uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закритий канал

🚩 Channel was restricted by Telegram

Показати більше
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
Breaking Girl Code (2023) ⭐IMDB: 4.8/10 (84 Votes) 🎬 #Drama #Thriller 🗓️ 2023 🎞️ Movie 📺 1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 23 မိနစ် 57 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အန်ဒီဟာဘွဲ့ရပြီး‌နောက် နယူးယော့ခ်မြို့မှာ အလုပ်သင်ဆင်းခဲ့ပေမဲ့ သူ့ရဲ့ကောင်လေးနဲ့နီးဖို့အတွက် ဘော့စတွန်ကိုပြောင်းလာခဲ့ပြီး အလုပ်တစ်ခုကိုရှာနေသူပါ။ အလုပ်အများစုကလည်းအလုပ်မခန့်ကြတဲ့အပြင် မြို့အသစ်ကိုပြောင်းလာတဲ့သူဖြစ်တာကြောင့် သူငယ်ချင်း အသိမိတ်ဆွေကလည်းမရှိဖြစ်နေပါတယ်။ ဒီလိုနဲ့ Be Friend ဆိုတဲ့ အက်ပ်တစ်ခုကိုစမ်းသုံးကြည့်ရင်း ဖာရာဆိုတဲ့ မြို့ခံကောင်မလေးတစ်ယောက်တွေ့ပြီး ရင်းနှီးသွားခဲ့ကြပါတယ်။ တစ်နေ့မှာတော့ ဖာရာခေါ်သွားတဲ့ ကလပ်ကိုလိုက်သွားရင်းနဲ့ ဖာရာရဲ့ကောင်လေး အီသန်ဟာ သူ့ရဲ့သူငယ်ချင်းတွေနဲ့ပေါင်းပြီး ကလပ်ကိုလာတဲ့ မိန်းကလေးတွေကိုဆေးခတ်ကာ ကိုယ်ထိလက်ရောက်ကျူးလွန်ကြတာတွေကို အန်ဒီတစ်ယောက်သိရှိသွားတဲ့ အခါမှာတော့ ဘယ်လိုအရှုပ်အထွေးကြီးထဲကို အန်ဒီဝင်ပါနေမိပြီးသားဖြစ်နေမလဲ၊ အီသန်တို့ကကျူးလွန်နေတာတွေကိုရော အန်ဒီတားဆီးနိုင်မလား၊ သူပါပြဿနာတွေတက်ကုန်မလားဆိုတာကို စိတ်လှုပ်ရှားစွာနဲ့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။

Kate & Leopold (2001) ⭐IMDB: 6.4/10 (87 k Votes) 🎬 #Comedy #Fantasy #Romance 🗓️ 2001 🎞️ Movie 📺 720p 🌎 #UnitedStates ⏰ 2 နာရီ 3 မိနစ် 41 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Kate & Leopold(2001) ******************** ယနေ့လိုခေတ်ကြီးမှာ တော်ဝင်မင်းသားလေးက မြင်းဖြူကြီးစီးပြီး သင့်‌ရှေ့ရောက်လာမယ်လို့ စိတ်ကူယဉ်ဖူးပါသလား။ ဒီဇာတ်ကားလေးမှာတော့ မင်းသားလေးက မြင်းဖြူကြီးစီးလို့ ရောက်လာတာတော့မဟုတ်ပါဘူး တောင့်တောင့်ဖြောင့်ဖြောင့် အင်္ဂလိပ်နယ်စားမင်းက အချိန်အက်ကြောင်းပေါ်တယ်ကတဆင့် ပြုတ်ကျလာတာပါ။ The Greatest Showmanထဲမှာ ရှေးခေတ်ဝတ်စုံအပြည့်နဲ့ ချောမောခန့်ညားလှတဲ့ Hugh Jackman ကို ဒီကားမှာလည်း နယ်စားဝတ်စုံအပြည့်နဲ့ တစ်ဖန်ပြန်လည်ရှုစားရဦးမှာပါ။ဇာတ်ကြောင်းကတော့ ဒီလိုပါ သိပ္ပံစူးစမ်းသူ Stuartက အချိန်အက်ကြောင်းကနေ ၁၈၇၆ခုနှစ်ကို ပြုတ်ကျသွားပါတယ်။ အဲဒီခေတ်က နယ်စားမင်းLeopoldဟာ Stuwartနောက်ကို မသင်္ကာလို့ လိုက်လာရာကတဆင့် မတော်တဆ ဒီဘက်ခေတ်ကိုရောက်လာပါတော့တယ်။ ၁၈၇၆ကနေ ရောက်လာသူဆိုတော့ ဒီဘက်ခေတ်ကအရာရာဟာ အသစ်အဆန်းပေါ့။ သူရောက်နေတာ ခေတ်သစ်နယူးယော့ခ်ဆိုတာမသိဘဲ Stuwart ကို နယူးယော့ခ်ကိုသာ ပြန်ပို့ခိုင်းနေပါတော့တယ်။ Stuwartရဲ့ရည်းစားဟောင်းဖြစ်သူ အောက်ထပ်မှာနေတဲ့ Kateကတော့ အပေါ်ထပ်မှာ ထူးထူးဆန်းဆန်းတွေဖြစ်နေတာကြောင့် သူ့ရည်းစားဟောင်းဟာ စော်အသစ်ခေါ်လာတယ်လို့ပဲ ထင်နေပါတယ်။ ၁၉ရာစုက နယ်စားမင်းLeopold ဒီဘက်ခေတ်မှာ ဘာတွေကြုံရမလဲ၊ Kateနဲ့ရော ဘယ်လိုတွေနှစ်ပါးသွားကြမလဲ၊ သူ့အချိန်ဆီကိုရော ပြန်ရောက်ဦးမှာလားဆိုတာ ကြည့်ရှုလိုက်ပါဦး။

Kate & Leopold (2001) ⭐IMDB: 6.4/10 (87 k Votes) 🎬 #Comedy #Fantasy #Romance 🗓️ 2001 🎞️ Movie 📺 1080p 🌎 #UnitedStates ⏰ 2 နာရီ 3 မိနစ် 41 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Kate & Leopold(2001) ******************** ယနေ့လိုခေတ်ကြီးမှာ တော်ဝင်မင်းသားလေးက မြင်းဖြူကြီးစီးပြီး သင့်‌ရှေ့ရောက်လာမယ်လို့ စိတ်ကူယဉ်ဖူးပါသလား။ ဒီဇာတ်ကားလေးမှာတော့ မင်းသားလေးက မြင်းဖြူကြီးစီးလို့ ရောက်လာတာတော့မဟုတ်ပါဘူး တောင့်တောင့်ဖြောင့်ဖြောင့် အင်္ဂလိပ်နယ်စားမင်းက အချိန်အက်ကြောင်းပေါ်တယ်ကတဆင့် ပြုတ်ကျလာတာပါ။ The Greatest Showmanထဲမှာ ရှေးခေတ်ဝတ်စုံအပြည့်နဲ့ ချောမောခန့်ညားလှတဲ့ Hugh Jackman ကို ဒီကားမှာလည်း နယ်စားဝတ်စုံအပြည့်နဲ့ တစ်ဖန်ပြန်လည်ရှုစားရဦးမှာပါ။ဇာတ်ကြောင်းကတော့ ဒီလိုပါ သိပ္ပံစူးစမ်းသူ Stuartက အချိန်အက်ကြောင်းကနေ ၁၈၇၆ခုနှစ်ကို ပြုတ်ကျသွားပါတယ်။ အဲဒီခေတ်က နယ်စားမင်းLeopoldဟာ Stuwartနောက်ကို မသင်္ကာလို့ လိုက်လာရာကတဆင့် မတော်တဆ ဒီဘက်ခေတ်ကိုရောက်လာပါတော့တယ်။ ၁၈၇၆ကနေ ရောက်လာသူဆိုတော့ ဒီဘက်ခေတ်ကအရာရာဟာ အသစ်အဆန်းပေါ့။ သူရောက်နေတာ ခေတ်သစ်နယူးယော့ခ်ဆိုတာမသိဘဲ Stuwart ကို နယူးယော့ခ်ကိုသာ ပြန်ပို့ခိုင်းနေပါတော့တယ်။ Stuwartရဲ့ရည်းစားဟောင်းဖြစ်သူ အောက်ထပ်မှာနေတဲ့ Kateကတော့ အပေါ်ထပ်မှာ ထူးထူးဆန်းဆန်းတွေဖြစ်နေတာကြောင့် သူ့ရည်းစားဟောင်းဟာ စော်အသစ်ခေါ်လာတယ်လို့ပဲ ထင်နေပါတယ်။ ၁၉ရာစုက နယ်စားမင်းLeopold ဒီဘက်ခေတ်မှာ ဘာတွေကြုံရမလဲ၊ Kateနဲ့ရော ဘယ်လိုတွေနှစ်ပါးသွားကြမလဲ၊ သူ့အချိန်ဆီကိုရော ပြန်ရောက်ဦးမှာလားဆိုတာ ကြည့်ရှုလိုက်ပါဦး။

