ဇာတ်ညွှန်းများ • FDMN
Закритий канал
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
Aserb: The Squadron (2024) ⭐IMDB: 5.2/10 (183 Votes) 🎬 #Action #Drama #Thriller #War 🗓 2024 🎞 movie 🌎 #Egypt ⏰ 1 နာရီ 42 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လစ်ဗျားနိုင်ငံမှာ အီဂျစ်နိုင်ငံသား ၂၁ ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်ခံရမှုအတွက် သွေးကြွေးပြန်ဆပ်မယ့်အီဂျစ်စစ်တပ်… အကြမ်းဖက်အုပ်စုနဲ့ အီဂျစ်ဖိုက်တာပိုင်းလော့တွေရဲ့ ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ခဲ့ရပုံအသေးစိတ်ကို ကြည့်ရှုရမယ့် Aserb: The Squadron ဒီဇာတ်ကားဟာ အီဂျစ်စစ်တပ်ရဲ့ စစ်ဆင်ရေး၊ အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ လုပ်ရပ်တွေ၊ အီဂျစ်အာဏာပိုင်တွေရဲ့ လုပ်ဆောင်ပုံအဆင့်ဆင့်တို့ကို အသေးစိတ်ပုံဖော်ရိုက်ကူးထားတဲ့ စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ Action ကားကောင်းတစ်ကားဖြစ်ပါတယ်။...
The Crow: Salvation (2000) ⭐TMDB: 56% User Score 🎬 #Action #Horror #Thriller 🗓 2000 🎞 tv movie 🌎 #Germany #UnitedStatesofAmerica ⏰ 1 နာရီ 42 မိနစ် 24 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားကတော့ The crow ရဲ့ တတိယမြောက်ကားဖြစ်ပြီး Eric Mobius က The crow အဖြစ်ပါ၀င်သရုပ်ဆောင်ထားပါတယ်။ ကျွန်တော်တို့ childhood ဖြစ်တဲ့ Spiderman Trilogy ထဲက မင်းသမီး Kristen Stewart လည်းပါ၀င်အားဖြည့်ပေးထားပါတယ်။ ဒီတစ်ကားမှာတော့ The crow ဖြစ်လာမယ့် Alex Corvis ရဲ့ ကောင်မလေးကို သူ့ကိုယ်တိုင်သတ်လိုက်တာပါလို့ စွပ်စွဲခံရပြီး သေဒဏ်ပေးခံရတာကနေ ဇာတ်လမ်းကို အစပြုထားပါတယ်။ (အဖော်အချွတ်နဲ့ သွေးထွက်သံယို ကြမ်းတမ်းတဲ့စကားတွေပါပါတယ်)...
Close to You (2023) ⭐IMDB: 4.4/10 (709 Votes) 🎬 #Drama #Romance #Comedy #Crime 🗓 2023 🎞 movie 🌎 #UnitedStates #UnitedKingdom #Canada #UnitedStatesofAmerica ⏰ 1 နာရီ 39 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီရုပ်ရှင်ကတော့ မင်းသား Elliot Page အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ Elliot Page ကို အရင်က Ellen Page ဆိုတဲ့ နာမည်နဲ့ Umbrella Academy, Inception, Juno စတဲ့ ရုပ်ရှင်တွေရဲ့ မင်းသမီးအနေနဲ့ ရင်းနှီးကြပါလိမ့်မယ်။ သူက အခုအချိန်မှာတော့ လိင်ပြောင်းပြီး ယောကျ်ားတစ်ယောက်အဖြစ်ခံယူထားသူဖြစ်နေပါပြီ။ ဒီရုပ်ရှင်ထဲမှာလည်း Elliot Pageက လိင်ပြောင်းထားတဲ့ Sam လို့ခေါ်တဲ့ Transsexual တစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားပါတယ်။ Sam ဟာ လိင်ပြောင်းခွဲစိတ်ပြီးတည်းက အိမ်ကိုမပြန်ဖြစ်တာ ၅နှစ် ကြာခဲ့ပါပြီ။ ဒါပေမယ့် သူ့အဖေမွေးနေ့အဖြစ် အိမ်ကို မဖြစ်မနေပြန်ရမယ့် အချိန်မှာတော့ သူရှောင်လွှဲနေခဲ့တဲ့ သူ့မိသားစု နဲ့ သူ့အတိတ်ဘဝကို ပြန်ရင်ဆိုင်ရဖို့ ဖြစ်လာပါတော့တယ်။ ဒီရုပ်ရှင်က လိင်ပြောင်းတစ်ယောက်ရဲ့ အခက်အခဲတွေ၊ Society ရဲ့ သူတို့အပေါ် ဆက်ဆံပုံတွေကို ပုံဖော်ထားတာမို့ စိတ်ဝင်စားစရာရုပ်ရှင်တစ်ကားဖြစ်ပါတယ်။...
Albert (2016) ⭐IMDB: 6.2/10 (313 Votes) 🎬 #Adventure #Animation #Comedy #Family #Fantasy #Musical 🗓 2016 🎞 tv movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 44 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 နှစ်တိုင်း ဒီဇင်ဘာ ၂၅ရက်နေ့မှာ ကျရောက်တဲ့နေ့ရက်လေးကတော့ ခရစ္စမတ်နေ့လေးပါ။ ခရစ်ယာန်ဘာသာဝင်တွေရဲ့ အထူးအမြတ်အလေးထားရတဲ့ နေ့လေးတစ်နေ့ပေါ့ခင်ဗျာ။ မိသားစု သူငယ်ချင်း မိတ်ဆွေများတို့နဲ့ ဆုံတွေ့ပျော်ရွှင်ကြည်နူးစွာ ဖြတ်သန်းကြတဲ့ အဓိပ္ပာယ်ရှိတဲ့နေ့ရက်လေးကို အစွဲပြုပြီး ရိုက်ကူးထားတဲ့ဇာတ်ကားတွေထဲကမှ Albert ဆိုတဲ့ ချစ်စရာ ကာတွန်း animation ကားလေးအကြောင်း နည်းနည်းပြောချင်ပါတယ်။ ဇာတ်လမ်းအကျဉ်း Albert ဆိုတဲ့အပင်ငယ်လေးဟာ သူတို့မြို့မှာခရစ္စမတ်ရောက်တိုင်း အကောင်းဆုံး အချောဆုံး အပင်ကိုရွေးပြီး မြို့ရင်ပြင်မှာ ခရစ္စမတ်သစ်ပင်အဖြစ် အလှဆင်ပြီး ခင်းကျင်းပြသရတဲ့ ခရစ္စမတ်သစ်ပင် ဖြစ်ဖို့စိတ်ကူးအိပ်မက်ရှိတဲ့အပင်လေးပါ။ တစ်နှစ် ခရစ္စမတ်ရာသီမှာတော့ သူဟာ အပင်ရွေးတဲ့နေရာမှာ ဝင်အရွေးခံဖို့ ဆုံးဖြတ်ပြီး သူ့ရဲ့မိတ်ဆွေ ထန်းပင်မလေးရယ် သူ့အိုးထဲမှာ ကပ်နေနေတဲ့ ပေါင်းပင်လေးနဲ့အတူ စွန့်စားခန်းထွက်လာတဲ့အကြောင်းလေးကို တွေ့မြင်ရမှာပါ။ ဇာတ်လမ်းလေးက ကလေးတွေအတွက် အများစုရည်ညွှန်းပေမဲ့လို့ မိတ်ဆွေ သူငယ်ချင်းမေတ္တာ မဆုတ်မနစ်တဲ့ဇွဲနဲ့ ခရစ္စမတ်ရဲ့အဓိပ္ပာယ်အနှစ်သာရလေးကို ပေါ့ပါးစွာ မီးမောင်းထိုး ပြသထားတဲ့ကားလေးမို့ animation ပရိသတ်တွေ ကြည့်သင့်တဲ့ကားလေးတစ်ကားပါခင်ဗျာ။...
