ဇာတ်ညွှန်းများ • FDMN
Закритий канал
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
Pardoned by Grace (2022)
⭐IMDB: 4.6/10 (141 Votes)
🎬 #Biography #Drama #Family
🗓 2022 🎞 movie
📺 #720p #1080p
💿 805.8 MB ⦿ 1.9 GB
🌎 #UnitedStates
⏰ 1 နာရီ 43 မိနစ် 15 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Pardoned By Grace (2023)
ဒီကားကတော့ 2023 မှာထွက်ရှိထားပြီး ဖြစ်ရပ်မှန်ကို အခြေခံရိုက်ထားတဲ့ Pardoned By Grace ဆိုတဲ့ ဒရာမာကားလေးပဲဖြစ်ပါတယ်။
~ ဇာတ်လမ်းအညွှန်း ~
အသက်ကြီးလာတာနဲ့အမျှ ပိုပိုဆိုး ပိုပိုမိုက်လာလို့ အဖေကအစ ဘုရားကို ဆုတောင်းရင် သူ့သားဘယ်တော့မှ အိမ်ပြန်မလာပါစေနဲ့လို့ ဆုတောင်းရလောက်အောင် မိုက်တဲ့ စကော့ ဟိုင်းဘာဂါ…
မြို့ကရဲတွေကအစ မှတ်မိနေရလောက်အောင် ပြစ်မှုတစ်ခုလွတ်တာနဲ့ နောက်ပြစ်မှုတစ်ခုလုပ်ဦးမှာပဲဆိုတဲ့အမြင်နဲ့ အမြဲနောက်ယောင်ခံလိုက်ဖမ်းရလောက်အောင် ဒုစရိုက်မှုမှာနာမည်ကြီးတဲ့စကော့ဟိုင်းဘာဂါ…
ပြစ်မှုကျူးလွန်ပြီးတိုင်းလည်း သူလုပ်တဲ့ပြစ်မှုကို ငြင်းဆန်လေ့မရှိဘဲ တရားရုံးမှာ အပြစ်ရှိကြောင်း အမြဲဝန်ခံတာမို့ ရှေ့နေတွေလက်မမြောက်လိုက်ရတဲ့ စကော့ဟိုင်းဘာဂါ…
တစ်နေ့ထောင်ကျနေတုန်း ဘာသာရေးသမား တစ်ယောက်နဲ့ စကားစပ်မိရင်း ဘာသာရေးလိုက်စားမိတဲ့အခါ လူတွေ အံ့သြလောက်အောင် ဘယ်လိုတွေပြောင်းလဲသွားလဲ… လူတစ်ယောက် ဘယ်လောက်ထိပြောင်းလဲနိုင်စွမ်းရှိ ကြောင်း… ဆိုတာကို ရိုက်ကူးပြသထားတဲ့ ဖြစ်ရပ်မှန် ဒရာမာကားလေးတစ်ကားပဲဖြစ်ပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုDBမှ ပြန်ဆို ရေးသားထားပါတယ်)...
12:46 (2023)
⭐IMDB: 3.2/10 (15 Votes)
🎬 #Action
🗓 2023 🎞 movie
📺 #720p #1080p
💿 478.6 MB ⦿ 1.2 GB
🌎 #UnitedStates
⏰ 1 နာရီ 10 မိနစ် 43 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
လူငယ်လေးတစ်ယောက်ဖြစ်တဲ့ ရေးဟာ သူ့ရဲ့သီချင်းခွေထုတ်ဖို့အတွက်
စတူဒီယိုကြေးပေးဖို့လိုတော့ မိတ်ဆွေဖြစ်သူ ဒရေဆီမှာ ကားမောင်းတဲ့
အလုပ်ကိုဝင်လုပ်ပေးပါတယ်…။
ဒရေဆိုတာ အဲ့ဒီနယ်ပယ်မှာ မူးယစ်လူမိုက်ဂိုဏ်းခေါင်းဆောင်၊
သူ့အပိုင်စားနယ်ပယ်ရဖို့ဆိုရင် လူသတ်ဖို့ဝန်မလေးသူပေါ့….။
ဒရေဟာ ပြိုင်ဘဏ်လူမိုက်ဂိုဏ်းကို တိုက်ခိုက်ရင်း၊ နယ်မြေလုရင်း
ရန်သူတွေပိုပိုများလာတော့ ရေးဟာလည်း ဒီအလုပ်ကိုဆက်လုပ်သင့်
မလုပ်သင့်စဥ်းစားလာရပါပြီ…။
ဘဝဆိုတာ လမ်းဆုံကြီးတစ်ခုလိုပဲ လမ်းတစ်ခုကိုတော့ရွေးချယ်ရောက်မှာ
ဖြစ်ပြီး ရွေးမိတဲ့လမ်းက မှားမနေဖို့လည်းလိုပါတယ်…။
ရေးတစ်ယောက် ဘယ်လမ်းကိုရွေးချယ်သွားမလဲ…
ရာဇဝတ်လမ်းကနေ လွတ်မြောက်နိုင်မလားဆိုတာတော့ ဇာတ်လမ်းထဲမှာ ကြည့်ရှုနိုင်ပါပြီ…။...
Blood Quantum (2019)
⭐IMDB: 5.6/10 (5 k Votes)
🎬 #Action #Drama #Horror
🗓 2019 🎞 movie
📺 #720p #1080p
💿 705.9 MB ⦿ 1.4 GB
🌎 #Canada
⏰ 1 နာရီ 38 မိနစ် 25 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Rotten Tomatoes 90% ရရှိထားတဲ့ ဒီရှပ်ရှင်ဟာ
ဇွန်ဘီအပေါ်ကလေ့ပ်စ်ရုပ်ရှင်တစ်ခုပဲဖြစ်ပါတယ်။
အမေရိကားမှာရှိတဲ့ လူနီရိုင်းအပိုင်ဒေသက
ဖုတ်ကောင်တွေနဲ့ကမ္ဘာပျက်တဲ့အကြောင်းရိုက်ကူးထားတာပါ။
ဇာတ်လမ်းထဲမှာထူးဆန်းစွာနဲ့ပဲ
လူနီရိုင်း(နေးတစ်အမေရိကန်)တွေဟာ ဇွန်ဘီပိုးကို Immune ဖြစ်နေကြပါတယ်။
လူဖြူတွေကသာအကိုက်ခံရရင် ပိုးကူးစပ်ပြီး ဇွန်ဘီတွေအဖြစ်ပြောင်းလဲကြပါတယ်။
ဇွန်ဘီရုပ်ရှင်တွေထဲမှာ လူနီရိုင်းဇွန်ဘီကားဆိုတော့
ကြည့်ရတာ ထူးထူးခြားခြားလေးဖြစ်နေပါတယ်။
လူမှုရေးအရှုပ်ထွေးတွေနဲ့ သေရေးရှင်ရေးကိစ္စတွေ
ဖြစ်နေတာတောင် လူတွေရဲ့အတ္တ၊ မာန၊
ဒေါသတွေဟာ ခဝါချနိုင်ဖို့မလွယ်တဲ့အကြောင်း
ရှင်သန်ဖို့အတွက်ဆိုဘာမဆိုလုပ်မဲ့ သူတွေအကြောင်း
စတာတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းက ကျီးနီ(Red Crow)ကိုယ်ပိုင်ဒေသမှာ
ငါးအသေတစ်ကောင်အသက်ပြန်ရှင်လာတာ၊
ခွေးအသေအသက်ပြန်ရှင်လာတာကနေ စပါတယ်။
နောက်ပိုင်း လူတွေပါ ပိုးကူးစပ်ပြီး
ဇယားတွေကပ်ကုန်ကြပါတော့တယ်။
ရဲမှူး ထရေဗာတစ်ယောက်ပြဿနာတွေကိုဦးဆောင်ဖြေရှင်းဖို့ဖြစ်လာပြီး
ခံတပ်တွေ စခန်းတွေဆောက်ကာ အစုဖွဲ့နှင့်ရှင်သန်နေရာမှ
အပြင်ဘက်မှာ ပိုးထိထားတဲ့ လူဖြူဒုက္ခသည်တွေကိုစခန်းသို့
ချွေးမဖြစ်သူ လူဖြူမချာလီခေါ်ဆောင်လာရာမှာ
ဒုက္ခလှလှတွေ့ကြပါတော့တယ်။
ဘယ်လိုရှေ့ဆက်ပြီး သတ်ဖြတ်ရှင်သန်ကြမလဲ၊
ဘယ်သူတွေက ဘယ်လိုထဖောက်ကြမလဲဆိုတာ
ဇာတ်လမ်းအဆုံးထိကြည့်ရှုခံစားကြည့်ရမှဖြစ်ပါတယ်။...
