uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку 👈

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закритий канал

🚩 Channel was restricted by Telegram

Показати більше
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
Shining for One Thing (2023) ⭐TMDB: 0.0% User Score 🎬 #Drama #Romance #Fantasy 🗓 2023 🎞 movie 🌎 #China ⏰ 1 နာရီ 47 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 C Drama ပရိသတ်ကြီးအတွက် လူငယ်အချစ်ဒရာမာလေးတစ်ကား CMမှတင်ဆက်ပေးလိုက်ပါတယ်။ဒီကားလေးက သာမန်ကျောင်းသားကားတွေနဲ့မတူတဲ့ စိတ်ကူးယဉ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ဇာတ်လမ်းလေးကတော့အထက်တန်းကျောင်းသားလေးတစ်ယောက်ဟာတက္ကသိုလ်ဝင်ခွင့်စာမေးပွဲပြီးရင်သူတစ်ဖက်သတ်ချစ်နေခဲ့ရတဲ့ကောင်မလေးကိုဖွင့်ပြောမယ်လို့ဆုံးဖြတ်ခဲ့တယ်။ ဒါပေမယ့် ရှိုးပွဲတစ်ခုမှာမတော်တဆပေါက်ကွဲသွားပြီးတော့ပြန်ဖြည့်ဆည်းမရနိုင်တဲ့နောင်တတွေရခဲ့တယ်။ ဒါပေမယ့်ရုတ်တရက်သူနိုးလာတော့ ကျောင်းသားလေးကအတိတ်ကိုပြန်ရောက်သွားတာကိုသိလိုက်ရတယ်။ ဒီလိုနဲ့ နွေရာသီကျောင်းပိတ်ရက်မှာ ချစ်သူကိုကာကွယ်ဖို့ကြိုးစားရင်တိတ်တခိုးအချစ်ကို ဖွင့်ဟနိုင်ဖို့သတ္တိတွေမွေးလာခဲ့ပါတယ်။ဒါပေမယ့် ဒီအရာတွေအားလုံးကသူထင်သလိုရိုးရှင်းနိုင်ပါ့မလား……လူငယ်လေးရဲ့ဆန္ဒတွေကိုပြည့်ဝအောင်လုပ်နိုင်ပါ့မလား……သူ့ရဲ့တစ်ဖက်သက်အချစ်ကရော လှပတဲ့အဆုံးသတ်ရှိပါ့မလား
...

The Creeping (2022) ⭐IMDB: 4.5/10 (272 Votes) 🎬 #Horror 🗓 2022 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 35 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Anna ဆိုတဲ့ အမျိုးသမီးဟာ Alzheimer ဖြစ်နေတဲ့ အဖွားကို စောင့်ရှောက်ဖို့ အတွက် သူငယ်စဉ်က ကြီးပြင်းခဲ့တဲ့ ကျေးလက်က နေအိမ်ကို ပြန်လာခဲ့ပါတယ်။ အဖွားဖြစ်သူရဲ့ မှတ်ဉာဏ်က အတော်ချို့ယွင်းနေပြီး မြေးဖြစ်သူ Annaကိုမမှတ်မိတော့ဘဲ သမီးဖြစ်သူ Maggieနဲ့ပဲ လူမှားနေခဲ့တာပါ။ အိမ်ကို Anna ပြန်ရောက်ထဲက ညတိုင်း ဆက်တိုက်ဆိုသလို ထူးဆန်းတာတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ Annaရဲ့ အမေဖြစ်သူရော အဖိုးဖြစ်သူရော ဒီအိမ်မှာပဲ ဆုံးပါးသွားခဲ့ကြတာပါ။ ဒီလိုနဲ့ အဲ့ဒီအိမ်မှာ ဘာဖြစ်သလဲဆိုတာကို Anna ကိုယ်တိုင် သိလာရတဲ့အခါ…. ။ သရဲကားလည်း ကြည့်ချင်တယ်၊ သရဲလည်း ကြောက်တဲ့ သူတွေအတွက် ဒီရုပ်ရှင်က အဆင်ပြေမှာပါ။
...

The Cry of the Owl (2009) ⭐TMDB: 58.0% User Score 🎬 #Drama #Mystery #Thriller 🗓 2009 🎞 movie 🌎 #Canada #France #Germany #UnitedStatesofAmerica ⏰ 1 နာရီ 40 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 File size…(1.7 GB)/(860 MB)Quality….Webrip 1080p / 720pFormat…mp4Duration….01:41:00Genre…Drama, Mystery, ThrillerSubtitle….Myanmar Subtitle (Hardsub)Encoder….Mr. AndersonTranslated by Alias
...

Purpose of Hiking (2016) ⭐TMDB: 27.0% User Score 🎬 #Adult #Drama #Romance 🗓 2016 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 16 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ****************************ဟုန်းဂျယ်က တောင်တက်လမ်း အဝင်ဝမှာ စားသောက်ဆိုင်ဖွင့်ထားပါတယ် သူ့ရဲ့သူငယ်ချင်း ချန်းမင်းနဲ့အတူ တောင်တက်အသင်းကို ဖွဲစည်းထားပြီး ဆိုင်ရောင်းအားတက်ဖိုအတွက် တောင်တက်ပြီး ပြန်ဆင်းလာတိုင်း တောင်တက်အသင်း အဖွဲဝင်‌တွေကို သူ့စားသောက်ဆိုင်မှာပဲ စားခိုင်းလေ့ရှိပါတယ် တစ်နေ့ တောင်တက်အသင်း အဖွဲဝင်အသစ်ဖြစ်တဲ့ မိန်းမချောလေး မင်ဂျောင်လည်း တောင်တက်ဖို အတူလိုက်လာပါတယ် တောင်ပေါ်အတူတက်ရင်း ဟုန်းဂျယ်နဲ့ မင်ဂျောင်တို ငြိသွားကြတဲ့အခါမှာတော့… အလန်းစားအခန်းတွေနဲ့ ခပ်မိုက်မိုက်ကေမလေးတွေမို့
...

Lantrani (2024) ⭐IMDB: 5.3/10 (292 Votes) 🎬 #Bollywood #Comedy #Drama 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 39 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Lantrani (2024) (မြေနိမ့်ရာလှံစိုက်) အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ anthology အမျိုးအစားလို့ပဲပြောရမယ်။အိန္ဒိယနိုင်ငံအတွင်း မြို့ငယ်လေးတွေမှာ ဖြစ်ပွားလေ့ရှိတဲ့ အကြောင်းအရာလေး၃ပုဒ်နဲ့ဖွဲ့စည်းထားတဲ့ကားလေးပဲဖြစ်ပါတယ်။ မြို့ကြီးပြကြီးနဲ့အလှမ်းဝေးပြီး တော်ရုံဥပဒေမစိုးမိုးနိုင်တဲ့ နယ်မြို့လေးတွေမှာ အရာရာကိုခက်ခက်ခဲခဲနဲ့ကြိုးစားရင်ဆိုင်နေရပြီး လူ့သဘာဝ လူ့ဘောင်အဖွဲ့အစည်းက နှိမ်ကွပ်ပုံတွေ…လောကနိယာမတရားအရအားနည်းသူ ရှုံးတတ်ရပုံတွေကို ဖေါ်ပြထားပါတယ်။ လူရယ်လို့ဖြစ်လာပြီး လောကအလယ်မှာ ရင်ဘောင်တန်းနိုင်ဖို့ လူလူချင်းကိုတောင်လူမဆန်စွာဆက်ဆံကြပုံတွေကိုလည်း သေချာရိုက်ကူးတင်ဆက်ထားပါတယ်နော်။ လူ့အခွင့်အရေးရရှိဖို့အရေး မလျှော့သောဇွဲနဲ့ တွန်းလှန်ကြမယ့် ဒီဇာတ်လမ်းတိုလေးသုံးပုဒ်ကိုရင်ခုန်စိတ်လှုပ်ရှားစွာကြည့်ရှုလို့ရပါပြီနော်။ ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်
...

