uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закритий канал

🚩 Channel was restricted by Telegram

Показати більше
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
Kazhuvethi Moorkkan (2023) ⭐IMDB: 6.4/10 (211 Votes) 🎬 #Action #Bollywood #Comedy #Drama #Family #Romance #Thriller 🗓 2023 🎞 movie 📺 #1080p #720p 💿 2.4 GB ⦿ 1.0 GB 🌎 #India ⏰ 2 နာရီ 30 မိနစ် 28 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Kazhuvethi Moorkan ( 2023 )=============================IMDb 6.4/10 အသစ်ထွက်ထားတဲ့ တမီလ် ကျေးလက် အက်ရှင်ကားမိုက်မိုက်လေးတစ်ခုကို စီအမ်ကနေ တင်ဆက်ပေးချင်ပါတယ်။ကီဇာသီရူဆိုတဲ့ အိန္ဒိယနိုင်ငံတောင်ပိုင်းက ရွာလေးမှာ မူရ်ကာနဲ့ ဘွန်မိဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ရှိကြပါတယ်။မူရ်ကာငယ်ငယ်က နွားခွေ့ခံရတဲ့အချိန်မှာ ဘွန်မိက မူရ်ကာ့အသက်ကိုကယ်ပေးဖူးတာကြောင့် မူရ်ကာဟာဘွန်မိအပေါ်မှာ အင်မတန်သံယောဇဉ်ရှိပါတယ်။ ဇာတ်မြင့်၊ ဇာတ်နိမ့်ကွာခြားချက်တွေရှိပေမဲ့ မူရ်ကာဟာ ဘွန်မိဘက်က အမြဲတမ်းရပ်တည်ပေးပြီးဘွန်မိကလည်း မူရ်ကာအတွက်ဆို ဘာမဆိုကူညီတဲ့ သိပ်ချစ်ကြတဲ့သူငယ်ချင်းတွေပေါ့။အဲဒီလိုသိပ်ချစ်ကြတဲ့သူငယ်ချင်းတွေဟာ ရွာကိုရောက်လာတဲ့ နိုင်ငံရေးသမားတွေနဲ့ပတ်သက်မိပြီးနိုင်ငံရေးသမားတွေက သူတို့ကို ရန်တိုက်ပေးဖို့ကြိုးစားလာတဲ့အချိန်မှာတော့ တစ်စနဲ့တစ်စအမှိုက်ကနေ ပြသာဒ်မီးလောင်တဲ့ထိဖြစ်ကုန်ပါတော့တယ်။ ဒီ Kazhuvethi Moorkan ဆိုတဲ့ရုပ်ရှင်လေးဟာ တောင်ပိုင်း ကျေးလက်အက်ရှင်ကားကြိုက်တတ်သူတွေအတွက် အချိန်ပေးရကျိုးနပ်စေမယ့်ရုပ်ရှင်လေးဖြစ်လို့ ချန်နယ်မြန်မာရဲ့Bollywood team ကနေ မြန်မာဘာသာသို့ ပြန်ဆိုတင်ဆက်ပေးလိုက်ပါတယ်ဗျ…။( ဒီရုပ်ရှင်ရဲ့အညွှန်းကိုတော့ Zwe Yan က ရေးသားပြီး ဘာသာပြန်ဆိုသူတွေကတော့Voldemort, Aditi, Bpl, Yunni, ThAIk San, နဲ့ Zwe Yan တို့ပဲဖြစ်ကြပါတယ်။ )...

Karungaapiyam (2023) ⭐IMDB: 7.7/10 (1 k Votes) 🎬 #Bollywood #Horror #Thriller #Mystery 🗓 2023 🎞 movie 📺 #1080p #720p 💿 2.1 GB ⦿ 863.6 MB 🌎 #India ⏰ 2 နာရီ 8 မိနစ် 25 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Karungaapiyam(2023)IMDb 7.7/10တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်ထဲ လူမသိလိုက်တဲ့ ထူးခြားဆန်းကြယ်ပုံပြင်စာအုပ်တစ်အုပ်ကိုဖတ်‌နေရသလိုခံစားချက်မျိုးအပြင် Kajal Aggarwal နဲ့ Regiana Cassandra တို့လိုနာမည်ကြီးတွေပါဝင်သရုပ်ဆောင်ထားပြီး ဘာဘူကလဲ ပါဝင်အားဖြည့်ထားတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ရပါတယ်။ ကိုဗစ်ကာလရဲ့ ပျောက်ဆုံးသွားတဲ့အချိန်တွေကို ပြန်ပြောင်းပြောရရင် Lock down နဲ့အတူပြတ်တောက်သွားတဲ့ဆက်သွယ်မှုတွေထဲက သီးသန့်ဆန်သွားတဲ့ လူနေအိမ်တွေထဲကအကြောင်းအရာတွေကလည်းမပါမဖြစ်‌ပေါ့။ ဒီကားလေးမှာဆိုရင် အစပိုင်းမှာ ကိုဗစ်ကလည်းဖြစ်၊ ဘဲကလည်းပစ်ခံလိုက်ရတဲ့မင်းသမီးဟာ သူငယ်ချင်းကျေးဇူးနဲ့ ရှေးဟောင်းစာကြည့်တိုက်တစ်ခုမှာ သွားဖတ်ဖို့အခွင့်အရေးရသွားလို့သွားလိုက်တယ်ဆိုပြီး ပေါ့ပေါ့ပါးပါးလေးစထားပေမယ့် သူဖတ်လိုက်မိတဲ့ ‘မဟူရာ ပုံပြင်များ’ဆိုတဲ့စာကြည်တိုက်ထောင်စကတည်းက ရှိနေတဲ့ နှစ်တစ်ရာကျော်ကြာပုံပြင်စာအုပ်ထဲ ဘယ်လိုအဖြစ်အပျက်တွေပါနေမလဲ … အပြင်လောကနဲ့ရောဘယ်လို ဆက်စပ်နေမလဲ ..သူနဲ့ရော ဘာတွေပတ်သတ်နေမလဲ ..စတာတွေကိုအသည်းတအေးအေး ကျောတချမ်းချမ်းနဲ့ကြည့်ရမယ့်အပြင် ကိုဗစ်ကာလအိပ်မက်ဆိုးကြီးကိုလည်းဟာသလေးတွေနှောပြီး ဇာတ်အိမ်ကောင်းကောင်းနဲ့ရိုက်ကူးထားပါတယ်။(အညွှန်းကို Aditi မှရေးထားပြီး Aditi,BpL,Voldemort&Cherryတို့မှ ဘာသာပြန်ထားပါတယ်)...

The Basketball Diaries (1995) ⭐IMDB: 7.3/10 (116 k Votes) 🎬 #Biography #Crime #Drama #Sport 🗓 1995 🎞 movie 📺 #720p 💿 1022.3 MB 🌎 #UnitedStates ⏰ 1 နာရီ 41 မိနစ် 59 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb (7.3/10) လီယိုနာဒိုကို ခေါင်းဆောင်မင်းသားအဖြစ် ပို့ဆောင်ပေးနိုင်ခဲ့တဲ့ ဇာတ်ကားပါ။ ဒီဇာတ်ကားဟာ Jim Carroll ဆိုတဲ့ အမေရိကန် နာမည်ကျော် ကဗျာဆရာ စာရေးဆရာ ဂီတပညာရှင် တစ်ဦးအကြောင်းကို ရိုက်ကူးထားတာပါ။ သူ့အသက် ၁၃ နှစ် မြီးကောင်ပေါက်အရွယ်က ဘတ်စကတ်ဘောကစားခြင်း လူပျိုရည်ပျက်သုန်းခြင်း မူးယစ်ဆေးစွဲခြင်း နေ့စဥ်မှတ်တမ်းတွေအကြောင်းပေါ့။ လူငယ်ဆိုတာ အဖြူထည်…လောကကြီးက နိုင်ရာစား…အရသာဆို ခါး..ဘဝက ဓါးသွား။ လီယိုနာဒိုရဲ့ မြီးကောင်ပေါက်သရုပ်ဆောင်မှုတွေက Jim Carroll ဝိညာဥ်ပူးကပ်နိုင်မလား… မင်းသား Mark Wahlberg ကိုလဲ မအောင်မြင်ခင်က ဒီဇိုင်းနဲ့ ဒီဇာတ်ကားမှာ တွေ့မြင်ရမှာပါ။...

