ဇာတ်ညွှန်းများ • FDMN
Закритий канал
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
Spy (2023)
⭐IMDB: 8.2/10 (3 k Votes)
🎬 #Action #Bollywood #Thriller
🗓 2023 🎞 movie
📺 #720p #1080p
💿 1000.8 MB ⦿ 2.3 GB
🌎 #India
⏰ 2 နာရီ 13 မိနစ် 56 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Spy 2023IMDb 8.3/10Action/Thriller
ဇာတ်လမ်းဇာတ်ကွက်ကောင်းကောင်းနဲ့ အက်ရှင်အလန်းစားတွေကိုမှ ကြိုက်နှစ်သက်တဲ့ပရိသတ်တွေအတွက် တေလဂူမင်းသားချော Nikhil Siddharth ပါဝင်ထားတဲ့အက်ရှင်ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။
RAWအဖွဲ့အစည်းလက်အောက်မှာ လုပ်ကိုင်နေတဲ့ လျှို့ဝှက်အေးဂျင့်ဆူဘာ့ရှ်ဟာစစ်ဆင်ရေးတစ်ခုမှာ သေဆုံးသွားခဲ့ပါတယ်။ အစ်ကိုဖြစ်သူ ဆူဘာ့ရှ်ရဲ့သေဆုံးမှုကိုသေချာသိရဖို့အတွက် ညီဖြစ်သူဂျေးဟာ လျှို့ဝှက်အေးဂျင့်လုပ်နေရင်း စုံစမ်းနေခဲ့ပါတယ်။
တစ်နေ့မှာတော့ ဂျေး တာဝန်ပေးခံခဲ့ရတဲ့ စစ်ဆင်ရေးတစ်ခုဟာ အစ်ကိုဖြစ်သူဆူဘာ့ရှ်လုပ်ကိုင်ခဲ့တဲ့စစ်ဆင်ရေးဖြစ်နေခဲ့ပါတယ်။ စုံစမ်းစစ်ဆေးကြည့်တဲ့အခါမှာ ဒီကိစ္စဟာအိန္ဒိယနိုင်ငံရဲ့ဂုဏ်သိက္ခာ၊ နိုင်ငံသားတွေရဲ့ဘေးကင်းမှုနဲ့လည်း သက်ဆိုင်နေပါတယ်။ဂျေးတစ်ယောက် ဒီလိုကြီးလေးတဲ့တာဝန်ကို ထမ်းဆောင်ရင်း အစ်ကိုဖြစ်သူရဲ့သေဆုံးမှုကိုပါစုံစမ်းဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီစစ်ဆင်ရေးအောင်မြင်သွားမလား။ ဂျေးရဲ့အစ်ကိုကရောဘာတွေဖြစ်ခဲ့တာလဲဆိုတာကို ဒီဇာတ်ကားထဲမှာ ဆက်ပြီးကြည့်ရှုပေးကြပါဦး။(အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ Cherry ~ BpL ~ V ~ Zwe ~ Yunni တို့ပဲဖြစ်ပါတယ်)...
Devils (2023)
⭐IMDB: 7.5/10 (16 Votes)
🎬 #Crime #Thriller
🗓 2023 🎞 movie
📺 #720p #1080p
💿 641.3 MB ⦿ 1.6 GB
🌎 #SouthKorea
⏰ 1 နာရီ 46 မိနစ် 41 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Devils(2023)
************Oh Dae Hwan နဲ့ Jang Dong Yoon တို့လို နာမည်ကြီး သရုပ်ဆောင်(၂) ယောက်အဓိကပါဝင်တယ်…The Childe တို့လို vibe မျိုးတော့မဟုတ်ပေမဲ့ Crime ကိုမှPlotက နည်းနည်းဆန်းကျယ်တယ်လို့ဆိုရမယ်…စုံထောက်ချွဲဂျယ်ဟွမ်ဆိုတာ ရဲလောကမှာတော့ လူမုန်းများလှပေမဲ့တော်တဲ့အရည်အချင်းကိုတော့ အသိအမှတ်ပြုခံရတယ်…သူဟာ တွဲဖက်တစ်ယောက်နဲ့ကွင်းဆက်လူသတ်မှုကိုစုံစမ်းနေတုန်း တရားခံလူသတ်သမားဖြစ်သူ ချာဂျင်းဟျော့ဟာ
သူ့ရဲ့ တွဲဖက်ကိုသတ်လိုက်တယ်…
လုပ်ဖော်ကိုင်ဖက်ကိုဆုံးရှုံးလိုက်ရတဲ့ စုံထောက်ချွဲဂျယ်ဟွမ်ဟာ
ချာဂျင်းဟျော့ဆိုတဲ့ လူသတ်ကောင်နောက်ကို အငြိုးကြီးကြီးလိုက်ရာကနေ
တစ်နေ့မှာတော့ အကြီးစားထိခိုက်မှုဖြစ်ပြီး လူသတ်ကောင်နဲ့ ဝိညာဉ်ချင်းလဲသွားပါတော့တယ်…
ဆိုတော့
စုံထောက်မျက်နှာနဲ့လူသတ်ကောင် ၊လူသတ်ကောင်မျက်နှာနဲ့စုံထောက် တူမလိုလိုနဲ့
လုံးဝကွဲပြားသွားတဲ့ ၂ယောက်ဖြစ်သွားတယ်..
ဝိညာဉ်ချင်းလဲသွားတဲ့အနေအထားမှာ စုံထောက်နဲ့လူသတ်ကောင်တို့
ဘယ်လို တစ်ယောက်နဲ့တစ်ယောက်အနိုင်တိုက်ကြမလဲဆိုတာကိုတော့…...
Sins of the Preacher's Wife (2023)
⭐IMDB: 4.6/10 (80 Votes)
🎬 #Thriller #TVMovie
🗓 2023 🎞 tv movie
📺 #720p #1080p
💿 723.3 MB ⦿ 1.5 GB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 25 မိနစ် 44 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Review အချစ်ဆုံးသူငယ်ချင်းရဲ့ သတ်သေမှုကြောင့် အပြစ်ရှိသလိုခံစားနေရဲ့ ဘတ်ဟာ သူ့မိသားစုနဲ့အတူ မြို့ငယ်လေးကိုပြောင်းရွှေ့နေထိုင်ခဲ့တယ် တစ်နေ့မှာတော့ တရားဟောဆရာတို့ ဇနီးမောင်နှံ နဲ့တွေ့ဆုံရင်းနှီးသွားရာက ဘတ်ဟာ သူ့ကလေးကို တရားဟောဆရာရဲ့ ဇနီးဖြစ်သူ မယ်ရီယန် ရဲ့ နေ့ခင်းစောင့်ရှောက်ရေးမှာသွားထားပါတော့တယ် မယ်ရီယန်ဟာ ကလေးကိုစောင့်ရှောက်ရင်း လက်မလွှတ်ချင်လောက်အောင် စွဲလမ်းသွားတဲ့အချိန်မှာ ဘာတွေလုပ်မလဲ အမြဲတမ်းစောင့်ကြည့်ခံရသလို ခံစားနေတဲ့ ဘတ်ကရော တကယ်စောင့်ကြည်ခံနေရတာလား ဘတ်ရဲ့သူငယ်ချင်းကရော ဘာလို့သတ်သေသွားတာလဲ ဆိုတာကိုစိတ်ဝင်တစားကြည့်ရှုသွားရမှာဖြစ်ပါတယ်...
47 Meters Down: Uncaged (2019)
⭐IMDB: 5.0/10 (29 k Votes)
🎬 #Action #Adventure #Horror #Drama #Thriller
🗓 2019 🎞 movie
📺 #720p #1080p #4K
💿 1.1 GB ⦿ 2.4 GB ⦿ 5.5 GB
🌎 #UnitedKingdom #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 30 မိနစ် 3 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
CM Fan တွေ အတွက် အလုပ် အားလပ်ရက်မှာ
အကောင်းဆုံး ကြည့်ရဖို့ ရုပ်ရှင်တစ်ကား ပေးချင်ပါတယ်
ဒါကတော့ လွန်ခဲ့တဲ့လတွေက ရုံတင်သွားတဲ့
စွန့်စားမှု သည်းထိပ်ရင်ဖို ရုပ်ရှင်ပါပဲ။
ဗီလိန်ကတော့ငါးမန်းကြီးတွေပဲ ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ သူငယ်ချင်း
ကောင်မလေး ၄ ယောက် ရေအောက်မှာ မြှပ်နေတဲ့
မြို့ဟောင်းကို သွားစူးစမ်းကြတယ်။
မထင်မှတ်တာတွေဖြစ်ပြီး ပိတ်မိသွားတယ်။
ငမန်းတွေ ပါးစပ်ကနေ လွတ်အောင် ပြေးကြရတာတွေပါပဲ။
ဒီလို survival အမျိုးအစား ရုပ်ရှင်တွေကို
နှစ်သက်တတ်သူတွေအတွက် ခံစားလို့ကောင်းမှာပါ။...
