uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку 👈

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закритий канал

🚩 Channel was restricted by Telegram

Показати більше
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
The Hill (2023) ⭐IMDB: 6.7/10 (3 k Votes) 🎬 #Biography #Drama #Sport #History 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 8 မိနစ် 1 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Hill (2023) ~ IMDb – 6.7/10, RT – 44%, Meta – 48% ~ Professional Baseball Player Rickey Hill ရဲ့ ဘဝအကြောင်း ဖြစ်ရပ်မှန်ကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတဲ့ အတ္ထုပ္ပတ္တိ ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။ တက္ကဆက်ပြည်ရဲ့ မြို့ငယ်လေးမှာ မွေးခဲ့တဲ့ ရစ်ကီဟေးလ်ဆိုတဲ့ ကလေးဟာ မွေးရာပါ ခြေထောက်တွေ မသန်မစွမ်းဖြစ်နေပြီး အသက်ကိုးနှစ်အရွယ်ထိ ‌လမ်းလျှောက်ဖို့တင်ကို Brace တွေတပ်ပြီး နေခဲ့ရပါတယ်။ ရစ်ကီရဲ့အဖေက သင်းအုပ်ဆရာဖြစ်ပြီး သူ့အလုပ်ကို မိသားစုထက်အရင် ‌အလေးပေးရှေ့တန်းတင်ခဲ့သူပါ။ ရစ်ကီရဲ့ မထင်မှတ်စရာ သူ့အိပ်မက်က တစ်နေ့မှာ ပရော်ဖက်ရှင်နယ်ဘေ့စ်ဘောကစားသမား ဖြစ်လာပြီး Major League ပွဲမှာ ကစားရဖို့ပါတဲ့။ ရစ်ကီရဲ့အဖေ ဂျိမ်းစ်က သူ့သားရဲ့အခြေအနေကြောင့်ရော သူလို သင်းအုပ်ဆရာဖြစ်စေချင်တာကြောင့်ပါ ရစ်ကီကို ဘေ့စ်ဘောကစားခွင့်မပြုခဲ့ပါဘူး။ ရစ်ကီရဲ့ အစ်ကိုနဲ့အစ်မကတော့ သူတို့အငယ်လေးရဲ့အိပ်မက်ကို ငယ်ငယ်တည်းက အားပေးခဲ့ပါတယ်။ဂျိမ်းစ်ရဲ့ တရားဟောအလုပ်ကလည်း မိသားစုကို ကျွေးမွေးဖို့‌တောင် အနိုင်နိုင်ပါ။ ဒါကိုကံဆိုးမသွားရာ မိုးလိုက်လို့ရွာပြီး သူ့ကို မကြည်တဲ့မြို့သားတွေ မောင်းထုတ်တာခံရပါတယ်။ ဒီလိုနဲ့ တခြားမြို့လေးကို ပြောင်းသွားရပြီး ခက်ခက်ခဲခဲ ရပ်တည်ရပါတယ်။ ရစ်ကီရဲ့ အားထုတ်မှုကြောင့် အထက်တန်းအရွယ်ဘေ့စ်ဘောရိုက်တဲ့နေရာမှာ အတော်ဆုံးဖြစ်လာပေမဲ့ ခွင့်မပြုတဲ့ ဖခင်ရဲ့အတ္တကိုလည်း ရင်ဆိုင်ရပါတယ်။ ဂျိမ်းစ်ကလည်း ရစ်ကီကစားတာကို လုံးဝလာမကြည့်ပါဘူး။ ဒီလိုနဲ့ ငယ်ငယ်တည်းက မသန်မစွမ်းဖြစ်ခဲ့တဲ့ ရစ်ကီကို ဘုရားသခင်က နောက်တစ်မျိုးစမ်းသပ်ပြန်ပါတယ်။ အဲဒါကတော့ ပရိုအားကစားသမားဖြစ်လာဖို့ အစမ်းကစားပွဲကြီးမတိုင်ခင်မှာ ရစ်ကီက ကျောရိုးဆုတ်ယုတ်ပျက်စီးတဲ့ရောဂါကြီးရှိနေတာ သိလိုက်ရပါတယ်။ တိုတိုပြောရရင် သူ့ကျောရိုးက အသက်နဲ့မလိုက်အောင် အသက် ၆၀အရွယ် ဖြစ်နေတာပါ။ ဒီအတွက် ခွဲစိတ်ခတွေ အလွန်အမင်းကုန်ကျမှာမို့ ရန်ပုံငွေတွေရှာပြီး ကြိုးစားကုသခဲ့ပါတယ်။ ဂျိမ်းစ်နဲ့လည်း အချေအတင်ဖြစ်ရတာပေါ့။ ဒီလို ဘဝတစ်လျှောက်လုံး ကြုံတွေ့ခဲ့ရတဲ့ စိန်ခေါ်မှုတွေအခက်အခဲတွေကို ကျော်ဖြတ်လို့ ဖခင်ရဲ့ အားပေးမှုကို နောက်ဆုံးမှာ ရယူနိုင်ခဲ့ပြီး ပရော်ဖက်ရှင်နယ် ဘေ့စ်ဘောကစားသမားဖြစ်လာတဲ့ ရစ်ကီဟေးလ်ရဲ့ ဇာတ်လမ်းကို စိတ်ဓာတ်ခွန်အားတက်ကြွဖွယ် စီးမျော ခံစားရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုShune Lai KKမှ ပြန်ဆို ရေးသားထားပါတယ်)...

Saindhav (2024) ⭐IMDB: 6.0/10 (667 Votes) 🎬 #Action #Bollywood #Crime #Drama #Uncategorized #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 18 မိနစ် 25 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Saindhav (2024)IMDb – 6.2/10 ဒီတစ်ခေါက်မှာတော့ အက်ရှင်ဒရာမာကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်အခုခေတ်လူငယ်တွေဟာ PUBG လို ဂိမ်းမျိုးကို ကစားပြီးတော့ လက်နက်တော်တော်များများနဲ့ရင်းနှီးကျွမ်းဝင်မှုရှိနေကြပါတယ်။ ဒီကိစ္စကို အခွင့်ကောင်းယူပြီးတော့ Cartelအုပ်စုက လူငယ်လေးတွေ (အထူးသဖြင့် မိဘမဲ့ကလေးတွေ)ကိုစုဆောင်း လေ့ကျင့်ရေးပေးပြီးတော့ အကြမ်းဖက်မှုတွေကို ပြုလုပ်ဖို့ ကြိုးစားနေပါတော့တယ်။ ဒီလို ကလေးတွေကို လေ့ကျင့်ပေးပြီးတော့ သေနတ်တွေကိုင်ခိုင်းပြီး သူတို့ရဲ့ ဖောက်သည်တွေဆီကို ရောင်းချဖို့လုပ်နေပါတယ်။ ဒီအုပ်စုရဲ့ခေါင်းဆောင်ဟာ ခြင်သတ်တာကမှ လူသတ်တာကမှ ပိုခက်ခဲနေပါဦးမယ်ဆိုသလိုမျိုး သူ့သားရဲ့၂၅နှစ်မြောက်မွေးနေ့မှာတောင် သူ့ရဲ့အယောက်၅၀မြောက်လူကို သတ်ပြီးတော့ မွေးနေ့လက်ဆောင်ပေးတဲ့ အကောင်ကြီးကြီးလူမျိုးပါ။စိုင်းဒါ့ဗ်လို့ခေါ်တဲ့ အရင်ကအတိတ်ကိုမေ့ပျောက်ထားပြီးတော့ ချစ်စရာသမီးလေးနဲ့အတူ ဇာတ်မြှုပ်ထားတဲ့သူတစ်ယောက်၊ ဒီလိုလူနဲ့ Cartelအုပ်စုနဲ့ ဘယ်လိုတွေ ဆုံမိသွားကြမလဲ ……. Cartelအဖွဲ့အစည်းကရော ဘယ်လိုအကြမ်းဖက်မှုတွေ လုပ်ဆောင်သွားမလဲ …….ဆိုတာတွေကို ကြည့်ရှူခံစားရမှာပဲ ဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Zwe Yan~V~ToMo~BpL~Yunni တို့ပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

