ဇာတ်ညွှန်းများ • FDMN
Закритий канал
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
Bad Boys (1995) ⭐TMDB: 68% User Score 🎬 #Action #Comedy #Crime #Thriller 🗓 1995 🎞 video movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 59 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Bad Boys (1995)================IMDb Rating – 6.9/10 လူတိုင်းရင်းနှီးပြီးသား မင်းသားတွေဖြစ်တဲ့ Will Smith နဲ့ MartinLawrence တို့ပါဝင်သရုပ်ဆောင်ထားတဲ့ Action , Comedy , Crimeဇာတ်ကားပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ မင်းသားနှစ်ယောက်ဖြစ်တဲ့ Will Smith နဲ့ Martin Lawrence တို့က မိုက်ခ်နဲ့ မားကပ်စ်ဆိုတဲ့ မိုင်ယာမီမူးယစ်တိုက်ဖျက်ရေးမှုခင်းရဲတွေပါ။ တစ်နေ့ သူတို့ ဌာနမှ ထိန်းသိမ်းထားတဲ့ ကိုကင်းတွေကို အဖောက်ခံလိုက်ရပါတယ်။ အဲ့လိုအဖောက်ခံလိုက်ရတော့ သူတို့ရဲ့ခေါင်းဆောင် ဟောင်းဝဒ်က သူတို့ကို ကို ပြန်ရှာခိုင်းပါတယ်။ ဒီလိုနဲ့ မိုက်ခ်နဲ့ မားကပ်စ်က သူတို့နဲ့အရင်က ဇာတ်လမ်းတွေရှိခဲ့ဖူးတဲ့ ဆေးသမား ပြည့်တန်ဆာတွေနဲ့ပူးပေါင်းပြီးတော့ သတင်းယူပြီး ဒီအမှုကိုလိုက်တာကနေ တစ်ကားလုံး သဘောကျစရာကောင်းလောက်အောင်ကို သရုပ်ဆောင်ပြသွားတာပါ။ Bad Boys ရုပ်ရှင်အားလုံးကို ဒီမှာhttps://www.channelmyanmar.to/?s=bad+boysကြည့်ပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Tin Myo Lwin ဖြစ်ပါတယ်)...
Queen of My Heart ( 2021 ) ⭐- 🎬 #Drama 🗓 2021 🎞 movie 🌎 #China ⏰ 1 နာရီ 8 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 သာ့ချွမ်ပြည်ရဲ့ အိမ်ရှေ့စံမင်းသားကို ငယ်စဉ်ကတည်းကချစ်သူနှစ်ယောက်နဲ့တွေ့ရလိမ့်မယ်လို့နတ်သူငယ်လေးပေးတဲ့လျို့ဝှက်ကြမ်းမှာပါလာပါတယ် ။ဒီလိုနဲ့ မင်းကြီးနတ်ရွာစံသွားပြီး အိမ်ရှေ့စံကထီးနန်းဆက်ခံခါစဆိုတော့တိုင်းပြည်အရေးကရှုပ်ထွေးပြီး ညီလာခံမှာလည်းအမတ်တွေက ပြောင်းဆန်လို့နေပါတယ် ထီးနန်းဆက်ခံခါစ အိမ်ရှေ့စံဟာ အမေဖြစ်သူ မိဖုရားခေါင်ကြီးနဲ့ဦးလေးဖြစ်သူရဲ့အကူအညီနဲ့ သူဒီတိုင်းပြည်ကိုကောင်းကောင်းအုပ်ချုပ်နိုင်မယ်လို့ထင်ခဲ့ပေမဲ့ သူထင်ထားတာနဲ့လွဲမှားစွာဦးရီးတော်ဖြစ်သူက ထီးနန်းကိုမက်မောပြီးသူ့နောက်ကျောကိုဓားနဲ့ထိုးဖို့ချောင်းနေပါတော့တယ် ။ ဒါ့အပြင် သူ့တူလေးကို ချစ်လွန်းလို့လက်ဆောင်ပေးသလိုနဲ့ကောင်မလေးတစ်ယောက်ကိုဆက်သလာချိန်မှာတော့…အဲဒီမိန်းကလေးရဲ့သရုပ်မှန်ကရော ဘယ်လိုဖြစ်မလဲ ?ဒီလိုမကောင်းတဲ့သူတွေအာဏာရနေတဲ့ ညီလာခံကိုရောထီးနန်းရခါစ အိမ်ရှေ့စံမင်းသားတစ်ယောက်ဘယ်လိုပြန်လည်တိုက်ထုတ်သွားမလဲဆိုတာကိုစိတ်ဝင်စားစွာနဲ့ကြည့်ရှုပေးကြပါအုံးနော်...
The Night Of The Peak (2024) ⭐TMDB: 0% User Score 🎬 #Horror #Mystery #Romance #Thriller 🗓 2024 🎞 video movie 🌎 #China ⏰ 1 နာရီ 6 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 သဲထိတ်ရင်ဖိုရုပ်ရှင်ကို ကြိုက်တဲ့ CM ရဲ့ ပရိသတ်တွေအတွက်The night of the peak ဆိုတဲ့ ရုပ်ရှင်ကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- အင်တာနက်စာရေးဆရာစူးဖေးဟာ ရည်းစားဖြစ်သူ အသတ်ခံရပြီးနောက်ပုံရိပ်ယောင်တွေကို ထင်ယောင်ထင်မှား မြင်မိနေပါတယ်။အဲဒီနောက် သူဟာ စိတ်ပြေလက်ပျောက်အပန်းဖြေရအောင်တိတ်ဆိတ်အေးချမ်းတဲ့ စန်းကျားရွာကို ထွက်လာခဲ့ပါတယ်။ ဒါပေမဲ့ စန်းကျားရွာမှာ သူမဟာ တစ်ရက်မှ အေးချမ်းမှုကို မရခဲ့ဘဲလူယုတ်မာရဲ့ ထောင်ချောက်ထဲကို ရောက်မှန်းမသိ ရောက်သွားခဲ့ပါတယ်။တည်းခိုဆောင်မှာ လာရောက်တည်းခိုနေတဲ့ ပန်းချီဆရာနဲ့တည်းခိုဆောက်ပိုင်ရှင် ရန်ပေါဆိုသူတို့ထဲမှာ ဘယ်သူက တရားခံအစစ်ဖြစ်မလဲ……တရားခံကရော စူးဖေးကို ဘာလို့ လိုက်လံနှောင့်ယှက်နေရတာလဲ……ဆိုတာကို ရုပ်ရှင်နဲ့အတူ အဖြေရှာလိုက်ရအောင်နော်။...
