ဇာတ်ညွှန်းများ • FDMN
Закритий канал
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
Nam Naani Madve Prasanga (2023)
⭐TMDB: 0.0% User Score
🎬 #Bollywood #Comedy #Drama
🗓 2023 🎞 movie
🌎 #India
⏰ 2 နာရီ 11 မိနစ် 43 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Nam Naani Maduve Prasanga (2023)===================================
ကန်နာဒါစကားပြော ဟာသကားလေးတစ်ကားတင်ဆက်ပေးချင်ပါတယ်။
အိန္ဒိယမှာ လယ်စိုက်တဲ့ တောင်သူအမျိုးသားတွေဟာ ကြင်ဖက်ရှာဖို့ အင်မတန့်အင်မတန် ခက်ခဲနေလျက်ရှိပါတယ်။ဒီရုပ်ရှင်ထဲက ဇာတ်လိုက် နာနီဟာလည်း အသက် ၃၇ ရောက်တဲ့ထိဘိုထီးသီချင်းထဲကလို တစ်ကောင်တည်းမျက်စိလည်နေဆဲဖြစ်တဲ့တောင်သူလူပျိုကြီးဖြစ်ပါတယ်။
အသက် ၃၇ ရောက်တဲ့ထိ အဖြစ်မရှိသေးတဲ့ လူပျိုကြီးနာနီ့ကို မိသားစု၊ အပေါင်းအသင်းတွေကသတို့သမီးရှာပေးဖို့ကြိုးစားရင်း တလွဲတချော်တွေဖြစ်တာကို လယ်သမားအမျိုးသားတွေအိမ်ထောင်ဖက်ရှာဖို့ခက်ခဲနေတာကို မီးမောင်းထိုးပြထားတဲ့ ဒီရုပ်ရှင်ထဲမှာ ဟာသစွက်ပြီး မြင်ရမှာပဲဖြစ်ပါတယ်…။( ဒီရုပ်ရှင်ကိုတော့ စီအမ်ရဲ့ ဘောလိဝုဒ်အဖွဲ့က ဘာသာပြန် အညွှန်းရေးသားထားပါတယ်။ )
(CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
The Fall of the House of Usher (2023)
⭐TMDB: 74.0% User Score
🎬 #Crime #Drama #Mystery #Horror
🗓 2023 🎞 tv mini series
🌎 #UnitedStates #UnitedStatesofAmerica #UnitedStatesofAmerica
⏰ 1 နာရီ 17 မိနစ် 51 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Fall of the House of Usher (2023)The Fall of the House of Usher (2023)
===========================
IMDb Rating – 8.1/10လောလောဆယ်တော့ IMDb 8.1 နဲ့ RT 94% တို့နဲ့ ပွဲဦးထွက်ထားပြီး
Edger Allan Poe .. ရဲ့ The Fall of the House of Usher ဝတ္ထုတိုနဲ့
သူ့ရဲ့ တခြားသော ဇာတ်လမ်းတွေကို မှီငြိမ်းရိုက်ကူးထားတဲ့ ဇာတ်လမ်း
တစ်ပုဒ်ဖြစ်ပါတယ်။ နာမည်ရ horror ဇာတ်လမ်းတွေ ဖြစ်တဲ့ The Haunting
of Hill House, The Haunting of Bly Manor, The Midnight Club,
Midnight Mass တို့ရဲ့ ဖန်ဆင်းရှင် Mike Flanagan ရဲ့ နောက်ထပ် လက်
ရာတစ်ပုဒ် ဖြစ်ပါတယ်။
Your browser does not support the video tag.ဇာတ်လမ်းအစမှာ ဖော်ကျူနာတို ဆေးဝါးလုပ်ငန်းရှင် စီအီးအိုဖြစ်သူ ရောဒရစ်
အက်ရှာရဲ့ သားသမီးတွေ ဈာပနာနဲ့ အစပျိုးထားတယ်။ ရောဒရစ်ဟာ နှစ်ပတ်
တာဆိုတဲ့ အချိန်အတွင်းမှာ သူ့ရဲ့ သားသမီးခြောက်ယောက်လုံးကို ဆုံးရှုံးလိုက်
ရတယ်။ ဘာကြောင့်ဆုံးရှုံးခဲ့ရတယ်ဆိုတာကတော့ ပဟေဠိတစ်ပုဒ်ပါ။
သားသမီးတွေကို ဆုံးရှုံးပြီးတဲ့နောက်မှာတော့ ရောဒရစ်ဟာ သူ့ရဲ့ လုပ်ရပ်တွေကို
ဝန်ခံဖို့ ဆုံးဖြတ်ချက် ချလိုက်ပြီး ဒူပင်ဆိုတဲ့ ရှေ့နေကို သူ့ရဲ့ ငယ်ဘဝက ကြီးပြင်းခဲ့ရာ
အိမ်ကို ဖိတ်ခေါ်ကာ အကြောင်းစုံကို ရှင်းပြရာကစလို့ အက်ရှာအိမ်တော်ကျဆုံး
ခန်းကြီး ရုပ်လုံးပေါ်လာပါတော့တယ်။ပဟေဠိဆန်တဲ့ အဖြစ်အပျက်တွေ စိတ်ဝင်စားစရာ အဖြစ်အပျက်တွေနဲ့ အတိတ်ကို
တစ်လှည့် ပစ္စုပ္ပန်ကို တစ်လှည့် ကူးချီသန်းချီ ဇာတ်ကြောင်းပြောတဲ့ စီးရီးဖြစ်လို့
ဇာတ်လမ်းကို ကိုယ်တိုင် မြည်းစမ်းလိုက်တာက အကောင်းဆုံးပါပဲ …(ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်။)...
Aliens Abducted My Parents and Now I Feel Kinda Left Out (2023)
⭐IMDB: 5.8/10 (204 Votes)
🎬 #Comedy #Drama #SciFi #ScienceFiction
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 23 မိနစ် 43 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Aliens Abducted My Parents and Now I Feel Kinda Left Out (2023)
~ Rotten Tomatoes – 87% ~
နာမည်အတိုင်းပဲ မိဘတွေကို ဂြိုဟ်သားတွေ ဖမ်းသွားတာလို့ ယုံနေတဲ့ကောင်လေး ဇာတ်လမ်းဖြစ်ပါတယ်။
ကယ်ဗင်က အာကာသသိပ္ပံကို စိတ်၀င်စားပြီး သူ့အဖေနဲ့အတူ ကြယ်တံခွန်လာတာကို စောင့်မျှော်တတ်တဲ့ ကောင်လေး…တစ်ညမှာ ကြယ်တံခွန်လာတာစောင့်နေတုန်း မိဘတွေကို ဂြိုဟ်သားတွေဖမ်းသွားတာ မြင်လိုက်ရလို့ နယ်မြို့လေးမှာပဲနေနေပြီး မိဘတွေသူ့ဆီပြန်လာတာကို စောင့်နေတဲ့သူ။
အစ်စီက ဂျာနယ်လစ်ဖြစ်ချင်ပေမဲ့ မိဘတွေကြောင့် နယ်မြို့လေးကို ပြောင်းလာရတဲ့ မြို့ကြီးသူ။ အခြေအနေပေးတာနဲ့ မြို့ကိုပြန်သွားဖို့ အခွင့်အလမ်းရှာနေတဲ့သူ… သူနဲ့ အားလုံးက ထူးဆန်းတယ်ဆိုပြီး မပေါင်းသင်းကြတဲ့ ကယ်ဗင်တို့ အတန်းထဲမှာ ဘေးချင်းကပ်ထိုင်မိတဲ့အခါ...နယူးယောက်ကိုသွားနိုင်မယ့် စာရေးပြိုင်ပွဲအတွက် အတန်းဖော်က ကယ်ဗင့်အကြောင်းရေးဖို့ လာဆွယ်တဲ့အခါ အစ်စီက ကယ်ဗင်နဲ့ရင်းနှီးအောင်ပေါင်းပြီး ဒေတာစုရပါတော့တယ်။
ကယ်ဗင်ယုံနေသလို သူ့မိဘတွေကို တကယ်ပဲ ဂြိုဟ်သားတွေ ဖမ်းသွားတာလား… သူမသိတဲ့ဘာအကြောင်းအရာတွေ ရှိနေတာလဲ… ငယ်စဉ်တည်းက သူမျှော်နေခဲ့တဲ့ မိဘတွေနဲ့ ပြန်ဆုံနိုင်ပါ့မလားဆိုတာ… ဆက်လက်ရှုစားပေးကြပါဦး။
(ဒီဇာတ်ကားနဲ့အညွှန်းကိုShune Lai KKမှ ပြန်ဆို ရေးသားထားပါတယ်)...
Pink Moon (2022)
⭐IMDB: 7.0/10 (345 Votes)
🎬 #Drama
🗓 2022 🎞 movie
🌎 #Netherlands #Slovenia
⏰ 1 နာရီ 31 မိနစ် 33 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Pink Moon (2022)
~ IMDb rating – 7/10 ~
2022 မှာထွက်ရှိထားပြီး ဆုတွေလည်းရ၊ Rating လည်းကောင်းတဲ့ Pink Moon ဆိုတဲ့ဒရာမာကားလေးကတော့ ဖခင်နဲ့ သားသမီးတို့ကြားမေတ္တာကို ထိထိမိမိရိုက်ပြထားတာမို့ ဒရာမာကြိုက်သူတွေအကြိုက်တွေ့စေမယ့် ကားလေးတစ်ကားဖြစ်ပါတယ်။
~ ဇာတ်လမ်းအညွှန်း ~
သမီးဖြစ်သူ အီရစ်တစ်ယောက် ရုတ်တရက် အဖေဖြစ်သူဂျန် ကိုယ့်ကိုယ်ကိုယ်သတ်သေမယ့်အကြောင်း ဖွင့်ပြောတာကို ခံလိုက်ရတဲ့အခါ အဖေဖြစ်သူရဲ့ ဆုံးဖြတ်ချက်ကို လက်ခံနိုင်ခဲ့လား… အဖေဖြစ်သူရဲ့ ဆုံးဖြတ်ပြီးသားစိတ်ကိုပြောင်းအောင် ဘယ်လိုတွေလုပ်ခဲ့လဲ… အဖေဖြစ်သူရဲ့ စိတ်ကိုရော ပြောင်းပစ်နိုင်ခဲ့လား… နဲ့ သမီးတစ်ယောက်အနေနဲ့ အဖေကို ဆုံးရှုံးရမှာကို ဘယ်လိုမျိုး ရင်ဆိုင်ကျော်လွှားခဲ့လဲ… ဆိုတာတွေကို ထိထိမိမိရိုက်ပြထားတဲ့ နယ်သာလန် ဒရာမာကားကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုDBမှ ပြန်ဆို ရေးသားထားပါတယ်)...