Mr. & Mrs. Smith (2024- ) ⭐IMDB: 6.1/10 (2 k Votes) 🎬 #Action #Adventure #Comedy #Drama #Crime #Thriller 🗓 2024- 🎞 tv series 🌎 #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 46 မိနစ် 43 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Mr. & Mrs. Smith(2024)Mr. & Mrs. Smith(2024)********************** အပိုင်းသစ်(၁+၂+၃) ဒီစီးရီးကတော့ ဘရက်ပစ်နဲ့ဂျိုလီတို့ရဲ့ နာမည်ကျော် စပိုင်အက်ရှင်စီးရီး Mr. & Mrs. Smith ကို ပြန်အသက်သွင်းထားတာပါ။ အဓိကဇာတ်ကောင်နှစ်ယောက်ကိုတော့ လူမည်းတစ်ယောက်နဲ့ အာရှစကော့တလန်ကပြားတစ်ယောက်အဖြစ် ပြောင်းလဲထားပါတယ်။ ဒါရိုက်တာထဲမှာ အကောင်းဆုံးစီးရီးတွေထဲက တစ်ခုဖြစ်တဲ့ Fargo ကို ဖန်တီးခဲ့တဲ့ Francesca Sloane ပါဝင်နေပြီး နာမည်ကြီး သရုပ်ဆောင် Donald Glover ကိုယ်တိုင် ထုတ်လုပ်သူအဖြစ်ရော မင်းသားအဖြစ်ရော ပါဝင်နေတာပါ။ မင်းသမီးဖြစ်တဲ့ Maya Erskine ကတော့ လတ်လတ်ဆတ်ဆတ် Blue Eye Samurai စီးရီးမှာ Mizu နေရာက အသံသရုပ်ဆောင်ထားပါသေးတယ်။ ဇာတ်လမ်းအကျဉ်းဒီဇာတ်လမ်းကတော့ဘရက်ပစ်တို့တုန်းကလို အိမ်ထောင်သက်ရှည်တဲ့အတွဲမျိူးမဟုတ်ပါဘူး။ ပထမဆုံး အလုပ်ဝင်ပြီး စစ်ဆင်ရေးအနေနဲ့ နှစ်ယောက်တွဲတာဝန်ပေးခံရတာပါ။ အိမ်တစ်လုံးထဲမှာထားပေးပြီး လက်ထပ်စာချုပ်တစ်ခုနဲ့ စထားတာဖြစ်တဲ့အတွက် စီးရီးထုံးစံအတိုင်း အေးအေးဆေးဆေး တစ်ယောက်အကြောင်းတစ်ယောက်သိလာတဲ့ ပုံမျိုးနဲ့ သွားမှာပါပဲ။ စပိုင်ဇာတ်လမ်းတွေပါမယ်၊ အက်ရှင်ကြမ်းကြမ်းတွေပါမယ်၊ ဟာသလေးတွေပါမယ်ဆိုတဲ့အတွက် အရင် ရုပ်ရှင်ရဲ့အရသာမျိူး ပြန်ရပါလိမ့်မယ်။ ကြည့်လိုက်ကြပါဦး။...

The Skeleton Key (2005) ⭐TMDB: 66.0% User Score 🎬 #Drama #Horror #Mystery #Thriller 🗓 2005 🎞 movie 🌎 #UnitedStates #Germany #UnitedStatesofAmerica ⏰ 1 နာရီ 44 မိနစ် 49 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Skeleton Key (2015)==================IMDb Rating – 6.5/10 ကယ်ရိုလိုင်းအဲလစ်စ်ဟာငယ်ရွယ်တဲ့သူနာပြုကျောင်းဆင်းတစ်ယောက်ဖြစ်ပြီး ဖခင်သေဆုံးချိန်မှာ အနားမှာမရှိခဲ့၊ပြုစုခွင့်မရခဲ့တဲ့အတွက်နောင်တရနေတဲ့သူ၊ အဲ့ဒီစိတ်တွေဖြေဖျောက်ဖို့အဖော်မဲ့နေတဲ့သက်ကြီးရွယ်အိုတွေကိုပြစုတဲ့အလုပ်ကိုရွေးချယ်ခဲ့သူဖြစ်ပါတယ်၊ သူအလုပ်ဝင်နေတဲ့အဖွဲ့အစည်းဟာ ငွေနောက်ပဲလိုက်ပြီး လူနာတွေကိုဂရုမစိုက်ဘူးလို့ယူဆခဲ့ချိန်မှာဝေးလံတဲ့ဒေသတစ်ခုမှာ ထီးထီးကြီးရှိနေတဲ့ အိမ်အိုကြီးတစ်လုံးထဲက ဆရာဝန်လက်လျှော့လိုက်ပြီဖြစ်တဲ့အဘိုးကြီးတစ်ယောက်ကိုပြုစုဖို့အလုပ်ကိုလက်ခံဖြစ်ခဲ့ပါတယ်။ အဘိုးကြီးရဲ့ဇနီးဖြစ်သူက ရှေးရိုးစွဲပြီး သူ့ကိုကြည်ပုံမရပေမယ့်ခေါင်းမာမာနဲ့ရှေ့ဆက်တိုးရင်းကနေ အိမ်ကြီးရဲ့ဘယ်တုန်းကမှမဖွင့်ခဲ့ဖူးဘူးဆိုတဲ့လျှို့ဝှက်အခန်းတစ်ခုကိုသွားဖွင့်ကြည့်ရာကနေ ဆန်းကြယ်တဲ့ဖြစ်ရပ်တွေစတင်လာခဲ့ပါတော့တယ်။ ဒီအိမ်ကြီးရဲ့မူလပိုင်ရှင်တွေဟာ ဘဏ်လုပ်ငန်းရှင်သူဌေးတွေဖြစ်ပြီး သူတို့အိမ်ကအစေခံလင်မယားဟာ စုန်းအတတ်ကို သူတို့သားသမီးတွေကိုသင်ကြားပေးနေတာကိုမိခဲ့တဲ့အတွက် လင်မယားနှစ်ယောက်လုံးကို မီးရှို့သတ်ပစ်ခဲ့တယ်လို့ သူသိရပါတယ်။ အဲ့ဒီလင်မယားနှစ်ယောက်ရဲ့တစ္ဆေဟာ ဒီအိမ်ထဲမှာ မင်းမူခြောက်လှန့်နေဆဲဖြစ်တဲ့အတွက် အိမ်ထဲမှာ မှန်တွေတစ်ချပ်မှမထားရဲဘူးလို့ အဘွားကြီးကပြောပြခဲ့ပေမယ့် သူတစ်ဇွတ်ထိုးဆက်လက်စုံစမ်းခဲ့ချိန်မှာတော့ ပိုမိုကြောက်စရာကောင်းတဲ့ လျှို့ဝှက်ချက်တွေက သူ့ကိုစောင့်ကြိုနေပါတော့တယ်။ Rom/com နဲ့ Drama တွေအရိုက်များတဲ့ မင်းသမီး Kate Hudson ရဲ့ရှားရှားပါးပါးHorror ကားကောင်းတစ်ကားဖြစ်ပါတယ်။ Jumpe scare တွေအသံနဲ့ခြောက်လှန့်တာတွေထက် ဇာတ်လမ်းဇာတ်အိမ်နဲ့လှည့်ကွက်တွေကိုအသားပေးထားတဲ့၊ အစကနေအဆုံးထိ ထိုင်ရာမထချင်လောက်အောင် ဆွဲဆောင်နိုင်မယ့်ဇာတ်ကားတစ်ကားပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Alias ဖြစ်ပါတယ်)...

Angry Annie (2022) ⭐IMDB: 6.8/10 (661 Votes) 🎬 #Comedy #Drama 🗓 2022 🎞 movie 🌎 #France ⏰ 1 နာရီ 59 မိနစ် 52 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Angry Annie (2022)===============IMDb Rating – 6.8/10 ဒီဇာတ်လမ်းကတော့ ပြင်သစ်နိုင်ငံရဲ့ 1970s ဝန်းကျင်လောက်ကအမျိုးသမီးကိုယ်ဝန်ဖျက်ချနိုင်ခွင့် လှုပ်ရှားမှုအကြောင်းကို ရိုက်ကူးထားတာပါ။ ကိုယ်ဝန်ဖျက်ချတာကို တရားမဝင်လုပ်ထားတဲ့ကာလမှာ အမျိုးသမီးတွေပူးပေါင်းပြီး လျှို့ဝှက်အဖွဲ့တွေဖွဲ့ရင်းကိုယ်ဝန်ဖျက်ချဖို့ အကူအညီလိုနေတဲ့အမျိုးသမီးတွေကို စေတနာဝန်ထမ်းကူညီပေးကြတဲ့အကြောင်းပါ။ ဒီဇာတ်လမ်းမှာ ကိုယ်ဝန်ယူပိုင်ခွင့်၊ ကိုယ်ဝန်ဖျက်ချနိုင်ခွင့်တွေနဲ့ပတ်သက်ပြီး အမျိုးသမီးတွေက ခင်ပွန်းသည်ရဲ့ဆုံးဖြတ်ချက်ကြောင့်မဟုတ်ဘဲ မိမိဆန္ဒနဲ့ဆုံးဖြတ်ပိုင်ခွင့်အတွက် တိုက်ပွဲဝင်ကြိုးပမ်းတာတွေနဲ့အမျိုးသမီးတွေရဲ့စည်းလုံးမှုကို တွေ့ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ စက်ရုံမှာအလုပ်လုပ်နေတဲ့ ကလေးနှစ်ယောက်မိခင် Annie က သူ့မှာကိုယ်ဝန်ရလာတာကိုသိသွားတယ်။ Annieက နောက်ထပ်ကလေးမလိုချင်တာကြောင့် ကိုယ်ဝန်ဖျက်ပေးတဲ့ တရားမဝင်အဖွဲ့တစ်ဖွဲ့နဲ့တွေ့ဆုံပြီး ကိုယ်ဝန်ဖျက်ချခဲ့တယ်။ နောက်ပိုင်းမှာတော့ Annieတစ်ယောက် အဲဒီအဖွဲ့အစည်းနဲ့ချိတ်ဆက်ပြီး ဘယ်လိုခံစားချက်တွေရလာမလဲ၊ အဲဒီအဖွဲ့အစည်းနဲ့ ပါဝင်ပတ်သက်မိတာက သူ့ဘဝကိုဘယ်လိုပြောင်းလဲသွားစေမလဲဆိုတာတွေကိုတော့ ဒီဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thwal Htoo Zin ဖြစ်ပါတယ်)...

