uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закритий канал

🚩 Channel was restricted by Telegram

Показати більше
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
Lost in the Stars (2022) ⭐IMDB: 6.4/10 (927 Votes) 🎬 #Crime #Drama #Mystery 🗓 2022 🎞 movie 🌎 #China ⏰ 2 နာရီ 2 မိနစ် 9 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးဟာဆိုရင်တကယ့်ဖြစ်ရပ်မှန်ကိုအခြေခံယူထားပြီးရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်ကားလေးတပုဒ်ပဲဖြစ်ပါတယ်. ထိုင်းနိုင်ငံမှာဖြစ်ပျက်ခဲ့တဲ့တရုတ်စုံတွဲရဲ့ဖြစ်ရပ်မှန်ကိုရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပြီးတော့တကယ့်လက်တွေ့လောကမှာလည်း ဒီအမှုဟာ ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့ပါသေးတယ် ၂၀၁၉ ကနေ ၂၀၂၃ ထိ အမှုရင်ဆိုင်ခဲ့ရပြီးဒီဇာတ်ကားထွက်လာတဲ့အချိန်မှာလည်း ကာယကံရှင်ဟာအကြိမ်ကြိမ် ဒီဇာတ်ကားအကြောင်းကို ပြောပြီး Promoteလုပ်ခဲ့ပါသေးတယ် စိတ်ဝင်စားဖို့ကောင်းလွန်းပါတယ်အညွန်းလေးကတော့ မင်္ဂလာနှစ်ပတ်လည်နေ့မှာပျောက်ဆုံးသွားတဲ့ဇနီးသည်လေးကိုဟယ်ဖေးတစ်ယောက်အပြင်းအထန်လိုက်ရှာနေပါတယ်။ဖြစ်စဉ်ကတော့ ဟယ်ဖေးနဲ့ လီမုကျစ်တို့ဇနီးမောင်နှံလေးဟာမင်္ဂလာနှစ်ပတ်လည်တစ်နှစ်ပြည့်အနေနဲ့အရှေ့တောင်အာရှကျွန်းလေးတစ်ကျွန်းကိုအပန်းဖြေခရီးထွက်လာခဲ့ပါတယ်။ အဲဒီအချိန်မှမထင်မှတ်ပဲ လီမုကျစ်ဟာရုတ်တရက်ပျောက်သွားခဲ့တယ်။(၁၅)ရက်ပျောက်နေတာတောင် ဒေသခံရဲတွေကလင်မယားပြဿနာဆိုပြီးအရေးတယူမရှိခဲ့ပါဘူး။နောက်နေ့မနက်မှာတော့ သူစိမ်းမိန်းကလေးတစ်ယောက်ဟာသူ့ကိုယ်သူဟယ်ဖေးရဲ့ဇနီးသည်ပါဆိုပြီး ဓာတ်ပုံ၊ပတ်စ်ပို့သက်သေအခိုင်အမာတွေနဲ့ပေါ်လာပါတယ်။ဟယ်ဖေးကိုလဲဦးနှောက်အာရုံကြောပိုင်းမှာရောဂါရှိတဲ့သူဆိုပြီးတန်ပြန်စွပ်စွဲပြန်တယ်။ဟယ်ဖေးဟာဘယ်လိုငြင်းငြင်း ဘယ်လိုသက်သေတွေပဲရှာရှာ ရှာမတွေ့ဘူဖြစ်နေခဲ့တယ်။ မိန်းကလေးဟာ တကယ်ပဲဟယ်ဖေးရဲ့ဇနီးလား……ဟယ်ဖေးပြောသလိုပဲ အယောင်ဆောင်တဲ့သူတစ်ယောက်လား……ဒါမှမဟုတ် ဟယ်ဖေးကပဲတကယ်စိတ်ပိုင်းဆိုင်ရာချို့ယွင်းနေတာလား…..မထင်မှတ်တဲ့ Plot twist တွေနဲ့ဇာတ်ကားတစ်လျှောက်လုံးအရှိန်ကောင်းကောင်းနဲ့ ကြည့်တဲ့သူတွေရဲ့စိတ်ကိုဆွဲခေါ်သွားနိုင်တဲ့အရည်အသွေးတစ်ခုရှိတဲ့ဇာတ်ကားကောင်းလေးဖြစ်လို့မလွတ်တမ်းကြည့်သင့်တဲ့ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်နော်။...

Actresses: Sex Audition (2020) ⭐TMDB: 0.0% User Score 🎬 #Adult #Drama 🗓 2020 🎞 Movie 🌎 #SouthKorea ⏰ 1 နာရီ 4 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ******************************** Cheonbong ဆိုတဲ့ဘဲက နာမည်သိပ်မရသေးတဲ့ ဒါရိုက်တာတစ်ဦး… အရည်အချင်းရှိတဲ့သူတွေဒုနဲ့ဒေးလောကမှာ သူ့လိုငချွတ်လေးအတွက် နာမည်ရဖို့ ထိုးဖောက်ဖို့ဆိုတာမလွယ်လှ..သို့ပေမဲ့ သူ့ရဲ့ရုပ်ရည် အပြောတွေကြောင့်တက်သစ်စမော်ဒယ်လေးတွေက အလွန်အထင်ကြီးကြတယ်… သူက classic မူဗီတွေဖန်တီးဖို့ ဝါသနာပါပေမဲ့လည်း အမြဲတစ်ခေတ်နောက်ကျသလို ဖြစ်နေတဲ့သူ့အတွက်ရွှေပြည်တော်မျှော်တိုင်းဝေးပါပဲ… ဒါ့ကြောင့်  တခြားဒါရိုက်တာတွေသိပ်မလုပ်ဖြစ်တဲ့ လူငယ်တွေအတွက် sex ပညာပေး လောကီချမ်းသာ ဗဟုသုတ မျိုးစုံရစေမဲ့ ကားတွေဖန်တီးဖို့ကြိုးစားပါတော့တယ်…...

Beyond the Edge (2018) ⭐IMDB: 4.5/10 (3 k Votes) 🎬 #Action #Adventure #Fantasy #SciFi 🗓 2018 🎞 movie 🌎 #Russia ⏰ 1 နာရီ 29 မိနစ် 27 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 မိုက်ကယ်ဆိုတဲ့ လူတစ်ယောက်ကသူများတွေမသိအောင် အကွက်တွေရွှေ့ပြီး လိမ်လည်လှည့်ဖျားပြီး ပိုက်ဆံတွေရအောင်လုပ်နေတဲ့လူတစ်ယောက်ဖြစ်ပါတယ်။ အခုလဲ ကာစီနိုတစ်ခုဆီက ပိုက်ဆံအများကြီးရဖို့အတွက် အဲ့ဒီကာစီနိုမှာ အလုပ်သမား အနေနဲ့သုံးလလောက်ဝင်လုပ်ခဲ့ပြီး အချိန်ကျလာတဲ့အခါမှာတော့ သူ့ရဲ့မဟာအစီအစဉ် ကြီးကို အကောင်အထည်ဖော်ခဲ့ပါတော့တယ်။ အားလုံးအဆင်ပြေ ချောမွေ့နေပြီး နောက်ဆုံးကျမှပဲ ပါးစပ်နားရောက်နေတဲ့ ထမင်းလုတ်ပုတ်ချခံရသလို သူ့ပိုက်ဆံတွေ အားလုံးလဲ တခြားသူတစ်ယောက်ဆီပါသွားပါတော့တယ်။အဲ့ဒီအပြင်ကိုမှ သူ့အကြောင်းကို သိသွားတဲ့ ကာစီနိုပိုင်ရှင်ကလဲ နရင်းတွေအုပ်ပြီးတော့ သူဆုံးရှုံးခဲ့ရတဲ့ပိုက်ဆံ ငါးသန်းကို တစ်ပတ်အတွင်းပြန်တောင်းပါတော့တယ်။ ဒီလိုနဲ့ အစီအစဉ်တွေသေချာချပြီး လုပ်ခဲ့တဲ့ မိုက်ကယ်တစ်ယောက် သူဘယ်လို သူများလှည့်စားတာခံလိုက်ရတာလဲဆိုတာကို စုံစမ်းကြည့်တဲ့အခါမှာတော့ သွေးရိုးသားရိုးမဟုတ်ပဲ သဘာဝလွန်စွမ်းအားတွေကြောင့် ဆိုတာကိုသိခဲ့ရပါတယ်။ဒီလိုနဲ့မိုက်ကယ်လဲ တစ်ပတ်အတွင်းသူပြန်ပေးရမဲ့ ပိုက်ဆံတွေ ပြန်ရဖို့အတွက် အဲ့လိုမျိုးသဘာဝလွန်စွမ်းအားတွေရှိတဲ့ လူတွေနဲ့ပေါင်းပြီး အဖွဲ့တစ်ခု ဖွဲ့လိုက်ပြီး ပိုက်ဆံတွေကိုပြန်ရအောင်ကြိုးစားတဲ့ပုံကို ကြည့်ရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။...