Ostrov (2023)
⭐IMDB: 5.0/10 (103 Votes)
🎬 #Comedy #Romance
🗓 2023 🎞 movie
📺 #720p #1080p
💿 742.5 MB ⦿ 1.6 GB
🌎 #CzechRepublic #Czechia
⏰ 1 နာရီ 36 မိနစ် 21 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Ostrov (2023)============
လင်မယားနှစ်ယောက်အပန်းဖြေခရီးထွက်ရင်း ခင်ပွန်းဖြစ်သူကကွာရှင်းပေးဖို့တာင်းဆိုခဲ့ပါတယ်။အဲ့ဒါကြောင့်ဇနီးဖြစ်သူကစိတ်တိုပြီးချက်ချင်းပြန်ကြဖို့ပြောပါတယ်။ ယောကျာ်းဖြစ်သူကလည်းလေယာဉ်မရလို့ ရတဲ့ကုန်တင်လေယာဉ်အစုတ်နဲ့ပြန်ဖို့စီစဉ်လိုက်ရာမှ လေယာဉ်ပျက်ကျပြီးလင်မယားနှစ်ယာက်ကျွန်းတစ်ခုပေါ်သောင်တင်သွားပါတော့တယ်။
အဲတော့ လူသူမရှိတဲ့ကျွန်းပေါ်မှာရန်ဖြစ်ထားကြတဲ့လင်မယားနှစ်ယောက်ဘယ်လိုဖြတ်သန်းကြမလဲ၊ နောက်ပြီးတော့ ဘယ်လိုတလွဲတွေလုပ်ကြမလဲ၊ သူတို့နှစ်ယောက်ကြားကသဘောထားကွဲလွဲမှုတွေကိုဘယ်လိုပြင်ကြမလဲဆိုတာကိုကြည့်ရှုရမဲ့ comedyကားလေးပဲဖြစ်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Khant Zarni Oo ဖြစ်ပါတယ်)...
Por Thozhil (2023)
⭐IMDB: 8.4/10 (3 k Votes)
🎬 #Action #Bollywood #Crime #Thriller
🗓 2023 🎞 movie
📺 #720p #1080p
💿 789.9 MB ⦿ 1.5 GB
🌎 #India
⏰ 2 နာရီ 27 မိနစ်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Por Thozhil ( 2023 )==================
IMDb 8.4/10
တောင်ပိုင်းမှုခင်းကားတွေ ကြိုက်တဲ့ပရိသတ်တွေအတွက် Por Thozhil ဆိုတဲ့အမိုက်စား မှုခင်းရုံကားလေးတစ်ခု ထွက်ရှိလာပါပြီ။
Por Thozhil ဆိုတာကတော့ တမီလ်လို စစ်အနုပညာလို့ အဓိပ္ပါယ်ရပါတယ်။ကြောက်တတ်ပေမဲ့ မှုခင်းစာအုပ်တွေဖတ်ပြီး ရဲဖြစ်ချင်ခဲ့တဲ့ ပရာကတ်ရှ်ဆိုတဲ့ အလုပ်သင်ဒုရဲအုပ်လေးဟာ အရမ်းလက်ပေါက်ကပ်တဲ့ လူ့ကန့်လန့် ဝါရင့်ရဲအုပ်ကြီးတစ်ယောက်ဆီမှာအကူအနေနဲ့ တာဝန်ထမ်းဆောင်ရင်း ပထမဆုံးအမှုအနေနဲ့ နှစ်လောင်းပြိုင်ကွင်းဆဂာ်လူသဝာ်မှုနဲ့ တည့်တည့်တိုးပါတော့တယ်။
ဒီရုပ်ရှင်ဟာဆိုရင် တောင်ပိုင်းမှုခင်းကားတွေထဲမှာ အင်မတန်နာမည်ကြီးခဲ့တဲ့ Ratsasan တို့ HIT တို့လိုပဲပရိသတ်တွေကို ထိုင်ရာကနေ မထစတမ်း ဆွဲခေါ်သွားမှာဖြစ်လို့ မှုခင်းကားကြိုက်တဲ့ပရိသတ်တွေအတွက်တကယ်ကို must watch ရုပ်ရှင်တစ်ခုပဲဖြစ်ပါတယ်…။
( ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni, Moon, V, Cherry နဲ့ Zwe Yan တို့ပဲဖြစ်ပါတယ်ဗျ။ )...
The Bigfoot Trap (2023)
⭐IMDB: 4.7/10 (82 Votes)
🎬 #Horror #Thriller #Drama
🗓 2023 🎞 movie
📺 #720p #1080p
💿 692.8 MB ⦿ 1.5 GB
🌎 #UnitedStates
⏰ 1 နာရီ 25 မိနစ် 37 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Bigfoot Trap (2023)
ဒီဇာတ်လမ်းထဲမှာဆိုရင်ဖြင့် အမေရိကတိုက်တစ်ဝှမ်း အယူသီးတဲ့သူတွေကို လိုက်အင်တာဗျူးပြီး သူတို့ဘယ်လိုမိုက်မဲကြောင်းကို ဗီဒီယိုလုပ်ပြီး အရှက်လိုက်ခွဲတဲ့ ဂျော့ရှ်ဆိုတဲ့ သတင်းထောက်တစ်ယောက်ရှိပါတယ်။ တစ်နေ့မှာ သူ့အလုပ်ရှင်က Bigfoot ကို ရှာတွေ့တော့မယ်လို့ ကြုံးဝါးနေတဲ့ ရက်ဒ်ဆိုတဲ့ လူဆီကို အလိမ်ဖော်ဖို့အတွက်ဆိုပြီး လွှတ်လိုက်ပါတယ်။
အစပိုင်းမှာတော့ ဂျော့ရှ်က ဒီလူလိမ်နေတာပဲဆိုပြီးတော့ သူရလာသမျှသဲလွန်စတွေကို လိုက်ပြီးအဖျက်အမှောင့်လုပ်ပါတော့တယ်။ ဒါပေမဲ့ တစ်နေ့ကျ ဂျော့ရှ်ဟာ ရက်ဒ်ရဲ့ သူငယ်ချင်းကို မတော်တဆသတ်မိသွားပါတယ်။ အဲဒီအချိန်ကစပြီး ဂျော့ရှ်တစ်ယောက်ကံဆိုးမိုးမှောင်တွေကျ အဖြစ်ဆိုးပေါင်းများစွာနဲ့ ဆက်တိုက်ကြုံတွေ့ခဲ့ရပါတယ်။ နောက်ဆုံးမှာ ဂျော့ရှ်ဟာ တကယ်ရှိနေခဲ့တဲ့ Bigfoot ကို ရှာမတွေ့သွားပေမဲ့လည်း လူ့ဘဝရဲ့ အဓိပ္ပါယ်ကို အသက်နဲ့ရင်းပြီးသိသွားခဲ့ရပါတယ်။
ဒီဇာတ်ကားရဲ့နာမည်ကို The Bigfoot Trap ဆိုပြီးနာမည်ပေးထားပေမဲ့ Bigfoot နဲ့ ပတ်သက်တဲ့အကြောင်းအရာတွေအပြင် လက်တွေ့ဘဝ သင်ခန်းစာတွေကိုပါ ထည့်ပေးထားပါတယ်။ လူတွေဟာ ကိုယ့်ရဲ့ ကံဇာတာမြင့်နေတဲ့အချိန်မှာ အောက်ခြေလွတ်သွားတတ်ကြပါတယ်။ လောကဓံတရားကို ပြင်းပြင်းထန်ထန်မခံစားရသေးတဲ့အချိန်မှာ မာယာမျက်နှာဖုံးတွေကြား ဒုစရိုက်ထဲမှာပျော်မွေ့နေတတ်ပါတယ်။ ဒါပေမဲ့ လူ့ဘဝဟာ အခိုးအငွေ့တွေလိုပဲ ချက်ချင်းဆိုသလို ပျောက်ပျက်သွားတတ်မှန်းကို သိလိုက်ရတဲ့အချိန်မှာမှ နောင်တပေါင်းများစွာနဲ့ အသိတရားဝင်လာတတ်ကြတယ်ဆိုရင် မှားမယ်မထင်ပါဘူး။
(ဒီဇာတ်ကားနဲ့အညွှန်းကိုMarkမှ ပြန်ဆို ရေးသားထားပါတယ်)...
