uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку 👈

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закритий канал

🚩 Channel was restricted by Telegram

Показати більше
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
When A Sudden Rainstorm Hit- Maki Tomoda (JUL-411) ⭐- 🎬 #Adult 🗓 - 🎞 Series 🌎 #Japan ⏰ 2 နာရီ 17 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Maki Tomoda ဆိုတာ JAV လောကမှာ ကြာခဲ့ပြီ ရင့်ကျက်နေခဲ့ပြီ…… ဘာနဲ့တူလဲဆို နေ့တစ်နေ့ရဲ့ ညနေခင်းဆည်းဆာလို အစွမ်းကုန်တောက်ပချိန်တွေပေါ့….. JUL-411 ဒီဇာတ်လမ်းကတော့ တွေ့ဖူးနေကျ ရိုးရှင်းတဲ့ဇာတ်လမ်းလေးပါပဲ အလုပ်အတူလုပ်ရတဲ့လုပ်ဖော်ကိုင်ဖက် ၂ယောက် မိုးမိရင်း ဆက်ဖြစ်ကြတဲ့ဇာတ်လမ်းမျိုးပေါ့ ရင့်မှည့်တဲ့သစ်သီးတစ်လုံး ကြွေကျနေသလို ဇာတ်ကားပါပဲ။ JAV ဆိုတာ အာသာပြေစိတ်ကူးယဉ်ဇာတ်လမ်းတွေမလို့  ဒီတိုင်းထွက်ပေါက်တစ်ခုအနေနဲ့ပဲ ခံစားမယ်ဆို အဆင်ပြေပါတယ်။ (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။
...

A Cup of Flavor (2023) ⭐TMDB: 0.0% User Score 🎬 #Drama #Romance 🗓 2023 🎞 movie 🌎 #Philippines ⏰ 1 နာရီ 34 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 A Cup of Flavor (2023) အချစ်ဆိုတာ ကော်ဖီတစ်ခွက်လိုပါပဲတဲ့။ခါးသက်မှုနဲ့ ချိုမြိန်မှုတွဲဖက်နေတဲ့အရာပေါ့။ကော်ဖီလိုပဲ စွဲလမ်းမှုပါပေးပါတယ်။အချစ်ဆိုတာကို လူတွေဟာ သမိုင်းအဆက်ဆက် အဓိပ္ပာယ်ဖွင့်ဆိုကြပေမဲ့ခုထိလဲ ဘယ်သူမှတိတိကျကျမပြောနိုင်ပါဘူးနောက်လဲ အဖြေရှာတွေ့မှာမဟုတ်ပါဘူး။ဒါကြောင့်ပဲ အချစ်ဆိုတာ အချစ်လို့ပဲ သတ်မှတ်လိုက်ပါ။အချစ်ဆိုတာကို လူတွေအများကြီးက အဓိပ္ပာယ်ဖွင့်ဆိုကြတယ် တင်စားကြတယ် ဖွဲ့နွဲ့ကြတယ်။ဒါပေမဲ့ ဘယ်တုန်းကမှပြီးဆုံးတယ်ဆိုတာ မရှိပါဘူး။လူတွေမှာ ခံစားတတ်တဲ့နှလုံးသားရှိနေသရွေ့ အချစ်ဆိုတာတည်ရှိနေမှာဖြစ်သလိုအချစ်နဲ့ပတ်သက်တဲ့ ဇာတ်လမ်းတွေ ကဗျာတွေဟာလဲ အမြဲမရိုးနိုင်ဖြစ်နေဦးမှာပါ။အချစ်ရဲ့အကြောင်းရာတွေကို ဇာတ်လမ်းဆင်ပြထားရတဲ့ ဇာတ်လမ်းလေးထဲမှာ၂၀၂၃ တုန်းကထွက်ထားတဲ့ ဖိလစ်ပိုင် အချစ်ကားလေးကိုလဲသဘောကျမိမှာအမှန်ပါပဲ။ အစ်စီဆိုတဲ့ကောင်မလေးဟာ ဖိလစ်ပိုင်က ကော်ဖီတွေစိုက်တဲ့ နယ်မြို့လေးမှာ နေတဲ့ကောင်မလေးတစ်ယောက်ပေါ့။သူတို့မြို့လေးက ကော်ဖီခြံတွေကို မနီလာကနေလာတဲ့ သူဌေးတွေက ဝယ်ထားပြီးအဲ့ကကော်ဖီစိုက်သူတွေကိုလဲ အလုပ်ပေးထားတော့ မိရိုးဖလာ ကော်ဖီစိုက်တဲ့ တောင်သူတွေခက်ခဲကုန်ကြတာပေါ့။တောင်သူတွေတော်တော်များများကလဲ နယ်မြို့လေးမှာ မနေတော့ပဲ မနီလာမြို့ကြီးကိုတက်ပြီး ပိုက်ရှာဖို့ ထွက်ကုန်ကြတာပေါ့။သူတို့မြို့လေးဟာ ခက်ခဲပြီး ဒေသခံတွေလဲ မရှိသလောက် ခြောက်ကပ်နေတာပေါ့။ဒါပေမဲ့ အစ်စီမှာ အိပ်မက်တစ်ခုရှိပါတယ် သူတို့မြို့လေးကို တိုးတက်အောင်ကူညီမယ်ဆိုတဲ့အိပ်မက်ပေါ့။တစ်နေ့မြို့ထဲကို လမ်းပျောက်ပြီးရောက်လာတဲ့ ကောင်လေးတစ်ယောက်နဲ့တွေ့ပြီးနောက်အစ်စီရဲ့ဘဝလေးထဲ ဒီလူကဘယ်လိုပါဝင်ပတ်သက်လာမယ်ဆိုတာ ကြည့်ရှုအားပေးလိုက်ကြပါဦး။ မှတ်ချက်။ ။ မင်းသမီးလေးကြည့်ရတာနဲ့တင် တန်နေပြီဖြစ်သလို ဇာတ်လမ်းလေးက အချစ်ကိုခံစားမိစေမှာပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့K.Heinပဲ ဖြစ်ပါတယ်။
...

Eternal Brotherhood (2024) ⭐TMDB: 0.0% User Score 🎬 #Action #Adventure #War #Politics 🗓 2024 🎞 Series 🌎 # ⏰ 48 မိနစ် 34 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Eternal BrotherhoodA Journey to Loveကပေးတဲ့ Traumaတွေ မပျောက်သေးခင်မှာကိုကို Yang Xu Wen နဲ့ Liu Yu Ning တို့ရဲ့ကားသစ်လေး တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့……ရှီးချွမ်းကုန်းမြေမှာနေရာအနှံစစ်မက်တွေဖြစ်နေခဲ့တယ်။ Zi Chun နဲ့Sairong မျိူးနွယ်နှစ်စုကြားမှာစစ်ရေးအခြေနေတွေတင်းမာနေခဲ့တယ်။နယ်စပ်မှာတာဝန်ကျတဲ့ကျစ်ချွမ်းရှို့ဟာစစ်ပွဲမှာအောင်နိုင်ခြင်းတွေနဲ့မြို့တော်ကိုပြန်လာခဲ့တယ်။ တိုင်းပြည်အေးချမ်းနိုင်ပြီထင်ပေမယ့်အန္တရာယ်တွေကတစ်လှိုင်းပြီးတစ်လှိုင်းလာနေတုန်းပါပဲ။မြို့တော်မှာယန်မင်ဟွာဆိုတဲ့စစ်ရေးအရာရှိကြီးတစ်ယောက်ဟာ ပုန်ကန်ဖို့စတင်လာခဲ့တယ်။ကျစ်ချွမ်းရှို့နဲ့ သူ့ရဲ့သွေးသောက်ညီအစ်ကိုတွေဟာ ပူးပေါင်းပြီးတော့တိုင်းပြည်ရဲ့ကိုကယ်တင်နိုင်ခဲ့တယ်။ ကျစ်ချွမ်းဟာပြန်လည်အေးချမ်းလာတဲ့အချိန်မှာပဲစောင့်ကြည့်နေတဲ့စိုက်ရုံတွေဟာ ကျစ်ချွမ်းတွေပြန်ပြီးအားမမွေးနိုင်ခင်မှာ စစ်ကြေငြာလာပါတယ်။ကျစ်ချွမ်းရှို့၊ စီးယိလင်နဲ့ တိလင်တို့ ညီအစ်ကို(၃)ယောက်ဟာကိုယ့်တိုင်းပြည်နဲ့ဇာတိအတွက် ချစ်ရတဲ့သူတွေကိုကာကွယ်ပေးဖို့အတွက်ငြိမ်းချမ်းရေးအတွက်တိုက်ပွဲဝင်တဲ့ရဲရင့်ခမ်းနားတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။
...

Under the Silver Lake (2018) ⭐TMDB: 64.0% User Score 🎬 #Comedy #Crime #Drama #Mystery 🗓 2018 🎞 movie 🌎 #USA #UnitedStatesofAmerica ⏰ 2 နာရီ 19 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Under the Silver Lake (2018) IMDb Rating (6.5) ငွေရောင်ကန်ရဲ့ အောက်မှာတဲ့ ဇာတ်ကားနာမည်က လန့်စရာကြီး သတ်တော့မယ်..ဖြတ်တော့မယ်။ Crime, Drama ဆိုတော့ ခြောက်ခြားစရာဘာညာထင်ချင်စရာ… ဒါပေမယ့် မဟုတ်ပါဘူး။ ဒီ ၂၀၁၈ ထွက် Ultimate Spider-man မင်းသား Andrew Garfield ပါဝင်သရုပ်ဆောင်ထားတဲ့ Under the Silver Lake ဇာတ်ကားလေးက A24 က ထုတ်တဲ့ရုပ်ရှင်ဆိုတော့ သိသာထားလိုက်တော့။ ပုံမှန် Crime, Drama တွေနဲ့ပုံစံမတူဘဲ လူတော်တော်များများက Psycho(ဆိုက်ကို) ကားလို့ခေါ်ကြတဲ့ကားမျိုးဖြစ်နိုင်ပါတယ်။ နည်းနည်းလည်းကြောင်တောင်တောင်နိုင်သလိုပါပဲ။ ဒါပေမဲ့ ဒီဇာတ်လမ်းထဲကလို လူတိုင်းမြင်နေကြားနေတဲ့ သတင်းတွေ၊ သီချင်းတွေ၊ ရုပ်ရှင်တွေ၊ ကြော်ငြာတွေထဲမှာ လူတချို့ပဲသိနိုင်မယ့် ထူးခြားတဲ့ လျှို့ဝှက်သတင်းစကားတွေကို ထည့်သွင်းထားသလိုမျိုး ဒီဇာတ်ကားထဲမှာ တချို့လူတွေပဲ ခံစားနားလည်နိုင်မယ့်ခံစားမှုမျိုးတွေ သတင်းစကားတွေ အများကြီးပါနေတာတော့ အသေအချာပါပဲ။ ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင် လူတိုင်းမြင်နေကြပေမယ့် လူတိုင်းမသိကြတဲ့လျှို့ဝှက်ချက်တွေကိုတော့ ကိုယ်တိုင်ရှာကြည့်ကြပါတော့။ လူသိပ်မသတ်ပေမယ့် ကြမ်းခန်းရမ်းခန်းနည်းနည်းပါတဲ့ R-rated ဇာတ်ကားဖြစ်တဲ့အတွက် မိသားစုနဲ့ကြည့်ဖို့မသင့်တော်ပါဘူး။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို  d3mon မှတင်ဆက်ထားပါတယ်။)
...

