ဇာတ်ညွှန်းများ • FDMN
Закритий канал
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
https://image.tmdb.org/t/p/original/xVq7AcZNS76jBXznQOo4F8iUksY.jpg
Ghost Island 2 (2008)
⭐IMDB: 4.4/10 (48 Votes)
🎬 #Horror
🗓️ 2008 🎞️ Movie 📺 1080p FHD
🌎 Indonesia
⏰ 1 နာရီ 30 မိနစ် 12 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Pulau Hantu(Ghost Island) – 2(2008)
တိတ်တိတ်ဆိတ်ဆိတ်နဲ့ လူရှင်းတဲ့ ကျွန်းတစ်ကျွန်းပေါ်ကိုလူငယ်လေး ၆ ယောက် မရည်ရွယ်ဘဲ ရောက်သွားပြီးဒုက္ခတွေ ရောက်ခဲ့ကြတဲ့ Pulau Hantu 1 ရဲ့အဆက်Pulau Hantu 2 လာပါပြီ
Pulau Hantu 1 မှာ တုန်းက နေးရိုနဲ့ ဒန်တီတို့ အသက်ရှင်ပြီး ကျန်ခဲ့ကြပါတယ်၊သူတို့ နှစ်ယောက် ကျွန်းပေါ်ကနေ ထွက်သွားဖို့ လုပ်နေတဲ့အချိန်မှာပဲပါတီလုပ်ပြီး ကဲချင်ကြတဲ့ လူငယ်တစ်သိုက် ကျွန်းပေါ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာကြပါတယ်
ဒီလူငယ်တစ်သိုက်ကတော့ ပါတီလုပ်ပြီး မီးကုန်ယမ်းကုန် ကဲကြဖို့ဒီကျွန်းကိုမှ တမင်ရွေးပြီး ရောက်လာကြတာပါ
နေးရိုတို့နှစ်ယောက်နဲ့ နောက်ရောက်လာတဲ့ လူငယ်တစ်သိုက်ကိုGhost Island က အပီအပြင် ဧည့်ခံပေးလိုက်တဲ့ အခါမှာတော့….
အင်ဒို horror ကားပီပီ ကျောချမ်းစရာကောင်းအောင် ရိုက်ပြထားလို့Horror အရသာကို အပီအပြင် ခံစားရမှာပါ
အညွှန်း နဲ့ ဘာသာပြန်ကတော့Roman NoXပဲ ဖြစ်ပါတယ်။
Genre…..HorrorQuality…. 1080p | 720p | 480pFile size…1.6GB | 779MB | 372MBFormat… mp4Duration….1h 28minSubtitle…. Myanmar Subtitle (Hardsub)Translator …..Roman NoXEncoder…..August
https://image.tmdb.org/t/p/original/8TH1pd0EtG8oISeDPEoTKElWrJR.jpg
Ghost Island (2007)
⭐IMDB: 3.9/10 (51 Votes)
🎬 #Horror
🗓️ 2007 🎞️ Movie 📺 1080p FHD
🌎 USA
⏰ 1 နာရီ 24 မိနစ် 46 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Pulau Hantu : Ghost Island (2007)
Horror fan တွေ အကြိုက်တွေ့ကြမယ့် အင်ဒိုနီးရှား horror ကားလေးပါ
လူငယ်လေး ၈ ယောက် အားလပ်ရက်မှာ အပီအပြင်ကဲမယ်ဆိုပြီးဇိမ်ခံ ရွက်လှေတစ်စီးနဲ့ ထွက်လာကြပါတယ်
ဖြစ်ချင်တော့ လမ်းတစ်ဝက်မှာတင် ရွက်လှေက ပြန်လှည့်ရဖို့ အကြောင်းဖန်လာပါတယ်အဲဒီမှာတင် ကဲလို့ မဝသေးတဲ့ လူငယ်တစ်သိုက်နီးစပ်ရာ ကျွန်းပေါ်က အပန်းဖြေစခန်း တစ်ခုမှာ တည်းပြီး ဆက်ကဲဖို့ ဆုံးဖြတ်လိုက်ကြပါတယ်
အပန်းဖြေစခန်းမှာက တာဝန်ခံတစ်ယောက်နဲ့ ဝန်ထမ်းကောင်မလေးတစ်ယောက်ပဲ ရှိပါတယ်နေရာလေးကလည်း သာယာ၊ တခြားဧည့်သည်မရှိတော့ လူကလည်း ရှင်းဝန်ထမ်းကောင်မလေးကလည်း ချောချောလေးဆိုတော့ အားရဝမ်းသာနဲ့ အပြတ်ကဲဖို့ လုပ်ကြပေမဲ့ကျွန်းပေါ်မှာ ထင်မှတ်မထားတာတွေ ဖြစ်လာပြီးတစ်ယောက်ပြီး တစ်ယောက် အသက်ဘေးနဲ့ ကြုံလာရတဲ့အချိန်မှာတော့….
အညွှန်း နဲ့ ဘာသာပြန်ကတော့Roman NoXပဲ ဖြစ်ပါတယ်။
Genre…..HorrorQuality…. 1080p | 720p | 480pFile size…1.8GB | 913MB | 411MBFormat… mp4Duration….1h 31minSubtitle…. Myanmar Subtitle (Hardsub)Translator …..Roman NoXEncoder…..August
https://m.media-amazon.com/images/M/MV5BMzJiYjg5NWQtMjQxYy00MzYzLWE4Y2ItNDhmMjFjNjQ0MDQ5XkEyXkFqcGdeQXVyMTAyMjQ3NzQ1._V1_FMjpg_UX1000_.jpg
God's Creatures (2022)
⭐IMDB: 5.8/10 (1 k Votes)
🎬 #Drama
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 Ireland, United Kingdom, United States
⏰ 1 နာရီ 40 မိနစ် 59 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb – 5.8, RT – 92%
Game Of Throneထဲက မင်းသမီး ချောလေး Aisling Franciosiနဲ့ Corpse Bride နဲ့ Chernobylတို့မှာ ပါဝင်သရုပ်ဆောင်ထားဖူးတဲ့ မင်းသမီးကြီးEmily Watsonတို့ရဲ့ဇာတ်ကားကောင်းလေးလာပါပြီ။
အေးလင်ရဲ့သားဖြစ်သူ ဘရိုင်ယန်ဟာ မိခင်ရှိရာဆီကို နှစ်အတော်ကြာမှပြန်ရောက်လာခဲ့ပါတယ်။ သားအမိ၂ယောက်အလွမ်းသည်လို့မှ မဆုံးသေး ဘရိုင်ယန်တစ်ယောက် လက်အငြိမ်မနေ ခြေမငြိမ်နေမှုကြောင့် ဆာရာဆိုတဲ့ကောင်မလေးကို မုဒိန်းကျင့်ပါတယ်ဆိုပြီး တရားစွဲခံရပါတော့တယ်။ သူတကယ်ပဲ ဆာရာကို မုဒိန်းကျင့်ခဲ့သလား၊ သူဒီအမှုကနေရော လွတ်မြောက်သွားပါ့မလား၊ သားအမိ၂ယောက်ရဲ့ ဆက်ဆံရေးကရော ဘယ်လိုဖြစ်သွားမလဲဆိုတာ တွေးရင်းတွေးရင် ကြည့်ရှု့ရမယ့်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။
File size…(1.28GB) / (665.65MB) / (303.28MB)Quality…. Web 1080P / 720p / 480pFormat…mp4Duration….01:48:00Genre…DramaSubtitle….Myanmar Subtitle (Hardsub)Encoder….Mr. AndersonTranslated by Min Khant Kyi Win
https://m.media-amazon.com/images/M/MV5BMjUxMDQwNjcyNl5BMl5BanBnXkFtZTgwNzcwMzc0MTI@._V1_FMjpg_UX1000_.jpg
Get Out (2017)
⭐IMDB: 7.7/10 (611 k Votes)
🎬 #Horror #Mystery #Thriller
🗓️ 2017 🎞️ Movie 📺 720p HD
🌎 United States, Japan
⏰ 1 နာရီ 44 မိနစ် 05 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Get Out (2017)
IMDb – 7.7/10_____Rotten – 98%
Won 1 Oscar.Another 152 wins & 201 nominations
လူမည်းအမျိုးသား ခရစ်တစ်ယောက် သူ့ချစ်သူ လူဖြူမလေး ရို့စ် ရဲ့မိဘအိမ်ကို သွားဖို့သူ့ချစ်သူက တောင်းဆိုလာတဲ့အခါမှာ သူ မငြင်းဆန်ပဲ လိုက်သွားခဲ့ပါတယ်သူတို့နှစ်ယောက် အဲ့ဒီအိမ်ကို ရောက်သွားတဲ့အချိန်မှာတော့ ရို့စ် ရဲ့မိဘတွေက သူ့ကို ဖော်ဖော်ရွေရွေပဲ ဆက်ဆံပါတယ် … ဒါပေမဲ့ ထူးခြားတာ တစ်ခုကတော့အိမ်အကူတွေပါ … ခရစ် လည်း ဒါကို သတိထားမိပါတယ် ဒီလိုနဲ့တစ်နေ့မှာတော့ သူတို့အိမ်မှာ နှစ်တိုင်းကျင်းပနေကျဖြစ်တဲ့ ပါတီပွဲတစ်ခုလုပ်ပါတယ် … အဲ့ဒီမှာတော့ လွန်ခဲ့တဲ့ ၆လလောက်က ပျောက်ဆုံးခဲ့တဲ့အန်ဒရီ ဟေးဝေ့ါသ် နဲ့ဆုံခဲ့ပါတယ် … မြင်မြင်ချင်းမှာ သူလည်းမမှတ်မိပေမဲ့ နောက်ပိုင်း သတိထားမိလာတဲ့အခါမှာတော့ … အာမီတေ့ဂျ် မိသားစုရဲ့မသင်္ကာဖွယ်ရာတွေကို သူ ကြောက်လန့်လာပြီး ထွက်ပြေးဖို့ကြိုးစားပါတော့တယ် သူ အဲ့ဒီလို ထွက်ပြေးဖို့ကြိုးစားတာက အောင်မြင်ပါ့မလားသူ့ချစ်သူ ရို့စ် ကကော … သူ့ရဲ့မိသားစုဝင်တွေဘက်ကဖြစ်မလား ဒါမှမဟုတ် သူ့ချစ်သူ ခရစ် ဘက်ကဖြစ်မလားဆိုတာကိုတော့ဇာတ်လမ်းထဲမှာ ဆက်လက်ရှုစားနိုင်ပါတယ်Horror/Mystery/Thriller အမျိုးအစားဖြစ်ပြီး IMDB rating လည်း 7.7 ထိ ရထားတာဖြစ်တာကြောင့်CM ပရိသတ်များ ကြိုက်နှစ်သက်ကြဦးမယ်လို့ထင်ပါတယ်
(ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့Scrnဖြစ်ပါတယ်)
File Size : 752 MBQuality : Bluray 720PRunning Time : 1hr 44minutesFormat : Mp4Genre : Horror,MysteryTranslator : ScrnEncoder :Thanhtike ZawYoteshin Linkပြန်ရပါပြီ၊ အရင်ဆုံး Playstoreကနေ Update တင်ပေးဖို့လိုပါမယ်။
ပြီးရင် Phone Settingထဲကနေ Appကို Clear Dataလုပ်ပေးပါ။ Sing inဝင်တဲ့အခါ
403 Errorပြရင် အချိန်တစ်ခုလောက်စောင့်ပြီးမှပြန်ဝင်ပါ။ Googleဘက်ကနေ Limitကန့်ထားတာမို့ပါ။Download Nulled Scripts and PluginsDownload Nulled Scripts and Plugins
File Size : 752 MBQuality : Bluray 720PRunning Time : 1hr 44minutesFormat : Mp4Genre : Horror,MysteryTranslator : ScrnEncoder :Thanhtike Zaw
https://image.tmdb.org/t/p/original/kbtDU3q0Pv1Rr14sZh0uQTf9Y72.jpg
Pulau Hantu 3 (2012)
⭐IMDB: 5.1/10 (44 Votes)
🎬 #Horror
🗓️ 2012 🎞️ Movie 📺 1080p FHD
🌎 Indonesia
⏰ 1 နာရီ 19 မိနစ် 17 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Pulau Hantu(Ghost Island) – 3(2012)
Pulau Hantu 1 နဲ့ 2 တို့ရဲ့အဆက် Pulau Hantu 3 ပါ
ဒီဇာတ်ကားမှာတော့ cast အဟောင်းတွေထဲက နေးရိုတစ်ယောက်ပဲ ပြန်ပါပြီးcast အသစ်တွေနဲ့ အားဖြည့်ထားပါတယ်
လတ်လျားလတ်လျား ဖြစ်နေတဲ့ နေးရိုနဲ့သူ့သူငယ်ချင်း ကီမိုတို့လုပ်ငန်းအတွေ့အကြုံ မလိုတဲ့ အလုပ်ခေါ်စာတစ်ခု သတင်းစာထဲမှာ တွေ့တာနဲ့ လျှောက်လိုက်ကြပါတယ်
အလုပ်က ဖွင့်ထားတာ ၆ လပဲ ရှိသေးတဲ့ ကျွန်းတစ်ကျွန်းပေါ်က အပန်းဖြေစခန်းမှာ လုပ်ရမှာပါ
အဲဒီကျွန်းက နေးရိုကို နှစ်ကြိမ်တိုင်တိုင် ကောင်းကောင်းကြီး ဧည့်ခံပေးခဲ့တဲ့ ကျွန်းပါ
အရင် Pulau Hantu 1 နဲ့ 2 မှာတုန်းက လူသူကင်းရှင်းတဲ့ တစ္ဆေကျွန်းကြီး ဖြစ်ခဲ့ပေမဲ့ဒီဇာတ်ကားမှာတော့ လူစည်ကားတဲ့ အပန်းဖြေစခန်း တစ်ခု ဖြစ်နေပါပြီ
အပန်းဖြေစခန်းပိုင်ရှင် အမျိုးသားက ရုပ်ရည်ချောမောပြီး သဘောကောင်းပုံရပေမဲ့မကောင်းဆိုးဝါးတွေနဲ့ ဆက်သွယ်ပြီး သေသွားတဲ့သူ့မိန်းမကို ပြန်ခေါ်ဖို့ ကြံစည်နေတဲ့သူပါ
တစ္ဆေကျွန်းရဲ့ မူလပိုင်ရှင် တစ္ဆေကြီးနဲ့အပန်းဖြေစခန်းပိုင်ရှင်ရဲ့မကောင်းဆိုးဝါးတွေကြားထဲမှာနေးရိုတို့ ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲဆိုတာကတော့….
ဆယ့်ရှစ်အပေါင်းခန်းတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ကြီး ရိုက်ပြထားတဲ့ သရဲကားဖြစ်လို့မိသားစုနဲ့အတူကြည့်ဖို့တော့ မသင့်တော်ပါဘူး
အညွှန်း နဲ့ ဘာသာပြန်ကတော့Roman NoXပဲ ဖြစ်ပါတယ်။
Genre….. HorrorQuality…. 1080p | 720p | 480pFile size…1GB | 512MB | 251MBFormat… mp4Duration….1h 24minSubtitle…. Myanmar Subtitle (Hardsub)Translator …..Roman NoXEncoder…..August
https://image.tmdb.org/t/p/original/e5kT33XH2gX7xBFIK1uUJAvU5dj.jpg
Dug Days (2021)
⭐IMDB: 8.1/10 (4 k Votes)
🎬 #Animation #Short #Adventure
🗓️ 2021 🎞️ tv series 📺 1080p FHD
🌎 United States
⏰ 08 မိနစ် 20 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Dug Days (2021) CompleteIMDb Rating (8.4)Up 2009 ကာတွန်းဇာတ်ကားထဲက အဘိုးကြီး Carl ရဲ့ ငယ်ချစ် Ellie အပေါ်ထားတဲ့ချစ်မေတ္တာဟာ ခုထိပြောစမှတ်ပြုစရာပဲမလား
Carl အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Ed Asner ကတော့ 29-8-2021 လွန်ခဲ့တဲ့လကပဲ ဆုံးသွားခဲ့ပြီ..သူဆုံးသွားပေမယ့် သူ့ဇာတ်ကောင်ရဲ့မေတ္တာတွေက Movie ချစ်သူတွေကြား ထာဝရ ရှင်သန်နေမှာပါ…ဒီစီးရီးလေးမှာ Carl တစ်ယောက် ရေတံခွန်ကခေါ်လာတဲ့ခွေးလေး dug နဲ့အတူအိမ်အသစ်လေးမှာ ဖြတ်သန်းနေတဲ့ ဘဝနေဝင်ချိန်လေးတွေကို တွေ့ရမှာပါဘယ်လောက်ကြာကြာ ချစ်ဇနီး ellie ကို မေ့မရခဲ့တဲ့ Carl အတွက်စကားပြောတတ်တဲ့ ခွေးလေး Carl ဟာ ဘဝအဖော်မွန်ပါပဲမေတ္တာတရားဆိုတာ ရောင်ပြန်ဟပ်ပါတယ်ဆိုတာ Disney ထုံးစံအတိုင်းပါးပါးလေး ပြပေးဦးမှာပါကိုယ့်ရဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ သစ္စာရှိပုံတွေ ပတ်ဝန်းကျင်က တိရိစ္ဆာန်လေးတွေကို ကြင်နာသနားသင့်တာတွေသံယောဇဉ် မေတ္တာတရားကို တိုတိုနဲ့ ထိထိမိမိဖော်ပြထားတဲ့ ဒီစီးရီးဟာခံစားတတ်သူတွေ အတွက် မျက်ရည်ဝဲလောက်စရာဇာတ်ဝင်ခန်းတွေ..ကြောင်နဲ့ကြွက်ကားထဲကလို ခွေးလေး Dug ရဲ့ အလွဲတွေနဲ့အတူ ခံစားကြည့်ရှုရမှာ ဖြစ်ပါတယ်…မင်းမရှိတော့ရင်တောင် မင်းကိုလွမ်းရင်း မင်းချစ်တတ်တဲ့တိရစ္ဆာန်လေးတွေနဲ့ပဲလက်ကျန်ဘဝကို ဖြတ်သန်းဖြစ်မှာပါ ညီမလေး……။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Sai Thurein Lynn မှ တင်ဆက်ထားတာပါ။)အပိုင်း(၅)ပိုင်းပါတဲ့ ဒီစီးရီးလေးက တစ်ပိုင်းကို ၁၀ မိနစ်လောက်ပဲကြာတာမို့ အပိုင်း(၅)ပိုင်းလုံးကိုZip လုပ်ပြီးတင်ပေးထားပါတယ်…ဒေါင်းပြီးရင် Rar App နဲ့ Zip ဖြည်ပြီးမှ ကြည့်လို့ရပါမယ်နော်…Up (2009) မူရင်းဇာတ်ကားကိုတော့ https://channelmyanmar.org/up-2009/ မှာကြည့်လို့ရပါတယ်။ File Size – 580 MB
Quality – WEB-DL 1080p
Duration – 10 minute Approx (@Episode)Subtitle – Myanmar HardsubFormat – Mp4Genre : Animation , Short , Adventure
https://m.media-amazon.com/images/M/MV5BNTYzMjcwNGEtZGUzNi00YTMwLTkzZGMtMzE2MzhkZTFlYmFhXkEyXkFqcGdeQXVyODE5NzE3OTE@._V1_FMjpg_UX1000_.jpg
Phone Bhoot (2022)
⭐IMDB: 6.9/10 (7 k Votes)
🎬 #Bollywood #Comedy #Horror
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 India
⏰ 2 နာရီ 17 မိနစ် 13 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Phone Bhoot (2022)Comedy, HorrorIMDb 6.9/10 (7.4K)
အခုတစ်ခါစပယ်ရှယ်တင်ဆက်ပေးမယ့်ကားလေးကတော့ သရဲဟာသကားလေးပဲဖြစ်ပါတယ်
ပြောစရာမလိုအောင် သိနေကြတဲ့ မင်းသမီးချောလေး ကက်ထရီနာ…Dhadak (2018) &Khaali Peeli (2020) ထဲက မင်းသား အီရှန်းခသရ်…ဒီပီကားနဲ့တွဲရိုက်ထားတဲ့Gehraiyaan (2022) ထဲက မင်းသား ဆစ်ဒန့်သ်ချတူးဗေဒီးတို့ကအဓိကပါဝင်သရုပ်ဆောင်ပေးထားပါတယ်နော်
ဇာတ်လမ်းလေးကိုနည်းနည်းပြောရရင်မေဂျာနဲ့ ဂူလူးတို့နှစ်ယောက်က ၁၀၉ – ၁၁၀ အလုပ်မရှိအကိုင်မရှိတဲ့လူငယ်နှစ်ယောက်..ငယ်ငယ်ကတည်းက သည်းထိတ်ရင်ဖို သရဲဇာတ်လမ်းတွေကြည့်ပြီးမကောင်းဆိုးဝါးနှင်တဲ့သူဖြစ်ချင်နေကြတဲ့သူတွေပေါ့..
