ဇာတ်ညွှန်းများ • FDMN
Закритий канал
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
After (2023) ⭐IMDB: 6.0/10 (93 Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #France ⏰ 1 နာရီ 12 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 After 2023 ပဲရစ် လူတိုင်းက City of Romanceလို့ တင်စားရတဲ့မြို့ရဲ့ ကလပ်တစ်ခုမှာ ဆုံတွေ့ခဲ့တဲ့ ဖီလစ်စီနဲ့ဆာအစ် ကလပ်ဆိုတဲ့အတိုင်း ကခုန်မူးရူးကြရင်း စကားတွေပြောရင်းနဲ့ ပါတီပွဲဆက်တစ်ခုကိုလိုက်ဖို့ဖီလစ်စီက ဆာအစ်ကိုဖိတ်ရင်း ဖီလစ်စီအိမ်ကိုရောက်ဖို့ ဖြစ်လာတဲ့အခါ… လူတိုင်းရဲ့ အိပ်မက်မြို့တော်လို့တင်စားရတဲ့ ပဲရစ်မြို့ရဲ့ လှပတဲ့နောက်ကွယ်ကလူမျိုးရေးခွဲခြားမှုတွေ ရုန်းကန်ရတာတွေ ပင်ပန်းမှုတွေနဲ့ night lifeနောက်ကွယ်ကလူတွေကြားမှာ လျော့ပါးလာတဲ့ခံစားချက်တွေအကြောင်းဆွေးနွေးသွားပုံလေးတွေကို ရှုစားလိုက်ရအောင်ပါ။...
Secretariat (2010) ⭐IMDB: 7.2/10 (31 k Votes) 🎬 #Biography #Drama #Family #History #Sport 🗓 2010 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 3 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 တစ်ချိန်က ပြိုင်မြင်းလောကရဲ့ အမြန်ဆုံးမြင်းဖြစ်ခဲ့တဲ့ စက်ကပ်ထရီးရက် 25 နှစ်ကြာစံချိန်ကိုချိုးဖျက်ပြီးတော့ triple crownကိုဆွတ်ခူးနိုင်ခဲ့တဲ့ ပြိုင်မြင်းကြီး ဘစ်ရက်ဒ် အကြောင်း ရိုက်ကူးထားတဲ့ biography sport drama ကောင်းလေးကို တင်ဆက်ပေးချင်ပါတယ်။ မြင်းပြိုင်ပွဲ ခေတ်စားတဲ့နိုင်ငံတွေမှာတော့ Secretriatကို မသိသူမရှိကြပေမဲ့ ဒီမှာလည်း ပြိုင်မြင်းအကြောင်း စိတ်ဝင်စား သူတွေရှိရင်တော့ ကြည့်ဖူးထားသင့်တဲ့ရုပ်ရှင်လေးပါပဲ။ ဒန်ဗာမှာ အိမ်ရှင်မလုပ်နေတဲ့ ပန်နီချနရီတစ်ယောက် အမေဆုံး သွားတဲ့အကြောင်း ကြားလိုက်ရချိန်မှာတော့ ရုတ်တရက် သူ့ရဲ့ မွေးရပ်မြေကို ပြန်လာဖို့ဖြစ်လာပါတယ်။ အဲဒီမှာပဲ အဖေလည်း သတိမေ့ရောဂါအခြေအနေဆိုးနေပြီ မိသားစုလုပ်ငန်းဖြစ်တဲ့ မြင်းမွေးခြံလုပ်ငန်းကြီးကလည်း အုပ်ထိန်းသူမရှိတော့ ဖရိုဖရဲပေါ့။ ဒီလို အမျိုးသားတွေကြီးစိုးတဲ့ ပြိုင်မြင်းလောကထဲကို မိဘအမွေမို့ ထိန်းဖို့ ဖြစ်လာတဲ့ လူသစ်အမျိုးသမီးပန်နီချနရီ၊ လူတွေရဲ့ အထင် သေးမှု လှောင်ပြောင်မှုတွေကြားက သူယုံကြည်ရတဲ့ မြင်းမွေးခြံက လူတွေနဲ့ သူရွေးချယ်ထားတဲ့ သူ့ကိုသိပ်ချစ်တဲ့ မြင်းနီကြီး Secretriatနဲ့ အတူ ယောက်ျားကအစ အစ်ကိုအဆုံး တစ်လောကလုံးနဲ့ ဘယ်လို ဆန့်ကျင်ရင်း triple crownဆုကို ဘယ်လိုယူပြမလဲဆိုတာ ရှုစားကြရအောင်ပါ။...
Ghudchadi (2024) ⭐IMDB: 7.0/10 (72 Votes) 🎬 #Bollywood #Family #Drama #Romance 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 54 မိနစ် 24 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Ghudchadi (2024) “သားအဖနှစ်ယောက် ငါးပါးမှောက်”Genre – Family, Comedy, Romance နာမည်ကျော်မင်းသားကြီး တစ်လက်ဖြစ်တဲ့ Sanjay Dutt ရဲ့ ၂၀၂၄ ခုနှစ်အသစ်ထွက်ရှိထားတဲ့ မိသားစုဟာသအချစ်ကားလေးကို တင်ဆက်ပေးလိုက်ချင်ပါတယ်ဗျာ။ဒါအပြင် မင်းသမီးချောကြီး Raveena Tandon တို့အပြင်တခြားမင်းသမီးငယ်ငယ်ချောချောလေး Khushali Kumar ကပါအားဖြည့်ထားတော့ မိုက်နေရောပေါ့။ ဇာတ်လမ်းလေးကတော့ တစ်ဦးနဲ့တစ်ဦး သိပ်ချစ်ခင်ပြီး နွေးထွေးကြတဲ့အဘွားရယ် အဖေရယ် သားဖြစ်သူရယ်ဆိုပြီး မိသားစုလေး ရှိကြတယ်။အဘွားဖြစ်သူက ဘုရားတရားလုပ် လူကြီးဖြစ်တဲ့အတွက် ခေတ်မမှီတဲ့လူပေါ့လေ၊အဖေကတော့ စစ်ပြန်အငြိမ်းစား ကာနယ်ကြီးတစ်ယောက် အပေါင်းအသင်းတွေနဲ့ဂေါက်လေးဘာလေးရိုက်ပြီး မိခင်အမေအိုကြီးကို စောင့်ရှောက်ပေးနေသူ၊သားဖြစ်သူကျ သူငယ်ချင်းတစ်ယောက်နဲ့အတူ အတွင်းခံလုပ်ငန်းကြီးကိုစွန့်ဦးတီထွင်သူအဖြစ် စတင်လှုပ်ရှားနေကြတာပေါ့။ သားဖြစ်သူကိုလည်း အဘွားဖြစ်သူရော အဖေဖြစ်သူကပါ မျက်စိနောက်ပြီးမိန်းမပေးစားချင်နေပေမဲ့လည်း အဆင်မပြေနေဘူးပေါ့လေ။ တစ်ရက်ကျသားဖြစ်သူက သူငယ်ချင်းမင်္ဂလာဆောင်သွားရင်းနဲ့ သတို့သမီးရဲ့သူငယ်ချင်းဖြစ်သူလေးကို ကြွေလာပါလေရော။ ဒါတင်မကဘူး အဖေဖြစ်သူကလည်း မိန်းမဖြစ်သူ ဆုံးထားတာ နှစ် ၂၀ လောက်ရှိနေတဲ့အချိန်ရုတ်တရက် ငယ်ချစ်ဦးနဲ့ ပြန်ဆုံတွေတဲ့အချိန် ငယ်ကအချစ်အနှစ်တရာဆိုပြီးလုပ်။ခက်တာက သားအဖနှစ်ယောက်ခင်ဗျာ ဝဠ်ကြွေးပါလာခဲ့တော့သူတို့ကြိုက်မိနေတာလည်း ဟိုဖက်မှာ သားအမိဖြစ်နေကြတဲ့အခါဘယ်လိုတွေ ဆက်ဖြစ်ကြမလဲဆိုတာကို တေးသံစုံ ဇာတ်မြူးလေးပေါ့ပေါ့ပါးပါး ကြည့်ရမှာပဲ ဖြစ်ပါတယ်ဗျာ။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)...