Splinter (2008) ⭐TMDB: 61.0% User Score 🎬 #Horror #SciFi #Thriller 🗓 2008 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 22 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လူသွားလူလာနည်းပါးတဲ့ ဂတ်စ်ဆိုင်လေးတစ်ခုရဲ့ပန့်ကိုင်ကို အမျိုးအမည်မသိသတ္တဝါကောင်တစ်ကောင်က လာရောက်တိုက်ခိုက်ပုံနဲ့ဇာတ်လမ်းကိုစဖွင့်ထားပါတယ်။ ဆက်သ်နဲ့ပေါ်လီဆိုတဲ့ လူငယ်စုံတွဲတစ်တွဲဟာ အိုကလာဟားမားက တောအုပ်တွေထဲကို အပျော်စခန်းချခရီးလာခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့ကားကို ထောင်ပြေးတစ်ဦးနဲ့ ဆေးစွဲနေတဲ့သူ့ကောင်မလေးဖြစ်တဲ့ လေစီတို့က ကြားဖြတ်လုယူချိန်မှာတော့ အစီအစဉ်ပျက်သွားပြီး ဂတ်စ်ဆိုင်တစ်ခုမှာ ဝင်နားဖို့အခြေအနေဖြစ်လာပါတော့တယ်။ ဂတ်စ်ဆိုင်ကိုရောက်ကာစမှာပဲ လေစီကိုဆူးချွန်တွေတကိုယ်လုံးပေါက်နေတဲ့ဂတ်စ်ဆိုင်လုပ်သားရဲ့တိုက်ခိုက်မှုကိုခံလိုက်ရပြီး သေဆုံးသွားခဲ့တဲ့အတွက် ဆက်သ်တို့စုံတွဲနဲ့ထောင်ပြေးတို့ဟာ ဂတ်စ်ဆိုင်ထဲကိုပြေးပုန်းလိုက်ရပါတယ်။ သူတို့သေပြီလို့ထင်ခဲ့တဲ့ လေစီကလည်း ဆူးချွန်တွေစိုက်ဝင်ခံထားရာကတွန့်လိမ်ကောက်ကွေးအသက်ပြန်ဝင်လာပြီး မှန်တံခါး၀ကိုလာတိုက်ခိုက်တဲ့အချိန်မှာတော့..။ သူတို့ကိုတကယ်တမ်းလိုက်တိုက်ခိုက်နေတာ ဂတ်စ်ဆိုင်လုပ်သားလည်းမဟုတ်သလို လေစီလည်းမဟုတ်ပါဘူး။ သူတို့ကိုယ်မှာစိုက်ဝင်နေတဲ့ အဲ့ဒီဆူးချွန်တွေပါပဲ။ ဆူးချွန်တွေဟာ စိုက်ဝင်သွားမိတဲ့သားကောင်ကိုမှီတွယ်ပြီး အဲ့ဒီသားကောင်ရဲ့သွေးသားကိုစားသုံးရွေ့လျားပြိး နောက်ထပ်သားကောင်ကိုဆက်ပြီးရှာပါတယ်။ သူတို့အနေနဲ့ ဒီဆူးချွန်တွေ ရဲ့ အားသာချက်အား နည်းချက်တွေကိုအဖြေရှာပြီး ရှင်သန်ဖို့ကြိုးစားရတော့မှာဖြစ်ပါတယ်။ Splinter ကစိတ်ကူးကောင်းသလို အဲ့ဒီစိတ်ကူးကိုထိထိရောက်ရောက်အကောင်အထည်ဖော်သွားနိုင်တဲ့ Horror ကားကောင်းတစ်ကားပါ။ ဇာတ်စကတည်းက သွက်သွက်လက်လက်နဲ့ဇာတ်ကိုသယ်သွားသလို အသည်းယားစရာ ရင်ဖိုစရာ နဲ့ jump scare တွေမျှတပြီး သရုပ်ဆောင်တွေကလည်း လိုရင်းရောက်အောင်ပို့ပေးနိုင်ပါတယ်။ ရုပ်ရှင်ပွဲတော်တွေမှာသက်ဆိုင်ရာဆုတွေအများကြီးရထားတဲ့ Hidden gem တစ်ခုပါပဲ။
...

The Art of Fighting (2006) ⭐TMDB: 61.0% User Score 🎬 #Action #Comedy #Drama 🗓 2006 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 38 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Art of Fighting (2006) ဆုန်းဗြောင်ထယ်ဆိုတဲ့ကောင်လေးက နည်းပညာ အသက်မွေးဝမ်းကျောင်းတက်နေတာဖြစ်ပြီးအနေအေးတာရယ် ကြည့်​တာနဲ့ အားနည်းတဲ့ပုံပေါက်တာကြောင့် ကျောင်းက ဘူလီတွေရဲ့ ပစ်မှတ်ဖြစ်နေပါတယ်။ သူက မခံချင်စိတ်နဲ့ ကိုယ်ခံပညာစာအုပ်တွေ ဖတ်တယ်၊ ရန်ဖြစ်တာတော်တဲ့သူဆိုတာနဲ့ ဆရာတင်ကြည့်တယ်၊ဒါပေမဲ့ အဆင်မပြေပါဘူး သူလုပ်သမျှက တလွဲတွေချည်း ဖြစ်နေပြီး အရှက်ကွဲရတာလည်း အခါခါ။ ဒါပေမဲ့ တစ်နေ့တော့ ဘယ်ကနေ လာမှန်းမသိတဲ့ ထူးဆန်းတဲ့ ဦးလေးကြီးတစ်ယောက်နဲ့ သူဆုံတယ်၊အဲဒီဦးလေးကြီးက ရန်ဖြစ်တာ ကျွမ်းတော့ သူ့ကို သင်ပေးဖို့ နောက်ကတကောက်ကောက် လိုက်ပြောတယ်။ ဦးလေးကြီးက အစကတော့ ဗြောင်ထယ်ကို မသင်ပေးဘူးဒါပေမဲ့ နောက်ကျ ဗြောင်ထယ်အဖြစ်ကို မျက်လုံးထဲ မြင်နေရတာမလို့ သင်ပေးမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဒီဦးလေးကြီး သင်ပေးတဲ့ ပညာနဲ့ ဗြောင်ထယ်က ကျောင်းမှာ သူ့ကို ဘူလီလုပ်တဲ့သူတွေကို ပညာပဲ ပြန်ပေးနိုင်မလား၊သူပဲ ထပ်ခံရဦးမလားကတော့ ဇာတ်လမ်းကြည့်မှပဲ သိနိုင်မှာမို့လို့ ..ဒီလောက်ပါပဲ။ အညွှန်းနဲ့ ဘာသာပြန်တော့Kppksဖြစ်ပါတယ်။
...

