ဇာတ်ညွှန်းများ • FDMN
Закритий канал
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
Cairo Conspiracy (2022)
⭐IMDB: 7.1/10 (2 k Votes)
🎬 #Drama #Thriller
🗓️ 2022 🎞️ Movie 📺 720p HD
🌎 #Sweden #France #Finland #Denmark
⏰ 2 နာရီ 01 မိနစ် 59 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Cairo Conspiracy (2022)
~ IMDb – 7.1/10, RT – 77%, Meta – 74% ~
ကားနာမည်အတိုင်းပဲ… အီဂျစ်နိုင်ငံရဲ့မြို့တော် ကိုင်ရိုက အီဂျစ်နိုင်ငံရဲ့ ရာထူးအကြီးဆုံးထိပ်သီးတွေ ဘာသာရေးခေါင်းဆောင်တွေ ပါဝင်ပတ်သက်နေတဲ့ လျှို့ဝှက်ပူးပေါင်းကြံစည်မှုတစ်ခုအကြောင်းပါ။ အီဂျစ်ဟာ အစ္စလာမ်ကမ္ဘာမှာ အဓိက အင်အားကြီးနိုင်ငံဖြစ်တာနဲ့အညီ ဒီကားက အစ္စလာမ်ဘာသာကို အဓိကထားပြီး ဇာတ်အိမ်တည်ထားပါတယ်။ နောက် အစ္စလာမ်ဘာသာရေးဆိုင်ရာ သင်ကြားမှုတွေရဲ့ အချက်အချာဖြစ်တဲ့ အယ်အာဇာကိုလည်း ဒီကားရဲ့ အဓိကလိုကေးရှင်းအဖြစ်သုံးထားပါတယ်။ နိုင်ငံရေးနဲ့ ဘာသာရေးကြားက အားပြိုင်မှုတွေကြားမှာ ကြားကမြေစာပင်ဖြစ်သွားတဲ့ ကျေးလက်ကကောင်လေးကို အဓိကနေရာကထားပြီး တင်ပြသွားပါတယ်။
ဒီကားမှာ အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေ၊ အကြမ်းဖက်ဝါဒီတွေ၊ အစိုးရဘက်တော်သားတွေ စသဖြင့် ဘက်သုံးဘက်ကိုတွေ့မြင်ရမှာဖြစ်ပြီး ဒီသုံးခုရဲ့အားပြိုင်မှုကို ချိတ်ဆက်တင်ပြသွားပုံကလည်း တော်တော်လေး သေသပ်တယ်ပြောရပါမယ်။ ဇာတ်လမ်းအစမှာ အစိုးရဘက်ကို သတင်းပေးနေတဲ့ အယ်အာဇာက ကျောင်းသားတစ်ယောက် သေသွားတယ်။ ကျောင်းသားက တစ်ဖက်က အစိုးရသတင်းပေးလည်းဖြစ်နေတာမို့ နိုင်ငံရေးအရ အန္တရာယ်ကြီးတာမို့ ဒီသေသွားတာကို မတော်တဆမှုအနေနဲ့ပဲ ပိတ်လိုက်ပေမဲ့ နိုင်ငံတော်လုံခြုံရေးဌာနက အရာရှိတစ်ယောက်က အဲဒီအမှုကို ဆက်လိုက်ပါတယ်။ ဒီအချိန်မှာ အယ်အာဇာက အီမမ်ကြီးခေါ် ဘာသာရေးအရ အာဏာအကြီးဆုံးပုဂ္ဂိုလ်ကြီးကလည်း ဆုံးသွားပြီး သူ့နေရာမှာ လူသစ်တင်ဖို့လည်း လုပ်နေရပါတယ်။ ဒီတော့ ဘာသာရေး နိုင်ငံရေး မတည်ငြိမ်မှုတွေကြား ဒီသုံးဖွဲ့မှာ ဘယ်အဖွဲ့က ဒီကျောင်းသားကို သတ်လိုက်တာလဲဆိုတာကို လှည့်ကွက်ပေါင်းများစွာနဲ့ ကြည့်ရမယ့် ပြင်သစ်ထုတ် အီဂျစ်အခြေတည်တဲ့ ရှားပါးရုပ်ရှင်ကားပါပဲ။ ဘာသာရေးနဲ့ပတ်သက်ပြီး တော်တော်ကြမ်းကြမ်းတမ်းတမ်းတွေပါတတ်တာမို့ ဒါမျိုးမကြည့်ချင်သူတွေ မကြည့်သင့်သလို အစ္စလာမ်ဘာသာနဲ့မြန်မာပြည်ကြားက မကျေနပ်ချက်တွေလည်း ဒိုင်ထဲပါတာမို့ ဒါမျိုးတွေ မမြင်ချင်တဲ့သူတွေလည်း မကြည့်သင့်ပါဘူး။ ဘာနေနေ ရုပ်ရှင်ကတော့ ရုပ်ရှင်ကောင်းပါပဲ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုNမှ ပြန်ဆို ရေးသားထားပါတယ်)
Cairo Conspiracy (2022)
⭐IMDB: 7.1/10 (2 k Votes)
🎬 #Drama #Thriller
🗓️ 2022 🎞️ Movie 📺 1080p FHD

Waltair Veerayya (2023)
⭐IMDB: 6.8/10 (6 k Votes)
🎬 #Action #Bollywood #Drama
🗓️ 2023 🎞️ Movie 📺 720p HD
🌎 #India
⏰ 2 နာရီ 38 မိနစ် 31 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Waltair Veerayya (2023)Action, DramaIMDb 6.8/10 (5.6K)
အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ဘိုင်ရာဗာမင်းသားရဲ့အဖေ မင်းသားကြီးချီရန်ဂျီဗီးနဲ့ မင်းသားကြီး ရဗီတေဂျားတို့ရဲ့အက်ရှင်ကားကောင်းလေးပဲဖြစ်ပါတယ်။မင်းသမီးချောလေး ရှရူတီးဟာစန်းကလည်း ကမ်းကုန်အောင် လှပပေးထားပါတယ်နော်။
ဒီဇာတ်ကားမှာ ဘတ်ဂျက် ရူပီကုဋေ၁၄၀သုံးခဲ့ပြီး ၂၃၃.၀၅ကုဋေပြန်ရခဲ့ပါတယ်။
ဇာတ်လမ်းကိုပြောရမယ်ဆိုရင်…RAW အဖွဲ့ဟာ နိုင်ငံတကာရာဇဝတ်သားကို အိန္ဒိယဖမ်းခေါ်လာနေတုန်းလမ်းမှာ လေယာဥ်ပျက်ကျခဲ့ပြီး အဲ့ဒီရာဇဝတ်သားကို ရဲစခန်းမှာ တစ်ညသိပ်ဖို့ဖြစ်လာခဲ့ပါတော့တယ်။
