ဇာတ်ညွှန်းများ • FDMN
Закритий канал
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
Solo Leveling (2024- )
⭐IMDB: 8.9/10 (178 Votes)
🎬 #Animation #Action #Adventure #SciFi #Fantasy
🗓 2024- 🎞 tv series
🌎 #Japan #SouthKorea
⏰ 24 မိနစ် 1 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Solo Leveling (2024)Solo Leveling (2024)
Genre – Animation, Action, Adventure
Your browser does not support the video tag.မထွက်ခင်ကတည်းက နာမည်ကြီးနေတဲ့ Anime စီးရီးကောင်းတစ်ခု၂၀၂၄ ခုနှစ် နှစ်သစ်မှာ ပွဲဦးထွက်လာပါပြီ။ ဘာလို့ နာမည်ကြီးရသလဲဆိုတော့ Art style တွေ လှလွန်းလို့ဆိုပြီးနာမည်ကြီးနေတဲ့ ကိုရီးယား Webtoon ကို ဂျပန် Anime ပုံစံအခြေခံ ရိုက်ကူးထားတာ ဖြစ်လို့ပါပဲ။ ထုတ်လုပ်ပေးမယ့် A1 Pictures ဆိုတာ နာမည်ကျော် Anime ဖြစ်တဲ့Sword Art Online တို့ Fairy Tail တို့ Love is War တို့ Darling in the FranXX နဲ့တခြားကောင်းမွန်ရာတွေကို ထုတ်လုပ်ပေးခဲ့တဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ သူလည်း Season အလိုက်လာမှာ ဖြစ်ပြီး Season 1 မှာတော့၂၅ ပိုင်း ပါဝင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။အဲဒါကြောင့် CM ကနေ အပတ်စဉ် အပိုင်းတိုင်းကို ထွက်တာနဲ့အချိန်နဲ့တပြေးညီ အမြန်ဆုံး တင်ဆက်သွားမှာလည်း ဖြစ်ပါတယ်။ဇာတ်လမ်းအကြောင်း ပြောရမယ်ဆိုရင်တော့ ဇာတ်အိမ်တည်ထားတဲ့ ကမ္ဘာကြီးမှာGate – ဂိတ် တွေ ပေါ်ပေါက်လာခဲ့တာ ဆယ်စုနှစ်ကျော်နေပါပြီ။ဒီ ဂိတ်တွေဟာ ဘာလဲဆိုတော့ ကမ္ဘာနဲ့ တခြားကမ္ဘာခြားတွေကိုဆက်သွယ်ထားတဲ့အရာတွေပဲ ဖြစ်ပါတယ်။ နောက်ပြီး ဂိတ်ပေါက်တွေ ပွင့်လာကတည်းက လူတချို့ဟာလည်းသဘာဝလွန်စွမ်းအင်တွေ ပိုင်ဆိုင်လာကြပါတယ် ဒီလူတွေကို Hunter – မုဆိုးတွေလို့ ခေါ်ကြပါတယ်။ဒီ မုဆိုးတွေဟာ သူတို့အစွမ်းတွေကို သုံးပြီး ဂိတ်ထဲက မကောင်းဆိုးဝါးတွေရှိတဲ့Dungeon – မြေအောက်အကျဉ်းစခန်းတွေကို သွားရောက်တိုက်ခိုက်ပစ္စည်းရှာပြီး အသက်ရှင်နေထိုင်ကြတာပေါ့။ ဒါပေမဲ့လည်း ဒီကမ္ဘာမှာ အားအနည်းဆုံးမုဆိုးဆိုတာ ရှိပါတယ်အဲဒါ ကျွန်တော်တို့ဇာတ်ကောင် Jinwoo Sung ပေါ့ဗျာသူ့ခမျာ မလုပ်ချင်ပေမဲ့လည်း အမေဆေးရုံဖိုးလေးရအောင်ဒဏ်ရာပေါင်းစုံနဲ့ ရှာကျွေးနေရသူပေါ့။ တစ်ရက်ကျ Jinwoo တစ်ယောက် အဆင့်နိမ့် မြေအောက်စခန်းတစ်ခုကိုသွားရာကနေ အဆင့်မြင့်နေရာကို မှားရောက်သွားပြီးသေခါနီးဆဲဆဲမှာ ဘယ်လို စွန့်စားခန်းမိုက်မိုက်တွေဆက်ဖြစ်လာမလဲဆိုတာတော့အပတ်စဉ် ဆက်လက်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။...
Malbatt: Misi Bakara (2023)
⭐IMDB: 6.8/10 (413 Votes)
🎬 #Action #Drama #History #War
🗓 2023 🎞 movie
🌎 #Malaysia
⏰ 2 နာရီ 11 မိနစ် 5 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီဇာတ်ကားလေးကတော့ မလေးရှားရဲ့ ၁၉ ခုမြောက် တပ်ရင်း Battalion Malay Regiment အကြောင်း ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးဖြစ်ပြီး ဒီတပ်ရင်းကို ၁၉၉၃ ခုနှစ်မှာ ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့အတွက် စစ်ကူအနေနဲ့ အသုံးပြုခဲ့တဲ့ ဇာတ်ကြောင်းလေးပါ။
ထိုတပ်ရင်းရဲ့ တာဝန်ကတော့ Black Hawk Down တိုက်ပွဲမှာ ပိတ်မိနေတဲ့ အမေရိကန် စစ်သားတွေကို သွားရောက် ကယ်ဆယ်ဖို့ပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးဟာ ဖြစ်ရပ်မှန် ဇာတ်လမ်းကို အခြေခံရိုက်ကူးထားတာဖြစ်လို့ စစ်ကားနှစ်သက်သူများအတွက် ဇာတ်ကားကောင်းလေး တစ်ကားပဲ ဖြစ်ပါတယ်။...
Malbatt: Misi Bakara (2023)
⭐IMDB: 6.8/10 (413 Votes)
🎬 #Action #Drama #History #War
🗓 2023 🎞 movie
🌎 #Malaysia
⏰ 2 နာရီ 11 မိနစ် 5 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီဇာတ်ကားလေးကတော့ မလေးရှားရဲ့ ၁၉ ခုမြောက် တပ်ရင်း Battalion Malay Regiment အကြောင်း ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးဖြစ်ပြီး ဒီတပ်ရင်းကို ၁၉၉၃ ခုနှစ်မှာ ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့အတွက် စစ်ကူအနေနဲ့ အသုံးပြုခဲ့တဲ့ ဇာတ်ကြောင်းလေးပါ။
ထိုတပ်ရင်းရဲ့ တာဝန်ကတော့ Black Hawk Down တိုက်ပွဲမှာ ပိတ်မိနေတဲ့ အမေရိကန် စစ်သားတွေကို သွားရောက် ကယ်ဆယ်ဖို့ပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးဟာ ဖြစ်ရပ်မှန် ဇာတ်လမ်းကို အခြေခံရိုက်ကူးထားတာဖြစ်လို့ စစ်ကားနှစ်သက်သူများအတွက် ဇာတ်ကားကောင်းလေး တစ်ကားပဲ ဖြစ်ပါတယ်။...