The Green Perfume (2022) ⭐TMDB: 54.0% User Score 🎬 #Comedy #Crime #Mystery #Thriller 🗓 2022 🎞 movie 🌎 #France #Belgium ⏰ 1 နာရီ 42 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ Green Perfume ဆိုတဲ့ပြင်သစ် ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းအကျဉ်း…. ပြင်သစ်ပြဇာတ်အဖွဲ့တစ်ခုဟာ စတိတ်စင်ပေါ်မှာ ဖျော်ဖြေကပြနေတုန်း ပြဇာတ်သရုပ်ဆောင်”ဗယ်လာ့ဒ်”ဟာ လုပ်ကြံသတ်ဖြတ်ခံလိုက်ရပါတယ် သူမသေခင်မှာ သူ့သူငယ်ချင်းဖြစ်တဲ့ “မာတင်”ကို “Green Perfume “ဆိုတဲ့အဖွဲ့အစည်းက သူ့ကိုလုပ်ကြံတာဖြစ်ကြောင်းပြောပြီးမှသေဆုံးသွားပါတယ် ရဲတွေက မာတင်ကိုသံသယဝင်ကြပြီး သံသယရှိသူအဖြစ်သတ်မှတ်ပြီး လိုက်ဖမ်းကြပါတယ် ဒါပေမဲ့ တစ်ဖက်မှာလည်း လူဆိုးအဖွဲ့ကလည်း”မာတင်”ကို သူ့ကို “ဗယ်လာ့ဒ်”ကမသေခင်မှာဘာတွေပြောသွားလဲဆိုတာသိရဖို့ ပြန်ပေးဆွဲပါတယ် နှစ်ဖက်စလုံးရဲ့လိုက်လံရှာဖွေမှုခံရတဲ့ “မာတင်”တစ်ယောက် ဘယ်လိုတွေရင်တိုင်ရမလဲ သူ့ကိုကူညီပေးမယ့် “ကလယ်ယာ”ဆိုအမျိုးသမီးနဲ့တွေ့ဆုံပြီး ကလယ်ယာကရော သူ့ကိုအစွမ်းကုန်ကူညီပေးမလား “ဗယ်လာ့ဒ်”ကရောဘာကြောင့်အသတ်ခံရတာလဲဆိုတာကို မာတင်တစ်ယောက်အဖြေရှာရပါတော့တယ်
...

Tell Me a Creepy Story (2023) ⭐TMDB: 57.0% User Score 🎬 #Horror 🗓 2023 🎞 movie 🌎 #France #UnitedStates #UnitedKingdom ⏰ 1 နာရီ 31 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီရုပ်ရှင်က တစ်ကားထဲမှာ ဇာတ်လမ်းလေးပုဒ်ပါပါတယ်။ ဒါကြောင့် တစ်နာရီခွဲအတွင်းမှာ မတူညီတဲ့ ဟော်ရာအပိုင်းတို လေးခုကို ကြည့်ရှုခံစားရမှာပါ။ ပထမဆုံးအပုဒ်က‌တော့ အစားကြူတဲ့ “ဂျိုး”အကြောင်းပါ။ ဂျိုးက မွေးစကတည်းက မိခင်နို့ကို မရပ်မနားစို့တဲ့အပြင် အချိတ်တန်အရွယ်ရောက်လာတော့လည်း အစားနဲ့ပါးစပ်မပြတ်အောင် ဖုတ်၀င်နေသလိုစားတဲ့နောက်… ဂျိုးကဘယ်သူလဲ ဂျိုးတစ်ယောက်ဘယ်လိုအဆုံးသတ်သွားမလဲ… ဒုတိယတစ်ခုကတော့ လူသတ် မြေမြှုပ် အလောင်းဖျောက်လိုက်လို့ အဖြစ်ဆိုးနဲ့ကြုံခဲ့ရတဲ့ လယ်သမားတစ်ယောက်အကြောင်း… တတိယဇာတ်လမ်းကတော့ ညဖက်ကြီး မိန်းမငယ်တစ်ဦး အိမ်မှာတစ်ယောက်တည်းရှိနေတုန်း ရေပိုက်ပြင်ဖို့ ကုမ္ပဏီကိုဖုန်းဆက်ခေါ်ရာကနေ ခေါ်ထားတဲ့လူထက်ပိုပြီး မမျှော်လင့်ထားတဲ့ ပိုက်ပြင်သမားကပါ ရောက်ချလာခဲ့တဲ့အခါမှာတော့… နောက်ဆုံးဇာတ်လမ်းကတော့ နယ်လှည့်အလှူပတ်ခံနေတဲ့ ခရစ်ယာန်ဘုန်းကြီးတစ်ပါး ကံမကောင်းအကြောင်းမလှဘဲ သားသတ်သမားလင်မယားနှစ်ယောက်ရဲ့အိမ်မှာ အလှူ၀င်ခံရင်း ညစာစားဖို့ဆုံးဖြတ်လိုက်မိတဲ့နောက်… မတူညီတဲ့ ဇာတ်လမ်းလေးခုကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ အခန်းမီးပိတ်ပြီး ကြည့်လိုက်ကြပါဦး။အော်ဂလီဆန်စရာရိုက်ချက်တွေ ပါ၀င်တာကြောင့် အစာစားနေရင် မကြည့်ဖို့ သတိပေးလိုက်ပါရစေ။
...