အဲ့ဒီရဲစခန်းဟာ ညတွင်းချင်းဝင်ဆီးခံခဲ့ရပြီး စခန်းအတွင်းကရဲတွေအားလုံးအသတ်ခံလိုက်ရပါတယ်။ ရာဇဝတ်သားလည်း လွတ်မြောက်သွားပါတော့တယ်။
ဒီအဖြစ်အပျက်ကြောင့် ရာထူးဆိုင်းငံ့ခံလိုက်ရတဲ့ ရဲအရာရှိဟာဒီရာဇဝတ်သားကို ဖမ်းဆီးဖို့ ခဲထားပါတော့တယ်။ဒီလိုနဲ့ မီးကိုမီးနဲ့ငြှိမ်းဖို့ ကြိုးစားလာတဲ့အခါမှာတော့….။ဆက်လက်ပြီး ဘာတွေဖြစ်လာဦးမလဲဆိုတာကို ဇာတ်ကားထဲမှာ ရှုစားပေးကြပါဦးနော်။
Temptress Moon (1996)
⭐IMDB: 6.7/10 (2 k Votes)
🎬 #Drama #Romance
🗓️ 1996 🎞️ Movie 📺 720p HD
🌎 #China #HongKong
⏰ 2 နာရီ 08 မိနစ် 01 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Temptress Moon (1996)
~ IMDb – 6.7/10, Rotten Tomatoes – 62% ~
Farewell My Concubine အပြီး Chen Kaige နဲ့ လတ်စလီချောင် ဂေါင်လီအတွဲ ပြန်ဆုံတဲ့ ရုပ်ရှင်ပေါ့။ သူလည်း ကိန်းမှာပြခဲ့ပြန်၊ Palme d’Or အတွက် ပြိုင်ခဲ့ပြန်တာပဲ။ ဒါပေမဲ့ ရတော့မရသွားခဲ့ပါဘူး။ ထပ်ပြီး တူတာက သူလည်း တရုတ်ပြည်မှာ ဘန်းခံထိထားတယ်။
မထူးခြားနားပါပဲ။ ပုရီနန်းစွန့်ပြီးနောက်ပိုင်း ၁၉၁၂မှာ ဇာတ်အိမ်စတယ်။ မင်းရိပ်မင်းရှိန်မကင်းတဲ့အိမ်တစ်အိမ်က ဘိုးဘေးနတ်ကွန်းထဲ အဲဒီအိမ်က ကလေးမလေးက ကစားရင်းဝင်လာလို့ အကုန်ပွက်လောရိုက်နေတာနဲ့ စဖွင့်ထားတယ်။ အဲဒီကလေးမလေးက ဂေါင်လီရဲ့ဇာတ်ကောင် ဖန်းယုရီ။ တရုတ်မှူးမတ်အိမ်တော်ဆိုတော့ အဲဒီအိမ်ရိပ်လာခိုတဲ့ ဆွေရိပ်မျိုးရိပ်မကင်းတဲ့ ကလေး၂ယောက်ရှိတယ်။ တစ်ယောက်ကကျ လတ်စလီချောင်ရဲ့ ဇာတ်ကောင် ကျန်းလိန်။ သူက အဲဒီအိမ်က ဖန်းယုရီအစ်ကို ဖန်းအိမ်တော်က သခင်လေးရဲ့မိန်းမရဲ့မောင်။ နောက်တစ်ယောက်က ဖန်းအိမ်တော်နဲ့ ဆွေမျိုးနည်းနည်းဝေးတဲ့ ဖန်းယုရီရဲ့အစ်ကိုဝမ်းကွဲ သွမ့်ဝူ။ ဒီသုံးယောက်က ဖန်းအိမ်တော်နဲ့ပတ်သက်ပြီး ကြမ္မာမလှခဲ့သလို ဒီဇာတ်ရဲ့အဓိကဇာတ်ကောင်၃ယောက်လည်း ဟုတ်တယ်။
ဂေါင်လီရဲ့ဇာတ်ကောင် ဖန်းယုရီက သူတို့အိမ်တော်က လူကြီးတွေကျေးဇူးနဲ့ ငယ်ငယ်လေးကတည်း ဘိန်းစွဲနေသလို လတ်စလီချောင်ရဲ့ဇာတ်ကောင်ကလည်း ဂေါင်လီရဲ့အစ်ကို ဘိန်းသမားကျေးဇူးနဲ့ စိတ်ဒဏ်ရာတော်တော်မသေးဘူး။ ဘိန်းသမားက ဘိန်းကြောင်ပြီး သူ့မိန်းမနဲ့ သူ့မိန်းမရဲ့မောင်ကို မောင်နှမချင်း အတင်းမဖွယ်ရာမရာပြုခိုင်းတဲ့ဒဏ်ကို လတ်စလီချောင်ရဲ့ဇာတ်ကောင်က ခံစားခဲ့ရတယ်။ သွမ့်ဝူကျ အမျိုးဆိုပေမဲ့ အမျိုးဝေးတော့ ကျွန်သပေါက်သာသာ နှိမ်တာခံခဲ့ရတယ်။ ဒီလိုနဲ့ လတ်စလီချောင်ရဲ့ဇာတ်ကောင်က သူ့ယောက်ဖဒဏ်မခံနိုင်တော့ဘဲ အိမ်ကနေ ပီကင်းကို စာသင်ဖို့ထွက်သွားခဲ့တယ်။ သို့ပေမဲ့ စာသင်တဲ့ဆီမရောက်လိုက်ပါဘူး။ လမ်းမှာ ပစ္စည်းတွေအလုခံရပြီး လူမိုက်ဂိုဏ်းဝင်ဖြစ်သွားခဲ့တယ်။ ဂေါင်လီကလည်း ဘိန်းစွဲနေလို့ စေ့စပ်ကြောင်းလမ်းထားတဲ့အိမ်ကနေ ဖျက်သိမ်းတာခံလိုက်ရတယ်။
ဒီလိုနဲ့ သူတို့အရွယ်ရောက်လာပြီး ဖန်းသခင်ကြီးသေသွားတဲ့အချိန်မှာ အစ်ကိုက ဘိန်းဒဏ်နဲ့ နာလန်မထူတော့လို့ ဂေါင်လီက အိမ်ရဲ့ အကြီးအကဲဖြစ်လာခဲ့တယ်။ ဒီအချိန် လတ်စလီချောင်က ပြန်လာပြီး ဖန်းအိမ်က စည်းစိမ်တွေကို အပိုင်သိမ်းဖို့ကြံတယ်။ ဒါပေမဲ့ ဂေါင်လီကို ချစ်မိသွားပြီး အထ,မမြောက်ခဲ့ဘူး။ ဂေါင်လီကလည်း လတ်စလီချောင်ကို ချစ်ပေမဲ့ လတ်စလီက ငယ်ငယ်က သူ့အစ်မနဲ့အတင်းမဖွယ်မရာအပြုခံခိုင်းခဲ့ရတဲ့ စိတ်ဒဏ်ရာနဲ့ဆိုတော့ ဘယ်မိန်းမကိုမှ တကယ်တမ်း မချစ်နိုင်ခဲ့ဘူး။ နောက် သူတို့တွေ အဲဒီအိမ်တော်ကြီးထဲ ဘာဆက်ဖြစ်ကြမလဲဆိုတဲ့ ဇာတ်မျိုးပေါ့။