The Little Rascals Save the Day (2014) ⭐IMDB: 5.1/10 (2 k Votes) 🎬 #Comedy #Family 🗓 2014 🎞 video movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Little Rascals ဆိုတာကျွန်တော်တို့ရဲ့ ငယ်ဘဝရဲ့တစ်စိတ်တပိုင်းဆိုလည်းမမှားပါဘူး။ The Little Rascals ခေါင်းစဉ်နဲ့ ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွဲတွေအများကြီးရှိပါတယ်။ အဲထဲမှာ The Little Rascals Save The Day (2014) လည်းတစ်ကားအပါအဝင်ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ ကြည့်ရှုသူကို အတော်လေး Comfort ဖြစ်စေပါတယ်။ ကလေးတွေကို ဦးစားပေးရိုက်ထားတဲ့ ရုပ်ရှင်ဖြစ်တာမလို့ ကလေးချစ်သူတွေကြည့်သင့်တဲ့ ရုပ်ရှင်တစ်ကားလည်းဖြစ်ပါတယ်။ ဒါ့အပြင် Wednesday သရုပ်ဆောင် Jenna Ortega ငယ်ငယ်က ပါဝင်သရုပ်ဆောင်ထားပါသေးတယ် ဇာတ်ညွှန်း The Little Rascals ဇာတ်လမ်းတိုင်းမှာ အဓိကနေရာကပါဝင်တဲ့ Alfalfa တို့အဖွဲ့တစ်သိုက်ဟာ ကျောင်းနောက်ဆုံးနေ့မှာ ကျောင်းလစ်လာခဲ့ပါတယ်။ ကျောင်းလစ်ပြီး အလွဲတွေလုပ် နောက်ဆုံးမှာတော့ သူတို့ ဖွားဖွားရဲ့ ကိတ်မုန့်ဆိုင်ကိုရောက်သွားပါတယ်။ အရသာမှာ ပြိုင်စံရှားဖြစ်တဲ့ ဖွားဖွားလက်ရာတွေကိုမြည်းပြီးတော့ ကလေးတစ်သိုက်ဟာ သစ်ပင်အိမ်ပေါ်ကိုတက်ပြီး လာမယ့်အရည်အချင်းပြပြိုင်ပွဲအတွက် သီချင်းတိုက်ပါတော့တယ်။ ခေါင်းဆောင်အဆိုတော်ကတော့ Alfalfa ဖြစ်ပြီး သိတဲ့အတိုင်း Alfalfa ကလည်း Darla မှမရှိရင် မိုက်ကိုလက်နဲ့တောင်မထိချင်တဲ့လူဖြစ်ပါတယ်။ အဲဒီလိုနဲ့ သူတို့ရဲ့ တီးဝိုင်းလေးကလည်း တစ်ယောက်တမျိုး တိုင်ပတ်နေပါတော့တယ်။ တစ်ဖက်မှာလည်း ဖွားဖွားရဲ့ ကိတ်မုန့်ဆိုင်လေးက အကြွေးကြောင့် ဘဏ်ကသိမ်းတော့မှာဖြစ်ပါတယ်။ အဲဒီကိစ္စကိုသိသွားတဲ့ ကလေးတစ်သိုက်ကတော့ ဖွားဖွားအကြွေးတွေကို ကူဆပ်ဖို့ ကလေးအသိဉာဏ်နဲ့ တတ်နိုင်တဲ့ဖက်ကနေ ကူညီဖို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ အဲဒီလိုနဲ့ တစ်ရက်မှတစ်ခါ မလွဲရရင် မနေနိုင်ပါဖူးဆိုတဲ့ Alfalfa တို့ကလေး တစ်သိုက် ဘယ်လိုများ ဖွားဖွားကိုကူညီမှာလဲ။...
The Cyclops (1957) ⭐TMDB: 44% User Score 🎬 #Horror #SciFi #ScienceFiction 🗓 1957 🎞 Series 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 6 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဟိုးအရင် ဟောလိဝုဒ်ရဲ့ Special Effects တွေ CGI တွေ မထွန်းကားသေးတဲ့ခေတ်တစ်ခေတ်မှာ Sci-fi Horror ကားတစ်ခုကို ရသမြောက်အောင် ဘယ်လိုမျိုးဖန်တီးကြလဲဆိုတာကို ဒီကားလေးမှာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ဇာတ်ညွှန်း ဆူဆန် ဝင်တာစ်ဆိုတဲ့ အမျိုးသမီးလေးတစ်ယောက်ဟာ သူမရဲ့ စေ့စပ်ထားသူဖြစ်တဲ့ ဘရုစ်ကို မက္ကဆီကိုနိုင်ငံရဲ့ တာရူမာရဲ တောင်တန်းတွေကြားမှာ လေယာဉ်ပျက်ကျပြီး ပျောက်ဆုံးသွားခဲ့တာ သုံးနှစ်ကြာခဲ့ပါပြီ။ သူ့ရဲ့ ဘရုစ်ကို ရှာပုံတော်ဖွင့်မယ့် ဒီခရီးကြီးမှာ လိုက်ပါလာသူတွေကတော့ လီ ဘရန်းဆိုတဲ့ အလုပ်လက်မဲ့ အရက်လက်ကမချတဲ့ လေယာဉ်မှူးတစ်ယောက်၊ ရှယ်ယာကစားသူတစ်ယောက်လည်းဖြစ်ပြီး တာရူမာရဲတောင်တန်းတွေမှာ ယူရေနီယမ်လာရှာတဲ့ မာတီဆိုတဲ့ စီးပွားရေးသမား လူလည်တစ်ယောက်၊ နောက်ဆုံးအနေနဲ့ကတော့ ဘရုစ်ရဲ့ မိတ်ဆွေလည်းဖြစ် ဆူဆန့်ကိုလည်း ချစ်နေတဲ့ ရက်စ်ဆိုတဲ့ သိပ္ပံပညာရှင်တစ်ဦးတို့ပါ။ ဆူဆန်တို့တစ်သိုက်ရဲ့ ရှာပုံတော်ခရီးကြီးမှာ သာမန်မဟုတ်တဲ့ တိရစ္ဆာန်တွေအပြင် မျက်လုံးတစ်လုံးနဲ့ လူ့ဘီလူးကြီးတစ်ယောက်နဲ့ပါ ပက်ပင်းတိုးလာခဲ့တဲ့အခါမှာတော့ ဆူဆန်တို့တသိုက် ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ကြည့်ရှူပေးကြပါဦးခင်ဗျ။...
