uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закритий канал

🚩 Channel was restricted by Telegram

Показати більше
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
https://image.tmdb.org/t/p/original/j9zWPwaHDWE3K1Mb5RNahzwd3KY.jpg Nanny McPhee (2005) ⭐IMDB: 6.6/10 (79 k Votes) 🎬 #Comedy #Family #Fantasy 🗓️ 2005 🎞️ Movie 📺 720p HD 🌎 United States, United Kingdom, France ⏰ 1 နာရီ 39 မိနစ် 44 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Nanny McPhee(2005) =================== ဇာတ်လမ်းအစမှာ ပြောခဲ့သလိုပဲ “ကျွန်တော်တို့ရဲ့ ဇာတ်လမ်းကို ဝမ်းနည်းဖို့ကောင်းအောင်. ထိုင်ခုံအလွတ်တစ်လုံးနဲ့. စတင်ရလိမ့်မယ်. တကယ်လို့ အဲဒီ့ခုံက လွတ်မနေခဲ့ဘူးဆိုရင် ကျွန်တော်တို့မှာ ပြောစရာဇာတ်လမ်းရှိမှာမဟုတ်ပါဘူး.” ဇနီးသည် ဆုံးပါးသွားတဲ့နောက် မစ္စတာဘရောင်းဟာ မိခင်ရဲ့စောင့်ရှောက်မှုလိုအပ်နေတဲ့ ကလေးခုနှစ်ယောက်ကို ကြည့်ရှုဖို့ ကလေးထိန်း (နာနီ)ကို ငှားရမ်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သို့ပေမယ့် အလုပ်အရမ်းများတဲ့ ဖခင်ရဲ့ အာရုံစိုက်မှု၊ ဂရုစိုက်မှု၊ မေတ္တာတွေကို တောင့်တနေတဲ့ ကလေးတစ်စုဟာ သူတို့ရဲ့မကျေနပ်ချက်တွေကို ငှားရမ်းထားတဲ့ နာနီများအပေါ် ပုံချပြီး ပညာပေးမောင်းထုတ်ခဲ့တာ (၁၇)ယောက် တိုင်ခဲ့ပါတယ်။ မိခင်ရဲ့ မေတ္တာကိုလည်း လွမ်းဆွတ်၊ ဖခင်ရဲ့ ဂရုစိုက်မှုတွေကိုလည်း တောင့်တရင်းနဲ့ အလိုမကျတဲ့ စိတ်များစွာနဲ့ ဆိုးသွမ်းနေတဲ့ ကလေးတစ်သိုက် အများအမြင်မှာ ဆိုးသွမ်းနေတဲ့ ကလေးတွေ အပေါ် စာနာနားလည်ပြီး မေတ္တာအပြည့်အဝ ထားပေးနိုင်တဲ့ အိမ်စေလေးအီဗန်ဂျလင်းအဒေါ်ဖြစ်သူရဲ့ နောက်အိမ်ထောင်ပြုဖို့ တိုက်တွန်းချက်တွေကြောင့် ကလေးတွေရဲ့ ရှေ့ရေးအတွက် ဒိမိသားစုလေးမပြိုကွဲဖို့ ဗျာများနေရတဲ့ မုဆိုးဖို မစ္စတာဘရောင်း ဒီမိသားစုရဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်ဖို့ကတော့ ဆန်းကြယ်မှု (Miracle) တစ်ခု လိုအပ်နေပါတယ်။ ဘယ်လိုဆန်းကြယ်မှုကများ ဒီမိသားစုရဲ့ အခက်အခဲတွေကို ဖြေရှင်းပေးသွားမယ်ဆိုတာကို CM ကနေ ပရိသတ်များရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။

https://m.media-amazon.com/images/M/MV5BMTI5NDUxNDU4OF5BMl5BanBnXkFtZTcwNDk1NjM1Mw@@._V1_FMjpg_UX1000_.jpg Nanny McPhee Returns (2010) ⭐IMDB: 6.1/10 (34 k Votes) 🎬 #Comedy #Fantasy 🗓️ 2010 🎞️ Movie 📺 1080p FHD 🌎 United Kingdom, France, United States ⏰ 1 နာရီ 50 မိနစ် 30 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Nanny McPhee and the Big Bang (2010) ================================ နာနီမက်ဖီးရဲ့ နောက်ဆက်တွဲအနေနဲ့ ဒုတိယကား ထပ်မံထွက်ရှိလာပါတယ်. ဘယ်လိုမှဖြေရှင်းလို့မရဘူးလို့ ထင်ရတဲ့ ပြဿနာတွေ တစ်ပုံတစ်ပင်နဲ့ မိသားစုတစ်စုဆီကို ကယ်တင်ဖို့ ထပ်မံရောက်ရှိလာရပါပြီ။ စစ်ပွဲကာလနောက်ခံထားပြီး ကျေးလက်ဒေသ အငွေ့အသက်ကလေးတွေ ပါတဲ့ ဒီဇာတ်လမ်းမှာ ဝမ်းကွဲတွေ လာလည်ကြတဲ့ ထုံးစံ၊ ကျေးလက်ဒေသက ကလေးတွေရဲ့ အမူအကျင့်တွေ၊ နေထိုင်မှုထုံးစံတွေနဲ့ ဒီဇာတ်လမ်းမှာတော့ ပြဿနာတွေ ဖြေရှင်းဖို့ ရောက်လာတဲ့ နာနီမက်ဖီးကို ဘယ်လိုအခက်အခဲ တွေက ကြိုဆိုနေမလဲ. မိသားစုတစ်စုမှာ ဘယ်လိုအရာတွေ လိုအပ်မလဲ. ဆိုတာကို သင်ခန်းစာပေးသွားမလဲ ဆိုတာကို CM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်.

https://m.media-amazon.com/images/M/MV5BNmVmMTEwMzQtMDNkNC00M2U5LWE5M2EtODM0NTM5NGU2OTQ2XkEyXkFqcGdeQXVyODE5NzE3OTE@._V1_FMjpg_UX1000_.jpg Life in a Metro (2007) ⭐IMDB: 7.4/10 (12 k Votes) 🎬 #Bollywood #Comedy #Drama #Romance 🗓️ 2007 🎞️ Movie 📺 1080p FHD 🌎 India ⏰ 2 နာရီ 07 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Life in a Metro (2007)***********************ဒီဇာတ်ကားလေးကတော့ ပရိတ်သတ်တို့ရဲ့ အချစ်တော်မင်းသားကြီးအီရ်ဖားန်ခန်းနဲ့ မင်းသမီး ရှီလ်ပါးရှတ်သီးတို့ပါဝင် သရုပ်ဆောင်ထားတဲ့Romance/Drama အမျိုးအစား ဘောလိဝုဒ်ဇာတ်ကားလေး တစ်ကားဖြစ်ပြီးIMDb ratingကလည်း 7.4အထိရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းအရည်အချင်းပြည့်ဝတဲ့ အကမယ်တစ်ယောက်ဖြစ်တဲ့ ရှီခါဟာသူမရဲ့ ကလေးနဲ့ အိမ်ထောင်ရေးအတွက် သူ့ရဲ့ပညာရေးနဲ့သူ့ဘဝတက်လမ်းတွေကို စွန့်လွှတ်ခဲ့ပါတယ်။ ၇နှစ်လောက် ကြာလာတဲ့အခါမှာတော့ သူတို့ရဲ့ အိမ်ထောင်ရေးအခြေအနေဟာယိုယွင်းစဖြစ်နေမှန်း သူမသတိထားမိလာခဲ့တယ်။ရှီခါဟာ ပြဇာတ်မင်းသားတစ်ယောက်ကို စွဲလမ်းမိသွားပြီးသူမရဲ့ ယောကျာ်းဟာလည်း သူ့ရုံးက ကောင်မလေးတစ်ယောက်နဲ့ ငြိငြိတွယ်တွယ် ဖြစ်လာပါတော့တယ်။ ရာဟုလ်ဆိုတဲ့ ဉာဏ်များတဲ့ သူကတော့ သူ့ရဲ့အခန်းကို ခိုးချိန်းကြတဲ့အတွဲတွေကို ငှားလေ့ရှိသတဲ့။ဒီဇာတ်ကားထဲမှာ အဓိကဇာတ်ကောင် ၉ယာက်ပါဝင်ပြီး သူတို့၉ယောက်ဟာ အချင်းချင်း သိကျွမ်းကြပြီးအားလုံးဟာ မွမ်ဘိုင်းမြို့မှာ အလုပ်လုပ်ကြပါတယ်။ တစ်နေ့မှာတော့ သူတို့ ၉ယောက်ရဲ့ ကံကြမ္မာအလှည့်အပြောင်းကြီး ဖြစ်ပေါပြီးတစ်ယောက်နဲ့တစ်ယောက် ကံကြမ္မာချင်းရောယှက်သွားကြ‌ပြီး စိတ်ခံစားချက်ကို အနိုင်ယူဖို့ ကြိုးစားကြတဲ့အခါ …အရမ်းကောင်းတဲ့ Old but Goldဇာတ်ကားကောင်းလေးတစ်ကားဖြစ်တာမလို့ ဘောလိဝုဒ်ချစ်သူများ လုံးဝ လက်မလွှတ်သင့်ပါကြောင်း …ဘာသာပြန်သူတွေကတော့ Thaik San,Intelligence,Soe Kalayarနဲ့ Thandar Ooတို့ ဖြစ်ပါတယ်