တစ်နေ့သူတို့နှစ်ယောက် တောင်ကုန်းတစ်ခုကိုတူးရင်း ရာကာဆိုတဲ့အရုပ်ကိုရသွားပြီးသူတို့အိမ်ငှားခတွေပေးနိုင်အောင် အဲ့ဒီအရုပ်ကြီးကိုဆုတောင်းကြတယ်.ဟော်လိုးဝင်းပါတီလုပ်ကြတဲ့အခါ အရုပ်ကြီးရဲ့မျက်လုံးကိုထိခိုက်မိပြီးမီးတွေနဲ့ပြန်ပြင်ဖို့လုပ်ကြရင်း ဓာတ်လိုက်ခံရပြီးသတိမေ့သွားကြပါတော့တယ်
အဲ့ဒီမှာ သရဲမလေး ရာဂီနီနဲ့တွေ့ကာ ရာဂီနီက အပေးအယူတစ်ခုလုပ်ပြီးမေဂျာနဲ့ဂူလူတို့နှစ်ယောက်ကို သူတို့ဖြစ်ချင်တဲ့ မကောင်းဆိုးဝါးနှိမ်နင်းသူဖြစ်အောင်သူကူညီနိုင်ကြောင်း ပြောလာပါတယ်…ဒါပေမယ့် မေဂျာနဲ့ဂူလူက အဲ့ဒီအကြံကိုအသုံးချပြီး ဖုန်းသရဲဆိုတဲ့ Appတစ်ခုကိုတီထွင်ပြီးလူတွေကိုမကောင်းဆိုးဝါးပူးရင် ဖုန်းခေါ်ဆိုအကူအညီတောင်းလို့ရအောင်လုပ်ပါတော့တယ်..အဲ့ဒီ ဖုန်းသရဲAppကြောင့်သူတို့ဘာတွေဆက်ဖြစ်မလဲ သူငယ်ချင်းနှစ်ယောက်ဘယ်လိုတွေတလွဲတချော်လုပ်ကြမလဲဆိုတာ ဟာသလေးနှောပြီးကြည့်ကြရမှာမို့လက်မလွှတ်သင့်တဲ့ရုပ်ရှင်ကားလေးတစ်ကားကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်….
https://m.media-amazon.com/images/M/MV5BMmE1ODVhMGYtODYyYS00Mjc4LWIzN2EtYWZkZDg1MTUyNDkxXkEyXkFqcGdeQXVyMTkxNjUyNQ@@._V1_FMjpg_UX1000_.jpg
Invincible (2021)
⭐IMDB: 8.7/10 (138 k Votes)
🎬 #Animation #Action #Adventure
🗓️ 2021 🎞️ tv series 📺 1080p FHD
🌎 United States
⏰ 44 မိနစ် 49 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Invincible (2021)Invincible (2021)==============
IMDb Rating – 8.8/10အရင်နှစ်တွေက Super Heroဖန်တွေကြား
အောင်မြင်ခဲ့တဲ့ The Boysကိုထုတ်ခဲ့တဲ့
Amazon Primeက အသစ်ထုတ်ထားတဲ့
Super Hero Animation Series အသစ်ပါပဲ။
Animationပေမဲ့လည်း လက်ရှိအနေအထားအရတော့
IMDbရော Rotten Tomatoesမှာပါ
The Boysထက် Ratingသာနေသေးတယ်။
Voice Actorတွေအနေနဲ့လည်း Minariနဲ့ Oscar nomi
၀င်နေတဲ့ Steven Yeunနဲ့အတူ Zazie beetz
Jk Simmonsတို့လို နာမည်ကြီးတွေကို
သုံးထားပေးတယ်။ Amazon primeဟာ
ပရိတ်သတ်ကို အတော်စေတနာကောင်းတယ်
ဆိုလို့ရတယ်။ ပြောရရင် ဒီ Animationဟာ
Quality Productတစ်ခုပါပဲ။ဇာတ်အိမ်ကတော့ Comic အတိုင်းပဲလို့တော့
ဆိုကြတယ်။ ဘယ်သူမှဖတ်ဖူးမှာမဟုတ်တော့
ဒါကပြဿနာတော့မဟုတ်ဘူး။ ဒီကောင်က
တွေ့နေမြင်နေကြ စူပါဟီးရိုးရုပ်ရှင်တွေနဲ့တော့
အတော်လေးကွဲပြားတယ်လို့ ဆိုလို့ရတယ်။
စူပါပါဝါတွေက The Boysထဲက အများစုရဲ့
ပါဝါတွေနဲ့အတူတူပဲဖြစ်သလို ဟုမ်းလန်ဒါလို
စွမ်းအားနဲ့ ကာရိုက်တာ ဆင်တဲ့တစ်ကောင်လည်း
ပါတယ်။ Animationပေမဲ့ သတ်တာဖြတ်တာတွေက
အတန်အသင့်ကြမ်းတမ်းတယ်။ခေါင်းကိုညှစ်ခွဲပြီး
မျက်လုံးတွေပြုတ်ကျလာတာမျိုး၊ လက်ဝါးစောင်းနဲ့
ခေါင်းဖြတ်ထုတ်ပစ်တာမျိုးတွေပေါ့။ Pilotမှာတင်
အတော်လေး သတ်တာဖြတ်တာတွေပြထားတယ်။
အကြိုက်ဆုံးတစ်ချက်ကတော့ ဇာတ်လမ်းအစမှာတင်
မြှုပ်ကွက်အကြီးကြီးကို မြင်သာထင်သာထည့်သွားပြီး
ကြည့်တဲ့လူရဲ့ သိချင်စိတ်ကို ဆွသွားတာကိုပါပဲ။
Fanတွေ လက်ရှိမှာ အမျိုးမျိုးတွေးနေကြပေမဲ့
သူတို့ကိုယ်တိုင်လည်း သူတို့မထင်တဲ့ အဖြေတစ်ခု
ဖြစ်လာမယ် မျှော်လင့်နေကြတယ်။ စူပါဟီးရိုးကား
အနေနဲ့မဟုတ်ရင်တောင် အတော်လေးတော့
စိတ်ကျေနပ်စရာကောင်းတဲ့ကားပါပဲ။Invincibleဟာ လက်ရှိမှာ 2021ရဲ့ အကောင်းဆုံး
စူပါဟီးရိုးဇာတ်လမ်းတွဲအဖြစ်သမုတ်ခံနေရသလို
ကြည့်ရှုသူနှုန်းအများဆုံးကားအဖြစ်
ရပ်တည်နေတယ်။ဒီ စီးရီးဟာ အပတ်စဥ်သောကြာနေ့တိုင်း တစ်ပတ်တစ်ပိုင်းနှုန်းနဲ့၈ ပိုင်းတိတိထွက်ရှိလာမှာပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ပဲဖြစ်ပါတယ်။) Quality – 1080p WebRip
Duration – 47 mins (@Episode)Subtitle – Myanmar HardsubFormat – Mp4Genre : Action, Adventure, Animation
Source : 1080p.WebRip
https://image.tmdb.org/t/p/original/f0XOI08XLw57KcUpJA0d6HdoL1Q.jpg
The Legend of Nezha (2003)
⭐IMDB: 7.5/10 (130 Votes)
🎬 #Animation #Adventure #Fantasy
🗓️ 2003 🎞️ tv series 📺 480p SD
🌎 China
⏰ 22 မိနစ် 01 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Legend of Nezha (2003)The Legend of Nezha (2003)နီကျား လို့ကြားလိုက်တာနဲ့ …..ကွင်းလေးကိုင် မီးဖိနပ်စီးထားတဲ့ ကောင်လေးကိုပြေးမြင်မိကြမှာပါ။
ဒဏ္ဍာရီမှာတော့ ဆိုးလွန်းလို့ ….
အဖေနဲ့တောင်ပြန်စစ်ခင်းရတဲ့အထိ ဖြစ်ခဲ့ရတယ်လို့ဆိုပါတယ်။ဒီ Animation Series မှာတော့ …..
