uk
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закритий канал

🚩 Channel was restricted by Telegram

Показати більше
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
The Blue Rose (2024) ⭐TMDB: 43% User Score 🎬 #Fantasy #Horror #Mystery 🗓 2024 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 43 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Blue Rose (2023) ဒီရုပ်ရှင်ဟာ တစ်မျိုးထူးဆန်းပါတယ်။အမျိုးအစား သတ်မှတ်ထားခြင်းမရှိတဲ့ genre bending ဖြစ်ပါတယ်။ဒါပေမယ့် ကျွန်တော့်အမြင်မှာတော့ သဘာဝလွန်၊ မှုခင်းအမျိုးအစားလို့ သတ်မှတ်ချင်ပါတယ်။ဒါကလည်း ကြည့်ရှုသူရဲ့အမြင်ပေါ်မှာ မူတည်သွားနိုင်ပါတယ်။ဇာတ်လမ်းတည်ဆောက်ပုံကလည်း ထူးခြားပြီးတော့ သာမန်ကြည့်ရှုသူ ပရိသတ် ကြိုက်နိုင်တဲ့ ပုံစံမျိုး မဟုတ်ပါဘူး။ဒါပေမယ့် ကြည့်ရှုရင်း ခံစားချက်တစ်ခုခုတော့ ပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ၁၉၅၀ ခုနှစ်မှာ ဒယ်လ်တန်နဲ့ လီလီဆိုတဲ့လူသစ်စုံထောက် နှစ်ယောက်ဟာ လူသတ်မှုတစ်ခုကို လိုက်လံစုံစမ်းကြပါတယ်။အသတ်ခံရသူက ဟဲရိုး အိုမယ်လီဆိုတဲ့ လူပါသူ့ဇနီးသည် ဆိုဖီ အိုမယ်လီဟာလည်း ပျောက်ဆုံးနေတာမို့၊ ပြန်ပေးဆွဲခံရတာဆိုပြီး ရဲဖက်က ကောက်ချက်ချထားပါတယ်။အယ်လ်တန်နဲ့ လီလီလည်း အခင်းဖြစ်နေရာကိုသွားကြရင်း ထူးဆန်တဲ့လက္ခဏာတွေ တွေ့ကြရပါတယ်။တွေ့တဲ့ သဲလွန်စအရ ဆိုဖီ့အစ်မ နော်မာစတီးလ်ရဲ့ အိမ်ကို ဆက်သွားကြပါတယ်။အဲလိုနဲ့ သဲလွန်စတွေကို လိုက်လံ့ စုံစမ်းရင်း ဒီဖက်လောကနဲ့ မတူညီတဲ့ တခြားဖြစ်တည်မှုတစ်ခုကို ရောက်သွားပါတယ်။အဲမှာက သူတို့ရဲ့ အဆိုးဆုံးအိပ်မက်ဆိုးတွေနဲ့တည်ဆောက်ထားပြီး သူတို့ လွတ်မြောက်နိုင်ဖို့ ရုန်းကန်ကြရပါတော့တယ်….. အညွှန်း နဲ့ ဘာသာပြန်ကတော့Leonard Linပဲ ဖြစ်ပါတယ်။
...

Fantasy Island (2020) ⭐TMDB: 58% User Score 🎬 #Adventure #Fantasy #Horror #Mystery 🗓 2020 🎞 movie 🌎 #USA #UnitedStatesofAmerica ⏰ 1 နာရီ 49 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Fantasy Island (2020) Maggie Q , Lucy Hale , Michael Peña , Michael Rooker စတဲ့ နာမည်ရှိသရုပ်ဆောင်တွေများစွာပါဝင်ထားတဲ့ စိတ်ကူးယဉ် Horror ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။Rating နည်းပေမယ့် အတော်ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်ဖြစ်နေတာ အံ့သြစရာပါပဲ။ဒီရုပ်ရှင်ကတော့ ၁၉၇၇ လောက်က နာမည်ကျော်ခဲ့တဲ့ Fantasy Island ဆိုတဲ့ စီးရီးရဲ့ Prequel ဇာတ်လမ်းအနေနဲ့ ရေးသားရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်းကတော့…ဇာတ်လမ်းနာမည်အတိုင်းပဲ ကျွန်းကြီးတစ်ကြီးရှိပါတယ်။အဲဒီကျွန်းရဲ့ ပိုင်ရှင် မစ္စတာ ရို့ခ် ဟာ ကျွန်းပေါ်ကို ရောက်လာသမျှလူတိုင်းရဲ့ စိတ်ကူးယဉ်အိပ်မက် (သို့မဟုတ်) အလိုချင်ဆုံး ဆန္ဒ တစ်ခုစီကို ပြည့်စေရမယ် ကြေညာခဲ့ပါတယ်။အဲဒီကျွန်းပေါ်ကို ဖိတ်ခေါ်ခံရတဲ့ ကံထူးရှင်တွေကတော့ သူတို့လိုချင်တာတွေကိုဘယ်လိုဖြည့်ပေးမလဲဆိုပြီး သိချင်စိတ်တွေ၊ မျှော်လင့်ချက်တွေနဲ့ ရောက်လာကြတာပါပဲ။ သူတို့ထင်တာတော့ ကစားနည်းလေးတွေ၊ ဆင်ဆင်တူ နေရာလေးတွေ၊ ပုံရိပ်ယောင်ပြစက်လေးတွေနဲ့ လုပ်ပေးမယ် ထင်ခဲ့တာပါ။ဒါပေမယ့် တကယ်တမ်းကျွန်းပေါ်ကို ရောက်လာတဲ့အခါ မဖြစ်နိုင်တဲ့ ဆန္ဒတွေကအစအားလုံးသော ဆန္ဒတွေကို ဖြည့်ပေးနိုင်စွမ်းရှိတာကိုတွေ့ရပြီး ထီပေါက်သလိုကို ပျော်ကြရပါတော့တယ်။ ပြီးတော့ အဲဒီကျွန်းဟာ သူတို့တောင်းဆိုတဲ့ဆန္ဒထက် တကယ့် အတွင်းစိတ်ထဲက ဆန္ဒကိုသိမြင်နေပြီး ဖြည့်ပေးနိုင်တာကိုပါတွေ့လာရတယ်။ဒါပေမယ့် ဒီအပျော်တွေကနေ လူတိုင်းရဲ့ ဆန္ဒတွေဟာ ကြောက်စရာအဖြစ်တွေဆီကို တဖြည်းဖြည်းကူးပြောင်းသွားတဲ့အခါမှာတေ့ာ
...