Jedna Noc (2024) ⭐IMDB: 6.8/10 (26 Votes) 🎬 #Drama 🗓 2024 🎞 movie 🌎 #Czechia #CzechRepublic ⏰ 1 နာရီ 29 မိနစ် 25 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb Rating (6.8) (ပွင့်လင်းမြင်သာသော အဖော်အချွတ် ဇာတ်ဝင်ခန်းများ ပါဝင်သောကြောင့် ကလေးသူငယ်/မိသားစုနှင့် ကြည့်ရန်မသင့်ကြောင်းပါ) အာဒမ်ဆိုတာက တစ်ချိန်တုန်းက အောင်မြင်တဲ့ တီးဝိုင်းတစ်ခုက ရှေ့ထွက်အဆိုတော်တစ်ယောက်။ ကောင်မလေးတွေဆိုတာလည်း ဒီလိုဘဝမှာ အပေါအသောပဲပေါ့။ ဒါပေမဲ့ လူကတော့ အိမ်ထောင်သည်တစ်ယောက်ပါ။ ဒီလိုနဲ့ တစ်ညမှာတော့ ဖျော်ဖြေပွဲအပြီး ပွဲကြည့်လာတဲ့ မိန်းကလေးတစ်ယောက်နဲ့ အပြန်လမ်းမှာ သတိမမူ ဂူမမြင်ဆိုသလို အမှားတွေ ကျူးလွန်ပြီး ကားတိမ်းမှောက်ခဲ့ရာကနေ တစ်ဖက်မိန်းကလေးလည်း သေဆုံးပြီး အာဒမ်လည်း ထောင်ကျခဲ့တယ်။ ပြန်ထွက်လာချိန် မိန်းမဖြစ်သူလည်း ကလေးတစ်ဖက်နဲ့ Only Fan လို ဗီဒီယို ပြစားရင်း ငွေရှာနေရတယ်။ ပြစ်မှု မှတ်တမ်းဝင်သွားတဲ့ အာဒမ့်အတွက်လည်း အလုပ်အကိုင်က အခြေအနေမကောင်း။ အဲဒီမှာ တိုက်ခန်းလေးကလည်း နှင်ထုတ်တဲ့အချိန်မှာတော့….။ (အညွန်းနဲ့ ဘာသာပြန်ကတော့ Thura Aung ဖြစ်ပါတယ်)...
Tulsa King (2022) ⭐IMDB: 8.0/10 (80 k Votes) 🎬 #Crime #Drama 🗓 2022 🎞 tv series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 44 မိနစ် 32 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Tulsa King (2022) ============== IMDb Rating – 8.4/10 မင်းသားကြီးစတားလုံးရဲ့ အထာကျကျ၊ အမိုက်စား မာဖီးယားစီးရီးအသစ်တစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ Paramount+ကနေအပတ်စဉ်ထုတ်လွှင့်သွားမှာဖြစ်ပြီး လက်ရှိမှာ IMDb 8.4, RT 77%ရထားပါတယ်။ Rockyမင်းသားကြီးစတားလုံးရဲ့ ငါမအိုသေးဆိုတဲ့လက်သီးစွမ်းတွေကို တဝကြီးတွေ့ရဦးမှာပါ။ Dwight Manfrediဆိုတဲ့ နယူးယောက်မြို့က မာဖီးယားဘဲကြီးဟာထောင်(၂၅)နှစ်ကျခံပြီး ပြန်လွတ်လာတဲ့အခါ ဘော့စ်ဖြစ်သူက သူ့ကိုအဖွဲ့ထဲ ခေါ်မထားချင်တော့ဘဲ နယ်ဘက်ကို ပထုတ်ဖို့ကြံခဲ့ပါတယ်။ဒီလိုနဲ့ပဲ Oklahomaပြည်နယ်က Tulsaဆိုတဲ့ မြို့လေးကို နှင်ထုတ်ခံလိုက်ရတဲ့ Dwightတစ်ယောက် ဘာဆိုဘာမှမရှိတဲ့ နယ်မြို့ကနေတစ်ကတဖန်ပြန်စပြီး တစ်စင်ထောင်ပြီး အင်အားကြီးဂိုဏ်းတစ်ခုဖန်တီးကာ ပြန်ရင်ဆိုင်ဖို့ကြိုးစားသွားမှာပဲ ဖြစ်ပါတယ်။ မာဖီးယားဖြစ်တာနဲ့အညီ အပြောကလည်း သွေးအေးသလို လက်သံကလည်းအတော်ပြောင်လို့ မင်းသားကြီးရဲ့ ပရိသတ်တွေရော၊ Crime စီးရီးကြိုက်သူတွေရော သဘောကျကြမှာပါ။ တစ်ပတ်တစ်ပိုင်းနှုန်းဖြင့် စုစုပေါင်း(၁၀)ပိုင်းထွက်ရှိမှာဖြစ်ပြီးcmမှ အပတ်စဥ်တင်ဆက်ပေးသွားပါ့မယ်။ (ဒီစီးရီးရဲ့ အညွှန်းနဲ့ ဘာသာပြန် ရေးသားပေးသူကတော့ JimX ဖြစ်ပါတယ်။)...
My Boo (2024) ⭐IMDB: 6.5/10 (176 Votes) 🎬 #Comedy #Drama #Horror #Romance 🗓 2024 🎞 movie 🌎 #Thailand ⏰ 2 နာရီ 5 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 My Boo (2024) IMDb Rating (6.5) Netflix က ထွက်ရှိလာတဲ့ ထိုင်းသရဲဟာသကားလေးရပါပြီ။သရဲကားလေးကိုမှ ပေါ့ပေါ့ပါးပါးနဲ့ ဟာသလေးစွက်လို့ ရှုစားလိုသူတွေအတွက် P’Bow ရဲ့ ရိုမန့်သရဲကားလေးပါ။သရဲကားဆိုပေမဲ့ ရိုးရှင်းတဲ့ plotကိုမှ အခွီဘက် အသားပေး တင်ဆက်ထားတာမလို့ သရဲကြောက်တတ်တဲ့လူတွေတောင် သဘောကျမိမယ့် ဇာတ်လမ်းမျိုးလေးဖြစ်ပါတယ်။ ဂျိုးဆိုတဲ့ gamer ကောင်လေးတစ်ယောက်ဟာ ဘဝကို ရေသာခိုအချောင်လိုက် ပေါ့ပေါ့နေပေါ့ပေါ့စားရှင်သန်လာရင်းနဲ့သူဌေးဖြစ်သူ သူ့အဘိုးဆုံးသွားတော့ အမွေထုပ်ကြီးကြီးရဖို့ မျှော်လင့်နေပေမဲ့ကံဆိုးချင်တော့ သေတမ်းစာက သူ့နာမည်အရောက်မှာ အဆုံးသတ်သွားသတဲ့။ဒီတော့ အစ်ကိုဖြစ်သူက ဂျိုးကိုသနားတာနဲ့ပဲ သူ့အမွေထဲက ပါထုန်ထာနီကအိမ်ကြီးကို ညီဖြစ်သူဂျိုးကို ခွဲပေးလိုက်တော့တာပေါ့။ဘာအလုပ်မှလုပ်မစားတဲ့ဂျိုးလည်း အမွေရပြီဆိုတာနဲ့ အမွေရထားတဲ့အိမ်ကြီးကို ရောင်းစားဖို့ဆိုပြီးပွဲစားခေါ်ပြီး ချက်ချင်းလာအကြည့်မှာ အိမ်ထဲက သရဲတွေနဲ့ ပက်ပင်းတိုးပါတော့တယ်။ တကယ်တော့ ဒီအိမ်ကြီးမှာ လွန်ခဲ့တဲ့နှစ်တွေက ဓားပြတိုက်တုန်းကအိမ်ကြီးရှင်သခင်မလေးအနုန်နဲ့အတူ အစေခံနှစ်ယောက်ပါ လူမသိသူမသိအသတ်ခံလိုက်ရပြီးသရဲအဖြစ် မကျွတ်မလွတ်ဖြစ်နေကြတာပါ။ ဒီတော့ အိမ်ကိုရောင်းချင်တဲ့ဂျိုးနဲ့ ဘဝမကူးနိုင်ရင် အိမ်ကဖယ်မှာမဟုတ်တဲ့ သရဲ ၃ ကောင်ဘယ်လိုအလွဲတွေနဲ့ရှေ့ဆက်ကြမလဲဆိုတာ ရှုစားကြပါဦး။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို CM Thai Team မှ တင်ဆက်ထားပါတယ်။)...