The Classic (2003)
⭐TMDB: 75.0% User Score
🎬 #Asian #Drama #Romance
🗓 2003 🎞 movie
🌎 #SouthKorea
⏰ 2 နာရီ 12 မိနစ် 22 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb Rating (7.9/10) Rotten Tomatoes (93%)
ဒီဇာတ်ကားရဲ့ ဒါရိုက်တာက Kwak Jae-yong ဖြစ်ပြီး သူရိုက်သမျှ ကားတိုင်းက ရင်ထဲထိရှရတာချည်းပါပဲ…
My Sassy Girl,Windstruck,Daisy နဲ့ ခု The Classic တို့လို ကိုရီးယားနာမည်ကျော်အချစ်ဇာတ်ကားတွေရိုက်ခဲ့သူပါ…
ကိုရီးယားဇာတ်ကားတွေကို ချစ်တတ်လာဖို့ ခုဇာတ်ကားတွေက ကနဦးထိုးဖောက်နေရာယူခဲ့ပါတယ်။
ဇာတ်ကားနာမည်က Classic ဆိုတဲ့အတိုင်း ဂန္တဝင်အချစ်ဇာတ်လမ်းတစ်ပုဒ်လို တစ်ခါကြည့်ဖူးတာနဲ့ စွဲမိနေမှာပါပဲ။
မင်းသား Cho Seung-woo, Jo In-Sung တို့နဲ့ မင်းသမီး ဆွန်ရီဂျင်တို့လို တကယ့်ဒိတ်ဒိတ်ကြဲတွေနဲ့မို့ ပိုထိရတယ်ဆိုရင်လဲ မမှားပါဘူး။
ဇာတ်လမ်းလေးကတော့…
ကောင်မလေးတယောက်က သူ့အမေရဲ့ ငယ်ချစ်ဦး ဇာတ်လမ်းကို
ပေးစာဟောင်းနဲ့ ဒိုင်ယာရီတွေကနေ ဖတ်မိတဲ့ ပုံမျိုးနဲ့ ဇာတ်လမ်းကို စတင်ပါတယ်။
သမီးနဲ့ အမေ ဇာတ်ရုပ် နှစ်ခုလုံးကို မင်းသမီးဆွန်ရီဂျင်တစ်ယောက်ထဲက သရုပ်ဆောင်ထားပြီး
အမေရဲ့ ငယ်ချစ်ဦးပုံပြင်နဲ့ သမီးရဲ့ လက်ရှိ မပြီးဆုံးသေးတဲ့ အချစ်ဇာတ်လမ်းကို နှစ်ခုယှဉ်တွဲလို့ သရုပ်ဖော် ထားတာပါ။
ကံကြမ္မာရဲ့ ဆန်းကျယ်ပုံ ..
ကျောင်းသားဘဝ ရယ်စရာတချို့ နဲ့အတူ .. ဆယ်ကျော်သက်အရွယ် ဖြူ စင်တဲ့ မေတ္တာ …
လွမ်းမောဖွယ် ချစ်သူနှစ်ဦးရဲ့ ပုံရိပ်တွေဟာ ဆွတ်ပျံ့ကြည်နူးစရာမို့ ဇာတ်လမ်းအဆုံးထိ ကြည့်ပြီးတဲ့အခါ
ရင်ဘတ်ထဲ တခုခု ကျန်နေရစ်ခဲ့မှာ သေချာပါတယ်။
ဒီဇာတ်ကားကို ဘာသာပြန်တဲ့သူ ကိုယ်တိုင် ၆ခါ ထက်မနည်း မကြာခဏ ပြန်ကြည့်ဖြစ်တဲ့ ဇာတ်လမ်းလေးဖြစ်ပြီး၊
The Notebook တို့ Dear John တို့လို အချစ်ဇာတ်လမ်းလေးတွေ ကြိုက်တတ်သူ ဆိုရင် ကြည့်ဖြစ်အောင် ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။
(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Allie Scarlett ဖြစ်ပါတယ်။)...
Mars Needs Moms (2011)
⭐IMDB: 5.4/10 (24 k Votes)
🎬 #Action #Adventure #Animation #Family #SciFi
🗓 2011 🎞 movie
🌎 #UnitedKingdom #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 28 မိနစ် 19 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Mars Needs Moms (2011)
Disney နဲ့ ImageMovers တို့ ပူးပေါင်းထုတ်တဲ့ 3D Animated Film ဖြစ်ပါတယ်။ Disney လက်ရာနဲ့မတူဘဲ ကွဲထွက်နေတဲ့ လက်ရာကို မြင်ရမှာပါ။ ImageMovers Studio မပိတ်ခင် နောက်ဆုံးထုတ်ခဲ့တဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်။ ကုန်ကျတဲ့ Budget နဲ့ ပြန်ရတာ တအားကွာဟနေလို့ Disney အတွက် ဆုံးရှုံးမှုအတော်ကြီးခဲ့တဲ့ ကားဆိုရင်လည်း မမှားပါဘူး။
ဇာတ်လမ်းကတော့ ကိုးနှစ်အရွယ် မိုင်လိုဆိုတဲ့ကောင်လေးက မာရှန်တွေ (မားစ်ဂြိုဟ်သားတွေ) ပြန်ပေးဆွဲသွားတဲ့ သူ့အမေကို ကယ်တင်တဲ့အကြောင်းပါ။
မိုင်လိုက တစ်ညမှာ သူ့အမေနဲ့ စကားများပြီး သူ့မှာ အမေလုံး၀မရှိခဲ့ရင်ကောင်းမှာလို့ ပြောပစ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒီညမှာ မိုင်လိုရဲ့အမေကို မာရှန်တွေက မားစ်ဂြိုဟ်ဆီ ပြန်ပေးဆွဲသွားပါတယ်။
မိုင်လို သူ့အမေကို တောင်းပန်ဖို့ ဆင်းလာတဲ့အခါ တွေ့သွားပြီး လိုက်ခေါ်ရာက သူပါ မားစ်ဂြိုဟ်ပေါ် ပါသွားပါတယ်။ အဲဒီကနေ မာရှန်တွေ ပြန်ပေးဆွဲတဲ့ အကြောင်းရင်းကို သိသွားပြီး သူ့အမေကို ပြန်ခေါ်ဖို့ ကြိုးစားတာကို ကြည့်ရမှာပါ။ ဇာတ်ကွက်ကပဲ ရိုးနေလို့လား… လက်ရာကွဲသွားတာကြောင့် မအောင်မြင်တာလား အကဲဖြတ်ဖို့ အားပေးလိုက်ကြပါဦး။
(ဒီဇာတ်ကားနဲ့အညွှန်းကိုShune Lai KKမှ ပြန်ဆို ရေးသားထားပါတယ်)...