Debris (2021-2021) ⭐IMDB: 6.5/10 (9 k Votes) 🎬 #Drama #SciFi&Fantasy #Animation #SciFi&Fantasy #SciFi #Fantasy #Mystery #Thriller 🗓 2021-2021 🎞 tv series 📺 #1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 43 မိနစ် 43 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Debris (2021) Season 1   Supernatural တို့ X-File တို့လိုမျိုး အဓိကဇာတ်ကောင်နှစ်ယောက်က ထူးခြားဆန်းကြယ်တဲ့အမှုတွေကို စိတ်ဝင်စားစရာရင်တမမနဲ့ ဖြေရှင်းတာမျိုး ကြည့်ချင်တယ်ဆိုရင်တော့ဒီ စီးရီးလေးက သင့်အတွက်ပဲ ဖြစ်ပါတယ်။ Season 1 မှာတော့အပိုင်း ၁၃ ပိုင်း ပါဝင်ထားတာကို တွေ့ရှိရမှာပါ။ သူကတော့နတ်ဆိုး မိစ္ဆာ သူရဲအကောင်ပလောင်တွေလို မဟုတ်ဘဲအာကာသယာဉ်ပျံ အပိုင်းအစကြောင့် ထူးခြားတဲ့စွမ်းအားတွေနဲ့လူတွေ ဒုက္ခရောက်ကြပုံတွေ လောဘတွေ ပြဿနာတွေအမှုတွေကို တင်ဆက်ပြသပေးထားတာပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ ကမ္ဘာပေါ်က ပညာရှင်တွေကဂြိုလ်သားယာဉ်ပျံတစ်စီးကို လွန်ခဲ့တဲ့ ၃ နှစ်တုန်းကတွေ့ရှိခဲ့ကြပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၆ လမှာတော့ အဲဒီယာဉ်ပျံက အပိုင်းအစအနတွေဟာ ကမ္ဘာမြေပေါ် ပြုတ်ကျလာပါတယ် အဲဒါကို Debris တွေလို့ ခေါ်ပြီး ခေါင်းစီးနာမည်ကဒါကို ပေးထားတာ ဖြစ်ပါတယ်။ သူက သာမန်ပြုတ်ကျလာရင်တော့ ကိစ္စမရှိဘူးပေါ့ ဒါပေမဲ့ ဒါက နေရာအနှံ့အပြား ပြုတ်ကျလာတဲ့အပြင် တစ်ခုချင်းစီတွေက ထူးခြားတဲ့ စွမ်းအားတွေရှိနေတာပဲ ဖြစ်ပါတယ် (စွမ်းအားတွေက ပေါင်းစုံပေမယ့်ပြောပြထားလိုက်ရင် Spoiler ဖြစ်မှာစိုးလို့ မပြောတော့ပါဘူး)အဲဒီတော့ အမေရိကန်နဲ့ အင်္ဂလန် နှစ်နိုင်ငံပေါင်းပြီး သိပ္ပံပညာရှင်ကြီးဂျော့ချ်ဂျုံးရဲ့ ဦးဆောင်မှုနဲ့အတူ ဒီအရာတွေကို လိုက်လံဖြေရှင်းဖို့ အော်ဘစ်တယ်ဆိုတဲ့ မဟာမိတ်အဖွဲ့ကြီး ဖွဲ့လိုက်ပါတယ်။အမေရိကန်ဖက်က စီအိုင်အေလက်အောက်ခံ စစ်ပြန် ဘရိုင်ယန်နဲ့အင်္ဂလန်ဖက်က MI 6 လက်အောက်ခံ အေးဂျင့် ဖီနိုလာတို့ကပူးပေါင်းပြီး အမေရိကန်အနှံ့ ကျရောက်ခဲ့တဲ့ အစအနတွေကိုလိုက်ရှာပြီး အမှုတွေ ဖြေရှင်းရတာပေါ့။ အဲဒီမှာ တစ်ဖက်မှာလည်းဒီ Debris တွေကို မှောင်ခိုဈေးကွက်တွေနဲ့ လှုပ်ရှားနေတဲ့ လူဆိုးအဖွဲ့အစည်း အင်ဖလက်စ်ဆိုတာလည်း ရှိပြီး အော်ဘစ်တယ်နဲ့ထိပ်တိုက်တွေ့တဲ့အခါမှာတော့……။ ဘရိုင်ယန်နဲ့ ဖီနိုလာ ဒီအဖွဲ့ကိုနှိမ်နင်းနိုင်ပါ့မလား ကြားထဲက အမှုတွေကလည်း ဘယ်လိုတွေထူးခြားပြီး ဖြေရှင်းရမလဲ သူတို့ အချင်းချင်းကြားမှာရောအထက်က လျှို့ဝှက်အမိန့်တွေ လျှို့ဝှက်ချက်တွေနဲ့ ဘယ်လိုဆက်ပြီးပူးပေါင်းလှုပ်ရှားကြမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ။  File Size –  351 MB  /   930 MB  @EpisodeQuality – 720p / 1080pDuration –  43 minute (@Episode)Total Episodes: 13 EpsSubtitle – Myanmar HardsubFormat – Mp4Genre : Sci-Fi & Fantasy / Drama...

Salon de Seoul (2023) ⭐TMDB: 0.0% User Score 🎬 #Drama #Romance #Uncategorized 🗓 2023 🎞 Movie 📺 #1080p #720p 💿 1.2 GB ⦿ 416.3 MB 🌎 #SouthKorea ⏰ 1 နာရီ 27 မိနစ် 15 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Salon de Seoul (2023) ********************** ဆူဂျင်းနဲ့ ဂျီယွန်းတို့ဟာဆိုရင် အရမ်းခင်ကြပြီး အိမ်တစ်အိမ်တည်းမှာအတူငှားနေတဲ့ သူငယ်ချင်းတွေဖြစ်ကြပါတယ်။ဆူဂျင်းက ကာရာအိုကေဆိုင်မှာ အလုပ်လုပ်တဲ့သူဖြစ်ပြီးဂျီယွန်းကတော့ တက္ကသိုလ်တက်နေဆဲ တက္ကသိုလ်ကျောင်းသူလေးပေါ့တစ်နေ့ ဆူဂျင်းက သူ့အဖေနဲ့ သွားတွေ့ရမှာဖြစ်လို့ ဂျီယွန်းကို သူ့အစားကာရာအိုကေဆိုင်မှာ တစ်နေ့တာ အစားထိုးလုပ်ပေးဖို့ အကူအညီတောင်းပါတော့တယ်တစ်ဖက်မှာလည်း ဂျီယွန်းက ဆူဂျင်းကို သူ့အစား နံနက်ခင်းအတန်းချိန်တွေသွားတက်ပေးဖို့ ပြန်လည်တောင်းဆိုပါတယ်။ ဒီလိုနဲ့ သူငယ်ချင်းနှစ်ယောက် တစ်ရက်တာနေရာလဲပြီး နေကြည့်ကြတဲ့အခါမှာ ဘယ်လိုလေးတွေ ဆက်ဖြစ်မလဲဆိုတာကိုတော့ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုပေးကြပါနော်…...

The Tale of Despereaux (2008) ⭐IMDB: 6.1/10 (39 k Votes) 🎬 #Adventure #Animation #Comedy #Family #Fantasy 🗓 2008 🎞 movie 📺 #1080p #720p 💿 1.2 GB ⦿ 563.8 MB 🌎 #UnitedKingdom #UnitedStates ⏰ 1 နာရီ 34 မိနစ် 28 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Tale of Despereaux (2008) ဟိုးရှေးတုန်းက Dor တိုင်းပြည်တစ်ခုရှိတယ် အဲ့ဒီမှာ Soup Day ဆိုတဲ့ တစ်နှစ်တစ်ခါ စွပ်ပြုတ်သောက်တဲ့ပွဲတော်ရက်ရှိတယ်။ နှစ်တိုင်း Dor တိုင်းပြည်က ဘုရင့်မိသားစုရော ပြည်သားတိုင်းက အဲ့နေ့မှာ နန်းတော်က တော်ဝင်စားဖိုမှူးကြီး အန်ဒရေးရဲ့စွပ်ပြုတ်အသစ်ကို မျှော်ကြတယ် စာဖိုမှူးကြီးကလည်း တစ်နှစ်တစ်မျိုးမရိုးရအောင် စွပ်ပြုတ်ကို အမျိုးမျိုးချက်တယ်။ သူ့စွပ်ပြုတ်ကို လူတွေအပြင် တိရိစ္ဆာန်တွေကပါ မျှော်ကြရော။ အဲ့ထဲမှာ ရော့စကူတိုဆိုတဲ့မြေကြွက်တစ်ကောင်ပါ ပါတယ်။ တစ်ရက်တော့ ရော့စကူတိုက စားဖိုမှူးရဲ့ စွပ်ပြုတ်ကို သိပ်စားချင်ပြီး မတော်တဆဖြစ်တာကနေ ပြဿနာတွေဖြစ်တယ်။ အဲ့ဒီကနေ တိုင်းပြည်တစ်ခုလုံး အမှောင်ကျ နေရောင်ပျောက်သွားရာက ဘယ်လိုသူရဲကောင်းတွေပေါ်လာမလဲ? ဘယ်သူတွေက ဘယ်လိုတုံ့ပြန်ကြမလဲ? ဆိုတာ … (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့Tin Myo Lwinပါ။)...

