uk
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закритий канал

🚩 Channel was restricted by Telegram

Показати більше
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
Super/Man: The Christopher Reeve Story (2024) ⭐IMDB: 8.1/10 (5 k Votes) 🎬 #Biography #Documentary #Drama 🗓 2024 🎞 movie 🌎 #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 44 မိနစ် 42 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဒိုကူမန်ထရီက စူပါမန်းသရုပ်ဆောင် ခရစ္စတိုဖာရိဗ်အကြောင်းပါ။ ခရစ္စတိုဖာရိဗ်ဟာ စူပါမန်းမင်းသားအနေနဲ့‌ ကျော်ကြားခဲ့သလို မြင်းပေါ်က ပြုတ်ကျပြီး လည်ပင်းကျိုးရာကနေ သွက်ချာပါဒါလိုက်ပြီး သေသည်အထိ လည်ပင်းအောက်ပိုင်း လုံးဝလှုပ်မရတော့ဘဲ ဖြစ်သွားတဲ့ သတင်းနဲ့ ပတ်သက်ပြီးလည်း နာမည်ကျော်ခဲ့ပါတယ်။ သူတို့ဆီမှာတော့ ခရစ္စတိုဖာရိဗ်ဟာ သွက်ချာပါဒဖြစ်သွားပြီးနောက်ပိုင်းတောင် မသန်မစွမ်းအရေး သွက်ချာပါဒရောဂါသည်အရေး လှုပ်ရှားမှုတွေနဲ့ တော်တော်လေး လူသိပိုများခဲ့ပါတယ်။ နောက် ကျွန်တော်ပဲ ပိန်းလို့လားမသိပေမဲ့ သူ့စူပါမန်းကားကိုရော သူ့စူပါမန်းကာရိုက်တာကိုရော သမိုင်းမှတ်တိုင်တစ်ခုအဖြစ် မမြင်ခဲ့မိဘူး။ ဒါပေမဲ့ ဒီရုပ်ရှင်မှာတော့ စူပါမန်းရုပ်ရှင်ဟာ သမိုင်းဝင်ခဲ့သလို ရိဗ်ကလည်း အပြင်မှာပါ စူပါမန်းအနေနဲ့ နာမည်ကျော်ခဲ့တာကို သိခဲ့ရတယ်။ ပြောရရင် ရိဗ်ရဲ့ စူပါမန်းဟာ သူ့ခေတ်သူအခါက အကျော်ကြားဆုံးဖြစ်ခဲ့ပါတယ်။ ဒီလိုလူတစ်ယောက်က သွက်ချာပါဒလုံးလုံးဖြစ်သွားတဲ့နောက် အမြင့်ကြီးကနေ ဟိုးအောက်ဆုံးထိုးကျသွားတဲ့ ဖြတ်သန်းမှုကို ဒီဒိုကူမန်ထရီမှာ ကျွန်တော်တို့မြင်ရမှာပါ။ ထူးခြားတာက ဒီရုပ်ရှင်မှာ ခရစ္စတိုဖာရိဗ်ရဲ့ ဖြစ်တည်မှုအဓိပ္ပာယ်နဲ့ ချစ်ခြင်းသံယောဇဉ်အပေါ် ခံယူချက်တွေက ဒီကာလ၂ခုကြားပြောင်းလဲသွားတာကို ရိဗ်ကိုယ်တိုင် သေချာပြောပြထားတာပါပဲ။ ရိဗ်ဟာ ဒီမတော်တဆမှုမတိုင်ခင်မှာ ရုပ်ပိုင်းကို အလေးထားလွန်းသူဖြစ်ခဲ့ပေမဲ့ ဒီမတော်တဆမှုနောက်ပိုင်းမှာ စိတ်ပိုင်းကို ပိုအလေးထားတဲ့သူဖြစ်လာပါတယ်။ ချစ်ခြင်းသံယောဇဉ်တွေနဲ့ပတ်သက်ပြီး သူ့အမြင်ကလည်း တော်တော်လေးပြောင်းလဲလာခဲ့တယ်။ ဖြတ်သန်းမှုကိုလိုက်ပြီး အမျိုးမျိုးဖြစ်နေတဲ့ ပုံသေတွက်မရတဲ့ ဒီဖွင့်ဆိုချက်တွေဟာ ဗုံးဗုံးကျသွားတဲ့ ရိဗ်အခြေအနေနဲ့ အရင်ကအခြေအနေကြား လူသားပိုဆန်လာတယ်ပြောရမယ်။ ဒါပေမဲ့လည်း ဒီအတွေးအခေါ်တွေကို ဒီလိုအခြေအနေမှာမှ ပြောင်းလဲသွားတာက ဒီအတွေးအခေါ်တွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဘာသာ ကျွန်တော်တို့ပြန်ဆန်းစစ်ကြည့်ချင်ရင် အခြေအနေတွေကို ထည့်တွက်ရတဲ့ ဖြစ်ရပ်ကို ပိုထင်ရှားလာစေတဲ့အချက်ကို ကျွန်တော်‌တော့ တော်တော်သဘောကျပါတယ်။ ဒီဒိုကူမန်ထရီက ခရစ္စတိုဖာရိဗ်ရဲ့ ကောင်းကြောင်းချည်းရိုက်ထားတဲ့ ရုပ်ရှင်ပေမဲ့ တစ်ဘက်တစ်လမ်းမှာ ကျွန်တော်တို့ မြင်နေရတာတွေမှာ ရိဗ်ရဲ့ ကောင်းကျိုးဆောင်တဲ့လုပ်ရပ်ဆန်တာတွေမှာတောင် သူ့အတ္တကထင်းနေသလိုဖြစ်နေတော့ တစ်ဘက်တစ်လမ်းက မြင်ကြည့်ချင်လည်းရပါတယ်။ ဒါပေမဲ့လည်း လုံးဝအတ္တကင်းတဲ့ ကောင်းကျိုးဆောင်တဲ့လုပ်ရပ်မရှိတာလားတော့ မသိလေတော့ သိပ်တော့မဆိုးသေးဘူးပြောရမှာပါပဲ။ တခြားအချက်တွေလည်းရှိပါတယ်။ ဒီဒိုကူမန်ထရီဟာ လူတစ်ယောက်ရဲ့ကောင်းကြောင်းကို ရိုက်ပြထားတဲ့ဗီဒီယိုပေမဲ့ ဒါရိုက်တာရဲ့အတတ်ပညာလား ဒီတိုင်းပဲဖြစ်သွားတာလေလားမသိနိုင်ပေမဲ့ သူ့ရဲ့တခြားဘက်ခြမ်းကိုပါ ကျွန်တော်တို့ တွေးဆကြည့်လို့ရမှာပါ။ ကြည့်သင့်တဲ့ ဒိုကူမန်ထရီပါပဲ။
...

Slackers (2002) ⭐TMDB: 51% User Score 🎬 #Comedy #Romance 🗓 2002 🎞 movie 🌎 #Canada #UnitedStatesofAmerica ⏰ 1 နာရီ 27 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Imdb rating – 5.3/10 ဒီကားလေးကတော့ ၂၀၀၂ခုနှစ်တုန်းကထွက်ထားတဲ့ အချစ်ဟာသကားလေးပါ။ high school movie တွေ Campus movie တွေ ကြိုက်တတ်ရင် ကြည့်သင့်တဲ့ကား။လေးပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ – ဒေ့ဗ်တို့သူငယ်ချင်းသုံးယောက်က ပထမနှစ်ကတည်းက သူမတူတဲ့နည်းလမ်းတွေနဲ့ စာခိုးချတဲ့သူတွေပါ။ နောက်ဆုံးနှစ် နှစ်၀က်စာမေးပွဲမှာ ဒေ့ဗ် သူငယ်ချင်းဖြစ်သူဆမ်အတွက် မေးခွန်းခိုးပေးရင်း ကောင်မလေးတစ်ယာက်ကိုဖွန်ကြောင်လိုက်ရာမှစပြီး ပြဿနာတက်ပါတော့တယ်။ ကောင်မလေးကို ကြိုက်နေတဲ့ ဆိုက်ကိုဂိခ်ကောင် အီသန်က အငြိုးထားပြီးခြိမ်းခြောက်လို့ အီသန် စော်လိုက်တာကို ကူညီပေးဖို့ဖြစ်လာပါတော့တယ်။ ဒေ့ဗ်က ကောင်မလေးကို တကယ်ချစ်သွားတဲ့အခါ တဖက်ကလည်း ကျောင်းထုတ်ခံရမယ့်အကွက် တဖက်ကလည်းချစ်သူပစ်ခံရမယ့်အကွက်နဲ့ ဘယ်လိုနှစ်ပါးသွားဆက်ကမလဲ ရီရီမောမောကြည့်ရှုနိုင်မှာပါ။ ( အ၀တ်ဗလာဇာတ်၀င်ခန်းတချို့ပါပြီးစကားလုံးအချို့ သုံးနှုန်းမှုကြမ်းတမ်းပါသည်။)
...