Kowloon Walled City (2021) ⭐IMDB: 5.3/10 (20 Votes) 🎬 #Action #Drama #Adventure #Comedy 🗓 2021 🎞 video movie 🌎 #China ⏰ 1 နာရီ 23 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Kowloon walled city ဆိုတဲ့ ဟာသအက်ရှင်ကားကောင်းလေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…ဒါက ထုံးစံအတိုင်း တော်လှန်ရေးကာလကိုအခြေခံရိုက်ကူးထားတာဖြစ်ပြီးပုံစံမတူတာကတော့ ဟောင်ကောင်မြို့ရဲ့လူမသိ သူမသိ ပျက်စီးသွားတဲ့အကြောင်းရင်းလေးကို ဟာသနှောပြီး တင်ဆက်ပြထားတာဖြစ်ပါတယ်… ဇာတ်လမ်းအကျဉ်းနဲ့ ဇာတ်ကားအကြောင်းမပြောခင်မှာ…ဟောင်ကောင်ဟာ တစ်ခေတ်တစ်ခါကတရုတ်ပြည်မှာ ရှန်ဟိုင်းထက် စီးပွားရေးအောင်မြင်ပြီး ငွေဖြစ်လွယ် ရလွယ်တဲ့အားလုံး မျက်စိကျစရာနေရာတစ်ခုဖြစ်ခဲ့တယ်ဆိုတာလေး ပြောချင်ပါတယ်… သို့ပေမယ့် ဘာကြောင့် ရှန်ဟိုင်းတို့ပေကျင်းတို့လောက် စီးပွားရေးအခွင့်အလမ်းမရှိတော့တာလဲလို့မေးလာရင် ဒီကားလေးက အဖြေပေးမယ်လို့ပြောပါရစေ… တော်လှန်ရေးကာလမို့ စီးပွားရေးကမကောင်း ခေတ်ကပျက် စနစ်က မရှိစည်းကမ်းမဲ့နေတဲ့ ကာလတစ်ခုမှာ လူကိုဖျက်တဲ့ ဘိန်းကပါအတူယှဉ်တွဲနေထိုင်လိုက်ချိန်မှာတော့ဟောင်ကောင်ဟာ အခုကားလေးထဲကလိုပဲဘိန်းဘုရင်တွေပေါ်လာတယ်… ဘိန်းက လူကိုဖျက်… ဖျက်တဲ့ဘိန်းကိုလူကမဖြတ်နိုင်တော့ မရှိရှိတာပေါင်နှံငွေမလောက်တော့ လောင်းကစားဝိုင်းပြေးနောက်ဆုံး အိမ်တိုင်ကျွတ် ရှိတာကုန်တော့ မိန်းမသားသမီးကိုသင့်ရာနေရာရောင်းချ…ဒီလိုနဲ့ပဲ လောင်းကစားဝိုင်းတွေများပြားလာပြီးအဖော်အချွတ်နဲ့ ငွေရှာတဲ့အမျိုးသမီးတွေ ထုနဲ့ထည်ပေါ်ထွက်လာတာပေါ့… ခေတ်ပျက်မှာ စာရိတ္တပျက်ပြီး မကောင်းတာလုပ်မှ ငွေရတော့တဲ့ကာလဆိုရင်မမှားဘူးပေါ့…ဒီကာလမှာဖြစ်တဲ့ အဖြစ်ပျက်တစ်ချို့ကိုအမှန်နည်းနည်း စိတ်ကူးယဉ်နည်းနည်းရောယှက်ပြီး ဒီဇာတ်လမ်းလေးဖြစ်လာခဲ့တာပါ...
Bad Boys: Ride or Die (2024) ⭐IMDB: 7.0/10 (34 k Votes) 🎬 #Action #Adventure #Comedy #Crime #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 56 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကောင်ဆိုးလေးများ ၂၀၂၄ ထွက်အသစ် လာပါပြီ။ Bad Boys ထွက်ခဲ့တဲ့ ရုပ်ရှင်အားလုံးကိုလည်း channel myanmar Web နဲ့ App မှာ ကြည့်နိုင်ပါပြီ။ အစဉ်လိုက်ဆိုရင် 1. Bad Boys 19952. Bad Boys II 20033. Bad Boys for life 20204. Bad Boys ride or die 2024 Will Smith နဲ့ Martin Lawrence တို့ပဲ ပြန်ပါဝင်ထားပြီး ၄ ကားမြောက်ဆိုပေမဲ့ ပေါမသွားဘဲ ပိုကောင်းလာအောင် ဖန်တီးထားတာ တွေ့ရမှာပါ။ ဇာတ်လမ်းကတော့ သူတို့ နှစ်ယောက်ရဲ့ ကွယ်လွန်သွားတဲ့ ကပ္ပတိန်ဟောင်းဝဒ်နဲ့ ပတ်သတ်တာပါပဲ။ ကပ္ပတိန်ဟောင်းဝဒ်ကို မိုင်ယာမီရဲစခန်းကနေ မက္ကဆီကို ဒုစရိုက်ဂိုဏ်းတွေဆီက လာဘ်စားပြီး ပူးပေါင်းလုပ်နေတယ်လို့ သက်သေအပြည့်အစုံနဲ့ ချောက်တွန်းလာပါတယ်။ ဟောင်းဝဒ်ရဲ့ သိက္ခာကို ကာကွယ်ဖို့အတွက် လိုက်စုံစမ်းရင်း အကျင့်ပျက်ရဲတွေနဲ့ ဂိုဏ်းက မိုက်နဲ့မားကပ်တို့ကိုပါ နှုတ်ပိတ်ဖို့ ချောက်တွန်းဖို့ ကြိုးစားလာပါတယ်။ ရဲအချင်းချင်းပါ ယုံလို့မရတော့တာကြောင့် မိသားစုလူနည်း စုလေးနဲ့ မက္ကဆီကိုဂိုဏ်းနဲ့ သစ္စာဖောက်ရဲတွေကို ဘယ်လို ပြန်တိုက်ကြမလဲ ကြည့်ရမှာပါ။ ထုံးစံအတိုင်း ဟာသတွေနဲ့အက်ရှင်ခပ်ကြမ်းကြမ်းတွေနဲ့မို့ အားရစရာပါပဲ။ ကြည့်လိုက်ကြပါ။ Bad Boys ရုပ်ရှင်အားလုံးကိုတော့ ဒီမှာhttps://www.channelmyanmar.to/?s=bad+boysကြည့်လို့ရပါတယ်။...