The Last Dragon (1985) ⭐IMDB: 6.8/10 (17 k Votes) 🎬 #Action #Adventure #Music #Comedy #Drama #Sport 🗓️ 1985 🎞️ Movie 📺 720p 🌎 #UnitedStates ⏰ 1 နာရီ 49 မိနစ် 10 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 သိုင်းပညာကို အထွတ်အထိပ်ရောက်အောင်လေ့လာနေတဲ့ လူငယ်လေးတစ်ဦးဖြစ်တဲ့ လီရွိုင်းက နောက်ဆုံးတစ်ဆင့်ကိုတက်လှမ်းနိုင်ဖို့အတွက်ဆရာတစ်ဦးကို အသည်းအသန်လိုက်ရှာပါတော့တယ် ဆရာရှာနေစဉ်ကာလမှာ သိုင်းပညာအကျော်အမော်တစ်ဦးရှိုးနက်ဖ်ကလည်းလီရွိုင်းကို ပြိုင်ဆိုင်တိုက်ခိုက်ချင်သဖြင့် ပြဿနာလိုက်ရှာလေ့ရှိပါတယ်။တစ်နေ့တော့ရေပန်းစားသီချင်းတွေကို ကြော်ငြာပေးသူ လော်ရာ့ကို အလုပ်ရှင်တစ်ဦးမှတွေ့ခွင့်ရဖို့ပြန်ပေးဆွဲတာကို ကယ်တင်ရင်းနဲ့လော်ရာထံမှာ ပစ္စည်းတစ်ခုကျန်ရစ်ခဲ့ပါတယ်။ ပစ္စည်းပြန်ရဖို့ လော်ရာ့ကို လိုက်ရှာရင်း လော်ရာ့ကိုအကြပ်ကိုင်တဲ့ သူဌေးကိုအပြစ်ပြုမိသွားကာ သူဌေးရဲ့ပစ်မှတ်ထားခြင်းကိုခံလိုက်ရပါတယ်။ လီရွိုင်းတစ်ယောက် သူတွေ့ချင်တဲ့ဆရာကိုရှာတွေ့ပြီး နောက်ဆုံးအဆင့်ကို တက်လှမ်းနိုင်မလား။ပြဿနာလိုက်ရှာနေတဲ့ ရှိူးနက်ဖ်ကိုရော ဘယ်လိုအနိုင်ယူတိုက်ခိုက်မလဲဆိုတာကြည့်ရှူခံစားရမယ့် ကွန်ဖူးဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။

The Last Dragon (1985) ⭐IMDB: 6.8/10 (17 k Votes) 🎬 #Action #Adventure #Music #Comedy #Drama #Sport 🗓️ 1985 🎞️ Movie 📺 1080p 🌎 #UnitedStates ⏰ 1 နာရီ 49 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 သိုင်းပညာကို အထွတ်အထိပ်ရောက်အောင်လေ့လာနေတဲ့ လူငယ်လေးတစ်ဦးဖြစ်တဲ့ လီရွိုင်းက နောက်ဆုံးတစ်ဆင့်ကိုတက်လှမ်းနိုင်ဖို့အတွက်ဆရာတစ်ဦးကို အသည်းအသန်လိုက်ရှာပါတော့တယ် ဆရာရှာနေစဉ်ကာလမှာ သိုင်းပညာအကျော်အမော်တစ်ဦးရှိုးနက်ဖ်ကလည်းလီရွိုင်းကို ပြိုင်ဆိုင်တိုက်ခိုက်ချင်သဖြင့် ပြဿနာလိုက်ရှာလေ့ရှိပါတယ်။တစ်နေ့တော့ရေပန်းစားသီချင်းတွေကို ကြော်ငြာပေးသူ လော်ရာ့ကို အလုပ်ရှင်တစ်ဦးမှတွေ့ခွင့်ရဖို့ပြန်ပေးဆွဲတာကို ကယ်တင်ရင်းနဲ့လော်ရာထံမှာ ပစ္စည်းတစ်ခုကျန်ရစ်ခဲ့ပါတယ်။ ပစ္စည်းပြန်ရဖို့ လော်ရာ့ကို လိုက်ရှာရင်း လော်ရာ့ကိုအကြပ်ကိုင်တဲ့ သူဌေးကိုအပြစ်ပြုမိသွားကာ သူဌေးရဲ့ပစ်မှတ်ထားခြင်းကိုခံလိုက်ရပါတယ်။ လီရွိုင်းတစ်ယောက် သူတွေ့ချင်တဲ့ဆရာကိုရှာတွေ့ပြီး နောက်ဆုံးအဆင့်ကို တက်လှမ်းနိုင်မလား။ပြဿနာလိုက်ရှာနေတဲ့ ရှိူးနက်ဖ်ကိုရော ဘယ်လိုအနိုင်ယူတိုက်ခိုက်မလဲဆိုတာကြည့်ရှူခံစားရမယ့် ကွန်ဖူးဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။

Gemini Man (2019) ⭐IMDB: 5.7/10 (116 k Votes) 🎬 #Action #Adventure #Sci-Fi #ScienceFiction #Thriller #SciFi 🗓️ 2019 🎞️ movie 📺 4K 🌎 #China #UnitedStates #UnitedStatesofAmerica ⏰ 22 မိနစ် 37 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဝယ်လ်စမစ်ရဲ့ Action,Adventure,Sci-Fi အမျိုးအစား ရုပ်ရှင်ကားဖြစ်ပါတယ်။ အက်ရှင်အသားပေးနဲ့ သိပ္ပံစိတ်ကူးယဉ် နည်းနည်းဆန်ပါတယ်။ ဟင်နရီဟာ စစ်ဘက်ထောက်လှမ်းရေးအဖွဲ့ရဲ့ အတော်ဆုံး လုပ်ကြံရေးသမားပါ။ သူအသက်ရလာလို့ အငြိမ်းစားယူဖို့ ဆုံးဖြတ်တဲ့အခါသူထင်သလို တကယ်အနားမယူနိုင်ပါဘူး။ သူ့ရဲ့ နောက်ဆုံး စစ်ဆင်ရေးက ထင်တာထက် ပိုရှုပ်ထွေးနေခဲ့ပါတယ်။ သူ့နောက်ကို လုပ်ကြံရေးသမားတွေ ပြန်လိုက်လာပြီးလိုက်သတ်ဖို့ကြိုးစားလာကြတယ်။ ဒီတော့ သူ ဒါတွေကိုအလွတ်ရုန်းရင်းနဲ့ ဒီပြသနာတွေရဲ့အကြောင်းရင်းကို ဖြေရှင်းဖို့ ကြိုးစားတဲ့အခါမှာတော့….။

Oblivion (2013) ⭐IMDB: 7.0/10 (536 k Votes) 🎬 #Action #Adventure #Sci-Fi #ScienceFiction #Mystery #SciFi 🗓️ 2013 🎞️ Movie 📺 4K 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 6 မိနစ် 40 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Oblivion (2013)IMDb – 7.0/10_____Rotten – 53% ၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ မင်းသာကြီး တွမ်ခရုစ် ရဲ့ IMDb 7 ထိရရှိခဲ့တဲ့sci-fi ရုပ်ရှင်ကားကောင်းတစ်ကားကိုတင်ဆက်လိုက်ပါတယ်အဟောင်းဆိုပေမယ့် မကြည့်ရသေးသူတွေ ပြန်လည်ခံစားချင်သူတွေအတွက်ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဂြိုလ်သားတွေနဲ့ လူသားတို့ရဲ့ တိုက်ပွဲအပြီး2077 ခုနှစ်မှာ ဂျက်ရစ်ချာ (တွမ်ခရုစ်) ဟာကမ္ဘာကြီးရဲ့လုံခြုံရေးဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်နေသူဖြစ်ပြီးသူ့ရဲ့ တာဝန်ပြီးဖို့ ရက်သတ္တပတ်၂ပတ်ခန့် အလိုမှာပဲမမျှော်လင့်ထားတဲ့ မိန်းမချောလေးတစ်ဦးကိုကယ်တင်မိရာကနေအဲဒီ့မိန်းကလေးက လူသားမျိုးနွယ်တစ်ခုလုံးကိုကယ်တင်ဖို့ရာ အကြောင်းတစ်ခုဖြစ်လာတဲ့အခါမှာတော့….။ ဒီရုပ်ရှင်က ကမ္ဘာပျက်ကိန်းရုပ်ရှင်ကားတွေထဲမှာ တွမ်ခရုစ်နဲ့အတူနာမည်ကျော်ကြားလူကြိုက်များခဲ့တဲ့ရုပ်ရှင်ဖြစ်ပါကြောင်း။