Knights of the Zodiac (2023) ⭐IMDB: 4.5/10 (3 k Votes) 🎬 #Action #Adventure #Drama #Fantasy #SciFi 🗓 2023 🎞 movie 📺 #720p #480p #1080p 💿 1023.8 MB ⦿ 485.5 MB ⦿ 2.2 GB 🌎 #UnitedStates #Japan #Hungary #UnitedStatesofAmerica ⏰ 1 နာရီ 53 မိနစ် 38 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Knights of the Zodiac (2023) စိတ်ကူးယဉ် မှော်ရုပ်ရှင် အသစ်တစ်ကားလာပါပြီ။ဂျပန် မန်ဂါကာတွန်း Saint Seiya ကို အခြေခံရိုက်ကူးထားပြီးမင်းသားကတော့ One Piece Live Action စီးရီးမှာ Roronoa Zoro အဖြစ်ပါဝင်ထားတဲ့ Mackenyu ပဲဖြစ်ပါတယ်။အက်ရှင်ပိုင်းမှာ ပိုင်နိုင်ကြောင်းကိုတော့ Rurouni Kenshin: Final Chapter Part I မှာ Enishi Yukishiro အဖြစ် သရုပ်ဆောင်ခဲ့တာကို ကြည့်ရင် သိသာပါတယ်။ဇာတ်ပို့အနေနဲ့ မင်းသားကြီး ရှောင်ဘင်း ( ကားတိုင်းသေ) နဲ့ ပါရာနာဝေမင်းသား Mark Dacascos တို့ ပါဝင်ထားပါသေးတယ်။ ဇာတ်လမ်းအကျဉ်း သမိုင်းအစမှာ နတ်ဘုရားတွေက လူသားတွေကို နှိပ်စက်နေခဲ့ကြပါတယ်။ဒါကို လူသားတွေဘက်ကနေ စစ်နတ်ဘုရားမ အသီနာက ကာကွယ်ပေးခဲ့ပြီး လူသား သူရဲကောင်းတွေအများကြီး အသီနာဆီမှာ သစ္စာခံခဲ့ကြပါတယ်။အဲဒီသူရဲကောင်းတွေဟာ ကော့စ်မိုလို့ခေါ်တဲ့ ကြယ်တွေရဲ့ စွမ်းအားကို အသုံးချပြီး နတ်ဘုရားတွေကို ယှဉ်တိုက်နိုင်ခဲ့ကြပါတယ်။အဲဒီတိုက်ပွဲမှာ နတ်ဘုရားတွေ ဆုတ်ခွာသွားခဲ့ရပြီး ကမ္ဘာကြီး ယာယီငြိမ်းချမ်းသွားခဲ့ပါတယ်။ဒါပေမဲ့ နတ်ဘုရားမ အသီနာ လူသားကောင်မလေးအဖြစ် ပြန်ဝင်စားလာချိန်မှာတော့ တိုက်ပွဲတွေနဲ့မုန်တိုင်းတွေ ပြန်အစပျိုးလာပါတယ်။အသီနာကို စောင့်ရှောက်မဲ့ သူရဲကောင်းတွေ လိုအပ်လာသလို အသီနာကို သတ်မဲ့အဖွဲ့တွေလည်း ပေါ်လာပါတယ်။အဲဒီအဖွဲ့တွေကြားထဲမှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ… အညွှန်း နဲ့ ဘာသာပြန်ကတော့Mr.Andersonပဲ ဖြစ်ပါတယ်။...

Beautiful Beings (2022) ⭐IMDB: 7.5/10 (2 k Votes) 🎬 #Drama 🗓 2022 🎞 movie 📺 #1080p #720p 💿 2.0 GB ⦿ 966.9 MB 🌎 #Iceland #Denmark #Sweden #Netherlands #CzechRepublic #Czechia ⏰ 2 နာရီ 3 မိနစ် 45 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Beautiful Beings (2022) ~ IMDb – 7.5/10, Rotten Tomatoes – 82% ~ 2022 က ထွက်ရှိထားတဲ့ အိုက်စ်လန်း Drama ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ IMDb – 7.5/10 နဲ့ ခရမ်းချဉ်သီးကတော့ 82% ရရှိထားပါတယ်။ ဒီဇာတ်လမ်းလေးကို ဆယ်ကျော်သက်ကောင်လေး လေးယောက်အပေါ်မှာဇာတ်အိမ်တည်ထားတာပါ။ ရက်စက်ကြမ်းကြုတ်ပြီး သူငယ်ချင်းအပေါ်ကလွဲရင် ဘယ်သူ့အပေါ်မှ မကောင်းတဲ့ကွန်နီဆိုတဲ့တစ်ယောက်ရယ်၊ ဟာသလုပ်တတ်တဲ့လူရွင်တော် ဆက်ဂီဆိုတဲ့ကောင်လေးရယ်၊ အိပ်မက်တွေထဲကနေမြင်ပြီး အဖြစ်အပျက်တွေကို အာရုံခံနိုင်တဲ့အက်ဒီဆိုတဲ့ကောင်လေးတစ်ယောက်ရယ် သူတို့သုံးယောက်က သူငယ်ချင်းတွေပါ။ ‌အက်ဒီက ကျောင်းမှာအနိုင်ကျင့်ခံဖြစ်တဲ့ ဘယ်လ်လီ‌ဆိုတဲ့ကောင်လေးကို အဖွဲ့ထဲခေါ်သွင်းလိုက်ရာကနေ ဒီဇာတ်လမ်းလေးစတင်ပါတော့တယ်။ ဒီဇာတ်လမ်းထဲမှာ ဆယ်ကျော်သက်ဘ၀နဲ့လူကြီးဘ၀ အကူးအပြောင်းကာလမှာ‌ ကြုံတွေ့ရတဲ့ကိစ္စတွေအပြင် ရက်စက်ကြမ်းကြုတ်တဲ့ဘ၀ထဲမှာမှ ဘယ်လိုလှပတဲ့အရာတွေပေါက်ဖွားလာလဲဆိုတာ စိတ်၀င်တစားကြည့်ရှုရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုSoe Thiri Sweမှ ပြန်ဆို ရေးသားထားပါတယ်)...