Last Holiday (2006) ⭐TMDB: 71.0% User Score 🎬 #Comedy #Drama #Romance #Adventure 🗓 2006 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 52 မိနစ် 20 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Last Holiday (2006)================IMDb Rating – 6.6/10 The Secret Life of Bees, Girls’ Trip, Hustle စတဲ့ နာမည်ကြီးရုပ်ရှင်ဇာတ်ကားကောင်းတွေရဲ့ အဆိုတော်မင်းသမီးကြီးတစ်လက်ဖြစ်တဲ့ Queen Latifah ဆိုရင် ပရိသတ်ကြီးတို့ စိမ်းနေမယ် မထင်ပါဘူး။ ဒီကားလေးကတော့ Lifestyle, Comedy ရုပ်ရှင်တွေကို ပီပြင်ပိုင်နိုင်တဲ့ Queen Latifah ရဲ့ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားတစ်ပုဒ်လို့ ပြောလို့ရပါတယ်။ ၂၀၀၆ ခုနှစ်မှာ ထွက်ရှိထားပြီး အမေရိကန်နိုင်ငံ၊ Louisiana ပြည်နယ်နဲ့ပြင်သစ်နိုင်ငံတို့ကို နောက်ခံထားပြီး ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။Miss Georgia Berd – နယူးအော်လင်းန်စ်မြို့ရဲ့ စတိုးဆိုင်ကြီးကြီး ပြောရရင်‌တော့ နာမည်ကြီး Shopping Mall ကြီးတစ်ခုရဲ့ ဟင်းချက်ပစ္စည်းဌာနက အရောင်းစာရေးမတစ်ယောက်။ အသက် ၃၀ ကျော်နေပေမယ့်သူများဝန်ထမ်းဘဝနဲ့ပဲ နေနေရဆဲဖြစ်တဲ့အပြင် အရှက်အကြောက်နဲ့အိန္ဒြေကြီးသူမို့ အလုပ်က Crush ကိုလည်း ” ဟိုင်း စားပြီးပြီလား ” အပြင်အဆင့်မတက်ရဲတဲ့လူပေါ့။ အလုပ်ကြိုးစားသလောက် အသိအမှတ်အပြုမခံရပေမယ့် သူလည်း သူ့အိပ်မက်နဲ့သူ ရှိခဲ့ရှာပါတယ်။ ဒီလိုနဲ့ ရှားပါးဦးနှောက်အကြိတ်ရောဂါရှိ‌နေကြောင်း ဆေးစစ်အဖြေထွက်လာတဲ့ တစ်နေ့မှာတော့ မကောင်းတဲ့ကံကို ရှိသမျှအသပြာအကုန်ကျဲပြီးချေချမယ်ဆိုပြီး သူခင်းလိုက်တဲ့ မထူးဇာတ်လေးက အဆန်းသားပါ။ တစ်သက်လုံးရှာထားတဲ့ စုငွေတွေနဲ့ အမွေဆိုင်ပိုက်ဆံတွေပါ အပုံလိုက်ထုတ်ပြီးပြင်သစ်မှာ အကင်အစစ်တွေ သွားစားဖို့လုပ်တာပါပဲ။ ရှက်တတ် ကြောက်တတ်တဲ့ Georgia ကနေ တွေ့တာအကုန်ဆွဲတဲ့ မဒမ် Georgia ဖြစ်သွားတော့လူကုံထံဟိုတယ်ကသူတွေကြားထဲမှာပါ ဆယ်လီဖြစ်ပြီး သေခါနီးမှ စန်းထနေပါတော့တယ်။ သူ့ဘဝသူ ပျော်ပျော်နေဖို့လာတဲ့သူကို အထက်က အာဏာရပုဂ္ဂိုလ်လို့ ကြိတ်‌ရှိန်ပြီး အိုးမလုံအုံပွင့်နေကြတဲ့ လုပ်ငန်းရှင်တစ်သိုက်နဲ့ ပေါင်းမိသွားတဲ့အခါမှာ …. မထင်ထားတဲ့ ကံကောင်းခြင်းတစ်ခုက …. ဒီဇာတ်လမ်းလေးက ‌ရောဂါသည်တစ်ယောက်ရဲ့ နောက်ဆုံးအချိန်ကို ကုန်ဆုံးပုံဆိုပေမယ့် ဝမ်းနည်းပျင်းရိ စိတ်ဓာတ်ကျစရာမဟုတ်ဘဲ အပျော်ခရီးထွက်နေရသလို ရယ်စရာလေးတွေနဲ့ ပေါ့ပေါ့ပါးပါး ခံစားကြည့်ရှုလို့ရမယ့် ဇာတ်လမ်းမျိုးလေးမို့ အမူအရာတွေ ချဲ့ကားသရုပ်ဆောင်ထားတာမျိုးမရှိတဲ့ ဟာသဇာတ်ကား Fan လေးတွေ အကြိုက်တွေ့စေမယ့် Movie တစ်ပုဒ်ပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Hnin Wut Yi ဖြစ်ပါတယ်)...

Dying in Plain Sight (2024) ⭐IMDB: 6.2/10 (105 Votes) 🎬 #Drama #TVMovie 🗓 2024 🎞 tv movie 🌎 #Canada #UnitedStates ⏰ 1 နာရီ 28 မိနစ် 31 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Dying in Plain Sight (2024)==================== Body Shaming ဆိုတာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာဆိုရင် နှုတ်ဆက်နည်းလိုကိုဖြစ်နေတာ၊ တွေ့လိုက်တာနဲ့ ” ဝလာတယ်နော် ” ” ပိန်သွားလိုက်တာ ”ဒါပဲ ပြောနေကြတာ။ အပြောခံရပါများတော့ အပြောခံရတဲ့သူက ပြောင်းလဲဖို့ကြိုးစားတဲ့အခါမှ နည်းမှန်လမ်းမှန်နဲ့ Body Transforming မလုပ်တဲ့အခါမှာခန္ဓာကိုယ်ကို ဘေးထွက်ဆိုးကျိုးတွေဖြစ်စေပါတော့တယ်။ ပြောရရင် ပိန်ချင်လို့ အစားအစာကို လုံးဝမစားတော့ပဲဖြတ်ပလိုက်တာ၊ ပိန်ဆေးတွေ ဝမ်းနှုတ်ဆေးတွေ သောက်တာတွေက ထိလည်းမထိရောက်သလိုရေရှည်မှာ အသက်အန္တရာယ်ပါ ထိခိုက်စေနိုင်တဲ့ အကြောင်းကို ဒီဇာတ်ကားလေးမှာ မော်ဂန်ဆိုတဲ့ ကောင်မလေးတစ်ယောက်ရဲ့ အကြောင်းကို အခြေခံပြီးရိုက်ကူးပြသထားတာပဲဖြစ်ပါတယ်။ အဆုံးသတ်မှာတော့ မိမိဟာ မိမိကိုယ်တိုင်ပဲဖြစ်ပြီး မိမိရဲ့ အရှိတရားကို မိမိကိုယ်တိုင်ချစ်မြတ်နိုးပြီး လက်ခံနိုင်ဖို့ကအရေးကြီးဆုံးပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thetti Tun ဖြစ်ပါတယ်)...

The Case of the Bloody Iris (1972) ⭐TMDB: 63.0% User Score 🎬 #Crime #Horror #Mystery #Thriller 🗓 1972 🎞 tv movie 🌎 #Italy ⏰ 1 နာရီ 35 မိနစ် 21 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Case of the Bloody Iris (1972)========================IMDb Rating – 6.4/10 ၁၉၇၂ ထုတ် ပြင်သစ်ရုပ်ရှင်လေး ဖြစ်ပါတယ်။ ခေတ်ဟောင်း ပြင်သစ်ကားဖြစ်တဲ့အတွက်လည်း အပေါ်ပိုင်းဗလာကျင်းတွေ ပါနေတာတွေကို သတိထားစေလိုပါတယ်။ ဇာတ်လမ်းလေးကတော့ တိုက်ခန်းရောင်းတဲ့ အန်ဒရူးတစ်ယောက် သူရောင်းတဲ့တိုက်က လူမည်းမလေး မီဇာကို သဘောကျနေတာပေါ့။မီဇာဆိုတာလည်း ဆောင်ကြာမြိုင်လိုမျိုးမှာ အလုပ်လုပ်နေတဲ့လူတစ်ယောက်ပါ။ ပထမတော့ ဒီတိုက်မှာ ကောင်မလေးတစ်ယောက် သေတယ်။ နောက်ကျ မီဇာလည်း ထူးဆန်းစွာနဲ့ ထပ်ပြီး အသတ်ခံရတယ်။ ဒီအချိန်မှာ အန်ဒရူးတစ်ယောက်နောက်ထပ် ကောင်မချောလေး နှစ်ယောက်နဲ့ ဆက်လက်ပြီး ခင်မင်ခဲ့တယ် ဂျနီဖာနဲ့မယ်ရလင်တဲ့။ သူတို့ကို ဖြစ်ချင်တော့ မီဇာ သေဆုံးသွားတဲ့ တိုက်ခန်းကိုပဲ ရောင်းပြီးနေထိုင်စေခဲ့တဲ့အခါ အတိတ်ဟောင်းရှိသူ ဂျနီဖာကို အရိပ်တစ်ခုက ခြောက်လှန့်နေပါတော့တယ်။ ဒီလူသတ်မှုတွေဟာ ဆက်လက် ဖြစ်ပွားမလား ဖမ်းမိတော့မလားဆိုတာလည်း တံဆိပ်ခေါင်းစု ဝါသနာပါတဲ့ စုံထောက်ကြီးက ထောက်လှမ်းနေမှာပါ။နောက်ဆုံးချိန်ထိ ဘယ်သူက လူသတ်တရားခံလည်းဆိုတာကို ပဟေဠိဆန်ဆန် ကြည့်ရှုရမယ့် သည်းထိတ်ရင်ဖို ပြင်သစ်ကား ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thura Aung ဖြစ်ပါတယ်)...