Spartan (2004) ⭐TMDB: 62.0% User Score 🎬 #Action #Crime #Drama #Mystery #Thriller 🗓 2004 🎞 movie 🌎 #Germany #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 42 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 စကော့ဟာ ရိန်းဂျားတပ်သားဟောင်းတစ်ယောက်ဖြစ်ပြီး လက်ရှိမှာတော့ တပ်သားအသစ်တွေကို လေ့ကျင့်ပေးတဲ့ စစ်ရေးနည်းပြတစ်ယောက်ပါ…။ တစ်နေ့မှာတော့ ကောင်မလေးတစ်ယောက်ပြန်ပေးဆွဲခံရတဲ့ အမှုမှာ သူလည်းပါဝင်စုံစမ်းပေးဖို့ အမိန့်ကျလာပါတယ်…။ ပြန်ပေးဆွဲသွားတဲ့အကြောင်းအရင်းက လူကုန်ကူးဖို့၊လိင်လုပ်သားအဖြစ် အတင်းအကြပ်စေခိုင်းဖို့ပါ…။ ဒါပေမဲ့ ပြန်ပေးသမားတွေမသိတာ ဒီကောင်မလေးဟာ အစိုးရအရာရှိကြီး တစ်ယောက်ရဲ့သမီးဖြစ်နေရော….။ ဒီတော့ ပြန်ပေးသမားတွေ မသိခင် ကောင်မလေးကို ပြန်ကယ်မယ့်တာဝန်ဟာ စကော့ခေါင်းပေါ်ကျရောက်လာပြီး… စကော့တစ်ယောက် ဘယ်လိုစုံစမ်းထောက်လှမ်းကယ်ထုတ်မလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာ ကြည့်ရှုနိုင်ပါပြီ….။...

Two Tickets to Greece (2022) ⭐IMDB: 6.1/10 (582 Votes) 🎬 #Comedy #Uncategorized 🗓 2022 🎞 movie 🌎 #France #Greece #Belgium ⏰ 1 နာရီ 46 မိနစ် 38 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ငယ်သူငယ်ချင်းနှစ်ယောက်ဖြစ်ကြတဲ့ ဘလန်ဒင်းနဲ့ မက်ဂလီတို့ အသက်တွေကြီးလာတော့ တစ်ယောက်နဲ့တစ်ယောက်အဆက်အသွယ်တွေပြတ်ပြီးမတွေ့ခဲ့ကြတာနှစ်ချီသွားတာပေါ့၊ တနေ့တော့ ဘလန်ဒင်ရဲ့ သားဖြစ်သူ စီစဉ်ပေးမှုနဲ့ သူတို့ နှစ်ဦး ခရီးအတူထွက်ဖို့အကြောင်းဖန်လာသောအခါ၊ ကောင်းချင်ဇောနဲ့ စေတနာအမှားတွေလုပ်မိတဲ့ မက်ဂလီ ၊ တခုလေးမှ အမှားမခံနိုင်တဲ့ ဘလန်ဒင်တို့ နှစ်ယောက်ဆုံတော့ ကတောက်ကဆလေးတွေကို ပေါ့ပေါ့ပါးပါးရယ်စရာအဖြစ်ခံစားရမှာဖြစ်ပါတယ်။ လူတစ်ယောက်အကြောင်းသိချင်ရင် သူနဲ့အတူအခရီးထွက်ကြည့်ဆိုသလို နှစ်ယောက်ခရီးထွက်ရင်း အရင်နားလည်မှုလွဲခဲ့တာတွေ သူ့ဖက်ကိုယ့်ဖက်မပြောဖြစ်ခဲ့တဲ့ အမှန်တရားတို့ပေါက်ထွက်လာပြီး နှစ်ယောက်သားတို့ ရင်းနှီးမှုဆက်လက်ရှိနိုင်ပါမလား၊ ရပ်တန့်သွားမလား ဆိုတာ ဂရိရဲ့လှပတဲ့ရှုခင်းလေးတွေခံစားပြီးအဆုံးထိစောင့်ကြည့်လို့ကောင်းမယ့်ဇာတ်ကားလေးတစ်ကားပါ...

Slum Dog Husband (2023) ⭐IMDB: 8.2/10 (5 k Votes) 🎬 #Bollywood #Comedy #Drama #Uncategorized 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 4 မိနစ် 20 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Slum Dog Husband (2023)IMDb-8.2/10 အက်ရှင်ကားတွေ ကြည့်ရတာ ပျင်းနေမှာစိုးလို့ အခုတစ်ခေါက်တော့CMပရိသတ်ကြီးအတွက် အပြောင်းအလဲအနေနဲ့ ဟာသကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ချင်ပါတယ် “777 Charlie “ဆိုတဲ့ဇာတ်ကားလေးပြီးကတည်းက ခွေးလေးတွေပါတဲ့ဇာတ်ကားလေးတွေ ကြည့်ချင် နေတဲ့ ပရိသတ်ကြီးအတွက်ဒီကားလေးက Charlie ကို ပြန်ပြီး သတိတရဖြစ်စေဦးမှာပါ ဇာတ်ကားက ဟာသကားဖြစ်သလိုပဲ ဇာတ်ကွက်တွေကလည်း ဟာသဆန်ဆန်ပါပဲ ဒီကားထဲမှာ လာချီဆိုတဲ့ ဇာတ်လိုက်ကျော်မင်းသားကသူ့ကောင်မလေးဖြစ်သူ မွန်နီကာနဲ့ သမီးရည်းစားဘဝနဲ့နေရတာ အိမ်မှာလည်း အမေဖြစ်သူက လွတ်လွတ်လပ်လပ်ဖုန်းပြောချင်တာတောင် ခွင့်မပြု၊ အပြင်ကိုသွားပြန်‌တော့လူမြင်ကွင်းမှာ မဖွယ်မရာလုပ်တယ်ဆိုပြီး“ရဲတွေက အမှုဆင်ပြီးဖမ်း အဲဒီလိုကိစ္စတွေကြောင့် လာချီနဲ့မွန်နီကာတို့သူတို့ရဲ့အိမ်တွေကို သူတို့နှစ်ယောက်ကို လက်ထပ်ပေးကြဖို့တောင်းဆိုကြပါတော့တယ် နှစ်ဖက်စလုံးက မိဘတွေက ငယ်သေးလို့ လက်မထပ်ပေးချင်ကြပေမဲ့လက်မထပ်ပေးရင် နှစ်ယောက်စလုံးက ခိုးပြေးကြမယ်ဆိုလို့ ဘုန်းကြီးနဲ့တိုင်ပင်ပြီး မင်္ဂလာဆောင်ပေးဖို့ ရက်ရွေးကြတဲ့အခါ မိဘတွေက မင်္ဂလာဆောင်ကြမဲ့ ဇာတ်လိုက်ကျော် လာချီနဲ့မွန်နီကာတို့ရဲ့ မွေးနေ့တွေကို မမှတ်မိတာကြောင့် လက်ထပ်မဲ့ရက်ရွေးဖို့ အဆင်မပြေဖြစ်ကြပြန်တယ် ၊ဒါနဲ့ တခြားဘယ်လိုနည်းလမ်းရှိသေးလဲလို့ မေးတော့ ဘုန်းကြီးက မွေးနေ့၊မွေးရက်တွေမသိဘဲလက်ထပ်ချင်တယ်ဆိုရင်တော့ အရင်ဆုံးခွေးနဲ့ပဲဖြစ်ဖြစ်၊ သစ်ပင်နဲ့ပဲဖြစ်ဖြစ်လက်ထပ်ရမယ်လို့ ပြောတော့ဇာတ်လိုက်ကျော်လာချီတစ်ယောက် movie name မှာပါတဲ့အတိုင်း dog husband အဖြစ်ဘယ်လိုဆက်ပြီး နှစ်ပါးသွားမလဲ ဆိုတာကိုတော့ ကြည့်ရှုပေးကြပါဦး (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ YH~V~Zwe Yan~Aditi~Yunniတို့ပဲဖြစ်ပါတယ်)...