Ashes (2024) ⭐TMDB: 62.0% User Score 🎬 #Drama #Romance #Fantasy 🗓 2024 🎞 movie 🌎 #Turkey ⏰ 1 နာရီ 40 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါ ချန်နယ်မြန်မာပရိသတ်ကြီးကိုမိတ်ဆက်ပေးမှာကတော့ Netfilx ကနေဒီလထဲမှာပဲ အသစ်စက်စက်ထွက်ရှိထားတဲ့ တူရကီကားကောင်းလေးဖြစ်ပါတယ်… ဇာတ်လမ်းအကျဉ်းကတော့ အူခမ်ဆိုတဲ့ စာအုပ်ထုတ်ဝေရေးကုမ္ပဏီကြီးတစ်ခုမှာ ဂိုချက်ဆိုတဲ့ အမျိုးသမီလေးဟာ ရောက်လာတဲ့စာမူမှန်သမျှကို ပထမဆုံးဖတ်ရှုစစ်ထုတ်ပေးရတဲ့ သူဌေးကတော်မလေးပါ ဂိုချက်ဟာသူ့ယောက်ျားနဲ့အတူ anniversary ကိုအတူတူ ဖြတ်သန်းနေကြတဲ့ပွဲမှာပဲ လက်ရေးမူကြမ်းတစ်အုပ်ကို ဖတ်ကြည့်မိပါတော့တယ် သူဟာဇာတ်လမ်းထဲမျောပါလာရင်းနဲ့ ဇာတ်လမ်းရဲ့တည်နေရာတွေက အပြင်မှာတကယ်ရှိနေတာကို သိလိုက်ရပါတယ်.. ဒီလိုနဲ့လူကုံထံအသိုင်းအဝိုင်းမှာပျင်းရိနေတဲ့ ဂိုချက်ဟာ ဒီစာအုပ်ကသွားခဲ့တဲ့ဇာတ်လမ်းအတိုင်း သူကိုယ်တိုင် လိုက်လျှောက်ကြည့်ပါတော့တယ် ဒါပေမဲ့ဝတ္တုဟာ ထင်ထားသလောက် မရိုးရှင်းခဲ့တဲ့အပြင် သူကိုယ်တိုင်ကလည်း ဇာတ်လမ်းထဲကအဖြစ်အပျက်တွေအတိုင်း လိုက်ပြီး ကြုံတွေ့လာတဲ့အခါမှာတော့
...

Scalper (2023) ⭐IMDB: 4.0/10 (102 Votes) 🎬 #Horror 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 24 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Scalper ဆိုတာက သူ့ရဲ့သားကောင်တွေကို ဓားနဲ့ထိုးသတ်၊ ပြီးရင် အရေခွံတွေကို စုတ်ခဲ့တဲ့သူဖြစ်လို့ အရေခွံခွါသူဆိုပြီးနာမည်ကြီးတဲ့ လူသတ်သမားတစ်ဦး။ Scalper ရဲ့ဒဏ်ကိုခံခဲ့ရတဲ့ နစ်နာသူမိသားစုထဲက ကလမ်မာတိုင်းကာတာဆိုတဲ့အမျိုးသမီးကတော့ Scalper ရဲ့မျက်နှာတည့်တည့်ကို သေနတ်နဲ့ပစ်ကာ Scalper ကိုအဆုံးသတ်ခဲ့တဲ့သူတစ်ဦး။ ကလမ်မာတိုင်းက သာမန်အမျိုးသမီးမဟုတ်ဘူး။ သူကအကြားအမြင်စိတ်ပညာသည်တစ်ဦး။ အထူးသဖြင့် သေဆုံးသွားသူတွေနဲ့ ထိတွေ့မှုလုပ်လိုက်တဲ့ခါ သူတို့ရဲ့ဝိညာန်တွေနဲ့ဆက်သွယ်ပြီး သေဆုံးသူရဲ့ အတိတ်နဲ့ အနာဂတ်တွေကို မြင်တွေ့နိုင်တဲ့အစွမ်းအစရှိသူတစ်ဦး။ အခုလက်ရှိမှာတော့ ကလမ်မာတိုင်းဟာ သူ့ရဲ့စိတ်စွမ်းအင်ကြောင့်နာမည်ကြီးနေပြီး ရေဒီယိုကအစီအစဉ်တစ်ခုမှာပါ ဖိတ်ကြားခံထားရပြီး အသံလွှင့်တင်ဆက်နေပါတယ်။ ဒီလိုနဲ့ ကလမ်မာတိုင်းတို့ အသံလွှင့်တင်ဆက်နေတုန်းမှာ ဖုန်းတစ်ကောလ်၀င်လာပြီး ဒီဖုန်းကော်လ်ကိုနားထောင်လိုက်မိတဲ့ကလမ်မာတိုင်းဟာ သေဆုံးခါနီး ဖုန်းခေါ်သူနဲ့ စိတ်ဆက်သွယ်မှုတစ်ခုရလိုက်ပြီး Scalper ပြန်ရောက်လာတာကိုသိရှိလိုက်ရတဲ့နောက်မှာတော့… ကလမ်မာတိုင်းကိုယ်တိုင် သတ်ခဲ့တဲ့ Scalper က တကယ်ပဲသေရွာကနေပြန်ရောက်လာတာလား၊ ဒါမှမဟုတ် Scalper ရဲ့ခြေရာကိုနင်းမယ့်သူ လူသစ်သမားအသစ်တစ်ယောက်ပေါ်လာတာလား၊ ကလမ်မာတိုင်းကိုရော ဘယ်လိုလက်စားပြန်ချေဦးမလဲဆိုတာ ဆက်လက်ရှုစားလိုက်ကြပါဦး။
...

Lodge Money (2020) ⭐IMDB: 5.6/10 (17 Votes) 🎬 #Adult #Drama 🗓 2020 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 10 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ************************ မော်ဒယ်အလန်းလေးပါဝင်တာမို့ ရှယ်ပဲဗျို့.ရုံးအလုပ်ကနေ ထွက်ပြီးတော့ ကျေးရွာလေးမှာ ပြောင်းလာပြီးတော့ ကဖေးဆိုင်လေး ဖွင့်ဖို ပြင်ဆင်နေကြတဲ့လင်မယားနှစ်ယောက်မှာ ယောက်ျားက လိင်အင်္ဂါ ကြာကြာမထောင်မတ်နိုင်တဲ့ ရောဂါ ရှိတဲ့အတွက် မိန်းမဖြစ်သူက လင်ငယ်နေပြီး အဒေါ်အိမ်သွားဦးမယ်လို ဆိုကာ ခိုးခိုးစားလေ့ရှိတယ် တစ်နေ့မှာ သွားခိုးစားရင်း အပြန်လာမှာ လူတစ်ယောက်ကို ကားနဲ့တိုက်မိခဲ့တယ် အဲဒါကနေ တိုက်ခံရတဲ့သူက အမျိုးမျိုး အကျပ်ကိုင်တော့တယ် လက်ကျိုးနေလို အာသာမဖြေနိုင်လို ဖြေပေးဖိုတွေ ဆန်မုန့်ထောင်းဖိုတွေ အဲဒီလိုနဲ့ မိန်းမ‌က ခြေလမ်းတွေ ပျက်နေခဲ့ရာ ယောက်ျားဖြစ်သူကလည်း ကဖေးဆိုင်ကို အလုပ်လာလျှောက်တဲ့ မိန်းမလည်နဲ့ ဇာတ်လမ်းတွေ ဖြစ်သွားခဲ့တယ် အဲဒီလို နှစ်ပင်လိမ် သုံးပင်လိမ်ခဲ့ အကြောင်းစုံ ဘယ်အချိန်မှာ ပေါ်သွားမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုအားပေးလိုက်ကြပါဦးနော်
...