Far from the Madding Crowd (2015) ⭐IMDB: 7.1/10 (53 k Votes) 🎬 #Drama #Romance 🗓 2015 🎞 movie 🌎 #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 54 မိနစ် 10 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Far from the Madding Crowd (2015)===========================IMDb Rating – 7.1/10 “ငါ့ကို လက်ထပ်နိုင်မလား”ဘဝမှာ မှီခိုစရာယောကျာ်းတစ်ယောက်မလိုအပ်ဘူးလို့ ခံယူထားတဲ့အမျိုးသမီးငယ်တစ်ယောက် ပထမဆုံးကြားဖူးတဲ့စကားပါပဲ။ သူမဟာဒီတောင်းဆိုမှုပြုသူကို သဘောကျနေသယောင်ရှိပေမယ့် ဒီကိစ္စမျိုးသူ့မှာ တွေးတောထားတာမျိုးမရှိခဲ့ပါ။ အမျိုးသားတွေက ငွေကြေး၊ဥစ္စာ တွေနဲ့ သူ့မအချစ်ကိုတောင်းဆိုတဲ့အခါ သူမ အသာအယာပဲ ပြုံးနေလိုက်ပါတယ်။ သူမစိတ်ထဲမှာ ဒီလိုတောင်းဆိုသူအမျိုးသားတွေကိုအထင်သေးနေခဲ့ပါတယ်။ သူမဟာ အချစ်ဆိုတာကို အမျိုးသားတွေနားလည်တဲ့စကားလုံးတွေရဲ့ ဘောင်အပြင်ဘက်က သန့်ရှင်းခမ်းနားတဲ့အရာလို့ ယူဆထားသူပါ။ ဒီ Far From The Madding Crowd ဇာလမ်းဟာ စာရေးဆရာကြီးThomas Hardy ရဲ့ နာမည်ကြီးဝတ္ထုကို အခြေခံပြီး ပြန်လည်ရိုက်ကူးထားတာပါ။ ဒါရိုက်တာ Thomas Vinterberg က စီစဥ်ရိုက်ကူးထားတာဖြစ်ပြီး winner ဆုနှစ်နဲ့ တင်သွင်းခြင်းခံရတဲ့ အရေအတွက်အမြောက်အများရှိပါတယ်။ IMDB rating 7.1 ရရှိထားပါတယ်။ တော်တော်လေးပြည့်စုံတဲ့ drama ကားလေးပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thy Santa ဖြစ်ပါတယ်)...

Goodnight Mommy (2022) ⭐IMDB: 5.7/10 (14 k Votes) 🎬 #Crime #Drama #Horror #Thriller #Mystery 🗓 2022 🎞 movie 🌎 #UnitedStates #France #UnitedStatesofAmerica ⏰ 1 နာရီ 33 မိနစ် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Goodnight Mommy (2022)====================IMDb Rating – 5.7/10 Horror ဆိုပေမဲ့ ပြူးပြူးပြဲပြဲကြောက်စရာတွေမပါဘဲ သို့လောသို့လောစိတ်ခြောက်ခြားစရာတွေ၊ မြှုပ်ကွက်တွေနဲ့အတူ သနားစရာ ဒရမ်လေးပါချိုးထားတဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းကိုတော့ အဲလိယက်စ်နဲ့လူးကပ်စ်တို့အမြွှာညီအစ်ကိုဟာ ဖခင်ဆီမှာနေရာက မိခင်ရှိရာအိမ်ကို ရောက်လာကြပုံနဲ့ စထားပါတယ်။ အဲဒီမှာမျက်နှာတစ်ခုလုံး ခွဲစိတ်ခံထားသလို မျက်နှာဖုံးတပ်ထားတဲ့ သူတို့အမေကိုထူးထူးဆန်းဆန်း တွေ့လိုက်ရပါတယ်။ အရင်နဲ့မတူဘဲ ပြောင်းလဲနေတဲ့ သူတို့အမေရဲ့အပြုအမူ အပြောအဆိုတွေကြောင့် တဖြည်းဖြည်းနဲ့ ညီအစ်ကိုနှစ်ယောက် သံသယ၀င်လာကြပါတယ်။ နောက်တော့ အခုသူတို့နဲ့ရှိနေသူဟာ သူတိုအမေမဟုတ်ဘူးဆိုတဲ့ သံသယပိုမိုခိုင်မာလာပါတယ်။ တစ်နေ့မှာ မိခင်ဖြစ်သူရဲ့ကြမ်းတမ်းတဲ့အပြုအမူတွေကြောင့် အိမ်ကထွက်ပြေးဖို့အထိ ကြိုးစားကြပါတယ်။ မိုးတွေလေတွေကြားထဲ ထွက်ပြေးလာတဲ့ သူတို့ကို ရဲတွေက ကူညီကယ်ဆယ်ခဲ့ပေမဲ့ နောက်ဆုံးတော့ သူတို့အမေအိမ်ပဲ ပြန်ပို့လိုက်တဲ့အခါ၊ ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ကိုယ်တိုင်ပဲ ဆက်လက်ကြည့်ရှုလိုက်ပါနော်။ ဇာတ်ကားကြည့်နေရင်းနဲ့ အမေဖြစ်သူက စိတ္တဇလား၊ ကလေးတွေကပဲ စိတ္တဇလား၊ ဘယ်သူကဘာဖြစ်နေမလဲဆိုတာ သို့လောသို့လောအတွေးတွေနဲ့ တကယ်ကို စိတ်၀င်တစားကြည့်ရမဲ့ psychological horror ကားလေးမို့ တစ်ခါလောက်တော့ ကြည့်ဖြစ်အောင် ကြည့်ကြည့်စေချင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့C’mon ဖြစ်ပါတယ်)...

Saving Face (2005) ⭐TMDB: 73.0% User Score 🎬 #Comedy #Drama #Romance 🗓 2005 🎞 tv movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 37 မိနစ် 36 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Saving Face (2004)===============IMDb Rating – 7.4/10 အက်ရှင်ခန်းတွေမပါပေမဲ့ အေးအေးလေးနဲ့ ဇာတ်လမ်းအဆုံးထိဆွဲခေါ်သွားပေးမဲ့ IMDb rating 7.4/10 နဲ့ Rotten Tomatoes88% ထိရရှိထားတဲ့ တရုတ်ဒရာမာတစ်ကားကို CM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးချင်ပါတယ်။ The Last Emperor ထဲကမိဘုရားWan Jung အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Joan Chenလည်းပါဝင်ထားပြီး ဒါရိုက်တာ Alice Wuရဲ့လက်ရာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ၊ နယူးယော့ခ်မြို့၊ ဖလက်ရှင်းရပ်ကွက်က တရုတ်-အမေရိကန်လူမှုအသိုင်းအဝိုင်းကို အခြေတည်ပြီး အဲ့မှာနေတဲ့ တရုတ်မိသားစုတစ်စုအကြောင်းကို ရိုက်ပြထားတာပါ။ အဲ့ခေတ်တုန်းကအမေရိကန်မှာနေတဲ့ တရုတ်လူမျိုးတွေဟာ လူဖြူချွေးမ မလိုချင်ကြသလို၊ တစ်ခုလပ်အမျိုးသမီးတွေကလည်း နောက်အိမ်ထောင်ထပ်မပြုကြဘူး။ သေချာပေါက် လိင်တူချစ်တာမျိုးကိုလည်း အားမပေးကြဘူးပေါ့။ ရှောင်ဝေဟာ အလားအလာကောင်းတဲ့ဆရာဝန်တစ်ယောက်ဖြစ်ပြီးသူ့အမေကတော့ ငယ်ငယ်က မိဘပေးစားတဲ့သူနဲ့ပဲ အိမ်ထောက်ကျပြီးတဲ့နောက် ခင်ပွန်းကွယ်လွန်သွားတော့ ၄၈နှစ်အရွယ်ထိ မုဆိုးမဘဝနဲ့ပဲနေလာခဲ့တဲ့သူပေါ့။ ငယ်ငယ်တုန်းကလည်း မိဘအရိပ်အောက်၊ ယောက်ျားရတော့လည်း ယောက်ျားအရိပ်အောက်၊ ယောက်ျားသေတော့လည်း မိဘအရိပ်အောက်မှာပဲ တစ်ဘဝလုံးနေလာရတဲ့သူ့အမေ။ ရှောင်ဝေ့အဘိုးကတော့ သူ့သမီး အဲလိုဗိုင်းကောင်းကျောက်ဖိလိမ္မာတာကို ကျေနပ်နေပြီးသူ့သမီးဘဝက အပူအပင်မရှိဘူးလို့ ထင်နေတဲ့သူ။ တစ်နေ့ကျ ရှောင်ဝေ့အမေဟာ ကိုယ်ဝန်ရှိလာခဲ့တယ်။ သူ့အမေက ကလေးအဖေကိုလည်းထုတ်မပြောတော့ သူတို့အသိုင်းအဝိုင်းမှာ ပြောစရာတစ်ခုဖြစ်လာတော့တာပေါ့။ ဒါ့အပြင် ရှောင်ဝေကလည်း သူ့လိုမိန်းကလေးတစ်ယောက်ကိုမှချစ်မိနေတဲ့အခါ…။ ထိုခေတ်ထိုအခါက လူမှုအသိုင်းအဝိုင်းကနေ ကွဲထွက်နေတဲ့ ရှောင်ဝေတို့သားအမိရဲ့ဘဝကို ရှုထောင့်အစုံကနေ တင်ဆက်ထားပြီး လူ့စိတ်လူ့သဘာဝတွေကိုလည်း မီးမောင်းထိုးပြထားပါတယ်။ ကြည့်ရှုခံစားလိုက်ကြပါဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Ngwe Zin ဖြစ်ပါတယ်)...