Laila Majnu (2018) ⭐IMDB: 7.7/10 (5 k Votes) 🎬 #Bollywood #Drama #Romance 🗓 2018 🎞 movie 🌎 #India ⏰ 2 နာရီ 12 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Laila Majnu (2018) ကိန္ဒရီ ကိန္ဒရာ ဒဏ္ဍာရီGenre – Drama, RomanceIMDB – 7.7/10 ၇ ရာစုလောက်မှာ Layla and Majnun ဆိုတဲ့ အာရေဗျ အချစ်ပုံပြင်လေးတစ်ပုဒ် ရှိခဲ့တယ်။ခုထက်ထိ ခေတ်အဆက်ဆက် လက်ဆင့်ကမ်းပြီး ပါရှားဒေသ၊ အာရေဗျဒေသနဲ့ အာရှတစ်လွှားလူတိုင်းက ပြောဆိုခဲ့ကြတဲ့ ရှေးဟောင်းရိုးရာ ပုံပြင်လေးတစ်ပုဒ်ပေါ့။ အချစ်ပုံပြင်လေးသာဆိုတာပါပျော်ရွှင်စရာအတိချည်းပဲတော့ ဖြစ်မနေပါဘူး ဆရာကြီး ရှိတ်စပီးယားရဲ့ ရိုမီယိုနဲ့ ဂျူးလိယက်ဆန်ဆန်ပဲ ပြောရမှာပေါ့လေ။ ဒါပေမဲ့ ဒီပုံပြင်လေးဟာ ကြီးမားလှတဲ့ အချစ်စွမ်းအားတွေ၊ ကွဲကွာခြင်းရဲ့ သေလုမတတ်နာကျင်ရခြင်းတွေ၊ အသိုင်းအဝိုင်းတွေရဲ့ ကန့်သတ်မှု ပညတ်ချက်တွေကို မီးမောင်းထိုးပြထားတာပါ။ဒီ ရိုးရာပုံပြင်လေးကိုပဲ အိန္ဒိယနိုင်ငံရဲ့ အေးချမ်းသာယာလှပတဲ့ ကက်ရှမီးယားပြည်နယ်မှာ အခြေပြုပြီးယနေ့ခေတ်ကာလအတိုင်း ပြန်လည် ဆန်းသစ်ထားတဲ့ အချစ်ရုပ်ရှင်လေး ဖြစ်ပါတယ်။ လိုင်လာဆိုတာကစိတ်ကူးယဉ်ဆန်ဆန် အချစ်ရဲ့အကြောင်းတွေကို တွေးတောမှိန်းမောပြီး ရင်ခုန်နေတဲ့ လှပချောမောတဲ့ မိန်းမပျိုလေးတစ်ယောက်။ ထူးဆန်းတဲ့ အိပ်မက်တစ်ခုကိုလည်း ထပ်ခါတလဲလဲ မက်လို့ပေါ့လေ။ တစ်မြို့လုံးက ကာလသားတွေကလည်း အရူးအမူး ဝိုင်းပိုးပန်းတာခံရပြီးအလှဂုဏ်လေးတဝင့်ဝင့်နဲ့ ရှိနေတဲ့သူ။ ဒီအချိန်မှာ လိုင်လာ့အချစ်ဆိုတဲ့ ပြိုင်ပွဲလေးထဲကို ဝင်ရောက်လာသူက သူများတွေနဲ့ မတူပဲ တစ်မူထူးခြားသူ ဖြစ်နေခဲ့တယ်။မြို့မျက်နှာဖုံးရဲ့ သားတစ်ယောက်၊ ချမ်းသာကြွယ်ဝပြီး အလိုလိုက်ခံထားလို့ ပျက်စီးနေတယ်၊ မူးယစ်ဆေး မိန်းမ လောင်းကစား အကုန်လုပ်တယ် စသဖြင့်မကောင်းသတင်း ကောလဟာလတွေနဲ့ နာမည်ဆိုး ရထားသူ ကာစီပေါ့။ ဒီလိုနဲ့ ထူးခြားသစ်လွင်တဲ့ အချစ်ဇာတ်လမ်းလေး ဖူးပွင့်လာမယ့်အချိန်မှာမိဘပတ်ဝန်းကျင် အခြေအနေ အဆင့်အတန်း အာဃာတ ပညတ်ချက် စတဲ့ ဒေဝါမုန်တိုင်းတွေ ဝင်ရောက်လာခဲ့ချိန်မှာတော့…….။ ကက်ရှမီးယားပြည်နယ်ရဲ့ သာယာလှပတဲ့ ရှုခင်းတွေ ရှုမငြီးလှတဲ့ မင်းသား မင်းသမီးလေးတွေကိုသာယာနာပျော်ဖွယ် သံစဉ်လေးတွေနဲ့အတူ ချိုခါးခါး ဖျော်စပ်ထားတဲ့အချစ်တစ်ခွက်ကို သောက်သုံးကြည့်လိုက်ရအောင်ဗျာ။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်)...
History of Walking Upright (2017) ⭐TMDB: 74% User Score 🎬 #Romance #School #TVMovie 🗓 2017 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 8 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The History of Walking Upright (2017) ************************************* မကြာသေးခင်ကမှ Lovely Runner ဇာတ်လမ်းတွဲနဲ့ မိန်းကလေးတွေရဲ့ အသည်းနှလုံးကို ဖမ်းစားခဲ့တဲ့ Byeon Woo Seok နဲ့ အသွက်လေး Kang Mi Na တို့ အဓိကဇာတ်ကောင်အဖြစ် ပါဝင်ထားပြီး IMDb rating 8.4 ရရှိထားတဲ့ Romance Youth Drama လေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ .. မီနာလို့ခေါ်တဲ့ ကောင်မလေးဟာ ကိုယ်ပျောက်အစွမ်းရှိပြီး မိသားစုနဲ့ ရင်းနှီးတဲ့ အသိအစ်ကိုဂျုံမင်းကို တစ်ဖက်သတ် ကြိုက်နေခဲ့တဲ့သူပါ ၇ နှစ်လုံးလုံး ဖွင့်မပြောဘဲ့ အစ်ကိုဂျုံမင်းဘက်ကနေ ဖွင့်ပြောလာဖို့ စောင့်မျှော်နေတာလည်းဖြစ်ပါတယ် ဒါပေမဲ့ ဂျုံမင်းဘက်ကတော့ မီနာက သေးသေးကွေးကွေးနဲ့ ကလေးဆန်ဆန် နေတတ်တဲ့သူမို့ ကလေးလေးလို့ပဲ သဘောထားနေခဲ့တာပါ တစ်နေ့မှာ ဂျုံမင်းတစ်ယောက် ရည်းစားရသွားတဲ့အခါ .. မီနာတစ်ယောက် ကမ္ဘာတွေပျက်ပြီး ဂျုံမင်းနဲ့ သူ့ရည်းစားကို ကွဲအောင် အမျိုးစုံကြိုးခုန်ပြီး ကြံစည်တာကို ဟာသနှောပြီး ရိုက်ကူးထားတာဖြစ်ပါတယ် တစ်ဖက်သတ်ကြိုက်နေတဲ့ crushကို မဖွင့်ပြောရဲခဲ့တဲ့ မီနာတစ်ယောက် နောက်ဆုံးမှာ ဖွင့်ပြောနိုင်ပါ့မလားဆိုတာကို အခုပဲ ကြည့်ရှုလိုက်ရအောင်ပါ...
Find Me Falling (2024) ⭐IMDB: 6.5/10 (3 k Votes) 🎬 #Comedy #Music #Romance 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 34 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 “Find Me Falling” ဟာ 2024 ခုနှစ်မှာ အသစ်ထွက်ရှိထားတဲ့ အချစ်ဟာသဇာတ်ကားဖြစ်ပြီး ဒါရိုက်တာ Stelana Kliris က ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ ဟောလိဝုဒ်မင်းသားချောကြီး Harry Connick Jr. က အမေရိကန်ရော့ခ်စတား John Allman အနေနဲ့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ အမေရိကန်ရော့ခ်စတား John Allman ဟာ ဂီတလောကကနေ ခဏအနားယူပြီး ဆိုက်ပရပ်စ်နိုင်ငံရဲ့ အေးချမ်းတဲ့မြေထဲ ပင်လယ်ကျွန်းက ချောက်ကမ်းပါးအိမ်တလုံးမှာ တကိုယ်တည်း သွားနေခဲ့ပါတယ်။ ဒါပေမဲ့ သူမသိခဲ့တာကတော့ သူ့အိမ်ရှိတဲ့ ချောက်ကမ်းပါးထိပ်ကနေ လူတွေ တယောက်ပြီးတယောက် ခုန်ချပြီး အဆုံးစီရင်တဲ့ နေရာဖြစ်နေတာပါ။ ဒီကျွန်းပေါ်မှာ မထင်မှတ်ထားတဲ့ အဖြစ်မှန်ကိုကြုံတွေ့ရပြီး သူ့ရဲ့ရည်းစားဟောင်းဖြစ်တဲ့ ကျွန်းပေါ်က ဆရာဝန်မ Sia နဲ့ ပြန်လည်ဆုံစည်းခဲ့ပါတယ်။ သူတို့ကြားက ပြန်လည်နိုးထလာတဲ့ဆက်ဆံရေးဟာ ချစ်ခြင်းမေတ္တာ၊ ကွဲကွာဆုံးရှုံးမှု၊ နောင်တတွေနဲ့ ရောယှက်ပြီး John ရဲ့ဘဝထဲကို ရိုက်ခတ်လာပါတော့တယ်။ ဒီကားထဲမှာ တေးသီချင်းအေးအေးချိုချိုလေးတွေနဲ့အတူ ဟာသဇာတ်ကွက်တွေလည်း ပါဝင်နေသလို ပရိသတ်တွေကို အံ့အားသင့်စေနိုင်တဲ့ အတွေးအခေါ်တွေကိုလည်း စောင့်မျှော် ကြည့်ရှုခံစားကြရမှာပါ။...
