uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закритий канал

🚩 Channel was restricted by Telegram

Показати більше
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
Naan Mirugamaai Maara (2022) ⭐IMDB: 5.4/10 (18 Votes) 🎬 #Action #Bollywood 🗓️ 2022 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 03 မိနစ် 47 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Naan Mirugamaai Maara (2022) အခုတစ်ခါမှာတော့ IMDb 5.8 အထိရရှိထားတဲ့Action-Thriller တမီလ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးပါ့မယ်။ ဘွန်မီနာသန်ဆိုတဲ့လူဟာ သူ့ဘဝကိုအေးအေးဆေးဆေးဖြတ်သန်းနေခဲ့ပြီး မိသားစုကိုသိတတ်တဲ့လူတစ်ယောက်လည်း ဖြစ်ပါသေးတယ်။ သို့ပေမယ့် သူ့ညီလေးအသတ်ခံလိုက်ရတဲ့အချိန်မှာတော့ ဒါတွေအားလုံးဟာ သူ့အတွက်မှေးမှိန်သွားခဲ့ပါတယ်။ ဆုံးသွားတဲ့ညီဖြစ်သူ တရားမျှတမှုရရှိရေးအတွက် အပတ်တကုတ်ကြိုးစားခဲ့ပေမယ့်တရားဥပဒေရဲ့လျှော့ကြိုးတွေကို သူ အယုံအကြည်မရှိခဲ့ပါဘူး။ ဒီလိုနဲ့ သူကိုယ်တိုင်ပဲ ညီဖြစ်သူတရားမျှတမှုရရှိရေးအတွက် ကလဲ့စားချေဖို့ထွက်လာခဲ့တဲ့အခါသူ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ရမလဲ…။ အောင်မြင်နိုင်ပါ့မလား..။ သူ့မိသားစုအပေါ် ဘယ်လိုအကျိုးသက်ရောက်လာမလဲဆိုတာကိုတော့ဆက်လက်ရှုစားပေးကြပါဦးနော်…။

Alice, Darling (2022) ⭐IMDB: 5.6/10 (2 k Votes) 🎬 #Drama #Thriller 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 #Canada #UnitedStates ⏰ 1 နာရီ 30 မိနစ် 34 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Alice, Darling (2022) ~ Rotten Tomatoes – 83%, Meta – 65% ~ ကနဦးပြောချင်တာကတော့ ဒီကားကို ဘာ Genre လဲ သွားမကြည့်ပါနဲ့။ ဒီတိုင်း ဘာကားမှန်းမသိဘဲ ကြည့်လိုက်ပါ။ ဒါဆို ပိုအဆင်ပြေပါလိမ့်မယ်။ နောက်တစ်ချက်သတိချပ်စေချင်တာကတော့ ဒီကားမှာ မင်းသမီးရေချိုးနေတုန်း မင်းသမီးဘော်ဒီကိုပြပြီး အနောက်ဘက်ကုန်းမြင့်ဒေသတွေကို လေ့လာစူးစမ်း အလံတိုင်စိုက်တာတွေပါတဲ့အတွက် မိသားစုနဲ့မကြည့်သင့်ပါဘူး။ မင်းသမီးကတော့ အားလုံးသိကြတဲ့ Pitch Perfect မင်းသမီး Anna Kendrick ပါ။ ချစ်စရာကောင်းနေဆဲပါပဲ။ ကောင်မလေးတစ်ယောက်ရှိတယ်။ သူ့ဘဲက ပန်းချီဆရာ။ ဒါပေမဲ့ သွေးကြီးမွေးကြီး ကိန်းကြီးခန်းကြီးနိုင်တဲ့လူ။ ကောင်မလေးဘဝမှာ သူငယ်ချင်း ၂ယောက်ရယ် သူ့ဘဲရယ် ဒါပဲရှိမယ်။ ကောင်မလေးက အရင်က ဆိုးခဲ့ပေခဲ့ပုံရတယ်။ သူ့ဘဲ ကြောင်သူတော်ကြွက်သူခိုးက ကောင်မလေးကို သူ့လိုပဲဖြစ်စေချင်တယ်။ ဒီတော့ ကောင်မလေးက သူဆိုးတာကို ချမပြဘူး။ သူ့ဘဲက ကောင်မလေးကို သူငယ်ချင်း၂ယောက်နဲ့လည်း မပေါင်းစေချင်ဘူး။ ဒါပေမဲ့ သူ့သူငယ်ချင်းတစ်ယောက်မွေးနေ့မှာ ကောင်မလေးဟာ သူ့ဘဲကို လိမ်ပြီး သူ့သူငယ်ချင်းတွေနဲ့အတူ နယ်ဘက်ကျေးလက်က အိမ်လေးကို အပျော်ခရီးထွက်သွားတယ်။ အဲဒီခရီးမှာဘာတွေဖြစ်မလဲ သူ့ဘဲကရော ဘာဆက်လုပ်မလဲ မြင်ရလိမ့်မယ်။ ထူးတာက ဒီကားက ဘာကားမှန်းမသိဘဲ ကြည့်လိုက်မယ်ဆို ဘာကားမှန်းမသည်းမကွဲဖြစ်ချင်စရာကောင်းတယ်။ နယ်ဘက်က အိမ်ကြီးကို သွားရင်း လူသတ်သမားနဲ့တွေ့ရတော့မလိုလို သရဲပဲအခြောက်ခံရတော့မလိုလို သူ့ဘဲက လိုက်သတ်တော့မလိုလို သို့လောသို့လော ထင်ချင်စရာအချက်တွေပြသွားတယ်။ ဒီဇာတ်တည်ရာမှာလည်း ပျောက်ဆုံးနေတဲ့ကောင်မလေးတစ်ယောက်ကို အားလုံးဝိုင်းရှာနေကြတာတွေလည်းပါတယ်။ မင်းသမီးကလည်း စိတ်ဖိစီးမှုတွေနဲ့ ခေါင်းထဲ အသံဗလံတွေ မျိုးစုံ အလိုလိုကြားနေရတယ်။ ဒါပေမဲ့ ဇာတ်မဆုံးခင်အထိကို သူက ဘယ်လမ်းကြောင်းသွားမလဲ မရေမရာဖြစ်အောင်လုပ်ပြနိုင်ခဲ့တယ်။ ကြည့်ကောင်းတဲ့ကားလေးပါပဲ။ မင်းသမီးလည်း တော်တော်လှပါတယ်။ ဘာကားမှန်းမသိဘဲကြည့်ရင် ပိုကြည့်ကောင်းပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုBမှ ပြန်ဆို ရေးသားထားပါတယ်)

Naan Mirugamaai Maara (2022) ⭐IMDB: 5.4/10 (18 Votes) 🎬 #Action #Bollywood 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 #India ⏰ 2 နာရီ 03 မိနစ် 47 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Naan Mirugamaai Maara (2022) အခုတစ်ခါမှာတော့ IMDb 5.8 အထိရရှိထားတဲ့Action-Thriller တမီလ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးပါ့မယ်။ ဘွန်မီနာသန်ဆိုတဲ့လူဟာ သူ့ဘဝကိုအေးအေးဆေးဆေးဖြတ်သန်းနေခဲ့ပြီး မိသားစုကိုသိတတ်တဲ့လူတစ်ယောက်လည်း ဖြစ်ပါသေးတယ်။ သို့ပေမယ့် သူ့ညီလေးအသတ်ခံလိုက်ရတဲ့အချိန်မှာတော့ ဒါတွေအားလုံးဟာ သူ့အတွက်မှေးမှိန်သွားခဲ့ပါတယ်။ ဆုံးသွားတဲ့ညီဖြစ်သူ တရားမျှတမှုရရှိရေးအတွက် အပတ်တကုတ်ကြိုးစားခဲ့ပေမယ့်တရားဥပဒေရဲ့လျှော့ကြိုးတွေကို သူ အယုံအကြည်မရှိခဲ့ပါဘူး။ ဒီလိုနဲ့ သူကိုယ်တိုင်ပဲ ညီဖြစ်သူတရားမျှတမှုရရှိရေးအတွက် ကလဲ့စားချေဖို့ထွက်လာခဲ့တဲ့အခါသူ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ရမလဲ…။ အောင်မြင်နိုင်ပါ့မလား..။ သူ့မိသားစုအပေါ် ဘယ်လိုအကျိုးသက်ရောက်လာမလဲဆိုတာကိုတော့ဆက်လက်ရှုစားပေးကြပါဦးနော်…။