Udal (2022)
⭐IMDB: 6.8/10 (712 Votes)
🎬 #Bollywood #Drama #Thriller
🗓 2022 🎞 movie
🌎 #India
⏰ 2 နာရီ 2 မိနစ် 8 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Udal (2022)IMDb 7/10
ကိုဗစ်ကာလ တတိယလှိုင်းမလာခင်လေးမှာပေါ့..အိပ်ရာထဲ ဘုန်းဘုန်းလဲနေတဲ့ ယောက္ခမဖြစ်သူကို မချစ်သော်လည်းအောင့်ခါနမ်းပြီး ပြုစုနေရတဲ့ရှိုင်နီ ..ယောက္ခထီးကတော့ အရိုးပေါ်အရေတင်နေတဲ့သူ့မိန်းမကို မင်းသမီးတစ်ယောက်လိုပဲချစ်တုန်း ယုယတုန်းပေါ့မိန်းမမျက်နှာတစ်ကမ္ဘာနဲ့ မိန်းမကိုတုန်နေအောင်ချစ်ရှာတဲ့ ဒီအဘိုးကြီးလင်မယားကြားဝင်လာတဲ့မုန်တိုင်းတစ်ခုကတော့ သူတို့ချွေးမရှိုင်နီပါပဲ
ရှိုင်နီဆိုတာမြို့ထဲကလူတွေကပါ ဆွဲဆောင်မှုအရမ်းကောင်းတဲ့မိန်းမအဖြစ် တင်စားခေါ်ဝေါ်ကြတဲ့အထိရုပ်ရည် ကိုယ်လုံးကိုယ်ပေါက် အပြစ်ပြောစရာတစ်ခုမှမရှိတဲ့ကောင်မလေး ဒါပေမဲ့ယောကျာ်းဖြစ်သူကအဝေးမှာမို့အချစ် ဆာလောင်မှုကို ငတ်မွတ်နေသူ ကလေးကတစ်ဖက် လူနာကိုတစ်ဖက် ဆာလောင်မှုကတစ်ဖက်နဲ့ဗျာများနေတဲ့ရှိုင်နီတစ်ယောက် မကြံကောင်းမစည်ရာဆိုတဲ့ ယောက္ခမကိုသတ်ဖို့ သူနဲ့အတူဖောက်ပြန်နေတဲ့ကီရန်ဆိုသူနဲ့တိုင်ပင်ပါတော့တယ် ဒီအကြံကိုသိသွားတဲ့အဘိုးကြီးတစ်ယောက် သူ့မိန်းမကိုကယ်တင်နိုင်မှာလား ရှိုင်နီတို့အကြံပဲအောင်မြင်သွားမလားဆိုတာကတော့…
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood)
(အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ BpL ~ V ~ ToMo ~ Alex တို့ပဲဖြစ်ပါတယ်...
The Seventh Day (2021)
⭐IMDB: 4.5/10 (5 k Votes)
🎬 #Horror #Mystery
🗓 2021 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 27 မိနစ် 31 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Seventh Day (2021)=================
ဖာသာပီတာဟာ ဂုဏ်သတင်းကြီးတဲ့အပနှင်သူတစ်ဦးဖြစ်ပြီးကျောင်းဆင်းကာစ လူငယ်လက်သင်တစ်ယောက်ဖြစ်တဲ့ ဖာသာဒင်နီယယ်ကိုလေ့ကျင့်ပေးဖို့အကြောင်းဖန်လာပါတယ်။ သူတို့ရဲ့ပထမဆုံးနေ့မှာပဲ မကောင်းဆိုးဝါးပူးပြီး တစ်မိသားစုလုံးကို သတ်လိုက်တဲ့ ချာလီဆိုတဲ့ ကလေးငယ်တစ်ယောက်ကိုအပနှင်ပေးရမယ့်အမှုနဲ့ကြုံရပါတယ်။
ဖာသာဒင်နီယယ်က ဒီအမှုတစ်ခုလုံးကို သူ့လက်ထဲပုံအပ်ပြီးဘေးကနေလမ်းကြောင်းပေးတာလောက်ပဲလုပ်ဆောင်ပေးတဲ့အတွက်ဒင်နီယယ်တစ်ယောက်တည်း အစအဆုံးဖြေရှင်းဖို့ကြိုးစားရာကနေဒီအမှုရဲ့ထူးခြားချက်တွေကိုတွေ့မြင်လာတဲ့အခါမှာတော့။ အပနှင်တဲ့ကားဆိုပေမယ့် စုံထောက်ကားတစ်ကားလို သဲလွန်စရှာပုံ ထောက်လှမ်းပုံတွေလှည့်ကွက်တွေနဲ့စိတ်ဝင်တစားကြည့်ရှုရမယ့် horror ကားကောင်းတစ်ကားဖြစ်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Alias ဖြစ်ပါတယ်)...