Space Sharks (2024) ⭐IMDB: 1.5/10 (139 Votes) 🎬 #SciFi #ScienceFiction #Horror 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 10 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားကို Sci-fi Genre ရုပ်ရှင်တွေ အရိုက်များတဲ့ Director Dustin Ferguson က ရိုက်ကူးထားပြီးတော့ သရုပ်ဆောင်တွေအနေနဲ့ကတော့ ဂန္တဝင်သရုပ်ဆောင်တွေ ဖြစ်တဲ့ Eric Roberts, Brinke Stevens တို့က ပါဝင်အား ဖြည့်ပြီး သရုပ်ဆောင်ပေးထားပါတယ်။ Sci-fi Genre ဇာတ်ကားတစ်ကားဖြစ်ပြီးတော့ ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင် အမေရိကန် အစိုးရဟာ သက်ရှိတွေနေထိုင်နေတယ်လို့ ယူဆရတဲ့ ဂြိုလ်တစ်ခုပေါ်ကနေ နမူနာပစ္စည်းတွေကိုယူလာဖို့အတွက် အာကာသယာဉ်တစ်စင်းကို စေလွှတ်ခဲ့ပါတယ်။ အဲဒီယာဉ်ဟာ ယူလာပြီးတော့အပြန်လမ်းမှာ ဥက္ကာခဲတွေနဲ့ တိုက်မိပြီးတော့ ကမ္ဘာပေါ်ကိုပျက်ကျလာပါတယ်။ အဲဒီလိုနဲ့ ယာဉ်ပေါ်မှာပါလာတဲ့ သက်ရှိတွေဟာ ကမ္ဘာပေါ်မှာလွတ်ကုန်ပြီးတော့ သောင်းကြမ်းကုန်ပါတယ်။ ဒီကိစ္စကို ဘယ်လိုဖြေရှင်းကြမလဲ၊ နောက်ကွယ်မှာရော ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေမလဲဆိုတာတွေကို သည်းထိပ်ရင်ဖိုကြည့်ရှုရမှာဖြစ်ပါတယ်။...
Leha (2024) ⭐TMDB: 0% User Score 🎬 #Action #Crime #Thriller 🗓 2024 🎞 movie 🌎 #Malaysia ⏰ 1 နာရီ 28 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားကတော့ မှုခင်းရုပ်ရှင်တွေကို ကြည့်ရတာကြိုက်တဲ့ ပရိသတ်တွေအနေနဲ့ သဘောကျလောက်မယ့် ဇာတ်ကား ဖြစ်ပါတယ်။ Malaysian Crime Thriller ဇာတ်ကားတစ်ကားဖြစ်ပြီးတော့ Comedy လေးတွေလည်း အနည်းငယ်ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင်တော့ Khai နဲ့ Sani တို့ သူငယ်ချင်းနှစ်ယောက်ဟာ ကုမ္ပဏီတစ်ခုရဲ့ လုံခြုံရေးဝန်ထမ်းတွေ ဖြစ်ပါတယ်။ ပြီးတော့ Khai ဟာ အဲဒီကုမ္ပဏီက ဝန်ထမ်းမလေး Leha ကို ကြိတ်ကြိုက် နေတာပါ။ ဒါပေမယ့် Leha က ကုမ္ပဏီကိုဟန်ပြပြီးတော့ နောက်ကွယ်မှာ တရားမဝင်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ဒုစရိုက်အဖွဲ့အကြောင်းကို သိထားတာကြောင့် ကုမ္ပဏီရဲ့ပစ်မှတ်ထားတာကို ခံနေရပါတယ်။ Leha ကို Khai နဲ့ Sani တို့နှစ်ယောက် ဒုစရိုက်အဖွဲ့ရဲ့လက်ကနေ ဘယ်လိုတွေကာကွယ်ပေးသွားမလဲ၊ Leha ကရော ဒုစရိုက်အဖွဲ့ အကြောင်းကို ဘယ်လိုရအောင်ဖော်ထုတ်မလဲဆိုတာတွေကို ရသမျိုးစုံနဲ့ ခံစားကြည့်ရှုရမှာဖြစ်ပါတယ်။...
Cop vs. Killer (2023) ⭐IMDB: 5.6/10 (104 Votes) 🎬 #Action 🗓 2023 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 28 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ရဲမှူး Bill Abrams တစ်ယောက် ကင်းလှည့်နေတဲ့အချိန်မှာ အတိုက်ခိုက်ခံရကာ လူသတ်သမားဟာ ရဲမှူးရဲ့ သေနတ်၊ တံဆိပ်နဲ့ ကားကိုယူသွားပြီး မြို့ငယ်လေးက လူတွေကို လိုက်လံသတ်ဖြတ်ပါတော့တယ်။ ရဲဌာနတစ်ခုလုံးက လူသတ်သမားက ရဲမှူးလို့ထင်ကာ ရဲမှူးကို လိုက်လံရှာဖွေဖမ်းဆီးပါတော့တယ်။ ရဲမှူး Bill တစ်ယောက် သူ့ဟန်ဆောင်နေတဲ့ လူသတ်သမားကို တားဆီးနိုင်မှာလား ဒါမှမဟုတ် လူသတ်သမားက ရဲမှူးရဲ့လက်ကနေ လွတ်မြောက်သွားမလားဆိုတာတော့ ဇာတ်ကားလေးကို ကြည့်ရှုပေးကြပါဦး...