The Reconciliation Creampie-Yuna Ogura (STARS-449-Decensored) ⭐- 🎬 #Adult 🗓 - 🎞 movie 🌎 #Japan ⏰ 2 နာရီ 20 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Yuna Ogura ဆိုတာ JAV လောကရဲ့  Idol တစ်ပါးလို ထင်ရှားပေါ်လွင်သူပါ။ ဂျပန်ပြည်ရဲ့အလှအပနဲ့ ဘိုမရုပ်လေးလို ချစ်စဖွယ်ကောင်းသူလေးပါ။ STARS-449-Decensored ဒီဇာတ်လမ်းလေးကတော့ မြင်နေကျ JAV ဇာတ်လမ်းတွေနဲ့မတူဘဲ ထူးခြားနေပါတယ်။ ချစ်သူစုံတွဲတို့ရဲ့ အကြည်နူးရဆုံးအချိန်က ရန်ဖြစ်ပြီး မခေါ်မပြော စိတ်ကောက်ကြရာကနေ ပြန်တည့်သွားကြတယ်အချိန်ပဲမဟုတ်လားဗျာ။ ဒီထဲမှာလဲ Yuna Ogura  တို့စုံတွဲရဲ့  ချစ်ကြည်နူးချိန်တွေ ရန်ဖြစ်ချိန်တွေ ပြန်တည့်ချိန်တွေကို ဘေးက အင်တာဗျူးပြီး လိုက်ရိုက်ကူးထားတဲ့ပုံစံနဲ့ တင်ဆက်ထားပါတယ်။ Decensored Version နဲ့ဆိုတော့ Yuna Ogura ကိုယ်တိုင် ကိုယ့်ဘေးနားမှာလာရှင်းပြနေသလိုကြည့်ရှုရမှာပါ။ JAV ဆိုတာ အာသာပြေစိတ်ကူးယဉ်ဇာတ်လမ်းတွေမလို့  ဒီတိုင်းထွက်ပေါက်တစ်ခုအနေနဲ့ပဲ ခံစားမယ်ဆို အဆင်ပြေပါတယ်။ (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။
...

The Voyeurs (2021) ⭐IMDB: 6.1/10 (30 k Votes) 🎬 #Drama #Mystery #Thriller 🗓 2021 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 56 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ရုပ်ရှင်ရဲ့နာမည်ဖြစ်တဲ့ voyeur ကို အဘိဓာန်မှာတော့ “သူတစ်ပါး၏လိင်ကိစ္စကို တိတ်တခိုး ကြည့်ရှုရာ၌ နှစ်ခြိုက်မွေ့လျော်သူ”လို့ အဓိပ္ပာယ်ဖွင့်ဆိုထားတယ်။အတွဲချောင်းတဲ့ကောင်ပေါ့ဗျာ။ နာမည်အတိုင်းပဲ တစ်ဖက်အိမ်က ကိစ္စတွေကို စပ်စုကြတဲ့ အတွဲတစ်တွဲအကြောင်းပေါ့။ “မိန်းမ၀တ် အတွင်းခံဘောင်းဘီတစ်ထည်”ဆိုတဲ့ မင်းခိုက်စိုးစန်ရဲ့၀တ္တုတိုတစ်ခုကိုတောင် ပြေးမြင်မိလိုက်သေးတယ်။ သူရေးထားတာကျ သူ့အိမ်ကနေ မြင်နေရတဲ့ တစ်ဖက်အိမ်က အတွင်းခံတစ်ထည်အကြောင်း။ ဒီမှာကျ တစ်ဖက်အိမ်က ကိစ္စဝိစ္စတွေ အကုန်ပေါ့။ ဇာတ်လမ်းက ကြည့်ပျော်တဲ့ ဇာတ်လမ်းမျိုးပါပဲ။ ဒါကိုမှ မင်းသမီးလှလှလေးရဲ့ ဟိုအခန်းဒီအခန်းတွေ ပေါင်းပေးထားတော့ ပိုကြည့်ပျော်သွားတယ်။ ဇာတ်လမ်းကလည်း နည်းနည်းထူးထူးဆန်းဆန်းဆိုတော့ ကြည့်ပျော်တယ်ဆိုပေမဲ့ စကီချောချောလေးရဲ့ အလန်းစား Sceneတွေကိုကြည့်ရမှာနဲ့တင် ဒီရုပ်ရှင်ဟာ တန်နေပါပြီ။ လူဟာ သမ္မာရှစ်ပါးနဲ့ မပြည့်စုံသေးသမျှ ကာမတဏှာရှိကြတာပဲမဟုတ်လား။ ထိန်းချုပ်မှုနဲ့ အထားအသိုမမှားဖို့တော့လိုတယ်။ ဒီရုပ်ရှင်ဟာ ခင်ဗျားရဲ့ ကာမတဏှာကို သုံးသင့်တဲ့နေရာမှာ သုံးလို့ရနိုင်အောင် ထိန်းချုပ်တတ်စေဖို့ ပြောပြပေးတဲ့ ရုပ်ရှင်တစ်ကားပါပဲ။ (ဘာသာပြန်သူတွေကတော့ The Pooh နဲ့ Y တို့ပဲဖြစ်ပါတယ်)
...

Cargo (2009) ⭐TMDB: 59.0% User Score 🎬 #Drama #Mystery #SciFi #Thriller #ScienceFiction 🗓 2009 🎞 movie 🌎 #Switzerland ⏰ 1 နာရီ 47 မိနစ် 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ၂၀၀၉ခုနှစ်က ထွက်ရှိခဲ့တဲ့ ဂျာမန်Sci-fi/Thrillerရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်ဗျ။ ခရစ်သက္ကရာဇ် ၂၂၆၇ခုနစ်အချိန်၊ ဂေဟစနစ်ပြိုလဲတာကြောင့် ကမ္ဘာကြီးဟာ အသက်ရှင်နေထိုင်ဖို့မသင့်တော့ပါဘူး။ဒီတော့ အသက်ရှင်ကျန်နေတဲ့လူသားတွေဟာ ကမ္ဘာပတ်လမ်းကြောင်းမှာရှိတဲ့ အာကာသစခန်းတွေမှာနေထိုင်ကြရပါတော့တယ်။ဒေါက်တာလော်ရာပေါ့မန်းက ဒုက္ခတွေကြုံတွေ့နေရတဲ့ အမျိုးသမီးဆရာဝန်တစ်ဦး။ အစ်မဖြစ်သူမိသားစုရှိတဲ့ ရီယာဆိုတဲ့ လူတွေနေထိုင်နေကြတဲ့ဂြိုလ်ဆီကိုသွားဖို့ ရည်မှန်းထားသူ။ အဲဒီဂြိုလ်မှာနေထိုင်ဖို့ အသုံးစရိတ် နေထိုင်ခွင့်အတွက် ပိုက်ဆံရှာဖို့ ကတ်ဆန်ဒရာကုန်တင်အာကာသယာဉ်ပေါ်မှာ ဆေးအမှုထမ်းအနေနဲ့ လိုက်ပါခဲ့ပါတယ်။ ယာဉ်ပေါ်မှာက ၈လကျော်ကြာတစ်ဆိုင်းနှုန်းနဲ့ တစ်ယောက်စီ အလှည့်ကျကင်းစောင့်ရပါတယ်။ ဒေါက်တာပေါ့မန်းအဆိုင်းတာဝန်ချိန်မှာပဲ ထင်မှတ်မထားတာတွေ တစ်ခုပြီးတစ်ခုဖြစ်လာတဲ့အခါ…။ သူသွားချင်တဲ့ ရီယာဆိုတဲ့ဂြိုလ်ကလည်း ဖုံးကွယ်မှုတွေများစွာနဲ့တည်ရှိနေတာကို သိလိုက်ရတဲ့နောက်မှာတော့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoပဲဖြစ်ပါတယ်)
...