နီကျားလေး မွေးဖွားချိန်ကစပြီး ရင်ဆိုင်တိုက်ခိုက်ခဲ့ရတဲ့သူတွေကို
အချိတ်ဆက်မိမိနဲ့ ဇာတ်လမ်းတစ်ခုချင်းစီ ချိတ်ဆက်ထားတာမို့
အကြိုက်တွေ့ကြမယ်လို့ မျှော်လင့်ပါတယ်။90’Born တွေ အတွက် ငယ်ဘဝ အလွမ်းပြေဖြစ်သလို ….
အခုခေတ် ကလေးတွေလည်း ကြည့်လို့ မရိုးသေးမယ့် ကာတွန်းဇာတ်လမ်းကောင်း တစ်ပုဒ်ဖြစ်ပါတယ်။ဘာသာပြန် နဲ့ Review ကတော့ Lwin Htoo Aung ပဲ ဖြစ်ပါတယ်။480 p ဆိုပေမယ့် အတော်ကို ကြည်တဲ့ ဗားရှင်းမို့ စိတ်မပျက်စေရပါဘူး။File size… 230 MB
Quality…. 480p
Format…mp4
Duration…. 22 min
Subtitle….Myanmar Subtitle (Hardsub)
https://m.media-amazon.com/images/M/MV5BOGZhNjVmZmYtNDU1NS00M2RlLWE2ZTktOGU3NjNhYWFlODc3XkEyXkFqcGdeQXVyODg1MTc3MTM@._V1_FMjpg_UX1000_.jpg
Kengan Ashura (2019- )
⭐IMDB: 8.0/10 (5 k Votes)
🎬 #Animation #Action #Sport
🗓️ 2019- 🎞️ tv series 📺 720p HD
🌎 United States, Japan
⏰ 25 မိနစ် 17 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Kengan Ashura (2019)______KENGAN ASHURA______Action, Martial art အမျိုးအစား Anime တစ်ခုဖြစ်ပါတယ်
လက်ရှိ Season နှစ်ခုခွဲပြီး Episode 24 ခုထိထွက်ရှိထားတဲ့ Netflix series တစ်ခုဖြစ်ပြီးTv series မဟုတ်ပဲ ONA အမျိုးအစားဖြစ်တာကြောင့် လူသိနည်းတဲ့ Underrated anime ကောင်း တစ်ခုဖြစ်ပါတယ်။Martial art စိတ်ဝင်စားသူတွေ Fight scene အကြမ်းစား ကြိုက်တဲ့သူတွေ သဘောတွေ့စေမဲ့ anime တစ်ခုပါပုံမှန်အားဖြင့် လုပ်ငန်းရှင် တွေတစ်ဦးနဲ့တစ်ဦး အလုပ်ကိစ္စ ညှိနှိုင်းကြရမှာအစည်းအဝေး တွေ သဘောတူစာချုပ်တွေနဲ့ပဲ ညှိနှိုင်းကြပါတယ်ဒါပေမဲ့ ဒီ Kenganverse မှာတော့ လုပ်ငန်းရှင်တွေဟာတစ်ဦးနဲ့ တစ်ဦး လုပ်ငန်းပိုင်းဆိုင်ရာညှိနှိုင်းနိုင်ဖို့ Figher တွေကိုအလုပ်ခန့်ထားပြီးအလုပ်ကိစ္စ ညှိနှိုင်းစရာရှိလာတဲ့အခါ နှစ်ဖက်လုံးကကိုယ်မွေးထားတဲ့ Fighter တွေကိုအချင်းချင်းတိုက်ခိုက်စေပြီးအနိုင်ရသူက အလိုရှိရာကိုယူနိုင်တဲ့ ညှိနိုင်းမှုနည်းစနစ်ကို ကျင့်သုံးကြပါတယ်ဒီစနစ်နဲ့ ထိုးသတ်ပွဲတွေကို Kengan အဖွဲ့အစည်းက ကြီးမှူးကျင်းပပါတယ်ဒီ Kenganverse မှာ Edo ခေတ်ကာလထဲက စီးပွားရေးလုပ်ငန်းရှင်တွေ ကုန်သည်တွေ ရဲ့စီးပွားရေးအငြင်းပွားမှုတွေကိုဖြေရှင်းဖို့ အတွက် ကိုယ်ခံပညာအကြမ်းစားတွေနဲ့တိုက်ခိုက်ကြတာကို အဓိကဇာတ်လမ်းကျောရိုးအဖြစ်ထားပြီးအတိုက်အခိုက်ပညာရပ်တွေနဲ့ ကမ္ဘာတစ်ခုတည်ဆောက်ထားတာပါဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ဖြစ်ပြီး “Ashura” လို့နာမည်တွင်တဲ့Tokita Ohma ဟာ သူ့ကိုယ်သူ Strongest Fighter အဖြစ် သက်သေပြချင်နေသူပါNogi လုပ်ငန်းရဲ့ အဖွဲ့ဝင် လုပ်ငန်းရှင် တစ်ယောက်ဖြစ်တဲ့ Nogi Hideki ဟာOhma ကို အလုပ်ခန့်ပြီး သာမန်လူလတ်ပိုင်းဝန်ထမ်းတစ်ယောက်ဖြစ်တဲ့Yamashita Kazuo ကို Ohma ရဲ့ Manager လုပ်ခိုင်းကာKengan အဖွဲ့အစည်းက ကြီးမှူးကျင်းပတဲ့ Kengan fight တွေမှာTokita Ohma ကိုသူ့အတွက်တိုက်ခိုက်စေပါတယ်Tokita Ohma ဟာ အခြား Fighter တွေနဲ့ တိုက်ခိုက်ပြီး ကြမ်းတမ်းတဲ့လမ်းခရီးမှာသူ့ရဲ့ရည်မှန်းချက်ဖြစ်တဲ့ Strongest fighter တစ်ယောက်ဖြစ်နိုင်အောင်ကြိုးစားရုန်းကန်နေတာကို Fight scene အကြမ်းစားတွေ Martialart အလန်းစားတွေ နဲ့ စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ်File size…180mbQuality…1080p WEB-DL.DD.5.1 H264 FGTFormat…mp4Duration…24minSubtitle….Myanmar Subtitle (Hardsub)Encoder…sithu
https://m.media-amazon.com/images/M/MV5BOTk4YmJmZjQtNmZmZi00ZmRkLWIyMTgtNGNhZmM4NGY3MTJkXkEyXkFqcGdeQXVyMjExNjgyMTc@._V1_FMjpg_UX1000_.jpg
Watership Down (2018-2018)
⭐IMDB: 7.2/10 (6 k Votes)
🎬 #Animation #Action #Adventure
🗓️ 2018-2018 🎞️ tv mini series 📺 1080p FHD
🌎 United Kingdom, Ireland, United States
⏰ 52 မိနစ် 53 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Watership Down (2018)ယုန်နဲ့လအကြောင်းကိုပုံပြင်တွေအဖြစ်ကျွန်တော်တို့အများကြီးကြားခဲ့ဖူးကြပါတယ်ဒီတစ်ခုကတော့ကျွန်တော်ရဲ့အကြိုက်ဆုံးစာအုပ်ပါ စီးရီးအဖြစ်ပြန်ရိုက်မယ်ဆိုတော့အနည်းစိုးရိမ်မိပေမယ့်
လိုတာထက်ပိုပြီးကောင်းလွန်းနေပါတယ် ပုံပြင်ကရှင်းပါတယ်ကမာၻကြီးကိုဖရစ်လို့ခေါ်တဲ့ပုဂ္ဂိုလ်ကဖန်ဆင်းခဲ့ပါတယ် အဲ့ထဲမှာအီလာရပ်လို့ခေါ်တဲ့ယုန်လည်းပါပါတယ်သတိပြုရမှာကအဲ့တုန်းကယုန်တွေကအခုလိုနားရွက်တွေ အမြှီးတွေ ခြေထောက်တွေမဟုတ်ပါဘူးသိပ်မကြာခင်မှာပဲသားတွေသမီးတွေရပြီး သူဟာယုန်မင်းသားဖြစ်လာပါတယ်သားနဲ့သမီးတွေများချက်ကဖရစ်တောင်မရေတွက်နိုင်ပါဘူးသူတို့ဟာကမာၻပေါ်ကကောက်ပဲသီးနှံတွေနဲ့စားလို့ရသမျှအကုန်လိုက်စားပါတော့တယ်ဖရစ်သိသွားတဲ့အချိန်မှာတော့ဟန်ချက်ညီမှုကိုထိန်းဖို့တောရိုင်းတိရစာၦန်တွေကိုယုန်အမဲလိုက်နိုင်မယ့်လက်သည်း အတောင်ပံ အပြေးမြန်မှုအဲ့လိုဟာတွေကိုပေးလိုက်ပါတော့တယ်သူတို့ဟာအီလာရပ်ရဲ့သားတွေသမီးတွေကိုသတ်ပြီးသိပ်မကြာခင်မှာပဲယုန်တစ်မျိုးလုံးရဲ့ရန်သူတွေဖြစ်လာပါတော့တယ် အီလာရပ်ဟာအဲ့ကိစ္စကိုကြားကြားချင်းပဲဖရစ်ကိုသွားဖြဲပါတော့တယ်ဖရစ်ရဲ့အားနာမှုကြောင့်အခုခေတ်ယုန်တွေလို နားရွက်အရှည်ကြီးတွေ ခြေထောက်ရှည်တွေနဲ့ မျက်စိနောက်စရာအမြှီးကိုရသွားပါတော့တယ်အဲ့နောက်မှာတော့ယုန်တစ်မျိုးလုံးဟာအသက်ရှင်ဖို့ပြေးကြရပါတော့တယ်Watership Downဟာအဲ့ကိစ္စအကုန်ဖြစ်ပြီးတဲ့အပြင်ယုန်တွေရဲ့civilizationတစ်ခုလုံးတိုးတက်တဲ့အချိန်မှာဖြစ်ခဲ့တာဖြစ်ပြီးပြန်ကြည့်ရင်တောင်မရိုးမယ့်စီးရီးမျိုးထဲပါပါတယ်BBCနဲ့Netflixတို့အတူစီစဥ်ထားတာဖြစ်ပြီးလေးပိုင်းသာပါတာမို့အဆင်ပြေကြပါစေဘာသာပြန်ပေးထားတာတော့ Amara.Sane Khet,Kaung Myat Thuတို့ဖြစ်ပြီးကျွန်တော်sithuကပဲအန်ကုတ်ပေးထားပါတယ်
https://m.media-amazon.com/images/M/MV5BOTk4YmJmZjQtNmZmZi00ZmRkLWIyMTgtNGNhZmM4NGY3MTJkXkEyXkFqcGdeQXVyMjExNjgyMTc@._V1_FMjpg_UX1000_.jpg
Watership Down (2018-2018)
⭐IMDB: 7.2/10 (6 k Votes)
🎬 #Animation #Action #Adventure
🗓️ 2018-2018 🎞️ tv mini series 📺 1080p FHD
🌎 United Kingdom, Ireland, United States
⏰ 52 မိနစ် 53 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Watership Down (2018)ယုန်နဲ့လအကြောင်းကိုပုံပြင်တွေအဖြစ်ကျွန်တော်တို့အများကြီးကြားခဲ့ဖူးကြပါတယ်ဒီတစ်ခုကတော့ကျွန်တော်ရဲ့အကြိုက်ဆုံးစာအုပ်ပါ စီးရီးအဖြစ်ပြန်ရိုက်မယ်ဆိုတော့အနည်းစိုးရိမ်မိပေမယ့်
