uk
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закритий канал

🚩 Channel was restricted by Telegram

Показати більше
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
How It Ends (2021) ⭐IMDB: 5.4/10 (5 k Votes) 🎬 #Comedy #Drama 🗓 2021 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 23 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 How It Ends (2021)******************* How It Ends ကတော့ Comedy အမျိုးအစားဖြစ်ပြီး ကမ္ဘာပျက်ခါနီးမှာလိုင်ဇာဆိုတဲ့ကောင်မလေးက ဘဝမှာလုပ်စရာရှိနေသေးတာတွေကို နောက်ဆုံးအနေနဲ့ လိုက်လံလုပ်ဆောင်ပုံကို ရိုက်ကူးပြသထားတာဖြစ်ပါတယ်။ လိုင်ဇာနဲ့ သူ့ရဲ့ ရုပ်နာမ် မရှိတဲ့ ငယ်ဘဝလိုင်ဇာလေးတိုဟာ မောင်နှမဝမ်းကွဲမန်ဒီရဲ့ကမ္ဘာပျက်ပါတီကို အတူတူလမ်းလျှောက်လာရင်း လမ်းတစ်လျှောက်မှာ ကမ္ဘာ့နောက်ဆုံးနေ့ကိုပုံစံအမျိုးမျိုးနဲ့ ဖြတ်ကျော်နေကြတဲ့လူတွေနဲ့လည်း တွေ့ကြုံကြရဦးမှာပါ။ မိသားစုဝင်တွေ၊ ရည်းစားဟောင်းတွေ၊ ချစ်ရသူတွေ ၊ မိတ်ဆွေသူငယ်ချင်းတွေဆီသွားပြီးမပြောရသေးတဲ့စကားတွေ၊ မဖြေရှင်းရသေးတဲ့ကိစ္စတွေကို လိုင်ဇာတစ်ယောက်ပြီးပြတ်အောင်လိုက်လံလုပ်ဆောင်ပုံကို ဟာသနှော ရိုက်ကူးထားတဲ့ ကားကောင်းလေးဖြစ်ပါတယ်။ (အညွှန်းကို July မှ ရေးသားထားပါတယ်)
...

Firefighters (2024) ⭐TMDB: 60% User Score 🎬 #Action #Drama 🗓 2024 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 46 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Firefighters (2024) ******************** ကိုရီးယားနိုင်ငံ ဟုန်းဂျယ်ဒုံမှာ အမှန်တကယ် ဖြစ်ပျက်ခဲ့တဲ့ မီးလောင်မှုကို အခြေခံပြီး ရိုက်ကူးထားတဲ့ “Firefighters” ဇာတ်ကားကြီး ထွက်ရှိလို့ လာပါပြီ။ Kwak Do Won, Joo Won, Lee Jun Hyuk, Oh Dae Hwan, Lee Yoo Yeong အစရှိတဲ့ နာမည်ကြီး သရုပ်ဆောင်တွေ အများအပြား ပါဝင်ထားတဲ့ ဒီကားလေးမှာတော့ ပြည်သူတွေရဲ့ အသက်အိုးအိမ်နဲ့ စည်းစိမ်တွေကို ကာကွယ်ဖို့အတွက် နေ့ရက်တိုင်းကို ‌နောက်ဆုံးနေ့အဖြစ် သတ်မှတ်ပြီး ရှင်သန်နေကြတဲ့ မီးသတ် သူရဲကောင်းတွေရဲ့ ဘဝကို မီးမောင်းထိုးပြီး ရိုက်ကူး ပြသထားပါတယ်။ ဇာတ်လမ်းအညွှန်း- မီးသတ်တပ်ဖွဲ့ထဲကို လူသစ်အနေနဲ့ ဝင်ရောက်လာတဲ့ ချောအွန်း (Joo Won) ဟာ လုပ်ဖော်ကိုင်ဖက်ကို ဆုံးရှုံးခဲ့ရတဲ့ အဖြစ်အပျက်ကြောင့် အပြစ်မကင်းတဲ့ စိတ်နဲ့ နေထိုင်နေခဲ့ရပါတယ်။ ဒီအချက်ကြောင့်ပဲ ချောအွန်းဟာ ရာထူးမြင့်တဲ့ နေရာကို တက်လှမ်းပြီး ကယ်ဆယ်ရေး တပ်ဖွဲ့ရဲ့ ညွှန်ကြားမှု စနစ်ကို ပိုမွန်ကောင်းမွန်အောင် လုပ်ဖို့ စိတ်ပိုင်းဖြတ်ခဲ့ပါတယ်။ ဒီအချက်တွေကြောင့်ပဲ အထက်လူကြီးနဲ့ ချောအွန်းတို့ကြားမှာ ကတောက်ကဆလေးတွေ ရှိလာခဲ့ပြီး လုပ်ဖော်ကိုင်ဖက်ကို ဆုံးရှုံးခဲ့ရတဲ့ အဖြစ်အပျက်ကြောင့် တခြား မီးသတ် တပ်ဖွဲ့ဝင်တွေရဲ့ စိတ်ထဲမှာလည်း အတွေး အမြင် ကိုယ်စီ ရှိလာကြပါတယ်။ ဒီလိုမျိုး ကတောက်ကဆ‌လေးတွေ ရှိနေကြတဲ့ အခြေအနေမှာပဲ ဟုန်းဂျယ်ဒုံမှာ မီးလောင်မှုအကြီးကြီး ဖြစ်ပွားခဲ့ပြီး လောင်မြိုက်နေတဲ့ မီးတောက်တွေကြားမှာ ပြည်သူတွေကို အသက်ပေး ကာကွယ်ရင်း ကိုယ်ကျိုးစွန့်သွားကြမဲ့ သူရဲကောင်းတို့ရဲ့ ပုံရိပ်ကို မျက်ဝါးထင်ထင် မြင်တွေ့ရမှာမို့လို့ ကြည့်ရှူဖို့ ညွှန်းဆိုလိုက်ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Treasure Htet မှ ရေးသားပေးထားပါတယ်။)
...

Grafted (2024) ⭐IMDB: 5.8/10 (477 Votes) 🎬 #Drama #Horror #Romance #Thriller 🗓 2024 🎞 movie 🌎 #NewZealand #UnitedKingdom ⏰ 1 နာရီ 36 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Body Horror ကားကောင်းကောင်း ကြိုက်တဲ့ ပရိသတ်တွေအတွက် Hit ဖြစ်ခဲ့တဲ့ ဟောလီးဝုဒ်ဇာတ်ကားThe Substance နောက်ဆက်တွဲ ရိုက်တာလားလို့တောင် ထင်ရတဲ့ ဇာတ်ကားသစ်လေးနဲ့ cm ပရိသတ်ကြီးကို မိတ်ဆက်ပေးချင်ပါတယ်…။ အလှအပဆိုတာ အရေပြားတစ်ထောက်စာ ဆိုပေမယ့် အဲဒီ တစ်ထောက်စာ အလှအပအတွက်ကို ငွေကြေးများစွာ အကုန် အကျခံပြီးတော့ ပလပ်စတစ်ဆာဂျရီလုပ်သူတွေ ဒုနဲ့ဒေး များလာတဲ့ ခေတ်ကြီးမှာ အလှအပအတွက် ဘာမဆိုစတေးရဲတယ်ဆိုတာ အံ့ဩစရာတော့ မဟုတ်ပါဘူး။ ဒီဇာတ်ကားမှာဆိုရင် ရှောင်ဝေဆိုတဲ့ တရုတ်မလေးဟာ နယူးဇီလန် နိုင်ငံကို စကောလားရှစ် ပညာသင်ဆုရပြီး ကျောင်းတက်ဖို့အတွက် ရောက်လာခဲ့တဲ့သူ ဖြစ်ပါတယ်။ သူမရဲ့ ဆုံးပါးသွားပြီးဖြစ်တဲ့ အဖေက ဇီဝသိပ္ပံပညာရှင် တစ်ယောက် ဖြစ်ခဲ့ပြီးတော့ သူမရော သူမရဲ့အဖေမှာ တူညီတဲ့ အချက်က မျက်နှာဘေးခြမ်းနဲ့ လည်ပင်းနားမှာ အရုပ်ဆိုးတဲ့ မွေးရာပါအမှတ် ပါရှိနေတာပါ။ ဒီအမှတ်ကို ပြုပြင်ပြီး အရေပြားလှပဖို့ ကြိုးစားရင်း စမ်းသပ်မှုမတော်တဆဖြစ်ပြီး ရှောင်ဝေရဲ့ ဖခင်က ဆုံးပါးသွားခဲ့ရတာလည်း ဖြစ်ပါတယ်။ နယူးဇီလန်မှာ ကျောင်းတက်ဖို့ အတွက် လာခဲ့တဲ့ ရှောင်ဝေတစ်ယောက် အပေါင်းအသင်းဝင်ဆံ့ဖို့အတွက် လှပချင်စိတ်နဲ့အတူ သူမအဖေ စမ်းသပ်ခဲ့တဲ့ စမ်းသပ်မှုကို ဆက်လုပ်ဖို့ ဖြစ်လာတဲ့အခါမှတော့
...

