ဇာတ်ညွှန်းများ • FDMN
Закритий канал
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
The Haunted Graduation Photo (2017) ⭐TMDB: 30% User Score 🎬 #Horror 🗓 2017 🎞 movie 🌎 #China ⏰ 1 နာရီ 25 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကိုယ့်ရဲ့ ပျော်စရာအပန်းဖြေခရီးဟာ နောက်ဆုံးခရီးဖြစ်သွားမယ်ဆိုရင်……ကိုယ်ချစ်ခဲ့ရတဲ့လူက ကိုယ်မရှိတော့တဲ့နောက်ပိုင်း သူများအပေါ် မေတ္တာတွေ ပိုနေရင်…… တက္ကသိုလ်တတိယနှစ် ကျောင်းသားတစ်ဖွဲ့ဟာ အပန်းဖြေစခန်းတစ်ခုကိုခရီးထွက်ချိန်မှာ ကျောင်းသူလေး ရီဖြောင်းဖြောင်းဟာ ခြေချော်ပြီးချောက်ကမ်းပါးပေါ်က ပြုတ်ကျခဲ့ပြီး သေဆုံးသွားခဲ့ပါတယ်။ချစ်ရသူ ဖြောင်းဖြောင်းကို မေ့မရတဲ့ စူးလျန့်ဟာတစ်နှစ်ကြာတဲ့အထိ အိပ်မက်ဆိုးတွေက နိုးထလာရပါတယ်…… တစ်နေ့မှာ မိန်းကလေးနဲ့ ယောကျာ်းလေးအဆောင်တွေမှာ ဖြောင်းဖြောင်းကသေဆုံးခြင်းနှစ်ပတ်လည်နေ့ကို သူသေခဲ့တဲ့ နေရာမှာ သူငယ်ချင်းတွေနဲ့ပြန်ဆုံချင်ကြောင်းရေးထားတာ တွေ့ရပါတယ်။ အားလုံးကကြောက်နေကြပေမဲ့ သူငယ်ချင်းရဲ့ တောင်းဆိုမှုဆိုတော့ လိုက်လျောကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်…… အပန်းဖြေခရီးမှာ ဘယ်လို ထိတ်လန့်တုန်လှုပ်စရာတွေနဲ့ ကြုံတွေ့ရမလဲ……ထိတ်လန့်စရာတွေရဲ့ နောက်ကွယ်မှာရော ဘယ်သူက ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့ ကြိုးကိုင်ထားမလဲ……သေဆုံးခြင်းရဲ့ ခြေလှမ်းတွေ နီးကပ်လာချိန်မှာ လမ်းဆုံးကိုရောက်နေတဲ့အားလုံးက ဘယ်လို ရွေးချယ်မှုတွေ လုပ်ကြမလဲ……ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။...
Invisible Alien (2021) ⭐IMDB: 4.3/10 (84 Votes) 🎬 #SciFi #Thriller #ScienceFiction #Mystery 🗓 2021 🎞 movie 🌎 #China ⏰ 1 နာရီ 4 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါတော့ CMကနေ သိပ္ပံဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးသွားမှာပါဇာတ်ကြောင်းလေးကတော့…လူသားတွေဟာ Messenger လို့အမည်ရှိတဲ့ ဂြိုလ်တုကနေ အချက်ပြချက်ရရှိခဲ့ပြီးအဲ့ဒီဂြိုလ်တုမှာ ဉာဏ်ရည်မြင့်သက်ရှိတွေ ရှိနေနိုင်တယ်လို့ ကောက်ချက်ချခဲ့ပါတယ် ဒါကြောင့် အနက်ရှိုင်းဆုံးအာကာသယာဉ်ဟာ Messenger ဆီသို့ သုသေသနလုပ်ဖို့ရွက်လွင့်သွားခဲ့ပါတော့တယ် အနက်ရှိုင်းဆုံးအာကာသယာဉ်က Messengerဂြိုလ်တုအတွက် ၇၁နှစ်ကြာရွက်လွင့်ပြီး ကမ္ဘာမြေသို့ ပြန်ရောက်ချိန်မှာတော့ဝန်ထမ်းပေါင်း ၉၃ယောက်ထဲမှ ယင်ဆိုတဲ့အမျိုးသမီးတစ်ယောက်ပဲ ပြန်ပါလာခဲ့ပါတယ် အဲ့ဒီအချိန်မှာ…ယင်က လူသားတွေကို သူတို့ယာဉ်ပေါ်မှာ ဘာတွေဖြစ်ခဲ့ပြီးဘယ်လိုသက်ရှိမျိုးတွေနဲ့ ကြုံခဲ့ရတဲ့တာကြောင့် သူတစ်ယောက်တည်းကမ္ဘာမြေကို ပြန်ရောက်လာတာလည်းဆိုတာ တဆင့်ချင်းစီပြန်လည်ရှင်းပြပေးသွားမှာမို့လို့ ဇာတ်လမ်းလေးကို စိတ်ဝင်စားဖွယ် ကြည့်ရှုကြရမှာပါ...