Godday Godday Chaa (2023) ⭐IMDB: 7.1/10 (591 Votes) 🎬 #Bollywood #Comedy #Drama #Family 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 9 မိနစ် 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Godday Godday Chaa (2023)“ပန်ချာပီမင်္ဂလာဆောင်” ၁၉၉၀ ကာလက ပန်ချာပီလူမျိုးတွေရဲ့ ပေါ့ပေါ့းပါးပါးဘဝနေထိုင်မှုနဲ့ ဓလေ့ထုံးတမ်းတွေအကြောင်းရိုက်ကူးထားတဲ့ ပန်ဂျာဘီဇာတ်ကားလေးကို တင်ဆက်လိုက်ပါတယ် သူတို့ရွာမှာ ပညာသင်ဖို့ထက် ယောကျ်ားလေးဆိုရင်အိမ်ထောင်ပြုပြီး လယ်ယာလုပ်ဖို့ရယ် မိန်းကလေးဆိုရင်လည်းအိမ်ထောင်ပြုပြီး အိမ်မှုကိစ္စလုပ်ဖို့ရယ်ပဲ အားပေးတဲ့ကာလ ဘက်ဂါက လူကြီးဆုံရာတွေ့တဲ့အချိန်မှာထွက်ပြေးသွားတဲ့ ညီဖြစ်သူကြောင့်အစားထိုးမင်္ဂလာဆောင်ရမယ့်လူ ရာနီကလည်း ဘွဲ့တစ်ဘွဲ့ရပြီး မဟာဆက်တက်ချင်ပေမယ့်လို့အိမ်ကယောကျ်ားအတင်းပေးစားတာခံရတဲ့ မိန်းကလေးသူတို့မင်္ဂလာဆောင်အတွက် ဘယ်လိုတွေပြင်ဆင်ကြမလဲနောက်ပြီးထိုခေတ်က မင်္ဂလာစီတန်းလှည့်လည်ပွဲမျိုးမှာ မိန်းမတွေလိုက်ပါခွင့်မရှိတဲ့ ဓလေ့ကိုဘယ်လိုဘယ်ပုံ ဆန့်ကျင်သွားကြမလဲဆိုတာ ခံစားကြည့်ရှုပေးပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်
...

Maan Karate (2014) ⭐IMDB: 5.2/10 (2 k Votes) 🎬 #Bollywood #Comedy #Drama #Romance 🗓 2014 🎞 movie 🌎 #India ⏰ 2 နာရီ 27 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Maan Karate (2014)“ကံစေရာ”IMDb – 5.2/10 တမီးလ်မင်းသမီးချော ဟန်ဆီကာ၊ တမီးလ်အဆိုတော်သရုပ်ဆောင်မင်းသားဆီဗာကာသီယန်နဲ့ ဟာသသရုပ်ဆောင်ယိုဂီဘာဘူတို့ရဲ့ကားဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ သူငယ်ချင်းငါးယောက် တောထဲကို အပျော်ခရီးထွက်ရင်းသူတော်စင်ကြီးတစ်ဦးနဲ့တွေ့ပါတယ်။ ဝန်ထမ်းတွေဖြစ်တာမို့ငွေရေးကြေးရေးကြပ်တည်းတဲ့အတွက် သန်းကြွယ်သူဌေးကြီးတွေဖြစ်အောင်လုပ်ပေးဖို့တောင်းဆိုကြပါတယ်။ သူတော်စင်ကြီးက ဆုတစ်ခုကိုပဲ ဖြည့်ပေးမယ်ဆိုတော့ မယုံတဲ့ကောင်ကအနာဂတ်ကာလ သတင်းစာတိုက်ပိတ်တဲ့နေ့က သတင်းစာတစ်စောင်ကိုတောင်းဆိုလိုက်တယ်။သတင်းစာတကယ်ရလာပြီး အဲဒီသတင်းစာထဲကအတိုင်း အကုန်ဖြစ်ပျက်နေတဲ့အပြင်သူတို့ငါးယောက်နာမည်ပါ သတင်းထဲမှာပါလာတဲ့အခါမှာတော့…။သတင်းစာကျေးဇူးနဲ့ သန်းကြွယ်သူဌေးကြီးတွေ ဖြစ်အောင်လုပ်နိုင်မလားဆိုတာ ရှုစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM BOLLYWOOD TEAMဖြစ်ပါတယ်။)
...

Canola (2016) ⭐IMDB: 7.4/10 (1 k Votes) 🎬 #Drama #Melodrama 🗓 2016 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 57 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Canola (2016) *************** IMDb… 7.4 CM ပရိသတ်ကြီးတို့အတွက် ဒီတစ်ခေါက်မှာတော့ မြေးအဘွားသံယောဇဥ်ကို လှလှပပလေးဖော်ကျူးထားတဲ့ ဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။မင်းသမီးကြီး Youn Yuh-jung နဲ့ Kim Go-eun တို့ အဓိကပါဝင်ထားတဲ့ ကားမို့ကြည့်ကို ကြည့်ရမဲ့ဇာတ်လမ်းလေးဆိုတာတော့ အသေအချာပါပဲ။ ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ဂျယ်ဂျူကျွန်းမှာ ရေငုပ်သမအဖြစ် အသက်မွေးဝမ်းကြောင်းပြုနေတဲ့ အဘွားဂယ်ချွန်းဟာမိဘတွေမရှိတော့တဲ့ သူ့မြေးမလေးဟယ်ဂျီကို တုန်နေအောင်ချစ်ရှာပါတယ်။တစ်ကောင်ကြွက်ကလေးမို့ မရှိရှိတာ အကုန်ဖြည့်ဆည်းပေးရင်း တစ်နေ့မှာတော့ ကံဆိုးစွာနဲ့ဟယ်ဂျီတစ်ယောက် ပျောက်ဆုံးသွားပါတော့တယ်။သိပ်ချစ်ရတဲ့ မြေးမလေးဟယ်ဂျီပြန်အလာကို နှစ်ပေါင်း၂၀ကျော်ကြာအောင် အထီးကျန်စွာစောင့်ဆိုင်းရင်း ဟယ်ဂျီပြန်ရောက်လာတဲ့အချိန်မှာတော့ အဘွားဂယ်ချွန်းရဲ့ဘဝဟာအရင်လိုပြန်လည်စိုပြေလာခဲ့တာပေါ့။ဒါပေမဲ့ ဟယ်ဂျီအဖြစ်ရောက်လာတဲ့ ကလေးမဟာ အဘွားဂယ်ချွန်းမျှော်နေခဲ့တဲ့ မြေးမလေးမဟုတ်မှန်း သိလိုက်ရတဲ့အချိန်မှာတော့ အဘွားရဲ့ဘဝဟာ ကံဆိုးမိုးမှောင်ကျသွားပါတော့တယ်။ဒါဆို ဟယ်ဂျီအဖြစ်ဟန်ဆောင်ပြီးရောက်လာတဲ့ ကလေးမက ဘယ်သူဖြစ်မလဲ..ဘာလို့ဟန်ဆောင်ပြီးရောက်လာရတာလဲ…မြေးအတုနဲ့ အဘွားဂယ်ချွန်းကြား ဘာတွေဆက်ဖြစ်မလဲဆိုတာကို စိတ်ဝင်စားစွာနဲ့ရင်သပ်လှိုက်မောဖွယ် ကြည့်ရှုသွားရမှာပဲဖြစ်ပါတယ်။ ကောင်းမွန်တဲ့ဇာတ်လမ်းဇာတ်ကွက်တွေအပြင် ရိုက်ကူးပုံရှုခင်းတွေကအစ အင်မတန်လှတာမို့ကြည့်မိလို့ နောင်တမရမယ့်ကားလေးဖြစ်ကြောင်း ညွှန်းဆိုပေးချင်ပါတယ်နော်။ (ဇာတ်လမ်းအကျဉ်းကို  Hsu Pyae မှ ရေးသားပေးထားပါတယ်။)
...