Hidimbha (2023)
⭐IMDB: 9.2/10 (2 k Votes)
🎬 #Action #Bollywood #Drama #Thriller #Crime
🗓 2023 🎞 movie
📺 #720p #1080p
💿 1003.4 MB ⦿ 2.1 GB
🌎 #India
⏰ 2 နာရီ 10 မိနစ် 33 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Hidimbha 2023IMDb 9.2/10Action/Drama
သည်းထိတ်ရင်ဖိုနဲ့စိတ်ဝင်တစားကြည့်ရှုရမယ့် တေလဂူးရဲကားလေးကို တင်ဆက်လိုက်ပေးလိုက်ပါတယ်။
ဟိုက်ဒရာဘတ်မြို့က ရဲအရာရှိ အက်ဘ်ဟေးဟာမိန်းကလေးတွေ တစ်ယောက်ပြီးတစ်ယောက် ပျောက်ဆုံးနေတဲ့အမှုကို စုံစမ်းနေကြရပါတယ်။ဘာသဲလွန်စမှလည်းမရှိပဲ သေသလား ရှင်သလား မသိရပါဘူး။ ဒါကြောင့်ပဲ ဒီကိစ္စဟာမီဒီယာတွေ စာနယ်ဇင်းတွေကြားမှာ ဝေဖန်စရာဖြစ်ခဲ့ပြီး အဘက်ဘက်ကနေဖိအားတွေများလာတဲ့အမှုဖြစ်လာပါတယ်။
ဒီကိစ္စကို ကူညီပြီးစုံစမ်းဖို့အတွက် ရဲအရှိအဒယာရောက်ရှိလာပါတယ်။ နှစ်ယောက်ပူးပေါင်းပြီးဆက်စုံစမ်းရင်းနဲ့ပဲ ဒီအမှုမှာ ပါဝင်ပတ်သက်တဲ့သူတွေ များလာပါတယ်။နောက်တော့ ဒီကိစ္စဟာDark Webနဲ့ဆက်စပ်နေတာကို သိခဲ့ကြရပါတယ်။ဒီလိုဆန်းကြယ်တဲ့အမှုကို သူတို့ဘယ်လိုဆက်ပြီးဖြေရှင်းကြမလဲ။ဒီကိစ္စရဲ့အရင်းအမြစ်ကရော ဘာလဲဆိုတာကိုဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါဦး။
(အညွှန်းနဲ့ဘာသာပြန်တွေကတော့ Yunni~V~Cherry~BpLတို့ပဲဖြစ်ပါတယ်။)...
88 (2022)
⭐IMDB: 5.1/10 (152 Votes)
🎬 #Drama #Mystery #Thriller
🗓 2022 🎞 movie
📺 #720p #1080p
💿 881.7 MB ⦿ 2.2 GB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 2 မိနစ် 33 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
88 (2022)
အသားအရောင်ခွဲခြားတာတွေ ကာလကြာရှည် လူမည်းတွေကို ဖိနှိပ်ခဲ့တာတွေ နာဇီလက်သစ်တွေရဲ့ ဝါဒဖြန့်ချိရေးနည်းလမ်းတွေ နိုင်ငံရေးအမြင်တွေ အစုံအလင် ပါ၀င်တဲ့ Mystery ရုပ်ရှင်ဖြစ်ပါတယ်။
အာဖရိကန်လူမည်း ဖမီဂျက်ဆင်က နိုင်ငံရေးလှုပ်ရှားမှုကော်မတီက ဘဏ္ဍာရေးဒါရိုက်တာဖြစ်ပြီး သမ္မတရွေးကောက်ပွဲမှာ လူမည်းကိုယ်စားလှယ်လောင်း ဟာရိုအနိုင်ရဖို့ ထောက်ပံ့ပေးတဲ့ Super PAC အဖွဲ့မှာအလုပ်လုပ်ပါတယ်။ မထင်မှတ်ဘဲ မဲဆွယ်စည်းရုံးတဲ့ ကမ်ပိန်းမှာ အလှူရှင်တွေ လှူထားတဲ့ ဂဏန်းပမာဏတွေကို စစ်ကြည့်မိရာကနေ တစ်ခုခု ထူးခြားတာကို တွေ့လိုက်ရပါတယ်။ ဂဏန်းတွေကို ထပ်ပေါင်းလိုက်ရင် အားလုံးက 88 ရနေတဲ့ Pattern ကို တွေ့တာပါ။
ဒီအကြောင်းကို ဘလော့ဂါ သူငယ်ချင်းကို စုံစမ်းခိုင်းရာကနေ သူတို့ Super PAC လာတဲ့ ငွေတွေက ရိုးရိုးအလှူရှင်တွေဆီက မဟုတ်ဘဲ နာဇီလက်သစ်တွေဆီက လာတာ ဖြစ်နေတဲ့အခါ… ဖမီနဲ့ သူ့သူငယ်ချင်းက အသေးစိတ် ဆက်စုံစမ်းရင်း နာဇီတွေရဲ့ Coded Message တွေ လူမျိုးရေးစစ်ပွဲဖန်တီးဖို့ အကြမ်းဖက်အစီအစဉ်တွေပါ သိလိုက်ရတဲ့အခါ…
ဒီကိစ္စတွေက ကိုယ်စားလှယ်လောင်း ဟာရိုနဲ့ ဘယ်လိုပတ်သက်နေလဲ… သူကရော ကိုယ့်ဒူးကိုယ်ချွန် ဒီနေရာထိရောက်လာခဲ့တာ မှန်ရဲ့လား သူတို့အကြံအစည် ထမြောက်မှာလားဆိုတာကို ဆက်လက်ကြည့်ရှုနိုင်ပါပြီ။
လူမည်းတွေ ခေတ်အဆက်ဆက် ကျွန်ပြုခံရ၊ ဖိနှိပ်ခံရတာတွေ တန်းတူအခွင့်အရေးမရတာတွေ၊ အမေရိကရဲ့ ရွေးကောက်ပွဲကမ်ပိန်းတွေ နိုင်ငံရေးလှည့်ကွက်တွေပါ Talk Show သဘောမျိုးထည့်သွင်း ရိုက်ကူးထားတာမို့ ဗဟုသုတရစေမှာ အမှန်ပါ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုShune Lai KKမှ ပြန်ဆို ရေးသားထားပါတယ်)...
Red, White & Royal Blue (2023)
⭐IMDB: 7.8/10 (1 k Votes)
🎬 #BL #Comedy #Romance #Drama
🗓 2023 🎞 movie
📺 #1080p #720p
💿 959.5 MB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 3 မိနစ် 4 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Red, White, and Royal Blue (2023)
2019 မှာ Casey McQuiston ရဲ့ Red, White, and Royal Blue ဝတ္ထုထွက်လာခဲ့ပါတယ်။အဲ့ဒီအချိန်ထဲက ရုပ်ရှင်အဖြစ်အသက်သွင်းဖို့ LGBTQ+ တွေ ပရိသတ်တွေအားလုံး အစောင့်စားရဆုံးဇာတ်လမ်းတွေထဲမှာဒီ Red, White, and Royal Blue ပါဝင်ခဲ့ပါတယ်။
LGBTQ+ တွေရဲ့အချစ်ရေးက မဖြောင့်ဖြူးပါဘူး၊လူတွေရဲ့ဝေဖန်မှုတွေကို သာမန်ထက်ပိုခံရပါတယ်ဆိုမှ ဒီအချစ်ရေးမှာပါဝင်နေသူတွေကသာ တကယ့်ထိပ်ခေါင်တွေဖြစ်နေကြရင်ရော။သူတို့ကတော့ အမေရိကန်သမ္မတရဲ့သား အဲလက်စ်နဲ့ အင်္ဂလန်ရဲ့တော်ဝင်မင်းသား ဟင်နရီတို့ပါပဲ။အဲလက်စ်က သမ္မတသားဆိုတော့ သူ့အမေပုံရိပ်အတွက် လိုအပ်တဲ့ပွဲတွေတက်၊ ဓာတ်ပုံတွေအရိုက်ခံပေါ့။ဒါပေမဲ့သူကတကယ်တမ်းတော့ သူ့အမေအတွက်ကမ်ပိန်းမှာ အိုင်ဒီယာတွေပေး နိုင်ငံရေးကိုလေးလေးနက်နက်ပါဝင်ချင်တာပါ။မင်းသားဟင်နရီကျတော့ တစ်မျိုး။ သူကတော်ဝင်ဘဝကြီးမှာ မွန်းကျပ် ငြီးငွေ့နေတာ။သူတို့စိတ်နေစိတ်ထားတွေက တော်တော်တူပေမယ့်လဲ နားလည်မှုလွဲနေတာလေးတစ်ခုကြောင့် တစ်ယောက်ကိုတစ်ယောက် တစ်စက်မှကြည့်မရကြပါဘူး။ဒါပေမဲ့ ဒီနှစ်ယောက််််သား နိုင်ငံရေးအရချစ်ကြည်မှုပြရင်း ခင်မင်မှုတွေချစ်ခြင်းတွေ တည်ဆောက်သွားတာကို တစ်ဆင့်ချင်းမြင်ကြရမှာပါ။ဒီကားရဲ့ အကောင်းဆုံးအပိုင်းဆိုရင် Chemistry မိလွန်းတဲ့ မင်းသားနှစ်ယောက်လို့ပြောရမှာပဲ။ရန်ဖြစ်စကားနိုင်လုချိန်မှာလဲ သူတို့ကိုကြည့်ပြီးခွီရသလို လေးနက်ကြပြန်ရင်လဲ သူတို့နှစ်ယောက်အပြင်မရှိပြန်ပါဘူး။နိုင်ငံရေးနဲ့ပတ်သက်ပြီးလဲ အဲလက်စ်ရဲ့လူငယ်အမြင်နဲ့ ပေါ့ပေါ့ပါးပါးပါဝင်ထားသေးတာမို့ စိတ်ဝင်စားစရာကောင်းသလိုနိုင်ငံရေး စာပေ ရုပ်ရှင် အညွှန်းတွေပါဝင်တာကလဲဇာတ်လမ်းကိုပံ့ပိုးပေးပါတယ်။ 3
CNN entertainment ကတော့
“ဒါက နတ်သမီးပုံပြင်လေးပါပဲဒါပေမဲ့ဒီဇာတ်လမ်းမှာ အတားအဆီးက မိထွေးကြီးမဟုတ်သလို ကောက်ကျစ်တဲ့စုန်းမကြီးလဲမဟုတ်ဘူးအချစ်စစ်က မင်းသားတစ်ယောက်ထဲမဟုတ်ပဲ နှစ်ယောက်ကိုတွေ့သွားတဲ့အခါ တွေ့ရမယ့်အတားအဆီးတွေပါပဲ” လို့ညွှန်းဆိုထားပါသေးတယ်။
အညွှန်းကိုတော့Rashidaက ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့Rashida, Mary Christ, Hnin Ei Paiတို့ပဲ ဖြစ်ပါတယ်။...
