ဇာတ်ညွှန်းများ • FDMN
Закритий канал
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
You're All Gonna Die (2023)
⭐IMDB: 2.8/10 (90 Votes)
🎬 #Horror #Mystery
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 29 မိနစ် 22 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
You’re All Gonna Die ဇာတ်ကားက ၂၀၂၃ ခုနှစ်ထွက် horror, crime
ရုပ်ရှင်ကားသစ်တစ်ကား ဖြစ်ပါတယ်။
ဇာတ်လမ်းကို အမြည်းလေးပြောပြရမယ်ဆိုရင် အမေရိကန်နိုင်ငံက
လူသွားလူလာနည်းတဲ့ အမြန်လမ်းမတစ်ခုမှာ လူသတ်မှုတွေ ဆက်တိုက်
ဖြစ်လာနေခဲ့တာက စပါတယ်။ အဲ့အမှုကို ရဲတွေက အမှုမြန်မြန် ပိတ်ချင်ဇောနဲ့
တွေ့ရာလူ ဖမ်းပြီး အတင်းဝန်ခံခိုင်းခဲ့ပါတယ်။ အဲ့ဒါကို ရိပ်စားမိတဲ့ အမှန်တရားကို
ချစ်မြတ်နိုးတဲ့ လူငယ်တစ်စုက အဲ့ဖမ်းထားတဲ့လူဟာ တကယ့်လူသတ်သမား
မဟုတ်ကြောင်းကို သက်သေပြဖို့ ကြိုးစားခဲ့ပါတယ်။ အဲ့လို ကြိုးစားတဲ့နေရာမှာ
အခင်းဖြစ်သွားရာနေရာကို သွားလေ့လာဖို့ သူငယ်ချင်းအုပ်စုတစ်ခုက
ဆုံးဖြတ်ခဲ့ပါတယ်။ အဲ့အခင်းနေရာရောက်တဲ့အချိန်မှာ သူတို့ မထင်မှတ်ထားတဲ့
ဘယ်လိုအရာတွေကို တွေ့ရှိရမလဲ ဘာတွေရင်ဆိုင်ရမလဲ ရဲတွေကရော အကူအညီ
ဖြစ်မှာလား ဇာတ်လမ်းရဲ့ နောက်တစ်ပိုင်းမှာလဲ အဓိကမင်းသမီးဖြစ်တဲ့ အန်နာရဲ့
နောက်ကြောင်းတွေကိုလည်း ချိတ်ဆက် ပြသထားတာဖြစ်လို့ သေချာတွေးတောစရာ
တွေကို ပေးနိုင်မဲ့ ရုပ်ရှင်ကားလေးတစ်ခုဖြစ်ကြောင်း လက်တို့လိုက်ပါရစေ...
Space Kids (2023)
⭐TMDB: 0.0% User Score
🎬 #Animation #Family #ScienceFiction
🗓 2023 🎞 movie
🌎 #China #UnitedStatesofAmerica
⏰ 1 နာရီ 16 မိနစ် 59 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတစ်ခါတော့2023 ထွက် စွန့်စားခန်းAnimationကားလေးလာပါမယ်။ ဇာတ်လမ်းလေးက ဟိုးအရင်တုန်းကလူသားတွေက ကပ္ပလာဂြိုလ်ပေါ်မှာ စွမ်းအင်တွေအများကြီးပါတဲ့ ကာလာလို ဆိုတဲ့အပင်ကိုရှာတွေ့ခဲ့ကြပါတယ်။
လူသားတို့ထုံးစံအတိုင်း အပင်တွေကိုစိတ်ကြိုက်ယူသွားပြီး နောက်ဆုံးကပ္ပလာဂြိုလ်က ဂြိုလ်ဂတုံးဖြစ်သွားရပါတယ်။ လက်ရှိကာလမှာကြီးပြင်းလာတဲ့ လူငယ်တွေဖြစ်တဲ့ အက်စဲလ်၊ ဂါဂါ နဲ့ဂျိုနိုတို့ကတော့ ဒီဂြိုလ်မှာကာလာလိုအပင် တွေရှိသေးတာကို လူကြီးတွေနဲ့ပါအတိုက်အခံလုပ်ပြီး အခိုင်အမာကိုယုံကြည်ကြတာပါ။
ဆိုတော့ငယ်ဂုဏ်အပြည့်နဲ့ သူတို့ကိုယ်တိုင်သက်သေပြမယ်ဆိုပြီး သုံးယောက်သားကာလာလိုအပင်တွေရှာပုံတော်ထွက်ခဲ့ကြပါတယ်။အဲဒါနဲ့ခရီးဆက်ခဲ့ရင်း လမ်းမှာအခက်အခဲကြုံရတဲ့အခါ သူတို့နဲ့ရည်ရွယ်ချက်တူ ဒေါက်တာဗန့်စ်ဆ်ိုတဲ့ ဘုရင့်နားမှာအနီးကပ်အလုပ်လုပ်ပေးတဲ့သူရဲ့အကူအညီရပြီးလေးယောက်အဖွဲ့လေးအဖြစ်ဆက်ခရီးဆက်ရင်း…..
ကာလာလိုအပင်တွေဆီရောက်သွားချိန်မှာ မမျှော်လင့်ထားတဲ့အရာတွေ၊ လှည့်စားမှုတွေဘယ်လိုကြုံရမလဲဆိုတာတွေကို Character Animation ပုံစံအဆန်းလေးနဲ့မို့ ဂြိုလ်အသစ်ကို အမြင်အသစ်နဲ့ ပေါ့ပေါ့ပါးပါးရှုစားကြည့်လိုက်ပါ...
Single in Seoul (2023)
⭐TMDB: 60.0% User Score
🎬 #Comedy #Drama #Romance
🗓 2023 🎞 movie
🌎 #SouthKorea #SouthKorea
⏰ 1 နာရီ 43 မိနစ် 20 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Single in Seoul(2023)
*******************
Lee Dong Wook နဲ့ Im Soo Jung တို့ အဓိကပါဝင်ထားတဲ့ အချစ်၌ကိုးကွယ်ခြင်းနတ္ထိ
ပုံစံဆန်ဆန်ကား လေးထွက်ရှိလို့လာပါပြီ….သရုပ်ဆောင်တွေနဲ့တင်ကြည့်ရတာတန်ပါတယ်…
Lee Dong Wook ကတော့ ဒီကားထဲမှာ Single ဘဝကိုနှစ်ခြိုက်တဲ့ ဆယ်လီတစ်ယောက်ဆိုပါတော့..
အသက်ကလေးရလာလေ တစ်ယောက်တည်းဘဝက ပိုပြီး စိုပြေတယ်ဆိုတဲ့အယူအဆကြောင့်
သူ့ကို လူတချို့ကလည်းစိတ်ဝင်စားလာကြတယ်…
Im Soo Jung ကတော့ သူနဲ့ဆန့်ကျင်ဖက်ဆိုပါတော့…..ဘဝမှာ အိမ်သာတက်တောင်
ဖုန်းလေးနဲ့ ချစ်သူဆက်စာပို့ရင်းတက်မှ ပိုအရသာရှိတယ်လို့ ထင်တဲ့ အပျိုကြီးမမပေါ့…
သူမ က အတည်တကျအတွဲလေးလိုချင်ပေမဲ့လည်း ဘဝက ချောတဲ့ကွီးယားမင်းသားတိုင်းကို
ကျွန်မဘဲပါလို့ ပိုစ်တင်တာမျိုးလို လွယ်ကူမနေဘူး…သူမရဲ့ အဓိက ရည်ရွယ်ချက်က စင်ဂဲဘဝကိုပိုင်ဆိုင်ထားတဲ့
ဆယ်လီတစ်ချို့နဲ့ စာရေးဆရာတွေရဲ့ အကြောင်းကို စာအုပ်ထုတ်ဖို့ကြံစည်နေတာပေါ့…
ဒီလိုနဲ့ အပျိုကြီးမမနဲ့ လူပျိုကြီး ဦးလေးကြီးနဲ့တွေ့တဲ့အခါမှာတော့...