Elysium (2013) ⭐IMDB: 6.6/10 (456 k Votes) 🎬 #Action #Drama #Sci-Fi #ScienceFiction #Thriller #SciFi 🗓️ 2013 🎞️ Movie 📺 4K 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 50 မိနစ် 49 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb Rating (6.6) / Rotten Tomatoes (64%) 2013 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ မင်းသား မက်ဒေမွန်ရဲ့ Elysium ရုပ်ရှင်ကားဟာ Box Office အမေရိကန်ဒေါ်လာ 286 သန်း အထိရရှိခဲ့ပြီး ဝေဖန်ရေးဆရာတွေလဲ အကြိုက်တွေ့ခဲ့တဲ့ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ Action,Sci-fi ပုံစံတင်ဆက်ထားပေမယ့် လူဦးရေထူထပ်လာခြင်း၊ လူသားဆန်မှုလျော့နည်းလာခြင်း၊ ခေတ်သစ်ကျန်းမာရေးစောင့်ရှောက်မှု၊ အလုပ်သမားခေါင်းပုံဖြတ်မှု၊ တရားစီရင်ရေးစနစ်နဲ့ လူတန်းစားဆိုင်ရာပြသနာတွေ အနာဂတ်မှာဖြစ်လာမှာတွေကို မီးမောင်းထိုးပြထားပါတယ်… ၂၁ ရာစုရဲ့အဆုံးသတ်မှာ ကမ္ဘာကြီးဟာ လူဦးရေလွန်ကဲမှု အဆိပ်သင့်မှု ကပ်ရောဂါတွေ ဖုံးလွှမ်းလာပါတယ် …ဒီလိုအချိန်မှာ အချမ်းသာဆုံးလူတွေဟာ ကမ္ဘာကြီးမှာ မနေကြတော့ဘဲ သူတို့ရဲ့လူနေမှုအဆင့်အတိုင်း သီးသန့်တည်ဆောက်ထားတဲ့ အိုခြင်းမရှိ နာဖျားခြင်းမရှိတဲ့ ဂြိုလ်တစ်ခုဆီကို ထွက်ခွာသွားကြပါတယ်… သမိုင်းနဲ့ချီလာတဲ့ထုံးစံအတိုင်း ငမွဲလေးတွေ နင်းပြားလေးတွေကတော့ ကမ္ဘာကြီးရဲ့ဆိုးညစ်မှုတွေကြား ပိတ်လှောင်ခံရစမြဲပေါ့… သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်ဇာတ်လမ်းဆိုပေမယ့် လက်တွေ့ဘဝတွေနဲ့လဲ ဆင်တူတာမလို့ ခံစားကြည့်ကြပါဦး။

Everything Everywhere All at Once (2022) ⭐IMDB: 7.9/10 (438 k Votes) 🎬 #Action #Adventure #Comedy #ScienceFiction #Fantasy #SciFi 🗓️ 2022 🎞️ Movie 📺 4K 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 20 မိနစ် 36 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Swiss Army Man လို ငစားကားတွေ ရိုက်ခဲ့တဲ့ Dan Kwa နဲ့ Daniel Scheinert တို့ ဒါရိုက်တာအတွဲရဲ့ နောက်ထပ် ပြောင်မြောက်တဲ့ ရုပ်ရှင်ကြီးလာပါပြီ။ ခေါင်းစားမလားဆိုတော့ စားလည်းစားပါတယ်၊ မစားလည်းမစားပါဘူး။ သိပ္ပံစိတ်ကူးယဉ် အပြိုင်စကြဝဠာတွေအကြောင်းကို ဟာသတွေ ကွန်ဖူးတွေနဲ့ အခြေခံထားတဲ့ မိသားစုဇာတ်လမ်းလေးပါ။အက်ဒ်မင်တော့ အတော်ကြိုက်ပါတယ်။ ဒီရုပ်ရှင်ထဲမှာလည်း အနန္တစကြဝဠာပါပဲ။ အပြိုင်စကြဝဠာတွေ အများကြီးရှိပါတယ်။ Quantum superposition ဆိုတဲ့သဘောတရားလိုပဲ ဒြပ်မှုန်တွေဟာ ဖြစ်တည်မှုအခြေအနေမျိုးစုံမှာတပြိုင်တည်းရှိနေတဲ့သဘောပါ။မာဗယ်ရဲ့ Multiverse တွေလိုပဲ လူတစ်ယောက်ရဲ့ ရွေးချယ်မှုကနေ အပြိုင်စကြဝဠာတွေ အဆုံးမရှိအောင်ခွဲထွက်သွားတာပဲ။ ဒီရုပ်ရှင်ထဲမှာတော့ လူတစ်ယောက်ရဲ့ ရွေးချယ်မှု သေးသေးလေးတွေကအစ အပြိုင်စကြဝဠာတစ်ခု ရှိသွားနိုင်ပါတယ်။ အဓိကမင်းသမီးကြီးဖြစ်တဲ့ မီရှဲယိုကတော့ စကြဝဠာတစ်ခုထဲက အက်ဗလင်း ဆိုတဲ့ နာမည်နဲ့ ပင်မင်းဆိုင်ပိုင်ရှင်လေးပေါ့။ အရမ်းရိုးအေးတဲ့ ယောကျာ်းတစ်ယောက်ရယ် မိန်းကလေးချင်း ချစ်ကြိုက်နေတဲ့ သမီးတစ်ယောက်ရယ်ရှိတယ်။ ဒါပေမဲ့ အခြားစကြဝဠာက မီရှဲယိုကတော့ ဆရာမကြီးပါ။ အပြိုင်စကြဝဠာတွေကို ဖျက်မယ့် မိစ္ဆာကြီးကို ရင်ဆိုင်ရင် သေသွားခဲ့တာပါ။ ဒီတော့ အဲဒီမိစ္ဆာကို ယှဉ်နိုင်လောက်မယ့် အက်ဗလင်းကို အက်ဗလင်းပေါင်းထောင်ပေါင်းများစွာထဲက လိုက်ရှာနေခဲ့ကြတာပါ။ ဒါပေမဲ့ ပင်မင်းဆိုင်ပိုင်ရှင် ရိုးရိုးအေးအေးကြီး အက်ဗလင်းကမှ ဘာလို့ Matrix ထဲကလို The One ဖြစ်လာပြီး အပြိုင်စကြဝဠာတွေကို ကယ်တင်မလဲဆိုတာ…ပွင့်ပွင့်လင်းလင်းပြောရရင်တော့ Doctor Strange Multiverse of Madness ထဲ ပိုကြိုက်ပါတယ်။ IMDb 8.7 ရထားပါပြီ။ မယုံရင်ကြည့်လိုက်ပါလို့ပဲ ပြောချင်ပါတယ်။

Shazam! Fury of the Gods (2023) ⭐IMDB: 6.1/10 (62 k Votes) 🎬 #Action #Adventure #Comedy #Fantasy #Crime #Thriller 🗓️ 2023 🎞️ Movie 📺 4K 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 10 မိနစ် 44 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Shazam! Fury of the Gods (2023) ရှဇမ်းရဲ့ ဒုတိယမြောက်ရုပ်ရှင်လာပါပြီ။ ပထမရုပ်ရှင်ရဲ့အဆက်အတိုင်းပါပဲ။ပထမရုပ်ရှင်ရဲ့ ဒါရိုက်တာက David F. Sandberg ပါပဲ။ရှဇမ်းလူကြီးအဖြစ်တော့ Zachary Levi ပဲ ပါဝင်ထားပေမဲ့ ကလေးသရုပ်ဆောင်အဖြစ်တော့ အသက်နည်းနည်းကြီးတဲ့ Asher Angel က ပါဝင်ထားပါတယ်။စူပါဟီးရိုးမမ အလန်းအဖြစ် Grace Caroline Currey ပါပါတယ်။ပထမကားထက် ဟာသတွေပိုများပြီး ပေါ့ပေါ့ပါးပါးလေးနဲ့ အပမ်းပြေကြည့်ရှုဖို့သက်သက် ဖန်တီးထားတာပဲဖြစ်ပါတယ်။မိသားစုပညာပေးကားလေးဆိုလည်းမမှားပါဘူး။ ဇာတ်လမ်းအကျဉ်းကတော့ ဂရိနတ်ဘုရားတွေနဲ့ တိုက်ခိုက်ရတာ ဖြစ်ပါတယ်။ရှဇမ်းတို့ကို စွမ်းအားတွေပေးခဲ့တဲ့ မှော်တောင်ဝှေးဟာ ဂရိနတ်ဘုရားတွေရဲ့ အစွမ်းတွေကိုခိုးယူထားပြီး နတ်ဘုရားလောကကို မှော်အစွမ်းတွေမရှိတော့အောင် ဖန်တီးခဲ့တဲ့အရာလည်းဖြစ်ပါတယ်။ဒါပေမဲ့ ရှဇမ်း (၂၀၁၉) မှာ ဘီလီဘတ်ဆန်က ချိုးပစ်လိုက်တဲ့နော်က နတ်ဘုရားတွေ ကမ္ဘာပေါ်ကို ဆင်းလာနိုင်ပြီး သူတို့ရဲ့အစွမ်းတွေကို ပြန်ယူဖို့ ထိပ်တိုက်တွေ့ကြတဲ့အခါ…. အညွှန်း နဲ့ ဘာသာပြန်ကတော့Mr.Andersonပဲ ဖြစ်ပါတယ်။