Moving (2023- )
⭐IMDB: 8.7/10 (158 Votes)
🎬 #Action #Adventure #Mystery #Drama #SciFi #Fantasy #Thriller
🗓 2023- 🎞 tv series
📺 #1080p
🌎 #SouthKorea
⏰ 58 မိနစ် 22 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Moving (2023)Moving (2023)
အပိုင်း ( ၁ မှ ၇ )
***************
[ 4K Quality ထိတင်ဆက်ထားပါပြီ။]ဒီ “Moving”ဆိုတဲ့ ဇာတ်ကားလေးကတော့
200m viewsတောင် ရရှိထားတဲ့ Webtoonကို ပြန်လည်အသက်သွင်းထားတဲ့
သဘာဝလွန် ကိုရီးယားစီးရီး ဇာတ်လမ်းလေးဖြစ်ပါတယ်။
Disney+ ကနေ ဒီနေ့ပဲထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ဒီဇာတ်ကားရဲ့ budgetကလည်း K series သက်တမ်းတစ်လျှောက်
အမြင့်ဆုံးလို့တောင် ပြောလို့ရပြီး သရုပ်ဆောင်တွေကလည်း
Ryu Seung Ryong၊ Jo In Sung၊ Han Hyo Joo၊ Kim Sung Kyun၊ Cha Tae Hyunတို့လို
နာမည်ကြီးဝါရင့်သရုပ်ဆောင်တွေနဲ့အတူ Go Youn Jung၊ Lee Jung Ha၊ Kim Do Hoon တို့လို
လူငယ်သရုပ်ဆောင်တွေတင်သာမက အရံတွေထိ ဒိတ်ဒိတ်ကြဲတွေ သုံးထားတာမို့ လုံးဝလန်ထွက်နေမှာနော်….
ဇာတ်လမ်းအကျဥ်းလေးကတော့..
အမျိုးသားလုံခြုံရေးဌာနက သူမတူတဲ့ သဘာဝလွန်စွမ်းအားပိုင်ရှင်တွေဖြစ်တဲ့
ဂျန်ဂျူဝန်း၊ ဂင်ဒူရှစ်၊ အီမီဟျွန်း၊ ဂျွန်ဂဲဒို၊ အီဂျယ်မန်တို့က မျိုးရိုးလိုက်ပြီး
စွမ်းအားတွေနဲ့မွေးဖွားလာကြတဲ့ သူတို့ရဲ့ကလေးတွေကို ရန်သူတွေရဲ့လက်ကနေကာကွယ်ဖို့
အထက်တန်းကျောင်းတစ်ခုမှာ သူများနည်းတူ ပုံမှန်လိုပဲ ကျောင်းတက်ခိုင်းပြီး ဖွက်ထားပါတော့တယ်။
ဒါပေမဲ့ သူတို့ရဲ့စွမ်းအားတွေကို အသုံးချချင်နေတဲ့သူတွေ ပေါ်လာပြီး ကလေးတွေကို လိုက်ရှာကြတဲ့အခါမှာတော့….
သူတို့ရဲ့ သားသမီးတွေကရော သူတို့ရဲ့ သဘာဝလွန်စွမ်းအားတွေကို လူတွေမသိအောင် ဘယ်လိုမျိုးဖုံးကွယ်နေကြမလဲ…။
မိဘတွေကရော သူတို့ကလေးတွေကို ဘယ်လိုမျိုး ကြိုးစားကာကွယ်ကြမလဲ…
ဆိုတာကို ရင်ခုန်စွာ ကြည့်ရှုရမှာဖြစ်ပြီး သဘာဝလွန်အက်ရှင်ဇာတ်ကားတွေကို ကြိုက်နှစ်သက်သူအတွက်တော့
လုံးဝအကြိုက်တွေ့စေမှာပဲဖြစ်ပါတယ်။ Aired: Aug 9, 2023 ~...
Heart of Stone (2023)
⭐IMDB: 4.9/10 (311 Votes)
🎬 #Action #Crime #Thriller
🗓 2023 🎞 movie
📺 #720p #1080p
💿 953.3 MB ⦿ 3.0 GB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 6 မိနစ်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Heart of Stone (2023)=================
နက်ဖလစ်ရဲ့ အက်ရှင်ရုပ်ရှင်အသစ်ပါ။ ဝမ်းဒါးဝူးမန်း မင်းသမီး Gal Gadotခေါင်းဆောင်အဖြစ်ပါဝင်ထားပြီး Fifty Shades of Grey မင်းသား JamieDornan နဲ့ Raazi ရဲ့ အိန္ဒိယမင်းသမား Alia Bhatt တို့လည်း ပါဝင်ထားပါတယ်။ အက်ရှင်အသားပေး ဇာတ်လမ်းဖြစ်ပြီး Mission Impossible နဲ့တောင်ခပ်ဆင်ဆင်ပါပဲ။
ချာတာဆိုတဲ့အဖွဲ့အစည်းတစ်ခုဟာ ထောက်လှမ်းရေးဟောင်းတွေနဲ့ လျို့ဝှက်ဖွဲ့စည်းထားတာပါ။ သူတို့ဟာ ဘယ်နိုင်ငံလက်အောက်ခံမှာမဟုတ်ဘဲ ကမ္ဘာပေါ်က လူဆိုးတွေနဲ့ အကြမ်းဖက်တွေကို ကိုယ့်ဘာဘာ လိုက်ပြီး ရှင်းလင်းနေတဲ့အဖွဲ့ပါ။ အဲဒီအဖွဲ့မှာ စပိတ်၊ ဟာ့ထ်၊ ထောင့်၊ ညှင်း ဆိုတဲ့ အဖွဲ့ခွဲလေးဖွဲ့ရှိပြီးကင်းလေးကင်းက ခေါင်းဆောင်ထားပါတယ်။ အဲဒီထဲက ဟာ့ထ် အဖွဲ့ဝင်ဖြစ်တဲ့ ဟာ့ထ်-၉ ဟာ အမ်အိုင်-၆ အဖွဲ့ထဲကို အသွင်ယူပြီး စစ်ဆင်ရေးတစ်ခုကြားဖြတ်ဖို့ ကြိုးစားပါတယ်။ ကြိုးစားရင်းနဲ့ မထင်ထားတဲ့ အန္တရာယ်တွေကြုံလာပြီး ချာတာတစ်ဖွဲ့လုံးကို အပြတ်ရှင်းမဲ့သူနဲ့ ရင်ဆိုင်လာရတဲ့အခါ…
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Mr.Anderson ဖြစ်ပါတယ်)...