Drunken Master (1978)
⭐TMDB: 74.0% User Score
🎬 #Action #Comedy #JackieChan
🗓 1978 🎞 movie
🌎 #China #HongKong #HongKong
⏰ 1 နာရီ 51 မိနစ် 33 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတစ်ခေါက်တော့ နာမည်ကြီးစတန့်သိုင်းပညာရှင် ဂျက်ကီချမ်း ငယ်စဉ်က သရုပ်ဆောင်ထားတဲ့ Drunken Master ဆိုတဲ့ အရက်မူးသိုင်းကားလေးကိုပြန်လည်ခံစားရအောင်ဗျာ။
ဇာတ်လမ်းအကျဉ်းလူတိုင်းနဲ့ ရင်းနှီးပြီးသား လူရှုပ်လေးဟွမ်ဖေးဟုန်တစ်ယောက် ဖခင်ရဲ့ အပြစ်ပေးမှုအဖြစ် သူတောင်းစား ဆို ဆီမှာ သိုင်းမသင်ချင်လို့ ထွက်ပြေးရင်း သူတောင်းစား ဆို နဲ့ တိုးပြီး အရက်မူးသိုင်း ၈ကွက်သင်ရပုံတွေ။ ကျွဲခေါင်းတောင်အရေးအတွက် ကြေးစားလူသတ်သမားနဲ့ရင်ဆိုင်ပုံတွေကို ဟာသစကားအကြမ်းစားတွေနဲ့ ပုံဖော်ထားသလို အရက်မူးသိုင်းရှစ်ကွက်အမည်ကိုပါ ထည့်ရေးပေးထားတာမို့ ပေါ့ပေါ့ပါးပါး ကျင့်လိုက်ကြရအောင်လားဗျာ။
အညွှန်းနဲ့ဘာသာပြန်ကတော့ Lwin Htoo Aung ပဲဖြစ်ပါတယ်...
Hidayah (2023)
⭐IMDB: 5.7/10 (147 Votes)
🎬 #Horror #Drama
🗓 2023 🎞 movie
🌎 #Indonesia
⏰ 1 နာရီ 29 မိနစ် 36 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Hidayah (2023)
ဘဝရဲ့အလှည့်အပြောင်း လောကဓံအထုအထောင်းတွေကြားမှာ ရွေးရကြပ်တည်းလာတဲ့အခါခဲရာခဲဆစ်နဲ့ ကြိုးပမ်းကြသူတွေရှိကြသလို အလွယ်လမ်းလိုက်သူတွေလည်းရှိပါတယ်။အခုတစ်ခါမှာလည်း အလွယ်လမ်းလိုက်ရာက အဖြစ်ဆိုးနဲ့ကြုံသွားရတဲ့ ရုပ်ရှင်တစ်ကားကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
ဘာရီဆိုတဲ့ကောင်လေးဟာ တစ်ချိန်ကတော့ ဘာသာရေးကိုင်းရှိုင်းတဲ့ အပနှင်ဆရာလေးတစ်ယောက်ဖြစ်ခဲ့ပါတယ်။အခုချိန်မှာတော့ အတိတ်ရဲ့ဖြစ်ရပ်ဆိုးတွေကြောင့် မိခင်ကိုဆုံးရှုံးလိုက်ရတဲ့ဘာရီဟာယုံကြည်မှုတွေပျောက်ဆုံးနေတဲ့ အတိတ်ရဲ့ လောင်းရိပ်အောက်က အလွတ်ရုန်းထွက်နေတဲ့ ထောင်ထွက်လေးဘာရီဖြစ်နေပါပြီ။ဒီလိုနဲ့ စက်ပြင်ဆရာလုပ်နေတဲ့ဘာရီဆီကို သူ့ရဲ့ဇာတိဖြစ်တဲ့ မာကာဆာဂီရွာကငယ်သူငယ်ချင်း ဟာဆန်ရောက်လာပါတော့တယ်။
မာကာဆာဂီရွာမှာ ထူးဆန်းတဲ့သဘာဝလွန်ဖြစ်ရပ်တွေဖြစ်ပြီး တစ်ရွာလုံးကျီးလန့်စာစားနေရတဲ့အတွက် အပနှင်ပေးဖို့ ဘာရီကိုဟာဆန်က လာခေါ်တာပါ။တည်ငြိမ်နေတဲ့ရေပြင်ကို ဂယက်ထစေမယ့် ဒီကိစ္စကို ဘာရီတစ်ယောက် သဘောမကျလှပေမဲ့ဒုက္ခရောက်နေသူက တစ်ချိန်ကသူငယ်ချင်းရတ်နာဖြစ်နေတော့ မငြင်းဆန်နိုင်ဘဲ ရွာကိုသွားဖို့ဖြစ်လာတဲ့အခါ
ရတ်နာတစ်ယောက် ညနေ ၆ နာရီတိုင်းမှာ အသံနက်ကြီးနဲ့အော်နေတာ ဘာကြောင့်များလဲ။ရွာကိုရောက်လာတဲ့ အပနှင်ဆရာလေး ဘာရီကရော သူ့ကိုမကြည်ဖြူချင်ကြတဲ့ရွာသားတွေကို ကူညီသွားမှာလား။ယုံကြည်မှုတွေပျောက်ဆုံးနေလို့ လမ်းညွှန်မှုကိုရှာနေတဲ့ဘာရီတစ်ယောက်သူ့ရဲ့ဇာတိကနေ လမ်းစပြန်ရလာမလားဆိုတာကိုတော့ ဒီ Hidayahဆိုတဲ့ရုပ်ရှင်လေးမှာ အတူကြည့်ရှုလိုက်ရအောင်ပါ။
အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။...
The Caine Mutiny Court-Martial (2023)
⭐IMDB: 6.9/10 (1 k Votes)
🎬 #Drama #War
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 50 မိနစ် 36 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Caine Mutiny Court-Martial (2023)
~ IMDb – 6.9/10, Rotten Tomatoes – 94% ~
ဒီကားလေးကတော့ War Crime ဇာတ်လမ်းတွေ တရားခွင်ခုံရုံးအကြောင်းတွေ စိတ်၀င်စားတဲ့သူတွေအတွက် လက်လွတ်မခံသင့်တဲ့ကားပါပဲ။ ပါရာမောင့်ကနေတင်ဆက်ထားပြီး သရုပ်ဆောင်တွေကလည်း မျက်နှာမစိမ်းလှတဲ့ဝါရင့်တွေချည်းပါ။
မဲရစ်ဆိုတဲ့ ရေတပ်လက်အောက်ဗိုလ်က သင်္ဘောကပ္ပတိန်ဖြစ်သူ ဗိုလ်မှူးကွင်းကို စိတ်ကျန်းမာရေးမကောင်းဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ တာ၀န်ရပ်စဲခဲ့တာကြောင့် စစ်ခုံရုံးတင်စစ်ဆေးခံရတဲ့အကြောင်းကို စိတ်၀င်စားဖွယ်တင်ဆက်ထားတာပါ။ ကိုယ့်ဖက်ကကြည့်ရင်လက်ဖမိုး သူ့ဖက်ကကြည့်ရင်လက်ဖ၀ါးဆိုတဲ့ စကားလိုပါပဲ။ နှစ်ဖက်လုံးကအမှန်ဖြစ်နေတဲ့အခါ တရားခွင်အဖြေက ဘယ်လိုဖြစ်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့စောင့်ကြည့်ရမှာပါ။ တစ်ကားလုံးလိုလိုကို တရားခွင်မှာပဲအချိန်ကုန်ထားပေမဲ့ ကြည့်ရတာမပျင်းစေဘဲ သက်သေတွေ တရားရုံးရှေ့နေနဲ့ တရားခံရှေ့နေကြားက စကားတိုက်ပွဲတွေက ကြည့်ရှုသူတွေကို ထိုင်ရာကမထစတမ်း ဆွဲခေါ်သွားပါလိမ့်မယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုSoe Thiri Sweမှ ပြန်ဆို ရေးသားထားပါတယ်)...