Into the Deep (2025) ⭐IMDB: 3.3/10 (281 Votes) 🎬 #Action #Thriller #Horror 🗓 2025 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 29 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 နာမည်ကျော်ငါးမန်းရုပ်ရှင် Jaws ရဲ့မင်းသားကြီး Richard Dreyfuss ပါဝင်သရုပ်ဆောင်ထားတဲ့ နောက်ထပ်ငါးမန်းရုပ်ရှင်တစ်ခုပဲ ဖြစ်ပါတယ်။ ငါးမန်းကားဆိုပေမယ့် အက်ရှင်ခန်းတွေ၊ တိုက်ခိုက်တာတွေနဲ့ ပစ်ခတ်တာတွေကို အသားပေးရိုက်ကူးထားတဲ့ အက်ရှင်ကားဖြစ်ပါတယ်။ ကတ်ဆီဒီဟာ ကလေးဘဝတုန်းက မျက်စိရှေ့တင် ငါးမန်းကိုက်ခံ ရပြီးသေဆုံးခဲ့တဲ့ဖခင်ကြောင့် ရေကိုလုံးဝကြောက်သွားခဲ့သူ ဖြစ်ပါတယ်။ ဒါပေမဲ့ အဏ္ဏဝါဗေဒပညာရှင်ဖြစ်တဲ့ အဘိုးဖြစ်သူရဲ့ လေ့ကျင့်ပေးမှုကြောင့် ကတ်ဆီဒီတစ်ယောက် ငါးမန်းတွေကို လေ့လာတဲ့ အဏ္ဏဝါဗေဒပညာရှင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ တစ်ရက်မှာ လန်ဒန်အမျိုးသားပြတိုက်မှာအလုပ်လုပ်တဲ့ခင်ပွန်း ဖြစ်သူဂရက်က သမုဒ္ဒရာအောက်က သမိုင်းဝင်ရွှေပြားတွေကို ဆယ်ယူဖို့ ပြင်သစ်ကိုခရီးထွက်လာတဲ့အခါ ကတ်ဆီဒီလည်း လိုက်ပါလာခဲ့ပါတယ်။ ကိုယ့်အကြောက်တရားကိုယ် ရင်ဆိုင် ကျော်လွှားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့လိုက်လာတဲ့ကတ်ဆီဒီတစ်ယောက် ဂရက်တို့အုပ်စုနဲ့အတူ လိုက်ရေငုပ်ချိန်မှာတော့ ငါးမန်းဖြူကြီးတွေနဲ့ တည့်တည့်တိုးပါတော့တယ်။ တစ်ချိန်တည်းမှာပဲ မှောင်ခိုသမားတွေရဲ့လှေက ကတ်ဆီဒီတို့ကို ဖမ်းထားလိုက်ပြီး ငါးမန်းတွေရှိနေတဲ့ ရေအောက်ကမူးယစ်ဆေး အထုပ်တွေကို အတင်းအကြပ်ဆယ်ယူခိုင်းချိန်မှာတော့ ငါးမန်းတွေ အကြောင်းလေ့လာခဲ့တဲ့ကတ်ဆီဒီတစ်ယောက် သူလေ့လာထားတာတွေကို အသုံးချပြီး ငါးမန်းဖြူကြီးတွေလက်ကနေ ဘယ်လိုလွတ်မြောက်အောင်လုပ်မလဲ။ မှောင်ခိုသမားတွေလက်ကရော ဘယ်လိုရုန်းထွက်မှာလဲဆိုတာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။
...

Ghost Cat Anzu (2024) ⭐IMDB: 6.5/10 (517 Votes) 🎬 #Adventure #Animation #Drama #Family #Fantasy #Comedy 🗓 2024 🎞 movie 🌎 #Japan #France ⏰ 1 နာရီ 34 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မနှစ်ကထွက်ရှိထားတဲ့ တစ်ကားတည်း Anime ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါရစေ။ Karin ဆိုတဲ့ ၁၁ နှစ်အရွယ် ကောင်မလေးဟာ ဖခင်ဖြစ်သူက ငွေတိုးချေးရင်း ပြန်မဆပ်နိုင်ပဲ အသေထွက်ပြေးနေရလို့ သားအဖနှစ်ယောက်သား နယ်မြို့လေးက အဘိုးရှိရာ ဘုရားကျောင်းကို ရောက်ချလာပါတယ်။ နောက်ကျတော့ အဘိုးလက်ကိုအပ်ပြီး ဖအေဖြစ်သူက လွတ်ရာကျွတ်ရာကို ထွက်သွားပြန်တော့မယ်။ အဲဒီမှာ Karin တစ်ယောက် အမေဖြစ်သူကလည်း ဆုံး အဖေကလည်း ပစ်ထားသွားတော့ အဘိုးနဲ့ ဘုရားကျောင်းမှာနေတုန်း လူအရွယ်လောက်ရှိပြီး လူစကားပြောတတ်တဲ့ ကြောင်ကြီး Anzu နဲ့ တွေ့ရပါတော့တယ်။ အဲဒီမှာ ဒီကြောင်ကြီးက ဘာကြီးတုန်း၊ Karin တစ်ယောက် မိတဆိုးဖတဆိုးလေး ဖြစ်နေတော့ ဘယ်လိုတွေ ဆိုးပေမလဲ၊ အမေဖြစ်သူ နှစ်ပတ်လည်ကို ရောက်မလာတဲ့ ဖအေကြောင့် စိတ်ဆိုးဆိုးနဲ့ ပုံပြောင်း ကြောင်သရဲကြီး Anzu နဲ့ အတူတူ ဘယ်လိုတွေ စွန့်စားခန်းထွက်ကြမလဲဆိုတာ ပေါ့ပေါ့ပါးပါ ကြည့်ရှုခံစားရမယ့် Anime ကားကောင်းလေး ဖြစ်ပါတယ်ဗျာ။ ဂျပန် Anime ထုံးစံအတိုင်း ဒီထဲမှာလည်း ဒဏ္ဍာရီလာ သတ္တဝါလေးတွေ ထည့်သွင်းထားတာပါ။ Ghost Cat (Bakeneko) ဆိုတာက ပုံသဏ္ဍာန်ပြောင်းနိုင်တဲ့ ကြောင်လိုလူလို မကောင်းဆိုးဝါးတစ်ကောင်တစ်မျိုးပေါ့။ ဒီထဲမှာတော့ ဂါဖီးလ်လိုရုပ်ကြီးနဲ့ ချစ်စရာကောင်းအောင် တင်ဆက်ထားပါတယ်။ Motion နေရာ Animation လေးတွေ အပြစ်နည်းနည်းဆိုချင်စရာ ရှိပေမဲ့ Background တွေက ခဲပန်းချီလေးလို လှနေတာရယ် ဇာတ်လမ်းလေးက မပျင်းရပဲ ခပ်မြူးမြူးနဲ့ သွက်တာကြောင့် အပျင်းပြေစေမှာတော့ သေချာပါတယ်။ စိတ်ကူးယဉ် ဇာတ်ကောင်လေးတွေ စိတ်ကူးယဉ်ဇာတ်လမ်းဆိုပေမဲ့ ၁၀ နှစ်ကျော် ကလေးတစ်ယောက်ရဲ့ မိဘအပေါ် ဆုံးရှုံးမှုတွေ ပူဆွေးရမှုတွေ အကူအညီလိုတတ်ကြတာတွေကို ရှုထောင့်လေးတစ်ခုကနေ ပညာပေးထားတာဆိုရင်လည်း မှားမယ်လို့ မထင်ပါဘူးဗျာ
...