Phir Aayi Hasseen Dillruba (2024) ⭐IMDB: 6.1/10 (1 k Votes) 🎬 #Bollywood #Crime #Drama #Mystery #Thriller #Romance 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 13 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Phir Aayi Hasseen Dillruba (2024) “ချစ်ရပါသော”IMDb – 6.3/10 စောင့်မျှော်နေကြတဲ့ Haseen Dillruba(2021)ရုပ်ရှင်ရဲ့ နောက်ဆက်တွဲဇာတ်လမ်းကိုNetflixကနေ ထုတ်လွှင့်ခဲ့ပြီဖြစ်လို့ တင်ဆက်ပေးလိုက်ပါတယ်။အရင်ဇာတ်ကောင်တွေပဲဖြစ်တဲ့ ၁၂တန်းကျမင်းသား ဗီခရန့်၊ကျွန်တော့်အတွက်တော့ ဘယ်မင်းသမီးမှ တုပြိုင်ကာယှဉ်လို့မနှိုင်းနိုင်တဲ့မင်းသမီးချောလေး တာ့ပ်ဆီးတို့ပါပဲ။ မင်းသား မင်းသမီးရဲ့အချစ်ဇာတ်လမ်းကို မသိသေးဘဲ ဒီကားကြည့်ရင်တော့ တစ်ခုခုလိုအပ်နေသလိုခံစားရမှာဖြစ်လို့ မကြည့်ဖူးသူတွေက Haseen Dillruba(2021)ကို အရင်ကြည့်လိုက်ကြပါဦး။ ချစ်သူအတွက် လက်တစ်ဖက်ကို စတေးခဲ့တဲ့ အချစ်သူရဲကောင်းကြီး ရီရှူ။အရင်ကားဇာတ်သိမ်းမှာပြီးသွားတဲ့အတိုင်း ရီရှူတစ်ယောက်အချစ်အတွက် အရာရာစတေးပြီးထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ တရားဥပဒေကိုတော့ အချစ်နဲ့သက်သေပြလို့မရတဲ့အတွက် တိမ်းရှောင်နေရင်းအချစ်က မြစ်တစ်စင်းဆို ကမ်းတစ်ဖက်စီဖြစ်လို့နေတဲ့ ချစ်သူနှစ်ယောက်အချစ်မြစ်ကြီးကိုဖြတ်သန်းဖို့ကြိုးစားကြရာမှာမထင်မှတ်ထားတဲ့ ဇာတ်အလှည့်အပြောင်းတွေနဲ့ကံကြမ္မာတစ်ပတ်လည်ပြန်လေသလားဆိုတာ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)...
Girl House (2014) ⭐IMDB: 5.5/10 (10 k Votes) 🎬 #Horror #Thriller 🗓 2014 🎞 movie 🌎 #Canada ⏰ 1 နာရီ 41 မိနစ် 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 “Girl House” ဆိုတဲ့ ရုပ်ရှင်ဟာ စိတ်လှုပ်ရှားစရာ ဇာတ်လမ်းနဲ့ ကြည့်ရတာကောင်းတဲ့ သည်းထိတ်ရင်ဖိုရုပ်ရှင်ဖြစ်ပါတယ်။”Girl House” ဟာ အွန်လိုင်းတွင် လူကြီးအကြည့် စီစဉ်မှုလုပ်ငန်းတစ်ခုတွင် အလုပ်လုပ်နေတဲ့ လူငယ်မိန်းကလေးတွေကို အခြေခံထားတဲ့ ဇာတ်လမ်းဖြစ်ပြီး၊ ဒီအလုပ်ကို လုပ်ရင်း အန္တရာယ်တွေနဲ့ ရင်ဆိုင်ရမယ့် ကောင်မလေး Kylie (Ali Cobrin) ရဲ့ အတွေ့အကြုံကို ပုံဖော်ပြထားပါတယ်။ Kylie သည် သူ့အမေရဲ့ ကုန်ကျစရိတ်များတဲ့အတွက် Girl House လို့ခေါ်တဲ့ အွန်လိုင်းအိမ်တွင် အလုပ်လုပ်ရင်း ဇာတ်လမ်းစတင်ပါတယ်။ Kylie က သူ့ရဲ့ အလုပ်ကို သာမာန်အလုပ်တစ်ခုလိုလုပ်ရင်း အမိုက်စား အိုင်တီနည်းပညာတွေနဲ့ အွန်လိုင်းဘဝကို ဖြတ်သန်းနေစဉ်၊ လျှို့ဝှက်သော ပုရိသတစ်ယောက်ဖြစ်တဲ့ “Loverboy” (Slaine) ဟာ အစီအစဉ်ကို ကြည့်ရှုနေပြီး ဆိုးရွားတဲ့ အန္တရာယ်တွေနဲ့ သူ့ကို ရင်ဆိုင်စေတဲ့အခါမှာ ဇာတ်လမ်းက ပိုမိုစိတ်ဝင်စားစရာဖြစ်လာပါတယ်။ “Girl House” ဟာ သည်းထိတ်ရင်ဖို၊ အင်တာနက်အန္တရာယ်နဲ့ ဆက်စပ်တဲ့ ဇာတ်လမ်းဖြစ်လို့ သင့်ရဲ့ ရင်ခုန်စိတ်လှုပ်ရှားမှုကို တက်သက်စေမှာပါ။ သရုပ်ဆောင်တွေကလည်း ထူးချွန်ပြီး ဇာတ်လမ်းက အလှည့်အပြောင်းတွေနဲ့ စိတ်ဝင်စားဖွယ် ဖြစ်စေပါတယ်။Horror ရုပ်ရှင်တွေရဲ့သဘောအတိုင်း ကိုယ်ကြည့်ရှုမှပဲ ခံစားချက်အပြည့်အဝရတာဖြစ်လို့ ကြည့်ရှုခံစားပေးပါဦး။...