Nightmare (2022)
⭐IMDB: 5.4/10 (10 Votes)
🎬 #Horror #Thriller #Short
🗓 2022 🎞 movie
🌎 #France
⏰ 1 နာရီ 40 မိနစ် 52 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
နော်ဝေနိုင်ငံထုတ် Nightmare ဆိုတဲ့ ဒီဇာတ်ကားလေးမှာ အိပ်မရခြင်း၊အိပ်မက်ဆိုးတွေမက်တာများလာတဲ့အခါစတဲ့ အိပ်မက်ကနေ လက်တွေ့ထိ ဘယ်လိုတွေသက်ရောက်လာလဲဆိုတာတွေကို Horror ကားပြီပြီသဲထိတ်ရင်ဖိုရိုက်ပြထားပါတယ်၊
မင်းသမီး မိုနာကအလုပ်အချိန်ပိုဆင်းခဲ့ရတာများတော့ ညအိပ်တဲ့အခါ အိပ်မက်ဆိုးတွေမက်၊ယောင်ပြီးလမ်းလျှောက်တာတွေ၊ နောက်ပိုဆိုးလာတာတော့ ကိုယ့်ကိုယ်ကိုနဲ့ ဘေးကလူတွေကိုပါ ထိခိုက်အောင်လုပ်လာတဲ့ထိဖြစ်လာပါတယ်။ အဲဒါတွေကတော့ လက္ခဏာတွေပေါ့……
မိုနာ့ဆီမှာကျ ဘယ်လိုတွေဖြစ်နေလဲဆို ညတိုင်းအိပ်မက်ထဲမှာ သူ့ကောင်လေး ရော့ဘီ နဲ့တစ်ပုံတည်းတူတဲ့ကျောချမ်းစရာယောကျာ်းတစ်ယောက်ရောက်ရောက်လာတာပါ၊ အစပိုင်းတော့ဘာမှမဟုတ်ပေမယ့်မက်ပါများလာတော့ လက်တွေ့နဲ့ အိပ်မက်ရောလာပြီး အိပ်မက်ထဲက လုပ်ရပ်တွေပါအပြင်ထိသယ်လာမိတော့ မိုနာ နဲ့ ရော့ဘီ တို့နှစ်ယောက်ဘယ်လိုရင်ဆိုင်မလဲ၊ ကုထုံးတွေကရော အလုပ်ဖြစ်ပါ့မလား ပိုထိခိုက်လာမလား ။ ညဖက်မအိပ်ဘဲ အပျင်းပြေ horror vibe လေးရချင်တဲ့အခါ ကြည့်ပျော်မယ့် ဇာတ်ကားလေးပါပဲ...
O Porteiro (2023)
⭐IMDB: 6.3/10 (57 Votes)
🎬 #Comedy
🗓 2023 🎞 movie
🌎 #Brazil
⏰ 1 နာရီ 23 မိနစ် 41 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဗော့ဒီစနေ ဆိုတာက နယ်မြို့လေးကနေ ရီယို ဒီ ဂျနေးရိုးမြို့ကိုတက်လာပြီး ကွန်ဒိုတစ်ခုမှာ ဧည့်ကြိုလုပ်ရင်း မိသားစုဘဝလေးတစ်ခုကို ထူထောင်နေခဲ့တဲ့လူပါ။ ဘရာဇီးသားဗော့ဒီစနေ ကြောက်ရတဲ့အရာကတော့ ပဲခူးသားတွေနဲ့အတူတူပါပဲ၊ မိန်းမပါ။ ဗော့ဒီစနေရဲ့ မိန်းမဖြစ်သူ လော်ရီဇီကတော့ ဗော့ဒီစနေကို နိုင်လွန်းသူဖြစ်ပြီး တစ်နေ့တစ်နေ့ ဆူဆူညံညံဖြစ်နေတဲ့ မိသားစုလေးတစ်ခုပါပဲ။ ဒီလိုရိုးသားပြီး သဘောကောင်းတဲ့ လူရိုးကြီးဖြစ်တဲ့အပြင် ကွန်ဒိုမှာနေတဲ့လူတွေ အကူအညီတောင်းသမျှကိုလည်း မညည်းမညူနဲ့လုပ်ပေးတတ်တာမလို့ ကွန်ဒိုက လူတိုင်းကလည်း ဗော့ဒီစနေဆိုရင် သဘောကျကြပါတယ်။
သူ့ကိုအပြစ်မြင်နေသူကတော့ ကွန်ဒိုမန်နေဂျာအသစ် အက်စတိုဖိုပါ။ ဗော့ဒီစနေက ဧည့်ကြိုဆိုပေမဲ့လည်း တာဝန်ချိန်ဆိုရင် ဝင်ပေါက်နေရာမှာရှိမနေဘဲ ကွန်ဒိုမှာနေတဲ့သူတွေကို ပတ်ကူညီနေတာကြောင့် နောက်ဆို ဝင်ပေါက်မှာရှိမနေရင် အလုပ်ဖြုတ်မယ်ဆိုပြီးတော့ပါ သတိပေးထားခဲ့ပါတယ်။
ကွန်ဒိုအစည်းအဝေးလုပ်မဲ့နေ့မှာ ဗော့ဒီစနေတစ်ယောက် သူ့ရဲ့ပုံမှန်အလုပ်တာဝန်တွေလုပ်နေရင်း ကွန်ဒိုတစ်ခုလုံးကို အနုကြမ်းစီးဓားပြတိုက်ခံရလိုက်ရပါတယ်။ ဗော့ဒီစနေကိုလည်း အတွင်းလူ ကြံရာပါအဖြစ် မန်နေဂျာက တိုင်ချက်ဖွင့်လိုက်တာကြောင့် ဗော့ဒီစနေတစ်ယောက် ရဲစခန်းရောက်သွားခဲ့ပါပြီ။
ဒီလိုနဲ့ ဓားပြမှုကြံရာပါအဖြစ်ကနေ ဗော့ဒီစနေတစ်ယောက် အပြစ်မရှိကြောင်းသက်သေပြပြီး ပြန်လွတ်လာနိုင်မလားဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။
ဘရာဇီး ဟာသရုပ်ရှင်ကားဖြစ်တဲ့အပြင် ဟာသတွေကိုလည်း ရုပ်တည်ကြီးတွေနဲ့ဖောက်နေကြတာမလို့ အူနှိပ်နေအောင် ရယ်နေရမှာသေချာပါတယ်။...
Roadkill (2022)
⭐IMDB: 4.7/10 (128 Votes)
🎬 #Action #Drama #Thriller #Crime
🗓 2022 🎞 movie
🌎 #Australia
⏰ 1 နာရီ 33 မိနစ် 31 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒါရိုက်တာ Alexander Whitrow ကိုယ်တိုင် ဒါရိုက်တာလုပ် ဇာတ်ညွှန်းရေးပြီး ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားတဲ့ အက်ရှင်နဲ့သည်းထိုက်ရင်ဖိုဇာတ်ကားဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်း…..ကော်နာရှယ်ဘီဟာ လူပြတ်တဲ့လမ်းမပေါ်မှာဓားပြတိုက်နေကျ ဓားပြငယ်လေးဖြစ်ပြီး သူ့မှာတခြားမကောင်းတဲ့ရည်ရွယ်ချက်လည်းမရှိခဲ့ပါဘူး။ သူ့မှာချစ်ရတဲ့ကောင်မလေးလည်းရှိတဲ့အပြင် သာယာတဲ့ဘဝလေးကိုပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ပါ။
ကော်နာက တခြားဘာဒုက္ခမှမပေးဘဲ ရိုးရိုးသားသားဓားပြပဲတိုက်ပေမဲ့ လတ်တလောဖြစ်နေတဲ့ကွင်းဆက်လူသတ်မှုတွေကြောင့် ရဲတွေကသူ့ကိုပါသံသယဝင်လာပါတော့တယ်။ ရဲတွေကသူ့ကိုလူသတ်သမားအမှတ်နဲ့လိုက်ဖမ်းနေတဲ့အချိန်မှာ တကယ့်လူသတ်သမားအစစ်ကဘယ်သူဖြစ်မလဲ ဘာလို့သူ့ကိုလူသတ်သမားလို့စွပ်စွဲရတာလဲ ကော်နာတစ်ယောက် ရဲတွေလက်ကပြေးလွတ်နိုင်ပါ့မလားဆိုတာကိုကြည့်ရှုရမှာဖြစ်ပါတယ်...
Nebraska (2013)
⭐IMDB: 7.7/10 (121 k Votes)
🎬 #Drama #Adventure
🗓 2013 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 55 မိနစ် 52 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
File size…(1.6 GB)/(740 Mb)Quality….Webrip 1080p / 720pFormat…mp4Duration….01:55:00Genre…DramaSubtitle….Myanmar Subtitle (Hardsub)Encoder….GarfieldTranslated by Matteo...