Kombu Vatcha Singamda (2022) ⭐IMDB: 4.6/10 (223 Votes) 🎬 #Bollywood #Drama #Action 🗓 2022 🎞 movie 🌎 #India ⏰ 2 နာရီ 26 မိနစ် 23 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Kombu Vatcha Singamda (2022)”ဦးချိုပါသော ခြင်္သေ့”============================================ ၂၀၂၂ က ထွက်ရှိတဲ့ တမီလ်စကားပြောကျေးလက် အက်ရှင်ဒရာမာရုပ်ရှင်လေးကိုပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဆူမာသီဆိုတဲ့ကောင်မလေးဟာ အိမ်ထောင်ကျကလေးတစ်ယောက်ရပြီးနောက်မှာ မပြန်ဖြစ်တာ၅ နှစ်ကြာပြီရှိတဲ့ သူ့ရဲ့မွေးရပ်မြို့လေးဆီကို ပြန်လာခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ မွေးရပ်မြို့လေးဟာ သူမှတ်မိထားတဲ့ပုံစံနဲ့မတူဘဲတိတ်ဆိတ်ခြောက်ကပ်နေပြီး သုသာန်တစပြင်လိုမျိုးလူသူကင်းမဲ့နေတာကို တွေ့လိုက်ရတယ်။ အဲဒီလိုဖြစ်နေရတဲ့အကြောင်းအရင်းကို စုံစမ်းကြည့်တဲ့အချိန်မှာတော့သူတို့မြို့လေးအတွက် အနစ်နာခံသွားတဲ့ လူငယ်ငါးယောက်ရဲ့အကြောင်းကို သိခဲ့ရပြီးအဲဒီလူငယ်ငါးယောက်ရဲ့အကြောင်းနဲ့ သူတို့ မြို့လေးဘယ်လိုတိတ်ဆိတ်ခြောက်ကပ်သွားတာလဲဆိုတာကို ဒီရုပ်ရှင်ထဲမှာ တွေ့ကြရမှာဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)
...

The Quest (2017) ⭐IMDB: 7.9/10 (109 Votes) 🎬 #Bollywood #Drama #Family 🗓 2017 🎞 movie 🌎 #India ⏰ 1 နာရီ 44 မိနစ် 9 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Ringan 2017 ကိုးကွယ်ရာ ဒုက္ခအတိရောက်ပြီဆို လူသားတွေအရင်ဆုံးရှာဖွေကြတာ အားကိုးရာတစ်ခုပေါ့။တချို့ကတော့ ဘာသာရေးကနေ အားကိုးရာရှာတယ် တချို့ကျ မိဘတချို့ကျ ဆွေမျိုး မိတ်ဆွေအပေါင်းအသင်း အစရှိသဖြင့်ပေါ့လေ။ ဒီကားလေးထဲမှာလေ အက်ဘ်ဒူတို့ သားအဖ‌နှစ်ယောက်ဒုက္ခတွေကြားထဲက ငြိမ်းချမ်းရာကို ရှာဖွေပုံလေးကို ရှုစားရမှာပါ။ မိုးခေါင်ရေရှားမှုကြောင့် လယ်သမားတွေ စီးပွားရေးကြပ်တည်းရတဲ့ထဲဇနီးဖြစ်သူရဲ့ နာမကျန်းမှုကြောင့် အကြွေးလည်ပင်းမြုပ်နေတဲ့ အာဂျွန်၊ဒီကြားထဲမှာမှ ဇနီးကလည်းဆုံးပါးသွားပြန်တော့ မိတဆိုးသားလေးနဲ့ အကြွေးတွေပဲကျန်ရစ်ခဲ့တာပေါ့။ အက်ဘ်ဒူလေးက သိတတ်စအရွယ်ကိုရောက်နေပြီဖြစ်လို့ အမေဘယ်မှာလဲဆိုတာ မေးတဲ့အခါအာဂျွန်က အရှင့်စံရာကျောင်းကို ရောက်သွားပြီလို့ တစ်ဖက်လှည့်နဲ့ပြောတတ်ပေမဲ့အက်ဘ်ဒူလေးကတော့ သူ့အမေကတကယ်ပဲ အရှင်ဗစ်တယ်နဲ့အတူရှိနေတာလို့ ယုံကြည်နေတာပါ။ ဒီလိုနဲ့ လနဲ့ချီ မိုးခေါင်ရေရှားမှုကလည်းဆက်နေတော့ အာဂျွန်တစ်ယောက်ဆွေမျိုး အပေါင်းသင်းတွေဆီက ချေးငှားဖို့လုပ်တော့လည်း အကုန်လုံးကငြင်းကြ၊လယ်ပြန်လုပ်ဖို့ ရာသီဥတုကလည်း မကောင်းတော့ နောက်ဆုံးမှာ အရှင်ဗစ်တယ်ဆီကိုသွားပြီးဝတ်ပြုဆုတောင်းဖို့ စီစဉ်လိုက်ပါတော့တယ်။ ဒီအချိန်မှာလည်း လူတကာငြင်းတာခံနေရတဲ့ အက်ဘ်ဒူလေးကလည်းအရှင့်ဆီသွားရင် အရှင်နဲ့အတူရှိနေတဲ့ အမေကိုတွေ့ရတော့မယ်ဆိုပြီးမျှော်လင့်ချက်ကိုယ်စီနဲ့ ခရီးထွက်ခဲ့ချိန်မှာတော့…. (အညွန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)
...

Alone (2015) ⭐IMDB: 3.7/10 (2 k Votes) 🎬 #Bollywood #Horror 🗓 2015 🎞 movie 🌎 #India ⏰ 2 နာရီ 10 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Alone 2015 ကြောက်တတ်သူများမကြည့်ရ ခြောက်ခန်းလှန့်ခန်းတွေက အသက်ရှုမှားလောက်တဲ့ထိကြမ်းတာကြောင့်အသည်းငယ်သူများအနေနဲ့တော့ အဖော်လေးနဲ့ကြည့်ကြဖို့တိုက်တွန်းရင်း… ဒါကတော့တစ်ခေတ်တစ်ခါကနာမည်ကြီးခဲ့တဲ့ ကိုယ်ချင်းဆက်နေတဲ့အမြွှာ၂ယောက်မှာခွဲစိတ်မှုကြောင့် တစ်ယောက်သေဆုံးခဲ့ရပြီး ကြောက်မက်ဖွယ်ခြောက်လှန့်မှုတွေပေးတဲ့ထိုင်းကားကိုအခြေခံပြီးပြန်လည်ရိုက်ကူးထားတာပါ ဘတ်ဂျက်အ‌နေနဲ့လည်း ၁၉ကုဋေသုံးထားပြီး ၂၅ကုဋေပြန်လည်ရရှိခဲ့ပါတယ်အမြွှာညီအစ်မ၂ယောက်ရှိပါတယ် အန်ဂျနာနဲ့ ဆန်ဂျနာတဲ့သူတို့ရဲ့ထူးခြားချက်ကတော့ ကိုယ်ချင်းဆက်ပြီးမွေးလာတာပါ ၂ကိုယ့် ၂စိတ်ပေမဲ့ အမြဲတပူးပူးတတွဲတွဲပေါ့ အမြွှာဆိုတဲ့အတိုင်း စိတ်တူကိုယ်တူမို့အရွယ်ရောက်တော့လည်း လူတစ်ယောက်တည်းကိုပဲ ၂ယောက်လုံးကမျက်စိကျခဲ့ပါတယ်ဒီလိုနဲ့ ခွဲသင့်တာခွဲရမဲ့အချိန်ရောက်လာတော့ ခွဲစိတ်မှုလုပ်ရင်း တစ်ယောက်ကဆုံးပါးခဲ့ရတယ် ဒီဖြစ်ရပ်ကြောင့် အိမ်မှာမနေတော့ဘဲ တခြားမှာပြောင်းရွှေ့နေကြတဲ့ဆန်ဂျနာတို့လင်မယားကနှစ်တွေကြာပြီးတဲ့နောက်မှာတော့ ကျန်နေခဲ့တဲ့မိခင်ဖြစ်သူက မူမမှန်တဲ့အက်ဆီးဒင့်ဖြစ်ပြီးဆေးရုံတက်ရလို့ သေရင်တောင်ပြန်မလာဘူးလို့ဆုံးဖြတ်ထားတဲ့နေရာကို ပြန်လာခဲ့ရပါတော့တယ် ..ဆိုတော့သူတို့ကို အဆင်သင့်စောင့်မျှော်နေတဲ့အရာနဲ့ဘယ်လိုတွေ ကျောချမ်းတဲ့ထိအခြောက်ခံရမယ်ဆိုတာကိုတော့လက်မလွှတ်တမ်းကြည့်ရှုလိုက်ပါရှင် ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ V ~ Linn ~ KKKZ ~ Alex ~ ToMo တို့ပဲဖြစ်ပါတယ်
...