They Cloned Tyrone (2023)
⭐IMDB: 6.7/10 (9 k Votes)
🎬 #Action #Comedy #Mystery #SciFi #ScienceFiction #Thriller
🗓 2023 🎞 movie
📺 #1080p #720p
💿 3.9 GB ⦿ 1.0 GB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 4 မိနစ် 45 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
They Cloned Tyrone (2023)
ဇာတ်လမ်းနာမည် They Cloned Tyrone ကိုကြည့်တာနဲ့ လျှို့ဝှက်ချက်တွေပြည့်နေမယ့်ဇာတ်လမ်းဆိုတာ သေချာတာပေါ့။They ဆိုတာကဘယ်သူလဲဆိုရင် ကလုန်းပွားတာတွေနဲ့တခြားနည်းပညာတွေကို လက်ကလိနေကျဖြစ်တဲ့အစိုးရပဲပေါ့။ဒီဇာတ်လမ်းမှာတော့ ဖွန်တိန်းကသာမန်လူတစ်ယောက်ပဲ။ သူကဆေးအရောင်းအဝယ်လုပ်တယ်။ဆေးရောင်းသူတွေအချင်းချင်း အကျော်အခွဇယားလေးဘာလေးပဲရှိတယ်။တစ်နေ့တော့ သူကလူတစ်ယောက်စီမှာအကြွေးသွားတောင်းပြီး ပြန်အထွက်မှာသူ့နဲ့မတည့်တဲ့ဆေးရောင်းသူတွေကသူ့ကိုသေနတ်နဲ့ပစ်သွားပါလေရော။ပစ်တာမှတစ်ချက်ထဲတောင်မဟုတ်ဘူး သုံးလေးချက်။ဒါပေမဲ့နောက်နေ့ကျတော့ သူပြန်ရောက်လာတယ် အကြွေးပြန်လာတောင်းပြန်ရော။သူသေနတ်နဲ့ပစ်ခံရတာလဲမမှတ်မိသလို ဘာဒဏ်ရာဒဏ်ချက်မှလဲမရှိပါဘူး။ဒါဆိုမနေ့က ဖွန်တိန်းက ဘယ်ရောက်သွားလဲ။အဲ့ဒီကိစ္စကိုလိုက်စုံစမ်းရင်း သူတို့ရပ်ကွက်တစ်ခုလုံးက အစိုးရရဲ့ထိန်းချုပ်ခံစမ်းသပ်ခံတွေဖြစ်နေတာကိုသိလိုက်ရတော့ဘာတွေများဆက်ဖြစ်ကြမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုကြရမှာပါ။
အညွှန်းကိုတော့Rashidaက ရေးထားပေးပြီးတော့းဘာသာပြန်ထားတာကတော့Rashidaနဲ့Mary Christပဲ ဖြစ်ပါတယ်။...
The Little Mermaid (2023)
⭐IMDB: 7.2/10 (98 k Votes)
🎬 #Adventure #Family #Fantasy #Romance #Musical
🗓 2023 🎞 movie
📺 #4K #1080p #720p
💿 6.3 GB ⦿ 3.0 GB ⦿ 1.4 GB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 16 မိနစ် 1 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Little Mermaid (2023)
ဒစ္စနေးရဲ့ နောက်ဆုံးထွက် ကာတွန်းကနေ လူရုပ်ရှင်အဖြစ်ပြန်ရိုက်ထားတဲ့ ရေသူမလေး လာပါပြီ။လူမည်းမင်းသမီးသုံးတဲ့အတွက် မျိုးစုံဝေဖန်ခံနေရတဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်။လူမျိုးရေးကြောင့်မဟုတ်ဘဲ မူရင်းဇာတ်ကောင်တွေကို အတင်းလူမည်းပြောင်းတဲ့အတွက်ပါ။ထောက်ခံသူတွေ ကြိုက်သူတွေလည်း ရှိကြပါတယ်။ကိုယ်တိုင်ကြည့်ကြည့်လိုက်ကြတာ ကောင်းပါတယ်။
ဇာတ်လမ်းကတော့ မူရင်းကာတွန်းပုံပြင်အတိုင်းပါပဲ။ပင်လယ်ဘုရင်ကြီးရဲ့အငယ်ဆုံးသမီးလေး သတ္တမမြောက်သမီးတော် ရေသူမလေး အယ်ရီရယ်ဟာ လူသားကမ္ဘာကို အရမ်းစိတ်ဝင်စားနေသူပါ။ဒါကြောင့် သင်္ဘောပျက်တွေထဲမှာ လူသားပစ္စည်းတွေကိုရှာပြီး အမြဲ စုထားတတ် စပ်စုတတ်တဲ့သူပါ။တစ်နေ့မှာတော့ လှေမှောက်ပြီး ရေထဲနစ်လာတဲ့ မင်းသားလေးအဲရစ်ကို ကယ်ရင်းနဲ့ ချစ်မိသွားခဲ့ပါတယ်။ဒါပေမဲ့ ရေဘုရင်ကြီးက ကုန်းပေါ်ကို သွားဖို့ တားမြစ်ထားတာကြောင့် အခက်တွေ့နေပါတယ်။အဲဒီအချိန်မှာပဲ ရေဘုရင်ကြီးရဲ့ ညီမ ပင်လယ်စုန်းမ အာဆူလာက အယ်ရီရယ်နဲ့အပေးအယူလုပ်လိုက်ပါတယ်။အယ်ရီရယ့်ကို လူအဖြစ်ဖန်ဆင်းပေးပြီး သုံးရက်အတွင်း မင်းသားလေးနဲ့ အချစ်စစ်အနမ်းရခဲ့ရင် လူအဖြစ် အမြဲနေရမှာဖြစ်ပြီးမရခဲ့ရင်တော့အယ်ရီရယ်ရဲ့ အရမ်းလှတဲ့အသံကို သိမ်းပိုက်ပြီး အယ်ရီရယ်ကိုပါ ကျွန်အဖြစ် အပိုင်ရမှာဖြစ်ပါတယ်။ဒီတော့ အယ်ရီရယ်နဲ့မင်းသားလေးတွေဘာဆက်ဖြစ်မလဲ စုန်းမကြီးအာဆူလာကရောဘယ်လိုနှောင့်ယှက်မလဲဆိုတာ ဆက်ကြည့်ရမှာပါပဲ။
အညွှန်း နဲ့ ဘာသာပြန်ကတော့Mr.Andersonပဲ ဖြစ်ပါတယ်။...
Cowboy Bebop (2021-2021)
⭐IMDB: 6.7/10 (42 k Votes)
🎬 #SciFi #Fantasy #Action #Adventure #Crime #Comedy #Drama
🗓 2021-2021 🎞 tv series
📺 #720p
🌎 #UnitedStates #Japan #UnitedStatesofAmerica
⏰ 49 မိနစ် 14 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Cowboy Bebop Season 1 (2021)တစ်ချိန်ကနာမည်ကြီးခဲ့တဲ့ classic anime ကြီးကို
အခြေခံထားတဲ့ အမိုက်စားစီးရီးဖြစ်ပါတယ်။
အနာဂတ်ခေတ် sci-fi အမျိုးအစားကိုမှ
ရှေးခေတ်အငွေ့အသက်တွေနဲ့ ရောနှောထားပြီး
anime တုန်းအတိုင်းပဲ jazz ဂီတစတိုင်နောက်ခံတီးလုံးတွေနဲ့
ကြည့်ရတာထူးခြားနေမှာပါ။ ဆုငွေထုတ်ထားတဲ့ ရာဇဝတ်သားတွေကို
လိုက်ဖမ်းကြတဲ့ အာကာသကောင်းဘွိုင် စပိုက်ခ်စပီဂယ်နဲ့ ဂျတ်တို့ဟာ
Bebop ဆိုတဲ့ယာဥ်ပျံနဲ့ အာကာသအနှံ့လူဆိုးလိုက်ဖမ်းရင်
း ကြုံရတဲ့စွန့်စားခန်းတွေကို အထူးပြုလုပ်ချက်တွေ
ပီပီပြင်ပြင် ရိုက်ချက်အမိုက်စားတွေနဲ့ပြန်တွေ့ရမှာပါ။
စပိုက်ခ်တို့ဟာ ဂျတ်ရဲ့သူငယ်ချင်းပေးတဲ့ အလုပ်တစ်ခုကိုလက်ခံလိုက်ရာမှာ
သာမန်လူဆိုးဖမ်းအလုပ်ကနေ စပိုက်ခ်ရှောင်တိမ်းနေခဲ့တဲ့
အတိတ်ကအရိပ်မည်းကြီးနဲ့ ပတ်သတ်လာတဲ့အခါ
အတိတ်ကိုပြန်ရင်ဆိုင်ဖို့ဖြစ်လာပါပြီ။
အရင်anime ကို မကြည့်ရသေးတဲ့သူတွေရေ
ာ ကြည့်ဖူးတဲ့သူတွေအတွက်ပါ ကျေနပ်စေမယ့်
anime live action ဇာတ်လမ်းတွဲကောင်းတစ်ခုဖြစ်ပါတယ်။...