The Blue Rose (2023) ⭐IMDB: 3.9/10 (277 Votes) 🎬 #Fantasy #Horror #Mystery #Drama #Thriller 🗓 2023 🎞 movie 🌎 #India #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 43 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Blue Rose (2023) ဒီရုပ်ရှင်ဟာ တစ်မျိုးထူးဆန်းပါတယ်။အမျိုးအစား သတ်မှတ်ထားခြင်းမရှိတဲ့ genre bending ဖြစ်ပါတယ်။ဒါပေမယ့် ကျွန်တော့်အမြင်မှာတော့ သဘာဝလွန်၊ မှုခင်းအမျိုးအစားလို့ သတ်မှတ်ချင်ပါတယ်။ဒါကလည်း ကြည့်ရှုသူရဲ့အမြင်ပေါ်မှာ မူတည်သွားနိုင်ပါတယ်။ဇာတ်လမ်းတည်ဆောက်ပုံကလည်း ထူးခြားပြီးတော့ သာမန်ကြည့်ရှုသူ ပရိသတ် ကြိုက်နိုင်တဲ့ ပုံစံမျိုး မဟုတ်ပါဘူး။ဒါပေမယ့် ကြည့်ရှုရင်း ခံစားချက်တစ်ခုခုတော့ ပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ၁၉၅၀ ခုနှစ်မှာ ဒယ်လ်တန်နဲ့ လီလီဆိုတဲ့လူသစ်စုံထောက် နှစ်ယောက်ဟာ လူသတ်မှုတစ်ခုကို လိုက်လံစုံစမ်းကြပါတယ်။အသတ်ခံရသူက ဟဲရိုး အိုမယ်လီဆိုတဲ့ လူပါသူ့ဇနီးသည် ဆိုဖီ အိုမယ်လီဟာလည်း ပျောက်ဆုံးနေတာမို့၊ ပြန်ပေးဆွဲခံရတာဆိုပြီး ရဲဖက်က ကောက်ချက်ချထားပါတယ်။အယ်လ်တန်နဲ့ လီလီလည်း အခင်းဖြစ်နေရာကိုသွားကြရင်း ထူးဆန်တဲ့လက္ခဏာတွေ တွေ့ကြရပါတယ်။တွေ့တဲ့ သဲလွန်စအရ ဆိုဖီ့အစ်မ နော်မာစတီးလ်ရဲ့ အိမ်ကို ဆက်သွားကြပါတယ်။အဲလိုနဲ့ သဲလွန်စတွေကို လိုက်လံ့ စုံစမ်းရင်း ဒီဖက်လောကနဲ့ မတူညီတဲ့ တခြားဖြစ်တည်မှုတစ်ခုကို ရောက်သွားပါတယ်။အဲမှာက သူတို့ရဲ့ အဆိုးဆုံးအိပ်မက်ဆိုးတွေနဲ့တည်ဆောက်ထားပြီး သူတို့ လွတ်မြောက်နိုင်ဖို့ ရုန်းကန်ကြရပါတော့တယ်….. အညွှန်း နဲ့ ဘာသာပြန်ကတော့Leonard Linပဲ ဖြစ်ပါတယ်။
...

50 First Dates (2004) ⭐TMDB: 69% User Score 🎬 #Comedy #Drama #Romance 🗓 2004 🎞 tv movie 🌎 #USA #UnitedStatesofAmerica ⏰ 1 နာရီ 39 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 50 First Dates (2004) IMDb Rating (6.8) – ” မင်းရယ်နေတာလေးကို ကိုယ်သဘောကျတယ် ” – ” ရှင် ကျွန်မကို ရယ်အောင်လုပ်တာကိုလဲ ကျွန်မက သဘောကျပါတယ်” Henry Roth ဆိုတဲ့ တိ/မွေးကုဆရာဝန်တစ်ယောက်ဟာ Oahu ကျွန်းလေးပေါ်က အဏ္ဏဝါပြတိုက်တစ်ခုမှာ အလုပ်လုပ်နေပါတယ်။ သူဟာ မိန်းမအင်မတန်ပွေရှုပ်တဲ့လူတစ်ယောက်ဖြစ်ပြီး ဘယ်မိန်းကလေးကိုမှ အတည်တကျတွဲလေ့မရှိတဲ့ Womanizer တစ်ယောက်ပါပဲ။ တစ်နေ့တော့ သူဟာ ကျွန်းကိုပတ်ပြီး ရွက်လှေစီးလို့ အပန်းဖြေထွက်နေစဉ်မှာ သူ့ရွက်လှေ ပျက်သွားပါတယ်။ အဲဒီတော့ ကမ်းကိုကပ်၊ Hukilau ဆိုတဲ့ ကော်ဖီဆိုင်လေးမှာ ထိုင်ပြီး သူ့ကိုအကူအညီပေးနိုင်မယ့် ကမ်းရိုးတန်းစောင့်ရဲတပ်ဖွဲ့ကို မျှော်နေတဲ့အချိန် အိပ်မက်နတ်သမီးလေးကို သူတွေ့လိုက်ရတာပါပဲ။လှလိုက်တဲ့ မိန်းကလေးရယ်။ နတ်သမီးလေးများ ကိုယ့်ရှေ့မှာလာပြီး ကိုယ်ထင်ပြနေသလို။ ရွှေရောင်ဆံပင်လေးနဲ့၊ လိုက်ဖက်တဲ့သမင်မျက်လုံးလေးနဲ့၊ အပြစ်ကင်းစင်တဲ့ မျက်နှာလေးနဲ့၊ ဝေဖာချောင်းလေးတွေကို အိမ်လုပ်ပြီးဆော့နေတဲ့ ဒီမိန်းကလေးကို Henry တစ်ယောက် အစွဲကြီးစွဲရှာပြီ။ ဒါဟာ သူ့ရဲ့ ဘဝလက်တွဲဖော်ပဲ၊ သူအတည်တကျပေါင်းသင်းလက်ထပ်ရမယ့် အိမ်ထောင်ရှင်မပဲလို့ တစ်ထစ်ချယုံကြည်လိုက်ပြီ။နောက်တစ်နေ့မနက်မှာ Henry က Hukilau ကော်ဖီဆိုင်လေးကို ခပ်စောစောရောက်အောင်လာပြီး ကောင်မလေးကို မျှော်ပြီ။ ကောင်မလေးရောက်လာတော့ သူက ဝင်ရောပြီး သူ့ကိုယ်သူမိတ်ဆက်။ အခြေအနေက ခပ်ကောင်းကောင်း။ ကောင်မလေးက မနက်ဖြန်ကျရင်လည်း လာခဲ့ပါဦးလား။ ထပ်တွေ့ကြရအောင်ဆိုတော့ Henry တစ်ယောက်အဖို့ ဝမ်းသာလုံးတွေစို့လို့။ မနက်ဖြန်ဆိုတာကိုတောင် မြန်မြန်ရောက်ချင်လှရှာပြီပေါ့။ တကယ်တမ်းထပ်တွေ့ကြတဲ့အခါ ကောင်မလေးက သူ့ကိုလုံးလုံးမမှတ်မိ။ မနေ့ကတွေ့ဖူးတယ်ဆိုတာကို ဘယ်လိုရှင်းပြရှင်းပြ လက်မခံ။ ဘာတွေဖြစ်ကုန်တာလဲ။သူ့ကိုများ ကောင်မလေးက အကြောင်ရိုက်တာလား။ ဆိုင်ရှင်အဒေါ်ကြီးက ကောင်မလေးရဲ့ ထူးဆန်းတဲ့ရောဂါအကြောင်းကို ရှင်းပြလိုက်တဲ့အချိန်မှာတော့….။ဘယ်လောက်ပဲ ပွေရှုပ်တဲ့ယောက်ျားတစ်ယောက်ဖြစ်စေကာမူ။ မိန်းမတွေကို ဘယ်တော့မှ အတည်တကျမတွဲဘူးဆိုတဲ့ယောက်ျားတစ်ယောက်ဖြစ်စေကာမူ။ တစ်နေ့မှာတော့ သူ့နှလုံးသားက တကယ်ရူးရူးမူးမူးချစ်ရတဲ့ မိန်းကလေးတစ်ယောက်တော့ ပေါ်လာစမြဲပဲဆိုတာ ဒီဇာတ်ကားလေးက ပြသနေပါတယ်။ ဒီဇာတ်ကားမှာ Henry ရဲ့ အချစ်က ဘယ်လောက်ဖြူစင်ပြီး ဘယ်လောက်ကြီးမားတယ်ဆိုတာကို တွေ့ရမှာပါ။ဒီဇာတ်ကားမှာ မင်းသားအဖြစ် Adam Sandler က သရုပ်ဆောင်ထားပြီး မင်းသမီးနေရာကိုတော့ Drew Barrymore က သရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာPeter Segal ရိုက်ကူးတဲ့ ဒီ 50 First Dates ဆိုတဲ့ ဇာတ်ကားလေးကို ကြည့်ကြည့်ကြပါဦး။ (ရုပ်ရှင်အညွှန်းကိုMovie Locos FB Pageမှ ကူးယူဖော်ပြပါသည်။)
...