Nobody (2023) ⭐TMDB: 0.0% User Score 🎬 #Comedy 🗓 2023 🎞 Movie 🌎 #Portugal #China ⏰ 1 နာရီ 14 မိနစ် 23 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 CM ကနေဒီတစ်ခါတင်ဆက်ပေးချင်တဲ့ရုပ်ရှင်လေးကတော့ဟာသဇာတ်လမ်းကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းထဲမှာတော့ ရွှေဆိုင်ကိုဓားပြတိုက်ပြီးထွက်ပြေးသွားတဲ့လူနှစ်ယောက်အဖွဲ့၊ပိုက်ဆံတစ်သန်းပျောက်သွားလို့လုံအစ်ကိုဆိုတဲ့လူကိုရှာခိုင်းတဲ့ လုံအစ်ကိုတို့အဖွဲ့၊ရှေးခေတ်ဘုရင်သုံးခဲ့တဲ့ပန်းကန်လုံးကို လေလံသွားတင်မယ့်သာ့ချီ၊ ရဲနဲ့ရန်ဖြစ်ပြီးထောင်ကျသွားလို့ လွတ်လာတာမကြာသေးတဲ့ ရွှင့်ကျီ ဒီလိုလူတွေ အမှတ်မထင်ပဲရေပူစမ်းတစ်ခုမှာ သွားဆုံတွေ့ရာကနေအမှားအယွင်းအလွဲလွဲအချော်ချော်တွေနဲ့ဘယ်လိုတွေ ဖြစ်ပျက်ကြမလဲဆိုတာဟာသဇာတ်ကားလေးတစ်ကားလေးဖြစ်ပေမဲ့နောက်ဆုံးမှာတော့ ပရိသတ်တွေကိုတစ်ခုခုရရှိသွားစေမယ့်ဇာတ်ကားလေးတစ်ကားဖြစ်တာကြောင့်ဒီဇာတ်ကားလေးကို ကြည့်ရူလိုက်ရအောင်...

Nobody (2023) ⭐TMDB: 0.0% User Score 🎬 #Comedy 🗓 2023 🎞 Movie 🌎 #Portugal #China ⏰ 1 နာရီ 14 မိနစ် 23 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 CM ကနေဒီတစ်ခါတင်ဆက်ပေးချင်တဲ့ရုပ်ရှင်လေးကတော့ဟာသဇာတ်လမ်းကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းထဲမှာတော့ ရွှေဆိုင်ကိုဓားပြတိုက်ပြီးထွက်ပြေးသွားတဲ့လူနှစ်ယောက်အဖွဲ့၊ပိုက်ဆံတစ်သန်းပျောက်သွားလို့လုံအစ်ကိုဆိုတဲ့လူကိုရှာခိုင်းတဲ့ လုံအစ်ကိုတို့အဖွဲ့၊ရှေးခေတ်ဘုရင်သုံးခဲ့တဲ့ပန်းကန်လုံးကို လေလံသွားတင်မယ့်သာ့ချီ၊ ရဲနဲ့ရန်ဖြစ်ပြီးထောင်ကျသွားလို့ လွတ်လာတာမကြာသေးတဲ့ ရွှင့်ကျီ ဒီလိုလူတွေ အမှတ်မထင်ပဲရေပူစမ်းတစ်ခုမှာ သွားဆုံတွေ့ရာကနေအမှားအယွင်းအလွဲလွဲအချော်ချော်တွေနဲ့ဘယ်လိုတွေ ဖြစ်ပျက်ကြမလဲဆိုတာဟာသဇာတ်ကားလေးတစ်ကားလေးဖြစ်ပေမဲ့နောက်ဆုံးမှာတော့ ပရိသတ်တွေကိုတစ်ခုခုရရှိသွားစေမယ့်ဇာတ်ကားလေးတစ်ကားဖြစ်တာကြောင့်ဒီဇာတ်ကားလေးကို ကြည့်ရူလိုက်ရအောင်...

Mob Land (2023) ⭐IMDB: 5.5/10 (380 Votes) 🎬 #Action #Crime #Thriller 🗓 2023 🎞 movie 🌎 #Canada #UnitedStatesofAmerica ⏰ 1 နာရီ 51 မိနစ် 19 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Mob Land (2023) မင်းသားကြီး John Travolta ပါဝင်ထားပြီး မူးယစ်ဆေးစွဲသူတွေ ဆေးရောင်းတဲ့ လူဆိုးဂိုဏ်းတွေနဲ့ မသမာသူတွေ ကြီးစိုးနေတဲ့ မြို့အကြောင်းအခြေတည်ထားတဲ့ Action ရုပ်ရှင်သစ်တစ်ကားပါ။ ယခင်က ပြိုင်ကားမောင်းသမားဖြစ်ခဲ့တဲ့ ရှယ်ဘီဟာ ဇနီး သမီးလေးနဲ့အတူ မြို့ငယ်လေးမှာ အခြေချခဲ့ပါတယ်။ သူ့အလုပ်က မြို့လေးနဲ့မအပ်စပ်တဲ့အတွက် သူတို့မိသားစုက အဆင်ပြေလှတယ်ရယ်တော့မဟုတ်ပါဘူး။ ယောက်ဖဖြစ်သူ ထရေးနဲ့ အသိ ရဲမှူးဘိုဒီတို့ကလည်း မကြာခဏလာလည်ကြပါတယ်။ ဇနီးနဲ့သမီးလေး ဆွေမျိုးတွေဆီခဏသွားတဲ့အခါ ထရေးက ဆေးရောင်းသမားတွေဆီက ငွေကို ဓားပြတိုက်ဖို့ လာဆွယ်ပါတယ်။ ရှယ်ဘီက မလုပ်ချင်ပေမယ့် ငွေလိုနေတာရော ထရေးအဆွယ်ကောင်းတာကြောင့်ရော သဘောတူလိုက်ပါတယ်။ အစီအစဉ်ဆွဲတုန်းကတော့ အဆင်ချောပေမဲ့ လက်တွေ့မှာ ထင်သလိုမဖြစ်လာဘဲ ထရေးက လူသတ်မိတဲ့အခါ… သူတို့ဓားပြတိုက်မိတာက မာဖီးယားဂိုဏ်းက ငွေတွေဖြစ်ပြီး အရှုပ်တွေဆက်တိုက်ဖြစ်လာတဲ့အခါ… ထရေးတို့ကို လက်စားချေဖို့ မာဖီးယားဂိုဏ်းက လူ လိုက်လာတဲ့အခါ… ရှယ်ဘီကရော ဘယ်လို ပြစ်မှုတွေ ဆက်လုပ်ရဦးမလဲ သူတို့ကျူးလွန်ခဲ့တဲ့အပြစ်အတွက် ဘာတွေပြန်ပေးဆပ်ရမလဲဆိုတာ စိတ်၀င်စားဖွယ် အားပေးရမှာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုShune Lai KKမှ ပြန်ဆို ရေးသားထားပါတယ်)...