Detective K: Secret of the Living Dead (2018) ⭐IMDB: 6.1/10 (613 Votes) 🎬 #Comedy #Historical #Mystery #Supernatural #Crime #Action 🗓 2018 🎞 movie 🌎 #SouthKorea ⏰ 2 နာရီ 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Detective K: Secret of the Living Dead (2018) ******************************************* Detective K ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ Secret of the Living Dead ကတော့ ကိုရီးယားနန်းတွင်း မကောင်းဆိုးဝါး ဟာသကားတွေကို ကြိုက်တဲ့သူတွေအတွက် ကွက်တိဖြစ်စေသလို Kim Myung Min, Oh Dal Soo, Kim Ji Won နဲ့ Lee Min Ki တို့က အဓိကအနေနဲ့ ပါဝင်ထားလို့ cast တွေကလည်း ပြောစရာမလိုအောင်ကို ရှယ်တွေကြီးပဲနော်။ -ဇာတ်လမ်းအကျဥ်း- အလွတ်စုံထောက်တစ်ယောက်ဖြစ်တဲ့ ဂင်မင်း က မကောင်းဆိုးဝါးလောကကြီးကို ယုံကြည်ပြီး ဂျိုဆွန်းတိုင်းပြည်မှာ သွေးစုပ်ဖုတ်ကောင်ရှိနေတယ်လို့ ယုံကြည်ကာ အချက်အလက်တွေကို လိုက်ရှာနေတဲ့သူဖြစ်တယ်။ တစ်ရက်မှာတော့ ဂန်ဟွာကျွန်းက မီးလောင်ပြီးသေသွားတဲ့ အလောင်းတွေရဲ့ ကွင်းဆက်လူသတ်မှုကို စုံစမ်းပေးဖို့အတွက် သူ့ဆီကို အမှုအပ်လာခဲ့တာကြောင့် ဂန်ဟွာကျွန်းကို သွားခဲ့တဲ့အခါမှာ အရမ်းလှပပြီး အားအရမ်းသန်ပြီး ထူးဆန်းတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ဆုံခဲ့ကြတယ်။ ဂင်မင်းကတော့ အဲဒီအမျိုးသမီးဟာ ဒီအမှုနဲ့ဆက်စပ်မှုရှိနေတယ်လို့ ထင်နေခဲ့ပေမဲ့ အဲဒီအမျိုးသမီးကတော့ ကိုယ့်နာမည်ကိုတောင် မသိတော့တဲ့ မှတ်ဉာဏ်ပျောက်ဆုံးနေတဲ့ သူတစ်ဦး ဖြစ်နေခဲ့တယ်။ ဒါပေမဲ့ လူသတ်မှုရဲ့နောက်ကွယ်က လူကိုဖမ်းဆီးဖို့ရာအတွက် ထိုအမျိုးသမီးရဲ့ အင်အားနဲ့တိုက်ခိုက်စွမ်းရည်ကို ဂင်မင်းက လိုအပ်နေခဲ့တာကြောင့် နှစ်ယောက်သား သဘောတူညီမှုနဲ့ အမှုကိုအတူတူစုံစမ်းဖို့ရာ ဖြစ်လာခဲ့တဲ့ အခါမှာတော့..။ လူသတ်မှုရဲ့နောက်ကွယ်မှာ ဘယ်သူရှိနေမလဲ..။ အထောက်တော်ကြီးနဲ့ အမျိုးသမီးတို့ကရော ဘယ်လိုပူးပေါင်းပြီး နောက်ကွယ်ကလူကို ဖော်ထုတ်ဖမ်းဆီးသွားကြမှာလဲ… မင်းသမီးရဲ့ မေ့ပျောက်နေတဲ့ မှတ်ဉာဏ်တွေကရော ဘယ်လိုတွေဖြစ်နေမလဲဆိုတာကိုတော့ Detective K (2018) ဇာတ်ကားလေးထဲမှာပဲ ကြည့်ရှုပေးပါဦးနော်။ (ဇာတ်လမ်းအကျဉ်းကို Vanessa မှ ရေးသားပေးထားပါတယ်။)...
Valkyrie (2008) ⭐TMDB: 69% User Score 🎬 #Drama #History #Thriller #War 🗓 2008 🎞 movie 🌎 #Germany #UnitedStatesofAmerica ⏰ 2 နာရီ 2 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Valkyrie(2008) ဒုတိယကမ္ဘာစစ်အခြေခံ ဖြစ်ရပ်မှန်ဇာတ်လမ်းတွေကိုမှ ကြည့်ချင်ပါတယ်ဆိုတဲ့ သူတွေအတွက် 2008 ခုနှစ်ထဲ ထွက်ခဲ့တဲ့ Valkyrie ဆိုတဲ့ ဇာတ်ကားလေး တင်ဆက်ပေးချင်ပါတယ်.. Valkyrie ဆိုတဲ့အဓိပ္ပာယ်က နော်ဝေ ဒဏ္ဍာရီထဲက စစ်ပွဲထဲမှာ ဘယ်သူသေမယ် ဘယ်သူရှင်မယ်ဆိုတာကို ဆုံးဖြတ်ပေးတဲ့ နတ်သမီးတစ်ပါးရဲ့နာမည်ဖြစ်ပြီး ဒီဇာတ်လမ်းထဲမှာတော့ Valkyrie ဆိုတာ ဟစ်တလာက သူ့အစိုးရကိုအရေးပေါ်ကာကွယ်ဖို့ ဘာလင်မြို့ပေါ်မှာ ဖွဲ့စည်းထားတဲ့ အရေးပေါ်အရံစစ်တပ်ပဲဖြစ်တယ် … အဲဒီအတွက် ဒီစစ်တပ် လုပ်တဲ့ စစ်ဆင်ရေးကို Valkyrie စစ်ဆင်ရေးလို့ခေါ်တယ် … ဟစ်တလာအစိုးရအဖွဲ့ထဲက ခေါင်းဆောင်တွေကို ဝေဖန်လို့ ရှေ့တန်းအပို့ခံရတဲ့ တပ်ရင်းမှူး စတက်ဖန်ဘာ့ (တွမ်ခရုစ်) ဟာ ဒဏ်ရာတွေရပြီး ဘာလင်ကို ပြန်ရောက်လာတယ်… မကြာခင် ဥရောပမဟာမိတ်တွေက ဘာလင်ကိုချီတက် သိမ်းပိုက်တော့မယ့်အခြေအနေမှာ ဘာလင်ပြည်သူတွေရဲ့ဘေးကိုတွေးမိတဲ့ စတက်ဖန်ဘာ့ ဟာ ဘယ်သူသေသေ ငတေမာရင်ပြီးရောလုပ်နေတဲ့ ဟစ်တလာကိုလုပ်ကြံဖို့ ကြိုးစားပုံကို သည်းထိတ်ရင်ဖိုဖြစ်အောင် ရိုက်ကူးထားတဲ့အတွက် ရင်တမမ နဲ့ ကြည့်ရှုရမယ့် ဇာတ်ကားပဲဖြစ်တယ်…. IMDb – 7.1/10 ရရှိထားပြီးတော့ Box office မှာ အမေရိကန်ဒေါ်လာ 201 သန်းခွဲရရှိထားတဲ့ ဇာတ်ကားဖြစ်တဲ့အတွက် အပြေးသားကြည့်ကြတော့ ကိုယ့်လူတို့ရေ.. ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zuel Khant Thwin ပဲဖြစ်ပါတယ်...