Chhalaang (2020) ⭐IMDB: 6.7/10 (20 k Votes) 🎬 #Bollywood #Comedy #Drama #Sport 🗓 2020 🎞 movie 🌎 #India ⏰ 2 နာရီ 16 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Chhalaang(2020) မွန်တူဟာ ပေါ့ပေါ့နေ ပေါ့ပေါ့စားကောင်….ပျော်ပျော်နေတတ်သလို လူငယ်အဖွဲ့ရဲ့ ဟိုစပ်စပ်ဒီစပ်စပ်အလုပ်တွေလည်းခေါင်းဆောင်လုပ်လေ့ရှိတယ်…ဘာအလေးအနက်မထားတတ်လို့ ဘွဲ့လည်းမရခဲ့ဘူး… ဒါပေမဲ့ အဖေရဲ့ကောင်းမှုကြောင့် သူတို့မြို့မှာရှိတဲ့ကျောင်းရဲ့ PT ဆရာဖြစ်လာခဲ့တယ်… ဒီလို ဝေလေလေလုပ်နေတဲ့မွန်တူကို မိဘတွေကလည်း တည်ငြိမ်သွားအောင် အိမ်ထောင်ပြုစေချင်တယ်… မွန်တူကတော့ အချစ်မပါတဲ့ အိမ်ထောင်ရေးဟာ ဘာညာကွိကွနဲ့ မိဘတွေကို ပြန်တရားချတယ်.. တစ်နေ့ Valentine’s Day ရောက်တော့ မွန်တူနဲ့ ဘော်ဒါတစ်သိုက်ဟာ ပန်းခြံထဲမှာပတ်ပြီး ချစ်သူစုံတွဲတွေကိုလိုက်ဖမ်းပါတယ်…ယာဉ်ကျေးမှုနဲ့မညီဘူး အများအမြင်မသင့်ဘူးဆိုပြီး အားလုံးကိုနှင်ထုတ်တယ်…လင်မယားတွေပါပြောတဲ့သူတွေကိုတောင် မွန်တူတို့က မယုံကြည်ဘဲမှတ်တမ်းပုံတွေရိုက်သတင်းစာထဲထည့်လိုက်ပါသေးတယ်… နောက်တစ်နေ့မွန်တူတို့ကျောင်းကို အရမ်းလှတဲ့ကျောင်းဆရာမလေးရောက်လာပါရော….မွန်တူလည်း ငမ်းမယ်ကြံရုံရှိသေးတယ်… ဒီဆရာမလေးဟာ သူတို့Valentine’s Day မှာ သတင်းစာထဲရောက်သွားလို့အရှက်ကွဲခဲ့ရတဲ့ လင်မယားရဲ့သမီးချောလေးဖြစ်နေတဲ့အခါမှာတော့…ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဉီး… ဘာသာပြန်သူကတော့ Thaik San ပဲ ဖြစ်ပါတယ်...
Khel Khel Mein (2024) ⭐IMDB: 7.1/10 (19 k Votes) 🎬 #Bollywood #Comedy #Drama 🗓 2024 🎞 movie 🌎 #India #UnitedKingdom ⏰ 2 နာရီ 11 မိနစ် 48 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Khel Khel Mein (2024) “အရင်းနှီးဆုံးသူစိမ်းများ”IMDb – 7.1/10 Remakeမင်းသားကြီးရဲ့ ဘောလိ၀ုဒ်ဟာသဒရာမာရုပ်ရှင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ဒီရုပ်ရှင်က Perfect Strangers (2016)ဇာတ်လမ်းကို အခြေခံပြီးပြန်လည်ရိုက်ကူးထားတာ။နိုင်ငံတော်တော်များများ ပြန်ရိုက်ထားကြတဲ့အပြင် မလေယာလမ်းစကားပြော အိန္ဒိယရုပ်ရှင်ကိုကနှစ်ကားထိရှိတယ်။ 12th Man (2012)နဲ့ 1001 Nunakal (2022)တဲ့။ ဒီရုပ်ရှင်မှာတော့ အရှေးကူးမား၊ တာ့ပ်ဆီး၊ ပရေ့ဂ်ယာဂျေစ်ဝယ်လ်နဲ့ ဗာနီကပူးရ်တို့လိုနာမည်ကျော်သရုပ်ဆောင်တွေပါဝင်ထားကြပါတယ်။ အိမ်ထောင်သည်တွေ၊ အိမ်ထောင်တခုထူထောင်ဖို့ စဉ်းစားနေသူတွေကိုအလင်းဖွင့်ပေးချင်တဲ့ စေတနာကိုလည်းမြင်တွေ့ရမှာပါ။ ဇာတ်အလမ်းအကျဉ်းပြောရရင် သူငယ်ချင်းသုံးယောက်ရှိတယ်၊ သုံးယောက်လုံးက အိမ်ထောင်သည်တွေ။တစ်ကောင်ရဲ့ခယ်မ မင်္ဂလာဆောင်ရှိရာမြို့ကို သွားကြဖို့ စီစဉ်ထားကြတယ်၊ သွားကြတယ်ပေါ့။မင်္ဂလာဆောင်မှာတွေ့ကြပြီး သူငယ်ချင်းစုံတွဲသုံးတွဲ အတူတူရှိနေရာကစ ဂိမ်းတစ်ခုကစားဖို့လုပ်ကြတဲ့အချိန်မှာတော့ ဖုံးကွယ်ထားတဲ့ အမှန်တရားတွေ၊ သိုဝှက်ထားတဲ့ စိတ်ခံစားမှုတွေ ဘွင်းဘွင်းကြီးပေါ်လာပြီးဘယ်လိုရှေ့ဆက်ကြမယ်ဆိုတာ ကြည့်ရှုကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်)...