Dillogical (2024) ⭐TMDB: 60.0% User Score 🎬 #Drama 🗓 2024 🎞 Series 🌎 #India ⏰ 28 မိနစ် 42 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Dillogical (2024)Dillogical (2024) “ဒွိဟ” IMDb – 8.2/10ခံစားချက်တွေ နုပျိုလတ်ဆတ်စေဖို့ လူငယ်အချစ်ဒရာမာ သံယောဇဉ်အရှုပ်တော်ပုံဇာတ်လမ်းတွဲအသေးစားလေးကို တင်ဆက်ပေးပါရစေ။ “ခံစားချက်တွေဆိုတာ ဒီလိုပါလို့ မင်းမြင်သာအောင် လက်ဆုပ်လက်ကိုင် ချပြလို့ရရင်လည်းအကောင်းသား ဂျင်နူးရေ…မင်းကလွဲရင် တခြားဘယ်သူ့ကိုမှ ငါမလိုချင်ခဲ့ပေမဲ့ မင်းက ငါမဟုတ်တဲ့တခြားသူတွေနဲ့ တွေ့ချင်ဆုံချင်… ချစ်မိသွားမလားဆိုတာ သိချင်တာတဲ့လား… မင်းစိတ်ကြိုက် ရှာကြည့်လိုက်စမ်းပါ တစ်ချိန်ကျရင်တော့ မင်းနားခိုမဲ့ ရင်ခွင်တစ်ခုက ဟောဒီက ဆာရန့်ရှ်ဆိုတဲ့ကောင်ကြီးရဲ့ ရင်ခွင်ဖြစ်ပါရစေ”ဆိုတဲ့ ဆာရန့်ရှ်။“နင်က ငါ့ရဲ့ပထမဆုံးသူငယ်ချင်း… နင်ကငါ့ရဲ့ အချစ်ဦး… ငါ နင်နဲ့လမ်းခွဲချင်တာမဟုတ်ဘူးဟ ငါ့တစ်သက်တာမှာ နင်တစ်ယောက်တည်းနဲ့ပဲ ပတ်သက်ခဲ့တာ… လိုင်းပေါ်မှာ ဗီဒီယိုလေးတင်ဖို့တောင် ငါ့အိမ်ခေါင်မိုးပေါ်မှာပဲ တက်ပြီးရိုက်ရတဲ့ဘ၀ကနေ ငါ ရုန်းထွက်ချင်မိတာ မှားလား… နင့်ကို လမ်းခွဲနေတာမဟုတ်ဘူး… ငါတို့လက်ထပ်တဲ့နေ့ကျ ဆုတောင်းစကားတွေပြောတဲ့အခါ ငါတစ်သက်လုံးကြုံခဲ့ရတာက ဒါလေးပဲဆိုပြီး ငါ့မှာပြောစရာရှိတာ… ငါ အသစ်အဆန်းတွေကို ရှာဖွေချင်မိတယ်… နင်မဟုတ်တဲ့ လူတွေနဲ့ဆုံချင်မိတာ ငါဖြစ်ချင်တဲ့ ဆန္ဒလေးက အဲဒါကို နင် ဘာလို့နားမလည်ရတာလဲ”ဆိုတဲ့ ဂျင်နူး။ဒီလိုချစ်သူနှစ်ဦးကြားက အဖုအထစ် အနှောင်အဖွဲ့တွေနဲ့ ဖွဲ့သီထားတဲ့ ဇာတ်လမ်း။ သူတို့ပတ်ဝန်းကျင် အပေါင်းအသင်းတွေရဲ့ ချစ်သူရည်းစားဆက်ဆံရေးတွေကို ခေတ်နဲ့အညီဖော်ကျူးထားတဲ့ဇာတ်လမ်း။ဒီလိုဇာတ်လမ်းလေးကို အိန္ဒိယရုပ်ရှင်ချစ်ပရိသတ်လူငယ်အပေါင်းတို့ ခံစားကြည့်ရှုကြပါဦးစို့လား။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်
...

Calvaire (2005) ⭐TMDB: 59.0% User Score 🎬 #Drama #Thriller #Horror 🗓 2005 🎞 movie 🌎 #Belgium #France #Luxembourg ⏰ 1 နာရီ 28 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ ကြည့်ရှုသူပရိတ်သတ်ကြီးကို ဒါရိုက်တာ Fabrice du Welz ကရိုက်ကူးပုံဖော်ထားပြီး မင်းသား Laurent Lucas ,မင်းသမီး Brigitte Lahaie နဲ့ မင်းသား Jackie Berroyer တို့ပါဝင်သရုပ်ဆောင်ထားတဲ့ Calvaire ဆိုတဲ့ ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ. ဒီဇာတ်ကားဟာ Special Juary Prize, Premier Award International Critics Award နဲ့ Best Film Award စတဲ့ဆုများစွာ ရရှိထားတဲ့အပြင် ဆန်ကာတင် စာရင်းတွေမှာပါ ပါဝင်ထားပြီး rating 6.1/10အထိရရှိထားပါတယ် ဒီဇာတ်ကားမှာ အောင်မြင်တဲ့ သဘင်ပညာသည်တစ်ယောက် ဖြစ်ချင်နေတဲ့ မာ့စ်စတီဗင်ဆိုတဲ့ ကောင်လေးတစ်ယောက် ခရစ္စမတ်ပွဲတစ်ခုကို ဖျော်ဖြေဖို့အတွက် သွားတဲ့လမ်းမှာ ကားပျက်သွားပြီး တောထဲမှာ ဘိုရစ်ဆိုတဲ့ သူ့ရဲ့ခွေးမလေး ဘဲလ်လာကို လိုက်ရှာနေတဲ့ ကောင်လေးတစ်ယောက်နဲ့ တွေ့ပါတယ် အဲ့မှာတင် ဘိုရစ်ကညကြီး အချိန်မတော် မိုးကလည်းရွာနေတာ ဆိုတော့ မာ့စ်ကို အနီးအနားက တည်းခိုခန်း တစ်ခုကိုလိုက်ပို့ပေးလိုက်ပါတော့တယ် ဖြစ်ချင်တော့ တည်းခိုခန်းပိုင်ရှင် အဖိုးကြီးက သူ့မိန်းမပြန်အလာကိုစောင့်နေတဲ့ စိတ္တဆန်ဆန်ဖြစ်နေတဲ့ သူတစ်ယောက်ဖြစ်နေပါတယ် ဘာမှမသိတဲ့ မာ့စ်တစ်ယောက် အစကတော့ အဖိုးကြီးရဲ့ ဖော်ရွေမှုတွေ ဧည့်ဝတ်ကျေပွန်မှုတွေကြောင့် သာယာမိနေပါတယ် အဖိုးကြီးကလည်း မာ့စ်ကားကို မိမိပြင်ပေးမည် ဖြစ်ကြောင်းနဲ့ ခရစ္စမတ်မတိုင်မှီ ဖျော်ဖြေပွဲကို အချိန်မှီရောက်နိုင်ကြောင်း မာ့စ်ကိုအယုံသွင်းပါတော့တယ် အဲ့ဒီနောက် အဖိုးကြီးက ဒီတည်းခိုခန်းက သူ့မိန်းမရှိတဲ့အချိန်တုန်းကတော့ စည်စည်ကားကား ရှိခဲ့ကြောင်း မိမိကလည်း လူရွှင်တော်တစ်ယောက်ဖြစ်ကြောင်းနဲ့ သူ့မိန်းမထွက်သွားပြီးတဲ့နောက်ပိုင်း အရာအားလုံး ကပြောင်းကပြန် တွေ ဖြစ်ကုန်ကြောင်း ရင်ဖွင့်ပါတော့တယ် အဲ့ဒီနောက် အဖိုးကြီးရဲ့ အပြုအမူတွေက တဖြည်းဖြည်း သံသယဖြစ်စရာကောင်းလာပြီး မိမိအတွက် အန္တရာယ်ရှိနိုင်ကြောင်း မာ့စ်တစ်ယောက် သိရှိသွားတဲ့ အခါမှာတော့ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ.. မာ့စ်တစ်ယောက်အဖိုးကြီးလက်ကနေလွတ်ပြီး ခရစ္စမတ်ဖျော်ဖြေပွဲ ကို အချိန်မှီရောက်နိုင်ပါ့မလား ဆိုတာကိုဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုသူ ပရိတ်သတ်ကြီးကိုယ်တိုင်ပဲ ရင်သပ်ရှုမောဖွယ် စောင့်မျှော်ကြည့်ရှုလိုက်ပါဦး.. ဒီဇာတ်ကားက Drama, Horror &Thriller အမျိုးအစားကိုမှ ကြည့်ရှုရတာကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ ကြည့်ရှုသူပရိတ်သတ်တွေ အကြိုက်တွေ့စေမယ့် ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်
...