Our Man in L.A. (2024) ⭐IMDB: 4.5/10 (77 Votes) 🎬 #SciFi #ScienceFiction 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 12 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ ကြည့်ရှုသူပရိသတ်တွေအတွက် ထူးထူးဆန်းဆန်း ရိုက်ကူးထားတဲ့ Sci-fi ဇာတ်ကားကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဘယ်လိုထူးဆန်းတာလဲဆိုရင်တော့ ဇာတ်ကားရဲ့အစကနေအဆုံးအထိ အဓိကဇာတ်ဆောင် တစ်ယောက်တည်းကိုပဲ မြင်ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင် ရှေးခေတ် နှစ်သန်းပေါင်းများစွာတုန်းက ကမ္ဘာပေါ်ပျက်ကျလာခဲ့တဲ့ အာကာသယာဉ်တစ်စင်းကို အမှတ်မထင်ရှာတွေ့သွားတဲ့ သူတစ်ယောက်ဟာ အဲဒီအာကာသယာဉ်ရဲ့ အစိတ်အပိုင်းတွေကို တရားမဝင်ဈေးကွက်ထဲမှာ ရောင်းစားဖို့ကြိုးစားရင်းနဲ့ မထင်မှတ်ထားတဲ့အရာတွေကို တွေ့ကြုံရပုံကို ကြည့်ရှုကြ ရမှာပါ။ တခြား character တွေလည်း အများကြီးပါကြတယ်ဆိုပေမယ့် Main character တစ်ယောက်တည်းနဲ့ ဇာတ်လမ်းကို တမူထူးခြားနေအောင် ရိုက်ပြထားတယ်လို့ ပြောလို့ရပါတယ်။ Story က စိတ်ဝင်စားဖို့ကောင်းပြီးတော့ ကြည့်ရှုသူကို ရသပေါင်းစုံခံစားရအောင် စွမ်းဆောင်ပေးနိုင်တဲ့ ဇာတ်ကားလေး တစ်ကားဖြစ်ပါတယ်။...
Dumbo (1941) ⭐TMDB: 70% User Score 🎬 #Animation #Drama #Family 🗓 1941 🎞 movie 🌎 #USA #UnitedStatesofAmerica ⏰ 1 နာရီ 4 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 1921မှာ ထုတ်ခဲ့တဲ့ Mickey Mouse ကာတွန်း ကနေစပြီး ဒီနေ့ထိထက်တိုင် တစ်ရှိန်ထိုးအောင်မြင်ခဲ့တဲ့ Walt Disneyကုမ္ပဏီရဲ့ လေးကားမြောက်ကာတွန်းရုပ်ရှင် ဖြစ်ပြီး Disneyရယ်လို့ ဖြစ်လာစေခဲ့တဲ့ ရုပ်ရှင်တွေထဲက တစ်ခုဆိုလည်း မမှားပါဘူး။ ဇာတ်လမ်းအကျဉ်းကတော့….. ကလေးလိုချင်တဲ့ ဆင်မကြီး ဂျမ်ဘိုဟာ ဂျမ်ဘိုဂျူနီယာဆိုတဲ့ သားကလေးတစ်ကောင်ရခဲ့ပါတယ်။ ကံမကောင်းအကြောင်းမလှလေသလားတော့မသိ..ဂျမ်ဘိုကလေးမှာ အဆမတန်ကြီးမားတဲ့ နားရွက်တွေ ရှိနေခဲ့လို့ သူ့မျိူးနွယ် ဆင်တွေကတောင် သူ့ကို ဆင်လို့မသတ်မှတ်ချင်ကြပါဘူး။ နားရွက်ကြီးလွန်းပါတဲ့ ဂျမ်ဘိုကလေးကို ဘယ်သူမှ မနှစ်မြို့ကြလို့ ဒမ်ဘိုလို့ပြောင်းခေါ်ကြတဲ့အပြင် သူ့ကို အနိုင်ကျင့်ကြလို့ ကာကွယ်ပေးတဲ့ သူ့မိခင်ကိုပါ ဆင်ရူးလို့ သတ်မှတ်ခံခဲ့ရပြီး အချုပ်ခံခဲ့ရပါတယ်။ ထုံးစံအတိုင်း Disneyကာတွန်းရဲ့ ဝသီအတိုင်း အထူးဆန်းဆုံး အရာတွေဖြစ်တတ်ပါသတဲ့လေ။သူ့ရဲ့ တစ်ယောက်တည်းသော မိတ်ဆွေကတော့ ဆင်တွေ သေမတတ်ကြောက်ရပါတဲ့ ကြွက်မျိုးနွယ်ထဲက တင်မိုးသီလို့ ခေါ်တဲ့ကြွက်တစ်ကောင်ပါ။ လူအသိအမှတ်ပြုခံချင်ပါတဲ့ ဒမ်ဘိုကလေးကို လူအသိအမှတ်ပြုလာအောင် တင်မိုးသီဟာ ကူညီပေးခဲ့ပါတယ်။ တင်မိုးသီဟာ အကောင်အသေးဆုံးပေမဲ့ နှလုံးသားအကြီးဆုံး ကြွက်တစ်ကောင်ပါပဲ အားလုံးပစ်ပယ်ထားပါတဲ့ မိဘမဲ့ဆင်ကလေးကို စာနာပေးနိုင်တဲ့သူကလည်း ဒီပုံပြင်မှာ သူပဲရှိခဲ့ပါတယ်။ IMDB Rating…7.3ရထားပြီး 90Borns တွေရဲ့ Childhood Nostalgia Animationရုပ်ရှင်တစ်ခုဆိုလည်း မမှားပါဘူး 2019 မတ်လ မှာတော့ တင်ပြဟန် တစ်မျိူးဆန်းတတ်တဲ့ ဒါရိုက်တာ Tim Burtonက Live action ပြန်ရိုက်ကူးထားတယ်။...
Scooby-Doo! Mask of the Blue Falcon (2012) ⭐IMDB: 6.6/10 (2 k Votes) 🎬 #Adventure #Animation #Comedy #Fantasy #Family #Mystery #Action 🗓 2012 🎞 video movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 16 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 စကူးဘီတို့ အကြိုက်ဆုံးကာတွန်းဇာတ်ကောင် Blue Falcon သိမ်းငှက်ပြာနဲ့ အံ့ဖွယ်ခွေး Dynomutt တို့ကို ကာတွန်းပွဲတော်မှာ သွားကြည့်ရင်းက စကူးဘီတို့ ပဟေဠိကို ဖြေရှင်းဖို့ ဖန်လာပြန်ပါတယ်။ ဒီတစ်ခေါက်မှာ မစ္စတာဟိုက်ဒ် အသွင်ရတဲ့ မိစ္ဆာတစ်ကောင်က Blue Falcon ရဲ့ ပြန်လည်ဆန်းသစ်ဇာတ်ကား ပြသချိန်တိုင်း တိုက်ခိုက်မှုမျိုးစုံနဲ့ လူတွေကို ဒုက္ခပေးလာပါတယ်။ ဘယ်သူက လုပ်နေမှန်းမသိ တိုက်ခိုက်မှုတွေက San De Padro မြို့မှာ ဆက်တိုက်ဆိုသလို ဖြစ်လာပါတယ်။ ဒီတော့ ဒီပဟေဠိကို ဖြေရှင်းဖို့ စကူးဘီတို့ဆီ မြို့တော်ဝန်မှ တာဝန်ရောက်လာပါတယ်။ ဖြစ်ရပ်ရဲ့ နောက်ကွယ်ကသူကို အဖြေရှာဖို့က Blue Falcon သရုပ်ဆောင်ဟောင်း Owen Garrison ကနေ အမှူးပြုပြီး အခြားသံသယရှိသူတွေအနက်မှာ ဘယ်သူက မစ္စတာဟိုက်ဒ်ရဲ့ ကြိုးကိုင်ရှင်ဖြစ်မလဲ။ ဘာကြောင့် ဒီလိုတိုက်ခိုက်မှုတွေ ဖြစ်နေရသလဲ အကြောင်းရင်းမှန်ကို ဖော်ထုတ်ကြပုံကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။...