လိုတာထက်ပိုပြီးကောင်းလွန်းနေပါတယ် ပုံပြင်ကရှင်းပါတယ်ကမာၻကြီးကိုဖရစ်လို့ခေါ်တဲ့ပုဂ္ဂိုလ်ကဖန်ဆင်းခဲ့ပါတယ် အဲ့ထဲမှာအီလာရပ်လို့ခေါ်တဲ့ယုန်လည်းပါပါတယ်သတိပြုရမှာကအဲ့တုန်းကယုန်တွေကအခုလိုနားရွက်တွေ အမြှီးတွေ ခြေထောက်တွေမဟုတ်ပါဘူးသိပ်မကြာခင်မှာပဲသားတွေသမီးတွေရပြီး သူဟာယုန်မင်းသားဖြစ်လာပါတယ်သားနဲ့သမီးတွေများချက်ကဖရစ်တောင်မရေတွက်နိုင်ပါဘူးသူတို့ဟာကမာၻပေါ်ကကောက်ပဲသီးနှံတွေနဲ့စားလို့ရသမျှအကုန်လိုက်စားပါတော့တယ်ဖရစ်သိသွားတဲ့အချိန်မှာတော့ဟန်ချက်ညီမှုကိုထိန်းဖို့တောရိုင်းတိရစာၦန်တွေကိုယုန်အမဲလိုက်နိုင်မယ့်လက်သည်း အတောင်ပံ အပြေးမြန်မှုအဲ့လိုဟာတွေကိုပေးလိုက်ပါတော့တယ်သူတို့ဟာအီလာရပ်ရဲ့သားတွေသမီးတွေကိုသတ်ပြီးသိပ်မကြာခင်မှာပဲယုန်တစ်မျိုးလုံးရဲ့ရန်သူတွေဖြစ်လာပါတော့တယ် အီလာရပ်ဟာအဲ့ကိစ္စကိုကြားကြားချင်းပဲဖရစ်ကိုသွားဖြဲပါတော့တယ်ဖရစ်ရဲ့အားနာမှုကြောင့်အခုခေတ်ယုန်တွေလို နားရွက်အရှည်ကြီးတွေ ခြေထောက်ရှည်တွေနဲ့ မျက်စိနောက်စရာအမြှီးကိုရသွားပါတော့တယ်အဲ့နောက်မှာတော့ယုန်တစ်မျိုးလုံးဟာအသက်ရှင်ဖို့ပြေးကြရပါတော့တယ်Watership Downဟာအဲ့ကိစ္စအကုန်ဖြစ်ပြီးတဲ့အပြင်ယုန်တွေရဲ့civilizationတစ်ခုလုံးတိုးတက်တဲ့အချိန်မှာဖြစ်ခဲ့တာဖြစ်ပြီးပြန်ကြည့်ရင်တောင်မရိုးမယ့်စီးရီးမျိုးထဲပါပါတယ်BBCနဲ့Netflixတို့အတူစီစဥ်ထားတာဖြစ်ပြီးလေးပိုင်းသာပါတာမို့အဆင်ပြေကြပါစေဘာသာပြန်ပေးထားတာတော့ Amara.Sane Khet,Kaung Myat Thuတို့ဖြစ်ပြီးကျွန်တော်sithuကပဲအန်ကုတ်ပေးထားပါတယ် Complete Zip File Yoteshin / VIP / Megaup
Yoteshin Linkပြန်ရပါပြီ၊ အရင်ဆုံး Playstoreကနေ Update တင်ပေးဖို့လိုပါမယ်။
ပြီးရင် Phone Settingထဲကနေ Appကို Clear Dataလုပ်ပေးပါ။ Sing inဝင်တဲ့အခါ
403 Errorပြရင် အချိန်တစ်ခုလောက်စောင့်ပြီးမှပြန်ဝင်ပါ။ Googleဘက်ကနေ Limitကန့်ထားတာမို့ပါ။
Airs OnBBC OneProduction42, Biscuit Filmworks, Brown Bag FilmsRelease Year2018Firt air date2018-12-22Last air date2018-12-23TypeMiniseriesEpisode runtime100 minHome PageWatership Down (2018)Popularity12.858TV StatusEndedSeasons and episodes
No data available
VideosComments
The Cleaning Lady (2021)
2022
Thirty-Nine (2022) (Complete)
202210
Succession (2018)
Rebelde (2022)
20228
FBI: International (2021)
2021
Channel Myanmar © 2022 All rights reserved
©2017 All rights reserved Disclaimer: ChannelMyanmar.org is not in anyway associated with Gostream.is, Onlinemovies, Fmovies, Xmovies8, Putlocker sites. We do not host any videos on Channelmyanmar.org itself. Channelmyanmar.org is absolutely legal and contains only links to other third party websites like Youtube, Uptobox, Mediafire, Google, Picasaweb, Dailymotion, Openload, VK.com and many more which actually host videos. Channelmyanmar.org is not responsible for the compliance, copyright, legality, decency, or any other aspect of the content of other linked sites. If you have any legal issues please contact the appropriate media file owners or linked hosting websites. Channelmyanmar.org only and only provides links to third party video hosting sites which videos are uploaded by third party users. Channelmyanmar.org in no way affiliated with them nor intend to do that.
https://m.media-amazon.com/images/M/MV5BNTQ1ZGVjODAtNWYzZS00ZmZiLWExYjEtNmM1MjI2OTk1YWY3XkEyXkFqcGdeQXVyMzgxODM4NjM@._V1_FMjpg_UX1000_.jpg
The Rising of the Shield Hero (2019- )
⭐IMDB: 8.0/10 (14 k Votes)
🎬 #Animation #Action #Adventure
🗓️ 2019- 🎞️ tv series 📺 720p HD
🌎 Japan
⏰ 22 မိနစ် 55 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Rising of The Shield Hero (season 01)ဆယ်ကျော်သက်ကျောင်းသားIwatani Naofumiဟာအပြိုင်စကြဝဠာကိုအခြားလူ၃ယောက်နဲ့အတူ
သူရဲကောင်းတွေဖြစ်လာဖို့အတွက် ဆင့်ခေါ်ခြင်းခံခဲ့ရပါတယ်သူတို့လေးယောက်စလုံးဟာသက်ဆိုင်ရာဒဏ္ဍာရီဝင်လက်နက်တစ်ခုစီကိုရရှိခဲ့ပြီးIwatani Naofumiကတော့ဒိုင်းကာကိုလက်နက်အနေနဲ့ရရှိခဲ့ပါတယ်အပြင်လောကရဲ့အတွေ့အကြုံနည်းပါးမှုနဲ့သြဇာကင်းမဲ့မှုတို့ကြောင့်သူရဲကောင်း၄ယောက်ထဲမှာ အားအနည်းဆုံးအဖြစ်သတ်မှတ်ခံခဲ့ရပါတယ်အစ၃ရက်မှာတင်သစ္စာဖောက်ခံရ၊မှားပြီးအစွပ်စွဲခံရတဲ့အပြင်ပစ္စည်းလုတာပါခံခဲ့ရပြီးဘုရင်ကအစ ကျွန်အဆုံးရဲ့မသတီခြင်းကိုပါခံခဲ့ရပါတယ်အဲ့လိုကိစ္စတွေကြောင့်Iwatani Naofumiအတွက်တော့လက်စားချေလိုစိတ်နဲ့အမုန်းတရားကလွဲပြီးမရှိတော့ပါဘူးသူရဲ့အပြိုင်ကမ္ဘာစွန့်စားခန်းကဘယ်လိုဖြစ်သွားမလဲဆိုတာကိုကြည့်နိုင်ပါပြီ(ဘာသာပြန်ပေးထားတာတော့ DrNyanပဲဖြစ်ပါတယ်)File Size : (170MB)
Quality : 720p
Running Time : 24min
Format : Mp4
Genre : Animation,Adventure,Action
Subtitle : Myanmar Subtitle (Hard Sub)
Source : 1080p
https://m.media-amazon.com/images/M/MV5BNTYzMjcwNGEtZGUzNi00YTMwLTkzZGMtMzE2MzhkZTFlYmFhXkEyXkFqcGdeQXVyODE5NzE3OTE@._V1_FMjpg_UX1000_.jpg
Phone Bhoot (2022)
⭐IMDB: 6.9/10 (7 k Votes)
🎬 #Bollywood #Comedy #Horror
🗓️ 2022 🎞️ Movie 📺 720p HD
🌎 India
⏰ 2 နာရီ 17 မိနစ် 13 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Phone Bhoot (2022)Comedy, HorrorIMDb 6.9/10 (7.4K)
အခုတစ်ခါစပယ်ရှယ်တင်ဆက်ပေးမယ့်ကားလေးကတော့ သရဲဟာသကားလေးပဲဖြစ်ပါတယ်
ပြောစရာမလိုအောင် သိနေကြတဲ့ မင်းသမီးချောလေး ကက်ထရီနာ…Dhadak (2018) &Khaali Peeli (2020) ထဲက မင်းသား အီရှန်းခသရ်…ဒီပီကားနဲ့တွဲရိုက်ထားတဲ့Gehraiyaan (2022) ထဲက မင်းသား ဆစ်ဒန့်သ်ချတူးဗေဒီးတို့ကအဓိကပါဝင်သရုပ်ဆောင်ပေးထားပါတယ်နော်
ဇာတ်လမ်းလေးကိုနည်းနည်းပြောရရင်မေဂျာနဲ့ ဂူလူးတို့နှစ်ယောက်က ၁၀၉ – ၁၁၀ အလုပ်မရှိအကိုင်မရှိတဲ့လူငယ်နှစ်ယောက်..ငယ်ငယ်ကတည်းက သည်းထိတ်ရင်ဖို သရဲဇာတ်လမ်းတွေကြည့်ပြီးမကောင်းဆိုးဝါးနှင်တဲ့သူဖြစ်ချင်နေကြတဲ့သူတွေပေါ့..