The Chalice of Blood (2022) ⭐IMDB: 5.6/10 (432 Votes) 🎬 #Action #Drama #War 🗓 2022 🎞 movie 📺 #1080p #720p 💿 1.7 GB ⦿ 708.4 MB 🌎 #Finland ⏰ 1 နာရီ 31 မိနစ် 29 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Chalice of Blood (2022) အခု မိတ်ဆက်ပေးမယ့် ဇာတ်ကားကတော့ ၂၀၂၂ ခုနှစ်မှထွက်ရှိထားတဲ့ စစ်ကားပဲဖြစ်ပါတယ်။ ၁၉၄၃ ခုနှစ်မှာ ဗာတီကန်ဘုန်းတော်ကြီးတစ်ယောက်ကနေ ခွင်ဆင်ထားတဲ့ဇာတ်အပေါ်ကို ဖင်လန်စစ်သားတွေကနေ ကြိုးကိုင်ခံလိုက်ရတဲ့အ‌ကြောင်းပါ။ ဒီဇာတ်ကားရဲ့ မင်းသားဖြစ်တဲ့ မီလီကော့ဗ်စကီဟာဆိုရင် စစ်ရေးကနေပြန်လာပြီး မိန်းမယူဖို့အတွက် တပ်ကနေထွက်တော့မယ့် အချိန်ဆဲဆဲမှာပဲ ဇာတ်လမ်းလေးက စပြီးအကြောင်းဖန်လာတာဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ အဓိကသော့ချက်ဖြစ်တဲ့ တန်ဖိုးကြီးဖလားတော်ကို မင်းသားတို့တစ်သိုက်လိုက်ရှာဖွေရင်း ဘယ်လိုအတွေ့အကြုံသစ်တွေနဲ့ ရင်ဆိုင်ကြုံတွေ့ရမလဲဆိုတာကို စိတ်လှုပ်ရှား ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမန်နဲ့ ဖင်လန်စစ်‌တပ်တွေရဲ့ စစ်တိုက်ပုံတွေ၊ တပ်တွင်းထဲမှာ အတွင်းရေးတွေကို ဘယ်လိုကိုင်တွယ်လေ့ရှိလဲ… အဲဒါအပြင်ကို စစ်သားတစ်ယောက်ဖြစ်ရတဲ့ ကောင်းကျိုး ဆိုးကျိုး အားသာချက် အားနည်းချက်တွေကိုပါ ကွက်ကွက်ကွင်းကွင်းဖော်ပြထားတာမို့လို့ ဗဟုသုတတွေပါ တစ်လှေကြီးရမယ့်ဇာတ်ကားဆိုလည်း မမှားပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကိုMarkမှ ပြန်ဆို ရေးသားထားပါတယ်)...

River God: The Strange Story (2023) ⭐TMDB: 0.0% User Score 🎬 #Action #Crime #Mystery #Fantasy 🗓 2023 🎞 Movie 📺 #1080p #480p 💿 919.6 MB ⦿ 479.7 MB 🌎 #China ⏰ 1 နာရီ 31 မိနစ် 28 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 သည်းထိတ်ရင်ဖိုကားတွေကိုမှ ကြိုက်ပါတယ်ဆိုတဲ့ CM ရဲ့ ပရိသတ်တွေအတွက်River God ဆိုတဲ့ ရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ – မင်ကော်ခေတ်မှာ ထျန်းကျင်းဝေ့မြို့မှာ ရေဘေးအန္တရာယ်တွေအကြိမ်ကြိမ်ကြုံတွေ့နေရပြီး သဘာဝလွန် ဖြစ်ရပ်သတင်းတွေမပျက်ကြားနေရပါတယ်။ ရေပေါ်ရဲတပ်ဖွဲ့ အဖွဲ့ခေါင်းဆောင်ကောသယ်ယိုဟာ သူ့ဆရာရဲ့ ပညာတွေကို ဆက်ခံထားပြီးမြစ်နတ်အဖြစ် နာမည်ကြီးနေပါတယ်။ တစ်နေ့မှာ ကောသယ်ယိုတစ်ယောက် မြစ်ထဲကနေ အလောင်း ၂ ခုကိုဆယ်ခဲ့ပြီးနောက်မှာတော့ ပုံရိပ်ယောင်တွေကို မြင်လာခဲ့ပါတယ်။ပုံရိပ်ယောင်တွေက တစ်ဆင့် သူ့အစ်ကို သေဆုံးခဲ့ရတဲ့အကြောင်းအရင်းဟာ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ကကလေးပျောက်ဆုံးမှုနဲ့ ပတ်သက်နေတာ သိခဲ့ရပါတယ် ကောသယ်ယို၊ တင်းမောင်နဲ့ လီတာ့လန့်တို့ ၃ ယောက်ဟာအမှန်တရားကို ရှာဖွေဖို့အတွက် စွန်စားခန်း စတင်ခဲ့ပါတယ်။စာကြည့်တိုက်မီးလောင်မှု၊ ဝက်ခေါင်းလူကြီးရဲ့တိုက်ခိုက်မှုတွေ၊ယင်းရန်မြစ်နတ်ရဲ့ လမ်းညွှန်မှု၊ ဝေမိသားစုသင်္ချိုင်းက သရဲအိမ်ကြီး စတဲ့နေရာတွေကို တစ်ယောက်ယောက်က တမင်လမ်းညွှန်ပြနေပါတယ်။ ကောသယ်ယိုတစ်ယောက် လွန်ခဲ့တဲ့ နှစ် ၂၀ က အမှန်တရားကို ဖော်ထုတ်နိုင်ပါ့မလား……ပုံရိပ်ယောင်တွေနဲ့ သူ့ကို တိုက်ခိုက်နေသူကရော ဘယ်သူဖြစ်မလဲ……ဆိုတာကို ရုပ်ရှင်နဲ့အတူ သည်းထိတ်ရင်ဖိုစွာ လိုက်လံ ခံစားကြည့်ရှုလိုက်ရအောင်နော်။...

Kleva-ish (2023) ⭐TMDB: 0.0% User Score 🎬 #Drama 🗓 2023 🎞 movie 📺 #1080p #720p 💿 1.6 GB ⦿ 739.2 MB 🌎 #SouthAfrica ⏰ 1 နာရီ 34 မိနစ် 2 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Kleva-ish(2023) **************ဒီတစ်ခါဇာတ်ကားလေးကတော့ South Africaက လူငယ်လေးတစ်ယောက်ရဲ့အကြောင်းကို ဇာတ်အိမ်တည်ထားတဲ့ coming-of-age moviesအမျိုးအစားလေးပါ။Africaကားဆိုပေမယ့် ဇာတ်လမ်းလေးက စိတ်ဝင်စားဖို့ကောင်းသလို အပိုတွေ overactingတွေသိပ်မလုပ်ဘဲ ရိုးရိုးရှင်းရှင်းလေးကြည့်လို့ကောင်းတဲ့ ကားကောင်းလေးတစ်ကားဗျ။ဇာတ်လမ်းအကျဥ်းကတော့ တူလာနီဟာ မျက်မှန်တကားကား၊ ပုံတုံးတုံးနဲ့လူရည်မလည်တဲ့ စာဂျပိုးတစ်ယောက်ပါ။သူ့မှာ ၆နှစ်လောက်တွဲလာတဲ့ကောင်မလေးရှိတယ်။ကောင်မလေးကျတော့ ခပ်ဟော့ဟော့ခပ်လန်းလန်း၊ ရီးစားထားတာကို အနာဂတ်အငြိမ်းစားအစီအစဥ်လို့မြင်တဲ့ gold diggerလေးပေါ့။ဆိုတော့ တစ်နေ့ကျတော့ ကောင်မလေးက တူလာနီကို ပုံတုံးကြီးမို့ရိုးတယ်၊ အန္တရာယ်တွေကြား စွန့်စားပျော်မွေ့ချင်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ဖြတ်သွားပါတယ်။အသဲကွဲပြီးနောက် တူလာနီတစ်ယောက် ရီးစားဟောင်းကို ပြန်အပိုင်သိမ်းနိုင်ဖို့ လူကြမ်းလူရမ်းဖြစ်ချင်တယ်ဆိုပြီး ဆရာတင်ရမယ့်သူကိုလိုက်ရှာပါတော့တယ်။သူငယ်ချင်းဖြစ်သူဆီက အကူအညီတောင်းပေမယ့် “လူရည်လည်ပြီး စမတ်ကျချင်ရင် ရေလျှော့ချိုးကွာ” ချည်းပဲပြောနေလို့ တူလာနီတစ်ယောက် အကြံအိုက်နေပါပြီ။ဒီကစပြီး စိတ်ဝင်စားဖို့ကောင်းလာပြီမို့ တူလာနီတစ်ယောက် ရည်းစားဟောင်းကို ပြန်လိုက်နိုင်မလား၊ အသစ်ပဲရသွားမလား၊ဘာဒုက္ခ၊သုခတွေကြုံပြီး ဘာတွေဆက်ဖြစ်ကြမလဲ ဇာတ်လမ်းထဲမှာ ဆက်ဆက်ကြည့်ရှုလိုက်ပါဗျ။...