Cobweb (2023)
⭐IMDB: 6.1/10 (1 k Votes)
🎬 #Horror #Thriller
🗓 2023 🎞 movie
📺 #1080p #720p
💿 810.1 MB ⦿ 330.1 MB
🌎 #UnitedStates #Bulgaria #UnitedStatesofAmerica
⏰ 1 နာရီ 28 မိနစ် 35 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Cobweb (2023)============IMDb Rating – 6.1/10
The Boys, Banshee စီးရီးတို့နဲ့ လူသိများတဲ့ မင်းသား Antony Starr ရဲ့ဟော်ရာ ရုပ်ရှင်အသစ်လာပါပြီ။ ဇာတ်လမ်းကောင်းသလို ကြောက်ဖို့လည်းကောင်းပါတယ်။ မင်းသမီးကတော့ Now You See Me ထဲက Lula အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Lizzy Caplan ပါပဲ။
ဇာတ်လမ်းအကျဉ်း –မာ့ခ် နဲ့ ကယ်ရိုးဆိုတဲ့ လင်မယားမှာ ပီတာ ဆိုတဲ့သားလေး တစ်ယောက်ရှိတယ်။ သူတို့မိသားစုက အိမ်ဟောင်းတစ်ခုထဲမှာ နေကြတယ်။ ပီတာကညတိုင်း နံရံထဲကနေ ကောင်မလေးတစ်ယောက်ရဲ့ အသံကို ကြားနေရတယ်။ကြားပြီး လန့်နိုးတိုင်း သူ့မိဘတွေက အိပ်မက်ဆိုးဖြစ်ကြောင်း ပြောပြီး ပြန်သိပ်ပေးကြတယ်။ ဒါပေမဲ့ အဲဒီအသံနဲ့သူနဲ့ ပိုပိုပြီး ဆက်သွယ်မိလာတဲ့အခါ အသံရှင်က ပီတာ့ကို ကြောက်စရာလျှို့ဝှက်ချက်ကြီးတွေတွေ ပြောပြပြီး အကူအညီတောင်းပါတော့တယ်…
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Mr.Anderson ဖြစ်ပါတယ်)...
Red Sparrow (2018)
⭐IMDB: 6.6/10 (195 k Votes)
🎬 #Action #Adult #Drama #Thriller #Mystery
🗓 2018 🎞 movie
📺 #1080p #4K #720p
💿 1.1 GB ⦿ 3.0 GB ⦿ 1.2 GB
🌎 #UnitedStates #Hungary #UnitedStatesofAmerica
⏰ 2 နာရီ 20 မိနစ် 31 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Red Sparrow (2018)
ဒီရုပ်ရှင်ကားကမြန်မာပြည်မှာ ရုံတင်ခဲ့တုန်းက ဆင်ဆာဖြတ်တဲ့အခန်းတွေများလို့ နာမည်ကြီးခဲ့တဲ့ ရုံတင်ကားဖြစ်ပါတယ်။
ဒီရုပ်ရှင်ရဲ့ ထူးခြားချက်ကတော့ ခေါင်းဆောင်မင်းသမီးဖြစ်သူJennifer Lawrenceဟာ အရင်တုန်းက Nude Scenes တွေပါတဲ့ကားတွေဆို လုံးဝလက်မခံခဲ့ပဲ ဒီကားကိုတော့ သူကိုယ်တိုင် ဇာတ်ညွန်းကိုကြိုက်နှစ်သက်လို့ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ပထမဆုံးပြောချင်တာကတော့ ဒီရုပ်ရှင်ကို Nudity အသားပေးရုပ်ရှင်ကားတစ်ကားလို့ မမြင်စေချင်ပါဘူး။ ဒီရုပ်ရှင်ရဲ့ နောက်ကွယ်မှာ အဲ့လိုမျိုး ကိုယ်ခန္ဓာကိုရင်းပြီး သူလျှိုလုပ်နေရတဲ့သူတွေ တကယ်ရှိတယ်ဆိုတာ သိလာအောင် ရိုက်ပြထားတဲ့ကားတစ်ကားဖြစ်တာကို သိစေချင်ပါတယ်။
ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ ဒိုမီနီကာဆိုတဲ့ ကောင်မလေးဟာ ရုရှားကျက်သရေဆောင် ဘဲလေးကချေသည်တစ်ယောက်ဖြစ်ပြီး သူ့မိခင်နဲ့အတူ ကဇာတ်ရုံက ထောက်ပံံ့ပေးထားတဲ့တိုက်ခန်းမှာ အတူနေထိုင်ကြပါတယ်။ ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ ဖျော်ဖြေပွဲမှာ မတော်တဆမှုတစ်ခုဖြစ်ခဲ့ပြီး ဒိုမီနီကာရဲ့ ကချေသည်ဘ၀ ပျက်စီးသွားခဲ့ပါတယ်။ မိခင်ကြီးကလဲ နာမကျန်းဖြစ်လာသလို ကဇာတ်ရုံကလဲ ကချေသည်နောက်တစ်ယောက် လူစားထိုးလိုက်တဲ့အခါ ဒိုမီနီကာတစ်ယောက် ရွေးချယ်စရာမရှိတော့ပဲ သူ့ဦးလေး အကြံပေးတဲ့အတိုင်း သူလျှိုတစ်ယောက်အဖြစ် အလုပ်လုပ်ကိုင်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ အမျိုးသမီးသူလျှိုတွေကို ရုရှားအစိုးရက ဘယ်လိုလေ့ကျင့်သလဲ၊ ရုရှားရဲ့နိုင်ငံရေးမူဝါဒက ဘာလဲ၊ ဘယ်လိုအမှုတွေကို စုံစမ်းထောက်လှမ်းရမလဲဆိုတာ ဆက်ပြီးကြည့်ရှုခံစားကြရမှာပါ။ ဒီဇာတ်ကားကို ဘာသာမပြန်ခင်အထိ သာမန် Spy အက်ရှင်ကားတစ်ကားလို့ထင်ခဲ့မိပါတယ်။ ဒါပေမယ့် သေချာဂရုစိုက်ကြည့်တဲ့အခါ ကိုယ့်တူမကို အစိုးရသူလျှိုလောကထဲ လွှတ်ရဲတဲ့ဦးလေးတစ်ယောက်ရဲ့ လုပ်ရပ်၊ နိုင်ငံတော်ရဲ့လိုအပ်ချက်အရဆိုတဲ့ စကားတစ်ခွန်းနဲ့ အမျိုးသမီးတွေကို ပြည့်တန်ဆာသာသာဖြစ်အောင် ရက်ရက်စက်စက် လေ့ကျင့်ပေးတဲ့ အစိုးရသင်တန်းကျောင်း၊ စစ်အေးကာလမှာ အင်အားအကြီးဆုံးနဲ့ ရန်ငြိုးရန်စအများဆုံး အမေရိကန်နဲ့ ရုရှားတို့ရဲ့ သူလျှိုထောက်လှမ်းရေးအစီအစဉ်တွေအကြောင်းတွေ အများကြီး ပါဝင်သလို ရုရှားသူလျှိုတစ်ယောက်နဲ့ အမေရိကန်သူလျှိုတစ်ယောက်ရဲ့ အတွေးအမြင်မတူပုံကိုလဲ ဖော်ပြထားတာတွေ့ရပါတယ်။
ဒီဇာတ်ကားက အက်ရှင်ဝုန်းဒိုင်းကြဲ ဂျက်မ ဇာတ်ကားတစ်ကားမဟုတ်ပဲ ပညာသားပါပါလှည့်ကွက်တွေ၊ နိုင်ငံရေးလောကရဲ့ အမည်းစက်တွေ၊ သူလျှိုလောကရဲ့ ကြမ်းတမ်းခက်ထန်မှုတွေကို သေချာ ရိုက်ကူးထားတာဖြစ်ပြီး မူရင်းဝတ္ထုကို မမှီရင်တောင်မှ ဝတ္ထုကပေးချင်တဲ့ အနှစ်သာရကိုတော့ ပေးစွမ်းနိုင်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။
ထပ်ပြီး အသိပေးချင်တာကတော့ ဒီဇာတ်ကားဟာ ဂျနီဖာလောရင့်စ်ရဲ့ nude scene တွေပဲ လိုက်ကြည့်ရင် တော်တော်အဓိပ္ပါယ်မဲ့တဲ့ကားတစ်ကားဖြစ်မှာပါ။ သူ ဒီဘဝကိုဘယ်လိုရောက်လာတယ်၊ ဘယ်လိုနေထိုင်ရတယ်ဆိုတာတွေကို ကြည့်မှသာ ဒီရုပ်ရှင်ကြည့်ရကျိုးနပ်မှာဖြစ်ပါတယ်။
(ဘာသာပြန်တဲ့နေရာမှာ ဇာတ်ဝင်ခန်းတော်တော်များများကို Listening နဲ့ပြန်ထားရတာဖြစ်တဲ့အတွက် အမှားတစ်စုံတစ်ရာပါခဲ့ရင် ရုရှားတွေရဲ့ မပီကလာပီကလာ အင်္ဂလိပ်စကားကို သေချာမကျွမ်းဝင်သေးတဲ့ ဘာသာပြန် ကျွန်တော့်ရဲ့အမှားသာဖြစ်ပါတယ်ခင်ဗျ။)
(အညွှန်းနဲ့ဘာသာပြန်ကို Arkar Phyo မှတင်ဆက်ထားတာပါ။)...