错爱 (2024) ⭐TMDB: 0% User Score 🎬 #Drama #Romance 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 26 မိနစ် 23 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အချစ်ရုပ်ရှင်လေးတွေပဲ ကြည့်ချင်ပါတယ်ဆိုတဲ့ CM ရဲ့ ပရိသတ်တို့အတွက်Wrong love ဆိုတဲ့ ရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- ကျန်းဟဲ့နဲ့ လင်ဖေးတို့ဟာ လူတိုင်းက အားကျရတဲ့ စုံတွဲလေးပဲ ဖြစ်ပါတယ်။နယ်ကနေ မြို့ကိုတက်လာခဲ့ပြီး ကိုယ်ပိုင်အိမ်လေးတစ်လုံးဝယ်နိုင်ဖို့ကြိုးစားနေတဲ့ လူငယ်လေး ၂ ယောက်ဟာ မြို့ပြရဲ့ ရှုပ်ထွေးမှု အောက်မှာ လမ်းပျောက်ခဲ့ရပါတယ်။ တစ်ဖက်မှာ ကုမ္ပဏီသူဌေးက လင်ဖေးကို လိုချင်စိတ်ကြောင့်လင်ဖေးရဲ့ သူငယ်ချင်းဖြစ်သူ လိလိကို ကျန်းဟဲ့နဲ့လင်ဖေးတို့ဆက်ဆံရေးကို ကြားထဲက ဝင်ရှုပ်ခိုင်းခဲ့သလိုတစ်ဖက်မှာ ကျန်းဟဲ့ကလည်း ရှယ်ယာကစားပြီးလောဘထောင်ချောက်ထဲ ဝင်သွားပြီး အတိုးမြင့်ချေးငွေတွေထဲ နစ်မြုပ်သွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကျန်းဟဲ့တစ်ယောက် ပျောက်သွားခဲ့ပြီးလင်ဖေးကို အကြွေးရှင်တွေက လိုက်ပြီးနှောင့်ယှက်ပါတော့တယ်။လင်ဖေးတစ်ယောက် အကြွေးဆပ်ဖို့ ဘယ်လိုဆုံးဖြတ်ချက်မျိုး ချခဲ့ရသလဲ……ကျန်းဟဲ့ကရော အောက်ဆုံးအထိ ကျရှုံးသွားပြီးနောက်ဘဝကို အရှုံးမပေးပဲ ဘယ်လို ကြိုးစားမလဲ……ဆိုတာကို ရုပ်ရှင်နဲ့အတူ ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။...
A Kiss Before Dying (1956) ⭐TMDB: 62% User Score 🎬 #Crime #FilmNoir #Mystery #Thriller #Drama 🗓 1956 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 24 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Rt – 100%IMDb – 6.7 စာရေးဆရာ Ira Levin ရဲ့ A Kiss Before Dying ဝတ္တုကို ရုပ်ရှင်အဖြစ်ပြန်လည်ရိုက်ကူးထားတဲ့ 1956 ခုနှစ်ထွက်ရုပ်ရှင်ကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ခေတ်သစ် သည်းထိတ်ရင်ဖိုရုပ်ရှင်တွေရဲ့ အစဦးပိုင်းရုပ်ရှင်လို့ပြောလို့ရပြီး ဇာတ်လမ်းအသွားအလာကလည်း mystery thriller သမားတွေတွေ သဘောကျမှာအသေအချာပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ဒေါ်ရသီ ကင်းရှစ်ဟာ ကင်းရှစ်မိုင်းတွင်းပိုင်ရှင် သူဌေးကြီးရဲ့ သမီးငယ်ဖြစ်ပြီး လက်တန်မြို့မှာ တက္ကသိုလ်လာတက်ရင်း ကောင်လေးတစ်ယောက်နဲ့ တိတ်တခိုးငြိစွန်းခဲ့ပါတယ်။ တနေ့မှာ မတော်တဆကိုယ်ဝန်ရသွားခဲ့တာကြောင့် လက်ထပ်ဖို့ကိစ္စကောင်လေးကိုပြောတဲ့အခါမှာ ကောင်လေးကလည်း သူတို့ရဲ့မိသားစုပိုင်းမိုင်းတွင်းတွေကိုလိုချင်လို့ ကြံခဲ့သူပီပီ အကြောင်းမျိုးစုံပြပြီး ဒေါ်ရသီရဲ့ အဖေကို တရားဝင်ပြောပြဖို့ပဲ တိုက်တွန်းနေခဲ့ပါတယ်။ ဒီလိုမဟုတ်ရင် ဒေါ်ရသီကိုအမွေပြတ်စွန့်လွှတ်နိုင်တဲ့အတွက် သူတဘဝလုံးကြံနေခဲ့တဲ့ မိုင်းတွင်းလုပ်ငန်းကိုရဖို့ ဘယ်လိုလုပ်ရပ်မျိုးတွေအထိ လုပ်သွားမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။...
G for Gap (2024) ⭐IMDB: 7.2/10 (231 Votes) 🎬 #Comedy #Drama #Family 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 44 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 “လောကကြီးက ငါ့အပေါ်မကောင်းဘူး”“ငါဟာလူရာမဝင်တဲ့သူ”“ငါ့ကို အားလုံးက အပြစ်မြင်နေကြတယ်”“ငါဘာကြောင့် အသက်ရှင်နေရတာလဲ”ဒီလိုမေးခွန်းတွေ ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိတယ်ဆိုရင်Gold or Shit (2024) ကိုကြည့်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်.. တရုတ်အနုပညာလောကရဲ့ နတ်ဘုရားလို့ဆိုနိုင်တဲ့ မင်းသား ဟူကယ်..မင်းသမီး ထန်ယွမ်ယွမ်တို့ အဓိကပါဝင်ရိုက်ကူးထားတာကြောင့်သရုပ်ဆောင်ပိုင်းရော ရုပ်ရည်ပိုင်းလည်း စိတ်ပူစရာမလိုပါဘူး ဇာတ်လမ်းအကျဉ်းလေးကိုပြောပြရမယ်ဆိုရင်..ငယ်ငယ်တည်းက သူများနဲ့မတူ တစ်မူထူးခြားပြီးထက်မြက်တဲ့ ဝူဒီဆိုတဲ့ အမျိုးသားတစ်ယောက်…မူလတန်း အလယ်တန်း အထက်တန်း တစ်လျှောက် ဆုတွေရပြီး ထူးချွန်ခဲ့တာကြောင့်အိပ်မက်တွေအကောင်အထည်ဖော်ဖို့ မြို့ကြီးကိုတစ်ယောက်တည်း ထွက်ပြီး ကြိုးစားခဲ့ပေမယ့်… အသက် ၃၅ နှစ်ကျော်သွားချိန်မှာတော့သူ့မွေးရပ်ဇာတိကို အရှုံးတွေပိုက်ပြီး ပြန်လာခဲ့တယ်…ဘယ်အလုပ်အတွေ့အကြုံမှ မရှိခဲ့တဲ့ သူ့အနေနဲ့ အတော်လေး အခက်တွေ့ခဲ့ရသလို…ဒီအချိန်မှာ လုပ်ငန်းအသီးသီးမှာ အဆင်ပြေနေတဲ့ကျောင်းနေဖက်တွေကိုပါတွေ့တော့ ဝူဒီတစ်ယောက်ဘယ်လိုတွေဆက်ဖြစ်မလဲ… အရှုံးသမားကံကြမ္မာက လွတ်မြောက်နိုင်မလား…ကျောင်းနေဖက်တွေရဲ့ အကူအညီနဲ့ သူဘဝတစ်ကွေ့ချိုး ပြောင်းလဲသွားမှာလား…တစ်သျှူးလေးဆောင်ပြီး ဇာတ်ကားလေးကို ကြည့်လိုက်ကြပါတော့...