The Scapegoat (2012) ⭐IMDB: 7.2/10 (5 k Votes) 🎬 #Drama #Mystery #Adventure 🗓 2012 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 48 မိနစ် 21 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Scapegoat (2012)=================IMDb Rating – 7.2/10 ဂျွန်စတန်းဒင်းဆိုသူက ကျောင်း‌ဆရာအလုပ်ကထွက်ပြီး ခြေဦးတည့်ရာသွားဖို့ စိတ်ကူးထားသူဖြစ်တယ်။ အလုပ်ထွက်ပြီးညမှာပဲ အရက်ဆိုင်တစ်ဆိုင်မှာ သူနဲ့ချွတ်စွပ်တူတဲ့ ဂျွန်နီစပန့်ဆိုတဲ့ သူဌေးသားတစ်ယောက်နဲ့မထင်မှတ်ဘဲတွေ့မိပြီး စကားလက်ဆုံပြောဖြစ်ကြတယ်။ ‌ဂျွန်တစ်ယောက်နောက်နေ့မနက် အိပ်ရာကနိုးလာတဲ့အချိန်မှာ သူ့အဝတ်အပါအဝင် ပါလာတဲ့ပစ္စည်းတွေအားလုံးအခိုးခံလိုက်ရတာကို သိလိုက်ရတယ်။ အဲ့အချိန်မှာပဲ ဂျော့ဂ်ျဆိုတဲ့ ကားဒရိုင်ဘာက သူ့ကိုအိမ်ပြန်‌ပို့ပေးဖို့ ပြောလာပါတယ်။ ဘာမှမသိတဲ့ ဂျွန်တစ်ယောက် ဒရိုင်ဘာခေါ်သွားရာနောက်ကို လိုက်သွားပြီးနောက်မှာသိလိုက်ရတာက သူ့ကို သူဌေးသား ဂျွန်နီအဖြစ်အထင်မှားနေကြတယ်ဆိုတာပါပဲ။ အထင်မှားတဲ့လူတွေကတော့ အခြားတော့မဟုတ်စပန့်စံအိမ်ကြီးထဲက အိမ်သားတွေပဲဖြစ်တယ်။ ဘဝချင်းအလဲခံလိုက်ရတဲ့ဂျွန်တစ်ယောက် စပန့်စ်စံအိမ်ကြီးထဲမှာ ဘယ်လိုရှင်သန်မလဲ၊ နောက်ပြီးအဲ့မိသားစုရဲ့စီးပွားရေးလုပ်ငန်းကို ဘယ်လိုဦးစီးပြီး သူ့နဂိုဘဝကိုပြန်သွားဖို့ဘယ်လိုအဖြေရှာလဲဆိုတာကို ၁၉၅၇ ခုနှစ်တုန်းက ထုတ်ဝေခဲ့တဲ့ ဝတ္ထုကိုရုပ်ရှင်အဖြစ်ပုံဖော်ထားးတဲ့ ဒီရုပ်ရှင်မှာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Khant Sett Naing ဖြစ်ပါတယ်)...

Waitress: The Musical (2023) ⭐IMDB: 8.1/10 (1 k Votes) 🎬 #Comedy #Drama #Musical 🗓 2023 🎞 movie 🌎 #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 2 နာရီ 25 မိနစ် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Waitress: The Musical (2023)======================IMDb Rating – 8.1/10 ဒီတစ်ခေါက်မှာတော့ Imdb 8.1 ရထားပြီး အတော်လေးကြည့်ကောင်းတဲ့musical ပြဇာတ်တစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ။ Waitress (2007) ကိုပြန်လည်ဖန်တီးရိုက်ကူးထားပြီး ဒီပြဇာတ်ထဲက သရုပ်ဆောင်တွေရဲ့ Vocalလည်း အတော်ကောင်းကြပါတယ်။ ပြဇာတ်တစ်လျှောက်လုံး ဟာကွက်မရှိအောင်ကို အတော်လေးသေသေသပ်သပ် ကပြဖျော်ဖြေသွားတာကတော့တကယ့်ကိုချီးကျူးစရာပါ။ ပြဇာတ်အကျဥ်းကတော့ မြို့ငယ်လေးမှာ မကောင်းတဲ့အိမ်ထောင်သည်ယောကျ်ားနဲ့ရုန်းကန်နေရတဲ့ စားပွဲထိုးမလေး Jenna မှာ ကိုယ်ဝန်ရလာခဲ့တယ်။ Jenna ကပိုင်မုန့်တွေဖုတ်တာ အရမ်းတော်ပြီး တစ်နေ့မှာ ကိုယ်ပိုင်ဆိုင်ခန်းဖွင့်ဖို့ အိပ်မက်မက်နေတဲ့သူပဲဖြစ်ပါတယ်။ အဲဒီအချိန် Jenna သူ့ကိုယ်ဝန်အတွက်ဆေးခန်းပြရင်းသူတို့မြို့ဆီမကြာသေးခင်ကပြောင်းလာတဲ့ ဆရာဝန် Pomatter နဲ့ တွေ့ဆုံလာခဲ့တယ်။ နောက်ပိုင်းမှာတော့ Jenna ရဲ့ အဆင်မပြေတဲ့အိမ်ထောင်ရေး၊ ဆရာဝန်အသစ်လေးနဲ့ ပေါ်ပေါက်လာတဲ့ခံစားချက်တွေအပြင် Jenna သူ့ရဲ့အိပ်မက်နောက်ကိုလိုက်ဖို့ ဘယ်လိုခက်ခဲတဲ့ဆုံးဖြတ်ချက်တွေချရမလဲဆိုတာကို လူ့သဘာဝဖြစ်စဥ်တွေနဲ့ ရသစုံလင်စွာ ဆက်လက်ကြည့်ရှူနိုင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thwal Htoo Zin ဖြစ်ပါတယ်)...

