ဇာတ်ညွှန်းများ • FDMN
Закритий канал
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
The Coldest City (2023)
⭐IMDB: 6.5/10 (31 Votes)
🎬 #Action #Drama #Thriller #War #Mystery
🗓 2023 🎞 movie
📺 #720p #1080p
💿 578.9 MB ⦿ 970.1 MB
🌎 #China
⏰ 2 နာရီ 21 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်အပြီးမှာ တရုတ်နိုင်ငံကိုကျူးကျော်ထားတဲ့ ဂျပန်တွေဟာ လက်နက်ချခဲ့ပါတယ်
အဲဒီအချိန် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဒေသက တုန်းပေဆိုတဲ့မြို့လေးမှာ အုပ်ချုပ်သူမဲ့နေတဲ့ အခြေအနေမှာ ဒုစရိုက်သမားတွေနဲ့ပြည့်နှက်နေသလို မကောင်းတဲ့ အင်အားစုတွေဟာ ဒီမြို့လေးမှာ ကြီးစိုးနေပါတယ်။သူငယ်ချင်းရဲ့ မိသားစုဖြစ်တဲ့ ဖန်းမိသားစုတစ်စုလုံး အသတ်ခံလိုက်ရတာအပြင်ဖူရှန်းဘဏ်က လူ ၃၇ ယောက် အသက်ပေးလိုက်ရတဲ့အမှုကြောင့် လက်စားချေဖို့အတွက် ပင်းမြို့ကိုရောက်လာခဲ့တဲ့ လက်ဖြောင့်သေနတ်သမား ကုညန့်၊
ဒီကိစ္စရဲ့ အဓိက တရားခံဖြစ်တဲ့ လီမိသားစုက သခင်ကြီး လီဟွမ်နဲ့ သားဖြစ်သူ လီချင့်၊ကုညန့်ကို ကူညီပေးမယ့် လုပ်ကြံသတ်ဖြတ်သူ လောင်ကျောင်း၊ပင်းမြို့မှာ နေရာရဖို့ မကောင်းမှုအားလုံးကိုကျူးလွန်နိုင်တဲ့ လောဘဇောတိုက်နေတဲ့ စီးပွားရေးသမားတွေ…
တစ်မြို့လုံးမှာ ရှုပ်ယှက်ခတ်နေတဲ့ အခြေအနေတွေကြားမှာကုညန့်ရဲ့ လက်စားချေဖို့ အစီအစဥ်ဟာ အောင်မြင်နိုင်ပါ့မလားလုပ်ကြံသတ်ဖြတ်သူဖြစ်တိုင်း မကောင်းတဲ့သူမဟုတ်ဘူးဆိုတာကိုသက်သေပြသွားမယ့် လောင်ကျောင်းကရောကုညန့်ကို ဘယ်လောက်အထိ ကူညီသွားမလဲ ဆိုတာဒီဇာတ်ကားလေးမှာ အားပေးကြပါဦး
ဒီဇာတ်ကားဟာ ဂျပန်ဆန့်ကျင်ရေးစစ်ပွဲကာလမှာ တိုင်းပြည်ကာကွယ်ရေးမှာတစ်တပ်တစ်အားပါဝင်ခဲ့ကြတဲ့ လုပ်ကြံသတ်ဖြတ်သူတွေနဲ့သေနတ်သမားတွေကို ကိုယ်စားပြုပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်...
Alone Together (2022)
⭐IMDB: 5.4/10 (1 k Votes)
🎬 #Drama #Romance
🗓 2022 🎞 movie
📺 #720p #1080p
💿 578.0 MB ⦿ 1.0 GB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 21 မိနစ်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Alone Together (2022)
ကိုဗစ်ကာလတွင်းက အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ကိုဗစ်တွေစဖြစ်တော့ လမ်းတွေ အကုန် ဗလာကျင်းသွားတာကိုတောင် သွားသတိရမိပါသေးတယ်။ အလုပ်တွေပိတ်၊ ဆိုင်တွေ ပိတ်၊ လမ်းပေါ်မှာ ဘယ်သူမှမရှိ။ တစ်ကမ္ဘာလုံး ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်သွားတာကို မှတ်မိကြမှာပါ။ စားဖို့သောက်ဖို့ကို ဖွင့်တဲ့ဆိုင် ပတ်ရှာရတာလည်း အမော။ ဒီကြားထဲ ကမ္ဘာပဲပျက်တော့မလိုလို ဇွန်ဘီးတွေ ဖြစ်တော့မလို ပေါက်တတ်ကရပြောကြတဲ့လူတွေကရှိသေး။
ဒါပေမဲ့ ကျွန်တော်တို့တွေ ကိုဗစ်ရောဂါကို တာဝန်သိသိ ဂရုစိုက်ပြီး အနိုင်ယူနိုင်တော့မယ့် အနေအထားကို ရောက်လာပြီဆိုတော့ တစ်ရန်အေးရတာပေါ့။ ဒီဇာတ်လမ်းလေးက ကိုဗစ်ကာလမှာ ရောဂါရှောင်ဖို့ လူနေကျဲပါးတဲ့နေရာကို သတင်းစာမှာ အစားအသောက် အညွှန်းရေးတဲ့ သတင်းထောက်မလေးတစ်ယောက် သွားရာက စပါတယ်။
သူငှားထားတဲ့ အိမ်ပိုင်ရှင်လင်မယားက နားလည်မှုလွဲပြီး တခြားသူတစ်ယောက်ကိုပါ ငှားထားမိပါတယ်။သတင်းထောက်မလေးနဲ့ တူတူလိုက်လာမယ့် သူ့ကောင်လေးကလည်း စီစဉ်မထားဘဲ မိဘအိမ်ကို ပြန်သွားတော့ သူ့ခမျာ နေစရာမရှိတဲ့ ဒုက္ခတွေ့ရတော့မယ့်အချိန်မှာ အရင်ရောက်နေတဲ့ သဘောကောင်းတဲ့ ကိုလူစိမ်းက တစ်ညနေခွင့်ပေးရာကစပြီး သူတို့နှစ်ယောက်ကြားမှာ သံယောဇဉ်ဖြစ်လာကြပါတယ်။ ဒါပေမဲ့ သူနဲ့လိုက်မလာနိုင်တဲ့ချစ်သူကလည်း ရှိနေသေးပေမဲ့ စိတ်ချင်းနီးစပ်တဲ့သူနဲ့ အိမ်တွင်းအောင်း ကာလမှာ နှစ်ယောက်တည်း တူတူနေရတော့… အိုးချင်းထား အိုးချင်းထိ၊ ကြိုးချင်းထား ကြိုးချင်းညှိကြတာပေါ့ဗျာ။
မင်းသမီး ကေတီဟုမ်းကတော့ လက်ရှိ၀င်ငွေအကောင်းဆုံးမင်းသားဖြစ်နေတဲ့ တွမ်ခရုစ်ရဲ့ ဇနီးဟောင်းဖြစ်ပြီး ဆူရီခရုစ်ဆိုတဲ့ သမီးချောချောလေး ကို မွေးထားတဲ့သူပါ။ မင်းသား Jim Sturgess ကတော့ One Day (2011) တို့လို အကောင်းစားရိုမန့်တစ်ကားတွေအပြင် ဟိုးကတည်းက နာမည်ကြီးခဲ့တဲ့ စီအမ်ဖန်တွေ မသိသူမရှိလောက်မယ့် 21 (2008) ရဲ့ မင်းသားလည်း ဟုတ်ပါတယ်။ Mid Range က Cast အလန်းစားတွေသုံးထားပြီး Metacritic Scroe – 52% တောင်ရထားတဲ့ ရုပ်ရှင်မို့ ပါချီပါချက်တော့ မဟုတ်ပါဘူး။
(ဒီဇာတ်ကားနဲ့အညွှန်းကို666မှ ပြန်ဆို ရေးသားထားပါတယ်)...