The River (1984)
⭐TMDB: 62.0% User Score
🎬 #Drama
🗓 1984 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 4 မိနစ် 33 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The River (1984)
ဒီကားလေးကတော့ ၁၉၈၄ခုနှစ်တုန်းက ထွက်ရှိထားတဲ့ Old but Gold စာရင်း၀င်ကားလေးပါပဲ။ မင်းသားကြီး Mel Gibson ခေါင်းဆောင်ပါဝင်ထားတာဖြစ်ပြီး Oscar ဆုလေးဆုအတွက် ဆန်ခါတင်၀င်ခဲ့ရုံတင်မက Golden Globes နှစ်ဆုအတွက်လည်း ဆန်ခါတင်၀င်ခဲ့ပါသေးတယ်။
ဇာတ်လမ်းအကျဉ်းလေးကတော့ တန်နက်ဆီမြို့က ချိုင့်ဝှမ်းလေးမှာ ရုန်းကန်ရတဲ့လယ်သမားတွေအကြောင်းပဲဖြစ်ပါတယ်။ မြစ်ရေ၀င်လို့ လယ်မြေတွေပျက်စီးရတဲ့အပြင် ဘဏ်အကြွေးတွေရဲ့ဖိအား မြစ်ရေကိုအပိုင်စီးဖို့ ဆည်ဆောက်ချင်တဲ့လောဘသားအရင်းရှင်နဲ့ ဒုက္ခပေါင်းများစွာကြားမှာ ဗျာများရအောင် လှုပ်ရှားရုန်းကန်နေရတဲ့လယ်သမားမိသားစုအကြောင်းလေးပဲဖြစ်ပါတယ်။
မိသားစုပိုင်လယ်ကွက်လေးကို ဘဏ်အကြွေးကြောင့် ဆုံးရှုံးမသွားအောင် ရုန်းနေရတဲ့လယ်သမားတစ်ဦးရဲ့ဘ၀ သူ့ကိုထောက်ပံ့ပေးနေတဲ့သစ္စာရှိတဲ့ ဇနီးသည်နဲ့ ဒုက္ခတွေကြားထဲက ချစ်စရာချစ်ခြင်းမေတ္တာအကြောင်းတွေကိုလည်း ခံစားနိုင်မှာပါ။ အားလုံးပဲကြည့်ရှူခံစားလိုက်ကြပါဦး။
(ဒီဇာတ်ကားနဲ့အညွှန်းကိုSoe Thiri Sweမှ ပြန်ဆို ရေးသားထားပါတယ်)...
Butterfly Vision (2022)
⭐IMDB: 6.5/10 (485 Votes)
🎬 #Drama
🗓 2022 🎞 movie
🌎 #Croatia #Czechia #Sweden #Ukraine #CzechRepublic
⏰ 1 နာရီ 48 မိနစ် 14 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီဇာတ်ကားကတော့ ယူကရိန်းနဲ့ ရုရှားတို့ရဲ့ စစ်ပွဲကြားထဲကနေ နောက်ဆုံးတော့ ဘယ်သူတွေကပဲ အနစ်နာခံရ ဘယ်သူတွေကပဲ အဆုံးရှုံးခံခဲ့ရလဲဆိုတဲ့အကြောင်းကို ရိုက်ပြထားတာပါ
ဇာတ်လမ်းအညွန်းကတော့ စစ်သုံ့ပန်းအနေနဲ့ ရုရှားမှာ နှစ်လကြာအောင်အဖမ်းခံခဲ့ရတဲ့ လီလီယာဆိုတဲ့ မိန်းကလေးဟာ နိုင်ငံချင်းသဘောတူညီမှုပေါင်းများစွာနဲ့ ပြန်လွတ်လာခဲ့ပါတယ် ထိုသိုလွတ်လာခဲ့ပေမဲ့ စိတ်ပိုင်းဆိုင်ရာ ကိုယ်ပိုင်းဆိုင်ရာ ထိခိုက်မှုပေါင်းများစွာခံစားခဲ့ရတဲ့ မိန်းကလေးတစ်ယောက်အနေနဲ့ လူတောထဲပြန်တိုးဖို့က အရမ်းခက်ခဲလွန်းခဲ့တယ်။
ထိုအခက်အခဲတွေအပြင် အဖမ်းခံရစဉ်က မတော်မတရားပြုကျင့်ခံခဲ့ရတာကနေ အိမ်ပြန်ရောက်လာတော့မှ ကိုယ်ဝန်ရှိမှန်းသိသွားတဲ့အခါ ဘယ်လိုမျိုးပြန်လည်ရပ်တည်ဖို့ ကြိုးစားမလဲဆိုတာကို ကြည့်ရှုခံစားပေးကြပါဦး။...
Entergalactic (2022)
⭐IMDB: 7.3/10 (14 k Votes)
🎬 #Animation #Comedy #Music #Romance
🗓 2022 🎞 movie
🌎 #UnitedKingdom #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 34 မိနစ် 54 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Entergalactic (2022)
~ IMDb – 7.3/10, Rotten Tomatoes – 97% ~
“အချစ်ဆိုတာ ကမ္ဘာပေါ်မှာ မတော်တဆမွေးဖွားလာဖို့အလွယ်ကူဆုံးအရာပဲ။ဒါပေမဲ့ ရည်ရွယ်ချက်ရှိရှိမချစ်သရွေ့ အစစ်အမှန်မဖြစ်လာနိုင်ဘူး”
လူတိုင်းက ဘဝတစ်ကွေ့မှာတော့ အချစ်ဆိုတဲ့ခဲလုံးလေးကို ခလုတ်တိုက်မိခဲ့ဖူးလိမ့်မယ်။ အိမ်နီးချင်းရဲ့ ပါတီသီချင်းသံကျယ်လို့ သွားပြောရာကနေ မြင်မြင်ချင်း အချစ်ပန်းလေးတစ်ပွင့် ဖူးလာခဲ့သလိုပေါ့။ အချစ်ဆိုတဲ့အရာက လူကို ချောက်နက်တွေအထိ ဆွဲခေါ်သွားနိုင်တယ်။ စကြဝဠာထဲအထိ သယ်ဆောင်သွားနိုင်တယ်။ Entergalactic ဆိုတာ အဲဒီအဓိပ္ပါယ်ပါပဲ။ ဒီနာမည်က Kid Cudi ရဲ့ ပထမဆုံးအလ်ဘမ်မှာပါတဲ့ Enter Galactic ဆိုတဲ့သီချင်းကနေလာတယ်။ သူ့ရဲ့ အဓိပ္ပါယ်ကတော့ လူတစ်ယောက်နဲ့ တစ်ယောက်ကြားက ဆွဲငင်အားတစ်ခုဟာ ကိုယ့်ကို စကြဝဠာအထိ ဆွဲခေါ်သွားနိုင်လောက်အောင် အားကောင်းတယ်လို့ ဆိုလိုတယ်။ စကြဝဠာကြီးကို အဆုံးအစမဲ့ကြောင်း လူတွေပြောတယ်။ ဒါဆိုရင် အချစ်ကကော။ အချစ်ဆိုတာ ချစ်နေသူနှစ်ယောက်ကြားက အဆုံးအစမဲ့ စကြဝဠာတစ်ခုပါပဲ။
ဒီမှာတော့ Street Art ဆွဲတဲ့ ဂျဘာရီတစ်ယောက် သူ့ရဲ့ဇာတ်ကောင်ကို ရုပ်ပြအဖြစ်ပြောင်းလဲဖို့ Cosmic ရုပ်ပြမှာ အလုပ်ရပြီး အိမ်ပြောင်းလာရတာကနေစတယ်။ သူလမ်းမပေါ်မှာဆွဲနေတဲ့ မစ္စတာရေဂျာ ဆိုတဲ့ဇာတ်ကောင်က Kid Cudi ရဲ့ Mr. Rager သီချင်းကို ရည်စူးထားတယ်။ သူ့ရဲ့အဓိပ္ပါယ်က ဒုံရင်းဘဝမှာပျင်းလာလို့ စွန့်စားခန်းအသစ်တွေထွက်ချင်နေတဲ့ ဇာတ်ကောင်တစ်ခုပေါ့။ ဒါက Kid Cudi အနေနဲ့ သူ့ကိုယ်သူ ပြန်ထင်ဟပ်ဖို့ ကြိုးစားခဲ့တယ်လို့ယူဆနိုင်တယ်။ ဒါကြောင့်လည်း ဒီလိုရုပ်ရှင်နဲ့အလ်ဘမ် တွဲထုတ်ခဲ့တာပဲ။ ဒီလိုနဲ့ ဂျဘာရီပြောင်းလာတဲ့ အိမ်အသစ်မှာ အိမ်နီးချင်းဖြစ်တဲ့ ဓာတ်ပုံဆရာမ မဲဒိုး နဲ့ တွေ့ပြီး အချစ်သစ်ကိုစဖို့ အကြောင်းဖန်လာတယ်။ သူတို့ချင်းက အချစ်လို့ပြောလို့လည်းမရပြန်ဘူး။ အစပိုင်းကတော့ Situationship သဘောမျိုးပေါ့။ အဲဒါကို Chapter ၆ ခုနဲ့ တခုချင်းဆွဲသွားတယ်။ ဇာတ်လမ်းတည်ဆောက်ပုံကတော့ အတော်ကောင်းတယ်လို့ပြောနိုင်တယ်။