Vayasethrayaayi Muppathiee (2024) ⭐TMDB: 0% User Score 🎬 #Bollywood #Comedy 🗓 2024 🎞 movie 🌎 #India ⏰ 02 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Vayasethrayaayi Muppathiee ( 2024 ) သတို့သမီးရှာပုံတော် Imdb 8/10 မင်းသား ပရာဆန့် မူရာလီ အဓီကဇာတ်ဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့ဒရာမာဟာသကားလေးကို အခုတစ်ခေါက်မှာ တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအကျဥ်း အသက် ၃၀ အရွယ် ဘရီဂက်ရှ်ဟာ အခုချိန်ထိ လူပျိုကြီးဘဝနဲ့ တစ်ကိုယ်တည်းအားထုတ်နေရတဲ့သူဖြစ်တဲ့အလျောက် ပတ်ဝန်းကျင်ကြားမှာလည်း မျက်နှာငယ် ရွယ်တူအပေါင်းအသင်းတွေကြားမှာလည်းမျက်နှာငယ်ရရင်း နေထိုင်နေပါတယ်။ တကယ်တော့ သူဟာ လွန်ခဲ့တဲ့ နှစ်တွေကတည်းကအကျိုးဆောင်တစ်ယောက်ကို အကူအညီတောင်းပြီး လက်ထပ်ပွဲ ဖြစ်မြောက်နိုင်ဖို့ အားစိုက်ခဲ့ပေမဲ့ကံဆိုးစွာနဲ့ အကြောင်းအမျိုးမျိုးကြောင့် တစ်ပွဲမှ မအောင်မြင်ခဲ့ပါဘူး ။ ဒါကြောင့် သူကိုယ်တိုင်လည်းဒီလိုအခြေအနေနဲ့ ပတ်သက်လို့ အရမ်းကိုမှ စိတ်ဖိစီးနေခဲ့ရပြီး သူ့ရဲ့သတို့သမီးလောင်းလေးနဲ့ဘယ်အချိန်မှများ တွေ့ရမလဲလို့ သောကရောက်နေရရှာပါတယ် ဒီကားထဲမှာဆိုရင်တော့ တကယ့်အပြင်လောကက အိန္ဒိယမှာလို အခြေခံလူတန်းစားတွေအိမ်ထောင်တစ်ခုတည်ထောင်ရာမှာ ဘယ်လိုအခက်အခဲတွေရှိတတ်ပြီး သာမန်ပတ်ဝန်းကျင်နဲ့မိသားစုအတွင်းမှာရော ဘယ်လိုအလွဲလေးတွေ အတင်းအဖျင်းတွေ ရှိတတ်ကြောင်းတို့ကိုပေါ့ပေါ့ပါးပါး ဟာသလေးလည်းနှောပြီး ဒရာမာဆန်ဆန် ရိုက်ကူးထားတာဖြစ်လို့ ပိတ်ရက်မှာအပန်းဖြေတဲ့အနေနဲ့ ကြည့်လို့ရအောင် CM ကနေ တင်ဆက်ပေးလိုက်ပါတယ်ရှင် အညွှန်းနှင့်ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်။...
Kurangu Bommai (2017) ⭐IMDB: 7.9/10 (2 k Votes) 🎬 #Bollywood #Crime #Drama #Thriller #Action #Family 🗓 2017 🎞 movie 🌎 #India ⏰ 1 နာရီ 40 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Kurangu Bommai (2017) “မျောက်ရုပ်”IMDb – 7.9/10 လတ်တလော ဟစ်ဖြစ်နေတဲ့ Maharaja(2024)ရဲ့ ဖန်တီးရှင်ဒါရိုက်တာကြီး Nithilan Swaminathan ရိုက်ကူးထားတဲ့၂၀၁၇ခုနှစ်က ဇာတ်လမ်းဟောင်းလေးကို တောင်းဆိုမှုတွေကြောင့် တင်ဆက်ပေးလိုက်ရပါတယ်။ အဂမ်ဘာရမ်ဆိုတာ ရှေးဟောင်းရုပ်တုတွေကို မှောင်ခိုကူးနေတဲ့ လူမိုက်ခေါင်းဆောင်ကြီးတစ်ယောက်။ဆွန်ဒါရမ်က အဂမ်ဘာရမ်ရဲ့ လုပ်ဖော်ကိုင်ဖက်လည်းဖြစ် ခင်မင်ရင်းနှီးတဲ့မိတ်ဆွေဆိုလည်းဟုတ်။ဆွမ်ဒါရမ်မှာ ကာဒီရ်ဆိုတဲ့ ချန်နိုင်းမှာ အငှားယာဉ်မောင်းသားတစ်ယောက်ရှိပါတယ်။ကာဒီရ်က ဗီဂျီဆိုတဲ့ကောင်မလေးနဲ့ ချစ်ခင်စုံမက်တာကြောင့် လက်ထပ်ပေးဖို့သွားကြောင်းလမ်းခဲ့ပေမဲ့ကောင်မလေးအဖေဖြစ်သူ သဘောမတူတာကြောင့် အဆင်မပြေခဲ့။ မိန်းမတောင်းရာက ယောက္ခထီးနဲ့ပြဿနာတက်လာပြီး ဘူနေတဲ့ ကာဒီရ်တစ်ယောက် ချန်နိုင်းကိုပြန်လာတဲ့အချိန်ဘတ်စ်ကားမှတ်တိုင်မှာ အိတ်တလုံးကို ရူပီးဆယ်သန်း အိပ်ရာအောက်မှာထားအိပ်ဖို့ရည်မှန်းချက်ကြီးနဲ့ခါးပိုက်နှိုက်က ခိုးပြေးပါရော။ဒီမှာပဲ ကာဒီရ် ခါးပိုက်နှိုက်ကိုလိုက်ဖမ်းပြီး အိတ်ပြန်ယူလာခဲ့ပေမဲ့ ပိုင်ရှင်ကမရှိတော့။အဲဒါနဲ့ ဖေ့စဘွတ်မှာ အိတ်ပိုင်ရှင်ပြန်လာယူဖို့ ပို့စ်တင်ချိန်မှာတော့ မထင်မှတ်ထားတဲ့ပြဿနာတွေသူ့ဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့ပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)...