Carter (2022)
⭐IMDB: 5.1/10 (9 k Votes)
🎬 #Action #Thriller #Crime
🗓 2022 🎞 movie
📺 #1080p #480p #720p
💿 456.0 MB ⦿ 1.2 GB ⦿ 3.3 GB
🌎 #SouthKorea
⏰ 2 နာရီ 14 မိနစ် 29 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Carter(2022) အညွှန်း
*****************
(အဖော်အချွတ်ခန်းအချို့နဲ့ ကြမ်းတမ်းတဲ့
သတ်ဖြတ်ခန်းတွေ အများကြီးပါတာမို့ မိသားစုနဲ့အတူ
မကြည့်သင့်ပါဘူး..)
ဇာတ်လမ်းကိုတော့ ခေါင်းထဲမှာ ဗလာမှတ်ဉာဏ်နဲ့နိုးထလာတဲ့ လူတစ်ယောက်နဲ့ အစချီထားတယ်
အဲ့ဒီလူနိုးနိုးချင်းမှာပဲ သူ့နားပတ်လည်မှာ သွေးသံရဲရဲဖြစ်နေပြီး CIAအေးဂျင့်တွေဝိုင်းနေခဲ့တယ်
ကိုယ့်ကိုယ်ကို ဘယ်သူဘယ်ဝါမှန်းမသိတဲ့ အဲ့ဒီလူက ရုတ်တရက် သူ့နားထဲမှာတပ်ထားတဲ့
အသံတစ်ခုကို ကြားပြီး အဲ့ဒီအသံစေညွှန်ရာအတိုင်း လိုက်လုပ်ဖို့ဖြစ်လာတယ်
နားထဲကစက်ရဲ့အသံပိုင်ရှင်ဆီကနေ သူ့နာမည် “Carter”ဆိုတာနဲ့ အေးဂျင့်ဟောင်းတစ်ယောက်ဖြစ်မှန်း သိခဲ့ရတယ်
စီအိုင်အေနဲ့ မြောက်ကိုရီးယားကြားက ဆန်းကြယ်တဲ့စစ်ဆင်ရေးတစ်ခုကို
Carterဘက်က မငြင်းဆန်နိုင်ဘဲ မဖြစ်မနေလုပ်ရမဲ့ အကြောင်းဖန်လာတဲ့အခါ….
ထူးခြားတဲ့ဇာတ်အိမ်၊ ရင်တမမကြည့်ရမဲ့ဇာတ်ကွက်တွေနဲ့ ကြည့်ရတာတန်မဲ့ကားကောင်းဖြစ်လို့
လက်မလွတ်တမ်း ခံစားကြည့်ရှုကြပါဦး…
....
Painkiller (2023-2023)
⭐IMDB: 7.5/10 (3 k Votes)
🎬 #Drama #Crime
🗓 2023-2023 🎞 tv mini series
📺 #1080p
🌎 #UnitedStates #UnitedStatesofAmerica
⏰ 47 မိနစ် 25 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Painkiller (2023) Completeဒီတစ်ခါမှာတော့ CM ပရိသတ်ကြီးတို့ကို အခုတလောမှာ အသစ်စက်စက် ထွက်ရှိထားတဲ့ Netflix series Painkiller နဲ့
မိတ်ဆက်ပေးပါဦးမယ်။ ဒီ series က IMDb rating 7.4/10 နဲ့ Rotten tomatoes မှာ rating 44% ရရှိထားပြီးတော့
2012 တုန်းက နာမည်ကြီးရုပ်ရှင် Battleship ဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Peter Berg က ရိုက်ကူးထားတာပါ။
ဒီဇာတ်ကားရဲ့ ထူးခြားချက်ကတော့ ဖြစ်ရပ်မှန်ဆိုတာထက် လက်တွေ့သုတေသနလုပ်ထားတဲ့ အချက်အလက်တွေကို အခြေခံရိုက်ကူးထားတာ ဖြစ်ပါတယ်။Painkiller ဆိုတဲ့ ဒီဇာတ်ကားက 21 ရာစုနှစ်ရဲ့ ကျန်းမာရေးကပ်ရောဂါတွေ ဖြစ်ပွားရတဲ့ အခြေခံအကြောင်းရင်းကို ရိုက်ကူးပုံဖော်ထားတာပါ။
ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ နာကိုတစ် အကိုက်ခဲပျောက်ဆေးတွေနဲ့ အိုပီရိုက်တို့က အကိုက်အခဲဝေဒနာ ခံစားရသူတွေအတွက်
ဆေးဝါးတစ်ခုအဖြစ် တစ်ချိန်တစ်ခါက သုံးစွဲခဲ့ကြပါတယ်။ ပါဒူးဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီက အောက်ဆီကိုတင်ဆိုတဲ့ မူးယစ်ဆေးပါတဲ့ဆေးကို
ဒေါ်လာဘီလီယံချီဝင်စေမယ့် ထုတ်ကုန်အဖြစ်ဖန်တီးခဲ့တယ်။ သူတို့က ဒီဆေးကို နာကျင်မှုအမျိုးမျိုးအတွက် စိတ်ချလက်ချသုံးနိုင်ပြီး အာနိသင်အကြာကြီး
အစွမ်းပြတယ်လို့ ကြော်ငြာပြီး ရောင်းချတာဖြစ်ပါတယ်။ လူတွေက ဆရာဝန်တွေဆိုရင် ယုံကြတာမလို့ ကုမ္ပဏီဘက်က ဆရာဝန်တွေကို သူတို့ဆေး
ညွှန်းအောင်လို့ နည်းအမျိုးမျိုးနဲ့ သိမ်းသွင်းပါတယ်။ အညွှန်းများတဲ့ ဒီဆေးဟာ မကြာခင်မှာပဲ လူတွေအကြား အရမ်းနာမည်ကြီးလာခဲ့ပါတယ်။
ဒါပေမဲ့လည်း မူးယစ်ဆေးဝါးနှိမ်နှင်းသူတွေက အောက်ဆီရဲ့ စွဲလမ်းစေမှုနဲ့ အန္တရာယ်ကို သိသွားချိန်မှာ အဲဒီအလိမ်အညာဟာ ချက်ချင်းပေါ်လာခဲ့ပါတယ်။
ဆရာဝန်တွေအပါအဝင် လူအများစုက ဒီဆေးကိုထောက်ခံနေကြတာမလို့ ဆေးရဲ့နောက်ကွယ်က မကောင်းတဲ့အခြမ်းကို ထုတ်ဖော်နိုင်မလား၊
ကုမ္ပဏီဘက်ကရော အသာလေးငြိမ်ခံနေပါ့မလား၊ ဒီလိုမျိုး ဆိုးဝါးတဲ့ အမြတ်ထုတ်မှုကို ဘယ်လိုဖြေရှင်းသွားမလဲဆိုတာ
ဒီဇာတ်ကားလေးထဲမှာပဲ ပရိသတ်ကြီးတို့ကိုယ်တိုင် ကြည့်ရှုလိုက်ကြပါ။Quality : 1080p NF WEB DL / 720pTotal Episodes : 6EpsFormat : mp4Genres : Crime | DramaDuration : 54minsSubtitle : Myanmar Subtitle ( Hardsub )...