Chill Out, Scooby-Doo! (2007) ⭐TMDB: 75% User Score 🎬 #Adventure #Animation #Comedy #Family #Mystery 🗓 2007 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 13 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဟိမဝန္တာ တောင်တန်းတွေက ရွာခံလူငယ်လေးတစ်ယောက်နဲ့ သုတေသနပညာရှင်ကြီးတစ်ယောက်ဟာ ပျောက်ဆုံးနေတဲ့ ရှန်ဂရီလာမြို့တော်ကြီးကို ရှာပုံတော် ထွက်လာပါတယ် ဧဝရတ်တောင်အထက်ပိုင်းကို ရောက်တဲ့ချိန်မှာတော့ ဒဏ္ဍာရီလာ နှင်းလူကြီးရဲ့ တိုက်ခိုက်မှုနဲ့ ကြုံရပါတော့တယ် ဒီတစ်ခါလဲ အားလုံးရဲ့ အချစ်တော် စကူးဘီ နဲ့ ရှက်ဂီတို့မှာ ဖရက်ဒီတို့နဲ့ တွေ့ဖို့ ချိန်းထားတဲ့မြို့ကို သွားရာ လေယာဉ်မှားစီးပြီး ဟိမဝန္တာကို ရောက်သွားပါတော့တယ် ကဲ ဒီဇာတ်လမ်းမှာလဲ အချစ်တော် ငမွှေသီးနှစ်ယောက်ရဲ့ ရှုပ်ဇာတ်တွေကို ဖရက်ဒီတို့တစ်စု ဘယ်လို လိုက်ရှင်းပေးရင်း နှင်းလူကြီးရဲ့ သရုပ်မှန်ကို ဘယ်လို ဖြေရှင်းရှာတွေ့သွားမလဲ ကြည့်ရှုခံစားရမှာဖြစ်ပါတယ် ဒါ့အပြင် ရှုခင်းရောင်စုံတွေနဲ့ တောင်တန်းတွေကို ပုံဖော်ပေးထားတာက အရမ်းလှပ နေပြီး ကိုယ်တိုင် ခရီးသွားနေရတဲ့ ခံစားချက်မျိုးရမှာပါ။ ဒါကြောင့် ဒီဇာတ်ကားလေးက ခရီးသွားရင်း Scooby နဲ့ Shaggy တို့ရဲ့ အလွဲတွေ Mystery Inc ရဲ့ ထူးဆန်းဖြစ်ရပ်တွေကို ထောက်လှမ်းပုံတွေကို ပေါ့ပေါ့ပါးပါး ခံစားရစေမှာပါ...
Gifted Hands: The Ben Carson Story (2009) ⭐TMDB: 78% User Score 🎬 #Biography #Drama 🗓 2009 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 30 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းက အမေရိကန်က နာမည်ကျော် အာရုံကြောခွဲစိတ် ဆရာဝန်ဘန်ကာဆင်ရဲ့အတ္ထုပ္ပတ္တိကို ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပြီး IMDb 7.5နဲ့ RT 85%ထိ rating ကောင်းတွေ ရရှိထားတာပဲ ဖြစ်ပါတယ်။ ခွဲစိတ်ဆရာဝန်ကြီး ဘင်ကာဆန်တစ်ဖြစ်လဲ ဘင်ဂျမင်ကာဆန်ဟာ တစ်ကိုယ်တော်မိခင်ရဲ့ ပျိုးထောင်မှုနဲ့ ကြီးပြင်းလာခဲ့ရသူဖြစ်ပြီး ငယ်စဉ်က အတန်းထဲမှာ နောက်ဆုံးကရေရင် ထိပ်ဆုံးရတဲ့အထိ ပညာရေးပိုင်းမှာအားနည်းခဲ့သူပါ။ ဒါပေမဲ့ ကိုယ်တိုင် ပညာမတတ်လို့ ရုန်းကန်ခဲ့ရတဲ့ မိခင်ဖြစ်သူက သူ့သားနှစ်ယောက်ကို ပညာတတ်ဖြစ်စေချင်တာကြောင့် ငယ်ငယ်ကတည်းက ပုံသွင်းလေ့ကျင့်ရင်း တဖြည်းဖြည်းနဲ့ ထူးချွန်တဲ့သူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ မိဘအစုံအလင်မရှိတဲ့ သားသမီးတွေရဲ့ ထုံးစံအတိုင်း ဘင်မှာ ဒေါသမထိန်းနိုင်တဲ့ ဉာဉ်ဆိုးတစ်ခုရှိသလို အဲဒီစိတ်ကြောင့်ဘဝပျက်နိုင်တဲ့အထိ ဖြစ်သွားတဲ့ အခြေအနေတွေလည်းအများကြီးကြုံခဲ့ရတဲ့သူပါ။ ဒီလိုမျိုး ငွေကြေးပိုင်း လူမျိုးရေးပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာတွေမှာ ပြဿနာပေါင်းစုံ ကြုံတွေ့ခဲ့ရတဲ့ ဘင်ကာဆန်ဘဝကနေ တစ်ချိန်မှာခေါင်းချင်းဆက်အမြွှာနှစ်ဦးကို အသက်ရှင်လျက် အောင်မြင်စွာခွဲစိတ်ပေးနိုင်ခဲ့တဲ့ ခွဲစိတ်ဆရာဝန်ကြီး ဘင်ကာဆန် ဖြစ်လာတဲ့အထိဘဝဇာတ်ကြောင်းကို အားကျအတုယူစရာ ကောင်းလောက်အောင် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် မိဘမေတ္တာတွေ၊ မိသားစုကြားကချစ်ခြင်းမေတ္တာတွေကို ပေါ်လွင်ထင်ရှားအောင် ရိုက်ကူးထားသလို မှတ်သားစရာ ဆေးပညာဆိုင်ရာ ဗဟုသုတတွေလည်းပါတာမို့ ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ခုပဲ ဖြစ်ပါတယ်။...