Cheat (2024) ⭐TMDB: 0% User Score 🎬 #Drama #Mystery #Thriller 🗓 2024 🎞 movie 🌎 # ⏰ 1 နာရီ 45 မိနစ် 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အလုပ်ကိုပဲ ဦးစားပေးလွန်းကာ သူမကိုအချိန်မပေးနိုင်သောကြောင့် ဇိုဝီဆိုတဲ့ အိမ်ထောင်ရှိအမျိုးသမီးတစ်ဦးဟာ ခင်ပွန်းနောက်ကွယ်မှာဖောက်ပြန်ခဲ့ပါတယ်။ တစ်နေ့မှာ သူမရဲ့တိတ်တိတ်ပုန်းချစ်သူက သူ့ကိုဒုက္ခပေးဖို့စောင့်ကြည့်နေကြောင်း သူမကိုလာပြောကာ ရုတ်တရပ်ပျောက်ကွယ်သွားပါတေဋ့တယ်။ ထိုစဉ်သူမ၏ ခင်ပွန်းဖြစ်သူကလည်း သူမအတွက်သီးသန့်အချိန်ပေးရန် ချိန်းဆိုမှုတစ်ခုလုပ်ထားပါတယ်။ ခင်ပွန်းဖြစ်သူနှင့်ချိန်းတွေ့နေစဉ်မှာ ဇိုဝီတစ်ယောက်ပြန်ပေးဆွဲခံလိုက်ရသောအခါ နောက်ကွယ်ကတရားခံက ဘယ်သူဖြစ်မလဲ ၊ဇိုဝီတစ်ယောက်လွတ်မြောက်လာနိုင်ပါ့မလား ၊ပြိုလဲနေတဲ့အိမ်ထောင်ရေးကရော ပြန်လည်အဆင်ပြေလာနိုင်ပါ့မလားကို ကြည့်ရှုခံစားရမည့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။
...

She's the Man (2006) ⭐TMDB: 68% User Score 🎬 #Comedy #Drama #Romance #Sport 🗓 2006 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 45 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 She’s the Man (2006) IMDb Rating (6.4) ဆီဘက်ရှန်းနဲ့ ဗိုင်အိုလာက အမွှာဖြစ်ပြီး ရုပ်တွေကအစတူပေမယ့် ဆီဘက်ရှန်းက ယောကျာ်းလေးဖြစ်ပြီးတော့ ဗိုင်အိုလာက မိန်းကလေးပါ။ ဗိုင်အိုလာက မိန်းကလေးဆိုပေမယ့် ဘောလုံးကန်တာ ဝါသနာကြီးပြီး ကျောင်းအသင်းမှာ ကန်ခွင့်ရဖို့က သူမရဲ့အိမ်မက်ပါ။ ဒါပေမယ့် သူတို့ကျောင်းက ဘောလုံးအသင်းမှာ ယောက်ကျားလေးတွေပဲ ကန်ရမယ် မိန်းကလေးတွေ မပါရဘူးဆိုတော့ ဗိုင်အိုလာတစ်ယောက် ယောက်ကျားလေးတွေနဲ့ တန်းတူဘောလုံးကန်ခွင့်ရဖို့ စွန့်စားပါတော့တယ်။ ဒါကတော့ သူ့အမွှာ ဆီဘက်ရှန်းယောင်ဆောင်ပြီး ယောက်ကျားလေးအဆောင်မှာ သွားနေပြီး ဘောလုံးကန်ဖို့ပါပဲ။ အဆောင်မှာ သူမနဲ့အတူနေရမယ့် အခန်းဖော်က ဂျူ့တဲ့ …သူကလဲ ယောက်ကျားလေးအခန်းဖော်ပဲထင်ပြီး နှလုံးသားရေးရာကစလို့ ဖွင့်ပြောတိုင်ပင်မိတဲ့အခါမှာတော့….ဗိုင်အိုလာနဲ့ ဂျူ့တို့ဘာဆက်ဖြစ်ကြမလဲ… ဗိုင်အိုလာရဲ့ ကျောင်းအသင်းမှာ ယောကျာ်းလေးတွေနဲ့ တန်းတူဘောလုံးကန်ခွင့်ရဖို့ဆိုတဲ့ အိမ်မက်ကရော တကယ်ဖြစ်လာနိုင်ပါ့မလားဆိုတာ…။ မင်းသား Channing Tatum က ဂျူ့အဖြစ်ပါဝင်ထားပြီး မင်းသမီး Amanda Bynes က ဗိုင်အိုလာအဖြစ် ပါဝင်ထားပါတယ်။ ဒီဇာတ်ကားက Amanda Bynes ရဲ့ မာစတာပိစ်လို့ဆိုနိုင်ပြီး ဒီထဲမှာ သူမရဲ့သရုပ်ဆောင်စွမ်းရည်တွေ တကယ်ပီပြင်ပါတယ်။ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ ဒီရုပ်ရှင်ကားလေးကိုမကြည့်ရသေးရင် ကြည့်ဖို့တိုက်တွန်းပါတယ်… ကြည့်ဖူးသမျှ Teen Comedy ဇာတ်ကားတွေထဲမှာတော့ အတော်လေးအကြိုက်ပိုမိတဲ့ဇာတ်ကားပါ။
...

Love on Retreat (2023) ⭐IMDB: 5.6/10 (256 Votes) 🎬 #Romance #TVMovie #Comedy 🗓 2023 🎞 tv movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 30 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဇာတ်လမ်းအကျဉ်းကတော့ အလုပ်မှာအရမ်းကြိုးစားတဲ့ကောင်မလေး Jennyဟာ စိတ်ဖိစီးမှုတွေနဲ့ပြည့်နေပြီး အလုပ်မှအလုပ်ဖြစ်လောက်အောင် work-life balance မမျှတဲ့သူဖြစ်နေတာပါ။ တစ်ရက်သူ့အလုပ်က အပန်းဖြေခရီးထွက်ရင်း သူ့အလုပ်ရှင် Gwen ရဲ့မောင် Nate နဲ့တွေ့ဆုံကာ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ပေါ့ပေါ့ပါးပါး‌ကြည့်ရမယ့်ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ အများကြီး Heavy thinking တွေမတွေးချင်ဘူး ပေါ့ပေါ့ပါးပါးနဲ့ကြည်ကြည်နူးနူးကားလေးတွေရှာနေတယ်ဆိုရင်တော့ ဒီဇာတ်ကားလေး‌ကိုကြည့်ဖို့အကြံပေးချင်ပါတယ်နော်။
...