Memoir of a Snail (2024) ⭐IMDB: 7.9/10 (4 k Votes) 🎬 #Animation #Drama #Comedy 🗓 2024 🎞 movie 🌎 #Australia ⏰ 1 နာရီ 34 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Australian animator နဲ့ filmmaker Adam Elliot ရဲ့ 2024 ထွက် Stop-motion animated flim လေးမို့ Stop-motion fans တွေလက်မလွှတ်သင့်ပါဘူးနော်။ Stop-motion ဆိုတဲ့အတိုင်း အသေးစိတ်အနုစိတ်တဲ့ပညာမို့ ဒီanimation လေးကို အပြီးသတ်ဖို့ရှစ်နှစ်တောင်အချိန်ယူခဲ့ရပြီး Director Adam Elliot ရဲ့ဘ၀ကိုလည်း အနည်းငယ်အခြေခံ ရိုက်ကူးထားတာပါတဲ့။ ဒီကားလေးက ထူးခြားတာက ပုံမှန် Adventure သွားတာမျိုးတွေနဲ့ Fantasy ဆန်ဆန်တွေမပါပဲ ဂရေစ့်ဆိုတဲ့ ကောင်မလေး တစ်ယောက်ရဲ့ ပုံမှန်ဘ၀လေးကို သဘာ၀ကျကျရိုက်ကူးထားတာပါ။ အမြဲတမ်းကြီးမဟုတ်ပေမယ့် တစ်ချို့လူတွေက ကံဆိုးတတ်တာများပြီး တစ်ချို့တွေကျ ကံကောင်းတတ်ကြတယ်။ ဒီဂရေ့စ်ကတော့ ပထမအတန်းစားထဲပါတယ်လို့ပြောရမယ်ပေါ့။ အမေကိုယ်၀န်ရှိခါစမှာ သူ့အဖေကားတိုက်ခံရတော့ ကိုယ်တစ်ပိုင်း သေသွားတယ်။အမေဖြစ်သူကလည်း ဂရေ့စ်နဲ့သူ့အမွှာ‌မောင်လေး ဂေးဘတ်ကို မွေးပြီး ဆုံးသွားရော။ အဆိုးတွေများနေပေမယ့်လည်း သူ့ကိုကာကွယ်ပေးမယ့် ဂေးဘတ်နဲ့အတူ ဖခင်ရှိသေးတော့ သူတို့ မိသားစုလေးက ပျော်စရာလေးတွေတော့ရှိတာပေါ့။ ပြသာနာက ဂရေ့စ်ရဲ့ဖခင်ဆုံးသွားတော့ မောင်နှမနှစ်ယောက်က မွေးစားအိမ်တစ်အိမ်စီပို့ခံလိုက်ရတယ်။ဂရေ့စ်က တဖြေးဖြေးအထီး ကျန်လာပြီး သူစုဆောင်းတတ်တဲ့ ခရုလေးတွေလိုပဲ အခွံထဲမှာ ပုန်းနေတော့တာပေါ့။ သူ့ရဲ့မျှော်လင့်ရာက ဂေးဘတ်ဆီက စာတွေနဲ့ ပင်ကီဆိုတဲ့ အဘွားကြီးတစ်ယောက်။ ပင်ကီက သွက်လက်တယ် ပျော်ပျော်နေတယ် ဂရေ့စ်ရဲ့ မီးခိုးရောင်ကမ္ဘာကြီးထဲက အရောင် လေးပေါ့။ ဒါပေမယ့် တစ်နေ့ကျ အဲ့ဒီသူ့ရဲ့ အားကိုးရာလူနှစ်ယောက်မရှိ‌ တော့တဲ့အခါမှာ ဂရေ့စ် ဘယ်လိုဆက်လုပ်မလဲ….. လူအများစုကြုံတွေ့နေရတဲ့ ပုံမှန်ဘ၀က အခက်အခဲတွေ မိသားစု ပြသာနာတွေ အထီးကျန်မှုတွေ ဘ၀ကိုရင်ဆိုင်ပုံတွေကို ဂရေ့စ်ဆိုတဲ့ ကာရိုက်တာကနေတစ်ဆင့် ပြောပြနေသလို သဘာ၀ကျကျလေးပုံဖော် ရိုက်ကူးထားတာမို့ ကြည့်ပြီးရင် အနည်းဆုံးဘ၀ဆိုတာ ဒီလိုပါလား ဆိုပြီး ဟာတာတာကြီးခံစားချင်တဲ့သူတွေအတွက်တော့ အကိုက်ပါပဲ။ ခရုတွေဆိုတာ သူတို့ရဲ့လမ်းကြောင်းကိုဘယ်တော့မှ နောက်ပြန် မသွားဘူးတဲ့။ကြုံရတာ‌‌တွေက ကောင်းတာဖြစ်ဖြစ်ဆိုးတာဖြစ်ဖြစ် လက်မလျှော့ပဲ ဆက်ရှင်သန်သွားမယ်ဆို အလှည့်အပြောင်းလေးတွေ ကြုံလာရမယ်ဆိုတာကို ရှင်းရှင်းလေးပုံဖော်ထားတဲ့ Animation လေးပါပဲ။ (  Mature themes, sexual references, nudity နှင့် suscide scene တွေကြောင့် Stop-motion animation ပေမယ့် ကလေးများကြည့်ရန် မသင့်တော်ပါ
...

Porattu Nadakam (2024) ⭐IMDB: 7.6/10 (1 k Votes) 🎬 #Bollywood #Comedy 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 3 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Porattu Nadakam 2024 ပိုရာတာပြဇာတ်လေးထဲကဂိုပါလာပူရာ ရွာကလေးကို အခြေပြုပြီး ရွာလေးထဲကရပ်ရေးရွာရေး ဘာသာရေးယုံကြည်မှုတွေနဲ့ လယ်ယာစိုက်ပျိုးရေးကိုအဓိက ထားလုပ်ကိုင်စားသောက်ကြတဲ့ ဒီရွာသားတွေရဲ့ အခက်အခဲတွေကိုဟာသလေးတွေနဲ့အတူ ရသစုံလင်စွာ ခံစားရမယ့် ၂၀၂၄ခုနှစ်ထွက်ဇာတ်ကားသစ်လေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း ဂိုပါလာပူရာရွာကလေးမှာ နိုင်ငံရေးပါတီတွေကအချင်းချင်း တကျက်ကျက် ထိကပါး ရိကပါးလုပ်လိုက်ကြ ရန်ဖြစ်လိုက်ကြ။ နယ်ခံရွာသားတွေအနေနဲ့လည်း လယ်ယာစိုက်ပျိုးရေးမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့်ဘာမှမဖြစ်ထွန်း အကုန်ပျက်စီးပြီး လယ်ယာချေးငွေတွေ မဆပ်နိုင်လို့ သတ်သေတဲ့ လယ်သမားတွေ ဒုနဲ့ဒေးပါ။ ဒါကိုကျန်ရစ်တဲ့ မိသားစုဝင်က ဆပ်ရတာပေါ့။ ဒီအဖြစ်ဆိုးထဲက မလွတ်တဲ့လူကတော့ကျွန်တော််တို့ ဇာတ်လိုက်ကြီး အာဘူပါပဲ။ ဖခင်ဖြစ်သူ သတ်သေသွားလို့ စိတ်ထိခိုက်နေတဲ့မိခင်နဲ့အတူ ဇနီးနဲ့ကလေးတို့ကိုပါ တာဝန်ယူထားရတဲ့လူပါ။ အကြွေးဆပ်စရာမရှိလို့ အိမ်ရှိတဲ့ ကြက်ကိုထုတ်ရောင်းရင်း ဘဏ်ကိုမဖြစ်စလောက်အကြွေးဆပ်ရင်း ဘဏ်ကသူ့ကို အကြွေးဆပ်ဖို့ အချိန်တစ်လတိုးပေးလိုက်ပါတယ်။ရယ်စရာကောင်းတာက အာဘူ့ရဲ့ ဇာတာက သူဌေးဖြစ်မယ့်ဇာတာလို့ဟောထားတော့ဇာတ်လိုက်ကြီး ဘယ်လိုရုန်းကန်ပြီး ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာ ဟာသလေးတွေနဲ့အတူဆက်လက်ကြည့်ရှုခံစားဖို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ်ခင်ဗျာ)
...