The Awakening (2011) ⭐IMDB: 6.4/10 (69 k Votes) 🎬 #Drama #Horror #Mystery #Thriller 🗓 2011 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 48 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Horror ပရိသတ်များအတွက် slow burn လေးနဲ့ ဖြည်းဖြည်းချင်း ကျောချမ်းစေမဲ့ ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက် ချင်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ကလည်း Godzilla vs Kong နဲ့ The prestige တို့မှာပါဝင်ခဲ့တဲ့ မင်းသမီး Rebecca Hall, နာမည်ကျော် ရုပ်ရှင်ပေါင်းများစွာမှာပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားDominic West နဲ့ Harry Potter ရုပ်ရှင်များထဲမှာ Voldemort ထက် ပိုလူမုန်း များခဲ့တဲ့ Dolores Umbridge သရုပ်ဆောင် မင်းသမီးကြီး Imelda Staunton တို့က အဓိကပါဝင် သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းအကျဉ်း ——————– အမျိုးသမီးတွေဟာ ပညာရေးပိုင်းနဲ့မသက်ဆိုင်ဘူးလို့ တစ်ပိုင်းတစ သတ်မှတ်ထားကြတဲ့ ဒုတိယကမ္ဘာစစ်နှောင်းပိုင်းအချိန်မှာ ဖလောရန့်စ် ကတော့ ပညာရေးပိုင်းထူးချွန်ပြီး အင်္ဂလန်ရဲ့ အထက်မြက်ဆုံးလူတွေ ထဲကတစ်ယောက်လို့ သတ်မှတ်ခံထားရပါတယ်။ သူဟာ သိပ္ပံဘာသာ ရပ်ကို စိတ်ဝင်စားလေ့လာနေတဲ့သူဖြစ်တဲ့အလျောက် လက်တွေ့အရှိ တရားတွေကိုပဲယုံကြည်ပြီး သရဲတစ္ဆေဆိုတာ တကယ်မရှိဘူးလို့မှတ် ယူထားတာပါ။ ဒီလိုမှတ်ယူထားတဲ့အတွက် သူ့ရဲ့ ကောင်းမွန်တဲ့ဉာဏ်စွမ်းနဲ့ အတွေးအခေါ်တွေကို ပေါင်းစပ်အသုံးချပြီး မြို့တွင်းက သရဲတစ္ဆေခေါ် ပွဲတွေ၊ သရဲခြောက်တယ်ဆိုတဲ့ နေရာတွေမှာ သရဲယောင်ဆောင်ထားတဲ့ လူတွေကို လက်ပူးလက်ကြပ်ဖမ်းပြကာ ဝိညာဉ်တွေတကယ်မရှိကြောင်း သက်သေလိုက်ပြလေ့ရှိပါတယ်။ တစ်နေ့မှာတော့ ဖလောရန့်စ်ဆီကို ယောက်ျားလေး ဘော်ဒါကျောင်း တစ်ခုက ဆရာတစ်ယောက်ရောက်လာပြီး သူ့တို့ကျောင်းမှာ သရဲခြောက် နေတာကြောင့် ဘော်ဒါကျောင်းသားတစ်ယောက် ေ-သဆုံးသွားလို့ ဖြေရှင်းပေးပါဆိုပြီး အကူအညီလာတောင်းပါတယ်။ သရဲတစ္ဆေတွေ တကယ်မရှိဘူးဆိုတာကို သက်သေပြချင်တဲ့ ဖလောရန့်စ်လည်း ဘော်ဒါ ကျောင်းကိုလိုက်သွားပြီး သရဲယောင်ဆောင်တဲ့လူကိုဖမ်းပြဖို့ ကျကျနန ပြင်ဆင်ပါတော့တယ်။ ဒါပေမဲ့ ကိစ္စတွေက ဖလောရန့်စ်ထင်ထားသလိုဖြစ်မလာတဲ့အခါ…. ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဇာတ်လမ်းထဲမှာ ဆက်လက် ကြည့်ရှုလိုက်ကြပါဦး။...
Exit (2006) ⭐TMDB: 54% User Score 🎬 #Drama #Mystery #Thriller 🗓 2006 🎞 movie 🌎 #Sweden ⏰ 1 နာရီ 40 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 စီးပွားရေးလောကမှာ ပိုက်ဆံရှာချင်ရင်သိထားသင့်တဲ့ အရာတစ်ခုရှိတယ်။ ဘယ်အရာမှကံနဲ့မဆိုင်ဘူး ။ ကိုယ့်ပြိုင်ဖက်အကြောင်းကိုယ်သိရမယ်။မဟုတ်ရင် အရာအားလုံးကိုဆုံးရှုံးရလိမ့်မယ်။ကျရှုံးမှုကို မမုန်းဘူးဆိုရင် ဘယ်တော့မှ အောင်မြင်ချမ်းသာမှာမဟုတ်ဘူး။ဒါပေမယ့် တစ်ခါတစ်လေကျရင်တော့ အောင်မြင်ဖို့အတွက် စည်းတွေ ဘောင်တွေကို ကျော်ရတတ်တယ်ဆိုတာကို စီးပွားရေးလောက ထဲက လူတွေတော်တော်များများသိကြပါတယ်။ဒါပေမယ့် အဲ့လို ဘောင်တွေ စည်းတွေကျော်တာများသွားရင်တော့ တစ်ချိန်ချိန်မှာ ၀ဋ်ဆိုတဲ့အရာကြီးက ကိုယ့်ဆီကိုဆိုက်ဆိုက်မြိုက်မြိုက် ပြန်ရောက် လာမှာကိုတော့ သိထားသင့်ပါတယ်။အဲ့ဒီလိုစီးပွားရေးလောကရဲ့ အရှုပ်အထွေးတွေကို လူကြမ်းမျက်နှာပေါက်နဲ့ ဒိန်းမတ်ကနာမည်ကြီး မင်းသားကြီး Mads Mikkelsen ပါဝင်သရုပ်ဆောင်ထားတဲ့ Exit ဆိုတဲ့ 2006 ခုနှစ်တုန်းကထွက်ရှိထားတဲ့ IMDb 5.8 ရဇာတ်ကားနဲ့ တင်ဆက်ပေးလိုက်ပါတယ်။ သောမတ်စ်ဆိုတဲ့ လူကနိုဗာရင်းနှီးမြှုပ်နှံမှုဆိုတဲ့ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီပိုင်ရှင် ဖြစ်ပြီးသူတို့ရဲ့ ကုမ္ပဏီကတော့သူတို့ရဲ့အလုပ်ရှင်တွေရဲ့ ပိုက်ဆံတွေကို အလားအလာကောင်းရှိတဲ့ ကုမ္ပဏီအသေးလေး တွေမှာ ရင်းနှီးမြှုပ်နှံပေးပြီးအကျိုးအမြတ်ပြန်ပေးရတဲ့ကုမ္ပဏီမျိုး ဖြစ်ပါတယ်။တစ်နေ့မှာ မော်ဂန်ဆိုတဲ့သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်က Cataegis ဆိုတဲ့အိုင်တီကုမ္ပဏီတစ်ခုကို အရမ်းဝယ်ချင်တဲ့အတွက် ပိုင်ရှင်ဖြစ်သူကို စည်းကျော်တဲ့ လုပ်ရပ်တွေနဲ့ ခြိမ်းခြောက်ခဲ့တဲ့ အတွက် ကုမ္ပဏီကနေမောင်းထုတ်လိုက်ပါတော့တယ်။မော်ဂန်ကလည်း ကုမ္ပဏီက မောင်းထုတ်ခံလိုက်ရပြီး သိပ်မကြာခင်မှာတင် ကိုယ့်ကိုယ်ကိုယ်အဆုံး စီရင်သွားပါတော့တယ်။ဖြစ်ချင်တော့မော်ဂန်ဝယ်ခဲ့တဲ့ Cataegis ဆိုတဲ့ ကုမ္ပဏီကိုရင်းနှီးမြှုပ်နှံမှုက အရမ်းအောင်မြင်ခဲ့ပြီး သူတို့ရဲ့ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကြီးက အရမ်းတိုးတက်လာပါတော့တယ်။ဒါပေမယ့်တစ်နေ့မှာ သောမတ်စ်နဲ့ လက်တွဲလုပ်နေတဲ့ တွဲဖက်အသတ်ခံလိုက်ရပြီး သူ့ကိုရဲတွေက လူသတ်တရားခံဆိုပြီး စွပ်စွဲကြပါတော့တယ်။ဒါပေမယ့် နောက်ပိုင်းမှာ ဒါတွေအားလုံးရဲ့ နောက်ကွယ်မှာအကြွေးဟောင်းတွေဆပ်မဲ့ လူတစ်ယောက် ရှိနေတာကို သောမတ်စ်သိလိုက်ရတဲ့ အခါမှာတော့ဘယ်လိုလျှို့ဝှက်ချက် တွေပေါ်ပေါက်လာပြီး ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာကို ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။...