In Between Seasons (2018) ⭐TMDB: 68% User Score 🎬 #Drama #Romance 🗓 2018 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 42 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 In Between Seasons (2018)************************* BL ကားတွေကို ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်ကြီးအတွက်မိခင်မေတ္တာနဲ့ သူငယ်ချင်းနှစ်ယောက်ကြားက သံယောဇဉ်အကြောင်းကိုရိုက်ကူးဖော်ပြထားတဲ့ In Between Seasons ဆိုတဲ့ဇာတ်ကားလေးကို တင်ဆက်ပေးချင်ပါတယ် .. အိမ်ရှင်မတစ်ဦးဖြစ်တဲ့မီဂယောင်းဟာ ခင်ပွန်းဖြစ်သူနဲ့ အနေဝေးပြီးတော့တစ်ဦးတည်းသောသားလေး ဆူဟျွန်းကိုတစ်ယောက်တည်း ပြုစုပျိုးထောင်ခဲ့ပါတယ်။ တစ်ရက်မှာတော့ ဆူဟျွန်းက အတန်းဖော်သူငယ်ချင်းဖြစ်တဲ့ယောင်းဂျွန်းကိုသူနဲ့အတူ နေဖို့အတွက် အိမ်ကို ခေါ်လာခဲ့ပါတော့တယ်။ နှစ်အတော်ကြာအတူတူနေခဲ့ပြီးတော့ စစ်မှုထမ်းဖို့အတွက်ယောင်းဂျွန်းက အရင် သွားခဲ့ပြီး ဆူဟျွန်းက နောက်မှ ဝင်ခဲ့ပါတယ်။ ဒီလိုနဲ့ ဆူဟျွန်း စစ်မှုထမ်းပြီးတဲ့နောက် သူတို့နှစ်ယောက်ကအတူတူခရီးထွက်ရာကနေ ကားမတော်တဆမှုဖြစ်ခဲ့ပြီး ဆူဟျွန်းက ကိုမာဖြစ်သွားတာကြောင့် မိခင်ဖြစ်သူကတော့ သူ့သား ဒီလိုဖြစ်သွားအတွက် ယောင်းဂျွန်းကို အပြစ်တင်ခဲ့ပါတယ်။ ဒီတော့ မီဂယောင်းက သူ့ကို ခွင့်လွှတ်ဖို့အတွက်ယောင်းဂျွန်းအနေနဲ့ ဘယ်လိုတွေ ကြိုးစားမလဲ။ ဆူဟျွန်းနဲ့ ယောင်းဂျွန်းရဲ့ဆက်ဆံရေးကို မီဂယောင်းကဘယ်လိုတုံ့ပြန်မလဲဆိုတာ ကြည့်ရှုလိုက်ပါဦးနော် .. (ဇာတ်လမ်းအညွှန်းကို Estel မှရေးသားထားပါတယ်)...
Harlot's Prayer (2023) ⭐IMDB: 7.4/10 (276 Votes) 🎬 #Drama #Thriller 🗓 2023 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 53 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Harlot’s Prayer (2024) Original title: Tuhan, Izinkan Aku Berdosa IMDB Rating (7.4) ထိ ရရှိထားပြီး ဒါရိုက်တာ Hanung Bramantyo က ရိုက်ကူးတင်ဆက်ထားပါတယ်။ ကီရန်ဟာ ဘာသာတရားကိုင်းရှိုင်းတဲ့ ကျောင်းသူလေးတစ်ယောက်ဖြစ်တယ်။ ဒါပေမဲ့ သူမရဲ့ဘာသာရေးအပေါ်အလေးအနက်ထားမှုကပဲ သူမဘဝကို တစ်ဆစ်ချိုးပြောင်းလဲစေခဲ့ပါတယ်။ ဘာသာရေးအရေခြုံပြီး နောက်ကွယ်မှာ မကောင်းမှုတွေကိုလုပ်နေတဲ့ ကြောင်သူတော်တွေကိုမြင်ပြီးနောက် ကီရန်တစ်ယောက် သူတို့ရဲ့မကောင်းသတင်းတွေကို လူအများရှေ့မှာဖွင့်ချဖို့အတွက် ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။ ဒါပေမဲ့ ရွေးချယ်လိုက်တဲ့လမ်းက အရမ်းခက်ခဲကြမ်းတမ်းပြီး ကီရန့်အတွက် အသက်အန္တရာယ်ပါရှိလာပါတော့တယ်။ ရဲရင့်တဲ့ကီရန်လေး အများနဲ့တစ်ယောက်ဘယ်လိုရင်ဆိုင်မလဲဆိုတာ စိတ်ဝင်တစားကြည့်ရှုရမဲ့ အင်ဒိုနီးရှားဘာသာရေးကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khant Sett Naing ဖြစ်ပါတယ်။)...
Aloha Scooby-Doo! (2005) ⭐TMDB: 71% User Score 🎬 #Adventure #Animation #Comedy #Mystery #Family 🗓 2005 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 14 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Scooby-Doo နဲ့ သူငယ်ချင်း တစ်သိုက်ရဲ့ စွန့်စားခန်းလာပါပြီ ဒီဇာတ်လမ်းလေးကတော့ ၂၀၀၅ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး ဟာဝိုင်အီ ကျွန်းမှာ ဇာတ်အိမ်တည်ထားတာပါ။ Scooby-Doo နဲ့ သူငယ်ချင်းတစ်သိုက်ဖြစ်တဲ့ Mystery Inc ဟာ အပန်းဖြေအနားယူဖို့အတွက် ဟာဝိုင်အီ ကျွန်းက ဟာနာဟူနာမြို့လေးပေါ်ကို ရောက်လာခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီမြို့လေးက မြို့ခံတွေဟာ ဆန်းကြယ်တဲ့ ဖြစ်ရပ်တွေကို ခံစားနေကြရပါတယ်။ ဒါတွေကို Scooby တို့ လိုက်လံ စုံစမ်းတဲ့ အခါမှာတော့ ဘာတွေကို ရင်ဆိုင်ရမလဲ ဒီဆန်းကြယ်မှုကို Scobby တို့ ဖော်ထုတ် သွားနိုင်မှာလား ဆိုတာကို ကြည့်ရှု ခံစားနိုင်မှာပါ ဒီဇာတ်ကားလေးမှာတော့ ဟာဝိုင်အီကျွန်းရဲ့ ရှေးဟောင်း ဒဏ္ဍာရီတွေ နတ်ဝင်ဇာတ်လမ်းတွေကို ချိတ်ဆက်မှုအပြည့် ဒရာမာ အပြည့်နဲ့ ကာတွန်းပုံစံ ဖန်တီးထားတာတွေကို ကြည့်နိုင်မှာပါ။ Halloween ရာသီဆိုတော့ spooky ဖြစ်ပြီး မိသားစုနဲ့ အတူ ကလေးတွေပါ အတူတူကြည့်ဖို့သင့်တဲ့ ဇာတ်ကားမျိုးပါ။...