Another way to make a living (2022) ⭐IMDB: 4.2/10 (6 Votes) 🎬 #Drama 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 #Germany ⏰ 1 နာရီ 04 မိနစ် 19 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Another Way to Make a Living (2022) Eric ဟာ ဂျာနယ်လစ်တစ်ယောက်ပါ။ သူဟာ အသေးစား ပြည်တွင်းသတင်းစာလေးတစ်ခုမှာအလုပ်လုပ်ကိုင်သူပါ။ ရုံးမှာလည်း သူနဲ့ သူ့အထက်က Celine နဲ့နှစ်ယောက်သာရှိပါတယ်။ သူဟာ ဒီသာမန်ဘဝလေးမှာမနေချင်ပဲ သူ့ဘဝအတွက် ကြီးမားတဲ့စိန်ခေါ်မှုကြီးတစ်ရပ်ကိုစတင်ဖို့ ကြိုးစားပါတော့တယ်။ ဂိုဏ်းတစ်ခုရဲ့အကြောင်းကိုစာအုပ်တစ်အုပ်ထုတ်ချင်တာပေါ့။ Eric ဟာ ထောင်ထဲထိဝင်ပြီး လူပေါင်းများစွာကို အင်တာဗျူးပါတယ်။ လူများစွာထဲကမှ Moritz ဟာ ထူးခြားသူပါ။ သူနဲ့သူ့ညီမလေးဟာ Gang တစ်ခုရဲ့လက်အောက်ကနေရုန်းထွက်ချင်နေပေမယ့် အခြေအနေမပေးကြလို့ ဒီတိုင်းနေကြရသူတွေပေါ့။ ဒီလိုနဲ့ပဲ ‌Moritz နဲ့ခင်မင်မှုရလာပြီး Moritz က သူလွတ်မယ့်နေ့မှာ လာကြိုခိုင်းပါတယ်။ လာကြိုပြီး သူ့ရဲ့ အပေါင်းအသင်းတွေရှိတဲ့‌ Bar တစ်ခုဆီကိုမောင်းခိုင်းပါတယ်။ အဲဒီကစလို့ Eric ရဲ့ Article ရေးမယ့်ခရီးရှည်ကြီးနဲ့ Moritz တို့မောင်နှမနှစ်ယောက်ရဲ့ ရုန်းထွက်ကြဖို့ကြိုးစားရင်း ရင်ဆိုင်ရမယ့်အရာတွေကို ကြည့်ရမယ့် ဖြူမည်း German ဒရာမာကားလေးပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုNyan Hlyan Chitမှ ပြန်ဆို ရေးသားထားပါတယ်)

Alivehoon (2022) ⭐IMDB: 8.1/10 (75 Votes) 🎬 #Sport 🗓️ 2022 🎞️ Movie 📺 720p HD 🌎 #Japan ⏰ 2 နာရီ 01 မိနစ် 12 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Alivehoon (2022) ဂျပန်ကားကြိုက်တဲ့ ညိုကီတို့ ညောင်နီတို့ရှိကြလားဗျို့အချင်းချင်းလက်တို့ မန်းရှင်းခေါ်ပြီး ဒီကားလေးသာပြလိုက်ပါတော့…အရမ်းမိုက်တဲ့ကားပြိုင်ပွဲလေးကိုရိုက်ထားတဲ့ကားလေးပါ။ တစ်ခြားပြိုင်ကားတွေနဲ့မတူတာက Drift ဆွဲတာကိုပြိုင်တဲ့ကားလေးပါ။ဘာသာပြန်သူကလည်း အရမ်းကြီးမသိပေမယ့် ဘာသာပြန်တာ ခဏရပ်ပြီး ပြိုင်ပွဲကိုအားပေးလိုက်ရတဲ့အထိ ဆွဲဆောင်မှုရှိတဲ့ကားလေးပါ။ အားကစားကားတွေဆို လေ့ကျင့်မယ်၊ ရှံးမယ်၊ ရှုံးခါနီးမှနိုင်သွားမယ် အဲ့ဒီလိုပုံစံခွက်ထဲကနေ မတူအောင်ရိုက်ပြထားပါတယ်။Drift ဆွဲပြိုင်မယ့်သူက E-sport မှာချန်ပီယံရထားတဲ့ ပြိုင်ကားမောင်းသူ ကိုအိချိ ပဲ ဖြစ်ပါတယ်။ဂိမ်းသမားတစ်ယောက်က လက်တွေ့မှာတကယ့်ပြိုင်ကားကို မောင်းရမယ်ဆိုတော့ခေါင်းတွေလည်းမူး၊ အန်လည်းအန်ပြီး တော်တော်စိတ်ညစ်ခဲ့ရပါတယ်။ ဒါပေမဲ့ ဂိမ်းဆိုသည်မှာလည်း လက်တွေ့နဲ့တူအောင်ဖန်တီးထားတာမို့ဂိမ်းဆရာကြီးဖြစ်တဲ့ ကိုအိချိ က လက်တွေ့နဲ့ ဂိမ်း ဘယ်လိုရောစပ်သွားမလဲဆိုတာကိုဂျပန်အဆင်လေးလည်းငမ်းရင်း အားရပါးရကြည့်ဖို့ ဒေါင်းလိုက်ပါတော့နော်… အညွှန်း နဲ့ ဘာသာပြန်ကတော့JoJoVaပဲ ဖြစ်ပါတယ်။