Take Me Back for Christmas (2023)
⭐IMDB: 7.1/10 (1 k Votes)
🎬 #Comedy #Fantasy #Romance #TVMovie
🗓 2023 🎞 tv movie
🌎 #Canada
⏰ 1 နာရီ 25 မိနစ် 11 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Take Me Back for Christmas (2023)==========================IMDb Rating – 7.1/10
ဒီ Take Me Back For Chrismas လို့ခေါ်တဲ့ကားလေးကတော့ကြည့်ပြီးရင် ရင်ထဲမှာ ကျန်ခဲ့မယ့် ကားမျိုးထဲ ပါပါတယ်။ နွေးနွေးထွေးထွေးနဲ့ အတိတ် ပစ္စပ္ပုန် အနာဂတ် အရာအားလုံးကို ဒါရိုက်တာကြီး Joy Holliday က သေသေချာချာ တင်ဆက်ထားတာပါ။မိသားစု၊ အချစ်၊ ခရစ်စမတ်ရဲ့ တကယ့်အဓိပ္ပာယ် အကုန်လုံးရဲ့ အရေးပါပုံကို ခံစားကြည့်ရှုရမှာပဲဖြစ်ပါတယ်။
ဇာတ်လမ်းလေးကတော့ တနေ့ ရီနေးဟာ အလုပ်က ပြန်စိတ်ပျက်လက်ပျက်နဲ့ ကူကယ်ရာ မဲ့နေတဲ့အချိန် ထူးဆန်းတဲ့ နတ်သူငယ်ဝတ်စုံဝတ်ထားတဲ့ မိန်းမတစ်ယောက်ပေးခဲ့တဲ့ ခေါင်းလောင်းလေးကို တီးပြီးတော့ ဆုတောင်းမိပါတော့တယ်။ တောင်းမိတဲ့ ဆုတောင်းတာ “ခြားနားတဲ့ ဘဝမှာ နေရပါစေ” တဲ့။ ထူးဆန်းစွာနဲ့ သူ့ဆုတောင်းတွေပြည့်ပြီးနောက်တနေ့မနက်မှာ နယူးယောက်က အအောင်မြင်ဆုံး ကုမ္ပဏီအကြီးကြီးရဲ့ ရုံးခန်းထဲမှာ နိုးလာပါတော့တယ်။ ဒါပေမယ့် အကောင်းနဲ့အတူအဆိုးပါ ဒွန်တွဲလာတတ်တယ်ဆိုတဲ့အတိုင်း မထင်မှတ်ထားတာလေးတွေဖြစ်လာပါတော့တယ်။
ရယ်စရာလေးတွေရော ရင်ကိုနွေးထွေးစေမယ့် အခိုက်အတန့်လေးတွေရောကိုပါ ရောနှောထားလို့ တကယ်ကို ကြည့်သင့်တဲ့ဇာတ်ကားလို့ ပြောချင်ပါတယ်။ Imdb လဲ 7.1 တောင် ရထားလို့ မြည်းစမ်းကြည့်ကြပါခင်ဗျာ။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Dr . Zac ဖြစ်ပါတယ်)...
兄弟,请注意 (2023)
⭐TMDB: 0.0% User Score
🎬 #Comedy #Drama
🗓 2023 🎞 tv movie
🌎 #China
⏰ 1 နာရီ 37 မိနစ် 39 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီ movie လေးကတော့ ဟာသကားတွေ ကြိုက်တတ်တဲ့ ပရိတ်သတ်ကြီးအတွက်အစအလယ်အဆုံး ဗိုက်နှိပ်ပြီးရယ်နေရမဲ့ ဟာသဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ် ။ဇာတ်လမ်းအကျဉ်းလေးကတော့ –အရက်စက်ရုံရဲ့ပိုင်ရှင်ဖြစ်တဲ့ ဝမ်လေတစ်ယောက် ကံကောင်းထောက်မစွာနဲ့ယွမ်သိန်း၁၀၀ ထီကြီးကိုပေါက်ခဲ့ပါတယ် ။ ထီပေါက်တဲ့အချိန်ကသူ့မိန်းမနဲ့ကတောက်ကဆဖြစ်နေခဲ့တဲ့အချိန်မို့သူကထီပေါက်သွားတဲ့အကြောင်းကို လျို့ဝှက်ထားခဲ့ပါတယ် ။
ဒီလိုနဲ့အကြောင်းအရင်းအမျိုးမျိုးကြောင့် ထီပေါက်တဲ့သူနာမည်ကိုသူ့သူငယ်ချင်းဖြစ်သူ လီသာ့ကျစ်အဖြစ်ဟန်ဆောင်ခိုင်းလိုက်ချိန်မှာတော့….ချစ်သူကိုလက်ထပ်ချင်နေတဲ့ လီသာ့ကျစ်ကရော ဒီထီပေါက်တယ်ဆိုတဲ့နာမည်အတုနဲ့ဘယ်လိုတွေဆက်ဖြစ်မလဲ ? ဝမ်လေရဲ့ ဇနီးဖြစ်သူကရောဘယ်လိုအရှုပ်တွေလုပ်အုံးမလဲ ? CEO အစစ် ဝမ်လေကကြီးကြပ်ရေးမှူးဖြစ်ပြီး ပိုက်ဆံမရှိတဲ့ လီသာ့ကျစ်တစ်ယောက်CEO လုပ်တဲ့အခါမှာရော ဘယ်လိုအရှုပ်တွေလုပ်မိမလဲဆိုတာကို…ဇာတ်လမ်းလေးကြည့်ရင်း ရယ်မောပျော်ရွှင်စိတ်ဝင်စားစရာကောင်းစွာနဲ့ကြည့်ရှု့လိုက်ကြပါဦး...
Nightlife (2020)
⭐IMDB: 5.7/10 (3 k Votes)
🎬 #Comedy #Romance
🗓 2020 🎞 movie
🌎 #Germany
⏰ 1 နာရီ 56 မိနစ် 34 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Nightlife (2020)=============
နိုက်အောက်ဆိုတာနဲ့ ညဘက်ကြီးအပြင်ထွက်မယ် သောက်မယ်စားမယ် ပျော်မယ် ကကြမယ်။ နောက်တစ်နေ့မနက်ကို နေဖင်ထိုးအထိအိပ်ကြမယ်မလား ။ အဲ့ဒီလိုပျော်ဖို့ကောင်းဖို့ များသောအားဖြင့် သောကြာ၊ စနေပိတ်ရက်တွေပဲ သောင်းကျန်းကြတာလေ။
ဒါပေမဲ့ ရန်ဇို နဲ့ မီကို သူငယ်ချင်းနှစ်ယောက်ကတော့ ညတိုင်းလိုလိုနိုက်အောက်ကြတဲ့သူတွေပါ။ ပျော်လည်းနိုက်အောက် မပျော်လည်းနိုက်အောက်…အကြောင်းက သူတို့နှစ်ယောက်လုံးက ဘားဆရာတွေဖြစ်နေတာကိုး။ ဒါပေမဲ့ သာမာန်ရုံးသမားတွေရဲ့အလုပ်ချိန်နဲ့မတူတော့အချစ်ရေးနဲ့လူမှုဆက်ဆံရေးမှာလည်း အဆင်မပြေဘူးပေါ့။
ဒါကိုအသိဝင်သွားတဲ့ မီကိုက ဘားဆရာလုပ်နေရတဲ့နိုက်အောက်ဘဝကြီးကနေ ပြောင်းလဲဖို့အတွက် ရန်ဇိုကိုစည်းရုံးပါတော့တယ်။ ခြူးတစ်ပြားမှမရှိတဲ့ ဘားဆရာကြီးနှစ်ယောက်ကနေ ဘဝကြီးပြောင်းဖို့အတွက်ပိုက်ဆံရှာဖို့လုပ်ရာကနေ ဘာလင်ရဲ့လူဆိုးဂိုဏ်းနှစ်ဂိုဏ်းကြားညှပ်ပါသွားတော့တယ်။
ဒီဇာတ်လမ်းမှာ သူငယ်ချင်းနှစ်ယောက် အလွဲတွေဘယ်လိုလုပ်မလဲ၊ပြသာနာတွေဘယ်လိုရှာမလဲ၊ အချစ်ရေးတွေရော အဆင်ပြေသွားမလားဆိုတာ ပေါ့ပေါ့ပါးပါးလေးကြည့်ရဦးမှာမို့ ဇာတ်လမ်းထဲမှာပဲ အဖြေရှာလိုက်ကြပါ။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Jo Jo Va ဖြစ်ပါတယ်)...