Vedaa (2024) ⭐IMDB: 6.6/10 (1 k Votes) 🎬 #Action #Bollywood #Drama #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 24 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Vedaa (2024) “ဗေဒါပျံ အံကိုခဲ…”Genre – Action, Drama, ThrillerIMDB – 6.6/10 မင်းသားကြီး John Abraham ရဲ့ ၂၀၂၄ အသစ်ထွက်ဇာတ်ကား ထွက်ရှိလို့ လာပါပြီ။Maharaj နဲ့ Munjya တို့မှာလည်း ပါဝင်ထားတဲ့ မင်းသမီးချောလေး Sharvari နဲ့အတူအတွဲညီညီ သရုပ်ဆောင်ထားကြတဲ့ အက်ရှင်ကားကောင်းလေးပါ။ ဗေဒါဆိုတဲ့ ကောင်မလေးဟာ ဇာတ်နိမ့်တဲ့မျိုးရိုး ဖြစ်တဲ့အတွက်အမြဲတမ်း ဖိနှိပ်ခံနေရတဲ့ဘဝကို မကျေမချမ်းဖြစ်ကာ ပြန်တွန်းလှန်ချင်သူလေးတစ်ယောက်။ အဲဒီအချိန်မှာပဲ သူတက်နေတဲ့ ကောလိပ်မှာ ဘောက်ဆင်အတန်းတစ်ခု စဖွင့်ဖို့ ကြေငြာလိုက်တော့ကျားရဲဖြစ်မှ မြိုင်တောအလယ် ရှင်သန်နိုင်မှာကို တွေးမိပြီး ဝင်လျှောက်လိုက်တော့တယ်။တစ်ဖက်မှာ မေဂျာအာဘီမန်ယူဆိုတာက အင်မတန်တော်ပြီး အရည်အချင်းရှိတဲ့ စစ်သားတစ်ယောက်။ဒါပေမဲ့ စစ်ဆင်ရေးတစ်ခုမှာ ကိုယ်ရေးကိုယ်တာ အာဃာတကြောင့် စစ်သားဘဝကို အပြီးတိုင် စွန့်လွှတ်ခဲ့ရသူ။ ဒီလိုမျိုး အချိန်မတန်ခင် မာန်လျှော့လိုက်ရတဲ့ ကျားရဲတစ်ကောင်နဲ့ အမြင့်ကို ပျံသန်းချင်နေတဲ့ဗေဒါငှက်မလေးတို့ဟာ ရေစက်ပါလို့ လာဆုံတွေ့ခဲ့ပြီး ဘယ်လိုစွန့်စားခန်းတွေ ထွက်ကြရဦးမလဲဆိုတာကိုအက်ရှင်ခပ်မိုက်မိုက်တွေနဲ့ ကြည့်ရှုရယ့် ဇာတ်ကားကောင်းလေးပဲ ဖြစ်လို့ အားပေးလိုက်ကြပါဦးခင်ဗျာ။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)...
Mulholland Drive (2001) ⭐TMDB: 78% User Score 🎬 #Drama #Mystery #Thriller 🗓 2001 🎞 tv movie 🌎 #France #USA #UnitedStatesofAmerica ⏰ 2 နာရီ 27 မိနစ် 51 စက္ကန့် 👑 Channel Myanmarဇာတ်ညွှန်း 📜 Mulholland Drive (2001) IMDB – 8/10Metacritic – 81%Rotten Tomatoes – 82% Hollywood က ငွေရောင်ပိတ်ကားတွေထက်မှာ အထင်ပေါ်ဆုံးသူဖြစ်ဖို့၊ အကျော်ကြားဆုံးနဲ့ အရည်အချင်းအရှိဆုံး မင်းသမီးအဖြစ် လူတွေဝိုင်းရံနေတဲ့ ကော်ဇောနီတွေပေါ်မှာ လျှောက်လှမ်းနိုင်ဖို့။ ဒါတွေက အိမ်နဲ့ဝေးရာ California က ရုပ်ရှင်ကမ္ဘာကို အရောက်လာခဲ့တဲ့ Betty Elms ရဲ့ စိတ်ကူးအိပ်မက်တွေပဲ။City of Angels လို့ သမုတ်ကြတဲ့ဒီမြို့တော်က သူ့အဒေါ်ရဲ့နေအိမ်ကို Betty ရောက်တဲ့အချိန်မှာ၊ သူမမျှော်လင့်ထားတဲ့ အံ့သြစရာတစ်ခုက အဆင်သင့်စောင့်ကြိုနေတယ်။ အဲဒါကတော့၊ အိမ်ထဲမှာ ကြိုရောက်နေတဲ့၊ အတိတ်မေ့နေတဲ့ မိန်းကလေးတစ်ယောက်နဲ့ ဆုံရတာပဲ။ သူ့ရဲ့အဒေါ်နဲ့လဲ ဆက်စပ်မှုမရှိ၊ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကိုလဲ မေးမရပေမယ့်၊ ရှင်းပြလို့မရနိုင်တဲ့ ခံစားချက်တစ်ခုကြောင့်၊ Rita လို့ သူ့ကိုယ်သူ နာမည်ပေးထားတဲ့ ဒီကောင်မလေး ဘယ်သူဆိုတာကို သိရအောင်ကူညီပေးဖို့ Betty ဆုံးဖြတ်လိုက်တယ်။သူစိတ်ဝင်စားနေတဲ့ ရုပ်ရှင်ဇာတ်ရုပ်တစ်ခုမှာ သရုပ်ဆောင်ရမယ့် အခွင့်အရေးကို၊ အဆက်အသွယ်ကောင်းတဲ့ တခြားမင်းသမီးလက်ထဲကို လွှဲပေးလိုက်ရတဲ့အချိန်၊ တစ်ဖက်မှာလည်း Rita ခုလို အတိတ်မေ့သွားတာ သွေးရိုးသားရိုးမဟုတ်တဲ့ မတော်တဆမှုတစ်ခုကြောင့် ဆိုတာကို သိလိုက်ရတယ်။ ဒီလိုနဲ့ တစ်စတစ်စ ပေါ်လာတဲံ Rita ရဲ့ နောက်ကြောင်းကို စုံစမ်းရင်း၊ Rita အတိတ်မမေ့ခင် နေခဲ့တယ်လို့ ယူဆရတဲ့အိမ်ကို သူတို့တွေရောက်သွားချိန်မှာ ကိစ္စအားလုံးကို ပိုပြီးရှုပ်ထွေးစေမယ့် အရာတစ်ခုကို တွေ့လိုက်ရတဲ့အခါမှာတော့ … … … ။~~~ ~~~ ~~~ ~~~ ~~~ ~~~ ~~~ Naomi Watts နဲ့ Laura Elena Harring တို့ ဦးဆောင်ပါဝင်ထားတဲ့ ဒါရိုက်တာ David Lynch ရဲ့လက်ရာပါ။ ဒီမင်းသမီးတွေကို အနုပညာလမ်းကြောင်းမှန်ပေါ် တင်ပေးနိုင်ခဲ့သလို၊ Lynch ကိုလည်း အကယ်ဒမီဆုအတွက် nomination ရစေခဲ့တဲ့ Mulholland Drive ကို ဒီဒါရိုက်တာကြီးရဲ့ အပြောင်မြောက်ဆုံး ဇာတ်ကားတွေထဲ ထိပ်ဆုံးကလို့ ညွှန်းဆိုကြလေ့ရှိပါတယ်။ မူလက ရုပ်သံဇာတ်လမ်းတွဲတစ်ခု ဖန်တီးဖို့ရည်ရွယ်ချက်နဲ့ ဇာတ်သိမ်းမရေရာတဲ့ Pilot Episode အဖြစ် ရိုက်ကူးခဲ့ပေမယ့်၊ ပယ်ချခံခဲ့ရတဲ့နောက်မှာ၊ ရိုက်ထားပြီးသားဇာတ်လမ်းကို ဇာတ်သိမ်းခန်း ထပ်မံရိုက်ကူးဖြည့်စွက်ပြီး