ဇာတ်ကတော့ တော်တော်လေးရှင်းပေမဲ့ တစ်ခုခုလိုအပ်နေသလိုလို ခံစားရသလို Chen Kaige ဘာပြချင်တာလဲဆိုတဲ့ အချက်ကလည်း တော်တော်လည်းမရှင်းဘူး။ နာမည်ကျော် ဝေဖန်ရေးဆရာ ရော်ဂျာအတ်ဘတ်ကိုယ်တိုင်လည်း ဇာတ်က ဘာပြချင်တာလဲ သူလည်းမရှင်းပေမဲ့ ဇာတ်ဟာ ပုရီနန်းဆင်းပြီးနောက် တည်ထားတာဆိုတော့ ဒီဖြစ်ရပ်တွေအားလုံးဟာ အဲဒီကနေမှ မော်စီတုန်းသေတဲ့အထိကို Symbolism နဲ့ ပြထားသလားတော့မသိဘူးလို့ ပြောတယ်။ တကယ်လည်းဟုတ်လောက်တယ်။ ပြည်မက ဒီကားကို ဘန်းထားရတဲ့အကြောင်းရင်းတော့ ရှိတော့ရှိမှာပဲ။ ပုရီနန်းဆင်းပြီးနောက်ကနေ မော်စီတုန်းသေတဲ့ခေတ်အထိကို ကျမ်းကြေတဲ့လူတွေကတော့ ဒီဇာတ်ကို သဘောပေါက်ချင်ပေါက်မှာပဲ။
ဒီတိုင်းကြည့်ရင်တော့ Chen Kaige ရဲ့ဇာတ်ဟာ ရိုးရှင်းပေမဲ့ သူပြချင်တာတစ်ခုခုကို ဝှက်ထားသလို ကျွန်တော်တို့ ကျိန်းသေခံစားရမှာပါပဲ။ ပုရီနှောင်းပိုင်း တရုတ်ပြည်ရဲ့ အနောက်တိုင်းယဉ်ကျေးမှုစိမ့်ဝင်မှုတွေအကြောင်းလည်း တစ်စွန်းတစ်စပြသထားတယ်။ ဒါပေမဲ့လည်း ဒီဇာတ်ဟာ အပြနဲ့တင်တော်တော်ကြည့်ရတန်ပါတယ်။ တန်ဆို သူ့ စီနီမာတိုဂရပ်ဖာက ဝေါင်ကာဝေးအသည်းကျော် ဟောင်ကောင်ရဲ့နာမည်အကြီးဆုံး စီနီမာတိုဂရပ်ဖာတွေထဲကတစ်ယောက်ဖြစ်တဲ့ Christopher Doyle ကိုး။ ဂေါင်လီ၊ လတ်စလီချောင်၊ ခရစ္စတိုဖာဒွိုင်း… ဒါနဲ့တန်တော်တော်တန်ပါတယ်။ Temptress Moon ဟာ ဘယ်လိုကားလဲတော့ ဖော်ပြရခက်ပေမဲ့ သေချာတာတော့ လတ်စလီချောင်ရဲ့အသိရခက်တဲ့ဇာတ်ကောင်ရယ်၊ ဂေါင်လီရဲ့အလှရယ်၊ ဒွိုင်းရဲ့ စီနီမာရယ်ကတော့ ပရိသတ်ရင်ထဲ အရောက်လှမ်းနိုင်မှာပါပဲ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုWiRa Aungမှ ပြန်ဆို ရေးသားထားပါတယ်)

🗓️ 1996 🎞️ Movie 📺 1080p FHD

The Consultant (2023- )
⭐IMDB: 6.6/10 (3 k Votes)
🎬 #Comedy #Drama #Thriller
🗓️ 2023- 🎞️ Series 📺 1080p FHD
🌎 #UnitedStates #UnitedStatesofAmerica
⏰ 36 မိနစ် 17 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Consultant (2023)The Consultant (2023)The Consultant ဆိုတဲ့ စီးရီးကတော့ IMDb 7.1 ရရှိထားတဲ့
Black Comedy၊ Thriller အမျိုးအစားဖြစ်ပါတယ်။
ဇာတ်လမ်းစစချင်းမှာ CompWare ဆိုတဲ့ ဂိမ်းကုမ္ပဏီတစ်ခုကို
အလယ်တန်းကျောင်းက ကလေးတွေ လေ့လာရေးဆင်းရင်းနဲ့ ကုမ္ပဏီရဲ့ Founder ဖြစ်သူ Sang-woo ကို
ကလေးတစ်ယောက်က သေနတ်နဲ့ပစ်သတ်လိုက်ပါတယ်။
Sang-Woo မရှိတော့တဲ့နောက်ပိုင်း ကုမ္ပဏီက ဖရိုဖရဲဖြစ်နေတဲ့အချိန်မှာ
Regus Patoff ဆိုတဲ့ အကြံပေးက ရုတ်တရက်ရောက်လာပြီး
သူ့ကို Sang-Woo က တာဝန်ပေးထားခဲ့တာဆိုပြီးတော့ ကုမ္ပဏီကို လွှဲယူလိုက်ပါတယ်။
သူ စရောက်ရောက်ချင်းမှာ ရုံးချိန်နောက်ကျတဲ့ဝန်ထမ်းတို့၊ အနံ့အသက်မကောင်းတဲ့ ဝန်ထမ်းတို့ကို
အလုပ်ဖြုတ်ပစ်တာကြောင့် သူ့ကို ကြည့်မရကြပါဘူး။
အဲဒါကြောင့် Sang-woo ရဲ့လက်ထောက်ဖြစ်တဲ့ Elaine နဲ့ ကုမ္ပဏီကဝန်ထမ်း Craig တို့က
Regus Patoff ရဲ့နောက်ကြောင်းကို စုံစမ်းကြပါတော့တယ်။
အဲဒီလိုနဲ့ Sang-woo နဲ့ Regus Patoff ကြားက ဆက်ဆံရေးက ဘယ်လိုမျိုးလဲ၊
စည်းကမ်းတင်းကြပ်တဲ့ Regus Patoff နဲ့ ကုမ္ပဏီဝန်ထမ်းတွေကြားက ဆက်ဆံရေးရော အဆင်ပြေပါ့မလားဆိုတာကို
အစအဆုံး ၈ ပိုင်း ရှိတဲ့ ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုကြပါစို့။အညွှန်းကိုတော့ Moh Moh က ရေးထားပေးပြီးတော့
ဘာသာပြန်ထားတာကတော့ Moh Moh, Mary Christ, Sai Thurein Lynn, Hugo,
Xavier Zy, Hetang, KyalSin Yati Ko တို့ပဲ ဖြစ်ကြပါတယ်။Genre….. Comedy, Drama
Naxalbari (2020- )
⭐IMDB: 7.1/10 (5 k Votes)
🎬 #Action #Crime #Thriller #Adventure
🗓️ 2020- 🎞️ Series 📺 1080p FHD
🌎 #India
⏰ 19 မိနစ် 30 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Naxalbari (2020) CompleteNaxalbari (2020)
Action, Crime, Thriller
IMDb 7.1/10 (4.7K)အခုတစ်ခါတင်ဆက်ပေးမယ့် စီးရီးလေးကလည်း Court Martial မင်းသား ရာဂျစ်ခန်ဒေးဝါးရဲ့စီးရီးလေးပဲဖြစ်ပါတယ်။