Johnson Family Vacation (2004) ⭐TMDB: 55% User Score 🎬 #Comedy #Family 🗓 2004 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 37 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 File size…(2.1 GB)/(1.2 GB)Quality….Webrip 1080p / 720pFormat…mp4Duration….01:33:00Genre… Comedy, FamilySubtitle….Myanmar Subtitle (Hardsub)Encoder….Mr. AndersonTranslated by Leo...
Jade (2024) ⭐IMDB: 3.6/10 (371 Votes) 🎬 #Action #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 29 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဂျိတ်နဲ့သူ့အကိုဘရန်တို့ဟာ ငယ်ငယ်ကတည်းမိဘတွေသေဆုံးခဲ့ပြီး အဖွဲ့စည်းတစ်ခုတည်းဝင်ခဲ့တယ် မစ်ရှငိတွေလုပ်ရင် ဂျိတ်ဟာသူ့အကို ဘရန်ကိုမတော်တဆပစ်သတ်မိခဲ့တယ် အဲ့ကတည်းကဂျိတ်ကအဖွဲ့ထဲထွက်ခဲ့ပြီး သေနတ်ဘယ်တော့မှမကိုင်တော့ပါဘူး ဒါမဲ့တစ်နေ့မှာတော့သူ့သူငယ်ချင်းလိုဂန်ကသူ့ဆီ စတစ်ပြားပါတဲ့ အမဲရောင်ဘူးလေးတစ်ဘူးပေးခဲ့ပါတယ် အဲ့အချိန်ကစပြီး သူ့နောက်ကိုဂိုဏ်းတွေကလိုက်ခဲ့ကြပြီး သူထွက်ပြေးနေခဲ့ပါတယ် သူလွတ်မြောက်မလားဖမ်းရမလားဆိုတော့ ကြည်ှရှူခံစားကြည့်လိုက်ကြပါရှင်...
New Kung Fu Cult Master 2 (2022) ⭐IMDB: 5.3/10 (303 Votes) 🎬 #Action #Fantasy #Drama #Romance 🗓 2022 🎞 movie 🌎 #HongKong #China ⏰ 1 နာရီ 54 မိနစ် 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 New Kung Fu Cult Master ရဲ့ အဆက်ဖြစ်တဲ့ အတွဲ၂ ပဲဖြစ်ပါတယ်အတွဲ ၁ ကိုလဲ Cm မှာတင်ဆက်ထားပြီးဖြစ်ပါတယ်ဒီလင့်မှာ ရှာလို့ရပါတယ် ပထမတွဲမှာ ကျန်းဝူကျိတယောက် အားပြောင်းအားလွဲသိုင်းကို ဘယ်လိုတတ်ခဲ့တယ်မင်ဂိုဏ်းချုပ်ဘယ်လိုဖြစ်လာခဲ့တယ် အပါအဝင် ငယ်ဘဝကိုသေချာရိုက်ကူးတင်ဆက်ထားပြီးပြီပဲဖြစ်ပါတယ် နဂါးနိုင်ဓါးနဲ့တိမ်လွှာဓားတို့ရဲ့ ဇာတ်ကြောင်းတွေအပါအဝင်မွန်ဂိုဘုရင်ရဲ့ သမီးတော် ကျောက်မိန်လဲ ပါဝင်လာခဲ့ပြီဖြစ်ပါတယ်ဂိုဏ်းကြီး ၆ ဂိုဏ်းရဲ့ တိုက်ခိုက်မှုကို တွန်းလှန်နိုင်ခဲ့တဲ့မင်ဂိုဏ်းမှာ ကျန်းဝူကျိတယောက် ဂိုဏ်းချုပ်ဖြစ်လာပြီးတဲ့နောက်ပြောင်းလဲမှုတွေကို ဆက်လက်ကြည့်ရှုရပါတော့မယ် ပထမကားမှာ ကျောက်မိန်ဟာဝူတန်ကို ကျူးကျော်ခဲ့ပြီးကျန်းဝူကျိကြောင့်နောက်ပြန်ဆုတ်ခဲ့ရပါတယ်ဒါ့အပြင် ကျောက်မိန်ဟာ ဂိုဏ်းကြီး ၆ဂိုဏ်းရဲ့ဂိုဏ်းချုပ်တွေကိုလဲ ဖမ်းဆီးထားပါသေးတယ်ဒီတော့ လူတွေကယ်ချင်ရင် ဘုရားကျောင်းကိုလိုက်ခဲ့ပါဆိုပြီး ပြောကာထွက်သွားရင်ဇာတ်လမ်းကိုအဆုံးသတ်ထားတာကိုတွေ့ရပါမယ် ဒီဇာတ်လမ်းမှာတော့ ကျန်းဝူကျိတယောက်ဂိုဏ်းကြီး၆ဂိုဏ်းရဲ့ ဂိုဏ်းချုပ်တွေကို ကယ်တင်မဲ့ဇာတ်ဝင်ခန်းနဲ့စထားပါတယ်ဒီတော့ ဘယ်လိုစွန့်စားခန်းတွေ သိုင်းချကွက်တွေနဲ့အတူ စိတ်ဝင်သွားဖွယ်တင်ဆက်သွားမလဲဆိုတာကိုဆက်လက်စောင့်ကြည့်ပါစို့...
New Kung Fu Cult Master (2022) ⭐IMDB: 5.1/10 (573 Votes) 🎬 #Action #Fantasy 🗓 2022 🎞 movie 🌎 #China #HongKong ⏰ 1 နာရီ 55 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 New Kung Fu Cult Master 1 (2022) “နဂါးနိုင်ဓါးဦးထိပ်ထားတိမ်လွှာဓါးရှင်မပေါ်လျှင် မည်သူအံတုနိုင်မည်နည်း။ “ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်ကို ကျွန်တော်တို့ပြန်သွားကြရအောင်။ဒီတစ်ခါတော့ Remake တွေခဏခဏရိုက်တဲ့ ဇာတ်လမ်းတွဲထဲကထွက်ပြီးနှစ်ပိုင်းလောက်နဲ့ပြီးမယ့် နဂါးနိုင်ဓား Version အသစ်လေးကို မြည်းစမ်းကြည့်ရမှာပါ။ ပထမဆုံးပြောချင်တာက Series မဟုတ်ပဲMovie Version ဖြစ်တဲ့အတွက်တစ်ချို့ဇာတ်ကောင်တွေ ဇာတ်ကွက်တွေ မပါတော့ပဲအရာရာကို ပေါ့ပေါ့ပါးပါး ပြသွားပြီး ဇာတ်လမ်း၀င်အောင်ရိုက်တာပါ။ ဒုတိယအချက်ကတော့ CGI တွေအများကြီးချောမောလှပတဲ့မင်းသားလေး လေပေါ်ဝဲနေတာမျိုးမဟုတ်ပဲလွန်ခဲ့တဲ့ နှစ် ၂၀ လောက်က မုဒ်မျိုးပြန်ပေးတဲ့တစ်ချက်ပါ။ တတိယကတော့ ကျန်းစမ်းဖုန်း ကိုယ်တော် ဒိုနီရမ်း ပါပဲ။ ဒီတော့များသောအားဖြင့် နဂါးနိုင်ဓါးခေတ်အဆက်ဆက်ကို ဖြတ်သန်းခဲ့ဖူးသူတွေချည်းမို့ဇာတ်လမ်းတွဲမဟုတ်တဲ့ ခပ်သွက်သွက်ဇာတ်လမ်းလေးကိုခံစားပြီး အတိတ်ကိုပြန်လွမ်းကြရအောင်လားဗျာ။ အတွဲ ၂ တွဲရှိပါတယ် အတွဲ ၂ ကိုဒီလင့်မှာကြည့်နိုင်ပါတယ်...