Golmaal Returns (2008) ⭐TMDB: 54% User Score 🎬 #Bollywood #Comedy #Crime #Mystery 🗓 2008 🎞 movie 🌎 #India ⏰ 2 နာရီ 16 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Golmaal Returns (2008)“ပရမ်းပတာ” တစ်ချိန်ကနာမည်ကြီးခဲ့တဲ့ Golmaal ဟာသ ဇာတ်လမ်းတွဲထဲကဒုတိယမြောက်ကားလေးကို ပရိသတ်တို့အတွက် ပြန်လည်တင်ဆက်ထားပါတယ် ဒီကားထဲမှာ မင်းသားအဂျေး (Ajay Devgn) နဲ့ ဝါရင့်မင်းသမီးကရီနာကပူးတို့ကခေါင်းဆောင်ပါဝင်ထားပြီး ၂၀၀၈ မှာ ဝင်ငွေအကောင်းဆုံးအိန္ဒိယရုပ်ရှင်စာရင်းထဲ ပါခဲ့တာပါ ဇာတ်လမ်းအကျဉ်းကတော့ ဇာတ်လိုက်ကျော် ဂိုပယ်က စကားမပြောတတ်တဲ့သူ့သူငယ်ချင်း လပ်ကီးရဲ့အစ်မဖြစ်သူ အက်တာနဲ့ အိမ်ထောင်ကျသွားခဲ့ပြီးငါးလုပ်ငန်းကုမ္ပဏီတစ်ခုမှာ လုပ်ကိုင်နေပါတယ် သူ့မိန်းမအက်တာက တီဗွီဇာတ်လမ်းတွဲတွေအကြည့်များပြီး သူ့ယောကျ်ားကိုအိမ်ထောင်ရေးဖောက်ပြန်နေတယ်လို့ သံသယများနေတဲ့အပြင်ရဲအရာရှိတစ်ယောက်ကလည်း သူတို့ကုမ္ပဏီက ငါးပုဇွန်တင်တဲ့သင်္ဘောထဲမှာ မူးယစ်ဆေးတွေရှိနိုင်တယ်လို့ သင်္ကာမကင်းဖြစ်နေပြန်ပါတယ် တစ်ရက်မှာ ဂိုပယ်က မီရာဆိုတဲ့ မိန်းကလေးတစ်ယောက်ကို ကယ်မိလိုက်ရာကနေစလို့ဘယ်လိုပြဿနာတွေ တစ်ခုပြီးတစ်ခုဆက်တိုက်ဖြစ်လာမလဲ ဆိုတာကတော့ —- အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်
...

The Girl with the Needle (2024) ⭐IMDB: 7.5/10 (3 k Votes) 🎬 #Drama #History #Thriller 🗓 2024 🎞 movie 🌎 #Denmark #Poland #Sweden ⏰ 2 နာရီ 3 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ 97 ကြိမ်မြောက် အော်စကာဆုပေးပွဲရဲ့ Best International Feature Film ဆုအတွက် ဆန်ခါတင် စာရင်း ဝင်ထားတဲ့ ရုပ်ရှင်ကားကောင်းလေးကို တင်ဆက် ပေးလိုက်ချင်ပါတယ်။ 82ကြိမ်မြောက် Golden Globes Awards ပွဲမှာလည်း ဆန်ခါတင်စာရင်းဝင်ခဲ့ပါသေးတယ်။ ဒီရုပ်ရှင်ဟာ ၁၉၁၅-၁၉၂၀ခုနှစ်အတွင်း ဒိန်းမက်နိုင်ငံမှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ ခြောက်ခြားတုန်လှုပ်ဖွယ် မှုခင်း တစ်ခုကို ကျောရိုးယူပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့***************** ကာရိုလင်းဆိုတဲ့အမျိုးသမီးဟာ သာမန်လက်လုပ်လက်စား အထည်ချုပ်စက်ရုံက ဝန်ထမ်းအမျိုးသမီးတစ်ဦးပါ။ သူ့ယောက်ျားက စစ်ပွဲကာလမှာ စစ်မှုထမ်းသွားရာကနေ စာမလာသတင်းမကြားတာ ၁နှစ်ကျော်ရှိပြီမလို့ တိုက်ပွဲထဲ ကျသွားပြီသာထင်မှတ်ပြီး ယာဟန်ဆိုတဲ့လူကုံထံတစ်ဦးနဲ့ ချစ်ကြိုက်သွားခဲ့ပါတယ်။ ဒီလိုနဲ့ ကာရိုလင်းမှာ ယာဟန်နဲ့ရတဲ့ကိုယ်ဝန်ရှိလာခဲ့ပြီး ယာဟန်နဲ့အတူလက်ထပ်ကာ ဘဝသစ်တည်ထောင်ဖို့ စိတ်ကူးခဲ့ပေမဲ့ ကာရိုလင်းတစ်ယောက် ကံမကောင်းခဲ့ရှာပါဘူး။ လူကုံထံအသိုင်းအဝိုင်းက ယာဟန်ဟာ ကာရိုလင်းကိုတာဝန်မယူဘဲ စွန့်ပစ်လိုက်တော့ ကာရိုလင်းဟာ သူနဲ့ရတဲ့ကိုယ်ဝန်ကို ဖျက်ချဖို့ကြိုးစားခဲ့ပါတယ်။ ကိုယ်ဝန်ဖျက်ချ‌တာမအောင်မြင်ခဲ့ပေမဲ့ ဒါမာဆိုတဲ့အမျိုးသမီးဟာ သူ့ကိုလာကူညီပေးခဲ့ပြီး ကလေးမွေးရင် သူ့ကိုလာရှာဖို့မှာသွားခဲ့ပါတယ်။ ဒါမာဟာ မိခင်တွေစွန့်ပစ်ချင်တဲ့ကလေးတွေကို အခကြေးငွေယူပြီး မွေးစားမိဘ‌တွေဆီပို့ပေးတယ်လို့ ပြောခဲ့တာကြောင့် ကာရိုလင်းဟာ ကလေးမီးဖွားပြီးတဲ့အခါ ဒါမာဆီကို ကလေးသွားပေးပါတော့တယ်။ အဲဒီကနေစလို့ ဇာတ်လမ်းရဲ့ tempoလည်း တဖြည်းဖြည်းတက်လာပြီး အပေါ်မှာပြောခဲ့တဲ့ တုန်လှုပ်ဖွယ် မှုခင်းဟာလည်း ဖြည်းဖြည်းချင်း ရုပ်လုံးပေါ်လာပါတော့တယ်။ ဒါ့အပြင် Black and white color နဲ့ တင်ဆက်ထားတာကြောင့် ရုပ်ရှင်ကနေတစ်ဆင့် ပေးချင်တဲ့ ရသကို ကောင်းကောင်းကြီး ခံစားရမှာပါ။ ဘာကြောင့် အော်စကာ ဆန်ခါတင်ဝင်ထားတဲ့ ရုပ်ရှင်ဖြစ်နေတာလဲဆိုတာကိုတော့ ကိုယ်တိုင် ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။
...