တောတွင်းတစ်နေရာမှာ သတ္တုတွင်းစက်ရုံတည်ဆောက်ဖို့အတွက် ကုမ္ပဏီတစ်ခုက ကြိုးစားနေပါတယ်။ဒါပေမဲ့ ဒေသခံတွေက အဲ့ဒီစက်ရုံကို ကန့်ကွက်နေကြတယ်။အဲ့ဒီဒေသသူပုန်တွေကလည်း သူတို့နယ်မြေကို အပါမခံနိုင်တဲ့အတွက် တော်လှန်ရေးတွေ လုပ်ကြတယ်။
လူထုထဲမှာ သူတို့ရဲ့သူလျှိုတွေကို ထည့်ထားတယ်။ ဒီသူပုန်ဂိုဏ်းကို ထိပ်တန်းရဲအရာရှိတစ်ယောက်ဖြစ်တဲ့
ရာဟက်ကို ဖြိုခွင်းဖို့ တာဝန်ပေးလာတဲ့အခါမှာတော့…။သူပုန်တွေရဲ့သူလျှိုတွေက ရဲအရာရှိရာဟက်ဆီကို ဘယ်လိုချဉ်းကပ်လာမလဲ။ရာဟက်က သစ်တောထဲက သူပုန်တွေကို ဘယ်လိုနှိမ်နင်းသွားမလဲ။ သူ့ရဲ့အနီးဆုံးရန်သူက ဘယ်သူဖြစ်လာမလဲ။သူပုန်တွေကို လျှို့ဝှက်ထောက်ပံ့ပေးနေတဲ့သူတွေကရော ဘယ်သူတွေဖြစ်နေမလဲဆိုတဲ့
လှည့်ကွက်ပေါင်းများစွာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရမယ့် စီးရီးတွဲလေးပဲဖြစ်ပါတယ်။File Size – 500MB/ 200MBQuality – 1080p Zee5 WEB DL / 720pDuration – minute (@Episode)Total Episodes: 9EpsSubtitle – Myanmar HardsubFormat – Mp4Genre : Action & Adventure, Crime
Manhunt (2017-2020)
⭐IMDB: 8.1/10 (61 k Votes)
🎬 #Biography #Crime #Drama #Mystery #Thriller
🗓️ 2017-2020 🎞️ Series 📺 1080p FHD
🌎 #UnitedStates #UnitedStatesofAmerica
⏰ 43 မိနစ် 11 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Manhunt(2017) ခင်ဗျားတို့ စာတိုက်စနစ်အကြောင်းကို နည်းနည်းလောက် အချိန်ပေးပြီး တွေးကြည့်ဖူးလား။လူတစ်ယောက်ဟာ ကိုယ့်ဆီကို စာပို့ဖို့၊ပစ္စည်းပို့ဖို့လိုအပ်တာဆိုလို့ ကိုယ့်ရဲ့နာမည်နဲ့ လိပ်စာပဲတဲ့။အဲ့ဒီလိပ်စာတို့ ဖုန်းနံပါတ်တို့ဆိုတာလဲ အခုလို ပွင့်လင်းမြင်သာတဲ့ ခေတ်ကြီးမှာ ရဖို့ဆိုတာ ဘာမှမခက်တော့ဘူး။အထူးသဖြင့် ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာဆို ပိုဆိုးတယ်။ခင်ဗျားရဲ့ အချက်အလက်တွေဟာ လူမြင်ကွင်းမှာ ဖောချင်းသောချင်းပဲ။တကယ်လို့ ခင်ဗျားကို ဒုက္ခပေးချင်တဲ့ လူတစ်ယောက်က ဒီအချက်အလက်တွေကို သုံးပြီး ခင်ဗျားကို ဒုက္ခမပေးနိုင်ဘူးလား။တစ်နေ့နေ့မှာ ခင်ဗျားရဲ့ အိမ်ရှေ့ကို ခင်ဗျားနာမည်နဲ့ ဗုံးတစ်လုံးရောက်လာနိုင်တယ်လို့ရော ခင်ဗျားတွေးဖူးလား။
1978 ခုနှစ်ကစပြီး အမေရိကန်နိုင်ငံမှာ စာပို့စနစ်ကို အသုံးပြုပြီး အကြမ်းဖက်ဖောက်ခွဲတဲ့ ဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်လာတယ်။အဲ့ဒီဖြစ်စဉ်တွေ အကုန်လုံးကို လူတစ်ယောက်တည်းကပဲ ကြိုးကိုင်နေတယ်ဆိုတာကို သိရပေမယ့် သူဟာဘယ်သူလည်း ဘာကြောင့်မို့ ဒီလိုမျိုးလုပ်ရပ်တွေကို လုပ်နေတာလဲဆိုတာ အမေရိကန်နိုင်ငံရဲ့ အတော်ဆုံးစုံစမ်းစစ်ဆေးရေးဌာနဖြစ်တဲ့ FBI တောင်မှ မဖော်ထုတ်နိုင်ခဲ့ပါဘူး။
ဒီလိုနဲ့ ဗုံးပေါက်ကွဲမှုတွေဟာ နိုင်ငံတစ်ဝှမ်းဆက်တိုက်ဖြစ်နေတယ်။FBI ဟာလည်း ဒီ ဗုံးသမားကို ဖမ်းမိဖို့အတွက် လူပေါင်း ၁၅၀ ကျော်ပါတဲ့ စုံစမ်းအဖွဲ့တစ်ခုကိုကို သီးသန့်ဖွဲ့၊နည်းလမ်းပေါင်းစုံသုံးပြီး ဖြစ်နိုင်ချေရှိသမျှ သဲလွန်စမှန်သမျှကို လိုက်တယ်။ဒါပေမယ့် ဗုံးသမားရဲ့အကြောင်းကို ဘာဆိုဘာမှ စုံစမ်းလို့မရခဲ့ဘူး။ဒီလိုနဲ့ ဗုံးတွေဆက်တိုက်ကွဲလိုက်၊ FBI က စုံစမ်းလိုက်၊ ဘာသဲလွန်စမှ မရဘဲ လမ်းဆုံးသွားလိုက်နဲ့ လုံးချာပတ်ချာလိုက်နေတော့ သတင်းစာတွေကလည်း ဒီအကြောင်းကို အပြိုင်အဆိုင်ဖော်ပြကြတာပေါ့။ဒါနဲ့ပဲ အဲ့ဒီ ဗုံးအမှုဟာ တစ်နိုင်ငံလုံးက စိတ်ဝင်စားတဲ့အမှုဖြစ်လာပြီး ဗုံးသမားအကြောင်းကိုလည်း လူတွေက အကြီးအကျယ် စိတ်ဝင်စားလာကြတယ်။ဒီလူဟာ ဘယ်သူလဲ ၊ဘာကြောင့်ဒီလိုတွေ လုပ်နေတာလဲ ၊FBI ကရော ဒီလူ့ကို ဘာကြောင့် ဖမ်းမမိတာလဲ၊ဒီလူဟာ FBI လိုအဖွဲ့ကြီးထက်တောင် တော်လွန်း လည်လွန်းနေတာလား စသဖြင့်ပေါ့။