https://m.media-amazon.com/images/M/MV5BYjNhZWZkNjktNmMwMy00MmQzLTkwZTUtZmZmMjU2MmExZDQ4XkEyXkFqcGdeQXVyNTI5NjIyMw@@._V1_FMjpg_UX1000_.jpg Barcelona: A Love Untold (2016) ⭐IMDB: 6.6/10 (795 Votes) 🎬 #Asian #Drama #Romance 🗓️ 2016 🎞️ Movie 📺 1080p FHD 🌎 Philippines ⏰ 2 နာရီ 12 မိနစ် 07 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 KathNielလို့ ချစ်စနိုးခေါ်ကြတဲ့ Kathryn Bernardo နဲ့ Daniel Padilla တို့ရဲ့ နောက်ထပ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်… ဒီဇာတ်ကားကလဲ သူတို့နှစ်ယောက်ရဲ့ တခြားဇာတ်လမ်းတွေလိုပဲ Rating တွေ ကောင်းခဲ့ပြီး နာမည်ကျော်ကြားလူကြိုက်များခဲ့တဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ ဇာတ်လမ်းကတော့… ကိစ္စတစ်ခုကြောင့် မိသားစုကိုအရှက်ရစေပြီးနောက် မီယာဟာဖခင်ဆီက ချီးမွှမ်းခြင်းခံရတဲ့ သမီးတစ်ယောက်ဖြစ်ဖို့ပြန်လည်ကြိုးစားချင်တဲ့အတွက် စပိန်နိုင်ငံဘာစီလိုနာမြို့ကိုအလုပ်ရှာဖွေဖို့ စွန့်စွန့်စားစားထွက်လာခဲ့ပါတယ်…. တစ်ဖက်မှာ အယ်လီဟာလည်းသူ့ရဲ့ပယောဂကြောင့် ချစ်သူသေဆုံးခဲ့ရတယ်ဆိုတဲ့ နောင်တကိုရင်မှာပိုက်ပြီး ချစ်သူရဲ့ဆန္ဒကိုဖြည့်ဆည်းဖို့အတွက် ကာတွန်းတွေ ရုပ်ရှင်တွေဖန်တီးချင်တဲ့ဝါသနာကိုစွန့်ပြီး ကမ္ဘာ့ဗိသုကာမြို့တော်ဘာစီလိုနာမှာ ဗိသုကာပညာလာရောက်သင်ကြားရင်းမီယာဆိုတဲ့ကောင်မလေးနဲ့နှစ်ဦးသား တွေ့ဆုံခဲ့ကြပါတယ်…. မီယာဟာ တိုက်ဆိုင်စွာပဲ အယ်လီချစ်သူဟောင်းစီလင်းနဲ့ရုပ်ချင်းခွဲမရအောင် တူနေတဲ့အတွက်အယ်လီဟာ မီယာကိုဘာစီလိုနာမှာကူညီစောင့်ရှောက်ပေးရင်း ချစ်ကြိုးသွယ်သွားခဲ့တဲ့ လူငယ်သဘာချစ်ခြင်းမေတ္တာတရားတွေကိုဖော်ပြထားတဲ့ ကားလေးတစ်ကားဖြစ်ပါတယ်…. ဒီဇာတ်လမ်းလေးမှာလူတိုင်းဟာအချစ်ခံရဖို့ထိုက်တန်ပါသလား ???? ကျူးလွန်ခဲ့အပြစ်တစ်ခုကြောင့်တစ်သက်လုံးပြန်လည်ပေးဆပ်စရာလိုပါသလား ??? လဲကျနေရာကနေပြန်လည်ရှင်သန်ဖို့ ဘယ်လိုခွန်အားတွေပေးခဲ့သလဲဆိုတဲ့ မေးခွန်းလေးတွေကို တပြိုင်နက် အဖြေထုတ်ပေးခဲ့ပါတယ်…. တကယ်ဆိုရင်တော့ ပရိတ်သတ်ကြီးအနေနဲ့ ဇာတ်ညွှန်းတောင်ဖတ်စရာမလိုပဲ နာမည်ကြီးဖိလစ်ပိုင်စုံတွဲ Cathniel ပါတယ်ဆိုရုံနဲ့တင် ကြည့်ကောင်းမယ့် ဇာတ်ကားကောင်းတစ်ကားဆိုတာ သိကြမှာပဲဖြစ်ပါတယ်… (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို May Thazin Myint မှတင်ဆက်ထားပါတယ်။) Tele Link ကနေပဲကြည့်တတ်တယ်ဆိုရင်https://t.me/Myname2021hakak/52မှာဝင်ကြည့်ပါ။720p HD ကို တင်ပေးထားပါတယ်။

https://m.media-amazon.com/images/M/MV5BNmVmMTEwMzQtMDNkNC00M2U5LWE5M2EtODM0NTM5NGU2OTQ2XkEyXkFqcGdeQXVyODE5NzE3OTE@._V1_FMjpg_UX1000_.jpg Life in a Metro (2007) ⭐IMDB: 7.4/10 (12 k Votes) 🎬 #Bollywood #Comedy #Drama #Romance 🗓️ 2007 🎞️ Movie 📺 720p HD 🌎 India ⏰ 2 နာရီ 07 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Life in a Metro (2007)***********************ဒီဇာတ်ကားလေးကတော့ ပရိတ်သတ်တို့ရဲ့ အချစ်တော်မင်းသားကြီးအီရ်ဖားန်ခန်းနဲ့ မင်းသမီး ရှီလ်ပါးရှတ်သီးတို့ပါဝင် သရုပ်ဆောင်ထားတဲ့Romance/Drama အမျိုးအစား ဘောလိဝုဒ်ဇာတ်ကားလေး တစ်ကားဖြစ်ပြီးIMDb ratingကလည်း 7.4အထိရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းအရည်အချင်းပြည့်ဝတဲ့ အကမယ်တစ်ယောက်ဖြစ်တဲ့ ရှီခါဟာသူမရဲ့ ကလေးနဲ့ အိမ်ထောင်ရေးအတွက် သူ့ရဲ့ပညာရေးနဲ့သူ့ဘဝတက်လမ်းတွေကို စွန့်လွှတ်ခဲ့ပါတယ်။ ၇နှစ်လောက် ကြာလာတဲ့အခါမှာတော့ သူတို့ရဲ့ အိမ်ထောင်ရေးအခြေအနေဟာယိုယွင်းစဖြစ်နေမှန်း သူမသတိထားမိလာခဲ့တယ်။ရှီခါဟာ ပြဇာတ်မင်းသားတစ်ယောက်ကို စွဲလမ်းမိသွားပြီးသူမရဲ့ ယောကျာ်းဟာလည်း သူ့ရုံးက ကောင်မလေးတစ်ယောက်နဲ့ ငြိငြိတွယ်တွယ် ဖြစ်လာပါတော့တယ်။ ရာဟုလ်ဆိုတဲ့ ဉာဏ်များတဲ့ သူကတော့ သူ့ရဲ့အခန်းကို ခိုးချိန်းကြတဲ့အတွဲတွေကို ငှားလေ့ရှိသတဲ့။ဒီဇာတ်ကားထဲမှာ အဓိကဇာတ်ကောင် ၉ယာက်ပါဝင်ပြီး သူတို့၉ယောက်ဟာ အချင်းချင်း သိကျွမ်းကြပြီးအားလုံးဟာ မွမ်ဘိုင်းမြို့မှာ အလုပ်လုပ်ကြပါတယ်။ တစ်နေ့မှာတော့ သူတို့ ၉ယောက်ရဲ့ ကံကြမ္မာအလှည့်အပြောင်းကြီး ဖြစ်ပေါပြီးတစ်ယောက်နဲ့တစ်ယောက် ကံကြမ္မာချင်းရောယှက်သွားကြ‌ပြီး စိတ်ခံစားချက်ကို အနိုင်ယူဖို့ ကြိုးစားကြတဲ့အခါ …အရမ်းကောင်းတဲ့ Old but Goldဇာတ်ကားကောင်းလေးတစ်ကားဖြစ်တာမလို့ ဘောလိဝုဒ်ချစ်သူများ လုံးဝ လက်မလွှတ်သင့်ပါကြောင်း …ဘာသာပြန်သူတွေကတော့ Thaik San,Intelligence,Soe Kalayarနဲ့ Thandar Ooတို့ ဖြစ်ပါတယ်