Eulogy (2004) ⭐TMDB: 65% User Score 🎬 #Comedy #Drama 🗓 2004 🎞 movie 🌎 #Germany #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 25 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDbs 6.5/10*************************************ဇာတ်လမ်းကတော့ ကိတ်တီတစ်ယောက် သူနဲ့တစ်ခါမှမဆုံဖူးတဲ့လူတွေကို သတင်းဆိုးတွေသွားပြောပေးရတာနဲ့ဇာတ်ဖွင့်ထားပါတယ် ဘာလို့သူဒီလိုလုပ်နေရတာလဲဆိုတော့ ဇာတ်ကြောင်းပြန်ရရင် သူ့ရဲ့ချစ်လှစွာသောအဖိုးဆုံးပါးသွားတာကနေ စတော့တာပါပဲ ဒီလိုနဲ့အဖိုးရဲ့အသုဘကိုအကြောင်းပြုပြီး သူတို့ညီအစ်ကိုမောင်နှမမိသားစုဝင်တစ်သိုက် ပြန်လည်ဆုံဆည်းဖို့အကြောင်းဖန်လာပါတော့တယ် ကိတ်တီဟာ အဖိုးအသုဘမှာချီးမွမ်းဂုဏ်ပြုစကားပြောပေးဖို့ဖြစ်လာရာကနေ မိသားစုတွင်းသဘောထားကွဲလွဲမှုတွေ နှစ်ဦးနှစ်ဖက်တင်းမာမှုတွေ ဖရိုဖရဲဖြစ်နေတဲ့မိသားစုကြားကအလွဲတွေနဲ့ နောက်ဆုံးမိသားစုလျှိူ့ဝှက်ချက်ကြီးကိုရင်ဆိုင်ကြရတဲ့အခါ ဘယ်လိုတွေရှေ့ဆက်ကြမလဲဆိုတာ ဟာသဆန်ဆန်ရိုက်ကူးထားတာပဲဖြစ်ပါတယ် မိသားစုဝင်ညီအကိုမောင်နှမတွေကြားက မတည့်အတူနေ ခိုင်မြဲတဲ့သံယောဇဥ်ကြိုးတွေကို dark comedy စတိုင် ပုံဖော်ထားတာမို့ ကြည့်ရှူခံစားကြည့်ကြပါအုံး...
Townhouse Confidential (2023) ⭐IMDB: 3.7/10 (116 Votes) 🎬 #Comedy #Romance 🗓 2023 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 38 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb – 5.3 တောင်းဟောက်စ်ဆိုတာကတော့ အနံကျဉ်းပြီး အလျားကျယ်တဲ့အပြင် အထပ်အများကြီးပါတဲ့ တိုက်အိမ်ကြီးအမျိုးအစားတွေပါ။ နယူးယော့ခ်မြို့ အနောက်ရွာမှာရှိတဲ့ တောင်းဟောက်စ်တွေကို ဝယ်ပြီး ဆောက်လုပ်ရေးစီမံကိန်းအဖြစ်ပြောင်းလဲဖို့ အနောက်ရွာ အိမ်ခြံမြေလုပ်ငန်းရဲ့ နာမည်ကြီး ဘဲရိုးမိသားစုက ဂျော့ ဘဲရိုးက စီစဉ်နေခဲ့ပါတယ်။ ဒါပေမဲ့ သူ့စီမံကိန်းကိုအပြီးသတ်ဖို့အတွက် အလယ်တည့်တည့်က တောင်းဟောက်စ်တစ်လုံးပဲထီးထီးကြီးကျန်နေခဲ့ပါတယ်။ အဲဒီတောင်းဟောက်စ်မှာတော့ အဲလစ်ဇဘတ်၊ လစ်ဒီရာနဲ့၊ မယ်ရီဆိုတဲ့ ပယ်ရီညီအစ်မသုံးယောက်နေကြပြီး သူတို့မိဘတွေဆီကတွေ အမွေရထားတာပဲဖြစ်ပါတယ်။ အိမ်ကြီးအိမ်ကောင်းနဲ့နေကြပေမဲ့ ညီအစ်မသုံးယောက်ပေါင်းလို့မှ သာမာန်လစာပဲရကြတာပါ။ အပေါင်စာချုပ်တွေ၊ အခွန်အခတွေနဲ့ ပြင်ဆင်စရိတ်တွေကြောင့် သူတို့အိမ်မှာပိုနေတဲ့ ပန်းခြံတိုက်ခန်းကို အိမ်ငှားတင်ဖို့ လူငှားရှာနေကြတာလည်းဖြစ်ပါတယ်။ တနေ့မှာတော့ သူတို့ချေးမထားတဲ့ ဒေါ်လာတစ်သိန်းအတွက် အတိုးမသွင်းလို့ တစ်ပတ်အတွင်းအိမ်ကိုသိမ်းမယ်ဆိုတဲ့ ဘဏ်အကြောင်းကြားစာရောက်လာခဲ့ပြီး သူတို့ရဲ့ အိမ်တန်ဖိုးနဲ့ညီတဲ့ ချက်လက်မှတ်စာအုပ်ကလည်းပျောက်နေမှန်းသိလိုက်ရတဲ့အခါမှာတော့ ပယ်ရီညီအစ်မတွေ ဘယ်လိုဖြေရှင်းကြရမလဲ၊ ဂျော့ ဘဲရိုးရဲ့ စီမံကိန်းလက်ထဲပဲထိုးအပ်လိုက်ရမှာလားဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။...
