uk
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закритий канал

🚩 Channel was restricted by Telegram

Показати більше
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
Mystic Singer (2024) ⭐IMDB: 7.4/10 (87 Votes) 🎬 #Horror 🗓 2024 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 36 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Sinden Gaib 2024 ကပ်ပါလာသူတစ်ဦး Imdb 7.5အင်ဒိုကားတွေကြောက်ဖို့ကောင်းပြီဆို တော်ရုံကားက လိုက်မမီကြဘူးဆိုတာဒီကားကြည့်ရင်းသိနိုင်ပါတယ် ဒီကားကဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးထားတာဆိုတော့အပြင်မှာတကယ်ဖြစ်ခဲ့တာပါလားဆိုတဲ့အသိက ပိုပြီးတော့ ချောက်‌ချားစေမှာပါ အာယူတို့အဖွဲ့က သဘာဝလွန်တွေကို လိုက်လံရိုက်ကူးတဲ့ရိုက်ကူးရေးအဖွဲ့သားတွေပါဒီတစ်ခါသူတို့ရိုက်ကူးတဲ့နေရာက ဝါတူကန်ဒန်ဆိုတဲ့ကျွန်းလေးပေါ့အဲဒီမှာအဖွဲ့သားထဲကတစ်ယောက်က ပစ္စည်းတစ်ခုကိုယူလိုက်မိတယ်ယူပြီးပြီးချင်းပဲ ဇာတ်ဆောင်ဖြစ်တဲ့အာယူက ဂျာဗန်သီချင်းနဲ့ အကကိုစကပါတော့တယ် ဒီဇာတ်လမ်းရဲ့အဓိက ဆွဲဆောင်သူက ဒီအကပါပဲ ကျောချမ်းစရာကောင်းလောက်အောင် လက်တစ်ဆစ်ချိုးအကတွေကွေးကောက်နေအောင်ကတဲ့ ကြက်သီးထစရာကကွက်တွေက ကြည့်ရှုသူတွေကိုပါ အသည်းယားလာစေမှာပါဒီလိုရုတ်တရက် မျက်ဖြူကြီးလန်ပြီး ထကတော့ အပူးခံရပြီဆိုတာအဖွဲ့သားတွေက သိကြပါတယ် ရိုက်ကူးရေးကိုရပ်အိမ်ကိုချက်ချင်းပြန်လာကြပြီး အာယူသတိပြန်ရလာတော့ ကိုယ့်မွေးရပ်မြေကိုပြန်လာကြတာပေါ့ ဒါပေမဲ့မပြီးဆုံးခဲ့တာကတော့ ကပ်ပါလာသူတစ်ယောက်ပါ အာယူ့အိမ်ထဲမှာ အရိပ်အယောင်တွေတွေ့ပေမဲ့တကယ်လက်တွေ့ကြုံလာတဲ့နေ့က ကျောင်းစည်းဝေးပွဲတစ်ခုမှာပေါ့ ဒီကြောက်စရာအကကိုထကရင်းအစုလိုက်အပြုံလိုက်သရဲပူးကပ်ခံရပြီး အုတ်အော်သောင်းတင်းတွေဖြစ်လာချိန်မှာတော့ ။။ သူတို့ဘယ်လိုဖြေရှင်းသွားမလဲ ဘယ်လိုထိတ်လန့်စရာတွေက ရှေ့ဆက်သူတို့ကိုစောင့်မျှော်နေမယ်ဆိုတာကိုတော့။။ ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ V ~ Alex ~ ToMo တို့ပဲဖြစ်ပါတယ်
...

Ready or Not (2019) ⭐IMDB: 6.9/10 (185 k Votes) 🎬 #Comedy #Horror #Mystery #Thriller #Action 🗓 2019 🎞 movie 🌎 #Canada #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 23 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ချမ်းသာပြီး လျို့ဝှတ်တက်တဲ့ မိသားစု တစ်ခု ရှိတယ် သူတို့ဟာ ဂိမ်းမင်းမျိုးဆက် လို့ ခေါ်ခံရပြီး ဂိမ်းကစားနည်းတွေကို ထုတ်လုပ်သူတွေဖြစ်ပါတယ် သူတို့ရဲ့ ကြီးကျယ်ခန်းနားတဲ့ နန်းတော်လို စံအိမ်ကြီးမှာ နေပြီး မျက်နှာတွေကတော့ တစ်ခုခုကို အလိုမကျတဲ့သူတွေလိုပေါ့ အဲ့ဒီအိမ်ကြီးမှာ အငယ်ဆုံးသားဖြစ်သူ အဲလစ်ကတော့ တစ်နေ့မှာ ဂရေ့စ် ဆိုတဲ့ ကောင်မလေးကို လက်ထပ်ယူဖို့ အိမ်ကိုခေါ်လာခဲ့ပါတော့တယ် ဒီမိသားစု အကြောင်း ဘာမှ မသိပဲ မောင့် တစ်မျက်နှာ တစ်ရွာထင်ပြီး လိုက်လာခဲ့တဲ့ ဂရေ့စ် ကတော့ ဒီမိသားစု နဲ့ အသားကျသွားဖို့ လိုက်လျောညီထွေဖြစ်ဖို့ ကြိုးစားမယ်လို့ အဆုံးစွန်ထိ တွေးပြီးသားပါ အားလုံးအဆင်ပြေပြေ ဖြစ်ခဲ့ပါတယ် မင်္ဂလာဆောင်တဲ့ ညမှာပဲ ဒီမိသားစု ဟာ အစဉ်အလာ တစ်ခုကို ထိန်းသိမ်းထားပြိး ဂိမ်း တစ်ခုကို ကစားရမှာ ဖြစ်ပါတယ်… မိသားစု ထဲ လူအသစ်ဝင်လာရင် ဒီမိသားစု နဲ့ ထိုက်တန်လား ဆိုတာ ဆုံးဖြတ်ကြဖို့ အတွက် သတို့သမီးက ပုန်းရမှာ ဖြစ်ပြီး မိသားစု များက လိုက်ရှာရမှာပါ ဒီလို တူတူပုန်းတမ်း ကစားနည်းကို ကစားဖို့ ပျော်ရွှင်နေတဲ့ သတို့သမီးလေး တစ်ယောက် ဒီညမှာ ဘယ်သူမှ မတွေ့အောင် ပုန်းနိုင်မလား ဒါမှ မဟုတ် ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်ရှုလိုက်ကြရအောင်လား ဒီရုပ်ရှင်ကားဟာ ရုံတင်ထားတာ မကြာသေးပါဘူး ထိတ်လန့်သည်းဖို ရုပ်ရှင်ကား အမျိုးအစားဖြစ်ပြီး အသဲငယ်သူများ ၊ အသက်မပြည့်သေးသူများ နှလုံးရောဂါရှင် နှင့် ကိုယ်ဝန်ဆောင်သည် များ ကြည့်ရှုရန် မသင့်တော်ပါ ရုပ်ရှင်ကားကို Htet Way Lwin က ဘာသာပြန်ပေးထားပြီး Thit San Khant မှ တင်ဆက်ပေးထားပါတယ်
...