https://image.tmdb.org/t/p/original/9k3qk8dmvawAWE34MpRAWkfwnKJ.jpg Bol Bachchan (2012) ⭐IMDB: 5.6/10 (9 k Votes) 🎬 #Action #Bollywood #Comedy 🗓️ 2012 🎞️ Movie 📺 720p HD 🌎 India ⏰ 2 နာရီ 30 မိနစ် 46 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Bol Bachchan (2012)Action, ComedyIMDb 5.6/10 (9.3K) အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ဟာသအက်ရှင်ကားကောင်းလေးတစ်ကားဖြစ်ပြီးမင်းသားကြီးအဂျေးနဲ့ အဘီရှိခ်ဘဂျမ်းတို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဘတ်ဂျက် ရူပီ ကုဋေ ၅၀ (ကန်ဒေါ်လာ ၆.၃သန်း) မှာ ကုဋေ ၁၆၅ (ကန်ဒေါ်လာ ၂၁သန်း) အထိပြန်လည်ရရှိခဲ့ပြီး ဒီကားထဲမှာ အဘီရှိခ်ဘဂျမ်းဟာ အကောင်းဆုံးဇာတ်ဆောင်မင်းသားဆုအကောင်းဆုံး ဟာသသရုပ်ဆောင်ဆု စတဲ့ဆုတွေကို ဆွတ်ခူးရရှိခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်…။ အဗာစ်က အမွေဆိုင်အိမ်ကြီးကို အမှုရှုံးသွားပြီးတဲ့နောက် ဘဝပျက်သွားခဲ့တယ်။ ကြံရာမရတဲ့အဆုံးညီမဖြစ်သူ ဆာနီယားနဲ့အတူ ရနခ်ပူးဆိုတဲ့ ရွာလေးမှာ အခြေချဖု့ိထွက်လာခဲ့ပါတယ်။ အဲ့ဒီရွာမှာ ပရစ်ထဗီရာဂျ်ဆိုတဲ့ ဩဇာအာဏာအရှိဆုံးလူတစ်ယောက်ရှိပါတယ်။ ဒါပေမဲ့နည်းနည်းတော့ ရိုးတယ် တုံးတယ်ပေါ့။ သူမကြိုက်ဆုံးအချက်က လိမ်တာပါပဲ။ တစ်ခါက သူ့ကိုလိမ်ခဲ့ဖူးတဲ့ သူ့အလုပ်သမားတစ်ယောက်ကိုရိုက်လိုက်တာ တော်ရုံနဲ့ ဆေးရုံကနေ မဆင်းနိုင်တော့ပါဘူး။ အဲ့ဒီမှာပဲ အဗာစ်ဟာ မလွဲသာမရှောင်သာနဲ့ ပရစ်ထဗီဆီမှာ အလုပ်ရသွားပြီးတစ်လိမ်ပေါ် နှစ်လိမ်ဆင့် အလိမ်ချင်းထပ်လာတဲ့အခါမှာတော့ဇာတ်ကားလေး ဘယ်လိုကြည့်ကောင်းလာမလဲဆိုတာကို ဆက်လက်ရှုစားပေးပါဦးနော်။

https://m.media-amazon.com/images/M/MV5BYjNhZWZkNjktNmMwMy00MmQzLTkwZTUtZmZmMjU2MmExZDQ4XkEyXkFqcGdeQXVyNTI5NjIyMw@@._V1_FMjpg_UX1000_.jpg Barcelona: A Love Untold (2016) ⭐IMDB: 6.6/10 (795 Votes) 🎬 #Asian #Drama #Romance 🗓️ 2016 🎞️ Movie 📺 720p HD 🌎 Philippines ⏰ 2 နာရီ 12 မိနစ် 07 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 KathNielလို့ ချစ်စနိုးခေါ်ကြတဲ့ Kathryn Bernardo နဲ့ Daniel Padilla တို့ရဲ့ နောက်ထပ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်… ဒီဇာတ်ကားကလဲ သူတို့နှစ်ယောက်ရဲ့ တခြားဇာတ်လမ်းတွေလိုပဲ Rating တွေ ကောင်းခဲ့ပြီး နာမည်ကျော်ကြားလူကြိုက်များခဲ့တဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ ဇာတ်လမ်းကတော့… ကိစ္စတစ်ခုကြောင့် မိသားစုကိုအရှက်ရစေပြီးနောက် မီယာဟာဖခင်ဆီက ချီးမွှမ်းခြင်းခံရတဲ့ သမီးတစ်ယောက်ဖြစ်ဖို့ပြန်လည်ကြိုးစားချင်တဲ့အတွက် စပိန်နိုင်ငံဘာစီလိုနာမြို့ကိုအလုပ်ရှာဖွေဖို့ စွန့်စွန့်စားစားထွက်လာခဲ့ပါတယ်…. တစ်ဖက်မှာ အယ်လီဟာလည်းသူ့ရဲ့ပယောဂကြောင့် ချစ်သူသေဆုံးခဲ့ရတယ်ဆိုတဲ့ နောင်တကိုရင်မှာပိုက်ပြီး ချစ်သူရဲ့ဆန္ဒကိုဖြည့်ဆည်းဖို့အတွက် ကာတွန်းတွေ ရုပ်ရှင်တွေဖန်တီးချင်တဲ့ဝါသနာကိုစွန့်ပြီး ကမ္ဘာ့ဗိသုကာမြို့တော်ဘာစီလိုနာမှာ ဗိသုကာပညာလာရောက်သင်ကြားရင်းမီယာဆိုတဲ့ကောင်မလေးနဲ့နှစ်ဦးသား တွေ့ဆုံခဲ့ကြပါတယ်…. မီယာဟာ တိုက်ဆိုင်စွာပဲ အယ်လီချစ်သူဟောင်းစီလင်းနဲ့ရုပ်ချင်းခွဲမရအောင် တူနေတဲ့အတွက်အယ်လီဟာ မီယာကိုဘာစီလိုနာမှာကူညီစောင့်ရှောက်ပေးရင်း ချစ်ကြိုးသွယ်သွားခဲ့တဲ့ လူငယ်သဘာချစ်ခြင်းမေတ္တာတရားတွေကိုဖော်ပြထားတဲ့ ကားလေးတစ်ကားဖြစ်ပါတယ်…. ဒီဇာတ်လမ်းလေးမှာလူတိုင်းဟာအချစ်ခံရဖို့ထိုက်တန်ပါသလား ???? ကျူးလွန်ခဲ့အပြစ်တစ်ခုကြောင့်တစ်သက်လုံးပြန်လည်ပေးဆပ်စရာလိုပါသလား ??? လဲကျနေရာကနေပြန်လည်ရှင်သန်ဖို့ ဘယ်လိုခွန်အားတွေပေးခဲ့သလဲဆိုတဲ့ မေးခွန်းလေးတွေကို တပြိုင်နက် အဖြေထုတ်ပေးခဲ့ပါတယ်…. တကယ်ဆိုရင်တော့ ပရိတ်သတ်ကြီးအနေနဲ့ ဇာတ်ညွှန်းတောင်ဖတ်စရာမလိုပဲ နာမည်ကြီးဖိလစ်ပိုင်စုံတွဲ Cathniel ပါတယ်ဆိုရုံနဲ့တင် ကြည့်ကောင်းမယ့် ဇာတ်ကားကောင်းတစ်ကားဆိုတာ သိကြမှာပဲဖြစ်ပါတယ်… (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို May Thazin Myint မှတင်ဆက်ထားပါတယ်။) Tele Link ကနေပဲကြည့်တတ်တယ်ဆိုရင်https://t.me/Myname2021hakak/52မှာဝင်ကြည့်ပါ။720p HD ကို တင်ပေးထားပါတယ်။

https://image.tmdb.org/t/p/original/zr6XJUtT61gWhWwjPIraY13SkAE.jpg The Moon That Embraces the Sun (2012) ⭐IMDB: 8.2/10 (103 Votes) 🎬 #Drama #Sci-Fi #Fantasy 🗓️ 2012 🎞️ tv series 📺 720p HD 🌎 South Korea ⏰ 1 နာရီ 06 မိနစ် 40 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Moon Embracing the Sun ( 2012 ) Completedဒီဇာတ်ကားလေးကတော့ အားလုံးသိတဲ့ဇာတ်ကားဟောင်းလေးတစ်ကားပါပဲဒီအချိန်ဒီလိုကာလမှာ နွမ်းနယ်တဲ့စိတ်တွေကိုတစ်ဖက်တစ်လမ်းက ဖြေလျော့ပေးမယ့် Old but Gold ကားလေးပေါ့ဒီသမိုင်းဝင်ချစ်ဇာတ်လမ်းလးတစ်ပုဒ်ကို “လရောင်ဖန်ဆင်းနေမင်းကြမ္မာ”“လရောင်လွှမ်းသောအလွမ်းနေ” “လတစ်စင်းရဲ့ချစ်ခြင်းဖွဲ့နေမင်း” စတဲ့နာမည်တွေအမျိုးမျိုး အဖုံဖုံတင်စားခဲ့ကြတယ်နေမင်းကြီးကိုကိုယ်စားပြုတဲ့မင်းကြီးဟာ လမင်းလေးကိုကိုယ်စားပြုတဲ့အတိတ်မေ့နေတဲ့ အချစ်ဦးနတ်ဆရာမလေးတို့ရဲ့လွမ်းမောဖွယ်ချစ်ဇာတ်လမ်းလေးကို ခံစားကြည့်ရှုကြရမှာပါဇာတ်လမ်းကကောင်းဆို IMDb Rating 8 နဲ့ Stand ခဲ့တဲ့ဇာတ်ကားမို့လို့ကြည့်ပြီးသား ပြန်ကြည့်လည်းနောင်တမရှိလောက်ပါဘူးနော်မင်းသား Kim Soo Hyun, Jung II Woo နဲ့ မင်းသမီး Han Ga In တို့ကိုကြည်ကြည်လင်လင်ပြန်ကြည့်ရတာနဲ့တင် တန်မှာပါဇာတ်လမ်းလေးကြည့်ရင်းနောက်နေ့တွေအတွက်အားမွေးကြနော် Quality : WEBRip 720pTotal Episode : 20Subtitle : Myanmar Subtitle ( Hardsub )Sub Credit To SomonlianReview By Nway Oo Ka Joe Download With Zip ( Part 1 )   VIP  /  Yoteshin[1-5]  /  Yoteshin[6-10]  /  Veryfiles[1-5]  /  Veryfiles[6-10]Download With Zip ( Part 2 ) 5.29 GBYoteshin | Usersdrive | VeryFiles | Mega.nz | VIP Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။