အဲ့ဒီနောက်မှာတော့ အဲ့ဒီ ဗုံးသမားဟာရုတ်တရက်ဆိုသလိုပဲ ပျောက်သွားတယ်။ဘာဗုံးကွဲမှုမှ ဆက်မဖြစ်တော့ဘူး။ဘာသဲလွန်စမှမကျန် ဘာသံမှ မကြားရဘဲ ပျောက်သွားတယ်။လူတွေဟာလည်း ဒီလူသေသွားပြီလို့ ယုံကြည်သွားတယ်။
ဒီလိုနဲ့ နှစ်ပေါင်းအတော်ကြာပြီး ၁၉၉၅ မှာ အဲ့ဒီ ဗုံးသမားဟာ သူပုံစံအတိုင်း စာတိုက်ကနေတစ်ဆင့်ဗုံးတွေပို့ ၊ဖောက်ခွဲပြီး ပြန်ပေါ်လာတယ်။ဒီတစ်ခေါက်မှာတော့ သူဟာ စာလုံးရေ “၃၅၀၀၀” ပါတဲ့ ကြေညာစာတမ်းတစ်ခုကို New York Time သတင်းစာကို ပို့ပြီး လူတွေလက်ခံထားတဲ့ ယုံကြည်ထားတဲ့ စနစ်ကြီး တစ်ခုလုံးကို မေးခွန်းတွေ မေးပြီး စိမ်ခါ်လာတယ်။
ဒီလူဟာ ဘယ်သူလဲ ၊သူဘာကြောင့် ဒီလိုတွေလုပ်နေတာလဲ ၊သူ့အတွေးအခေါ်ဟာ ဘာလဲ၊ FBI ကရော ဒီလူကို ဖမ်းမိပါ့မလား။ဘယ်လိုတွေ ကြိုးစားပြီး ဖမ်းမိခဲ့တာလဲ စတာတွေကိုတော့ ဒီ series ထဲမှာ အဖြေရှာဖို့ တိုက်တွန်းချင်ပါတယ်။ဒီ series ဟာ FBI သမိုင်း အကြာမြင့်ဆုံး လိုက်ခဲ့ရတဲ့(၁၇နှစ်ကြာ) ယူနာဗုံးသမား အကြောင်းကို အခြေခံထားတာဖြစ်ပြီး စုံထောက်ကားတွေ၊လျှို့ဝှက်ဆန်းကြယ်တွေ ၊ တွေးတောရတာ ကြိုက်တဲ့လူတွေ သေချာပေါက် အကြိုက်တွေ့မယ့် series တစ်ခုပါ။IMDB မှာလဲ Rating 8.1/10 အထိ ရရှိထားတဲ့ series ကောင်း တစ်ခုဖြစ်တာကြောင့် သေချာပေါက် ကြည့်ရှူကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ File Size – 282 MB / 825 MB @EpisodeQuality – 720p / 1080p5.1CHDuration – 42 minute (@Episode)Total Episodes: 8EpsSubtitle – Myanmar HardsubFormat – Mp4Genre : Crime / Mystery
Before I Met You (2022)
⭐IMDB: 5.6/10 (20 Votes)
🎬 #Drama #Romance
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 #Indonesia
⏰ 1 နာရီ 45 မိနစ် 41 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Before I met you (2022)
“အချစ်” ဆိုတာ ကျွန်တော်တို့မကြာခဏ တွင်တွင်ပြောနေတတ်တဲ့ စကားလုံးတစ်လုံးပါပဲ။ဒါပေမဲ့ ဒီစကားလုံးရဲ့အနက်ကို ဘယ်သူမှတိတိပပ အဖြေမထုတ်နိုင်ပါဘူး။အချစ်ဆိုတာဘာလဲလို့မေးရင် အဖြေမထွက်သူများပေမယ့် ဒီအချစ်ကိုယူမလားမေးရင်လည်း ငြင်းမယ့်လူကခပ်ရှားရှားရယ်ပါ။
အခုဒီကားလေးကတော့ သစ်ရွက်လှုပ်ရင်ရယ်တတ်တဲ့အရွယ်ကျောင်းသားတွေကြားက သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို သရုပ်ဖော်ထားတာပါ။ပြောင်းလဲလွယ်တဲ့အရွယ်ရဲ့ အချစ်ဇာတ်လမ်းဆိုတော့ ဇာတ်လမ်းအလှည့်အပြောင်းများတာကတော့ ထူးထွေပြောစရာလိုမယ်မထင်ပါဘူး။
ပွေရှုပ်တတ်တဲ့အဖေရဲ့သမီးတိုင်းမှာ ယောက်ျားတွေကိုမယုံ အချစ်ကိုမယုံတတ်တဲ့စိတ်ဒဏ်ရာ ကိန်းအောင်းနေတတ်တော့ဂါးဒစ်စ်အတွက် အချစ်ကိုလက်သင့်မခံနိုင်တာ အဆန်းမဟုတ်ပါဘူး။ဒီလိုစိတ်ဒဏ်ရာတွေနဲ့ ကောင်မလေးရဲ့ဘဝထဲကို ကျောင်းရဲ့နာမည်ကျော်ငပွေငရှုပ်ကောင်ဇိုးလေးဘာရာနဲ့ကော်ဖီဆိုင်မှာသီချင်းဆိုနေပေမယ့် လက်တွေ့မှာကျိကျိတက်ချမ်းသာတဲ့ သူဌေးသားလေးရာမာတို့ ဝင်ရောက်လာပါတော့တယ်။အချစ်ဦးကလည်းဖြစ်နေတဲ့အပြင် Mr. Perfect Guyဖြစ်ပေမယ့် ဆိုင်သူရှိနေပြီဖြစ်တဲ့ရာမာ၊တစ်ချိန်က ဘယ်လောက်ပွေခဲ့ရှုပ်ခဲ့ပါစေ ဂါးဒစ်စ်ကိုမှ ကြွေသွားပါပြီဆိုတဲ့အမြဲအနားမှာရှိနေပေးတဲ့ ဘာရာနဲ့ ဂါးဒစ်စ်တို့ရဲ့ ၃ ပွင့်ဆိုင်ချစ်ဇာတ်လမ်းရဲ့အဆုံးသတ်ကဘာဖြစ်မလဲဆိုတာကိုတော့ ကိုယ်တိုင်ကြည့်ရှုရင်း အဖြေရှာလိုက်ရအောင်ပါ။
အညွှန်း နဲ့ ဘာသာပြန်ကတော့Mary Christပဲ ဖြစ်ပါတယ်။
Entrails of a Beautiful Woman (1986)
⭐IMDB: 4.9/10 (806 Votes)
🎬 #Adult #Fantasy #Horror #Thriller
🗓️ 1986 🎞️ Movie 📺 1080p FHD
🌎 #Japan
⏰ 1 နာရီ 08 မိနစ် 39 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Entrails of a Beautiful Woman (1986)