An Ice Palace Romance (2023) ⭐IMDB: 5.9/10 (202 Votes) 🎬 #Comedy #Romance #TVMovie 🗓 2023 🎞 tv movie 🌎 #Canada ⏰ 1 နာရီ 24 မိနစ် 31 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 An Ice Palace Romance (2023)======================= စိတ်ကူးအိပ်မက်ဆိုတာမျိုးက လိုက်နေရင်းပျောက်ဆုံးသွားတတ်ပြီး၊ဖြစ်ချိန်တန်တော့မှ ဖျတ်ကနဲ ပြန်ပေါ်လာတာမျိုး ဖြစ်တတ်ပါတယ်။ဒီဇာတ်လမ်းထဲက လော်ရီဆိုတဲ့ မိန်းကလေးအတွက်လည်း ဒီလိုအဖြစ်မျိုးပါပဲ။ ဇာတ်လမ်းအကျဉ်း –လော်ရီမာရှယ်ဟာ သတင်းဌာနတစ်ခုမှာ ဌာနခွဲအသစ်ရဲ့ခေါင်းဆောင်ဖြစ်အောင် ကြိုးပမ်းနေတဲ့ သတင်းသမားတစ်ယောက်ပေါ့။ လုပ်ငန်းလိုအပ်ချက်အရ သူ့ဇာတိမြိုလေးဆီက ရေခဲနန်းတော်ဆိုတဲ့ သမိုင်း၀င်စကိတ်ကွင်းဆီ သွားရဖို့ ဖြစ်လာပါတယ်။ လော်ရီအတွက် ပြန်မသွားချင်ဆုံးနေရာ၊ ပြန်မတွေးချင်ဆုံးအတိတ်ပေမဲ့ မြို‌လေးဆီပြန်ပြီး အတိတ်ကို ပြန်တူးဖော်ရမဲ့အကြောင်းတွေ ပေါ်လာပါတယ်။ အဲဒီမှာ မာ့ခ်နဲ့ဇိုဝီတို့သားအဖနဲ့ ကြုံဆုံမိပါတော့တယ်။ ရေခဲနန်းတော်နဲ့ပတ်သက်လို မာ့ခ်နဲ့လော်ရီတို ထိပ်တိုက်ရင်ဆိုင်ရမဲ့ ပြဿနာက သမိုင်း၀င်အဆောက်အအုံစကိတ်ကွင်းကို ဖျက်ပြီး ခေတ်မီကွန်ဒိုတွေဆောက်မဲ့ ကိစ္စပါပဲ။ ရေခဲနန်းတော်ကိုကာကွယ်မဲ့ မာ့ခ်နဲ့ အထက်ကခိုင်းတဲ့အတိုင်း လုပ်ရမဲ့လော်ရီတို ဘယ်လိုထိပ်တိုက်တိုးမလဲ၊ ဇာတိမြိုလေးမှာလော်ရီရဲ့ပျောက်ဆုံးသွားတဲ့ အိပ်မက်ကို ဘယ်လိုပြန်ရှာဖွေမလဲ၊ ဇာတိကိုပြန်ပြီး နဖူးစာရွာလည်တဲ့ လော်ရီတစ်ယောက် အချစ်နဲ့အလုပ်ကြား ဘာကိုရွေးချယ်မလဲ… ဆိုတာကို ပေါ့ပေါ့ပါးပါးလေး ကြည့်ရှုရမှာပါ။ ခရစ္စမတ်ကိုခပ်ပါးပါးနောက်ခံထားတဲ့ အချစ်ဇာတ်လမ်းကောင်းလေး ဖြစ်တာမို Romanceရုပ်ရှင်ပရိသတ်ကြီး ကြည့်ရှုထားသင့်ပါကြောင်း ညွှန်းပေးလိုက်ပါရစေနော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့C’mon ဖြစ်ပါတယ်)...

Ice Storm (2023) ⭐IMDB: 2.2/10 (184 Votes) 🎬 #Action #SciFi #TVMovie #ScienceFiction #Horror 🗓 2023 🎞 tv movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 23 မိနစ် 9 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Ice Storm (2023)============ Global Warming ဆိုတာ လက်ရှိကျွန်တော်တို့တွေကြုံတွေ့နေရတဲ့အခက်အခဲကြီးတစ်ရပ်ပါ။ ကမ္ဘာကြီးပူနွေးလာပြီး ရေခဲတောင်တွေအရည်ပျော်နေတာ လူတိုင်းနီးပါးသိပေမဲ့၊ ဒီလိုဖြစ်ရပ်တွေကြောင့်နောက်ဆက်တွဲဘယ်လိုအကျိုးဆက်တွေဖြစ်လာနိုင်လဲဆိုတာ သိတဲ့သူ အင်မတန်နည်းပါတယ်။ အကျိုးဆက်အနေနဲ့ အီကွေတာဘက်ခြမ်းမှာ ပိုပြီးပူနွေးလာပြီး ရေခဲတောင်တွေအရည်ပျော်လာတဲ့အခါမှာ ဝင်ရိုးစွန်းဘက်က လေအေးတွေကို တားဆီးထားမယ့်အတားအဆီးတွေမရှိတော့ပဲ အပူအအေးမညီမျှမှုကနေ ကုန်းတွင်းပိုင်းဒေသတွေမှာပါ နှင်းမုန်တိုင်းတွေတိုက်ခိုက်လာနိုင်တော့တာပါပဲ။ ဒီကားထဲမှာ နှင်းမုန်တိုင်းက တဖြည်းဖြည်းနဲ့အင်အားကောင်းလာပြီး နောက်ဆုံး ဘယ်လိုမှအားမလျော့တော့ပဲ ကမ္ဘာကြီးကို အကြွင်းမဲ့ သုညအမှတ်ထိအေးခဲသွားစေမယ့်အဆင့်ထိရောက်သွားတော့တဲ့အခါမှာတော့ ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာ ဆက်လက်ကြည့်ရှုရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thetti Tun ဖြစ်ပါတယ်)...

The Tiger's Apprentice (2024) ⭐IMDB: 7.2/10 (29 Votes) 🎬 #Action #Adventure #Animation #Family #Fantasy #Comedy #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 24 မိနစ် 46 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Tiger’s Apprentice (2024) ~ IMDb – 7.2/10, Rotten Tomatoes – 59% ~ EEAaO နဲ့ အော်စကာရခဲ့တဲ့ မလေးရှားလူမျိုး တရုတ်မင်းသမီး Michelle Yeoh, ချားလိစ်အိန်ဂျယ်နဲ့ လူသိကြတဲ့ တရုတ်နွယ်ဖွား အမေရိကန်သရုပ်ဆောင် Lucy Liu, အခုနောက်ပိုင်းတော်တော်နေရာရလာတဲ့ ကိုရီးယားနွယ်ဖွား အမေရိကန်သရုပ်ဆောင် Sandra Oh, မလေးရှားလူမျိုး အမေရိကန်ရုပ်ဆောင် Henry Golding, တရုတ်နွယ်ဖွား အမေရိကန်သရုပ်ဆောင် Brandon Soo Hoo တို့လို နာမည်ကျော် အာရှသွေးနှော အမေရိကန်သရုပ်ဆောင်တွေ စုပြုံပြီး အသံသရုပ်ဆောင်ပေးထားတဲ့ အမေရိကန်ရောက် တရုတ်ဇာတ်လမ်းနဲ့ အမေရိကန် ကာတွန်းရုပ်ရှင်ပါ။ ၂၀၀၃မှာ ထွက်ခဲ့တဲ့ Laurence Yep ရဲ့ နာမည်တူဝတ္တုကိုပဲ အခြေခံထားပြီး Monster Hunt ကိုရိုက်ခဲ့တဲ့ ဟောင်ကောင် အန်နီမိတ်တာ Raman Huiက ရိုက်ထားတယ်။ ပါရာမောင့်က ထုတ်လုပ်ဖြန့်ချီပေးထားပါတယ်။ နူဝါဆိုတဲ့ တရုတ်နတ်ဘုရားမက ဇာမဏီငှက်ရဲ့စွမ်းအားကိုသုံးပြီး လူသားတွေကို ဖန်ဆင်းခဲ့တယ်။ အဲဒီဇာမဏီရဲ့ စွမ်းအားဟာ ကောင်းတဲ့လူလက်ထဲရောက်ရင် ဖန်တီးနိုင်စွမ်းရှိပေမဲ့ မကောင်းတဲ့လူလက်ထဲရောက်ရင် ဖျက်ဆီးနိုင်စွမ်းကြီးတယ်။ အဲဒီဇာမဏီက ကျောက်တုံးတစ်ခုထဲရှိနေတယ်။ အဲဒီကျောက်တုံးကို အစောင့်အရှောက်လို့ခေါ်တဲ့လူက ကာကွယ်ရတယ်။ အဲဒီအစောင့်အရှောက်ကို ရာသီခွင်အကောင် ဆယ့်နှစ်ကောင်က ပြန်ကူညီပေးတယ်။ အဲဒီကျောက်ကိုလိုချင်နေတဲ့ မိစ္ဆာမကြီးက အစောင့်အရှောက်အဘွားကြီးနဲ့သူ့မြေးနောက် တစ်ချိန်လုံးလိုက်နေခဲ့တယ်။ ရာသီခွင်၁၂ကောင်ကလည်း သူတို့မြေးအဘွားကို ကာကွယ်ပေးခဲ့တယ်။ ကလေးကို စိတ်ပူတာမို့ သူတို့တွေ ဇာတ်မြုပ်ပြီး နေနေကြတယ်။ တစ်နေ့မှာ ကလေးက သွေးထဲကပါလာတဲ့ အစွမ်းကို ထုတ်သုံးလိုက်လို့ အဲဒီအစွမ်းကို အနံ့ခံမိသွားတဲ့ မိစ္ဆာမကြီးက သူတို့ဆီဆိုက်ရောက်လာခဲ့တယ်။ အရမ်းအကောင်းကြီးတော့ မဟုတ်ပေမဲ့ အက်ရှင်ကားတစ်ကား ကာတွန်းကားတစ်ကားအနေနဲ့တော့ မဆိုးပါဘူး။ တချို့နေရာတွေမှာ ပွိုင့်နည်းနည်းချော်နေတာကလွဲ ကြည့်လို့ကောင်း ရယ်လည်းရယ်ရပါလိမ့်မယ်။ အစွမ်းတွေ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ဆိုတော့ စူပါဟီးရိုးကားလိုလိုပါပဲ။ ငယ်ငယ်က ကြိုးကြာတို့ မြွေတို့ အရုပ်တွေနဲ့ အဲဒီအကောင်တွေရဲ့အစွမ်းရှိတဲ့လူက မြို့ပေါ်က ကောင်မလေးကိုလာကယ်တာလား ဘာလား အဲဒီလိုကားတစ်ကား ကြည့်ဖူးကြမယ်ထင်တာပဲ။ အဲဒီကားနဲ့ခပ်ဆင်ဆင်ပါပဲ။ အန်နီမိတ်တက် အက်ရှင်ကားတစ်ကားအနေနဲ့တော့ ကြည့်ကောင်းကြမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုWမှ ပြန်ဆို ရေးသားထားပါတယ်)...