The Haunting of Hill House (2018-2018)
⭐IMDB: 8.6/10 (262 k Votes)
🎬 #Mystery #Drama #Horror #Thriller
🗓 2018-2018 🎞 tv mini series
📺 #1080p
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 11 မိနစ် 1 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Haunting of Hill House {Complete}Plot
မိသားစု ၁ စုရှိတယ်။မိဘနှစ်ယောက်က အိမ်ဟောင်း အိမ်အိုကြီးတွေကို ဝယ်၊ ပြန်ပြီးခမ်းနားသစ်လွင်သွားအောင်ပြုပြင်၊ စျေးတင်ပြီး ပြန်ရောင်းတတ်တဲ့ သူတွေ။ကလေး ၅ ယောက်နဲ့အတူ ပျော်ပျော်ရွှင်ရွှင် ချစ်ချစ်ခင်ခင်ပဲ။ဒါပေမဲ့ Hill မိသားစုရဲ့ အိမ်ကြီးကို ပြင်ဖို့ ပြောင်းရွှေ့လာတဲ့အခါမှာတော့ဒီ မိသားစု တစ်စုလုံးရဲ့ ဘဝကို ဆယ်စုနှစ်ပေါင်းများစွာ ပြောင်းလဲဖို့ အဖြစ်အပျက်တွေနဲ့ တွေ့ကြုံလာရပါတယ်။ReviewPlot ကိုဖတ်ကြည့်ရင် ထင်ကြမိမှာက typical horror ဇာတ်လမ်းပဲ၊အိမ်ပြောင်း သရဲခြောက်တယ် ဆိုပြီး။ဒါပေမဲ့ ဒီ base idea ကပဲ တူပြီး ကျန်တဲ့တစ်တွဲလုံးနီးပါးကနည်းနည်းလေးထူးခြားပါတယ်။သာမန် သရဲခြောက်လို့ ပြဿနာတွေ တောက်လျှောက်တက်တယ်ဆိုတဲ့ပုံမျိုးမဟုတ်ဘဲ ဒီအိမ်ကြီးကြောင့် ဖြစ်လာတဲ့ အကျိုးဆက်တွေကိုပိုပြီး ဦးတည်ထားတယ်။ ဒီအိမ်ကို ရောက်တော့ ကလေးတွေကငယ်ကြသေးတယ်။ဒါပေမဲ့ အိမ်မှာ အဆင်မပြေလို့ အိမ်ပြောင်းသွားတယ်၊ အသက်တွေကြီးလာတယ်၊ကလေးတွေရ အိမ်ထောင်တွေ ကျတဲ့အထိဒီအိမ်ကြီးရဲ့ လွှမ်းမိုးမှုတွေ၊ ငယ်ဘဝက ကြုံတွေ့ခဲ့ရတဲ့ trauma တွေကမိသားစုတစ်ခုလုံးကို သက်ရောက်နေတုန်းပဲ။ ဒါနဲ့ပဲ ငယ်ငယ်ကအရမ်းပျော်စရာကောင်းလှတဲ့ မိသားစု၊ ကြီးလာတော့ မခေါ်မပြော၊ ခေါ်ပြောရင်တောင်ရင်ထဲ အစာမကျေ၊ တစ်ယောက်နဲ့ တစ်ယောက် နှိမ်တာမျိုးတွေ ဖြစ်လာတယ်။ဇာတ်လမ်းတွဲရဲ့ တင်ဆက်ပုံအရ ငယ်ငယ်တုန်းကအချိန်နဲ့ လက်ရှိအချိန်တို့ကို တစ်လှည့်စီ ပညာသားပါပါပြသွားတဲ့အတွက် အကျိုးအကြောင်းတွေ ဆုံလို့ ပွင့်ထွက်ကုန်ကြတဲ့အခါမှာဝမ်းနည်းဖို့လည်းကောင်း၊ သနားဖို့ တရားရဖို့လည်း ကောင်းတာတွေတွေ့လာရတယ်။ပိုများတာကတော့ ခြောက်ခြားဖို့ပေါ့။ခြောက်ခြားတယ်ဆိုလို့ တစ်ကားလုံးမှာ Jump Scare က ပါတယ်ဆိုရုံလောက်ပဲ။ဇာတ်ဝင်ခန်းအများစုမှာ jump scare ထည့်ပြီး ခြောက်လို့ရတဲ့အခွင့်အရေးတွေအများကြီး ရှိပေမဲ့ လုံးဝမသုံးသွားဘဲ လူကို ခြောက်ခြားအောင်လောက်ပဲလုပ်ထားတယ်။ဥပမာ အိပ်ရင်းနိုးလာလို့ မျက်လုံးဖွင့်ကြည့်လိုက်တာနဲ့ ကိုယ့်အပေါ်မှာ သရဲမကမိုးပြီးကြည့်နေတာကို ဗြန်းခနဲ ပစ်မထည့်ထားဘူး။ဇာတ်ကောင် နိုးလာတယ်၊ မျက်လုံးက အပေါ်ကိုမော့ကြည့်ပြီး မျက်လုံးပြူး၊ အသက်ရှူမြန်ပြီး ေကြာက်နေတာကိုပဲ ပြတယ်။ပြီးတော့မှ ကင်မရာကို အပေါ်ဖြည်းဖြည်းပြပြီး အပေါ်မှာဘယ်သူ ဘယ်လိုရောက်နေတယ်ဆိုတာ မြင်ရတယ်။တခြားအခန်းတွေဆိုလည်း ဝုန်းဒိုင်းဆိုပြီးsound effect တွေထည့်မထားဘဲ လူတွေစကားပြောနေတာကိုမှသရဲက အဝေးက ရပ်ကြည့်နေတာမျိုး out of focus ပုံစံနဲ့ မြင်ရတယ်။(ဇာတ်ဝင်ခန်းအများစုမှာ သရဲတွေကို out of focus ပုံစံနဲ့မသိမသာ ဖျောက်ထားတာတွေ အများကြီးပါသေးတယ်။ဥပမာ ကလေးနှစ်ယောက် စကားပြောတာ ပြတယ်။ကိုယ်ကတော့ ကလေးနှစ်ယောက်ကိုပဲ အာရုံရောက်ပြီးကြည့်နေပေမဲ့ ဘေးနားက ခုံအောက်မှာ သရဲတစ်ကောင်ထိုင်နေတာမျိုး။ ဆ ိုတော့ ကြည့်ရင် သေချာလေးဂရုစိုက်ကြည့်ကြည့်ကြပေါ့။ ပိုကြောက်ဖို့ကောင်းတယ် 😛 )။ပါလာတဲ့ Jump scare လိုအကွက်တွေကလည်း cheap ဖြစ်တဲ့အကွက်မဟုတ်ဘဲ ထိရောက်တဲ့ အခန်းတွေမှာပဲ ပါတာများတယ်။သရုပ်ဆောင်တဲ့နေရာမှာလည်း အားလုံးကိုသဘောကျတယ်။ ကလေး သရုပ်ဆောင်တွေကလန်ထွက်နေတာ။ကြိုက်ဆုံးကတော့ အမြွှာနှစ်ယောက် (Luke and Nelle) အဖြစ်သရုပ်ဆောင်တဲ့ ၂ ယောက်ကိုပိုသဘောကျမိတယ်။အကြီး version ရော အငယ် version ရောပဲ။ကျန်တဲ့ နေရာတွေဖြစ်တဲ့ production design, မီးရောင်, camera angle တွေ, ကာလာ တွေ အရမ်းမိုက်တယ်။သိပ်အားမရတာက သူ့ဇာတ်လမ်းအရ Hill House မှာပဲပတ်ချာလည်ရိုက်နေတာမဟုတ်ဘဲ အပြင် scene တွေပါ များတော့အိမ်ကြီးရဲ့ ရိုက်ချက်တွေ ပိုမြင်ချင်တာ တစ်ခုပါပဲ။အိမ်ကြီးက လန်ထွက်နေတာကိုး။ (Crimson Peak ကို ပြန်သတိရမိတယ်)Haunting of Hill House ဟာ အေးအေးဆေးဆေးနဲ့ ဇာတ်လမ်းအရခြောက်ခြားဖို့ကောင်းတဲ့ ကားမျိုး အရသာခံကြည့်ချင်တဲ့သူတွေအတွက် အများကြီးအဆင်ပြေပါလိမ့်မယ်။တစ်ကားလုံး မကြောက်ကြောက်အောင် ခြောက်နေတဲ့ ဇာတ်လမ်းတွဲမဟုတ်ဘဲတဖြည်းဖြည်းခြောက်ခြားဖို့ လန့်ဖို့ကောင်းအောင်လုပ်ထားတဲ့အတွက် ကြမ်းကြမ်းတမ်းတမ်း ခြောက်တာပဲကြိုက်တဲ့သူအတွက်တော့ သဘောကျမကျ မပြောတတ်ဘူး။ကြားထဲမှာလည်း ငယ်ဘဝနဲ့ လက်ရှိဘဝဆိုပြီး story and character development လုပ်နေတဲ့အတွက်နည်းနည်းလေး အတက်နှေးတယ်။ပြီးတဲ့အထိ စောင့်ကြည့်လိုက်ရင်တော့ လုံးဝတန်ပါတယ်။Netflix မှာ October 12 က မှ စရောက်တဲ့ Series သစ်ဖြစ်ပြီးEpisode 10 ခုပါပါတယ်။ EP 10 ခုလုံး အစအဆုံး ကြည့်လို့ရပါပြီ။Review ကို Datshin Page မှ Admin KPK ရေးတာကို ကူးယူဖော်ပြပါသည်။ဒီစီးရီးကို ဘာသာပြန်ပေးထားသူတွေကတော့ CM...