Adipurush (2023)
⭐IMDB: 3.2/10 (112 k Votes)
🎬 #Action #Adventure #Bollywood #Drama #Fantasy #History
🗓 2023 🎞 movie
📺 #1080p #720p
💿 1.3 GB ⦿ 2.7 GB
🌎 #India
⏰ 2 နာရီ 58 မိနစ် 15 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Adipurush (2023)============ဝေဖန်သံတွေညံခဲ့ပြီး 2023ရဲ့ ဒုတိယ၀င်ငွေအများဆုံးရုပ်ရှင်အဖြစ် ရပ်တည်နေတဲ့ရာမာယဏရုပ်ရှင်ဇာတ်ကားကြည်တောက်ရှင်းထွက်လာပါပြီ။အရင်ဦးဆုံးတောင်းပန်လိုတာက နာမည်နဲ့အသုံးအနှုန်းတွေပါပဲ။
ကျွန်တော်တို့မြန်မာတွေနားနဲ့မစိမ်းတဲ့ ရာမ၊လက္ခဏ၊သီတာ၊ရာ၀ဏ ဒီလိုနာမည်တွေပဲခေါ်ဝေါ်သုံးစွဲထားလို့ပါ။ကျွန်တော်တို့ဘာသာပြန်အဖွဲ့သုံးနှုန်းခဲ့တဲ့ နာမည်တွေ နာမ်စားတွေကြောင့် ဘာသာဝင်တဦးတယောက်ချင်းစီကိုစော်ကားမိသလိုဖြစ်သွားရင် ကျွန်တော်တို့အဖွဲ့ကနေ အနူးအညွတ်တောင်းပန်ပါကြောင်း ဦးစွာပြောကြားပါရစေ။
ဒဿဂီရိဟာ အချစ်ရှုံးတာမဟုတ်ပါဘူး။အငြိုး အာဃာတတွေနဲ့ အချစ်ရူးခဲ့လို့ ကိုယ့်ပြည်ကိုယ်ပြန်ဖျက်မိတဲ့မင်းတစ်ပါးဖြစ်ခဲ့တာပါ။အရင်အတိတ်ကံကြောင့် ကျိန်စာမိထားပြီး အမျိုးသမီးတစ်ဦးကို အလိုမတူပဲထိကပါးရိကပါးမလုပ်ရဲတာကြောင့် သီတာအပေါ်မှာဘာမှကိုယ်ထိလက်ရောက်မကျူးလွန်ရဲခဲ့တဲ့သူတစ်ဦးသပ်သပ်ပါပဲ။
ဇာတ်လမ်းကတော့ အားလုံးသိပြီးသား ရာမမင်းက သီတာဒေဝီကို လင်္ကာပြည်ကနေ ကယ်တင်တဲ့အကြောင်းဖြစ်ပေမဲ့ဇာတ်လမ်းကို ချဉ်းကပ်တဲ့ပုံစံက အရင်ကရှိခဲ့ဖူးပြီးသား adaptation တွေနဲ့ ပုံစံကွဲထွက်နေပါတယ်။
ဒီရုပ်ရှင်ရဲ့ဇာတ်လိုက်သရုပ်ဆောင် ပရာဘာ့စ်ဟာ ရာမဇာတ်ကောင်နဲ့ မလိုက်ဖက်ဘူးလို့ ဝေဖန်ခံခဲ့ရပေမယ့်သီတာဒေဝီနေရာမှာသရုပ်ဆောင်တဲ့ ကရီသီးဆန်နွန်ကတော့ မင်းသမီးနေရာကနေ ကောင်းခြင်းငါးဖြာနဲ့ ပြည့်စုံစွာ ကျက်သရေရှိလှပနေပါတယ်။ဒီရုပ်ရှင်ဟာဆိုရင် ထင်သလောက်မအောင်မြင်ခဲ့ပေမဲ့ နှစ်ပေါင်းထောင်ချီသက်တမ်းရှိတဲ့ ဂန္တဝင်လင်္ကာရှည်ကြီးကိုတမူဆန်းသစ်ရိုက်ကူးထားတာမလို့ အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် ဝေဖန်ဖို့ပဲဖြစ်ဖြစ် တစ်ခေါက်လောက်တော့ ကြည့်ဖူးသင့်တဲ့ရုပ်ရှင်ပဲဖြစ်ပါတယ်။(အညွှန်းနှင့်ဘာသာပြန်ကတော့ CM Bollowood Team မှဖြစ်ပါတယ်)...
The Leopard (1963)
⭐TMDB: 77.0% User Score
🎬 #Drama #History
🗓 1963 🎞 movie
📺 #1080p #720p
💿 3.5 GB ⦿ 1.4 GB
🌎 #Italy #France
⏰ 3 နာရီ 06 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Leopard (1963)Genre – Drama, HistoryIMDB – 8.0/10
၁၈၆၀ ခုနှစ်ဝန်းကျင် အီတလီ ဆီစီလီမှာ ဆာလီနာမင်းသားလို့ခေါ်တဲ့
ဒွန်ဖာဘရီဇီယို ကော်ဘယ်ရာ ရှိပါတယ်။
သူက ဘိုးဘွားဘီဘင်အဆက်ဆက် ချမ်းသာကြွယ်ဝခဲ့တာကို
ခံစားနေတဲ့ သူကြွယ်တစ်ဦးပေါ့။
အဲဒီအချိန် အီတလီပေါင်းစည်းမှုလို့ခေါ်တဲ့ ဖြစ်ရပ်ကြီး ဖြစ်ပွားခဲ့ပါတယ်။
ဖရန်စစ် ၂ တို့ စစ်တပ်နဲ့ အနီရောင်အကျီဝတ်
ဂါရီဘာဒီတို့ တော်လှန်ရေးတွေ စစ်ဖြစ်ကြတာပါ။
အဲဒီမှာ ဂါရီဘာဒီတွေ ဆီစီလီကို အနိုင်ရပြီး
အလယ်လတ်တန်းစားတွေကလည်း ဆာလီနာမင်းသားတို့လို
ပထမတန်းတွေနဲ့ ယှဉ်ပြိုင်လာတဲ့အခြေအနေမျိုး ဖြစ်လာပါတယ်။
သူ့ရဲ့တူတော်စပ်သူ တက်ခရန်ဒီဟာလည်း တော်လှန်ရေးတပ်ထဲက ဖြစ်ပြီး
သူနဲ့ ပြိုင်ဖက်လိုဖြစ်တဲ့ ချမ်းသာပေမဲ့ အဆင့်အတန်းတစ်ဆင့်လောက်နိမ့်တဲ့
ဒွန်ကာလိုဂျီယိုရဲ့ သမီးချောကို ကြိုက်ခဲ့ပါတယ်။
အဲဒီမှာ ဆာလီနာမင်းသားတစ်ယောက် ဒီလိုမျိုး
နိုင်ငံရေးအတက်အမြင့် အနိမ့်အကျတွေကြား အသားကျအောင် နေထိုင်ပြီး
ဘယ်လိုတွေ လှုပ်ရှားသွားမလဲဆိုတာ ကြည့်ရမှာဖြစ်ပါတယ်။...