Shallow Ground (2005) ⭐TMDB: 50% User Score 🎬 #Horror 🗓 2005 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 37 မိနစ် 25 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ Shallow Ground ဆိုတဲ့Horror ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ် ဇယတ်လမ်းအကျဥ်းလေးကတော့……တောအုပ်ထဲမှာတည်ရှိတဲ့ရဲစခန်းတစ်ခုကိုပိတ်သိမ်းပစ်တော့မှာဖြစ်လို့ အဲ့ဒီစခန်းမှာတာဝန်ထမ်းဆောင်တဲ့ရဲအရာရှိတွေကလည်း အဲ့မြို့လေးကနေထွက်သွားကြတော့မှာပါ ပြောင်းရွှေ့ဖို့အတွက်ပြင်ဆင်နေတဲ့နေ့မှာ စခန်းမှာ ရဲအရာရှိနှစ်ယောက်ဖြစ်တဲ့ စတူးဝါ့ထ်နဲ့လော်ရာတို့နှစ်ယောက်တည်းရှိနေစဥ် လူငယ်ကောင်လေးတစ်ယောက်က အဝတ်အစားမပါဘဲ တစ်ကိုယ်လုံးသွေးတွေပေကျံပြီး စခန်းကိုရောက်လာပါတယ် လက်ထဲမှာလည်းဓားတစ်ချောင်းကိုကိုင်ထားတာကြောင့် စတူးဝါ့ထ်နဲ့လော်ရာတို့လည်း ကောင်လေးကိုဖမ်းထားပြီး ရဲမှူးဂျက်ကိုသွားခေါ်ရပါတယ် အဲ့ဒီကောင်လေးရဲ့သရုပ်မှန်ကဘာဖြစ်မလဲ…………အဲ့ဒီကောင်လေးအကြောင်းကိုစုံစမ်းရင်းနဲ့ အဲ့နယ်မြေတစ်ဝိုက်မှာဖြစ်ပွားခဲ့တဲ့လူပျောက်အမှုတွေနဲဆက်စပ်နေတာကိုတွေ့လိုက်ရပါတယ် နောက်ပိုင်းမှာ ပိုပြီးပဟေဠိဆန်လာပြီး လူပျောက်မှုတွေကိုနောက်ကွယ်ကကြိုးကိုင်နေတာဘယ်သူလဲဆိုတာကို ရဲမှူးဂျက်တစ်ယောက် အဖြေရှာတွေ့သွားမလား...
Forever (2023) ⭐IMDB: 6.2/10 (681 Votes) 🎬 #Drama #Sport 🗓 2023 🎞 movie 🌎 #Sweden ⏰ 1 နာရီ 44 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဘောလုံးအားကစားအကြောင်းရိုက်ကူးထားတဲ့ Sport/Drama ရုပ်ရှင်ကားကောင်းလေးပါ။ မီလာနဲ့ကီယာတို့က လင်ဒန်လို့ခေါ်တဲ့မြို့လေးမှာ ကျောင်းတက်နေကြပြီး အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ပါ။ မီလာနဲ့ကီယာက အမြဲ စားအတူ သွားအတူဖြစ်ပြီး မိဘတွေအချင်းချင်းလည်းသိကျွမ်းကြပါတယ်။ အမျိုးသမီးကျောင်းဘောလုံးအသင်းမှာလည်း မီလာနဲ့ကီယာက ရှေ့တန်းကစားကြတာပါ။ မီလာရဲ့အိပ်မက်က ဂိုသီယာမြို့မှာကျင်းပတဲ့ ဂိုသီယာဖလားမှာ ၀င်ရောက်ယှဉ်ပြိုင်နိုင်ပြီး ပရိုပလေယာတစ်ယောက်ဖြစ်လာဖို့ပါ။ ဒီလိုနဲ့ မီလာတို့ရဲ့အမျိုးသမီးကျောင်းဘောလုံးအသင်းလေးဆီကို ဆွီဒင်နိုင်ငံကိုယ်စားပြုပရိုပလေယာတစ်ဦးဖြစ်တဲ့ လိုလိုလို့အမည်ရတဲ့အမျိုးသမီးတစ်ယောက်က နည်းပြလုပ်ပေးဖို့ရောက်ရှိလာတဲ့အချိန်မှာတော့ သူတို့အတွက်အနာဂတ်တက်လမ်းတစ်ခုပေါ်လာခဲ့ပါတယ်။ ဒါပေမဲ့ မီလာရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ ကီယာကတော့ နောက်ပိုင်းမှာ သူမ လျှောက်ချင်တဲ့လမ်းက မီလာနဲ့မတူတော့တဲ့အခါမှာ သူငယ်ချင်းနှစ်ယောက်အကြားမှာ အဖုအထစ်လေးတွေဖြစ်လာခဲ့ပြီး တစ်ဖက်မှာလည်း မီလာဟာ သူမဘ၀ရဲ့အိပ်မက်တစ်ခုဖြစ်တဲ့ ပရိုပလေယာတစ်ယောက်ဖြစ်လာဖို့လမ်းကို ဆက်လျှောက်လှမ်းရင်း သူတို့နှစ်ယောက်ရဲ့ခင်မင်မှုကိုလည်း ဆက်ထိန်းထားဖို့ရာကြိုးစားရပါတော့တယ်။ ဒီရုပ်ရှင်လေးကအတော်ကြည့်လို့ကောင်းပါတယ်။ အထူးသဖြင့် ဘောလုံးအားကစားမှာ အမျိုးသမီးအသင်းတွေဟာလည်း အမျိုးသားအသင်းတွေနည်းတူ ရင်ဘောင်တန်းနိုင်ကြကြောင်း ခေသူတွေမဟုတ်ကြကြောင်းကိုမီးမောင်းထိုးရိုက်ကူးပြထားပြီး တခြားပေးချင်တဲ့မက်ဆေ့ခ်ျလေးတွေလည်းပါတာကြောင့် ပေါ့ပေါ့ပါးပါးနဲ့ အချိန်ပေးကြည့်ရှုဖို့ရာတန်တဲ့ လူငယ်ဒရာမာရုပ်ရှင်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။...
Otherness (2023) ⭐IMDB: 6.3/10 (47 Votes) 🎬 #Documentary #Drama 🗓 2023 🎞 movie 🌎 #Spain ⏰ 1 နာရီ 32 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ LGBTQIA+ အသိုင်းအဝိုင်းမှာမှ Lesbian (အမျိုးသမီးချင်းချစ်ခင်စုံမက်သူ) တွေကို အင်တာဗျူးမေးမြန်းထားတာကို ရိုက်ကူးထားပြီး လိင်စိတ်တိမ်းညွတ်မှု၊ လိင်စိတ်ခံယူမှု၊ လိင်စိတ်ကွဲပြားမှုတို့ကို ပိုမိုသိရှိနားလည်လာအောင် အဖြေရှာထားပြီးတော့ ဒီကနေတဆင့် လူမျိုးရေးခွဲခြားမှုတွေ၊ လူလူချင်း ချစ်ခင်စုံမက်မှုတွေ၊ သမားရိုးကျ ကျား/မ ဆက်ဆံရေးတွေတင်မဟုတ်ပဲ လူ့စိတ် လိင်စိတ် အကုန်လုံးကို အမေးအဖြေလုပ်ရင်း မျိုးဆက်သစ်တွေအတွက် ပိုမိုအထောက်အကူဖြစ်အောင် ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ LGBTQIA+ အသိုင်းအဝိုင်းကို မသိရှိ မနားလည်သေးတဲ့သူတွေလည်း အနည်းအကျဉ်းပဲဖြစ်ဖြစ် ပိုပြီးတော့ နားလည်သဘောပေါက်လာအောင် ကြည့်ရှုသင့်သလို ဒီအသိုင်းအဝိုင်းထဲက လူတွေကလည်း ဒီဇာတ်ကားလေးကို ကြည့်ရှုပြီး သူတို့အတွေ့အကြုံတွေကို ထပ်တူနားလည်ပေးနိုင်မှာပါ...