Mortal Ouija (2019) ⭐IMDB: 4.1/10 (11 Votes) 🎬 #Horror #Thriller 🗓 2019 🎞 movie 🌎 #China ⏰ 1 နာရီ 23 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကားလေးဟာ2019 juneလပိုင်းမှာထွက်ထားပြီး box officeမှာ$သိန်း၇၀ကျော် ဝင်ငွေစံချိန်တင်ထားတဲ့ ထိတ်လန့်ခြောက်ခြားဖွယ်ဇာတ်ကားကောင်းတစ်ပုဒ်ဖြစ်ပါတယ်.. Ouijaကစားနည်းကိုအားလုံးရင်းနှိးပြီးကျအတိုင်းပဲ ဒီကစားနည်းလေးကိုအခြေပြုပြီးဒီဇာတ်လမ်းဖြစ်လာရပါတယ်… Onlineမှာ ဇာတ်လမ်းတိုလေးတွေပြောပြရင်းအသက်မွေးဝမ်းကျောင်းပြုနေတဲ့ single momတစ်ယောက်သူ့ရဲ့သမီးဝိန်ဝိန်နဲအတူ တိုက်ခန်းသစ်ကိုပြောင်းရွှေ့လာတဲ့အခါ.ဒီတိုက်ခန်းမှာ Ouijaရှိနေတဲ့အခါ… ဒီ Ouijaကစားမိသူတိုင်းဘယ်လိုဒုက္ခတွေကြုံတွေ့ခဲ့ရတာလဲ… သူ့ရဲ့သမီးဝိန်ဝိန်တစ်ယောက်လည်းအိပ်မက်ယောက်ယောက်ရင်း ouijaကို ကစားမိတဲ့အခါ…ဘယ်လိုဒုက္ခမျိုးတွေကြုံတွေ့ရမှာလဲ…သူတို့တွေလွတ်မြောက်နိုင်ပါ့မလားဆိုတာတွေကို ထိတ်လန့်ခြောက်ခြားဖွယ်ကြည့်ရှုရမှာပါ
...

Short Circuit (1986) ⭐TMDB: 66% User Score 🎬 #Comedy #Family #SciFi #ScienceFiction 🗓 1986 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတခါတင်ဆက်ပေးမဲ့ ၁၉၈၆ခုနှစ်ထွက် ရိုဘော့ကားလေးကတော့ အတိတ်ဘဝနေ့ရက်တွေကိုပါ ပြန်ပြောင်းသတိရစေမဲ့ကားကောင်းလေးတစ်ကားပါပဲ…… ဒီကားထဲမှာ စမ်းသပ်ခံ နံပါတ်၅စက်ရုပ်လေးဟာ လျှပ်စစ်လျှော့ဖြစ်ပြီး အသိဥာဏ်ရှိသွားတာကြောင့် လွတ်မြောက်သွားရာကနေ စွန့်စားခန်းတွေ ကယ်တင်ရတာတွေ စက်ရုပ်တွေ အသိဥာဏ်ရှိသွားရင် ဘာတွေဖြစ်လာမလဲ ဆိုတာတွေကို ဂန္ဓဝင်ဆန်ဆန်လေးကြည့်ရမှာမို့ ရှုစားလိုက်ကြပါဦးလို့
...

Depravity (2024) ⭐IMDB: 4.1/10 (370 Votes) 🎬 #Crime #Drama #Mystery #Thriller 🗓 2024 🎞 movie 🌎 #UnitedKingdom #Thailand #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 58 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါ cm ပရိသတ်ကြီးကို Crime Thriller ဇာတ်ကားလေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇတ်လမ်းကတော့ ဘောလုံးပရို လောကကနေ အနားယူပြီး လန်ကက်စတာလို့ခေါ်တဲ့ အိမ်ရာအဆောက် အဦးကို အသစ်ရောက်ရှိလာတဲ့ အဲလက်စ်ဆိုတဲ့ ကောင်လေးက မျက်နှာချင်းဆိုင် အခန်းဖော် ကျောင်းသူနှစ်ယောက်ဖြစ်တဲ့ ဥပဒေကျောင်းသူ ဂရေ့စ်နဲ့ အာရီယာဆိုတဲ့ အနုပညာမေဂျာ ကျောင်းသူတို့နဲ့ အဖွဲ့ကျ ခင်မင်သွားကြပါတယ်။ အခန်းမှာနေပြီး မကြာခင် အဲလက်စ် သတိထား မိတာက သူတို့နဲ့ တစ်ထပ်တည်းမှာ နေပြီး ဂရေ့စ်တို့အခန်းနဲ့ ကပ်လျက်နေတဲ့ ကားလ်အဲဗားဆိုတဲ့ ထူးဆန်းတဲ့သူ တစ်ယောက်ကိုပါ။ အဲဒီသူက ဘယ်သူနဲ့မှ အရောတဝင် မနေသလို သူ့ရဲ့ အခန်းကိုလည်း ထူးဆန်းတဲ့ပုံစံနဲ့ ဧည့်သည်တွေ ဝင်ထွက်လေ့ရှိတာပါပဲ။ နောက်ပြီးတော့ သူတို့ရပ်ကွက်မှာ မိန်းကလေးငယ်တွေ ပျောက်ဆုံးမှု မကြာခဏဖြစ်တာကြောင့် ကွင်းဆက် လူသတ်သမား ရှိနေတယ်ဆိုပြီး ရဲတွေကတောင် မှတ်ချက်ပေးထားကြပါတယ်။ ဒီတော့ ထူးဆန်းတဲ့ အိမ်နီးချင်းကို သင်္ကာမကင်း ဖြစ်လာတဲ့ အဲလက်စ် တစ်ယောက် ဂရေ့စ်တို့နဲ့အတူ သုံးယောက်သား အဲဒီလူရဲ့ အိမ်ထဲကို မျက်နှာကျက်ကနေ တစ်ဆင့် ဖောက်ထွင်း ဝင်ရောက် စုံစမ်းဖို့  ကြိုးစား ကြပါတယ်။ သူတို့တွေ ကားလ်အခန်းထဲကို ရောက်တဲ့အချိန်မှာ သူတို့ မထင်တားတဲ့ အရာတွေကို အခန်းထဲမှာ တွေ့လိုက်တဲ့အခါမှာတော့
...

She’s so curious about the manager- Mami Mashiro (FSDSS-874-Decensored) ⭐- 🎬 #Adult 🗓 - 🎞 Series 🌎 #Japan ⏰ 2 နာရီ 5 မိနစ် 14 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Mami Mashiro ဆိုတာ JAV လောကထဲဝင်လာတာမကြာသေးတဲ့ ၂၀၂၄ မင်းသမီးတွေထဲက တယောက်ပါပဲ.. ဝိုင်းစက်နေအောင်လှတဲ့ အပြစ်ကင်းတဲ့မျက်နှာလေးနဲ့ ချစ်စရာကောင်းသူလေးပါ။ FSDSS-874-Decensored ဒီဇာတ်လမ်းမှာတော့ သူမကို ခပ်ကြမ်းကြမ်းစရိုက်နဲ့ မြင်တွေ့ရမှာဖြစ်ပြီး ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ မလိုက်ဖက်အောင် စပ်စလူးစိန်နေရာကနေ ရိုက်ကူးထားပါတယ်။ JAV ဆိုတာ အာသာပြေစိတ်ကူးယဉ်ဇာတ်လမ်းတွေမလို့  ဒီတိုင်းထွက်ပေါက်တစ်ခုအနေနဲ့ပဲ ခံစားမယ်ဆို အဆင်ပြေပါတယ်။ (Dark Side Production မှ တင်ဆက်သည်။)
...