တစ်နေ့သူတို့နှစ်ယောက် တောင်ကုန်းတစ်ခုကိုတူးရင်း ရာကာဆိုတဲ့အရုပ်ကိုရသွားပြီးသူတို့အိမ်ငှားခတွေပေးနိုင်အောင် အဲ့ဒီအရုပ်ကြီးကိုဆုတောင်းကြတယ်.ဟော်လိုးဝင်းပါတီလုပ်ကြတဲ့အခါ အရုပ်ကြီးရဲ့မျက်လုံးကိုထိခိုက်မိပြီးမီးတွေနဲ့ပြန်ပြင်ဖို့လုပ်ကြရင်း ဓာတ်လိုက်ခံရပြီးသတိမေ့သွားကြပါတော့တယ်
အဲ့ဒီမှာ သရဲမလေး ရာဂီနီနဲ့တွေ့ကာ ရာဂီနီက အပေးအယူတစ်ခုလုပ်ပြီးမေဂျာနဲ့ဂူလူတို့နှစ်ယောက်ကို သူတို့ဖြစ်ချင်တဲ့ မကောင်းဆိုးဝါးနှိမ်နင်းသူဖြစ်အောင်သူကူညီနိုင်ကြောင်း ပြောလာပါတယ်…ဒါပေမယ့် မေဂျာနဲ့ဂူလူက အဲ့ဒီအကြံကိုအသုံးချပြီး ဖုန်းသရဲဆိုတဲ့ Appတစ်ခုကိုတီထွင်ပြီးလူတွေကိုမကောင်းဆိုးဝါးပူးရင် ဖုန်းခေါ်ဆိုအကူအညီတောင်းလို့ရအောင်လုပ်ပါတော့တယ်..အဲ့ဒီ ဖုန်းသရဲAppကြောင့်သူတို့ဘာတွေဆက်ဖြစ်မလဲ သူငယ်ချင်းနှစ်ယောက်ဘယ်လိုတွေတလွဲတချော်လုပ်ကြမလဲဆိုတာ ဟာသလေးနှောပြီးကြည့်ကြရမှာမို့လက်မလွှတ်သင့်တဲ့ရုပ်ရှင်ကားလေးတစ်ကားကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်….
https://m.media-amazon.com/images/M/MV5BMTYwYjYyZDgtMTQ3My00YTI4LThmZTUtZmU1MjllOWRlOTdhXkEyXkFqcGdeQXVyMzgxODM4NjM@._V1_FMjpg_UX1000_.jpg
The Promised Neverland (2019-2021)
⭐IMDB: 8.3/10 (39 k Votes)
🎬 #Animation #Action #Adventure
🗓️ 2019-2021 🎞️ tv series 📺 720p HD
🌎 Japan
⏰ 22 မိနစ် 55 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Promised Neverland (2019)မိဘမဲ့ဂေဟာတစ်ခုမှာမွေးကတည်းကအတူနေနေရတဲ့သွေးမတော်သားမစပ်မိသားစုတစ်စု
အဲ့အထဲမှာမှဘက်စုံထူးချွန်လွန်းတဲ့ကလေးသုံးယောက်ကတော့အမ်မာ၊ရေးနဲ့နော်မန်တို့ပဲဖြစ်ပါတယ်မွေးကတည်းကမိဘမဲ့ဂေဟာခြံကြီးထဲမှာပဲနေပြီးအပြင်လောကအကြောင်းကိုစာအုပ်တွေကလွဲရင်ဘာမှမသိပါဘူးဒါပေမယ့်သူတို့ရဲ့အတုံးဆုံးညီမလေးကိုနီတစ်ယောက်မွေးစားခံရတဲ့အချိန်မှာတော့မမျှော်လင့်ထားတဲ့အပြင်လောကကအမှန်တရားတချိုု့ကိုအမ်မာနဲ့နော်မန်တို့ရှာတွေ့သွားပါတော့တယ်
https://m.media-amazon.com/images/M/MV5BMzlkYzk0YzItM2I0ZC00NmE5LTljMGYtNTY2ZTVhMzA5OWJjXkEyXkFqcGdeQXVyMTkxNjUyNQ@@._V1_FMjpg_UX1000_.jpg
Disenchantment (2018- )
⭐IMDB: 7.2/10 (63 k Votes)
🎬 #Animation #Action #Adventure
🗓️ 2018- 🎞️ tv series 📺 720p HD
🌎 United States
⏰ 29 မိနစ် 16 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Disenchantment (2018) Season 1 [COMPLETE]လူတော်တော်များများက Matt Groening ဆိုတဲ့နာမည်ကို မကြားဖူးရင်တောင်မှသူ့ရဲ့လက်ရာတစ်ခုဖြစ်တဲ့ The Simpsons ကိုတော့ ကောင်းကောင်းကြီးသိကြမှာပါ။20th Century Fox ရုပ်သံလိုင်းကထုတ်လွှင့်ခဲ့တဲ့ ‘Futurama’ နဲ့ ‘The Simpsons’ Animated Sitcom TV Series တွေဟာ Matt Groening ရဲ့ ဖန်တီးမှုလက်ရာများသာဖြစ်ပါတယ်။
အဲဒီထဲကမှ The Simpsons ဟာ အအောင်မြင်ဆုံးဖြစ်ပြီးတော့ စတင်ထုတ်လွှင့်ခဲ့တဲ့ 1990 ခုနှစ်ကနေ ယခုလက်ရှိအချိန် ဆက်လက်ထုတ်လွှင့်နေဆဲဖြစ်ကာ အပိုင်းပေါင်း 639 ပိုင်း နဲ့ Season ပေါင်း 29 ခုတောင်တိုင်ခဲ့ပါပြီ။အဲဒါတွေကို မျက်စိကျသွားတဲ့ Netflix ကတော့ Matt Groening ကို အလားတူ Animated Sitcom Show တစ်ခု ရိုက်ကူးပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။အပိုင်းပေါင်း ၂၀ ရိုက်ကူးပေးဖို့သဘောတူခဲ့ပြီး August 17 ရက်နေ့မှာတော့ Season 1 အတွက် အပိုင်း ၁၀ ပိုင်း ထွက်ရှိလို့လာပါတယ်။အဲဒီ TV Series ရဲ့နာမည်ကတော့ Disenchantment ပဲဖြစ်ပါတယ်။ရှေ့ကသူဖန်တီးခဲ့တဲ့ ‘Futurama’ က အာကာသထဲမှာ ဇာတ်အိမ်တည်ထားပြီး ၊ ‘The Simpsons’ ကိုတော့ အမေရိကန်လူ့အဖွဲ့အစည်း ယဉ်ကျေးမှုတွေကို Parody လုပ်ထားတဲ့ Springfield ဆိုတဲ့မြို့မှာ ဇာတ်အိမ်တည်ထားပါတယ်။ဒီတစ်ခုကတော့ ရှေ့ကဟာတွေနဲ့လုံးဝမတူတဲ့ Fantasy World တစ်ခုပေါ်မှာ ဇာတ်အိမ်ကိုတည်ဆောက်ထားပါတယ်။Princess Tiabeanie ခေါ် Bean ဟာ ဒီဇာတ်ကားရဲ့ဇာတ်လိုက်ဖြစ်ပြီးတော့ Dreamland လို့ခေါ်တဲ့ နိုင်ငံကိုအုပ်ချုပ်သူဘုရင်ကြီး Zog ရဲ့သမီးတော်ပါ။ဘုရင့်သမီးတော်ဖြစ်ပေမယ့် အဲဒီဂုဏ်ပုဒ်နဲ့မလိုက်အောင်ဆိုးပေသူပါ။နေ့တိုင်းလိုလို အရပ်သားအဝတ်တွေဝတ်ပြီး မြို့ထဲလျှောက်သွား အရက်သောက်လိုက် ဖဲရိုက်လိုက်နဲ့ နေချင်သလိုနေတဲ့သူတစ်ယောက်။တစ်ရက်မှာတော့ သူ့ခမည်းတော်ဘုရင်ကြီးက Bentwood ဆိုတဲ့နိုင်ငံနဲ့ မဟာမိတ်ဖွဲ့ချင်တာကြောင့် Bentwood ရဲ့အိမ်ရှေ့စံမင်းသားနဲ့ လက်ဆက်ပေးဖို့စီစဉ်ပါတော့တယ်။မဟာမိတ်ဖွဲ့ဖို့အတွက်သူဟာ ခုတုံးသာသာ အသုံးချခံရတဲ့အပေါ် မကျေနပ်ပေမယ့် တွန်းလှန်ဖို့အင်အားမရှိတာကြောင့် Bean တစ်ယောက်မှိုင်တွေနေပါတော့တယ်။အဲဒီအချိန်မှာ သူ့ရဲ့ကိုယ်စောင့်နတ်ဆိုးလို့ခေါ်တဲ့ Luci နဲ့တွေ့ပါတယ်။နတ်ဆိုးတို့ရဲ့ထုံးစံအတိုင်း ဘာလုပ်လုပ်အချွန်နဲ့မမယ့်ကောင်ပေါ့။Bean နဲ့နောက်ဆုံးတွေ့တဲ့သူကတော့ Elfo လို့ခေါ်တဲ့ Elf လေးတစ်ကောင်ပါ။Elfo ဟာ Elfwood လို့ခေါ်တဲ့ Elf တွေနေထိုင်ရာနိုင်ငံငယ်လေးကနေ ထွက်ပြေးလာတဲ့သူဖြစ်ပြီး အပြင်လောကအကြောင်း ဘာဆိုဘာမှမသိတဲ့ ငတုံးသာသာ Elf လေးတစ်ကောင်ပါ။ထွက်ပြေးရတဲ့အကြောင်းအရင်းကလည်း တစ်သက်လုံးသီချင်းဆိုပြီး ပျော်ပျော်ရွှင်ရွှင်နေရတာကို