Northeast Love Brother 2: Endless Love (2023) ⭐⁉️ 🎬 #Comedy #Romance 🗓️ 2023 🎞️ Movie 📺 1080p FHD 🌎 #China ⏰ 1 နာရီ 49 မိနစ် 43 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 တုန်းပေရဲ့ ၉၀ခုနှစ်ကို နောက်ခံထားထားတဲ့ ခရီးသည်တင်ကားမောင်းတဲ့ကောင်လေးနဲ့ ဘဲလေးအကမယ်လေး တို့ကြားကအချစ်ဇာတ်လမ်းလေးကို ရိုက်ကူးထားတဲ့ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် တစ်ရက် ခရီးသည်တင်ကားမောင်းတဲ့ ကောင်လေး ရွှီထျယ်ရဲ့ ကားပေါ်မှာလူပေါင်းစုံစီးကြတဲ့ အထဲမှာမှ ဘဲလေးအကမယ်လေး ချန်လိရှားကပေါ်လွင်လို့နေပါတယ် ဒါကို ကလိမ်ကချေ တစ်ယောက်ကထိကပါးရိကပါး လုပ်လာတဲ့ အချိန်မှာ ရွှီထျယ်တစ်ယောက်ဝင်ကူညီပေးရင်းနဲ့ ချန်လိရှားနဲ့ စသိခဲ့ပါတယ် ဝင်ကူညီပေးရင်းခိုက်ရန်ဖြစ်ပွားပြီးတော့ ကလိမ်ကချေကောင်က ကားမှန်ကို ခွဲသွားခဲ့ပါတယ် အဲ့တော့ ရွှီထျယ်တစ်ယောက် ယွမ်1000 လျော်ရဖို့ဖြစ်လာပါတယ်သူ့အပေါင်းသင်းတွေနဲ့ ယွမ်1000 ရဖို့ နည်းလမ်းပေါင်းစုံစဉ်းစားရင်း ချန်လိရှားရဲ့ အလုပ်ကတ်နဲ့ ကတ်ဆတ်လေးကိုသူ့ဆီပြန်ပေးဖို့ကနေ တစ်ဆင့် အကြံထုတ်ရင်း သွားရှာခဲ့ပါတယ် စိတ်ရင်းကောင်းတဲ့ ရွှီထျယ်တစ်ယောက် ချန်လိရှားဆီကနေဘယ်လိုမှ အမြတ်မထုတ်နိုင်ခဲ့ဘဲ နှစ်ယောက်သား သံယောဇဉ် ငြိတွယ်ခဲ့ကြပါတယ်ကားမောင်းသမားနဲ့ ဘဲလေးအကမယ်က ဘယ်လိုမှမလိုက်ဖက်သလိုပဲ ချန်လိရှားရဲ့အမေက သဘောမတူပါဘူး…….ပြဿနာတွေကနေ အစချီတဲ့ အချစ်ဇာတ်လမ်းလေးကအခက်ခဲတွေနဲ့ ကြုံလာရတဲ့ အချိန်မှာ ဘာတွေ ဆက်ဖြစ်လာမှာလဲရွှီထျယ်ရဲ့ အပေါင်းသင်းတွေကရော ဘယ်လောက်ထိကူညီထောက်ပံ့ပေးခဲ့မှာလဲဆိုတာကိုတော့ ဒီဇာတ်လမ်းလေးမှာ ကြည့်ရှုလို့ရပါတယ်နော်……..

Keanu (2016) ⭐IMDB: 6.2/10 (50 k Votes) 🎬 #Action #Comedy #Crime 🗓️ 2016 🎞️ Movie 📺 1080p FHD 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 40 မိနစ် 10 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Keanu (2016) ============ IMDb – 6.2Rotten tomatoes – 78% ဟာသဇာတ်မြူးကားကောင်းတွေကိုလွမ်းနေကြတဲ့ပရိသတ်တွေအတွက် Key & Peel လို့လူသိများတဲ့ ဟာသသရုပ်ဆောင်နှစ်ယောက်ရဲ့ ဟာသ ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ မင်းသားကြီး ကီနူး ရီဗ်က ကြောင်လေး “ကီနူး” နေရာမှာအသံသရုပ်ဆောင်အနေနဲ့ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောရရင် ကောင်မလေးကထားသွားလို့ အသည်းကွဲနေတဲ့ ရဲလ်ရဲ့အိမ်ရှေ့ကိုကြောင်လေးတကောင်ရောက်လာခဲ့တာမလို့  မြင်မြင်ချင်းမှာပဲ မွေးစားဖို့ဆုံးဖြတ်လိုက်ပြီး “ကီနူး” လို့အမည်ပေးလိုက်ပါတယ်။ ဒါပေမဲ့ ဒီကြောင်လေးက သာမာန်လမ်းဘေးကြောင်လေးမဟုတ်ပဲ အယ်လ်အေက မူးယစ်ရာဇာတယောက်က မွေးထားတဲ့ ကြောင်လေးဖြစ်နေတာပါ။ ဒီလိုနဲ့တနေ့မှာ ရဲလ်တယောက် သူ့ရဲ့အကိုဝမ်းကွဲဖြစ်တဲ့ ကလဲရန့်စ်နဲ့အတူ ရုပ်ရှင်ကြည့်ပြီး အိမ်အပြန်မှာအိမ်အဖောက်ခံရပြီး ကီနူး အခိုးခံခဲ့ရပါတယ်။ ဒီလိုနဲ့သူတို့ယောက်အတူ လိုက်လံစုံစမ်းကြည့်လိုက်တဲ့အခါမှာ ကီနူးကို လူဆိုးဂိုဏ်းတဂိုဏ်းကခိုးသွားတာမလို့ သူတို့လည်း ကီနူးကိုပြန်ရအောင်လုပ်ရင်း ဘယ်လိုအရှုပ်ထုတ်တွေထဲဝင်ပါမိသွားမလဲဆိုတာကို ပေါ့ပေါ့ပါးပါး ရယ်ရယ်မောမောနဲ့ကြည့်ရှုရမဲ့ ဟာသကားကောင်းလေးတကားဖြစ်တာမလို့ ဆက်လက်ကြည့်ရှုပေးကြပါဦးခင်ဗျ။

Merlin (2008-2012) ⭐IMDB: 7.9/10 (83 k Votes) 🎬 #Action #Adventure #Drama #SciFi #Fantasy 🗓️ 2008-2012 🎞️ tv series 📺 480p 🌎 #UnitedKingdom ⏰ 45 မိနစ် 00 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Merlin Season 12008 ခုနှစ်ကပြသခဲ့တဲ့ ဗြိတိန်နိုင်ငံရဲ့ Myth တစ်ခုဖြစ်တဲ့ အာသာနဲ့မာလင်ဇာတ်လမ်းကို ပြန်လည်ဆန်းသစ်လို့ ရိုက်ကူးတင်ဆက်ထားတဲ့မာလင်ဇာတ်လမ်းတွဲဟာ IMDb Rate 7.9  အထိရရှိခဲ့ပြီးအောင်မြင်ခဲ့ပါတယ်season 1 ကနေ 5 အထိရှိပြီး Channel Myanmar ကနေ အစအဆုံးတင်ဆက်ပေးသွားပါမယ်လို့သတင်းကောင်းပါးရင်းနဲ့ အညွှန်းလေးကိုဆက်ခံစားလိုက်ရအောင် မှော်ပညာတွေထွန်းတောက်တဲ့အချိန်တုန်းက ကမ်းမလော့လို့ခေါ်တဲ့တိုင်းပြည်ကြီးတစ်ခုရဲ့ကံကြမ္မာဟာလူငယ်လေးတစ်ဦးရဲ့အပေါ်မှာကျရောက်လို့နေပါတယ်..သူ့နာမည်ကတော့ ” မာလင် “ပါမာလင်ဟာ ၀မ်းတွင်းမှော်အတတ်နဲ့မွေးဖွားလာသူတစ်ဦးပါ.ဟောတမ်းတွေအရဆိုရင်အကြီးမြတ်ဆုံးသောမှော်ပညာရှင်ဖြစ်လာမယ့်သူပေါ့..မာလင်ဟာသူ့အမေရဲ့စေလွှတ်မှုနဲ့ကမ်းမလော့ပြည်ကိုလာရောက်ပြီး ဘုရင့်သစ္စာခံသမားတော် ဖြစ်တဲ့ဂားယက်စ်နဲ့မိတ်ဆက်တွေ့ဆုံခဲ့ပါတယ်အဲ့အချိန်က ကမ်းမလော့မှာ အူသာပန်ဒရာဂွန် ဘုရင်အုပ်စိုးနေပြီး မှော်ပညာရှင်တွေကိုသတ်ဖြတ်ပြီးမှော်ပညာကိုနိမ်နင်းနေတာပါ..ဒီလိုတိုင်းပြည်မျိုးမှာမာလင်တစ်ယောက်လျို့၀ွက်စွာနေထိုင်းရင်းမှော်ပညာတွေကိုသင်ယူရင်းကနေ သူကံတရားပါလာတဲ့အတိုင်းအာသာပန်ဒရာဂွန်ကိုကာကွယ်ရင်းတိုင်းပြည်အရေးတွေကိုသူတတ်ကျွမ်းတဲ့မှော်ပညာနဲ့ဘယ်လိုများကာကွယ်ခဲ့မလဲဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်….