Kali Jotta (2023) ⭐IMDB: 7.4/10 (2 k Votes) 🎬 #Bollywood #Crime #Drama #Romance 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 12 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Kali Jotta 2023 (ဆရာမလေး ရာဘီယာ) IMDb- 7.4/10 ရှေ့နေဖြစ်ဖို့အတွက် ကျောင်းတက်နေဆဲဖြစ်တဲ့ အာနန့်သ်ဆိုတဲ့ ကောင်မလေး၊သူဟာ ဒေါသကို မထိန်းနိုင်လို့ ဒေါသကြီးလေးအဖြစ် အကုန်လုံးက လန့်နေရသူတစ်ယောက်ပါ။ တစ်နေ့တော့ ကျောင်းကနေ အပြန် သုံးဘီးစီးရင်း ငယ်ငယ်တုန်းကတက်ခဲ့တဲ့ကျောင်းက အစ်ကိုကြီးမာ့ခ်ခမ်းနဲ့ တွေ့ပါတော့တယ်။ အဲဒီမှာ ရှေးဟောင်းနှောင်းဖြစ်တွေပြောရင်း ငယ်ငယ်က စာသင်ကြားပေးတဲ့အင်္ဂလိပ်ဆရာမ ရာဘီယာကို သတိရပြီး မေးဖြစ်တဲ့အခါမှာတော့ဆရာမဟာ ကျောင်းမှာ စာမသင်တော့ဘူးဆိုတာကို သိလိုက်ရပါတယ်။ ဒီထက်ပိုပြီးတော့ သိလိုက်ရတာက ဆရာမရာဘီယာဟာ စိတ်ပိုင်းဆိုင်ရာမှာ ထိခိုက်ပြီးတော့လူအများက ရူးသွားတယ်လို့ပြောနေကြတာကိုပါ။ အဲဒီမှာပဲ သူ့အရင်ဆရာမအကြောင်းကိုပိုသိချင်လာတဲ့ အာနန့်သ်တစ်ယောက် လိုက်ပြီးတော့ စုံစမ်းခဲ့ပါတော့တယ်။ ထူးဆန်းတာက အစ်ကိုကြီးမာ့ခ်ခမ်းကလည်း ဆရာမရာဘီယာအကြောင်းကို သေချာမပြောပြခဲ့သလိုဆရာမရဲ့ အရင်အိမ်နေရာနားမှာ သွားစုံစမ်းတော့လည်း သူ့အိမ်ကတောင်မရှိဘူး မသိဘူးဆိုတာမျိုးကိုပဲ ပြောလွှတ်လိုက်တာပါပဲ။ ဒီလိုနဲ့ အစ်ကိုကြီးမာ့ခ်ခမ်းကို သေချာသွားမေးကြည့်တဲ့နောက်မှာအာနန့်သ်ကို စာအုပ်လေးတစ်အုပ် ပေးလိုက်ပါတယ်။ အဲဒီစာအုပ်ထဲမှာတော့ ဆရာမလေးရာဘီယာရဲ့ အကြောင်းတွေကိုရေးသားထားတာဖြစ်ပြီးတော့ အာနန့်သ်တစ်ယောက်ဒီစာအုပ်ကနေ ဆရာမကို လိုက်ရှာဖို့ လုပ်ပါတော့တယ်။ ဒီလိုနဲ့ စာအုပ်ထဲမှာပါတဲ့ ဆရာမရာဘီယာရဲ့ အချစ်ဇာတ်လမ်းအကြောင်းလေးက ဘယ်လိုဖြစ်မလဲ ……..လူအများပြောကြသလို ရူးသွားတယ်ဆိုတာကရော ဘယ်လိုအကြောင်းကြောင့်လဲ ……အခုလက်ရှိမှာရော ဆရာမရာဘီယာတစ်ယောက် ဘယ်ကိုရောက်နေလဲ ….ဆိုတာတွေကို ကြည့်ရှုရမယ့် ရိုမန့်ဒရာမာမှုခင်းကားလေးပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)
...

Company of Heroes (2013) ⭐IMDB: 5.0/10 (9 k Votes) 🎬 #Action #Drama #War 🗓 2013 🎞 video movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 41 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Company of Heroes (2013) ယခုအခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၁၃ ခုနှစ်ကထွက်ရှိခဲ့တဲ့ ဒုတိယကမ္ဘာစစ်ကာလအကြောင်းကိုစိတ်ကူးယဥ်ရိုက်ပြထားတဲ့ စစ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဒုတိယကမ္ဘာစစ်ပြီးခါနီး ၁၉၄၄ ခုခရစ်စမတ်ကာလမှာ ဂျာမနီကိုမဟာမိတ်တပ်တွေနဲ့ ဆိုဗီယက်တပ်နီတော်တို့က ဝိုင်းထားလိုက်ပါပြီ။ ဟစ်တလာကတော့ ဂျာမန်ပြည်သူတွေကိုစွမ်းအားပြင်းလက်နက်တစ်ခုနဲ့အနိုင်ပြန်ယူမယ်လို့ကတိပေးထားခဲ့ပါတယ်။ ထိုအချိန် Ardennes ဒေသမှာ ဂျာမန်စစ်သားတွေမရှိတော့ဘူးလို့ယူဆတဲ့ လက်ဖတင်နင်ကွန်တီက ဆာဂျင်မက်သီဆင်နဲ့သူ့တပ်ဖွဲ့ကိုရှေ့တန်းစစ်စခန်းကို ခရစ်စမတ်ဝက်ပေါင်ခြောက်ပို့ပေးဖို့ တာဝန်ပေးခဲ့ပါတယ်။ ဆာဂျင်မက်သီဆင်နဲ့သူ့တပ်ဖွဲ့ဟာနှင်းတော့ကိုဖြတ်သွားရင်းနဲ့ ဂျာမန်တင့်ကားစစ်ကြောင်းနဲ့ထိပ်တိုက်တိုးခဲ့ပါတယ်။ ထို့နောက်သူတို့ဟာ ဂျာမန်တွေရဲ့အနောက်ဖက်ကိုရောက်သွားပြီးတော့ ဌာနကိုပြန်ဖို့လုပ်ရင်းနဲ့ ဂျာမန်တွေရဲ့လက်နက်စမ်းသပ်တဲ့နေရာတစ်ခုကိုရောက်ရှိသွားခဲ့ပါတယ်။ ထိုနေရာဟာ မွဲစာကြဲနေတာကိုတွေ့ရှိရပြီးတော့ အမေရိကန်ထောက်လှမ်းရေးအေဂျင်စီ(အိုအက်စ်အက်စ်) တပ်သားတစ်ယောက်နဲ့တွေ့ရှိခဲ့ပါတယ်။ ထိုသူကဂျာမန်တွေ အနုမြုဗုံးစမ်းသပ်တာကိုစုံစမ်းနေတာဖြစ်ပြီး သေခါနီးဖြစ်နေပါပြီ။ သူကပထမစစမ်းသပ်တဲ့ဗုံးကမအောင်မြင်ခဲ့ပဲ နောက်ထပ်စမ်းသပ်မှုကိုတားနိုင်ဖို့ သူ့ရဲ့စစ်ဆင်ရေးကိုဆက်လုပ်ဖို့ Stuttgart မြို့ကိုသွားမဲ့ရထားပေါ်ကလူကို လျှို့ဝှက်စာတွေပို့ပေးဖို့အမိန့်ပေးခဲ့ပါတယ်။ ဒီတော့ ဆာဂျင်မက်သီဆင်ရဲ့တပ်ဖွဲ့ ဒီစစ်ဆင်ရေးကိုဆက်လက်လုပ်ဆောင်နိုင်မလား၊ ဘယ်လိုအခက်အခဲတွေနဲ့ကြုံရမလဲဆိုတာကို‌ဆက်လက်ကြည့်ရှူကြပါခင်ဗျာ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ AKM ဖြစ်ပါတယ်။)
...