Leap Year (2010) ⭐IMDB: 6.4/10 (110 k Votes) 🎬 #Comedy #Romance 🗓 2010 🎞 movie 🌎 #UnitedStates #Ireland #UnitedStatesofAmerica ⏰ 1 နာရီ 40 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 သာမန်ချိန်မှာဆိုရင် ယောင်္ကျားလေးကပဲ ချစ်သူရည်းစားမိန်းကလေးကို လက်ထပ်ခွင့်တောင်းကြပေမယ့် Leap Year ရက်ထပ်နှစ်ရဲ့ Feb 29 ရက်နေ့မှာဆိုရင်တော့ မိန်းကလေးတွေက ကိုယ်ချစ်တဲ့သူကို လက်ထပ်ခွင့်တောင်းလို့ရတဲ့အစဉ်အလာရှိပါတယ်။ ဒီအကြောင်းကိုအခြေခံရိုက်ကူးထားတဲ့ မင်းသမီး Amy Adams နဲ့ မင်းသား Matthew Goode တို့ရဲ့ Romance Comedy ရုပ်ရှင်လေး Leap Year (2010) ကိုခံစားကြည့်ရှုကြပါဦး။ IMDb (6.4/10) ထိ ရရှိထားပြီး ဒီနေ့လို့ ဖေဖော်ဝါရီ ၂၉ ရက်နေ့မှာ သေချာပေါက်ကြည့်သင့်ပါတယ်။ အောက်မှာတော့Ye Hut Khoung WordPressကကူးယူလာတဲ့ ရုပ်ရှင်ခံစားမှုဆောင်းပါလေး ရှိပြီးတော့ စပွိုင်လာတချို့ပါနိုင်ပါတယ်။ +++++++++++++++++++++++ LEAP YEAR (2010) ◾ ဘော့စတွန် မြို့ကကောင်မလေးတစ်ယောက်။အိမ်ခြံမြေ အလုပ်မှာ အတော်လေး နေရာရပီး ဝင်ငွေ ကောင်းပြီး အလုပ်အကိုင် လည်း အရမ်းအဆင်ပြေနေတဲ့ မိန်းကလေး။ သူက ဖော်ရွေပြီး ချစ်စရာကောင်းတယ်။ သတ္တိလည်းရှိသလို တဇွတ်ထိုးလည်း လုပ်တတ်တယ်။ ဒါပေမယ့် စိတ်ကောင်းရှိတယ်။ ◾ အိုင်ယာလန်ကို လေယဉ်နဲ့ ခရီးထွက်လာတယ်။ ခရီးဆောင်အိတ်‌ တွေနဲ့ပေါ့။ အိုင်ယာလန်မှာလည်း သူ့သူငယ်ချင်းမင်္ဂလာဆောင် ရှိတယ်။ ဖိတ်လည်းထားတယ်။ ပြီးတော့ သူ့ချစ်သူကလည်း နှလုံးအထူးကု ဆရာဝန်။ အိုင်ယာလန်က ဒပ်ဗလင်မြို့မှာ ဆေးပညာ ညီလာခံ တစ်ခုတက်ဖို့ရှိနေတယ်။သူ့ချစ်သူနဲ့လည်း တွေ့ဖို့ ရှိတယ်။ အခုလာတာလည်း သူ့အတွက်ပဲ ။ချစ်ကြိုက်ကြတာ လေးနှစ်ရှိနေပြီလေ။ အခုအချိန်ထိ Proposal မလုပ်သေးဘူး။ လက်ထပ်ခွင့်မတောင်းသေးဘူး။အဲဒီတော့ စိတ်တိုချင်စရာကြီးပေါ့။ အလုပ်ကို ပဲ တစ်ချိန်လုံးအာရုံစိုက်နေသူကြီးကို သူကပဲ စပြီး လက်ထပ်ဖို့ ကမ်းလှမ်းလိုက်တော့မယ်။ဒါပေမယ့် ဒီနိုင်ငံရဲ့ ထူးခြားပြီး မိန်းကလေးတွေ ရဲ့ အခွင့်အရေးဖြစ်ပြီး ငြင်းပယ်ရခက်၊ရိုမက်တစ်လည်းဆန်အောင် ရက်ထပ်ရက် ဖြစ်တဲ့ ဖေဖော်ဝါရီ ၂၉မှာ ဆောင်ရွက်ဖို့ ‌လျှို့ဝှက် အစီအစဉ်ရေးဆွဲထားပါတယ်။ ◾ လေမုန်တိုင်းကြောင့် လေယာဉ် အရေးပေါ် ပြောင်းလည်း ဆင်းသက်ရပီး ဝေလ(Wales) ပြည်ကို ရောက်သွားရပါတယ်။ အဲဒီကနေ ဘုတ်ငှားပြီး ဒန်ဂယ်လို့ခေါ်တဲ့ တံငါရွာ တစ်ရွာကို ရောက်သွားပါတော့တယ်။အခက်အခဲတွေ ကြုံရတယ်။ခရီးသွားလုပ်ငန်းတစ်ခုက ကားနဲ့ ဒပ်ဗလင်ကို မောင်းပို့ပေးဖို့ စတာလင်ပေါင် ၅၀၀ နဲ့ သဘောတူခဲ့တယ်။ သူက ပို့ချင်တာမဟုတ်ဘဲ ကောင်မလေးက အတင်းအကြပ် သဘော တောင်းဆိုခဲ့တာဖြစ်ပါတယ်။ကောင်မလေး ဒပ်ဗလင်ထိရောက်ဖို့ ကောင်လေးမှာတာဝန်ရှိသွားပြီ။ ◾ လမ်းမှာ နွားအုပ်ကြီးနဲ့တွေ့တယ်။ကားက သွားမရတော့ဘူး။ နွားတွေက ပိတ်ဆို့နေတယ်။ ကောင်မလေးက ဆင်းမောင်းတယ်။ အကောင်းစားဖိနပ်မှာ နွားချေးတွေပေတယ်။ ကားပျက်တော့ တွန်းရင်း ကောင်လေးမောင်းလာတဲ့ကားလည်း ‌စမ်းချောင်းရေထဲထိုးကျသွားတယ်။ကောင်လေးစိတ်ညစ်သွားတယ်။ ခရီးဆောင်အိတ်တွေ ဆွဲပြီး လမ်း‌ေလျာက်ထွက်လာတယ်။မြို့ကြီးသူ၊ ကိန်းခန်းကြီးပြီး စမတ်ကျကျနဲ့ လှချင်နေတဲ့ ‌မိန်းကလေးနဲ့ ရိုးရိုးရှင်းရှင်း ကျေးလက်က လူငယ်တစ်ယောက်တို့ရဲ့ ခရီးလမ်း အဆင်မပြေမှုတွေကိုလည်း ရယ်စရာလေးတွေ အဖြစ် မြင်တွေ့ရပါတယ်။‌ ကောင်မလေးက ဇီဇာကြောင်သလောက်၊စိတ်မြန်သလောက် ကောင်လေးက အေးအေးဆေးဆေး၊မ ထုံ တက်တေး။လမ်းမှာ လမ်းကြုံအဖြစ် ဗင်ကားတစ်စီး ကို တားပြီး အကူအညီတောင်းတယ်။ကောင်လေးက အဲလူတွေ မယုံရဘူးလို့ ကျိတ်ပြောပြီး တားဆီးသေးတယ်။ မရဘူး။အိတ်တွေ တင်အပြီး လူတွေ မတက်ရသေးခင်မှာ ကားက ထွက်ပြေးမောင်းသွားတယ်။ အိတ်တွေ အလုခံလိုက်ရ‌ေတာ့ ကောင်မလေး အတော်စိတ်ညစ်သွားတယ်။ဒါပေမယ့် လမ်း ဘေးအရက်ဆိုင် တစ်ဆိုင်မှာ လူဆိုးတွေဆီကနေ ရအောင် ရဲရဲဝံ့ဝံ့တိုက်ခိုက်ပြီး ပြန်လုပ်ပေးရှာပါတယ်။ ◾ သူတို့ရထားနဲ့ ဆက်သွားဖို့ ရထားအလာကိုစောင့်ကြပါတယ်။ အချိန်က လိုသေးတာကြောင့် အနီးအနားတောင်ကုန်းပေါ်က ရှေးဟောင်းဘုရားကျောင်း ကိုတက်ကြည့်ကြပါတယ်။ အဲဒီမှာ ဒဏ္ဍာရီလာ ဇာတ်လမ်းတစ်ပုဒ်၊ဒဿနတစ်ပုဒ်ကို ကောင်လေးကပြောပြပါတယ်။ အသက်ကြီးတဲ့ ယောက်ကျားတစ်ယောက်ကိုလက်ထပ်ထားတဲ့ မချစ်မနှစ်သက်ပဲနေရတဲ့ ရှေးခေတ်ကကောင်မလေး အကြောင်းပါ။ မီးလောင်တဲ့ အချိန်မှာ စက္ကန့်၆၀လောက် ရတဲ့ အချိန်အတွင်းမှာ လူတွေ ဘာလုပ်ကြသလဲဆိုတဲ့ ဒဿန လည်း ပြောပြဖြစ်ပါတယ် ။‌ ကုန်းမြင့်ပေါ်ကရှေးဘုရားကျောင်း ရဲ့ ဇာတ်ဝင်ရှုခင်းတွေက အတော်ကြည့်ကောင်းပါတယ်။ ရုတ်တရက် မိုးတွေ ရွာချပြီး တောင်ကုန်းက ပြေးအဆင်းမှာ ဒလိမ့်ခေါက်ကွေး ကျပြီး ရွှံ့တွေ ဗွက်တွေ အလူးလူးနဲ့ ဖြစ်ရပါတယ်။ရထားနဲ့လည်း လွဲသွားခဲ့ရပြန်တယ်။ ◾ တည်းခိုခန်းကလည်း အခက်အခဲ ရှိ၊ရှေးရိုးစွဲ ကွန်ဆာဗေးတစ် လူတွေလည်း အများစု နေထိုင်ကြတဲ့ ဒေသမို့ တည်းရေးခိုရေး အတွက် အဆင်မပြေလှဘူး။ သူတို့ဟာ လင်မယား ယောင်ဟန်ဆောင်ပြိး တည်းခိုခဲ့ကြရပါသေးတယ်။ကောင်မလေး ကြော...

Game On (2024) ⭐IMDB: 8.1/10 (2 k Votes) 🎬 #Action #Bollywood #Drama #Romance #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 11 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Game On 2024 (ဘဝကစားပွဲ) ဆစ်ဒဟာ့သ်လို့ ခေါ်တဲ့ကောင်လေးဟာ ဂိမ်းကုမ္ပဏီတစ်ခုမှာ မားကတ်တင်းပိုင်းတာဝန်ယူထားပြီးဘဝကိုအေးအေးဆေးဆေးဖြတ်သန်းနေသူတစ်ဦးဖြစ်ပါတယ်။ သူ့ဘဝမှာလည်း အဖော်ဆိုလို့ အချစ်ဆုံးသူငယ်ချင်းရာဟူးလ်နဲ့ အချစ်ရဆုံးသောချစ်သူ မော့ခ်ရှာတို့နှစ်ယောက်ပဲ ရှိပါတယ်။သူငယ်ချင်းကိုလည်း မရှိမဖြစ် အရမ်းချစ်သလို ချစ်သူကိုလည်း မျက်နှာလေးမညှိုးစေရအောင်အကုန်လိုက်ဖြည့်စည်းပေးနေတဲ့ ဆစ်ဒဟာ့သ်ကို သူ့ရဲ့ချစ်သူနဲ့ သူငယ်ချင်းက ပေါင်းပြီးတော့သူ့ရဲ့ပရောဂျက်ကို လုယူပြီးအလုပ်ပြုတ်အောင်လုပ်ရုံတင်မကဘဲ နှစ်ယောက်သားဖောက်ပြန်ကြတာကိုသိသွားတာတောင်နောက်ထပ်မလုပ်ဘူးကတိပေးရင် ခွင့်လွှတ်ပေးမယ်ဆိုပြီးပြောတဲ့ ပုခုံးကောင်းကောင်းဂျိုပေါက်နေတဲ့ဆစ်ဒဟာ့သ်။ ဒီလိုနဲ့ ဘဝမှာ အလုပ်ရော ချစ်သူကိုပါ ဆုံးရှုံးခဲ့ရပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေမယ်လုပ်ဖို့ထွက်လာတဲ့လမ်းမှာတောင် ဓားပြက တိုက်ခံရသေးတယ်။ သူ့ရဲ့အဖြစ်ဆိုးလှတဲ့ဘဝကြီးကို ထိုင်တွေးနေရင်းဖုန်းတစ်ကောလ်ဝင်လာခဲ့ပါတယ်… အဲဒီဖုန်းကောလ်ကတော့ ငယ်ငယ်က ဆော့တဲ့ဂိမ်းတွေလိုမျိုး မစ်ရှင်တွေလုပ်ပြီးအောင်မြင်ရင် တကယ့်ပိုက်ဆံရမယ့်ဂိမ်းပဲဖြစ်ပါတယ်။ အစပိုင်းမှာ ယင်ကောင်သတ်တာမျိုး ကလေးကိုငိုအောင်လုပ်ရတာမျိုးလိုမစ်ရှင်သေးသေးလေးတွေလုပ်ရင်း ပိုက်ဆံရနေပေမဲ့ နောက်ပိုင်းမှာရော ဘယ်လိုမစ်ရှင်တွေ လုပ်ဆောင်ရမလဲ …….ဆိုတာကို ဟာသလေးတွေနှောရင်း ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Yunni~BpL~V~Alex~ToMo တို့ပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်
...

Code 8: Part II (2024) ⭐IMDB: 6.0/10 (659 Votes) 🎬 #Action #SciFi #ScienceFiction #Crime #Drama #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 40 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 2019 တုန်းက အဲရိုးမင်းသား Stephen Amell နဲ့ သူ့ညီ Robbie Amell တို့ အတူ သရုပ်ဆောင်ပြီး နာမည်ကြီးခဲ့တဲ့ သိပ္ပံစိတ်ကူးယဉ်ဇာတ်ကား Code 8 ရဲ့ နောက်ဆက်တွဲ ဇာတ်ကားလာပါပြီ။ ဒီကားမှာလည်း အရင်မင်းသားနှစ်လက်ပဲအဓိက ပါဝင်ထားပြီး အရင်ဒါရိုက်တာကပဲ ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း လင်ကွန်းမြို့မှာ စွမ်းအားမျိုးစုံ ကိုယ်စီရှိကြတယ် စွမ်းအားရှင်လူသားတွေ ရှိပါတယ်။ အဲဒီလူသားတွေဟာ အစတုန်းက လုပ်ငန်းမျိုးစုံမှာ အသုံးဝင်လို့ နေရာရခဲ့ကြပေမဲ့ သူတို့နေရာကို စက်တွေနဲ့အစားထိုးလာတဲ့အခါ စွမ်းအားရှင်အလုပ်လက်မဲ့တွေ ပိုများပြားလာပြီး ရာဇဝတ်မှုတွေလည်း များလာပါတယ်။ ဒါတွေကို ရဲတွေက အဆင့်မြင့် စက်ရုပ်တွေနဲ့ အကြမ်းဖက်နှိမ်နင်းနေပြီး တစ်မြို့လုံး ဗြောင်းဆန်နေချိန်လည်းဖြစ်ပါတယ်။ အဲဒီမြို့မှာပဲ ဆိုက်ခ်ဆိုတဲ့ မူးယစ်ဆေးတစ်မျိုး ထိန်းမရအောင် ပြန့်နှံ့နေပြီး အဲဒီဆေးဟာ စွမ်းအားရှင်တွေရဲ့ ကျောရိုးအရည်ကနေ ထုတ်လုပ်တာဖြစ်လို့ အလုပ်လက်မဲ့ စွမ်းအားရှင်တွေအတွက် ငွေရပေါက်တစ်ခုလည်းဖြစ်နေပါတယ်။ ပထမရုပ်ရှင်မှာတော့ အဲဒီ ဆေးထုတ်နေတဲ့ ဂိုဏ်းခေါင်းဆောင်ကို ရှင်းလင်းပစ်ခဲ့ပြီး စွမ်းအားရှင်ဖြစ်တဲ့ ကွန်နာ ဟာ သူ့အပြစ်တွေကိုဝန်ခံပြီး ထောင်ကျခံခဲ့တာပါ။ အခု ဇာတ်ကားမှာတော့ ကွန်နာထောင်ကထွက်လာချိန်မှာ သူ့မိတ်ဆွေဟောင်း ဂဲရက်က ဆိုက်ခ် မူးယစ်ဆေးဂိုဏ်းခေါင်းဆောင်ဖြစ်နေပြီး ကင်းစတန်ဆိုတဲ့ရဲနဲ့ လက်ဝါးချင်းရိုက်ပြီး အလုပ်လုပ်နေပြီ ဖြစ်ပါတယ်။ အဲဒီ မသမာမှုတွေကို တွေ့သွားတဲ့ စွမ်းအားရှင်လူငယ်လေးတစ်ယောက် အသတ်ခံလိုက်ရပြီး သူ့ရဲ့ ညီမလေးဖြစ်သူက ထွက်ပြေးရင်းနဲ့ ကွန်နာ့ဆီရောက်ပြီး စောင့်ရှောက်ထားလိုက်ရပါတယ်။ အဲဒီမျက်မြင်သက်သေကောင်မလေးကို နှုတ်ပိတ်ဖို့ ကြိုးစားနေတဲ့ ရဲတွေ နဲ့ ဂဲရက်ကို ကွန်နာတို့ ဘယ်လိုရင်ဆိုင်ကြသလိုဆိုတာ ဒီရုပ်ရှင်မှာတွေ့ရပါလိမ့်မယ်။
...