Carved (2024) ⭐IMDB: 4.4/10 (1 k Votes) 🎬 #Comedy #Horror 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 57 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဟောလိုးဝင်း နီးလာပြီဆိုတော့ cm ပရိသတ်ကြီးကို Halloween Vibe အပြည့်ရစေမယ့် Monster Horror ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ၁၉၉၃ ခုနှစ် ဝန်းကျင် စီဒါခရိခ်က ကျေးလက်ရွာလေး တစ်ရွာအနီးမှာ ဓာတုဗေဒအဆိပ်တွေ တင်ဆောင်လာတဲ့ ရထားတစ်စီးဟာ လမ်းချော်ပြီး တိမ်းမှောက်ကာ အဆိပ်တွေဟာ ရထားလမ်းပတ်ဝန်းကျင် အကွာအဝေးကျယ်ကျယ်ပြန့်ပြန့်ကို ထိစပ်ပျံ့နှံ့ပြီး လူတွေအမြောက်အများ သေဆုံးခဲ့ရပါတယ်။ တစ်နှစ်ကြာပြီးတဲ့အခါမှာ ဒီခြောက်ကပ်နေတဲ့ ကျေးလက်ရွာလေးကို ပြန်လည် စည်ကားလာစေဖို့ သဘောနဲ့ ဟောလိုးဝင်းအကြို ဖရုံသီးပွဲတော် ကျင်းပဖို့ စီစဉ်ကြပါတယ်။ ပွဲတော်ချိန် ညဦးပိုင်းမှာ ဖရုံသီး အရုပ်ထွင်းပြိုင်ပွဲ ကျင်းပပြီး အမြန်ဆုံးနဲ့ လက်ရာအကောင်းဆုံး ထွင်းနိုင်တဲ့သူကို ဒေါ်လာ၅၀ ဆုချမှာပါ။ ပြိုင်ပွဲစဖို့ ဓားတွေစကိုင်ပြီး အရုပ်ထွင်းကြတဲ့အချိန်မှာပဲ မမျှော်လင့်ထားတဲ့ ကြောက်မက်ဖွယ် သတ္တဝါကြီး အသက်ဝင်လာပြီးတော့ ပြိုင်ပွဲဝင်တွေကို အငြိုးတကြီးနဲ့ တိုက်ခိုက်ပါတော့တယ်။ ဘယ်သူတွေ ရှင်ကျန်ပြီး ဘယ်လိုမျိုး ဒီသတ္တဝါကြီးကိုနှိမ်နင်းရမလဲ ဆိုတာကိုတော့ အားပေးကြည့်ရှုလိုက်ကြပါဦးခင်ဗျ။
...

Glengarry Glen Ross (1992) ⭐TMDB: 74% User Score 🎬 #Crime #Drama #Mystery 🗓 1992 🎞 Series 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 41 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb – 7.7/10 နဲ့ Rotten Tomatoes – 95% အထိ ရရှိထားတဲ့ Old but Gold လေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ “ပူလစ်ဇာ” ဆုရ ပြဇာတ်တစ်ပုဒ်ကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းထားတာပါ။ ရုပ်ရှင်မှာလည်း Oscar nomination တစ်ခု အပါအဝင် ဆုပေါင်း ၈ ဆု ရရှိခဲ့ပြီး ၁၄ ဆု ဇကာတင်ချိတ်ခဲ့တာမို့ ၁၉၉၀ ခုနှစ်တစ်ဝိုက် အကောင်းဆုံးရုပ်ရှင်တွေထဲက တစ်ခုအဖြစ် သတ်မှတ်ခြင်းခံထားရပါတယ်။ Cast မှာလည်း Godfather ကြီး Al Pacino, Horrible Boss ကြီး Kevin Spacey, The Rock ရုပ်ရှင်ထဲက နှလုံးလှလူမိုက်ကြီး Ed Harris တို့အပါအဝင် ဟောလိဝုဒ်ရဲ့ထိပ်တန်းမင်းသား/ဇာတ်ပို့ သရုပ်ဆောင်တွေချည်း အသုံးပြုထားတာမို့ ကြည့်ရတာ အင်မတန်မှ စီးစီးပိုင်ပိုင်ရှိလှမှာပါ။ • ဇာတ်လမ်းအကျဉ်း • ဇာတ်လမ်းကတော့ အိမ်ခြံမြေအရောင်းကိုယ်စားလှယ် လေးယောက်ရဲ့ဘဝထဲက နှစ်ရက်တာအတွင်း ဖြစ်ပျက်သွားတဲ့အကြောင်းအရာတွေပါ။ ပြောရရင် သူတို့ရဲ့အေဂျင်စီက လတ်တလော အင်မတန်အရောင်းထိုင်းနေပါတယ်။ မြေကွက်တွေက ဘယ်လိုရောင်းရောင်း မထွက်တာမို့ အကြံအိုက်နေကြတုန်းမှာ၊ အေဂျင်စီပိုင်ရှင်တွေဆီကနေ တစ်ပါတ်အတွင်း ရောင်းအားအကောင်းဆုံးကိုယ်စားလှယ် နှစ်ယောက်ကလွဲလို့ ကျန်တဲ့လူတွေ အကုန်အလုပ်ဖြုတ်မယ်ဆိုတဲ့ တစ်ချက်လွှတ်အမိန့်ကျလာတဲ့အခါ… ထမင်းအိုးမကွဲဖို့အရေး ဒီလေးယောက် ဘယ်လိုတွေရုန်းကန်ရမလဲ၊ ဉာဏ်နီ ဉာဏ်ဝါ ဉာဏ်ရောင်စုံဖြာပြီး တစ်ယောက်နဲ့တစ်ယောက် ဘယ်လို‌တွေကျော်ကြ ခွကြမလဲဆိုတာကို Al Pacino တို့တစ်သိုက်ရဲ့ သဘာဝကျလှတဲ့ သရုပ်ဆောင်ချက်တွေနဲ့အတူ ဖန်သားပြင်ပေါ်မှာ ဆက်လက်ရှုစားပေးကြပါဦးခင်ဗျာ။
...