A Missed Connection (2024) ⭐IMDB: 5.8/10 (235 Votes) 🎬 #Comedy #Romance #TVMovie 🗓 2024 🎞 tv movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 29 မိနစ် 47 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အားလပ်ရက်မှာ ပေါ့ပေါ့ပါးပါးလေးနဲ့ Romance ကားလေး ကြည့်ချင်တယ်ဆိုရင်တော့ rating 5.8 ရှိတဲ့ A missed connection ဆိုတာကားလေးရှိပါတယ်။ ကိုယ်တို့ ဘယ်ရထားမှာ လွဲခဲ့ကြသလဲ ဆိုတဲ့အတိုင်း ဗစ်ကီနဲ့ မက်စ်တို့ဟာ ရထားဘူတာမှာ ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ် တွေ့ကြ ပြီး ဘူတာမှာပဲ လွဲခဲ့ကြပါတယ်။ ဗစ်ကီဟာ ငါးနှစ်တာplanတွေကို ချထားပြီးရည်မှန်းချက် ကြီးတဲ့ ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။ ဘူတာမှာလွဲပြီး ငါးနှစ်ကြာသွားတဲ့အခါ သူ့ငါးနှစ်တာplanအတိုင်း မင်္ဂလာပွဲကိုအပန်းဖြေကျွန်းတစ်ခုပေါ်မှာ လုပ်ဖို့ဖြစ်လာခဲ့ပါတယ်။ ဘူတာမှာလွဲသော်လည်း ကံတရားကသူတို့နှစ်ဦးကို ပြန်လည် တွေ့ဆုံစေချင်တဲ့အတွက် ဓာတ်ပုံဆရာဖြစ်လာတဲ့ မက်စ်က ဗစ်ကီရဲ့ မင်္ဂလာပွဲအခိုက်အတန့်တွေ့ကိုဓာတ်ပုံရိုက်ပေးဖို့ အလုပ်ကမ်းလှမ်းခံရပါတော့တယ်။ သူတို့နှစ်ဦးဟာ ကျွန်းဆီကိုဆိုက်မဲ့လေယာဥ်ရှိရာ လေယာဥ် ကွင်းမှာ ဒုတိယအကြိမ်ပြန်ဆုံခဲ့ကြတဲ့အခါ သူတို့အချင်းချင်း ပြန်မှတ်မိကြမလား…တစ်ယောက်ပေါ်တစ်ယောက်ဘယ်လိုခံစားချက်တွေရှိနေသေးမလဲ လေယာဥ်ကွင်းမှာရောပြန်လွဲ ကြဦးမှာလား ဆိုတာတွေကိုပေါ့ပေါ့ ပါးပါးနဲ့စိတ်ဝင်စားဖွယ်ရှူစားနိုင်မှာဖြစ်ပါတယ်။ မတူညီတဲ့အသိုင်းအဝိုင်းနှစ်ခုတွေ့တဲ့အခါဘာတွေဖြစ်ကြမလဲ ဆက်ဆံရေးတစ်ခုမှာ ဘာကအရေးကြီးဆုံးလဲ ဦးနှောက်နဲ့ပဲ ဆုံးဖြတ်ပြီးဘဝကိုဖြတ်သန်းလာတဲ့ဗစ်ကီကို နှလုံးသား စေရာ နောက်လိုက်ဖို့ မက်စ်ကလမ်းပြပေးတဲ့အခါ ဗစ်ကီတစ်ယောက်ရဲ့ ဘဝလေးဘယ်လိုပြောင်းလဲသွားမလဲကို မိသားစုအချစ် သူငယ်ချင်း အချစ် သူစိမ်းအချစ်တွေနဲ့အတူ ရသပေါင်းစုံကိုလည်းခံစားရနိုင်မဲ့ ကားလေးပဲဖြစ်ပါတယ်
...

The Man from Nowhere (2010) ⭐IMDB: 7.7/10 (76 k Votes) 🎬 #Uncategorized #Action #Thriller #Crime #Drama 🗓 2010 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 59 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb Rating(7.8) / Rotten Tomatoes (100%) မြန်မာပရိတ်သတ်ကြီးရဲ့ ငယ်ကျွမ်းဆွေမင်းသားကြီးလဲဖြစ် မြန်မာပြည်သူအသဲနှလုံးကို ရိုက်ခတ်ခဲ့တဲ့ <<<ဆောင်းရွက်ဦးရွက်ကြွေ ချစ်သက်သေ>>>ဇာတ်ကားမှ မင်းသား ထယ်စောက် လို့လူသိများတဲ့မင်းသား(Won Bin) ရဲ့ ကျော်ကြားတဲ့ ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ဒီဇာတ်ကားဟာဖြင့် ကိုရီးယားမှာ ရုံတင်ပြသရာမှာ ၄ပတ်ထဲနဲ့ ကြည့်ရှူ.သူ ၄,၀၄၇,၂၂၇ ကျော်ခဲ့လို့ စံချိန်တင်ဇာတ်ကားတစ်ကားဖြစ်ရပ်တည်ခဲ့ပါတယ် ။ခုခေတ်မှာ အောင်မြင်နေတဲ့ John Wick ဟာ ဒီကားကို အတုယူထားတာဖြစ်တယ်လို့ ဒါရိုက်တာမင်းများက ဆိုထားခဲ့ဖူးပါတယ်။ဒီကားထဲမှာ ထယ်စောက်ရဲ့ အက်ရှင်ဇာတ်ကြမ်းကို ကြည့်ရမှာဖြစ်တဲ့အပြင် တစ်ချို့အပိုင်းဒရာမာလေးတွေကလည်း ရင်ကိုထိစေပါလိမ့်မယ်။ ဇာတ်လမ်းအကြမ်းဖျဉ်းကတော့ မင်းသားဖြစ်သူဟာ စစ်ဘက်ထောက်လှမ်းရေးကနေထွက်ပြီး ဇာတ်မြုပ်နေထိုင်သူတစ်ယောက်…သူ့အိမ်လေးဘေးက ကလေးမလေးဟာ တေလေဂျပိုးသူခိုးမလေး။သူက အပေါင်ဆိုင်လေးဖွင့်ထားတော့ ခိုးလို့ရသမျှပစ္စည်းတွေ သူ့ဆီလာပေါင်ရင်း တစ်စွန်းတစ်စ ရင်းနှီးလာကြတယ်။ဒါပေမယ့် ကောင်မလေးရဲ့ အမေက ဆေးသမားဖြစ်နေတော့ မမျှော်လင့်ထားတဲ့ ဇာတ်ရှုပ်တွေက မင်းသားဆီကို ဆက်နွှယ်လာပါတော့တယ်။ ကလေးမလေး အဖမ်းခံရတဲ့အချိန်မှာ ထယ်စောက်တစ်ယောက်က ယခင်အတိတ်ကသူကြမ်းခဲ့တဲ့အတိုင်း ပြန်ကြမ်းလာပြီးကလေးမလေးကို ရေဆုံးမြေဆုံးအထိ လိုက်ကယ်ပါတော့တယ်။ထယ်စောက် ဝင်ရှင်းခဲ့ရတဲ့ ဇာတ်ရှုပ်က ဘာတွေများဖြစ်မလဲ၊ကိုယ်​တွေရဲ့ အရိုမင်းသားကြီး ဘယ်လိုတွေ ဂေါ်နေမလဲ ဆိုတာကိုတော့The Man From Nowhere လေးကို ကြည့်ရှုရင်း ခံစားကြည့်ကြပါလို့ ညွှန်းဆိုပါရစေ။ ကိုရီးယား အကယ်ဒမီပေးပွဲမှာလဲ ဆုတွေတစ်သီကြီးရရှိခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။
...

Philanthropy (2002) ⭐TMDB: 76% User Score 🎬 #Comedy #Drama 🗓 2002 🎞 movie 🌎 #Romania #France ⏰ 1 နာရီ 49 မိနစ် 57 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Philanthropy (2002) Filantropica IMDb Rating (8.4) / Rotten Tomatoes (90%) ယခုရုပ်ရှင်ကတော့ ရိုမေနီးယန်းရုပ်ရှင် လောက မှာ classic တစ်ခုအဖြစ်သတ်မှတ်ခံထားရတဲ့ ရုပ် ရှင်တစ်ခုဖြစ်ပြီး Dark Humor အမျိုးအစားဖြစ် ပါတယ်။ ဇာတ်လမ်းအကျဉ်းက တော့ ကျောင်းဆရာတစ်‌‌ ယောက်ဖြစ်တဲ့ Ovidiu တစ်ယောက် ကျောင်းသား တစ်ယောက်ရဲ့ အစ်မဖြစ်သူ မော်ဒယ်ကောင်‌‌မလေး ကိုကြွေမိသွားရာမှာ ကောင်မလေးအထင်ကြီးဖို့ အလွယ်နည်းနဲ့ပိုက်ဆံရှာရာမှာ ခွင်ကြီးတစ်ခုကို ချိတ်မိရာ ကနေစပါတယ်။ သို့ပေမယ့် ‌‌Ovidiu တစ် ယောက် ကိုယ်တိုင်ခြေလှမ်းတွေကိုကောင်းကောင်း မဖုံးတတ်တဲ့အခါ ပြသနာ တွေကပိုရှုပ်ဖို့ဖြစ်လာပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Yan Ni ဖြစ်ပါတယ်။)
...