Code 8 (2019) ⭐IMDB: 6.1/10 (45 k Votes) 🎬 #Action #SciFi #ScienceFiction #Crime #Drama #Thriller 🗓 2019 🎞 movie 🌎 #Canada #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 47 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခေါက်တော့ Cast လန်းလန်း၊Rating မြင့်မြင့် Scifi/Fantasy ကားလေးကိုCM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ Green Arrow လို့လူသိများကျော်ကြားတဲ့ Stephen Amell ရယ်၊ Robbie Amell ၊Sung Kang ရယ် အတူတူသရုပ်ဆောင်ထားတာပါ။ Rating တွေအနေနဲ့ကတော့ Rotten Tomatoes 78%တောင်ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကိုတင်ဆက်ပေးလိုပါသေးတယ်။ လင်ကွန်းစီးတီးဆိုတာ အစွမ်းရှိတဲ့သူတွေနဲ့ သာမန်သူတွေနဲ့ အတူတကွငြိမ်းအေးစွာယှဉ်တွဲနေထိုင်ကြတဲ့ မြို့တစ်မြို့ပါ။ သာမန်ထက်ထူးခြားတဲ့လူတွေရဲ့အစွမ်းတွေကို ကုန်ထုတ်လုပ်ရေး ဆောက်လုပ်ရေးတွေများ ကောင်းကောင်းအသုံးချကြပါတယ်။ တဖြည်းဖြည်းနဲ့ စက်ယန္တရားတွေ အစားထိုးဝင်ရောက်လာတဲ့အခါ အစွမ်းရှိတဲ့သူတွေအလုပ်အကိုင်တွေရှားပါးလာပါတော့တယ်။ အလုပ်အကိုင်တွေရှားပါးလာတာနဲ့အမျှ ဒုစရိုက်သမားတွေက အစွမ်းရှိတဲ့လူတွေကို ဆိုက်ခ်ဆိုတဲ့ မူးယစ်ဆေးဝါးတစ်မျိုးထုတ်လုပ်တဲ့နေရာမှာ အသုံးချပါတော့တယ်။ ဒီမူးယစ်ဆေးနဲ့ ပါဝင်ပါတ်သတ်နေတာကြောင့် သာမန်လူတွေကလဲ အစွမ်းရှိလူသားတွေကို အမုန်းပွားကာ ခွဲခြားဆက်ဆံပါတော့တယ်။ အဲတော့ အစွမ်းရှိသူတွေအနေနဲ့ အစွမ်းရှိတယ်ဆိုတာ အားနည်းချက်တစ်ခုလိုပါပဲ။ကော်နာဆိုတော့ကောင်လေးကတော့ အလုပ်မရှိတဲ့ စွမ်းအားရှိလူသားတစ်ယောက်ပါ။ တစ်နေ့မှာတော့ သူ့အမေကိုဆေးကုဖို့အတွက် အလုပ်လိုလာတဲ့အခါမှာ သူဘာဆက်လုပ်မလဲ? ဘယ်လိုတွေဆက်ဖြစ်မယ်ဆိုတာ အရမ်းကိုစိတ်ဝင်စားဖို့ကောင်းပါတယ်။ အဆုံးထိစိတ်ဝင်တစားကြည့်ရှုရမယ့် ဒီကားလေးနာမည်ကတော့ Code 8 (2019) ပါ။
...

Earth and Blood (2020) ⭐IMDB: 5.2/10 (3 k Votes) 🎬 #Action #Crime #Drama #Thriller 🗓 2020 🎞 movie 🌎 #France #Belgium ⏰ 1 နာရီ 21 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 2020 တုန်းကထွက်ရှိခဲ့တဲ့ Netflix တန်းဝင်ပြင်သစ်အက်ရှင် ကားတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားနာမည်ကတော့ Earth And Blood ဖြစ်ပြီး IMDb Rating 5.2 လည်း  ရရှိထားပါတယ်.. စစချင်းမှာရဲစခန်းကိုဓားပြတွေ ဝင်စီးနင်းနေတာကိုတွေ့ရမှာဖြစ်ပြီး အဲ့ဒီဓားပြတွေ လိုချင်တာကတခြားမဟုတ်ဘဲ ရဲစခန်းမှာ သိမ်းဆည်းထားတဲ့ ကိုကိန်းတွေပဲဖြစ်ပါတယ်။ဒီလိုနဲ့ အဲ့ဒီကိုကိန်း တွေကို ယူလာခဲ့ပြီးနောက်မှာ အဲ့ဒါတွေကိုရောင်းပြီး ဝေးရာလစ်ဖို့ စီစဉ်ကြပါတော့တယ်။ဒါပေမယ့် အဲ့ဒါတွေက သူတို့ပိုင်တဲ့ပစ္စည်းတွေ မဟုတ်ဘဲ ပိုင်ရှင်ကသက်သက်ရှိနေခဲ့ပါတယ်။အဲ့ဒါကြောင့်မလို့ ဓားပြတွေထဲမှာ အသက်ရှင်ကျန်ခဲ့တဲ့တစ်ယောက်က သစ်စက်မှာ အလုပ်လုပ်နေတဲ့ ညီဖြစ်သူကိုခေါပြီး အဲ့ဒီဆေးတွေကိုသိမ်းထားခိုင်း ခဲ့ပါတယ်။ဖြစ်ချင်တော့ ပိုင်ရှင်အစစ်အမှန်က အဲ့ဒီအကြောင်းကို သိသွားပြီး သစ်စက်ကိုလိုက်လာတဲ့အခါမှာတော့ မဆီမဆိုင်သစ်စက် ပိုင်ရှင်တို့ မိသားစုမှာကြားညှပ်ကုန်ပြီး ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမဲ့အက်ရှင် ဒရာမာဇာတ်ကားပဲဖြစ်ပါတယ်။
...

G.I. Jane (1997) ⭐TMDB: 64.0% User Score 🎬 #Action #Drama #War 🗓 1997 🎞 Series 🌎 #UnitedKingdom #UnitedStatesofAmerica ⏰ 2 နာရီ 6 မိနစ် 23 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ယောက်ျားမိန်းမ ခွဲခြားဆက်ဆံခြင်းဆိုတာ ဟိုးအရင်ကတည်းကနေ အခုထက်ထိ ဆက်ရှိနေသေးတဲ့ပြဿနာကြီးတစ်ခုပါ။ စစ်တပ်တွေထဲမှာလည်း အဲ့လိုခွဲခြားမှုတွေအများအပြားရှိခဲ့ပါတယ်။ ယောက်ျားတွေက ဘယ်နေမှာမဆို တာဝန်ထမ်းဆောင်လို့ရပေမဲ့ အမျိုးသမီးတွေကိုတော့ ကျန်တဲ့အရာတွေမကြည့်ဘဲ အမျိုးသမီးဆိုတဲ့ အကြောင်းပြချက်တစ်ခုတည်းနဲ့ ရာထူးနေရာတွေ လေ့ကျင့်ရေးတွေ အများအပြားမှာ ပိတ်ပင်ခံခဲ့ရပါတယ်။အခုတင်ဆက်ပေးမဲ့ G.I Jane ဆိုတဲ့ 1997 ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ ဇာတ်ကားထဲမှာအဲ့လိုခွဲခြားမှုတွေကို ကွက်ကွက်ကွင်းကွင်းမြင်ရအောင် ရိုက်ကူးထားတာကို တွေ့ရမှာဖြစ်ပြီး IMDb Rating 6.0 ရရှိထားတဲ့ ဟောင်းပေမဲ့ကောင်းနေဆဲ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ အိုနီးလ်ဆိုတဲ့ထောက်လှမ်းရေးမှာ အလုပ်လုပ်နေတဲ့အမျိုးသမီး တစ်ယောက်က တစ်နေ့မှာတော့အဲ့လိုခွဲခြား ဆက်ဆံမှုတွေကို မကြိုက်တဲ့ အမတ်ကြီးတစ်ယောက်ရဲ့ အကူအညီနဲ့ ရေတပ် လေ့ကျင့်ရေးတစ်ခုမှာ ပါဝင်ခွင့်ရခဲ့ပါတယ်။ဒါပေမယ့် အဲ့ဒီလေ့ကျင့်ရေး က တော်ရုံလေ့ကျင့်ရေးမဟုတ်ဘဲ အမေရိကန်တစ်နိုင်ငံလုံးမှာ အပြင်းထန်ဆုံး လေ့ကျင့်ရေးဖြစ်တဲ့အတွက် တော်ရုံယောက်ျားတွေပါ လွယ်လွယ်ကူကူမကျော်ဖြတ်နိုင်တဲ့ လေ့ကျင့်ရေးတစ်ခုပဲဖြစ်ပါတယ်။ အိုနီးလ်က မိန်းမသားဖြစ်ပေမဲ့ စိတ်ဓာတ်မာတဲ့အတွက် အဲ့ဒီလေ့ကျင့်ခန်းတွေ အားလုံးကို ဘယ်လိုအခက်အခဲတွေရင်ဆိုင်ပြီး ကျော်ဖြတ်နိုင်ခဲ့မလဲ နောက်ဆုံးမှာရော သူအောင်မြင်ခဲ့မလား သူ့ကိုကူညီပေးခဲ့တဲ့ အမတ်ကြီးကရော ဘယ်လိုနိုင်ငံရေးလှည့်ကွက်တွေကြောင့် ဒီလိုလုပ် ပေးခဲ့တာလဲဆိုတာတွေကို စိတ်ဝင်စားစရာကောင်းစွာကြည့်ရှုရမဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။
...

Man Suang (2023) ⭐IMDB: 7.0/10 (2 k Votes) 🎬 #Drama #History #Mystery #Romance #Thriller 🗓 2023 🎞 movie 🌎 #Thailand ⏰ 2 နာရီ 7 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မာန်စွမ် စံအိမ်တော်ရဲ့ အရှုပ်တော်ပုံ (၂၀၂၄) အစားကြမ်းတဲ့လူဆိုးလေးKinn Porsche အတွဲကိုမှ လွမ်းလှပါပြီဆိုတဲ့ ပရိသတ်ကြီးအတွက်ဒီCPအတွဲရဲ့ comeback movieလေးကို တင်ဆက်ပေးလိုက်ပါပြီ။Kinn Porsche နဲ့မတူဘဲ ဒီဇာတ်ကားလေးမှာတော့ ၁၉ ရာစုအလယ် ဘုရင်ခေတ်နောက်ခံဇာတ်လမ်းနဲ့ ကြည့်ရှုခံစားရမှာပါ။ ပက်လျူဆိုတဲ့ရွာလေးကနေ ကချေသည်လုပ်ဖို့ မြို့တက်လာတဲ့ ခမ်နဲ့ဝမ်ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်လူတစ်ယောက် တိုက်ခိုက်ခံနေရတာကို ဝင်ကယ်ရာကနေ လူသတ်သမားအဖြစ် စွပ်စွဲခံရတဲ့ဘဝကို ရောက်သွားပါတော့တယ်။အသတ်ခံရတဲ့သူက ဖရာယာဘိုဒီဆွန်ရဲ့တူဖြစ်ပြီး အပြစ်ကိုရှောင်လွှဲချင်ရင်တော့အလဲအလှယ်အနေနဲ့ သက်စွန့်ဆံဖျား တာဝန်တစ်ခုကို ထမ်းဆောင်ဖို့ ကမ်းလှမ်းလိုက်ပါတယ်။ ဒီတာဝန်ကတော့ လက်ရှိဘုရင် နန်းသက်ကုန်ခါနီး ဘုရင်သစ်လည်းမ‌မြှောက်ရသေးတော့မင်းသားတွေ အချင်းချင်းအားပြိုင်တဲ့ဒီကာလမှာ ပုန်ကန်ချင်တဲ့သူတွေလက်နက်မှောင်ခိုဝယ်တဲ့သက်သေဖြစ်တဲ့ အရောင်းအဝယ်လျှို့ဝှက်စာချုပ်ကို“မာန်စွမ်” ဆိုတဲ့ ပြဇာတ်အဖွဲ့ရဲ့စံအိမ်တော်ကြီးကနေ ရှာပေးဖို့ပါပဲ။ နဂိုထဲက အကကိုဝါသနာပါတဲ့ ခမ်နဲ့ဝမ်တို့ မာန်စွမ်မှာ‌ ထပ်ဆုံတဲ့ ချာတရာနဲ့အတူနိုင်ငံရေးအားပြိုင်ပွဲ အာဏာလုပွဲထဲ ဘယ်လိုပတ်သက်မိမလဲဆိုတာ ရှုစားကြပါဦး။ အညွှန်းကိုတော့Mary Christက ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့Mary&Char Ouပဲ ဖြစ်ပါတယ်။
...