Marriage Story (2019) ⭐IMDB: 7.9/10 (348 k Votes) 🎬 #Comedy #Drama #Romance 🗓 2019 🎞 movie 🌎 #UnitedKingdom #UnitedStates ⏰ 2 နာရီ 17 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီရုပ်ရှင်ကတော့ နာမည်ကျော်ပဲမို့ စောင့်နေတဲ့သူတွေရှိမှာပါ။ စကားလက်ဂျိုဟန်ဆန် နဲ့ အဒမ်ဒရိုင်ဘာတို့ သရုပ်ဆောင်စွမ်းရည်ပြထားတဲ့ကားဆိုလည်း မမှားပါဘူး။ ဆုတွေအတော် ဆန်ကာတင်မယ့် ရုပ်ရှင်ပါပဲ။ ဇာတ်လမ်းကတော့ နာမည်အတိုင်းပါပဲ။ အိမ်ထောင်ရေးဇာတ်လမ်းလေး တစ်ပုဒ်ပါ။ အရမ်းသဘာဝကျပြီး ယုတ္တိဆန်လွန်းပါတယ်။ အရာရာကို စိတ်တိုင်းကျလုပ်တတ်တဲ့ ချာလီဆိုတဲ့ ယောကျာ်းတစ်ယောက်နဲ့ ကိုယ်ဘာလိုချင်လို့လိုချင်မှန်းမတွေးတတ်တော့တဲ့ နီကိုး ဆိုတဲ့ မိန်းကလေးတစ်ယောက် လက်ထပ်မိခဲ့တယ်။ ချာလီက ပြဇာတ်ဒါရိုက်တာ၊ နီကိုးက ပြဇာတ်သရုပ်ဆောင်ပေါ့။ ချာလီရဲ့သဘောအတိုင်း နယူးယောက်မှာ အခြေချခဲ့ပြီး ဟင်နရီဆိုတဲ့ သားလေး တစ်ယောက်ရှိလာခဲ့ပါပြီ။ ဒါပေမယ့် နီကိုးအတွက် လော့စ်အိန်ဂျလိ ဟောလိဝုဒ်မှာ ဇာတ်လမ်းတွဲတစ်ခု ခေါင်းဆောင်မင်းသမီးနေရာ ရသွားချိန်မှာ နယူးယောက်နဲ့ အယ်လ်အေ အခြေချမှုတွေ၊ ကလေးအုပ်ထိန်းခွင့်တွေနဲ့ ပတ်သတ်ပြီး အငြင်းပွားလာကြတယ်။ ဇာတ်လမ်းက သဘာဝအကျဆုံးနဲ့ ဇာတ်ရှိန်တွေ တက်လာပုံက အတော်ကောင်းတယ်ပြောရမှာပါပဲ။ ကွာရှင်းတဲ့ကိစ္စအတွက်ရှေ့နေက ပြောသလိုပေါ့ ‘ ရာဇဝတ်မှုရှေ့နေတွေက လူဆိုးတွေကို သူတို့အကောင်းဆုံးလုပ်နေချိန်မှာ တွေ့ရပြီး အိမ်ထောင်ကွဲရှေ့နေတွေကတော့ လူကောင်းတွေကို သူတို့အဆိုးဆုံးလုပ်မယ့်အချိန်မှာ တွေ့ရတာပါပဲ’ တဲ့။ ခံစားကြည့်လိုက်ပါ။ ဒီရုပ်ရှင်ကတော့ နာမည်ကျော်ပဲမို့ စောင့်နေတဲ့သူတွေရှိမှာပါ။ စကားလက်ဂျိုဟန်ဆန် နဲ့ အဒမ်ဒရိုင်ဘာတို့ သရုပ်ဆောင်စွမ်းရည်ပြထားတဲ့ကားဆိုလည်း မမှားပါဘူး။ ဆုတွေအတော် ဆန်ကာတင်မယ့် ရုပ်ရှင်ပါပဲ။ ဇာတ်လမ်းကတော့ နာမည်အတိုင်းပါပဲ။ အိမ်ထောင်ရေးဇာတ်လမ်းလေး တစ်ပုဒ်ပါ။ အရမ်းသဘာဝကျပြီး ယုတ္တိဆန်လွန်းပါတယ်။ အရာရာကို စိတ်တိုင်းကျလုပ်တတ်တဲ့ ချာလီဆိုတဲ့ ယောကျာ်းတစ်ယောက်နဲ့ ကိုယ်ဘာလိုချင်လို့လိုချင်မှန်းမတွေးတတ်တော့တဲ့ နီကိုး ဆိုတဲ့ မိန်းကလေးတစ်ယောက် လက်ထပ်မိခဲ့တယ်။ ချာလီက ပြဇာတ်ဒါရိုက်တာ၊ နီကိုးက ပြဇာတ်သရုပ်ဆောင်ပေါ့။ ချာလီရဲ့သဘောအတိုင်း နယူးယောက်မှာ အခြေချခဲ့ပြီး ဟင်နရီဆိုတဲ့ သားလေး တစ်ယောက်ရှိလာခဲ့ပါပြီ။ ဒါပေမယ့် နီကိုးအတွက် လော့စ်အိန်ဂျလိ ဟောလိဝုဒ်မှာ ဇာတ်လမ်းတွဲတစ်ခု ခေါင်းဆောင်မင်းသမီးနေရာ ရသွားချိန်မှာ နယူးယောက်နဲ့ အယ်လ်အေ အခြေချမှုတွေ၊ ကလေးအုပ်ထိန်းခွင့်တွေနဲ့ ပတ်သတ်ပြီး အငြင်းပွားလာကြတယ်။ ဇာတ်လမ်းက သဘာဝအကျဆုံးနဲ့ ဇာတ်ရှိန်တွေ တက်လာပုံက အတော်ကောင်းတယ်ပြောရမှာပါပဲ။ ကွာရှင်းတဲ့ကိစ္စအတွက်ရှေ့နေက ပြောသလိုပေါ့ ‘ ရာဇဝတ်မှုရှေ့နေတွေက လူဆိုးတွေကို သူတို့အကောင်းဆုံးလုပ်နေချိန်မှာ တွေ့ရပြီး အိမ်ထောင်ကွဲရှေ့နေတွေကတော့ လူကောင်းတွေကို သူတို့အဆိုးဆုံးလုပ်မယ့်အချိန်မှာ တွေ့ရတာပါပဲ’ တဲ့။ ခံစားၾကည့္လုိက္ပါ။
...