When They See Us (2019)
⭐IMDB: 8.9/10 (130 k Votes)
🎬 #Drama #Crime #Biography #History
🗓 2019-2019 🎞 tv movie
📺 #720p
💿 1.95 GB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 28 မိနစ် 24 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
When They See Us (2019)(Unicode)ဖြစ်ရပ်မှန် ဇာတ်လမ်းတွေကို သဘောကျနှစ်ခြိုက်ပြီးတော့ မှုခင်းနောက်ခံ ဒရာမာစီးရီး ကြည့်ရှုချင်ကြသူတွေအတွက်
Neflix စီးရီတစျခုဖွစျတဲ့ When they see us 2019 ဆိုတဲ့ မီနီစီးရီးလေး (လေးပိုငျး စဆုံး) တငျဆကျပေးခငျြပါတယျ … ဒီစီးရီးလေးဟာ အမရေိကနျနိုငျငံရဲ့ တရားရေးကို မီးမောငျးထိုးပွထားတဲ့ ဇာတျလမျးလေးဖွစျပွီးတော့ အဓမ်မကငြ့် လူသတျမှုတစျခုမှာ မပါဝငျဘဲ စှပျစှဲခံရတဲ့ လူငယျလေး ၅ ယောကျအကွောငျးကို ရငျနင့်ဖှယျ ရိုကျကူးထားတာပါ … မှားယှငျးတဲ့ တရားစီရငျမှုနောကျက အကျိုးဆကျတှကေို ဒီကားထဲမှာ တှေ့မွငျရမှာပါ ၁၉၈၉ ခုနှစျက အမရေိကနျနိုငျငံမှာ အမှနျတကယျဖွစျပကျြခဲ့တဲ့ အမှုတစျခုဖွစျပွီးတော့ ပါဝငျသူတှဟော ယနေ့တိုငျ သကျရှိထငျရှားရှိနဆေဲပါ အမရေိကနျရဲတှေ အစိုးရရှေ့နတှေနေဲ့ ဒေါ်နယျထရမ့်တို့လို(သမ်မတမဖွစျသေး) လူတှကေ လူမညျးလူငယျတှကေို မှားယှငျးစှာ စီရငျခကျြခဖြို့ အတငျးဖိအားပေးခဲ့ကွပါတယျ… အစအဆုံး ရငျတမမနဲ့ ခေါ်ယူသှားမယ့် ဇာတျလမျးလေးဖွစျပွီးတော့ တရားဥပဒစေိတျဝငျစားသူတှေ နဲ့ ဒရာမာကားကောငျးကောငျးနှစျသကျသူတှေ လကျမလှှတျသင့်တဲ့ စီးရီးတစျခုဖွစျလို့ ပရိသတျကွီးကိုယျတိုငျ ကွည့်ရှုအကဲဖွတျတော်မူပါ .. မကျြရညျကခြငျြလညျး ကကြွပေါ့လေ(ဇာတျလမျးအညှှနျးနဲ့ဘာသာပွနျတငျဆကျထားသူကတော့ ကိုဇှဲခန့်သှငျ ဖွစျပါတယျ။)(Zawgyi)ဖြစ်ရပ်မှန် ဇာတ်လမ်းတွေကို သဘောကျနှစ်ခြိုက်ပြီးတော့ မှုခင်းနောက်ခံ ဒရာမာစီးရီး ကြည့်ရှုချင်ကြသူတွေအတွက်Neflix စီးရီတစ်ခုဖြစ်တဲ့ When they see us 2019 ဆိုတဲ့ မီနီစီးရီးလေး (လေးပိုင်း စဆုံး) တင်ဆက်ပေးချင်ပါတယ် …ဒီစီးရီးလေးဟာ အမေရိကန်နိုင်ငံရဲ့ တရားရေးကို မီးမောင်းထိုးပြထားတဲ့ ဇာတ်လမ်းလေးဖြစ်ပြီးတော့ အဓမ္မကျင့် လူသတ်မှုတစ်ခုမှာ မပါဝင်ဘဲစွပ်စွဲခံရတဲ့ လူငယ်လေး ၅ ယောက်အကြောင်းကို ရင်နင့်ဖွယ် ရိုက်ကူးထားတာပါ …မှားယွင်းတဲ့ တရားစီရင်မှုနောက်က အကျိုးဆက်တွေကို ဒီကားထဲမှာ တွေ့မြင်ရမှာပါ၁၉၈၉ ခုနှစ်က အမေရိကန်နိုင်ငံမှာ အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့ အမှုတစ်ခုဖြစ်ပြီးတော့ ပါဝင်သူတွေဟာ ယနေ့တိုင် သက်ရှိထင်ရှားရှိနေဆဲပါအမေရိကန်ရဲတွေ အစိုးရရှေ့နေတွေနဲ့ ဒေါ်နယ်ထရမ့်တို့လို(သမ္မတမဖြစ်သေး) လူတွေက လူမည်းလူငယ်တွေကိုမှားယွင်းစွာ စီရင်ချက်ချဖို့ အတင်းဖိအားပေးခဲ့ကြပါတယ်…အစအဆုံး ရင်တမမနဲ့ ခေါ်ယူသွားမယ့် ဇာတ်လမ်းလေးဖြစ်ပြီးတော့ တရားဥပဒေစိတ်ဝင်စားသူတွေ နဲ့ ဒရာမာကားကောင်းကောင်းနှစ်သက်သူတွေလက်မလွှတ်သင့်တဲ့ စီးရီးတစ်ခုဖြစ်လို့ ပရိသတ်ကြီးကိုယ်တိုင် ကြည့်ရှုအကဲဖြတ်တော်မူပါ ..မျက်ရည်ကျချင်လည်း ကျကြပေါ့လေ(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်တင်ဆက်ထားသူကတော့ ကိုဇွဲခန့်သွင် ဖြစ်ပါတယ်။) Quality – 720p NF WEB-DLDuration – 1hr (@Episode)Subtitle – Myanmar HardsubFormat – Mp4Genre : Biography, Crime, DramaSource : 720p.NF.WEB.DDP5.1.Atmos.x264-NTb...
The Expanse (2015-2022)
⭐IMDB: 8.5/10 (163 k Votes)
🎬 #Drama #Mystery #SciFi #Fantasy
🗓 2015-2022 🎞 tv series
📺 #1080p
🌎 #UnitedStates #Canada #UnitedStatesofAmerica
⏰ 1 နာရီ 4 မိနစ် 9 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Expanse(2015-2020)The Expanse Season 1 to 5 Complete (စ/ဆုံး) ဇာတ်လမ်းတွဲအညွှန်း**********************************************
အနာဂတ်ကာလမှာ လူတွေဟာ နေအဖွဲ့အစည်းထဲက ဂြိုလ်တွေ ဥက္ကာခဲတွေမှာသွားရောက် နေထိုင်နေကြပြီ။ အဲမှာမှ နေအဖွဲ့အစည်းကို ၂ ခြမ်းခွဲထားတဲ့ ဥက္ကခဲ ခါးပတ် (the belt) ၊အတွင်းပိုင်း လူနေတဲ့ ဂြိုလ် ၂ လုံးဖြစ်တဲ့ Earth နဲ့ Mars တို့မှာ အဓိက ဇာတ်အိမ်တည်ထားတယ်။Earth တို့ Mars တို့ကို ခါးပတ်ကြီးရဲ့ အတွင်းပိုင်းမှာနေသူတွေမို့လို့ Inners လို့ခေါ်ပြီးခါးပတ်ပေါ်က များစွာသော ဂြိုလ်သိမ် ဥက္ကာခဲတွေပေါ်မှာ နေသူတွေကို Belter လို့ခေါ်တယ်။နှစ်ပေါင်းများစွာ Earth နဲ့ Mars တို့ မတည့်ဘဲ စစ်ဖြစ်မယ်တကဲကဲဖြစ်နေတာ နှစ်ပေါင်းများစွာ ကြာပါပြီ။သူတို့ ရန်ဆောင်တိုင်း အမြဲခံနေရတာက belter တွေပေါ့။ဆိုတော့ Inners တို့ရဲ့ အနှိမ်ခံ belters တွေကလည်း inners တွေကို ကြည့်မရပါဘူး။ဒီလို Martian, Earthers နဲ့ Belters တို့ ၃ ဖွဲ့လုံး ကိုယ်ရှင်သန်ရေးနဲ့ power ရရေးတို့အလုအယက် ကြိုးပမ်းနေကြတဲ့အချိန် နေအဖွဲ့အစည်းတစ်ခုလုံး စစ်မီးတောက်နိုင်လောက်တဲ့ထူးခြားဆန်းပြားတဲ့ အဖြစ်အပျက်တွေ ဖြစ်ပေါ်လာခဲ့ပါတယ်။Quality – 720p Duration – 1hr (@Episode)Subtitle – Myanmar HardsubFormat – Mp4Genre : Action ,Drama, Mystery,Sci-Fi...