Ring of Desire (2021)
⭐IMDB: 3.8/10 (110 Votes)
🎬 #Horror #Thriller
🗓 2021 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 26 မိနစ် 10 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Ring of Desire (2021)=================
Horror လို ဆိုပေမဲ့ အထွေအထူးကြောက်စရာလန့်စရာမျိုးတော့ မပါပါဘူး။ရှေးဟောင်း မှော်၀င်လက်စွပ်တစ်ကွင်းကို အခြေတည်ပြီး ဇာတ်လမ်းကို စိတ်၀င်စားစရာ ပုံဖော်ထားတာပါ။
ဇာတ်လမ်းအကျဉ်း –ဟိုးရှေးရှေးတုန်းက စုန်းမနှစ်ယောက် မှော်လက်စွပ်တစ်ကွင်းကိုလုရင်း တိုက်ခိုက်ကြရာက ဇာတ်လမ်းစပါတယ်။ နောင်နှစ်ပေါင်းရာချီအကြာမှာ အဲဒီမှော်လက်စွပ်ဟာ တိုနီနဲ့မာရီယာတို့ လင်မယားဆီ မထင်မှတ်ဘဲ ရောက်ရှိလာပါတယ်။ တစ်နေ့မှာ တိုနီနဲ့မာရီယာဟာ လင်မယားပြန်အဆင်ပြေဖို့ တောအုပ်ထဲက အိမ်လေးဆီ ဒုတိယမြောက်ဟန်နီးမွန်းဆန်ဆန် ခရီးထွက်လာကြပါတယ်။ဖြစ်ချင်တော့ တိုနီ့ညီမဖြစ်သူဂျန်နီဖာနဲ့ သူ့ရည်စားမလေးဟော်လီတိုလည်းအဲဒီအိမ်ကို တိုက်တိုက်ဆိုင်ဆိုင် ရောက်လာခဲ့ပါတယ်။
အဲဒီမှာ သူတို့လေးယောက်လက်ထဲကို ရမ္မက်လက်စွပ်လို လူသိများတဲ့ မှော်လက်စွပ်ရောက်လာတဲ့အခါ… ဘာတွေဆက်ဖြစ်လာမလဲ၊ လက်စွပ်က ဘယ်လိုတွေပတ်မွှေမလဲဆိုတာကို ကြည့်ကြရမှာပါ။ (ဒီနေရာမှာ 18+ ဆန်ဆန်ဇာတ်၀င်ခန်းတွေပါ၀င်တဲ့အကြောင်း ကြိုသတိပေးထားပါရစေနော်။)
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့C’mon ဖြစ်ပါတယ်)...
The PA and the Manhattan Prince (2023)
⭐IMDB: 5.6/10 (21 Votes)
🎬 #Romance #TVMovie #Comedy #Family
🗓 2023 🎞 tv movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 30 မိနစ် 7 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The PA and the Manhattan Prince (2023)==============================
လူစီ ဝုဒ်ဆိုတာကတော့ နယူးယော့ခ်မြို့ကြီးမှာ သွက်သွက်လက်လက်နဲ့ဘယ်ပြဿနာမဆို အဆင်သင့် ဖြေရှင်းပေးနိုင်တဲ့အပြင် ကိုယ့်အကျိုးထက်တပါးသူရဲ့ အကျိုးကိုပဲ ရှေ့တန်းတင်တတ်တဲ့ ကိုယ်ရေးလက်ထောက်(PA)ကောင်မလေး တစ်ယောက်ပါ။ တစ်နေ့မှာတော့ တော်၀င်မင်းသား တစ်ယောက် ဖြစ်တဲ့ ရူးပတ်ရဲ့ ကြင်ယာတော် ရွေးချယ်ဖို့အတွက် မျက်နှာဖုံး၀တ်ကပွဲတစ်ခုကို စီစဉ်ပေးဖို့ ဖြစ်လာခဲ့ပါတော့တယ်။
လူစီတစ်ယောက် ဒီပွဲကို အဆင်ပြေပြေ ချောချောမွေ့မွေ့နဲ့ ဖြစ်မြောက်သွားအောင် စီစဉ်ပေးနိုင်ပါ့မလား။ ဆွဲဆောင်မှုရှိသလောက် PAတိုင်းကို အမြဲတမ်းတစ်ပတ်ရိုက် သူ့ကို အမြဲ စမ်းသပ်ဖို့ပဲ စဉ်းစားနေတဲ့ မင်းသား ရူးပတ်တို့အကြားမှာရော ဘယ်လိုမျိုးတွေဆက်ဖြစ်လာမလဲ။ ခေတ်သစ် စင်ဒရဲလား ဇာတ်လမ်းလေးတစ်ခုလိုမျိုး သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းလေးကရော ပြီးဆုံးသွားနိုင်ပါ့မလားဆိုတာကို CM ပရိတ်သတ်ကြီးကကြည့်ရှုခံစားပေးကြပါဦးခင်ဗျ။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Brackman ဖြစ်ပါတယ်)...
A Prince and Pauper Christmas (2022)
⭐IMDB: 5.5/10 (264 Votes)
🎬 #Comedy #Crime #Mystery #TVMovie #Romance
🗓 2022 🎞 tv movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 27 မိနစ် 28 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
A Prince and Pauper Christmas (2022)===========================
ဒီဇာတ်ကားလေးကတော့ အလုပ်အရမ်းကြိုးစားတဲ့အေးဂျင့်မက်ဝေါလ်နဲ့ ဂျာကိုးဗီးယားနိုင်ငံကမင်းသားတို့ရဲ့ အချစ်ဇာတ်လမ်းလေးပါ။ အေးဂျင့်မက်ဝေါလ်နဲ့အမှုလိုက်နေတဲ့ သူလျှိုပက်ထရစ်ဟာထွက်ပြေးသွားပြီး ကယ်လီဖိုးနီးယားကိုတာဝန်နဲ့လာတဲ့မင်းသားလေးနဲ့တွေ့ခဲ့တာပါ။ မင်းသားလေးဟာ ပက်ထရစ်နဲ့ရုပ်ချင်းဆင်ပြီး သူမရဲ့သူလျှိုအနေနဲ့ဟန်ဆောင်ပေးကာ အမှုကိုဘယ်လိုဖော်ထုတ်မလဲဆိုတာ ပေါ့ပေါ့ပါးပါးကြည့်လို့ရနိုင်မယ့် ခရစ္စမတ်ကားကောင်းလေးဖြစ်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Nang Aye Myat Phoo ဖြစ်ပါတယ်)...