ရုပ်ရှင်ကားကြီးအဖြစ် အသွင်ပြောင်းခဲ့တာပါ။ ဒီအချက်ကြောင့်ရယ်၊ Lynch ရဲ့ ပင်ကိုယ်ရိုက်ကူးမှုပုံစံရယ်ကြောင့်၊ Mulholland Drive ရဲ့ ဇာတ်လမ်းဟာ တိတိကျကျရယ်လို့ မဟုတ်ပဲ ကြည့်ရှုသူရဲ့ အဓိပ္ပါယ်ကောက်မှုအပေါ် မူတည်ပြီး ကွာခြားသွားတတ်တဲ့ သဘာ၀ ရှိနေတာဖြစ်ပြီး၊ အဲဒါကပဲ သူ့ရဲ့အဓိကဆွဲဆောင်မှု ဖြစ်လာခဲ့ပါတယ်။ ရိုက်ကူးထားတဲ့ပုံစံကတော့ David Lynch ကားတွေရဲ့ထုံးစံအတိုင်းပဲ၊ တစ်သမတ်တည်းဖြစ်တဲ့ ဇာတ်လမ်းသွားမဟုတ်သလို၊ တစ်ကားလုံးမှာ ကင်မရာအသုံးပြုနည်းမျိုးစုံကို သုံးထားတာကြောင့် ဇာတ်ကောင်တစ်ယောက်ချင်းစီရဲ့ အတွင်းစိတ်နဲ့ အခြေအနေတစ်ခုအပေါ် ဘာကြောင့်ဒီလိုတုံ့ပြန်လဲ ဆိုတဲ့အကြောင်းရင်းကို ကြည့်နေတဲ့သူကို အတွင်းကျကျခံစားမိစေပါတယ်။ ဒါ့အပြင်၊ ဇာတ်ဝင်ခန်းတိုင်းမှာ အသုံးပြုထားတဲ့ နောက်ခံအသံကလဲ ဒီဇာတ်ဝင်ခန်းကပေးချင်တဲ့ စိုးရိမ်စိတ်၊ ကြောက်စိတ် အစရှိတဲ့ ခံစားချက်တွေကို ပရိသတ်ခံစားမိအောင် တွန်းပို့ပေးခဲ့ပါတယ်။ 2001 ခုနှစ်၊ Cannes ရုပ်ရှင်ပွဲတော်မှာ ပွဲဦးထွက်ပြသခဲ့ပြီး၊ ဝေဖန်ရေးဆရာတွေနဲ့ ပရိသတ်တွေရဲ့ အထူးချီးကျူးမှုကိုရရှိခဲ့တဲ့ Mulholland Drive ဟာ ဒေါ်လာ ၁၅ သန်း အကုန်အကျခံ ရိုက်ကူးခဲ့တာဖြစ်ပြီး၊ ကမ္ဘာတစ်ဝှမ်း စုစုပေါင်းဝင်ငွေ သန်း ၂၀ ကျော် ပြန်ရခဲ့ပါတယ်။ ဒါတွေကတော့ Mulholland Drive ရဲ့ Wikipedia article က fact တွေ သက်သက်ရယ်ပါ။ ပြောချင်တာကတော့၊ Mulholland Drive ကို ပထမဆုံး ကြည့်မိတဲ့အချိန်မှာ ကင်မရာရိုက်ချက်တွေနဲ့ ပတ်သတ်တဲ့အရာတွေ၊ နောက်ခံအသံတွေ၊ အဲဒီလိုအရာတွေကို ဂရုမစိုက်အားခဲ့ဘူး ဆိုတာပါပဲ။ ဒါ့ကြောင့် အခုပြောပြမယ့် ကျွန်တော့်အမြင် ဆိုတာကလဲ၊ review ဆိုတာထက်၊ ပရိသတ်တစ်ယောက်အနေနဲ့ကြည့်ပြီး ခံစားရတဲ့ ကိုယ်ပိုင်ခံစားချက်သက်သက်ပါ။ ဒါရိုက်တာကြီး David Lynch ရဲ့လက်ရာတွေထဲ ပထမဆုံးကြည့်မိတဲ့ ဒီကားထဲ မျောနေရင်း ပထမဆုံး ရလိုက်တာက အိပ်မက်မက်နေရတဲ့ ဖီလ်လင်ပါပဲ။ ဇာတ်လမ်းဟာ ကစဉ့်ကလျားနဲ့ အစီအစဉ်မကျဘူး။ ဒါပေမယ့်၊ အဲဒီအပိုင်းအစလေးတွေကပဲ အာရုံကို တခြားမလွှဲနိုင်အောင် ဆွဲဆောင်ထားတယ်။ အဆက်အစပ်မရှိတဲ့ ဇာတ်ဝင်ခန်းတွေ တစ်ခုပေါ်တစ်ခု ထပ်လာတဲ့အချိန်မှာ၊ စိတ်ရှုပ်ထွေးသွားရမယ့်အစား၊ ဘာတွေထပ်မြင်ရမလဲဆိုတဲ့ စူးစမ်းစိတ်ကသာ ပိုလာတယ်။ အဓိပ္ပါယ် ရေရေရာရာ မထင်ရှားတဲ့ ကမ္ဘာတစ်ခုထဲကို ရောက်နေပေမယ့်၊ ကသိကအောက်ဖြစ်မနေပဲ အချိန်တန်ရင် အားလုံးဆက်စပ်မိမှာပါဆိုတဲ့ အာမခံချက်လေးက စိတ်ထဲမှာ အလိုလိုရောက်နှင...
The Wrong Daughter (2018) ⭐IMDB: 4.8/10 (949 Votes) 🎬 #Crime #Thriller #Drama 🗓 2018 🎞 tv movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Wrong Daughter (2018) ================== ယောက်ျားထုရဲ့ မင်းသမီးလေး Sydney Sweeney ရဲ့ ပွဲဦးထွက်ကာလများဆီက ရုပ်ရှင်ကားဖြစ်ပြီးတော့ အေးစက်စက်ဆိုက်ကိုဇာတ်ကောင်နေရာကနေ လှပစွာ ပါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့…. ကလေးကိုမွေးကင်းစအရွယ်ကတည်းက မွေးစားဖို့ စွန့်ပစ်လိုက်တဲ့ Kate ဟာ သူ့ရဲ့ သမီးအရင်းကို ပြန်ရှာတွေ့တဲ့အခါ မိခင်ဆိုတဲ့အတိုင်း သမီးလေးကို သိချင်စိတ်တွေ ဆုံးရှုံးလိုက်ရတဲ့ အချိန်တွေအတွက် ပြန်လည်ဖာထေးပေးချင်စိတ်တွေနဲ့ ရင်းနီးလိုစိတ်တွေကြောင့် သူနဲ့ ယောက်ျားဖြစ်သူ Joe တို့ဟာ Danica ကို အိမ်ကိုလာနေဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ ဒါပေမယ့် ကံဆိုးစွာနဲ့ မကောင်းတဲ့ကိစ္စတွေ ထူးဆန်းတာတွေ ဖြစ်လာတဲ့ အခါ Kate ဟာ သူတို့အိမ်ကိုခေါ်လိုက်တဲ့ အမျိုးသမီးဟာ သမီးအရင်းမဟုတ်တာ ဖြစ်နိုင်ကြောင်း သဘောပေါက်လာပြီးတော့ ဒီ Danica ဆိုတဲ့ ထူးဆန်းတဲ့ မိန်းကလေးက ဘယ်သူလဲဆိုတာကို အချိန်မလွန်မီ စုံစမ်းရပါတော့တယ်။ ဒီဇာတ်ကားဟာမိသားစုနဲ့ အန္တရာယ်တွေ ယုံကြည်မှုကြောင့် ဘယ်လိုဒုက္ခရောက်နိုင်လဲ ဆိုတာကို တင်ဆက်ပြသထားတာဖြစ်ပြီးတော့ Psychological Thriller ကြိုက်တတ်တဲ့ သူတွေအဖို့ ကြည့်ရတာ တန်မှာပါ။ Danica ကဘယ်သူဖြစ်မလဲ၊ ဘာဖြစ်လို့ ဒီလိုလုပ်ရသလဲ၊ ဘာဖြစ်လို့ အိမ်ကိုရောက်လာရသလဲ ဆိုတာကို စိတ်ဝင်တစားကြည့်ရမှာ ဖြစ်လို့ ရှုစားကြပါလို့ပဲ အကြံပေးလိုက်ပါတယ်။...