ငြီးငွေ့လာပြီး တခြားလူတွေလို မျက်ရည်ကျချင်တယ် ၀မ်းနည်မှုတွေ ဒုက္ခတွေကို ခံစားချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်ကြောင့်ပဲဖြစ်ပါတယ်။အဲဒီမှာ သူတို့သုံးယောက်ဆုံသွားပြီး သုံးယောက်ပေါင်းလောင်းကျော်ဆိုတဲ့အတိုင်း စွန့်စားခန်းတွေဖွင့်ရင်း ဘယ်လိုတစ်လွဲတွေလုပ်မယ်ဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။အင်တာဗျူးတစ်ခုမှာ Matt Greoning က ဒီစီးရီးဟာ Fantasy World တစ်ခုပေါ်မှာဇာတ်အိမ်တည်မှာဖြစ်ပြီး နာမည်ကျော် Fantasy ဇာတ်လမ်းတွေဖြစ်တဲ့ The Lord of The Ring, Game of Throne တို့ကို လုံးလုံးလျားလျား parody လုပ်မှာမဟုတ်ပါဘူး။ဒါပေမယ့် အဲဒီဟာတွေထဲက References တွေအများကြီးကိုထည့်သွင်းထားပါတယ်လို့ ဖြေကြားထားပါတယ်။ဒါ့အပြင် အပိုင်းတစ်မှာတင်ပဲ Disney World အပြင် တခြား Fantasy World တွေထဲက References တွေအများကြီးပါလာတာကိုတွေ့ရပါတယ်။အဲဒီ References တွေကိုသိတဲ့သူဆိုရင် အူလှိမ့်အောင်ရယ်နေရမှာပါ။ဘာပဲပြောပြော ရှေ့က Matt ရဲ့ Futurama နဲ့ The Simpsons ကိုသဘောကျတဲ့သူတွေ၊ Sitcom စီးရီးကို ကြိုက်နှစ်သက်တဲ့သူတွေအနေနဲ့ ဒီစီးရီးကို လက်လွှတ်မခံသင့်ပါဘူး။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်တင်ဆက်ထားသူကတော့ ကိုမျိုးသန့် ဖြစ်ပါတယ်။) Quality – 720p WEB-DLDuration – 30min (@Episode)Subtitle – Myanmar HardsubFormat – Mp4Genre : Animation, Adventure, ComedySource : 720p.WEB.x264-STRiFE
https://image.tmdb.org/t/p/original/nXnqJHwtbsvf3liKJm2hKbbAvA3.jpg
Future Cops (1993)
⭐IMDB: 5.9/10 (1 k Votes)
🎬 #Action #Comedy #Sci-Fi
🗓️ 1993 🎞️ Movie 📺 1080p FHD
🌎 Hong Kong
⏰ 1 နာရီ 34 မိနစ် 08 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Future Cops (1993)
~ IMDb – 5.9/10, MyDramaList – 7.5/10 ~
ဒီကားက တကယ်ဆို ငစားကား။ ဘယ်လိုစားသတုန်းဆို အာနိုးရဲ့ Terminator ကားလို စတိုင်ကိုမှ Dragon Balls တွေ၊ Street Fighters တွေ၊ Fantastic Four ထဲက Reed Richards, Hulk ဘာညာ သာရကာ အကောင်စုံ ပလောင်စုံ ထည့်ထားတယ်။ အချောင်အနေနဲ့ စတီဖင်ချောင်ပါ ပါပါသေးတယ်။ စခွက်ပြောင်ပြီး ရိုက်ထားတယ်ဆိုပေမဲ့ သရုပ်ဆောင်တွေကတော့ ပေါ့ပေါ့သေးသေးတွေ မဟုတ်ပါဘူး။ ဟောင်ကောင် ပေါ့ဂီတရဲ့ နတ်မင်းကြီးလေးပါးလို့တင်စားကြတဲ့ အိုင်ဒေါဘဲတွေဖြစ်တဲ့ အန်ဒီလောင်၊ အာရွန်ကော့၊ ဂျက်ကီချောင် နောက် သူတို့ထဲ ကားရိုက်အနည်းဆုံးဖြစ်တဲ့ လီယွန်လိုင် ဒီလေးယောက်စလုံးပါတယ်ပြောရမယ်။ ပထမသုံးယောက်ကတော့ အကောင်လိုက်ကြီး ဝင်ပေါကြပေမဲ့ လီယွန်လိုင်ကတော့ နာမည်နဲ့ပဲ ဝင်ပေါသွားတာပါ။ အရန်သရုပ်ဆောင်တွေကလည်း ကြမ်းတယ်။ John Woo တို့၊ Johnnie To တို့ရဲ့ လက်စွဲ Simon Yam, ငါးကလေးကားနဲ့ လူသိများတဲ့ ငါးကလေးမင်းသား Dicky Cheung, သိုင်းမူဗီပရိသတ်တွေနဲ့ မစိမ်းတဲ့ Ekin Cheng, နောက်ပြီး ရုပ်လေးလှသလောက် အမြဲ Sexy ကျပြီး အဖော်ကားတွေအရိုက်များတဲ့ Chingmy Yau, ဝေါင်ကာဝေးရဲ့ Fallen Angels ထဲ တစ်ခန်းရပ်နဲ့တင် ပရိသတ်ကိုဖမ်းစားနိုင်ခဲ့တဲ့အပြင် Ashes of Time ထဲလည်းပါခဲ့တဲ့ တစ်ကားဆိုတစ်ကားလှတဲ့ Charlie Yeung စသဖြင့် ဟောင်ကောင်ရဲ့စတားစစ်စစ်တွေချည်းပါထားတယ်။ မင်းသမီးတွေက တော်တော်နုသေးတာမို့ အသေလည်းလှတယ်။
ရိုက်တဲ့ဘဲက ဝမ်ကျင်း။ God of Gamblers တို့၊ Naked Killer တို့လိုကားတွေကိုရိုက်တဲ့ဘဲ။ ချောင်ရဲ့အလယ်ခေတ်လောက်ကကား တော်တော်များများကိုလည်း ရိုက်ဖူးတယ်။ ဒီတော့ သူ့ကားက ဘယ်လိုပုံစံဖြစ်နေမလဲ တွေးသာကြည့်ပေါ့။ တကယ့်ပေါက်ကရတွေ ဗရုတ်တွေနဲ့ ငစားကားပါပဲ။ ဒါပေမဲ့လည်း တော်တော်လည်းရယ်ရသလို သရုပ်ဆောင်တွေနဲ့တင် တန်တာမို့ ကြည့်သင့်တဲ့ကားပါပဲ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုWမှ ပြန်ဆို ရေးသားထားပါတယ်)
Size – 1.85GB, 795MBQuality – 1080p, 720pIMDb Rating – 5.9/10Format – mp4Duration – 1H 35MinGenre – Action, Comedy, Sci-FiSubtitle – Myanmar Subtitle (Hardsub)Translated byWEncoded by Y
https://image.tmdb.org/t/p/original/r2hGyhvNneAifk7UpwAYxrkeFO4.jpg
Road House (1989)
⭐IMDB: 6.6/10 (76 k Votes)
🎬 #Action #Thriller
🗓️ 1989 🎞️ Movie 📺 1080p FHD
🌎 United States
⏰ 29 မိနစ် 49 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Road House (1989)=================
ဒီတစ်ခေါက်မှာတော့ old but gold အက်ရှင်
ဇာတ်ကားလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။
ဒီဇာတ်ကားမှာ ဒေါလ်တန်ဆိုတဲ့ လုံခြုံရေးသမားဟာ
အကောင်းဆုံးစွမ်းရည်ရှိတဲ့ လုံခြုံရေးသမားဖြစ်ပါတယ်။
ဒါကြောင့် သူဟာ တစ်နေ့မှာ မစ်ဆိုရီက ဒါဘယ်ဒုစ်ဆိုတဲ့
ဘားတစ်ခုမှာ အလုပ်လုပ်ဖို့ ကမ်းလှမ်းခံရပါတယ်။
ဒါဘယ်ဒုစ်ဟာ သာမာန်နေရာလို လူဆိုးတွေ၊
အရက်သမားတွေ သောင်းကျန်းရုံနေရာမဟုတ်ဘဲ
မြို့ကိုလက်ဝါးကြီးအုပ်ထားတဲ့ ဘရတ်၀က်စ်လေ နဲ့
သူ့လူတွေ သောင်းကျန်းချင်တိုင်း သောင်းကျန်းနေတဲ့
နေရာတစ်ခုဖြစ်ပါတယ်။ သူတို့အကုန်လုံးကို
ဒေါလ်တန်က ရှင်းထုတ်လိုက်တဲ့အခါ သူ့စီးပွားရေးကို
ကာကွယ်ဖို့ ဘရတ်လည်း အစွမ်းကုန်ယုတ်မာ