Letters to Santa (2023)
⭐IMDB: 5.9/10 (599 Votes)
🎬 #Comedy #Romance #TVMovie
🗓 2023 🎞 tv movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 24 မိနစ် 27 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Letters to Santa (2023)=================IMDb Rating – 5.9/10
ခရစ္စမတ်ကာလမှာ မိသားစုနဲ့အတူကြည့်ရှုလို့ကောင်းမယ့် ဇာတ်ကားလေးကိုတင်ဆက်ပေး လိုက်ပါတယ်။ အန်းနရစ်တို့ဇနီးမောင်နှံက အကြောင်းကိစ္စတစ်ခုကြောင့် စိတ်အလိုမကျဖြစ်ပြီး သီးခြားစီ အိမ်ခွဲနေကြတာပါ။ သူတို့မှာ ဆမ်နဲ့အစ်ဇီဆိုတဲ့ကလေးနှစ်ယောက်ရှိတယ်။ ခရစ္စမတ်ပိတ်ရက်မှာ ကလေးတွေကိုစာအုပ်ဆိုင်လိုက်ပို့ရင်းနဲ့ ကလေးတွေက ဆန်တာဖိုးဖိုးနဲ့ဓာတ်ပုံရိုက်ကြတာပေါ့။အဲဒီမှာ ကလေးတွေကို ဘာလိုချင်လဲမေးတော့ အငယ်လေးအစ်ဇီက မရေမရာဖြစ်နေတာနဲ့ ဆန်တာဖိုးဖိုးက မှော်ဘောပင်လေးတစ်ခုလက်ဆောင်ပေးလိုက်တယ်။ မှော်ဘောပင်နဲ့ ဆန်တာဖိုးဖိုးဆီစာရေးလိုက်ရင် ဆန္ဒတွေ တကယ်ဖြစ်လာမယ်ပေါ့။
ဒါပေမဲ့ ဒီမှော်ဘောပင်က အရာရာကိုမပေးနိုင်ဘူး။ ကိုယ့်ကျိုးအတွက်မဟုတ်ဘဲတဖက်သားကိုအကျိုးရှိစေမယ့်ဆန္ဒမျိုးမှ ဖြည့်ဆည်းပေးနိုင်မယ်လို့ ဆန်တာဖိုးဖိုးက မှာလိုက်တယ်။ ဒီလိုနဲ့အစ်ဇီက ညရောက်တာနဲ့ခွေးလေးလိုချင်တယ်ဆိုပြီး ဆန်တာ့ဆီကို စာရေးပို့လိုက်တဲ့အခါ…တကယ်ရော ခွေးလေးက ရောက်လာမှာလား။တခြားဘာတွေများ ထပ်ပြီးတောင်းဆိုကြမလဲဆိုတာသိချင်ရင် ဒီဇာတ်ကားလေးကိုကြည့်ရှုဖို့ အကြံပေးချင်ပါတယ်။ စိတ်ပင်ပန်းနေတဲ့သူတွေအတွက် အချိန်ပေးရကျိုးနပ်စေမယ့် ပေါ့ပေါ့ပါးပါးစီးမြောရမယ့် ဇာတ်ကားလေးပါပဲ။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ZWT ဖြစ်ပါတယ်)...
Stir of Echoes: The Homecoming (2007)
⭐TMDB: 48.0% User Score
🎬 #Horror #Mystery #Thriller
🗓 2007 🎞 tv movie
🌎 #Canada #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 30 မိနစ် 1 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Stir of Echoes: The Homecoming (2007)=============================
တက်ဒ်ကိုဂန်ဟာ စစ်ပြန်တစ်ယောက်ဖြစ်ပြီးစစ်ပွဲမှာ သူ့ဆုံးဖြတ်ချက်အမှားကြောင့် ဒေသခံတစ်မိသားစုလုံး မီးလောင်သေဆုံးခဲ့တဲ့ကိစ္စနဲ့ စိတ်ဖိစီးမှုဝေဒနာခံစားနေရသူပါ။ အဲ့ဒီစိတ်ဒဏ်ရာကို ပိုပြီးမီးလောင်ရာလေပင့်စေတဲ့ဖြစ်ရပ်ကတော့ အိမ်ပြန်ရောက်ကတည်းက သူ့နားမှာ အရိပ်လိုလိုက်နေတဲ့ မီးလောင်သေဆုံးထားပုံရတဲ့တစ္ဆေတစ်ကောင်ပါပဲ။
အဲ့ဒီကိစ္စကိုရောက်တတ်ရာရာအဖြေရှာစုံစမ်းရင်း ဝိဉာဉ်တွေကိုမြင်နိုင်တဲ့ ဂျိတ်ခ်ဝစ်ဇ်ကီးဆိုတဲ့လူနဲ့တွေ့ဆုံခဲ့ပါတယ်။ အဲ့ဒီလူရဲ့အဆိုအရဒီဝိဉာဉ်ဟာ သူ့ကိုဖြေရှင်းပေးစေချင်တဲ့ ကိစ္စတစ်ခုရှိနေပြီး အဲ့ဒါကိုအချိန်မှီဖြေရှင်းမပေးနိုင်ရင် သူနဲ့တကွတစ်မိသားစုလုံးကိုရန်ရှာတော့မယ်ဆိုတာကိုသိလိုက်ရပါတယ်။ အဲ့ဒီတိုင်းပဲ ဝိဉာဉ်ရဲ့ခြောက်လှန့်မှုတွေက ပိုမိုကြမ်းတမ်းလာခဲ့ပြီး သူနဲ့သူ့ပတ်ဝန်းကျင်ကို အန္တရာယ်ပြုလာတဲ့အထိဖြစ်လာတဲ့အခါမှာတော့..။
Stir of Echoes ရဲ့နောက်ဆက်တွဲကားဆိုပေမယ့် တွမ်ရဲ့သားဂျိတ်ခ်ကဝိဉာဉ်တွေမြင်နိုင်တဲ့ ပုဂ္ဂိုလ်အဖြစ်ပြန်လည်ပါဝင်ထားတာကလွဲလို့အဆက်အစပ်မရှိလို့ တစ်ကားတည်းကြည့်လို့လည်းအဆင်ပြေတဲ့ဇာတ်ကားပါ။ပထမဇာတ်ကားလိုပဲ underrated ဖြစ်နေတဲ့ horror ဇာတ်ကားကောင်းတစ်ကားပါပဲ။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Alias ဖြစ်ပါတယ်)...