The Ark (2023) ⭐IMDB: 5.4/10 (6 k Votes) 🎬 #SciFi #Fantasy #Mystery #Drama 🗓 2023 🎞 tv series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 44 မိနစ် 29 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Ark(2023) ============ ဒီတစ်ခေါက်မှာတော့ science fiction နဲ့ mystery ဘက်ကို သွားတဲ့အမေရိကန် series လေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းကိုတော့ လာမယ့် နှစ်တစ်ရာကျော် အနာဂတ်ကာလမှာဇာတ်အိမ်တည်ထားပြီး အာကာသယာဉ်ကြီးတစ်ခုရဲ့ ပေါက်ကွဲမှုနဲ့အစပြုထားပါတယ်။အဲ့ဒီယာဉ်ရဲ့နာမည်ကတော့ ARK ONE ပါ။ ကမ္ဘာကြီးဟာ လူတွေနေထိုင်ဖို့အတွက် တဖြည်းဖြည်းဆိုးဝါးလာပြီးလူသားမျိုးနွယ်တွေ မကြာခင်မျိုးသုဉ်းသွားနိုင်တာမို့ ကမ္ဘာ့နယ်ပယ်အသီးသီးက အတော်ဆုံးဆိုတဲ့လူတွေကို ARK ONE လို ယာဉ်ကြီးတွေပေါ်တင်ပေးလိုက်ပြီး အခြေချနေထိုင်ဖို့ နယ်မြေအသစ်တွေ ရှာဖွေစေပါတယ်။ အဲ့ဒီလူတွေထဲမှာ စစ်မြေပြင်ကျွမ်းကျင်သူတွေ၊အင်ဂျင်နီယာတွေ၊စိုက်ပျိုးရေးပညာရှင်တွေ၊အုပ်ချုပ်ရေးပညာရှင်တွေ စသဖြင့် လူမျိုးစုံပါဝင်ပါတယ်။ ဖြစ်ချင်တော့ ARK ONE ဟာ မူလရည်ရွယ်ထားတဲ့ ဂြိုလ်ကို မရောက်ခင်မှာပဲတစ်စုံတစ်ခုကြောင့် ထိခိုက်ပျက်စီးမှုတွေ ကြုံလိုက်ရပါတယ်။ အဲ့ဒီပျက်စီးမှုတွေနဲ့အတူ ပါလာတဲ့လူဦးရေရဲ့ တစ်ဝက်ကျော်ဟာသေဆုံးသွားပြီး ဒီစစ်ဆင်ရေးကို ဦးဆောင်မယ့် ခေါင်းဆောင်ပိုင်းတွေပါ အကုန်ပါသွားပါတယ်။မူလအစီအစဉ်အရ ခရီးဆုံးကိုရောက်မှ နှိုးရမှာဖြစ်တဲ့ လူတွေဟာလည်း ဘာမှမရှိတဲ့အာကာသဟင်းလင်းပြင်ကြီးအလယ်မှာ နိုးလာခဲ့ပြီး သူတို့ဟာ ခရီးဆုံးကိုရောက်ဖို့တစ်နှစ်နီးပါး ဆက်သွားရန် လိုသေးကြောင်း နဲ့ နဂိုအစီအစဉ်အတိုင်း ပြင်ဆင်ထားတဲ့ ရေနဲ့အစာဟာလေးပတ်စာပဲ ရှိတော့ကြောင်း သိလိုက်ရပါတယ်။ ဒီလူတွေဟာ အာကာသဟင်းလင်းပြင်ကြီးအလယ်မှာ ဘယ်လိုတွေရှင်သန်ကြမလဲ ၊အသက်ရှင်ဖို့အတွက် ဘယ်လိုတွေ ရုန်းကန်ကြံဆကြမလဲဆိုတာဒီ series မှာ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမှာဖြစ်ပါတယ်။ Show runner ကတော့ Dean Devlin ဖြစ်ပြီး သူ့လက်ရာတွေထဲမှာGeostorm , Independence Day, Godzilla စတဲ့ ဇာတ်ကားတွေဟာလူသိများထင်ရှားပါတယ်။
...

Batman: Mystery of the Batwoman (2003) ⭐TMDB: 66% User Score 🎬 #Action #Animation #Crime #Drama #Mystery #Romance #Thriller #Adventure #Fantasy #ScienceFiction 🗓 2003 🎞 video movie 🌎 #UnitedStates #SouthKorea #UnitedStatesofAmerica ⏰ 1 နာရီ 14 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Batman: Mystery of Batwoman(2003)IMDb: 6.6/10Rotten Tomatoes: 60%Genre: Animation/Action/Crime Batman: Mystery of Batwoman ဟာ ၂၀၀၃ခုနှစ်ထွက် ရုပ်ရှင်ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ ဇာတ်ညွှန်းဘတ်မန်းနဲ့ ရော်ဘင်တို့နှစ်ယောက် ပြဿနာတစ်ခုကြုံနေရပါတယ်။အဲဒါကတော့ စူပါဟီးရိုးအသစ် ဘတ်ဝူးမန်းပေါ်လာတာဖြစ်ပါတယ်။သူ(မ)ဟာ ဘာဘရာ(ဘတ်ဂဲလ်) မဟုတ်သလို အရင်ကရှိခဲ့ဖူးတဲ့လူလည်းမဟုတ်ပါဘူး။ လုံးဝကိုအသစ်ဖြစ်ပါတယ်။ နာမည်ကျော်လူဆိုး ပင်ဂွင်း၊ ဒစ်ကမ့်နဲ့ ရူးပတ်သွန်းတို့သုံးယောက်ဟာ ကက်ရှ်နီးယားဒေသအတွက်တရားမဝင်လက်နက်များကိုထုတ်ပေးနေခဲ့ပါတယ်။ ဒါပေမယ့်လည်းတင်ပို့ခါနီးမှာအမျိုးသမီး စူပါဟီးရိုးအသစ်တစ်ယောက်က သူတို့ကိုလာတားခဲ့ပါတယ်။ဒါပေမယ့် ဒီတစ်ခါပေါ်လာတဲ့ တစ်ယောက်ကဘယ်သူမှမမြင်ဖူးတဲ့ ဟီးရိုးအသစ်ဖြစ်ပါတယ်။ဘတ်မန်းနဲ့ရော်ဘင်တို့နှစ်ယောက်တောင် ဘယ်သူမှန်းမသိခဲ့ပါဘူး။ တစ်ဖက်မှာက ပင်ဂွင်းတို့အုပ်စု… တစ်ဖက်မှာက ဘတ်ဝူးမန်း…ဘတ်မန်းတစ်ယောက်ဘယ်လိုမျိုးကိုင်တွယ်ဖြေရှင်းသွားမှာလဲ။
...

Batman: Assault on Arkham (2014) ⭐IMDB: 7.4/10 (38 k Votes) 🎬 #Action #Animation #Crime #Thriller #Adventure #Fantasy #SciFi 🗓 2014 🎞 video movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 17 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Batman: Assault on Arkham (2014)IMDb: 7.4/10 Assault On Arkham အတွက် အညွှန်းအနေနဲ့ကတော့Suicide Squad ဇာတ်ကားမှာတုန်းကAmanda Waller ကို သိခဲ့ကြမှာပါ အဲ့ဒီ့ Amanda Waller ဟာ ဒီကားမှာလည်း Mission တစ်ခုအတွက်Suicide Squadအဖွဲ့သားတွေကို စုဆောင်းပါတယ် အဖွဲ့ဝင်အဟောင်းတွေ ပါသလိုအဖွဲ့ဝင် အသစ်တွေလဲ ပါဝင်ပါတယ်။Amanda ဟာ ပစ္စည်း တစ်ခု အတွက်Gotham မြို့မှာ ရှိတဲ့ Arkham စိတ္တဇအကျဉ်းထောင်ကိုသူ့ရဲ့ Suicide Squad အဖွဲ့သားတွေကို ချိုးဖောက်ဝင်ရောက်စေပါတယ် ဒါပေမယ့် သူတို့အတွက် ခက်ခဲတဲ့ အဟန့်အတားတစ်ခုကတော့ Gotham မြို့ဆိုတာကအားလုံးသိတဲ့ အတိုင်းပဲBatman ရဲ့ မြို့တော်ဖြစ်တဲ့အတွက် သူတို့လို Villianတွေခြေရှုပ်ဖို့သိပ်မလွယ်ကူပါဘူးဒီလို စိတ်လှုပ်ရှား စရာတွေ နဲ့ ပြည့်နေတဲ့ ဒီဇာတ်ကားမှာAmanda ဟာ Arkham မှာဘာပစ္စည်းကိုယူခိုင်းတာလဲဘာအကြံအစည် တွေရှိလဲSS အဖွဲ့သားတွေကရော missionကိုအောင်မြင်အောင်စွမ်းဆောင် နိုင်ပါ့မလားSSရဲ့ထုံးစံအတိုင်း Mission အပြီးမှာ ဘယ်သူတွေက အသက်ပေးလိုက်ရမလဲဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာပဲ ဆက်လက်ရှုစားပေးပါခင်ဗျာ
...