A Brand New Life (2009) ⭐TMDB: 72% User Score 🎬 #Drama 🗓 2009 🎞 movie 🌎 #France #SouthKorea ⏰ 1 နာရီ 33 မိနစ် 42 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါ ဘာသာပြန်တင်ဆက်ပေးလိုက်တဲ့ ရုပ်ရှင်လေးကတော့ 22 ကြိမ်မြောက် တိုကျိုနိုင်ငံတကာ ရုပ်ရှင် ဆုပေးပွဲမှာ အကောင်းဆုံးအာရှရုပ်ရှင်ဆု ရခဲ့တဲ့ A Brand New Life လို အမည်ရတဲ့ ရုပ်ရှင်လေးဖြစ်ပါတယ် ။ နာမည်ကြီး ကလေးသရုပ်ဆောင်တစ်ယောက် ဖြစ်ခဲ့တဲ့ ဂင်ဆယ်ရွန်း ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီကားလေးဟာ အဖေဖြစ်သူက ခရီးသွားမယ်လို လိမ်ပြောပြီးတော့ မိဘမဲ့ဂေဟာမှာ လာစွန့်ပစ်ခံလိုက်ရတဲ့ ကလေးတစ်ယောက်ရဲ့ ဘဝအကြောင်းကို ရိုက်ပြထားတာဖြစ်ပါတယ် ။ ခရီးသွားမယ်ဆိုပြီး အဝတ်အစားသစ် ၊ ဖိနပ်သစ်တွေ ဝယ်ပေးပြီးတော့မှ မိဘမဲ့ဂေဟာမှာ မပြောမဆိုနဲ့ ပစ်ထားခံလိုက်ရတဲ့ ၉ နှစ်အရွယ်ကလေးလေး ဂျင်ဟီးအတွက်တော့ မိဘမဲ့ဂေဟာဆိုတဲ့ ပတ်ဝန်းကျင်အသစ်က ဘယ်လိုမှ နေသားကျစရာမကောင်းခဲ့ပါဘူး ။ သူ့လိုအရွယ်ကလေးတွေ ၊ စကားပြောကြမ်းတဲ့ ထမင်းချက်အဒေါ်ကြီး ၊ စစ်စတာနှစ်ယောက် နဲ့ ဂေဟာမှူး အကုန်လုံးက သူ့အပေါ် ကောင်းပေးကြပေမဲ့ ဂျင်ဟီးလေးကတော့ သူ့အဖေလာခေါ်မှာကိုပဲ စောင့်နေတုန်းပါ ။ ဒီလိုစောင့်နေရင်းနဲ့ ရှေ့မှာ တစ်ယောက်ပြီး တစ်ယောက် မွေးစားမိဘနောက်လိုက်သွားကြတဲ့ ကလေးတွေ ပြီးနောက်မှာ ဂျင်ဟီးရော ဘယ်လမ်းကို ရွေးမှာလဲ ။ အဖေလုပ်တဲ့သူကရော ဂျင်ဟီးကို ဘာလို စွန့်ပစ်ခဲ့တာလဲဆိုတာကတော့ A Brand New Life ရုပ်ရှင်မှာ ကြည့်ရှုလိုက်ရအောင်နော်
...

The Calendar Killer (2024) ⭐IMDB: 5.5/10 (2 k Votes) 🎬 #Crime #Thriller 🗓 2024 🎞 movie 🌎 #Germany ⏰ 1 နာရီ 34 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Calendar Killer (2025) IMDb Rating (5.5) ဂျာမန်စကားပြော သည်းထိပ်ရင်ဖိုရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ နာမည်ကြီး ပြက္ခဒိန်လူသတ်သမားဟာ ကလာရာကို ပြန်ပေးဆွဲသွားပြီး ကလာရာ သတိပြန်ရလာတော့ နံရံပေါ်မှာ “၁၂ လပိုင်း ၆ ရက်နေ့ – သူ(သို့မဟုတ်) မင်း – နှစ်ယောက်ထဲက တစ်ယောက်သေရမယ်” လို့ သွေးနဲ့ရေးထားတာကို တွေ့လိုက်ရတယ်။ ကလာရာဆိုတာ နိုင်ငံရေးသမားတစ်ဦးရဲ့ ဇနီးသည်ဖြစ်ပြီး ရှေ့နေအလုပ်ထွက်ကာ အိမ်ထောင်ရှင်မအဖြစ် ယောကျာ်းစိတ်တိုင်းကျနေရတဲ့အပြင် ဇနီးသည်ကို အရာဝတ္ထုလိုစိတ်တိုင်းကျခိုင်းစေပြီး အနိုင်ကျင့်တတ်တဲ့ သူ့ယောကျာ်းကတော့ စောနက ပြက္ခဒိန်လူသတ်သမား ခြိမ်းခြောက်ထားတဲ့ “သူ” ပါပဲ။ ဒီဇင်ဘာ ၆ ရက်နေ့မှာ ကူကယ်ရာမဲ့ထွက်ပြေးလာတဲ့ ကလာရာကို “ကူညီပါရစေ” ဖုန်းလိုင်းမှ ဂျူးလ်ဆိုတဲ့လူကကယ်တင်ပေးနိုင်မှာလား ဆိုတာကတော့.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Sike Tan ဖြစ်ပါတယ်။)
...

Thiru.Manickam (2024) ⭐IMDB: 9.2/10 (2 k Votes) 🎬 #Bollywood #Thriller #Drama 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 57 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Thiru.Manickam (2024) “ကံဇာတ်ဆရာ အလိုကျ” ဘ၀ဆိုတာ ဘယ်တော့မှ ထင်သလိုဖြစ်မလာတတ်ပါဘူး။ဖြစ်ချင်တာ အမြဲဖြစ်မလာတတ်သလို မဖြစ်ချင်တာတွေဖြစ်တတ်တာလည်း လောကသဘာ၀လို့ ဆိုရမလားပါပဲ။ အဲဒီဘ၀အခြေအနေကပဲ လူကောင်းကို လူဆိုး၊လူဆိုးကို လူကောင်း ဖြစ်သွားစေတဲ့အဖြစ်တွေဟာလည်း ဒုနဲ့ဒေပါ။ အခုမိတ်ဆက်ပေးမဲ့ ဇာတ်လမ်းကလည်းအဲဒီလို ဘ၀အရှုပ်အထွေးတွေကို အထင်အရှား ရိုက်ပြထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာတော့ “My family” အက်ဆေးရေးခိုင်းရာကနေမာနစ်ကမ်တို့ မိသားစုဘ၀လေးကိုချစ်စရာကောင်းအောင် ပုံဖော်ပြသွားပါတယ်။ မာနစ်ကမ်ဟာ ရိုးသားဖြောင့်မတ်ပြီး ဖော်ရွေတာကြောင့် လူချစ်လူခင်ပေါသူပါ။ထီဆိုင်လေးတစ်ဆိုင်ဖွင့်ထားပြီး ဇနီးရယ်၊ သမီးလေးနှစ်ယောက်ရယ်၊ဆွေမျိုးတချို့ရယ်နဲ့ အတူ ပျော်ပျော်ပါးပါးနေထိုင်ပါတယ်။မချမ်းသာပေမဲ့ ‌အေးချမ်းပြီး ပျော်စရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားသူပေါ့။ ဒါပေမဲ့ တစ်နေ့မှာတော့ အေးချမ်းတဲ့ဘ၀ကို လိုလားပုံမရတဲ့ ကံဇာတ်ဆရာကမာနစ်ကမ်တို့မိသားစုဘ၀ကို လှိုင်းဂယက်ထသွားအောင် ပြောင်းလဲပစ်လိုက်ပါတယ်။ အေးချမ်းတဲ့နောက်ကွယ်မှာ အခက်အခဲတချို့နဲ့ ငွေကြေးမပြေလည်မှုတွေရှိနေတဲ့မာနစ်ကမ်တို့မိသားစုလေးကို ကံကြမ္မာက ဘယ်လိုကျီစယ်လဲ၊ဘ၀အခြေအနေက လူတွေဘယ်လိုပြောင်းလဲသွားစေမလဲဆိုတာကို ဘ၀ရသစုံလင်စွာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဒရာမာသက်သက်မဟုတ်ဘဲ မှုခင်းနဲ့ thriller ကိုပါပေါင်းစပ်ထားတာမို့ Bollywood ပရိသတ်အတော်များများလည်း အကြိုက်တွေ့ကြမှာပါ။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပါ။)
...