Kingsglaive: Final Fantasy XV (2016) ⭐IMDB: 6.7/10 (23 k Votes) 🎬 #Action #Adventure #Animation #ScienceFiction #Drama #Fantasy #SciFi 🗓 2016 🎞 movie 🌎 #Japan #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 55 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လောကကြီးမှာ… ဂိမ်းမဆော့ဘူးတဲ့လူဆိုတာမရှိနိုင်ပါဘူးလို့ ပြောရမလိုပါပဲ ၊ ဂိမ်းတွေဆိုတာလည်း တစ်ခေတ်ပြီး တစ်ခေတ် အဆင့်ဆင့်ကျော်လွှားခဲ့ပြီး လူတွေ နှလုံးသားထဲနေရာယူထားဆဲပါ။ ရာထောင် သောင်းချီတဲ့ ဂိမ်းတွေထဲမှာ အအောင်မြင်ဆုံးဂိမ်းတွေ ဆိုတာ လက်ချိုးရေတွက်လို့ ရနိုင်ပါတယ်။ အဲ့ဒီဂိမ်းတွေထဲကမှ Final Fantasy ဆိုတာလည်း အဲ့ဒီထဲက နာမည်ကြီးတစ်ခုမဟုတ်ပါလား . . . အခုဒီဇာတ်ကားလေးဟာ ၂၀၁၆ ထွက်ဖြစ်ပြီး IMDb rating 7.0/10 ထိရရှိထားပါတယ်။ Entertainment Weekend C+ တိုက်ပွဲတွေကြောင့် အသက်တွေ သွေးတွေ ချောင်းစီးခဲ့ရပြီးနောက်မှာ Kingsglaive အဖွဲ့ဟာ Lucis ကို အသက်ပေးပြီး လာရောက်တိုက်ခိုက်သမျှ ရန်သူတွေကောင်းဆိုးဝါးတွေကို ပြင်းပြင်းထန်ထန်တော်လှန်တိုက်ခိုက်နေခဲ့ပါတယ်။ နောက်တော့ ရန်သူ့တပ်မတော်က သူတို့ကဲ့သို့တပ်ဖွဲ့တွေကို မှော်အစွမ်းတွေနဲ့ စွမ်းရည်မြင့်မားလာအောင်လုပ်ဖို့အတွက် မှော်ဝင်သလင်းတုံးကို ရှာဖွေနေခဲ့ပါတယ်။ ဒါပေမယ့် ထုံးစံအတိုင်းပဲ …… ဒီကားဟာ Franchise တစ်ခုအနေနဲ့ အပိုင်းတွေ အများကြီးထွက်ရှိပြီးခဲ့တဲ့နောက် ဒါဟာ ၂၀၁၆ ခုနှစ်မှာ နောက်ဆုံးထွက်ရှိထားတာပါပဲ။ ဂျပန်က ထုတ်တာဖြစ်တဲ့အတွက် အန်နီမေးရှင်းပိုင်းမှာ ပြောစရာ လှည့်ကြည့်စရာမလိုလောက်အောင် သေသပ်ကျနမှု ရှိလှပါတယ်။ သရုပ်ဆောင် အပိုင်းလား စိတ်ပူစရာတောင် မလိုပါဘူး နာမည်ကြီးတွေဖြစ်တဲ့ Aaron Paul(Mission Impossible 3, Need For Speed), Sean Bean(The Lord Of The Rings Trilogy, Games Of Thrones), Lena Heady (300, 300:Rise Of The Empire, The Mortal Instruments) တို့တွေက အသံသရုပ်ဆောင်ထားတာပါ။ ဘာပဲဖြစ်ဖြစ်ပါ ဒီကားက Final Fantasy ဂိမ်းဖန်တစ်ယောက်အနေနဲ့တင်မကပဲ အန်နီမေးရှင်းဖန်တစ်ယောက်အနေနဲ့ပါ ကြည့်ရှုခံစားလို့ရနိုင်တဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါကြောင်း… File Size : 5.2 GB, 2.1 GB, 1.08 GBQuality : Blu-Ray HEVC 4K / 1080p / 720pRunning Time : 1hr 50minFormat : Mkv and Mp4Audio : AAC and AC-3Genre : Action, Animation, AdventureSubtitle : Myanmar Subtitle (Hard Sub)Translated by : ငတုံးမျိုးကို...
Missing (2024) ⭐IMDB: 6.4/10 (219 Votes) 🎬 #Drama 🗓 2024 🎞 movie 🌎 #Japan ⏰ 1 နာရီ 58 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Missing (2024) IMDb Rating (6.4) “အဲဒီကောမန့်တွေကို ကြည့်မနေနဲ့ အမှိုက်သရိုက်တွေ” “အမှိုက်တွေက လူတွေကို မတိုက်ခိုက်ဘူး ဒီကောမန့်တွေက လူတွေကိုနာကျင်စေတယ် သေစေတယ်” 7 နှစ်သား သမီးလေးပျောက်သွားလို့ ရင်ကွဲနာကျနေရတဲ့ မိခင်တစ်ယောက်က သူ့ကလေးလေးကို ပြန်ရှာတွေ့ဖို့ လချီကြိုးစားနေပေမဲ့ ဘာသတင်းအစအနမှ မရခဲ့ဘူး။ သတင်းဌာနတွေကလည်း ပျင်းစရာကောင်းတဲ့ ဘာတိုးတက်မှုမှမရှိတဲ့ လူပျောက်သတင်းကို သိပ်ပြီးအရေးမပေးချင်တော့သလို လူတွေကလည်းကြာလာတော့ မေ့ချင်လာကြပြီ။ ဒီကြားထဲက မိခင်က ကလေးကိုပစ်ထားပြီး boyband တစ်ခုရဲ့ ပွဲကိုသွားကဲနေခဲ့လို့ ကလေးပျောက်တာ နည်းတောင်နည်းသေးတယ်ဆိုတဲ့ မညှာမတာကောမန့်တွေအပြင် တဖြည်းဖြည်းနဲ့ ဒီ့ထက်ပိုဆိုးရွားတဲ့ သွားပုတ်လေလွှင့်စော်ကားမှုတွေ ပေါ်လာချိန်မှာတော့ ကလေးပျောက်မိခင် Saori တစ်ယောက် ဘယ်လိုအခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားရမလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။)...