Churchill (2017) ⭐IMDB: 6.0/10 (16 k Votes) 🎬 #Biography #Drama #History #War 🗓 2017 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 45 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 D-Day ဆိုတဲ့စကားလုံးကိုဂျာမနီ အမေရိကန်စစ်ကားတွေ ကြည့်ဖူးတဲ့လူတွေဆိုရင်တော့မြင်ဖူးသလိုလိုရှိနေကြမှာပါ။ အဲ့ဒီ D-Day ဆိုတာကဒုတိယကမ္ဘာစစ် ၁၉၄၄ ခုနှစ် ဇွန်လ ၆ ရက်နေ့တုန်းက ပြင်သစ်ကိုကျူးကျော်လာတဲ့ ဂျာမနီတွေကို မဟာမိတ်တွေနဲ့ပူးပေါင်းပြီး ကြည်း ရေ လေစစ်ကြောင်းသုံးခုနဲ့ အကြီးအကျယ် ချီတက်နှိမ်နင်းခဲ့ကြတဲ့နေ့ပဲဖြစ်ပါတယ်။ အဲ့ဒီ စစ်ဆင်ရေးက ကြီးလွန်းလို့ သမိုင်းမှာတောင် ဒုတိယ အကြီးဆုံး ပင်လယ်ချီတက်မှုကြီးလို့တောင် သတ်မှတ်ခံထား ရပါတယ်။ ကျူးကျော်လာတဲ့ ဂျာမနီတွေကိုအောင်မြင်စွာ တိုက်ထုတ် နိုင်ခဲ့ပေမဲ့ ပြန်လည်ပေးဆပ်ရတာတွေကလည်းကြီးမားပါတယ်။ စစ်ဆင်ရေးစတင်ပြီး ၂၄ နာရီမှာတင်စစ်သားပေါင်း ၉၀၀၀ ကျော် ထိခိုက်ဒဏ်ရာရ အသေအပျောက်တွေရှိခဲ့ကြပါတယ်။ အဲ့ဒီကာလမှာ အဲ့ဒီလို ဆုံးရှုံးမှုတွေကိုလုံး၀မဖြစ်စေချင်တဲ့ သူတစ်ယောက်ရှိပါတယ်။အဲ့ဒီလူကတော့ ဝင်စတန်ချာ့ချေးလ် ဆိုတဲ့ ယူကေဝန်ကြီးချုပ်ပဲ ဖြစ်ပါတယ်။ သူကပထမကမ္ဘာစစ်မှာတုန်းက ဒီလိုမျိုးကြီးမားတဲ့ချီတက်မှုမျိုးကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့သူဖြစ်ပြီး ဆုံးရှုံးမှုတွေကိုမျက်မြင်တွေ့ခဲ့ ရတဲ့အတွက် နိုင်ငံရဲ့လူငယ်ပေါင်းနှစ်သိန်းခွဲလောက်နဲ့ ချီတက်မဲ့ စစ်ဆင်ရေးကြီးကိုအပြင်းအထန်ကန့်ကွက်ပြီး ဖျက်သိမ်းဖို့ကြိုးစား နေခဲ့သူပဲဖြစ်ပါတယ်။ ဒါပေမယ့် တစ်နိုင်ငံလုံးမှာ ရှိတဲ့ ပြည်သူတွေရဲ့အသက်တွေနဲ့ ယှဉ်လာရင် ဒီစစ်ဆင်ရေးကိုသွားရမဲ့ လူငယ်တွေကိုတော့ စတေးကိုစတေးရမှာ ဖြစ်တဲ့အပြင် သမ္မတကိုယ်တိုင်ကပါ သူ့ဖက်မှာရှိမနေတဲ့အတွက် တားဖို့မဖြစ်နိုင်ခဲ့ပါဘူး။ အခုတင်ဆက်ပေးမဲ့ Churchill ဆိုတဲ့ရုပ်ရှင်ထဲမှာ အထက်ပါ ပြောခဲ့တဲ့အကြောင်းအရာတွေကို ကွက်ကွက်ကွင်းကွင်း မြင်လာအောင် ဝင်စတန်ချာ့ချေးလ်ရဲ့နေရာကနေ ကွက်ကွက် ကွင်းကွင်းရိုက်ကူးပြသထားတဲ့အတွက် စစ်ပွဲသမိုင်းကြောင်းတွေကို စိတ်ဝင်စား သူတွေအတွက်ကြည့်ရှုသင့်တဲ့ ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်။...
Texas Rangers (2001) ⭐TMDB: 61% User Score 🎬 #Action #Adventure #Drama #Western 🗓 2001 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 30 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားက အမေရိကန်နိုင်ငံရဲ့ ၁၈၀၀ ပြည့်နှစ်အလွန် ကာလတွေမှာ ဇာတ်အိမ်တည်ထားတာဖြစ်ပါတယ်။ ပြည်တွင်းစစ်မတိုင်ခင်က ကပ္ပတိန်မက်နယ်လီက တက္ကဆက်ရိန်းဂျားအဖွဲရဲ့ ခေါင်းဆောင်ပါ။ ပြည်တွင်းစစ်ကြီးပြီးတဲ့နောက်မှာ အမေရိကန် တက္ကဆက်ပြည်နယ်မှာ သူခိုးဓားပြ တွေက ကြီးစိုးနေတဲ့ အတွက် ပြည်နယ်အစိုးရက ကပ္ပတိန်မက်နယ်လီကို တက္ကဆက်ရိန်းဂျားအဖွဲကို ပြန်လည်ဖွဲစည်းစေတဲ့အခါ သူခိုးဓားပြတွေကို နှိမ်နင်းဖို ဖြစ်လာပါတော့တယ်။ ကပ္ပတိန်မက်နယ်လီနဲ့ အတွေ့အကြုံမရှိသေးတဲ့ လူငယ်လေးတစ်ဖွဲက သူခိုးဓားပြတွေကို ဘယ်လို တိုက်ခိုက်ကြမလဲဆိုတာ ကြည့်ရှုကြရမှာပါ။ ဒီရုပ်ရှင်မှာ ၁၈၀၀ ပြည့်နှစ်အလွန် အမေရိကန်လူနေမှုဘ၀ နဲ့ ယဉ်ကျေးမှုအကြောင်းကိုတွေ့မြင်ရမှာပါ။ အမေရိကန် ကောင်းဘွိင်တွေရဲ့ အပစ်အခတ် အသတ်အပုတ်တွေကို အက်ရှင်ဆန်ဆန်ရှုစားရမှာဖြစ်ပြီး ကောင်းဘွိင်ရုပ်ရှင် နှစ်သက်သူတွေအနေနဲ့ ပေါ့ပေါ့ပါးပါး ကြည့်လိုကောင်းမဲ့ အက်ရှင်ရုပ်ရှင်တစ်ကားပဲ ဖြစ်ပါတယ်။...