The Pursuit of Happyness (2006) ⭐TMDB: 79.0% User Score 🎬 #Biography #Drama 🗓 2006 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 57 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အကယ်​၍ သင်​ဟာ Single Father တစ်​​ယောက်​ဖြစ်​ပြီး သင့်က​လေးအိပ်​ဖို့အတွက်​ ​ကျောတစ်​ခင်းစာ​တောင်​မဖန်​တီး​ပေးနိုင်​​တော့ဘူးဆိုရင်​…သင့်ရင်​​သွေးကိုစွန့်လွှတ်လိုက်​​မှာပါလား? ? ? Chris Gardner ဆိုတဲ့ လူတစ်​​ယောက်​​က​တော့ မိမိရဲ့သား​လေးလက်​ကိုဆွဲပြီး ဘဝရဲ့အခက်​ခဲဆုံးအချိန်​​တွေကိုဖြတ်​​ကျော်​ပြီးလို့ အခုဆို Millionaire တစ်​​ယောက်​​တောင်​ဖြစ်​လို့​နေပါပြီ။ သင့်ဘဝကို သင်​ခက်​ခဲလှပြီလို့ထင်​​နေရင်​ တကယ့်ဖြစ်​ရပ်​မှန်​ဘဝကိုအ​ခြေခံပြီးရိုက်​ကူးထားတဲ့ ဒီဇာတ်​ကား​လေးကို အချိန်​​ပေးပြီးကြည့်ကြည့်လိုက်​ပါ ဒီကား​လေးကြည့်ပြီး အရင်​ဦးဆုံး ခံစားမိမှာက​တော့ ဖခင်​တစ်​​​ယောက်​ရဲ့​မေတ္တာ ဘယ်​​လောက်​ နက်​ရှိုင်းတယ်​ဆိုတာပါပဲ… ဘဝရဲ့အဆိုးဆုံးအ​ခြေအ​နေတစ်​ခုမှာ​တောင်​ သားဖြစ်​သူကို လက်​လွှတ်​မခံခဲ့တဲ့ ဖခင်​တစ်​​ယောက်​ရဲ့ ​မိဘ​မေတ္တာ… ကျွန်​​တော်​တို့ ​တော်​​တော်​များများ ​ငွေကိုသည်းကြီးမည်းကြီးရှာ​နေကြချိန်​မှာ ​ပျော်​ရွှင်​မှုဆိုတာဘာလဲ ဘယ်​လိုအရာက မိမိကို​ပျော်ရွှင်​​စေတာလဲ မ​တွေးမိကြတာများပါတယ်​… ဒီဇာတ်​ကား​လေးက​နေ ​တော်​ရုံသတိပြုမိဖို့ခဲယဉ်းတဲ့ဖခင်​တစ်​​ယောက်​ရဲ့ချစ်​ခြင်းမေတ္တာရယ်​…​​​ပျော်​ရွှင်​မှုဆိုတာ ကြိုးစားသူတိုင်းအတွက်​ အလှမ်းမ​ဝေးဘူးဆိုတာရယ်​…ဘဝဆိုတာ ​”ဘုံလုံတစ်​လှည့် ငါးပျံတစ်​လှည့်” ဖြစ်​​တယ်​ဆိုတာ စိတ်​ကူးယဉ်​သက်​သက်​မဟုတ်​ပဲလက်​​တွေ့မှာပါ တကယ်​ရှိတယ်​ဆိုတာ တို့ကို…သာမန်​အ​ရောင်းသမား(Saleman) ​လေးဘဝက​နေ သန်းကြွယ်​သူ​ဌေးတစ်​​ယောက်​ဖြစ်​လာသည်​အထိ ခက်​ခက်​ခဲခဲ ရုန်းကန်​လှုပ်​ရှားခဲ့ရသူ Chris Gardner ရဲ့ဘဝကို​ inspired လုပ်​ပြီး ရိုက်​ကူးထားတဲ့ “The Pursuit of Happyness” ဆိုတဲ့ကား​လေးမှာ အထင်​အရှား​တွေ့ကြရမှာပါ… ဒီဇာတ်​ကား​လေးကို​တော့ Director Gabriele Muccino ကရိုက်​ကူးထားပြီးကျွန်​​တော်​တို့ရုပ်​ရှင်​ကြိုက်​သူ​တွေအားလုံးနဲ့ရင်းနှီးပြီးသားဖြစ်​တဲ့ မင်းသားကြီး Will Smith ကသရုပ်​​ဆောင်​ထားပါတယ်​… ထူးခြားမှုအ​နေနဲ့က ဒီဇာတ်​ကားထဲမှာ Chris Gardner(Will Smith) ရဲ့ သား​နေရာက​နေ သရုပ်​​ဆောင်​ထားသူက​တော့Will Smith ရဲ့ သားအရင်းဖြစ်​သူ Jaden Smith ပဲဖြစ်​ပါတယ်​…၈ နှစ်​အရွယ်​သာရှိ​သေးတဲ့ Jaden Smith ရဲ့ပထမဦးဆုံးပွဲဦးထွက်​ကားဖြစ်​​ခဲ့ပေမယ့်> MTV+TV awards(2007) :Breakthrough Performance ဆု> Phoenix Film Critics Society Awards(2006):Best Performance by a Youth ဆု> Teen Choice Awards(2007)ဆုတို့ရခဲ့တဲ့အပြင်​ အခြား Nominees ​ပေါင်းများစွာလဲ ဝင်​ခဲ့ပါ​သေးတယ်​…အနုပညာ​သွေးအခံရှိလို့ထင်​ပါရဲ့… မင်းသားကြီး Will Smith ကိုယ်​တိုင်​လဲ> Academy Awards,USA(Oscar)(2007): Nominated> Gloden Globe,USA(2007): Nominated တို့အပြင်​ အခြား Nominees ​ပေါင်းများစွာနဲ့ ဆု​တွေကိုလဲ ရ​ခဲ့​သေးတာဆို​တော့.. အချိန်​၂နာရီ​ပေးပြီးကြည့်​ရမှာ တကယ်​တန်​တဲ့ကား​ကောင်းတစ်​ကားလို့ညွှန်းလိုက်​ပါရ​စေ​ဗျာ…။ IMDb Rating(8.0)ထိရရှိထားပါတယ်။...