ဒီ TV Special ကို Kid Cudi ရဲ့ Entergalactic Album ရဲ့ Visual Companion Piece အနေနဲ့ထုတ်ခဲ့တယ်။ Visual Album ဆိုတာကတော့ သီချင်းအလ်ဘမ်ကို တွဲဖက်ရုပ်ရှင်အနေနဲ့ ပိတ်ကားပေါ် တင်ဆွဲလိုက်တာမျိုးပေါ့။ ဒီရုပ်ရှင်ရဲ့ ဇာတ်ကွက်အများစုကို Entergalactic အလ်ဘမ်ရဲ့ “She’s Looking For Me”, “Somewhere to Fly”, “Can’t Shake Her” နဲ့ “Do What I Want” သီချင်းတွေကို အဓိက မှီငြမ်းထားတယ်။ Music Video တွေတပုဒ်ချင်းထုတ်မယ့်အစား အလ်ဘမ်တစ်ခုလုံးစာကို ရုပ်ရှင်ထဲ ပစ်ထည့်လိုက်တဲ့သဘော။ ဒါကြောင့် သုံးထားတဲ့သီချင်းတွေ၊ Visual တွေက ကြည့်ရတာသိပ်အရသာရှိလွန်းတယ်။ လူငယ်အချစ်ဇာတ်လမ်းတစ်ပုဒ်ကို Kid Cudi သီချင်းတွေနဲ့ အလှဆင်ထားတာပဲ။ Album ထဲက သီချင်းတွေကိုလည်း သူ့အနေနဲ့မဟုတ်ဘဲ သူ့စိတ်ကူးထဲကဇာတ်ကောင်၊ သူ့စိတ်ကူးထဲကအချစ်၊ သူ့စိတ်ကူးထဲက စကြဝဠာကို ပုံဖော်တဲ့အနေနဲ့ ရေးခဲ့တယ်။
အလ်ဘမ်ထဲက အချစ်သီချင်းတွေတင်မကဘူး၊ ဒီ ရုပ်ရှင်ကပါ Kid Cudi ရဲ့ စိတ်ကူးထဲက အချစ်အဓိပ္ပါယ်ဖွင့်ဆိုချက်လို့သူပြောတယ်။ သူကိုယ်တိုင် ဇာတ်လမ်းရေးသလို အဓိကဇာတ်ကောင် ဂျဘာရီနေရာမှာလည်း သူ့အသံနဲ့သရုပ်ဆောင်ထားတယ်။ အသံသရုပ်ဆောင်တွေအနေနဲ့ Jessica Williams, Thimothée Chalamet, Ty Dolla Sign အပြင် တခြားသရုပ်ဆောင်တွေပါဝင်ထားတယ်။ ထူးခြားချက်အနေနဲ့ အသံသရုပ်ဆောင်တဲ့လူတွေနဲ့ ဇာတ်ကောင်တွေရဲ့ပုံစံကို ခပ်ဆင်ဆင် ဖန်တီးထားတယ်။
Animation အရဆိုရင် Spider-Verse နဲ့ ခပ်ဆင်ဆင်ပဲ။ ဒါပေမဲ့ Spider-Verse ထက်ပိုပြီး Comic ဆန်တယ်။ ကြည့်ရတာကော၊ နောက်ခံသီချင်းနားထောင်ရတာတွေကပါ ဇာတ်လမ်းအသွားနဲ့ အံဝင်ပြီး ပြီးသွားတာမြန်လိုက်တာလို့တောင်ထင်ရက်နိုင်စရာပါ။ ဇာတ်ကောင်တွေရဲ့ အဝတ်အစားကိုတော့ Virgil Abloh က သူ မကွယ်လွန်ခင်မှာ ဒီဇိုင်းဆွဲပေးသွားခဲ့တယ်။ အဲဒါကြောင့် အလ်ဘမ်နဲ့ ဒီရုပ်ရှင်ကို Kid Cudi က သူ့ရဲ့သူငယ်ချင်းဖြစ်တဲ့ Virgil Abloh ကိုရည်စူးပြီး Virgil မွေးနေ့ စက်တင်ဘာ ၃၀ ရက်နေ့မှာ ထုတ်ခဲ့တယ်လို့ဆိုတယ်။
Dialogue တွေကလည်း အားရဖို့ကောင်းတယ်။ ရယ်စရာတွေ၊ ငိုစရာတွေ၊ တွေးစရာတွေ၊ မေ့နေတဲ့အချက်တွေကို ဘေးကနေဘော်ဒါတစ်ယောက်က ထိုင်အကြံပေးနေသလို ခံစားရလိမ့်မယ်။ အသုံးအနှုန်းကြမ်းနဲ့ ဝတ်လစ်စလစ်ပြကွက်တွေပါတာကြောင့် အသက်မပြည့်သေးတဲ့သူတွေအနေနဲ့တော့ မကြည့်သင့်ဘူး။ လူငယ်အထာဆိုတော့ လူငယ်စကားတွေပြောရင်း လူငယ်ကိစ္စတွေလုပ်ကြတာပေါ့။ လမ်းသရဲ ဒေါင်းတောင်းပက်ရဲ့စကားအရဆိုရင်တော့…
“အချစ်ဆိုတာ မြေနိုးကြီးပဲ ငါ့ကောင်တို့ရဒါပေမဲ့ အချစ်က ငါတို့ကိုကယ်တင်မယ့် တစ်ခုတည်းသောအရာပဲ”
(ဒီဇာတ်ကားနဲ့အညွ...
Mr. Nice Guy (1997)
⭐TMDB: 65.0% User Score
🎬 #Action #Adventure #Asian #Comedy #JackieChan #Crime
🗓 1997 🎞 movie
🌎 #HongKong #HongKong
⏰ 1 နာရီ 29 မိနစ် 26 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဂျက်ကီချန်း တဖြစ်လည်း ဂျက်ကီဟာ ဟင်းချက်တဲ့တီဗွီအစီအစဉ်မှာ နာမည်ကျော်ကြားတဲ့ စားဖိုမှူးတစ်ယောက်ပါ။ တနေ့မှာ သူဟာ ဈေးဝယ်သွားရင်း အမျိုးသမီးတစ်ယောက် လူဆိုးတွေဆီက ထွက်ပြေးနေတာတွေ့လို့ လွတ်မြောက်အောင် ကူညီလိုက်ပါတော့တယ်။ ဒီအမျိုးသမီးကတော့ ဒိုင်ယာနာဖြစ်ပြီး သူမဟာ တီဗွီသတင်းထောက်ဖြစ်ပါတယ်။
သူဟာ မူးယစ်ဆေးကုန်သွယ်တဲ့မူးယစ်ဘုရင်ကြီး တစ်ယောက်ဖြစ်တဲ့ ဂျင်ကာလိုတို့ မူးယစ်ဆေးအပေးအယူလုပ်နေတာကို ဗွီဒီယိုရိုက်ယူထားလို့ ဂျင်ကာလိုတို့နှင့် ဂျင်ကာလိုတို့ကိုငွေညစ်ချင်နေတဲ့ နတ်ဆိုးဂိုဏ်းတို့က ဒီဗွီဒီယိုကို ပြန်ယူဖို့အတွက် သူ့နောက်လိုက်နေခြင်းဖြစ်ပါတယ်။ဒါကို ဂျက်ကီက ဘုမသိဘမသိ ကူညီလိုက်ရာကနေ သူပါ လူဆိုးတွေရဲ့ပစ်မှတ်ဖြစ်လာခဲ့ပြီး သူနှင့် သူချစ်ခင်တဲ့မိတ်ဆွေတို့ပါ အန္တရာယ်ကျရောက်လာပါတော့တယ်။
ဒီတော့ ဂျက်ကီတစ်ယောက် မူးယစ်ဆေးဘုရင်ဆီကရော နတ်ဆိုးဂိုဏ်းဆီကပါ ဘယ်လိုလွတ်မြောက်အောင်လုပ်ပြီး ဒီအမှုကို သူတတ်စွမ်းသမျှ ဘယ်လိုဖြေရှင်းမလဲဆိုတာကို ရင်တမမ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဟောင်းပေမယ့် ရွှေဖြစ်တဲ့ ဂျက်ကီချန်းကားလေးကို ဘရားသားတို့ ကြည့်ရှုလိုက်ကြပါဦးခင်ဗျာ။...