Northeast Zoo (2023) ⭐⁉️ 🎬 #Comedy 🗓️ 2023 🎞️ Movie 📺 WEB-DL 1080p 🌎 #China ⏰ 1h 26 min 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီနေ့မှာတော့ CM က ပရိတ်သတ်ကြီးကို ဘဝအမောတွေပြေစေဖို့ပေါ့ပေါ့ပါးပါး ဟာသကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေရှင် ။ “ မြို့ကိုတက်ပြီးအလုပ်လုပ်နေပေမဲ့ အလုပ်မှာ အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်နေရသူ ၊ဖခင်ဖြစ်သူဟာ လျောင်ခရိုင်မှာ တိရိစ္ဆာန်ရုံတစ်ခုကိုဖွင့်လှစ်ထားပေမဲ့၎င်းတိရိစ္ဆာန်ရုံကို ဦးစီးဖို့ နည်းနည်းလေးမှ စိတ်ကူးမရှိသူ ၊ဖခင်နဲ့လဲ ဆက်ဆံရေး အဆင်မပြေသူ – စွင်းရှောင်ဟူ ” တစ်နေ့မှာတော့ ရင်းနီးမြှုပ်နှံသူတစ်ချို့ဟာ စွင်းရှောင်ဟူ ဖခင်ရဲ့တိရိစ္ဆာန်ရုံကို စီးပွားရေးနယ်ချဲ့ဖို့အတွက် မျက်စိကျနေခဲ့ကာတိရိစ္ဆာန်ရုံမြေနေရာကို လက်ဝါးကြီးအုပ်ဖို့ ကြံစည်လာခဲ့ပါတယ် ။ အဲဒါနဲ့ပဲ အလုပ်အကိုင် / ငွေကြေးအဆင်မပြေတဲ့ စွင်းရှောင် ဟူကိုငွေနဲ့ဖျားယောင်းကာ တိရိစ္ဆာန်ရုံရဲ့ စီးပွားရေးဖျက်ဆီးပစ်ပြီးမြေနေရာကို ဖယ်ခိုင်းခဲ့ပါတယ် ။ ဖခင်အပေါ်လဲ စိတ်ကျေနပ်မှုမရှိတဲ့စွင်းရှောင်ဟူဟာ ဒီသဘောတူညီချက်ကိုလက်ခံပြီးတိရိစ္ဆာန်ရုံကို ဖျက်ဆီးပစ်ဖို့ စီစဥ်လာခဲ့ပါတော့တယ် ။ ❏ စွင်းရှောင်ဟူတစ်ယောက် ဖခင်ဖြစ်သူကိုဘယ်လိုရင်ဆိုင်မှာလဲ ?❏ တိရိစ္ဆာန်ရုံဖျက်ဆီးပြစ်ဖို့ အကြံကရော အောင်မြင်နိုင်ပါ့မလား ?❏ သူ့အပေါ်ဆို ဘယ်အရာနေနေ သစ္စာရှိကြတဲ့သူငယ်ချင်းတွေကရော သူ့လုပ်ရပ်အတွက် ခွင့်လွှတ်နိုင်ပါ့မလား ?❏ ဘယ်လိုအလွဲလွဲ အမှားမှားတွေ ဖြစ်လာဦးမလဲဆိုတာဟာသလေးတွေနှောပြီး ရိုက်ကူးထားတဲ့ ဒီဇာတ်ကားလေးကို အခုပဲ ကြည့်ရှုလိုက်ရအောင်ပါနော် ။

Perfect Strangers (2022) ⭐IMDB: 7.5/10 (280 Votes) 🎬 #Comedy #Drama 🗓️ 2022 🎞️ movie 📺 1080P 🌎 #Indonesia ⏰ 2 နာရီ 05 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Perfect Strangers(2022) လကြတ်ချိန်ဟာ နေနဲ့လတို့ကြားက တင်းမာမှု အပြင်းထန်ဆုံးအချိန်ဖြစ်ပြီးလူသားတွေကို စိတ်ကယောက်ကယက်ဖြစ်စေတယ်ဆိုပြီး အဆိုရှိပါတယ်။ အဲဒီလို စိတ်ကယောက်ကယက်ဖြစ်စေတဲ့ လကြတ်ညတစ်ညမှာမိတ်ဆွေသူငယ်ချင်း (၇) ယောက် ညစာအတူစားကြဖို့ စုမိကြပါတယ်။ အန်ဒရီကိုနဲ့အီဗာတို့က သူတို့ရဲ့ အိမ်အသစ်ကြီးမှာ အိမ်တက်ပွဲအထိမ်းအမှတ်အနေနဲ့ ညစာဖိတ်ကျွေးတာပါ။ညစာစားပွဲမှာ အိမ်ရှင် လင်မယားနဲ့အတူ ညားခါစ စုံတွဲ အန်ဂျာ့စ်နဲ့ကီရှာ၊ကလေးနှစ်ယောက်ရနေပြီ ဖြစ်တဲ့ ဝစ်နူနဲ့အီမဲလ်ဒါ၊ ရည်စားရထားတာ မကြာသေးတဲ့ တိုမို ဆိုပြီးစုစုပေါင်း (၇) ယောက် ပါဝင်ပါတယ်။ ပေါင်းလာတာ ကြာပြီဖြစ်တဲ့ အကြောင်းသိတွေ ပျော်ပျော်ပါးပါး စားကြသောက်ကြရင်းအိမ်ကြီးရှင် အီဗာက ဂိမ်းတစ်ခု ကစားကြဖို့ ပြောလိုက်ရာကနေ ဇာတ်လမ်းက စ,ပါတယ်။ သူပြောတဲ့ ဂိမ်းက ဖုန်းတွေအားလုံးကို စားပွဲပေါ်မှာ တင်ထားပြီးဝင်လာသမျှ မက်ဆေ့ဂျ်တွေ၊ ဖုန်းကောလ်တွေ၊ အီးမေးလ်တွေကို အတူတူဝိုင်းဖတ်ကြဖို့ပါ။ ဆော့ရင်လည်း မကောင်း၊ မဆော့ပြန်ရင်လဲ အထင်လွဲခံရမှာစိုးတာနဲ့ အဲဒီဂိမ်းကို ဆော့ကြရင်းကနေတစ်ယောက်ချင်းစီရဲ့ လျှို့ဝှက်ချက်တွေ ပေါ်လာပြီး ပြဿနာတွေက သပွတ်အူလို ရှုပ်ထွေးကုန်ပါတော့တယ်။ လူတွေရဲ့ လူသိမခံနိုင်တဲ့ လျှို့ဝှက်ချက်တွေ၊ ခံစားချက်တွေကို တစ်စချင်းစီ ထုတ်ပြသွားတာကြောင့်(၂ )နာရီကျော်ကျော်က ဘယ်လိုကုန်လို့ကုန်သွားမှန်း မသိလိုက်တဲ့ ဇာတ်ကားမျိုးပါ။ အညွှန်းဖတ်နေရင်းနဲ့ ဒီဇာတ်ကားကို ကြည့်ဖူးသလိုပဲလို့ ခံစားမိလာရင်တော့….ဟုတ်ပါတယ်….2016 က ထွက်ခဲ့တဲ့ အီတလီ ဇာတ်ကားကို remake ပြန်ရိုက်ထားတာပါ။ မူရင်း အီတလီကားက အကြီးအကျယ်အောင်မြင်ခဲ့ပြီးစပိန်၊ မက္ကဆီကို၊ တောင်ကိုရီးယား၊ ပြင်သစ်၊ တရုတ်၊ ရုရှား အပါအဝင်နိုင်ငံပေါင်း ၂၀ ကျော်က remake ပြန်ရိုက်ခဲ့ကြပါတယ်။ အဲဒီ remake တွေထဲကမှ ဒီကားကတော့ 2022 ခုနှစ်မှာ အင်ဒိုနီးရှားက ပြန်ရိုက်ထားတဲ့ ဇာတ်ကားပါ။ အင်ဒို remake ကားဆိုပေမဲ့ အတော်လေး ကြည့်လို့ကောင်းပြီးsetting ပိုင်း၊ သရုပ်ဆောင်ပိုင်း၊ musical ပိုင်း ဘာတစ်ခုမှ အပြစ်ပြောစရာ မရှိတဲ့ ဇာတ်ကားပါ။ အီတလီဒဏ္ဍာရီနဲ့ အင်ဒိုရိုးရာတွေကို ပါးပါးနပ်နပ် ချိတ်ဆက်ပြထားပြီးမူရင်း ဇာတ်ကားရဲ့ အရသာလည်း မပျက်သလို ဆန်းသစ်တဲ့ တင်ဆက်မှုကိုလည်း မြင်တွေ့ရမှာပါ။ mystery ဆန်ဆန် အထုပ်ဖြေပြတာမျိုးကို ကြိုက်ရင်တော့ မြည်းစမ်းကြည့်သင့်ပါတယ်။IMDb rating ကလည်း 7.5 အထိ ရထားပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့Roman NoXပဲ ဖြစ်ပါတယ်။