Before It Ends (2023) ⭐IMDB: 7.0/10 (769 Votes) 🎬 #Drama #War #History 🗓 2023 🎞 movie 🌎 #Denmark ⏰ 1 နာရီ 41 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီရုပ်ရှင်ကတော့ သမိုင်းနောက်ခံပြု ရိုက်ကူးထားတဲ့ ဒရာမာရုပ်ရှင်ကားတစ်ကားဖြစ်ပြီး တချိန်က ဒန်းမတ်ရောက် ဂျာမန်ဒုက္ခသည်များ၏ အတွေ့အကြုံများကို တွေ့မြင်ခံစားရမှာ ဖြစ်ပါတယ်။ စစ်ပွဲကာလ ရှားပါးပြတ်လပ်မှုနှင့် နာဇီအစိုးရ၏ ဂျာမန်လူမျိုးများကို စွန့်ပစ်ခြင်း များကြောင့် လူပေါင်း မြောက်များစွာ သေဆုံးခဲ့ရပုံကို အခြေပြုရိုက်ကူးထားတာပါ။ ဇာတ်လမ်းအညွှန်း Jacob ဟာ ကျေးလက်အထက်တန်းကျောင်းမှာ ယောက်ျားလေး ဘော်ဒါကျောင်းတစ်ခု၏ ကျောင်းအုပ်ဆရာတစ်ယောက် ဖြစ်ပါတယ်။ ဒိန်းမတ်နိုင်ငံကို ဂျာမန်တို့ သိမ်းပိုက်ထားချိန် ၁၉၄၅ ခုနှစ် ဧပြီလမှာ စစ်ဘေးရှောင် ဂျာမန်ဒုက္ခသည် ၅၀၀ ကို ခေါ်ထားရန် အမိန့်ပေးခံရသောအခါမှာလည်း Jacob အနေနဲ့ မလွှဲမရှောင်သာဘဲ ကျောင်းရဲ့ အားကစားခန်းမကို ဒုက္ခသည်စခန်းအဖြစ် အသုံးပြုခွင့် ပေးခဲ့ရပါ‌တော့တယ်။ လွတ်လပ်ရေးတိုက်ပွဲကလည်း အရှိန် မြင့်နေချိန်မို့ ဒုက္ခသည်တွေကို ကူညီတဲ့သူတိုင်းကို သစ္စာဖေါက်လို့ အမည်တပ်ကြချိန် ဖြစ်ပါတယ်။ မကြာခင်ပဲ သူ့ကျောင်းမှာရှိတဲ့ ဂျာမန်လူမျိုးဒုက္ခသည်တွေက ဆုံဆို့နာရောဂါ ဖြစ်ပွားပြီး တဖြုတ်ဖြုတ် သေကြပါတော့တယ်။ ဒီအခါ ကျောင်းအုပ်ဆရာကြီး Jakob ၊ သူ့ရဲ့ ဇနီး Lis နဲ့ မိသားစုအနေနဲ့ ခိုကိုးရာမဲ့နေတဲ့ ဂျာမန်ဒုက္ခသည်တွေကို ကူညီသင့်သလား ဒါမှမဟုတ် ဒိန်းမတ် ဆန့်ကျင်ရေးမှာ အခိုင်အမာ ရပ်တည်သင့်လား ဆိုတဲ့ ဝိရောဓိတွေအကြားမှာ ဘယ်လို ရွေးချယ်ဆုံးဖြတ်လုပ်ကိုင်ခဲ့လဲ၊ သူတို့ရဲ့ ဒိန်းမတ် အသိုင်းအဝိုင်းကရော သူတို့လုပ်ရပ်တွေကို လက်ခံကြပါ့မလားဆိုတာ စိတ်ဝင်စားဖွယ်ရာ ရိုက်ကူးတင်ဆက်ပြထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။
...

Lost in the Night (2023) ⭐IMDB: 6.1/10 (736 Votes) 🎬 #Drama #Thriller #Crime 🗓 2023 🎞 movie 🌎 #Mexico #Germany #Netherlands #Denmark ⏰ 2 နာရီ 3 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားဟာဆိုရင်တော့ မက္ကဆီကိုနိုင်ငံက မြို့တစ်မြို့မှာ ဇာတ်အိမ်တည်ထားတားပါ။ အဲဒီမြို့မှာနေထိုင်ကြတဲ့ လူတွေဟာ သူတို့နိုင်ငံမှာ မိုင်းတွေဆောက်ပြီး စီးပွားလာရှာကြတဲ့ နိုင်ငံခြားသားတွေကို မကျေမနပ်ဖြစ်ပြီး ဆန့်ကျင်ဆန္ဒပြရာကနေ အမျိုးသမီးတစ်ယောက် အဖမ်းခံလိုက်ရာကနေ ဇာတ်လမ်းစထားပါတယ်။ ဒီကားထဲမှာ အမီလီယာနိုဟာ ထိုအမျိုးသမီးရဲ့သားဖြစ်သူပါ။ အမီလီယာနိုဟာ သူ့ရဲ့အမေဘာဖြစ်သွားလဲဆိုတဲ့ အဖြစ်မှန်ကိုရှာဖို့ လိုက်လံစုံစမ်းရာက သဲလွန်စတွေက အလွန်ချမ်းသာတဲ့ အယ်ဒါမာ မိသားစုဆီကို ဦးတည်လာပါတော့တယ်။ အဖြစ်မှန်ကိုဖော်ထုတ်ဖို့ အမီလီယာနိုဟာ အယ်ဒါမာမိသားစုကို ချဉ်းကပ်ရာက သူ့ရဲ့ အမေဖြစ်ခဲ့တဲ့ အဖြစ်မှန်တွေပဲပေါ်သွားမလား ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကတော့ ….. မိသားစုနဲ့အတူ မကြည့်သင့်တဲ့ အခန်းတချို့ပါဝင်ပါတယ်
...