Bora (2023)
⭐IMDB: 4.4/10 (91 Votes)
🎬 #Thriller
🗓 2023 🎞 movie
📺 #720p #1080p
💿 723.1 MB ⦿ 1.8 GB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 30 မိနစ် 19 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Bora (2023)
ဒီကားလေးက 2023 ခုနှစ်ထွက် Thriller ကားသစ်လေးဖြစ်ပါတယ်။ အီလွန်ဆိုတဲ့ကောင်မလေးက မက်ဆီကန်ရိုးရာ လူသေများရဲ့နေ့မှာ စည်းကမ်းတင်းကြပ်တဲ့ မိဘနဲ့ အကာအကွယ်လွန်နေတဲ့ရည်းစားရဲ့လက်ကနေ ကိုယ့်ကိုယ်ကိုယ်ရှာဖွေဖို့ခရီးထွက်လာပါတယ်။ လမ်းမှာ ဘိုရာဆိုတဲ့ကောင်မလေးတစ်ယောက်ကို ကားနဲ့မတော်မဆတိုက်မိပြီး အဲဒီကောင်မလေးကို လမ်းကြုံခေါ်တင်လာပါတယ်။
အဲဒီကနေမှ သူတို့ရင်းနှီးလာပြီး အီလွန်ကို ဘိုရာက အယ်လ်အေတစ်ဝိုက် လိုက်ပြမယ်လို့ပြောပြီး အီလွန် တစ်ခါမှမလုပ်ဖူးတာတွေကို လုပ်ဖို့ဆွဲဆောင်ပါတော့တယ်။ ဘိုရာနဲ့တွေ့ပြီး အီလွန်မကြုံဖူးတာတွေကိုပါ ကြုံလာရရင်း ဘိုရာကဘယ်လိုလူစားမျိုးလဲ… ဘိုရာနဲ့အတူရှိရတာ အီလွန်အတွက် အန္တရာယ်ရောကင်းရဲ့လား…ဆိုတာ စိတ်၀င်တစားကြည့်ရှုရမှာပါ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုSoe Thiri Sweမှ ပြန်ဆို ရေးသားထားပါတယ်)...
The Majestic (2001)
⭐TMDB: 68.0% User Score
🎬 #Drama #Romance
🗓 2001 🎞 movie
📺 #720p #1080p
💿 1.1 GB ⦿ 2.4 GB
🌎 #UnitedStates #UnitedStatesofAmerica #UnitedStatesofAmerica
⏰ 2 နာရီ 32 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Majestic (2001)
~ IMDb – 6.9/10, Rotten Tomatoes – 42% ~
ဒီရုပ်ရှင်နဲ့ ပတ်သက်ရင် ပြောစရာတွေများပါလိမ့်မယ်။ ဝေဖန်သံဆူသလောက် ချီးမွမ်းသံညံခဲ့တဲ့ရုပ်ရှင်ပါ။ The Shawshank Redemption, The Green Mile နဲ့ The Mist တို့ရဲ့ ပဲ့ကိုင်ရှင် ဒါရိုက်တာကြီး Frank Darabont လက်ရာကို အသည်းစွဲခဲ့ဖူးတဲ့လူတွေကတော့ “ဆရာကြီး ခင်ဗျားဒီတစ်ခါ နည်းနည်းလက်ချော်သလိုပဲနော်” လို့ ပြောချင်ကြမှာပေါ့။ အနုပညာလက်ရာအားဖြင့်ဆိုတာထက် အပေါ်ကလို Box Office မှာ ဝင်ငွေအရကော အနုပညာအရပါ အောင်မြင်ခဲ့တဲ့ကားတွေကိုရိုက်ခဲ့တဲ့ ဒါရိုက်တာကြီးက Jim Carrey ကို မင်းသားတင်ရိုက်တာတောင် ဝင်ငွေအရ 49 သန်းလောက် ရှုံးခဲ့လို့ပါတဲ့လေ။
ရုပ်ရှင်ကားတစ်ကားကို ဝေဖန်ဖို့ Box Office လေးတစ်ခုတည်းကိုပဲ ကြည့်လို့မရမှန်း အနည်းနဲ့အများတော့လက်ခံကြမှာပါ။ လူတွေရဲ့အမြင်နဲ့ရပ်တည်ချက်တွေကိုတော့ ဘယ်သူကမှ မထိန်းချုပ်နိုင်ဘဲကိုး။ ဒီရုပ်ရှင်ထဲမှာ ဒီအကြောင်းလေးလည်းပါလာပါသေးတယ်။
ရုပ်ရှင်အကြောင်းကတော့ ရုပ်ရှင်အကြောင်းပဲ။ ဒီရုပ်ရှင်အတွက် အမေရိကန်နိုင်ငံရဲ့ ၂၀ ရာစုအလယ် ရုပ်ရှင်လောကအခြေအနေလေးတစ်ခုကို အရင်ပြောပြချင်ပါတယ်။
ဒုတိယကမ္ဘာစစ်အပြီး အမေရိကန်နိုင်ငံမှာ Red Channel ဆိုတဲ့ အဖွဲ့အစည်းတစ်ခုရှိခဲ့တယ်။ သူတို့ရဲ့တာဝန်ကတော့ ရေဒီယိုနဲ့ တီဗီလောကမှာ ကွန်မြူနစ်နဲ့ လက်ဝဲဝါဒ လွှမ်းမိုးမှုမရှိစေရေးပေါ့။ သူတို့က အဲဒီလိုအယူအဆရှိတဲ့အနုပညာရှင်တွေကို နာမည်ပျက်စာရင်းသွင်းတယ်။ အဲဒီလိုအသွင်းခံရတဲ့လူတွေက အနုပညာလုပ်ခွင့်မရှိတော့ဘူး။ ရပ်တည်ခွင့်တောင်ရဖို့ ခပ်ရှားရှားပဲ။ အဆိုးဆုံးအနေနဲ့ဆိုရင်ထောင်ပါကျကြတာရှိတယ်။ အဲဒီလိုတောင် အမေရိကန်မှာ ကွန်မြူနစ်ဆန့်ကျင်ရေးက ကြမ်းခဲ့တာပေါ့။
ရုပ်ရှင်ဘက်ပြန်သွားရမယ်ဆိုရင်…ပီတာ (Jim Carrey) က တက်သစ်စ ဇာတ်ညွှန်းရေးဆရာ။ တစ်နေ့ကျတော့ မထင်မှတ်ဘဲ အစောကပြောခဲ့တဲ့ Red Channel ကနေ ကွန်မြူနစ်ပါလို့ စွပ်စွဲတာခံရပါလေရော။ အကြောင်းကတော့ ကောလိပ်တုန်းက လက်ဝဲကလပ်တစ်ခုရဲ့ အစည်းအဝေးတက်ခဲ့လို့တဲ့ (ဘာကြောင့်တက်ခဲ့တာလဲဆိုတာတော့ ရုပ်ရှင်ထဲမှာပဲကြည့်လိုက်ပါတော့)။ အဲဒါကြောင့် သူကစိတ်ညစ်ပြီး မူးမူးရူးရူးနဲ့ ကားမောင်းတုန်း မြစ်ထဲကျသွားတယ်။ သူလည်းအတိတ်မေ့ပြီး လော်ဆန်ဆိုတဲ့ မြို့ငယ်လေးတစ်ခုမှာကမ်းတင်သွားခဲ့တယ်။