https://m.media-amazon.com/images/M/MV5BYTUwMTY1YmMtN2U5NC00YjkzLTg0YWQtZmEwNTEzZjdkNzQ2XkEyXkFqcGdeQXVyMTQxNzMzNDI@._V1_FMjpg_UX1000_.jpg Deep Impact (1998) ⭐IMDB: 6.2/10 (181 k Votes) 🎬 #Action #Drama #Sci-Fi 🗓️ 1998 🎞️ Movie 📺 1080p FHD 🌎 United States ⏰ 2 နာရီ 01 မိနစ် 32 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Deep Impactဆိုတဲ့အတိုင်းပါပဲ ကမ္ဘာရှိရာကို ဦးတည်ရိုက်ခတ်လာတော့မဲ့ ကြယ်တံခွန်ကြီး တစ်ခုအကြောင်းကိုဇာတ်အိမ်တည်ပြီး Sci-fiနဲ့ Drama တွဲလျက် ရိုက်ကူးထားတာပါ။ဇာတ်လမ်းကိုတော့ ဆယ်ကျော်သက် နက္ခတ္တဗေဒ ဝါသနာအိုးလေးတစ်ယောက်က ညဖက် Telescopeနဲ့ ကြည့်ရင်းအမျိုးအမည်မသိ ကြယ်တံခွန်ကြီး တစ်လုံးကို တွေ့ရာကနေ စပြီးဖွင့်ထားပါတယ်။ဒီလိုနဲ့ New Yorkမြို့လောက်ကြီးတဲ့ အာကာသထဲက ပြဿနာထုပ်ကြီးကို အစိုးရဖက်က ပါးပါးနပ်နပ် ကိုင်တွယ်ဖြေရှင်း‌ပုံတွေကို ကြည့်ရှုရမှာပါ။ အမေရိကန်သမ္မတ နေရာကို Morgan Freemanက ပါဝင်သရုပ်ဆောင်ထားတဲ့အပြင်IMDbကလည်း 6.2ရထားပြီး CGIတွေက မဆိုးလှတဲ့အနေအထား တစ်ခုမှာ ရှိတာမို့ ကြည့်ရကျိုးမနပ်ရင်တောင်အကျိုးတော့မယုတ်ဘူးဆိုတာ အာမခံပါတယ်။

https://m.media-amazon.com/images/M/MV5BMTQ2ZWFlNmEtNWYyYy00Yjk1LWIxMTEtMWVkM2NlMTEzOGI2XkEyXkFqcGdeQXVyMTEyMjM2NDc2._V1_FMjpg_UX1000_.jpg Ginny & Georgia (2021) ⭐IMDB: 7.4/10 (52 k Votes) 🎬 #Comedy #Drama 🗓️ 2021 🎞️ tv series 📺 720p HD 🌎 United States ⏰ 55 မိနစ် 34 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Ginny & Georgia (2021)နက်ဖလစ်ရဲ့ ဆယ်ကျော်သက် ဇာတ်လမ်းတွဲ အလန်းစားလေးတစ်ခုတောင်းကြလွန်းလို့ တင်ပေးထားပါတယ်။ သိတဲ့သူတွေလည်းသိမှာပါ။13RW တို့ Sex education တို့လို ဆယ်ကျော်သက် ဒရာမာတွေကြိုက်တတ်သူတွေအတွက် စိတ်ကြိုက်ဖြစ်မှာပါ။အမေရိကန် ဒရာမာတွေက K drama တွေနဲ့ ရသခြင်းကွာပါတယ်။K drama တွေက မထိတထိနဲ့ စောင်ကိုက်ရတဲ့အဆင့်ကိုပဲ သွားကြတာ များပါတယ်။ အာရှ taste ပေါ့။အနောက်တိုင်း ဒရာမတွေကတော့ ထိပြီးလို့ ဝုန်းပြီးလို့ နောက်ဆက်တွဲ ဒရာမာတွေကို လက်တွေ့ကျကျ ပြပါတယ်။လူနေမှုဘဝတွေ၊ မိသားစု ဆက်ဆံရေးတွေကို ပြပါတယ်။ ဒီတော့ မတူတဲ့အရာသာ ရတာပေါ့။ဒီစီးရီးရဲ့ အဓိက မင်းသမီး နှစ်ယောက်ကတော့ နာမည်ထဲက အတိုင်းပါပဲ ဂျင်နီ နဲ့ ဂျော်ဂျီရာပါ။ဂျော်ဂျီရာဟာ ဂျင်နီကို ၁၅ နှစ်အရွယ်မှာ မွေးခဲ့တာ ဖြစ်ပြီး ဒီဇာတ်လမ်းအစမှာဂျင်နီဟာလည်း ၁၅ နှစ်အရွယ်ကို ရောက်လာပါပြီ။ဂျင်နီကတော့ အေးအေးဆေးဆေး လေးလေးနက်နက်နေချင်တဲ့ဆယ်ကျော်သက်ကောင်မလေး ဖြစ်ပြီး သူ့အမေ ဂျော်ဂျီရာကတော့ဖလန်းဖလန်းထ အသေလန်း တွေ့သမျှလူငေးအချိန်တိုင်း အခွက်ပြောင်နေတဲ့ အမေမျိုး ဖြစ်နေပါတယ်။ယောကျာ်းတစ်ယောက်ပြီးတစ်ယောက်ထပ်ရရင်း တစ်မြို့ပြီးတစ်မြို့ပြောင်းနေရင်းနောက်ဆုံးတော့ ဝဲစ်ဘယ်ရီ မြို့မှာ အခြေချနေဖို့ ဖြစ်လာခဲ့ပါတယ်။သူတို့ရဲ့အိမ်အသစ်ရှေ့က အိမ်နီးချင်းမိသားစုကလည်း စိတ်ဝင်စားစရာပါပဲ။မောင်နှမ နှစ်ယောက်မှာ အစ်ကိုက ဂျစ်ကန်ကန် လူဆိုး၊ ညီမက ပြောင်စပ်စပ်နဲ့ လက်စ်ဘီယံပေါ့။ဂျင်နီက လက်စ်ဘီယံနဲ့ ဘော်ဘောတွေဖြစ်ပြီး သူ့အစ်ကို လူဆိုးနဲ့ကျ ဇယားရှုပ်မိသွားတယ်။ဒါပေမယ့် ဂျင်နီကို လာကပ်တဲ့ကောင်လေးကတော့ အတန်းထဲက အဆိုတော်၊ စာတော်၊လိမ္မာ စော်ကြည်ဘဲလေး ဖြစ်နေပြန်တော့ ရွေးရခက်သွားပြန်တယ်ပေါ့။လူငယ်ပြဿနာပဲလားဆိုတော့ ဂျော်ဂျီရာရဲ့ ပြဿနာကလည်းမသေးပါဘူး။အရင်ယောကျာ်းသေသွားပြီး အမွေတွေကို မရအောင် အရင်ယောကျာ်းရဲ့ ဇနီးဟောင်းကရှေ့နေငှားပြီး သူ့အတိတ်တွေ ပြစ်ချက်တွေကိုလိုက်ဖော်နေပါတယ်။ဂျော်ဂျီရာရဲ့ အတိတ်က တကယ်ကိုကြမ်းတမ်းခဲ့ပြီး အခုချိန်မှာ ဘာကိုမှ အလေးအနက်မထားတဲ့ပုံနဲ့နေနေပေမယ့် သမီးဖြစ်သူကို သူ့လိုဒုက္ခတွေမရောက်အောင် နည်းမျိုးစုံနဲ့ မသိမသာ ကာကွယ်ခဲ့ရတာပါ။ဒီစီးရီးမှာ ချစ်စရာအကောင်းဆုံးက ဂျင်နီနဲ့ ဂျော်ဂျီရာတို့ရဲ့ ဆက်ဆံရေးပါပဲ။ဒါပေမယ့် ဒီအထဲမှ ပါသမျှ ကာရိုက်တာအကုန်လုံးဟာ ဘာမှန်းမသိ မင်းသမီးကို ကူညီဖို့ လူဖြစ်လာရသလိုဇာတ်ပို့မျိုးတွေမဟုတ်ဘဲ ဒရာမာကိုယ်စီ ကာရိုက်တာကိုယ်စီနဲ့ ဖြစ်နေတော့စီးရီးတစ်ခုလုံးက ကြည့်ရတာအရသာရှိနေပါတယ်။စုစုပေါင်း ဆယ်ပိုင်းရှိတာမို့ ဆက်တိုက်တင်ဆက်ပေးသွားပါ့မယ်။