Before Midnight (2013) ⭐IMDB: 7.9/10 (171 k Votes) 🎬 #Drama #Romance 🗓 2013 🎞 movie 🌎 #Greece #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 48 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 B E F O R E ရဲ ့နိဒါန်း. Vienna ကို ခုတ်မောင်းနေတဲ့ ရထားတစ်စင်းပေါ်မှာ အသက်အရွယ်အနည်းငယ်ကြီးရင့်စပြုနေပြီဖြစ်တဲ့ German စုံတွဲတစ်တွဲ စကားများနေကြတယ်။ ဘယ်အကြောင်းအရာကို အခြေခံပြီး စကားများနေကြသလဲဆိုတာကိုတော့ ကျွန်တော်မသိ။ ဒါပေမဲ့ အိမ်တွင်းရေးကိစ္စတော့ ဖြစ်ဟန်တူတယ်။ သူတို ့နှစ်ဦးရဲ ့အငြင်းအခုန်ပွဲဟာ ရထားတွဲအတွင်းက တစ်ခြားခရီးသည်တွေကိုပါ စိတ်အနှောက်အယှက် ဖြစ်စေတယ်။ ဒါကြောင့်မို ့လည်း စာအုပ်တစ်အုပ်ကို ဖတ်နေတဲ့ ပြင်သစ်သူ Celine ဆိုတဲ့ မိန်းမငယ်လေးဟာ ရထားတွဲရဲ ့အနောက်နားက ဆိတ်ငြိမ်တဲ့ထိုင်ခုံတစ်နေရာကို ပြောင်းထိုင်လိုက်တယ်။ ဒီမှာတင် မလှမ်းမကမ်းနားမှာ သူမလိုပဲ စာအုပ်ထိုင်ဖတ်နေတဲ့ လူငယ်လေးတစ်ယောက်က သူမကို လှမ်းမေးလို်က်တယ်။ စောစောက လင်မယား ဘာကိစ္စနဲ ့ စကားတွေများနေကြတာလဲ ဆိုပြီး …. အချိန်ကာလအားဖြင့် 18 နှစ်ကျော်ကြာမြင့် သွားတဲ့အခါ Greece ရဲ ့ဟိုတယ်အခန်းကျဉ်းလေးတစ်ခုထဲမှာ လင်မယားနှစ်ယောက် စကားအခြေအတင် ငြင်းခုန်နေကြတယ်။ နှစ်ယောက်စလုံး မြိုသိပ်ထားခဲ့ရတဲ့ ခံစားချက်တွေ၊ နားလည်ခြင်းတွေကို ထုတ်ဖော်ပြီး ရန်ဖြစ်နေကြတယ်။ အကယ်၍ အခြေအနေတစ်ခု တိမ်းစောင်းသွားပါက သူတို ့နှစ်ယောက်ရဲ ့အိမ်ထောင်ရေးဟာ ပျက်စီးသွားကြတော့မယ်။ ဒါပေမဲ့ သူတို ့မေ့နေတာက လွန်ခဲ့တဲ့ 18 နှစ်ကျော်က ရထားတစ်စင်းပေါ်မှာ လင်မယားနှစ်ယောက် ရန်ဖြစ်တာကို အကြောင်းပြုပြီး သူတို ့နှစ်ယောက် စတွေ ့ခဲ့ကြတယ်ဆိုတာကိုပဲ။. ကျွန်တော်တို ့တွေ အမြဲပြောလေ့ရှိတဲ့ ဝေါဟာရလေးတစ်ခုရှိိတယ်။ ရေစက်တဲ့။ လူသားနှစ်ဦးဟာ ရေစက်ရှိလို ့ကံကြမ္မာက တမင်ဖန်တီးပေးတာလား၊ ဒါမှမဟုတ် ထိုရေစက်ဆိုတဲ့အရာကို မဖြစ် ဖြစ်အောင် ကျွန်တော်တို ့လူသားတွေကပဲ ကံကြမ္မာကို လှည့်စားခဲ့ကြတာလား။ Before Trilogy လို ့ရုပ်ရှင်ချစ်သူတွေရဲ ့နှလုံးသားမှာ ရေပန်းစားတဲ့ Before Sunrise, Before Sunset နဲ ့Before Midnight ဇာတ်ကားတွေကို ကြည့်ပြီးတဲ့အခါမှာ ပထမဆုံး စတွေးမိတဲ့ကျွန်တော့်ရဲ ့အတွေးက ဒါပဲ။ ဘဝရဲ ့တစ်နေ ့နေ ့တစ်ချိန်ချိန်မှာ လူသားတစ်ယောက်ကို တွေ ့မယ်။ ပြီးတော့ ထိုလူသားကို ပြန်တွေ ့အောင် သင်ဟာ နည်းမျိုးစုံနဲ ့တမင်ဖန်တီးနေခဲ့မိမယ်။ ဒါတွေရဲ ့မြစ်ဖျားခံရာက အချစ်ပဲ။ —————————————————————————- B E F O R E. သူ ့နာမည်က James။ ဒါပေမဲ့ ရင်းနှီးတဲ့သူတွေက သူ ့ကို Jesse လို ့ပဲခေါ်ကြတယ်တဲ့။ ဒီတော့ ကျွန်တော်တို ့လည်း သူ ့ကို ရင်းနှီးတယ်လို ့ခံစားရအောင် Jesse လို ့ပဲ ခေါ်ကြတာပေါ့။ သူဟာ ချစ်သူကောင်မလေးဆီကို လာလည်ဖို ့ဆိုတဲ့ရည်ရွယ်ချက်နဲ ့ဥရောပကို ရောက်လာတယ်။ ဒါပေမဲ့ မဟန်တဲ့အခြေအနေတွေကို ရိပ်မိတဲ့သူဟာ ကျန်တဲ့ငွေနဲ ့ပဲ အမေရိကားကို ပြန်ဖို ့ထွက်လာခဲ့တယ်။ Vienna မြို ့ကနေ လေယာဉ်နဲ ့US ကို မထွက်ခွာခင် Vienna ကို ရထားတစ်စင်းစီးပြီး လိုက်လာတယ်။ ဒါပေမဲ့ ထိုရထားပေါ်မှာ ပြင်သစ်သူ မိန်းကလေးတစ်ယောက်ဟာ သူနဲ ့မလှမ်းမကမ်းနားမှာ လာထိုင်ပြီး စကားစမည်ပြောဖြစ်တာကြောင့် ထိုကောင်မလေးကို သူစိတ်ဝင်စားသွားတယ်။ သူတို ့နှစ်ယောက်ရဲ ့စကားဝိုင်းဟာ မပြီးဆုံးသေးဘူးဆိုတာ သူသိတယ်။ ဒါကြောင့် အရဲစွန် ့ပြီး Vienna မြို ့ပေါ်ကို သူနဲ ့အတူ တစ်ညလောက် လိုက်လည်ပြီး စကားတွေဆက်ပြောဖို ့ဖိတ်ခေါ်ခဲ့တယ်။ အမှန်တော့ ဒါဟာ ရူးကြောင်ကြောင်နိုင်တဲ့ လုပ်ရပ်တစ်ခုလို ့တစ်ချိ ့က ထင်ကြေးပေးချင်ပေးကြလိမ့်မယ်။ ကျွန်တော်ကတော့ သူလုပ်သင့်တဲ့အရာတစ်ခုကို လုပ်ခဲ့တယ်လို ့ပဲ မြင်တယ်။. လူသားနှစ်ယောက်ကို ဘယ်အရာက ဆက်စပ်ပေးတယ်လိုု ့ခင်ဗျားတို ့ထင်ကြသလဲ။ ကျွန်တော်ကတော့ ထိုလူသားနှစ်ယောက် ပြောဖြစ်တဲ့ စကားစအကြောင်းအရာတွေကပဲ လူသားနှစ်ယောက်ကို ဆက်စပ်ပေးတာလို ့မြင်တယ်။ လောကမှာ ကိုယ်နဲ ့လူတစ်ယောက် စကားပြောရင်း စကားစတွေပြတ်သွားမှာ ပြောမဲ့စကားတွေကုန်ခမ်းသွားမှာကို မသိစိတ်ကရော သိစိတ်ကပါ စိုးထိတ်နေပြီဆိုရင် ထိုအခွင့်အရေးကို လက်လွှတ်ဆုံးရှုံးမခံသင့်ဘူး။ Director Richard Linklater ဟာ လူ ့ဘဝရဲ ့တန်ဖိုးအရှိဆုံးအချိန်တွေဟာ ဘယ်အချိန်တွေလဲဆိုတာ ကောင်းကောင်းသိခဲ့တဲ့သူပဲ ဖြစ်လိမ့်မယ်။ ဒါကြောင့် သူရေးဖွဲ ့ခဲ့တဲ့ ဇာတ်ကောင် Jesse ဟာ Celine ကို စကားတွေ ဆက်ပြောဖို ့ဖိတ်ခေါ်ခဲ့တယ်။ Celine လည်း မငြင်းဆန်ခဲ့ဘူး။ ဒီလိုနဲ ့သူတို ့နှစ်ယောက်ဟာ ရထားပေါ်က ဆင်းလာကြပြီး Vienna မြို ့ပေါ်ကို ပထမဆုံး ခြေလှမ်းတွေ စလှမ်းပါတော့တယ်။. သူတို ့မှာ သွားရမဲ့ Destination ဆိုတာ မရှိဘူး ။ ရောက်တတ်ရာရာ ခြေဦးတည့်ရင်း စကားတွေ ဆက်ပြောကြတယ်။ သူတို ့နှစ်ယောက် ပြောခဲ့တဲ့ စကားတွေဟာ အကြောင်းအရာ အမျိုးစုံတယ်။ ဘဝအကြောင်းတွေပါတယ်။ ခံယူချက်တွေပါတယ်။ အတွေးအခေါ်တွေပါတယ်။ နိုင်ငံရေးအကြောင်းအရာတွေပါတယ်။ ဘာသာရေးတွေပါတယ်။ မျက်စိရှေ ့မှာ...