True and False Jigong (2023) ⭐⁉️ 🎬 #Action #Comedy 🗓️ 2023 🎞️ Movie 📺 WEB-DL 1080p 🌎 #China ⏰ 1h 20 min 👑 Channel Myanmar ဇာတ်ညွှန်း 📜 “မိစ္ဆာတွေကို နှိမ်နင်း / အားနည်းသူတွေကိုကူညီပေးပြီး ပြည်သူတွေရဲ့ အချစ်ကို ရရှိနေသူ ၊မသေမျိုးကျင့်စဥ်ရရှိဖို့ ကျင့်ကြံနေသူ ၊ တောင်ပေါ်မှာပဲသီတင်းသုံးနေထိုင်တတ်သူ ဘုန်းတော်ကြီး – ကျိကုန်း” “ရုပ်ဆိုးလွန်း၍ အားလုံးက မိစ္ဆာတစ်ကောင်လိုသတ်မှတ်ခြင်းခံနေရသူ ၊ဆိုးဝါးလွန်းတဲ့ မျက်နှာကြောင့် အားလုံးရဲ့ အပယ်ခံဖြစ်ပြီး အထီးကျန်နေရသူ ၊ ပြည်သူတွေရဲ့ ချစ်ခြင်းကို ခံရဖို့ ကြိုးစားနေသူ – ဟွမ်ယွမ်” လွန်ခဲ့တဲ့ အနှစ် ၂၀ က ဘုန်းတော်ကြီး ကျိကုန်းဟာမြွေမိစ္ဆာမောင်နှမကိုနှိမ်နှင်းရင်း အစ်ကိုဖြစ်သူကို သတ်ပစ်ခဲ့မိပါတယ် ။ကျန်တဲ့ မိစ္ဆာညီမလေးကိုတော့ အမှားတွေပြန်လည်ပြင်ဆင်ပေးဖို့လွှတ်လိုက်ပေမဲ့ တကယ်တမ်းမှာတော့ အဲဒီမိစ္ဆာမဟာအစ်ကိုဖြစ်သူအတွက် လက်စားပြန်ချေဖို့ ကြိူးပန်းနေခဲ့ပါတယ် ။ ဒီလိုနဲ့ နှစ် ၂၀ ကုန်ဆုံးလာခဲ့ပြီး ပိုင်ရွှိန်မြို့တော်မှာထူးဆန်းတဲ့ကိစ္စတွေဖြစ်ပေါ်လာခဲ့ပါတော့တယ် ။ ဒါတွေကို ဖြေရှင်းဖို့ အတွက်ဘုန်းတော်ကြီး ကျိကုန်းဟာ ပိုင်ရွှိန်မြို့တော်ကိုရောက်လာခဲ့ပေမဲ့၎င်းမြို့တော်မှာ သူနဲ့ ချွတ်စွပ်တူတဲ့ နောက်တဲ့ ကျိကုန်းတစ်ယောက်ကိုတွေ့လိုက်ရပါတော့တယ် ။ ❏ ဘုန်းတော်ကြီး ကျိကုန်းတစ်ယောက်ဘယ်လိုရင်ဆိုင်မလဲ ? ❏ ကျိကုန်းတစ်ယောက် အညှိုးအတေးတွေ အာဃာတတွေကြားမှာပိတ်မိနေတဲ့ ပြည်သူတွေကိုဘယ်လို ကယ်တင်သွားမလဲဆိုတာ ?ကြည့်ရှုရလိုက်ရအောင်ပါနော် ။ ဒီဇာတ်ကားလေးကိုကြည့်ရှုပြီးလူတစ်ယောက်ကို အပေါ်ယံ ကြည့်ယုံနဲ့ မဆုံးဖြတ်သင့်တဲ့အကြောင်းနားလည်သဘောပေါက်သွားစေမှာ အသေချာပါပဲရှင် ။

La traversée (2022) ⭐IMDB: 5.6/10 (227 Votes) 🎬 #Comedy 🗓️ 2022 🎞️ movie 📺 720p 🌎 #France #Belgium ⏰ 1 နာရီ 45 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Crossing (La Traversée, 2022) ပြင်သစ်စကားပြော ဟာသဇာတ်ကားလေးဖြစ်ပြီးတော့IMDb 5.5 ရထားတဲ့ ပေါ့ပေါ့ပါးပါးကြည့်လို့ရမယ့် ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်းကတော့ဆယ်ကျော်သက်ငါးယောက်နဲ့အတူတူ ပင်လယ်ကို လေ့လာရေးခရီးထွက်လာတဲ့ နည်းပြနှစ်ယောက်ရယ်မာလိန်မှူး ရဲဝန်ထမ်းဟောင်းတစ်ယောက်ရယ် သင်္ဘောပေါ်မှာ ဖြစ်ပျက်ကြတာတွေကို ရိုက်ကူးထားတာပါ။ဆယ်ကျော်သက်အရွယ်တွေ ဆိုးသွမ်းကြတာကို သည်းမခံနိုင်တဲ့ ရဲဝန်ထမ်းဟောင်းရယ် ကလေးတွေရယ်ပင်လယ်ထဲက သင်္ဘောပေါ်မှာ ဘယ်လိုဆက်သွားကြမလဲဆိုတာကို ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးကြည့်ရှုရမှာဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့Moh Mohပဲ ဖြစ်ပါတယ်။