Jigsaw (2017)
⭐IMDB: 5.7/10 (88 k Votes)
🎬 #Crime #Horror #Mystery #SawCollection #Thriller
🗓 2017 🎞 movie
🌎 #Canada #USA #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 32 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Saw Collection==============
CM ကနေ နာမည်ကျော် Saw ဇာတ်ကားတွေကို ဆင်ဆာမဖြတ်ထားတဲ့ Version တွေဖြစ်တဲ့ Unrated/Director’s cut Version တွေနဲ့ ပြန်လည် Update လိုက်ပါတယ်။
Saw ဇာတ်လမ်းတွေရဲ့အစကတော့ ရုပ်ရှင်ကျောင်းကနေ သင်တန်းဆင်းလာတဲ့ ဒါရိုက်တာပညာသင်ထားတဲ့ James Wan နဲ့ ဇာတ်ညွှန်းပညာသင်ထားတဲ့ Leigh Whannell တို့ ၂ ယောက်ရုပ်ရှင်လောကထဲဝင်ဖို့ လုံလောက်တဲ့ ငွေကြေးမရှိရာကနေ စပါတယ်။ ရုပ်ရှင်ရိုက်ဖို့ ပိုက်ဆံမရှိတော့ ဘတ်ဂျက်နည်းနည်းနဲ့ Twist များတဲ့ ဇာတ်ညွှန်းကို နှစ်ယောက်သားဖန်တီးရိုက်ကူးခဲ့ရာကနေ Saw 2004 ပထမဆုံးရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။ လူမငှားနိုင်လို့ ဇာတ်ညွှန်းဆရာ Leigh Whannell ကိုယ်တိုင်သရုပ်ဆောင်ဝင်ရိုက်ခဲ့ရပြီး အခန်းတစ်ခန်းအတွင်းမှာပဲ ရိုက်ကူးခဲ့ရတဲ့ Saw 2004 ရုပ်ရှင်ဟာ ဘတ်ဂျက် ၁ သန်းပဲ ကုန်ကျခဲ့ပေမယ့် ရုံတင်ဝင်ငွေ သန်း ၁၀၀ ကျော်ပြန်လည်ရရှိသည်အထိ အောင်မြင်သွားခဲ့ပါတယ်။
Saw ဟာ ဘယ်လိုရုပ်ရှင်တွေလဲဆိုတာကိုတော့….(လူသာမန်ရဲ့ အညွှန်းနဲ့ညွှန်းခဲ့ချင်ပါတယ်။)
ဆိုးဆိုးရွားရွား လူသတ်ပြတဲ့ဇာတ်ကွက်တွေ၊ သွေးထွက်သံယို ရာဇဝတ်မှုတွေကို အိပ်မက်ထဲအထိ သယ်ပိုးယူဆောင်ကာ လန့်နိုးတတ်သူတွေအတွက် SAW Series ကို လုံးဝ ရှောင်သင့်တယ်။ ကြည့်မိရင် ကာလတစ်ခုစာအထိ ရက်စက်တဲ့လူသတ်ပုံတွေကို မေ့နိုင်မှာမဟုတ်လို့ ဒီလိုဆိုရခြင်းပါ။Horror ရုပ်ရှင်တွေကို စွဲကြည့်တတ်သူတွေကတော့ SAW ကို လုံးဝ လက်မလွှတ်ကြ။●Jigsaw ဆိုပြီး ရဲတွေက အမည်သညာပေးထားတဲ့ ကွင်းဆက်လူသတ်သမားရဲ့ ထူးခြားတဲ့စီမံမှုတွေကြား Jigsaw ရွေးချယ်ထားတဲ့လူတွေဟာ ရှင်သန်မှုအတွက် ပါဝင်ကစားကြရတယ်။ကစားကွင်းနယ်မြေကို Jigsaw က ရွေးချယ်ထားတာဖြစ်ပြီး ပါဝင်ကစားသူတွေဟာလည်း နိုးလာတာနဲ့ သူ့ကစားကွင်းထဲကို ရောက်နေကြရတာ ဖြစ်တယ်။ ထူးခြားတာက ဒီကစားပွဲမှာ ရှုံးရင် အသက်တွေ ပေးအပ်ကြရတာ။Jigsaw ဟာ သူ ရွေးချယ်လိုက်တဲ့လူတွေကို မေ့မြောနေတဲ့အချိန်မှာကတည်းက သတ်ဖြတ်ပစ်လိုက်လို့ရပေမယ့် မသတ်ဘူး။ သူ့ရည်ရွယ်ချက်က ကိုယ့်အသက်ရှင်သန်မှုအတွက် ကိုယ်တိုင် ပါဝင်ပြီး ရွေးချယ်ဆုံးဖြတ်ကြစေလိုတာပဲ။ သူက တိကျတဲ့အချိန်တွေ သတ်မှတ်ပေးတယ်။ ရွေးချယ်ခွင့်တွေ ပေးတယ်။ လိုအပ်တဲ့တန်ဆာပလာတွေ ပေးတယ်။ ပေးထားချက်တွေကို ကိုယ် တတ်စွမ်းသမျှနဲ့ ဆောင်ရွက်ရင် အသက်ရှင်မယ်။ (တချို့သော ခန္ဓာကိုယ်အစိတ်အပိုင်းတွေတော့ ဆုံးရှုံးကောင်း ဆုံးရှုံးမယ်။)ပါဝင်ကစားရတဲ့သူတွေကလည်း အဆက်အစပ်မဲ့သူတွေ မဟုတ်ကြ။ တစ်နည်းမဟုတ်တစ်နည်းနဲ့ ဘဝမှာ ပတ်သက်ဖူးသူတွေကို ကွင်းတစ်ခုထဲ ချထားပေးသလို သူက ရွေးချယ်ထားတာ။လူဖြစ်မှုနဲ့ပတ်သက်ပြီး Jigsaw ခံယူထားတာက ” ကိုယ့်ရှင်သန်မှုကို တန်ဖိုးထား တွယ်တာမှ လူဟာ ရှင်သန်နေထိုင်သင့်တယ် ” ဆိုတာပဲ။ ဒီ့အပြင် Jigsaw ဖော်ပြလိုတဲ့တခြားသောအရာတွေ ရှိသေးတယ်။ အထူးသဖြင့် ကလဲ့စားချေလိုမှုနဲ့ ခွင့်လွှတ်မှုပေါ့။ နောက် မိသားစုဘဝနဲ့ ရွေးချယ်ထားတဲ့အလုပ်ပေါ် တန်ဖိုးထားမှု။Jigsaw ဆိုတဲ့ ကွင်းဆက်လူသတ်သမား ဖြစ်ပေါ်လာရခြင်းအကြောင်းကလည်း စိတ္တဇလူသတ်သမားတွေဖြစ်ပေါ်လာတတ်တဲ့အကြောင်းရင်းတွေအတိုင်းပါပဲ။ သို့သော် Jigsaw ရဲ့ ကြိုတင်စီမံမှုတွေကကျ တခြားလူသတ်သမားတွေထက် အဆင့်မြင့်တယ်။ မြင်နေကျ သာမန်သတ်ဖြတ်မှုပုံစံတွေလည်း မဟုတ်။ ရက်စက်လွန်းတဲ့သတ်ဖြတ်မှုပုံစံတွေဆိုတာကိုတော့ ပုံတွေ ကြည့်ရုံနဲ့တင် ခန့်မှန်းလို့ ရပါလိမ့်မယ်။●ကမ္ဘာပေါ်မှာ သမ္မာကျမ်းစာ စာအုပ်တွေပြီးရင် ရောင်းအကောင်းဆုံးဖြစ်တဲ့စာအုပ်တွေက ဖြစ်ရပ်မှန် ရာဇဝတ်မှုတွေအကြောင်းကို ပုံတွေနဲ့တကွ သေသေချာချာ ဖော်ပြ ရေးသားထားတဲ့စာအုပ်တွေပါတဲ့။ ဒီရုပ်ရှင်ဟာ အဲဒီလို လူတွေ အကြိုက်ဆုံးရုပ်ရှင်တွေထဲက တစ်ခုလို့ ဆိုကြတယ်။တချို့လူတွေမှာ ဒီလိုအကြောင်းနဲ့ပတ်သက်ပြီး မေးခွန်းတစ်ခု ရှိတယ်။ ဒီလိုရက်ရက်စက်စက် ပြကွက်တွေ၊ ရေးသားချက်တွေကို လူတွေက ဘာလို့ကြိုက်ကြတာလဲ တဲ့။စိတ်ပညာရှုထောင့်အရတော့ လူမှာ အမြဲဒွန်တွဲနေလေ့ရှိတဲ့ ဆန့်ကျင်ဘက် စိတ်နှစ်မျိုးအရ ဒီလိုကားတွေကို တချို့တွေ ကြိုက်ကြတာလို့ ဆိုတယ်။ လူဟာ သူတော်စင်လုပ်မလား၊ မကောင်းဆိုးဝါးလုပ်မလားဆိုတာကို ကိုယ်တိုင် ဆုံးဖြတ်ကြရတာပဲ။ သူတော်စင်ဘက် ယိမ်းသူက မကောင်းဆိုးဝါးကို ချိုးနှိမ်အုပ်ချုပ်ရာမှာ အောင်မြင်သူ၊ မကောင်းဆိုးဝါးဘက် ယိမ်းသူက သူတော်စင်ကို ချိုးနှိမ်အုပ်ချုပ်ရာမှာ အောင်မြင်သူ။ တချို့တွေကတော့ သူ ဖြတ်သန်းနေရတဲ့ဘဝအခြေအနေအရ ဟိုဘက် ယိမ်းလိုက် ဒီဘက် ယိမ်းလိုက်ဖြစ်နေကြသူတွေ။လူတွေဟာ ကိုယ်တိုင် လက်တွေ့ မလုပ်ရဲတာတွေကို စိတ်ကူးနဲ့ပဲ ပုံဖော်ကြရတယ်။ ကိုယ့်အပေါ် တစ်ခုခု မတရားကျူးလွန်ခဲ့သူကို လက်တွေ့ မှာ ပေါ်ပေါ်ထင်ထင် မသတ်ရဲကြပေမယ့် စိတ်ကူးနဲ့ နေ့စဉ် သတ်ဖြတ်နေသူတွေ၊ ...