See You Again (2023) ⭐IMDB: 9.8/10 (91 Votes) 🎬 #Drama #Romance 🗓 2023 🎞 movie 🌎 #Thailand ⏰ 1 နာရီ 52 မိနစ် 24 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ပြန်လည်ဆုံတွေ့ကြရာဝယ် (၂၀၂၃) ထိုင်မှာ ဝီးလို့ ခေါ်တဲ့ အရမ်းချစ်ရတဲ့ ကောင်မလေး တစ်ယောက်ရှိပါတယ်သူတို့ လက်ထပ်လိုက်ကြပြီး တစ်ပတ်လောက်မှာ ဝီးတစ်ယောက် ကင်ဆာနဲ့ဆုံးသွားပါတယ်ဝီး ဆုံးသွားတော့နောက်ပိုင်း ထိုင်တစ်ယောက် Move on မလုပ်နိုင်ဘဲ အတိတ်မှာပဲ ကိန်းအောင်နေခဲ့ပါတယ် တစ်နေ့မှာ ထိုင်ရဲ့ သူငယ်ချင်း သမီးလေးတစ်ယောက် မွေးဖွားခဲ့ပါတယ်အဲ့ကလေးမလေးရဲ့ နာမည်က ၀မ်မိုင်ပါ၀မ်မိုင်က ငယ်ငယ်လေးကတည်း ထိုင်အပေါ် သံယောဇဉ်တွေရှိနေခဲ့ပါတယ်သူ့ရဲ့ တစ်ချို့ အပြုအမူ အပြောအဆိုတွေကလည်း ဝီးနဲ့ သွားဆင်နေပါတယ်ဒီလိုနဲ့ ထိုင်က ၀မ်မိုင်ကို ဝီး၀င်စားတာလို့ ယုံကြည့်ခဲ့ပါတယ် ဆိုတော့ ထိုင် နဲ့ သူ့သမီးလောက်အရွယ်သာရှိတဲ့ ၀မ်မိုင်တို့ရဲ့ အချစ်ဇာတ်လမ်း ဘယ်လို အဆုံးသတ်သွားမှာလဲ၀မ်မိုင်ကရော တကယ်ပဲ ဝီး၀င်စားတာလားဆိုတာ စောင့်ကြည့်လိုက်ပါ အညွှန်းနဲ့ ဘာသာပြန်တော့Fake Loveဖြစ်ပါတယ်။
...

Nalavenba (2024) ⭐- 🎬 #Drama #Bollywood 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 48 မိနစ် 23 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Nalavenba (2024) “အတော်ဆုံးစားဖိုမှူး” ကျွန်တော်တို့ ဘ၀ခရီးမှာ ဆုံတွေ့ကြတဲ့ လူတချို့ရဲ့ သက်ရောက်မှုတွေကြောင့်ကျွန်တော်တို့ဘ၀တွေဟာ တမျိုးတဖုံ ပြောင်းလဲသွားစေနိုင်တယ်တဲ့။ဒီခရီးမှာတော့ နာလန်ဗန်ဘာအင်ပါယာကို တည်ထောင်ခဲ့တဲ့ နာမည်ကြီးစားဖိုမှူးကြီးပူဂယ်လန်သီရဲ့ နာလန်ဗန်ဘာဆိုတဲ့ စားသောက်ဆိုင်နဲ့အတူ လိုက်ပါစီးမျောရမဲ့ခရီးစဉ်ပေါ့။ မလေးရှားမှာ နံပါတ်တစ် အိန္ဒိယလူမျိုးစားဖိုမှူးအဖြစ် သတင်းတွေမှာဖော်ပြခံရသူပူဂယ်လန်သီ။ စားသောက်ဆိုင်ကနေ သူများထက် အကျိုးအမြတ်တွေ ရနေပေမဲ့စားဖိုမှူးတစ်ယောက်ရဲ့ဂုဏ်သိက္ခာဖြစ်တဲ့ နံပါတ်တစ်စားဖိုမှူးဆိုတဲ့ဂုဏ်ပုဒ်ကို မရတဲ့အတွက် စိတ်ယုတ်မာနဲ့လိုက်ပြိုင်နေတဲ့ မူရ်သီ။ သူတို့နှစ်ယောက်က ဆရာတူတပည့်တွေဖြစ်ပေမဲ့ ဆရာ့ရဲ့လျှို့ဝှက်ဟင်းချက်နည်းကိုရခဲ့သူကတော့ ပူဂယ်လန်သီ။ပူဂယ်လန်သီဆီက လျှို့ဝှက်ဟင်းချက်နည်းကို ရဖို့အရေး မူရ်သီတစ်ယောက် အမျိုးမျိုးအကောက်ကြံပြီးနှစ်ဦးသား ဘယ်သူအတော်ဆုံးလဲဆိုတာကို ယှဉ်ပြိုင်ဖို့ ဖြစ်လာတဲ့အခါမှာတော့…။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)
...

Munch (2023) ⭐IMDB: 5.9/10 (887 Votes) 🎬 #Biography #Drama #History 🗓 2023 🎞 movie 🌎 #Norway ⏰ 1 နာရီ 41 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Screamဆိုတဲ့ ပန်းချီကားကို ပန်းချီစိတ်ဝင်စားလို့ပဲဖြစ်ဖြစ်၊ အင်္ကျီစတစ်ကာတွေမှာဖြစ်ဖြစ်၊ ဆိုရှယ်မီဒီယာပေါ်မှာပဲဖြစ်ဖြစ် မြင်ဖူးကြပါလိမ့်မယ်။ ပန်းချီကားကိုကြည့်လိုက်ရင်ပဲ အကြောက်တရားနဲ့ အထီးကျန်မှုကိုအလိုလိုခံစားလာရတာမျိုး။ ဒီရုပ်ရှင်ကတော့ အထက်ပါပန်းချီကားကိုရေးဆွဲခဲ့တဲ့ ခံစားမှုရသကိုအသားပေးပုံဖော်တတ်သူ နော်ဝေပန်းချီအကျော်အမော် Edvard Munchရဲ့ ဘ၀ဇာတ်ကြောင်းကို အခြေခံပြီး အရွယ်သုံးမျိုးနဲ့ ရုပ်ရှင်တစ်ကားအဖြစ် ဖန်တီးပုံဖော်ထားတာပါ။ Edvard Munchဆိုတာ ၁၉ရာစုနဲ့ ၂၀ရာစုကြားကာလမှာ အရေးအပါဆုံးပန်းချီအနုပညာရှင်တွေထဲက တစ်ယောက်ပေါ့။ သူ့ရဲ့လူငယ်ဘ၀က ပျော်ရွှင်ဖွယ်ရာမကောင်းခဲ့တဲ့ အချစ်ရေး၊ အစ်မကြီးဖြစ်သူကို ဆုံးရှုံးခဲ့ရပုံနဲ့ သူကြိုးစားအားထုတ်ထားတဲ့ ဘာလင်က အစောပိုင်းပြပွဲတစ်ခုမှာ အနုပညာရှင်အသင်းကြီးရဲ့  ပြပွဲပိတ်သိမ်းခံလိုက်ရပုံတွေ၊ နောက်ပြီး ဒုတိယကမ္ဘာစစ်အတွင်းမှာ သူ့ဘ၀ရဲ့မြတ်နိုးရတဲ့အလုပ်ကို နာဇီတွေရန်ကနေ ကယ်တင်ခဲ့ပုံတွေကို ဇာတ်လမ်းတစ်ပုဒ်လို ဖန်တီးတင်ဆက်ထားတာမို့ ခံစားကြည့်ရှုကြပါဦးဗျ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်)
...