Detective K: Secret of the Lost Island (2015) ⭐IMDB: 6.2/10 (708 Votes) 🎬 #Adventure #Comedy #Historical #Mystery #Action 🗓 2015 🎞 movie 🌎 #SouthKorea ⏰ 2 နာရီ 6 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Detective K: Secret of the Lost Island (2015) ******************************************** ဒီတစ်ခေါက် တင်ဆက်ပေးမဲ့ Detective K series (၂၀၁၅) အပိုင်းမှာတော့ ဒီရုပ်ရှင်ရဲ့ ပင်တိုင်သရုပ်ဆောင်တွေဖြစ်ကြတဲ့ Kim Myung-Min , Oh Dal-Soo နဲ့ အတူ အဓိကမင်းသမီးအဖြစ် East of Eden မှာ ဂျွန်စောအိုပါးနဲ့ အတွဲညီခဲ့တဲ့ မင်းသမီး Lee Yeon-Hee တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ – ဇာတ်လမ်းအညွှန်း – ဂျိုဆွန်းရဲ့ အတော်ဆုံးစုံစမ်းစစ်ဆေးရေးမှူး ဂင်မင်းက ဂျိုဆွန်းမှာ ငွေချောင်းအတု အမြောက်အများ ပျံ့နှံ့နေတဲ့အတွက် အဲဒီငွေချောင်းအတုတွေကို ထုတ်လုပ်တဲ့သူတွေကို ခြေရာခံနေရတဲ့ အမှုပါပဲ။ လိုက်စုံစမ်းရင်း စုံစမ်းရင်းနဲ့ ငွေချောင်းအတုတွေရဲ့ အရင်းခံရာနေရာက လူတိုင်း ကြားရုံသာကြားဖူးပြီး တစ်ခါမှ အနားမသွားရဲကြတဲ့ နဂါးဘုရင်ကျွန်းဆိုတာကို သိရှိသွားတဲ့နောက် ဆောဖီးနဲ့အတူ အရဲစွန့်ပြီး နဂါးဘုရင်ကျွန်းဆီ သွားရောက်စုံစမ်းတဲ့အခါမှာတော့…. ဒီဇာတ်လမ်းထဲမှာလည်း စစ်ဆေးရေးမှူးကြီးနဲ့ ဆောဖီးတို့ရဲ့ အလွဲတွေအပြင် မင်းသမီးရဲ့ အလှကိုလည်း တဝကြီး ကြည့်ရမှာမလို့ အမြန်ဆုံးကြည့်လိုက်ရအောင်နော်။ (ဇာတ်လမ်းအကျဉ်းကို Hnin Wai Oo မှ ရေးသားပေးထားပါတယ်။)...
Spy Girl (2004) ⭐TMDB: 66% User Score 🎬 #Comedy #Crime #Romance #Action 🗓 2004 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 42 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Spy Girl (2004) **************** ဒီဇာတ်ကားလေးကတော့ Train to Busan ထဲကမင်းသား Gong Yoo နဲ့မင်းသမီး Kim Jung Hwa တို့ ပါဝင်ထားတဲ့ ..မြောက်ကိုရီးယားသူလျှိုကောင်မလေးနဲ့ တောင်ကိုရီးယားကောင်လေးကြားကRomance, Comedy အမျိုးအစား ရုပ်ရှင်ကားကောင်းလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း***************သင်တန်းကျောင်းတစ်ခုက ကျောင်းသားတွေကဝက်ဘ်ဆိုက်တစ်ခုထောင်ပြီး မိန်းကလေးပုံတွေအပျော်တင်ပြီးတော့အလှဆုံးမိန်းကလေးကို အိန်ဂျယ်လို့ သတ်မှတ်ကြပါတယ်။ တစ်နေ့မှာတော့ သင်တန်းကျောင်းနားက ဘာဂါဆိုင်မှာအသစ်ဝင်လာတဲ့ မိန်းကလေးတစ်ယောက်က အိန်ဂျယ်အသစ်အနေနဲ့ရုတ်တရက် နာမည်ကြီးလာပါတယ်။ တကယ်တမ်း အဲဒီမိန်းကလေးက မြောက်ကိုရီးယားကရောက်လာတဲ့သူလျှိုဖြစ်နေတဲ့အခါမှာတော့… သူလျှိုမိန်းကလေးက ဘာအကြောင်းနဲ့ တောင်ပိုင်းကို ရောက်လာရတာလဲ… သင်တန်းကျောင်းက ကျောင်းသားဖြစ်တဲ့ ဂိုဘုံး (Gong Yoo) နဲ့ဘယ်လိုဇာတ်လမ်းလေးတွေ ဖြစ်သွားမလဲဆိုတာပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုခံစားလိုက်ကြပါဦးနော်။ (ဇာတ်လမ်းအညွှန်းကို Zoronoa မှရေးသားထားပါတယ်)...
Quest for Fire (1981) ⭐TMDB: 71% User Score 🎬 #Adventure #Drama #Historical 🗓 1981 🎞 movie 🌎 #Canada #France ⏰ 1 နာရီ 42 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ၁၉၈၁ မှာ ထွက်ရှိခဲ့တဲ့ ထူးခြားတဲ့ ဇာတ်ကားလေးပါ။ ကျောက်ခေတ်မှာ အခြေတည်ထားတဲ့အတွက် တခြားရုပ်ရှင်တွေနဲ့ မတူဘဲ သဘာဝဖြစ်တည်မှုတွေ အသက်ရှင်သန်မှုတွေ နည်းဗျူဟာတွေကို အသုံးချတတ်တဲ့ လူသားအဖွဲ့အစည်း အကြောင်းကို ရိုက်ပြထားပါတယ်။ ဇာတ်လမ်းကတော့ ကျောက်ခေတ်မှာ မီး ရရှိခဲ့တဲ့ လူမျိုးစုတစ်ခု သူတို့ရဲ့ မီးငြိမ်းသွားတဲ့အခါမှာ ထပ်မှန်ရရှိဖို့ ကြိုးစားရပါတော့တယ် ကျောက်ခေတ်လူသား ၃ ယောက် မီးရရှိဖို့ ထွက်လာခဲ့တဲ့အခါ ကြုံတွေ့ရမယ့် အခက်အခဲတွေကို ရဲရဲရင့်ရင့် ပူးပေါင်း ရင်ဆိုင်တာတွေ ဘာသာစကားမပါဘဲ လူသားတွေရဲ့ မူလအစ ဆက်ဆံရေးတွေကို ရိုက်ကူးထားတာမလို့ အခုလို တိုးတက်ပြီးသား လူမှု အဖွဲ့အစည်းမှာ နေထိုင်နေတဲ့ ကျွန်တော်တို့ အတွက်ကတော့ ဒီ ဇာတ်ကားလေးက အရမ်းကို စိတ်ဝင်စားစရာကောင်းမှာပါ။ လူသားတွေရဲ့ ခေတ်ဦး အနုပညာနဲ့ ကျောက်ခေတ်သမိုင်းကို စိတ်ဝင်စားရင်တော့ ဒီဇာတ်ကားလေးက ကြည့်ကိုကြည့်သင့်ပါတယ်...