https://goldchannel.net/wp-content/uploads/2023/01/hHenEb0Pv9DzxuPFFqbKqWMNArz-200x300.jpg A Man Called Hero ⭐IMDB: ⁉️ 🎬 #Action 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 ⁉️️ ⏰ 1 နာရီ 25 မိနစ် 25 စက္ကန့် 👑 Gold Channel Movies ဇာတ်ညွှန်း 📜 A Man Called Hero (2022)ဇာတ်လမ်းအကျဉ်းကတော့… ဟွာရင်းရှုံးဆိုတဲ့သူရဲ့ ကံကြမ္မာဂြိုဟ် က အထီးကျန်ကြယ်ဖြစ်လိမ့်မယ်ဟု ကြိုတင်ဟောထားရာ…..အမှန်တကယ်ပင် မိဘရော ဇနီး ကိုပါ ဆုံးရှုံးသွားရတဲ့ ရင်းရှုံးတစ်ယောက်…အနှိုင်းမဲ့ သိုင်းကျင့်ပြီး ဘယ်လို ကလဲ့စား ပြန်ချေမလဲဆိုတာ…Translated & Encoded by Aung Myint Oo

https://m.media-amazon.com/images/M/MV5BZTI3YzZjZjEtMDdjOC00OWVjLTk0YmYtYzI2MGMwZjFiMzBlXkEyXkFqcGdeQXVyMTQxNzMzNDI@._V1_FMjpg_UX1000_.jpg Minority Report (2002) ⭐IMDB: 7.6/10 (555 k Votes) 🎬 #Action #Crime #Mystery #Sci-Fi 🗓️ 2002 🎞️ Movie 📺 720p HD 🌎 United States ⏰ 2 နာရီ 25 မိနစ် 30 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Minority report (2002) IMDb Rating (7.6) / Rotten tomatoes (90%) တွမ်ခရုစ် ပါဝင်ထားတဲ့ sci-fi, thriller ဇာတ်ကားဖြစ်ပါတယ်။နာမည်ကြီးဒါရိုက်တာ စတီဗင်စပီးဘာ့ဂ်ရိုက်ကူးထားတဲ့ဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း ဇာတ်အိမ်ခိုင်ခံ့မှု၊ဇာတ်လမ်းဆန်းသစ်မှုအပိုင်းတွေမှာ ပြောစရာမလိုအောင်ကောင်းမွန်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့သက္ကရာဇ် ၂၀၅၄ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စု ဖယ်ဒရယ်အစိုးရဟာ Precrime လို့ခေါ်တဲ့ တင်ကြိုမှုခင်းတားဆီးရေးအဖွဲ့ကိုနိုင်ငံတော်အဆင့်ဖွဲ့စည်းဆောင်ရွက်ဖို့ ကြိုးစားနေတဲ့ကာလဖြစ်ပါတယ်။Precrime ဆိုတာက မှုခင်းတွေ၊ အထူးသဖြင့် လူသတ်မှုတွေမဖြစ်အောင် တားဆီးကာကွယ်ရတဲ့ အထူးရဲတပ်ဖွဲ့တစ်ခုဖြစ်ပါတယ်။ဘယ်လိုတားဆီးသလဲဆိုတော့ precogs လို့ခေါ်တဲ့ မျိုးဗီဇမွမ်းမံထားတဲ့ လူသားတွေက အခင်းဖြစ်ပွားရာနေရာ၊အချိန်နဲ့ လူပုဂ္ဂိုလ်တွေကို အတိအကျခန့်မှန်းဟောကိန်းထုတ်ပေးပြီးတော့ precops လို့ခေါ်တဲ့ အထူးရဲတွေကအဆိုပါနေရာကို အချိန်ကိုက်သွားရောက်ဝန်းရံပြီးတားဆီးရတာပါပဲ။ precops အဖွဲ့မှူးဖြစ်တဲ့ ဂျွန်အန်ဒါတန်(တွမ်ခရုစ်)ဟာ မကြာသေးမီက သားဖြစ်သူပျောက်ထားတဲ့ အိမ်ထောင်ကွဲတစ်ဦးဖြစ်ပါတယ်။ရဲတပ်ဖွဲ့ရဲ့ လုပ်ငန်းတွေ၊ စစ်ဆင်ရေးတွေမှာ တာဝန်ကျေပွန်ပေမယ့် သားပျောက်မှုကြောင့်ရတဲ့စိတ်ဒဏ်ရာကို ကုစားရင်း ဆေးစွဲနေသူတစ်ဦးဖြစ်ပါတယ်။Precrime ဌာနဟာ ကိုလံဘီယာခရိုင်မှာ စမ်းသပ်လည်ပတ်ဆဲကာလမို့ နိုင်ငံတော်အဆင့်တရားဝင်ဖြစ်အောင်ဖယ်ဒရယ်ကအရာရှိတွေရဲ့ စစ်ဆေးမှုခံနေရတဲ့ အခြအနေပါ။အဲ့လိုကာလအတွင်းမှာ အထူးတာဝန်နဲ့ရောက်လာတဲ့ ဖယ်ဒရယ်အေးဂျင့် ဒန်နီဝစ်တ်ဝါကလည်းအထက်ဌာနတို့ထုံးစံအတိုင်း မာန်တကြွကြွနဲ့ဖြစ်တာကြောင့် ရဲအဖွဲ့မှူး အန်ဒါတန်တို့နဲ့ ထိပ်တိုက်တွေ့ပါတော့တယ်။ တစ်နေ့မှာတော့ ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်း လူသတ်မှုတားဆီးဖို့ precogs တွေခန့်မှန်းပေးတဲ့လူသတ်သမားနာမည်ပါတဲ့ ဘောလုံးအနီကို အန်ဒါတန်တစ်ယောက် ကြည့်မိချိန်မှာ လူသတ်သမားနာမည်ဟာ သူကိုယ်တိုင်ဖြစ်နေတာ တွေ့လိုက်ရပါတော့တယ်။အန်ဒါတန်အနေနဲ့ ဒါဟာ Precrime စနစ်ရဲ့ဟာကွက်ကို ‌မျက်စိဒေါက်ထောက်ကြည့်နေပြီးသူ့ကိုလည်းမကြည်တဲ့ ဖယ်ဒရယ်အေးဂျင့် ဝစ်တ်ဝါရဲ့ ထောင်ချောက်ဆင်မှုဖြစ်ကြောင်း သံသယဖြစ်မိပြီး ထွက်ပြေးဖို့ကြံပါတော့တယ်။အန်ဒါတန်အနေနဲ့ precogs တွေခန့်မှန်းသလို တကယ်ပဲ လူသတ်မိမှာလား၊ပြီးပြည့်စုံတယ်လို့ထင်ရတဲ့ Precrime စနစ်ရဲ့အားနည်းချက်တွေက ဘာတွေဖြစ်မလဲဆိုတာနဲ့အန်ဒါတန်ကို တကယ်ပဲ ဝစ်တ်ဝါကထောင်ချောက်ဆင်ခဲ့သလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ရှုစားကြည့်ကြပါ။ အခြား sci-fi တွေလို ဂြိုဟ်သားတွေ၊ လက်နက်ဆန်းတွေ၊ သတ္တဝါကြီးတွေ မပါပေမယ့်စိတ်ကူးစိတ်သန်းဆန်းသစ်စွာနဲ့ သာမန်မှုခင်းဇာတ်အိမ်မျိုးကို ပုံစံတစ်မျိုးနဲ့ရိုက်ကူးပြထားတာဖြစ်လို့ဇာတ်လမ်းအဆုံးထိ ရင်တမမနဲ့ကြည့်သွားရမယ်လို့ ရဲရဲကြီးအာမခံပါတယ်။ဇာတ်လမ်းမှာပါတဲ့ လှည့်ကွက်လေးတွေ၊ အချိတ်အဆက်တွေကလည်း ဇာတ်အီမသွားအောင် သေသေသပ်သပ်ထည့်ထားတာဖြစ်လို့ဘောလိဝုဒ်၊ တောလိဝုဒ်ကားတွေလို expected twist မျိုးဖြစ်မသွားပါဘူး။