Before Sunset (2004) ⭐TMDB: 78.0% User Score 🎬 #Drama #Romance 🗓 2004 🎞 movie 🌎 #USA #UnitedStatesofAmerica #France ⏰ 1 နာရီ 20 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Vienna ကို ခုတ်မောင်းနေတဲ့ ရထားတစ်စင်းပေါ်မှာ အသက်အရွယ်အနည်းငယ်ကြီးရင့်စပြုနေပြီဖြစ်တဲ့ German စုံတွဲတစ်တွဲ စကားများနေကြတယ်။ ဘယ်အကြောင်းအရာကို အခြေခံပြီး စကားများနေကြသလဲဆိုတာကိုတော့ ကျွန်တော်မသိ။ ဒါပေမဲ့ အိမ်တွင်းရေးကိစ္စတော့ ဖြစ်ဟန်တူတယ်။ သူတို ့နှစ်ဦးရဲ ့အငြင်းအခုန်ပွဲဟာ ရထားတွဲအတွင်းက တစ်ခြားခရီးသည်တွေကိုပါ စိတ်အနှောက်အယှက် ဖြစ်စေတယ်။ ဒါကြောင့်မို ့လည်း စာအုပ်တစ်အုပ်ကို ဖတ်နေတဲ့ ပြင်သစ်သူ Celine ဆိုတဲ့ မိန်းမငယ်လေးဟာ ရထားတွဲရဲ ့အနောက်နားက ဆိတ်ငြိမ်တဲ့ထိုင်ခုံတစ်နေရာကို ပြောင်းထိုင်လိုက်တယ်။ ဒီမှာတင် မလှမ်းမကမ်းနားမှာ သူမလိုပဲ စာအုပ်ထိုင်ဖတ်နေတဲ့ လူငယ်လေးတစ်ယောက်က သူမကို လှမ်းမေးလို်က်တယ်။ စောစောက လင်မယား ဘာကိစ္စနဲ ့ စကားတွေများနေကြတာလဲ ဆိုပြီး …. အချိန်ကာလအားဖြင့် 18 နှစ်ကျော်ကြာမြင့် သွားတဲ့အခါ Greece ရဲ ့ဟိုတယ်အခန်းကျဉ်းလေးတစ်ခုထဲမှာ လင်မယားနှစ်ယောက် စကားအခြေအတင် ငြင်းခုန်နေကြတယ်။ နှစ်ယောက်စလုံး မြိုသိပ်ထားခဲ့ရတဲ့ ခံစားချက်တွေ၊ နားလည်ခြင်းတွေကို ထုတ်ဖော်ပြီး ရန်ဖြစ်နေကြတယ်။ အကယ်၍ အခြေအနေတစ်ခု တိမ်းစောင်းသွားပါက သူတို ့နှစ်ယောက်ရဲ ့အိမ်ထောင်ရေးဟာ ပျက်စီးသွားကြတော့မယ်။ ဒါပေမဲ့ သူတို ့မေ့နေတာက လွန်ခဲ့တဲ့ 18 နှစ်ကျော်က ရထားတစ်စင်းပေါ်မှာ လင်မယားနှစ်ယောက် ရန်ဖြစ်တာကို အကြောင်းပြုပြီး သူတို ့နှစ်ယောက် စတွေ ့ခဲ့ကြတယ်ဆိုတာကိုပဲ။. ကျွန်တော်တို ့တွေ အမြဲပြောလေ့ရှိတဲ့ ဝေါဟာရလေးတစ်ခုရှိိတယ်။ ရေစက်တဲ့။ လူသားနှစ်ဦးဟာ ရေစက်ရှိလို ့ကံကြမ္မာက တမင်ဖန်တီးပေးတာလား၊ ဒါမှမဟုတ် ထိုရေစက်ဆိုတဲ့အရာကို မဖြစ် ဖြစ်အောင် ကျွန်တော်တို ့လူသားတွေကပဲ ကံကြမ္မာကို လှည့်စားခဲ့ကြတာလား။ Before Trilogy လို ့ရုပ်ရှင်ချစ်သူတွေရဲ ့နှလုံးသားမှာ ရေပန်းစားတဲ့ Before Sunrise, Before Sunset နဲ ့Before Midnight ဇာတ်ကားတွေကို ကြည့်ပြီးတဲ့အခါမှာ ပထမဆုံး စတွေးမိတဲ့ကျွန်တော့်ရဲ ့အတွေးက ဒါပဲ။ ဘဝရဲ ့တစ်နေ ့နေ ့တစ်ချိန်ချိန်မှာ လူသားတစ်ယောက်ကို တွေ ့မယ်။ ပြီးတော့ ထိုလူသားကို ပြန်တွေ ့အောင် သင်ဟာ နည်းမျိုးစုံနဲ ့တမင်ဖန်တီးနေခဲ့မိမယ်။ ဒါတွေရဲ ့မြစ်ဖျားခံရာက အချစ်ပဲ။ —————————————————————————- B E F O R E. သူ ့နာမည်က James။ ဒါပေမဲ့ ရင်းနှီးတဲ့သူတွေက သူ ့ကို Jesse လို ့ပဲခေါ်ကြတယ်တဲ့။ ဒီတော့ ကျွန်တော်တို ့လည်း သူ ့ကို ရင်းနှီးတယ်လို ့ခံစားရအောင် Jesse လို ့ပဲ ခေါ်ကြတာပေါ့။ သူဟာ ချစ်သူကောင်မလေးဆီကို လာလည်ဖို ့ဆိုတဲ့ရည်ရွယ်ချက်နဲ ့ဥရောပကို ရောက်လာတယ်။ ဒါပေမဲ့ မဟန်တဲ့အခြေအနေတွေကို ရိပ်မိတဲ့သူဟာ ကျန်တဲ့ငွေနဲ ့ပဲ အမေရိကားကို ပြန်ဖို ့ထွက်လာခဲ့တယ်။ Vienna မြို ့ကနေ လေယာဉ်နဲ ့US ကို မထွက်ခွာခင် Vienna ကို ရထားတစ်စင်းစီးပြီး လိုက်လာတယ်။ ဒါပေမဲ့ ထိုရထားပေါ်မှာ ပြင်သစ်သူ မိန်းကလေးတစ်ယောက်ဟာ သူနဲ ့မလှမ်းမကမ်းနားမှာ လာထိုင်ပြီး စကားစမည်ပြောဖြစ်တာကြောင့် ထိုကောင်မလေးကို သူစိတ်ဝင်စားသွားတယ်။ သူတို ့နှစ်ယောက်ရဲ ့စကားဝိုင်းဟာ မပြီးဆုံးသေးဘူးဆိုတာ သူသိတယ်။ ဒါကြောင့် အရဲစွန် ့ပြီး Vienna မြို ့ပေါ်ကို သူနဲ ့အတူ တစ်ညလောက် လိုက်လည်ပြီး စကားတွေဆက်ပြောဖို ့ဖိတ်ခေါ်ခဲ့တယ်။ အမှန်တော့ ဒါဟာ ရူးကြောင်ကြောင်နိုင်တဲ့ လုပ်ရပ်တစ်ခုလို ့တစ်ချိ ့က ထင်ကြေးပေးချင်ပေးကြလိမ့်မယ်။ ကျွန်တော်ကတော့ သူလုပ်သင့်တဲ့အရာတစ်ခုကို လုပ်ခဲ့တယ်လို ့ပဲ မြင်တယ်။. လူသားနှစ်ယောက်ကို ဘယ်အရာက ဆက်စပ်ပေးတယ်လိုု ့ခင်ဗျားတို ့ထင်ကြသလဲ။ ကျွန်တော်ကတော့ ထိုလူသားနှစ်ယောက် ပြောဖြစ်တဲ့ စကားစအကြောင်းအရာတွေကပဲ လူသားနှစ်ယောက်ကို ဆက်စပ်ပေးတာလို ့မြင်တယ်။ လောကမှာ ကိုယ်နဲ ့လူတစ်ယောက် စကားပြောရင်း စကားစတွေပြတ်သွားမှာ ပြောမဲ့စကားတွေကုန်ခမ်းသွားမှာကို မသိစိတ်ကရော သိစိတ်ကပါ စိုးထိတ်နေပြီဆိုရင် ထိုအခွင့်အရေးကို လက်လွှတ်ဆုံးရှုံးမခံသင့်ဘူး။ Director Richard Linklater ဟာ လူ ့ဘဝရဲ ့တန်ဖိုးအရှိဆုံးအချိန်တွေဟာ ဘယ်အချိန်တွေလဲဆိုတာ ကောင်းကောင်းသိခဲ့တဲ့သူပဲ ဖြစ်လိမ့်မယ်။ ဒါကြောင့် သူရေးဖွဲ ့ခဲ့တဲ့ ဇာတ်ကောင် Jesse ဟာ Celine ကို စကားတွေ ဆက်ပြောဖို ့ဖိတ်ခေါ်ခဲ့တယ်။ Celine လည်း မငြင်းဆန်ခဲ့ဘူး။ ဒီလိုနဲ ့သူတို ့နှစ်ယောက်ဟာ ရထားပေါ်က ဆင်းလာကြပြီး Vienna မြို ့ပေါ်ကို ပထမဆုံး ခြေလှမ်းတွေ စလှမ်းပါတော့တယ်။. သူတို ့မှာ သွားရမဲ့ Destination ဆိုတာ မရှိဘူး ။ ရောက်တတ်ရာရာ ခြေဦးတည့်ရင်း စကားတွေ ဆက်ပြောကြတယ်။ သူတို ့နှစ်ယောက် ပြောခဲ့တဲ့ စကားတွေဟာ အကြောင်းအရာ အမျိုးစုံတယ်။ ဘဝအကြောင်းတွေပါတယ်။ ခံယူချက်တွေပါတယ်။ အတွေးအခေါ်တွေပါတယ်။ နိုင်ငံရေးအကြောင်းအရာတွေပါတယ်။ ဘာသာရေးတွေပါတယ်။ မျက်စိရှေ ့မှာ မြင်တွေ ့နေတဲ့ မြင်ကွင်းတွေပါတယ်။ အချစ်ရေးတွေပါတယ်။ သူတို ့စိတ်ကူးထဲမှာ ပေါ်ပေါက်လာတ...