Murder Mystery (2023) ⭐TMDB: 40.0% User Score 🎬 #Crime 🗓 2023 🎞 Movie 🌎 #UnitedStates #China ⏰ 1 နာရီ 12 မိနစ် 42 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ကိုယ်လက်အင်္ဂါမပြည့်စုံတဲ့ အလောင်းတစ်ခုကို တွေ့ရှိခဲ့တဲ့အမှုက စပြီး ချုံးကျိုးက ကွင်းဆက်လူသတ်မှုတွေကိုဖြေရှင်းဖို့ ရဲအရာရှိချင်ဟာ ချုံကျိုးကို ရောက်ရှိလာခဲ့ပါတယ်။ အမှုအတွက် စုံစမ်းရင်းကနေ ယွမ်မိသားစုက ညီအငယ်ဆုံးယွမ်ကျားလျန်ကိုတရားခံအဖြစ် သံသယအရှိဆုံးမို့ သွားရောက်စစ်ဆေးမေးမြန်းခဲ့ပေမဲ့ယွမ်ကျားလျန်ဟာ ရဲအရာရှိချင်တို့ လာရောက်စစ်ဆေးမေးမြန်းပြီးရက်ပိုင်းမှာပဲ အသတ်ခံခဲ့ရပြီး အလောင်းကို ခြေလက်တွေ ခုတ်ဖြတ်ပြီး စွန့်ပစ်ထားတာကိုခံခဲ့ရပါတယ်။ သေဆုံးသူတွေ ဘယ်သူမှန်းသိရအောင် ဒီအင်န်အေ စစ်ရာမှအလောင်း ၂ လောင်းဟာ သွေးသွားရင်းချာအဖြစ်ပတ်သက်မှုရှိနေတဲ့အခါမှာတော့ ယွမ်ကျားလျန်ရဲ့သွေးသားရင်းချာ ၂ ယောက်ဖြစ်တဲ့ အစ်ကိုကြီး ယွမ်ကျားချန်နဲ့အစ်ကို ၂ ယွမ်ကျားယိတို့ကိုပါ စစ်ဆေးဖို့ ဖြစ်လာပါတော့တယ်။ ဒါပေမဲ့ ယွမ်ကျားချန်ဟာ လွန်ခဲ့တဲ့ ၂ နှစ်ကတည်းကစက်ရုံဂိုထောင်မီးလောင်မှုကြောင့် သေဆုံးသွားခဲ့ပြီးယွမ်ကျားယိကတော့ အစ်ကိုကြီးသေဆုံးသွားကတည်းကတောင်ပိုင်းမှာ အလုပ်သွားလုပ်ဖို့ ထွက်သွားရင်း အဆက်အသွယ်မရတော့တဲ့သူ ဖြစ်နေပါတယ်။ ရဲအရာရှိချင်တစ်ယောက် ကွင်းဆက်လူသတ်မှုတွေကိုဖော်ထုတ်ဖို့ ကြိုးစားရင်း လွန်ခဲ့တဲ့ ၂ နှစ်ကစက်ရုံဂိုထောင်မီးလောင်မှုကိုပါ အမှုတွဲပြန်လှန်ရတဲ့အခါဘယ်လိုအဖြစ်မှန်တွေ ထပ်မံပေါ်ထွက်လာဦးမလဲ လူသတ်တရားခံက လုံးဝထင်မထားတဲ့သူ ဖြစ်နေတဲ့အခါရဲအရာရှိချင်တစ်ယောက် လူသတ်သမားကိုဘယ်လိုဖော်ထုတ်မလဲဆိုတာကိုဆက်လက်ကြည့်ရှုခံစားပါ...

You Are So Not Invited to My Bat Mitzvah (2023) ⭐IMDB: 6.1/10 (2 k Votes) 🎬 #Comedy 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 44 မိနစ် 5 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 You Are So Not Invited to My Bat Mitzvah (2023) ဒီကားလေးကတော့ လတ်တလော Rotten Tomato မှာ Rating 95% ရနေတဲ့ ဟာသကားလေးပါပဲ။မင်းသားကြီး Adam Sandler နဲ့ သူ့ရဲ့ မိန်းမ၊ သူ့ရဲ့သမီးတွေ မိသားစုလိုက် ပါဝင်သရုပ်ဆောင်ထားတာပါပဲ။သူ့ရဲ့မိန်းမနဲ့သမီးတွေဆိုပေမဲ့ အကုန်လုံးက အရင်ကတည်းက အောင်မြင်ပြီးသား သရုပ်ဆောင်၊မော်ဒယ်တွေမို့ အခုရုပ်ရှင်မှာမှ ပွဲထုတ်တာမျိုးတော့မဟုတ်ပါဘူး။ဒီကားက Are You There God? It’s Me, Margaret နဲ့အတော်လေးကို ပုံစံဆင်တူပြီး၊Anne with an E တို့လို ကလေးဘဝကနေ အရွယ်ရောက်တဲ့အချိန်အကြောင်း ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ရိတ်တင် ကောင်းရတဲ့အချက်ကတော့ အဖေလုပ်တဲ့သူနဲ့ သမီးတွေ အရမ်း သဘာဝကျကျ လိုက်ဖက်ညီနေတာဖြစ်ပြီး ဇာတ်လမ်းလေးကလည်း ချစ်ဖို့ကောင်းနေတာပါပဲ။ဒီတော့ မိန်းကလေး အချစ်ဆုံးသူငယ်ချင်းတွေကြားကအဖြစ်အပျက်တွေ မိသားစုကြားကအဖြစ်အပျက် ဒရမာ ဟာသမျိးတွေ ကြိုက်တတ်သူတွေအတွက် လက်လွတ်မခံသင့်တဲ့ ရုပ်ရှင်ပါပဲ။ ဇာတ်လမ်းအကျဉ်း စတေစီဆိုတဲ့ကောင်မလေးဟာ ဂျူးမိသားစုဝင်တစ်ယောက်ပါပဲ။ဂျူးတွေမှာ ဘာသာရေးအရ ၁၃ နှစ်ပြည့်ပြီးဆိုရင် Bat Mitzvah ဆိုတဲ့အခမ်းအနားကျင်းပပြီး လူကြီးအဖြစ်သတ်မှတ်ခံရပါတယ်။အဲဒီနေ့ဟာ ဂျူးတိုင်းအတွက် အရေးအကြီးဆုံးနေ့ပါပဲ။လူငယ်လေးတွေအနေနဲ့လည်း သူတို့ရဲ့ Bat Mitzvah နေ့ကို အပြီးပြည့်စုံဆုံးဖြစ်ဖို့ ကိုယ်စီ စိတ်ကူးတွေယဉ်ကြတာပါ။အစဉ်အလာအရ ဘုရားကျောင်းမှာ ကုသိုလ်တစ်ခုလုပ်ရမယ်၊ တိုရာကျမ်းစာရွတ်မယ်၊ မိန့်ခွန်းတစ်ခုပြောမယ်၊ညကျရင် ပါတီအကြီးအကျယ်ဆင်နွှဲရပါတယ်။စတေစီဟာလည်း သူ့ရဲ့ Bat Mitzvah နေ့အတွက် သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်း လစ်ဒီယာနဲ့ ပြင်ဆင်ပြီး စိတ်ကူးတွေယဉ်နေခဲ့တာကြာပါပြီ။ဒါပေမဲ့ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ကကြားကို ကောင်လေးတစ်ယောက်ရောက်လာပြီးBat Mitzvah နေ့မတိုင်ခင်မှာပဲ စိတ်ဝမ်းကွဲသွားကြပါတော့တယ်။တော့ သူတို့အပြန်အလှန်ကူညီဖို့ စီစဉ်ထားတဲ့ Bat Mitzvah တွေမှာဘယ်လိုဖြစ်လာမလဲဆိုတာ…. အညွှန်း နဲ့ ဘာသာပြန်ကတော့Mr.Andersonပဲ ဖြစ်ပါတယ်။...