The Instigators (2024) ⭐IMDB: 6.2/10 (3 k Votes) 🎬 #Action #Comedy #Crime #Drama #Mystery #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 41 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဖျော်ဖြေမှုကောင်းကောင်းပေးမဲ့ သည်းထိပ်ရင်ဖို ဟာသ အက်ရှင်ကားပါ။ ဒါရိုက်တာက Edge of Tomorrow လက်ရာရှင် Doug Liman ဖြစ်ပြီး အော်စကာဆုရှင်နှစ်ယောက် ဖြစ်တဲ့ မက်ဒေမွန် နဲ့ ကေစီ အက်ဖလက်တို့ ပါဝင်ထားပါတယ်။ Good Will Hunting ကတည်းက အတွဲညီခဲ့တဲ့ သူငယ်ချင်း နှစ်ယောက် မက်ဒေမွန် နဲ့ ဘန်အက်ဖလက်တို့ အတူ ထုတ်လုပ် ထားတာပါ။ ဇာတ်ညွှန်းကလည်း ကေစီအက်ဖလက်လက်ရာပါပဲ။ ဇာတ်လမ်းအကျဉ်း **************** မြို့တော်ဝန် ရွေးကောက်ပွဲ အပြီးမှာ မြို့တော်ဝန်ရဲ့ ပါတီကို ရောက်လာတတ်တဲ့ သန်းနဲ့ချီတဲ့ ငွေသားတွေကို ဓားပြတိုက်ဖို့ လူနှစ်ယောက်ကို အလုပ်အပ်လိုက်မိတယ်။ အဲဒီနှစ်ယောက်မှာ တစ်ယောက်က မရိန်းတပ်ထွက်၊ ကိုယ့်ကိုယ်ကိုယ် လက်စတုံးချင် စိတ်ပေါက်နေလို့ စိတ်ကုထုံး ပြနေရတဲ့လူ၊ နောက်တစ်ယောက်က ထောင်ထွက် တစ်ခန်းလွတ်ပါ။ အခြားလုပ်ရဲမဲ့သူလည်း ရှာမရလို့ ဂေါက်သီးနှစ်ယောက်ကို အလုပ်အပ်လိုက်မိတာ တလွဲတွေ တန်းစီဖြစ်ကုန်ပုံကို ပြထားတာပါ။ ရဲတွေ တစ်အုပ်ကြီးနောက်က လိုက်နေရင်း၊ မြို့တော်ဝန်ဘက်က လူတွေလည်း လိုက်တာခံရရင် တလွဲတွေ ဆက်တိုက်လုပ်သွားပုံကို ကြည့်ပြီး ခွီရမှာပါ။ ကြည့်လိုက်ကြပါဦး။...
Montréal Girls (2022) ⭐IMDB: 6.1/10 (124 Votes) 🎬 #Comedy #Drama #Romance 🗓 2022 🎞 movie 🌎 #Canada #UnitedStates ⏰ 1 နာရီ 36 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခေါက်မှာတော့ IMDB 6.2/10 ရရှိထားတဲ Comedy/Romance ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Montréal ဆိုတာက ကနေဒါက နာမည်ကြီးမြို့ကြီးတစ်ခုဖြစ်ပြီး ဇာတ်ကားနာမည် Montréal Girls ဆိုတာကတော့ အဲဒီမြို့ကကောင်မလေးတွေကို ညွှန်းဆိုထားတာပါ။ ရာမီက ဆေးကျောင်းတက်ဖို့ သူ့ရဲ့အန်ကယ်အိမ်ကို ရောက်လာခဲ့ပြီး တီးဝိုင်းလုပ်တဲ့ သူ့ဝမ်းကွဲအစ်ကိုရဲ့ ကောင်းမှုနဲ့ Montréal က ခေတ်ဆန်တဲ့ ကောင်မလေးတွေနဲ့ သိကျွမ်းခဲ့ပါတယ်။ ထင်မထားတဲ့အချိန်မှာ ပေါ်လာပြီး ရုတ်တရက် ပျောက်ပျောက်သွားတတ်တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ရာ့ဇ်ရယ်၊ ရာမီပြောသမျှကို နားထောင်ပေးပြီး အနုပညာကို ချစ်မြတ်နိုးတဲ့ ဒက်ဇီရယ်၊ ကိုယ့်အားကိုယ်ကိုးပြီး ယုံကြည်ရာကို ရဲရဲဝံ့ဝံ့လျှောက်ရဲတဲ့ ဆိုဖီယာရယ်ပေါ့။ ကဗျာဆရာဖြစ်ချင်တဲ့ သူ့ရဲ့အိပ်မက်ကို ချောင်ထိုးပြီး ဆုံးပါးသွားတဲ့မိခင်ဖြစ်သူရဲ့ဆန္ဒကိုလိုက်လျောရင်း ဖခင်ဖြစ်သူကိုလည်း ကြောက်လို့ ဆေးကျောင်းလာတက်နေရပေမဲ့ ဘဝရဲ့ ဦးတည်ချက်ပျောက်ဆုံးသလိုဖြစ်နေတဲ့ ရာမီက သူ့ဘဝကို ပြောင်းလဲပစ်ဖို့ သတ္တိတွေ ရှိလာနိုင်မှာလား၊ ကောင်မလေးတွေထဲက ဘယ်သူကရော ရာမီ့ရဲ့ကဗျာတွေအတွက် ဈာန်နတ်သမီးဖြစ်လာနိုင်မလဲ၊ ရာမီကရော နောက်ဆုံး ဆေးကျောင်းကိုပဲ ဆက်တက်မလား၊ ကဗျာဆရာအဖြစ်ကိုပဲ ရွေးချယ်မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ။)...