Saw 3D (2010)
⭐IMDB: 5.5/10 (106 k Votes)
🎬 #Action #Adventure #Crime #SawCollection #Horror #Mystery
🗓 2010 🎞 movie
🌎 #Canada #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 30 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Saw Collection==============
CM ကနေ နာမည်ကျော် Saw ဇာတ်ကားတွေကို ဆင်ဆာမဖြတ်ထားတဲ့ Version တွေဖြစ်တဲ့ Unrated/Director’s cut Version တွေနဲ့ ပြန်လည် Update လိုက်ပါတယ်။
Saw ဇာတ်လမ်းတွေရဲ့အစကတော့ ရုပ်ရှင်ကျောင်းကနေ သင်တန်းဆင်းလာတဲ့ ဒါရိုက်တာပညာသင်ထားတဲ့ James Wan နဲ့ ဇာတ်ညွှန်းပညာသင်ထားတဲ့ Leigh Whannell တို့ ၂ ယောက်ရုပ်ရှင်လောကထဲဝင်ဖို့ လုံလောက်တဲ့ ငွေကြေးမရှိရာကနေ စပါတယ်။ ရုပ်ရှင်ရိုက်ဖို့ ပိုက်ဆံမရှိတော့ ဘတ်ဂျက်နည်းနည်းနဲ့ Twist များတဲ့ ဇာတ်ညွှန်းကို နှစ်ယောက်သားဖန်တီးရိုက်ကူးခဲ့ရာကနေ Saw 2004 ပထမဆုံးရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။ လူမငှားနိုင်လို့ ဇာတ်ညွှန်းဆရာ Leigh Whannell ကိုယ်တိုင်သရုပ်ဆောင်ဝင်ရိုက်ခဲ့ရပြီး အခန်းတစ်ခန်းအတွင်းမှာပဲ ရိုက်ကူးခဲ့ရတဲ့ Saw 2004 ရုပ်ရှင်ဟာ ဘတ်ဂျက် ၁ သန်းပဲ ကုန်ကျခဲ့ပေမယ့် ရုံတင်ဝင်ငွေ သန်း ၁၀၀ ကျော်ပြန်လည်ရရှိသည်အထိ အောင်မြင်သွားခဲ့ပါတယ်။
Saw ဟာ ဘယ်လိုရုပ်ရှင်တွေလဲဆိုတာကိုတော့….(လူသာမန်ရဲ့ အညွှန်းနဲ့ညွှန်းခဲ့ချင်ပါတယ်။)
ဆိုးဆိုးရွားရွား လူသတ်ပြတဲ့ဇာတ်ကွက်တွေ၊ သွေးထွက်သံယို ရာဇဝတ်မှုတွေကို အိပ်မက်ထဲအထိ သယ်ပိုးယူဆောင်ကာ လန့်နိုးတတ်သူတွေအတွက် SAW Series ကို လုံးဝ ရှောင်သင့်တယ်။ ကြည့်မိရင် ကာလတစ်ခုစာအထိ ရက်စက်တဲ့လူသတ်ပုံတွေကို မေ့နိုင်မှာမဟုတ်လို့ ဒီလိုဆိုရခြင်းပါ။Horror ရုပ်ရှင်တွေကို စွဲကြည့်တတ်သူတွေကတော့ SAW ကို လုံးဝ လက်မလွှတ်ကြ။●Jigsaw ဆိုပြီး ရဲတွေက အမည်သညာပေးထားတဲ့ ကွင်းဆက်လူသတ်သမားရဲ့ ထူးခြားတဲ့စီမံမှုတွေကြား Jigsaw ရွေးချယ်ထားတဲ့လူတွေဟာ ရှင်သန်မှုအတွက် ပါဝင်ကစားကြရတယ်။ကစားကွင်းနယ်မြေကို Jigsaw က ရွေးချယ်ထားတာဖြစ်ပြီး ပါဝင်ကစားသူတွေဟာလည်း နိုးလာတာနဲ့ သူ့ကစားကွင်းထဲကို ရောက်နေကြရတာ ဖြစ်တယ်။ ထူးခြားတာက ဒီကစားပွဲမှာ ရှုံးရင် အသက်တွေ ပေးအပ်ကြရတာ။Jigsaw ဟာ သူ ရွေးချယ်လိုက်တဲ့လူတွေကို မေ့မြောနေတဲ့အချိန်မှာကတည်းက သတ်ဖြတ်ပစ်လိုက်လို့ရပေမယ့် မသတ်ဘူး။ သူ့ရည်ရွယ်ချက်က ကိုယ့်အသက်ရှင်သန်မှုအတွက် ကိုယ်တိုင် ပါဝင်ပြီး ရွေးချယ်ဆုံးဖြတ်ကြစေလိုတာပဲ။ သူက တိကျတဲ့အချိန်တွေ သတ်မှတ်ပေးတယ်။ ရွေးချယ်ခွင့်တွေ ပေးတယ်။ လိုအပ်တဲ့တန်ဆာပလာတွေ ပေးတယ်။ ပေးထားချက်တွေကို ကိုယ် တတ်စွမ်းသမျှနဲ့ ဆောင်ရွက်ရင် အသက်ရှင်မယ်။ (တချို့သော ခန္ဓာကိုယ်အစိတ်အပိုင်းတွေတော့ ဆုံးရှုံးကောင်း ဆုံးရှုံးမယ်။)ပါဝင်ကစားရတဲ့သူတွေကလည်း အဆက်အစပ်မဲ့သူတွေ မဟုတ်ကြ။ တစ်နည်းမဟုတ်တစ်နည်းနဲ့ ဘဝမှာ ပတ်သက်ဖူးသူတွေကို ကွင်းတစ်ခုထဲ ချထားပေးသလို သူက ရွေးချယ်ထားတာ။လူဖြစ်မှုနဲ့ပတ်သက်ပြီး Jigsaw ခံယူထားတာက ” ကိုယ့်ရှင်သန်မှုကို တန်ဖိုးထား တွယ်တာမှ လူဟာ ရှင်သန်နေထိုင်သင့်တယ် ” ဆိုတာပဲ။ ဒီ့အပြင် Jigsaw ဖော်ပြလိုတဲ့တခြားသောအရာတွေ ရှိသေးတယ်။ အထူးသဖြင့် ကလဲ့စားချေလိုမှုနဲ့ ခွင့်လွှတ်မှုပေါ့။ နောက် မိသားစုဘဝနဲ့ ရွေးချယ်ထားတဲ့အလုပ်ပေါ် တန်ဖိုးထားမှု။Jigsaw ဆိုတဲ့ ကွင်းဆက်လူသတ်သမား ဖြစ်ပေါ်လာရခြင်းအကြောင်းကလည်း စိတ္တဇလူသတ်သမားတွေဖြစ်ပေါ်လာတတ်တဲ့အကြောင်းရင်းတွေအတိုင်းပါပဲ။ သို့သော် Jigsaw ရဲ့ ကြိုတင်စီမံမှုတွေကကျ တခြားလူသတ်သမားတွေထက် အဆင့်မြင့်တယ်။ မြင်နေကျ သာမန်သတ်ဖြတ်မှုပုံစံတွေလည်း မဟုတ်။ ရက်စက်လွန်းတဲ့သတ်ဖြတ်မှုပုံစံတွေဆိုတာကိုတော့ ပုံတွေ ကြည့်ရုံနဲ့တင် ခန့်မှန်းလို့ ရပါလိမ့်မယ်။●ကမ္ဘာပေါ်မှာ သမ္မာကျမ်းစာ စာအုပ်တွေပြီးရင် ရောင်းအကောင်းဆုံးဖြစ်တဲ့စာအုပ်တွေက ဖြစ်ရပ်မှန် ရာဇဝတ်မှုတွေအကြောင်းကို ပုံတွေနဲ့တကွ သေသေချာချာ ဖော်ပြ ရေးသားထားတဲ့စာအုပ်တွေပါတဲ့။ ဒီရုပ်ရှင်ဟာ အဲဒီလို လူတွေ အကြိုက်ဆုံးရုပ်ရှင်တွေထဲက တစ်ခုလို့ ဆိုကြတယ်။တချို့လူတွေမှာ ဒီလိုအကြောင်းနဲ့ပတ်သက်ပြီး မေးခွန်းတစ်ခု ရှိတယ်။ ဒီလိုရက်ရက်စက်စက် ပြကွက်တွေ၊ ရေးသားချက်တွေကို လူတွေက ဘာလို့ကြိုက်ကြတာလဲ တဲ့။စိတ်ပညာရှုထောင့်အရတော့ လူမှာ အမြဲဒွန်တွဲနေလေ့ရှိတဲ့ ဆန့်ကျင်ဘက် စိတ်နှစ်မျိုးအရ ဒီလိုကားတွေကို တချို့တွေ ကြိုက်ကြတာလို့ ဆိုတယ်။ လူဟာ သူတော်စင်လုပ်မလား၊ မကောင်းဆိုးဝါးလုပ်မလားဆိုတာကို ကိုယ်တိုင် ဆုံးဖြတ်ကြရတာပဲ။ သူတော်စင်ဘက် ယိမ်းသူက မကောင်းဆိုးဝါးကို ချိုးနှိမ်အုပ်ချုပ်ရာမှာ အောင်မြင်သူ၊ မကောင်းဆိုးဝါးဘက် ယိမ်းသူက သူတော်စင်ကို ချိုးနှိမ်အုပ်ချုပ်ရာမှာ အောင်မြင်သူ။ တချို့တွေကတော့ သူ ဖြတ်သန်းနေရတဲ့ဘဝအခြေအနေအရ ဟိုဘက် ယိမ်းလိုက် ဒီဘက် ယိမ်းလိုက်ဖြစ်နေကြသူတွေ။လူတွေဟာ ကိုယ်တိုင် လက်တွေ့ မလုပ်ရဲတာတွေကို စိတ်ကူးနဲ့ပဲ ပုံဖော်ကြရတယ်။ ကိုယ့်အပေါ် တစ်ခုခု မတရားကျူးလွန်ခဲ့သူကို လက်တွေ့ မှာ ပေါ်ပေါ်ထင်ထင် မသတ်ရဲကြပေမယ့် စိတ်ကူးနဲ့ နေ့စဉ် သတ်ဖြတ်နေသူ...
