uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закритий канал

🚩 Channel was restricted by Telegram

Показати більше
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
ကောလိပ်ဂျပိုး ⭐N/A 🎬 #romance #comedy #cinema 🗓️ N/A 🎞️ Movie 📺 720p HD 🌎 #Myanmar ⏰ 1 နာရီ 53 မိနစ် 22 စက္ကန့် 👑 FDMN ဇာတ်ညွှန်း 📜 တက္ကသိုလ်အဆောင်ကိုမေးမြန်းတဲ့တောသားလေး သိန်းဖေ တစ်ယောက်စီနီယာ ခင်ကျော် ရဲ့လက်ချက်ကိုဘယ်လိုမိသွားမလဲ… ခင်ကျော် တို့အဖွဲ့မှာ သိန်းဖေ ကိုတက္ကသိုလ်ရဲ့ ကောလိပ်ဂျပိုး တစ်ယောက်ဖြစ်အောင်သင်ကြားပေးရင်း သိန်းဖေ မှာ အေးစိန်ကို မြင်မြင်ချင်း ချစ်မိခဲ့ရာကအစပြုပြီး သိန်းဖေ တစ်ယောက် အေးစိန်ရဲ့အချစ်ကို ပိုင်ဆိုင်ရဖို့အတွက် ဘယ်လိုဟာသဆန်ဆန် ကြိုးစားသွားမလဲ… ထင်မှတ်မထားတဲ့ကိစ္စတစ်ခုကြောင့် သိန်းဖေကိုအထင်လွဲခဲ့တဲ့ အေးစိန်မှာ အဖြစ်မှန်ကိုသိရှိသွားတော့ ဘာဆက်လုပ်မလဲ… သရုပ်ဆောင် မြင့်မြတ်၊ ဝတ်မှုံရွှေရည် ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) ထုတ်လုပ်ရေး လက်ကီးဆဲဗင်း

အနူးဘစ် (Anubis) ⭐N/A 🎬 #horror #cinema 🗓️ N/A 🎞️ Movie 📺 720p HD 🌎 #Myanmar ⏰ 1 နာရီ 59 မိနစ် 12 စက္ကန့် 👑 FDMN ဇာတ်ညွှန်း 📜 ဦးသံလွင်ထွဋ်ခေါင် မှာ သမီးဖြစ်သူ သံလွင်ဧကရီ ကိုမွေးနေ့လက်ဆောင်အဖြစ် Hello Kitty ကားလေးကို_x000D_ လက်ဆောင်ပေးခဲ့ရာကအစပြုပြီး သေပြီးသားသူတွေကိုမြင်နိုင်စွမ်းရှိတဲ့ လပြည့်ကျော် မှာ လမ်းသရဲမလေး_x000D_ ဆယ်လင်း နဲ့ရင်းနှီးကာ သံလွင်ဧကရီ ရဲ့ကားနဲ့ပတ်သတ်ပြီးဘယ်လိုတွေကူညီမလဲ .... သံလွင်ဧကရီ ရဲ့ကားမှာ_x000D_ ဘာတွေဖြစ်နေမလဲ ... လပြည့်ကျော် ရဲ့အကူညီကို ဦးသံလွင်ထွဋ်ခေါင် ကအလွယ်တကူလက်ခံမလား .._x000D_ ဦးသံလွင်ထွဋ်ခေါင် နဲ့ ဆယ်လင်း တို့ကြားပတ်သတ်မှုကဘာတွေလဲ ... သရုပ်ဆောင် လူမင်း၊ နေတိုး၊ ဝတ်မှုံရွှေရည်၊ ရွှေမှုံရတီ ဒါရိုက်တာ လူမင်း ထုတ်လုပ်ရေး အောင်တိုင်းကျော်

White Sun (2016) ⭐IMDB: 7.1/10 (591 Votes) 🎬 #Adventure #Drama 🗓️ 2016 🎞️ Movie 📺 720p HD 🌎 #Nepal #Netherlands #Qatar #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 26 မိနစ် 01 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 White Sun (2016) ~ IMDb – 7.1/10, Rotten Tomatoes – 100% ~ ဒီကားရဲ့ နာမည် Seto Surya (နေဖြူ) ဆိုတာက နီပေါနိုင်ငံရဲ့ အမျိုးသားအလံမှာပါတဲ့ အစိတ်ပိုင်းတစ်ခုကို ရည်ညွှန်းထားတာပါ။ အတွင်းသားအနီရောင်နဲ့ အပြာအနားကွပ်၊ လခြမ်းကွေးလေးရယ် တောက်လောင်နေတဲ့နေရယ် ပါတဲ့ နီပေါအလံကို မြင်ဖူးရင် သိကြမှာပါ။ ဒီကားရဲ့ နေဖြူဆိုတာကတော့ အဲဒီ အဖြူရောင်နေကို ဆိုလိုတာဖြစ်ပါတယ်။ ၁၉၉၆ ကနေ ၂၀၀၆ အထိ ဖြစ်ပွားခဲ့တဲ့ နီပေါ ပြည်တွင်းစစ်ပြီးစ အခြေအနေကို ဇာတ်အိမ်တည်ထားတဲ့ ရုပ်ရှင်ပါ။ တစ်ချိန်က နီပေါဟာ ဘုရင့်နိုင်ငံဖြစ်ခဲ့ပြီး ဘုရင့်တော်ဝင်တပ်တွေနဲ့ နီပေါကွန်မြူနစ်ပါတီ (မော်စီတုန်းဝါဒီသမားတွေလို့လည်း ခေါ်ပါတယ်) ကြား နိုင်ငံတစ်ဝှမ်း ဖြစ်ပွားခဲ့ပြီး တော်လှန်သူ ကွန်မြူနစ်တွေ အနိုင်ရခဲ့တဲ့ စစ်ပွဲပါ။ နီပေါနိုင်ငံသားတွေဟာ ထုံးတမ်းစဉ်လာတွေ ဓလေ့တွေလိုက်နာသက်ဝင်ပြီး လူမှုအဆင့်အတန်း ဇာတ်နိမ့်၊ ဇာတ်မြင့် ခွဲခြားမှု ပြင်းထန်တဲ့အလျောက် လူတန်းစားအလွှာကွာဟမှုကို ဆန့်ကျင်တဲ့ မော်စီတုန်းဝါဒီသမားတွေ အာဏာရသွားတေ့ာ အတော်လေးလည်း ခွကျခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းဘက်ကို လှည့်ရမယ်ဆိုရင်ဖြင့် ရှုထောင့် ၂မျိုးက ပြောဖို့ စဉ်းစားထားပါတယ်။ပထမတစ်မျိုးကတော့ ပူးဂျာလို့ခေါ်တဲ့ ကလေးမလေးတစ်ယောက်ရဲ့ ရှုထောင့်ပါ။ ပူးဂျာလေးဟာ အမေဖြစ်သူနဲ့အတူ ဝေးလံခေါင်သီတဲ့ တောင်တွေပေါ်မှာရှိတဲ့ ရွာဇနပုဒ်မှာ နေထိုင်ပါတယ်။ သူ့ရဲ့ အဖိုးလို့ ခံယူထားတဲ့ ရွာအကြီးအကဲကြီး ဆုံးသွားတဲ့အခါမှာတော့ ရွာမှာ ကြားဖူးနားဝ ကောလဟာလနဲ့ သူ့အဖေဖြစ်လိမ့်မယ်လို့ သတ်မှတ်ထားတဲ့ ပုဂ္ဂိုလ်တစ်ယောက် ရွာပြန်အလာကို မျှော်လင့်တကြီး စောင့်စားပါတော့တယ်။ ဒုတိယ ရှုထောင့်အနေနဲ့ကတော့ ချန်ဒျာလို့ခေါ်တဲ့ စစ်သားဟောင်းတစ်ဦးရဲ့ နေရာကနေပါ။ သူဟာ စစ်သားဆိုပေမယ့် ယခုလက်ရှိအာဏာရ ကွန်မြူနစ်ပါတီရဲ့ တစ်ချိန်က ပြောက်ကျားစစ်သား (သူပုန်)ပါ။ တော်လှန်စဉ်က ပါဝင်ခဲ့ပြီး စစ်ပွဲအပြီး ဘေးထွက်နေတဲ့လူမျိုးပေါ့။ သူ့အဖေဖြစ်သူ ဆုံးသွားပြီဆိုတဲ့ သတင်းကြောင့် ရွာကို ပြန်လာခဲ့ပေမယ့် အပေါ်မှာပြောသလို အယူအစွဲကြီးတဲ့ ရွာကလူတွေနဲ့ သူနဲ့ကြားက ပဋိပက္ခတွေကြောင့် သူ့အဖေဖြစ်သူ ရွာအကြီးအကဲကို အဆင်ပြေပြေသင်္ဂြိုလ်နိုင်ဖို့ လုံးပမ်းရပါတော့တယ်။ Venice ရုပ်ရှင်ပွဲတော်မှာ ဆုရထားပြီး Toronto တို့ Rotterdam တို့အပါအဝင် ဟုတ်ပေ့ဆိုတဲ့ ရုပ်ရှင်ပွဲတော်ကြီးတွေမှာ ပြသခွင့်ရထားတဲ့ ရုပ်ရှင်မို့ လက်မလွတ်စေလိုပါ။ ဒီ နီပေါဒါရိုက်တာဟာဖြင့် သူ့ရဲ့ ပထမဆုံး ပွဲဦးထွက်ရုပ်ရှင်ကား Highway တုန်းကလည်း ဘာလင်တို့ လိုကာနိုတို့လို ပွဲတော်ကြီးတွေနဲ့ စခဲ့တာပါ။ အခု White Sun ကတော့ သူ့ရဲ့ ဒုတိယကားပေါ့။ နီပေါလို ဒေသတွင်း အနုပညာဖန်တီးသူတွေ သူတို့လက်ရာတွေနဲ့ ကမ္ဘာပတ်နေတာကို ကြွေနေရသလိုမျိုး ကိုယ့်နိုင်ငံတွင်းက ရုပ်ရှင်သမားတွေရဲ့ လက်ရာတွေ (ယခု လူနည်းစု ပတ်နေကြပြီမှန်း သိပါတယ်) လည်း များများစားစား မြင်ရဖို့ မျှော်လင့်မိပါကြောင်း…။ (ဒီဇာတ်ကားနဲ့အညွှန်းကိုZမှ ပြန်ဆို ရေးသားထားပါတယ်)