Training Day (2001) ⭐TMDB: 75% User Score 🎬 #Action #Crime #Drama #Thriller 🗓 2001 🎞 movie 🌎 #UnitedStatesofAmerica ⏰ 2 နာရီ 3 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Training Day(2001) IMDb….7.8,,,,Rotten….77% ကျွန်တော်တို့ရုပ်ရှင်ကားတော်တော်များများကြည့်ကြတယ်..တစ်ချို့ကားတွေကြတော့ သရုပ်ဆောင်ကြောင့်ကို တမင်ကြည့်ကြတာ… သူတို့ပါရင် အဲဒီကားက တစ်နည်းမဟုတ် တစ်နည်းကောင်းကိုကောင်းနေတတ်တာ….ဇာတ်လမ်းညံနေရင်တောင် သူတို့အရှိန်အဝါကြောင့် ကြည့်ကောင်းနေတတ်တာမျိုး….ဇာတ်လမ်းကောင်းနေရင်တော့ ပြောဖွယ်ရာမလိုတော့ပေ… ဒီလို သရုပ်ဆောင်ကြီးတွေထဲမှာ ဒန်ဇယ်ဝါရှင်တန်ဟာ ထိပ်ဆုံးစာရင်းထဲမှာရှိနေမယ်ထင်ပါတယ်….သူပါဝင်သရုပ်ဆောင်ထားတဲ့ The Equalizer ,Philadelphia ,Courage Under Fire ,Man on Fire စသည်ဖြင့် နာမည်ကြီး ကားများစွာကို သိရှိကြမယ်ထင်ပါတယ်….ဒီ Training Day(2001) ဇာတ်ကားထဲမှာတော့ ဒန်ဇယ်ကြီးက မြင်တွေ့နေကျပုံမျိုးမဟုတ်တဲ့ စရိုက်နဲ့ သရုပ်ဆောင်ထားတယ်… ဒီဇာတ်ရုပ်က ပီပြင်လွန်းလို့ အော်စကာဆုတောင်ရရှိသွားပါတယ်….ဒီဇာတ်ကားဟာ ဆုပေါင်း (၁၆)ဆုရရှိခဲ့သလို အခြားဆုပေါင်း(၂၃)ဆုအတွက်လည်း ဆန်ကာတင်စာရင်းဝင်ခဲ့ပါတယ်… ဒန်ဇယ်ကားဆိုတာနဲ့ ဇာတ်ညွှန်းတွေထွေထွေထူးထူးမပြောတော့ဘူး……သူက အကျင့်ပျက်ရဲတစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားတယ်… တစ်ခုတော့ သတိပေးပါရစေ…ခင်ဗျားတို့ဇာတ်ကားကြည့်နေတုန်း အနားမှာ ကောက်ပေါက်လို့ရမယ့် ဟာမျိုးတွေ တုတ်တွေမထားပါနဲ့ ..ဘာလို့ဆို ဇာတ်ကားကြည့်နေရင် သူသရုပ်ဆောင်တာပီပြင်လွန်းတော့ နင်းကန်စိတ်တွေတိုပြီး TV ကြီးကို ပစ်ပေါက်မိမယ်စိုးလို့ပါ...
Succubus (2024) ⭐IMDB: 3.5/10 (706 Votes) 🎬 #Horror #Thriller 🗓 2024 🎞 movie 🌎 #Russia #Kazakhstan ⏰ 1 နာရီ 37 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Succubus 2024 ဒီတစ်ခါပရိသတ်ကြီးကို ၂၀၂၄ ခုနှစ်မှ ပူပူနွေးနွေးထွက်ထားတဲ့ Horror-Thriller ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်Horror ကားဆိုပေမယ့် ဇာတ်ကားတစ်ဝက်လောက်က Too Hot To Handle တို့ Love Island တို့လိုမျိုး အထာနဲ့ပါ စော်အလန်းဘဲအလန်းတွေ ကျွန်းပေါ်စုပြီး အတွဲဂိမ်းတွေကစားသလိုပေါ့အဲ့တော့ မိသားစုနဲ့ကြည့်ရှုဖို့မသင့်တဲ့ အခန်းတွေပါမှာတော့ ပြောဖို့မလိုပါဘူး ဇာတ်လမ်းအကျဉ်းလေးကတော့ ကျွန်းတစ်ခုပေါ်ကို အတွဲတွေကသူတို့ရဲ့အဆင်မပြေတဲ့အချစ်ရေးတွေကို ပြန်တည်ဆောက်ပေးတယ်ဆိုလို့ရောက်လာကြတယ်…သူတို့ကိုကျွန်းပေါ်က ပွဲစီစဉ်ပေးသူကနေပြီးတော့တာဝန်တွေပေးအပ်ခိုင်းစေပြီးတော့ သူတို့အချစ်ရေးကို ပြန်ကောင်းမွန်စေဖို့လို့ အကြောင်းပြချက်ပေးပါတယ်…. ဒါပေမဲ့ အစထဲကဖောက်ပြန်လို့ စိတ်ကုန်နေလို့ အစရှိတာတွေကြောင့်ဒီကျွန်းပေါ်ရောက်လာတဲ့သူတွေက အချင်းချင်းစိတ်တွေကစားပြီးတော့ထင်ယောင်ထင်မှားတွေဖြစ် ကျွန်းကြီးမှာလည်း ထူးဆန်းတာတွေဖြစ်လာတဲ့အခါမှာတော့သူတို့မသိသေးတဲ့ မကောင်းဆိုးဝါးတစ်ကောင်က စောင့်ကြိုလို့နေပါတော့တယ်လွတ်မြောက်နိုင်မလား မလွတ်ဘူးလားဆိုတာကတော့ ပရိသတ်ကြီးပဲဆက်လက်ခံစားကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့Saii Thurein Lynnပဲ ဖြစ်ပါတယ်...