Before Sunrise (1995) ⭐TMDB: 80.0% User Score 🎬 #Drama #Romance 🗓 1995 🎞 Series 🌎 #USA #Austria #UnitedStatesofAmerica #Switzerland ⏰ 1 နာရီ 40 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 B E F O R E ရဲ ့နိဒါန်း. Vienna ကို ခုတ်မောင်းနေတဲ့ ရထားတစ်စင်းပေါ်မှာ အသက်အရွယ်အနည်းငယ်ကြီးရင့်စပြုနေပြီဖြစ်တဲ့ German စုံတွဲတစ်တွဲ စကားများနေကြတယ်။ ဘယ်အကြောင်းအရာကို အခြေခံပြီး စကားများနေကြသလဲဆိုတာကိုတော့ ကျွန်တော်မသိ။ ဒါပေမဲ့ အိမ်တွင်းရေးကိစ္စတော့ ဖြစ်ဟန်တူတယ်။ သူတို ့နှစ်ဦးရဲ ့အငြင်းအခုန်ပွဲဟာ ရထားတွဲအတွင်းက တစ်ခြားခရီးသည်တွေကိုပါ စိတ်အနှောက်အယှက် ဖြစ်စေတယ်။ ဒါကြောင့်မို ့လည်း စာအုပ်တစ်အုပ်ကို ဖတ်နေတဲ့ ပြင်သစ်သူ Celine ဆိုတဲ့ မိန်းမငယ်လေးဟာ ရထားတွဲရဲ ့အနောက်နားက ဆိတ်ငြိမ်တဲ့ထိုင်ခုံတစ်နေရာကို ပြောင်းထိုင်လိုက်တယ်။ ဒီမှာတင် မလှမ်းမကမ်းနားမှာ သူမလိုပဲ စာအုပ်ထိုင်ဖတ်နေတဲ့ လူငယ်လေးတစ်ယောက်က သူမကို လှမ်းမေးလို်က်တယ်။ စောစောက လင်မယား ဘာကိစ္စနဲ ့ စကားတွေများနေကြတာလဲ ဆိုပြီး …. အချိန်ကာလအားဖြင့် 18 နှစ်ကျော်ကြာမြင့် သွားတဲ့အခါ Greece ရဲ ့ဟိုတယ်အခန်းကျဉ်းလေးတစ်ခုထဲမှာ လင်မယားနှစ်ယောက် စကားအခြေအတင် ငြင်းခုန်နေကြတယ်။ နှစ်ယောက်စလုံး မြိုသိပ်ထားခဲ့ရတဲ့ ခံစားချက်တွေ၊ နားလည်ခြင်းတွေကို ထုတ်ဖော်ပြီး ရန်ဖြစ်နေကြတယ်။ အကယ်၍ အခြေအနေတစ်ခု တိမ်းစောင်းသွားပါက သူတို ့နှစ်ယောက်ရဲ ့အိမ်ထောင်ရေးဟာ ပျက်စီးသွားကြတော့မယ်။ ဒါပေမဲ့ သူတို ့မေ့နေတာက လွန်ခဲ့တဲ့ 18 နှစ်ကျော်က ရထားတစ်စင်းပေါ်မှာ လင်မယားနှစ်ယောက် ရန်ဖြစ်တာကို အကြောင်းပြုပြီး သူတို ့နှစ်ယောက် စတွေ ့ခဲ့ကြတယ်ဆိုတာကိုပဲ။. ကျွန်တော်တို ့တွေ အမြဲပြောလေ့ရှိတဲ့ ဝေါဟာရလေးတစ်ခုရှိိတယ်။ ရေစက်တဲ့။ လူသားနှစ်ဦးဟာ ရေစက်ရှိလို ့ကံကြမ္မာက တမင်ဖန်တီးပေးတာလား၊ ဒါမှမဟုတ် ထိုရေစက်ဆိုတဲ့အရာကို မဖြစ် ဖြစ်အောင် ကျွန်တော်တို ့လူသားတွေကပဲ ကံကြမ္မာကို လှည့်စားခဲ့ကြတာလား။ Before Trilogy လို ့ရုပ်ရှင်ချစ်သူတွေရဲ ့နှလုံးသားမှာ ရေပန်းစားတဲ့ Before Sunrise, Before Sunset နဲ ့Before Midnight ဇာတ်ကားတွေကို ကြည့်ပြီးတဲ့အခါမှာ ပထမဆုံး စတွေးမိတဲ့ကျွန်တော့်ရဲ ့အတွေးက ဒါပဲ။ ဘဝရဲ ့တစ်နေ ့နေ ့တစ်ချိန်ချိန်မှာ လူသားတစ်ယောက်ကို တွေ ့မယ်။ ပြီးတော့ ထိုလူသားကို ပြန်တွေ ့အောင် သင်ဟာ နည်းမျိုးစုံနဲ ့တမင်ဖန်တီးနေခဲ့မိမယ်။ ဒါတွေရဲ ့မြစ်ဖျားခံရာက အချစ်ပဲ။ —————————————————————————- B E F O R E. သူ ့နာမည်က James။ ဒါပေမဲ့ ရင်းနှီးတဲ့သူတွေက သူ ့ကို Jesse လို ့ပဲခေါ်ကြတယ်တဲ့။ ဒီတော့ ကျွန်တော်တို ့လည်း သူ ့ကို ရင်းနှီးတယ်လို ့ခံစားရအောင် Jesse လို ့ပဲ ခေါ်ကြတာပေါ့။ သူဟာ ချစ်သူကောင်မလေးဆီကို လာလည်ဖို ့ဆိုတဲ့ရည်ရွယ်ချက်နဲ ့ဥရောပကို ရောက်လာတယ်။ ဒါပေမဲ့ မဟန်တဲ့အခြေအနေတွေကို ရိပ်မိတဲ့သူဟာ ကျန်တဲ့ငွေနဲ ့ပဲ အမေရိကားကို ပြန်ဖို ့ထွက်လာခဲ့တယ်။ Vienna မြို ့ကနေ လေယာဉ်နဲ ့US ကို မထွက်ခွာခင် Vienna ကို ရထားတစ်စင်းစီးပြီး လိုက်လာတယ်။ ဒါပေမဲ့ ထိုရထားပေါ်မှာ ပြင်သစ်သူ မိန်းကလေးတစ်ယောက်ဟာ သူနဲ ့မလှမ်းမကမ်းနားမှာ လာထိုင်ပြီး စကားစမည်ပြောဖြစ်တာကြောင့် ထိုကောင်မလေးကို သူစိတ်ဝင်စားသွားတယ်။ သူတို ့နှစ်ယောက်ရဲ ့စကားဝိုင်းဟာ မပြီးဆုံးသေးဘူးဆိုတာ သူသိတယ်။ ဒါကြောင့် အရဲစွန် ့ပြီး Vienna မြို ့ပေါ်ကို သူနဲ ့အတူ တစ်ညလောက် လိုက်လည်ပြီး စကားတွေဆက်ပြောဖို ့ဖိတ်ခေါ်ခဲ့တယ်။ အမှန်တော့ ဒါဟာ ရူးကြောင်ကြောင်နိုင်တဲ့ လုပ်ရပ်တစ်ခုလို ့တစ်ချိ ့က ထင်ကြေးပေးချင်ပေးကြလိမ့်မယ်။ ကျွန်တော်ကတော့ သူလုပ်သင့်တဲ့အရာတစ်ခုကို လုပ်ခဲ့တယ်လို ့ပဲ မြင်တယ်။. လူသားနှစ်ယောက်ကို ဘယ်အရာက ဆက်စပ်ပေးတယ်လိုု ့ခင်ဗျားတို ့ထင်ကြသလဲ။ ကျွန်တော်ကတော့ ထိုလူသားနှစ်ယောက် ပြောဖြစ်တဲ့ စကားစအကြောင်းအရာတွေကပဲ လူသားနှစ်ယောက်ကို ဆက်စပ်ပေးတာလို ့မြင်တယ်။ လောကမှာ ကိုယ်နဲ ့လူတစ်ယောက် စကားပြောရင်း စကားစတွေပြတ်သွားမှာ ပြောမဲ့စကားတွေကုန်ခမ်းသွားမှာကို မသိစိတ်ကရော သိစိတ်ကပါ စိုးထိတ်နေပြီဆိုရင် ထိုအခွင့်အရေးကို လက်လွှတ်ဆုံးရှုံးမခံသင့်ဘူး။ Director Richard Linklater ဟာ လူ ့ဘဝရဲ ့တန်ဖိုးအရှိဆုံးအချိန်တွေဟာ ဘယ်အချိန်တွေလဲဆိုတာ ကောင်းကောင်းသိခဲ့တဲ့သူပဲ ဖြစ်လိမ့်မယ်။ ဒါကြောင့် သူရေးဖွဲ ့ခဲ့တဲ့ ဇာတ်ကောင် Jesse ဟာ Celine ကို စကားတွေ ဆက်ပြောဖို ့ဖိတ်ခေါ်ခဲ့တယ်။ Celine လည်း မငြင်းဆန်ခဲ့ဘူး။ ဒီလိုနဲ ့သူတို ့နှစ်ယောက်ဟာ ရထားပေါ်က ဆင်းလာကြပြီး Vienna မြို ့ပေါ်ကို ပထမဆုံး ခြေလှမ်းတွေ စလှမ်းပါတော့တယ်။. သူတို ့မှာ သွားရမဲ့ Destination ဆိုတာ မရှိဘူး ။ ရောက်တတ်ရာရာ ခြေဦးတည့်ရင်း စကားတွေ ဆက်ပြောကြတယ်။ သူတို ့နှစ်ယောက် ပြောခဲ့တဲ့ စကားတွေဟာ အကြောင်းအရာ အမျိုးစုံတယ်။ ဘဝအကြောင်းတွေပါတယ်။ ခံယူချက်တွေပါတယ်။ အတွေးအခေါ်တွေပါတယ်။ နိုင်ငံရေးအကြောင်းအရာတွေပါတယ်။ ဘာသာရေးတွေပါတယ်။ မျက်စိရှေ ့မှာ မြင်တွေ ့နေတဲ့ မြင်ကွင်းတွေပါတယ်။ အချစ်ရေး...

Beyond Paradise (2023) ⭐TMDB: 68.0% User Score 🎬 #Crime #Drama 🗓 2023 🎞 Series 🌎 #UnitedKingdom ⏰ 58 မိနစ် 27 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Beyond Paradise (2023) ဒီတစ်ခါမှာတော့ မှုခင်းဇာတ်လမ်းတွဲလေးဖြစ်တဲ့ Beyond Paradise ဆိုတဲ့စီးရီးလေးကိုတင်ဆက်ပေးချင်ပါတယ်IMDB rating- 7.3/10 ရှိပါတယ်ဟမ်ဖရေဂွတ်မန်းဆိုတဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ်ဟာ စိတ့်မာရီမြို့မှာတာဝန်ထမ်းဆောင်နေရာကနေ သူ့ချစ်သူမာသာနဲ့စေ့စပ်အပြီးမှာ မာသာရဲ့ဇာတိဖြစ်တဲ့ Shipton Abbott မှာပဲ သာယာအေးချမ်းတဲ့မိသားစုဘဝအသစ်လေးစတင်ဖို့အတွက် ရှစ်ပ်တန်ရဲစခန်းကိုပြောင်းရွှေ့လာခဲ့ပါတယ်အဲ့ဒီတိတ်ဆိတ်အေးချမ်းတဲ့မြို့လေးမှာ အပူအပင်မရှိပဲဘဝကိုအေးဆေးသာယာစွာဖြတ်သန်းမယ်လို့မျှော်လင့်ခဲ့တာပါ ဒါပေမဲ့ သူတို့ထင်ထားသလိုမဟုတ်ဘဲ ပြစ်မှုတွေတစ်ခုပြီးတစ်ခုပေါ်လာတော့ အဲ့အမှုတွေကိုဖြေရှင်းဖို့ သူရဲ့လုပ်ဖော်ကိုင်ဖက်တွေဖြစ်တဲ့ စုံထောက်အက်စတာဝီလီယံရယ် ကယ်လ်ဘီဆိုတဲ့ရဲဝန်ထမ်းလေးရယ် ရုံးထိုင်စာရေးဖြစ်တဲ့အသက်အကြီးဆုံးမာဂိုမာတင်စ်ရယ် သူတို့တွေအားလုံးစုပေါင်းပြီး အမှုတွေကိုစုံစမ်းစစ်ဆေးရပါတော့တယ်ဟမ်ဖရေရဲ့အထင်ကြီးစရာကောင်းလောက်တဲ့စုံစမ်းရေးအရည်အချင်းတွေနဲ့ အဲ့ဒီမြို့လေးကိုအရင်လိုအေးချမ်းသာယာအောင်ပြန်ပြီးလုပ်ပေးနိုင်ပါ့မလား
...