The Last Days on Mars (2013)
⭐IMDB: 5.5/10 (38 k Votes)
🎬 #Adventure #Horror #SciFi #ScienceFiction #Thriller
🗓 2013 🎞 movie
📺 #720p #1080p
💿 565.6 MB ⦿ 1.2 GB
🌎 #UnitedKingdom #Ireland #Belgium #UnitedStatesofAmerica
⏰ 1 နာရီ 38 မိနစ် 45 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb -5.5
ဇာတ်လမ်းအညွှန်း
မားစ်ဂြိုလ်ပေါ်မှာ ရေရှိနိုင်တယ်လို့ ရှာဖွေတွေ့ရှိပြီးပြီဆိုတော့
သက်ရှိတွေရော ရှိနေလောက်မလားလို့ တွေးမိဖူးကြပါသလား…
အာကာသစူးစမ်းလေ့လာရေးဇာတ်လမ်းမျိုး ကြည့်ချင်တဲ့သူတွေအတွက်
အကြိုက်တွေ့စေမယ့်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါပြီ။
ဒီဇာတ်လမ်းလေးကတော့ ဂြိုလ်နီကြီးလို့တင်စားခေါ်ကြတဲ့
မားစ်ဂြိုလ်ပေါ်မှာ သိပ္ပံပညာရှင်တွေရဲ့ စူးစမ်းလေ့လာရေး ၆လ မစ်ရှင်ပြီးတော့မယ့်
အချိန်ကနေ အစပြုထားပါတယ်။
သူတို့တွေက မားဂြိုလ်ပေါ်မှာ နမူနာတွေ ရယူ စူးစမ်းလေ့လာနေကြတာပါ။
သူတို့ထဲက မာကိုဆိုတဲ့တစ်ယောက်က သူ့ရဲ့နမူနာစမ်းသပ်ချက်မှာ
သက်ရှိလို့ထင်ရတဲ့အရာကို တွေ့ရှိပြီးတဲ့နောက်မှာ ဘယ်သူ့ကိုမှ မပြောဘဲ
နမူနာတွေ ထပ်ယူဖို့ သူ့ဘာသာ တိုးတိုးတိတ်တိတ် လုပ်နေပါတယ်။
ဒါကို တစ်ခြားအဖွဲ့သားတွေ သိတဲ့အချိန်မှာ လူ့သမိုင်းမှာအကြီးအကျယ်ဆုံး
ရှာဖွေ့တွေ့ရှိမှုကြီး ဖြစ်လာမယ့်အရေးမှာ သူတို့ကို
အသိမပေးတဲ့ မာကိုကို ဒေါသထွက်ကြတာပေါ့။
ဒါပေမဲ့လည်း နမူနာထပ်ယူဖို့ တွင်းတူးရင်း မြေတွေပြို တွင်းနက်ထဲပြုတ်ကျပြီး
မာကိုကတော့ မတော်တဆမှုဖြစ်သွားပါတယ်။
အသက်ရှင်နိုင်သေးဖို့ မဖြစ်နိုင်တော့ပေမယ့် တွင်းထဲ
ပြန်ဆင်းရှာတဲ့အချိန်မှာ သူ့ကို မတွေ့ရတော့ပါဘူး။
ဒီအဖြစ်အပျက်ပြီးတော့ သူတို့အဖွဲ့သားတွေ တစ်ယောက်ပြီးတစ်ယောက်
အသက်အန္တရာယ်ကြုံတွေ့လာရပါတော့တယ်။
အိမ်ပြန်နိုင်မယ့် နောက်ဆုံးနေ့ရက်မှာ သူတို့ ဘာတွေကြုံတွေကြမလဲ၊
အသက်ရှင်လျက် အိမ်ပြန်နိုင်မယ့်သူရော ရှိပါ့မလား၊
စိတ်လှုပ်ရှားပြီး ကြည့်ရှုရမယ့် ဇာတ်လမ်းလေးဖြစ်ပါတယ်။
X-men origins ထဲမှာကြည့်ဖူးပြီးသားဖြစ်မယ့်
မင်းသားကြီး Liev Schreiberက ဗင်းစင့်ကမ်ဘဲလ်အဖြစ်ပါဝင်ထားပါတယ်။
ဒါ့အပြင်Emma ဇာတ်လမ်းတို့လို atonement ၊ amazing grace၊ Becoming Elizabeth တို့လို
ဇာတ်လမ်းတွေမှာ ဝတ်စုံကြီးတွေနဲ့ သရုပ်ဆောင်ထားတာကို
ကြည့်ဖူးလောက်ကြမယ့် မင်းသမီး Romola Garai က
ဒီလို sapce horror ဇာတ်လမ်းမျိုးမှာ လိန်းအဖြစ်
ဘယ်လိုသရုပ်ဆောင်ထားမလဲဆိုတာကို
စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာ ဖြစ်ပါတယ်။
ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ်...
As I Am (2019)
⭐IMDB: 6.0/10 (858 Votes)
🎬 #Comedy #Drama #Romance
🗓 2019 🎞 movie
📺 #720p #1080p
💿 752.6 MB ⦿ 1.7 GB
🌎 #UnitedKingdom
⏰ 2 နာရီ 39 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ကျောင်းသားဘဝ (၁) ပတ်သာ ကျန်တော့တဲ့ ကိုင် နဲ့
သူငယ်ချင်းတစ်သိုက်တို့ နောက်ဆုံးစာမေးပွဲဖြေဖို့ လုံးပမ်းရင်းနဲ့မှ
သူတို့အတွက် ဒဏ္ဍာရီတွင်စရာ ကိစ္စတစ်ခုတော့
ကျန်ခဲ့အောင် ကြိုးစားဖို့ တိုင်ပင်ကြပါတော့တယ်.
Coming-of-Age Movie အမျိုးအစားလေးဖြစ်တဲ့
ဒီဇာတ်လမ်းလေးမှာတော့ အဓိကဇာတ်ကောင် ကိုင်ရဲ့ ဘဝရွေးချယ်မှုတွေ၊
ဘဝတစ်ဆစ်ချိုးအချိန်မှာ ကြုံတွေ့ရတဲ့ အခက်အခဲများကို
ဖြတ်သန်းရင်း ဘဝရဲ့ နောက်တစ်ဆင့်ကို တက်လှမ်းရပုံတွေကို
ပေါ့ပေါ့ပါးပါး အခိုက်အတန့် များ နဲ့ လေးနက်အရေးကြီးတဲ့
ဇာတ်ကွက်များ ပေါင်းစပ်ထားတာကို တွေ့နိုင်ပါတယ်၊
ဇာတ်လမ်းအနေနဲ့ ပြောရရင်လည်း ဇာတ်ရှိန်အတက်နှေးပေမယ့်
နောက် ဘာဆက်ဖြစ်မလဲဆိုတာကို မခန့်မှန်းနိုင်တဲ့အချက်ကပဲ
ဒီဇာတ်လမ်းလေးကို စီးမျောစေတဲ့အချက်လို့ ဆိုရပါလိမ့်မယ်.
အချုပ်အနေနဲ့ ပြောရရင် အင်္ဂလန်ကျေးလက်ဒေသကို
အခြေခံထားတဲ့ ဒီဇာတ်လမ်းကတော့
ကျောင်းသားဘဝ အချစ်ရေးကိုလည်း အလှည့်အပြောင်း၊ ရှုပ်ထွေးမှုတွေ နဲ့
တင်ဆက်ထားတဲ့အပြင် ကိုင်ရဲ့ တည်ငြိမ်လေးနက်တဲ့ ဒဿနတွေ
နဲ့ တစ်ဖက်ကကျောင်းသားဘဝရဲ့ ပေါ့ပါးမှု၊ လွတ်လပ်မှု၊ အရိုင်းဆန်မှု၊ ဗရုတ်ကျမှုများကိုလည်း
အချိုးကျစွာ ဟာသနှောသရုပ်ဖော်ထားနိုင်တာကို တွေ့ရပါတယ်....
Enemies Closer (2013)
⭐IMDB: 5.1/10 (6 k Votes)
🎬 #Action #Thriller
🗓 2013 🎞 movie
📺 #720p #1080p
💿 552.9 MB ⦿ 1.1 GB
🌎 #UnitedStates #Canada #UnitedKingdom #UnitedStatesofAmerica
⏰ 1 နာရီ 25 မိနစ် 42 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
မင်းသားကြီး Van Damme ကိုယ်တိုင်ဗီလိန်အဖြစ်
ပါဝင်သရုပ်ဆောင်ထားတဲ့ Enemies Closer
ဆိုတဲ့ဇာတ်ကားလေးကို CM ကနေတင်ဆက်ပေးလိုက်ပါပြီ။
ဟင်နရီကအမေရိကန်နဲ့ကနေဒါနယ်နမိတ်ကတောအုပ်အတွင်းမှာ
အလုပ်လုပ်နေတဲ့သူပါ။တစ်နေ့မှာတော့
သူ့ရဲ့အတိတ်ကပြဿနာတစ်ခုကြောင့်သူ့ကို
သတ်ဖို့ကြိုးစားတဲ့ ကလေး ဆိုသူရောက်လာခဲ့ပါတယ်။
ဒါပေမဲ့ ကလေးရဲ့ဟင်နရီကိုလုပ်ကြံသတ်ဖြတ်မှုကမအောင်မြင်ခဲ့ပဲ
မူးယစ်ဆေးရောင်းဝယ်ရေးအဖွဲ့တစ်ခုက
သူတို့ရှိနေတဲ့တောအုပ်ထဲကိုရောက်လာခဲ့ပါတယ်။
ဟင်နရီတို့နှစ်ယောက်ရန်သူအဖြစ်ကနေပူးပေါင်းသွားကြပြီး
မူးယစ်ရာဇာတွေကိုဘယ်လိုအနိုင်ယူတိုက်ခိုက်ကြမလဲဆိုတာကို
ဒီဇာတ်ကားလေးထဲမှာဆက်လက်ကြည့်ရှုခံစားနိုင်ပါတယ်။...