Better Call Saul (2015-2022)
⭐IMDB: 9.0/10 (591 k Votes)
🎬 #Crime #Drama
🗓 2015-2022 🎞 tv series
📺 #720p
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 12 မိနစ် 24 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Better Call Saul Season 1 [COMPLETE]အားလုံး မျှော်နေတဲ့ crime drama လာပါပြီBetter Call Saul က Breaking Bad ရဲ့ spin-off series တစ်ခုပါ။
ဒါပေမယ့် breaking bad ကို မကြည့်ဖူးလည်း ဒီ series ကိုကြည့်လို့ရပါတယ်။အကျဉ်းချုပ်ပြောရရင်တော့ James McGill ဆိုတဲ့ မကျော်မကြားရှေ့နေတစ်ယောက် အခက်အခဲတွေကြုံရာကနေ လူသိများလာအောင်ဉာဏ်နီဉာဏ်နက်ပေါင်းစုံထုတ်ပြီး အကြံအဖန်ထုပုံတွေကို စိတ်၀င်စားဖွယ်မြင်တွေ့ရမှာပါတည်ကြည်လေးနက်တဲ့ ရှေ့နေ James ဘ၀ကနေ လောဘသမား Saul Goodman ကိုဘယ်လိုတွေ ကူးပြောင်းသွားမလဲဆိုတာကတော့ ကိုယ်တိုင်ပဲ ကြည့်ရှူခံစားလိုက်ပါတော့ ….(ဘာသာပြန်ပေးထားသူကတော့ Yoon Sandi Aung ပဲဖြစ်ပါတယ်) Quality – 720p Blu-RayDuration – 40min (@Episode)Subtitle – Myanmar HardsubFormat – Mp4Genre : Documentary, Crime...
Russian Doll (2019- )
⭐IMDB: 7.7/10 (102 k Votes)
🎬 #Comedy #Drama #Mystery
🗓 2019- 🎞 tv series
📺 #720p
🌎 #UnitedStates #UnitedStatesofAmerica
⏰ 31 မိနစ် 9 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Russian Doll – Season 01Russian Doll – Season 01=================
IMDb Rating – 7.8/10ယခု CM ကနေ တင်ဆက်ပေးမယ့် Drama/ Comedy စီးရီးလေးဟာ
2019 ခုနှစ်က ထွက်ရှိထားတဲ့ စီးရီးကောင်းတစ်ခုဖြစ်ပြီး မကြာခင်လည်း
Season 2 ထွက်ရှိမှာဖြစ်လို့ Season 1 ကို ဦးစွာတင်ဆက်ပေးလိုက်ရပါတယ်။
ဇာတ်ဆောင်မင်းသမီးဖြစ်တဲ့ Natasha Lyoone ဟာ ဒီဇာတ်လမ်းတွဲအတွက်
စာရေးဆရာနဲ့ ဒါရိုက်တာပိုင်းမှာ ကိုယ်တိုင်ပါ၀င်ခဲ့ပါတယ်။ဒီစီးရီးထဲမှာတော့ သူဟာ နာဒီယာလို့ ခေါ်တဲ့ အမျိုးသမီးတစ်ယောက်ပါ ။
ဆော့ဖ်ဝဲ အင်ဂျင်နီယာတစ်ယောက်အနေနဲ့ ဘ၀ကို အလေးအနက်မထား
ပေါ့ပေါ့ပါးပါးပဲ ဖြတ်သန်းနေသူတစ်ယောက် ၊ အချစ်ရေး အိမ်ထောင်ရေး
တွေမှာလည်း အယုံအကြည်မရှိတဲ့သူပေါ့ ။ ဒီလိုလူတစ်ယောက်ဆီကို
စကြာ၀ဠာကြီးက လမ်းကြောင်းပြန်တည့်မတ်ပေးဖို့ ဖြစ်လာတဲ့အခါ
နာဒီယာတစ်ယောက် သူ့ရဲ့မွေးနေ့ပွဲညတစ်ညမှာ မမျှော်လင့်ထားတာတွေ
ဖြစ်လာရတော့မယ် အလေးအနက် မထားချင်လည်း ထားရမယ့် ကိစ္စတွေ
ရှိလာရတော့မယ်။
ဖြစ်ပုံက နာဒီယာဟာ သေလိုက် ရှင်လိုက်နဲ့ တူညီတဲ့မွေးနေ့ပွဲညကိုပဲ
ထပ်တလဲလဲဖြတ်သန်းနေရတာပါပဲ ။ ပေါ့ပျက်ပျက်မိန်းမသား နာဒီယာ
တစ်ယောက် ခေါင်းနပန်းကြီးပြီ … ဒါကြီးဟာ သူခါတိုင်းလို လစ်လျူရှုလို့ရတဲ့
ကိစ္စလေးတွေလိုမဟုတ်ခဲ့တော့ဘူးပေါ့။နောက်ပြီး ဒီလိုဖြစ်နေတာက သူတစ်ယောက်တည်း ဒီလိုဖြစ်နေတာလား၊
သူ ဒီကနေ ဘယ်လိုရုန်းထွက်ရမလဲ၊ ဒီထဲမှာပဲ သူတစ်သက်လုံး နေရတော့မှာလား၊
အဲလိုတော့ မဖြစ်ဘူး သူ တစ်နည်းနည်းနဲ့တော့ ဒီထဲကနေ ရုန်းထွက်ဖို့ ကြိုးစားရမှာပဲ….
ကဲ ပရိသတ်တွေလည်း အဖန်တလဲလဲ နေ့ရက်ကနေ ရုန်းထွက်ဖို့ ကြိုးစားနေတဲ့
နာဒီယာနဲ့အတူ ဒီကားလေးကို ခံစားကြည့်ရှုလိုက်ရအောင်ပါ။(ဒီစီးရီးရဲ့ အညွှန်းကို Thiha Yan Naing မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေး
သူများကတော့ CM Team မှဖြစ်ပါတယ်။)File Size – (500 MB) / (300 MB)...
Narcos (2015-2017)
⭐IMDB: 8.8/10 (447 k Votes)
🎬 #Crime #Drama #Biography #Thriller
🗓 2015-2017 🎞 tv series
📺 #720p
🌎 #UnitedStates #Colombia #UnitedStatesofAmerica
⏰ 50 မိနစ် 53 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Narcos Season 1 (Complete)Narcos(2015)ဇာတ်လမ်းတွဲ(Season-1)အတွဲ(၁)စ/ဆုံး
IMDb…8.9,,,,Rotten…89%Narcos ဆိုတဲ့ series ကတော့တကယ့်ဖြစ်ရပ်မှန်ကိုရိုက်ကူးထားတဲ့ chronicle series တစ်ခုပဲဖြစ်ပါတယ်။ဒီဇာတ်ကားထဲက main character ကတော့လူတော်တော်များများကြားဖူးလောက်တဲ့ကိုလမ်ဘီယာ ကိုကင်းဘုရင် ပါဘလိုအက်စ်ကိုဘားပဲဖြစ်
ပါတယ်။ အက်စ်ကိုဘားလို့ပြောလိုက်ရင် သူ့သမီးအရမ်းချမ်းနေလို့ ဒေါ်လာ၂သန်းကိုမီးရှိူ့ခဲ့ပီး မီးလှုံစေခဲ့တယ်ဆိုတဲ့ အချက်အလေးနဲ့လူသိများလှပါတယ်။ ပါ့ဘလိုအက်စ်ကိုဘာကို၁၉၄၉ခုနှစ်မှာမွေးဖွားခဲ့ပြီး ကိုလမ်ဘီယာနိုင်ငံရဲ့အကြီးဆုံးသောမူးယစ်ရာဇာကြီးတစ်ယောက်ဖြစ်ပါတယ်။
သူ့ရဲ့မယ်ဓလင်မူးယစ်အုပ်စုဟာ အမေရိကန်ပြည်ထောင်စုကိုတင်သွင်းတဲ့ကိုကင်းပမာဏရဲ့၈၀%ဟာသူတို့တင်သွင်းတာပါ။ သူ့ကိုယ်ပိုင်ဝင်ငွေတင်ကိုပဲ တစ်နှစ်ကို၂၁.၉ဘီလီယံဒေါ်လာရှိပါတယ်။သူ့ကိုကိုကင်းဖခင်ကြီးအဖြစ်သတ်မှတ်ထားကြပြီး သမိုင်းမှာအချမ်းသာဆုံးသောရာဇာဝတ်သားအဖြစ်လည်း
မှတ်တမ်းဝင်ထားသူဖြစ်ပါတယ်။ သူ့ကို Rionegro မြို့မှာမွေးဖွားခဲ့ပြီးတက္ကသိုလ်တက်ရောက်ခဲ့ပေမယ့်ဘွဲ့မယူဘဲကျောင်းထွက်ခဲ့ပါတယ်။ အဲဒီအစားရာဇဝတ်မှုအသေးစားတွေကျူးလွန်ရင်းမှောင်ခိုပစ္စည်းတွေသွင်း၊ ကားခိုးမှုတွေလုပ်နေခဲ့တာပါ။သူ့ရဲ့အဓိကပါတနာကတော့ဝမ်းကွဲအစ်ကိုဖြစ်တဲ့ဂူစတာဗိုဖြစ်ပါတယ်။
ဂူစတာဗိုဟာဆိုရင် ပါ့ဘလိုအက်စ်ကိုဘာရဲ့အကြံပေး၊ စီးပွားရေးလုပ်ငန်းတစ်ခုလုံးရဲ့ဦးနှောက်ကြီးတစ်ခုပဲဖြစ်ပါတယ်။ဒီ Series မှာတော့သူနဲ့ပါ့ဘလိုကြားကရင်းနှီးမှု၊ ပါ့ဘလိုကိုလူသိများပေမယ့် လူသိပ်မသိကြတဲ့ဂူစတာဗိုရဲ့အခန်းကဏ္ဍကိုပါ ထင်ထင်ရှားရှားတွေ့ရမှာပါ။Biography/Crime အမျိုးအစားဖြစ်ပေမယ့်
လုံးဝပျင်းစရာမကောင်းတဲ့ series တစ်ခုပဲဖြစ်ပါတယ်။ Season 3 အထိရှိပြီး လောလောဆယ်Season 1 အစပျိုးကိုတင်ဆက်ပေးလိုက်ပါတယ်။အပေါ်ကအကြောင်းအရာတွေဖတ်လိုက်ပြီး ဒီကားကကြည့်စရာမလိုတော့ဘူးလို့ထင်ရင်တော့ ခင်ဗာျးတို့မှားသွားလိမ့်မယ်…၊ ပါ့ဘလိုရဲ့ဒုစရိုက်လောကလှုပ်ရှားပုံတွေ…သူ့လိုလူပေါင်းများစွာကြားမှာ ကတုံးပေါ်ထိပ်ကွက်တွေ…နောက်ကျောဓားနဲ့ထိုးမယ့်သူတွေကိုရှင်းလင်းပုံတွေ.. အရိပ်လိုလိုက်နေတဲ့ရဲတွေကြားမှာ သူလိုချင်တဲ့ပန်းတိုင်ရောက်အောင်ဖောက်ထွက်ပုံတွေဒုစရိုက်လောကရဲ့ ပြကွက်ဆန်းစုံကို ခင်ဗျားတို့ မရိုးအီနိုင်အောင်တွေ့မြင်သွားလိမ့်မယ်…ကိုင်းခံစားကြည့်လိုက်ပါဦးဗျို့….(ဘာသာပြန်တင်ဆက်ထားသူများကတော့ CM Family မှ ညီငယ်လေးများဖြစ်တဲ့Myo Khant Win, Tin Myo Lwin, Thura Zarni Aungတို့ပဲဖြစ်ပါတယ်။) Quality – Blu-Ray 720pDuration – 49Min (@Episode)Subtitle – Myanmar HardsubFormat – Mp4Encoder – Phyo Pyae Complete Zip File VIP / Yoteshin
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။
Airs OnNetflixProductionGaumont International TelevisionRelease Year2015Firt air date2015-08-28Last air date2017-09-01TypeScriptedEpisode runtime57 minHome PageNarcos Season 1 (Complete)Popularity22.106TV StatusReturning SeriesSeasons and episodes1 Narcos Season 1 (Complete) - Season 11 x 1
Episode 1
--------------------...