Mr. Right (2023) ⭐IMDB: 6.0/10 (149 Votes) 🎬 #Comedy #Romance 🗓 2023 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 36 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDB 6.1/10 ရရှိထားတဲ့ Romance ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။မင်းသား Tanner Gillman နဲ့ မင်းသမီး Sierra Reid တို့ခေါင်းဆောင်ပါဝင်ထားတဲ့ဒီအချစ်ကားလေးကတော့ Dating ဆောင်းပါးတွေရေးတဲ့ အွန်လိုင်းစာရေးဆရာမလေးရဲ့Right person ရှာပုံတော်ဖွင့်တဲ့အကြောင်းလေးပဲဖြစ်ပါတယ်။ ရှားလော့က နာမည်ကြီး အွန်လိုင်း Dating Site တစ်ခုမှာ အလုပ်ရသွားလို့အလုပ်ရှိရာ မြို့ကို ပြောင်းလာပြီး အလုပ်သစ်၊ နေရာသစ်မှာ အခြေကျအောင် ကြိုးစားနေသူပါ။ရှားလော့က သူမရဲ့ အလုပ်သစ်က လိုင်လာဆိုတဲ့ ကောင်မလေးနဲ့ ကော်ဖီဆိုင်က လီယန်ဆိုတဲ့ကောင်လေးတစ်ယောက်နဲ့ သူငယ်ချင်းတွေ ဖြစ်ခဲ့ကြပါတယ်။ ဒိတ်လုပ်တဲ့အကြောင်းတွေ ရေးတဲ့စာရေးဆရာမ ဖြစ်ပေမဲ့ အချစ်အကြောင်း တစ်လုံးမှမသိသူရှားလော့ကို သူမဆီ ချဉ်းကပ်လာတဲ့ ကောင်လေးတွေကို လက်ခံပြီးအလုပ်အတွက် ကုန်ကြမ်းရအောင် ယူလိုက်ဆိုတဲ့ လိုင်လာ့ရဲ့အကြံပေးမှုကြောင့်ကောင်လေးတစ်ယောက်နဲ့ အရင် ဒိတ်လုပ်ခဲ့ပါတယ်။ ကံမကောင်း အကြောင်းမလှစွာနဲ့သူနဲ့ ဒိတ်လုပ်တဲ့ကောင်လေးက first date မှာတင် လက်မခံနိုင်စရာအပြုအမူကို လုပ်ခဲ့တာမို့အပိုင်း ၁ ဇာတ်သိမ်းပိုင်း ဖြစ်သွားခဲ့ရပါတော့တယ်။ အဲဒီလိုနဲ့ သူ့ဆီချဉ်းကပ်လာတဲ့ကောင်လေးတွေနဲ့ ဒိတ်လုပ်တဲ့အတွေ့အကြုံတွေ ဝေမျှရင်း သူ့ရဲ့ဆောင်းပါးတွေက တဖြည်းဖြည်း လူသိများလာခဲ့ချိန်မှာပဲသူနဲ့ လီယန်တို့ရဲ့ သံယောဇဉ်ကလည်း တစ်စတစ်စနဲ့ တိုးပွားလာခဲ့ပါတော့တယ်။သူ့ရဲ့ ဆောင်းပါးနာမည်က Mr. Right မို့ လူမှန်တွေ့အောင်ရှာဖို့လုပ်ရင်းသူနဲ့ ဒိတ်လုပ်သမျှသူတွေက တစ်မျိုးစီ ဆိုးဝါးနေကြချိန်မှာ လီယန်က သူမဘေးကနေအစွမ်းကုန် ကူညီရင်း friend zone ထဲကနေ ရုန်းမထွက်နိုင်ဖြစ်နေခဲ့ရတာပါ။ ငယ်ငယ်က အတွေ့အကြုံကြောင့် အချစ်ကို ကြောက်နေတဲ့ ရှားလော့အတွက်လီယန်က right person ဖြစ်လာနိုင်မလား၊ ဒါမှမဟုတ် တခြား သူမ ဒိတ်လုပ်နေတဲ့သူတွေထဲကပဲ right person ပေါ်လာမလား၊ကိုယ့်အတွက် ပြီးပြည့်စုံတဲ့ right person ဆိုတာရော ဘယ်လိုမျိုးလဲ၊ဘယ်လိုစံနှုန်းတွေနဲ့ တိုင်းတာသင့်သလဲ ဆိုတာကိုတော့ဇာတ်လမ်းထဲမှာပဲ ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ။)...
Golam (2024) ⭐IMDB: 7.6/10 (2 k Votes) 🎬 #Bollywood #Crime #Mystery 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 58 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Golam ( ဂိုလမ် )7.7/10 · IMDb ဒီဇာတ်ကားဟာ 2024 ထွက် သည်းထိတ်ရင်ဖိုမှုခင်းစုံထောက်ကားပဲဖြစ်ပြီး IMDb 7.7/10 ရရှိထားပါတယ် ဇာတ်လမ်းအကျဉ်း-ပုံမှန်အတိုင်း လည်ပတ်နေတဲ့ IT Firm တစ်ခုမှာအလုပ်ချိန်အတွင်း လူသေမှုတစ်ခုဖြစ်လာတာကြောင့်အားလုံးကို မေးခွန်းပေါင်းများစွာနဲ့ ချာချာလည်စေခဲ့ပါတယ်.. ဒါပေမဲ့ အဲဒါဟာ လူသေမှုမဟုတ်ဘဲ ပိပိရိရိကြံစည်ထားတဲ့ လူသတ်မှုတစ်ခုဖြစ်နေတဲ့အခါ…Golam ဇာတ်ကားဟာ ဇာတ်ပို့ ၊ ဇာတ်ရံအမြောက်အမြားသုံးစွဲထားတဲ့အပြင်လူတိုင်းကိုသံသယအမြင်နဲ့ကြည့်မိအောင် ရိုက်ပြထားတာကြောင့်လူသတ်သမားဘယ်သူဆိုတာတွေးရင်း ဇာတ်လမ်းအဆုံးထိဇာတ်ရှိန်မကျဘဲ စီးမျောခံစားနိုင်မှာပါ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ်ခင်ဗျ)...