လူ့လောကဆိုတာ တိုက်ဆိုင်မှုအက်တမ်တွေနဲ့ဖွဲ့စည်းထားတဲ့ ဒြပ်ထုတစ်ခုပဲ။ ဒီလိုတိုက်ဆိုင်မှုတွေကပဲ ကျွန်တော်တို့ကို ဘဝလမ်းမကြီးပေါ် မောင်းနှင်ပေးတာ။ တိုက်ဆိုင်စွာနဲ့ ပီတာကလည်း သူနဲ့ရုပ်ချင်းချွတ်စွပ်တူတဲ့ လုခ်ဆိုတဲ့ လူတစ်ယောက်နေထိုင်ခဲ့တဲ့ မြို့လေးကိုရောက်သွားတယ်။ ထပ်တိုက်ဆိုင်လိုက်ပုံများ သူကပါအတိတ်မေ့နေလေတော့ မြို့ခံတွေကလည်း သူ့ကို လုခ် လို့ထင်ကြတာပေါ့။ လုခ်ကလည်း ပျောက်ဆုံးသွားတာ ဆယ်စုနှစ်တစ်ခုရှိပြီဆိုတော့ အတိတ်မေ့သွားတာဖြစ်နိုင်ကောင်းပါရဲ့။ ဒီလိုနဲ့ သူဟာ မသက်ဆိုင်တဲ့ထီးနန်းကို အပိုင်စားရတဲ့အိမ်ရှေ့စံတစ်ပါးဖြစ်လာတယ်။
The Majestic ဆိုတာ အဲဒီမြို့လေးရဲ့ ရုပ်ရှင်ရုံတစ်ခုပေါ့။ ဒီရုပ်ရှင်ကိုစကြည့်လိုက်တာနဲ့ အဲဒါကိုခန့်မှန်းမိပြီးသားဖြစ်မယ်ထင်လို့ ကြိုပြောလိုက်တာပါ။ ဒါပေမဲ့ ဇာတ်လမ်းဟာ Majestic မှာ မတည်ဘူး။
တစ်ချိန်က ခမ်းနားဖူးတဲ့နန်းတော်ဟာ အခုတော့ ခြေကုန်လက်ပမ်းကျလို့။ ပီတာက မြို့ခံတွေဝတ်ပေးတဲ့ လုခ်ဝတ်ရုံကိုဆင်မြန်းရင်း ပုလ္လင်ထက်မှာ စံမြန်းတယ်။ ဒါပေမဲ့ မထိုက်သူဟာ မျက်ရည်တွေနဲ့ ဒူးထောက်ရတတ်စမြဲပဲမဟုတ်လား။ ထိုက်သူ မထိုက်သူဆိုတာကို ကံကပဲဆုံးဖြတ်တယ်။ ကံဟာ ကမ္မ အလုပ်။ အဆုံးသတ်တော့ ကိုယ်နဲ့ပဲဆိုင်တာပေါ့။ ဒီလိုနဲ့ ပီတာဟာ စုန်ချည်ဆန်ချည်နဲ့ ဘယ်ကမ်းမှာ သောင်တင်မလဲဆိုတာကို ရသပေါင်းစုံနဲ့ကြည့်ရှုရမှာပါ။
Cast တွေကလည်း ပစ်ရက်စရာမရှိတဲ့အပြင် ဒါရိုက်တာကလည်း ကျွန်တော်တို့နဲ့ မစိမ်းတဲ့သူဆိုတော့ ရင်းနှီးနေသလို ခံစားချက်လေးတစ်ခုရပါလိမ့်မယ်။ ထူးထူးဆန်းဆန်းဆုအနေနဲ့ Location နဲ့ပတ်သက်တဲ့ဆုလေးတစ်ခုလည်း ရထားတာကြောင့် ကြည့်ဖြစ်ခဲ့ရင် ရုပ်ရှင်ရိုက်ကွက်တွေအပြင် ရှုခင်းလေးတွေကိုပါ ခံစားကြည့်ဖို့အကြံပေးချင်ပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုMin Thant Boမှ ပြန်ဆို ရေးသားထားပါတယ်)...
Aurora Teagarden Mysteries: Something New (2023)
⭐IMDB: 6.3/10 (243 Votes)
🎬 #Crime #Drama #Mystery #TVMovie
🗓 2023 🎞 tv movie
📺 #720p #1080p
💿 717.4 MB ⦿ 1.3 GB
🌎 #UnitedStates #Canada
⏰ 1 နာရီ 24 မိနစ် 22 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ Aurora teagarden ဆိုတဲ့ မိန်းကလေးဟာ ဖြစ်ရပ်မှန်မှုခင်းစာပေကို ရူးသွပ်သူတစ်ဦးဖြစ်ပါတယ်၊ သူမအချစ်ဆုံးသူငယ်ချင်းရဲ့ မင်္ဂလာပွဲမတိုင်ခင် ရက်ပိုင်းလေးမှာ သတို့သားက ပျောက်ဆုံးသွားခဲ့တယ်၊ ပျောက်သွားတဲ့ သတို့သားကိုရှာဖွေပေးဖို့ သူငယ်ချင်းက အကူအညီတောင်းလာတဲ့အခါ Aurora လည်း ရဲတပ်ဖွဲ့ကသူငယ်ချင်းဖြစ်သူနဲ့အတူ ကူရှာပေးဖို့ဖြစ်လာခဲ့တယ်၊ စုံစမ်းရှာဖွေကြရာကနေ သတို့သားရဲ့ အိမ်ခန်းလသာဆောင်အောက်မှာ လူသေအလောင်းတစ်လောင်းကို တွေ့ခဲ့ကြတဲ့အခါ… လူသေမှုလား..လူသတ်မှုလား.. Aurora ကရော ဖြစ်ရပ်မှန်မှုခင်းစာပေကရတဲ့ဗဟုသုတတွေနဲ့ ဒီအမှုမှာ ဘယ်လိုတွေကူညီပေးမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ်၊ genre က crime, drama, mystery ဖြစ်ပြီး IMDb rating 6.3/10 ရရှိထားပါတယ် 2015 က စတင်ထွက်ရှိခဲ့တဲ့ Aurora teagarden mysteries series ကို movie အနေနဲ့ ထွက်ရှိလာတာဖြစ်ပြီး လျှို့ဝှက်ဆန်းကြယ် မှုခင်းဖြေရှင်းတာမျိုးတွေ ကြိုက်နှစ်သက်တဲ့သူတွေအတွက် ဇာတ်လမ်းကောင်းလေးဖြစ်တာကြောင့် ကြိုက်နှစ်သက်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်....