Arcane (2021- )
⭐IMDB: 9.0/10 (236 k Votes)
🎬 #Animation #Drama #SciFi #Fantasy #Action #Adventure
🗓 2021- 🎞 tv series
📺 #1080p
🌎 #UnitedStates #France #UnitedStatesofAmerica
⏰ 41 မိနစ် 35 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Arcane(2021) Completeနာမည်ကျော် PC ဂိမ်းကြီးတစ်ခုဖြစ်တဲ့ League of Legends ဂိမ်းကြီးကိုပရိသတ်တော်တော်များများ သိကြမှာပါ… ဒီဂိမ်းဟာ MOBA ဂိမ်းတစ်ခုဖြစ်ပြီးတော့
ကမ္ဘာတစ်ဝှမ်းဆော့ကစားသူပေါင်းသန်းချီရှိနေတဲ့ Playerbase အများဆုံးဂိမ်းလည်း ဖြစ်ပါတယ်…ထူးခြားတာကတော့ ဒီဂိမ်းကိုပိုင်တဲ့ Riot ကုမ္ပဏီက Fan service ပေးရမှာ အင်မတန်ကို နာမည်ကြီးတာပါ…ဂိမ်းထုတ်လုပ်ရုံတင်မကပဲ ဂိမ်းနဲ့ပတ်သတ်တဲ့ ပြိုင်ပွဲတွေ ရှိုးတွေ အလှူပွဲတွေအပြင် Kpop band လို အဆိုတော်အဖွဲ့တွေပါ ဖွဲ့ထားတာပဲဖြစ်ပါတယ်…အခုတော့ နောက်တစ်ဆင့်အနေနဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲတွေဘက်ပါ ခြေဦးလှည့်လာပြန်ပါတယ်…ဒါကတော့ အခုတင်ဆက်ပေးမယ့် ‘Arcane’ ဆိုတဲ့ စီးရီးပါ… LOL အခြေတည်ရာကမ္ဘာကတော့Runeterra ဆိုတဲ့ ကမ္ဘာကြီးဖြစ်ပြီး နောက်ခံသမိုင်းဇာတ်ကြောင်းတွေ ဇာတ်လမ်းတွေနဲ့ အင်မတန်ကျယ်ပြန့်တဲ့universe ကြီးတစ်ခုကို တည်ဆောက်ထားတာပဲဖြစ်ပါတယ်… ဂိမ်းထဲမှာပါဝင်တဲ့ ချန်ပီယံတွေရဲ့ ဘဝဇာတ်ကြောင်း..နေရာဒေသတွေရဲ့ သမိုင်း..စတာတွေဟာ LOL ဆော့ကစားရာ Players တွေအတွက် သီးသန့်ကမ္ဘာတစ်ခုဖြစ်နေပြီး စိတ်ဝင်စားစရာလည်း အပြည့်နဲ့ပါ…ဒီ universe ကြီးကို ဟိုးအရင်တည်းက ချန်ပီယံ မိတ်ဆက် cinematic trailer… short video တွေ စသဖြင့် နည်းမျိုးစုံနဲ့မိတ်ဆက်ခဲ့ပြီး အခုမှသာ ရုပ်ရှင်ဇာတ်လမ်းအနေနဲ့ ပေါ်ထွက်လာတာပဲဖြစ်ပါတယ်… ဒီတော့ ပရိသတ်ကြီးအနေနဲ့ဒီဇာတ်လမ်းဇာတ်ကြောင်းတွေကို အဆင်ပြေပြေနဲ့ ကြည့်ရှုနိုင်တော့မှာပါ… အခု စတင်ထွက်ရှိလာတဲ့Arcane ဇာတ်လမ်းတွဲကတော့ LOL ရဲ့ ချန်ပီယံ နှစ်ယောက်ဖြစ်တဲ့ Vi နဲ့ Jinx တို့ရဲ့ ဇာတ်လမ်းကို အခြေခံထားတာပဲဖြစ်ပါတယ်…မုဆိုးတစ်ပိုင်း မိန်းမရိုင်းကြီး Vi နဲ့ ဒုတိယဟာလေကွင်းလို့တောင် တင်စားရမယ့် ရူးကြောင်ကြောင်Jinx တို့ရဲ့ဇာတ်လမ်းဟာ ဘာကြောင့် ဘယ်လိုတွေ ဖြစ်လာသလဲဆိုတာကို ဒီ Arcane ဆိုတဲ့ဇာတ်လမ်းကြီးထဲမှာ ကြည့်ရှူခံစားကြပါဦး…သူတို့နှစ်ယောက်ကို ဇာတ်အိမ်တည်ပြီး တခြားချန်ပီယံတွေရဲ့အကြောင်းကိုလည်း သိရမှာဦးမှာမို့ သေချာလေးကြည့်ဖို့တော့ လိုမယ်နော်… File Size – [email protected]Quality –720p WEB DL NF 5.1ChDuration – minute (@Episode)Total Episodes:9 EpsSubtitle – Myanmar HardsubFormat – Mp4Genre : Animation / Advanture / Action...