L'uomo sulla strada (2022)
⭐IMDB: 6.2/10 (159 Votes)
🎬 #Thriller #Drama
🗓 2022 🎞 movie
📺 #720p #1080p
💿 874.0 MB ⦿ 2.0 GB
🌎 #Italy
⏰ 1 နာရီ 50 မိနစ် 33 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
L’uomo sulla strada (2022)
~ IMDb rating – 6.2/10 ~
ဒီကားကတော့ 2022 ကထွက်ရှိထားတဲ့ အီတလီ သည်းထိတ်ရင်ဖို အချစ်ကားတစ်ကားပါ။
အသက်ရှစ်နှစ်အရွယ်တုန်းက အီရန်နာတစ်ယောက် အဖေနဲ့ ကစားနေတုန်း မျက်စိရှေ့မှာတင် သူ့အဖေ ကားနဲ့တိုက်ခံလိုက်ရတာကို တွေ့ကြုံလိုက်ရပါတယ်။ အမှုရဲ့တစ်ခုတည်းသော မျက်မြင်သက်သေ ဖြစ်တဲ့ အီရန်နာတစ်ယောက် တရားခံဖြစ်သူရဲ့ မျက်နှာကို မမှတ်မိလို့ အမှုမှန်မပေါ်ပေါက်ခဲ့တာကို အရွယ်ရောက်ခါတဲ့အထိ စိတ်ထဲတာဝန်မကင်းဖြစ်နေခဲ့ရပါတယ်။ အဲဒီစိတ်ကြောင့်ပဲ ကျောင်းမှာ အဆင်မပြေဖြစ်ပြီး စက်ရုံတစ်ခုမှာ အလုပ် ဝင်လုပ်ပါတော့တယ်။
တစ်ဖက်မှာလည်း တစ်ရက် သူငယ်ချင်းတွေနဲ့ သောက်စားပျော်ပါးပြီးအပြန် ကောင်မလေးတစ်ယောက်ကို ဖွန်ကြောင်ဖို့ကြိုးစားရင်း မထင်မှတ်ပဲ အီရန်နာ့အဖေကို သတ်မိသွားတဲ့ မီခဲတစ်ယောက် နောင်တတွေများစွာနဲ့ အဖေ့စက်ရုံမှာ လုပ်နေရင်း တစ်နေ့ အီရန်နာ စက်ရုံကိုရောက်လာတဲ့အခါ မီခဲတစ်ယောက် ဘယ်လိုတွေတုံ့ပြန်ခဲ့လဲ… တုံ့ပြန်ရာကနေ အချစ်ဆိုတဲ့ခံစားချက်တွေ ဘယ်လို ပြောင်းလဲသွားလဲ… ဆိုတာတွေကို ကြည့်ရမယ့် သည်းထိတ်ရင်ဖိုကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုDBမှ ပြန်ဆို ရေးသားထားပါတယ်)...
Marry My Dead Body (2023)
⭐TMDB: 73.0% User Score
🎬 #Action #Comedy #Mystery
🗓 2023 🎞 Movie
📺 #720p
💿 686.2 MB
🌎 #Taiwan
⏰ 2 နာရီ 9 မိနစ် 57 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Marry my dead body (2023)
စော်မရှိဘဲမရှိလေးတွေအတွက် ရွေးစရာတစ်ခုကိုချပြလိုက်တဲ့ Taiwan BL movie ကား Marry My Dead Bodyလေး ထွက်ရှိလို့လာပါပြီ။Trailerထွက်လာကတည်းက တော်တော်လေးစိတ်ဝင်စားခံနေရတဲ့movieလေးလည်းဖြစ်BL romance သီးသန့်ကြီးမဟုတ်ဘဲ Crime suspense လေးပါတွဲပါသေးတဲ့အပြင်ထိုင်ဝမ်BLပီပီ လက်ကိုင်ရုံနဲ့ပြီးတဲ့ဂျင်းတွေနည်းတဲ့ကားလေးဆိုတော့ အများကြီးဆက်မညွှန်းတော့ပါဘူး…
21 ရာစု LGBTQကာလကြီးထဲမှာ လိင်တူချစ်သူဆိုတာ ဘာရယ်မဟုတ်ပေမဲ့homophobic ရဲသားလေးဝူမင်ဟန်ကတော့ ဒါကိုလက်မခံပါဘူး။လိင်တူချစ်သူဆိုတာကို ရွံစရာလို့သတ်မှတ်တဲ့အပြင် ဂေး ဆို ပိုပြီး ချိုးနှိမ်တတ်လို့ အပြစ်ပေးခံရသူလည်းဖြစ်ပါတယ်။ဒီလိုနဲ့ မူးယစ်ရာဇာကြီးရဲ့ တပည့်တစ်ယောက်ကိုလိုက်ဖမ်းရင်းနဲ့ သူပစ်ချခဲ့တဲ့သက်သေတွေကို လိုက်ကောက်ရင်းသက်သေမဟုတ်တဲ့ စာအိတ်အနီလေးကို ကောက်မိတဲ့အခါ …
စာအိတ်ကိုကောက်လိုက်တာနဲ့ ဝိုင်းအုံလာကြတဲ့အဒေါ်ကြီးတစ်သိုက်နဲ့သူတို့ပြောသွားတဲ့ စာအိတ်ထဲက ဓာတ်ပုံပိုင်ရှင်ကောင်လေးနဲ့ လက်ထပ်ရမယ်ဆိုတဲ့ထူးဆန်းတဲ့စကားတွေဟာ ဝူမင်ဟန်အတွက်တော့ ဟာသတစ်ခုထက်မပိုပါဘူး။ဓာတ်ပုံပိုင်ရှင်က ကောင်လေးဖြစ်နေပြန်တော့ သရဲနဲ့မှတော့ မဂေးနိုင်ဘူးဆိုတဲ့မင်ဟန်ကတော့အဘွားကြီးရဲ့ လက်မထပ်ရင်ကံဆိုးလိမ့်မယ်ဆိုတဲ့စကားကို လျစ်လျူရှုပြီးထားခဲ့တာပေါ့။ဒါပေမဲ့ သူ့ရဲ့မူပိုင်ရှင်လေးက သူ့နောက်ကလိုက်နေလေတော့ သရဲကြောက်တဲ့မင်ဟန်တစ်ယောက်သရဲနဲ့လက်ထပ်ရမယ့်အပြင် သရဲတွေမြင်နေရတဲ့ပြဿနာကြီးက ဆီးကြိုနေတဲ့အခါ…
တျဲကြောက်ပါတယ်ဆိုမှ တျဲနဲ့မှညားတဲ့မင်ဟန်တစ်ယောက် ပဟေဠိတွေနဲ့ သေဆုံးသွားခဲ့ရတဲ့တျဲလောင်ကုန်းလေး မောင်းပန်ယွီရဲ့အမှုကို အတူတူစုံစမ်းရင်းနဲ့ ထူးခြားတဲ့ခံစားချက်တွေ ပေါက်ဖွားလာလေမလား။သာမန်မဟုတ်တဲ့နှောင်ကြိုးတစ်ခုကနေ အချစ်စစ်တို့ ဖြစ်တည်လာနိုင်မှာလား။ပန်ယွီရဲ့သေဆုံးမှုနောက်ကွယ်မှာရှိနေတဲ့လူကိုရော မင်ဟန်တစ်ယောက် ဖော်ထုတ်နိုင်မလားဆိုတာ အားလုံးအတူ ကြည့်ရှုခံစားလိုက်ရအောင်ပါ။
အညွှန်းကိုတော့Mary Christက ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့Joyz, Mary, Thae, Su Myatတို့ပဲ ဖြစ်ပါတယ်။...