Ant-Man and the Wasp: Quantumania (2023) ⭐IMDB: 6.2/10 (124 k Votes) 🎬 #Action #Adventure #Comedy #ScienceFiction #SciFi 🗓️ 2023 🎞️ Movie 📺 4K 🌎 #UnitedStates #Australia #Canada #UnitedStatesofAmerica ⏰ 2 နာရီ 5 မိနစ် 12 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Ant-Man and the Wasp: Quantumania (2023)================================IMDb Rating – 6.4/10 ကဲ မာဗယ်ရဲ့ ပုရွက်ဆိတ်လူသားရုပ်ရှင် အသစ်လာပါပြီ။ဇာတ်လမ်းကတော့ Endgame တိုက်ပွဲကြီးအပြီးမှာ အေးအေးချမ်းချမ်းနေနေကြတဲ့ စကော့၊ ဟုပ်၊ ကတ်စီ၊ ဟင်နရီ နဲ့ဂျဲနက်တို့ မိသားစုဟာ မတော်တဆမှုတစ်ခုကြောင့် ကွမ်တမ်လောကကြီးထဲကို ရောက်သွားပြီး ကွန်ကရာ ခန်း ဆိုတဲ့ ရန်သူကြီးတစ်ယောက်နဲ့ ရင်ဆိုင်ရတာပါ။ ခန်းဟာ အချိန်ခရီးသွားနိုင်၊ နည်းပညာအသစ်အဆန်းတွေတီထွင်နိုင်ပြီး၊ အဗန်ဂျာတွေကိုသတ်နိုင်လောက်တဲ့အထိ စွမ်းအားကြီးတဲ့သူပါ။ ကမ္ဘာတွေ၊ အချိန်စီးကြောင်းတွေ၊အပြိုင်စကြဝဠာတွေကိုဖြတ်ပြီး ခရီးသွားရင်း ကမ္ဘာတွေကို ဖျက်ဆီးနေသိမ်းပိုက်နေတဲ့သူတစ်ယောက်ပါပဲ။ အဲတော့ ဒီရန်သူကြီးနဲ့ စကော့တို့မိသားစုဘယ်လိုရင်ဆိုင်ကြမလဲဆိုတာတော့ ကိုယ်တိုင်ပဲကြည့်ရှုရမှာဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့Mr.Andersonပဲ ဖြစ်ပါတယ်။

The Pope's Exorcist (2023) ⭐IMDB: 6.1/10 (14 k Votes) 🎬 #Horror #Thriller #Mystery 🗓️ 2023 🎞️ Movie 📺 4K 🌎 #UnitedStates #UnitedKingdom #Spain #UnitedStatesofAmerica ⏰ 1 နာရီ 43 မိနစ် 59 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Pope’s Exorcist (2023) ” R-rated အကြမ်းပတမ်းဇာတ်ကားမို့ မိသားစုနဲ့အတူကြည့်လို့အဆင်‌မပြေနိုင်ပါဘူးခင်ဗျာ “ မင်းသားကြီး ရက်ဆဲခရိုးရဲ့ ဟော်ရာရုပ်ရှင်အသစ်လာပါပြီ။ အတော်လည်းကောင်းသလို ဇာတ်အိမ်ကြီးတာမို့ အဆက်တွေလည်းထွက်လာနိုင်တဲ့ရုပ်ရှင်မျိုးပါပဲ။ အဓိကဇာတ်ကောင်ကိုလည်း အပြင်မှာ တကယ်ရှိခဲ့တဲ့ နာမည်ကြီး အပနှင် ဘုန်းတော်ကြီး Gabriele Amorth ကို အခြေခံထားပါတယ်။ ဇာတ်လမ်းကလည်း Gabriele Amorth ရဲ့ အပနှင်တဲ့အတွေ့အကြုံတွေကို အခြေခံထားတာဖြစ်ပါတယ်။ Gabriele Amorth ဟာ နတ်ဆိုးဗေဒနဲ့ အပနှင်ခြင်းအကြောင်းကို ကမ္ဘာကသိလာအောင် လုပ်ခဲ့တာကြောင့် ခရစ္စယာန်သမိုင်းမှာ ထင်ရှားတဲ့ အီတလီဘုန်းတော်ကြီးတစ်ဦးပါပဲ။ ~ ဇာတ်လမ်းအကျဉ်း ~ ပုပ်ရဟန်းမင်းကြီး ယုံကြည်ရတဲ့ အပနှင်အဖွဲ့ခေါင်းဆောင် ဂါဘရီရဲ အာမော့ဟာ သာမန် အပနှင်အမှုလေးတွေကို လိုက်နေရင်းနဲ့ တစ်နေ့မှာ စပိန်က ကလေးတစ်ယောက်နတ်ဆိုးပူးခံရတာကို ကူညီဖို့ ဖန်လာပါတယ်။ ဒါပေမဲ့ ကလေးကိုဝင်ပူးနေတဲ့နတ်ဆိုးက သာမန်မဟုတ်ဘဲ အရမ်းအစွမ်းထက်နေပြီး ဂါဘရီရဲကို တမင်မျှားခေါ်လိုက်တဲ့ နတ်ဆိုးဖြစ်နေပါတယ်။ အဲဒီနတ်ဆိုးရဲ့ ရည်ရွယ်ချက်က ဘာလဲ၊ ဘယ်သူလဲဆိုတာကို သိအောင်လုပ်ရင်း တန်ပြန်ဖို့ ကြိုးစားရပုံတွေကို တွေ့ရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုMr. Andersonမှ ပြန်ဆို ရေးသားထားပါတယ်)

Scream VI (2023) ⭐IMDB: 6.8/10 (61 k Votes) 🎬 #Horror #Mystery #Scream Franchise #Thriller 🗓️ 2023 🎞️ Movie 📺 4K 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 2 နာရီ 2 မိနစ် 53 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Scream VI (2023) ~ IMDb – 7/10, Rotten Tomatoes – 77% ~ Scream VI ထွက်လာပါပြီ။ သရဲမျက်နှာဖုံးနဲ့ လူသတ်သမားတွေဟာ ဟော်ရာရုပ်ရှင်သမိုင်းရဲ့ ထင်ရှားတဲ့အမှတ်အသားတစ်ခုပါ။ ဟာသကားတွေမှာရော၊ ဟောလိုးဝင်းပွဲတွေမှာရော အမြဲတွေ့နေရတဲ့မျက်နှာတွေပါပဲ။ ဘယ်အချိန်တွေ့တွေ့ ကြောက်ဖို့ကောင်းနေတုန်းပါပဲ။ ဒီရုပ်ရှင်မတိုင်ခင် အရင်ရုပ်ရှင်တွေမှာတော့ သရဲမျက်နှာလူသတ်သမားပေါင်း ၉ ယောက်ရှိခဲ့ပါတယ်။ အခုရုပ်ရှင်မှာတော့ အဲဒီ ၉ ယောက်လုံးအကြောင်းကို အမှတ်တရအနေနဲ့ ထည့်သွင်းပေးထားပါတယ်။ ဒီတစ်ခေါက်မှာတော့ အဓိက ဇာတ်ကောင်တွေက အရင် Scream မှာ အသက်ရှင်ကျန်ခဲ့တဲ့ ဝုစ်ဘရိုက သူတွေပါပဲ။ သရဲမျက်နှာလူသတ်သမားရဲ့ သမီး ဆမ် နဲ့ တာရာတို့ဟာ အခြားမြို့ကို ပြောင်းရွှေ့လာခဲ့ပါပြီ။ ဆမ်ဟာ ဝုစ်ဘရိုမှာ သရဲမျက်နှာလူသတ်သမား နှစ်ယောက်ကို သတ်ခဲ့နိုင်ပေမဲ့ အင်တာနက်ပေါ်မှာတော့ သူဟာ လူသတ်သမားအစစ်ဖြစ်ပြီး သူများတွေကို ချောက်တွန်းခဲ့တယ်လို့ ကောလဟာလတွေထွက်ပြီး နာမည်တွေပျက်နေခဲ့ပါတယ်။ အဲဒီ လူသတ်သမားတွေကို အရမ်းအားကျတဲ့ သူတွေကလည်း သူ့ကိုသတ်နိုင်ဖို့ကြိုးစားနေကြပါတယ်။ ဒီလိုနဲ့ သူတို့အနားကလူတွေ တဖြုတ်ဖြုတ် အသတ်ခံလာရတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ထုံးစံအတိုင်းလှည့်ကွက်လေးတွေနဲ့ ကြည့်ရမှာပါပဲ။ ညီအစ်မနှစ်ယောက်နေရာမှာတော့ အရင် Scream မင်းသမီး Melissa Barrera နဲ့ ဝန့်ဇ်ဒေးစီးရီးထဲကမင်းသမီးလေး Jenna Ortega တို့ ပါဝင်ထားရုံတင်မက ပင်တိုင်စံမမကြီး Courtney Cox လည်း ဆက်ပါထားပါသေးတယ်။ Scream 6 ကားစလုံးကိုScream Franchiseမှာ ဝင်ကြည့်လို့ရပါတယ်… (ဒီဇာတ်ကားနဲ့အညွှန်းကိုMr. Andersonမှ ပြန်ဆို ရေးသားထားပါတယ်)