Trespass (1992) ⭐IMDB: 6.3/10 (13 k Votes) 🎬 #Action #Thriller 🗓 1992 🎞 movie 📺 #1080p #720p 💿 1.8 GB ⦿ 866.1 MB 🌎 #UnitedStates ⏰ 1 နာရီ 41 မိနစ် 25 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတစ်ခေါက်တော့ CM ပရိသတ်တွေအတွက် ပေါ့ပေါ့ပါးပါးရှိတဲ့ ကြည့်ပျော်ရှုပျော် Action ကားလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။ 1992 ခုနှစ်က ထွက်ရှိခဲ့ပြီး IMDB လည်း 6.3/10 ရထားပါတယ်။ ဇာတ်လမ်းအားဖြင့် ဒွန် နဲ့ ဗင့်(စ်)ဆိုတဲ့ မီးသတ်သမားနှစ်ယောက်ဟာ မီးလောင်နေတဲ့ တိုက်ခန်းတစ်ခုကို ဝင်ကယ်ဆယ်ရေးလုပ်ရင်း သေခါနီးအဖိုးကြီးတစ်ယောက်ဆီကနေ ရတနာမြေပုံတစ်ခုရရှိခဲ့ပါတယ်။ သေချာစုံစမ်းကြည့်တဲ့အခါ အဲ့ဒီအဖိုးကြီးဟာ လွန်ခဲ့တဲ့နှစ်(၅၀)က ဘုရားကျောင်းတစ်ခုကိုဓားပြတိုက်ခဲ့တဲ့သူဖြစ်ပြီး ဒေါ်လာသန်းချီ တန်တဲ့ တိုက်ရာပါ ရွှေသားပစ္စည်းတွေကို ဖွက်ထားတဲ့သူဖြစ်နေပါတယ်။ ဒါနဲ့ပဲ ဒွန် နဲ့ ဗင့်(စ်)တို့ဟာ အဖိုးကြီးရဲ့ မြေပုံမှာပါတဲ့ အဆောက်အဦး အဟောင်းကြီးဆီကို ယုံတစ်ဝက်မယုံတစ်ဝက်နဲ့ ချီတက်ခဲ့ပါတော့တယ်။ တစ်ဖက်မှာလည်း ဆေးရောင်းတဲ့ လူမဲဂိုဏ်းတစ်ဂိုဏ်းဟာ ဂိုဏ်းထဲက သစ္စာဖောက်တစ်ယောက်ကိုရှင်းဖို့အတွက် အဆိုပါ အဆောက်အဦး ဟောင်းကြီးကိုပဲ ရွေးချယ်ထားပါသေးတယ်။ ဒီလိုနဲ့ ရွှေရှာဖို့ ရည်ရွယ်ချက်နဲ့ လာခဲ့တဲ့ ဒွန်နဲ့ ဗင့်(စ်)ဟာ မမျှော်လင့်ဘဲ လူသတ်မှုတစ်ခုရဲ့မျက်မြင်သက်သေတွေ ဖြစ်လာပါတယ်။တစ်ဖက်ဂိုဏ်း ကလည်း သူတို့လည်ပင်းကို ကြိုးကွင်းစွပ်နိုင်မယ့် ဒွန် နဲ့ ဗင့်(စ်)ကို အပျောက် ရှင်းဖို့ ကြိုးစား၊ဒွန် နဲ့ ဗင့်(စ်)ကလည်း အသက်ရှင်ဖို့ ရုန်းကန်နဲ့ ဒီဇာတ်ကားဟာ မထင်မှတ်ထားတာတွေနဲ့ ကြွတက်လာပါတော့တယ်။ လူနည်းနည်း၊သေနတ်တွေများများ၊အဆောက်အဦးဟောင်းကြီးတစ်ခုနဲ့ ရွှေထည်ပစ္စည်းတွေပါတဲ့ ဒီကားဟာ ကြည့်ရှုသူတွေအတွက် သေချာပေါက် စိတ်အပန်းပြေစေမှာမို့ ကြည့်ရှကြဖို့ ညွှန်းပေးလိုက်ပါတယ်။...

Iron Sky (2012) ⭐IMDB: 5.9/10 (95 k Votes) 🎬 #Action #Adventure #Comedy #ScienceFiction #SciFi 🗓 2012 🎞 movie 📺 #1080p #720p 💿 1.4 GB ⦿ 656.7 MB 🌎 #Finland #Germany #Australia #France #Norway #Belgium #Denmark #UnitedKingdom ⏰ 1 နာရီ 32 မိနစ် 49 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒုတိယကမ္ဘာစစ်ကြီးအတွင်းမှာ နာဇီတချို့ဟာ လရဲ့အမှောင်ခြမ်းမှာ ခံတပ်တခုသွားတည်ဆောက်ပြီး ဟီလီယမ်-၃ ဓာတ်ငွေ့တွေကို တူးဖော်ရင်း နှစ် ၇၀ ကျော် ပုန်းအောင်းနေခဲ့ပါတယ်။ တနေ့မှာအမေရိကန်သမ္မတရဲ့ ရွေးကောက်ပွဲ ပရိုမိုရှင်းတဖြစ်လဲ လဆင်းသက်ရေးယာဉ် တစီးက သူတို့စခန်းကို မတော်တဆတွေ့သွားတဲ့အခါမှာတော့ ကမ္ဘာကြီးကို နာဇီတို့ရဲ့စစ်လက်နက်အသစ် ဂိုတာဒန်မယ်ယာဉ်ကြီးနဲ့ အတူတူ ပြန်လည်ဆင်းသက်ပြီး ဂျာမန်စတုတ္ထအင်ပါယာကြီးရဲ့ ကျူးကျော်စစ်စဖို့ အကြောင်းဖန်လာပါတော့တယ်။ ဒီဇာတ်ကားမှာ Marvel နဲ့ Disney တို့မတိုင်ခင် သူ့ခေတ်သူ့အခါရဲ့ ကွန်ပျူတာပြုလုပ်ချက် တွေအနေနဲ့ အတော်လေးကောင်းမွန်သလို နိုင်ငံကြီးတွေရဲ့အကြောင်း မသိမသာ လှော်ထားတဲ့ဟာသတွေ နာဇီတွေနဲ့ပန်းကန်ပြားပျံ သီအိုရီတွေ စသဖြင့်တွေ့ကြရမှာဖြစ်လို့ CMပရိတ်သတ်ကြီးက ရှုစားအားပေးကြပါဦး……...

Proof of Payment (2023) ⭐⁉️ 🎬 ##Drama 🗓 2023 🎞 Movie 📺 #1080p #720p 💿 1.6 GB ⦿ 756.1 MB 🌎 #⁉️ ⏰ 1 နာရီ 32 မိနစ် 38 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Proof of Payment (2023) **********************လီဖာဟာ ငယ်ငယ်လေးကတည်းက သူငယ်ချင်းဖြစ်သူ “နံနက်စာ”နဲ့ အတူ လိမ်စားရိုက်စားလုပ်ရင်း ငွေရှာခဲ့သူပါ။သူတို့က မခိုးဘူး မလုဘူး၊ လိမ်စားတာကိုပဲဆရာကျကျလုပ်တယ်၊ အကြံအစည်မှာဆို လီဖာ၊ သရုပ်ဆောင်မှာဆို “နံနက်စာ”ပေါ့ဗျာ။လူလိမ်ဆိုပေမယ့် အပြစ်မဲ့တဲ့သူတွေကို ရိုက်စားမလုပ်ဘူး၊ လောဘအတောမသတ််နိုင်တဲ့သူတွေကိုသာ လိမ်စားတဲ့ လူကောင်းသူကောင်းသူခိုးဂျပိုးလေးပေါ့။ရတဲ့ငွေနဲ့လည်း အဘွားဖြစ်သူကိုထောက်ပံ့၊ အိမ်နီးချင်းတွေကို ထောက်ပံ့ စိတ်ထားကောင်းလေးထားသူတွေပေါ့။ဒါပေမဲ့ ဒုစရိုက်မှုဆိုတာ အမြဲတမ်းအဆင်ပြေတယ် ဘယ်ရှိမလဲ။ ကိုယ်လုပ်လိုက်လို့ နစ်နာသွားသူတွေ၊ ကိုယ့်ကိုပြန်လက်စားချေဖို့ချောင်းနေသူတွေရှိမှာပဲ။တစ်နေ့မှာ လိမ်စားလုပ်ရင်း အဆင်မပြေလို့ ပါတီတစ်ခုကိုသွားရင်းက လီဖာတစ်ယောက် ကောင်မလေးတစ်ယောက်ကို မြင်မြင်ချင်းချစ်မိသွားလေရော။တကယ်အချစ်စစ်နဲ့ချစ်မိသွားတဲ့ လီဖာဟာ ဒီကောင်မလေးအတွက်နဲ့ လိမ်စားဘဝ၊ ဒုစရိုက်ဘဝက ရုန်းထွက်ဖို့ကြံပါတော့တယ်။လီဖာတစ်ယောက် လိမ်စားဘဝက လွတ်မြောက်နိုင်မလား ဘယ်လိုလှည့်ကွက်တွေလာဦးမလဲဆိုတာ ဇာတ်လမ်းလေးထဲမှာ ကြည့်ရှုလို့ရပါပြီဗျ။...