As Good as Dead (2022)
⭐IMDB: 5.5/10 (236 Votes)
🎬 #Action #Crime
🗓 2022 🎞 movie
📺 #720p #1080p
💿 727.0 MB ⦿ 1.6 GB
🌎 #Mexico #UnitedStatesofAmerica
⏰ 1 နာရီ 30 မိနစ် 15 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
As Good As Dead (2022)
~ Rotten Tomatoes – 71% ~
အခုမိတ်ဆက်ပေးမယ့် အက်ရှင်ဇာတ်ကားကတော့ ဝါရင့်မင်းသားကြီး Michael Jai White ကိုယ်တိုင်ရေး ကိုယ်တိုင် ဇာတ်ဆောင်အဖြစ်ပါဝင်ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ Rotten Tomatoes မှာ 71 % အထိ ဆွတ်ခူးထားနိုင်ခဲ့တဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။
Michael Jai White ကတော့ Boxing လောကမှာ The Man, The Myth, The Legend လို့ ခေါ်လေ့ရှိကြတဲ့ Mike Tyson အနေနဲ့ HBO က ထုတ်လုပ်ထားတဲ့ 1995 တုန်းက Tyson – O Mito ဇာတ်ကားမှာ ပါဝင်ခဲ့တဲ့သူပါ။ ဒီဇာတ်ကားထဲမှာတော့ Lucas Oriel နဲ့ Gabriela Quezada တို့က Michael ကို လူငယ်သရုပ်ဆောင်တွေအနေနဲ့ ပါဝင်အားဖြည့်ပေးထားပါတယ်။
ဒီဇာတ်ကားထဲမှာတော့ ဘရိုင်ယန့်ဆိုတဲ့သူတစ်ယောက်ကနေ ပြဿနာရှာလာခဲ့တဲ့ အော်စကာဆိုသူ ချာတိတ်တစ်ယောက်ကို မိတ်ဖွဲ့မိရာကနေ ဇာတ်လမ်းလေးက အကြောင်းဖန်လာပါတယ်။ အော်စကာဟာ MMA ဖိုက်တာ တစ်ယောက်ဖြစ်ချင်တဲ့အတွက် ဘရိုင်ယန့်ပုံမှန် ကိုယ်ဟန်ပြလေ့ကျင့်နေတဲ့အချိန်မှာ သွားချောင်းပြီး လိုက်အတုယူလေ့ရှိပါတယ်။ တစ်နေ့မှာတော့ အော်စကာပြဿနာတက်သွားတာကို ဘရိုင်ယန့်ကတွေ့သွားပြီးတော့ သူ့ကို သနားသွားလို့ သူရဲ့ Signature တိုက်ကွက်တွေကို သင်ပေးလိုက်ပါတော့တယ်။ အဲဒါကို အော်စကာက သတိမထားမိဘဲ သူ့စွမ်းရည်ကို တိုင်းတာချင်သပဆိုပြီး သူ့အစ်ကိုခေါ်သွားတဲ့ ချိန်းပွဲတစ်ခုမှာဝင်ထိုးပြီး နာမည်ကြီးသွားပါတော့တယ်။ ဘရိုင်ယန့်သင်ပေးလိုက်တဲ့ တိုက်ကွက်တွေမှန်း ဘရိုင်ယန့်ရဲ့ အဆွေအနှောင်းတွေက အော်စကာကနေတစ်ဆင့်သိလိုက်တဲ့အချိန်မှာ ဘရိုင်ယန့်ကို ရှာဖို့ကြိုးစားပါတော့တယ်။
ဒါနဲ့ပဲ ဘရိုင်ယန့်ဟာ တစ်ချိန်က ဘယ်သူများဖြစ်ခဲ့တာလဲ… ဘယ်လိုရာဇဝင်တွေရှိခဲ့မလဲ… ဆိုတာကို ဒီဇာတ်ကားမှာ ရသအပြည့်နဲ့ခံစားရမှာပဲဖြစ်ပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုMarkမှ ပြန်ဆို ရေးသားထားပါတယ်)...
Starship Troopers (1997)
⭐IMDB: 7.3/10 (308 k Votes)
🎬 #Action #Adventure #SciFi #Thriller
🗓 1997 🎞 movie
📺 #720p #1080p
💿 1.6 GB ⦿ 3.1 GB
🌎 #UnitedStates
⏰ 2 နာရီ 11 မိနစ် 14 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Genre – Action, Adventure, Sci-fiIMDB – 7.3/10
ကျွန်တော်တို့ ၉၀ ခုနှစ်ကျော်က Sci-fi ကားကောင်းတွေအကြောင်း
ပြောမယ်ဆိုရင် Star Wars တွေ Star Trek တွေ Alien တို့လောက်နဲ့ မပြီးဘူးဗျ
ဒီ Starship Trooper ကို ဇာတ်ကားနာမည်သာ မသိမယ် ဓားခုတ်ကောင်ကြီးတွေနဲ့ ချတယ်ဆိုပြီး
လူတိုင်းငယ်ဘဝက ကြည့်ခဲ့ဖူးကြမယ် ထင်ပါတယ် (တချို့အခန်းတွေအကြောင်းလည်း ပါမယ်ပေါ့လေ)။
ထားပါ ပြောချင်တာက သူကတော့ Franchise အနေနဲ့ ၃ ကားထိ ထွက်ရှိထားတာ ဖြစ်ပါတယ်
အကုန်လုံး တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။
ဒါရိုက်တာဖြစ်တဲ့ Paul Verhoeven ဆိုရင်လည်း တခြား Robocop တို့ Hollow Man တို့ကို
ရိုက်ကူးထားတဲ့လူပါ။
နောက်ပြီး ၁၉၉၈ ခုနှစ် အော်စကာဆုပေးပွဲမှာ Best Visual Effect
စကာတင်လည်း ဝင်ခဲ့ပါသေးတယ် (Titanic နဲ့ Jurassic World ဆိုတော့ ယှဉ်မရဘူးပေါ့လေ)
ဇာတ်လမ်းအကျဉ်းကတော့ နောင်အနာဂတ်တွေမှာ
ကမ္ဘာကြီးတစ်ခုလုံးက နိုင်ငံတွေအနေနဲ့ ရှိမနေတော့ပဲ
ဖက်ဒရယ်အစိုးရနဲ့ ဖက်ဒရယ် ပြည်ထောင်စုလိုက်ကြီး ဖြစ်နေပါပြီ။
ရန်စွယ်အနေနဲ့ကလည်း ကလန်ဒတ်သူဂြိုလ်က အယ်ရာခနစ်ဆိုတဲ့
ပိုးကောင်တွေဖြစ်ပြီး သူတို့ကလည်း ဥက္ကာခဲတွေ လွှတ်ပြီး တိုက်ခိုက်တယ်ပေါ့လေ။
အဲဒီအချိန် ဖက်ဒရယ်ပညာရေးကျောင်းမှာ သူငယ်ချင်း ၃ ယောက်ရှိကြတယ်
ရီကိုရယ် ကားလ်ရယ် ကာမန်ရယ်ပေါ့၊ ရီကိုနဲ့ ကာမန်က အတွဲ၊ ရီကို့ကို ခိုးကြိုက်နေတဲ့
ကောင်မလေး ဒစ်ဇီဆိုတာလည်းရှိတယ်။
ကားလ်နဲ့ ကာမန်ကတော့ ဖက်ဒရယ်စစ်တာဝန် ထမ်းဆောင်ချင်ကြသူတွေပေါ့၊
ရီကိုကတော့ သူဌေးသား စိတ်ကသိပ်မပါပေမယ့်
ကောင်မလေး ကာမန်သဘောကျအောင် မိဘတွေ တားနေရက်နဲ့
စစ်ထဲဝင်ချင်တဲ့ကောင်ပေါ့လေ။
ဖြစ်ချင်တော့ ဖက်ဒရယ်စနစ်မှာ အမျိုးအစားက ၃ နေရာရှိတယ်
ပထမ ဉာဏ်အတော်ဆုံး ဆရာကြီးဌာနက ထောက်လှမ်းရေးပေါ့လေ
(စိတ်စွမ်းအားရှိတဲ့လူတွေကို ပျိုးထောင်ပေးတဲ့နေရာ) အဲဒီကို ကားလ်က ရောက်သွားခဲ့တယ်၊
ဒုတိယကတော့ ယာဉ်တန်းစု တပ်ဖွဲ့ကြီး၊ ယာဉ်အမျိုးအစားပေါင်းစုံ မောင်းနှင်ရတာပေါ့၊
အဲဒီမှာက ပိုင်းလော့ဖြစ်ချင်တဲ့ ကာမန်ရောက်သွားတယ်၊ တတိယအနေနဲ့ကတော့
သချာၤနဲ့ အမျိုးအစားခွဲပါတယ်ဆိုမှ အမှတ်အနည်းဆုံးရရင် သွားရတဲ့
ခြေလျင်တပ်ရင်း ဖြစ်ပါတယ် ရီကိုတစ်ကောင် ဒီကိုရောက်သွားတာပေါ့၊
သူ့ကို ကြိုက်နေတဲ့ ဒစ်ဇီကလည်း ဒီကိုရောက်လာပါတယ်။
ဒီလိုနဲ့ ကိုယ်စီ ကြိုးစားလေ့ကျင့်နေကြတုန်း ရန်သူတွေဖြစ်တဲ့
အယ်ရာခနစ်တွေ ခြေလှမ်းစလှမ်းလိုက်တဲ့အခါမှာတော့……….။
ရုပ်ရှင်တစ်ကားများ ကောင်းပြီဆို ဘယ်နှခုနှစ်ကထွက်တာဖြစ်ဖြစ်
ကြည့်လို့ကောင်းနေဆဲပဲ။ တစ်ခုရှိတာက အပေါ်ပိုင်းတွေ
လွတ်လပ်စွာ တင်ဆက်ထားတဲ့ R Rated ကားဖြစ်တဲ့အတွက်
ကြည့်ရှုမယ်ဆို သတိပြုစေလိုပါတယ်
သွေးသံရဲရဲ သတ်ဖြတ်မှုတွေလည်း ပါဝင်ပါတယ်။
ကဲ Old School တွေ ပြန်ခံစားလိုက်ကြရအောင်ဗျာ...