Golmaal – Fun Unlimited (2006) ⭐TMDB: 66% User Score 🎬 #Action #Bollywood #Comedy #Drama #Family 🗓 2006 🎞 movie 🌎 #India ⏰ 2 နာရီ 23 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Golmaal: Fun Unlimited (2006)”ပရမ်းပတာ”================================== Mumbai Cop Universe ရဲ့ ပဲ့ကိုင်ရှင်ဆရာကြီးရိုဟစ်ရှက်တီ ရိုက်ကူးထားပြီးမင်းသားကြီး အဂျေး၊ 3 idiots ထဲကရာဂျူးသရုပ်ဆောင် ရှာမန်ဂျိုရှီ၊ ဒါ့အပြင် တခြား နာမည်ကြီးဟာသသရုပ်ဆောင်တွေလည်းပါဝင်တဲ့ Indian classic vibe ရမယ့်ဟာသကားဟောင်းလေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ အဂျေးတို့အဖွဲ့ဟာ ဘရုတ်ကျလွန်းလို့ကောလိပ်ကနေ နှင်ထုတ်ခံထားရတဲ့ ကျောင်းသားဟောင်းတွေဖြစ်ပါတယ်။ ကျောင်းထုတ်ခံထားရပေမဲ့ နေစရာအိမ်မရှိတဲ့အတွက် ကျောင်းထုတ်မခံရတဲ့သူငယ်ချင်းအခန်းမှာ ကုပ်ကပ်နေရင်း ဘရုတ်ကျမှုတွေကိုမရပ်နိုင်တဲ့အတွက် အဲဒီသူငယ်ချင်းပါ ကျောင်းထုတ်ခံလိုက်ရပါတယ်။ အဲဒီလို ကျောင်းထုတ်ခံရလို့ နေစရာမရှိ ကြောင်ပျောက်နေတဲ့သူငယ်ချင်းလေးယောက်ဟာ အကြွေးရှင်လိုက်လို့ ပြေးရင်းလွှားရင်းမျက်မမြင် အဘိုးကြီးအဘွားကြီးစုံတွဲနေတဲ့အိမ်ကို ရောက်သွားခဲ့ပြီးအဲဒီအဘိုးကြီးအဘွားကြီးစုံတွဲက မတွေ့ရတာ နှစ် ၂၀ ကျော်ပြီဖြစ်တဲ့မြေးဖြစ်သူကို စောင့်နေမှန်းသိသွားတဲ့အချိန်မှာတော့သူတို့အဖွဲ့ ဘယ်လိုတွေ အယောင်ဆောင်ပြီးဘယ်လိုဘရုတ်ဆက်ကျကြမလဲဆိုတာကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာပါ…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)
...

Sweet Dreams (2025) ⭐IMDB: 7.2/10 (101 Votes) 🎬 #Bollywood #Romance #Drama 🗓 2025 🎞 movie 🌎 #India ⏰ 1 နာရီ 48 မိနစ် 47 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Sweet Dreams (2025) “အိပ်မက်ချစ်သူ” အိပ်မက်တစ်ခုတည်းကိုပဲ ညစဉ်ရက်ဆက်မက်နေတဲ့ လူနှစ်ယောက်။နှစ်ဦးသား ကော်ဖီဆိုင်လေးမှာ ချစ်ကြည်နူးနေခဲ့ကြတဲ့ အိပ်မက်တစ်ခု။ဒါပေမဲ့ ကော်ဖီခွက်ကျကွဲသွားတဲ့နေရာမှာပဲ အိပ်မက်ကနေ နှစ်ယောက်လုံး နိုးလာနေကျ။ထူးဆန်းတာက သူတို့နှစ်ယောက် အပြင်မှာတစ်ခါမှ မဆုံတွေ့ဖူးခဲ့ကြပါဘူး။ ကောင်လေးနာမည်က ကန်နီ။ စွန့်ပစ်ပစ္စည်းတွေကို အနုပညာဆန်ဆန် ပြန်ပြီးဖန်တီးတဲ့အနုပညာရှင်တစ်ယောက်။ ချစ်သူနဲ့ လမ်းခွဲထားတဲ့သူ။ ကောင်မလေးက ဒီယာ။ စာရေးဆရာမတစ်ဖြစ်လဲအဆိုတော်မလေးတစ်ယောက်။ နှစ်နှစ်သက်တမ်းကြာတဲ့ချစ်သူတစ်ယောက်ရှိပြီး သိပ်အဆင်ပြေမနေတဲ့ဆက်ဆံရေး။ ဆိုတော့ အပြင်မှာမမြင်ဖူးဘဲ အိပ်မက်ထဲမှာ ခဏခဏကြည်နူးနေကြတဲ့ သူတို့နှစ်ယောက်အပြင်မှာဆုံတွေ့နိုင်ကြမှာလား။ အိပ်မက်ထဲကလိုပဲ ကြည်နူးတဲ့အခိုက်အတန့်တွေနဲ့ ပျော်ရွှင်စွာပေါင်းဖက်သွားကြလေသတည်းဖြစ်မလားဆိုတာ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်)
...

Kraven the Hunter (2024) ⭐IMDB: 5.4/10 (32 k Votes) 🎬 #Action #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #Iceland #Canada #UnitedKingdom ⏰ 2 နာရီ 7 မိနစ် 23 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အားလုံးမျှော်နေတဲ့ Sony ရဲ့ Spider-man ဗီလိန်တွေထဲက တစ်ယောက်ဖြစ်တဲ့ လူသားတစ်ပိုင်းမုဆိုးရိုင်း Kraven the Hunter ရဲ့ Origin Story ထွက်လာပါပြီ… နာမည်ကြီး မင်းသား Aaron Taylor Johnson က ဦးဆောင်ပါဝင်ထားပြီး Russel Crowe လို သဘာရင့်မင်းသားကြီးတွေလည်း ပါဝင်အားဖြည့်ထားပါတယ် ဘာပဲဖြစ်ဖြစ် Spider-man , Venom တို့ Universe ထဲက Anti-Hero ဇာတ်ကောင်တစ်ကောင်ဆိုတော့ ..သေချာပေါက်စောင့်ကြည့်ရမယ့်ကားပါ… မကောင်းမှုဒုစရိုက်နဲ့အသက်မွေးတဲ့ ဖခင် နီကိုလိုင်ခရေဗင်နော့စ်မှာ ဆာဂေးနဲ့ ဒီမီထရီဆိုတဲ့ သား ၂ ယောက်ရှိပါတယ်… ဖခင့်ရဲ့ နိုင့်ထက်စီးနင်းဆက်ဆံမှုတွေကြောင့် သား ၂ ယောက်လုံး နီကိုလိုင်ကို ငယ်ငယ်ထဲကမုန်းနေကြတာပါ… ဒါပေမယ့် သူတို့အမေဖြစ်သူ အဆုံးစီရင်သွားတဲ့အချိန်မှာတော့ နီကိုလိုင်းက သား ၂ ယောက်လုံးကို အမဲလိုက်ပညာသင်ပေးဖို့ တန်ဇနီးယားက ဆာဖာရီတောကြီးထဲကိုခေါ်သွားပါတယ် အဲ့ဒီမှာ လူပေါင်း ထောင်ချီကိုသတ်ခဲ့တဲ့ ဇာခြင်္သေ့ကိုပစ်သတ်ပြီး ဂန္တဝင်မုဆိုးအဖြစ် နာမည်ခံယူချင်တဲ့ နီကိုလိုင်းရဲ့ သားဖြစ်သူ အကြီးကောင် ဆာဂေးက ခြင်္သေ့ကိုက်ခံရပြီး သေသွာားပါတယ်… ဒါပေမယ့် ကလစ်ဆိုတဲ့ ဆိုတဲ့ ဆာဖာရီတောကိုအလည်လာကြည့်တဲ့ ကောင်မလေးက မသေခင်မှာ… သူ့ကို မှော်ဆေးရည်တစ်လုံးတိုက်လိုက်ပြီး ခြင်္သေ့ ဒီအန်အေနဲ့ပေါင်းစပ်ကာ… တောဘုရင် ခြင်္သေ့အစွမ်းတွေရလာတဲ့ မုဆိုးဖြစ်လာပါတယ် အရွယ်ရောက်လာတော့ ဆာဂေးက အိမ်ကနေ ထွက်လာခဲ့ပြီး မကောင်းတဲ့ဒုစရိုက်သမားတွေကို စာရင်းလုပ် ရှင်းလင်းအမဲလိုက်ရင်း သူရင်ဆိုင်ရမယ့်အတားဆီးတွေရှိလာပါတော့တယ်
...