Presumed Innocent (2024) ⭐IMDB: 7.6/10 (3 k Votes) 🎬 #Mystery #Drama #Crime 🗓 2024 🎞 tv mini series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 42 မိနစ် 52 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Presumed Innocent စီးရီးကတော့ လူသတ်မှုတခုကတဆင့် ကြည့်ရှုသူတွေကို ဖမ်းစားနိုင်တဲ့ မီနီစီးရီးတစ်ခုဖြစ်ပါတယ်။ အဓိကဇာတ်‌ဆောင်မင်းသား Jake Gyllenhaal က အစိုးရရှေ့နေ Rusty Sabich နေရာက ပါဝင်သရုပ်ဆောင်ထားပြီးတော့ အီသီယိုးပီးယား-အိုင်းရှစ်ရှ်မင်းသမီး Ruth Negga က သူ့ရဲ့ဇနီးနေရာကနေ တွဲဖက်သရုပ်ဆောင်ထားပါတယ်။ တရားခွင်တစ်ခုရဲ့တရားခံနေရာမှာထိုင်နေရသူတိုင်းဟာ တရားသူကြီးက အပြစ်ရှိတယ်လို့စီရင်ချက်မချမချင်း အပြစ်မရှိသူတွေအဖြစ်သာယူဆရမှာဖြစ်ကြောင်း မီးမောင်းထိုးပြချင်တာက ဇာတ်ကားရဲ့ဆိုလိုရင်းတစ်ခု ဖြစ်နိုင်ပါတယ်။ ချီကာဂိုအစိုးရရှေ့နေ Rusty Sabich ကို ဗဟိုပြုထားတဲ့ ဒီစီးရီးမှာတော့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်တဲ့ မိန်းမလှလေး Carolyn Polhemus ဟာ ရက်ရက်စက်စက် အသတ်ခံလိုက်ရတဲ့အခါ Rusty ဟာ အဓိက လူသတ်သမား တရားခံအနေနဲ့ စွပ်စွဲခံရပါတော့တယ်။ သက်သေအထောက်အထားတွေအားလုံးက Rusty ဟာ လူသတ်တရားခံဖြစ်ကြောင်း သူ့အပေါ်မှာ တဆင့်ပြီးတဆင့် အထပ်ထပ်ချည်နှောင်လာတဲ့အခါ သူတည်ဆောက်ထားတဲ့ မိသားစု၊ အိမ်ထောင်ရေးနဲ့ ဂုဏ်သိက္ခာတွေကို ပြန်လည်ရရှိဖို့ Rusty တယောက် ဘယ်လိုတိုက်ပွဲဝင်သွားမှာလဲ၊ တရားရုံးမှာ သူ့ရဲ့ပြစ်မှုတွေက ပိုပြီးထင်ရှားလာမှာလား၊ ကိုယ်ကျင့်တရား ပျက်ပြားမှုအပေါ် သူ့ရဲ့မိသားစုကရော ဘယ်လိုအတူတကွ ရင်ဆိုင်ပေးသွားမှာလဲဆိုတာ အာဏာ၊ နိုင်ငံရေး၊ အချစ်ရေး၊ အိမ်ထောင်ရေးသံယောဇဉ်၊ လိင်မှုကိစ္စတွေနဲ့ အဆင့်ဆင့် ချိတ်ဆက်ထားတာကြောင့် ဇာတ်အိမ်ခိုင်မာပြီး ကွင်းဆက်မိမိနဲ့ ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်ကြည့်ရမယ့် လျှို့ဝှက်သဲဖို စုံထောက် မှုခင်းစီးရီးကောင်းတခုဖြစ်ပါတယ်။ File Size – 597 MB / 230 MB Quality –WEB-DL 1080p 5.1CH , 720p Episodes –  8 Eps Duration –  46 min Subtitle – Myanmar Hardsub Format – Mp4 Genre : Crime , Drama , Mystery Translator – Zaw Myint & JULY Encoder – Min Wai ( Season 1)Onging Season Ep-1 (1080p)>>CM App/Usersdrive/YoteShin/Megaup Ep-1 (720p) >>>CM App/Usersdrive/YoteShin/Megaup/StreamSb Ep-2 (1080p)>>CM App/Usersdrive/YoteShin/Megaup Ep-2 (720p) >>>CM App/Usersdrive/YoteShin/Megaup/StreamSb Ep-3 (1080p)>>CM App/Usersdrive/YoteShin/Megaup Ep-3 (720p) >>>CM App/Usersdrive/YoteShin/Megaup/StreamSb ကျန်ရှိသောအပိုင်းများကိုလဲ ဆက်လက်တင်ဆက်သွားပါမည်။
...

Aranmanai 4 (2024) ⭐IMDB: 5.9/10 (1 k Votes) 🎬 #Bollywood #Horror #Comedy 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 28 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Aranmanai 4 (2024)”ကျိန်စာသင့်ကလဲ့စား ၄”====================================IMDb 6.1/10နာမည်ကျော် သရဲဟာသရုပ်ရှင်တွဲဖြစ်တဲ့ Aranmanai ရုပ်ရှင်တွဲတွေရဲ့လေးကားမြောက်ရုပ်ရှင်ကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဒီ နံပါတ် ၄ မှာလည်း တမီလ်ဟာသမင်းသားကြီး ယိုဂီဘာဘူနဲ့အတူအရင်ကားတွေရဲ့သရုပ်ဆောင်တော်တော်များများပြန်ပါလာတဲ့အပြင်အားလုံးချစ်တဲ့ မင်းသမီးလေး သမန်းနားလည်း အားဖြည့်ပါဝင်လာခဲ့ပါတယ်။ ဒီ လေးခုမြောက်ရုပ်ရှင်မှာလည်း Aranmanai ရုပ်ရှင်တွေရဲ့ထုံးစံ စံအိမ်ကြီးတစ်လုံးရယ်၊အိမ်ကြီးထဲမှာ ခြောက်လှန့်နေတဲ့သရဲတွေရယ်၊ အိမ်ကြီးနဲ့ပတ်သက်နေတဲ့ရတက်ပွေတဲ့လူတွေရယ်ကတော့ မပါမဖြစ်ပါပဲ။ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းကတော့… ရှေ့နေကြီး ဆာရာဗာနန်ရဲ့ညီမဖြစ်သူတို့လင်မယား ရုတ်တရက်သေဆုံးသွားတဲ့အတွက်ဆာရာဗာနန်ဟာ သူတို့ချန်ထားခဲ့တဲ့ စံအိမ်ကြီးကိုသွားရောက်ပြီး သေဆုံးမှုနောက်ကွယ်ကအကြောင်းတွေဖော်ထုတ်ရင်း လူတွေ၊ သရဲတွေနဲ့ ဇာတ်လမ်းရှုပ်မိပုံတွေကိုမင်းသမီးတွေရဲ့ ငွားငွားစွင့်စွင့် အလှအပတွေနဲ့အတူ ဟာသစွက်ပြီး ကြောက်ဖို့ကောင်းအောင်ရိုက်ကူးတင်ဆက်ပြထားတာပဲဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)
...

Legacy of Rage (1986) ⭐TMDB: 72% User Score 🎬 #Action #Crime #Drama 🗓 1986 🎞 movie 🌎 #HongKong ⏰ 1 နာရီ 28 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခေါက်ကတော့ ကွန်ဖူးအက်ရှင်ကားကြိုက်တဲ့ သူတွေအတွက် အပျင်းပြေစေမယ့် ရုပ်ရှင်လေးတစ်ကားပါ ၁၉၈၆ ခုနှစ်ကထွက်ခဲ့ပြီး ကွန်ဖူးရုပ်ရှင်လောကရဲ့ ဆရာတစ်ဆူဖြစ်တဲ့ Bruce Lee ရဲ့ သားဖြစ်သူ Brandon Lee ခေါင်းဆောင်မင်းသားအနေနဲ့ ပထမဆုံးရိုက်ကူးခဲ့တဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ သာမာန် ကွန်ဖူးအက်ရှင် ဇာတ်လမ်းဆိုပေမယ့် Brandon lee ရဲ့ သရုပ်ဆောင်ကွက်တွေနဲ့ တိုက်ခိုက်ရေးဟန်တွေမှာ ဖခင်ဖြစ်သူရဲ့ ပုံရိပ်တွေကို ထင်ဟပ်နေတာကြောင့် Bruce Lee ကိုလေးစားအားကျရတဲ့သူတွေအတွက်တော့ အလွမ်းပြေစေမှာပါ။ Crow ဇာတ်ကားနဲ့ အောင်မြင်မှုတော်တော်ရခဲ့တဲ့ Brandon Lee ကိုချစ်တဲ့ ပရိသတ်တွေအနေနဲ့လည်း ဒိရုပ်ရှင်ကြည့်ပြီး သူ့ကို ပြန်လည်အမှတ်ရစေဖို့ ရည်ရွယ်ပြီး တင်ဆက်ပေးလိုက်ပါတယ်။ T Hmue မှ ဘာသာပြန်၊ အညွှန်းရေးသည်
...