https://image.tmdb.org/t/p/original/2rs9gCICykUKjWuHbT4Nbaecs9P.jpg Five Fingers (2006) ⭐IMDB: 6.3/10 (8 k Votes) 🎬 #Drama #Thriller 🗓️ 2006 🎞️ Movie 📺 1080p FHD 🌎 United States ⏰ 1 နာရီ 28 မိနစ် 53 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Five Fingers (2006)==============IMDb Rating – 6.3/10 စားနပ်ရိက္ခာအစီအစဉ်တစ်ခုကို အစပြုဖို့ဆိုပြီး မာတင်တစ်ယောက်ရစ်တောင်တန်းဆီကို ဂါဗင်ဆိုတဲ့ဧည့်လမ်းညွှန်အကူအညီနဲ့ သွားမှာပါ။ဒါပေမဲ့ ကားပေါ်ပဲတက်ရသေးတယ်.. နှစ်ယောက်လုံးကို ဖမ်းခေါ်သွားပါလေရောဗျာ။ ဇာတ်လမ်းက အဲ့ဒီလို တည့်ပဲစထားပါတယ်။ ဘာလို့အဖမ်းခံရတာလဲ၊ ဘယ်သူကဖမ်းတာလဲဆိုတာကိုတော့ ဆက်ကြည့်လိုက်ပါနော်။ အဓိကက အဖမ်းခံရတဲ့အချိန်အတွင်းမှာ သူ့ရည်းစားအကြောင်းတွေ မေးမေးပြီးတော့ မာတင်ရဲ့လက်ချောင်းတွေ တစ်ချောင်းပြီးတစ်ချောင်းအဖြတ်ခံရပါတယ်။ ဒါပေမဲ့ စေတနာကောင်းကောင်းနဲ့ ဖြတ်ထားတဲ့လက်ချောင်းတွေအကုန်လုံးကို ရေခဲနဲ့သိမ်းပေးထားပါတယ်။ လိုချင်တဲ့အဖြေရရင်ပြန်ဆက်ပေးဖို့ပါတဲ့။ အရမ်းသဘောကောင်းတဲ့ ပြန်ပေးဆွဲအဖွဲ့ပေါ့။ ဒီကားလေးမှာ ကမ္ဘာ့အရှေ့ခြမ်းနဲ့အနောက်ခြမ်းဝါဒတွေ၊ နိုင်ထက်စီးနင်းလုပ်တာတွေ၊ ဘက်မတူတဲ့နိုင်ငံရေးအမြင်တွေကို အဖမ်းခံထားရတဲ့အတောအတွင်းအများကြီးပြောပြသွားတာမို့… မသိသေးတဲ့ပဟေဠိတွေကို ရုပ်ရှင်ထဲမှာဆက်အဖြေရှာရအောင်ဗျာ ။ ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်)

https://image.tmdb.org/t/p/original/x0OjUpv5bGbzUVt9eyEb0sHAQpZ.jpg Memory Box (2021) ⭐IMDB: 6.8/10 (605 Votes) 🎬 #Drama 🗓️ 2021 🎞️ Movie 📺 1080p FHD 🌎 Lebanon, Canada, France, Qatar ⏰ 1 နာရီ 43 မိနစ် 42 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Memory Box (2021)===============IMDb Rating ~ 6.8/10Rotten Tomatoes ~ 93%7 nominations လစ်ဘနွန် ပြည်တွင်းစစ်ကို နောက်ခံထားပြီး ရိုက်ကူးထားတဲ့ကနေဒီယန်-ပြင်သစ် ဒရာမာဇာတ်လမ်းလေးပါ။ စစ်ကြီးအတွင်းကဓာတ်ပုံအစစ်တွေ တိပ်ခွေအစစ်တွေကို ဇာတ်ကားထဲမှာ အချိတ်အဆက်မိမိနဲ့ တင်ဆက်ထားတာကြောင့် စိတ်ကူးယဉ်ဇာတ်လမ်းကိုလက်တွေ့ကမ္ဘာနဲ့ အချိုးညီညီပေါင်းစပ်ပြထားတဲ့ ဇာတ်ကားဆိုပြီးဝေဖန်သူတွေကြားထဲမှာ နာမည်ကြီးခဲ့တဲ့ ဇာတ်ကားပါ။ နှင်းတွေ ထူထပ်နေတဲ့ မွန်ထရယ်မြို့ရဲ့ ခရစ်စမတ်နေ့တစ်နေ့မှာအဲလက်စ်၊အမေဖြစ်သူ မိုင်ရာနဲ့ အဘွားဖြစ်သူ တီတာတို့ဆီ ပါဆယ်ပုံးတစ်ပုံး ရောက်လာပါတယ်။ ပါဆယ်ပုံးထဲမှာတော့ မိုင်ရာ ငယ်ငယ်ကသူ့သူငယ်ချင်း လီဇာ ဟာဘားဆီပို့ခဲ့တဲ့ စာတွေ၊ မှတ်စုစာအုပ်တွေ၊တိပ်ခွေတွေနဲ့ ဓာတ်ပုံတွေ ရှိနေခဲ့ပါတယ်။ မိုင်ရာနဲ့တီတာတို့က ပါဆယ်ပုံးကို ဖွင့်မကြည့်ဖို့ ပြောပေမဲ့ အဲလက်စ်က သိချင်စိတ်အပြည့်နဲ့ စူးစမ်းကြည့်တဲ့အခါမှာတော့… လစ်ဘနွန် ပြည်တွင်းစစ်ကြီးအတွင်းက မြီးကောင်ပေါက်မလေး တစ်ယောက်ရဲ့ ဇာတ်လမ်းကိုလွမ်းမောဖွယ်ရာ ကြည့်ရှုခံစားရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Roman Noxဖြစ်ပါတယ်)

https://m.media-amazon.com/images/M/MV5BMTMxMTU5MTY4MV5BMl5BanBnXkFtZTcwNzgyNjg2NQ@@._V1_FMjpg_UX1000_.jpg Puss in Boots (2011) ⭐IMDB: 6.6/10 (164 k Votes) 🎬 #Adventure #Animation #Comedy 🗓️ 2011 🎞️ Movie 📺 1080p FHD 🌎 United States ⏰ 1 နာရီ 31 မိနစ် 52 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Puss in Boots (2011)IMDb (6.6/10)rotten tomatoes (86%)metacritics (65%) old but gold ကာတွန်းကားလေးတွေထဲမှာ အတော်နှစ်သက်မိတဲ့ movie တစ်ခုပြောပြမယ် ဒီထဲမှာ voice actor တွေအနေနဲ့ Antonio Banderas က Puss အဖစ် Salma Hayek က Kitty Softpaws အဖစ် Zach Galifianakis က Humpty Alexander Dumpty အဖစ် Billy Bob Thornton က Jack အဖစ် Amy Sedaris က Jill အဖစ်နဲ့ Sanricardo ဆိုတဲ့ မြို့တစ်ခုပေါ်မှာ ပုံဖော်ထားတာပါ type ကတော့ Action, Adventure ပေါ့ ဘွတ်ဖိနပ်နဲ့ကြောင်တစ်ကောင်ဆို လူတိုင်းသိကြမယ်ထင်တယ် Sherk ကားထဲမှာလဲပါတယ်လေ Sherk 4 မှာလားမသိဘူး ကာတွန်းကားဆိုပင်မဲ့ ဇာတ်အိမ်ခိုင်တယ် ဒိုင်ယာလော့တွေမိုက်တယ် ပီးတော့ mature ဖစ်တယ်လို့ဆိုရမယ် 2011 ထွက်ဆိုပင်မဲ့ animation ပိုင်းကိုသိပ်စိတ်မပူပါနဲ့ လန်းတယ် ဂျွတ်နေတုန်းပဲ အညွှန်းပြောရမယ်ဆို Puss ကဝရမ်းပြေး အတိတ်ရဲ့အရိပ်မဲတစ်ခုကြောင့် လက်ရှိအနေအထားမှာ နာမည်မျိုးစုံနဲ့ wanted ထုတ်ခံထားရတဲ့ ဝရမ်းပြေးတစ်ယောက်ပေါ့ အတိတ်မှာ စွန်းထေးနေတဲ့ သူ့နာမည်ကို ပြန်လည်သန့်စင်အောင် မွန်းမံချင်နေတဲ့ လည်သာဘွတ်ဖိနပ်နဲ့ကြောင်တစ်ကောင်ဆိုလဲ မမှားပါဘူး အဲ့ဒိခေတ်ကာလမှာ ဒဏ္ဍာရီလိုလို ပုံပြင်လိုလိုနဲ့ လူပြောများနေတဲ့ rumor တစ်ခုက ​မှော်ပဲစေ့ပဲ (ခင်များတို့လဲကြားဖူးကြမယ်ထင်တယ် ​မှော်ပဲစေ့လေးတွေကနေ မြင့်မားတဲ့အပင်အကြီးတွေပေါက်လာပီး အဲ့အပေါ်မှာ ရဲတိုက်ကြီးတွေ ဘီလူးကြီးတွေ ရွှေငွေဘာညာ ရှိတဲ့အကြောင်းပေါ့ ရုပ်ရှင်လဲတော်တော်များများပြန်ရိုက်ထားကြတယ်) Puss ရဲ့နာကျင်စရာ အတိတ်ဆိုးဟာလည်း အဲ့ပဲစေ့လေးတွေနဲ့သက်ဆိုင်နေပြန်ရော သူ့ဘဝတစ်လျှောက်လုံးရှာဖွေခဲ့တဲ့ ပဲစေ့တွေက ဒဏ္ဍာရီတစ်ခုသာသာလို့ ထင်ခဲ့တာ တကယ်တမ်းကျ Jack နဲ့ Jill ဆိုတဲ့ လင်မယားနှစ်ယောက်မှာ သွားရှိနေတယ် Puss ကအဲ့ rumor ကို Bar တစ်ခုမှာရရှိခဲ့ပီး Jack နဲ့ Jill ဆီကခိုးဖို့ကြံရွယ်တယ်ပေါ့ သွားခိုးရာကနေသူ့လိုပဲ ကြောင်နက်လေးတစ်ကောင်ကလည်း ပဲစေ့တွေကိုလာခိုးတယ် အဲ့ကြောင်နက်လေးက Kitty Softpaws ပေါ့ အဲ့မှာ နှစ်ကောင်သားစုံမိပီး အချင်းချင်းရန်ဖစ်နေရင်းနဲ့ Jack နဲ့ Jill ကသိသွားတော့လိုက်ဆော်ပါလေရော လင်မယားနှစ်ယောက်ရဲ့လက်က ပြေးရာကနေ Puss က Kitty ကို သူ့အကြံဖျက်ဆီးတယ် ဘာညာဆိုပီး Kitty နောက်လိုက်တယ် (အဲ့မှာ Puss နဲ့ Kitty ရဲ့ Tuesday dance fight ကလည်း ကျနော့်တွက် နှစ်လိုဖွယ် sence တစ်ခု) တိုက်ကြခိုက်ကြအပီး Puss ရဲ့ အတိတ်ဆိုးအရိပ်မဲထဲက လူတစ်ယောက်ပြန်ပေါ်လာခဲ့တယ် လူလို့တော့ပြောမရဘူး ဘယ်လိုခေါ်မလဲ breakfast ပေါ့ နာမည်က Humpty Alexander Dumpty သူကရော Puss နဲ့ဘယ်လိုပတ်သတ်နေမလဲ အတိတ်ကအရိပ်မဲဟာ ဘယ်လိုတွေလာပြန်လည်ချည်နှောင်လာအုံးမလဲ အညစ်အကြေးတွေပေစွန်းနေတဲ့ သူ့နာမည်ကိုရော ပြန်သန့်စင်နိုင်သွားမလား မှော်ပဲစေ့တွေကရော တကယ်လား ပုံပြင်သက်သက်ပဲလားဆိုတာ ကို့လူတို့ကိုယ်တိုင်ပဲခံစားကြည့်လိုက်ပါ” what can i say,i was a bad kitty ” (ရုပ်ရှင်အညွှန်းကိုSetmin Khant Fbမှ ကူးယူဖော်ပြပါသည်။)