The Machine (2023) ⭐IMDB: 6.1/10 (6 k Votes) 🎬 #Action #Comedy #Crime 🗓 2023 🎞 movie 📺 #1080p #720p #480p 💿 2.3 GB ⦿ 1.1 GB ⦿ 578.2 MB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 54 မိနစ် 18 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Bert Kreischer (Machine) ဆိုတဲ့ comedian ကိုတော့လူတိုင်းလိုလိုကြားဖူးကြမှာပါ ဒီဇာတ်ကားကတော့ Bert ရဲ့ကိုယ်တွေ့ကျောင်းလေ့လာရေးခရီးကိုစိတ်ကူးယဉ်ဇာတ်လမ်းတွေထပ်ဖြည့်ပြီးရိုက်ကူးထားတဲ့ comedy and adventure movie ဖြစ်ပြီး IMDb 6.2/10 ရရှိထားပါတယ် ဇာတ်လမ်းထဲမှာ Bert ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားပြီး Star Wars မှာ Luke Skywalker အနေနဲ့လူသိများတဲ့ Mark Hamil ကတော့ Bert ရဲ့အဖေနေရာမှာသရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းထဲမှာတော့ Bert က comedian တစ်ယောက်ဖြစ်ပြီးသူရုရှားမှာဖြစ်ခဲ့တဲ့အကြောင်းတွေကိုအမြဲ‌ဟာသလုပ်ပြောတတ်တဲ့သူပါ တစ်နေ့တော့သူ့ရဲ့အတိတ်ကလုပ်ရပ်တွေကြောင့်သူတို့သားအဖနှစ်ယောက်ရုရှားကိုပြန်ပေးဆွဲခံလိုက်ရပါတော့တယ် ဖြစ်ချင်တော့ ရုရှားမာဖီးယားတွေရဲ့ဂိုဏ်းလုတဲ့ပွဲမှာ Bert လုယူသွားခဲ့တဲ့ပစ္စည်းတစ်ခုကအဓိကဖြစ်နေခဲ့တာပါ သားအဖနှစ်ယောက်ရုရှားမှာပစ္စည်းကိုပြန်လိုက်ရှာရင်းရုရှားမာဖီးယား‌တွေကြားမှာဘယ်လိုအဖြစ်မျိုးတွေနဲ့ကြုံတွေ့ရမလဲဆိုတာကိုစောင့်ကြည့်ရမှာဖြစ်ပါတယ်...

The Internship (2013) ⭐IMDB: 6.3/10 (210 k Votes) 🎬 #Comedy #Uncategorized 🗓 2013 🎞 movie 📺 #1080p #720p 💿 2.1 GB ⦿ 972.9 MB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 5 မိနစ် 18 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Billy McMahon နဲ့ Nick Campbell တို့ဟာ အလွန်တော်တဲ့ အရောင်းသမားတွေ ဖြစ်ကြပါတယ်။ အလုပ်လည်း ကြိုးစားကြသလို သူတို့ဘဝဟာ ခိုင်မာတယ်လို့ မြင်ခဲ့ကြပါတယ်။ ကံကြမ္မာ အလှည့်အပြောင်းမှာတော့ သူတို့ရဲ့ နာရီကုမ္ပဏီဟာ လုပ်ငန်းဖျက်သိမ်းလိုက်တာကို မသိလိုက်ကြပါဘူး။ အသက်ကြီးမှ ခက်ခက်ခဲခဲ အလုပ်လိုက်ရှာကြတဲ့အခါမှာလည်း ခက်ခဲပြီး စိတ်ဓာတ်ဆိုးဝါးတဲ့ အလုပ်ရှင်တွေနဲ့ပဲ တွေ့ရပါတယ်။ နောက်ဆုံး Billy ဟာ အင်တာနက်ကနေတဆင့် အလုပ်ရှာဖို့ ဆုံးဖြတ်လိုက်ပါတယ်။ Google ကို သုံးပြီး အလုပ်ရှာနေတဲ့ Billy ဟာ Google က ခေါ်တဲ့အလုပ်တစ်ခုကို တွေ့ပါတယ်။ အဲဒီအလုပ်ဟာ အမြဲတမ်းအလုပ် မဟုတ်သေးပဲ အလုပ်သင်အနေနဲ့ ခေါ်တာ ဖြစ်ပေမယ့် Bill က စိန်ခေါ်မှုအသစ်တွေ ရင်ဆိုင်ဖို့ တိုက်တွန်းတာကြောင့် Nick လည်း စိတ်ပါသွားခဲ့ပါတယ်။ သူတို့နှစ်ယောက်ကို အွန်လိုင်းကနေ အင်တာဗျူးတဲ့အခါ သက်ဆိုင်ရာနယ်ပယ်မှာ အတွေ့အကြုံလည်း မရှိ၊ အသက်အားဖြင့်လည်း အတော်ကြီးနေပေမယ့် ရှေးရိုးမဆန်ပဲ သွက်လက်တဲ့ အဖြေကြောင့် အလုပ်သင်အဖြစ် ရွေးချယ်ခံရပါတယ်။ သူတို့ Google ကို ရောက်တဲ့အခါမှာတော့ စိတ်ကူးယဉ်သိပ္ပံဝတ္ထုတွေထဲမှာသာ မြင်ဖူးတဲ့ နည်းပညာတွေကို စတင်တွေ့ရှိရပါတော့တယ်။ ဒါ့အပြင် တခြားကုမ္ပဏီတွေလို မဟုတ်ပဲ အစစအရာရာ အလကား အသုံးပြုနိုင်တဲ့အပြင် လုပ်ငန်းခွင်အတွင်း အနားယူချိန်မှာလည်း ပြည့်ပြည့်ဝဝနဲ့ သက်တောင့်သက်သာ အနားယူနိုင်တာကြောင့် သူတို့နှစ်ယောက် သဘောကျသွားကြပါတယ်။ ပြဿနာကတော့ အလုပ်သင်တွေကို အဖွဲ့ခွဲ၊ အဖွဲ့လိုက်ပြိုင်ပွဲ ကျင်းပပြီး အနိုင်ရတဲ့ အဖွဲ့ကသာ Google မှာ အလုပ်ရဖို့ အာမခံမှာ ဖြစ်ပါတယ်။ သူတို့နဲ့ အတူ ပါဝင်ရမယ့် သူတွေဟာ တက္ကသိုလ် ပြီးကာစ လူငယ်တွေ ဖြစ်ပြီး အသက်အရွယ်ကြောင့် သူတို့နဲ့ ဘယ်သူကမှ အဖွဲ့မဖွဲ့ချင်ကြပါဘူး။ နောက်ဆုံး သူတို့အဖွဲ့မှာ ဘယ်သူကမှ မခေါ်ချင်တဲ့လူတွေချည်း ကျန်နေခဲ့ကြပါတယ်။ Nooglers လို့ခေါ်တဲ့ ဒီအလုပ်သင်တွေဟာ အုပ်စုဖွဲ့ပြီး သူတို့ကို ပေးအပ်လာမယ့် တာဝန်ကို စောင့်နေကြရပါတယ်။ သူတို့အဖွဲ့ထဲမှာ Stuart လို့ခေါ်တဲ့ သူ့ဖုန်းကိုပဲ စိတ်ဝင်စားသူ၊ Yo-Yo လို့ခေါ်တဲ့ အိမ်မှာပဲ စာသင်ဖူးပြီး ပြင်ပလောကကို ခုမှ စတင်ထိတွေ့သူ၊ Neha လို့ခေါ်တဲ့ ပေါက်ကရတွေးတတ်တဲ့ ကောင်မလေးတို့ ပါဝင်လာပြီး အဖွဲ့ခေါင်းဆောင်ကတော့ သူ့ရဲ့ စိတ်မလုံခြုံမှုကြောင့် အမြဲတမ်းလိုလို တက်ကြွချင်ယောင်ဆောင်နေတဲ့ Lyle ဆိုတဲ့ Google က ဝန်ထမ်းငယ်လေးပါ။ Mr. Chetty ဟာ ဒီအလုပ်သင်တွေကို အကဲဖြတ်ပေးမယ့်သူဖြစ်ပြီး သူတို့အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေ၊ အားကစားနဲ့ နည်းပညာပိုင်းမှာ ဘယ်လို အကျွမ်းတဝင်ရှိသလဲဆိုတာတွေကို လေ့လာစောင့်ကြည့်နေပါတယ်။ Billy နဲ့ Nick ရဲ့ ရှေ့ခရီးဟာ ဘာတွေ ဖြစ်လာမလဲ။ မတူညီတဲ့ ပတ်ဝန်းကျင်တွေမှာ ကြီးပြင်းလာပြီး လူတွေနဲ့ အဆင်မပြေတဲ့ သူတို့အဖို့ ဘယ်လို အခက်အခဲတွေ ကြုံတွေ့ရမလဲ။ သူတို့ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေက ဘာတွေလဲ။ သူတို့ထက် အင်အားကြီးမားသူတွေ၊ ငယ်ရွယ်ထက်မြက်သူတွေကို ဘယ်လို ရင်ဆိုင်ကြမလဲ ဆိုတာကိုတော့ ဆက်လက်ရှုစားကြပါ။...