Ghosted (2023) ⭐IMDB: 5.8/10 (28 k Votes) 🎬 #Action #Adventure #Comedy #Romance 🗓️ 2023 🎞️ Movie 📺 4K 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 57 မိနစ် 25 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Ghosted (2023) ကပ္ပတိန်အမေရိကမင်းသား ခရစ်အီဗန်နဲ့ မင်းသမီး အန်နာဒအာမက်စ်တို့ရဲ့ ဟာသ အက်ရှင်ကားအသစ်လာပါပြီ။ ဇာတ်လမ်းကတော့ ရိုးရှင်းပေမဲ့ ဟာသတွေ၊ ဧည့်သည်သရုပ်ဆောင် နာမည်ကြီးတွေ အများကြီးသုံးထားတာမို့ ကြည့်ရတာ တန်တဲ့ ရုပ်ရှင်ပါပဲ။ အစက ခေါင်းဆောင်မင်းသမီးနေရာမှာ စကားလက်ဂျိုဟန်ဆန်ကိုရွေးထားပေမဲ့ အချိန်ညှိမရတာကြောင့် အန်နာဒအာမက်စ်ကလေး ပါလာတာပါပဲ။ ကိုးလ်ဟာ သူ့မိသားစုနဲ့အတူ ခြံစိုက်စားနေတဲ့ လူရိုးတစ်ယောက်ပေါ့။ တစ်နေ့မှာတော့ ကမ္ဘာလှည့်ပြီး အနုပညာပစ္စည်းတွေ စုဆောင်းရှာဖွေရတဲ့ ကောင်မလေးတစ်ယောက်နဲ့ တစ်ရက်ချိန်းတွေ့မိပြီး ချစ်ကြိုက်သွားခဲ့ပါတယ်။ အဲဒီကောင်မလေးက သူ့ကိုတစ်ရက်တည်းနဲ့ ပလစ်ပြီး လန်ဒန်ထွက်သွားတဲ့အချိန်မှာ နောက်ကလိုက်သွားခဲ့တယ်။ လန်ဒန်မှာ သူ့ကို နာမည်ကြီး စပိုင်တစ်ယောက်နဲ့မှားပြီး လူဆိုးဂိုဏ်းက မှားဖမ်းတဲ့အခါ သူ့ကောင်မလေးကမှ စပိုင်အစစ်ဖြစ်နေပြီးလာကယ်တာကြောင့် သူတို့နှစ်ယောက်အတူ စွန့်စားခန်းတွေ အလွဲလွဲအချော်ချော်နဲ့ ဖွင့်ရပါတော့တယ်… (ဒီဇာတ်ကားနဲ့အညွှန်းကိုMr. Andersonမှ ပြန်ဆို ရေးသားထားပါတယ်)

Full River Red (2023) ⭐IMDB: 6.5/10 (2 k Votes) 🎬 #Comedy #Drama #History #Mystery #Thriller 🗓️ 2023 🎞️ Movie 📺 4K 🌎 #China ⏰ 2 နာရီ 39 မိနစ် 30 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb Rating (6.5) / Rotten Tomatoes (100%) Hero, House of the flying daggers လိုမျိုးတရုတ်သိုင်း မာစတာပိစ်တွေကို ရိုက်ကူးခဲ့တဲ့ နာမည်ကြီး ဒါရိုက်တာ ကျန်းရိမိုရိုက်ကူးထားတဲ့“Full River Red” ရုပ်ရှင်ကားဟာ ရုံတင်ကတည်းက နာမည်ကျော်ကြားလူကြိုက်များခဲ့ပြီး စံချိန်ပေါင်းများစွာရရှိခဲ့သလိုရုံတင်ဝင်ငွေလည်း ၆၇၅.၅ မီလီယံ(USD) အထိရရှိခဲ့ပါတယ်။ ဇာတ်လမ်းကတော့ စုန့်မင်းဆက်ကာလ စစ်သူကြီးယွဲ့ဖေး ကွယ်လွန်ပြီးချိန်မှာနောက်ဆက်တွဲဖြစ်လာတာတွေကို စိတ်ကူးယဉ်ဇာတ်ကောင်တွေနဲ့ ခမ်းခမ်းနားနားကိုဇာတ်လမ်းတည်ဆောက်ထားတာပါပဲ။ သိုင်းကားပရိသတ်တွေကတော့စစ်သူကြီးယွဲ့ဖေးနာမည်ကို စိမ်းမယ်မထင်ပါဘူး။ သူရဲကောင်းတို့ရဲ့ ဒဏ္ဍာရီဇာတ်လမ်းတွဲမှာ လုကြတဲ့ ဝူမုစစ်ဗြူဟာကျမ်းဆိုတာဟာ စစ်သူကြီးယွဲ့ဖေးရေးခဲ့တယ်ဆိုတဲ့အကြောင်း အထပ်ထပ်ပါပါတယ်။ နောင်မှာ နဂါးနိုင်ဓားထဲကို မြှပ်နှံခံရတဲ့ စာအုပ်ပါပဲ။ ဒီသိုင်းဇာတ်လမ်းတွေကစိတ်ကူးယဉ်ဖြစ်ပေမဲ့ စစ်သူကြီးယွဲ့ဖေးကတော့ တကယ်ရှိခဲ့ပါတယ်။ယွဲ့ဖေးဟာ စုန့်နိုင်ငံနဲ့ ကျင်းနိုင်ငံ စစ်မက်ဖြစ်ပွားနေချိန်မှာ ကျင်းတွေဖိန့်ဖိန့်တုန်အောင်ကြောက်ရတဲ့ စစ်သူကြီးပါပဲ။ ဒါပေမဲ့ အမတ်ချုပ်ကြီး ချင်ဟွေကသစ္စာဖောက်လို့ စွပ်စွဲပြီး ကွက်မျက်ပစ်တာကို ခံခဲ့ရပါတယ်။ စစ်သူကြီးယွဲ့ဖေးဟာကျောကုန်းမှာ သူ့ရဲ့မိခင်ကိုယ်တိုင်ထိုးပေးထားတဲ့ ဆေးမှင်ကြောင်ဖြစ်တဲ့နိုင်ငံအပေါ်သစ္စာစောင့်ပါဆိုတဲ့ အတိုင်း တစ်သက်လုံးသစ္စာရှိခဲ့သူဖြစ်သလိုသူ့ရဲ့ ယွဲ့တပ်သားတွေကလည်း အဲဒီဆေးမှင်ကြောင်ကို လိုက်ထိုးနှံထားကြတဲ့သစ္စာရှိတပ်သားတွေလည်းဖြစ်ပါတယ်။ တကယ်တော့ အမတ်ချုပ်ကြီး ချင်ဟွေကသာကျင်းနိုင်ငံနဲ့ပူးပေါင်းတဲ့သစ္စာဖောက်လို့ ပြည်သူအားလုံးက စွပ်စွဲခဲ့ကြပါတယ်။ စစ်သူကြီးယွဲ့ဖေးကို မတရားစွပ်စွဲသတ်ဖြတ်ခဲ့တဲ့အမတ်ချုပ်ကြီးချင်ဟွေတို့အကြောင်း ရာဇဝင်အမှန်ကိုတော့ ဒီမှာhttps://www.facebook.com/tianxiadiyi888888/ဖတ်ရှုပေးကြပါ။စစ်သူကြီးယွဲ့ဖေးဆိုတာ ဘယ်လိုလူမျိုးဆိုတာနဲ့ သူ့ရဲ့နာမည်ကျော်ကဗျာ မန်ကျန်းဟုန်အကြောင်းကို ပိုမိုသိရှိရမှာပါ။ဒါမှလဲ ရုပ်ရှင်က ပိုမိုရုပ်လုံးကြွလာမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာတော့ ဒီသမိုင်းကြောင်းကို အခြေခံထားပြီးလှည့်ကွက်တွေ ကြက်သီးဖြန်းဖြန်းထစရာတွေနဲ့ ကျင်းရီမူရဲ့ ထုံးစံအတိုင်းမမေ့နိုင်စရာရုပ်ရှင်တစ်ခုအဖြစ် တင်ဆက်ထားတာပဲဖြစ်ပါတယ်။ အမတ်ချုပ်ကြီး ချင်ဟွေဟာ နယ်စပ်တပ်စခန်းမှာ ကျင်းသံတမန်တွေနဲ့တွေ့ဖို့လာရောက်ချိန်မှာ ကျင်းသံအမတ်တစ်ယောက် လုပ်ကြံခံလိုက်ရပါတော့တယ်။သူကွယ်လွန်သွားခဲ့တဲ့အပြင် သူယူလာတဲ့ စာလွှာလေးကလဲ ပျောက်ကွယ်လို့ သွားခဲ့ပါတယ် ။ဒီလိုမျိုး အခြေအနေတွေ ကမောက်ကမ ဖြစ်နေစဥ်အတွင်းမှာပဲ တူဝရီးတော်စပ်ကြတဲ့စစ်သည်တစ်ဦးနဲ့ တပ်မှူးချုပ်တစ်ဦးတို့ဟာ ဒီမတော်တဆမှုအတွင်းတရားခံအဖြစ် ဆွဲသွင်းခြင်းခံလိုက်ရပါတော့တယ် ။ လျှို့ဝှက်ချက်တွေနဲ့ပြည့်နှက်နေတဲ့ စာလွှာလေးတစ်ရွက်ကြောင့် လူတွေတစ်ယောက်ပြီးတစ်ယောက်သေဒဏ်ပေးခံရပါတယ် ။ဒီလိုပြသနာတွေထဲကနေ တူဝရီးနှစ်ယောက်ဟာ အမှန်တရားနောက်ကိုလိုက်ပြီး အားလုံးအတွက် လက်စားချေဖို့ လုပ်ဆောင်လာခဲ့ကြတဲ့အခါမှာ – ❏ သူတို့တွေ အသက်နဲ့ရင်းပြီး ကာကွယ်နေခဲ့ကြတဲ့ လျှို့ဝှက်စာရွယ်ကလေးဟာ ဘာများဖြစ်နေမှာလဲ? ❏ ဒီလိုပဋိပက္ခတွေကရော ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ စစ်သူကြီးယွဲ့ဖေးနဲ့ ဘာများသက်ဆိုင်နေမှာလဲ ? ❏ ဒီပြဿနာတွေအကြားဆွဲသွင်းခြင်းခံရတဲ့ တူဝရီးနှစ်ယောက်ဟာရော မတော်တဆဆွဲသွင်းခြင်းခံလိုက်ရတာလား ဒါမှမဟုတ် သူတို့နဲ့ရောဒီကိစ္စကဘာတွေပတ်သတ်မှုများ ရှိနေမှာလဲ ? ဆိုတာ…….။ ပါဝင်သရုပ်ဆောင်ထားကြတဲ့သူတွေအနေနဲ့ကတော့ – ❏ သူ့ရဲ့ဘဝမှာ လောင်းကစားလုပ် ပျော်ပါးရင်း သာမန်ပြည်သူဘဝမှာပဲရှင်သန်နေထိုင်လာခဲ့ရင်းကနေ စစ်တပ်အတွင်းသို့ ဝင်ရောက်လာခဲ့သူ ၊လောကမှာ သူ့ကိုယ်သူ အရေးမပါတဲ့ သူတစ်ယောက်အဖြစ် ခံယူထားလေသူ ၊သေရမှာကို ကြောက်ရွံ့ပေမယ့် သူယုံကြည်ရာ ယုံကြည်ချက်ကိုတော့စွဲစွဲမြဲမြဲ လက်ကိုင်ခံယူထားတတ်သူ သာမန်စစ်သည်တော် – ကျန်းတ အဖြစ် ရှန်ထန် ❏ ဘာမှနောက်ခံဆိုတာမရှိ ၊ အခြေခံအုတ်မြစ်ဆိုတာလဲမရှိပဲ တစ်ကိုယ်တည်းရပ်တည်နေနိုင်သူ ၊ မည်သည့်ကိစ္စမဆို စိတ်မြန်လက်မြန်ရှိပြီးဓားကိုထုတ်ဖို့ဝန်မလေးတတ်သူ ၊ အရေးကြုံလာရင် မဆုတ်မနစ်တဲ့စွမ်းအားနဲ့ အဆုံးထိ တောင့်ခံကာနေတတ်သူ တပ်မှူးချုပ် – စွင်းကျွင်း အဖြစ် ရိယန်ချန်းရှီ တို့အပြင်ကျန်းယိ ၊ လေကျားယင်း ၊ ယွဲ့ယွင်ဖုန် ၊ ဝမ်ကျားယီ အစရှိတဲ့တကယ့်နာမည်ကြီး ဝါရင့်သရုပ်ဆောင်များကပါ သရုပ်ဆောင်ထားပါသေးတယ် ။