https://m.media-amazon.com/images/M/MV5BOGM5YTNiYzktNmEwZC00ZjE5LWIyNzEtOTUwNDE0NmVkYzE3XkEyXkFqcGdeQXVyMTMxODk2OTU@._V1_FMjpg_UX1000_.jpg The Proposal (2009) ⭐IMDB: 6.7/10 (332 k Votes) 🎬 #Comedy #Drama #Romance 🗓️ 2009 🎞️ Movie 📺 720p HD 🌎 United States ⏰ 1 နာရီ 47 မိနစ် 47 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Proposalရုပ်ရှင်ဇာတ်ကားဟာ ၂၀၀၉ခုနှစ်ထွက်ဒရာမာဇာတ်ကားလေးတစ်ကားဖြစ်ပါတယ် ဇာတ်ကားကြာမြင့်ချိန်က ၁နာရီ မိနစ် ၄၀ကျော်ရှိပြီး Imdb rating 6.7/10 အထိရရှိထားတဲ့ဇာတ်ကားလေးပါ။ ပါဝင်သရုပ်ဆောင်ထားသူတွေက တော့ နာမည်ကြီးမင်းသမီးSandra Bullock…..မင်းသားRyan Reynoldsတို့ဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ စာအုပ်တိုက်တစ်ခုမှာ အယ်ဒီတာချုပ်ဖြစ်တဲ့ Margret တစ်ယောက် ဗီဇာစည်းကမ်းဖောက်လို့ ပြည်နှင်ဒဏ်အပေးခံရမယ့်အခြေအနေဆိုက်နေပါတယ်…. သူ့အတွက်ဖြေရှင်းဖို့နည်းလမ်းကတော့ နိုင်ငံသားတစ်ယောက်နဲ့လက်ထပ်တာပါ…. အဲဒီအခါ သူ့လက်ထောက်ဖြစ်တဲ့ Andrew နဲ့ လက်ထပ်ဖို့ကြံစည်ပါတော့တယ်….. ဒါပေမယ့်လည်း အမေရိကန်လူဝင်မှုကြီးကြပ်ရေးအရာရှိမှ သူတို့နှစ်ယောက်ပေါင်းလိမ်နေတယ်လို့သံသယရှိလာတာကြောင့် ၂ယောက်စလုံးကိုမေးခွန်းတွေမေးမယ် မတူရင် Margret က နယ်နှင်ဒဏ် Andrew ကငွေဒဏ်နဲ့ထောင်ဒဏ်ခံရမှာပါ….. ဒီကိစ္စ ကိုဖြေရှင်းဖို့ ၂ယောက်သားဘယ်လိုတွေလုပ်ဆောင်မလဲ ဘယ်လိုကမောက်ကမတွေဖြစ်ပြီး နှစ်ဦးသား ဘယ်လိုအတူဖြတ်ကျော်ကြမလဲ။ ….မိသားစု….ရည်းစားဟောင်းစတဲ့အခက်အခဲတွေကြားမှာ မထင်မှတ်ပဲအချစ်စစ်တစ်ခုပေါက်ဖွားလာနိုင်မလား၊ ဆိုတာတော့ Dramaကြိုက်တဲ့ ပရိသတ်ကြီးတွေကိုယ်တိုင်ကြည့်ရှုလိုက်ပါဦးနော် The Proposalရုပ်​ရှင်​ဇာတ်​ကားဟာ ၂၀၀၉ခုနှစ်​ထွက်​ဒရာမာဇာတ်​ကား​လေးတစ်​ကားဖြစ်​ပါတယ်​ ဇာတ်​ကားကြာမြင်​့ချိန်​က​ ၁နာရီ မိနစ်​​ ၄၀​ကျော်​ရှိပြီး Imdb rating 6.7/10 အထိရရှိထားတဲ့ဇာတ်ကားလေးပါ။ ပါ၀င်​သရုပ်​​ဆောင်​ထားသူ​တွေက ​တော့ နာမည်​ကြီးမင်​းသမီးSandra Bullock…..မင်​းသားRyan Reynoldsတို့ဖြစ်​ပါတယ်​ ဇာတ်​လမ်​းအကျဥ်​းက​တော့ စာအုပ်​တိုက်​တစ်​ခုမှာ အယ်​ဒီတာချုပ်​ဖြစ်​တဲ့ Margret တစ်​​ယောက်​ ဗီဇာစည်​းကမ်​း​ဖောက်​လို့ ပြည်​နှင်​ဒဏ်​​အ​ပေးခံရမယ်​့အ​ခြေအ​နေဆိုက်​​နေပါတယ်​…. သူ့အတွက်​​ဖြေရှင်​းဖို့နည်​းလမ်​းက​တော့ နိုင်​ငံသားတစ်​​ယောက်​နဲ့လက်​ထပ်​တာပါ…. အဲဒီအခါ သူ့လက်​​ထောက်​ဖြစ်​တဲ့ Andrew နဲ့ လက်​ထပ်​ဖို့ကြံစည်​ပါ​တော့တယ်​….. ဒါပေမယ့်လည်း အ​မေရိကန်​လူ၀င်​မှုကြီးကြပ်​​ရေးအရာရှိမှ သူတို့နှစ်​​ယောက်​​ပေါင်​းလိမ်​​နေတယ်​လို့သံသယရှိလာတာ​ကြောင်​့ ၂​ယောက်​စလုံးကို​မေးခွန်​း​တွေ​မေးမယ်​ မတူရင်​ Margret က နယ်​နှင်​ဒဏ်​ Andrew က​ငွေဒဏ်​နဲ့​ထောင်​ဒဏ်​ခံရမှာပါ….. ဒီကိစ္စ ကို​ဖြေရှင်​းဖို့ ၂​ယောက်​သားဘယ်​လို​တွေလုပ်​​ဆောင်​မလဲ ဘယ်လိုကမောက်ကမတွေဖြစ်ပြီး နှစ်ဦးသား ဘယ်လိုအတူဖြတ်ကျော်ကြမလဲ။ ….မိသားစု….ရည်​းစား​ဟောင်​းစတဲ့အခက်​အခဲ​တွေကြားမှာ မထင်မှတ်ပဲအချစ်​စစ်​တစ်​ခု​ပေါက်​ဖွားလာနိုင်​မလား၊ ဆိုတာတော့ Dramaကြိုက်တဲ့ ပရိသတ်​ကြီးတွေကိုယ်တိုင်ကြည်​့ရှုလိုက်​ပါဦး​နော်​

https://m.media-amazon.com/images/M/MV5BMjA0MzU4NzE2N15BMl5BanBnXkFtZTcwNDgxMzUxOQ@@._V1_FMjpg_UX1000_.jpg The Hour of the Lynx (2013) ⭐IMDB: 6.1/10 (2 k Votes) 🎬 #Crime #Drama 🗓️ 2013 🎞️ Movie 📺 1080p FHD 🌎 Denmark, Sweden ⏰ 1 နာရီ 29 မိနစ် 43 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Hour of the Lynx (2013)====================IMDb Rating – 6.1/10 the Hour of the Lynxတဲ့ နာမည်လေးကိုက ခပ်ဆန်းဆန်းလေးရယ်၊ ဇာတ်ကားအစပိုင်းမှာကတည်းကို cinematographyကောင်းကောင်းလေးနဲ့ အစပြုထားတော့ ထင်လိုက်တာက အမြင်ဆန်းဆန်းလေးနဲ့ကြည့်ရမယ့် လူသတ်ကားထင်ရပေမယ့် dramaပိုင်းကလဲ တော်တော်လေး strongဖြစ်တယ်။ ဇာတ်လမ်းအသွားလေး ခန့်မှန်းနေရတာလေးကိုက ဒီဇာတ်ကားကိုကြည့်နေရတဲ့ ရသ တစ်မျိုးပဲဗျာ၊ ကြည်နူးရတဲ့ ချစ်ခြင်းမေတ္တာရဲ့သဘောတရားကိုလဲ မတူညီတဲ့ ရှုထောင့်တစ်ခုကနေ မြင်စေရမယ့်ဇာတ်ကားလေးတစ်ကားလဲဖြစ်နေတာမို့ အချိန်ကုန်ကြည့်ရကျိုးနပ်တဲ့ဇာတ်ကားလို့တော့ ကျွန်တော်ညွှန်းလိုက်ပါရစေ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Paul ဖြစ်ပါတယ်)