ပါတော့တယ်။ တစ်မြို့လုံးကလည်း ဘရတ်လက်အောက်
ရောက်နေပြီး ဘရတ်မထင်ရင်မထင်သလို
အနှိပ်စက်ခံရတာကြောင့် မတော်လှန်ရဲတဲ့အနေ
အထားမှာ ဒေါ်လ်တန်တစ်ယောက်တည်း ဘရတ်ကို
ရင်ဆိုင်ရပါတော့တယ်။ ဒီတွေ့ဆုံမှုမှာ ဒေါလ်တန်ကပဲ
အနိုင်ရရှိပြီး မြို့သားတွေကိုကယ်တင်နိုင်မလား။
ဒါမှမဟုတ် ရှူံးနိမ့်ပြီး မြို့ထဲကထွက်သွားရမလား
ဆိုတာကို စိတ်၀င်တစားကြည့်ရမယ့်
ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။
File size…1.70GB / 764MBQuality…Blu-Ray 1080p5.1CH / 720pFormat…mp4Duration….1h 54mGenre …..Action , ThrillerSubtitle….Myanmar Subtitle (Hard Sub)Encoder….Min WaiTranslated by Jaka
https://image.tmdb.org/t/p/original/dzMfgDxEOfFdw6WIaoC94CayYWL.jpg
Aqua Teen Forever: Plantasm (2022)
⭐IMDB: 6.2/10 (452 Votes)
🎬 #Animation #Comedy
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 United States
⏰ 1 နာရီ 16 မိနစ် 54 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Aqua Teen Forever: Plantasm (2022)
~ IMDb – 6.2/10, Rotten Tomatoes – 100% ~
Aqua Teen Hunger Force ဆိုတဲ့ Animation စီးရီးက မစ်ရှိုတ်ရယ်၊ အသားလုံးရယ်၊ အာလူးချောင်းကြော်ရယ်ဆိုတဲ့ အဓိက ဇာတ်ကောင် ၃ ကောင်ပါဝင်ထားပြီး ဂြိုဟ်သားတွေ၊ အပင်ကောင်တွေ၊ လူတွေလည်း ပါတဲ့အပြင် ကြည့်နေတဲ့လူကို ထထဆဲတဲ့ 8 bit Mooninite နှစ်ကောင်လည်းပါဝင်ပါတယ်။ ကာတွန်းကားဆိုပေမဲ့ ကလေးတွေမကြည့်သင့်တဲ့အခန်းတွေ ဆက်တိုက်ပါပါတယ်။ အသက်ပြည့်ပြီးသားလူကြီးတွေပဲကြည့်သင့်တယ်ဆိုပေမဲ့လည်း သာမန်ရိုးရိုးဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်ခင်ဗျာ…
နာမည်ကျော် Rick and Morty စီးရီးတွဲတွေကိုထုတ်ခဲ့တဲ့ Adult Swim ကပဲ ထုတ်ထားတဲ့အတွက် အဲဒီစတူဒီယိုရဲ့ Trademark လိုကိုဖြစ်နေတဲ့ ထူးထူးဆန်းဆန်းတွေ၊ မဖြစ်နိုင်တာတွေ၊ ဇာတ်ကားကြည့်နေတဲ့လူကို ဝင်ဝင်နှောင့်တတ်တဲ့ကောင်တွေနဲ့ဆိုတော့ ပျင်းတော့မပျင်းရပါဘူး… ထူးထူးခြားခြားဇာတ်လမ်းတွေ၊ အရင်လိုနဲ့မတူပဲကွဲထွက်နေတာမျိုးတွေကိုကြည့်ချင်တာဆိုရင်တော့ ဒီဇာတ်ကားက သင့်အတွက်ပါပဲ…
(ဒီဇာတ်ကားနဲ့အညွှန်းကိုLwin Boမှ ပြန်ဆို ရေးသားထားပါတယ်)
Size – 1.4GB, 620MBQuality – 1080p, 720pFormat – mp4Duration – 1H 19minGenre – Animation, ComedySubtitle – Myanmar Subtitle (Hardsub)Translated byLwin BoEncoded by Y
https://image.tmdb.org/t/p/original/pty0bC2k1QAmDcLgdz1gTxUoHYJ.jpg
A Christmas Karen (2022)
⭐IMDB: 4.9/10 (284 Votes)
🎬 #Comedy
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 United States
⏰ 1 နာရီ 39 မိနစ် 13 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
A Christmas Karen (2022)
‘ကာရင်’ ဆိုတဲ့စကားလုံးကို ဒီခေတ်မှာ သိပ်မစိမ်းကြတော့ဘူးလို့ ထင်ပါတယ်။
‘ကာရင်’ ဆိုတာ နေရာမရွေး ကွိုင်ရှာတတ်တဲ့ ပြဿနာအိုး၊ လူမျိုးရေးခွဲခြားဆက်ဆံတတ်တဲ့ သက်လတ်ပိုင်း အမေရိကန် လူဖြူအမျိုးသမီးကြီးတွေကို ခေါ်ဆိုတဲ့ ဗန်းစကားတစ်ခုပါ။ ကာရင်တွေရဲ့ ထစ်ခနဲရှိ လက်သုံးစကားတွေက ‘ငါ ရဲခေါ်လိုက်မယ်’ ‘မန်နေဂျာနဲ့ စကားပြောမယ်’ ‘နင်တို့နေတဲ့နိုင်ငံကိုသာ ပြန်သွား’ ဆိုတာတွေပါ။
‘ကာရင်’ ဆန်ပြီး ကာရင်လို့အမည်ရတဲ့ အမျိုးသမီးတစ်ဦးဟာ ခရစ္စမတ်အကြိုညမှာ အရင်က သူဌေးမဟောင်းနဲ့ ပြန်ဆုံခဲ့ပါတယ်။ သူမရဲ့ သူဌေးဟာ လွန်ခဲ့တဲ့ နှစ် ၂၀ က ခရစ္စမတ်ညမှာ ဆုံးပါးသွားခဲ့သူပါ။
တစ္ဆေအဖြစ်နဲ့ လာရောက်ခြောက်လှန့်ခဲ့တဲ့ သူမရဲ့ သူဌေးဖြစ်သူဟာ ရှင်သန်နေစဥ်ကာလမှာ လုပ်ခဲ့မိတဲ့ ပြစ်ဒဏ်တွေကြောင့် ကြေးချွတ်သန့်စင်ဘုံမှာ ပြစ်ဒဏ်ခံနေရသူတစ်ဦးလည်း ဖြစ်ပါတယ်။ လေလွင့်တစ္ဆေဖြစ်နေတဲ့သူမဟာ အသက်ရှိနေစဥ်ကာလမှာ သူတစ်ပါးရဲ့ယောကျာ်းတွေနဲ့ အိပ်မိခဲ့တဲ့အတွက် အပြစ်ကြွေးဆပ်နေရပါတယ်။ ဒါပေမဲ့ ထိုအပြစ်ကြွေးကြောင့် ဘယ်လိုမျိုးများ ချုပ်နှောင်ခံနေရသလဲ…။ သူမလို မဖြစ်စေဖို့ ကာရင့်ကို လာရောက် သတိပေးတဲ့အခါမှာရော ဘယ်လိုမျိုးတွေ ဆက်ဖြစ်မလဲ…။
ဒီလိုနဲ့ ကာရင်တစ်ယောက် သူမရဲ့ သူဌေးဟောင်း လွှတ်ပေးလိုက်တဲ့ တစ္ဆေတွေနဲ့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကာလတွေရဲ့ ခရစ္စမတ်တွေကို ပြန်လည်သွားရောက်ခဲ့တဲ့အခါမှာရော ဘယ်လိုအကြောင်းအရာတွေကို သိရှိလိုက်ရမလဲ။
ပြဿနာအိုး ကာရင်နဲ့ တစ္ဆေတို့ရဲ့ ခရီးလမ်းဟာရော ဖြောင့်ဖြူးပါ့မလား… ပြဿနာ တက်ရော တက်ပါ့မလား…။
ဒီလိုနဲ့ ကာရင်တစ်ယောက် ခရစ္စမတ်ပေါင်းများစွာ ပြန်လည်ဖြတ်သန်းရချိန်မှာ တွေ့ကြုံရမယ့်ဖြစ်ရပ်တွေနဲ့ ကိစ္စရပ်တွေကို ရယ်စရာ မောစရာ ဒေါသထွက်စရာ စုံလင်စွာနဲ့ ကြည့်ရှုနိုင်တော့မှာပါ။ ရာသီဥတုအေးတဲ့ဆောင်းညတွေမှာ Christmas Vibe အပြည့်နဲ့ အပန်းဖြေဖို့ဆိုရင် ဒီလိုဇာတ်ကားကောင်းလေးတစ်ခုကိုလည်း လက်မလွတ်ပါစေနဲ့နော်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုShin Mann Htet Myatမှ ပြန်ဆို ရေးသားထားပါတယ်)
Size – 1.9GB, 880MBQuality – 1080p, 720pFormat – mp4Duration – 1H 38MinGenre – ComedySubtitle – Myanmar Subtitle (Hardsub)Translated byShin Mann Htet MyatEncoded by Y