Attack of the Hollywood Cliches! (2021) ⭐IMDB: 6.1/10 (4 k Votes) 🎬 #Comedy #Documentary 🗓️ 2021 🎞️ Movie 📺 1080p FHD 🌎 #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 58 မိနစ် 39 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Attack of the Hollywood Clichés! (2022)=============================IMDb Rating – 6.1/10 လူတိုင်းလိုလို ရုပ်ရှင်တွေကြည့်နေရင်းက “ဒီကောင်မလေးက အနောက်ကလိုက်ဖမ်းတာခံနေရတာကို ဘာလို့ဒေါက်မြင့်ဖိနပ်ကြီးနဲ့ပြေးနေရတာတုန်းချွတ်ပြေးပါလား” တို့၊ “မင်းသားကို လူဆိုးတွေက တပြိုင်တည်းဘာလို့ မချဘဲနဲ့ တစ်ယောက်ချင်းစီအလှည့်ကျချနေကြရတာတုန်း” တို့ “အရေးဟဲ့အကြောင်းဟဲ့ဆိုရင် ဖုန်းကဘာလို့ဘက်ထရီထထကုန်ရတာလဲ” တို့ဆိုပြီးမေးခွန်းပေါင်းသောင်းခြောက်ထောင်မေးဖူးကြမှာပါ။ ပြီးတော့ အချစ်ကား‌‌တွေမှာ‌ဆိုရင် မင်းသား၊ မင်းသမီးတွေ တစ်ယောက်ဆီကိုတစ်ယောက်‌ပြေးလိုက်သွားကြတဲ့အခန်းတို့ ၊ အက်ရှင်ကားဆိုလည်း ကားတွေနဲ့ လိုက်ဖမ်းရတဲ့အခန်းတို့ ဘာတို့ကို ကားတိုင်းနီးပါးလိုလိုမှာထည့်ထားတတ်ကြတာ သတိထားမိမှာပါ။ အဲ့လိုမျိုးတွေကများများလာတော့ ကိုယ်တွေဆိုတစ်ခါတစ်လေ ဘော်ဒါတွေအချင်းချင်းပြန်အာလူးဖုတ်ပြောတတ်ကြတယ်မလား။ မပူပါနဲ့ ကိုယ်တွေတင်မကဘူး ရုပ်ရှင်လောကသားတွေကိုယ်တိုင်ပါပြောတတ်ကြပါတယ်။ ဒီတော့ ဒီအစီအစဉ်မှာ အဲ့လိုဖန်တစ်ရာတေနေတဲ့အကြောင်းတွေကို ရုပ်ရှင်အနုပညာရှင်တွေ၊ ဝေဖန်ရေးဆရာတွေစသဖြင့်ပုဂ္ဂိုလ်အစုံကနေပြီးတော့နာမည်ကျော်ရုပ်ရှင်ကားနမူနာအခန်းတွေပြန်ကြည့်ပြန်ပြပြီး‌တော့ ဆွေးနွေးဝေဖန်အာလူးဖုတ်ကြတာကို ကြည့်ရှူရမှာပဲဖြစ်ပါတယ်။ စိတ်ဝင်စားဖို့လည်းကောင်း၊ ရယ်ဖို့ကောင်းတာတွေလည်းပါတယ်ဆိုတော့ ဒီ “Attack of theHollywood Clichés!” လေးကြည့်ရင်း အတူလိုက်ပါ‌အာလူးဖုတ်လိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Fiona Gillen ဖြစ်ပါတယ်)