Tracker (2010) ⭐TMDB: 65.0% User Score 🎬 #Action #Adventure #Drama #Thriller 🗓 2010 🎞 movie 🌎 #NewZealand #UnitedKingdom ⏰ 1 နာရီ 43 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားက စစ်ပွဲအတွင်းမှာ အင်အားကြီးတဲ့သူက အင်အားငယ်တဲ့သူတွေကို နိုင်ထက်စီးနင်းပြုလုပ်ပုံ စစ်ပွဲကြောင့်မိသားစုတွေ တကွဲတပြားဖြစ်ကြပုံနှင့် စစ်ပွဲရဲ့ ရိုက်ခတ်မှုဒဏ်တွေကို ခံကြရပုံတွေကို ဒါရိုက်တာ Ian Sharp က ရိုက်ကူးပုံဖော်ထားပြီး မင်းသားကြီး Ray Winstone က ဆေးစက်ကျရာအရုပ်ထင်အောင် ပါဝင်အားဖြည့်သရုပ်ဆောင် ထားပါတယ်. ဒီဇာတ်ကားဟာ rating 6.5/10အထိရရှိထားပြီး အင်အားကြီး လူမျိုးစုဖြစ်တဲ့ ဗြိတိသျှတွေက နိုင်ငံငယ်လေးတွေ အပေါ် နိုင်ထက်စီးနင်းပြုလုပ်ခဲ့ပုံတွေကို တွေ့မြင်ရမှာ ဖြစ်ပါတယ် ဒီဇာတ်ကားမှာ အဓိကဇာတ်ဆောင်တစ်ယောက်ဖြစ်တဲ့ တောင်အာဖရိက ဘိုရာလူမျိုးစုလေးက ဆင်းသက်လာတဲ့ မစ္စတာဗန်ဒီမန်က လူသတ်မှုနဲ့မတရားစွပ်စွဲခံထားတဲ့ မော်ဝီ လူမျိုးစစ်သားတစ်ယောက်ကို လိုက်ဖမ်းရင်း ကြုံတွေ့လာရပုံတွေကို ဇာတ်အိမ်တည်ရိုက်ကူးထား ပုံကိုတွေ့မြင်ရမှာဖြစ်ပါတယ် မစ္စတာဗန်ဒီမန်ဆိုတာ ဘိုရာစစ်ပွဲအတွင်းမှာ ပစ်ချင်ခတ်ချင်နေတဲ့ ဗြိတိသျှစစ်သားအရာရှိတွေရဲ့ လက်ချောင်းတွေကိုဖြတ်ပြီးမှ ရက်ရက်စက်စက် သတ်ခဲ့တဲ့သူအဖြစ်ကျော်ကြားသူဖြစ်ပါတယ် ဒါပေမဲ့ ဗြိတိသျှတွေကို တွန်းလှန်တိုက်ခိုက်နေတဲ့ မစ္စတာဗန်ဒီမန်က ဘိုရာစစ်ပွဲကပြန်လာပြီးတဲ့နောက်ပိုင်း သူ့ရဲ့သဘောထားက အံ့ဩဖွယ်ကောင်းလောက်အောင် တစ်ဆစ်ချိုး ပြောင်းလဲသွားပါ တော့တယ် အဲံဒီနောက် လူသတ်မှုနဲ့စွပ်စွဲခံထားရပြီး ထွက်ပြေး လွတ်မြောက်သွားတဲ့ ရာဇဝတ်သားတစ်ယောက်ကို အသက်ရှင်လျက် ဖမ်းဆီးလာခဲ့နိုင်ရင် ဆုငွေအဖြစ် ဗြိတိသျှရွှေဒင်္ဂါး၁၀၀ အသေဖမ်းမိရင် ရွှေဒင်္ဂါး၂၅ ပြားချီးမြှင့်မယ်လို့ ဗြိတိသျှတွေက ဆုငွေထုတ်ထားတဲ့ မော်ဝီလူမျိုးတစ်ယောက်ကို မစ္စတာဗန်ဒီမန်တစ်ယောက် လိုက်လံ ဖမ်းဆီးရင်း ဘာတွေဆက်ဖြစ်လာမလဲ ဗြိတိသျှတွေကကော မိမိအရာရှိတွေကို သတ်ထားတဲ့ မစ္စတာဗန်ဒီမန်ကို သိရက်သားနဲ့ ဘာလို့အရေးမယူတာလဲ မစ္စတာဗန်ဒီမန်ကကော သူ့ရဲ့သဘောထားက စစ်ပွဲကပြန်လာပြီးတဲ့နောက်ပိုင်း ဘာလို့ပြောင်းလဲသွားခဲ့တာလဲ တောင်အာဖရိကကနေ နယူးဇီးလန်အထိလာရတဲ့ တကယ့်အကြောင်း အရင်းကကော ဘာဖြစ်မလဲ လူသတ်မှုနဲ့စွပ်စွဲခံထားရတဲ့ မော်ဝီလူမျိုးစုက စစ်သားလေးကရော တကယ်ပဲပြစ်မှု ကျူးလွန်ခဲ့တာလား မတရားစွပ်စွဲ ခံရတာလား သူကကော လိုက်ဖမ်းနေတဲ့သူတွေလက်ကနေ ထွက်ပြေး လွတ်မြောက်သွားနိုင်ပါ့မလား ဆိုတာကို ဒီဇာတ်ကားလေးထဲမှာပဲ ကြည့်ရှုသူပရိတ်သတ်ကြီးကိုယ်တိုင်ပဲ လိုက်ပါခံစားစီးမျောကြည့်ရှုရမှာ ဖြစ်ပါတယ်.. ဒီဇာတ်ကားမှာ ၁၈၉၉ အောက်တိုဘာလ ၁၁ကနေ ၁၉၀၂ မေလ ၃၁ နေ့ အထိကြာမြင့်ခဲ့တဲ့ ဘိုရာစစ်ပွဲအတွင်းမှာ ဗြိတိသျှတွေရဲ့နိုင်ထက်စီးနင်း ပြုကျင့်မှုတွေကို ဘိုရာလူမျိုးစုတွေ မော်ဝီလူမျိုးစုတွေ ဘယ်လိုမျိုး တွေ့ကြုံခံစားခဲ့ရလည်းဆိုတာတွေ  ဒီဇာတ်ကားဟာ Action, Adventure, Drama &Western အမျိုးအစားဖြစ်ပြီး ကြည့်ရှုသူ ပရိတ်သတ်ကြီးကို ထိုင်ရာကနေ ထမသွားနိုင်အောင် စွဲဆောင်ထားနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်.. ကျွန်တော်ပြောတာဟုတ်မဟုတ် ပရိတ်သတ်ကြီးကိုယ်တိုင်ပဲ ကြည့်ရှုအကဲဖြတ်လိုက်ပါဦး
...

Tracker (2010) ⭐TMDB: 65.0% User Score 🎬 #Action #Adventure #Drama #Thriller 🗓 2010 🎞 movie 🌎 #NewZealand #UnitedKingdom ⏰ 1 နာရီ 43 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားက စစ်ပွဲအတွင်းမှာ အင်အားကြီးတဲ့သူက အင်အားငယ်တဲ့သူတွေကို နိုင်ထက်စီးနင်းပြုလုပ်ပုံ စစ်ပွဲကြောင့်မိသားစုတွေ တကွဲတပြားဖြစ်ကြပုံနှင့် စစ်ပွဲရဲ့ ရိုက်ခတ်မှုဒဏ်တွေကို ခံကြရပုံတွေကို ဒါရိုက်တာ Ian Sharp က ရိုက်ကူးပုံဖော်ထားပြီး မင်းသားကြီး Ray Winstone က ဆေးစက်ကျရာအရုပ်ထင်အောင် ပါဝင်အားဖြည့်သရုပ်ဆောင် ထားပါတယ်. ဒီဇာတ်ကားဟာ rating 6.5/10အထိရရှိထားပြီး အင်အားကြီး လူမျိုးစုဖြစ်တဲ့ ဗြိတိသျှတွေက နိုင်ငံငယ်လေးတွေ အပေါ် နိုင်ထက်စီးနင်းပြုလုပ်ခဲ့ပုံတွေကို တွေ့မြင်ရမှာ ဖြစ်ပါတယ် ဒီဇာတ်ကားမှာ အဓိကဇာတ်ဆောင်တစ်ယောက်ဖြစ်တဲ့ တောင်အာဖရိက ဘိုရာလူမျိုးစုလေးက ဆင်းသက်လာတဲ့ မစ္စတာဗန်ဒီမန်က လူသတ်မှုနဲ့မတရားစွပ်စွဲခံထားတဲ့ မော်ဝီ လူမျိုးစစ်သားတစ်ယောက်ကို လိုက်ဖမ်းရင်း ကြုံတွေ့လာရပုံတွေကို ဇာတ်အိမ်တည်ရိုက်ကူးထား ပုံကိုတွေ့မြင်ရမှာဖြစ်ပါတယ် မစ္စတာဗန်ဒီမန်ဆိုတာ ဘိုရာစစ်ပွဲအတွင်းမှာ ပစ်ချင်ခတ်ချင်နေတဲ့ ဗြိတိသျှစစ်သားအရာရှိတွေရဲ့ လက်ချောင်းတွေကိုဖြတ်ပြီးမှ ရက်ရက်စက်စက် သတ်ခဲ့တဲ့သူအဖြစ်ကျော်ကြားသူဖြစ်ပါတယ် ဒါပေမဲ့ ဗြိတိသျှတွေကို တွန်းလှန်တိုက်ခိုက်နေတဲ့ မစ္စတာဗန်ဒီမန်က ဘိုရာစစ်ပွဲကပြန်လာပြီးတဲ့နောက်ပိုင်း သူ့ရဲ့သဘောထားက အံ့ဩဖွယ်ကောင်းလောက်အောင် တစ်ဆစ်ချိုး ပြောင်းလဲသွားပါ တော့တယ် အဲံဒီနောက် လူသတ်မှုနဲ့စွပ်စွဲခံထားရပြီး ထွက်ပြေး လွတ်မြောက်သွားတဲ့ ရာဇဝတ်သားတစ်ယောက်ကို အသက်ရှင်လျက် ဖမ်းဆီးလာခဲ့နိုင်ရင် ဆုငွေအဖြစ် ဗြိတိသျှရွှေဒင်္ဂါး၁၀၀ အသေဖမ်းမိရင် ရွှေဒင်္ဂါး၂၅ ပြားချီးမြှင့်မယ်လို့ ဗြိတိသျှတွေက ဆုငွေထုတ်ထားတဲ့ မော်ဝီလူမျိုးတစ်ယောက်ကို မစ္စတာဗန်ဒီမန်တစ်ယောက် လိုက်လံ ဖမ်းဆီးရင်း ဘာတွေဆက်ဖြစ်လာမလဲ ဗြိတိသျှတွေကကော မိမိအရာရှိတွေကို သတ်ထားတဲ့ မစ္စတာဗန်ဒီမန်ကို သိရက်သားနဲ့ ဘာလို့အရေးမယူတာလဲ မစ္စတာဗန်ဒီမန်ကကော သူ့ရဲ့သဘောထားက စစ်ပွဲကပြန်လာပြီးတဲ့နောက်ပိုင်း ဘာလို့ပြောင်းလဲသွားခဲ့တာလဲ တောင်အာဖရိကကနေ နယူးဇီးလန်အထိလာရတဲ့ တကယ့်အကြောင်း အရင်းကကော ဘာဖြစ်မလဲ လူသတ်မှုနဲ့စွပ်စွဲခံထားရတဲ့ မော်ဝီလူမျိုးစုက စစ်သားလေးကရော တကယ်ပဲပြစ်မှု ကျူးလွန်ခဲ့တာလား မတရားစွပ်စွဲ ခံရတာလား သူကကော လိုက်ဖမ်းနေတဲ့သူတွေလက်ကနေ ထွက်ပြေး လွတ်မြောက်သွားနိုင်ပါ့မလား ဆိုတာကို ဒီဇာတ်ကားလေးထဲမှာပဲ ကြည့်ရှုသူပရိတ်သတ်ကြီးကိုယ်တိုင်ပဲ လိုက်ပါခံစားစီးမျောကြည့်ရှုရမှာ ဖြစ်ပါတယ်.. ဒီဇာတ်ကားမှာ ၁၈၉၉ အောက်တိုဘာလ ၁၁ကနေ ၁၉၀၂ မေလ ၃၁ နေ့ အထိကြာမြင့်ခဲ့တဲ့ ဘိုရာစစ်ပွဲအတွင်းမှာ ဗြိတိသျှတွေရဲ့နိုင်ထက်စီးနင်း ပြုကျင့်မှုတွေကို ဘိုရာလူမျိုးစုတွေ မော်ဝီလူမျိုးစုတွေ ဘယ်လိုမျိုး တွေ့ကြုံခံစားခဲ့ရလည်းဆိုတာတွေ  ဒီဇာတ်ကားဟာ Action, Adventure, Drama &Western အမျိုးအစားဖြစ်ပြီး ကြည့်ရှုသူ ပရိတ်သတ်ကြီးကို ထိုင်ရာကနေ ထမသွားနိုင်အောင် စွဲဆောင်ထားနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်.. ကျွန်တော်ပြောတာဟုတ်မဟုတ် ပရိတ်သတ်ကြီးကိုယ်တိုင်ပဲ ကြည့်ရှုအကဲဖြတ်လိုက်ပါဦး
...

House of Ninjas (2024) ⭐TMDB: 80.0% User Score 🎬 #Drama #Action #Adventure 🗓 2024 🎞 Series 🌎 #Japan ⏰ 56 မိနစ် 21 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 House of Ninjas (2024) ရှားရှားပါးပါး ဂျပန်နင်ဂျာ စီးရီး အသစ်တစ်ခုထွက်လာပါတယ်။ရှေးခေတ်နင်ဂျာကားတွေနဲ့ မင်းသား the rain ရဲ့ နင်ဂျာကားနောက်ပိုင်းမှာ မထွက်တာ အတော်ကြာပါပြီ။ ဒီစီးရီးမှာတော့ နင်ဂျာတွေ ပေါပေါလောလော ပါလာပါပြီ။အဓိကဇာတ်လိုက်တွေဖြစ်တဲ့ တာဝါရာ မိသားစုဟာ ရှီနိုဘီ ခေါ် နင်ဂျာ မိသားစုပါ။ ဖေဖေနင်ဂျာ မေမေနင်ဂျာ သားသားမီးမီး အကုန်နင်ဂျာပါ။ သူတို့က နိုင်ငံကာကွယ်ရေးတာဝန်တွေကို လျို့ဝှက်ထမ်းဆောင်ခဲ့တဲ့ နင်ဂျာတွေဖြစ်ပြီး အနားယူနေကြတာပါ။ သူတို့ရဲ့ ရန်သူ ဖူမာ နင်ဂျာတွေကိုလည်း အပြတ်ရှင်းခဲ့ပြီမို့ အလုပ်မရှိတော့ဘူးလို့ ထင်နေကြတဲ့သူတွေပါ။ဒါပေမဲ့ နင်ဂျာ အန္တရာယ်တွေနဲ့ ရန်သူဟောင်းတွေ ပြန်ပေါ်လာပြီး သူတို့ရဲ့ အရင်အဆက်အသွယ်တွေကလည်း နင်ဂျာအဖြစ် စစ်ဆင်ရေးတွေလုပ်ဖို့ ပြန်လာခေါ်တဲ့အခါ တာဝါရာ မိသားစု လက်ရှိဘဝနဲ့ လျှို့ဝှက် နင်ဂျာတွေဘဝကြားမှာ ဘာတွေဖြစ်လာမလဲကြည့်ရတော့မှာ ဖြစ်ပါတယ်။
...