The Legend of Tarzan (2016) ⭐IMDB: 6.2/10 (181 k Votes) 🎬 #Action #Adventure #Drama #Fantasy #Romance 🗓️ 2016 🎞️ Movie 📺 4K 🌎 #UnitedKingdom #Canada #UnitedStates #Australia ⏰ 1 နာရီ 50 မိနစ် 21 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ကျွန်တော်တို့ရဲ့ ကလေးဘဝ သူရဲကောင်းကြီး တာဇံ တကျော့ပြန်လာပါပြီ။ ဒီဇာတ်ကားမှာတော့ တာဇံ ဟာ ဂျိန်းနဲ့ လက်ထပ်ပြီး သူမိဘတွေ အမွေကို ဆက်ခံပြီး အင်္ဂလန်မှာ  လူကြီးလူကောင်းတစ်ယောက်အဖြစ် နေထိုင်နေပါပြီ။ အဲဒီအချိန်မှာ ဘာလင်ကွန်ဖရင့်အပြီးမှာ ဘယ်ဂျီယံဘုရင် လီယိုပိုးဒ် ဟာ အာဖရိက ကွန်ဂိုနယ်ကို သိမ်းထားတဲ့ အချိန်ဖြစ်ပါတယ်။ ဘုရင်လီယိုပိုးဒ်ဟာ သူ့ရဲ ဒေဝါလီခံရလုနီးနီးအခြေအနေကနေ ထွက်ပေါက်ရဖို့ နည်းမျိုးစုံရှာဖွေနေပါပြီ။ ဒီဇာတ်လမ်းမှာ တာဇံနဲ့ဂျိန်းတို့ သူတို့ကြီးပြင်းလာခဲ့တဲ့  အာဖရိက ဘွန်မာ ကို ပြန်လာချိန်မှာ ဘုရင့်လူယုံ ရွမ် ရဲ့ မဟာအကြံအစည်ကြီးထဲမှာကြားညှပ်ပြီး  ဂျိန်းကို ဖမ်းဆီးခေါ်သွားခံလာရတဲ့အခါ…. ဂျွန် ကလေတန် အဖြစ် ပြောင်းလဲနေထိုင်နေခဲ့တဲ့ တာဇံဟာ သူ့ရဲ့ မူလဗီဇနဲ့  စွမ်းအားတွေကို အကုန်အသုံးချပြီး ထောင်ချီတဲ့ စစ်တပ်ကို ပြန်လည်တိုက်ထုတ်ပြီး ဂျိန်း ကို ပြန်ကယ်တင်ဖို့ ကြိုးစားလာပါတော့တယ်။  အဲဒီအတွက် ရွန်ရဲ့ စစ်သားတွေ၊ ရန်သူတော်ဟောင်းကြီး မ်ဘွန်ဂါ အပြင် သူ့ကို စွန့်ခွာသူအဖြစ်သတ်မှတ်လိုက်တဲ့ လူဝံအုပ်စုတွေ ကြားထဲမှာ ရုန်းကန်ရင်း……. ကျွန်တော့်အတွက်တော့ တာဇံရဲ့ စွန့်စားခန်းတွေနဲ့ တိရစ္ဆာန်တွေကို ငယ်ငယ်တုန်းကလိုပြန်ကြည့်ရတဲ့ အရသာကတော့ တကယ်ကို ပြည့်စုံတယ် ပြောရမှာပါပဲ။ IMDb Rating (6.3) ရရှိထားပါတယ်..ခံစားအားပေးကြပါဦး။