Saw VI (2009)
⭐IMDB: 6.0/10 (120 k Votes)
🎬 #Adventure #Fantasy #Horror #SawCollection #Thriller #Mystery
🗓 2009 🎞 movie
🌎 #Canada #UnitedStates #Australia #UnitedStatesofAmerica
⏰ 1 နာရီ 30 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Saw Collection==============
CM ကနေ နာမည်ကျော် Saw ဇာတ်ကားတွေကို ဆင်ဆာမဖြတ်ထားတဲ့ Version တွေဖြစ်တဲ့ Unrated/Director’s cut Version တွေနဲ့ ပြန်လည် Update လိုက်ပါတယ်။
Saw ဇာတ်လမ်းတွေရဲ့အစကတော့ ရုပ်ရှင်ကျောင်းကနေ သင်တန်းဆင်းလာတဲ့ ဒါရိုက်တာပညာသင်ထားတဲ့ James Wan နဲ့ ဇာတ်ညွှန်းပညာသင်ထားတဲ့ Leigh Whannell တို့ ၂ ယောက်ရုပ်ရှင်လောကထဲဝင်ဖို့ လုံလောက်တဲ့ ငွေကြေးမရှိရာကနေ စပါတယ်။ ရုပ်ရှင်ရိုက်ဖို့ ပိုက်ဆံမရှိတော့ ဘတ်ဂျက်နည်းနည်းနဲ့ Twist များတဲ့ ဇာတ်ညွှန်းကို နှစ်ယောက်သားဖန်တီးရိုက်ကူးခဲ့ရာကနေ Saw 2004 ပထမဆုံးရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။ လူမငှားနိုင်လို့ ဇာတ်ညွှန်းဆရာ Leigh Whannell ကိုယ်တိုင်သရုပ်ဆောင်ဝင်ရိုက်ခဲ့ရပြီး အခန်းတစ်ခန်းအတွင်းမှာပဲ ရိုက်ကူးခဲ့ရတဲ့ Saw 2004 ရုပ်ရှင်ဟာ ဘတ်ဂျက် ၁ သန်းပဲ ကုန်ကျခဲ့ပေမယ့် ရုံတင်ဝင်ငွေ သန်း ၁၀၀ ကျော်ပြန်လည်ရရှိသည်အထိ အောင်မြင်သွားခဲ့ပါတယ်။
Saw ဟာ ဘယ်လိုရုပ်ရှင်တွေလဲဆိုတာကိုတော့….(လူသာမန်ရဲ့ အညွှန်းနဲ့ညွှန်းခဲ့ချင်ပါတယ်။)
ဆိုးဆိုးရွားရွား လူသတ်ပြတဲ့ဇာတ်ကွက်တွေ၊ သွေးထွက်သံယို ရာဇဝတ်မှုတွေကို အိပ်မက်ထဲအထိ သယ်ပိုးယူဆောင်ကာ လန့်နိုးတတ်သူတွေအတွက် SAW Series ကို လုံးဝ ရှောင်သင့်တယ်။ ကြည့်မိရင် ကာလတစ်ခုစာအထိ ရက်စက်တဲ့လူသတ်ပုံတွေကို မေ့နိုင်မှာမဟုတ်လို့ ဒီလိုဆိုရခြင်းပါ။Horror ရုပ်ရှင်တွေကို စွဲကြည့်တတ်သူတွေကတော့ SAW ကို လုံးဝ လက်မလွှတ်ကြ။●Jigsaw ဆိုပြီး ရဲတွေက အမည်သညာပေးထားတဲ့ ကွင်းဆက်လူသတ်သမားရဲ့ ထူးခြားတဲ့စီမံမှုတွေကြား Jigsaw ရွေးချယ်ထားတဲ့လူတွေဟာ ရှင်သန်မှုအတွက် ပါဝင်ကစားကြရတယ်။ကစားကွင်းနယ်မြေကို Jigsaw က ရွေးချယ်ထားတာဖြစ်ပြီး ပါဝင်ကစားသူတွေဟာလည်း နိုးလာတာနဲ့ သူ့ကစားကွင်းထဲကို ရောက်နေကြရတာ ဖြစ်တယ်။ ထူးခြားတာက ဒီကစားပွဲမှာ ရှုံးရင် အသက်တွေ ပေးအပ်ကြရတာ။Jigsaw ဟာ သူ ရွေးချယ်လိုက်တဲ့လူတွေကို မေ့မြောနေတဲ့အချိန်မှာကတည်းက သတ်ဖြတ်ပစ်လိုက်လို့ရပေမယ့် မသတ်ဘူး။ သူ့ရည်ရွယ်ချက်က ကိုယ့်အသက်ရှင်သန်မှုအတွက် ကိုယ်တိုင် ပါဝင်ပြီး ရွေးချယ်ဆုံးဖြတ်ကြစေလိုတာပဲ။ သူက တိကျတဲ့အချိန်တွေ သတ်မှတ်ပေးတယ်။ ရွေးချယ်ခွင့်တွေ ပေးတယ်။ လိုအပ်တဲ့တန်ဆာပလာတွေ ပေးတယ်။ ပေးထားချက်တွေကို ကိုယ် တတ်စွမ်းသမျှနဲ့ ဆောင်ရွက်ရင် အသက်ရှင်မယ်။ (တချို့သော ခန္ဓာကိုယ်အစိတ်အပိုင်းတွေတော့ ဆုံးရှုံးကောင်း ဆုံးရှုံးမယ်။)ပါဝင်ကစားရတဲ့သူတွေကလည်း အဆက်အစပ်မဲ့သူတွေ မဟုတ်ကြ။ တစ်နည်းမဟုတ်တစ်နည်းနဲ့ ဘဝမှာ ပတ်သက်ဖူးသူတွေကို ကွင်းတစ်ခုထဲ ချထားပေးသလို သူက ရွေးချယ်ထားတာ။လူဖြစ်မှုနဲ့ပတ်သက်ပြီး Jigsaw ခံယူထားတာက ” ကိုယ့်ရှင်သန်မှုကို တန်ဖိုးထား တွယ်တာမှ လူဟာ ရှင်သန်နေထိုင်သင့်တယ် ” ဆိုတာပဲ။ ဒီ့အပြင် Jigsaw ဖော်ပြလိုတဲ့တခြားသောအရာတွေ ရှိသေးတယ်။ အထူးသဖြင့် ကလဲ့စားချေလိုမှုနဲ့ ခွင့်လွှတ်မှုပေါ့။ နောက် မိသားစုဘဝနဲ့ ရွေးချယ်ထားတဲ့အလုပ်ပေါ် တန်ဖိုးထားမှု။Jigsaw ဆိုတဲ့ ကွင်းဆက်လူသတ်သမား ဖြစ်ပေါ်လာရခြင်းအကြောင်းကလည်း စိတ္တဇလူသတ်သမားတွေဖြစ်ပေါ်လာတတ်တဲ့အကြောင်းရင်းတွေအတိုင်းပါပဲ။ သို့သော် Jigsaw ရဲ့ ကြိုတင်စီမံမှုတွေကကျ တခြားလူသတ်သမားတွေထက် အဆင့်မြင့်တယ်။ မြင်နေကျ သာမန်သတ်ဖြတ်မှုပုံစံတွေလည်း မဟုတ်။ ရက်စက်လွန်းတဲ့သတ်ဖြတ်မှုပုံစံတွေဆိုတာကိုတော့ ပုံတွေ ကြည့်ရုံနဲ့တင် ခန့်မှန်းလို့ ရပါလိမ့်မယ်။●ကမ္ဘာပေါ်မှာ သမ္မာကျမ်းစာ စာအုပ်တွေပြီးရင် ရောင်းအကောင်းဆုံးဖြစ်တဲ့စာအုပ်တွေက ဖြစ်ရပ်မှန် ရာဇဝတ်မှုတွေအကြောင်းကို ပုံတွေနဲ့တကွ သေသေချာချာ ဖော်ပြ ရေးသားထားတဲ့စာအုပ်တွေပါတဲ့။ ဒီရုပ်ရှင်ဟာ အဲဒီလို လူတွေ အကြိုက်ဆုံးရုပ်ရှင်တွေထဲက တစ်ခုလို့ ဆိုကြတယ်။တချို့လူတွေမှာ ဒီလိုအကြောင်းနဲ့ပတ်သက်ပြီး မေးခွန်းတစ်ခု ရှိတယ်။ ဒီလိုရက်ရက်စက်စက် ပြကွက်တွေ၊ ရေးသားချက်တွေကို လူတွေက ဘာလို့ကြိုက်ကြတာလဲ တဲ့။စိတ်ပညာရှုထောင့်အရတော့ လူမှာ အမြဲဒွန်တွဲနေလေ့ရှိတဲ့ ဆန့်ကျင်ဘက် စိတ်နှစ်မျိုးအရ ဒီလိုကားတွေကို တချို့တွေ ကြိုက်ကြတာလို့ ဆိုတယ်။ လူဟာ သူတော်စင်လုပ်မလား၊ မကောင်းဆိုးဝါးလုပ်မလားဆိုတာကို ကိုယ်တိုင် ဆုံးဖြတ်ကြရတာပဲ။ သူတော်စင်ဘက် ယိမ်းသူက မကောင်းဆိုးဝါးကို ချိုးနှိမ်အုပ်ချုပ်ရာမှာ အောင်မြင်သူ၊ မကောင်းဆိုးဝါးဘက် ယိမ်းသူက သူတော်စင်ကို ချိုးနှိမ်အုပ်ချုပ်ရာမှာ အောင်မြင်သူ။ တချို့တွေကတော့ သူ ဖြတ်သန်းနေရတဲ့ဘဝအခြေအနေအရ ဟိုဘက် ယိမ်းလိုက် ဒီဘက် ယိမ်းလိုက်ဖြစ်နေကြသူတွေ။လူတွေဟာ ကိုယ်တိုင် လက်တွေ့ မလုပ်ရဲတာတွေကို စိတ်ကူးနဲ့ပဲ ပုံဖော်ကြရတယ်။ ကိုယ့်အပေါ် တစ်ခုခု မတရားကျူးလွန်ခဲ့သူကို လက်တွေ့ မှာ ပေါ်ပေါ်ထင်ထင် မသတ်ရဲကြပေမယ့် စိတ်ကူးနဲ့ နေ့စဉ် သတ်ဖြတ်နေသူတွေ၊ ဝဇီကံနဲ့ သတ်...