Malaikottai Vaaliban (2024) ⭐TMDB: 66.0% User Score 🎬 #Action #Bollywood #Drama #Fantasy 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 34 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Malaikottai Vaaliban (2024) “ဒဏ္ဍာရီလာ သူရဲကောင်းတစ်ဦး”IMDb – 7/10 Drishyamမလေယာလမ်းရုပ်ရှင်တွေနဲ့ မကြာသေးခင်ကမှတင်ဆက်ပေးခဲ့တဲ့ Neru(2023)မှာ ရှေ့နေအဖြစ်သရုပ်ဆောင်ထားတဲ့မင်းသားကြီး Mohanlalရဲ့ အသစ်ထွက်ရှိလာတဲ့ နန်းတွင်းရုပ်ရှင်ဇာတ်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒဏ္ဍာရီလာလူသားတစ်ယောက်ရဲ့ ရုန်းကန်ကြိုးစားရပုံနဲ့ အောင်ပွဲတွေကိုတွေ့မြင်ကြရမှာပါ။သားအဖနှစ်ယောက်နဲ့အတူ လှည်းတစ်စီးနဲ့ နယ်တကာလှည့်ပြီး ပြိုင်ဘက်မရှိသူရဲကောင်းဆိုသူတွေကိုလိုက်ပြီးယှဉ်ပြိုင်တိုက်ခိုက်အနိုင်ယူနေခဲ့တဲ့ မာလာကိုတိုင်ဗာလီဘန်။ မိန်းမပျိုလေးတစ်ဦးနဲ့ ချစ်ကျွမ်းဝင်ပြီး သူ့ရဲ့ခရီးစဉ်မှာ အတူခေါ်ဆောင်ခဲ့ကာသူရဲကောင်းဆိုသူတွေနဲ့ ဆက်လက်ယှဉ်ပြိုင် တိုက်ခိုက်နေခဲ့ပါတယ်။ ဒီမှာပဲ ချာမာသာကန်ဆိုတဲ့ သူရဲကောင်းတစ်ယောက်နဲ့ ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ရာမှာသူအနိုင်ရရှိခဲ့ပြီထင်ပေမဲ့ ချာမာသာကန်ရဲ့ ကောက်ကျစ်စဉ်းလဲမှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာတော့…။အိန္ဒိယခေတ်လွန်နဲ့ ခေတ်ပေါ်ရုပ်ရှင်တွေကို ငြီးငွေ့နေသူတွေအတွက် အလှည့်အပြောင်းလေးဖြစ်အောင်အိန္ဒိယနန်းတွင်းရုပ်ရှင်ကားကြီးကို ခံစားကြည့်ရှုလိုက်ကြပါဦးဗျ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်
...