Tomb Raider: The Legend of Lara Croft (2024) ⭐IMDB: 5.3/10 (5 k Votes) 🎬 #Action #Adventure #Animation #Fantasy #Thriller 🗓 2024 🎞 tv series 🌎 #Japan #UnitedStates #UnitedStatesofAmerica ⏰ 27 မိနစ် 22 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Tomb Raider ဆိုတာ အတော်များများရင်းနှီးပြီးသား ဇာတ်လမ်းလေးပါပဲ ဒီကားလေးကတော့ ခရော့တ်ရဲ့သမီး လာရာခရော့တ်ဇတ်ကြောင်းလေးကိုတင်ဆက်ထားတာပါ…… ရှေးဟောင်းပစ္စည်းတွေ လိုက်ရှာနေတဲ့ ခရော့တ်ဆုံးပါးသွားတော့ သူ့သူငယ်ချင်း နဲ့ သူ့ရဲ့ သမီး လာရာခရော့တ်တို့က ဆက်ပြီးရှာဖွေခဲ့ကြပါတယ် အဲဒါနဲ့ သူ့အဖေရှာနေခဲ့တဲ့ သေတ္တာဘူးလေးကို ချီလီမှာသွားတွေ့ခဲ့ပါတယ် နောက်ပိုင်း စွန့်စားခန်းတစ်ခုမှာ ခရော့တ်ရဲ့ သူငယ်ချင်းဆုံးပါးသွားတာကို လာရာက သူ့ကြောင့်ပါဆိုပြီး အပြစ်တင်ရင်း အရင်လိုပြန်မဖြစ်တော့ပါဘူး…. အဲဒီလိုနဲ့ သူ့အဖေပစ္စည်းတွေကို ပြတိုက်ဆီလှူဒါန်းတဲ့ညမှာပဲ သူခိုးတစ်ယောက်က အိမ်ဖောက်ဝင်ပြီး သူချီလီမှာရှာတွေ့သွားတဲ့ သေတ္တာဘူးလေးကိုခိုးသွားတဲ့နောက်မှာတော့ လာရာတစ်ယောက် ထပ်မံပြီး စွန့်စားခန်းပြန်ဖွင့်ရပါတော့တယ် ဆက်တင်ကောင်းကောင်း ဇာတ်လမ်းကောင်းကောင်းနဲ့ Animation လေးကြည့်ချင်ရင်တော့ လက်မလွှတ်သင့်တဲ့ကားမျိုးပါပဲ……. File size…(630 Mb)/(290 Mb)Quality….Webrip 1080p / 720pFormat… mp4Duration…. 00:30:00Genre… Adult Animation, Anime, Action, Adventure, Animation, Fantasy, ThrillerSubtitle….Myanmar Subtitle (Hardsub)Encoded & Translated by ….Garfield Download Links Season 1 Episode 1 720p  –Telegram/Yoteshin/Gdtot/Megaup/Usersdrive/Streamsb Episode 1 1080p  –Yoteshin/Megaup/Gdtot/Usersdrive Episode 2 720p  –Telegram/Yoteshin/Gdtot/Megaup/Usersdrive/Streamsb Episode 2 1080p  –Yoteshin/Megaup/Gdtot/Usersdrive ကျန်အပိုင်းများဆက်လက်တင်ဆက်ပေးသွားပါ့မယ်
...

Classified (2023) ⭐IMDB: 5.3/10 (203 Votes) 🎬 #Drama 🗓 2023 🎞 tv series 🌎 #UnitedStates #SouthAfrica #UnitedStatesofAmerica ⏰ 50 မိနစ် 23 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အယ်လာဆိုတဲ့ ကောင်မလေးဟာ သူနေထိုင်တဲ့ Oakland မြို့က နိုင်ငံရေးဆန္ဒပြပွဲမှာ ပြစ်ဒဏ်ကြီးမားနိုင်မဲ့ ကိစ္စတစ်ခုကို လုပ်လိုက်မိတယ်။ ဒါကြောင့် သူ့ရဲ့ မိခင်ဖြစ်သူက အာဖရိကမှာ ရှိတဲ့ သူ့အဖေနဲ့ နောက်မိန်းမဆီကို ခဏသွားရှောင်ဖို့ အယ်လာ့ကို လွှတ်လိုက်ပါတယ်။ မိခင်အရင်းဖြစ်သူနဲ့ပဲ နေချင်တဲ့ အယ်လာဟာ အာဖရိကကနေ အမေရိကကို ပြန်ဖို့ နည်းအမျိုးမျိုးနဲ့ ကြိုးစားပါတယ်။ ဒါပေမဲ့ ဖခင်ရဲ့ နောက်မိန်းမဖြစ်သူကလည်း ခေသူမဟုတ်တဲ့ စီအိုင်အေက အကြီးအကဲတစ်ယောက်ဖြစ်နေတော့ အယ်လာ ထွက်ပြေးမယ်ကြံတိုင်း အကြံက မအောင်ခဲ့ပါဘူး။ နောက်တော့ အိမ်ပြန်ရဖို့ မရမကကြိုးစား‌နေတဲ့ အယ်လာ့ကို သူ့မိထွေးက အပေးအယူတစ်ခု လုပ်ခဲ့ပါတယ်။ အပေးအယူကတော့ စီအိုင်အေက အမှုတစ်ခုမှာ ပါဝင်ကူညီပေးရင် အိမ်ပြန်ရမယ်ဆိုတဲ့ ကတိပါပဲ။ ဒီလိုနဲ့ အယ်လာသာ အကြီးအကဲတွေရဲ့ သားသမီးတွေပဲ တက်တဲ့ ကျောင်းမှာတက် သူ့မိထွေးအတွက် စပိုင်လုပ်ပေးရင်း နိုင်ငံရေး ပြဿနာတွေကြားကို ဝင်ပါမိပါတော့တယ်။
...

City of God: The Fight Rages On (2024) ⭐IMDB: 7.4/10 (1 k Votes) 🎬 #Drama #Crime 🗓 2024 🎞 tv series 🌎 #Brazil #UnitedStatesofAmerica ⏰ 47 မိနစ် 4 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းတွဲလေးကတော့ Paulo Lins ရေးသားတဲ့ မှုခင်းဝတ္ထုရှည်ကို မှီငြမ်းပြီးတော့ ၂ဝဝ၂ မှာ ရိုက်ကူးထွက်ရှိခဲ့တဲ့ City of God (ဘုရားသခင်မြို့တော်) ဆိုတဲ့ နာမည်ကျော် ပေါ်တူဂီမှုခင်းဇာတ်လမ်းရဲ့ နောက်ဆက်တွဲ ဇာတ်လမ်းတွဲအဖြစ် ၂ဝ၂၄ မှာ ထွက်ရှိလာတာဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာတော့ ၂ဝဝ၂ ရဲ့ ဇာတ်လမ်းထဲက အဖြစ်အပျက်တွေပြီးတဲ့နောက် နှစ်ပေါင်း ၂ဝ အကြာမှာ ဇာတ်အိမ်တည်ထားတာဖြစ်ပြီးတော့ ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော်ကတော့ မှုခင်းသတင်းထောက် ရော့ကတ် (အမည်ရင်း – ဝီလ်ဆန် ရော့ဒရစ်) ပဲဖြစ်ပါတယ်။ ဝီလ်ဆန်တစ်ယောက် သက်လတ်ပိုင်းအရွယ်မှာ သူကြီးပြင်းခဲ့တဲ့ ဘရားဇီးနိုင်ငံ ရီယို ဒီဂျနဲရိုမြို့က ဆင်းရဲသားရပ်ကွက်တဖြစ်လည်း ဘုရားသခင်မြို့တော်ကို မှုခင်းသတင်းထောက်အနေနဲ့ ပြန်ရောက်လာခဲ့ပါတယ်။ ဇာတ်လမ်းတွဲတလျှောက်လုံးမှာ ဝီလ်ဆန်တစ်ယောက် ရာဇဝတ်သားတွေ၊ သူခိုးဂျပိုးတွေ၊ ဂိုဏ်းတွေ၊ လာဘ်ပေးလာဘ်ယူ လက်မရွံ့စစ်သားတွေ၊ နိုင်ငံရေးအမြတ်ထုတ်မှုတွေကြားမှာ‌ သူတို့ရဲ့ ဆင်းရဲသား ဆင်ခြေဖုံးရပ်ကွက်ကလေး မြေစာပင်ဖြစ်ပြီး နင်းပြားဘဝရောက်ရပုံကို narrate လုပ်ပြထားတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ လက်ရှိမီယမ်မာနိုင်ငံလည်း ဒီအတိုင်း ထူးမခြားနား ဖြစ်လို့ ရင်ဘတ်ချင်းထပ်တူကျမှာပါ။ ဘာသာပြန်ဆိုသူကတော့ Matteo ဖြစ်ပါတယ်။
...