Showdown in Little Tokyo (1991) ⭐TMDB: 64% User Score 🎬 #Action #Comedy #Crime #Thriller 🗓 1991 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 19 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားကတော့ ၁၉၉၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ အမေရိကန် အက်ရှင် ရုပ်ရှင်ကားတစ်ကား ဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာ တွဲဘက်ညီတဲ့ ဒေသခံရဲနှစ်ယောက်က မူးယစ်ရာဇာရာကူဇာဂိုဏ်းခေါင်းဆောင်ကို ဖမ်းဆီးကြတဲ့အကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ် ဇာတ်လမ်းအညွှန်း Los Angeles ဒေသခံရဲတစ်ယောက်ဖြစ်တဲ့ Chris Kenner ဟာ ဂျပန်မှာကြီးတဲ့ အမေရိကန်တစ်ယောက်ဖြစ်ပေ့မယ့် သူ့ဖခင်ကိုတော့ ဂျပန် ရာကူဇာဂိုဏ်းသားတစ်ဦးက လုပ်ကြံသတ်ဖြတ်ခဲ့တာကြောင့် စိတ်ဒဏ်ရာ ရနေတဲ့သူလည်း ဖြစ်ပါတယ်။ သူနဲ့ သူ့တွဲဘက် Johnny Murata တို့ ၂ယောက်ကို L.A. မြို့ကြီးရဲ့ Little Tokyo လို့ ခေါ်တဲ့ အပိုင်းမှာ တာဝန်ချထားခြင်း ခံရပြီး သံသယရှိသူကို စုံစမ်းထောက်လှမ်းရင်း ဖခင်ဖြစ်သူကို လုပ်ကြံခဲ့တဲ့ မူးယစ်ရာဇာ ရာကူဇာဂိုဏ်းခေါင်းဆောင်နဲ့ ပက်ပင်းတိုးမိတဲ့အခါ လက်စားချေဖို့ ကြိုးစားပုံကို ပုံဖေါ်ရိုက်ကူးထားပါတယ်။ ဒီဇာတ်လမ်းမှာ Johnny ရဲ့ အကြံပေးချက်အတိုင်း Kenner ဟာ မူးယစ်ရာဇာရာကူဇာဂိုဏ်းခေါင်းဆောင်ကို ရဲပီပီ နည်းလမ်းကျကျ မှန်မှန်ကန်ကန် ဘယ်လို ဖမ်းဆီးသွားမလဲဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်
...

Aazam (2023) ⭐IMDB: 6.0/10 (766 Votes) 🎬 #Bollywood #Crime #Drama #Mystery #Thriller 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 5 မိနစ် 42 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Aazam 2023 နေရာလုပွဲ Imdb 6/10ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတဲ့crime/thriller ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ် မွမ်ဘိုင်းမြို့ပေါ်မှာ အာဏာရှိတဲ့လူတစ်ယောက်ရှိတယ် အာဏာကဘယ်လောက်ထိရှိလဲဆိုအဲဒီလူကသေခါနီးဖြစ်လို့ အိပ်ရာထဲလဲနေတာတောင် သူ့နေရာကိုမလုရဲကြဘူးတဲ့လေအကြောင်းကတော့ လူကသာမထနိုင်ပေမဲ့ မွန်ဘိုင်းတစ်မြို့လုံးကိုမြေလှန်ဖျက်ဆီးပစ်နိုင်လို့ပါပဲ သူကွယ်လွန်ပြီးရင်သူ့နေရာကိုဆက်ခံဖို့တွေးထားကြတာကတော့ သူ့ရဲ့သားဖြစ်တဲ့ကာဒါပါအဖေလိုတစ်မျိုး အမေလိုတစ်ဖုံနဲ့ကာဒါ့ကိုအလိုလိုက်ပြီးတော့ပျိုးထောင်ခဲ့သူတစ်ယောက်ပါဒါပေမဲ့လည်းဂိုဏ်းတွေကြားထဲ မကျေနပ်သဘောထားကွဲလွဲမှုတွေရှိတော့ကာဒါ့ကိုတချို့ကခေါင်းဆောင်မတင်ချင်ကြဘူးပေါ့ နာဝဘ်သေတာနဲ့ကာဒါ့ကိုပါသတ်ပြီးတော့ တခြားလူကိုနေရာချထားဖို့စီစဉ်နေကြသူတွေနဲ့ကာဒါ့ကိုပဲ နန်းတင်ချင်တဲ့လူတွေကြားက ဖြစ်ရပ်မှန်ကိုကြည့်ရှုရမှာပဲဖြစ်ပါတယ် ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ Alex ~ Zwe Yan ~ ToMo ~ V ~ KKKZ တို့ပဲဖြစ်ပါတယ်
...

Hellboy II: The Golden Army (2008) ⭐TMDB: 68% User Score 🎬 #Action #Adventure #Fantasy #Horror #SciFi 🗓 2008 🎞 movie 🌎 #Germany #USA #UnitedStates #Hungary #UnitedStatesofAmerica ⏰ 1 နာရီ 59 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Hellboy II: The Golden Army (2008)IMDb – 7.0/10Genre – Action/Adventure/Fantasy Hellboy ဇာတ်ကားတွေအားလုံးထဲမှာမှ IMDb Rating 7.0 အထိရထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ အထိန်းအကွပ်မဲ့ စိတ်ထင်တိုင်းကြဲတတ်တဲ့ Hell Boy တယောက် နဲ့အထက်က လွှတ်လို့ရောက်လာတဲ့ စနစ်တကျတာဝန်ထမ်းဆောင်တတ်သော ဂျွန်ဟန်ကရောက်စ် တို့အဖွဲသားအဖြစ်အတူတကွ တာဝန်ထမ်းဆောင်ရင်း hellboy ငယ်ဘဝ အိပ်ယာဝင်ပုံပြင်ထဲကရွှေရောင်စစ်တပ်နဲ့ တိုက်ခိုက်ဖို့ကြုံလာတဲ့အခါ ဘာတွေဆက်ဖြစ်မယ်ဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်
...