A Neighbor's Vendetta (2023) ⭐IMDB: 6.3/10 (86 Votes) 🎬 #Thriller 🗓️ 2023 🎞️ Movie 📺 720p HD 🌎 #UnitedStates ⏰ 1 နာရီ 30 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 A Neighbor’s Vendetta (2023) 2023 မှာ လတ်လတ်ဆတ်ဆတ်ထွက်ရှိထားတဲ့ A Neighbor’s Vendetta ကတော့ လူကြီးမိဘ​တွေ​ဆုံးမကြတဲ့ အစားမ​တော် တစ်လုတ်ဆိုတဲ့အတိုင်း အစားမှားပြီး ဘဝပျက်သွားတဲ့​ကောင်မ​လေးတစ်​​ယောက်အ​ကြောင်းကို ရိုက်ကူးပြသထားတာပဲဖြစ်ပါတယ်။ ​ဂျေးနဲ့ ဆွန်ရာတို့အတွဲဟာ သာယာတဲ့မိသားစု​လေးဖြတ်သန်း​နေရင်း ကားမ​တော်တဆမှု​ကြောင့် သမီးဖြစ်သူ အိဗ်ကို ဆုံးရှုံးလိုက်ရတဲ့အခါ ဆွန်ရာက ​ဂျေးကို စိတ်ကွက်ပြီး ​မျက်နှာ​တောင်မကြည့်ချင်​တော့​လောက်​အောင် ဖြစ်သွားခဲ့ပါတယ်။ သူတို့အတူ​နေရင်​တောင် မ​တော်တဆမှုကိုပြန်မြင်​​ယောင်လို့ လိင်မှုကိစ္စလည်းမပြီး​မြောက်ကြပါဘူး။ ဒါနဲ့ ​ဂျေးလည်း ဆွန်ရာ စိတ်​ပြန်ကျန်းမာလာ​အောင် ခဏ​လောက်​လမ်းခွဲလိုက်ပါတယ် အဲ့ဒီ​နောက် ဆွန်ရာကလည်း ဆရာဝန်ရဲ့အကူအညီနဲ့ စိတ်​တွေပြန်ကျန်းမာလာပြီး ​ရော့ဘတ်ကို စားလိုက််မိပါတယ်။ တစ်ည ​ရော့ဘတ်​နဲ့ဖုန်းထဲက​​နေ အီစီကလီ​တွေလုပ်​နေတုန်း ​ရော့ဘတ်ဘက်က လက်လွန်ပြီး ​သေသွားခဲ့ပါတယ်။ ကံဆိုးချင်​တော့ ​ရော့ဘတ်က အိမ်​​ထောင်နဲ့မှန်းဆွန်ရာက မသိခဲ့ပါဘူး။ ​ရော့ဘတ်ရဲ့မိန်းမ မီယာက ရှက်ရှက်နဲ့ ဒီကိစ္စကိုဖုံးထားပြီး ငါ့​​ယောကျာ်းကို စားတာ ဘယ်သူလဲ ဘယ်ကလဲ လိုက်ရှာခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ​ဂျေးနဲ့ ဆွန်ရာကလည်း အတူပြန်​နေကြည့်ဖို့ကြိုးစားဖို့ မြို့ပြင်ပအိမ်​လေးဆီက​ပြောင်းလာခဲ့ပါတယ်။ မီယာကလည်း ဆွန်ရာမှန်းသိသွားပြီး နင်ငါ့​ယောကျာ်းကိုစားတယ်၊ ငါလည်းနင့်​ယောကျာ်းကိုစားရမှဖြစ်မယ်ဆိုပြီး ကလဲ့စား​တွေပြန်​ချေပါ​တော့တယ်။ ကြားထဲက ​ဂျေးက​တော့ ဘာမှမသိတဲ့ ​မြေစာပင်​လေး​ပေါ့။ သူတို့နှစ်​ယောက် ကလဲ့စား​ချေရင်း ဘာ​တွေဖြစ်ပျက်မယ်ဆိုတာကို သည်းထိတ်ရင်ဖို စောင့်ကြည့်ရမယ့်ကား​လေးလည်းဖြစ်ပါတယ်။ အစပိုင်း ဖုန်းနဲ့ အီစီကလီလုပ်ရာမှာ ညစ်ညမ်းတဲ့စာ​တွေ အသံ​တွေပါတာ​ကြောင့် ၁၈နှစ်ပြည့်​မှကြည့်ဖို့​တော့ တိုက််တွန်းပါရ​စေ… (ဒီဇာတ်ကားနဲ့အညွှန်းကိုDBမှ ပြန်ဆို ရေးသားထားပါတယ်)

Veera Simha Reddy (2023) ⭐IMDB: 5.8/10 (5 k Votes) 🎬 #Action #Bollywood #Drama 🗓️ 2023 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 51 မိနစ် 44 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Veera Simha Reddy (2023)Action/ DramaIMDb 5.8/10 နှစ်ဘဝကလဲ့စားဇာတ်ကားနဲ့ ပုရိသတို့အသည်းစွဲဖြစ်ခဲ့တဲ့ မင်းသမီး Shruti Haasanပါဝင်တဲ့ဇာတ်ကားအသစ်စက်စက်လေး ထွက်ရှိလာပါပြီ။ ဘက်ဂျက်၅ဆလောက်ကိုပြန်မြတ်ခဲ့တဲ့ကားလည်းဖြစ်လို့ ကြည့်ဖြစ်အောင်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဂျေးနဲ့မီနက်ရှီတို့သားအမိနှစ်ယောက်ဟာ အစ္စတန်ဘူလ်မှာအခြေချနေထိုင်ရင်း ဘဝကို အေးချမ်းစွာဖြတ်သန်းနေတာပါ။ တစ်ရက်မှာတော့ဂျေးတစ်ယောက် သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်ဆိုသလို ချစ်ရတဲ့မိန်းကလေးနဲ့အိမ်ထောင်တစ်ခုထူထောင်ဖို့ ဖြစ်လာပါတော့တယ်။ အဲဒီအချိန်မှာကိုယ့်ကိုယ်ကိုမိတဆိုးသားလေးလို့ထင်နေခဲ့တဲ့ ဂျေးကို မီနက်ရှီကဖခင်ဖြစ်သူအကြောင်းထုတ်ပြောပြလာပါတော့တယ်။ ဖခင်ဖြစ်သူဟာ စီမာဒေသနဲ့လူထုကို တရားသောနည်းလမ်းနဲ့အုပ်ချုပ်နေပြီးရဲစွမ်းသတ္တိနဲ့ပြည့်စုံတဲ့ ဗီရာဆင်းမ်ဟာရတ်ဒီဖြစ်ကြောင်း ဂျေးသိပြီးတဲ့အခါမှာတော့…ဖခင်ရဲ့ဆန္ဒကို ဘယ်လိုတွေဖြည့်ဆည်းပေးမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုကြရမှာဖြစ်ပါတယ်။

Daily Police (2023) ⭐⁉️ 🎬 #Action #Crime 🗓️ 2023 🎞️ Movie 📺 1080p FHD 🌎 #China ⏰ 1 နာရီ 36 မိနစ် 07 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 CM ပရိသတ်တွေအတွက် ရဲသားတွေရဲ့ နေစဉ်နေထိုင်မှုပုံစံကိုသဘာဝကျကျရိုက်ထားတဲ့ Daily Police ဆိုတဲ့ဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်း အကျဉ်းလေးကတော့- အလှဆုံးရဲမေအဖြစ် ဂုဏ်ပြုခံရသူ လီလုဟာ မှုခင်းရဲတပ်ဖွဲထဲ ဝင်ချင်ပေမဲ့ကင်းလှည့်တပ်ဖွဲထဲမှာ အစားထိုး အဖွဲခေါင်းဆောင်အဖြစ် တာဝန်ပေးအပ်ခြင်း ခံခဲ့ရပါတယ်။အခြေခံပတ်ဝန်းကျင်ကို ရောက်သွားတဲ့ လီလုဟာ ကောလာဟလတွေနဲ့အထင်လွှမှုတွေကြားထဲကနေ ကိုယ်တိုင်ကိုယ်ကျ ကြိုးစားပြီးပြည်သူတွေအတွက် အခက်အခဲတွေကို ဖြေရှင်းပေးခဲ့ပါတယ်။ တစ်ရက်ပြီးတစ်ရက် လုပ်ဆောင်နေရတဲ့ လုပ်ငန်းဆောင်တာများထဲမှာလီလုတစ်ယောက် အဖွဲဝင်တွေကို စည်းလုံးလာအောင် ဘယ်လိုကြိုးစားခဲ့သလဲ……ပြည်သူတွေရဲ့ လုံခြုံမှုအတွက် ဘယ်လို ကြိုစားခဲ့သလဲဆိုတာကို……ဖြစ်ရပ်မှန်ဇာတ်လမ်းလေးကိုပဲ ကြည့်ရှုခံစားလိုက်ရအောင်နော်။