The Y (2023)
⭐IMDB: 7.2/10 (3 k Votes)
🎬 #Bollywood #Horror #Mystery #Thriller
🗓 2023 🎞 movie
🌎 #India
⏰ 1 နာရီ 48 မိနစ် 34 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Y (2023) ပဟေဠိစံအိမ်IMDb-7.2/10Horror/Mystery/Thriller
မကြာသေးခင်ကထွက်ရှိထားတဲ့ ထိတ်လှန့်သည်းဖိုအမျိုးအစားဇာတ်လမ်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။
ဒစ်ရှာဟာ ၈ နှစ်ကြာပြီးမှ မိဘအရင်းတွေနဲ့ ပြန်လည်ဆုံတွေ့ခဲ့ရတဲ့ ကံခေသူလေးပါ။သူ့မှာ ငယ်စဉ်ကလေးဘဝထဲက အချစ်ကြီးချစ်ခဲ့ရတဲ့ ယူဗန်ဆိုတဲ့မိဘမဲ့ဂေဟာကကောင်လေးလည်းရှိပါတယ်။
ဒါပေမဲ့ ၈ နှစ်အကြာမှာ မိဘရင်းတွေကလာပြန်ခေါ်တာခံလိုက်ရတဲ့ ဒစ်ရှာဟာယူဗန်ကိုမေ့သွားခဲ့ပါတယ်။ အနှစ်နှစ်အလလစောင့်ခဲ့ရတဲ့ယူဗန်အတွက်သူပထမဆုံးပြန်ကြားရတဲ့ ဒစ်ရှာရဲ့သတင်းဟာ မင်္ဂလာဆောင်တော့မယ့်သတင်းပါ။
ဒါပေမဲ့ ယူဗန်ကိုလာတွေ့တဲ့လမ်းမှာ ဒစ်ရှာတို့ တစ်မိသားစုလုံးကားမှောက်ပြီး မိဘတွေလည်း ပွဲချင်းပြီးဆုံးပါးကိုယ်တိုင်လည်း စိတ်ထောင်းကိုယ်ကြေဖြစ်ခဲ့ရတဲ့ဒစ်ရှာတစ်ယောက် စကားမပြောနိုင်ဖြစ်ပြီး မှတ်ဉာဏ်ဆုံးရှုံးခဲ့ရပါတယ်။ဒီလိုနဲ့ပဲ ယူဗန်နဲ့ပဲ အကြောင်းပါခဲ့ပြီး အဖွားဖြစ်သူအမွေပေးခဲ့တဲ့အိမ်ကြီးဆီကို ရွှေ့ပြောင်းနေထိုင်ကြပါတယ်။
အိမ်ကြီးဆီကပဲလား အတိတ်ကအရိပ်တွေကပဲလိုက်လာလေသလားမသိအမျိုးသမီးလေးဆီမှာ ထူးဆန်းတာတွေဖြစ်လာတဲ့အခါမှာတော့။ဖြစ်ပျက်တဲ့အရာတွေကရော ခင်ပွန်းဖြစ်သူနဲ့ရော ဘယ်လိုတွေပတ်သက်နေလဲဆိုတာရင်ဖိုဖိုနဲ့ ကြည့်ရှုကြပါဦးရှင့်။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Cherry~Dee~Alex~BpL~Vတို့ဖြစ်ပါတယ်)
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Snake and Crane Arts of Shaolin (1978)
⭐TMDB: 64.0% User Score
🎬 #Action #Drama #JackieChan
🗓 1978 🎞 movie
🌎 #HongKong #Taiwan #HongKong
⏰ 1 နာရီ 43 မိနစ် 10 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
သိုင်းလောကမှာ ကျော်ကြားတဲ့ သိုင်းကျောင်းရှစ်ကျောင်းရှိပါတယ်။ ကျင်းပနေကျ ဆောင်းဦးရာသီ သိုင်းပညာဖလှယ်တဲ့ပွဲတော် တစ်နှစ်မှာတော့ ဒီကျောင်းရှစ်ကျောင်းက ဆရာသခင်တွေက မတူညီကွဲပြားမှုတွေကို ဘေးဖယ်ထားပြီး သူတို့ရဲ့ကိုယ်ခံပညာတွေကို စုပေါင်းပြီးတော့ ပြိုင်စံရှားတဲ့ မြွေကြိုးကြာပေါင်းစပ်ဟန် သိုင်းရှစ်ကွက်ကို တီထွင်လိုက်ပြီး သိုင်းကျမ်းစာအုပ်တစ်အုပ်ရေးသားပြုစုခဲ့ပါတယ်။
ဒီလိုနဲ့ တစ်နေ့မှာတော့ ဆရာရှစ်ဆူက အကြောင်းအရင်းမသိရဘဲ ဆိုင်းမဆင့်ဗုံမဆင့် လောကကြီးကနေ ပျောက်ကွယ်သွားခဲ့ပါတော့တယ်။ ဒီအဖြစ်အပျက်အပြီး မကြာပါဘူး ကျောင်းတိုင်း ဂိုဏ်တိုင်းက လိုချင်တဲ့ မြွေကြိုးကြာသိုင်းကျမ်းဟာ ရင်ဖန်းဆုဆိုတဲ့လူငယ်တစ်ယောက်နဲ့အတူ ပြန်လည်ပေါ်ထွက်လာခဲ့ပါတယ်။ ရင်ဖန်းဆုက တစ်ပြည်နယ်လုံးက သိုင်းကျမ်းတပြပြနဲ့ လှည့်လည်သွားလာနေပြီး သိုင်းကျမ်းလိုချင်တဲ့လူတွေအားလုံးကို တိုက်ခိုက်အနိုင်ယူလျက်ရှိပါတယ်။
ဒီအချိန်မှာ သိုင်းကျောင်းရှစ်ကျောင်းရဲ့ တပည့်တွေရော ဂိုဏ်းအသီးသီးကပါ စာအုပ်ကိုလိုချင်နေကြပြီး သူတို့ရဲ့ဆရာသခင်တွေ ဘာဖြစ်သွားတာလဲဆိုတာကို အသည်းအသန်သိရဖို့ ကြိုးစားကြပါတော့တယ်။ ဒီတော့ ရင်ဖန်းဆုက ဘာလို့ သိုင်းကျမ်းတပြပြ လျှောက်သွားနေရတာလဲ သူ့ဆီမှာကရော ဘာလို့သိုင်းကျမ်းရှိနေတာလဲ သူ့ရဲ့ရည်ရွယ်ချက်ကဘာလဲ ဆရာရှစ်ဆူကရော ဘာလို့ပျောက်ကွယ် သွားရတာလဲ ဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပြီး ဂျက်ကီချန်းပရိသတ်တွေကတော့ ဂျက်ကီချန်းငယ်စဉ်တုန်းက ငယ်ရွယ်ပျိုမျစ်မှုကို ပြန်လည်းတမ်းတလို့ရမှာဖြစ်လို့ အခုပဲ ကြည့်လိုက်ကြပါဦးခင်ဗျာ။...
The Bell Keeper (2023)
⭐IMDB: 4.2/10 (101 Votes)
🎬 #Action #Horror
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 33 မိနစ် 52 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Bell Keeper (2023)
ဒီတစ်ခါ မိတ်ဆက်ပေးမယ့် သည်းထိတ်ရင်ဖိုရုပ်ရှင်ကတော့ ဘဲလ်တီးလိုက်ရင် ကြောက်စရာကောင်းတာတွေ ဖြစ်လာမယ်ဆိုတဲ့ ဇာတ်လမ်းတစ်ခုပေါ် အခြေခံထားတာပါ။
အမေရိကတစ်၀ှမ်းက သရဲခြောက်တဲ့နေရာတွေကို Documentary လိုက်ရိုက်တဲ့ လူငယ်တစ်စု…ညသန်းခေါင် ဘဲလ်တီးလိုက်ရင် လူသတ်သမားပေါ်လာတယ်ဆိုပြီး ကောလဟာလရှိတဲ့ ဘဲလ်လိက်ဆိုတဲ့ မြိုလေးကို ရိုက်ကူးဖို့ရောက်လာကြတယ်။
အဲဒီမြို့က ဘဲလ်ရှိတဲ့ Camping Site မှာ လူတွေပျောက်သွားကြတဲ့ မှတ်တမ်းတွေ ရှိနေပါတယ်။ မြို့လေးမှာ အကိုပျောက်သွားလို့ လိုက်ရှာနေတဲ့ မိန်းကလေးနဲ့ပါ ဆုံပြီး သွားမယ့်နေရာပါတူနေပါရော…
ည သန်းခေါင်မှာ သူတို့အဖွဲ့ ဘဲလ်တီးလိုက်တဲ့အခါ ဘယ်လို အဖြစ်အပျက်တွေ ကြုံရမလဲ… ကောလဟာလတွေ တကယ်မှန်နေတာလား… ကျိန်စာသင့်နေတဲ့နေရာမှာ အတိတ်က ဘယ်လို အကြောင်းအရာတွေ ဖြစ်ပျက်ခဲ့တာလဲဆိုတာ အဖြေရှာကြရမယ့် Horror ကားပဲဖြစ်ပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုShune Lai KKမှ ပြန်ဆို ရေးသားထားပါတယ်)...