Blind Willow, Sleeping Woman (2022)
⭐IMDB: 7.1/10 (671 Votes)
🎬 #Animation #Drama #SciFi #ScienceFiction
🗓 2022 🎞 movie
📺 #720p #1080p
💿 879.1 MB ⦿ 2.0 GB
🌎 #France #Luxembourg #Canada #Netherlands #Hungary
⏰ 1 နာရီ 45 မိနစ် 54 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Blind Willow, Sleeping Woman (2022)
~ IMDb – 7.1/10, Rotten Tomatoes – 78% ~
မူရာကာမိရဲ့ စာအုပ်တွေကို ရုပ်ရှင်အဖြစ် အသက်သွင်းလာကြခဲ့တဲ့အထဲ အခုထိတော့ အနုပညာအရ မအောင်မြင်တာ မရှိသလောက်ပါပဲ။ ဒီတစ်ခါလည်း ရိုးရာမပျက်ခဲ့ပါဘူး။ ဒီတစ်ခါရုပ်ရှင်ကိုတော့ Pierre Földes လို့ခေါ်တဲ့ ရုပ်ရှင်တွေမှာ နောက်ခံတေးဂီတတွေ Compose လုပ်တဲ့သူက သူ့ပထမဆုံးကားအနေနဲ့ ဒါရိုက်တာလုပ်ရိုက်ကူးခဲ့တာပါ။ သူ့ရှေ့က မူရာကာမိစာအုပ်ကို မှီးရိုက်ခဲ့တဲ့ နှစ်ကားလိုပဲ ဝတ္တုတိုတွေကိုပဲ အခြေခံထားတယ်။ ထူးတာက သူက ဝတ္တုတိုစုစည်းမှု စာအုပ်၃အုပ်ကနေမှ ဝတ္တုတို၆ပုဒ်ကို ထုတ်သုံးလိုက်တာပါ။ Blind Willow, Sleeping Woman ရယ်၊ The Elephant Vanishes ရယ်၊ After the Quake ရယ်က ၆ပုဒ်ပြန်ထုတ်သုံးထားတာပါ။ ဒါပေမဲ့ ဒါတွေအားလုံးကို တစ်ဆက်တည်းဖြစ်အောင် ပြန်ဆက်ပြီး တင်ဆက်ထားတယ်။ ဆက်ထားတာ သပ်ရပ်တယ်ပဲပြောရမလားပါပဲ။ တစ်ပုဒ်တည်းလို ခံစားရပေမဲ့လည်း ဒီဇာတ်လမ်းတွေရဲ့ မတူညီတဲ့ အဇ္စျတ္တတွေကို ရှာဖွေခြင်းတွေကပဲ ဒီဇာတ်လမ်းတွေကို အဟတစ်ခုဖြစ်သွားစေခဲ့တယ်။
တိုကျိုက ဘဏ်တစ်ခုမှာ အလုပ်လုပ်နေတဲ့ လူတစ်ယောက်ရှိတယ်။ သူ့ဘဝမှာ ဘာမှထူးထူးခြားခြားဖြစ်မလာခဲ့ဘူး။ သူ့အလုပ်သူလုပ်နေရုံပဲ။ တာဝန်ကျေရုံလုပ်လိုက်လို့လည်း ပြီးတယ်။ ကောင်းကောင်းမွန်မွန်လုပ်ပေးလိုက်လို့လည်း သူ့ကို လာ အသိအမှတ်ပြုပေးမယ့်သူ မရှိဘူး။ ဒါပေမဲ့လည်း သူက သူ့အလုပ်ကို သူကောင်းကောင်းမွန်မွန်ပဲ အမြဲလုပ်ခဲ့တယ်။ တစ်နေ့ကျ ဘဏ်က ချေးငွေရက်စေ့ပေမဲ့ ပြန်မရတဲ့ကိစ္စတစ်ခုအတွက် သူ့ခေါင်းပုံပြီး ဖြေရှင်းခိုင်းခံရတာပေါ့။
ဘဏ်က နောက်လူတစ်ယောက်ကျ သူ့မှာ တခြားအရည်အချင်းတစ်ခု ရှိကောင်းရှိမယ်။ ဒါပေမဲ့ သူက ပိုနေမြဲ ကျားနေမြဲ ဒီအလုပ်မှာပဲ ဆက်လုပ်နေခဲ့တယ်။ သူ့မှာ မိန်းမတော့ရှိပေမဲ့ သူ့မိန်းမနဲ့သူကြား တစ်စုံတရာရှိမရှိ၊ သူ့ဆီမှာရော သူ့မိန်းမအတွက် တစ်စုံတရာရှိမရှိ သူမသိခဲ့ဘူး။ ဒီလိုပဲနေလာခဲ့တယ်။ တစ်နေ့ကျ တိုကျိုမှာ လူတွေအများကြီး သေဆုံးခဲ့တဲ့ ငလျင်အကြီးစားကြီးတစ်ခု ဖြစ်သွားခဲ့တယ်။ အဲဒီအချိန်မှာ သူ့မိန်းမက ငလျင်သတင်းတွေပဲ နေ့နေ့ညညထိုင်ကြည့်နေပြီး ဘာဆိုဘာမှမလုပ်တော့ဘူး။ ဒီလိုနဲ့ တစ်နေ့ကျ သူ့မိန်းမက သူ့ကို စာတစ်စောင်ထားပြီး ထွက်သွားခဲ့တယ်။
ဒီလိုနဲ့ သူတို့ဘဏ်မှာ လူထက်ဝက်လောက်လျော့ဖို့ အကြောင်းဖန်လာခဲ့တယ်။ မိန်းမပစ်သွားတာခံရတဲ့သူက ခွင့်တစ်ပတ်ယူပြီး ခရီးထွက်ရင်း သူ့မိန်းမကိစ္စကို အဖြေရှာနေတဲ့အချိန်… ပထမလူဆီ ဖားပြုပ်ကြီးတစ်ကောင်ရောက်လာပြီး သူနဲ့အတူ တိုကျိုမြို့ကြီး ငလျင်ထပ်လှုပ်မယ့်ဘေးကနေ ကယ်တင်ဖို့ နားချတယ်။ ဒီလိုနဲ့ ပိုနေမြဲကျားနေမြဲနေလာတဲ့ သူနှစ်ယောက်ရဲ့ဘဝထဲကို သူတို့ကိုယ်သူတို့သိလာဖို့အတွက် သူတို့အဖြေကို သူတို့ပြန်ရှာဖို့လိုလာတဲ့ အခိုက်အတန့်တစ်ခု ကျရောက်လာခဲ့တယ်။ ဒီရုပ်ရှင်ဟာ အဲဒီအခိုက်အတန့်ကနေ ဘယ်ကိုဆက်သွားမလဲ ကြည့်ရမယ့်ရုပ်ရှင်ပေါ့။
အန်နီမေးရှင်းအနေနဲ့ အသက်သွင်းထားလို့ ဒါရိုက်တာဟာ သူပြချင်တာကို လွတ်လွတ်လပ်လပ်ပြနိုင်ခဲ့သလို ပြီးခဲ့တဲ့ မူရာကာမိရုပ်ရှင်တွေလောက်လည်း မလေးလံတာမို့ အားလုံးနီးပါးအတွက် ကြည့်ရအဆင်ပြေမယ့် အန်နီမေးရှင်းရုပ်ရှင်ပါပဲ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုWiRa Aungမှ ပြန်ဆို ရေးသားထားပါတယ်)...