Private Lesson In Kissing From Super Cute Tutor-Saki Sasaki (IPZZ-464-Decensored) ⭐- 🎬 #Adult 🗓 - 🎞 movie 🌎 #Japan ⏰ 1 နာရီ 59 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Saki Sasaki ကတော့ Super Cute ဆိုပြီးနာမည်ပေးထားကြတဲ့အတိုင်းပါးချိုင့်လေးနဲ့ မျက်ဝန်းတောက်တောက်လေးနဲ့ဆိုတော့ တကယ်ချစ်စရာကောင်းသူလေးပဲဖြစ်ပါတယ်။ကားထွက်လဲအရမ်းတော့ မများလှသေးပါဘူး။ IPZZ-464-Decensored ဒီဇာတ်လမ်းမှာတော့ သူမကို သဘောကောင်းမနောကောင်းချစ်စရာ ကျူရှင်ဆရာမလေးအဖြစ်မြင်တွေ့ရမှာဖြစ်ပြီး သူ့ပုံစံအတိုင်း အေးစက်စက်နဲ့ပါဝင်သရုပ်ဆောင်ထားပါတယ်။ JAV ဆိုတာ အာသာပြေစိတ်ကူးယဉ်ဇာတ်လမ်းတွေမလို့ ဒီတိုင်းထွက်ပေါက်တစ်ခုအနေနဲ့ကြည့်ရှုဖို့သာဖြစ်ပြီးအပြင်လောကနဲ့ဆက်စပ်မှုမရှိကြောင်း ထပ်ဆောင်းသတိပေးအပ်ပါတယ်။ (Dark Side Production မှ တင်ဆက်သည်။)
...

Bloody Axe Wound (2024) ⭐IMDB: 4.9/10 (317 Votes) 🎬 #Comedy #Horror 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 24 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Horror Thriller ကားတွေလည်းကြိုက်တယ် အရမ်း serious ဖြစ်တာလည်းမကြည့်ချင်သေးရင်တော့ ၂၀၂၄ ဒီဇင်ဘာကတင် ထွက်ခဲ့တဲ့ Bloody Axe Wound ကသင့်အတွက်ပါပဲ။ ဇာတ်ကားမကြည့်ခင်နည်းနည်းလေးရှင်းပြထားရရင် ဒီဇာတ်ကားထဲမှာ ကျွန်တော်တို့ ကြည့်နေကျ လူသတ်ကားတွေ သရဲကားတွေဆိုတာ ဒီထဲမှာ တကယ်ဖြစ်ပျက်နေပြီး လူသတ်သမားတွေက အဲသည် လူသတ်မှုတွေကို ခွေရောင်းပြီး ဝမ်းစာရှာနေရတာပါ။ ဒီဇာတ်ကားမှာတော့ နာမည်ကြီးလူသတ်သမား ရော်ဂျာဘလိတ်ကတ်ရဲ့ သမီးနေရာကနေကြည့်ရမှာဖြစ်ပါတယ်။ ကွင်းဆက်လူသတ်သမားတွေ ထဲမှာမှ ဘလိတ်ကတ်ဆိုတာ ဆယ်ကျော်သက်လေးတွေကိုမှ ပစ်မှတ် ထားသတ်ဖြတ်တတ်သူပါ။ တစ်ချိန်က ဒီလောကရဲ့ ထိတ်ထိတ်ကြဲဖြစ်ခဲ့ပေမဲ့ အိုလာပြီဖြစ်တဲ့ ဘလိတ်ကတ်နေရာကို သမီးဖြစ်သူက ဆက်ခံနိုင်ပါ့မလား၊ သမီးလုပ်တဲ့သူကလည်း ပစ်မှတ်တွေကိုလေ့လာဖို့ကျောင်းသွား တက်ကြည့်ရင် သူ့ရဲ့သားကောင်တွေနဲ့ရင်းနီးလာတဲ့အခါမှာရော….. ဒီဇာတ်ကားကို ဒါရိုက်တာ Matthew John Lawrence ကရိုက်ထားပြီး Molly Brown နဲ့ Billy Burke တို့က အဓိကသရုပ်ဆောင်အနေနဲ့ ပါဝင်ထားပါတယ်။ Supernatural ထဲမှာ မြန်မာပရိသတ်တွေနဲ့အရမ်းရင်းနှီးခဲ့တဲ့ Jeffrey Dean Morgan ကလည်း ဧည့်သည်သရုပ်ဆောင်အနေနဲ့ ပါထားပါသေးတယ်။
...