Red Ball (2015) ⭐IMDB: 5.5/10 (16 Votes) 🎬 #Adult #Drama 🗓 2015 🎞 movie 🌎 #Japan ⏰ 1 နာရီ 49 မိနစ် 8 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အသက်ကြီးပေမယ့် မပျက်စီးသေးတာကို သက်သေပြချင်နေတဲ့ ဒါရိုက်တာတိုကီတာ ကတော့အနုပညာကျောင်းမှာ ပရော်ဖက်ဆာအဖြစ် ကျောင်းဆရာလုပ်နေရင်းနဲ့သူ့ဘဝရဲ့နောက်ဆုံးရုပ်ရှင်ကားကို အောင်မြင်အောင်ရိုက်ကူးချင်နေခဲ့ပါတယ်။ ဒါပေမဲ့ အသက်အရွယ်အရရော ခေတ်အနေအထားအရရော မတူညီတာကြောင့်အဆင်မပြေဖြစ်နေတဲ့ တိုကီတာဘဝထဲကို ဆယ်ကျော်သက်ကျောင်းသူလေး ရီဆူကိုဝင်ရောက်လာခဲ့ပါတယ်။ ရီဆူကို က ဇာတ်ညွှန်းရေးတဲ့နေရာမှာလည်း ကူညီပေးနိုင်သလိုအထီးကျန်ပြီးငတ်မွတ်ဆာလောင်နေတဲ့လူအိုကြီးတစ်ယောက်ရဲ့ဆန္ဒကိုလည်း ဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ အတန်းသားတွေစုပေါင်းပြီး ရုပ်ရှင်ရိုက်ကူးဖို့ ပြင်ဆင်တဲ့အချိန်မှာပြသာနာတွေတစ်ခုပြီးတစ်ခု ပေါ်လာခဲ့ပါတော့တယ်။အရမ်းကိုအပြာကားဆန်လွန်းတယ်ဆိုပြီး စိုးရိမ်နေရတဲ့တိုကီတာရဲ့ဇာတ်ညွှန်းကရော ဘယ်လိုဖြစ်သွားမလဲ ? တိုကီတာနဲ့ ရီဆူကိုတို့ရဲ့ဇာတ်လမ်းကရော ဘယ်လိုဇာတ်သိမ်းကြမလဲဆိုတာကိုတော့ ဆက်ကြည့်လိုက်ပါဦးနော်…....

Pizza 3: The Mummy (2023) ⭐IMDB: 5.3/10 (116 Votes) 🎬 #Bollywood #Drama #Horror #Thriller #Uncategorized 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 19 မိနစ် 43 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Pizza 3: The Mummy (2023)IMDb-7.0/10 နာမည်ကျော် အိန္ဒိယသဲထိတ်ရင်ဖိုကားတွေဖြစ်တဲ့ ပီဇာရဲ့သုံးကားမြောက်ထွက်ရှိလာပါပြီ။ပထမနှစ်ကားနဲ့ချိတ်ဆက်မှုမရှိပဲ သူ့ချည်းသက်သက်ကြည့်လို့ရပါတယ်။အခုတင်ဆက်ပေးမယ့်ကားကတော့ မံမီပေါ့။မံမီရုပ်တခုကနေ စတဲ့ဇာတ်လမ်း။ သရဲတစ္ဆေတွေဆိုတာ တကယ်ရှိတာလား မရှိတာလားဆိုတာအငြင်းပွားစရာပြဿနာတစ်ခုလိုပဲ။မြင်ဖူးတွေ့ဖူး ကြားဖူးတယ်ဆိုပြီး သရဲတစ္ဆေတကယ်ရှိတယ်လို့ လက်ခံကြသူနဲ့မဟုတ်တာတွေ ပေါက်တတ်ကရဆိုပြီး လက်မခံကြသူတွေကြားမှာ အဖြေမယ်မယ်ရရရှာမတွေ့နိုင်သေးတဲ့မေးခွန်းတခုပေါ့။ မကောင်းဆိုးဝါးဝိညာဉ်တွေကို ဖိတ်ခေါ်နိုင်တဲ့ ရှေးဟောင်းအီဂျစ်မံမီရုပ်အသေးလေးတခုရှိခဲ့တယ်။အဲဒီမံမီရုပ်က ရှေးခေတ်အီဂျစ်ဘုရင်မက သူ့အင်ပါယာပတ်ဝန်းကျင်မှာရှိတဲ့မကောင်းဆိုးဝါးစွမ်းအင်တွေအကုန်ထည့်ပြီး သွင်းလုပ်ခဲ့တယ်။အဲဒီမံမီရုပ်ကို မမျှော်လင့်ပဲ နာလန်ရဲ့စားသောက်ဆိုင်မှာတွေ့ခဲ့ရတဲ့အခါမှာတော့။ပိတ်ရက်မှာ အပန်းဖြေရင်း ကြောက်လန့်မှုအရသာကိုခံစားလိုက်ကြပါဦး။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Moon~YH~Yunniတို့ပဲဖြစ်ပါတယ်)...

The White Storm 3: Heaven or Hell (2023) ⭐IMDB: 5.8/10 (228 Votes) 🎬 #Action #Crime #Drama 🗓 2023 🎞 movie 🌎 #China #HongKong ⏰ 2 နာရီ 5 မိနစ် 37 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The White Storm ရဲ့တတိယမြောက်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဒီကားမှာတော့ အရင်ဇာတ်ကားကမင်းသားကြီးဖြစ်တဲ့Louis Kooတစ်ယောက်ပဲပြန်ပါလာပြီးမင်းသားကြီး Aaron Kwok နဲ့ Sean Lau တို့ထပ်ပါဝင်လာပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ဟောင်ကောင်ရဲ့မူးယစ်ရာဇာကြီးခန်းစုချိုင်းဟာ ဟောင်ကောင်မှာမရှုမလှနှိမ်နင်းခံရတဲ့အတွက် အသက်ဘေးလွတ်မြောက်အောင်ပြေးရင်းရွှေတြိဂံဒေသ ထိုင်းမြန်မာနယ်စပ်မှာ အခြေချနေရပါတယ်။ နိုင်ငံတကာဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် လက်နက်ကိုင်တပ်ကကြီးစိုးတဲ့ဘိန်းချက်တဲ့ရွာမှာပဲ လုပ်ကိုင်နေရင်း ရွှေတြိဂံဒေသကိုကြီးစိုးနိုင်ဖို့ ကြံစည်ပါတယ်။ထိုင်းကိုလွတ်မြောက်သွားတဲ့ မူးယစ်ရာဇာကြီးကိုဘယ်လိုပြန်ဖမ်းကြမလဲဆိုတာကိုတင်ဆက်ပြထားတာပဲဖြစ်ပါတယ်။ မင်းသားကြီးတွေရဲ့ အက်ရှင်တွေအိုက်တင်တွေကပြောစရာမရှိအောင်ပါပဲဆိုတဲ့အတွက်မူးယစ်ဂိုဏ်းသူလျိုကားတွေကိုကြိုက်နှစ်သက်တဲ့အက်ရှင်ပရိသတ်ကြီးအတွက် ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။...

Too Beautiful to Lie (2023) ⭐IMDB: 6.4/10 (14 Votes) 🎬 #Comedy #Romance 🗓 2023 🎞 movie 🌎 #China ⏰ 1 နာရီ 46 မိနစ် 16 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 လူလိမ်မလေးနဲ့ သားလိမ္မာငအူလေးတို့ရဲ့ ပေါ့ပေါ့ပါးပါးဟာသအချစ်ဇာတ်လမ်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ရုပ်ကလေးနဲ့မလိုက်အောင်လိမ်တတ်တဲ့ လူလိမ်မလေးနဲ့သားလိမ္မာငအူလေးတို့ဟာ ခရီးသွားရင်သင်္ဘောပေါ်မှာတွေ့ခဲ့ကြပြီးအခြေနေတွေကြောင့် လူလိမ်မလေးကငအူလေးရဲ့သတို့သမီးလောင်အဖြစ်အထင်မှားခံရပါတယ်။ ဖန်းမိသားစုရဲ့နွေးနွေးထွေးထွေး အလေးပေးချင်းကိုခံရပါတယ်။ငအူလေးက လူလိမ်မလေးရဲ့လိမ်ညာစကားတွေကိုဖော်ပြီးမိသားစုရဲ့ယုံကြည်မှုပြန်ရနိုင်ဖို့ လူလိမ်မလေးနဲ့ ဉာဏ်ရည်ချင်းပြိုင်ရတော့တာပေါ့။လူလိမ်မလေးနဲ့ ငအူလေးရဲ့တိုက်ပွဲကိုအခွီလေးတွေနဲ့ပေါ့ပေါ့ပါးပါးတင်ဆက်ပေးလိုက်ပါတယ်။...