Rebel Without a Cause (1955)
⭐TMDB: 76.0% User Score
🎬 #Drama
🗓 1955 🎞 movie
📺 #720p #1080p #4K
💿 778.1 MB ⦿ 1.5 GB ⦿ 3.2 GB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 51 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb Rating (7.3) / Rotten Tomatoes (93%)
James Dean ကို နှုတ်ခမ်းကြား ဆေးလိပ်ညှပ်ထားတဲ့ ခပ်မိုက်မိုက်ကောင်လေးအဖြစ် ပိုစတာပုံလေးတွေလောက်တော့ မြင်ဖူးကြမှာပါ….သူဟာ လူငယ်ပရိတ်သတ်တွေရဲ့ Icon အဖြစ် ၁၉၅၅ ခုနှစ်ဝန်းကျင်က ဟောလိဝုဒ်မှာ တဟုန်ထိုးအောင်မြင်ခဲ့ပြီးအသက် ၂၄ နှစ်အရွယ်မှာပဲ ယာဉ်မတော်တဆမှုနဲ့သေဆုံးခဲ့ရတဲ့ လူတိုင်းကနှမြောရတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်…ဆယ်ကျော်သက်လူငယ်တို့ ခံစားရလေ့ရှိတတ်တဲ့ ကိုးကွယ်သူစံပြုပုဂ္ဂိုလ်အပေါ် အားမရစိတ်ပျက်သွားတဲ့ခံစားချက်တွေ၊လူမှုဝန်းကျင်မှာ ဝင်မဆံ့ဖြစ်တတ်တဲ့သဘောတွေကို အပိုင်နိုင်ဆုံး သရုပ်ဆောင်နိုင်သူ၊ စံထားရမယ့် မင်းသားတစ်လက်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။သူ့ဘဝသက်တမ်းတိုတိုလေးမှာ ရုပ်ရှင်ကားကြီး ၃ ကားသာ ရိုက်ကူးခဲ့ရပြီး Rebel Without a Cause (1955) ကတော့ ဒုတိယမြောက်ကားဖြစ်ပါတယ်။သူ့ရဲ့ပထမဆုံးဇာတ်ကားEast of Eden (1955)ကိုတော့ တင်ဆက်ပြီးသားဖြစ်ပါတယ်။သူ့ရဲ့နောက်ဆုံးဇာတ်ကား Gaint (1956) ကိုတော့ အခွင့်ကြုံရင် တင်ဆက်ပါဦးမယ်။
ယခုဇာတ်လမ်းလေးမှာလဲ ဆယ်ကျော်သက် ခေတ်လူငယ်တွေ ကြုံရလေ့ရှိတဲ့ စိတ်ခံစားချက်တွေ ပြဿနာတွေကို ကွင်းကွင်းကွက်ကွက် ပုံဖော်ရိုက်ကူးထားတယ်ဇာတ်လမ်းကတော့…အချိန်တိုင်း တကျက်ကျက် စကားများနေကြတဲ့ မိဘ… တစ်ခုခုဆို ပြဿနာကိုရှောင်ပြေးပြီး အိမ်ခဏခဏပြောင်းတဲ့ အမေနဲ့မယားကြောက်အဖေကို အားမလိုအားမရဖြစ်နေတဲ့ ဂျင်မ်…အပျိုဖော်ဖြစ်လာတော့ အရင်လို ကြင်ကြင်နာနာ မဆက်ဆံတော့တဲ့ အဖေရဲ့အာရုံစိုက်မှုကို သိပ်လိုချင်ရှာတဲ့ ဂျူဒီ…ကလေးဘဝကတည်းက အဖေ စွန့်ပစ်တာ ခံရပြီး အမေရဲ့ ဂရုစိုက်ခြင်းကို လုံးဝမခံရ အိမ်ဖော်မိန်းမကြီးနဲ့ပဲ အတူနေရတဲ့ ပလေတို…သူတို့ ၃ယောက်လုံးဟာ ပြဿနာကိုယ်စီနဲ့ ရဲစခန်းတစ်ခုမှ စဆုံမိကြတယ်နောက်နေ့ ကျောင်းစဖွင့်ချိန်မှာလည်း တစ်ကျောင်းတည်း အတူတက်ရပြန်တယ်ပလေတိုဟာ ဂျင်မ်နဲ့ သူငယ်ချင်းဖြစ်ဖို့ ကြိုးစားသလို ဂျင်မ်ကလည်း ဂျူဒီကို စိတ်ဝင်စားနေပြန်တယ်…ဂျင်မ်နဲ့ ဂျူဒီ စကားစမြည်ပြောရင်း သူမဟာ သူငယ်ချင်းအုပ်စုလို့ခေါ်တဲ့ အပေအတေ လူငယ်လေးတွေနဲ့ပဲ အချိန်ဖြုန်းလေ့ရှိတယ်သူတို့အုပ်စုနဲ့ ဂျင်မ်နဲ့ ညှိသွားကြချိန်မှာတော့ ကံကြမ္မာ အပြောင်းအလဲ တစ်ခုနဲ့ သူတို့ ၃ယောက်ကြား ဘာတွေဆက်ဖြစ်မယ်ဆိုတာ…..။
James Dean ရဲ့ ငယ်မူငယ်သွေးအပြည့်အဝနဲ့ ထီမထင် ခပ်ရွဲ့ရွဲ့ လူငယ်စတိုင်ကို သတိတရပြန်လည်မြည်းစမ်းကြပါဦးလို့။
(4K Quality ကို HDR version နဲ့တင်ဆက်ထားတာမလို့ HDR ကြည့်ရှုနိုင်တဲ့ VLC ကဲ့သို့ player များနဲ့ကြည့်မှသာ ကာလာစုံဖြစ်ရမှာဖြစ်ပြီး1080p နဲ့ 720p ကိုတော့ ဘာနဲ့ကြည့်ကြည့်အဆင်ပြေမှာဖြစ်ပါတယ်။)...