Tales of the Teenage Mutant Ninja Turtles (2024) ⭐IMDB: 6.9/10 (765 Votes) 🎬 #Animation #Action #Adventure #SciFi #Fantasy #Comedy #Family 🗓 2024 🎞 tv series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 23 မိနစ် 38 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကျွန်မတို့ ငယ်ငယ်က လိပ်နင်ဂျာကားကို လူတ်ိုင်းကြည့်ဖူးကြပါတယ် အဲ့မှာတော့ Live actionလို့ခေါ်လို့ရတာပေါ့ ပြီးတော့ ဇာတ်အိမ်က အရင်ခိုင်ပြီး seriousဆန်ပါတယ် အခု ၂၀၂၄မှာ ထွက်ရှိလာတဲ့ animated လိပ်နင်ဂျာကားကတော့ ပေါ့ပေါ့ပါးပါးနဲ့ ဟာသဆန်ဆန်ကြည့်ရမှာပါ ဒီဇာတ်လမ်းအစမှာက လိပ်နင်ဂျာတို့ဟာ ကိုင်းဂျူးတစ်ကောင်ကို နှိမ်နင်းပြီးမြို့ရဲ့ နာမည်ကျော်သူရဲကောင်းတွေဖြစ်လာခဲ့ပါတယ် လူငယ်တွေပီပီ လူတွေကြားရေပန်းစားရတာကို အရမ်းကြိုက်ခဲ့ပါတယ် တစ်နေ့မှာတော့ သူတို့တွေ ပါတီသွားမလို့လုပ်တုန်း သန္ဓေပြောင်းတစ်ကောင်အချက်ပြတာတွေ့တာကြောင့်သွားတဲ့အခါမှာတော့ ထင်မှတ်မထားတဲ့တိုက်ခိုက်မှုကြောင့် လိပ်နင်ဂျာတွေတစ်ယောက်တစ်ကွဲစီဖြစ်သွားကြပါတယ် အဖွဲ့လိုက်ပဲအမြဲလှုပ်ရှားခဲ့တဲ့သူတို့ဟာ မျှော်လင့်မထားတာတွေနဲ့ကြုံတဲ့အခါ တစ်ယောက်တည်းတိုက်ကြဖို့ ယူံကြည်ချက်မရှိကြတော့ပါဘူး အဲ့တော့သူတို့တွေဘယ်လိုရင်ဆိုင်ကြမလဲ သူတို့ကိုတိုက်ခိုက်တဲ့သန္ဓေပြောင်းကောင်ကရောဘာလဲဆိုတာ စောင့်မျှော်ကြည့်ရှူလိုက်ကြပါဦး
...

Love in the Big City (2024) ⭐IMDB: 7.7/10 (204 Votes) 🎬 #Romance #Drama #Comedy 🗓 2024 🎞 movie 🌎 #SouthKorea ⏰ 50 မိနစ် 19 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Love In The Big City (2024)**************************** စ/ဆုံး Love in the Big City (2024) အခုတစ်ခါမှာတော့ BL genre ကြိုက်သူတွေအတွက်… ဂင်ချီမြေက ဇာတ်လမ်းတွဲလေးကောင်းလေးတစ်ခုဖြစ်တဲ့.. Love in the Big City ယနေ့ထွက် ဇာတ်ကားလေးတင်ပေးလိုက်ပါတယ်။ အဓိက သရုပ်ဆောင်တွေအနေနဲ့ The King’s Affection ထဲက မင်းသား Nam Yoon Su နဲ့ … Shooting Stars ထဲမှာ ဂင်ယောင်းဒယ်ရဲ့မန်နေဂျာအဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသား Jin Ho Eun… Law School ကားထဲက မင်းသမီး Lee Soo Kyung တို့အပြင်… ဇာတ်လမ်းတွဲတော်တော်များများမှာ အမေနေရာကနေ သရုပ်ဆောင်ထားတဲ့… မင်းသမီးကြီး Oh Hyung Kyung နဲ့အတူ အခြားသရုပ်ဆောင်ပေါင်းများစွာ ပါဝင်ထားကြပါတယ်။ ဇာတ်လမ်းအကျဉ်း————— လိင်တူစိတ်ဝင်စားသူ တစ်ဦးဖြစ်တဲ့ ဂိုယောင်း (Nam YoonSu) ဟာ… တခြားပုံမှန်လူတွေလိုမျိုး ဂယူဟို(Jin Ho Eun) နဲ့တွေ့ဆုံပြီးနောက်မှာ… ဖြူစင်တဲ့အချစ်ဆိုတာကို ခံစားလာမိတဲ့သူတစ်ဦးပါ။ ဒါပေမဲ့လည်း… အမေဖြစ်သူရဲ့ ကန့်ကွက်မှု ပတ်ဝန်းကျင်ရဲ့ အထင်အမြင်သေးမှုတွေကြောင့်.. ဂယူဟိုကို လက်လွှတ်ဖို့ဖြစ်လာတဲ့အခါ…ဂိုယောင်းတစ်ယောက် မိုးရာသီမှာ.. သူစိမ်းတစ်ယောက်နဲ့အတူ ထိုင်းနိုင်ငံသို့ ခရီးထွက်လာပြီး… သူ့အတိတ်က နေ့ရက်တွေကိုပြန်တမ်းတရင်း.. ကိုယ့်ကိုယ်ကိုယ် အောင်မြင်အောင်.. ဘယ်လိုကြိုးစားသွားမလဲ ဂိုယောင်းရဲ့အချစ်ဇာတ်လမ်းကရော ဘယ်လိုဖြစ်သွားမလဲ.. သူ့အမေကရော ဂိုယောင်းရဲ့ လိင်စိတ်တိမ်းညွတ်မှုကို လက်ခံပေးသွားမလားဆိုတာ… ဒီီဇာတ်လမ်းတွဲလေးမှာစောင့်မျှော်ကြည့်ရှူပေးကြပါဦးနော်။ ဇာတ်လမ်းအညွှန်းကို Theint မှ ရေးသားပေးထားပါတယ်
...