Champion (2018) ⭐IMDB: 6.4/10 (1 k Votes) 🎬 #Drama #Sport #Comedy 🗓 2018 🎞 movie 🌎 #SouthKorea #HongKong ⏰ 1 နာရီ 48 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကိုရီးယား ဒရာမာဆန်ဆန် ဇာတ်လမ်းကောင်းတွေကို ကြည့်ရှူချင်ကြသူတွေအတွက် ဝတုတ်မင်းသားလို့ခေါ်ကြတဲ့ ကိုရီယားမင်းသား Ma Dong-Seok ရဲ့ ၂၀၁၈ ထွက်ကားကောင်းတစ်ကားတင်ဆက်ပေးလိုက်ပါတယ်… မာ့ခ် လို့ခေါ်တဲ့ ကိုရီယားလူမျိုး တစ်ယောက်ဟာ အကြောင်းတစ်ခုကြောင့် အမေရိကန်လူမျိုးမိသားတစ်စုရဲ့ မွေးစားခြင်းကိုခံရပြီး အမေရိကန် နိုင်ငံမှာပဲ ကြီးပြင်းခဲ့ပါတယ်.. သူဟာငယ်စဉ်ကတည်းက လက်မောင်းလှဲအားကစားကို ရူးသွပ်ပြီး ချန်ပီယံတစ်ယောက် ဖြစ်ချင်ခဲ့တာပါ… ဒီလိုနဲ့အရွယ်ရောက်လာချိန်မှာ အမေရိကန် လက်မောင်းလှဲ အားကစားအသင်းတစ်ခုမှာ ဝင်ရောက်ကစားကာ အောင်ပွဲတွေဆက်တိုက်ယူနေရင်း အကြောင်းတစ်ခုကြောင့် ထုတ်ပယ်ခံခဲ့ရပြီးနောက်မှာ သူဟာ ကလပ်တွေ ဘားတွေ ဈေးဆိုင်တွေမှာ လုံခြုံရေးအဖြစ် ကြုံရာ လုပ်ကိုင်နေထိုင်ခဲ့ရပါတယ် တစ်ရက်တော့ ညီအစ်ကိုလိုချစ်ခင်ရတဲ့ သူငယ်ချင်းတစ်ယောက်က ကိုရီးယားမှာ လက်မောင်းလှဲပြိုင်ပွဲကြီးရှိတဲ့အတွက် သူ့ကို ကိုရီးယားကိုခေါ်ပါတော့တယ်…. မာ့ခ်တစ်ယောက် ပြိုင်ပွဲဝင်ဖို့ကိုရီးယားရောက်လာပြီး သူ့ရဲ့ပျောက်ဆုံးနေတဲ့မိသားစုကို ပြန်လည်ရှာဖွေရင်း ချန်ပီယံတစ်ယောက်ဖြစ်လာနိုင်ပါမလား….။ အရမ်းကိုကြည့်ကောင်းတဲ့ဇာတ်ကားလေးဖြစ်ပြီး အသည်းနုသူတွေအတွက် မျက်ရည်ဝဲစေမယ့်ကားလေးတစ်ကားဖြစ်ပါတယ်လို့ အာမခံပေးပါရစေ။ Rating တွေအနေနဲ့ကတော့...
The Umbrella Academy (2019) ⭐IMDB: 7.9/10 (281 k Votes) 🎬 #Action #Adventure #SciFi #Fantasy #Drama #Comedy 🗓 2019 🎞 Series 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 48 မိနစ် 1 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 နက်ဖလစ်ရဲ့ စူပါဟီးရိုး စီးရီးအသစ်တစ်ခု ကြည့်လိုက်ရအောင်။ ဒီစီးရီးရဲ့ ဇတ်လမ်းကတော့ ရယ်ရမလို ငိုရမလိုပါပဲ။ ထူးထူးခြားခြားလေးလည်း ဖြစ်ပါတယ်။ ဟိုးအရင်က ထွက်ဖူးတဲ့ Heroes စီးရီးနဲ့တော့ နည်းနည်းတူတယ်ပြောလို့ရပါတယ်။ ဇာတ်လမ်းအကျဉ်း လွန်ခဲ့တဲ့နှစ်တွေတုန်းက အင်တာနက်မှာ ထူးဆန်းတဲ့သတင်းတစ်ပုဒ်ဖတ်မိမှာပါ။ ရေကန်ထဲမှာရေကူးနေတဲ့အမျိုးသမီးတွေ အလိုလိုကိုယ်ဝန်ရကုန်တဲ့ သတင်းပေ့ါ။ ဒီစီးရီးက အဲဒီသတင်းနဲ့ပဲ စတင်ထားတာပါပဲ။ ၁၉၈၉ ခုနှစ် အောက်တိုဘာလ တစ်ရက်နေ့ ၁၂ နာရီအချိန်မှာ ကမ္ဘာအနှံ့က အမျိုးသမီး ၄၂ ယောက်ဟာ ကိုယ်ဝန်မဆောင်ဘဲနဲ့ တပြိုင်တည်း ကလေးတစ်ယောက်စီ မွေးဖွားခဲ့ကြပါတယ်။ ရီဂျင်နယ် ဟားဂရိ ဆိုတဲ့ လူထူးဆန်းဘီလီယံနာသူဌေးကြီးတစ်ဦးကတော့ အဲဒီကလေးတွေကို ရနိုင်သမျှ စုစည်းပြီး မွေးစားခဲ့ပါတယ်။ သူ ရှာတွေ့ခဲ့တာ စုစုပေါင်း ၇ ယောက်ပါပဲ။ အဲဒီလို မွေးဖွားလာတဲ့ကလေးတွေမှာ ကိုယ်ပိုင်အစွမ်းတွေ ရှိနေတဲ့အတွက် သူတို့အားလုံးကို လေ့ကျင့်ပေးပြီး အမ်ဘရဲလားအကယ်ဒမီလို့နာမည်ပေးခဲ့ပါတယ်။ အားအရမ်းကြီးသူ၊ ပြောသမျှကို လူတိုင်းနားမထောင်ဘဲမနေနိုင်စေတဲ့သူ၊ ဘယ်အရာနဲ့မဆို ပစ်မှတ်ကို မလွဲဘဲပစ်နိုင်တဲ့သူ၊ ကိုယ်ထဲက လက်တံရှည်ကြီးတွေထုတ်ပြီး တိုက်ခိုက်နိုင်တဲ့သူ၊ အချိန်ခရီးသွားနိုင်တဲ့သူ၊ သေသူတွေနဲ့ ဆက်သွယ်နိုင်တဲ့သူ၊ ဘာအစွမ်းမှမရှိတဲ့ အငယ်ဆုံးညီမလေးဆိုပြီး ၇ ယောက် ရှိပါတယ်။ သူတို့အဖွဲ့ဟာ ရာဇဝတ်မှုတွေကို နှိမ်နင်းပေးရင်း ကလေးဘဝမှာ နာမည်ကျော်လာခဲ့ကြတယ်။ ဒါပေမယ့် သူတို့အချင်းချင်းနဲ့ သူတို့မွေးစားအဖေကြားက ဆက်ဆံရေးတွေကြောင့် အရွယ်ရောက်လာချိန်မှာ တစ်နေရာစီထွက်သွားခဲ့ကြပြီး အမ်ဘရဲလားအကယ်ဒမီ ပြိုကွဲသွားပါတော့တယ်။ ဒါပေမယ့် သူတို့အားလုံးရဲ့ မွေးစားအဖေ ဟားဂရိ ထူးထူးဆန်းဆန်းသေဆုံးသွားချိန်မှာ ဈာပနအခမ်းအနားမှာ ပြန်ဆုံကြရင်း ကမ္ဘာပျက်လောက်မယ့် အရှုပ်အထွေးကြီးတစ်ခုနဲ့ ပတ်သတ်မိလာပါတော့တယ်။ ဒီစီးရီးမှာ စုစုပေါင်း အပိုင်း ဆယ်ပိုင်းထွက်ရှိထားပြီး အစအဆုံး တင်ပေးထားပြီး ဖြစ်ပါတယ်။...