Kafas (2023- ) ⭐IMDB: 7.1/10 (138 Votes) 🎬 #Action&Adventure #Crime #Drama #Action #Adventure 🗓 2023- 🎞 tv series 📺 #1080p 🌎 #India ⏰ 41 မိနစ် 23 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Kafas (2023) CompleteKafas (2023) IMDb-7.7/10 ဒီဇာတ်လမ်းတွဲလေးကိုတော့ Sony LIVရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသခဲ့ပြီး အပိုင်း ၆ပိုင်းပါဝင်တဲ့ Hindစကားပြော Dramaအမျိုးအစား ဘောလိဝုဒ်ဇာတ်လမ်းတွဲပါ။ 3Idiots ဇာတ်ကားကြီးနဲ့ ကျွန်တော်တို့ရင်ထဲကို ရောက်ရှိခဲ့တဲ့ သူငယ်ချင်းသုံးယောက်ထဲက ရာဂျူးရဲ့ ဇာတ်လမ်းတွဲအသစ်လေးပါ။ဒီထဲမှာ သားဇောကပ်နေတဲ့ စီးပွားရေးမပြေလည်တဲ့ ဖခင်တစ်ယောက်နေရာကနေ ပီပြင်စွာသရုပ်ဆောင်ထားပါတယ်။ရုပ်ရှင်လောကက လူတချို့ရဲ့ လိင်စိတ်လွန်ကဲမှုနဲ့ လူတွေရဲ့လောဘအတ္တတွေကို အပြည့်အ၀ပုံဖော်ထားပါတယ်။မင်းသမီးကြီးကလည်း 3idiotsထဲမှာပဲ မင်းသမီးရဲ့အမနေရာက သရုပ်ဆောင်ထားတဲ့ မိုနာဆင်းဂ်ပါ။သူကလည်း မိခင်နေရာကနေ ဇာတ်ရုပ်ပီပြင်စွာပါဝင်ထားပါတယ်။ သာမာန်လူလတ်တန်းစားမိသားစုလေးတစ်ခုက မိခင်ဖြစ်သူဟာ သူမဖြစ်ခဲ့ရတဲ့အိပ်မက်တွေ သူ့သားဖြစ်သူ ဆန်နီတစ်ယောက် ဖြစ်ခွင့်ရလို့ဝမ်းသာနေပါတယ်။အဖွားဖြစ်သူအစောင့်အရှောက်နဲ့ ဘောလိ၀ုဒ်ရုပ်ရှင်ကား သွားရိုက်ပြီး ပြန်လာတဲ့ အထက်တန်းကျောင်းသား မင်းသားပေါက်စလေးဆန်နီတစ်ယောက် သူ့ကိုကြိုဆိုဖို့ စပရိုက်ပါတီလုပ်ပေးထားပေမယ့်လည်း မပျော်နိုင်ခဲ့ပါဘူး။အကြောင်းကတော့ သူအတူတွဲသရုပ်ဆောင်ခဲ့ရတဲ့ နာမည်ကြီးသရုပ်ဆောင် ဗစ်ကရန်ရဲ့ လိင်ပိုင်းဆိုင်ရာစော်ကားခြင်းကို ခံခဲ့ရလို့ပါ။ဒီအကြောင်းတွေကို မိဘတွေသိတဲ့အချိန်မှာတော့ ရင်တွေကွဲကြေပြီး ရှေ့ဆက်ဘာလုပ်ရမလဲ အကျပ်တွေ့ခဲ့ရပါတယ်။ သူတို့လို ဘာမှမရှိတဲ့အခြေအနေရယ် တဖက်လူရဲ့ ကျော်ကြားမှု စည်းစိမ် ပါဝါတွေရယ်က ယှဉ်နိုင်ဖို့လည်း ခဲယဉ်းနေတယ်။ဒါပေမယ့် ရှိတဲ့အင်အားနဲ့ အဲဒီမတရားမှုကို အရေးယူနိုင်ဖို့ကြိုးစားကြမလား။ ချမ်းသာကြွယ်၀မှုဆိုတာကို သူတို့တွေတွန်းလှန်နိုင်ပါ့မလား။မိသားစုတွေ အဆင်ပြေပြေဆက်နေနိုင်မှာလားဆိုတာ………………..။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Aditi~Cherry~Voldemort~Moon~BpL~ThaikSanတို့ပဲဖြစ်ပါတယ်)Quality : 1080p / 720pTotal Episodes : 6EpsFormat : mp4Genres :Drama, BollywoodDuration : 41minsSubtitle : Myanmar Subtitle ( Hardsub )...

SEAL Team (2017- ) ⭐IMDB: 7.8/10 (30 k Votes) 🎬 #Action #Adventure #Drama #War #Politics 🗓 2017- 🎞 tv series 📺 #1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 44 မိနစ် 14 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 SEAL Team (2017) CM ပရိတ်သတ်ကြီးတခဲနက်တောင်းဆိုထားတဲ့ တိုက်တာခိုက်တာလည်းမိုက်၊ လက်တွေ့လည်းဆန်၊ ဇာတ်အိမ်လည်းကောင်းတဲ့ နာမည်ကြီးစစ်ကားစီးရီးတစ်ခုဖြစ်တဲ့ Seal Team 2017 ကိုယူဆောင်လာပေးခဲ့ပါပြီ။ Seal Team ဟာဆိုရင်‌တော့ Navy Seal အထူးတပ်ဖွဲ့၀င်တွေရဲ့ အမိမြေအတွက် အန္တရာယ်များတဲ့စစ်ဆင်ရေးတွေ ဆင်နွှဲကြပုံကိုရိုက်ကူးထားတဲ့ စီးရီးတစ်ခုပဲဖြစ်ပါတယ်။ ဒီစီးရီးထဲမှာ Seal တပ်ဖွဲ့၀င်တွေရဲ့ လေ့ကျင့်မှုတွေ၊ ဗျူဟာချမှတ်ပုံတွေ၊ စစ်ဆင်ရေးပြုလုပ်ပုံတွေကို ဇာတ်အိမ် ကောင်းကောင်း သရုပ်ဆောင်ကောင်းကောင်းနဲ့ ရိုက်ပြထားတဲ့အပြင် မိသားစုရေး၊ နိုင်ငံကိုသစ္စာစောင့်သိမှု၊ အဖွဲ့လိုက်လုပ်ဆောင်မှု၊စစ်ပွဲအကြောင်းတွေကိုလည်း ရသစုံစွာ ထည့်သွင်းရိုက်ကူးထားပါတယ်။အထူးသဖြင့် Navy Sealလိုအထူးတပ်ဖွဲ့မျိုးမှာ တာ၀န်ထမ်းဆောင်ရတဲ့ တပ်ဖွဲ့၀င်တွေရဲ့ ပရော်ဖက်ရှင်အလုပ်နဲ့ သာမန်ဘ၀အကြားမှာ ဟန်ချက်ညီမှုရရှိအောင်ကြိုးစားကြရပုံတွေကိုလည်း မြင်တွေ့ရမှာပါ။ ဒါ့အပြင် ဇာတ်လမ်း စ၊လယ်၊ဆုံး တိုက်ခိုက်နေတာမဟုတ်ဘဲ ၎င်းတို့ရဲ့သာမန်ဘ၀တွေမှာ ကြုံတွေ့ရတဲ့ဒရာမာတွေကိုလည်း ထည့်သွင်းပေးထားတာမလို့ တစ်ပိုင်းနဲ့တစ်ပိုင်း ဇာတ်လမ်းအချိတ်အဆက်က အတော်ကောင်းပါတယ်။ နောက်ထပ်စိတ်၀င်စားစရာကောင်းတဲ့အချက်ကတော့ Seal Teamရဲ့ ဇာတ်ညွှန်းကိုရေးသားရာမှာ Navy Seal တပ်ဖွဲ့၀င်အစစ်တွေရဲ့ အကူအညီကိုရယူထားပြီး ရိုက်ကူးရေးအဖွဲ့ရဲ့ ၇၀ရာခိုင်နှုန်းလောက်က စစ်ရေးအတွေ့အကြုံရှိတဲ့စစ်မှုထမ်းဟောင်းတွေလို့ ဆိုပါတယ်။Trent အဖြစ်သရုပ်ဆောင်ထားတဲ့ Tyler Grayဟာဆိုရင်လည်း Delta Forceရဲ့ တပ်ဖွဲ့၀င်ဟောင်းတစ်ဦးဖြစ်ပါတယ်။ IMDb 7.8 ရရှိထားတဲ့ Seal Team ဟာ အပိုင်းတိုင်းကို ဇာတ်အိမ်ကောင်းကောင်းနဲ့ အက်ရှင်နဲ့ ဒရာမာကိုအချိုးညီညီ လက်တွေ့ဆန်အောင် ပေါင်းစပ် ရိုက်ကူးထားတာကြောင့် ပရိတ်သတ်တွေရဲ့တခဲနက်ထောက်ခံအားပေးမှုကိုရရှိထားပြီး user reviews တွေလည်းအတော်ကောင်းတာကိုတွေ့ရှိရပါတယ်။ ဒါကြောင့် ဇာတ်အိမ်ကောင်းကောင်း အက်ရှင်ကောင်းကောင်းနဲ့ Militaryစီးရီးကောင်းကောင်းကိုကြည့်ချင်တယ်ဆိုရင်တော့ ဒီစီးရီးကို‌ သေချာပေါက်ကြည့်ကြည့်ဖို့ အကြံပြုလိုက်ပါတယ်။File size…(1 GB)/(490 Mb)Quality….Webrip 1080p / 720p / 480p...