Phoenix (2023)
⭐TMDB: 0.0% User Score
🎬 #Bollywood #Thriller #Horror
🗓 2023 🎞 movie
🌎 #India
⏰ 2 နာရီ 11 မိနစ် 17 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Phoenix (2023) သင်္ချိုင်းမြေဟောင်းပေါ်က အိမ်ကြီးIMDb – 7.4/10
ဒီတစ်ခေါက်မှာတော့ Thriller ကြိုက်နှစ်သက်တဲ့ ပရိသတ်တို့အတွက်Thriller ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။
ပုံမှန်သရဲကားတွေလို ဝုန်းဒိုင်းဆိုပြီး ဟိုးနားက ပေါ်လာ ဒီနားက ပေါ်လာတာမျိုးမဟုတ်ဘဲSound Effect ကောင်းကောင်းနဲ့ ရင်တထိတ်ထိတ်ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေးပဲ ဖြစ်ပါတယ်။
ရှေ့နေ့ဂျွန်တစ်ယောက်ဟာ လူမှုရေးပြဿနာတွေကြောင့်နဲ့ အိမ်ပြောင်းရွေ့ဖို့ဖြစ်လာခဲ့ပါတယ်။ဂျွန်ဟာ အိမ်နီးချင်းတွေနဲ့ ရောရောနှောနှောမနေချင်ဘဲ တိတ်တိတ်ဆိတ်ဆိတ်နေချင်တဲ့အတွက်အိမ်ကိုသေချာရှာရင်းနဲ့ သူ့အကြိုက်အိမ်တစ်လုံးကို ရှာတွေ့သွားပြီးတော့ အိမ်ကို ပြောင်းလာကြပါတော့တယ်။
သူတို့ပြောင်းခဲ့တဲ့ အိမ်ကြီးကတော့ သင်္ချိုင်းဟောင်းတစ်ခုပေါ်မှာ တည်ဆောက်ထားတဲ့ အိမ်ကြီးဖြစ်နေပါတယ်။အိမ်ကို ပြောင်းရွေ့ပြီးတဲ့နောက်မှာတော့ ဘယ်ကနေ ပို့လာမှန်းမသိတဲ့စာတွေက ဂျွန်တို့ရဲ့အိမ်ရှေ့ပေါက်ဝကို ရောက်ရောက်နေတတ်ပါတယ်။ ရောက်လာတဲ့စာတွေဟာလည်း အမျိုးသမီးတစ်ယောက်က ရင်ဖွင့်ရေးသားထားတဲ့ စာတွေနဲ့တူနေပါတယ်။ ဒီနောက်မှာတော့ အိမ်မှာ ငှက်ကလေးတွေ ငိုသံကြားရတာမျိုး ထူးထူးဆန်းဆန်းဖြစ်ရပ်မျိုးတွေ ဖြစ်လာပြီးတော့ အဲဒီနောက်ကွယ်က အကြောင်းတွေကို စုံစမ်းရင်းနဲ့ပဲဒီစာထဲက အမျိုးသမီးကရော ဘယ်သူလဲ ဘာအတွက်ကြောင့် စာတွေပို့နေရတာလဲ ……….အိမ်မှာဖြစ်နေတဲ့ ထူးထူးဆန်းဆန်းဖြစ်ရပ်တွေကရော ဘယ်လိုတွေကြောင့်ဖြစ်ရတာလဲ…….ဂျွန်တို့ မိသားစုရော ဒီအိမ်ကြီးမှာ ဘာတွေကြုံတွေ့ရမလဲဆိုတာတွေကို ထိတ်လန့်ဖွယ်ရာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။
(အညွှန်းနှင့် ဘာသာပြန်ကတော့ Alex~V~BpL~Yunni~ToMo တို့ပဲ ဖြစ်ပါတယ်။
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
80s Buildup (2023)
⭐IMDB: 4.4/10 (129 Votes)
🎬 #Bollywood #Comedy #Romance
🗓 2023 🎞 movie
🌎 #India
⏰ 2 နာရီ 2 မိနစ် 40 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
80s Buildup 2023
ဇာတ်လမ်းအကျဉ်း
ဇမီးမိသားစုအိမ်တော်ဟာ မျိုးရိုးစဉ်ဆက်ချမ်းသာလာကြပြီးရှေးဟောင်းရတနာတွေအိမ်မှာမြှုပ်ထားတယ်လို့ဓားပြတွေတချောင်းချောင်းဖြစ်နေတဲ့အိမ်။
ထိုအိမ်မှာ ကာသီရ်နဲ့ မန်ဂျာကီလီတို့မောင်နှမနှစ်ယောက်ရှိပါတယ်။စကားတစ်ခွန်းအပြန်အလှန်ပြောကြတာနဲ့တင်အချင်းချင်းထသတ်ကြတဲ့ မတည့်အတူနေတွေပါ။
သို့ပေမယ့်သူတို့နှစ်ယောက်မှာ ဝါသနာတူအကျင့်တစ်ခုရှိပါတယ်။အဲဒါကတော့ အလောင်းအစားလုပ်ပြီးစိန်ခေါ်မှုလုပ်တာပါပဲ။နှစ်ယောက်သား စိန်ခေါ်ရင် တိမ်ပေါ်ထိလိုက်မယ့်သူတွေပါ။တစ်နေ့မှာ လူလိမ်အဖွဲ့တစ်ဖွဲ့ရတနာပစ္စည်းရှာဖို့အိမ်ကိုရောက်လာပြီးမတော်တဆမှုတစ်ခုကြောင့် အဖိုးဖြစ်သူရုတ်တရက်ဆုံးသွားရှာပါတယ်။
ဒီလိုနဲ့အသုဘမှာ ရတနာရှာမယ့်သူခိုးကတစ်ဖွဲ့ အလောင်းအစားလုပ်ပြီးစိန်ခေါ်နေတဲ့မောင်နှမကတစ်ဖွဲ့ အမွေခွဲပေးဖို့ကိုသာ မျက်စိကျနေတဲ့တစ်ဖွဲ့ အဲလိုနဲ့ပဲအဖိုးဖြစ်သူအသုဘဟာ ပြဿနာအရှုပ်ထုပ်တွေကြားအေးအေးချမ်းချမ်းနဲ့ ပြီးသွားနိုင်မလားဆိုတာကို အသုဘထဲရယ်ရမလိုလိုငိုရခက်စေမယ့် တမီးလ်ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။
အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှဖြစ်ပါတယ်။
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
High Tides (2023- )
⭐IMDB: 7.4/10 (2 k Votes)
🎬 #Drama
🗓 2023- 🎞 tv series
🌎 #Belgium
⏰ 33 မိနစ် 2 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
High Tides (2023) ချမ်းသာကြွယ်ဝပြီး ဂုဏ်သိက္ခာရှိ မိသားစုတွေကနေ ပေါက်ဖွားလာတဲ့
Your browser does not support the video tag.ဆယ်ကျော်သက် လူငယ်တစ်စုက ဘယ်ဂျီယမ် ပင်လယ်ကမ်းခြေ တစ်ခုမှာနွေရာသီ အားလပ်ရက် လူငယ်တို့သဘာဝ ပါတီပွဲတွေတက် သောက်စား မူးယစ်ပျော်ပါးနေကြတယ် အဲဒီနောက် immigrant တစ်ဦးဖြစ်တဲ့ ဒန်ဆိုတဲ့ လူငယ်လေးကနွေရာသီအချိန်ပိုင်း အလုပ်အတွက် ကမ်းခြေက ကလပ်မှာ အလုပ်လုပ်ရင်း သူတို့အဖွဲ့နဲ့ စပြီး သိကျွမ်းသွားခဲ့ပါတယ် အဖွဲ့ထဲက လူဝီစ်ဆိုတဲ့ ကောင်မလေးမှာ အဲလက်စ်ဆိုတဲ့ ရည်းစား ရှိမှန်း သိနေပေမယ့် ကြိတ်ပြီး သဘောကျနေခဲ့တဲ့ ဒန်က ဘယ်လိုကံကြမ္မာအလှည့်အပြောင်းတွေနဲ့ ရင်ဆိုင်ရမလဲ..ဒန်ရဲ့ မိခင်က အဲလက်စ်တို့ရဲ့ အိမ်မှာ ကလေးထိန်း ဝင်လုပ်နေရင်း ပျောက်ဆုံးနေတာနှစ်နှစ်ကျော် ကြာပြီ ဖြစ်နေတဲ့ ညီမဖြစ်သူရဲ့ သဲလွန်စကို အဲဒီအိမ်မှာ တွေ့လိုက်ရတဲ့အခါဘာတွေဖြစ်လာမလဲ…အဲလက်စ် လူဝီစ် နဲ့ ဒန်တို့ရဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းက ဘယ်လိုမျိုး အဆုံးသတ်သွားမလဲ..အများအမြင်မှာ အားကျစရာ မိသားစုတွေ ဖြစ်နေပေမယ့် လူမမြင်နိုင်တဲ့ ကန့်လန့်ကာနောက်ကွယ်က သစ္စာမဲ့ ဖောက်ပြန်မှုတွေ ၊ တစ်ကိုယ်ကောင်းဆန်မှုတွေနဲ့ အိမ်ထောင်ရေးတွေကိုဒီဇာတ်လမ်းမှာ တွေ့မြင်ရမှာပဲဖြစ်ပါတယ်...