Women Talking (2022) ⭐IMDB: 7.2/10 (8 k Votes) 🎬 #Drama 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 44 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Women Talking(2022) ********************* IMDb…7.2 ,,,, Rotten ….91% ဒီဇာတ်ကားဟာ အော်စကာ ဆန်ကာတင်(၂) ဝင်ခဲ့သလို အခြားဆုပေါင်း ၄၆ဆုလည်းရရှိခဲ့ပါတယ်.. ” ကျွန်မတို့အပေါ် အပြစ်လုပ်သူတွေကို ခွင့်လွှတ်ခဲ့တာပဲလေ ဘာဖြစ်လို့အခုလည်း မလုပ်နိုင်ရမှာလဲ”“အခုကျွန်မတို့ ပိုသိသွားလို့ပေါ့” Stockholm Syndrome ဆိုတဲ့ ပြဿနာက နောက်ပိုင်းsocietyမှာ အတော်လေးအတွေ့ရများလာသလို ဒါကိုawarenessရဖို့အတွက်လည်း ပညာပေးတာတွေ ဆောင်းပါးရေးလာကြတာတွေကို မြင်ဖူးဖတ်ဖူးကြမှာပါ။ ဒါပေမဲ့ ဒီStockholm Syndrome ဆိုတဲ့အရာရဲ့ကနေဦးအစကို သင်တွေးခဲ့ဖူးပါသလား။ သင်ဟာအရာရာအမှောင်ချခံထားရတဲ့ဘဝမှာ ရှင်သန်ရဖို့ဖြစ်လာခဲ့ရင်၊ အလင်းလေးတစ်ပေါက်ရဖို့အတွက် အရာရာစတေးရတဲ့ အသိုင်းအဝိုင်းတစ်ခုမှာမွေးလာပြီး အနိုင်ကျင့်ခံနေရမှန်းသိရက်နဲ့ မြိုသိပ်ဖို့သာရွေးချယ်ခွင့်ရခဲ့ရင်ကော…. ဒီနေ့မှာကတော့ Oscar Norminee ၂ ခု ဝင်ထားတဲ့ ရုပ်ရှင်လေးဆိုလည်းဟုတ် Activistတစ်‌ယောက်ဖြစ်တဲ့Sarah Polley ရဲ့လက်ရာ‌ဆိုလည်းဟုတ်တဲ့ Women Talkingဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးလိုက်ပါရစေ။ ဇာတ်ကားကအနှစ်ဆိုပေမဲ့ လောကကြီးရဲ့အမှောင်ခြမ်းကို မီးမောင်းထိုးပြမဲ့ ရုပ်ရှင်ကားလေးဆိုတော့ PG-13 rating‌ ရထားပြီးနဲ့ Darkဖြစ်တဲ့အကြောင်းအရာတွေတော့ပါမှာပါ။ အမျိုးသားတွေသာ အခရာဖြစ်နေခဲ့တဲ့ မြို့ငယ်လေးတစ်ခု၊ အမျိုးသမီးဆိုတာ ပညာသင်ယူခွင့်မရ အရေးအဖတ်တောင် မသိတဲ့ဘဝမှာနေရတဲ့ ဒီမြို့ငယ်လေးမှာနေရတဲ့သူတို့တွေဟာ အမြဲတမ်း အမျိုးသားတွေရဲ့ အနိုင်ကျင့်ခံ အောက်ကျို့ခံတွေပါပဲ။ အရာရာ ပစားပေးခံရလွန်းတဲ့ ဒီအမျိုးသားတွေက ရဲတင်းလာပြီးတော့ တစ်ဆင့်တက်လို့ အမျိုးသမီးတွေကို လိင်အကြမ်းဖက်မှုပါ ပေါ်ပေါ်ထင်ထင် ကျူးလွန်လာချိန်မှာတော့ အရှက်သိက္ခာကို ထိပါးလာတာကိုသည်းမခံနိုင်တဲ့ အမျိုးသမီးတွေစုပြီး ဒီလူတွေကိုဖမ်းလိုက်ပါတယ်။ မကြာခင်မှာပဲ ဒီလူတွေကို ရဲကလာခေါ်သွားပါတယ် ဒါပေမဲ့… ကျူးလွန်သူတွေကို ဒေါသဖြစ်နေတဲ့ အမျိုးသမီးတွေဆီက ကာကွယ်ပေးဖို့ပါပဲ။ တစ်မြို့လုံးက ယောက်ျားသားများက ပန်းနု‌သွေးနေတဲ့ ဒီလူတွေအတွက် အာမခံပေးတဲ့အပြင်ကို မြို့မှာရှိတဲ့အမျိုးသမီးတွေကို ၂ ရက်အချိန်ပေးပါတယ်…. ဒီလူတွေကို ခွင့်လွှတ်ပေးဖို့ပါတဲ့။ ခွင့်မလွှတ်နိုင်ရင်တော့ မြို့ကနေ နှင်ထုတ်ခံရမှာပါ။ ဒီတော့ Do nothing, stay and fight, leave ဆိုတဲ့ ၃ ခုထဲက ရွေးချယ်ဖို့အတွက် မြို့ခံအမျိုးသမီးများကိုယ်စား အမျိုးသမီးတစ်စုက ‌၂ ရက်တိတိဆွေးနွေးဖို့ ဖြစ်လာပါတော့တယ်။ ဒီခေတ်ကြီးမှာသာလို ပွင့်လင်းမြင်သာပြီး Gender equalityနဲ့ Democracyရတဲ့နိုင်ငံမှာဆိုရင်တော့ ဒါဟာ ဆွေးနွေးဖို့လိုလားလို့ ပြောစရာဆိုပေမဲ့ အရာရာအညွန့်ချိုးခံထားရတဲ့အမျိုးသမီးငယ်တွေ ဗဟုသုတဆိုတာ ကြားတောင်မကြားဘူးတဲ့သူတို့အတွက် တစ်သက်လုံး Victim blaming လုပ်ခံထားရ ကိုယ်ကအနိုင်ကျင့်ခံရပြီး ကိုယ်ပဲခင်မို့မို့အေးဖြစ်ဖြစ်သွားတဲ့ သူတို့အတွက်၊ ဒီမြို့ကနှင်ခံရရင် ကောင်းကင်ဘုံမရောက်နိုင်ဘူးလို့ ဘာသာရေးမှိုင်းတိုက်ခံထားရတာကတစ်ဖက်၊ Comfort Zoneက ရုန်းမထွက်နိုင်တာကတစ်ဖုံ၊ Victim Blaming ကိုကြောက်ပြီး ကြိတ်မှိတ်နေရင်းနဲ့ Stockholm Syndrome ‌ဝင်‌နေသူတွေကတစ်မျိုး ဒီကြားထဲမှာမှ အတိတ်ရဲ့အရိပ်ဆိုးကနေ ဒီလူမဆန်တဲ့ဆင်းရဲတွင်းကနေ လွတ်မြောက်ဖို့ ကိုယ်ပိုင်အခွင့်အရေးရဖို့ သူတို့အကြိတ်အနယ်ဆွေးနွေးတာကို အချိန်ကုန်လို့ကုန်မှန်းမသိ မျောပါခံစားမိစေမဲ့ ဇာတ်လမ်းကောင်းလေးပါပဲ။ Single space settingနဲ့ Dialogue တွေနဲ့ပဲဆွဲခေါ်သွားမဲ့ရုပ်ရှင်ဆိုတော့ ပျင်းစရာကြီးလို့ထင်သွားနိုင်ပေမဲ့ IMDb 7.2/ Rotten Tomatoes 91%ဆိုတဲ့ ratingကောင်း‌တွေပိုင်ဆိုင်ထားတဲ့အပြင် Castingကလည်း Claries Foyတို့ Rooney Maraတို့လို ဝါရင့်သဘာရင့်တွေထည့်သုံးထားတာပြီး ဇာတ်လမ်းကစိတ်ကူးယဉ်ဆိုပေမဲ့ ဒီလိုအဖြစ်မျိုးတကယ်ရှိခဲ့တယ်ဆိုတာရယ် ဒီရုပ်ရှင်က သရုပ်ဆောင်တွေကိုပါ Impactတစ်ခုဖြစ်စေတဲ့အထိ Deepမဲ့ရုပ်ရှင်ဆိုတော့ မကြည့်ရသေးဘူးဆိုရင် စကားပြောတာပျင်းစရာကြီးလို့မ‌တွေးဘဲ မြည်းစမ်းသင့်ကြောင်း တိုက်တွန်းလိုက်ရပါတယ်။