Hunting with Tigers (2024) ⭐IMDB: 5.7/10 (322 Votes) 🎬 #Action #Thriller 🗓 2024 🎞 movie 🌎 #France ⏰ 1 နာရီ 49 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဘဏ်ဖောက်တာတွေ ဓားပြတိုက်တာတွေကို အသည်း တယားယားနဲ့ကြည့်ချင်သူတွေအတွက် အကွက်ကျကျစီစဉ်ပြီး ဓားပြတိုက်တဲ့ပြင်သစ်ဇာတ်ကားသစ်လေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Hunting With Tigers ဖြစ်ပြီး လက်ရှိ IMDb Rating 6.1 အထိရရှိထားပါတယ်။ပြင်သစ်ကားဆိုပေမဲ့အမေရိကန်ကားတွေ နီးနီး အက်ရှင်တွေ ဇာတ်ဝင်ခန်းတွေကိုသေချာကြည့်ကောင်းအောင် ရိုက်ကူးထားတဲ့အတွက် ဒါမျိုးတွေစိတ်ဝင်စားတယ်ဆိုရင်တော့ ကြည့်ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာတော့ နာမည်ကြီးဓားပြတွေကို အိမ်အထိ ဝင်ရောက်ဖမ်းဆီးတာကိုတွေ့ရမှာဖြစ်ပြီး သိပ်မကြာခင်မှာပဲ တရားခွင်ရင်ဆိုင်ရပါတော့တယ်။သူတို့ကတကယ်နာမည်ကြီးပြီး တကယ်လည်းဆိုးခဲ့ရမ်းခဲ့ကြမ်းခဲ့ကြတဲ့သူတွေဖြစ်တဲ့အတွက် တရားခွင်မှာအနိုင်ရဖို့ လမ်းစဆိုတာ မဖြစ်နိုင်သလောက်ကို ဖြစ်နေပါတော့တယ်။အဲ့ဒီဓားပြတွေထဲမှာ ဒီဇာတ်ကားရဲ့အဓိက မင်းသားဖြစ်တဲ့ မာလစ်ရဲ့ပထွေးဖြစ်သူလည်းပါဝင်နေခဲ့ပါတယ်။ သူကိုယ်တိုင်ကလည်းမူးယစ်ဆေးရောင်းဝယ်သူဖြစ်တဲ့အတွက် ဒုစရိုက်လောကနဲ့မကင်းမရှင်းပါပဲ။သူ့ပထွေးဆိုပေမဲ့ ငယ်ငယ် လေးတုန်းက သူ့အသက်ကိုကယ်ထားခဲ့ဖူးတဲ့ကျေးဇူးကြောင့် တရားခွင်မှာအနိုင်ရရှိစေချင်ပေမဲ့ မဖြစ်နိုင်ဖို့ကများနေခဲ့ပါတယ်။ ဒီလိုနဲ့တရားရင်ဆိုင်စဉ်ကာလမှာ သူ့ပထွေးအဖွဲ့ထဲကတစ်ယောက်ရဲ့ ရှေ့နေကသူ့ကိုဆက်သွယ်ပြီး သူတို့ကိုကယ်ထုတ်ပေးဖို့ကမ်းလှမ်း လာပါတော့တယ်။အဲ့ဒီအခါမှာတော့မာလစ်နဲ့ တခြားသူတွေစုပေါင်းကာ တရားရုံးထဲက ဓားပြကြီးတွေကိုကယ်ထုတ်ဖို့ကြိုးစားပုံကိုရှုစားရမဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။
...

The Fix (2024) ⭐IMDB: 4.5/10 (678 Votes) 🎬 #Action #SciFi #ScienceFiction #Horror 🗓 2024 🎞 movie 🌎 #SouthAfrica ⏰ 1 နာရီ 38 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီရုပ်ရှင်က ကျွန်တော်တို့နေထိုင်တဲ့ ကမ္ဘာမြေကြီးဟာ တစ်နေ့တစ်နေ့ လူတွေရဲ့ စွန့်ပစ်ပစ္စည်းတွေ၊ ဓာတုအကြွင်း အကျန်တွေနဲ့ အမှိုက်ပုံက Waste တွေကြောင့် လေထုပါ အဆိပ်သင့်သွားတယ်ဆိုတဲ့ အနာဂတ်စိတ်ကူးယဉ် ကမ္ဘာကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ နေ့စဉ်ရှုရှိုက်နေရတဲ့ လေထုဟာ အဆိပ်သင့်ပြီဆိုမှတော့ တစ်ကမ္ဘာလုံး နိုင်ငံအနှံ့ ကပ်ဆိုက်တာဖြစ်ပါတယ်။ ဒါပေမဲ့လည်း ကမ္ဘာပြိုရင်တောင် ပြေးပေါက်မရရအောင် ရှာတတ်ကြတဲ့ လူသားမျိုးစိတ်တွေက ဂတ်စ်မျက်နှာဖုံးတွေ တပ်ကာ နေထိုင်ကြပေမဲ့လည်း အချိန်ကြာလာတာနဲ့အမျှ တစ်ကမ္ဘာလုံးအနှံ့ အနီရောင်နယ်မြေတွေက ကြီးထွားသထက် ကြီးထွားလာပါတယ်။ ဒီအတွက် သူတို့မှာ အဖြေလုံးဝမရှိတာတော့ မဟုတ်ပါဘူး။ Athera ဆိုတဲ့ လုပ်ငန်းစုကြီးတစ်ခုက ထုတ်လုပ်တဲ့ AIReum ဆိုတဲ့ ဆေးတစ်မျိုးဟာ တစ်လုံးသောက်လိုက်တာနဲ့ ၆ နာရီကြာအောင် မျက်နှာဖုံးတပ်စရာမလိုဘဲ လေထုအဆိပ် ဒဏ်ကို ခံနိုင်ရည်ရှိပါတယ်။ ဒါပေမဲ့ သူတို့ဆေးဖော်စပ်တဲ့နေရာမှာသုံးတဲ့ အဓိကပစ္စည်းကို လျှို့ဝှက်ထားတဲ့အတွက်ကြောင့် ဆေးလောကမှာတော့ သူတို့လုပ်ငန်းစုတစ်ခုတည်း ပြိုင်ဖက်ကင်းဖြစ်လို့နေပါတယ်… ဒါပေမဲ့လည်း ငွေကုန်ကြေးကျခံနိုင်တဲ့ လူချမ်းသာတွေအတွက်သာ ထုတ်လုပ်ထားသလိုဖြစ်နေတာကြောင့် ဆင်းရဲတဲ့သူတွေက ဒီဆေးကိုဝယ်မသောက်နိုင်ကြပါဘူး။ တစ်ဖက်မှာလည်း အဲဒီကုမ္ပဏီအတွက် ကြော်ငြာမော်ဒယ်လုပ်ပေးတဲ့ အယ်လာဟာ လှပပေမဲ့ သူ့အမေဖြစ်သူရဲ့အရှိန်အဝါကြောင့် လူကြိုက်ခံရလို့ သူ့ဘဝကို အားရမှုမရှိလှပါဘူး…အမြဲတမ်း အတုအယောင်တွေကြားထဲမှာ ရှင်သန်နေရတဲ့အတွက် စိတ်ဆင်းရဲနေရပါတယ်… တစ်နေ့မှာတော့ သူ့ကောင်လေးဖြစ်သူရဲ့ပါတီပွဲကိုရောက်သွားပြီး သူ့ကောင်လေးလွတ်ကျကျန်ခဲ့တဲ့ ဘာမှန်းမသိတဲ့ ဆေးတောင့်လေး တစ်တောင့်ကို သောက်မိတဲ့အချိန် သူ့တစ်ကိုယ်လုံးမှာ ထူးဆန်းတာတွေ ဖြစ်လာပါတယ်… ရုပ်အသွင်အပြင်က မကောင်းဆိုးဝါးတစ်ကောင်လိုဖြစ်လာပေမဲ့လည်း သူ့ခန္ဓာကိုယ်က AIReum ဆေးထက်ကိုပိုပြီး လေထုအဆိပ်အတောက်ကို ဓာတ်ပြယ်စေတဲ့ဒြပ်စင်တွေ ထုတ်လွှတ်နေတာကြောင့်… အဲဒါကို သိရှိသွားတဲ့ Athera လုပ်ငန်းစုက သူ့ကို အပိုင်ဖမ်းပြီး AIReum တွေ အကန့်အသတ်မရှိထုတ်ကာ စီးပွားရှာဖို့ ကြံစည်ရာကနေ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ဒီရုပ်ရှင်မှာ စောင့်ကြည့်ရမှာဖြစ်ပါတယ်
...