La traversée (2022) ⭐IMDB: 5.6/10 (227 Votes) 🎬 #Comedy 🗓️ 2022 🎞️ movie 📺 1080P 🌎 #France #Belgium ⏰ 1 နာရီ 45 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Crossing (La Traversée, 2022) ပြင်သစ်စကားပြော ဟာသဇာတ်ကားလေးဖြစ်ပြီးတော့IMDb 5.5 ရထားတဲ့ ပေါ့ပေါ့ပါးပါးကြည့်လို့ရမယ့် ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်းကတော့ဆယ်ကျော်သက်ငါးယောက်နဲ့အတူတူ ပင်လယ်ကို လေ့လာရေးခရီးထွက်လာတဲ့ နည်းပြနှစ်ယောက်ရယ်မာလိန်မှူး ရဲဝန်ထမ်းဟောင်းတစ်ယောက်ရယ် သင်္ဘောပေါ်မှာ ဖြစ်ပျက်ကြတာတွေကို ရိုက်ကူးထားတာပါ။ဆယ်ကျော်သက်အရွယ်တွေ ဆိုးသွမ်းကြတာကို သည်းမခံနိုင်တဲ့ ရဲဝန်ထမ်းဟောင်းရယ် ကလေးတွေရယ်ပင်လယ်ထဲက သင်္ဘောပေါ်မှာ ဘယ်လိုဆက်သွားကြမလဲဆိုတာကို ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးကြည့်ရှုရမှာဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့Moh Mohပဲ ဖြစ်ပါတယ်။

All of Us Are Dead (2022- ) ⭐IMDB: 7.5/10 (53 k Votes) 🎬 #Action #Drama #Fantasy #Adventure #SciFi #Horror #Thriller 🗓️ 2022- 🎞️ tv series 📺 1080p 🌎 #SouthKorea ⏰ 1 နာရီ 00 မိနစ် 00 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 All of Us Are Dead (2022)All of Us Are Dead (2022) ဇာတ်လမ်းတွဲအညွှန်း****************************************** အပိုင်း ၁ မှ ၁၂ (အစ-အဆုံး) “ဇွန်ဘီတွေက ရုပ်ရှင်ထဲမှာပဲ ရှိရမှာလေ…ဘာလို့ ငါတို့ကျောင်းမှာလဲ?” သာမန်နေ့တစ်နေ့ကိုပဲ ဖြတ်သန်းနေတဲ့ Hyosan အထက်တန်းကျောင်းက ကျောင်းသားတွေ…ကျောင်းမှာ ဇွန်ဘီဗိုင်းရပ်စ် ကူးစက်လာပြီး သူငယ်ချင်းတွေက ဇွန်ဘီတွေဖြစ်သွားတဲ့ အခိုက်အတန့်…ဒါ့အပြင် ပိတ်မိနေတာတောင် ကူကယ်မယ့်သူမရှိဘဲ ကိုယ့်လွတ်လမ်းကိုရှာဖွေပြီး အသက်ရှင်ဖို့ကြိုးပမ်းရတဲ့အခါမှာတော့…ကျောင်းသားတွေရဲ့စာအံသံ၊ စလိုက်နောက်လိုက် ရန်ဖြစ်သံတွေနဲ့ ပြည့်နေတဲ့ကျောင်းလေးမှာ သွေးသံတရဲရဲ အော်ဟစ်သံတွေက ကြောက်မက်ဖွယ် ဖုံးလွှမ်းသွားပါတော့တယ်။ ဒီကားလေးထဲမှာ မျက်နှာသစ်သရုပ်ဆောင်အများစုကို သုံးထားပြီး လက်တွေ့ဆန်အောင်ရိုက်ကူးထားတဲ့အတွက် ကိုယ့်ကျောင်းမှာ တကယ်ဖြစ်နေသလိုခံစားရစေမှာပါ။ပိုကောင်းကောင်းခံစားချင်ရင် အခန်းမီးမှိန်မှိန်မှာ အသံကျယ်ကျယ်ဖွင့်ကြည့်ဖို့လည်း ဒါရိုက်တာတစ်ယောက်က recommend ပေးထားပါသေးတယ်^^ တစ်ပြိုင်တည်း ၁၂ပိုင်းလုံးထွက်ရှိမှာဖြစ်လို့ သောကြာနေ့ညကို ကုန်ဆုံးဖို့ ဇာတ်လမ်းကောင်းရှာနေတဲ့ CM ပရိသတ်ကြီးအတွက် ဒီကားလေးကို ကြည့်ရှုခံစားကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေနော် …(အညွှန်းကို Ei Phyu Khin က ရေးသားပေးထားပါတယ်) Aired: January 28, 2022 Aired On: FridayDuration: 42minsEpisodes: 12Genres: Action, Drama, Thriller, Sci-Fi & FantasyQuality & File Size: 1080p(~1GB), 720p(~600MB)

All of Us Are Dead (2022- ) ⭐IMDB: 7.5/10 (53 k Votes) 🎬 #Action #Drama #Fantasy #Adventure #SciFi #Horror #Thriller 🗓️ 2022- 🎞️ tv series 📺 1080p 🌎 #SouthKorea ⏰ 1 နာရီ 00 မိနစ် 00 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 All of Us Are Dead (2022)All of Us Are Dead (2022) ဇာတ်လမ်းတွဲအညွှန်း****************************************** အပိုင်း ၁ မှ ၁၂ (အစ-အဆုံး) “ဇွန်ဘီတွေက ရုပ်ရှင်ထဲမှာပဲ ရှိရမှာလေ…ဘာလို့ ငါတို့ကျောင်းမှာလဲ?” သာမန်နေ့တစ်နေ့ကိုပဲ ဖြတ်သန်းနေတဲ့ Hyosan အထက်တန်းကျောင်းက ကျောင်းသားတွေ…ကျောင်းမှာ ဇွန်ဘီဗိုင်းရပ်စ် ကူးစက်လာပြီး သူငယ်ချင်းတွေက ဇွန်ဘီတွေဖြစ်သွားတဲ့ အခိုက်အတန့်…ဒါ့အပြင် ပိတ်မိနေတာတောင် ကူကယ်မယ့်သူမရှိဘဲ ကိုယ့်လွတ်လမ်းကိုရှာဖွေပြီး အသက်ရှင်ဖို့ကြိုးပမ်းရတဲ့အခါမှာတော့…ကျောင်းသားတွေရဲ့စာအံသံ၊ စလိုက်နောက်လိုက် ရန်ဖြစ်သံတွေနဲ့ ပြည့်နေတဲ့ကျောင်းလေးမှာ သွေးသံတရဲရဲ အော်ဟစ်သံတွေက ကြောက်မက်ဖွယ် ဖုံးလွှမ်းသွားပါတော့တယ်။ ဒီကားလေးထဲမှာ မျက်နှာသစ်သရုပ်ဆောင်အများစုကို သုံးထားပြီး လက်တွေ့ဆန်အောင်ရိုက်ကူးထားတဲ့အတွက် ကိုယ့်ကျောင်းမှာ တကယ်ဖြစ်နေသလိုခံစားရစေမှာပါ။ပိုကောင်းကောင်းခံစားချင်ရင် အခန်းမီးမှိန်မှိန်မှာ အသံကျယ်ကျယ်ဖွင့်ကြည့်ဖို့လည်း ဒါရိုက်တာတစ်ယောက်က recommend ပေးထားပါသေးတယ်^^ တစ်ပြိုင်တည်း ၁၂ပိုင်းလုံးထွက်ရှိမှာဖြစ်လို့ သောကြာနေ့ညကို ကုန်ဆုံးဖို့ ဇာတ်လမ်းကောင်းရှာနေတဲ့ CM ပရိသတ်ကြီးအတွက် ဒီကားလေးကို ကြည့်ရှုခံစားကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေနော် …(အညွှန်းကို Ei Phyu Khin က ရေးသားပေးထားပါတယ်) Aired: January 28, 2022 Aired On: FridayDuration: 42minsEpisodes: 12Genres: Action, Drama, Thriller, Sci-Fi & FantasyQuality & File Size: 1080p(~1GB), 720p(~600MB)