Invincible Eight Diagram Palm (2023) ⭐⁉️ 🎬 #Comedy 🗓️ 2023 🎞️ Movie 📺 1080p FHD 🌎 #China ⏰ 1 နာရီ 33 မိနစ် 09 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဟဲလို CMပရိသတ်တို့ရေ ဒီတစ်ခေါက်ပျော်ပျ်ောပါးပါးဟာသသိုင်းကားကိုမိတ်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းကတော့ ပြည်သူတွေချစ်စနိုးခေါ်တဲ့ဘီလူး-စူးစစ်ဟာဘိုးဘေးစဥ်ဆက်လက်ဆင့်ကမ်းခဲ့တဲ့အင်းကွက်သိုင်းရဲ့ ၇၃ယောက်မြောက်ဂိုဏ်းချုပ်တာရှ သဘောထားပြည့်ဝတဲ့လုံခြုံရေးခေါင်းဆောင်သူတိုနှစ်ဦးဟာ ကိစ္စရပ်တစ်ခုမှာရင်းနှီးပြီး မိသားစုနဲ့ဘဝအခက်အခဲကိုအတူရင်ဆိုင်ကြတယ် သူတိုနှစ်ဦးအတူတွေ့ဆုံပြီးနောက် ဘယ်လိုဘဝအခက်အခဲမျိုးရင်ဆိုင်ကြမလဲစူးစစ်လည်း ဘိုးဘေးစဥ်ဆက်သိုင်းပညာကိုဆက်လက်တွင်ကျယ်အောင်ဖြန့်ချိနိုင်မလားတာရှနဲ့သူ့သမီးကြားက အထင်လွှဲမှုတွေဘယ်လိုဖြေရှင်းသွားနိုင်မလဲပေါ့ပေါ့ပါးပါးနဲ့ ပရိတ်သတ်တို့ကြည့်ရှုလိုက်ကြပါရှင့်

Hum Dil De Chuke Sanam (1999) ⭐IMDB: 7.4/10 (19 k Votes) 🎬 #Bollywood #Comedy #Drama #Musical #Romance 🗓️ 1999 🎞️ Movie 📺 720p HD 🌎 #India #Hungary ⏰ 3 နာရီ 08 မိနစ် 59 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Hum Dil De Chuke Sanam (1999)**********************************ဒီဇာတ်ကားလေးကတော့ ပရိတ်သတ်အချစ်တော် သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ဆလ်မန်းခန်း၊အာဂျေးဒေ့ဗ်ဂန်ဒ်နဲ့ မင်းသမီးချောလေး အက်ရှ်ဝါးရွိုင်တို့ ပါဝင်သရုပ်ဆောင်ထားကြတဲ့ Romance/Dramaအမျိုးအစားဘောလိဝုဒ်ဇာတ်ကားလေးတစ်ကားဖြစ်ပြီး IMDb rating ကလည်း7.4အထိ ရရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းနန္ဒနီနဲ့ ဗန်ရား(ဂ်ျ)ဟာ မိဘတွေ ပေးစားတဲ့အတွက်ကြောင့်လက်ထပ်ခဲ့ရပါတယ်။ဗန်ရား(ဂ်ျ)နဲ့ လက်မထပ်ခင် နန္ဒီမှာဆမီး(ရ်)ဆိုတဲ့ ချစ်သူတစ်ယောက် ရှိခဲ့ပါတယ်။ နန္ဒီဟာ ဗန်ရား(ဂ်ျ)နဲ့ လက်ထပ်လိုက်ရပေမဲ့လည်းသူ့ရဲ့အချစ်ဟောင်းကို မမေ့နိုင်ပဲ တလွမ်းလွမ်းတဆွေးဆွေး ဖြစ်နေခဲ့ပါတယ်။ဒီအကြောင်းကို ဗန်ရား(ဂ်ျ)တစ်ယောက် သိသွားတဲ့အခါမှာတော့နန္ဒီကို သူ့ရဲ့အချစ်ဟောင်း ဆမီး(ရ်)ရှိတဲ့ အီတလီကို လိုက်ပို့ပေးဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ဗန်ရား(ဂ်ျ)နဲ့ နန္ဒီတို့ရဲ့ အိမ်ထောင်ရေး ပြိုကွဲသွားမှာလား …နန္ဒီ့အနေနဲ့ လက်ရှိခင်ပွန်းနဲ့ အချစ်ဟောင်း နှစ်ယောက်ထဲက ဘယ်သူ့ကို ရွေးချယ်မှာလဲ ….ဆိုတာတွေကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှူပေးကြပါလို့ … အချစ်၊အလွမ်း၊အဆွေးနဲ့ ဟာသတွေပါရောနှောထားပြီး ရသစုံစုံလင်နဲ့ ကြည့်ရမှာမလို့ဘောလိဝုဒ် ပရိတ်သတ်များ လုံးဝလက်မလွှတ်သင့်ပါကြောင်း …ဘာသာပြန်သူတွေကတော့ Thaik San,Intelligenceနဲ့ Soe Kalayarတို့ပဲ ဖြစ်ပါတယ်။

Sadako DX (2022) ⭐IMDB: 3.8/10 (198 Votes) 🎬 #Horror #Mystery 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 #Japan ⏰ 1 နာရီ 40 မိနစ် 25 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Sadako DX (2022) ကျိန်စာလား သိပ္ပံပညာလား?အကြောင်းအရင်းမရှိဘဲ သေဆုံးသွားရတဲ့သူတွေ တစ်ရက်ပြီးတစ်ရက် ပိုများပြားလာနေတဲ့ဂျပန်နိုင်ငံတွင်းက မြို့တွေမှာ ကျိန်စာဗွီဒီယိုလို့ လူသိများကြတဲ့ ဗွီဒီယိုတစ်ခုက နာမည်ကြီးနေပါတယ်။ “ဆာဒါကိုကျိန်စာ”လို့ခေါ်တဲ့ အဲဒီကျိန်စာဗွီဒီယိုရဲ့အစွမ်းကတော့ကြည့်လိုက်မိတဲ့သူတိုင်းကို ၂၄ နာရီအတွင်းမှာ သေဆုံးသွားစေမှာပါ။ ဒီလိုဖြစ်ရပ်ဆိုးကြီးကြောင့် တစ်နိုင်ငံလုံးကလူ‌တွေ ထိတ်လန့်‌တုန်လှုပ်နေကြရတဲ့အချိန်မှာပဲ…မတူညီတဲ့နယ်ပယ်နှစ်ခုကနေ ဒီကိစ္စကို စဉ်းစားဖြေရှင်းမယ့်ဘာသာရေးဆရာခန်းရှင်းနဲ့ ကျောင်းသူလေးအာယကတို့နှစ်ဦး ထွက်ပေါ်လာခဲ့ပါတယ်။ အဆုံးသတ်မှာတော့…ဒီကိစ္စဟာ ကျိန်စာလို့ယုံကြည်တဲ့ ဘာသာရေးဆရာခန်းရှင်းနဲ့ကျိန်စာလို့လက်မခံဘဲ သိပ္ပံပညာကိုသုံးပြီး အဖြေရှာမယ့် IQ 200 ရှိတဲ့ ကျောင်းသူလေးအာယကတို့ရဲ့ အားပြိုင်မှုမှာဘယ်သူကများ အနိုင်ရရှိသွားမလဲ?ဒီကျိန်စာဗွီဒီယိုရဲ့ တကယ့်အကြောင်းအရင်းနဲ့ သရုပ်မှန်ကရော ဘာများဖြစ်မလဲ? ဒီဖြစ်ရပ်ဟာ တကယ်ပဲ “ဆာဒါကိုရဲ့ကျိန်စာ” လား…ဒါမှမဟုတ် သိပ္ပံနည်းကျဖြေရှင်းနိုင်မယ့် ကိစ္စတစ်ခုလားဆိုတာကိုအသည်းတယားယားနဲ့ ကြည့်ရှုခံစားနိုင်မှာဖြစ်လို့Horror ကြိုက်တဲ့သူတွေအနေနဲ့ လက်လွှတ်မခံသင့်တဲ့ ဇာတ်ကားတစ်ကားပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့Hmwe Thet Winnပဲ ဖြစ်ပါတယ်။

