub ပါတာကိုတော့အနည်းငယ် သည်းခံပြီး ကြည့်ရှုပေးကြပါဦး
အညွှန်း နဲ့ ဘာသာပြန်ကတော့Mr.Andersonပဲ ဖြစ်ပါတယ်။...