ဟိုအရင် သုံးကားတွဲ-ခြောက်ကားတွဲ-ရှစ်ကားတွဲ DVD တွေခေတ်ထတဲ့ကာလတုန်းက အာရှ NC အခွေတွဲတွေမှာ မကြာခဏပါလာတတ်တဲ့ ဇာတ်ကားတွေထဲ အပါအဝင်ဖြစ်တဲ့ကားတွေပါ။
Pink Film တွေကနေ Subgenre တစ်ခုအဖြစ် “Splatter-Eros” ဆိုပြီး ပွဲထွက်လာခဲ့တဲ့ ဇာတ်ကားတွေဖြစ်ပါတယ်။ နာမည်အတိုင်းပဲ ကြမ်းတမ်းရက်စက်တဲ့ အခုတ်အထစ်အသတ်အဖြတ်တွေကို ညစ်ညမ်းမှုနဲ့ရောစပ်သမထားတဲ့ ဇာတ်ကားမျိုးတွေပါပဲ။ ရုံတင်စဉ်ကနဲ့ တချို့အခွေတွေမှာတော့ ဝါးပြီး ဆင်ဆာဖြတ်ထားပေမယ့် အခုကားတွေမှာတော့ ကြည်တောက်ရှင်းဖြစ်ပါတယ်။
~ ဇာတ်လမ်းအကျဉ်း ~
ယာဂူဇာဂိုဏ်းဝင်တစ်စုဟာ မိန်းကလေးငယ်တွေကို ဖြားယောင်းသွေးဆောင်ပြီး ငွေလိမ်လည်မှုတွေ လူကုန်ကူးမှုတွေကျူးလွန်နေကြပါတယ်။ တစ်နေ့မှာတော့ သူ့အစ်မပျောက်ဆုံးမှုကိုစုံစမ်းတဲ့မိန်းကလေးတစ်ယောက်ကို ဂိုဏ်းသားတွေက မူးယစ်ဆေးထိုးပြီး အဓမ္မကျင့်ရာကနေ အဲ့ဒီမိန်းကလေးဟာ ထွက်ပြေးလွတ်မြောက်ပေမယ့် ဆေးအရှိန်နဲ့စိတ်ကုဆရာဝန်မတစ်ဦးရှေ့မှာ သတ်သေသွားခဲ့ပါတယ်။
ကောင်မလေးဆီက အကြောင်းစုံသိလိုက်ရတဲ့ ဆရာဝန်မလေးဟာ အဲဒီဂိုဏ်းသားတွေကို ကလဲ့စားချေဖို့ပြင်ဆင်ပါတော့တယ်။ ဒါပေမယ့်လဲ သူ့ထက် ပါးနပ်တဲ့ဂိုဏ်းဝင်တွေဆီမှာ သူကိုယ်တိုင်ကြမ္မာဆိုးကြုံလိုက်ရာကနေ လိင်တံသဏ္ဍာန် မိစ္ဆာကောင်ကြီးအဖြစ်ပြောင်းလဲသွားခဲ့ပြီး ဂိုဏ်းသားတွေကိုအမဲဖျက်ပါတော့တယ်။ ကြမ်းတမ်းရက်စက်တဲ့ အသတ်အဖြတ်တွေနဲ့ ပွင့်လင်းတဲ့လိင်ဆက်ဆံခန်းတွေ တစ်ကားလုံးနီးပါးပါဝင်ပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုAliasမှ ပြန်ဆို ရေးသားထားပါတယ်)
Il Boemo (2022)
⭐IMDB: 6.5/10 (117 Votes)
🎬 #Biography #Drama #History #Music
🗓️ 2022 🎞️ Movie 📺 720p HD
🌎 #CzechRepublic #Italy #Slovakia #Czechia
⏰ 2 နာရီ 23 မိနစ် 12 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Il Boemo (2022)
ဂီတပညာရှင်ကြီးမိုးဇက်ဆိုရင်တော့ မကြားဖူးတဲ့သူ မရှိသလောက် ရှားမှာပါ။ ဒါပေမဲ့ Il Boemo လို့ အီတလီမှာ လူသိများတဲ့ ဂျိုးဇက်ဖ် မိစလက်ဗစ်ချက်ကိုတော့ ကြားဖူးတဲ့သူ သိပ်ရှိလောက်မယ်မထင်ဘူး။ တကယ်ဆို သူက ၁၈ ရာစုနှောင်းပိုင်းရဲ့ ဂန္ထဝင်ဂီတအင်အားစုကြီးတစ်ခုမှာ အားဖြည့်ခဲ့တဲ့ တေးရေးဆရာတစ်ယောက်ပါ။ မိုးဇက်ကိုယ်တိုင်တောင် ငယ်ငယ်လေးကတည်းက ခင်မင်လေးစားအားကျရတဲ့ ချက်လူမျိုး ဂီတပညာရှင်တစ်ယောက်ဖြစ်ခဲ့တာပါ။ ဒီရုပ်ရှင်ဟာ သူ့အကြောင်းပဲဖြစ်ပါတယ်။
မွေးရပ်မြေ ချက်နိုင်ငံ ပရဂ်မြို့ကိုခွာပြီး အီတလီအော်ပရာစင်မြင့်တွေမှာ သူ့လက်ရာတွေ ထွန်းတောက်ခဲ့တဲ့ ပုဂ္ဂိုလ်ထူးတစ်ဦးပါပဲ။ အသက်ရှင်စဉ်ကာလမှာ လျှမ်းလျှမ်းတောက်ခဲ့သလို သေဆုံးသွားပြီးနောက်ပိုင်းလည်း ဂန္ထဝင်ဂီတလေ့လာသူတွေကြားမှာ မှေးမှိန်မသွားပါဘူး။ ဒါပေမဲ့ သူ့မိသားစု သူ့အိုးအိမ်အကြောင်း၊ သူ့မေတ္တာရေးရာအကြောင်း၊ ကိုယ်ပိုင်ဘဝအကြောင်းတွေကိုတော့ မှတ်တမ်းမှတ်ရာ မတွေ့ရှိရပါဘူး။ ဒီရုပ်ရှင်ဟာ ခေတ်ကိုအခြေခံပြီး စိတ်ကူးနဲ့ ပြန်လည်ရေးဖွဲ့ပုံဖော်ထားတာဖြစ်လို့ ဒီထဲက သူ့အချစ်ရေးအချစ်ရာတွေ ပတ်သက်နေတဲ့ မိန်းမတွေဟာ အမှန်ဖြစ်မယ်လို့ ယူဆလို့မရပါဘူး။ ဒါပေမဲ့ မိုးဇက်ရဲ့ လက်ရာတွေမှာ သူလွှမ်းမိုးမှုရှိပြီး ငယ်စဉ်ကတည်းက အကြံပေးခဲ့ဖူးသူဆိုတာကတော့ အမှန်တရားပါပဲ။ ဘာလို့ဆို သူနဲ့ပတ်သက်ပြီး မိုးဇက်တို့ မိသားစုက မကြာခဏထုတ်ပြောဖူးခဲ့ကြတာကြောင့်ပါ။ နောက်တစ်ခုက ဒီကားထဲမှာ သူ့နာမည် ဂျိုးဆက်ဖ်ကို အီတလီအသံထွက်နဲ့မို့ထင်ပါတယ်… ဂီဆက်ဖ်လို့ပဲ ခေါ်ကြပါတယ်။
ဒီကားကို လက်ရှိမှာ ချက်နိုင်ငံက အကယ်ဒမီအတွက် အမည်စာရင်းသွင်းထားပါတယ်။ ၁၈ရာစုခေတ်ရဲ့ ဥရောပကို ပီပီပြင်ပြင် ရှုစားရမှာဖြစ်ပြီး ဂန္ထဝင်ဂီတတွေကိုပါ တစ်ပါတည်း အခမဲ့ နားဆင်ရဦးမှာဆိုတော့ မလိုင်အပြည့်နဲ့ နို့တစ်ခွက်လိုပဲနေမှာပါ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုZမှ ပြန်ဆို ရေးသားထားပါတယ်)