Cindy la Regia: The High School Years (2023- )
⭐IMDB: 6.5/10 (40 Votes)
🎬 #Comedy #Drama
🗓 2023- 🎞 tv series
🌎 #Mexico
⏰ 25 မိနစ် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Cindy la Regia: The High School Years (2023)Cindy la Regia: The High School Years (2023)
Genre – Comedy, Drama
IMDB – 6.4/10Netflix ကနေ အသစ်ထွက်ရှိထားတဲ့ စပိန်စကားပြော မက်ဆီကို လူငယ်ဟာသဒရမ်မာ စီးရီးလေး ဖြစ်ပါတယ်။
Cindy la Regia ဆိုပြီး ၂၀၂၀ ခုနှစ်တုန်းကလည်း ရုပ်ရှင်ထွက်ရှိထားပါတယ်။
Your browser does not support the video tag.အဲဒါကတော့ လူကြီးစင်ဒီအကြောင်း ဖြစ်ပြီး ဒီ စီးရီးကတော့ ဆယ်ကျော်သက်စင်ဒီကို အခြေခံထားတာမို့ ရုပ်ရှင် မကြည့်ဖူးလည်း ကိစ္စမရှိပါဘူး။
ဇာတ်လမ်းလေးကတော့ ဆယ်ကျော်သက်မလေးတစ်ယောက် အရောအနှော အထက်တန်းကျောင်းကို တက်ရတော့မယ်။
တခြားမြို့က အစ်မဝမ်းကွဲဖြစ်သူနဲ့ အတူတူတက်ရမယ် အခန်းထဲလည်း အတူတူနေရမယ် စရိုက်ကတော့ မတူညီပေမဲ့ ပေါင်းရတာ အဆင်ပြေတယ်ပေါ့။
တွဲနေတဲ့ ချစ်သူလေးနဲ့လည်း အရင်က ကျောင်းမတူပေမဲ့ အခုတော့ ကျောင်းတူပြီး အဆင်ပြေအောင် နေကြမယ်ဆိုမှ ပြဿနာလေးက တက်သွားရော။နောက်ပြီး သူ့ရဲ့ ၁၀ နှစ်တာ စီမံကိန်းထဲက လုပ်ချင်တာဖြစ်တဲ့ သူတို့မြို့ရဲ့ ကပွဲဘုရင်မ ဖြစ်ဖို့လည်း ရူးသွပ်နေသူ အဲဒါကို ဘဲနဲ့ ခိုးချိန်းလာတာကို
အမေဖြစ်သူ မိသွားလို့ ကပွဲ မတက်ရတော့ဘူးလို့ ရာဇသံပေးလိုက်တော့ အစ်မဝမ်းကွဲဖြစ်သူနဲ့ ခိုးတက်ရာကနေ လူမှု့အသိုင်းအဝန်းထဲမှာ
ဘယ်လိုမျိုး အခက်အခဲတွေ ဒုက္ခတွေ တွေ့ရပြီး ဘယ်လိုမျိုး ဖြတ်သန်းကျော်ဖြတ်ကြမလဲဆိုတာ ဆယ်ကျော်သက်မြီးကောင်ပေါက်လေးတွေရဲ့
သဘာဝအတိုင်း ရိုက်ကူးထားတဲ့ ဟာသဒရမ်မာ စီးရီးလေးပဲ ဖြစ်ပါတယ်။...
Sajini Shinde Ka Viral Video (2023)
⭐IMDB: 7.0/10 (2 k Votes)
🎬 #Bollywood #Thriller #Drama
🗓 2023 🎞 movie
🌎 #India
⏰ 1 နာရီ 53 မိနစ် 59 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Sajini Shinde Ka Viral Video (2023) “ဒဏ်ရာများနဲ့ မီးအိမ်ရှင်”IMDb – 7.2/10
ယောက္ခမ၊ချွေးမများနှင့် ကြိုးကြာနီဇာတ်လမ်းတွဲထဲမှာ ခပ်မိုက်မိုက်ကာရိုက်တာနဲ့ ပါဝင်ခဲ့တဲ့မင်းသမီးချော ရာဒီကာမာဒန်ရဲ့ ရုပ်ရှင်အသစ်ကို Netflixကနေ ထုတ်လွှင့်ခဲ့ပါတယ်။
ရုပ်ရှင်မင်းသမီးတစ်ယောက်ကကျ သောက်စားပျော်ပါးခွင့်ရှိပေမဲ့ဆရာမတစ်ယောက်က အဲဒါမျိုးလုပ်ရင် ရာဇဝတ်မှုဖြစ်သွားရောလား….။
ဒါက ဆာဂျီနီရှင်ဒီရဲ့မေးခွန်းတစ်ခု။ဆာဂျီနီရှင်ဒီဆိုတာ အထက်တန်းကျောင်းက ရူပဗေဒဆရာမတစ်ယောက်။ဆရာမဆာဂျီနီရှင်ဒီ သေကြောင်းကြံမယ့်စာတစ်စောင်ရေးထားခဲ့ပြီးပျောက်ချင်းမလှ ပျောက်သွားခဲ့တယ်။
ဒီစာထဲမှာလဲ သူ ဘာကြောင့် ဘယ်သူတွေကြောင့်လုပ်ရလဲဆိုတဲ့အကြောင်းပြချက်တွေသေချာရေးထားခဲ့တဲ့အခါမှာတော့။ဒီကိစ္စက လူထုအကြားမှာ ဆူဆူပူပူဖြစ်လာတဲ့အတွက် ရဲတွေအနေနဲ့ အပြင်းအထန်စုံစမ်းရပါရော။သမီးလိမ္မာတစ်ယောက်၊ ခေတ်မီတဲ့ဇနီးကောင်းတစ်ယောက်၊ ဆရာမကောင်းတစ်ယောက်အဖြစ်နဲ့နေထိုင်ဖို့ကြိုးစားခဲ့တဲ့ ဆာဂျီနီရှင်ဒီ။
သူဘာလို့ သတ်သေဖို့ကြံစည်ခဲ့တာလဲ၊ ရုပ်ရှင်ရဲ့နာမည်အတိုင်းပဲ သူ့ရဲ့ပျံနှံ့သွားခဲ့တဲ့ဗီဒီယိုကဘာလဲ၊သူ့ကို အကောင်းပကတိအတိုင်းပြန်ရှာတွေ့မှာလားဆိုတာ ကြည့်ရှုအဖြေရှာကြပါဦးစို့။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
深渊宝藏 (2023)
⭐TMDB: 0.0% User Score
🎬 #Action #Drama #Fantasy
🗓 2023 🎞 movie
🌎 #China
⏰ 1 နာရီ 24 မိနစ် 48 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
AD 1661 , တောင်ပစိဖိတ်သမုဒ္ဓရာအတွင်းမှာ မုအိမ်တော်ရဲ့အကြီးအကဲဖြစ်တဲ့ရေတပ်ဗိုလ်ကြီးဟာ သူ့ရဲ့ရတနာတွေကို မြုပ်နှံဖို့အတွက်နေရာတစ်ခုရွေးခဲ့ပါတယ် ။သူက မြေပုံပေါ်မှာ အမှတ်အသားမလုပ်ထားတဲ့ မီးတောင်ကျွန်းတစ်ကျွန်းကိုရွေးလိုက်ပြီးရတနာတွေကို အဲဒီကျွန်းမှာမြှပ်နှံခဲ့ပါတယ် ။ ဒါပေမဲ့ မမျှော်လင့်ထားဘဲအဲဒီမီးတောင်ကျွန်းဟာ ဧရာမစပါးအုံးမြွေကြီးရဲ့ အသိုက်ဖြစ်လို့နေပြီးရတနာတွေရော ရတနာမြှပ်တဲ့သူတွေပါ ပျောက်ချင်းမလှပျောက်ကာ ပင်လယ်ထဲနစ်မြုပ်သွားရပါတော့တယ် ။