Dounia and the Princess of Aleppo (2022) ⭐IMDB: 6.8/10 (176 Votes) 🎬 #Animation #Family 🗓 2022 🎞 movie 🌎 #Canada #France ⏰ 1 နာရီ 14 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကိုယ့်​မွေးရပ်​မြေမှာ ​နေထိုင်ဖို့ရာ မဖြစ်နိုင်​တော့လို့ နိုင်ငံကို အပြီးတိုင်စွန့်ခွာကြရတာ ဝမ်းနည်းစရာ​ကောင်းလွန်းပါတယ်။ ဆီးရီယား နိုင်ငံ ပရိပက္ခ​တွေကြား ​မွေးဖွားလာတဲ့ Dounia ​​​​လေးဟာ တ​​နေ့မှာ​တော့ လှပလွန်းတဲ့ သူမရဲ့ ​မွေးရပ်​မြေ Aleppoမြို့ ကို စွန့်ခွာဖို့ဖြစ်လာပါ​တော့တယ်။ ကံ​ကောင်း​စေတဲ့ Barake စေ့​လေး​တွေကို လက်ထဲဆုပ်လို့၊ ကမ်းမမြင် လမ်းမမြင် ခရီးကြမ်းကို သူတို့ ​မြေးအဖွားတစ်စု ​လျှောက်ရပါ​တော့မယ်။ Dounia ​လေး အိမ်အသစ်ကိုရှာ​တွေ့ပါ့မလား။ တခြား​သော Dounia ​လေး​လို က​လေး​လေးတွေ​ရော ဘယ်နှ​ယောက်​တောင်ရှိ​နေဦးမလဲ။ Syriaနိုင်ငံ Aleppoမြို့ဇာတိဖြစ်တဲ့ ဇာတ်လမ်းဖန်တီးသူ Marya Zarif အတွက် Dounia et la princesse d’Alep ဟာ သူမရဲ့ ဘဝတစိတ်တပိုင်းဆိုလည်း မမှားပါဘူး။ ဆီးရီးယန်း ရိုးရာ ယုံတမ်းပုံပြင်​တွေ၊ ရိုးရာ အစားအ​သောက်​​တွေ၊ ယဥ်​ကျေးမှု​တွေ၊ ယုံကြည်သက်ဝင်မှု​တွေကို ချစ်စဖွယ် ပုံ​ဖော်ဆွဲသားမှုများနှင့် မြိုင်မြိုင်ဆိုင်ဆိုင် မြင်​တွေ့ရမှာပါ။ နက်ရှိုင်းတဲ့ မိသားစုချစ်ခြင်း​မေတ္တာ​တွေ၊ ချစ်​သောသူများ၊ ​နေရပ်ဌာ​နေနှင့် ခွဲခွာရခြင်း ပဋိ​ဒေဝ​၊ ​ရွှေ့​​ပြောင်းဒုက္ခသည်​တွေရဲ့ ​ဝေဒနာ​တွေကို လှပ​သေသပ်စွာ ဖန်တီးပုံ​ဖော်ထားတဲ့ ပြင်သစ်စကား​ပြော animated ရုပ်ရှင်တကားပဲဖြစ်ပါတယ်။
...

Disco Boy (2023) ⭐IMDB: 6.4/10 (1 k Votes) 🎬 #Drama #War 🗓 2023 🎞 movie 🌎 #France #Italy #Belgium #Poland #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဘီလာရုစ်အကြောင်း ကြားဖူးကြလားဗျ။ အာဏာရှင်စနစ်နဲ့ အုပ်ချုပ်နေတဲ့ ဘီလာရုစ်ကနေ လွတ်မြောက်ပြီး ဘဝတက်လမ်း ရှာဖွေဖို့ ဥရောပကို ဖြတ်လာခဲ့ရတဲ့ အလက်ဆီ။ သဘာဝဓာတ်ငွေ့ကို နိုင်ငံခြားသားတွေနဲ့ ခြစားအစိုးရနဲ့ ပေါင်းပြီး အလွန်အကျွံတူးနေလို့ ပျက်ဆီးယိုယွင်းလာနေတဲ့ အမိမြေ နိုင်ဂျာကို ကယ်တင်ဖို့ လက်နက်စွဲကိုင် တော်လှန်ခဲ့တဲ့ ဂျိုမို။ ကြေးစားစစ်တပ်ထဲ အလက်ဆီ ဝင်ရောက်သွားပြီး ချိန်မှာ သူတို့ရဲ့ လမ်းတွေ ဘယ်လို ကြုံကြ ဆုံကြရမလဲ ဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရမှာပါ။
...

Hellboy (2019) ⭐IMDB: 5.3/10 (100 k Votes) 🎬 #Action #Adventure #Fantasy #Horror #SciFi 🗓 2019 🎞 movie 🌎 #Bulgaria #USA #UnitedStates #UnitedKingdom #Canada #Portugal #France #UnitedStatesofAmerica ⏰ 2 နာရီ 1 မိနစ် 23 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီရုပ်ရှင်ကတော့ အရင်တုန်းက ထွက်ခဲ့တဲ့ Hellboy ၁ နဲ့ ၂ ရဲ့ အဆက်မဟုတ်ပါဘူး။ အစကနေ ပြန်ရိုက်တဲ့ reboot ဖြစ်ပါတယ်။ Dark Horse Comic ရဲ့ Hellboy ဇာတ်ကောင်ကို ကြည့်ဖူးတဲ့သူအတော်များပါတယ်။ ဒီတစ်ခါတော့ R rated ဖြစ်တဲ့အတွက် သတ်ဖြတ်ခန်းတွေ နည်းနည်းတော့ ကြမ်းပါလိမ့်မယ်။ ဇာတ်လမ်းကတော့ မြှပ်ထားတာတွေ အများကြီးပါလို့ မပြောပြတော့ပါဘူး။ action, adventure, fantasy အမျိုးအစားဖြစ်ပါတယ်။ စောင့်နေတဲ့လူများကြည့်လို့ရပါပြီနော်
...