Based on a True Story (2023- ) ⭐IMDB: 7.3/10 (5 k Votes) 🎬 #Comedy #Drama 🗓 2023- 🎞 tv series 📺 #1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 24 မိနစ် 15 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Based on a True Story (2023)Based on a True Story (2023) ===================== IMDb Rating – 7.3/10ဒီတစ်ခါမှာတော့ CM ပရိတ်သတ်ကြီးတို့အတွက် (2023)ခုနှစ်ထွက် Comedy, Thriller စီးရီးအသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ လော့စ်အိန်ဂျလိစ်မြို့မှာ Westside Ripper ဆိုတဲ့ ကွင်းဆက်လူသတ် သမားကြီး ခေတ်ထနေဆဲအချိန်ဖြစ်ပါတယ်။ သေဆုံးသူ (၇)ယောက် ထိ ရှိလာတာတောင် ရဲတွေလည်း တရားခံဘယ်သူမှန်း မသိကြသေး ပါဘူး။ တင်းနစ်ကစားသမားဟောင်းတစ်ယောက်ဖြစ်တဲ့ နေသန်နဲ့ သူ့ဇနီးအေ ဗာတို့ဟာ လောကဓံရိုက်ခတ်မှုကြောင့် ငွေကြေးအခက်ကြုံနေဆဲမှာပဲ ရေစက်လား ဝဋ်ကြွေးလားမသိ၊ အဲဒီကွင်းဆက်လူသတ်သမားကို ဘယ် သူဘယ်ဝါဆိုတာ သိသွားရုံမက လူကောင်လုံးလိုက်ကြီးပါ တွေ့လိုက် ကြရပါတယ်။ “အူမတောင့်မှသီလစောင့်နိုင်တယ်”ဆိုတဲ့စကားပုံအတိုင်း ငွေကြေးအခက်ကြုံနေတဲ့ လင်မယားစုံတွဲဟာ လူသတ်သမားကို ရဲလက် မအပ်ဘဲ လူသတ်သမားကို အကြောင်းပြုပြီး ငွေလမ်းကြောင်းဖန်တီးဖို့ စိတ်ကူးရသွားကြပါလေရော။ ဒီလိုနဲ့ လင်မယားနှစ်ယောက်နဲ့ ကွင်းဆက် လူသတ်သမားတစ်ယောက်တို့ရဲ့ အရှုပ်တော်ပုံကြီး စ‌တင်လေသတည်း ပေါ့ဗျာ။IMDb Rating 7.3/10 ရရှိထားပြီး Herly Quinn: Birds of Prey (2020)ထဲက Victor Zsasz အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Chris Messina က ဇာတ်လိုက် နေသန်အဖြစ် ပါဝင်ထားပါတယ်။ ဒါ့အပြင် Stranger Things ထဲက Nancy Wheeler ‌ဇာတ်ကောင်နေရာက မင်းသမီး Natalia Dyerလည်း ပါဝင်ထားတဲ့စီးရီးလေးပါ။(ဒီစီးရီးရဲ့ အညွှန်းကို Ngwe Zin မှရေးသားပေးပြီး၊ ဘာသာ ပြန်ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်။)File Size………….(250 MB) / (650 MB)...

Loft (2008) ⭐IMDB: 7.3/10 (24 k Votes) 🎬 #Crime #Drama #Mystery #Romance #Thriller 🗓 2008 🎞 movie 📺 #1080p #720p 💿 1.8 GB ⦿ 672.4 MB 🌎 #Belgium ⏰ 1 နာရီ 57 မိနစ် 54 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 “ဆိတ်ကွယ်ရာ” ဆိုတာကတော့ ကိုယ့်ရဲ့အမှောင်ခြမ်း. မကောင်းမှုတွေ စတာတွေကို လူတွေ ပေါ်ပေါ်ထင်ထင် လုပ်ကြတဲ့နေရာ အဖြစ် သတ်မှတ် လို့ရပါတယ်. တခြားလူတွေအမြင်နဲ့ကွဲပြားစွာ. မျက်နှာဖုံးတွေကွာကျတဲ့ နေရာအဖြစ်လည်း တင်စားလို့ရပါတယ်. ဒီကားမှာတော့ လူမြင်မခံတဲ့သာယာမှုတွေကို ခံစားဖို့ ထပ်ခိုးခန်းလေးတစ်ခုကို မျှဝေသုံးစွဲတဲ့ လူ ၅ ယောက် အကြောင်းကို ဆိတ်ကွယ်ရာမှာ အရိုင်းဆန်တတ်တဲ့ လူ့သဘာဝကို ထင်ဟပ်ပြသရင်း စုံထောက်မှုခင်းဆန်စွာ တင်ဆက်ပြထားပါတယ်. ဇာတ်လမ်းအစကိုတော့ ထပ်ခိုးခန်း ၁ ခန်း၊ ထိုအခန်းကို ဖွင့်နိုင်တဲ့ သော့ ၅ ချောင်း၊ သော့ ၅ ချောင်းကို ၁ ချောင်းစီကိုင်ထားတဲ့ လူ ၅ ယောက်၊ အခန်းတွင်းမှာ ထူးဆန်းစွာ ရောက်ရှိနေတဲ့ အလောင်း ၁ လောင်းနဲ့ ဖွင့်ထားပါတယ်. အိမ်ထောင်ရေးနဲ့ စိတ်ဆန္ဒဖိုမသဘာဝ၊ အကျပ်အတည်းကြားမှ ဉာဏ်ကစားမှု၊ လှည့်စားဉာဏ်များတတ်တဲ့ လူ့သဘာဝကို ထင်ဟပ်ပြထားပြီး လျို့ဝှက်ဆန်းကြယ် မူခင်းရသ မျိုးကို ပေးနိုင်တဲ့ ဒီဇာတ်ကားလေးကို ပရိသတ်များ ရှုစားနိုင်ဖို့ CM ကနေ တင်ဆက်ပေးလိုက်ရပါတယ်…...