Con Nhot Mot Chong (2023)
⭐IMDB: 7.1/10 (22 Votes)
🎬 #Asian #Comedy #Drama
🗓 2023 🎞 movie
📺 #720p #1080p
💿 809.7 MB ⦿ 1.8 GB
🌎 #Vietnam
⏰ 1 နာရီ 53 မိနစ် 24 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Chuyện Xóm Tui: Con Nhót Mót Chồng (2023)
IMDb 7.1/10
အဖေတစ်ခု သမီးတစ်ခုနေလာကြတဲ့ မစ္စတာရှင်းနဲ့ နယော့ အဖေကအရက်ကိုသိပ်ကြိုက်သလို သမီးက ခိုးရတာဝါသနာအချင်းချင်းအမြဲသတ်နေပေမဲ့ ၂ယောက်က အရမ်းချစ်ကြတဲ့သားအဖပေါ့
ဒီလိုနဲ့ တစ်ရက်ကျ မစ္စတာရှင်းက သမီးဖြစ်သူကို အိမ်ထောင်ချပေးဖို့ အတွေးဝင်လာတယ်သမီးအသက်ကလည်း မငယ်တော့တာမို့ သမက်လောင်းရှာဖို့ ခရီးစပါတော့တယ်တစ်ရပ်ကွက်တည်းသားချင်းတွေက နယော့ရဲ့စရိုက်ကိုသိနေတော့ ဝေးဝေးကရှောင်ရင်း….သူ့သမီးအတွက် ခင်ပွန်းလောင်းရှာနိုင်သွားမလား ဘယ်နေရာမှာ ဘယ်သူ့ကို ဘယ်လိုဂျင်းတွေထည့်မလဲဆိုတာတော့…
ရယ်ရတဲ့ကားလည်းဖြစ် ပညာလည်းရတာမို့ ခဏတာဘဝအမောတွေဖြေဖျောက်နိုင်စေရန် တင်ဆက်ပေးလိုက်ရပါတယ်
(အညွန်းနဲ့ ဘာသာပြန်တွေကတော့
Yunni~BpL~Aditi~Zwe Yan ~Cherry~V တို့ပဲ ဖြစ်ပါတယ်)...
Found (2012)
⭐IMDB: 5.8/10 (5 k Votes)
🎬 #Drama #Horror #Thriller
🗓 2012 🎞 movie
📺 #720p #1080p
💿 751.2 MB ⦿ 1.4 GB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 39 မိနစ် 31 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီကားကတော့ဆု25ဆုရထားပြီး စံကာတင်8ဆုအထိပါထားတဲ့ Horror ကားလေးဘဲဖြစ်ပါတယ် Horror ကားတွေကြိုက်တဲ့ကောင်လေးတစ်ယောက် သူအကိုကွင်းဆက်လူသတ်သမားမှန်းမထင်မှတ်ပဲသိလိုက်တဲ့အခါ သူအကိုလှို့ဝှက်ချက်ကိုသူဖုံးကွယ်ထားနိုင်မှာလား သူ့လှို့ဝှက်ချက်ကိုသိသွားတဲ့ညီဖြစ်သူကိုကောအကိုဖြစ်သူကဘယ်လိုတုံ့ပြန်မှာလဲဆိုတာတွေကိုကြည့်ရှူရမှာဘဲဖြစ်ပါတယ် သတ်ခန်းဖြတ်ခန်းတွေကြိုက်နှစ်သက်တဲ့သူတွေအတွက်ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်...
Starship Troopers 3: Marauder (2008)
⭐IMDB: 4.3/10 (24 k Votes)
🎬 #Action #Adventure #SciFi
🗓 2008 🎞 video movie
📺 #1080p #720p
💿 1.0 GB ⦿ 2.4 GB
🌎 #USA #SouthAfrica #Germany #UnitedStates
⏰ 1 နာရီ 45 မိနစ် 32 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
2008 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Starship troopers 3 ပိုးကောင်တွေနဲ့
လူတွေရဲ့ကြားက တိုက်ပွဲအကြောင်းကိုရိုက်ကူးထားတာပါ။
ရိုခုဆန်မှာ ပိုးကောင်စစ်ပွဲဖြစ်ပွါးခဲ့ပြီးနောက် ရိုခုဆန်ဒေသခံတွေက
စစ်ပွဲကို ဆန့်ကျင်လာခဲ့ပါတယ်၊ အဲဒါကြောင့် ဒေသခံတွေဟာ
သူတို့နယ်မြေအတွင်းရှိ စစ်သားတွေကို မထီမဲ့မြင်ဆက်ဆံလာပါတယ်။
တစ်နေ့မှာတော့ စစ်ဌာနချုပ်ကနေ ဗိုလ်ချုပ်ကြီးအိုမာအနုတ်၊
ဗိုလ်ချုပ်ဟောင်ဇာနဲ့ လိုလာဘက်ခ်တို့ လာရောက်လှည့်ပတ်ကြည့်ရှုပါတယ်။
အဲဒီအချိန်မှာပဲ ရိုခုဆန်မှာရှိတဲ့ ပိုးကောင်တွေကိုဟန့်တားထားတဲ့
ခြံစည်းရိုးလုံခြုံရေး ပျက်ဆီးသွားလို့ ဗိုလ်ချုပ်ဟောင်ဇာက
စစ်မြေပြင်ကို ထိန်းချုပ်ပြီး ဗိုလ်ချုပ်ကြီးအိုမာနဲ့လိုလာဘက်ခ်တို့က
ဌာနချုပ်ကိုပြန်သွားကြပါတယ်…
ဗိုလ်ချုပ်ကြီးအိုမာတို့ယာဉ်ဟာ လမ်းခုလတ်မှာစက်ချို့ယွင်းပြီး
ကန္တာရတစ်ခုမှာ ပျက်ကျသွားပါတယ်၊ ဌာနချုပ်ကို
ကယ်ဆယ်ရေးအကူအညီလှမ်းတောင်းပေမယ့် ဌာနချုပ်က လျစ်လျူရှုခဲ့ပါတယ်။
ဗိုလ်ချုပ်ကြီးအိုမာတို့ ဌာနချုပ်ကိုပြန်နိုင်မလား…
ကန္တာရထဲမှာ ဘာတွေကြုံတွေ့ရမလဲဆိုတာကို
ဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုကြရအောင်File size… 2.4 GB / 1.5 GBQuality… BluRay 1080p / 720pFormat… mp4Duration…. 1h 45mGenre ….. Action , AdventureSubtitle…. Myanmar Subtitle (Hard Sub)Encoder…. Thit San KhantTranslated by Benni...
Starship Troopers 2: Hero of the Federation (2004)
⭐IMDB: 3.6/10 (24 k Votes)
🎬 #Action #Adventure #Horror #SciFi
🗓 2004 🎞 video movie
📺 #720p #1080p
💿 783.5 MB ⦿ 2.1 GB
🌎 #USA #UnitedStates
⏰ 1 နာရီ 32 မိနစ် 14 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Bugsလို့ခေါ်တဲ့ တိုက်ခိုက်နှုန်းအားပြင်းထန်တဲ့ ဂြိုလ်သားပိုးကောင်တွေနဲ့တိုက်ပွဲမှာ
အဆင့်မြှင့်Laser Gunတွေအသုံးပြုပြီးတိုက်ခိုက်ခဲ့တာတောင်
ဗိုလ်ကြီးJack Shepherdတို့အဖွဲ့ဟာ ဆုံးရှုံးမှုတွေများခဲ့ပြီး အနီးဆုံး
ကင်းထောက်စခန်းတစ်ခုမှာပုန်းခိုရင်း
ကယ်ဆယ်ရေးအဖွဲ့လာရောက်တဲ့အချိန်ကိုစောင့်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်.
အဲ့ဒီကင်းထောက်စခန်းမှာ သူတို့ထပ်အရင်ရောက်နှင့်ထားပြီးသူတွေလဲရှိပါတယ်.
ကယ်ဆယ်ရေးအဖွဲ့ကိုစောင့်ရင်းနဲ့ Bugsတွေအကြောင်းကိုတစ်စထက်
တစ်စပိုပိုသိလာတဲ့အခါမှာ အဲ့ဒီဂြိုလ်သားပိုးကောင်တွေဟာ
လူသားမျိုးနွယ်တစ်ခုလုံးကိုပါဖျက်ဆီးဖို့အကြံအစည်ရှိနေတာကို
သိလိုက်ရပါတော့တယ်.
ဒါကိုသူတို့အဖွဲ့ဘယ်လိုကယ်တင်မလဲ?
ဒီအဖွဲ့အစည်းထဲမှာရော ဂြိုလ်သားပိုးကောင်တွေက
ရောထွေးဝင်ရောက်နှင့်ပြီးသားလားဆိုတာတော့
ဇာတ်လမ်းထဲမှာပဲအဖြေရှာလိုက်ကြတာပေါ့.
Military, science,fiction,horrorအမျိုးအစားဖြစ်ပြီး r
untimeက ၉၂မိနစ်ပါ. ၂၀၀၄ခုနှစ်ကထွက်ရှိခဲ့တဲ့ဇာတ်ကားဖြစ်ပေမယ့်
ယောကျာ်းလေးတွေက ဒီဇာတ်ကားမှာအသုံးပြုထားတဲ့လက်နက်ကြီးတွေကို
အခုထိသဘောကျဆဲဖြစ်ပါတယ်.
Starship trooperအနေနဲ့ ၃ကားထွက်ရှိတာမလို့
ပိတ်ရက်အတွက်အနားယူရင်းကြည့်ဖို့ အကောင်းဆုံးပါပဲ.File size… 2.2 GB / 790 MBQuality… BluRay 1080p / 720pFormat… mp4Duration…. 1h 22mGenre ….. Action , AdventureSubtitle…. Myanmar Subtitle (Hard Sub)Encoder…. Thit San KhantTranslated by…. Charm...