Vaan Moondru (2023)
⭐IMDB: 5.9/10 (30 Votes)
🎬 #Bollywood #Drama #Romance #Family
🗓 2023 🎞 movie
📺 #720p #1080p
💿 568.6 MB ⦿ 1.2 GB
🌎 #India
⏰ 1 နာရီ 40 မိနစ် 12 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Vaan Moondru (2023)IMDb-5.7/10
တစ်ခါတလေမှာဘဝကို အကောင်းမြင်စိတ်ခွန်အားပေးအရာတွေထက်ခါးသီးတဲ့လက်တွေ့ဖြစ်ရပ်တွေက ပိုအားဖြစ်စေတဲ့အချိန်တွေရှိပါတယ်
ချစ်ရတဲ့သူတွေကို ပစ်ခွာသွားကြလို့ သေကြောင်းကြံရင်း ဆေးရုံပေါ်ရောက်ပြီး ရင်းနှီးသွားသူတဲ့သူတွေအဖေသဘောမတူတဲ့ကြားက ဆက်တွဲရင်းကိုယ်ဝန်ရပြီထင်ရာက ဦးနှောက်အကြိတ်ဖြစ်မှန်းသိလိုက်ရတဲ့သူဇနီးခွဲစိတ်ကုသဖို့ သားဆီဆေးရုံစရိတ်တောင်းခံဖို့သွားရာက ပစ်ပစ်ခါခါငြင်းဆိုခံလိုက်ရတဲ့သူ
ဒီလိုကာရိုက်တာမျိုးစုံနဲ့ ခက်ခဲကြတဲ့ဘဝတွေကိုရှုစားရင်းလက်တွေ့ဘဝကို ပိုတန်ဖိုးထားရှင်သန်နိုင်စေဖို့ တင်ဆက်ပေးလိုက်ရပါတယ်(အညွှန်းနှင့်ဘာသာပြန်ကတော့ BpL ~ Zwe ~ V ~ Cherry တို့ပဲဖြစ်ပါတယ်)...
East of Eden (1955)
⭐TMDB: 76.0% User Score
🎬 #Drama
🗓 1955 🎞 movie
📺 #720p #1080p
💿 933.4 MB ⦿ 2.1 GB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 55 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
East of Eden (1955)
~ IMDb – 7.8/10, Rotten Tomatoes – 86% ~
ဒီဇာတ်ကားအကြောင်းမပြောခင်မှာ ပြောစရာနှစ်ခုရှိပါတယ်။ ပထမတစ်ခုကတော့ ဒီဇာတ်ကားရဲ့ ဇာတ်ဆောင်မင်းသားကြီး ဂျိမ်းစ် ဒင်း ပါ။ အောင်မြင်နေဆဲကာလမှာ စောစောစီးစီး လောကထဲက ထွက်ခွာသွားရတာကို နှမြောတသကြတဲ့သူတွေရှိသလို ဖဲနိုင်နေတုန်း ဝိုင်းသိမ်းလိုက်နိုင်တဲ့ဖဲသမားလို အနိုင်နဲ့ပိုင်းနိုင်ခဲ့တဲ့အတွက် ဝမ်းမြောက်ကြသူတွေလည်း ရှိမှာပေါ့လေ။
သဘာဝမင်းသားကြီးဖြစ်ပြီး ဆေးစက်ကျရာ အရုပ်ထင်ခဲ့သူပါ။ ရိုက်ကူးခဲ့တဲ့ ဇာတ်ကားကြီးပေါင်း သုံးကားသာရှိပေမယ့် သေဆုံးပြီးနောက် ပေးအပ်တဲ့ အကယ်ဒမီဆန်ကာတင်စာရင်းကို နှစ်ကြိမ်တိုင်တိုင်ပါဝင်ခဲ့ပါတယ်။ ဆယ်ကျော်သက်လူငယ်တို့ ခံစားရလေ့ရှိတတ်တဲ့ ကိုးကွယ်သူစံပြုပုဂ္ဂိုလ်အပေါ် အားမရစိတ်ပျက်သွားတဲ့ခံစားချက်တွေ၊ လူမှုဝန်းကျင်မှာ ဝင်မဆံ့ဖြစ်တတ်တဲ့သဘောတွေကို အပိုင်နိုင်ဆုံး သရုပ်ဆောင်နိုင်သူ၊ စံထားရမယ့် မင်းသားတစ်လက်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
ကားမတော်တဆမှုနဲ့ ဆုံးပါးခဲ့တာဖြစ်ပြီး အမေရိကန်ရုပ်ရှင်လောကတစ်ခုလုံး ယူကြုံးမရ နှမြောတသဖြစ်ခဲ့ရသူပါ။ သူ့ရဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ East of Eden ကို တင်ဆက်ပေးချင်ပါတယ်။
ဒုတိယအနေနဲ့ ပြောချင်တာက ဇာတ်ကားရဲ့နာမည်ပါ။ အေဒင်အရှေ့ပိုင်းတဲ့။ ကိန်း ဆိုတဲ့ ပထမဆုံးလူသားမကောင်းဆိုးဝါး ထွက်ပြေးလွတ်မြောက်ရာ နေရာတစ်ခုပေါ့။ လောကမှာ သေခြင်းတရားဝင်ရောက်ကာစ၊ အာဒမ် (အဒမ်) နဲ့ ဧဝ (အိဗ်) တို့ရဲ့ သားဦးတွေဖြစ်ကြတဲ့ ညီအစ်ကိုနှစ်ယောက်၊ အေဘယ် နဲ့ ကိန်း။ လူစီဖာရဲ့ ဖျားယောင်းသိမ်းသွင်းမှုကိုလက်ခံပြီး အစ်ကိုအပေါ်သစ္စာဖောက်လို့ ပထမဆုံးသတ်ဖြတ်ခြင်းကို သွေးအေးအေးဆောင်ရွက်ခဲ့သူ ညီတော်မောင် ကိန်း။ ပထမဆုံးသတ်ဖြတ်မှုကလည်း အစ်ကိုဖြစ်သူကို။ မကောင်းဆိုးဝါးလောကကို ပထမဆုံး ခြေလှမ်းခဲ့တဲ့ လူသားတစ်ယောက် ဖြစ်ပါတယ်။
ဒီဇာတ်ကားမှာလည်း အစ်ကိုဖြစ်သူ အာရွန် ကို မကျေနပ်စိတ်တစ်ခုတည်းနဲ့ သေလုမျောပါးစိတ်ဒဏ်ရာတစ်ခုကိုပေးခဲ့တဲ့ မကောင်းဆိုးဝါး ညီဖြစ်သူ ကယ်လက်ဘ် ရဲ့ ညစ်ကန်ကန် ဂျစ်တစ်တစ်စရိုက်ကို ကြည့်ရှုရဖို့ရှိပါတယ်။ တချို့သောလူကြီးမင်းတွေအတွက် ငယ်ဘဝကို ပြန်ကြည့်နေရသလို ခံစားရချင်လည်း ခံစားရမှာပေါ့လေ။ အရာရာကို မကောင်းမြင်စိတ်နဲ့ဖြတ်သန်း၊ ကိုယ်လိုချင်တာပဲသိတဲ့ ဆယ်ကျော်သက် လူဆိုးသွမ်းလေးပါ။
ဖခင်နဲ့ ကြီးပြင်းလာ၊ မိခင်သေပြီဆိုတဲ့ အလိမ်အညာတစ်ခုကို အရွယ်ရောက်မှ အမှတ်မထင်သိလိုက်ရပြီး မိခင်ကို သွားတွေ့ဖို့ကြိုးစားတဲ့ပုံကလည်း ထောင်ထဲထည့်ချင်စရာပေါ့။ အဖေ ဆုံးရှုံးသွားတဲ့ပိုက်ဆံတွေကို ဉာဏ်ကိုလွှာသုံးပြီး ပြန်ရှာပေးခဲ့ပေမဲ့ ဖခင်ရဲ့ သူတော်စင်စရိုက်နဲ့ သားသမီးနှလုံးသားကို ဝင်မကြည့်တတ်ပုံတွေကြောင့် အကြီးအကျယ်ကြေကွဲရတဲ့ နှလုံးလှလူမိုက်လေး။
Deep Drama တစ်ခုနဲ့ အပြစ်မကင်းသော ၁၅၀၀ ချစ်ခြင်းတစ်ခုကို ဂျိမ်းစ် ဒင်း ရဲ့ ရှားရှားပါးပါးဇာတ်ကားတစ်ကားနဲ့ ခံစားချင်ရင်တော့ CM လက်ရာနဲ့ တင်ဆက်ပေးလိုက်တဲ့ East of Eden ကို မဖြစ်မနေရွေးရမှာပါပဲလို့။
(ဒီဇာတ်ကားနဲ့အညွှန်းကိုArr Khun Winchesterမှ ပြန်ဆို ရေးသားထားပါတယ်)...