Kranti (2023) ⭐IMDB: 7.2/10 (10 k Votes) 🎬 #Action #Bollywood #Drama #Thriller 🗓️ 2023 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 41 မိနစ် 38 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Kranti(2023) IMDb 7.4/10 ဒီတစ်​ခေါက်တင်ဆက်​ပေးမယ့်ကားက​တော့ မကြာခင်ကမှ ထွက်ရှိထားတဲ့ “Kranti”ဆိုတဲ့အက်ရှင်ဒရာမာဇာတ်ကား​ကောင်းဖြစ်ပါတယ် ဒီကားကBox Office 33 croresထိ​ရရှိထားပြီးဖြစ်တဲ့ရုံတင်ဇာတ်ကားကောင်းတစ်ကားပါ အိန္ဒိယကားတွေဟာဆိုရင်ဖြင့် အားတိုင်းရဲတွေ‌ကိုထေငေါ့လိုက် နိုင်ငံရေးသမားတွေကိုတိုက်ခိုက်လိုက် စသဖြင့်သူတို့အစိုးရစနစ် လူတန်းစားခွဲခြားမှု ကျားမခွဲခြားမှုတွေကို ထောက်ပြဝေဖန်နေတာယခုအခါအလှည့်ကျလာတဲ့မင်းသားကတော့ ပညာရေးပါ။ ဒါပေမဲ့ ဒီကားလေးမှာတော့ အဆန်းပါ အစိုးရကျောင်းတွေရဲ့ပညာရေးစနစ်ကိုတိုက်ခိုက်တယ်ဆိုတာထက် ယခုမြန်မာပြည်မှာလဲ ခပ်စိတ်စိတ်တွေ့နေရတဲ့ကိုယ်ပိုင်ကျောင်းစနစ်တွေကိုဝေဖန်ထားတဲ့ဇာတ်ကားလေးပါ ဇာတ်လမ်းအစမှာ​တော့ လူတစ်စုကနိုင်ငံ​ရေးဖက်ကလူတစ်​ယောက်နဲ့ ​ပေါင်းပြီးအစိုးရ​ကျောင်း​တွေကို ပျက်စီးပိတ်သိမ်း​အောင် လုပ်ဖို့အတွက်အစီစဥ်ဆွဲ​​နေကြပြီး အဲ့အချိန်မှာတင်သူတို့လုပ်ရပ်ကြောင့် ​ကျောင်းသား​‌တွေဆရာတွေရဲ့ ဘဝများစွာဒုက္ခရောက်နေရပါတယ် သူတို့​တွေရဲ့ရည်ရွယ်ချက်ကဘာလဲ ​ကျောင်းဆရာ​တွေက​ရောသူတို့ရဲ့ယုတ်မာမှုကို Speak outလုပ်နိုင်ပါ့မလားဒီအခက်အခဲ​တွေကြားထဲက​နေ သူတို့ကိုကယ်တင်​ပေးမယ့်“ကရန်တီ”က​ရော ဘယ်လိုလူမျိုးဖြစ်ပြီး ဘယ်အ​ကြောင်း​ကြောင့်သူပါဒီကိစ္စ​​တွေထဲပါဝင်လာပြီး​ဖြေရှင်းမလဲဆိုတာ​တွေကို စိတ်လှုပ်ရှားစွာကြည့်ရှု့ရမှာပါ ပညာရေးဟာ စီးပွားရေးလားပညာသင်ကြားဖို့ဆိုတာ ငွေကြေးရှိတဲ့သူတွေပဲရမဲ့အခွင့်အရေးလားစသဖြင့် ဒီဇာတ်ကားလေးထဲမှာ ခံစားကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်

Kranti (2023) ⭐IMDB: 7.2/10 (10 k Votes) 🎬 #Action #Bollywood #Drama #Thriller 🗓️ 2023 🎞️ Movie 📺 1080p FHD 🌎 #India ⏰ 2 နာရီ 41 မိနစ် 38 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Kranti(2023) IMDb 7.4/10 ဒီတစ်​ခေါက်တင်ဆက်​ပေးမယ့်ကားက​တော့ မကြာခင်ကမှ ထွက်ရှိထားတဲ့ “Kranti”ဆိုတဲ့အက်ရှင်ဒရာမာဇာတ်ကား​ကောင်းဖြစ်ပါတယ် ဒီကားကBox Office 33 croresထိ​ရရှိထားပြီးဖြစ်တဲ့ရုံတင်ဇာတ်ကားကောင်းတစ်ကားပါ အိန္ဒိယကားတွေဟာဆိုရင်ဖြင့် အားတိုင်းရဲတွေ‌ကိုထေငေါ့လိုက် နိုင်ငံရေးသမားတွေကိုတိုက်ခိုက်လိုက် စသဖြင့်သူတို့အစိုးရစနစ် လူတန်းစားခွဲခြားမှု ကျားမခွဲခြားမှုတွေကို ထောက်ပြဝေဖန်နေတာယခုအခါအလှည့်ကျလာတဲ့မင်းသားကတော့ ပညာရေးပါ။ ဒါပေမဲ့ ဒီကားလေးမှာတော့ အဆန်းပါ အစိုးရကျောင်းတွေရဲ့ပညာရေးစနစ်ကိုတိုက်ခိုက်တယ်ဆိုတာထက် ယခုမြန်မာပြည်မှာလဲ ခပ်စိတ်စိတ်တွေ့နေရတဲ့ကိုယ်ပိုင်ကျောင်းစနစ်တွေကိုဝေဖန်ထားတဲ့ဇာတ်ကားလေးပါ ဇာတ်လမ်းအစမှာ​တော့ လူတစ်စုကနိုင်ငံ​ရေးဖက်ကလူတစ်​ယောက်နဲ့ ​ပေါင်းပြီးအစိုးရ​ကျောင်း​တွေကို ပျက်စီးပိတ်သိမ်း​အောင် လုပ်ဖို့အတွက်အစီစဥ်ဆွဲ​​နေကြပြီး အဲ့အချိန်မှာတင်သူတို့လုပ်ရပ်ကြောင့် ​ကျောင်းသား​‌တွေဆရာတွေရဲ့ ဘဝများစွာဒုက္ခရောက်နေရပါတယ် သူတို့​တွေရဲ့ရည်ရွယ်ချက်ကဘာလဲ ​ကျောင်းဆရာ​တွေက​ရောသူတို့ရဲ့ယုတ်မာမှုကို Speak outလုပ်နိုင်ပါ့မလားဒီအခက်အခဲ​တွေကြားထဲက​နေ သူတို့ကိုကယ်တင်​ပေးမယ့်“ကရန်တီ”က​ရော ဘယ်လိုလူမျိုးဖြစ်ပြီး ဘယ်အ​ကြောင်း​ကြောင့်သူပါဒီကိစ္စ​​တွေထဲပါဝင်လာပြီး​ဖြေရှင်းမလဲဆိုတာ​တွေကို စိတ်လှုပ်ရှားစွာကြည့်ရှု့ရမှာပါ ပညာရေးဟာ စီးပွားရေးလားပညာသင်ကြားဖို့ဆိုတာ ငွေကြေးရှိတဲ့သူတွေပဲရမဲ့အခွင့်အရေးလားစသဖြင့် ဒီဇာတ်ကားလေးထဲမှာ ခံစားကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်