The Moon (2023) ⭐IMDB: 7.1/10 (6 k Votes) 🎬 #Adventure #Drama #SciFi #ScienceFiction 🗓 2023 🎞 movie 🌎 #SouthKorea ⏰ 2 နာရီ 9 မိနစ် 37 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Moon(2023) **************** ဒီကားဟာ BO ဝင်ခဲ့သလို ဝေဖန်ရေးဆရာတွေကြားမှာလည်း ကောင်းမွန်တဲ့ မှတ်ချက်တွေရရှိခဲ့တဲ့ ရုံကားဖြစ်ပါတယ်….ဘက်ဂျက်တွေအများကြီးသုံးခဲ့ပြီး CGI တွေလည်း တော်တော်ကိုကောင်းမွန်ပါတယ် ..ပြသချိန် ၂နာရီကျော်အတွင်းလုံးဝ ပျင်းစရာမကောင်းဘဲ စ/ဆုံး ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာဖြစ်ပါတယ်…ကိုရီးယားတွေဟာ လကမ္ဘာကိုတက်ဖို့ ကြိုးစားခဲ့တုန်းက ပျက်စီးမှုတွေများပြားလွန်းတဲ့အပြင် ပါသွားတဲ့အာကာသယာဉ်မှူး ၃ယောက်အသက်ဆုံးရှုံးခဲ့ပါတယ်…ဒီနောက်ဆက်တွဲအကျိုးဆက်ကတော့ အာကာသအဖွဲ့ဝင်တွေနိုင်ငံကနေ ထုတ်ပယ်ခံရတဲ့အထိဖြစ်ခဲ့ပါတယ်.. သို့ပေမဲ့ ကိုရီးယားသိပ္ပံပညာရှင်တွေနဲ့အင်ဂျင်နီယာတွေဟာလက်မလျှော့ခဲ့ပါဘူး…စမ်းသပ်မှုအကြိမ်ကြိမ်ကနေ အမှန်တွေပြင်ဆင်ရင်း အထူးအာကာသယာဉ်မှူး(၃)ယောက်နဲ့ လကမ္ဘာပေါ်ကိုထပ်မံခြေချဖို့ကြိုးစားပါတော့တယ်… သူတို့အောင်မြင်မလား ဘယ်လိုအခက်အခဲတွေရင်ဆိုင်ရမလဲဆိုတာကိုတော့ ….. A List သရုပ်ဆောင်တွေချည်းပါတဲ့အပြင် imdb ရော အခြားကောင်းမွန်တဲ့ review တွေကြောင့် ထွေထူးတော့မညွှန်းတော့ပါဘူး…...

Reply 1997 (2012-2013) ⭐IMDB: 7.9/10 (2 k Votes) 🎬 #Comedy #Drama #Romance 🗓 2012-2013 🎞 tv series 🌎 #SouthKorea ⏰ 1 နာရီ 10 မိနစ် 33 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Reply 1997 {Complete}Reply စီးရီးတွေကတော့ ကိုရီးယားဒရာမာလောကမှာနာမည်ကြီး စီးရီးတွေပဲ ဖြစ်ပါတယ်။ ၁၉၉၀ နားတဝိုက်မှာ မွေးဖွားခဲ့တဲ့သူတွေရဲ့ဘဝဖြတ်သန်းပုံတွေကို အခြေတည်ပြီး ရိုက်ကူးထားတဲ့ဇာတ်လမ်းတွဲတွေပဲ ဖြစ်ပါတယ်။၁၉၉၀ ခုနှစ်ရဲ့ အငွေ့အသက်တွေကနွေးထွေးမှု ပိုရှိတယ်လို့ ခံစားရပါတယ်။နည်းပညာတွေ အရမ်းမဖွံ့ဖြိုးခဲ့သေးတဲ့အချိန်ဖြစ်ခဲ့တော့ လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ ဆက်ဆံရေးဟာပိုမိုနွေးထွေးခဲ့ကြပါတယ်။ ပိုမိုရင်းနှီးခဲ့ကြပါတယ်။ဒီဇာတ်လမ်းမှာ အခြေတည်ထားတာက‌တော့“သူငယ်ချင်း” ဆိုတဲ့ စကားရပ်ပါပဲ။Reply 1997 ရဲ့ ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ။ဘူဆန်မြို့က သူငယ်ချင်း ၆ ယောက်ရဲ့ ၁၈ နှစ်အရွယ်ဘဝတွေကို အခြေတည်ပြီး ရိုက်ကူးထားတာပါ။၂၀၁၂ ခုနှစ် မှာတော့ ၃၃ နှစ် အရွယ်ကို ရောက်ရှိနေကြပြီပဲ ဖြစ်ပါတယ်။သူငယ်ချင်းဟောင်းတွေ ပြန်လည်တွေ့ဆုံပြီးညစာစားပွဲ ပြုလုပ်တဲ့အချိန်မှာ စုံတွဲတစ်တွဲကသူတို့လက်ထပ်ကြတော့မယ့်အကြောင်း ကြော်ငြာကြတဲ့အချိန်မှာ …..ကဲ …… ၉၀ ခုနှစ် အလွန်တွေကို သတိရတမ်းတစိတ်တွေနဲ့ ပြန်သွားလိုက်ကြရအောင်ပါဗျာ။ဘာသာပြန်ထားသူတွေကတော့August, Phue Nge Nge Thein, Naw Phoo, Dolly, Pyae Shan Tun Wai, YK, MTA, THAW, Hnin Wut Yi, Htoo Htoo Ka Joe, Charm Wave တို့ပဲ ဖြစ်ပါတယ်။...