Something Borrowed (2011)
⭐IMDB: 5.8/10 (63 k Votes)
🎬 #Comedy #Drama #Romance
🗓️ 2011 🎞️ Movie 📺 720p HD
🌎 #UnitedStates
⏰ 1 နာရီ 53 မိနစ် 12 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb 5.8 / Rotten Tomatoes 15%
Rom-com မင်းသမီးကြီး Kate Hudson ရဲ့ ဇာတ်ကားကောင်းလေး တစ်ကားကို CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်
ဇာတ်လမ်းလေးကတော့ ငယ်စဥ်ကတည်းက ခွဲမရအောင် ချစ်ခင်ရင်းနှီးကြတဲ့ ရေချယ်နဲ့ ဒါစီ
အနေအေးတဲ့ ရေချယ်နဲ့ ပွင့်လင်းပျော်ပါးစွာ နေတတ်တဲ့ ဒါစီတို့ သူငယ်ချင်းနှစ်ယောက်ကြားထဲကို ဒက်ခ်စ် လို့ခေါ်တဲ့ ခပ်မိုက်မိုက်ကောင်လေးတစ်ယောက် ရောက်လာတဲ့အခါ…
တစ်ယောက်ကို တစ်ယောက် သဘောကျနေပေမယ့် သူငယ်ချင်းအဆင့်က မတက်ကြတဲ့ ရေချယ်နဲ့ ဒက်ခ်စ်…
လက်သွက်တဲ့ ဒါစီ့လက်ထဲကို ဒက်ခ်စ် ပါသွားပြီး လက်ထပ်ဖို့အထိ ဖြစ်လာတဲ့အခါ…
လက်ထပ်ပွဲမတိုင်ခင် ပါတီပွဲတစ်ပွဲမှာ ဒက်ခ်စ်နဲ့ ရေချယ် အရက်မူးပြီး ခံစားချက်တွေ ပွင့်ထွက်ကာ နှစ်ယောက်အတူ အိပ်မိသွားကြတဲ့အခါမှာတော့…
ကိုယ့်ချစ်သူကိုပဲ ရအောင် ယူမလား သူငယ်ချင်းကိုပဲ ဦးစားပေးမလား ဆိုတာ ရယ်မောဖွယ် ပေါ့ပေါ့ပါးပါး ကြည့်ရှုရမယ့် သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်
Something Borrowed (2011)
⭐IMDB: 5.8/10 (63 k Votes)
🎬 #Comedy #Drama #Romance
🗓️ 2011 🎞️ Movie 📺 1080p FHD

Life as We Know It (2010)
⭐IMDB: 6.5/10 (134 k Votes)
🎬 #Comedy #Drama #Romance
🗓️ 2010 🎞️ Movie 📺 1080p FHD
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 55 မိနစ် 10 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ရုပ်ရှင်ကြည့်ပရိတ်သတ်များအနေနဲ့ ဟာသဆန်ဆန် မတည့်အတူနေ ဇာတ်လမ်းမျိုးကို စိတ်ဝင်စားပါသလား…ဒီလိုဆိုရင်တော့…Josh Duhamel နဲ့ Katherine Heigi တို့အဓိကပါဝင်သရုပ်ဆောင်ထားကြပြီး ဒါရိုက်တာ Greg Berlanti ရိုက်ကူးတင်ဆက်ထားတဲ့ “Life as we know it” ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းအစမှာတော့ အဲရစ်မက်ဆာနဲ့ ဟောလီဘာရမ်ဆန် တို့နှစ်ဦးဟာ အချစ်ဆုံးသူငယ်ချင်းစုံတွဲရဲ့ မိတ်ဆက်ပေးမှုကြောင့် blind date လုပ်ခဲ့ကြပေမယ့် အချင်းချင်းမုန်းတီးစွာနဲ့ လမ်းခွဲခဲ့ကြပါတယ်။သူငယ်ချင်း နှစ်ဦး ကားမတော်တဆမှုနဲ့ ရုတ်တရက်ဆုံးပါးသွားတဲ့အခါ သူတို့နှစ်ဦးရဲ့ ဘဝဟာလဲ တစ်ဆစ်ချိုးပြောင်းလဲခဲ့ရ ပါတော့တယ်။ ကျန်ရစ်သူ တစ်နှစ်အရွယ်သမီးလေး ဆိုဖီကို သူငယ်ချင်းစုံတွဲရဲ့ စံအိမ်ကြီးမှာထိန်းကျောင်းရင်း အတူနေထိုင်ဖို့ ဖြစ်လာရာက မက်ဆာနဲ့ ဟောလီတို့နှစ်ယောက် သံယောဇဥ်ကြိုးတွေ နှောင်ဖွဲ့သွားကြမှာလား…မိသားစုတွေ တကွဲတပြားဖြစ်ကြဦးမလားဆိုတာကိုတော့…ရသပေါင်းစုံပါဝင်တဲ့ ရုပ်ရှင်လေးကြည့်ရင်း အပန်းဖြေကြပါစို့။
( ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ ဘာသာပြန်ကို Thae Suu မှ တင်ဆက်ထားပါတယ် )
Tomorrow with You (2017-2017)
⭐IMDB: 7.4/10 (1 k Votes)
🎬 #Drama #Fantasy #Romance
🗓️ 2017-2017 🎞️ Series 📺 1080p FHD
🌎 #SouthKorea
⏰ 1 နာရီ 07 မိနစ် 02 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Tomorrow with You(2017)Tomorrow with You(2017)*************************
အပိုင်း ( ၁ မှ ၁၃ ) အထိဒီတစ်ခါမှာတော့ အစ်မကြီးအင်ရဲ့အချောဆုံးကောင်လေး၀မ်တောင်းကျီရဲ့ Time Travel စီးရီးဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်….