All of Us Are Dead (2022- ) ⭐IMDB: 7.5/10 (53 k Votes) 🎬 #Action #Drama #Fantasy #Adventure #SciFi #Horror #Thriller 🗓️ 2022- 🎞️ tv series 📺 1080p 🌎 #SouthKorea ⏰ 1 နာရီ 00 မိနစ် 00 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 All of Us Are Dead (2022)All of Us Are Dead (2022) ဇာတ်လမ်းတွဲအညွှန်း****************************************** အပိုင်း ၁ မှ ၁၂ (အစ-အဆုံး) “ဇွန်ဘီတွေက ရုပ်ရှင်ထဲမှာပဲ ရှိရမှာလေ…ဘာလို့ ငါတို့ကျောင်းမှာလဲ?” သာမန်နေ့တစ်နေ့ကိုပဲ ဖြတ်သန်းနေတဲ့ Hyosan အထက်တန်းကျောင်းက ကျောင်းသားတွေ…ကျောင်းမှာ ဇွန်ဘီဗိုင်းရပ်စ် ကူးစက်လာပြီး သူငယ်ချင်းတွေက ဇွန်ဘီတွေဖြစ်သွားတဲ့ အခိုက်အတန့်…ဒါ့အပြင် ပိတ်မိနေတာတောင် ကူကယ်မယ့်သူမရှိဘဲ ကိုယ့်လွတ်လမ်းကိုရှာဖွေပြီး အသက်ရှင်ဖို့ကြိုးပမ်းရတဲ့အခါမှာတော့…ကျောင်းသားတွေရဲ့စာအံသံ၊ စလိုက်နောက်လိုက် ရန်ဖြစ်သံတွေနဲ့ ပြည့်နေတဲ့ကျောင်းလေးမှာ သွေးသံတရဲရဲ အော်ဟစ်သံတွေက ကြောက်မက်ဖွယ် ဖုံးလွှမ်းသွားပါတော့တယ်။ ဒီကားလေးထဲမှာ မျက်နှာသစ်သရုပ်ဆောင်အများစုကို သုံးထားပြီး လက်တွေ့ဆန်အောင်ရိုက်ကူးထားတဲ့အတွက် ကိုယ့်ကျောင်းမှာ တကယ်ဖြစ်နေသလိုခံစားရစေမှာပါ။ပိုကောင်းကောင်းခံစားချင်ရင် အခန်းမီးမှိန်မှိန်မှာ အသံကျယ်ကျယ်ဖွင့်ကြည့်ဖို့လည်း ဒါရိုက်တာတစ်ယောက်က recommend ပေးထားပါသေးတယ်^^ တစ်ပြိုင်တည်း ၁၂ပိုင်းလုံးထွက်ရှိမှာဖြစ်လို့ သောကြာနေ့ညကို ကုန်ဆုံးဖို့ ဇာတ်လမ်းကောင်းရှာနေတဲ့ CM ပရိသတ်ကြီးအတွက် ဒီကားလေးကို ကြည့်ရှုခံစားကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေနော် …(အညွှန်းကို Ei Phyu Khin က ရေးသားပေးထားပါတယ်) Aired: January 28, 2022 Aired On: FridayDuration: 42minsEpisodes: 12Genres: Action, Drama, Thriller, Sci-Fi & FantasyQuality & File Size: 1080p(~1GB), 720p(~600MB)

Doraemon: Nobita's Little Star Wars (1985) ⭐IMDB: 7.1/10 (470 Votes) 🎬 #Adventure #Animation #Family #Fantasy #SciFi 🗓️ 1985 🎞️ movie 📺 1080p 🌎 #Japan ⏰ 1 နာရီ 38 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Doraemon: Nobita’s Little Star Wars———————————————————–ကျွန်တော်တို့ကလေးဘဝရဲ့အချစ်တော် ကြောင်စက်ရုပ်လေးဒိုရေမွန်ရဲ့ ဒီကားဟောင်းလေးကတော့မူရင်း Star Wars ဇာတ်ကားတွေကို parody သဘောနဲ့ရိုက်ထားတာလို့ ယူဆလို့ရပါတယ်။ ဘယ်အရာမှ မဖြစ်နိုင်ဘူးဆိုတာမရှိတဲ့ ဒိုရေမွန်ကားတွေရဲ့ထုံးစံအတိုင်း ဇာတ်လမ်းအစမှာ အာကာသတစ်နေရာမှာတိုက်ပွဲဖြစ်နေပုံနဲ့အစပျိုးထားပြီးနောက် ကမ္ဘာမြေပေါ်မှာတော့ နိုဘိတတို့သူငယ်ချင်းတစ်သိုက်ဟာအရုပ်တွေ ပုံစံငယ်လေးတွေနဲ့ အာကာသတိုက်ပွဲဆိုပြီး ဆော့ကစားနေကြတာပေါ့။ အဲဒီလိုသူတို့ကစားကွင်းကို ကစားစရာဆိုဒ်ဒုံးပျံယာဥ်အစစ်နဲ့အတူ ပါပီဆိုတဲ့ဂြိုဟ်သားပိစိလေးရောက်ချလာပြီးသူဟာသူ့ဂြိုဟ်ကနေထွက်ပြေးလာတဲ့သမ္မတဖြစ်ကြောင်းနဲ့ သူ့ကိုဖမ်းဖို့လိုက်လာတဲ့ရန်သူတွေပါလာကြောင်း ပြောပြတဲ့အခါမှာတော့ ဒိုရေမွန်တို့တွေဟာ ပါပီကိုကာကွယ်ဖို့အစွမ်းကုန်ကြိုးစားခဲ့ပေမယ့် အဖမ်းခံလိုက်ရလို့ သူ့ဂြိုဟ်အထိပါလိုက်ကယ်ရတဲ့အခါမှာတော့ ဘယ်လိုစွန့်စားခန်းတွေဖွင့်ကြမလဲဆိုတာ…