ဒီဘက်ခေတ်ကိုရောက်လာတော့ မုအိမ်တော်ရဲ့ မျိုးဆက်အဆက်ဆက်ပျောက်ဆုံးနေတဲ့ရတနာတွေကိုရှာဖွေဖို့တာဝန်ကျလာတဲ့သူက ( ခေါင်းဆောင်မင်းသမီး )မုလင်ရဲ့ဖြစ်သူ မုဟုန်ကျွီပဲဖြစ်ပါတယ် ။ အစဉ်အလာမပြတ် မုဟုန်ကျွီနဲ့အတူရတနာရှာဖို့ထွက်သွားတဲ့ မုအိမ်တော်ကတခြားအလုပ်သမားတွေအကုန်လုံးပါ ထပ်ပြီးပျောက်သွားပြန်ပါတယ် ။
ဒီလိုနဲ့ပဲ မုဟုန်ကျွီရဲ့သမီးဖြစ်သူ ရဲရင့်ပြီးဘာမှမကြောက်တတ်တဲ့ မုလင်ကသူ့အဖေ့ကိုရှာဖို့အတွက် ကျွန်းဆီကိုဦးတည်ခဲ့ပါတော့တယ် ။ တစ်ချိန်တည်းမှာပဲမုလင်ရဲ့ရည်းစားဟောင်းဖြစ်သူ ဟူရှားကလည်း မုအိမ်တော်ရဲ့လူယုံဖြစ်တဲ့စုန့်မင်ရဲ့အတင်းအကြပ်ဖိအားပေးမိကြောင့် ခရီးစဉ်မှာလိုက်ပါဖို့ဖြစ်လာတဲ့အခါမှာတော့….
သူတို့ကျွန်းပေါ်မှာဘာတွေကြုံရမလဲ? ကျွန်းပေါ်ကဘယ်လိုအန္တာရာယ်တွေကသူတို့ကိုစောင့်ကြိုနေမလဲ ? ရတနာတွေကိုရော ရှာတွေ့မလားဆိုတာကိုဇာတ်လမ်းလေးထဲမှာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုပေးကြပါဦး...
The Emperor of Paris (2018)
⭐IMDB: 6.3/10 (6 k Votes)
🎬 #Adventure #Crime #History #Drama #Thriller
🗓 2018 🎞 movie
🌎 #France #Belgium
⏰ 2 နာရီ 39 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDB – 6.3
Rotten Tomatoes – 70%
ဒီဇာတ်လမ်းကတော့ ပြင်သစ်နိုင်ငံရဲ့သမိုင်းဝင်စုံထောက်ကြီး ဗီဒေါ့အကြောင်းပါ။
ဗီဒေါ့ဟာ နပိုလီယံခေတ်မှာကျော်ကြားလာသူဖြစ်ပြီး ပြင်သစ်နိုင်ငံရဲ့ ပထမဆုံး
ပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးအေဂျင်စီကို တည်ထောင်သူလည်းဖြစ်သလို
ခေတ်မှီပြစ်မှုဗေဒရဲ့ ဖခင်ကြီးလို့လည်းတင်စားကြပါတယ်။ ငယ်စဉ်ကဆိုးပေမိုက်ခဲ့ပြီး
နောက်မှာတော့ အသိတရားဝင်ကာ ပြင်သစ်နိုင်ငံရဲတပ်ဖွဲ့ပူပေါင်းပြီးအမှုတွေလိုက်လံ
ဖြေရှင်းခဲ့ပါတယ်။ဒါ့အပြင် ပုဂ္ဂိလိကစုံထောက်အဖြစ်လည်းလုပ်ခဲ့ပါတယ်။
ဒီဇာတ်လမ်းကတော့ သူရဲ့အတ္ထုပတ္တိဇာတ်လမ်း၊ စွမ်းဆောင်ရည်တွေကိုအဓိက
ရိုက်ကူးထားတာမဟုတ်ဘဲ အကြမ်းဖျင်းသဘောနဲ့ဇာတ်လမ်းဆင်ရိုက်ကူးထားတာဖြစ်ပါတယ်။
Rating လည်းမြင့်တဲ့အတွက် ကြည့်ရှုသူတွေစိတ်ကျေနပ်စေဖို့အတွက်
တင်ဆက်ပေးလိုက်ပါတယ်...
Theri (2016)
⭐IMDB: 7.3/10 (23 k Votes)
🎬 #Action #Bollywood #Crime #Thriller #Family #Romance
🗓 2016 🎞 movie
🌎 #India
⏰ 2 နာရီ 30 မိနစ် 31 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Theri (2016) “အတိတ်က မီးခိုးငွေ့အမျှင်တန်း”IMDb 7.3
မင်းသား ဗီဂျေးရဲ့ ၂၀၁၆ က ထွက်ရှိခဲ့တဲ့ ကြမ်းကြမ်းရမ်းရမ်း ကားဟောင်းလေးကို တက်ဆက်ပေးလိုက်ပါတယ်…ဗီဂျေးရဲ့ ရုပ်ရှင်ဆိုတဲ့အတိုင်း ကြမ်းပေ့ဆိုတဲ့ တမီလ်း action/thriller ဖြစ်ပြီး ရုံတင်ငွေ ၂ ဆ ပြန်လည် ရရှိရုံသာမကအခုဆိုရင် တီဗီချန်နယ်တွေက ပြန်လည်ပြသမှုကြောင့် ဗီဂျေးရဲ့ အကောင်းဆုံးထုတ်ကုန်ထဲက တစ်ခုအဖြစ် နာမည်ရနေပြီပဲ ဖြစ်ပါတယ်…
လတ်တလော ထွက်ရှိထားတဲ့ ဗီဂျေးရဲ့ Leo ကို ကြိုက်တယ်ဆိုရင် ဒီကားကိုလည်း ကြည့်လိုက်ကြပါ
ဇာတ်လမ်းအကျဥ်းကတော့ ဘဝကို ငြိမ်းငြိမ်းချမ်းချမ်း ပေါင်မုန့်ဖုတ်ပြီး ဖြတ်သန်းနေတဲ့ ရိုးသားကြိုးစားဖိုးသခွားဂျိုးဆပ်ကူရူဗီလာဆိုသူတစ်ယောက် သမီးငယ်လေး နီဗီနဲ့ နေ့တိုင်း အတူသွား အတူလာ ကျောင်းပို့ကျောင်းကြိုနဲ့ ပျော်ရွှင်နေလျက်ရှိပါတယ်…နီဗီ့ရဲ့ ဆရာမချောချော အန်နီကလည်း ဂျိုးဆပ်ကို အထာတွေ ပေးလို့ သာယာနေတဲ့ သူတို့ရဲ့ ဘဝလေးမှာ တစ်နေ့မှာတော့လူမိုက်တစ်စုရဲ့ နှောင့်ယှက်မှုကို ကြုံရပါတယ်…
ရဲစခန်းမှာ ဆရာမက တိုင်ချက်ဖွင့်တော့ ရဲစခန်းမှာ လက်မှတ်ထိုးဖို့ လိုလာတဲ့အခါမှာ ဂျိုးဆပ်တစ်ယောက် မလုံမလဲတွေဖြစ်နေပါတော့တယ်…ဒါကို ရိပ်မိသွားတဲ့ အန်နီက ဂျိုးဆပ်တစ်ယောက် အတိတ်မှာ ရဲမှူးတစ်ယောက် ဖြစ်ခဲ့တယ် ဆိုတာကို သိသွားခဲ့ပြီး အန်နီ့ကို ဖြစ်ကြောင်းကုန်စင်ပြောပြရပါတော့တယ်