Hacksaw Ridge (2016) ⭐IMDB: 8.1/10 (625 k Votes) 🎬 #Biography #Drama #History #War 🗓 2016 🎞 movie 🌎 #Australia #USA #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 2 နာရီ 20 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Hacksaw Ridge (2016) IMDb Rating (8.1) / Rotten Tomatoes (81 %) 2016 ခုနှစ်ကထွက်ရှိခဲ့ပြီး war ရုပ်ရှင်တွေ ထဲမှာ အကောင်းဆုံး ရုပ်ရှင်လို့တောင်ပြောလို့ရမယ့် ဒါရိုက်တာ Mel Gibson ရဲ့ Hacksaw ridge ဆိုတဲ့ရုပ်ရှင်ကို အားလုံးပဲသိကြမှာပါဒီရုပ်ရှင်ထဲက battles scene တွေကို ဒါရိုက်တာကြီး Mel Gibson က ကလေးဘဝတုန်းက သူမက်ခဲ့တဲ့ အိမ်မက်ဆိုးတွေ အပေါ်မှာ အခြေခံပြီးရိုက်ကူးခဲ့တာပါဒါရိုက်တာကြီးရဲ့အဖေဟာ ဒုတိယကမ္ဘာစစ် ဝါရင့် စစ်မှုထမ်းဟောင်း တစ်ဦးဖြစ်ပြီးစစ်ပွဲအတွင်းက အဖြစ်အပျက်တွေကို အိပ်ရာဝင်ပုံပြင်အဖြစ် ပြောပြလေ့ရှိတဲ့အတွက် သူ battle Scene တွေကို အကောင်းဆုံးပုံဖော်နိုင်ခဲ့ပါတယ် Mel Gibson ဟာ ဒီ battles scene တွေကို ပိုပြီး လက်တွေ့ကြစေချင်တဲ့အတွက်ရုပ်ရှင်ဘတ်ဂျက်ထဲကမဟုတ်ဘဲ သူ့အိပ်ကပ်ထဲက ဒေါ်လာ 1 သိန်း 5 သောင်းကျော်စိုက်ထုတ်ပြီး လက်ကိုင် ကင်မရာနှစ်လုံး ထပ်မံဝယ်ယူပြီးscene တွေကို အပြည့်စုံဆုံးဖြစ်နေအောင် ရိုက်ကူးခဲ့ပါတယ်ဒီရုပ်ရှင်ကို စိတ်ကူးကနေ ရိုက်ကူးတဲ့အဆင့်ထိဖြစ်လာဖို့14 နှစ်တောင်အချိန်ယူခဲ့ကြရပါတယ် ဒါရိုက်တာကြီးရဲ့ကြိုးစား အားထုတ်မှုတွေ အရာထင်ခဲ့ပြီး Hacksaw Ridge (2016) ဟာ Venice film festival မှာပြသခဲ့စဉ်က9 မိနစ်နဲ့ 48 စက္ကန့်ကြာထပြီး လက်ခုပ်တီး ဂုဏ်ပြုခြင်းခံခဲ့ရပါတယ်ရုပ်ရှင်ထဲကဇာတ်ကောင်ဖြစ်တဲ့ဒတ်စမွန်ရဲ့သား ကိုယ်တိုင်လာရောက်ကြည့်ရှုခဲ့ပြီးမင်းသား Andrew Garfield အနေနဲ့ သူ့အဖေရဲ့ဇာတ်ကောင်ကို အကောင်းဆုံးပုံဖော် သရုပ်ဆောင်ပေးခဲ့လို့ မျက်ရည်တွေကျသည်အထိတောင် ဖြစ်ခဲ့ရပါတယ် Hacksaw Ridge (2016) ဟာ Oscar nominee 6 ဆုထိဝင်ခဲ့ပြီး Oscar 2 ဆုဆွတ်ခူးနိုင်ခဲ့ပါတယ်မင်းသား Andrew Garfield ရဲ့ပထမဆုံး Oscar nominee ဝင်ခဲ့တဲ့ရုပ်ရှင်လဲဖြစ်ပါတယ်…။ ဇာတ်လမ်းကတော့…အမေရိကန်စစ်ခုံရုံးတစ်ခုမှာ ခန္ဓာကိုယ်ပါးလှပ်လှပ်စစ်သည်တစ်ယောက်ဟာ စွဲချက်တွေကြောင့် ရုံးတင်ခံနေရပါတယ်…စွဲချက်က ဘာလဲဆိုတော့ သေနတ်ကိုင်ရန်ငြင်းဆန်မှု အမိန့်မနာခံမှုကြောင့်ပါ…စစ်သားလုပ်တယ် သေနတ်မကိုင်ချင်ဘူး ဘယ်လိုမှ သဟဇတမဖြစ် …ဒါကြောင့် အမေရိကန်စစ်တပ်ကနေ တာဝန်မထမ်းပဲပြန်ထွက်သွားမလားဆိုတော့လည်းမဟုတ်ပြန်… သူ့ရည်ရွယ်ချက်က စစ်ပွဲမှာဒဏ်ရာ ရနေတဲ့ဘယ်လူသားတွေကိုမဆို အရေးပေါ်ဆေးကုပေးမယ် …ကျည်လွတ်နယ်မြေကို ရွှေ့ပြောင်းပေးမယ်…ဒီလိုနဲ့ ဘုရားသခင်ရဲ့မေတ္တာတော်ကို ကမ္ဘာကြီးကိုဖြန့်ဝေဖို့ပဲ…သေနတ်ကိုင်ပြီး စစ်တိုက်ဖို့ လူသတ်ဖို့မဟုတ်ဘူး…ဒါကြောင့် သူဟာ သေနတ်မကိုင်နိုင်ဘူး…သူ့မှာ သေနတ်မကိုင်နိုင်တဲ့ နောက်အချက်တခုလဲရှိပါသေးတယ်…ဒါပေမယ့် သေနတ်မကိုင်နိုင်မှု အမိန့်မနာခံမှုနဲ့ အမေရိကန်စစ်ဖက်ဉပဒေအရ ထောင်သေချာပေါက်ကျမယ့် အမှုကြီးရင်ဆိုင်ရတော့ပါတယ်… ဒါပေမယ့် ဘုရားသခင်ပေါ်ယုံကြည်မှုကို ဘယ်သူတွေက တားဆီးနိုင်ပါ့မလဲ….ဒါဟာ တကယ့်ဖြစ်ရပ်မှန်ရုပ်ရှင်ပါ….သေနတ်မကိုင်ချင်လို့ အမေရိကန်ဆေးတပ်မှာ အတင်းတာဝန်ထမ်းဆောင်ခဲ့တဲ့ ဒတ်စမွန်ဒေါ့ဆိုတဲ့ ဆေးတပ်သားလေးဟာ ဒုတိယကမ္ဘာစစ် ဂျပန်စစ်မြေပြင်မှာမိမိစစ်သည်တွေကို အသက်စွန့်ကယ်တင်ခဲ့တာကြောင့် အမေရိကန်သမ္မတ ထရူးမင်းချီးမြှင့်တဲ့ Medal of Honor ဆုကို သေနတ်မကိုင်ဘဲ ပထမဆုံးရရှိခဲ့ပါတယ်။ ဒတ်စမွန်ဒေါ့အဖြစ် မင်းသား Andrew Garfield နဲ့ မင်းသမီးTeresa Palmer တို့အဓိကပါဝင်ထားပြီးမင်းသား Sam Worthingtonနဲ့ အခြား နာမည်ကျော်သရုပ်ဆောင်တွေလဲ ပါဝင်ထားပါသေးတယ်။ (ရုပ်ရှင် Info ကိုEverything about hollywood FB Pageမှ ကူးယူဖော်ပြပါသည်။)
...

The Last Song (2010) ⭐IMDB: 6.0/10 (94 k Votes) 🎬 #Drama #Musical #Romance #Family #Music 🗓 2010 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 47 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Last Song (2010) IMDb Rating (6.0) Miley Cyrus နဲ့ Liam Hemsworth တို့ရဲ့ 2010 တုန်းက ထွက်ခဲ့တဲ့ “The Last Song” ဆိုတဲ့ romantic drama ကားလေးကို မှတ်မိကြဦးမယ်ထင်ပါတယ်နော်….ဒီဝတ္ထုကိုတော့ “The Notebook” ,” A,Walk To Remember” တို့လို နာမည်ကြီးဝတ္ထုတွေရေးတဲ့ စာရေးဆရာ Nicholas Sparks ကရေးသားခဲ့တာပါတယ်။ သူ့ရဲ့ စာအုပ်ကို ရုပ်ရှင်အဖြစ်ပြန်လည်အသက်သွင်းရာမှာ ပါဝင်ခဲ့ကြတဲ့ Miley ကော Liam ကောဟာ အပြင်ဘဝမှာပါနှစ်ပေါင်း 10 နှစ်ကျော်ကြာ ဖြတ်သန်းခဲ့တဲ့ ချစ်သူသက်တမ်းတလျှောက် အနိမ့်အမြင့်အခြေအနေတွေ ဖြတ်ကျော်ခဲ့ပြီးသူတို့ရဲ့ ခိုင်မာတဲ့အချစ်တွေနဲ့ ဘဝခရီးလမ်းကိုစိုက်ထူပြီး ရွှေလက်တွဲခဲ့ကြပါတယ်။ ဒါကြောင့် စာရေးဆရာက သူတို့ကို ကြည့်ရတာ ပျော်ရွှင်ကြည်နူးစရာကောင်းတာမို့ “ဒါဟာ ငါ့ကို အလွန်ပဲ ပျော်ရွှင်ကြည်နူးစေပါတယ်” ဆိုပြီး tweet ခဲ့ပါတယ်။“The Last Song” ရဲ့ OST တစ်ပုဒ်ဖြစ်ခဲ့တဲ့ “When I Look At You” ဟာလည်း အခုထိကို မရိုးသွားနိုင်တဲ့ အချစ်သီချင်းကောင်းဖြစ်ပြီး ပေါက်သီချင်းလည်း ဖြစ်ပါတယ်။💙💙💙💙💙💙အားကျလိုက်တာ…. ကျွန်တော် တော့ 😄….။ ဒီရုပ်ရှင်လေးထဲမှာ Liam ကိုအရမ်းချစ်တဲ့မိုင်လီတစ်ယောက် ဘယ်လိုအသက်ပါပါသရုပ်ဆောင်သွားမလဲဆိုတာ…….။ (ရုပ်ရှင်အညွှန်းကိုMAJOR M Fb Pageမှ ကူးယူဖော်ပြပါသည်။)
...