https://m.media-amazon.com/images/M/MV5BMTYxMDg5NTkxMF5BMl5BanBnXkFtZTcwNjA4MDUzMQ@@._V1_FMjpg_UX1000_.jpg Flyboys (2006) ⭐IMDB: 6.5/10 (43 k Votes) 🎬 #Action #Drama #History 🗓️ 2006 🎞️ Movie 📺 1080p FHD 🌎 United Kingdom, United States ⏰ 2 နာရီ 19 မိနစ် 03 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Flyboys(2006) ************* ဒီဇာတ်လမ်းဟာ ပထမကမ္ဘာစစ်စတင်ပြီး 1916 ခုနှစ်မှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်‌ကိုပြန်ရိုက်ကူးထားတာပါ။ ဒီကာလမှာက အမေရိကန်ဟာ စစ်ထဲဝင်မပါ‌သေးတော့ စစ်တိုက်ချင်တဲ့၊‌ လေယာဉ်မောင်းချင်တဲ့ အမေရိကန်လူငယ်အချို့ဟာ စစ်ပညာသင်ပေးမယ့်ပြင်သစ်ကိုသွားပြီး စစ်ထဲဝင်ကြရပါတယ်။အကြောင်းကြောင်းနဲ့ စစ်ထဲဝင်လာတဲ့သူတွေရှိသလို ကျဆုံးသွားသူတွေလည်း ဒုနဲ့ဒေးပါပဲ။လေယာဉ်နဲ့ မစ်ရှင်လုပ်ရတိုင်း ဘယ်တော့သေမယ် မသိတဲ့ရတဲ့ လေယာဉ်မှူးတွေအတွက်ကတော့ ကျဆုံးသတင်းဆိုတာ ထူးမခြားနားလိုဖြစ်နေပါပြီ။မနေ့ကအတူရှိနေပြီး ဒီနေ့ကျဆုံးသွား၊ သူ့အတွက်လက်စားချေနိုင်မယ့်အချိန်ကိုစောင့်ရင်း အရက်တွေပဲသောက် ‌နောက်လူတွေကိုကာကွယ်ပေး အသက်ကိုစတေးခံ စတဲ့ သရုပ်တွေကို ကွက်ကွက်ကွင်းကွင်းမြင်ရမယ့်အပြင် လေယာဉ်အချင်းချင်း စီးချင်းတိုက်တာ‌တွေကို တဝကြီးကြည့်ရှုရမယ့် ဇာတ်ကားလည်းဖြစ်ပါတယ်။

https://m.media-amazon.com/images/M/MV5BNzc1ZmFjY2UtODNlMy00YWFkLTkzN2UtZjZhZDM5YTMzYjA0XkEyXkFqcGdeQXVyNTY0NzUxNA@@._V1_FMjpg_UX1000_.jpg The Young Chief Winnetou (2022) ⭐IMDB: 5.1/10 (131 Votes) 🎬 #Adventure #Family #Western 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 Germany ⏰ 1 နာရီ 43 မိနစ် 05 စက္ကန့် 👑 Gold Channel Movies ဇာတ်ညွှန်း 📜 The Young Chief Winnetou (2022)ဝင်နီထိုဆိုတဲ့ တိုင်းရင်းသားကောင်လေးဟာ လူမျိုးစုခေါင်းဆောင်ဖြစ်တဲ့သူ့အဖေခြေရာနင်းချင်နေတဲ့ ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ သူတို့ဟာရှင်သန်နေထိုင်ဖို့အတွက် နှစ်တိုင်းကျွဲတွေကိုအမဲလိုက်ဖို့လိုအပ်ပါတယ်။ တစ်နှစ်မှာတော့ကျွဲတွေဟာ သူတို့အမဲလိုက်ရာလမ်းကြောင်းကိုမလာပဲ လုံးဝကိုပျောက်ဆုံးနေခဲ့ပါတယ်။ကျွဲတွေသာမလာရင် သူတို့ဟာ မွေးရပ်မြေကနေစွန့်ခွာပြီး နယ်မြေသစ်ရှာဖွေရတော့မှာဖြစ်ပါတယ်။ ဝင်နီထိုဟာ သူဖမ်းမိထားတဲ့မြင်းသူခိုးဖြစ်တဲ့လူဖြူကောင်လေးက ကျွဲတွေပျောက်ရတဲ့အကြောင်းကိုသိတယ်ဆိုသဖြင့် ထိုကောင်လေးနဲ့အတူပျောက်ဆုံးနေတဲ့ကျွဲတွေကိုလိုက်ရှာဖို့ပြင်ဆင်ပါတော့တယ်။ ကျွဲတွေပျောက်ရတဲ့အကြောင်းအရင်းကဘာလဲ။ ငယ်ရွယ်လှတဲ့ကောင်လေးတစ်ယောက်က သူ့လူမျိုးစုကိုကယ်တင်ဖို့ဆိုတာကဖြစ်နိုင်ပါ့မလား။ ကောင်လေးတစ်ယောက်ရဲ့စွန့်စားခန်းကြီးကို စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုလိုက်ကြရအောင်ပါ၊Reviewed&Translated by MayLinEncoded by Siran

https://image.tmdb.org/t/p/original/bm1aLzblgQsCZXcqPQUfzF15cFO.jpg The Lost Hero Of Ayodhya (2022) ⭐IMDB: ⁉️ 🎬 #Action #Adventure #Comedy #History 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 ⁉️ ⏰ 1 နာရီ 50 မိနစ် 38 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Lost Hero of Ayodhya (2022) ဒီတစ်ခါတော့ ထိုင်းလူရွှင်တော်ပေါင်းများစွာပါဝင်ထားတဲ့“The lost hero of Ayodhya” ရုပ်ရှင်ဟာသကားတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျား ဇာတ်လမ်းအကျဉ်း ယယ်ဆိုတဲဲ့တိုင်းရင်းဆေးသမားတော်လေးဟာ အရမ်းရိုးသားဖြူစင်ခဲ့တာပေါ့သူဟာ သူ့မိန်းမနဲ့ပျော်ပျော်ရွှင်ရွှင်နေပြီး လူနာတွေကိုအလကားကုသပေးရင်းနေထိုင်ခဲ့ပါတယ် လုန်ထလောက်ဆိုတဲ့လူကတော့ လူယုတ်မာကြီးပေါ့သူက သမားတော်ယယ်ရဲ့မိန်းမကိုလိုချင်နေတာနဲ့ အကြောင်းအမျိုးမျိုးဖန်ပြီးယယ်ကိုဝေးဝေးသွားအောင်လုပ်ဖို့ ကြံစည်ခဲ့ပါတယ် တစ်နေ့မှာ လူယုတ်မာလုန်ထလောက်ကသမားတော်ယယ်ကို ဗမာစစ်သူကြီးနေမျိုးဆိုတဲ့လူရဲ့ခေါင်းကိုသွားဖြတ်ခိုင်းခဲ့ပါတယ်ဖြတ်နိုင်ပြီး သူ့ခေါင်းကိုမပုပ်မသိုးစေဘဲယူလာနိုင်ရင်အကြွေးတင်နေတာတွေကိုကျေပေးမယ့်အပြင် ဆုငွေပါချပေးဦးမယ်ဆိုပြီးသူ့ကိုမြူဆွယ်ခဲ့ပါတယ် ယယ်လည်း အကြွေးကျေချင်ပြီးသူ့မိန်းမကိုရင်းနှီးမြုပ်နှံငွေရှိစေချင်တာနဲ့ ဒီအပေးအယူကိုလက်ခံခဲ့ပါတယ် သမားတော်ယယ် ဒီသဘောတူညီမှုလက်ခံခဲ့ပြီးနောက်စစ်သူကြီးနေမျိုးရဲ့ခေါင်းကိုမပုပ်မသိုးစေဘဲယူလာနိုင်ပါ့မလား ဘယ်လိိုဘယ်လိုအခက်ခဲတွေနဲ့ကြုံရမလဲဆိုတာဇာတ်ကားထဲကြည့်ရှူလိုက်ရအောင်နော်အက်ရှင်ချည်းမဟုတ်ဘဲဟာသနှောထားတဲ့အတွက် လက်မလွှတ်သင့်တဲ့ဇာတ်ကားပါနော် အညွှန်း နဲ့ ဘာသာပြန်ကတော့Nang Mwe Khamပဲ ဖြစ်ပါတယ်။