Lagaslas (2023) ⭐IMDB: 7.9/10 (10 Votes) 🎬 #Drama 🗓️ 2023 🎞️ Movie 📺 720p HD 🌎 #Philippines ⏰ 1 နာရီ 34 မိနစ် 54 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Lagaslas (2023) ~ IMDb rating – 7.8/10 ~ အက်ဒ်မာဆိုတဲ့ ကောင်လေးဟာ အရွယ်ရောက်တဲ့အထိ မိခင်ဈေးရောင်းကျွေးတာကိုထိုင်စားနေတဲ့လူပေါ်ကြော့တစ်ယောက်ဖြစ်သလို အချိန်ပြည့်အာသာဖြေနေတတ်တဲ့ အထန်ကောင်လေးတစ်ယောက်လဲဖြစ်ပါတယ်။ တစ်နေ့တော့ သူတို့မြို့ကိုအသစ်ပြောင်းလာတဲ့ တူဝရီးနှစ်ယောက်ရဲ့ အိမ်နားကိုရောက်ရင်း ရေချိုးနေတဲ့တူမဖြစ်သူနဲ့ပက်ပင်းတိုးမိလို့ ချောင်းရာကနေ ရေချိုးခန်းထဲတစ်ကားရိုက်ခဲ့မိပြီး အက်ဒ်မာတစ်ယောက် အရူးအမဲသားကျွေးသလို ကောင်မလေးကိုအစွဲကြီးစွဲလန်းသွားပါတော့တယ်။ နောက်ပိုင်းမှာ တစ်ဖြည်းဖြည်းသိလာရတာက ကောင်မလေးနဲ့ဦးလေးဖြစ်သူတို့ဟာ ပတ်ဝန်းကျင်ကိုသတင်းလွှင့်ထားသလိုမဟုတ်ပဲ ကောင်မလေးဟာ အဘိုးကြီးရဲ့ မွေး’စား’သမီးဖြစ်နေခဲ့တာကိုပါ။ အချစ်ဦးကိုရူးမတတ်ဖြစ်နေတဲ့ အက်ဒ်မာနဲ့ ဒီသွေးမတော်သားမစပ် သားအဖနဲ့ဘယ်လိုရှေ့ဆက်ကြမလဲ…? ဒီဇာတ်ကားမှာတော့ Vivamax ရဲ့စင်တင်အသစ်ကလေးနှစ်ယောက်ဖြစ်တဲ့ VR Relosa နဲ့ Maebelle Medina တို့ကိုခေါင်းဆောင်တွေအဖြစ် ပွဲဦးထွက်တွေ့မြင်ရမှာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုAliasမှ ပြန်ဆို ရေးသားထားပါတယ်)

Lagaslas (2023) ⭐IMDB: 7.9/10 (10 Votes) 🎬 #Drama 🗓️ 2023 🎞️ Movie 📺 1080p FHD 🌎 #Philippines ⏰ 1 နာရီ 34 မိနစ် 54 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Lagaslas (2023) ~ IMDb rating – 7.8/10 ~ အက်ဒ်မာဆိုတဲ့ ကောင်လေးဟာ အရွယ်ရောက်တဲ့အထိ မိခင်ဈေးရောင်းကျွေးတာကိုထိုင်စားနေတဲ့လူပေါ်ကြော့တစ်ယောက်ဖြစ်သလို အချိန်ပြည့်အာသာဖြေနေတတ်တဲ့ အထန်ကောင်လေးတစ်ယောက်လဲဖြစ်ပါတယ်။ တစ်နေ့တော့ သူတို့မြို့ကိုအသစ်ပြောင်းလာတဲ့ တူဝရီးနှစ်ယောက်ရဲ့ အိမ်နားကိုရောက်ရင်း ရေချိုးနေတဲ့တူမဖြစ်သူနဲ့ပက်ပင်းတိုးမိလို့ ချောင်းရာကနေ ရေချိုးခန်းထဲတစ်ကားရိုက်ခဲ့မိပြီး အက်ဒ်မာတစ်ယောက် အရူးအမဲသားကျွေးသလို ကောင်မလေးကိုအစွဲကြီးစွဲလန်းသွားပါတော့တယ်။ နောက်ပိုင်းမှာ တစ်ဖြည်းဖြည်းသိလာရတာက ကောင်မလေးနဲ့ဦးလေးဖြစ်သူတို့ဟာ ပတ်ဝန်းကျင်ကိုသတင်းလွှင့်ထားသလိုမဟုတ်ပဲ ကောင်မလေးဟာ အဘိုးကြီးရဲ့ မွေး’စား’သမီးဖြစ်နေခဲ့တာကိုပါ။ အချစ်ဦးကိုရူးမတတ်ဖြစ်နေတဲ့ အက်ဒ်မာနဲ့ ဒီသွေးမတော်သားမစပ် သားအဖနဲ့ဘယ်လိုရှေ့ဆက်ကြမလဲ…? ဒီဇာတ်ကားမှာတော့ Vivamax ရဲ့စင်တင်အသစ်ကလေးနှစ်ယောက်ဖြစ်တဲ့ VR Relosa နဲ့ Maebelle Medina တို့ကိုခေါင်းဆောင်တွေအဖြစ် ပွဲဦးထွက်တွေ့မြင်ရမှာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုAliasမှ ပြန်ဆို ရေးသားထားပါတယ်)

Hum Dil De Chuke Sanam (1999) ⭐IMDB: 7.4/10 (19 k Votes) 🎬 #Bollywood #Comedy #Drama #Musical #Romance 🗓️ 1999 🎞️ Movie 📺 1080p FHD 🌎 #India #Hungary ⏰ 3 နာရီ 08 မိနစ် 59 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Hum Dil De Chuke Sanam (1999)**********************************ဒီဇာတ်ကားလေးကတော့ ပရိတ်သတ်အချစ်တော် သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ဆလ်မန်းခန်း၊အာဂျေးဒေ့ဗ်ဂန်ဒ်နဲ့ မင်းသမီးချောလေး အက်ရှ်ဝါးရွိုင်တို့ ပါဝင်သရုပ်ဆောင်ထားကြတဲ့ Romance/Dramaအမျိုးအစားဘောလိဝုဒ်ဇာတ်ကားလေးတစ်ကားဖြစ်ပြီး IMDb rating ကလည်း7.4အထိ ရရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းနန္ဒနီနဲ့ ဗန်ရား(ဂ်ျ)ဟာ မိဘတွေ ပေးစားတဲ့အတွက်ကြောင့်လက်ထပ်ခဲ့ရပါတယ်။ဗန်ရား(ဂ်ျ)နဲ့ လက်မထပ်ခင် နန္ဒီမှာဆမီး(ရ်)ဆိုတဲ့ ချစ်သူတစ်ယောက် ရှိခဲ့ပါတယ်။ နန္ဒီဟာ ဗန်ရား(ဂ်ျ)နဲ့ လက်ထပ်လိုက်ရပေမဲ့လည်းသူ့ရဲ့အချစ်ဟောင်းကို မမေ့နိုင်ပဲ တလွမ်းလွမ်းတဆွေးဆွေး ဖြစ်နေခဲ့ပါတယ်။ဒီအကြောင်းကို ဗန်ရား(ဂ်ျ)တစ်ယောက် သိသွားတဲ့အခါမှာတော့နန္ဒီကို သူ့ရဲ့အချစ်ဟောင်း ဆမီး(ရ်)ရှိတဲ့ အီတလီကို လိုက်ပို့ပေးဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ဗန်ရား(ဂ်ျ)နဲ့ နန္ဒီတို့ရဲ့ အိမ်ထောင်ရေး ပြိုကွဲသွားမှာလား …နန္ဒီ့အနေနဲ့ လက်ရှိခင်ပွန်းနဲ့ အချစ်ဟောင်း နှစ်ယောက်ထဲက ဘယ်သူ့ကို ရွေးချယ်မှာလဲ ….ဆိုတာတွေကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှူပေးကြပါလို့ … အချစ်၊အလွမ်း၊အဆွေးနဲ့ ဟာသတွေပါရောနှောထားပြီး ရသစုံစုံလင်နဲ့ ကြည့်ရမှာမလို့ဘောလိဝုဒ် ပရိတ်သတ်များ လုံးဝလက်မလွှတ်သင့်ပါကြောင်း …ဘာသာပြန်သူတွေကတော့ Thaik San,Intelligenceနဲ့ Soe Kalayarတို့ပဲ ဖြစ်ပါတယ်။