တချိန်က သောက်ကြမ်းကြီးတစ်ယောက် ဘာဖြစ်လို့ လူမသိသူမသိ ဇာတ်မြှုပ်ပေါင်မုန့်ဖုတ်နေရသလဲနိုင်ငံရေးသမားတွေနဲ့ အထိ ပတ်သက်နေခဲ့ပြီး ရန်ငြိုးတစ်ချို့ရဲ့ ရိုက်ခတ်မှုက အန်နီလေးရဲ့ အမေ့ကိုပါ ထိခိုက်ရတဲ့အထိ ဘယ်လိုများ ရှုပ်ထွေးခဲ့သလဲ
ကိုယ်က ဘယ်လောက်ပဲ ကင်းအောင်နေနေ တချိန်က ရန်ငြှိုးတွေက မီးခိုးကြွက်လျှောက်သလို ပါလာနေသေးတဲ့အခါမှာ ဂျိုးဆပ်တစ်ယောက် သူ့သမီးကို အန္တရာယ်တွေကြားက ဘယ်လိုကာကွယ်မလဲ
ချစ်ခြင်းတရား ဒေါသ နဲ့ ကလဲ့စားချေခြင်းဆိုတဲ့ ခေါင်းစဥ်အောက်မှာ ဘယ်လို အကွဲကွဲအပြဲပြဲ ဖြစ်ခဲ့ကြမှာလဲ ဆိုတာကတော့…အက်ရှင်ပြကွက် ကြမ်းကြမ်းနဲ့ ဒီရုပ်ရှင်မှာ ဆက်လက်ရှုစားပေးကြပါဦး
အညွှန်းနဲ့ ဘာသာပြန်ကတော့ V ~ Saii ~ Yunni ~ ToMo ~ KKKZ တို့ဖြစ်ပါတယ်
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Heatwave (2022)
⭐IMDB: 5.1/10 (2 k Votes)
🎬 #Thriller
🗓 2022 🎞 movie
🌎 #UnitedStates #Canada #UnitedStatesofAmerica
⏰ 1 နာရီ 45 မိနစ် 55 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Heatwave (2022)=============
ကလဲရ်ဆိုတဲ့ကောင်မလေးဟာ ငယ်စဉ်က အိမ်ရှင်ရဲ့ပေါ့ဆမှုကြောင့်တစ်မိသားစုလုံးမီးလောင်သေဆုံးခဲ့တဲ့အဖြစ်ကိုအခုချိန်ထိမမေ့နိုင်သေးတဲ့သူပါ။ လက်ရှိအချိန်မှာတော့ ဆောက်လုပ်ရေးလုပ်ငန်းရှင်စကော့ရဲ့ လက်အောက်မှာလက်ထောက်အဖြစ်အလုပ်လုပ်နေပြီးရည်မှန်းချက်လည်းကြီးကြီးမားမားရှိထားပါတယ်။သူတို့နေထိုင်ရာမြို့ကိုအပူလှိုင်းရိုက်ခတ်နေပြီးမခံနိုင်လောက်အောင်ဖြစ်လာတဲ့အခါမှာ သူငယ်ချင်းဖြစ်သူအလုပ်လုပ်နေတဲ့ ကွန်ဒိုတစ်ခုက ရေကူးကန်မှာခိုးပြီးသွားအပန်းဖြေလေ့ရှိပါတယ်။ တစ်နေ့တော့ အဲ့ဒီရေကူးကန်ဘေးမှာ အိဗ်ဆိုတဲ့မိန်းမလှလေးတစ်ယောက်နဲ့ဆုံတွေ့ရာကနေချစ်ဇာတ်လမ်းစခဲ့ကြပါတယ်။
သူ့အလုပ်ရှင် စကော့က အိမ်ကိုညစာဖိတ်ကျွေးတဲ့ညတစ်ညမှာတော့သူ့ချစ်သူအိဗ်နဲ့အလုပ်ရှင်ရဲ့ဇနီးဂျနဗီးတို့ဟာ တစ်ဦးတည်းဖြစ်တယ်ဆိုတာသိသွားတဲ့နောက် သူ့ဘက်က အိဗ်ကို အဆက်ဖြတ်ဖို့ကြိုးစားပေမယ့်မအောင်မြင်ခဲ့ပါဘူး။ အဲ့ဒီလိုရှုပ်ထွေးနေတဲ့အခြေအနေတွေကြားမှာမှစကော့တစ်ယောက် ရုံးကနေဒေါသူပုန်ထအိမ်ပြန်သွားတဲ့နေ့ကစပြီးပျောက်ကွယ်နေတဲ့အတွက် စုံစမ်းစစ်ဆေးမှုတွေရှိလာပြီး အခြေအနေတွေက သူ့ကိုပဲ တရားခံအဖြစ်ညွှန်ပြနေတဲ့အခါမှာတော့ ကလဲရ်တစ်ယောက်သူ့မှာအပြစ်မရှိဘူးဆိုတာသက်သေပြနိုင်ဖို့ ပြေးရင်းလွှားရင်းစုံစမ်းရပါတော့တယ်။ Thriller ကြိုက်ပရိသတ်တွေအတွက် ဇာတ်ကားကောင်းတစ်ကားပါ။ plot hole တစ်ချို့ရှိနေပေမယ့် သရုပ်ဆောင်တွေရဲ့သေသပ်မှုနဲ့တင်ဆက်ပုံတို့ကြောင့် လှည့်ကွက်တွေနဲ့အဆုံးထိဆွဲခေါ်သွားမယ့် ဇာတ်ကားပါပဲ။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Alias ဖြစ်ပါတယ်)...
Christmas as Usual (2023)
⭐IMDB: 5.4/10 (3 k Votes)
🎬 #Comedy #Romance #Drama
🗓 2023 🎞 movie
🌎 #Norway
⏰ 1 နာရီ 29 မိနစ် 43 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Christmas As Usual (2023)====================
Thea က ခရစ္စမတ်အတွက် သူ့မွေးရပ်မြေကိုပြန်ဖို့ သူနဲ့စေ့စပ်ထားတဲ့ ချစ်သူ Jashanကိုပါ ခေါ်လာခဲ့တယ်။ ဒါပေမဲ့ Theaကသူ့မိသားစုကို Jashanက အိန္ဒိယလူမျိုးဖြစ်ကြောင်းနဲ့ သူတို့စေ့စပ်ထားကြောင်းကို မပြောရသေးပါဘူး။ လူမျိုးချင်းမတူတဲ့ Theaနဲ့ Jashan တို့ ခရစ္စမတ်မှာ မတူညီတဲ့ ယဥ်ကျေးမှုဓလေ့ရိုးရာယုံကြည်မှုတွေကို ဘယ်လို မေးခွန်းထုတ် အမြင်ပြောင်းလဲစေမလဲ၊ မိသားစုကြားက ခရစ္စမတ်အတွင်း ဘယ်လိုနွေးထွေးမှုတွေရှိလဲဆိုတာကို ကြည့်ရှုရမှာပါ။ နော်ဝေးမိသားစုလေးရဲ့ ပုံမှန်ခရစ္စမတ်လေးက Jashan အတွက်တော့ ပုံမှန်ခရစ္စမတ်မဟုတ်ခဲ့တာမို့သူဘယ်လိုကြိုးစားနေထိုင်မလဲဆိုတာကို ဒီဇာတ်လမ်းမှာ ရင်တမမနဲ့ဆက်လက်ကြည့်ရှုနိုင်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thwal Htoo Zin ဖြစ်ပါတယ်)...