Real Madrid: Until the End (2023- ) ⭐IMDB: 8.9/10 (1 k Votes) 🎬 #Documentary 🗓️ 2023- 🎞️ movie 📺 1080p 🌎 #Spain #UnitedStates ⏰ 1 နာရီ 1 မိနစ် 26 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Real Madrid: Until the End (2023) CompleteReal Madrid: Until The End (2023) Completed Mini-series  ~ IMDb rating – 9.1/10 ~ ဘောလုံးပရိသတ်တွေစောင့်မျှော်နေတဲ့ ဟာလဝါအသင်းရဲ့ Documentary လေးလာပါပြီ။ ဒါပေမဲ့ မကြည့်ခင်မှာ သွေးပူလေ့ကျင့်ခန်းလေးအနေနဲ့ ရီးရဲလ်မက်ဒရစ်ဆိုတာဘယ်လိုအသင်းလဲဆိုတာကို အတိုချုပ်ပြောပြချင်ပါတယ်။ ဘောလုံးပရိသတ်မှန်ရင် ရီးရဲလ်မက်ဒရစ်လို့ပြောလိုက်တာနဲ့ စပိန်နိုင်ငံက ဘောလုံးအသင်းတစ်သင်းဆိုတာထက်ပိုတဲ့ ကြီးကျယ်ခမ်းနားမှုတစ်ခုကိုခံစားမိကြမှာအမှန်ပါပဲ။ နောင်တစ်ချိန်မှာ ကမ္ဘာ့အကြီးကျယ်အခမ်းနားဆုံး အသင်းဖြစ်လာမယ့် ရီးရဲလ်မက်ဒရစ်ကို ၁၉၀၂ ခုနှစ် မတ်လ ၆ ရက်နေ့မှာ မက်ဒရစ်မြို့က မထင်မရှားဘောလုံးဝါသနာရှင်တစ်စုကစတင်တည်ထောင်ခဲ့ကြတာဖြစ်ပါတယ်။ ၁၉၂၀ ခုနှစ်မှာ ဘုရင်ကြီးအယ်ဖွန်ဆို XIII က တော်ဝင်အသင်းအဖြစ်မြှောက်စားခဲ့ရာကနေမှ ရီးရဲလ်မက်ဒရစ်ရယ်လို့ဖြစ်လာခဲ့တာပါ။ အသင်းနာမည်က ရီးရဲလ် (Real) ဆိုတာတကယ်တော့ စပိန်ဘာသာစကားဖြစ်ပြီး အင်္ဂလိပ်လို Royal ရွိုင်ရယ်လ် လို့အဓိပ္ပါယ်ရပါတယ်။ဒါကြောင့် ရီးရဲလ်မက်ဒရစ်ရဲ့အဓိပ္ပါယ်ဟာ စစ်မှန်သောမက်ဒရစ် မဟုတ်ဘဲ တော်ဝင်မက်ဒရစ် လို့ဆိုလိုတာပဲဖြစ်ပါတယ်။ ကမ္ဘာစစ်ကြီးပြီးဆုံးချိန်မှာတော့ ချာမာတင် အိမ်ကွင်းကြီး အပါအဝင် အသင်းသားတွေနဲ့ဝန်ထမ်းတွေလ ည်း အားလုံးဖရိုဖရဲဖြစ် ကျန်ခဲ့ရပါတယ်။ အဲဒီအချိန်မှာ အသင်းရဲ့အစောဆုံး ဂန္ထဝင်ကစားသမား တစ်ယောက်ဖြစ်သလို အသင်းခေါင်းဆောင်ဟောင်းလည်းဖြစ်တဲ့ ဆန်တီယာဂို ဘာနေဗျူးက ဥက္ကဌအဖြစ်တာဝန်လွှဲပြောင်းယူခဲ့ပါတယ်။ အဘက်ဘက်က ယိုယွင်းနေတဲ့အသင်းကို မြေလှန်ပြီး အစကပြန်တည်ဆောက်ရတာဟာ လွယ်ကူတဲ့ကိစ္စတော့မဟုတ်ခဲ့ပါဘူး။ အတိုချုပ်ပြောရရင် ဘာနေဗျူးဟာ ရီးရဲလ်မက်ဒရစ်ကို ခေါင်းကိုင်ဖခင်အဖြစ် အကောင်းဆုံးအုတ်မြစ်ချတည်ဆောက်ပေးသွားခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် ဂုဏ်သိက္ခာအကြီးမားဆုံးဂန္ထဝင်ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် သူတည်ဆောက်ပေးခဲ့တဲ့ကွင်းကြီးကိုလည်း သူသေဆုံးသွားပြီးတဲ့နောက် ဂုဏ်ပြုတဲ့အနေနဲ့ ဆန်တီယာဂိုဘာနေဗျူး လို့နာမည်ပြောင်းလဲသတ်မှတ်ပေးထားခဲ့တာ ဒီနေ့ထိပါပဲ။ သူပြောဖူးတဲ့စကားတစ်ခွန်းရှိပါတယ်… ”ရီးရဲလ်မက်ဒရစ်ရဲ့ဂျာစီမှာ ရွှံ့တွေလူးလို့ရတယ်။ သွေးတွေစွန်းလို့ရတယ်။ ချွေးတွေရွှဲသွားလို့ရတယ်။ ဒါပေမဲ့ အရှက်တရားတော့ ဘယ်တော့မှ မစွန်းထင်းပါစေနဲ့” တဲ့။ ဥရောပထိပ်တန်းကလပ်တွေသာ ကစားခွင့်ရတဲ့ ချံပီယံလိဂ်ဆိုတဲ့အိုင်ဒီယာကိုလည်း ဘာနေဗျူးက စတင်ခဲ့တာဖြစ်ပြီး ပထမဆုံးချံပီယံဆုငါးကြိမ်လုံးကိုလည်း ရီးရဲလ်မက်ဒရစ်ကသာရရှိခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်ကစပြီး ကမ္ဘာအနှံ့မှာ ရီးရဲလ်မက်ဒရစ်ပရိသတ်တွေ အဆမတန်တိုးပွားလာပြီး အဲဒီခေတ်ထဲက ကမ္ဘာ့အကောင်းဆုံးအသင်းအဖြစ်သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ ဥက္ကဌကြီးဘာနေဗျူးမရှိတော့တဲ့ကာလမှာတော့ တော်ဝင်မက်ဒရစ်ဟာအရင်လောက်သြဇာမလွှမ်းမိုးနိုင်တော့ဘဲ ဥရောပဖလားတွေနဲ့ ၃၂ နှစ်ကြာဝေးကွာနေခဲ့ပါတယ်။ 1998 နဲ့ 2000 ခုနှစ်တွေမှသာ ချံပီယံလိဂ်ဖလားကြီးကို (၇)ကြိမ်မြောက်နဲ့(၈)ကြိမ်မြောက်အဖြစ်ပြန်လည်ရရှိခဲ့တာဖြစ်ပြီး အခုဆိုရင်တော့ (၁၄) ကြိမ်ထိရယူထားခဲ့ပြီဖြစ်ပါတယ်။ အခုစီးရီးလေးကတော့ အဲဒီနောက်ဆုံး ရရှိခဲ့တဲ့ (၁၄) ကြိမ်မြောက် ချံပီယံလိဂ်ဖလား ကိုရယူနိုင်ခဲ့တဲ့ နောက်ကွယ်က ကြိုးစားရုန်းကန်ခဲ့ရမှုတွေ၊ ကွင်းတွင်းကွင်းပြင်က အလင်းခြမ်းနဲ့အမှောင်ခြမ်းတွေ အကြောင်းကို Documentary အနေနဲ့တင်ဆက်ပေးထားတာဖြစ်ပါတယ်။ အာကြီးရဲ့ All or Nothing လို ရှည်ရှည်ဝေးဝေးမဟုတ်ပဲ တစ်ပိုင်းတစ်နာရီစာနဲ့ သုံးပိုင်းသာရှိပြီး ဘောလုံးပရိသတ်မှန်ရင် လက်မလွှတ်တမ်းကြည့်သင့်တဲ့ အားကစား Documentary လေးတစ်ခုပါပဲ။ (ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူတွေကတော့ Min Khant Bo နဲ့ Min Thant Bo တို့ပဲဖြစ်ပါတယ်)Size ~ 800MB+

Real Madrid: Until the End (2023- ) ⭐IMDB: 8.9/10 (1 k Votes) 🎬 #Documentary 🗓️ 2023- 🎞️ movie 📺 1080p 🌎 #Spain #UnitedStates ⏰ 1 နာရီ 1 မိနစ် 26 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Real Madrid: Until the End (2023) CompleteReal Madrid: Until The End (2023) Completed Mini-series  ~ IMDb rating – 9.1/10 ~ ဘောလုံးပရိသတ်တွေစောင့်မျှော်နေတဲ့ ဟာလဝါအသင်းရဲ့ Documentary လေးလာပါပြီ။ ဒါပေမဲ့ မကြည့်ခင်မှာ သွေးပူလေ့ကျင့်ခန်းလေးအနေနဲ့ ရီးရဲလ်မက်ဒရစ်ဆိုတာဘယ်လိုအသင်းလဲဆိုတာကို အတိုချုပ်ပြောပြချင်ပါတယ်။ ဘောလုံးပရိသတ်မှန်ရင် ရီးရဲလ်မက်ဒရစ်လို့ပြောလိုက်တာနဲ့ စပိန်နိုင်ငံက ဘောလုံးအသင်းတစ်သင်းဆိုတာထက်ပိုတဲ့ ကြီးကျယ်ခမ်းနားမှုတစ်ခုကိုခံစားမိကြမှာအမှန်ပါပဲ။ နောင်တစ်ချိန်မှာ ကမ္ဘာ့အကြီးကျယ်အခမ်းနားဆုံး အသင်းဖြစ်လာမယ့် ရီးရဲလ်မက်ဒရစ်ကို ၁၉၀၂ ခုနှစ် မတ်လ ၆ ရက်နေ့မှာ မက်ဒရစ်မြို့က မထင်မရှားဘောလုံးဝါသနာရှင်တစ်စုကစတင်တည်ထောင်ခဲ့ကြတာဖြစ်ပါတယ်။ ၁၉၂၀ ခုနှစ်မှာ ဘုရင်ကြီးအယ်ဖွန်ဆို XIII က တော်ဝင်အသင်းအဖြစ်မြှောက်စားခဲ့ရာကနေမှ ရီးရဲလ်မက်ဒရစ်ရယ်လို့ဖြစ်လာခဲ့တာပါ။ အသင်းနာမည်က ရီးရဲလ် (Real) ဆိုတာတကယ်တော့ စပိန်ဘာသာစကားဖြစ်ပြီး အင်္ဂလိပ်လို Royal ရွိုင်ရယ်လ် လို့အဓိပ္ပါယ်ရပါတယ်။ဒါကြောင့် ရီးရဲလ်မက်ဒရစ်ရဲ့အဓိပ္ပါယ်ဟာ စစ်မှန်သောမက်ဒရစ် မဟုတ်ဘဲ တော်ဝင်မက်ဒရစ် လို့ဆိုလိုတာပဲဖြစ်ပါတယ်။ ကမ္ဘာစစ်ကြီးပြီးဆုံးချိန်မှာတော့ ချာမာတင် အိမ်ကွင်းကြီး အပါအဝင် အသင်းသားတွေနဲ့ဝန်ထမ်းတွေလ ည်း အားလုံးဖရိုဖရဲဖြစ် ကျန်ခဲ့ရပါတယ်။ အဲဒီအချိန်မှာ အသင်းရဲ့အစောဆုံး ဂန္ထဝင်ကစားသမား တစ်ယောက်ဖြစ်သလို အသင်းခေါင်းဆောင်ဟောင်းလည်းဖြစ်တဲ့ ဆန်တီယာဂို ဘာနေဗျူးက ဥက္ကဌအဖြစ်တာဝန်လွှဲပြောင်းယူခဲ့ပါတယ်။ အဘက်ဘက်က ယိုယွင်းနေတဲ့အသင်းကို မြေလှန်ပြီး အစကပြန်တည်ဆောက်ရတာဟာ လွယ်ကူတဲ့ကိစ္စတော့မဟုတ်ခဲ့ပါဘူး။ အတိုချုပ်ပြောရရင် ဘာနေဗျူးဟာ ရီးရဲလ်မက်ဒရစ်ကို ခေါင်းကိုင်ဖခင်အဖြစ် အကောင်းဆုံးအုတ်မြစ်ချတည်ဆောက်ပေးသွားခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် ဂုဏ်သိက္ခာအကြီးမားဆုံးဂန္ထဝင်ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် သူတည်ဆောက်ပေးခဲ့တဲ့ကွင်းကြီးကိုလည်း သူသေဆုံးသွားပြီးတဲ့နောက် ဂုဏ်ပြုတဲ့အနေနဲ့ ဆန်တီယာဂိုဘာနေဗျူး လို့နာမည်ပြောင်းလဲသတ်မှတ်ပေးထားခဲ့တာ ဒီနေ့ထိပါပဲ။ သူပြောဖူးတဲ့စကားတစ်ခွန်းရှိပါတယ်… ”ရီးရဲလ်မက်ဒရစ်ရဲ့ဂျာစီမှာ ရွှံ့တွေလူးလို့ရတယ်။ သွေးတွေစွန်းလို့ရတယ်။ ချွေးတွေရွှဲသွားလို့ရတယ်။ ဒါပေမဲ့ အရှက်တရားတော့ ဘယ်တော့မှ မစွန်းထင်းပါစေနဲ့” တဲ့။ ဥရောပထိပ်တန်းကလပ်တွေသာ ကစားခွင့်ရတဲ့ ချံပီယံလိဂ်ဆိုတဲ့အိုင်ဒီယာကိုလည်း ဘာနေဗျူးက စတင်ခဲ့တာဖြစ်ပြီး ပထမဆုံးချံပီယံဆုငါးကြိမ်လုံးကိုလည်း ရီးရဲလ်မက်ဒရစ်ကသာရရှိခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်ကစပြီး ကမ္ဘာအနှံ့မှာ ရီးရဲလ်မက်ဒရစ်ပရိသတ်တွေ အဆမတန်တိုးပွားလာပြီး အဲဒီခေတ်ထဲက ကမ္ဘာ့အကောင်းဆုံးအသင်းအဖြစ်သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ ဥက္ကဌကြီးဘာနေဗျူးမရှိတော့တဲ့ကာလမှာတော့ တော်ဝင်မက်ဒရစ်ဟာအရင်လောက်သြဇာမလွှမ်းမိုးနိုင်တော့ဘဲ ဥရောပဖလားတွေနဲ့ ၃၂ နှစ်ကြာဝေးကွာနေခဲ့ပါတယ်။ 1998 နဲ့ 2000 ခုနှစ်တွေမှသာ ချံပီယံလိဂ်ဖလားကြီးကို (၇)ကြိမ်မြောက်နဲ့(၈)ကြိမ်မြောက်အဖြစ်ပြန်လည်ရရှိခဲ့တာဖြစ်ပြီး အခုဆိုရင်တော့ (၁၄) ကြိမ်ထိရယူထားခဲ့ပြီဖြစ်ပါတယ်။ အခုစီးရီးလေးကတော့ အဲဒီနောက်ဆုံး ရရှိခဲ့တဲ့ (၁၄) ကြိမ်မြောက် ချံပီယံလိဂ်ဖလား ကိုရယူနိုင်ခဲ့တဲ့ နောက်ကွယ်က ကြိုးစားရုန်းကန်ခဲ့ရမှုတွေ၊ ကွင်းတွင်းကွင်းပြင်က အလင်းခြမ်းနဲ့အမှောင်ခြမ်းတွေ အကြောင်းကို Documentary အနေနဲ့တင်ဆက်ပေးထားတာဖြစ်ပါတယ်။ အာကြီးရဲ့ All or Nothing လို ရှည်ရှည်ဝေးဝေးမဟုတ်ပဲ တစ်ပိုင်းတစ်နာရီစာနဲ့ သုံးပိုင်းသာရှိပြီး ဘောလုံးပရိသတ်မှန်ရင် လက်မလွှတ်တမ်းကြည့်သင့်တဲ့ အားကစား Documentary လေးတစ်ခုပါပဲ။ (ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူတွေကတော့ Min Khant Bo နဲ့ Min Thant Bo တို့ပဲဖြစ်ပါတယ်)Size ~ 800MB+