Sudden Death (1995) ⭐TMDB: 60% User Score 🎬 #Action #Crime #Thriller #Drama 🗓 1995 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 50 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကား ကတော့ ကျွန်တော်တို့ငယ်ငယ်က စစ်ကားအက်ရှင်ကားကောင်းဆိုရင် ပါတက်တဲ့ မင်းသားကြီး Van Damme ပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်ကားလေးကတော့ သည်းထိတ်ရင်ဖို အက်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ မင်းသားကြီးVan dammeက မီးသတ်သမား တစ်ယောက်အနေနဲ့ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းသွားကတော့ ဟော်ကီပွဲမှာ ဓါးစာခံအဖြစ်ဖမ်းခံထားရတဲ့ ဒုသမ္မတနဲ့ မင်းသားကြီးရဲ့ ကလေးတွေကိုကယ်တင်တဲ့အကြောင်းပဲဖြစ်ပါတယ် မင်းသားကြီးတစ်ယောက် ဘယ်လိုတိုက်ခိုက်မလဲ အခက်အခဲတွေကိုဘယ်လိုရင်ဆိုင်ကျော်လွှားမလဲဆိုတာကတော့ ဇာတ်လမ်းလေးမှာကြည့်ရှူကြပါဦးခင်ဗျား။...
Spirit of Ecstasy (2023) ⭐IMDB: 5.9/10 (280 Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #France ⏰ 1 နာရီ 38 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ပြင်သစ်စကားပြော ဒရာမာရုပ်ရှင်လေးပဲ ဖြစ်ပါတယ် ဂျန်ဟာ ၂၄ နှစ်အရွယ် အိပ်မက်တွေနဲ့ မိန်းကလေးဖြစ်ပြီး ငွေကြေးပိုင်းစိတ်ဝင်စားသူပါ ယောကျာ်းလေးလိုဖြစ်အောင် ရင်သားကို ပတ်တီးတွေနဲ့ကျပ်နေအောင် စည်းထားပြီး သူသဘောကျတဲ့ suit ကိုလည်း ဆိုင်ကမရမက ခိုးဝတ်ပါတယ် အမေလည်းမရှိသလို အဖေကလည်း အလုပ်များတာကြောင့် မောင်လေးညီမလေးတွေကို အစ်မကြီးအမိအရာလို စောင့်ရှောက်ရတဲ့ ကောင်မလေး သူ့ကို အလုပ်ရှင်ကသဘောကျသွားတဲ့အခါမှာ… နောက်ပြီးတစ်ပြိုင်နက်တည်းမှာပဲ စစ်သားတစ်ယောက်ဖြစ်တဲ့ သူ့ရည်းစားဟောင်းက လေးနှစ်အကြာမှာ ပြန်ရောက်လာတဲ့အခါ...
Love Story 2050 (2008) ⭐TMDB: 29% User Score 🎬 #Action #Bollywood #Romance #SciFi #Adventure #Drama #Musical #ScienceFiction 🗓 2008 🎞 movie 🌎 #India #Australia ⏰ 2 နာရီ 16 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Love Story 2050 (2008) “အချစ်ဇာတ်လမ်း ၂၀၅၀” 2008ခုနစ်ကထွက်ရှိခဲ့တဲ့ သိပ္ပံစိတ်ကူးယဉ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့။နတ်ဖလစ်သတင်းထောက်စီးရီး Scoop (2023)ထဲက မင်းသားကြီး ဟာမန်ဘာဝီဂျာငယ်ရွယ်နုပျိုစဉ်အခါက မင်းသမီးချော ပရီရန်ကာချိုပရာနဲ့ လိုက်ဖက်ညီစွာသရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ကာရန်ဆိုတာ သန်းကြွယ်သူဌေးကြီး မစ္စတာမယ်ဟိုတရာရဲ့ တစ်ဦးတည်းသောသားတစ်ယောက်။စီးပွားရေးလုပ်ငန်းတွေကိုပဲ အာရုံစိုက်နေတဲ့ သန်းကြွယ်သူဌေးကြီးရဲ့သား မိတဆိုးလေးမောင်ကာရန်ကတော့ မိဘမေတ္တာကို ငတ်မွတ်နေရှာသူပေါ့။ တစ်နေ့ စက်ဘီးစီးပြိုင်ပွဲတစ်ခုမှာ ဆာနာဆိုတဲ့ အမျိုးသမီးငယ်လေးနဲ့တွေ့ပြီးနေရာတိုင်း လူတိုင်းဆီမှာ ဆာနာရဲ့ပုံရိပ်တွေပဲ မြင်နေရတဲ့ထိ စွဲလန်းသွားခဲ့တယ်။ခင်မင်မှုလေးရဖို့ကိုတောင် ခက်ခက်ခဲခဲကြိုးစားခဲ့ရပြီးမှ အဖြစ်ဆိုးတစ်ခုကြောင့် ဆာနာကိုဆုံးရှုံးလိုက်ရာကစအချိန်ခရီးသွားပြီး ချစ်သူကိုပြန်ခေါ်ဖို့ကြိုးစားရာမှာ ၂၀၅၀ခုနစ်က မွမ်ဘိုင်းကိုရောက်လို့သွားပါတော့တယ်။၂၀၀၈ခုနစ်က ခေတ်လွန်ရုပ်ရှင်ဆိုပေမဲ့ အဆင့်တစ်ခုထိရှိတဲ့အတွက် တင်ဆက်ပေးလိုက်တာမို့ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)...
The Crow: City of Angels (1996) ⭐TMDB: 55% User Score 🎬 #Action #Bollywood #Romance #SciFi #Drama #Fantasy #Thriller 🗓 1996 🎞 movie 🌎 #India #UnitedStatesofAmerica ⏰ 1 နာရီ 26 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Crow: City of angels (1996) ဟာ 1994 ခုနှစ်က ထွက်ခဲ့ပြီး အရမ်းနာမည်ကြီး လူကြိုက္များခဲ့တဲ့ The crow ရဲ့ sequel ပဲ ဖြစ်ပါတယ်။ Brue lee ရဲ့ သားဖြစ်သူ Brandon Lee ရိုက်ခဲ့တဲ့ ပထမကားကိုတော့ မမှီတာတော့ အမှန်ပါ။ ဒီကားမှာေတာ့ Vincent Perez က The crow အဖြစ်ပါ၀င်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Ashe Corven (Vincent Perez) ရယ် သူ့သားရယ်ဟာ ဆိုးဆိုးရွားရွား အသတ်ခံလိုက်ရပါတယ်။ သတ်သွားတဲ့လူတွေကို လက်စားချေဖို့အတွက် Ashe Corven ဟာ The crow အဖြစ်နဲ့ သေရွာကပြန်လာပြီး ဘယ်လို လက်စားချေသွားမလဲဆိုတာကို ကြည့်ရှုကြရမှာပါ ခင်ဗျာ။(အဖော်အချွတ် scene တွေပါလို့ မိသားစုနဲ့မကြည့်သင့်ပါ)...