Troy (2004) ⭐TMDB: 72.0% User Score 🎬 #Drama #History #Romance #Adventure #War #Action 🗓 2004 🎞 movie 🌎 #Malta #USA #UnitedStatesofAmerica #UnitedKingdom ⏰ 3 နာရီ 16 မိနစ် 23 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Troy (2004)ရုပ်ရှင်ခံစားမှု Troy ရုပ်ရှင်ဟု ဆိုလိုက်တာနှင့် ဂရိဘက်မှ မြင်းရုပ်ကြီးအား ထရိုဂျန်စစ်သားများက ကြိုးများဖြင့်ချည်နှောင်ကာ အီလီယွန်(Iliad)မြို့ထဲကို သယ်ဆောင်သွားတဲ့အကြောင်းတွေကို ကြားဖူးနားဝရှိကြပါလိမ့်မည်။ထင်ရှားကျော်ကြားသော စစ်ပွဲတွေအကြောင်း ညွှန်းဆိုပြောဆိုကြမည်ဆိုလျှင်လည်း ထရိုဂျန်စစ်ပွဲအကြောင်းကို ချန်ထား၍ ရမည်မထင်ပေ။ ကမ္ဘာ့အစောဆုံးဂန္တဝင် စာပေလက်ရာတစ်ခုအဖြစ် သမုတ်ထားကြသည့် ဂရိစာဆိုတော်ကြီးဟိုးမား၏ အိလီယက်နှင့် အိုဒက်ဆီ ကဗျာရှည်နှစ်ပုဒ်အနက် အီလီယက်ကဗျာမှာ ဂရိလူမျိုးတို့၏ ထရွိုင်မြို့အောင်ပွဲအကြောင်းကို ပြန်ပြောင်းဂုဏ်ပြုစိမ့်သောငှာ ဂုဏ်တင်ရေးဖွဲ့ထားသည့်ကဗျာရှည်တစ်ပုဒ်ဟု ပြောဆို၍ ရနိုင်ပါမည်။ထရိုဂျန်စစ်ပွဲကို အောင်နိုင်ဖို့ရာအတွက်လည်း ဂရိနိုင်ငံနှင့် ထရွို င်မြို့နိုင်ငံတို့ ကိုးနှစ်ကျော်ကြာအောင် တိုက်ခိုက်ခဲ့ရသည်။လူသားတွေသာမကပဲ နတ်ဘုရားတွေကပါ ကူညီတိုက်ခိုက်ကြသည်။ စစ်ပွဲဖြစ်ပွားရပုံ ကနဦးအကြောင်းရင်းကို ဖောက်သည်ချရလျှင် ထရွိင်ဘုရင်သားတော်ငယ် ပဲရစ်က ဂရိဘုရင်ကြီးအက်ဂါမန်မနွင်၏ ညီ မက်နယ်လော့ မိဖုရား ဟယ်လင်အား ခိုးယူသွားပုံကနေ စတင်ခြင်းဖြစ်သည်။ထရွိုင်နိုင်ငံအား တိုက်ခိုက်အောင်မြင်ဖို့ရာအတွက် စစ်သူကြီး အာချိလိ ဖြစ်သူကပါ ဦးစီးတိုက်ခိုက်ရသည်။ထိုသို့ ဂရိနှင့်ထရွိုင်တို့ အပြန်ပြန်အလှန်လှန် တိုက်ခိုက်ကြသော အကြောင်းကို ကဗျာရှည်အဖြစ် မှတ်တမ်းတင်ခဲ့ရာကနေ (အခြားသော သမိုင်းဆရာတွေကလည်း စစ်ပွဲနှင့်သက်ဆိုင်သော အကြောင်းအရာတွေ။အာချိလိ၏ အကြောင်းတွေကိုလည်း တစ်နည်းတစ်ဖုံဖြင့် ရေးသားခဲ့ကြသည် ။သို့ဖြစ်စေကာမူ ဟိုးမား၏ ကဗျာနှစ်ပုဒ်မှာ အအောင်မြင်ဆုံးဖြစ်ခဲ့သည်ဟု မှတ်ယူရပေမည်)နှောင်းလူတွေကနေ ခေတ်အဆက်ဆက် လက်ဆင့်ကမ်းသယ်ဆောင်လာခဲ့ကြသည်။ ဟောလိဝုဒ်ရုပ်ရှင်နယ်မြေကလည်း ဇာတ်လမ်းဇာတ်ကွက်အမျိုးမျိုးဖြင့် ထရိုဂျန်စစ်ပွဲများအကြောင်းကို ရိုက်ကူးတင်ဆက်ခဲ့ကြသည်။ထို့သို့ ထရိုဂျန်မြို့ပုံပြင်အား 2003 ခုနှစ်တွင် ဟောလိဝုဒ်ရုပ်ရှင်နယ်မြေကနေ ထပ်မံ၍ သရုပ်ဆောင် အကျော်အမော်များ|ကြီးကျယ်ခမ်းနားသော ဆက်တင်များဖြင့်ရိုက်ကူးထုတ်လုပ်ခဲ့ကြတော့သည်။ဘရက်ပစ် |အော်လန်ဒိုဘလွန်း စသည့် သရုပ်ဆောင်များပါဝင်သည်။သန်းပေါင်း၁၈၀ကျော် အကုန်ကျခံ ရိုက်ကူးသည်။လက်ရှိ အကုန်အကျအများဆုံး ရုပ်ရှင်ဇာတ်ကားများစာရင်းထဲတွင် မှတ်တမ်းဝင်ခဲ့သည်။ မူရင်းဇာတ်လမ်းတည်ဆောက်ပုံသည် သဘာဝကျသော ဖြစ်တည်မှုကို ကျော်လွန်၍ ရေးသားထားတာဖြစ်သော်လည်း ဒါရိုက်တာကြီး ဝုဖ်ဂန်းပီတာဆင်ကမူ လက်တွေ့ကျသည့် အနေအထားဆီကို ရောက်ရှိအောင် ပြန်လည်ဖန်တီးခဲ့သည်။ကနဦးဖွဲ့စည်းပုံအရဆိုလျှင် ယခုဇာတ်ကား၏ အဓိက ဇာတ်ဆောင်ဖြစ်သူ အာချိလိမှာ သာမန်လူသားတစ်ယောက်မဟုတ်ချေ ။နတ်ဘုရား ပီလိယပ်နှင့် ပင်လယ်စောင့်နတ်ဘုရားမ သီးထစ်တို့ကနေ မွေးဖွားသန့်စင်ထားသည့် စွမ်းအားတန်ခိုးရှင် တစ်ပါးဖြစ်၏။ထို့အတူ စစ်ပွဲတိုက်ခိုက်ရာတွင်လည်း ကောင်းကင်ပေါ်က နတ်ဘုရားတွေကပါ နှစ်ဘက်စလုံးကနေ ပါဝင်တိုက်ခိုက်ကြကြောင်း ရေးသားထားသော်လည်း ဒါရိုက်တာကြီးကမူ ထိုသို့သော အချက်အလက်တွေကို မျက်ကွယ်ပြုပြီး သာမန်လူသားတွေအဖြစ်သာ ယုတ္တိကျကျ ပြန်လည်ဖန်တီးခဲ့သလို ကိုးနှစ်ကျော်ကြာစစ်ပွဲအားလည်း ရက်သတ္တပတ်မျှသာ ကြာမြင့်သောကာလဆီကို ပြောင်းလဲပစ်ခဲ့ပါသည်။ထို့အတူ အာချိလိမှာလည်း တိုက်ရည်ခိုက်ရည်ပြည့်ဝသည့် စစ်သူရဲတစ်ဦးအဖြစ်သာ မြင်တွေ့ခဲ့ရကာ ဇာတ်သိမ်းပိုင်းတွေကိုလည်း အခြားကဗျာဆရာကျော်တစ်ဦးဖြစ်သည့် ဗစ်ဂျေးလ်၏ အီနီးယပ် လက်တင်ကဗျာရှည်က ဇာတ်ကွက်များဖြင့် ပြုပြင်ပေါင်းစပ်ခဲ့ကြ၏။ ဇာတ်လမ်းအကျဉ်းကို တင်ပြရပါမူ ဟယ်လင်နှင့်ပဲရစ်တို့၏ ချစ်ခြင်းကနေ နှစ်ပြည်ထောင်ခင်းကျင်းသော စစ်ပွဲကြီးတစ်ပွဲစတင်ခဲ့သည်ဟု ဆိုရပေမည်။ပဲရစ်၏အကိုတော် ဟက်တာအနေဖြင့် ညီခိုးယူလာသည့် မိန်းကလေးသည် ဂရိနိုင်ငံက ဘုရင်ကြီးခယ်မမှန်းမသိခဲ့ချေ ။သိရှိချိန်မှာမူ နောက်ကျခဲ့လေပြီ။အာချိလိအမှူးပြုသော ဂရိအင်ပါယာတပ်မကြီးသည် ထရွိုင်မြို့နိုင်ငံအား သိမ်းပိုက်ဖို့ချီတက်ခဲ့တော့သည်။သို့ဖြစ်စေကာမူ ခံစစ်အားတောင့်တင်းလှသည့် အီလီယွန်မြို့အား သိမ်းပိုက်ဖို့မလွယ်လှချေ ။ထို့နောက်တွင် စစ်သူရဲ အာချိလိနှင့် ထရွိုင်မြို့မှ မင်းသား ဟက်တာနှင့် ပဲရစ်တို့ အပြန်ပြန်အလှန်လှန် တိုက်ခိုက်ကြပုံအား ရှုစားရမှာဖြစ်ပါသည်။ ဒါရိုက်တာကြီး ပီတာဆင်အနေဖြင့် အာချိလိ ဇာတ်ရုပ်အား ပိုမိုရုပ်လုံးကြွစေရန်အတွက် သူရဲကောင်း ဇာတ်ရုပ်တိုင်း ပုံစံသေဖွဲ့စည်းလေ့ရှိသည့် ထီမထင်သူ။ရာထူးဂုဏ်သိမ်မမက်မောသူ။ပင်ကို ဖွဲ့စည်းပြီးသား စရိုက်ဖြစ်သည့် ဒေါသခက်ထန်သူတစ်ဦးအဖြစ် အာချိလိဇာတ်ရုပ်ရုပ်လုံးအား ပီပြင်စွာ တင်ဆက်ပေးနိုင်ခဲ့သလို သူနှင့် ဆန့်ကျင်ဘက် ရန်သူဖြစ်သွားရှာတဲ့ ပဲရစ် အကိုတော်...