World's First Christmas (2023)
⭐IMDB: 5.3/10 (128 Votes)
🎬 #Comedy #Drama
🗓 2023 🎞 movie
🌎 #Brazil
⏰ 1 နာရီ 34 မိနစ် 14 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတစ်ခါမှာလည်း နောက်ထပ် ခရစ္စမတ်ဇာတ်ကားအသစ်ကလေးနဲ့မိတ်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားလေးကတော့ ဘရာဇီးကားလေးပါ
ဇာတ်လမ်းလေးကတော့
သမီးနှစ်ယောက်ဖေဖေ ပိပ် နဲ့ သားနှစ်ယောက်မေမေတီနာတို့ဟာ လက်ထပ်ထားပြီး မိသားစုအသစ်ထူထောင်ထားကြပါတယ်မိသားစုနှစ်စု အတူတူပြောင်းနေရတဲ့အခါ ကလေးတွေကြားမှာအဆင်မပြေမှုတွေဖြစ်လာပြီး သူတို့ရဲ့ခရစ္စမတ်ပွဲဟာ အကျည်းတန်ခဲ့ပါတယ် အဲ့ဒါကြောင့် သမီးငယ်မာဂျူးဟာ စိတ်ဆိုးပြီး “ခရစ္စမတ်ကိုမုန်းတယ် ခရစ္စမတ်ကြီးပျောက်သွားပါစေ”ဆိုပြီးဆုတောင်းလိုက်ပါတယ် သူမရဲ့ဆုတောင်းဟာအမှန်တကယ်ဖြစ်လာပြီး သူမရဲ့မိသားစုကလွဲလို့ ကျန်တဲ့သူတွေအားလုံးက ခရစ္စမတ်ဆိုတာဘာမှန်းမသိအောင်မေ့သွားပါတော့တယ်
သူတို့မိသားစုဝင်တွေအားလုံးပေါင်းပြီ လူတွေကို ခရစ္စမတ်ကိုပြန်မှတ်မိအောင် ကြိုးစားကြပါတော့တယ် သူတို့တွေ အဆုံးသတ်မှာ ခရစ္စမတ်ကို ပြန်ရောက်လာအောင်လုပ်နိုင်မလားဆိုတာတော့ ဇာတ်ကားလေးထဲမှာ ခံစားကြည့်ရှုလိုက်ပါဦး...
Yule Log (2023)
⭐IMDB: 3.1/10 (51 Votes)
🎬 #Horror #Thriller
🗓 2023 🎞 movie
🌎 #UnitedStates
⏰ 1 နာရီ 12 မိနစ် 7 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီရုပ်ရှင်ကတော့ ခရစ်စမတ်အကြိုနေ့မတိုင်ခင်မှာ ကျရောက်တဲ့ထုံးတမ်းဓလေ့တခုဖြစ်တဲ့ Yule Log ဆိုတဲ့ ဒဏ္ဍာရီတခုအကြောင်းကို ဇာတ်အိမ်တည်ပြီးရိုက်ကူးထားပါတယ်။
သူငယ်ချင်းသုံးယောက်ဟာ ခရစ်စမတ်အားလပ်ရက်ကို ဝေးလံခေါင်ဖျားတဲ့နေရာတခုက သစ်လုံးအိမ်မှာဖြတ်သန်းဖို့အတွက် ကားတစီးနဲ့ထွက်လာခဲ့ကြပါတယ်။ ဒီလိုနဲ့ သူတို့ဟာ လမ်းမှာမိန်းမတယောက်ကို ဖြတ်ခနဲမြင်လိုက်ရတာကြောင့် တွေဝေနေကြပါတယ်။ လမ်းက ဓာတ်ဆီဆိုင်မှာ ဆီဖြည့်ရင်း စားစရာ၀င်၀ယ်တော့လည်း အဲဒီဆိုင်က ဒေသခံက သူတို့ကို တောထဲမှာသတိထားကြဖို့အတွက် သတိပေးလိုက်ပါတယ်။ ဒီလိုနဲ့တောထဲရောက်တဲ့အချိန်မှာတော့ ဆိုးဝါးတဲ့အဖြစ်အပျက်တွေကို စတင်ကြုံတွေ့လာရပြီး ကျော်ဖြတ်ဖို့ကြိုးစားကြရပါတော့တယ်။...
The Persian Version (2023)
⭐IMDB: 6.4/10 (1 k Votes)
🎬 #Comedy #Drama #Romance
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 48 မိနစ် 21 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတစ်ခေါက်မှာတော့ IMDB 6.5/10 ရရှိထားတဲ့ Romance/Comedy ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ပါရှန်း(အီရန်)-အမေရိကန်မလေးဖြစ်သူ လေလာက ငယ်ငယ်ကတည်းက မိခင်နဲ့ ဖခင်ရဲ့ နိုင်ငံနှစ်နိုင်ငံကြား ဗျာများခဲ့ရသူပါ။ အစ်ကိုတွေ မောင်တွေ ကိုးယောက်တောင်ရှိတဲ့ မိသားစုထဲမှာ တစ်ဦးတည်းသော သမီးမိန်းကလေးဖြစ်သူ သူမကို သူ့အမေ ရှီယင်က အများကြီးမျှော်လင့်ထားခဲ့ပေမဲ့ တကယ်တမ်း အရွယ်ရောက်လာတဲ့အခါမှာတော့ လေလာက lesbian တစ်ယောက်ဖြစ်ခဲ့ပြီး အယ်လီနာဆိုတဲ့ မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်လိုက်ပါတော့တယ်။
သူမအပေါ် အမျှော်လင့်ကြီးမျှော်လင့်ခဲ့တဲ့ အမေဖြစ်သူရဲ့ မျှော်လင့်ချက်တွေ ရေစုန်မျောခဲ့ရပြီး သူမတို့ကြားမှာလည်း ပဋိပက္ခတွေ များစွာဖြစ်ခဲ့တာပေါ့လေ။ ဒီလိုနဲ့ “အမေ့ကိုနားလည်ချင်ရင် အမေ့အကြောင်း စာရေးကြည့်ပါလား”ဆိုတဲ့ အဘွားဖြစ်သူ မာမာဂျွန်ရဲ့ အားပေးချက်ကြောင့် သူ့အမေရဲ့အကြောင်းကို သူသိသလောက် ရေးဖို့ကြိုးစားခဲ့ရာမှာတော့ သူ အရင်ကမသိခဲ့တဲ့ သူ့အမေနဲ့ အဖေရဲ့ အတိတ်က ဖြစ်ရပ်တစ်ခုကို သိလိုက်ရပါတော့တယ်။
“နာကျင်မှုကို မထိတွေ့ဘူးဆိုရင် နာကျင်မှုက ထိတွေ့မှာကိုလည်း မခံစားရဘူး”တဲ့။ တကယ်နာကျင်ရတဲ့အရာကို မေ့ထားဖို့၊ မနာကျင်သယောာင် ဟန်ဆောင်နေတတ်ကြတဲ့လူတွေက နာကျင်မှုကို တကယ်ရောမေ့ဖျောက်ထားနိုင်တာလား။ သူမ မသိခဲ့တဲ့အတိတ်ကဖြစ်ရပ်က သူမအမေရဲ့ဘဝကို ဘယ်လောက်တောင် ပြောင်းလဲစေခဲ့တာလဲ။ ပညာရေးဆုံးခန်းမတိုင်ခဲ့ပေမဲ့ ထက်မြက်တဲ့ သူ့အမေက သူတို့မိသားစုအတွက် ဘယ်လိုဖြစ်တည်မှုမျိုးလဲ။ အဆင်မပြေမှုတွေရဲ့ကြားထဲ မထင်မှတ်တဲ့ညတစ်ညမှာ မိန်းမလိုဝတ်တဲ့ယောက်ျားတစ်ယောက်နဲ့ အတူနေမိရာက ကိုယ်ဝန်ရသွားခဲ့တဲ့ လေလာတစ်ယောက်ရော သူ့အမေနဲ့ဘယ်လိုတွေဆက်ဖြေရှင်းကြမလဲ။ lesbian ဖြစ်တဲ့ လေလာကရော ဒီကိုယ်ဝန်ကိုရော မွေးဖြစ်ပါ့မလား။ သူ့အမေနဲ့ လေလာရော ပြေလည်မှုရနိုင်ပါ့မလား ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။
(ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ)...