Joram (2023) ⭐IMDB: 7.4/10 (1 k Votes) 🎬 #Action #Adventure #Bollywood #Crime #Drama #Thriller 🗓 2023 🎞 movie 🌎 #India ⏰ 1 နာရီ 54 မိနစ် 35 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Joram (2023) “ဂျိုရမ်” IMDb 7.4 ရထားတဲ့ ဟင်ဒီ thriller ရုပ်ရှင်ကားသစ်ဖြစ်ပြီးဝေဖန်ရေးဆရာတွေ ရွေးချယ်တဲ့ အကောင်းဆုံးရုပ်ရှင်ဆုနဲ့သရုပ်ဆောင်ဆုတွေ ဆန်ခါတင်ထားတဲ့ ဇာတ်ကား ဖြစ်ပါတယ် ခေတ်ပျက်တစ်ခုမှာ တည်ထားပြီး အရာရာယိုယွင်းနေတဲ့ အုပ်ချုပ်ရေးနဲ့အတူငတ်မွတ်မှုတွေ အာဏာပိုင်တွေရဲ့ လျှို့ဝှက်ချက်တွေ ကြားထဲမှာ ရုန်းကန်ရတဲ့လူတွေအကြောင်းကို တင်ဆက်ထားတာပဲ ဖြစ်ပါတယ် ဇာတ်လမ်းကို အဓိကဇာတ်ကြောင်းနှစ်ခုနဲ့ တည်ဆောက်ထားပါတယ်…ဖခင်တစ်ယောက် ၃ လသားအရွယ် သမီးလေးကို ပိုက်ပြီး အာဏာပိုင်တွေရဲ့ လက်ကနေ ထွက်ပြေးနေရပုံကို ပြထားပြီး နောက်ထပ် ဇာတ်သွားတစ်ခုမှာတော့ နိုင်ငံရေးတက်ကြွလှုပ်ရှားမှုဇာတ်လမ်းကို ပုံဖော်ထားပါတယ် Dasru တစ်ယောက် ဘာဖြစ်လို့ ထွက်ပြေးနေရလဲသူ့ရဲ့ အတိတ်က ဘာတွေများ အရှုပ်အရှင်းတွေ ရှိခဲ့လဲ…အာဏာပိုင်တွေရဲ့ ရည်ရွယ်ချက်က ဘာလဲ စတဲ့ မေးခွန်းပေါင်းများစွာနဲ့ကားလိပ်ချသည့်တိုင် ဇာတ်လမ်းရဲ့ လျှို့ဝှက်ဆန်မှု မပျောက်သွားပဲသမီးအတွက် အရာရာကို ရင်ဆိုင်မယ့် ဖခင်တစ်ယောက်ရဲ့ သတ္တိကို မြင်တွေ့ရမှာပါ အိန္ဒိယရုပ်ရှင်တွေရဲ့ သမာရိုးကျ ဒိုင်ယာလော့ခ်အခြေခံတဲ့ ရုပ်ရှင်တွေနဲ့ အတော်လေးကွဲထွက်ထားပြီး“အပြောထက် အပြ” ကို ဦးစားပေးဆိုသလို မျက်စိပသာဒဖြစ်ဖွယ် အလှတရားထက်ရက်စက်ကြမ်းကြုတ်တဲ့ လက်တွေ့လောကကို အရှိအတိုင်း တင်ဆက်ထားတဲ့ဒီဇာတ်ကားလေးကို ပရိသတ်ကြီး ခံစားပေးကြပါဦး အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

Wild Bill (2011) ⭐IMDB: 7.2/10 (14 k Votes) 🎬 #Drama 🗓 2011 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 39 မိနစ် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဘီလ်က လူဆိုးတစ်ယောက်ပါ။ လူဆိုးတစ်ယောက်မှ ငယ်ဘ၀တုန်းက ကမ်းကုန်အောင်ဆိုးခဲ့မိုက်ခဲ့ပေတေခဲ့လို့ ပတ်ဝန်းကျင်မှာသောက်ကြမ်းကြီး ဘီလ် ဆိုတဲ့နာမည်ကိုပါရခဲ့ပါသေးတယ်။အခုတော့ ဘီလ်ထောင်ကထွက်လာပါတယ်။ ထောင်ကသင်ပေးလိုက်တဲ့ ပညာတွေအရ ဘီလ်တစ်ယောက်မထင်မှတ်နိုင်လောက်အောင်ကိုသိမ်မွေ့လာခဲ့ပါတယ်။ မသိမ်မွေ့လို့လည်းမရပါဘူး။ သူထောင်က ထွက်လာတာ ခံဝန်နဲ့ဖြစ်တဲ့အတွက် အပြင်လောကမှာ အမှားတစ်ခုခုလုပ်မိတာနဲ့ သူ့ကိုအချိန်မရွေးထောင်ထဲပြန်ပို့လို့ရတဲ့အနေအထားဖြစ်နေလို့ပါပဲ။ ဘီလ်အပြင်ကိုပြန်ရောက်လာချိန်မှာ ပထမဆုံးလုပ်တာက သူ့ဇနီးနဲ့သူ့မိသားစုကိုလိုက်ရှာခဲ့တာပါ။ စိတ်မကောင်းစရာဖြစ်နေခဲ့တာက သူ့သားနှစ်ယောက်ဟာ တစ်ယောက်က ၁၅နှစ်၊တစ်ယောက်က ၁၁ နှစ်အရွယ်ဖြစ်နေပြီး သူ့ဇနီးကပစ်သွားခဲ့တဲ့အတွက် သားကြီးဖြစ်သူက ကိုယ့်ဝမ်းကိုယ်ကျောင်းပြီး သူ့ညီကိုကျောင်းထားပေးနေရတာပါပဲ။ သားကြီးက သူ့ကိုအမြင်မကြည်တဲ့အတွက် ထောင်ထွက်လူမိုက်စိတ်မကုန်သေးတဲ့ သူကလည်း ခပ်စိမ်းစိမ်းပဲ ကလေးနှစ်ယောက်ကိုထားခဲ့ဖို့စိတ်ကူးမိပါသေးတယ်။ဒါပေမယ့် ကလေးစောင့်ရှောက်ရေးအဖွဲ့ကဝင်လာပြီး အုပ်ထိန်းသူမရှိရင် ကလေးနှစ်ယောက်ကို ဂေဟာပို့မယ်လုပ်တာကြောင့် ကလေးနှစ်ယောက်ကို သူဟန်ပြအုပ်ထိန်းပေးရပါတယ်။ တဖြည်းဖြည်း ကလေးအဖေဘ၀ကိုပျော်မွေ့လာရင်း သားတွေကိုသံယောဇဉ်တွယ်လာချိန်မှာ သားငယ်ဖြစ်သူကို တစ်ချိန်က သူ့ဘော်ဒါဟောင်းရဲ့ အဆက်အနွယ်လူဆိုးဂိုဏ်းက ဘိန်းဖြန့်တဲ့အလုပ်မှာခေါ်ခိုင်းတဲ့အတွက် အဲ့ဒီပြဿနာတွေကိုဖြေရှင်းပေးဖို့ အရင်လူတွေနဲ့ပြန်ပတ်သက်မိတဲ့အချိန်မှာတော့..။ Crime/Drama ဆိုပေမယ့် သဘာ၀ကျကျနဲ့ ရယ်ရပါတယ်။ မထူးဆန်းတဲ့တင်ပြပုံနဲ့လည်း အစကနေ အဆုံးထိ လှည့်ကွက်မပါသလောက်နဲ့ဆွဲခေါ်နိုင်လောက်အောင်ကောင်းပါတယ်။ ရထားတဲ့ Rating တွေနဲ့အညီ တကယ် မိုက်တဲ့ကားပါပဲ။ ဒါနဲ့ဒီထဲက သရုပ်ဆောင်နှစ်ယောက်က နာမည်ကျော် meme characters တွေပါ။...