Jessie (2019) ⭐IMDB: 6.7/10 (494 Votes) 🎬 #History #Thriller #Horror #Drama 🗓 2019 🎞 movie 🌎 #India ⏰ 1 နာရီ 44 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 2019 မှာထွက်ခဲ့တဲ့ Horror | Thriller အမျိုးအစားဇာတ်လမ်းလေးပဲဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ စိတ်ဝင်စားစရာပါပဲ ပရော်ဖက်ရှင်သရဲတစ္ဆေလိုက်သူအဖွဲ့ဟာ ညီအမ ၂ယောက်မှာဖြစ်ပျက်နေတဲ့ သဘာဝလွန်ကိစ္စတွေကိုသတိထားမိခဲ့ကြပါတယ် ဒါကြောင့် သူတို့တွေဟာ ညီမ၂ယောက်ရဲ့ ဆန်းကြယ်မှုကို အဖြေထုတ်ဖို့ကြိုးစားကြပါတယ် ကြိုးစားနေတဲ့နေရာကတော့ စွန့်ပစ်ခံထားရတဲ့ အိမ်တလုံးမှာပေါ့ အဲ့အိမ်မှာပဲ သရဲလိုက်သူ အဖွဲ့ဟာ အေမီနဲ့ ဂျက်ဆီတို့၂ယောက်ကို မှတ်တမ်းရုပ်ရှင်ရိုက်ရင်း ထူးဆန်းတဲ့အဖြစ်အပျက်တွေကို ခြေရာခံတဲ့နောက်မှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်...
Bee Movie (2007) ⭐TMDB: 60% User Score 🎬 #Adventure #Animation #Comedy #Family 🗓 2007 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 30 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Bee Movie (2007) **************** Cm Animation ပရိသတ်ကြီးကို ၂၀၀၇ ခုနှစ်ကထွက်ရှိထားတဲ့Bee Movie ဆိုတဲ့ ပျော်စရာကာတွန်းကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် .. ဇာတ်ကားလေးထဲမှာ ပျားကလေးတွေ ဘယ်လိုအလုပ်လုပ်ကြတယ်ဆိုတာကို ဗဟုသုတအနေနဲ့ မြင်တွေ့ရမှာဖြစ်ပြီး ပျားတွေနဲ့လူတွေသာ စကားပြောဖြစ်ကြရင် ဘယ်လိုတွေဖြစ်လာမလဲဆိုပြီး စိတ်ကူးယဉ်ဇာတ်လမ်းလေးဖွဲ့ထားတာပဲဖြစ်ပါတယ်… ပျားတွေဟာ နှစ်သန်းပေါင်း ၂၇နှစ် ကြာအောင် ကမ္ဘာပေါ်မှာ တစ်ရက်မှ မနားဘဲ အလုပ်လုပ်နေကြတဲ့ အကောင်လေးတွေဖြစ်ပါတယ်… တစ်နေ့မှာ ဘယ်ရီဆိုတဲ့ ပျားကလေးတစ်ကောင်ဟာ ကျောင်းပြီးဘွဲ့ရလို့ အလုပ်ခွင်ဝင်ရမယ့် အချိန်ရောက်လာခဲ့ပေမယ့် ပျားတွေလုပ်ရမယ့် သာမန်အလုပ်ကို မလုပ်ချင်ဘဲ စူးစမ်းချင်စိတ်ရှိတဲ့ ဘယ်ရီဟာ ပျားအုံရဲ့အပြင်ကို ထွက်သွားမိရာကနေ … လူသားတွေနဲ့ တွေ့ဆုံမိတဲ့အခါမှာ ဘယ်လိုစွန့်စားမှုမျိုးတွေ ကြုံရမှာလဲဆိုတာ ကိုယ်တိုင်ကြည့်ရှုခံစားလိုက်ကြပါဦးနော် .. (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zuel Khant Thwin ပဲဖြစ်ပါတယ်)...
Sahebs Who Never Left - Part 1: The Origins (2022) ⭐IMDB: 9.5/10 (4 k Votes) 🎬 #Bollywood #Documentary #Short 🗓 2022 🎞 movie 🌎 #India ⏰ 1 နာရီ 19 မိနစ် 24 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Sahebs Who Never Left 2024 “အိန္ဒိယ သမိုင်းရဲ့အမှောင်ခြမ်းက ကြိုးကိုင်သူများ” နိုင်ငံသားတစ်ယောက်ပီသဖို့ဆိုရင် သမိုင်းကြောင်းကိုတော့ သိဖို့လိုတယ်တဲ့။ ဒါပေမဲ့ ဒီသမိုင်းကြောင်းကို ရေးသားခဲ့တဲ့သူတွေကရောတကယ်ပဲ နောင်လာနောက်သားတွေအတွက်စစ်မှန်တဲ့သမိုင်းဖြစ်ရပ်တွေကို ချပြခဲ့တာလား။ ဒါမှမဟုတ် သူတို့မြင်စေချင်တဲ့သမိုင်းစာမျက်နှာကို တစ်စိတ်တစ်ပိုင်းကွက်ချန်ပြီး ချပြခဲ့သလားဆိုတာကတော့…. ဒီဇာတ်လမ်းလေးက ကိုလိုနီခေတ်အိန္ဒိယသမိုင်းကြောင်းနဲ့ ဒီခေတ်ကာလအတွင်းအတွေးအမြင်ပြောင်းလဲမှုတွေ၊ ကျင့်သုံးတဲ့အယူဝါဒတွေနဲ့အတူ လူထုကိုတစ်နည်းတစ်ဖုံ ချုပ်ကိုင်ခြယ်လှယ်ခဲ့ကြတဲ့ Sahebsတွေ တစ်နည်းအားဖြင့်ဗြိတိသျှတွေအုပ်ချုပ်သူတွေရဲ့ လှည့်ကွက်တွေ၊ ဒီဗြိတိသျှတွေရဲ့ မဟာဗျူဟာကြီးအထမြောက်အောင် ပူးပေါင်းခဲ့ကြသူတွေအကြောင်း၊ ကိုလိုနီခေတ်ကြီးအပြီးလွတ်လပ်ရေးရပြီးချိန်မှာ ဒီဗြိတိသျှတွေအုပ်ချုပ်မှုအောက်ကလွတ်ပြီလို့ထင်မြင်နေကြပေမဲ့ လူဖြူရဲ့လောင်းရိပ်အောက်မှာ အတော်ရှည်ကြာခဲ့တဲ့အိန္ဒိယအုပ်ချုပ်ရေးပိုင်းရဲ့ အရှုပ်အရှင်းတွေကိုသမိုင်းကြောင်းစိတ်ဝင်စားသူတွေအတွက်ရောသာမန်ရုပ်ရှင်အနေနဲ့ ခံစားလိုသူတွေအတွက်ပါCinematic informativeဖြစ်အောင်ရိုက်ကူးထားတဲ့ စိတ်ဝင်စားစရာ Documentary ဇာတ်လမ်းလေးဖြစ်တာမလို့CMပရိသတ်ကြီးလည်း ခံစားလို့ရအောင် လက်ရှိထွက်ရှိထားတဲ့Part 1နဲ့ Part 2ကို တစုတစည်းတည်း ဘာသာပြန် တင်ဆက်ပေးလိုက်ရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ ToMo ~ Alexတို့ပဲ ဖြစ်ပါတယ်)...