Hook (1991) ⭐IMDB: 6.8/10 (262 k Votes) 🎬 #Adventure #Comedy #Family #Fantasy 🗓️ 1991 🎞️ Movie 📺 720p 🌎 #UnitedStates ⏰ 2 နာရီ 22 မိနစ် 7 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 90 ခုနှစ်အလွမ်းပြေ မင်းသားကြီး Robin Williams ရဲ့ ဇာတ်ကားကောင်းလေး တစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်. ငယ်ဘဝရဲ့ နတ်သမီးပုံပြင်များထဲက တ စ်ခုဖြစ်တဲ့ ပီတာပန် နဲ့ နတ်သမီးလေး တင်ကာဘဲလ် တို့ ဇာတ်လမ်းလေးကို အားလုံးသိကြမှာပါ. ဒီဇာတ်ကားဟာလည်း ပီတာပန် ပုံပြင်ရဲ့ ဗီလိန် Captain Hook ကို အမှတ်သညာပြုပြီး အမည်ပေးထားတာ ဖြစ်ပါတယ်. ဒီဇာတ်လမ်းမှာတော့ ပီတာပန်ဟာ ကြီးပြင်းလာခဲ့ပြီး ပီတာဘန်းနင်း အဖြစ်နဲ့ အိမ်ထောင်ကျ၊ သားသမီးတွေ ရလာခဲ့တဲ့ နေရာကနေ အစပြုခဲ့ပါတယ်. သူ့ရဲ့ပီတာပန်ဘဝဟောင်း နဲ့ နဲဗားလန်းကို မေ့လျော့နေခဲ့ပေမယ့် အတိတ်ကတော့ သူ့ကို သတိရဖို့ မပျက်ကွက်ခဲ့ပါဘူး. အလုပ်ကိုဦးစားပေးလွန်းသူ ဖခင်တစ်ယောက်အနေနဲ့ သားသမီးနဲ့ဇနီးမယားအပေါ် ပျက်ကွက်မှုတွေ ရှိလာခဲ့ချိန်မှာ တစ်ဖက်ကလည်း ကိုယ်တိုင်မေ့လျော့နေခဲ့တဲ့ အတိတ်ဘဝကို မမျှော်လင့်ဘဲ ပြန်လည်ရင်ဆိုင်ရချိန်မှာတော့ ပျောက်ဆုံးနေတဲ့ ဘဝဟောင်းကို ပြန်ရှာတွေ့နိုင်မလား သားသမီးအတွက်ဆို ရေမြေဆုံးထိ လိုက်မယ့် မိဘမေတ္တာကို ဘယ်လို သက်သေပြနိုင်မလဲ စိတ်လှုပ်ရှားဖွယ် စွန့်စားခန်းတွေကြား. မိသားစု နဲ့ ချစ်ခြင်းမေတ္တာအကြောင်းကို ဖော်ကြူးထားတဲ့ဇာတ်လမ်းလေးဖြစ်လို့ CM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်.

Hook (1991) ⭐IMDB: 6.8/10 (262 k Votes) 🎬 #Adventure #Comedy #Family #Fantasy 🗓️ 1991 🎞️ Movie 📺 1080p 🌎 #UnitedStates ⏰ 2 နာရီ 22 မိနစ် 7 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 90 ခုနှစ်အလွမ်းပြေ မင်းသားကြီး Robin Williams ရဲ့ ဇာတ်ကားကောင်းလေး တစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်. ငယ်ဘဝရဲ့ နတ်သမီးပုံပြင်များထဲက တ စ်ခုဖြစ်တဲ့ ပီတာပန် နဲ့ နတ်သမီးလေး တင်ကာဘဲလ် တို့ ဇာတ်လမ်းလေးကို အားလုံးသိကြမှာပါ. ဒီဇာတ်ကားဟာလည်း ပီတာပန် ပုံပြင်ရဲ့ ဗီလိန် Captain Hook ကို အမှတ်သညာပြုပြီး အမည်ပေးထားတာ ဖြစ်ပါတယ်. ဒီဇာတ်လမ်းမှာတော့ ပီတာပန်ဟာ ကြီးပြင်းလာခဲ့ပြီး ပီတာဘန်းနင်း အဖြစ်နဲ့ အိမ်ထောင်ကျ၊ သားသမီးတွေ ရလာခဲ့တဲ့ နေရာကနေ အစပြုခဲ့ပါတယ်. သူ့ရဲ့ပီတာပန်ဘဝဟောင်း နဲ့ နဲဗားလန်းကို မေ့လျော့နေခဲ့ပေမယ့် အတိတ်ကတော့ သူ့ကို သတိရဖို့ မပျက်ကွက်ခဲ့ပါဘူး. အလုပ်ကိုဦးစားပေးလွန်းသူ ဖခင်တစ်ယောက်အနေနဲ့ သားသမီးနဲ့ဇနီးမယားအပေါ် ပျက်ကွက်မှုတွေ ရှိလာခဲ့ချိန်မှာ တစ်ဖက်ကလည်း ကိုယ်တိုင်မေ့လျော့နေခဲ့တဲ့ အတိတ်ဘဝကို မမျှော်လင့်ဘဲ ပြန်လည်ရင်ဆိုင်ရချိန်မှာတော့ ပျောက်ဆုံးနေတဲ့ ဘဝဟောင်းကို ပြန်ရှာတွေ့နိုင်မလား သားသမီးအတွက်ဆို ရေမြေဆုံးထိ လိုက်မယ့် မိဘမေတ္တာကို ဘယ်လို သက်သေပြနိုင်မလဲ စိတ်လှုပ်ရှားဖွယ် စွန့်စားခန်းတွေကြား. မိသားစု နဲ့ ချစ်ခြင်းမေတ္တာအကြောင်းကို ဖော်ကြူးထားတဲ့ဇာတ်လမ်းလေးဖြစ်လို့ CM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်.