The Palace (2023) ⭐IMDB: 5.4/10 (1 k Votes) 🎬 #Comedy #Drama 🗓 2023 🎞 movie 🌎 #France #Italy #Poland #Switzerland ⏰ 1 နာရီ 42 မိနစ် 13 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Palace (2023) Black Comedy ဇာတ်ကားလေးပါ။ ရုပ်ရှင်ဝေဖန်ရေးဆရာကြီးတွေက ပျစ်ပျစ်နှစ်နှစ်ဝေဖန်တာ ခံထားရပြီး Box Office မှာလည်း ခွက်ခွက်လန်အောင် ရှုံးခဲ့တဲ့ဇာတ်ကားပါ။ ဒါပေမဲ့ ဒါရိုက်တာက ရုပ်ရှင်လောကမှာ ပါရာမောင့်ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ရွှေဥကြီးတစ်လုံးဖြစ်တဲ့ Rosemary’s Baby ဇာတ်ကားကို မွေးထုတ်ပေးခဲ့သူ Roman Polanski ပဲဖြစ်ပါတယ်။ China Town, Macbeth, The Pianist, Oliver Twist တို့လို ဇာတ်ကားကောင်းတွေကို မွေးထုတ်ပေးခဲ့တဲ့ ဒါရိုက်တာပါ။ ဒါရိုက်တာအနေနဲ့ ငါမအိုသေးလို့ ဟစ်ကြွေးနိုင်လောက်တဲ့ ပညာစွမ်းတွေကို ဒီဇာတ်ကားမှာ ပြသွားပေမဲ့ ဇာတ်ညွှန်းကြောင့် ဒီဇာတ်ကားက ဒီလောက်ထိ အခြေအနေဆိုးသွားတာလို့ ထင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်လို Black Comedy ကြိုက်သူတွေအတွက်တော့ ကြည့်လို့ကောင်းတဲ့ ဇာတ်ကားလေးပါ။ သရုပ်ဆောင်တွေကလည်း Old but Gold လို့ ပြောလို့ရတဲ့ ထိပ်တန်းသရုပ်ဆောင်တွေ အများကြီး ပါဝင်ထားပါတယ်။ မညှာတမ်းပြောရရင် အဘိုးကြီးအဘွားကြီး ဇာတ်ကားပေါ့ဗျာ။ မပေါက်ရတဲ့ အကြောင်းအရင်းထဲမှာ အဲဒါလည်း ထည့်တွက်လို့ရလောက်တယ်ဗျ။ ထောင်စုနှစ်တစ်ခုအသစ်တစ်ခုကို ကြိုဆိုတဲ့ Y2K ကာလက ဟိုတယ်ကြီးတစ်ခုမှာ လုပ်တဲ့ ဘီလျံနာတစ်ယောက်ရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့ကို အခြေတည်ထားပါတယ်။ နှစ်ပတ်လည်ကို လာတက်တဲ့ ဧည့်သည်လူ့မလိုင်အသိုင်းအဝိုင်းရဲ့ သောက်တလွဲကိစ္စတွေကို ဒိုင်ခံဖြေရှင်းနေရတဲ့ ဟိုတယ် မန်နေဂျာရဲ့ နှစ်သစ်ကူးအကြိုနေ့အကြောင်းကို သရော်တော်တော်ပုံစံနဲ့ ပြထားတာပါ။ မကြိုက်ကြရင်တောင် ကြည့်ရတာ မတန်မယ့် ဇာတ်ကားမျိုးတော့ မဟုတ်တာသေချာပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို666မှ ပြန်ဆို ရေးသားထားပါတယ်)...

Three Thousand Numbered Pieces (2022) ⭐IMDB: 6.6/10 (266 Votes) 🎬 #Drama #Horror 🗓 2022 🎞 movie 🌎 #Hungary ⏰ 1 နာရီ 33 မိနစ် 30 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အခုတင်ဆက်မယ့်ဇာတ်ကားကတော့ review ရေးမယ်ဆိုရင် plot ကိုအကျဉ်းရေးပြလို့ကောင်းတဲ့ ဇာတ်ကားမျိုးတော့မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ဇာတ်လမ်းဇာတ်ကွက် plot ပိုင်းကိုဦးစားပေးတည်ဆောက်ထားတဲ့ ရုပ်ရှင်မျိုးမဟုတ်လို့ပါပဲ။ Reality Show တစ်ခု၊ ပြဇာတ်တစ်ခုကို အဓိကမူတည်တင်ဆက်ပြီးမှ drama ရောမွှေထားတဲ့ ရုပ်ရှင်ကားမျိုးဖြစ်ပါတယ်။ ဇာတ်ကောင်တွေရဲ့ နောက်ခံအကြောင်းအရာတွေကိုလည်း အဓိကအသားကိုပံ့ပိုးပေးတဲ့ ဟင်းခတ်အမယ်တွေကို တို့ကနန်းဆိတ်ကနန်း ဖြူးထည့်ထားတဲ့ ဟင်းတစ်ခွက်လို အစီအစဥ်တကျမဟုတ်ဘဲ အလျဉ်းသင့်သလို တင်ပြထားပါတယ်။ ဒါရိုက်တာအနေနဲ့ သူတင်ပြချင်တဲ့ အကြောင်းအရာနဲ့ ပေးချင်တဲ့သင်ခန်းစာ၊ သတင်းစကားကို သူ့စိတ်ထဲရှိသလို တင်ဆက်ထားတာဖြစ်လို့ ကြည့်ရှုသူအနေနဲ့တော့ သဘောတွေ့ချင်မှ တွေ့ပါလိမ့်မယ်။ သူအဓိကပြောချင်တဲ့ ဟန်ဂေရီက လူမျိုးရေးခွဲခြားမှု (အထူးသဖြင့် ဂျစ်ပစီ) လူမျိုးများရဲ့ ခံစားချက်တွေ၊ ကြေကွဲစရာအဖြစ်တွေနဲ့ နစ်နာမှုတွေကို ပြဇာတ်အသွင်ပြောင်းပြီး တင်ဆက်ထားတာဖြစ်လို့ တမူထူးခြားတဲ့ ရသမျိုးခံစားရမှာပါ။ ဒီဇာတ်ကားကိုကြည့်ပြီး လူမျိုးရေးခွဲခြားမှုဆိုတာ တစ်ကမ္ဘာလုံးအနှံ့ ဘယ်နေရာမဆိုရှိနေနိုင်တဲ့ အယူဝါဒတစ်ခုဖြစ်တယ်ဆိုတာ သဘောပေါက်လာနိုင်မှာဖြစ်ပါတယ်။ လူမျိုးတစ်မျိုးဟာ မိမိကိုယ်ကိုအရမ်းမြင့်မြတ်တယ်၊ တော်တယ်လို့ ထင်နေခြင်းဟာ လူမျိုးရေးခွဲခြားမှုကို ဦးတည်စေနိုင်သလို ခွဲခြားခံရတယ်လို့ထင်နေသူလူမျိုးစုဟာလည်း အငုံ့စိတ်အားကြီးပြီး တစ်ခုခုဆိုတိုင်း ငါတို့ဟာခွဲခြားခံနေရပါတယ်ဆိုပြီး အရမ်းကာရောသိမ်ငယ်နေခြင်းဟာလည်း လူမျိုးရေးခွဲခြားမှုကို ပုံစံတစ်မျိုးနဲ့ အားပေးနေသလိုဖြစ်တယ်ဆိုတာကို သုံးသပ်တွေ့ရှိနိုင်ပါတယ်။ ဇာတ်လမ်းအကြမ်းဖျဉ်းကတော့ ဟန်ဂေရီပြဇာတ်ဆရာတစ်ယောက်က ဂျစ်ပစီလူငယ်ငါးယောက်နဲ့ Reality Show တစ်ခုတင်ဆက်တဲ့အကြောင်းပါ။ လူငယ်ငါးယောက်က အရင်က ဆေးသမား၊ ပြည့်တန်ဆာ၊ ရာဇဝတ်ကောင်၊ အနိုင်ကျင့်ခံရသူ စသဖြင့် စိတ်ဒဏ်ရာတစ်ခုခု ရှိထားကြသူတွေ ဖြစ်ပါတယ်။ သူတို့ကြုံတွေခဲ့ရတဲ့ အဖြစ်မှန်တွေ၊ အတွေအကြုံတွေကို တင်ဆက်ရမယ့်အစား အံချော်ပြီး ပုဂ္ဂိုလ်ရေးမကျေနပ်ချက်တွေ၊ နာကျင်မှုတွေ၊ မညီမျှတွေကို ထုတ်ဖော်ပြသမိကြတဲ့အခါ ပြဇာတ်ဟာ စီစဉ်ထားသလို မဟုတ်တော့ဘဲ တလွဲတချော်တွေ ဖြစ်ကုန်ပါတယ်။ ဇာတ်လမ်းဟာ ပြဇာတ်ရဲ့ပြကွက်တွေဘက်ကို ပြလိုက်၊ တကယ့်လက်တွေ့ဘဝဘက်ကို ပြန်သွားလိုက်နဲ့ အတော်လေးတော့ သောင်းပြောင်းထွေလာနိုင်ပါတယ်။ ဒါပေမယ့် ပုံမှန်တင်ဆက်နေကျ ဇာတ်ကြောင်းပြောဟန်ကနေခွဲထွက်ပြီး ရသတစ်မျိုးကိုကွဲပြားစွာခံစားလိုတဲ့ ပရိသတ်တွေအတွက်တော့ အဆင်ပြေနိုင်မှာပါ။ ဟန်ဂေရီစကားပြော ဟန်ဂေရီဇာတ်ကားဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာစတင်ပြသခဲ့ပါတယ်။ ဒါရိုက်တာကတော့ Adam Csaszi ဖြစ်ပြီး Kristof Horvath၊ Agota Benedek၊ Fraciska Farkas၊ Romeo Papai၊ Csaba Gerner စတဲ့ဟန်ဂေရီသရုပ်ဆောင်တွေ ပါဝင်ထားကြပါတယ်။ European Film Festival Palic 2023 မှာ အကောင်းဆုံးဒါရိုက်တာဆုရထားပြီး Tallinn Black Nights Film Festival 2022 မှာလည်း ဆန်ကာတင်နှစ်ဆုရခဲ့ပါတယ်။ IMDb rating ကတော့ 6.6 ရထားပါတယ်။...