Stir of Echoes (1999)
⭐TMDB: 67.0% User Score
🎬 #Horror #Mystery #Thriller
🗓 1999 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 40 မိနစ်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Stir of Echoes (1999)================IMDb Rating – 6.9/10
ဂျက်စ်နဲ့နစ်ကိုးလ်တို့ဟာ ပုန်ကန်ချင်တဲ့၊ စွန့်စားချင်တဲ့ ချစ်သူနဲ့ဘဝသစ်ကိုထူထောင်ချင်တဲ့ ဆယ်ကျော်သက်လူငယ်တွေပါ။အဲ့ဒီစိတ်ကူးယဉ်အိမ်မက်တွေနောက်ကိုလိုက်ဖို့တစ်နေ့မှာတော့ဂျက်စ်ရဲ့အမိုးဖွင့်ကားလေးနဲ့အတူ မိဘတွေကိုအသိမပေးပဲ ဟောလိဝုဒ်ကိုဦးတည်းပြီး ခိုးထွက်လာခဲ့ကြပါတယ်။လမ်းတစ်နေရာမှာတော့ အပေါ့သွားချင်လာတဲ့ နစ်ကိုးလ်ကြောင့် လမ်းဘေး အိမ်သာလေးတစ်ခုကိုဝင်မိရာကနေပြန်အထွက်မှာ ဂျက်စ်တစ်ယောက်ပျောက်ချင်းမလှပျောက်နေတာကိုမြင်တွေ့ခဲ့ရပါတယ်။ နီးစပ်ရာမှာအကူအညီတောင်းဖို့ကြိုးစားရင်း လူနေကားတစ်စီးကိုတွေ့မိလို့ခဏလိုက်ပါမိရာကနေ ကြက်သီးထဖွယ်ကားပိုင်ရှင်မိသားစုကြောင့် ပြန်ဆင်းလာခဲ့ရပြီး လမ်းဘေးအိမ်သာဆီပြန်ရောက်လာခဲ့ပါတယ်။ အဲ့ဒီလမ်းဘေးအိမ်သာမှာတော့ သူ့ကိုပိုပြီးခြောက်ခြားဖွယ်အဖြစ်အပျက်တွေက စောင့်ကြိုနေတာကို နစ်ကိုးလ်တစ်ယောက်အသိနောက်ကျခဲ့ရပါတယ်။
ဒီကားလမ်းမပေါ်မှာ ထရပ်ကားနဲ့လူတစ်ယောက်လိုက်ဒုက္ခပေးနေကြောင်းရေးထားတဲ့ အိမ်သာနံရံက ခြောက်ခြားဖွယ်စာတွေ ၊Rollingstones ဂီတဖျော်ဖြေပွဲကိုသွားရင်း လူတစ်ယောက်ဖမ်းထားပြီးနှိပ်စက်ရာကနေထွက်ပြေးလာတယ်ဆိုတဲ့ မိန်းကလေးတစ်ယောက်၊ တကယ်တမ်းတော့ အဲ့ဒီမိန်းကလေးဟာ ၁၉၇၁ ထဲကပျောက်ဆုံးနေခဲ့တာဆိုတာသူသိလိုက်ရချိန်၊ အခြေအနေတွေ အဖြစ်အပျက်တွေကို သူ ဆက်စပ်မိလာချိန်မှာတော့..။
Wrong Turn တို့၊ The hills have eyes တို့လို မျက်စိလည်လမ်းမှားရာကနေ သွေးပျက်စရာလူသတ်သမားတွေရဲ့ပစ်မှတ်ထားခံရတဲ့ ပရိသတ်တွေအကြိုက်တွေ့မယ့် Franchise နောက်တစ်ခုပါပဲ။ အဲ့ဒီကားတွေထက်မလျော့တဲ့ ကြမ်းတမ်းရက်စက်တဲ့ သတ်ဖြတ်ခန်းတွေ၊ သွေးထွက်သံယိုတွေ၊ အဖော်အချွတ်တွေပါဝင်တဲ့အတွက်၊ Genre ပရိသတ်တွေကျေနပ်နှစ်သိမ့်ကြမှာပါ။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Alias ဖြစ်ပါတယ်)...
An Ideal Host (2020)
⭐IMDB: 5.6/10 (233 Votes)
🎬 #Comedy #Horror #SciFi #ScienceFiction
🗓 2020 🎞 movie
🌎 #Australia
⏰ 1 နာရီ 25 မိနစ် 41 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
An Ideal Host (2020)================
An Ideal Host 2020 ကို ဒါရိုက်တာ Robert Woods က စီစဥ်ရိုက်ကူးခဲ့ပြီးIMDb rating 5.6 ရရှိထားပါတယ်။ Best Horror Comedy Feature ဆု နဲ့Best Screenplay ဆု winner ဆုနှစ်ခုဆွတ်ခူးနိုင်ခဲ့ပြီး တင်သွင်းခံရတဲ့အဆင့်အနေနဲ့က ၁ ခါရှိခဲ့ပါတယ်။ သည်းထိတ်ရင်ဖိုဇာတ်ကားဖြစ်ပေမယ့် မိသားစုနှင့်အတူ ကြည့်လို့ရပါတယ်။ ဇာတ်အိမ်ကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။
ငယ်သူငယ်ချင်းတွေက ငယ်ငယ်ကတည်းကသူတို့နေခဲ့တဲ့နေရာမှာပဲ ပြန်ဆုံကြပါတယ်။ အဲဒီအချိန်မှာ ဒေစီဆိုတဲ့မိန်းကလေးက လစ်ဇ်ကို စိတ်တိုနေခဲ့ပါတယ်။လစ်ဇ်က ထက်မြက်သူဖြစ်တော့ တစ်ခုခုမှာတော့ အောင်မြင်အောင်လုပ်နိုင်လောက်မယ်လို့ သူက မျှော်လင့်ထားတာပါ။ ဒါပေမယ့် သူမျှော်လင့်သလိုဖြစ်မလာတဲ့အခါမှာတော့။ အဲဒီအချိန်မှာ ဂြိုလ်သားတွေရဲ့ ကျူးကျော်မှုကို ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကိုတော့ Horror ပရိတ်သတ်တွေ ကြည့်ရှုခံစားကြပါဗျာ။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thy Santa ဖြစ်ပါတယ်)...
Father of Invention (2010)
⭐IMDB: 5.7/10 (9 k Votes)
🎬 #Comedy #Drama
🗓 2010 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 34 မိနစ် 5 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Father of Invention (2010)===================
ဒီကားလေးကတော့ Superman Return တို့ Baby Driver တို့မှာပါဝင်သရုပ်ဆောင်ဖူးတဲ့ ဝါရင့်သရုပ်ဆောင်ကြီး Kevin SpaceyFowler ပါဝင်သရုပ်ဆောင်ထားတဲ့ Comedy Drama ကားလေးပဲဖြစ်ပါတယ်..