...ing (2003) ⭐IMDB: 7.2/10 (2 k Votes) 🎬 #Drama #Romance 🗓️ 2003 🎞️ movie 📺 1080P 🌎 #SouthKorea ⏰ 1 နာရီ 44 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 …ing (2003) IMDb 7.2 / My Drama List 7.4 အင်္ဂလိပ်ဝေါဟာရ “Present” ဟာ မြန်မာလို“လက်ရှိ” လို့ ဘာသာပြန်လို့ ရသလို “လက်ဆောင်” လို့လည်း ဘာသာပြန်လို့ရပါတယ် ကိုယ့်ရဲ့”လက်ရှိ”အချိန်ဟာ ကိုယ်လုပ်ချင်တာတွေ လုပ်ဖို့အတွက် ဘဝကို ပျော်ရွှင်ခံစားဖို့အတွက် ကိုယ်ပိုင်ဆိုင်ထားတဲ့ အကောင်းဆုံး “လက်ဆောင်” ပါပဲ အဲ့ဒါကြောင့် “Present is Present❤” “လက်ရှိက လက်ဆောင်” လို့ ပြောကြပါတယ် ဒီဇာတ်ကားလေးမှာလည်း သမီးဖြစ်သူ ဘဝကို အဓိပ္ပါယ်မဲ့ ဆွဲဆန့် ရှင်သန်နေရမယ့်အစား လက်ကျန်အချိန်လေးမှာ ဘဝအရသာကို ပျော်ရွှင်ခံစားခွင့်ရအောင် ဖန်တီးပေးခဲ့တဲ့ မိခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို အသည်းနင့်ဖွယ် တွေ့မြင်ခံစားရမှာပါ ကိုရီးယားတွေဟာ melodrama အချစ်ဇာတ်လမ်းတွေကို ရိုက်ကူး တင်ပြရာမှာ ထိပ်တန်းမှာ ရှိနေတာ အားလုံးအသိပါ နေမကောင်းဖြစ်နေတဲ့ ကောင်မလေးနဲ့ ကောင်လေးရဲ့ အချစ်ဇာတ်လမ်း တွေကိုလည်း မရေနိုင်အောင် ရိုက်ကူးခဲ့ ရိုက်ကူးနေကြဆဲပါ ဒါပေမယ့် ဒီ “…ing” ရုပ်ရှင်လေးလိုမျိုး ငြိမ့်ငြိမ့်လေးနဲ့ ရင်ထဲနင့်နေအောင် ခံစားရစေတဲ့ ဇာတ်ကားတွေကတော့ ရှားပါတယ် အားလုံးရဲ့ အချစ်ဦး Kim Rae Won နဲ့ မမလှလှ Lim Su Jeong တို့ကလည်း ဓာတုဗေဒမိမိ ပါဝင် သရုပ်ဆောင်ထားပါတယ် ဒီ Old but gold (အိုင့်အတွက်တော့ old but diamond ပါ) ရုပ်ရှင်ကားကောင်းလေးကို ကြည့်ဖြစ်အောင် ကြည့်ကြပါလို့ တိုက်တွန်းရင်း…

Doraemon: Nobita's Little Star Wars (1985) ⭐IMDB: 7.1/10 (470 Votes) 🎬 #Adventure #Animation #Family #Fantasy #SciFi 🗓️ 1985 🎞️ Movie 📺 720p HD 🌎 #Japan ⏰ 1 နာရီ 38 မိနစ် 14 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Doraemon: Nobita’s Little Star Wars———————————————————–ကျွန်တော်တို့ကလေးဘဝရဲ့အချစ်တော် ကြောင်စက်ရုပ်လေးဒိုရေမွန်ရဲ့ ဒီကားဟောင်းလေးကတော့မူရင်း Star Wars ဇာတ်ကားတွေကို parody သဘောနဲ့ရိုက်ထားတာလို့ ယူဆလို့ရပါတယ်။ ဘယ်အရာမှ မဖြစ်နိုင်ဘူးဆိုတာမရှိတဲ့ ဒိုရေမွန်ကားတွေရဲ့ထုံးစံအတိုင်း ဇာတ်လမ်းအစမှာ အာကာသတစ်နေရာမှာတိုက်ပွဲဖြစ်နေပုံနဲ့အစပျိုးထားပြီးနောက် ကမ္ဘာမြေပေါ်မှာတော့ နိုဘိတတို့သူငယ်ချင်းတစ်သိုက်ဟာအရုပ်တွေ ပုံစံငယ်လေးတွေနဲ့ အာကာသတိုက်ပွဲဆိုပြီး ဆော့ကစားနေကြတာပေါ့။ အဲဒီလိုသူတို့ကစားကွင်းကို ကစားစရာဆိုဒ်ဒုံးပျံယာဥ်အစစ်နဲ့အတူ ပါပီဆိုတဲ့ဂြိုဟ်သားပိစိလေးရောက်ချလာပြီးသူဟာသူ့ဂြိုဟ်ကနေထွက်ပြေးလာတဲ့သမ္မတဖြစ်ကြောင်းနဲ့ သူ့ကိုဖမ်းဖို့လိုက်လာတဲ့ရန်သူတွေပါလာကြောင်း ပြောပြတဲ့အခါမှာတော့ ဒိုရေမွန်တို့တွေဟာ ပါပီကိုကာကွယ်ဖို့အစွမ်းကုန်ကြိုးစားခဲ့ပေမယ့် အဖမ်းခံလိုက်ရလို့ သူ့ဂြိုဟ်အထိပါလိုက်ကယ်ရတဲ့အခါမှာတော့ ဘယ်လိုစွန့်စားခန်းတွေဖွင့်ကြမလဲဆိုတာ…

...ing (2003) ⭐IMDB: 7.2/10 (2 k Votes) 🎬 #Drama #Romance 🗓️ 2003 🎞️ Movie 📺 720p HD 🌎 #SouthKorea ⏰ 1 နာရီ 44 မိနစ် 51 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 …ing (2003) IMDb 7.2 / My Drama List 7.4 အင်္ဂလိပ်ဝေါဟာရ “Present” ဟာ မြန်မာလို“လက်ရှိ” လို့ ဘာသာပြန်လို့ ရသလို “လက်ဆောင်” လို့လည်း ဘာသာပြန်လို့ရပါတယ် ကိုယ့်ရဲ့”လက်ရှိ”အချိန်ဟာ ကိုယ်လုပ်ချင်တာတွေ လုပ်ဖို့အတွက် ဘဝကို ပျော်ရွှင်ခံစားဖို့အတွက် ကိုယ်ပိုင်ဆိုင်ထားတဲ့ အကောင်းဆုံး “လက်ဆောင်” ပါပဲ အဲ့ဒါကြောင့် “Present is Present❤” “လက်ရှိက လက်ဆောင်” လို့ ပြောကြပါတယ် ဒီဇာတ်ကားလေးမှာလည်း သမီးဖြစ်သူ ဘဝကို အဓိပ္ပါယ်မဲ့ ဆွဲဆန့် ရှင်သန်နေရမယ့်အစား လက်ကျန်အချိန်လေးမှာ ဘဝအရသာကို ပျော်ရွှင်ခံစားခွင့်ရအောင် ဖန်တီးပေးခဲ့တဲ့ မိခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို အသည်းနင့်ဖွယ် တွေ့မြင်ခံစားရမှာပါ ကိုရီးယားတွေဟာ melodrama အချစ်ဇာတ်လမ်းတွေကို ရိုက်ကူး တင်ပြရာမှာ ထိပ်တန်းမှာ ရှိနေတာ အားလုံးအသိပါ နေမကောင်းဖြစ်နေတဲ့ ကောင်မလေးနဲ့ ကောင်လေးရဲ့ အချစ်ဇာတ်လမ်း တွေကိုလည်း မရေနိုင်အောင် ရိုက်ကူးခဲ့ ရိုက်ကူးနေကြဆဲပါ ဒါပေမယ့် ဒီ “…ing” ရုပ်ရှင်လေးလိုမျိုး ငြိမ့်ငြိမ့်လေးနဲ့ ရင်ထဲနင့်နေအောင် ခံစားရစေတဲ့ ဇာတ်ကားတွေကတော့ ရှားပါတယ် အားလုံးရဲ့ အချစ်ဦး Kim Rae Won နဲ့ မမလှလှ Lim Su Jeong တို့ကလည်း ဓာတုဗေဒမိမိ ပါဝင် သရုပ်ဆောင်ထားပါတယ် ဒီ Old but gold (အိုင့်အတွက်တော့ old but diamond ပါ) ရုပ်ရှင်ကားကောင်းလေးကို ကြည့်ဖြစ်အောင် ကြည့်ကြပါလို့ တိုက်တွန်းရင်း…