A Very Royal Scandal (2024) ⭐IMDB: 7.2/10 (2 k Votes) 🎬 #Drama 🗓 2024 🎞 tv mini series 🌎 #UnitedKingdom ⏰ 1 နာရီ 2 မိနစ် 1 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb Rating – 7.2 /10, Rotten Tomatoes 82% ဒီတစ်ခါတင်ဆက်ပေးမယ့် Historical drama ကတော့ ၂၀၁၉ ခုနှစ်မှာ BBC ရဲ့ နာမည်ကျော်ဂျာနယ်လစ် Emily Maitlis က Prince Andrew ရဲ့ scandal နဲ့ပတ်သက်ပြီး သူမရဲ့ နယူးစ်နိုက်ဆိုတဲ့ ပရိုဂရမ်မှာ တော်ဝင်မင်းသားကို ၁ နာရီကြာ အင်တာဗျူးခဲ့တဲ့အကြောင်း ဖြစ်ပါတယ်။ Mini-series ဖြစ်တဲ့အတွက် အပိုင်း ၃ ပိုင်းပဲပါရှိမှာ ဖြစ်ပြီး ဒီ scandal ဟာဆိုရင် ဘက်ကင်ဟမ်နန်းတော်ဘက်က ကောင်းကောင်းမကိုင်တွယ်လိုက်နိုင်တဲ့ ဒုတိယမြောက် scandal လို့တောင်ခေါ်ဆိုလို့ရပါတယ်။ ပထမမြောက်ကတော့ အားလုံးသိကြတဲ့အတိုင်း မင်းသမီးဒိုင်ယာနာရဲ့ scandal ပါ။ Prince Andrew က ‘ဂီလိန်းမက်စ်ဝဲလ်’ဆိုတဲ့သူငယ်ချင်းကနေတဆင့် အမေရိကန်လူမျိုး မီလျံနာငွေရှင် ‘ဂျက်ဖရီအပ်စတင်း’ဆိုသူနဲ့ ၁၉၉၉ ခုနှစ်မှာ စတင်သိကျွမ်းပြီး ခင်မင်ရင်းနှီးခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ အပ်စတင်းက အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာမှောင်ခိုကူးမှုနဲ့ ဖမ်းခံလိုက်ရတဲ့အခါ…… မက်စ်ဝဲလ်နဲ့ အပ်စတင်းတို့က မိတ်ဆက်ပေးခဲ့တဲ့ ‘ဗာဂျီနီယာဂျူဖရေး’ဆိုတဲ့ ၁၇ နှစ်အရွယ်မိန်းကလေးက သူမကို တော်ဝင်မင်းသားက အလိုမတူဘဲ သားမယားပြုကျင့်ခဲ့ပါတယ်ဆိုပြီး မီဒီယာတွေကို ထုတ်ပြောခဲ့တာ အတော်လေးကြာခဲ့ပေမယ့် နန်းတော်ဘက်က တောက်လျှောက်ဆိုသလိုငြင်းဆိုချက်ထုတ်ခဲ့ပေမယ့်….. အပ်စတင်းက အမေရိကန်က ထောင်ထဲမှာပဲ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သွားပြီးနောက် ဘီဘီစီက အဲ့ဒီသတင်းနောက်ကို လိုက်လာတဲ့အကြောင်း ကြည့်ရှုရမှာပါ။ ဖြစ်ရပ်မှန် Historical Drama တွေကို ကြိုက်နှစ်သက်သူတွေအဖို့ ဒီစီးရီးကလည်း နောက်ထပ် အကြိုက်တွေ့စရာစီးရီးတစ်ခု ဖြစ်လိမ့်မယ်လို့ပဲ ညွှန်းဆိုလိုက်ပါရစေ။ Emily Maitlis အဖြစ် မင်းသမီး Ruth Wilson နဲ့ Prince Andrew နေရာမှာတော့ မင်းသား Michael Sheen တို့ကပါဝင်သရုပ်ဆောင်ထားပါတယ်။
...

Blue Lock (2022) ⭐IMDB: 8.2/10 (16 k Votes) 🎬 #Animation #Action #Adventure #Drama #Sport #Thriller 🗓 2022 🎞 Series 🌎 #Japan ⏰ 23 မိနစ် 43 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDB – 8.2/10, MyAnimeList – 8.2/10 “ဘောလုံး Anime ဆိုပေမဲ့ ဘောလုံး Anime မဟုတ်ပြန်တဲ့ စီးရီး” ကြားရတာ နားရှုပ်သွားသလား ဒီလိုပါ။ ဘောလုံး ဦးစားပေးဆိုပေမဲ့ MC က အစပိုင်း အရည်အချင်းမရှိ အတင်းတွေကြိုးစား အားကစားပြိုင်ပွဲတွေမှာ စိတ်လှုပ်ရှားစရာ တက်ညီလက်ညီအနိုင်ယူ ဖလားရ အဆုံးသတ်၊ ဒီလိုဇာတ်လမ်း မဟုတ်ဘူး။ သိတဲ့အတိုင်း Japan Anime ပါ၊ ဇာတ်လမ်းက ဘောလုံးအကြောင်းဆိုပေမဲ့ သူများထက်တော့ ထူးခြားနေရမယ်မဟုတ်လား။ ဘာလို့လဲဆိုတော့ ဇာတ်လမ်းအကျဉ်းက Blue Lock ဆိုတဲ့ အဖွဲ့အစည်းတစ်ခုက သူတို့ ဂျပန်နိုင်ငံအသင်း ကမ္ဘာ့ဖလားကို အနိုင်ယူဖို့ဆိုရင် ဒီလိုမျိုး အစီအစဉ် စီမံကိန်းတွေ လုပ်ဆောင်ရမယ်တဲ့။ လူကြီးတွေကို ပြကြည့်တော့ သောက်တလွဲပေါ့ ဘယ်လိုလုပ်ဖြစ်နိုင်မှာတုန်းတို့ ရူးနေတာလားပေါ့။ ဦးဆောင်နေတဲ့လူကလည်း ရူးကြောင်ကြောင်နဲ့ Ego ဆိုတဲ့လူ။ စီမံကိန်းက ဘာလဲဆိုတော့ ဂျပန်နိုင်ငံက အသီးသီး ထူးချွန်နေကြတဲ့ လူငယ်တိုက်စစ်မှူးတွေချည်း အယောက် ၃၀၀ ခေါ်ပြီး ကမ္ဘာ့အတော်ဆုံး တိုက်စစ်မှူးဖြစ်အောင် စခန်းသွင်းမှာ ဒါပေမဲ့ သူက လူတွေကို တဖြည်းဖြည်း ဖြုတ်ချသွားပြီး ဖြုတ်ချခံရတဲ့လူတွေကလည်း နောင်အနာဂတ် ဂျပန်အမျိုးသားဘောလုံးအသင်းနဲ့ မပတ်သက်ရတော့ဘူး။ ဒီလိုမျိုးဆိုတော့ အကုန်လုံး အတ္တဆန်ဆန်ပဲ ရှင်သန်နိုင်ဖို့အတွက် အများအကျိုးတွေ အသင်းအဖွဲ့စိတ်ဓာတ်တွေ မရှိပဲ ရုန်းကန်ကြရမယ့် နေရာမျိုး။ အဲဒါ Isagi ဆိုတဲ့ အဆင့်ဘိတ်ချေးနား ကပ်နေတဲ့ကောင်လေးတစ်ယောက် ဒီ Blue Lock စခန်းကြီးထဲမှာ ဘယ်လို ရုန်းကန်လှုပ်ရှားမလဲ…။ Sport Anime သာပြောတယ် ပွဲကန်တဲ့အချိန်တွေဆို Battle Royale စတိုင် ကိုယ်စီအစွမ်းတွေ ထုတ်ပြီး တိုက်ခိုက်ရေး Scene တွေ ကြည့်နေရသလားပဲ။ အကုန်လုံးကလည်း တိုက်စစ်မှူးတွေချည်းဆိုတော့ ၁၁ ယောက် ဘယ်လိုကစားကြမလဲ တစ်ယောက်စီက ဘယ်လိုတွေ ထူးချွန်ပြီး ဘယ်လိုတွေ အသုံးချမှာလဲ မင်းသားပါဝါက ဘာတွေလဲဆိုပြီး ဇာတ်လမ်းက တောက်လျှောက် ခေါ်သွားတဲ့ Anime။ အထူးခြားဆုံးက မျက်လုံးတွေကို ဆွဲထားတဲ့လက်ရာတွေပေါ့။ နောက်ပြီး Manga စထွက်တုန်းက အောင်မြင်တယ် မအောင်မြင်တယ် ၂၀၂၂ ကမ္ဘာ့ဖလားတုန်းက ဂျပန်အမျိုးသားအသင်းအကျီတောင် Adidas နဲ့ ပူးပေါင်းပြီး Blue Lock ဆီက Inspiration ယူခဲ့ကြတာ။ ပြောနေတာ ကြာပါတယ် အခုဆို S2 လည်း ထွက်နေပြီဆိုတော့ အကုန်တောက်လျှောက်မနားတမ်း ကြည့်ရဖို့သာ ပြင်ထားကြပေတော့ဗျာ။
...