ဇာတ်လမ်းအကျဉ်းအနေနဲ့ Fowler တစ်ဖြစ်လဲ စွန့်ဦးတီထွင်သူ ဒိတ်ဒိတ်ကြဲတစ်ယောက်ဖြစ်တဲ့ Axle ဟာ သျှမ်းသျှမ်းတောက် အောင်မြင်ချမ်းသာရာကနေ သူ့ရဲ့ထုတ်ကုန်တစ်ခုမှာ Error တက်သွားပြီး လူတွေထိခိုက်သွားတဲ့အခါမှာတော့ ၈နှစ်လောက် ဂျေးအောင်းလိုက်ရပါတယ်။အဲဒီနောက်ပိုင်း ဘဝကို တစ်ကနေပြန်စတဲ့ အဖြစ်အပျက်လေးကို ဟာသလေးတွေနှောပြီး ရိုက်ကူးပြသထားတာပဲဖြစ်ပါတယ်။Axle တစ်ယောက်ပြန်ကြိုးစားရင်း ဘယ်လို တလွဲတွေလုပ်မိမလဲ..မိသားစုကိုထားခဲ့ပြီးသမီးဖြစ်သူငယ်ငယ်ရွယ်ရွယ်နဲ့ ဂျေးအောင်းလိုက်ရတာကြောင့် ပျက်စီးသွားတဲ့သားအဖနှစ်ယောက်ကြားကဆက်ဆံရေးကို အလွဲအမှားလေးတွေကြားကဘယ်လိုပြန်တည်ဆောက်မလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thetti Tun ဖြစ်ပါတယ်)...
4:44 Last Day on Earth (2011)
⭐IMDB: 4.6/10 (6 k Votes)
🎬 #Drama #Fantasy #SciFi #ScienceFiction
🗓 2011 🎞 movie
🌎 #UnitedStates #Switzerland #France #Chile #UnitedStatesofAmerica
⏰ 1 နာရီ 22 မိနစ် 41 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
4:44 Last Day on Earth (2011)=======================IMDb Rating – 4.6/10
ဒီဇာတ်ကားလေးကတော့ ဒါရိုက်တာ Abel Ferrara ရိုက်ကူးထားတဲ့ Drama, Fantasy အမျိုးအစား ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်ခင်ဗျာ။
ဇာတ်လမ်းလေးကိုတော့ ကမ္ဘာမပျက်ခင် တစ်ရက်အလိုကာလမှာ ဇာတ်အိမ်တည်ထားပါတယ်။ နောက်နေ့မနက် ၄ နာရီ ၄၄ မိနစ်မှာကမ္ဘာကြီးရဲ့ အဆုံးအသတ်ကိုရောက်မှာဖြစ်လို့ လူတွေကလည်းပစ္စည်းတွေအလကားပေးသူကပေး၊ ဆုတောင်းတဲ့သူကဆုတောင်း၊သတ်သေတဲ့သူက သတ်သေနဲ့ ရှုပ်ယှက်ခတ်နေကြပါတယ်။
ဒီလိုကမ္ဘာကြီးအဆုံးမသတ်ခင်နေ့ကို အဓိကဇာတ်လိုက်တွေဖြစ်ကြတဲ့ဆစ်စကို နဲ့ စကိုင် တို့ဘယ်လိုဖြတ်သန်းကြလဲဆိုတာ စိတ်၀င်စားဖွယ်ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ Review ဖတ်တာထက် ကိုယ်တိုင်ကြည့်ရှုခံစားတာကမှ ကမ္ဘာကြီးရဲ့အဆုံးအသတ်ကို သေချာခံစားစီးမြောနိုင်မှာဖြစ်လို့ ကိုယ်တိုင်သာကြည့်လိုက်ကြပါတော့ခင်ဗျာ။ Sex scene တွေnudity အခန်းတွေပါတဲ့အတွက် မိသားစုနဲ့ကြည့်ဖို့သင့်တော်တဲ့ ဇာတ်ကားမျိုးတော့မဟုတ်ပါဘူး။ ဒီဇာတ်လမ်းရဲ့အဓိကသရုပ်ဆောင်တွေကတော့အားလုံးသိကြတဲ့ Willem Dafoe နဲ့ Shanyn Leigh တို့ဖြစ်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Theo Katt ဖြစ်ပါတယ်)...
Snowed in for Christmas (2021)
⭐IMDB: 6.2/10 (754 Votes)
🎬 #Romance #TVMovie #Comedy #Family
🗓 2021 🎞 tv movie
🌎 #Canada
⏰ 1 နာရီ 31 မိနစ် 16 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Snowed In for Christmas (2021)========================IMDb rating – 6.2/10
ပရိတ်သတ်ကြီးအတွက် အခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ဒီနှစ်ခရစ်စမတ်မှာ ကြည့်ရှူနှုန်း 613 အထိတက်လာတဲ့ ခရစ်စမတ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။
ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့ –ကေလီ ကန်နင်းဟမ်မိသားစုက သမီးလေးနှစ်ယောက်ဖြစ်တဲ့ လီလီနဲ့ရိုစီကို ထိန်းပေးနေတဲ့ကလေးထိန်းတစ်ယောက်ပါ။ ခရစ်စမတ်ကျရင်သူ့မိဘတွေရှိတဲ့အိုဟိုင်အိုကိုပြန်ပြီး အနားယူနေပေမဲ့ ဒီနှစ်မှာတော့လီလီနဲ့ရိုစီရဲ့မိဘတွေက နှင်းမုန်တိုင်းကြောင့် နယူးယော့ခ်မှာပိတ်မိနေတာနဲ့ သူ့မိဘတွေရှိတဲ့အိုဟိုင်အိုကို မပြန်ရဘဲ လီလီနဲ့ရိုစီရယ် တခြားနယ်တစ်နယ်ကရောက်လာတဲ့ အောင်မြင်တဲ့လုပ်ငန်းရှင်ဖြစ်တဲ့ သူ့ဦးလေးရယ်နဲ့ပိတ်မိနေပါတော့တယ်။
ဒီဇာတ်လမ်းလေးမှာတော့ ခရစ်စမတ်မှာ မိသားစုတွေအတူတူခရစ်စမတ်ကိုဖြတ်သန်းကြပုံနဲ့ ကေလီနဲ့အီသန်တို့ဘယ်လိုချစ်မိသွားကြမလဲဆိုတဲ့ အချစ်ဇာတ်လမ်းလေးကိုပါ ခရစ်စမတ် vibe အပြည့်နဲ့ကြည့်ရမယ့်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ကြည့်ရှူပေးကြပါဦး။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့June ဖြစ်ပါတယ်)...