မင်းသားချော Lee Je-Hoon နဲ့ အတူ ပါးချိုင့်လှလှလေးနဲ့မင်းသမီးချောလေး Shin Min-A လည်း ပါ၀င်သရုပ်ဆောင်ထားတာမို့တခြားပြောစရာလိုတော့မယ်မထင်ပါဘူး နှစ်ယောက်ရဲ့ visual ကိုငေးရရုံနဲ့တင် ကြည့်ရတာတန်နေပြီဖြစ်တဲ့ ဇာတ်ကားလေးလို့ပဲ ဆိုချင်ပါတယ်….ဇာတ်လမ်းအကျဉ်း….ယူဆိုးဂျွန် (Lee Je-Hoon) ဟာ အနာဂတ်ကို အချိန်ခရီးသွားနိုင်သူဖြစ်ပါတယ်…တစ်နေ့ ဆိုးဂျွန်တစ်ယောက် အချိန်ခရီးသွားရင်း သူသေဆုံးမဲ့နေ့ရက်ဆီကို ရောက်သွားပြီးတော့မတော်တဆမှုဖြစ်ပြီး သေဆုံးသွားတဲ့ ‘အနာဂတ်ရဲ့ဆိုးဂျွန်’ကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရပါတော့တယ်….တိုက်တိုက်ဆိုင်ဆိုင်ပဲ ဆိုးဂျွန်နဲ့ အတူတူ မတော်တဆမှုဖြစ်ပြီး တစ်ချိန်တည်းမှာသေဆုံးသွားတဲ့ ဆုန်းမာရင်းဆိုတဲ့မိန်းကလေး (Shin Min-A) လည်း ရှိနေခဲ့ပါတယ်…ဆိုးဂျွန်နဲ့ မာရင်းက ဘာကြောင့် တစ်ရက်တည်း တစ်ချိန်တည်းမှာ အတူတူသေဖို့ ဖြစ်လာရတာလဲသူတို့နှစ်ယောက်ရဲ့ သေခြင်းတရားကိုရော ဆိုးဂျွန်တစ်ယောက် ဘယ်လိုတွေတားဆီးသွားမလဲဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်…..Episodes: 16File Size:800M B, 250MBQuality :Web-DL 1080p,720PGenres:Romance, Drama, Melodrama, Supernatural
October Faction (2020-2020)
⭐IMDB: 6.2/10 (12 k Votes)
🎬 #Adventure #Drama #Fantasy #SciFi #Horror #Mystery
🗓️ 2020-2020 🎞️ Series 📺 1080p FHD
🌎 #UnitedStates #UnitedStatesofAmerica
⏰ 46 မိနစ် 18 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
October Faction (2020)October Faction (2020)**********************
(စ-ဆုံး)IMdb မှာ 6.2 ရထားတဲ့အပြင်Drama/thriller ကား fan တွေအတွက် comic book ကို အခြေခံထားတဲ့supernatural ဇာတ်လမ်းတွဲလေးပါ Fred နဲ့ Deloris တို့စုံတွဲကGoeffနဲ့ Viv ဆိုတဲ့ အမွှာသားနဲ့ သမီးနဲ့ ပျော်ရွှင်တဲ့မိသားစုလေး ရှိပါတယ်
ဒါပေမဲ့ ကလေး၂ယောက်မသိတာက Fred နဲ့ Deloris က monster hunter တွေဆိုတာပါပဲFred တို့စုံတွဲက ငယ်ငယ်က ကျောင်းပြီးတည်းက
Presidio ဆိုတဲ့ အဖွဲ့အစည်းတစ်ခုကို ဝင်ပြီး monster မျိုးစုံဖမ်းပြီး သတ်ဖြတ်နှိမ်နင်းရေးအလုပ်ကို လုပ်နေတာပါvampireတွေ werewolf တွေနဲ့ supernatural သတ္တဝါမျိုးစုံကို အမဲလိုက်ကြပါတယ် သူတို့ကလေး၂ယောက်ကိုတော့ ဘာမှမပြောပြဘဲသာမန်ဘဝလိုနေထိုင်နေကြတယ်ဒါပေမဲ့ Goeff နဲ့ Viv က ခု ဆယ်ကျော်သက် 17 နှစ်ရွယ်ရောက်နေပြီဆိုတော့ဖုံးကွယ်ရတာခက်လာရင်း အန္တရာယ်တွေလည်း ကြုံလာရတော့ ဘယ်လိုဆက်ဖြစ်ကြမလဲ…. Episodes: 10File Size:815MB, 315MBQuality :Web-DL 1080p,720PGenres: Sci-Fi & Fantasy, Drama
Justine: 'A Matter of Innocence' (1980)
⭐IMDB: 5.2/10 (135 Votes)
🎬 #Adult #Drama
🗓️ 1980 🎞️ Movie 📺 720p HD
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 25 မိနစ် 24 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ငယ်ရွယ် ပျိုမြစ်တဲ့ အချောအလှလေးရယ် ပြင်သစ်သူလေးတွေရဲ့အချိုးအစား ပကတိအလှတရား တွေကို ဘွင်းဘွင်းရှင်းရှင်းကြီး ခံစားကြည့်ရအောင်ဗျာလောကမှာ မတွေ့ကြုံမခံစားဖူးရင် အတော်မျက်နှာငယ်ရတယ်တွေ့ကြုံလာတော့ ဘာမှမလုပ်တက်တော့ဘူးလေငယ်ငယ်ရွယ်ရွယ် နုနယ်ပြီး မိဘရဲ့လွှမ်းမိုး မှုတွေအောက်မှာပဲကြီးပြင်းလာခဲ့ရတဲ့ ဂျစ္စတင်သူကငယ်ရွယ်ပြီး ချောမောတယ်သစ်ရွက်ကြွေသံကြားရင်တောင် ရင်ခုန်တက်တဲ့ အပျိုဖြန်းလေးဒါပေမဲ့ သူမရဲ့ မိဘတွေ ရှေ့ဆင့်နောက်ဆင့် ဆုံးသွားခဲ့တယ်အမျှော်မြင်ကြီးလှတဲ့ သူ့အဖေက သေတမ်းစာတစ်ဆောင်ရေးသွားတယ်သူအရွယ်မရောက်ခင်အထိ စတီဗင်လို့ခေါ်တဲ့ သူ့အချစ်ဆုံးသူငယ်ချင်းမှ ထိန်းသိမ်းပေးဖို့ သေတမ်းစာမှာ ရေးခဲ့ပါတယ်
ဂျစ္စတင်တစ်ယောက်ဘာလွန်ဆန်နိုင်မှာလဲစတီဗင်အိမ်ရောက်တဲ့အခါမှာတော့သူမမြင်ဖူး မကြားဖူးတာတွေ အကုန်ကြား မြင် လိုက်ရတဲ့အခါမှာတော့သူဘယ်လောက်အထိ ခံနိုင်ရည်ရှိအောင်ကြိုးစားမလဲဘယ်လို လိုက်လျောညီထွေရှိအောင်အားထုတ်မလဲ ဆိုတာစိတ်ဝင်စားဖို့ကောင်းပြီး DS Fans တွေအကြိုက်ဘွင်းဘွင်းရှင်းရှင်း ပြကွက်တွေကြောင့် အထူးတလည်ရွေးချယ် တင်ဆက်လိုက်ပါတယ်