Reply 1994 (2013-2013) ⭐IMDB: 7.7/10 (2 k Votes) 🎬 #Comedy #Drama #Romance 🗓 2013-2013 🎞 tv series 🌎 #SouthKorea ⏰ 1 နာရီ 11 မိနစ် 53 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Reply 1994Reply 1994  ကဲ.. CM က အချစ်တို့ရေ…..90 နှစ်ပိုင်းတွေကို မလွမ်းကြဘူးလား…ဒါမှမဟုတ် ဘယ်လိုလေးများလဲလို့ မသိချင်ကြဘူးလား..အဖြေက Yes! ဆိုရင်တော့…ဒီ Reply 1994 စီးရီးလေးကို လက်လွှတ် မခံသင့်တာ သိပ်သေချာသွား​ပြီပေါ့… ၉ဝ ခုနှစ် ဝန်းကျင်က အသိုင်းအဝိုင်း … ပတ်ဝန်းကျင်…. လူ့သဘောထား…ဒါတွေဟာ ခုခေတ်နဲ့ လားလားမှ မတူတာမို့…အတိတ်ဟောင်းတွေ ကို ပြန်ငဲ့ ကြည့်မိသလိုနွေးနွေးထွေးထွေးလေး ခံစားရမှာနော်…( ငယ်ချစ်ဟောင်းတွေ ပြန်တွေးမိရင်တော့ တာဝန် မယူပါကွယ်… ) အထူးသဖြင့် ဒီစီးရီး​​လေးဟာ..​..နယ်ပေါင်းစုံကနေ ​လာနေရင်းကျောင်းတက် ရသူတွေ အတွက် တစ်ထပ်တည်းကျလွမ်းဆွေးခွင့်ရမယ့်ကားလေးဆိုရင် မမှားဘူးရယ်…ဘော်ဒါ​နေ အဆောင်သူ အဆောင်သားတို့ ရဲ့ သဘာဝ….အချစ်ဦးဆိုတာကို အဲ့ဒီ​ခေတ်က လူငယ်တွေ ဘယ်လို မျိုးသဘောထားကြလဲ…အဲ့ဒီခေတ်အခါက လူ့သဘော… လူ့အကြိုက်…အထူးသဖြင့် လူငယ်တွေရဲ့ သဘာဝကို ဟာသလေးနှောပြီးရယ်ရယ်မောမော နဲ့ လွမ်းလွမ်းဆွေးဆွေးကြည့်ခွင့်ရမယ့် ကားကောင်းလေးဆိုတာကိုတော့.. ရဲရဲ ကြီး အာမခံပါတယ်… ဇာတ်လမ်းလေးကတော့ ဒီလိုပါတဲ့ကွယ်..၂၀၁၃ခုနှစ် မှာ..အိမ်ပြောင်းရင်း ပစ္စည်းတွေ နေရာချထားနေတဲ့..အိမ်ရှင်မ​​လေး နာဂျောင်းဟာ..အမှတ်မထင်​တွေ့တဲ့ သူမရဲ့ မင်္ဂလာပွဲဗီဒီယို​လေး ကို ​ပြန်ကြည့်ဖြစ်ပါသတဲ့…အဲ.. ဒီမှာ စဥ်းစားစရာဖြစ်လာတာက..သူ့ခင်ပွန်းသည် ကိုတော့ မပြဘဲ မြုပ်ထားတာရယ်…..ဒီတော့.. ၁၉၉၄ ခုနှစ်ရဲ့.. ရှင်းချွန်း ဘော်ဒါဆောင်လေးကအဆောင်သူ အဆောင်သားတို့ရဲ့ အ​ဖြစ်အပျက်ဇာတ်လမ်း​လေး တွေကို ကြည့်ရင်း…အဓိက မင်းသမီး နာဂျောင်းလေးရဲ့ ခင်ပွန်းသည်ကဘယ်သူ ဖြစ်မလဲ ဆိုတာ.. လိုက်ခန့်မှန်းရင်း..၉၀ ခုနှစ်က ဘဝ လေးတွေ ထဲကိုCM က အချစ်တို့ လည်း အတူတူ အလွမ်းပြေ စီးမျောကာ…ပါဝင်ခံစားကြည့်​ကြရအောင်….. Review ကိုတော့ Naw Phoo က ရေးသားပေးထားပြီး ဘာသာပြန်တွေကတော့ August, Hein That Naing, YK, Pyae Shan Tun Wai, Charm Wave,Htoo Htoo Ka Joe, Thaw, Dolly, MTA,Naw Phoo,Phu Nge Nge Thein, Hnin Wut Yi, Shoon Thu Thu Chain  တို့ပဲ ဖြစ်ကြပါတယ် Encodedy by August...

Reply 1988 (2015-2016) ⭐IMDB: 9.2/10 (9 k Votes) 🎬 #Comedy #Drama #Family #Romance 🗓 2015-2016 🎞 tv series 🌎 #SouthKorea ⏰ 1 နာရီ 38 မိနစ် 39 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Reply 1988Reply 1988 ReviewReply စီးရီးတွေထဲမှာ လူကြိုက်အများဆုံး ဇာတ်လမ်းတွဲပါ။ Reply စီးရီးတွေက စုစုပေါင်း ၃ ခု ရှိပါတယ်။Reply 1997, Reply 1994 နဲ့ Reply 1988 တို့ပါ။ပထမနှစ်ကားကတော့ Channel Myanmar မှာ တင်ခဲ့ပြီးပါပြီ။ဒါကတော့ Reply စီးရီးတွဲတွေရဲ့ နောက်ဆုံးတွဲပါ။၁၉၉၀ ဝန်းကျင်နားတဝိုက်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းတွဲတွေကို ဘာလို့ လူကြိုက်များရတာလဲဆိုတော့ …. ၂၀၀၀ အလွန် ခေတ်တွေထက်စာရင် လူသားပိုဆန်ခဲ့ကြလို့ပါပဲ။ဒီဂျစ်တယ် နည်းပညာ ခေတ်မစားခင် အချိန်ကာလက ဖြစ်တဲ့အတွက် လူလူချင်း ပိုပြီး ရင်းနှီးခင်မင်ခဲ့ကြပါတယ်။ဒါတွေဟာ ပြန်တွေးကြည့်ရင် လွမ်းမောစရာတွေပါပဲ။ယခင် Reply ဇာတ်လမ်းတွဲတွေနဲ့ မတူတဲ့အချက်ကတော့အချစ်ဇာတ်လမ်းကို အနည်းငယ်သာ ထည့်ထားပြီးတော့ ဆိုးလ်မြို့ ဆန်းမွန်ဒုံ ရပ်ကွက်က မိသားစု ၅ စု ရဲ့ အကြောင်းကို ဇာတ်လမ်းဆင်ပြီး ရိုက်ပြထားတာပါ။မိသားစုအကြောင်းကို အလေးထား တင်ပြထားတာပဲ ဖြစ်ပါတယ်။ဒါကြောင့်လည်း ဒီဇာတ်လမ်းကို ကြည့်မိသူတိုင်း မျက်ရည်လည်ရွဲ ဖြစ်ကြရတာပါ။သူတို့မိသားစုတွေရဲ့ကြားက ဆက်နွယ်မှုတွေ ဇာတ်လမ်းတွေကို ချိတ်ဆက်ထားပြီး ဇာတ်လမ်းဇာတ်အိမ် ခိုင်ခိုင်မာမာနဲ့ ၁၉၉၀ ဝန်းကျင်က လူနေမှုစရိုက်တွေကို လွမ်းမောဖွယ် ပြန်လည်ခံစားကြရဦးမှာပါ။ဒီဇာတ်လမ်းထဲက ချွဲထက် ရဲ့ ဇာတ်ကောင်စရိုက်ကတော့ အပြင်မှာ ရှိတဲ့ ဂိုး ကစားသမား လီချန်းဟို ကို အခြေတည်ပြီး ရိုက်ကူးထားတာလို့ ဆိုပါတယ်။Reply စီးရီးတွေရဲ့ ဒါရိုက်တာ ရှင်းဝန်ဟီး နဲ့ ဇာတ်ညွှန်းရေးဆရာ လီဝူဂျောင်းတို့ အတွဲညီညီနဲ့ ရိုက်ကူးပြီး အောင်မြင်ခဲ့တဲ့ ဇာတ်လမ်းတွဲ နှစ်ခု ရှိပါသေးတယ်။Prison Playbook နဲ့ Hospital Playlist တို့ပါပဲ။မျှော်လင့်စရာရှိတာကတော့ Hospital Playlist ကို Season 2 ရိုက်ကူးဖို့ စီစဉ်နေပြီ ဆိုတဲ့ သတင်းပါပဲ။Channel Myanmar ကတော့ Reply စီးရီးတွေကို အကုန် တင်ထားခဲ့ပေးပါပြီ။၁၉၉၀ ဝန်းကျင် နှစ်များဆီကို အလည်တစ်ခေါက်လောက် သွားကြရအောင်ပါ။Review ကိုတော့ August က ရေးသားပေးထားပါတယ်။ဘာသာပြန်တွေကတော့ August, YK, Pyae Shan Tun Wai, Thinzar Htet,Htoo Htoo Ka Joe, Thaw, Dolly,MTA, Naw Phoo, Phu Nge Nge Thein,Jerrica, Thet Hnin Su, Hnin Wut Yi တို့ပဲ ဖြစ်ကြပါတယ်။Encoder – August...