ဆယ်ပြား ⭐N/A 🎬 #comedy #romance 🗓️ N/A 🎞️ Movie 📺 720p HD 🌎 #Myanmar ⏰ 1 နာရီ 46 မိနစ် 45 စက္ကန့် 👑 FDMN ဇာတ်ညွှန်း 📜 "စိတ်သဘောထားပြည့်ဝပြီး ကျပ်မပြည့်တဲ့ဆယ်ပြားနဲ့ စိတ်ဝေဒနာခံစားနေရတဲ့ နီမာတို့မှာ တစ်ယောက်နဲ့တစ်ယောက် သံယောဇဉ်တွေ ဖြစ်ကာ ချစ်မိသွားတော့ ရပ်ကွက်လူကြီးတွေရဲ့စီစဉ်ပေးမှုနဲ့လက်ထပ်ခဲ့ပြီး သမီးလေးတစ်ယောက်ရခဲ့ရာ ပျော်ရွှင်နေခဲ့ပေမယ့် နီမာရဲ့ မိဘများက နီမာကို ဘဝအမှန်ပြန်ရဖို့အတွက် လာရောက်ခေါ်ယူခဲ့ရာကအစပြုပြီး ဆယ်ပြားနဲ့သမီးကို နီမာတစ်ယောက် ဘယ်လိုပုံစံမျိုးနဲ့ ခွဲခွာသွားမလဲဆိုတာ..." သရုပ်ဆောင် မြင့်မြတ်၊ သက်မွန်မြင့် ဒါရိုက်တာ သားကြီး ထုတ်လုပ်ရေး အောင်တိုင်းကျော်

ပေါင် (၂၀၀) ကိုယ့်ချစ်သူ ⭐N/A 🎬 #romance 🗓️ N/A 🎞️ Movie 📺 720p HD 🌎 #Myanmar ⏰ 1 နာရီ 39 မိနစ် 50 စက္ကန့် 👑 FDMN ဇာတ်ညွှန်း 📜 သီချင်းရေးဆရာ ကိုရဲလှိုင်ဘွား မှာမထင်မှတ်ဘဲ ပုံ့ပုံ့ဖြူ နှင့်ဆုံတွေ့ပြီး ပုံ့ပုံ့ဖြူ မှာ အဝလွန်နေတာကြောင့် သူငယ်ချင်းညီမ မီရှဲ ကိုနောက်ခံသီချင်းသီဆိုသူအဖြစ် သီချင်းဆိုခဲ့ရာ ကိုရဲလှိုင်ဘွား မှာ ပုံ့ပုံ့ဖြူ ကိုအရေးပေးမှုကို မလိုလားတဲ့ မီရှဲ အစ်ကိုကိုအဆင်ပြေအောင် ကိုရဲလှိုင်ဘွား က ဒီလောက်ဝတဲ့ကောင်မလေးကိုကြိုက်ရမလားဟု ပြောလိုက်တဲ့စကားကို ပုံ့ပုံ့ဖြူ တစ်ယောက်သိရှိသွားရာကအစပြုပြီး ကိုရဲလှိုင်ဘွား ရဲ့အဝေးဆုံးကိုထွက်သွားပြီး ခြေရာဖျောက်သွားခဲ့တာကြောင့် ကိုရဲလှိုင်ဘွား မှာ ပုံ့ပုံ့ဖြူ ကိုလိုက်လံရှာဖွေသော်လည်း မတွေ့ဘဲ တစ်နေ့ ပြန်တွေ့လိုက်ရာမှာတော့ ..... သရုပ်ဆောင် အောင်ရဲလင်း၊ ဝတ်မှုံရွှေရည် ဒါရိုက်တာ ကြည်ဖြူသျှင် ထုတ်လုပ်ရေး မဟာထွန်း

Huesera: The Bone Woman (2022) ⭐IMDB: 6.4/10 (529 Votes) 🎬 #Drama #Horror #Mystery 🗓️ 2022 🎞️ Movie 📺 720p HD 🌎 #Peru #Mexico ⏰ 1 နာရီ 38 မိနစ် 27 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Huesera: The Bone Woman (2022) ~ IMDb – 6.4/10, RT – 99%, Meta – 83% ~ Rotten Tomatoes ရော၊ Metacritic ရော ထိပ်ဆုံးရောက်နေတဲ့ စပိန် ဘော်ဒီဟော်ရာ ဒရာမာကားပါ။ A24 ကထုတ်တဲ့ကားမဟုတ်ပေမဲ့ A24 ဖန်တွေ ကြိုက်လောက်တဲ့ A24 ကားတွေလို ကားမျိုး‌ပေါ့။ Horror ဆိုပေမဲ့ မှောင်ခန်းမည်းခန်းက မပါသလောက်ဖြစ်ပြီး Midsommar လို လင်းလင်းကျင်းကျင်းနဲ့ လန့်ရမယ့် အခန်းတွေက ပိုများပါတယ်။ ဟော်ရာကားနဲ့မလိုက်မဖက် စစချင်းမှာတင် ကလေးမွေးတော့မယ့် မိခင်တစ်ယောက်ရဲ့ ကလေးအတွက် ပြင်နေဆင်နေခြင်းတွေကနေမှ တငွေ့ငွေ့ချင်း ပဟေဠိဆန်ဆန်သွားထားတဲ့ ခပ်ဆန်းဆန်းကားပါပဲ။ ခြောက်တာလှန့်တာ သိပ်မပါဘဲနဲ့ကို ဘာတွေဖြစ်နေလဲ အဖြေဝင်ရှာရင်း သိချင်စိတ်နဲ့ စိုးထိတ်ရမယ့် ဟော်ရာကားဆို ပိုမှန်ပါလိမ့်မယ်။ Body Horror ကားပီပီသသတော့ အသည်းယားစရာ အခြေအနေတွေပါပေမဲ့ အရမ်းဆိုးဆိုးကြီးတော့ မဟုတ်ပြန်ပါဘူး။ ခေါင်းစားရတဲ့ ဇာတ်ကားအဆန်းကြီးတွေကို ကြိုက်တတ်ရင်တော့ ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုWမှ ပြန်ဆို ရေးသားထားပါတယ်)

Huesera: The Bone Woman (2022) ⭐IMDB: 6.4/10 (529 Votes) 🎬 #Drama #Horror #Mystery 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 #Peru #Mexico ⏰ 1 နာရီ 38 မိနစ် 27 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Huesera: The Bone Woman (2022) ~ IMDb – 6.4/10, RT – 99%, Meta – 83% ~ Rotten Tomatoes ရော၊ Metacritic ရော ထိပ်ဆုံးရောက်နေတဲ့ စပိန် ဘော်ဒီဟော်ရာ ဒရာမာကားပါ။ A24 ကထုတ်တဲ့ကားမဟုတ်ပေမဲ့ A24 ဖန်တွေ ကြိုက်လောက်တဲ့ A24 ကားတွေလို ကားမျိုး‌ပေါ့။ Horror ဆိုပေမဲ့ မှောင်ခန်းမည်းခန်းက မပါသလောက်ဖြစ်ပြီး Midsommar လို လင်းလင်းကျင်းကျင်းနဲ့ လန့်ရမယ့် အခန်းတွေက ပိုများပါတယ်။ ဟော်ရာကားနဲ့မလိုက်မဖက် စစချင်းမှာတင် ကလေးမွေးတော့မယ့် မိခင်တစ်ယောက်ရဲ့ ကလေးအတွက် ပြင်နေဆင်နေခြင်းတွေကနေမှ တငွေ့ငွေ့ချင်း ပဟေဠိဆန်ဆန်သွားထားတဲ့ ခပ်ဆန်းဆန်းကားပါပဲ။ ခြောက်တာလှန့်တာ သိပ်မပါဘဲနဲ့ကို ဘာတွေဖြစ်နေလဲ အဖြေဝင်ရှာရင်း သိချင်စိတ်နဲ့ စိုးထိတ်ရမယ့် ဟော်ရာကားဆို ပိုမှန်ပါလိမ့်မယ်။ Body Horror ကားပီပီသသတော့ အသည်းယားစရာ အခြေအနေတွေပါပေမဲ့ အရမ်းဆိုးဆိုးကြီးတော့ မဟုတ်ပြန်ပါဘူး။ ခေါင်းစားရတဲ့ ဇာတ်ကားအဆန်းကြီးတွေကို ကြိုက်တတ်ရင်တော့ ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုWမှ ပြန်ဆို ရေးသားထားပါတယ်)