127 Hours (2010) ⭐IMDB: 7.5/10 (409 k Votes) 🎬 #Action #Adventure #Biography #Drama #Thriller 🗓 2010 🎞 movie 🌎 #UnitedKingdom #UnitedStates #France #UnitedStatesofAmerica ⏰ 1 နာရီ 34 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 127 Hours (2010) IMDb Rating (7.5) / Rotten Tomatoes (93%) 127 hours တောင်တက်သမားတစ်ယောက်ရဲ့ အကြောင်း ဖြစ်ရပ်မှန်ဇာတ်လမ်းကို ပြန်လည်ရိုက်ကူးထားတဲ့ 127 hours ဟာ Rating 7.5 ထိရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ အေရွန်ရော်စတန်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ James Franco ဟာ ဒီ 127 hours ဇာတ်ကားနဲ့ အကောင်းဆုံးသရုပ်ဆောင်ဆုကို ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ပိတ်ရက်မှာ အေရွန်တစ်ယောက် ဘယ်သူ့ကိုမှ မပြောဘဲ ကန်နွန်လမ်းကို ထွက်ခွာလာခဲ့ပါတယ်။ လမ်းခရီးမှာ လမ်းပျောက်နေတဲ့ကောင်မလေးနှစ်ယောက်နဲ့ တွေ့ဆုံခဲ့ပြီး သူတို့ကို လမ်းပြပေးခဲ့ပါသေးတယ်။ ခွဲခွာပြီးနောက် မကြာခင်မှာပဲ အေရွန်တစ်ယောက် ချောက်တစ်ခုထဲကို ပြုတ်ကျသွားခဲ့ပြီး သူ့လက်က ကျောက်တုံးကြားမှာ ညှပ်နေခဲ့ပါတယ်။ အေရွန်တစ်ယောက် သူ့မှာပါလာတဲ့ပစ္စည်းလေးတွေနဲ့ ဒီချောက်ထဲကနေ အပေါ်ကို ပြန်ရောက်ဖို့ ဘယ်လိုကြိုးစားရုန်းကန်ခဲ့ရသလဲ? ငါးရက်ကြာအောင် ချောက်ထဲမှာ ပိတ်မိနေတဲ့ အေရွန်တစ်ယောက် ၁၂၇ နာရီ ကြာပြီးတဲ့နောက်မှာ လွတ်မြောက်သွားတော့မှာလား? အသက်ရှင်သန်ဖို့ ကြိုးစားရုန်းကန်ခဲ့ရပုံတွေကို ရင်တမမနဲ့ ကြည့်ရှုရမယ့် ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့Su Monဖြစ်ပါတယ်။)
...

Labyrinth (1986) ⭐TMDB: 73% User Score 🎬 #Action #Adventure #Family #Fantasy 🗓 1986 🎞 movie 🌎 #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 42 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Labyrinth (1986) IMDb Rating (7.3) / Rotten Tomatoes (77%) ” ကိုယ့်ကို ကြောက်ရွံ့ပါ ချစ်ပါ ပြောသလိုနာခံပါ မင်းရဲ့ ကျေးကျွန် ကိုယ်ဖြစ်ပြီးသားပါ ” ” အသင်ဟာ ကျွန်မအပေါ် ထိန်းချုပ်နိုင်စွမ်းမရှိပေ ” ၈၀ ကကားဆိုပေမယ့် မှော်ဆန်ဆန် အိမ်မက်ယောင်ယောင်လေး‌တွေ ကြည့်ရတာ ကြိုက်တဲ့သူတွေအတွက်တော့ ကားကောင်းလေးတစ်ခုပါပဲနော်။ ဇာတ်လမ်းလေးက ဒီလိုလေး ဆာရာဆိုတာက အပျို၀င်စအရွယ်ကလေးမလေးတစ်ယောက် သူ့ရဲ့မိထွေးနဲ့ အဖေဖြစ်သူက ပိတ်ရက်တွေ ကလေးကြည့်ခိုင်းလို့ သူ့မောင်လေးကို ကြည့်မရဖြစ်နေတာပေါ့။ ကလေးစိတ်မကုန်သေးတဲ့ ကောင်မလေးက သူ့မောင်လေးကို ကြည့်နေရင်း ပြောလိုက်တာက ” မှင်စာ‌ တွေလာပြီးနင့်ကိုခေါ်သွားပါစေ ” တဲ့။ ဒါပေမယ့် တကယ်ကြီး မှင်စာတွေက သူ့မောင်လေးကို ခေါ်သွားတဲ့အခါမှာတော့ ဆာရာတစ်ယောက် မှင်စာဘုရင်ကြီးဆီက သူ့မောင်လေးကို ပြန်ခေါ်ဖို့ မောင်လေးရှာပုံတော်ထွက်ရပါတော့တယ်။ ဘုရင်ကြီးရဲ့ ရဲတိုက်ကိုရောက်ဖို့ ဝင်္ကပါတစ်ခုကို သူကျော်ဖြတ်ရတော့တဲ့အခါ ဘယ်လိုမျိုးတွေ တွေ့ကြုံရမလဲ ဘယ်လိုသူငယ်ချင်းတွေ ရမှာလဲ။ အကျဉ်းချုပ်အနေနဲ့ကတော့ မိန်းမငယ်လေးတစ်ယောက်အတွက် ကလေးဘ၀နဲ့ လူကြီးဘ၀ကြားက ကြားကာလလေးကို ဘယ်လိုကျော်ဖြတ်သွားသလဲဆိုတာလေးပါပဲ။ Cast အနေနဲ့ကလည်း မှင်စာဘုရင်ကြီးဂျဲရက်အဖြစ် David Bowie နဲ့ ဆာရာအနေနဲ့ကတော့ လှတဲ့နေရာမှာနှစ်ယောက်မရှိတဲ့ မင်းသမီး Jennifer Connelly ပါပဲနော်။ ဒီကားထဲမှာ ၁၅ နှစ်အရွယ်လေးပဲရှိ‌သေးလို့ မှော်ဆန်ဆန်ကားတွေမကြိုက်ရင်တောင် သူနဲ့တင် ကြည့်ဖို့တန်ပါတယ်နော်။ (အညွှန်းနဲ့ဘာသာပြန်ကတော့Phu Thet Khinဖြစ်ပါတယ်။)
...

Whiteout (2023) ⭐IMDB: 4.4/10 (216 Votes) 🎬 #Action #Thriller #Drama 🗓 2023 🎞 movie 🌎 #Canada ⏰ 1 နာရီ 32 မိနစ် 48 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးက ၂၀၂၃ ခုနှစ်တုန်းက ထွက်ရှိခဲ့တာဖြစ်ပြီးတော့ ဒါရိုက်တာ Derek Barnes ရိုက်ကူးထားတဲ့ survival thriller ဇာတ်ကားအမျိုးအစားဖြစ်ပါတယ်။ အဓိကသရုပ်ဆောင်တွေအဖြစ် Douglas Nyback, Joel Labelle နဲ့ James McDougall တို့က ပါဝင်ပေးထားပါတယ်။ ဇာတ်လမ်းကတော့ ရုရှားထောင်တစ်ခုကနေ အရဲစွန့်ထွက်ပြေးလာတဲ့ Kurt, Anthony နဲ့ Henry တို့ရဲ့ တွေ့ကြုံခဲ့ရတဲ့အဖြစ်အပျက်တွေကို စိတ်လှုပ်ရှားဖွယ် ရိုက်ကူးထားတာဖြစ်ပါတယ်။ ထောင်ထဲကနေလွတ်လာတဲ့ သူတို့သုံးယောက်ဟာ ကြမ်းတမ်းတဲ့ တောနက်ကြီးကိုဖြတ်ပြီးတော့ ဆိုးရွားတဲ့ရာသီဥတုအခြေအနေတွေကို ရင်ဆိုင်ကာ အချင်းချင်း မသင့်မမြတ်ဖြစ်မှုတွေကို ကျော်ဖြတ်ရင်း အသက်ရှင်ဖို့အတွက် တိုက်ပွဲဝင်ကြပုံကို ကြည့်ရှုကြရမှာပါ။ ဒီဇာတ်ကားထဲမှာ လူသားတွေရဲ့ အကြမ်းခံနိုင်မှုတွေ၊ မဖြစ်နိုင်တဲ့ အခြေအနေမှာတောင် အသက်ရှင်ကျန်ရစ်နိုင်ဖို့အတွက် ဆက်လက် တိုက်ပွဲဝင်ပုံတွေကို Thriller genre ပီပီ ကြည့်ရှုသူကို စိတ်လှုပ်ရှားမှု ရသ အပြည့်အဝရအောင် ရိုက်ကူးထားပါတယ်။
...