War of the Worlds (2005) ⭐TMDB: 65% User Score 🎬 #Action #Adventure #SciFi #Thriller #ScienceFiction 🗓 2005 🎞 movie 🌎 #UnitedStates #Canada #Japan #UnitedStatesofAmerica ⏰ 1 နာရီ 56 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 War of the Worlds (2005) IMDb Rating  (6.5) / Rotten Tomatoes (76%) ဒီဇာတ်ကားက ဒါရိုက်တာကြီး Steven Spielberg ရဲ့လက်ရာဖြစ်ပြီး မင်းသား Tom Cruise , မင်းသမီး Dakota Fanning က ကလေးသရုပ်ဆောင်တို့အဖြစ် အဓိကပါဝင်ထားပါတယ်။နာမည်ကြီး ဂန္တဝင်စာရေးဆရာ H.G Wells ရဲ့  Science fiction ဝတ္ထုဖြစ်တဲ့ ” War of the Worlds ” ကိုရိုက်ကူးပုံဖော်ထားတဲ့ရုပ်ရှင်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကတော့… ရေးဖာရာက သင်္ဘောကျင်းမှာ ကုန်တင်ကုန်ချလုပ်တဲ့ ကရိန်းအော်ပရေတာတစ်ယောက်။သမီးတစ်ယောက် သားတစ်ယောက်ရှိပေမဲ့ ဇနီးဖြစ်သူနဲ့အိမ်ထောင်ကွဲနေတာကြောင့် သူနဲ့အတူမနေကြပါဘူး။တစ်ရက် ဇနီးဖြစ်သူက သူ့ရဲ့နောက်ယောကျ်ားနဲ့အတူ ဘော်စတွန်မှာရှိတဲ့မိခင်ဖြစ်သူဆီသွားမှာမို့ရေးဆီကို ရက်ပိုင်းလောက်နေဖို့ သားနဲ့သမီးကို လာပို့သွားပါတယ်။သားဖြစ်သူက ဆယ်ကျော်သက်ဆိုတော့ ရေးနဲ့မတည့်ပေမဲ့ ဉာဏ်ကောင်းတဲ့သမီးငယ်လေးကတော့အဖေကိုချစ်ရှာပါတယ်။ အဲ့လိုနေနေကြတုန်းမှာပဲ ရေးတို့သားအဖတွေနေတဲ့နေရာမှာ လျှပ်စီးမုန်တိုင်းတွေတိုက် မိုးကြိုးတွေတရပ်စပ်ပစ်ပါတော့တယ်။အကုန်ငြိမ်သွားတဲ့အချိန် မြေကြီးမှာ အက်ကြောင်းရာကြီးဖြစ်ပြီး ဘာမှန်းမသိတဲ့အရာကြီးတွေပေါ်လာပါတယ်….ကမ္ဘာကြီးက မသိပေမယ့် ကမ္ဘာကြီးကို စောင့်ကြည့်နေတဲ့တခြားကမ္ဘာက ဂြိုလ်သားတွေရှိနေပါတယ်…သူတို့ဟာ အချိန်အခါသင့်ချိန်မှာ ကမ္ဘာကြီးပေါ်ကို ရောက်ရှိလာပြီး အရာအားလုံးကို ထင်ရာစိုင်း ဖျက်စီးဖို့ ကြိုးစားပါတော့တယ်…. ဒီလိုကပ်ဘေးဆိုက်ချိန်မှာပဲ ရေးတို့မိသားစုရဲ့ မေတ္တာတရားဆက်နွယ်မှုတွေနဲ့ လူသားတွေရဲ့ အသက်ရှင်လွတ်မြောက်ရေးကြိုးစားကြပုံတွေကို သည်းထိတ်ရင်ဖိုကြည့်ရမယ့်ဇာတ်လမ်းပါ။သေရေးရှင်ရေးကြုံဆုံလာရချိန်မှာ မိသားစုတွေကြားကချစ်ခြင်းတွေ လူသားတွေရဲ့ လုံ့လဝီရိယတွေကို ပုံဖော်ရိုက်ကူးထားပါတယ်။
...

Angrezi Medium (2020) ⭐IMDB: 7.2/10 (18 k Votes) 🎬 #Bollywood #Comedy #Drama 🗓 2020 🎞 movie 🌎 #India ⏰ 2 နာရီ 26 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Angrezi Medium (2020) IMDb Rating (7.2/1) ဘောလိဝုဒ်ဖန်တွေအတွက် သဘာဝမင်းသားကြီး Irrfan Khan ရဲ့  Angrezi Medium (2020) ရုပ်ရှင်ကို တင်ဆက်လိုက်ပါတယ်။ Hindi Medium (2017) နဲ့ဆက်စပ်မှုတော့မရှိပေမယ့် Theme တူပါတယ်။ မိသားစု ဒရာမာ ဇာတ်ကားကောင်းတစ်ကားဖြစ်တာကြောင့်မိသားစုတွေနဲ့အတူ ရယ်ရယ်မောမောနဲ့ ခံစားလိုက်ကြပါဦး ဇာတ်လမ်းကတော့ အိန္ဒိယမုန့်အချိုဆိုင်ပိုင်ရှင် လူလတ်တန်းစားတစ်ယောက်ဖြစ်တဲ့ ချမ်ပက်ဟာသမီးတစ်ယောက်နဲ့ မုဆိုးဖိုးတစ်ယောက်ဖြစ်ပါတယ် ငယ်စဉ်ကတည်းက မိခင်ဖြစ်သူဆုံးပါးသွားတဲ့အတွက် သူ့သမီးကို အဖေလိုရော အမေလိုပါ လိုလေသည့်မရှိရအောင် ပြုစုပျိုးထောင်ပေးခဲ့ပါတယ် ဒါပေမဲ့ သူ့သမီးဖြစ်သူ တာရူးဆီမှာတော့ ငယ်ငယ်ကတည်းက နိုင်ငံခြားသွားချင်တဲ့အိပ်မက်တစ်ခုရှိပါတယ် ဒီလိုနဲ သူ့သမီးအရွယ်ရောက်လာတဲ့အခါ အထက်တန်းကျောင်းပြီးတော့လန်ဒန်မှာ တက္ကသိုလ်ဆက်တက်ချင်တဲ့ အိပ်မက်ကို လူလတ်တန်းစားချမ်ပက်တစ်ယောက် ဘယ်လိုကြိုးစားအကောင်အထည်ဖေါ်ပေးမလဲဆိုတာ……။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Zaw Htoo မှ တင်ဆက်ထားပါတယ်။)
...

Trouble Makers (2019) ⭐TMDB: 0% User Score 🎬 #Comedy #Romance 🗓 2019 🎞 movie 🌎 #China ⏰ 1h 26 min 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အိမ်ထောင်ရေးသက်တမ်းကြာလာတဲ့အခါ လင်မယားကြားမှာပြောစရာစကားတွေနည်းသွားပြီးသံသယတွေများလာတတ်ပါတယ်။ ဒီဇာတ်ကားလေးမှာတော့ကိုယ့်ထင်ကြေးနဲ့သံသယတွေလျှောက်တွေးရင်း လင်မယားကြားမှာမလိုအပ်တဲ့ပြဿနာတွေဖြစ်လာတဲ့အကြောင်း ဟာသဇာတ်လမ်းလေးဖြစ်ပါတယ်။ မာစန်းဟာအသက်လတ်ပိုင်းရောက်လာတဲ့အခါ အရင်လိုမသန်စွမ်းတော့တာကြောင့်မိန်းမကိုအရင်လိုပျော်ရွှင်မှုတွေမပေးနိုင်ဖြစ်ရပါတယ်။အဲဒါကမိန်းမဖြစ်သူက သူ့ကိုမချစ်တော့လို့လားအပြင်မှာတခြားတစ်ယောက်ရှိနေပြီလားဆိုပြီး သံသယဝင်ကာအသက်ငယ်ငယ်သရုပ်ဆောင်မလေးကိုငှားပြီး ယောင်္ကျားကိုစမ်းသပ်လိုက်မိတဲ့အတွက်အခြေနေတွေပိုဆိုးသွားခဲ့ပါတယ်။ အစမ်းသပ်ခံလိုက်ရတဲ့ မာစန်းဟာလဲမကျေမချမ်းဖြစ်ပြီးသရုပ်ဆောင်တစ်ယောက်ကိုပြန်ငှားပြီး မိန်းမကိုပြန်လက်စားချေဖို့စီစဉ်ပါတယ်။တဖြည်းဖြည်းနဲ့ မိန်းမဖြစ်သူက သူများလက်ထဲပါသွားနိုင်တာကိုတွေးရင်းကြောက်လာတဲ့အတွက် ရပ်တန့်ဖို့ကြိုးစားပေမယ့်သူနောက်ကျသွားပါပြီ။ မာစန်းတစ်ယောက်မဟေသီကိုပြန်ရအောင်ကြိုးစားခွင့်ပြန်ရနိုင်ပါဦးမလား
...