Spiral (2021)
⭐IMDB: 5.2/10 (63 k Votes)
🎬 #Crime #Horror #Mystery #SawCollection #Thriller
🗓 2021 🎞 movie
🌎 #UnitedStates #Canada #UnitedStatesofAmerica
⏰ 1 နာရီ 33 မိနစ် 38 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Saw Collection==============
CM ကနေ နာမည်ကျော် Saw ဇာတ်ကားတွေကို ဆင်ဆာမဖြတ်ထားတဲ့ Version တွေဖြစ်တဲ့ Unrated/Director’s cut Version တွေနဲ့ ပြန်လည် Update လိုက်ပါတယ်။
Saw ဇာတ်လမ်းတွေရဲ့အစကတော့ ရုပ်ရှင်ကျောင်းကနေ သင်တန်းဆင်းလာတဲ့ ဒါရိုက်တာပညာသင်ထားတဲ့ James Wan နဲ့ ဇာတ်ညွှန်းပညာသင်ထားတဲ့ Leigh Whannell တို့ ၂ ယောက်ရုပ်ရှင်လောကထဲဝင်ဖို့ လုံလောက်တဲ့ ငွေကြေးမရှိရာကနေ စပါတယ်။ ရုပ်ရှင်ရိုက်ဖို့ ပိုက်ဆံမရှိတော့ ဘတ်ဂျက်နည်းနည်းနဲ့ Twist များတဲ့ ဇာတ်ညွှန်းကို နှစ်ယောက်သားဖန်တီးရိုက်ကူးခဲ့ရာကနေ Saw 2004 ပထမဆုံးရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။ လူမငှားနိုင်လို့ ဇာတ်ညွှန်းဆရာ Leigh Whannell ကိုယ်တိုင်သရုပ်ဆောင်ဝင်ရိုက်ခဲ့ရပြီး အခန်းတစ်ခန်းအတွင်းမှာပဲ ရိုက်ကူးခဲ့ရတဲ့ Saw 2004 ရုပ်ရှင်ဟာ ဘတ်ဂျက် ၁ သန်းပဲ ကုန်ကျခဲ့ပေမယ့် ရုံတင်ဝင်ငွေ သန်း ၁၀၀ ကျော်ပြန်လည်ရရှိသည်အထိ အောင်မြင်သွားခဲ့ပါတယ်။
Saw ဟာ ဘယ်လိုရုပ်ရှင်တွေလဲဆိုတာကိုတော့….(လူသာမန်ရဲ့ အညွှန်းနဲ့ညွှန်းခဲ့ချင်ပါတယ်။)
ဆိုးဆိုးရွားရွား လူသတ်ပြတဲ့ဇာတ်ကွက်တွေ၊ သွေးထွက်သံယို ရာဇဝတ်မှုတွေကို အိပ်မက်ထဲအထိ သယ်ပိုးယူဆောင်ကာ လန့်နိုးတတ်သူတွေအတွက် SAW Series ကို လုံးဝ ရှောင်သင့်တယ်။ ကြည့်မိရင် ကာလတစ်ခုစာအထိ ရက်စက်တဲ့လူသတ်ပုံတွေကို မေ့နိုင်မှာမဟုတ်လို့ ဒီလိုဆိုရခြင်းပါ။Horror ရုပ်ရှင်တွေကို စွဲကြည့်တတ်သူတွေကတော့ SAW ကို လုံးဝ လက်မလွှတ်ကြ။●Jigsaw ဆိုပြီး ရဲတွေက အမည်သညာပေးထားတဲ့ ကွင်းဆက်လူသတ်သမားရဲ့ ထူးခြားတဲ့စီမံမှုတွေကြား Jigsaw ရွေးချယ်ထားတဲ့လူတွေဟာ ရှင်သန်မှုအတွက် ပါဝင်ကစားကြရတယ်။ကစားကွင်းနယ်မြေကို Jigsaw က ရွေးချယ်ထားတာဖြစ်ပြီး ပါဝင်ကစားသူတွေဟာလည်း နိုးလာတာနဲ့ သူ့ကစားကွင်းထဲကို ရောက်နေကြရတာ ဖြစ်တယ်။ ထူးခြားတာက ဒီကစားပွဲမှာ ရှုံးရင် အသက်တွေ ပေးအပ်ကြရတာ။Jigsaw ဟာ သူ ရွေးချယ်လိုက်တဲ့လူတွေကို မေ့မြောနေတဲ့အချိန်မှာကတည်းက သတ်ဖြတ်ပစ်လိုက်လို့ရပေမယ့် မသတ်ဘူး။ သူ့ရည်ရွယ်ချက်က ကိုယ့်အသက်ရှင်သန်မှုအတွက် ကိုယ်တိုင် ပါဝင်ပြီး ရွေးချယ်ဆုံးဖြတ်ကြစေလိုတာပဲ။ သူက တိကျတဲ့အချိန်တွေ သတ်မှတ်ပေးတယ်။ ရွေးချယ်ခွင့်တွေ ပေးတယ်။ လိုအပ်တဲ့တန်ဆာပလာတွေ ပေးတယ်။ ပေးထားချက်တွေကို ကိုယ် တတ်စွမ်းသမျှနဲ့ ဆောင်ရွက်ရင် အသက်ရှင်မယ်။ (တချို့သော ခန္ဓာကိုယ်အစိတ်အပိုင်းတွေတော့ ဆုံးရှုံးကောင်း ဆုံးရှုံးမယ်။)ပါဝင်ကစားရတဲ့သူတွေကလည်း အဆက်အစပ်မဲ့သူတွေ မဟုတ်ကြ။ တစ်နည်းမဟုတ်တစ်နည်းနဲ့ ဘဝမှာ ပတ်သက်ဖူးသူတွေကို ကွင်းတစ်ခုထဲ ချထားပေးသလို သူက ရွေးချယ်ထားတာ။လူဖြစ်မှုနဲ့ပတ်သက်ပြီး Jigsaw ခံယူထားတာက ” ကိုယ့်ရှင်သန်မှုကို တန်ဖိုးထား တွယ်တာမှ လူဟာ ရှင်သန်နေထိုင်သင့်တယ် ” ဆိုတာပဲ။ ဒီ့အပြင် Jigsaw ဖော်ပြလိုတဲ့တခြားသောအရာတွေ ရှိသေးတယ်။ အထူးသဖြင့် ကလဲ့စားချေလိုမှုနဲ့ ခွင့်လွှတ်မှုပေါ့။ နောက် မိသားစုဘဝနဲ့ ရွေးချယ်ထားတဲ့အလုပ်ပေါ် တန်ဖိုးထားမှု။Jigsaw ဆိုတဲ့ ကွင်းဆက်လူသတ်သမား ဖြစ်ပေါ်လာရခြင်းအကြောင်းကလည်း စိတ္တဇလူသတ်သမားတွေဖြစ်ပေါ်လာတတ်တဲ့အကြောင်းရင်းတွေအတိုင်းပါပဲ။ သို့သော် Jigsaw ရဲ့ ကြိုတင်စီမံမှုတွေကကျ တခြားလူသတ်သမားတွေထက် အဆင့်မြင့်တယ်။ မြင်နေကျ သာမန်သတ်ဖြတ်မှုပုံစံတွေလည်း မဟုတ်။ ရက်စက်လွန်းတဲ့သတ်ဖြတ်မှုပုံစံတွေဆိုတာကိုတော့ ပုံတွေ ကြည့်ရုံနဲ့တင် ခန့်မှန်းလို့ ရပါလိမ့်မယ်။●ကမ္ဘာပေါ်မှာ သမ္မာကျမ်းစာ စာအုပ်တွေပြီးရင် ရောင်းအကောင်းဆုံးဖြစ်တဲ့စာအုပ်တွေက ဖြစ်ရပ်မှန် ရာဇဝတ်မှုတွေအကြောင်းကို ပုံတွေနဲ့တကွ သေသေချာချာ ဖော်ပြ ရေးသားထားတဲ့စာအုပ်တွေပါတဲ့။ ဒီရုပ်ရှင်ဟာ အဲဒီလို လူတွေ အကြိုက်ဆုံးရုပ်ရှင်တွေထဲက တစ်ခုလို့ ဆိုကြတယ်။တချို့လူတွေမှာ ဒီလိုအကြောင်းနဲ့ပတ်သက်ပြီး မေးခွန်းတစ်ခု ရှိတယ်။ ဒီလိုရက်ရက်စက်စက် ပြကွက်တွေ၊ ရေးသားချက်တွေကို လူတွေက ဘာလို့ကြိုက်ကြတာလဲ တဲ့။စိတ်ပညာရှုထောင့်အရတော့ လူမှာ အမြဲဒွန်တွဲနေလေ့ရှိတဲ့ ဆန့်ကျင်ဘက် စိတ်နှစ်မျိုးအရ ဒီလိုကားတွေကို တချို့တွေ ကြိုက်ကြတာလို့ ဆိုတယ်။ လူဟာ သူတော်စင်လုပ်မလား၊ မကောင်းဆိုးဝါးလုပ်မလားဆိုတာကို ကိုယ်တိုင် ဆုံးဖြတ်ကြရတာပဲ။ သူတော်စင်ဘက် ယိမ်းသူက မကောင်းဆိုးဝါးကို ချိုးနှိမ်အုပ်ချုပ်ရာမှာ အောင်မြင်သူ၊ မကောင်းဆိုးဝါးဘက် ယိမ်းသူက သူတော်စင်ကို ချိုးနှိမ်အုပ်ချုပ်ရာမှာ အောင်မြင်သူ။ တချို့တွေကတော့ သူ ဖြတ်သန်းနေရတဲ့ဘဝအခြေအနေအရ ဟိုဘက် ယိမ်းလိုက် ဒီဘက် ယိမ်းလိုက်ဖြစ်နေကြသူတွေ။လူတွေဟာ ကိုယ်တိုင် လက်တွေ့ မလုပ်ရဲတာတွေကို စိတ်ကူးနဲ့ပဲ ပုံဖော်ကြရတယ်။ ကိုယ့်အပေါ် တစ်ခုခု မတရားကျူးလွန်ခဲ့သူကို လက်တွေ့ မှာ ပေါ်ပေါ်ထင်ထင် မသတ်ရဲကြပေမယ့် စိတ်ကူးနဲ့ နေ့စဉ် သတ်ဖြတ်နေသူတွေ၊ ဝဇီကံ...
Teenage Little Sister (2018)
⭐TMDB: 70.0% User Score
🎬 #Adult #Drama #Romance
🗓 2018 🎞 movie
🌎 #
⏰ 1 နာရီ 42 မိနစ် 3 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
******************************
လှတပတကောင်မလေးတွေလည်းသဘောကျတယ်…ဆက်စီကျတာလေးမှ
လည်းဖြစ်မှာဆိုတဲ့သူတွေအတွက် ဒီကားလေးဟာအသင့်တော်ဆုံးပါ…
ကျောင်းတုန်းက ကြိတ်ခရပ်နေတဲ့ အတွဲလေးဟာ ငေးမောရင်းနေပဲ
ကျောင်းကာလကိုကုန်ဆုံးခဲ့ပါတယ်…ဒီလိုနဲ့ ကျောင်းပြီးတော့
အလုပ်ကိုယ်စီနဲ့ ကွဲကွားသွားကြတယ်..တစ်နေတော့ ကောင်မလေးရဲ့အိမ်နားကို
ကောင်လေးတစ်ယောက်ပြောင်းလာတယ်..
ငယ်ငယ်ကတည်းက တစ်ယောက်နဲ့တစ်ယောက်မျက်လုံးချင်း
ချစ်စကားတွေတီတာခဲ့ကြတာဆိုတော့
သူတို့ ၂ဦးဘာတွေဆက်ဖြစ်ကြမလဲ …တခြားဘယ်အတွဲတွေကရော သူတို့ကြားဝင်လာမလဲဆိုတာကိုတော့...
Jigsaw (2017)
⭐IMDB: 5.7/10 (88 k Votes)
🎬 #Crime #Horror #Mystery #SawCollection #Thriller
🗓 2017 🎞 movie
🌎 #Canada #USA #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 33 မိနစ် 53 စက္ကန့်