Tigerland (2000) ⭐TMDB: 66% User Score 🎬 #Drama #War 🗓 2000 🎞 movie 🌎 #Germany #UnitedStatesofAmerica ⏰ 1 နာရီ 42 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Tigerland (2000) IMDb Rating (6.9) / Rotten Tomatoes (77%) 1 November 1955 ကနေ 30 April 1975 အထိဖြစ်ပွားခဲ့တဲ့နာမည်ကျော် ဗီယက်နမ်စစ်ပွဲအတွင်းမှာတော့ အပြစ်မဲ့ပြည်သူတွေသာမက လူပေါင်းများစွာသေကြေပျက်စီးခဲ့ရပါတယ်။ သို့သော်လည်း ဘယ်လောက်ပဲ ဘယ်လိုပဲ လူတွေသေစေကာမူ အထက်ဖိအောက်ဖားဆိုသလိုပဲ နှစ်ဦးနှစ်ဖက်စလုံးက စစ်သားတွေကတော့လုပ်စရာရှိတာတွေ လေ့ကျင့်စရာရှိတာတွေကို အပြန်အလှန်တိုက်ခိုက်ဖို့ ရန်သူကိုချေမှုန်းဖို့ နိုင်ငံကိုကာကွယ်ဖို့အတွက် စတဲ့စတဲ့ ဆင်ခြေဆင်လက်တွေနဲ့ ပင်ပန်းဆင်းရဲစွာ ရှိခဲ့ကြပါတယ်။ ထိုအထဲမှပဲ အမေရိကန်ဘက်ကလည်း တစ်ဖက်ကိုစစ်ရှုံးနေတဲ့အတွက် တပ်ရင်းအသီးသီး တပ်မအသီးသီးက စစ်သားတွေကို အားရပါးရဖိပါတော့တယ်။ တစ်ချို့ကလည်း ပင်ပန်းလို့ထွက်ချင်ကြ တစ်ချို့ကလည်း စစ်သားအချင်းချင်းနောက်ကြ မတည့်ကြနဲ့ဘဲ အမျိုးမျိုးအထွေထွေ ပရပွက်တွေကိုဂယက်တွေထနေကြပါတယ်။ အဓိကဇာတ်ကောင်ဖြစ်သူ တပ်သား Roland Bozzဆိုသူကလည်း တကယ့်လက်ပေါက်ကပ်ပြီး ပြောရဆိုရခက်တဲ့ လူရှုပ် လူဂွစာတစ်ယောက်ပါ။ သူနဲ့ သူ့ဘော်ဒါ Jim Paxtonတို့ စစ်ပွဲအတွက် အတူတူလေ့ကျင့်ရေးဆင်းကြနဲ့ တစ်တွဲတွဲတစ်လာလာလုပ်ကြနဲ့ပဲ နောက်ဆုံးပိတ်လေ့ကျင့်ရင်းဖြစ်တဲ့ Tigerlandဘက်ကို အတူတူဆင်းကြရဖို့ဖြစ်လာပါတယ်။ Tigerlandဆိုတာကတော့ ဗီယက်နမ်စစ်ပွဲရောက်ရင် တွေ့ကြုံရမယ့် အရာတွေကို တစ်ပုံစံတည်းတူအောင် ဆောက်လုပ်ထားပေးတဲ့ရွာတစ်ရွာဖြစ်ပြီး အဲ့ဒီမှာတော့စစ်သားတွေဟာအိပ်ချိန်တစ်နာရီသာအိပ်ခွင့်ရပြီး အသေအကြေ လေ့ကျင့်ရေးဆင်းရတဲ့နေရာပါ။ Bozz နဲ့ Paxtonတို့ရဲ့ Bromance , Bozzရဲ့ဗရုတ်ကျပုံတွေ , စစ်တပ်ထဲက အချင်းချင်မတည့်မြတ်မှုတွေ , အထက်ကနေ အောက် / ဘော်ဒါအချင်းချင်းစကားပြောတဲ့အခါမှာ ဆဲဆိုတာတွေမွှန်နေအောင် ပြောကြ ကြိတ်ကြတာတွေ / စစ်ရဲ့အကျိုးသက်ရောက်မှုတွေ စတဲ့ရသစုံကို ခံစားနိုင်မှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Myat Noe Ya Mone ဖြစ်ပါတယ်။)
...

28 Days (2000) ⭐TMDB: 61% User Score 🎬 #Comedy #Drama 🗓 2000 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 44 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 28 Days (2000) IMDb Rating (6.1) “28 Days” ဇာတ်ကားဟာ ၂၀၀၀ ခုနှစ်က ရိုက်ကူးခဲ့တဲ့ ဒရာမာနဲ့ ဟာသရောစပ်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာ‌တော့ ဂွမ် ဟာ ပါတီပွဲတွေ၊ အရက်တွေနဲ့ ဘဝကို ဖြတ်သန်းနေသူဖြစ်ပါတယ်။ ဒါပေမယ့် တစ်နေ့မှာ သူမဟာ မတော်တဆမှုတစ်ခုကို ဖန်တီးမိပြီး နောက်ဆုံးမှာ ပြန်လည်ထူထောင်ရေးစင်တာကို ရောက်ရှိသွားပါတယ်။ ဒီနေရာမှာ ဂွမ် ဟာ သူမရဲ့ ဘဝကို ပြန်လည်သုံးသပ်ပြီး ကိုယ့်ကိုယ်ကို ပြန်လည်ရှာဖွေရတဲ့ ခရီးကို စတင်ပါတယ်။ ဇာတ်ကားထဲမှာ ဂွမ် ရဲ့ ဇာတ်ရုပ်ဟာ ပြောင်းလဲမှုတွေ၊ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရပြီး သူမရဲ့ အားနည်းချက်တွေကို လက်ခံပြီး ကျော်လွှားနိုင်တဲ့ ဇာတ်ကောင်တစ်ယောက်ဖြစ်လာပါတယ်။ သူမရဲ့ ခံစားချက်တွေ၊ ရုန်းကန်မှုတွေကို ဇာတ်ကားက ရိုးရိုးသားသား ဖော်ပြထားပါတယ်။ ဒီဇာတ်ကားဟာ ပြန်လည်ထူထောင်ရေးနဲ့ ကိုယ့်ကိုယ်ကို ပြန်လည်ရှာဖွေတဲ့ ဇာတ်လမ်းကို ရိုးရှင်းစွာနဲ့ စိတ်ဝင်စားဖွယ်ရာ ဖော်ပြထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ Sandra Bullock ရဲ့ သရုပ်ဆောင်မှုက ဇာတ်ကားကို ပိုမိုအသက်ဝင်စေပြီး ဇာတ်ကားကြည့်ပြီးရင် ကိုယ့်ဘဝကို ပြန်လည်သုံးသပ်မိစေမယ့် အတွေးတွေကို ပေးစွမ်းနိုင်ပါလိမ့်မယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Ivy Noe ဖြစ်ပါတယ်။)
...

The wife who was impregnated by the despised man- Miu Shiramine (ADN-601-Decensored) ⭐- 🎬 #Adult 🗓 - 🎞 movie 🌎 #Japan ⏰ 1 နာရီ 59 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အာရှအကြိုက်မျက်နှာကျလေးနဲ့မလို့ JAV မင်းသမီးတွေထဲ Miu Shiromine ကို တစ်ခါမြင်ဖူးတာနဲ့မှတ်မိနေတတ်ပါတယ်။ရုပ်ရည်လေးချောမောလှပသလို ခန္ဓာကိုယ်ပြည့်ပြည့်ဖြိုးဖြိုးနဲ့ မြင်သူတိုင်းစွဲမက်လောက်တဲ့ ပြည့်စုံမှုကိုပိုင်ဆိုင်ထားသူလေးပါ။ ADN-601-Decensored ဒီဇာတ်လမ်းမှာတော့ မြင်နေကျ Jav ဇာတ်လမ်းမျိုးဖြစ်ပေမယ့်ပြင်းရှတဲ့ပုံစံတချို့နဲ့ Miu Shiromine ကို မြင်တွေ့ရမှာပါ။ Decensored Version နဲ့မလို့  Miu Shiromine  ရဲ့လှပမှုတွေကို တဝကြီးမှတ်မိသွားမှာပါ။JAV ဆိုတာ အာသာပြေစိတ်ကူးယဉ်ဇာတ်လမ်းတွေမလို့ ဒီတိုင်းထွက်ပေါက်တစ်ခုအနေနဲ့ကြည့်ရှုဖို့သာဖြစ်ပြီးအပြင်လောကနဲ့ဆက်စပ်မှုမရှိကြောင်း ထပ်ဆောင်းသတိပေးအပ်ပါတယ်။ (Dark Side Production မှ တင်ဆက်သည်။)
...