Her Name Was Lisa (1979)
⭐TMDB: 61.0% User Score
🎬 #Adult #Drama
🗓 1979 🎞 Movie
📺 #720p #1080p
💿 1.7 GB ⦿ 3.8 GB
🌎 #UnitedStates
⏰ 1 နာရီ 28 မိနစ် 59 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
သူ့နာမည်လေးက လီဆာငယ်ရွယ်တယ် လှပတယ် နူးညံ့တယ် သူမရဲ့အသားရေနဲ့ရုပ်ရည်က သူများတွေထက်ထူးခြားနေတယ်သူက အနှိပ်ခန်းမှာ အလုပ်လုပ်တယ်ဖောက်သည်တွေကြားထဲမှာ ရေပန်းအစားဆုံးက လီဆာ
ဒါပေမဲ့သူ့ဘဝ တစ်ဆစ်ချိုးချိန် ရောက်ရှိလာပါတယ်ပေါလ် လို့ခေါ်တဲ့ တက်သစ်စ လူငယ် ဓာတ်ပုံဆရာလေးတယောက်က သူ့ကို ဓာတ်ပုံမော်ဒယ်အဖြစ် ကမ်းလှမ်းခံခဲ့ရပါတယ်
လီဆာကို မနာလိုသူတွေရှိနေသလိုကျားချောင်း ချောင်းနေတဲ့ ရန်သူတွေလည်းရှိနေပါတယ်လီဆာရဲ့ အလှပတွေကို ဆင်ဆာမဖြတ်ပဲကြွရွ နေတာလေးတွေ အတိုင်းသားပြထားတာဖြစ်လို့DS fans တွေအတွက် အရောက်ပို့လိုက်ပါတယ်...
The Wave (2008)
⭐IMDB: 7.6/10 (113 k Votes)
🎬 #Drama #Thriller
🗓 2008 🎞 movie
📺 #720p #1080p
💿 1.2 GB ⦿ 2.2 GB
🌎 #Germany #France
⏰ 1 နာရီ 47 မိနစ် 7 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
2008ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီဂျာမန်ဇာတ်ကားက IMDb 7.6/10 နဲ့ Rotten Tomatoes 100% ရထားတာပါ။ Drama/Thriller genreဖြစ်ပြီးတော့ 1981ခုနှစ်က ထွက်ရှိခဲ့တဲ့ Todd Strasserရဲ့ The Wave စာအုပ်ကို မှီငြမ်း ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဇာတ်လမ်းအကြောင်းကိုပြောရရင် ဂိုင်နာဗန်ဂါဆိုတဲ့ ဆရာတစ်ယောက်က ကျောင်းသားတွေကို သက်ဦးဆံပိုင် အာဏာရှင်စနစ်ဖြစ်တဲ့ အော်တိုကရေစီစနစ်ကို တစ်ပတ်သင်ပေးဖို့အတွက် တာဝန်ကျပါတယ်။ ကျောင်းသားတွေရဲ့ favourite ဆရာ ဂိုင်နာက ကလေးတွေကို ကိုယ်ပိုင်အော်တိုကရေစီစနစ်တစ်ခုတည်ဆောက်ဖို့တာဝန်ပေးလိုက်တဲ့အခါ ဘယ်လိုတွေဆက်ဖြစ်မလဲ ကြည့်ကြရမှာပါ။ ဒီရုပ်ရှင်က ဂျာမနီမှာ အာဏာရှင်စနစ်ထပ်ပြီးပေါ်ပေါက်လာနိုင်ခြေ ရှိ မရှိစမ်းသပ်တဲ့ experiment တစ်ခုလိုလည်းပြောလို့ရပါတယ်။ ဒီအဖြစ်အပျက်ကလည်း 1969 Palo Alto,California မှာ တကယ်ဖြစ်ပျက်ခဲ့လို့ပါပဲ။ ဒီရုပ်ရှင်ကားရဲ့ messageကတော့ လူတစ်ယောက် သို့မဟုတ် အယူဝါဒတစ်ခုကို မလိုက်နာခင်မှာ သေသေချာချာဆင်ခြင်သုံးသပ်ကြဖို့ ပြောချင်တာပါပဲ။ပြီးတော့ အရှိန်အဝါကြီးတဲ့ ခေါင်းဆောင်တွေက လူတွေအများကြီးကိုလွယ်လွယ်နဲ့ ဘယ်လိုစိုးမိုးခြယ်လှယ်သွားကြသလဲဆိုတာလည်းပါ ပါတယ်။ အချစ် အလွမ်း အဆွေးတွေကနေသွေဖည်ပြီး ဖြစ်ရပ်မှန် နိုင်ငံရေးစမ်းသပ်မှုတစ်ခုအကြောင်းကို ရိုက်ထားတာမို့လို့ ကြည့်ပြီးရင် တွေးတောစရာတစ်ခုရသွားမှာပါ။...
Rise of the Footsoldier: Origins (2021)
⭐IMDB: 5.8/10 (3 k Votes)
🎬 #Action #Crime #Drama
🗓 2021 🎞 movie
📺 #720p #1080p
💿 721.0 MB ⦿ 1.5 GB
🌎 #UnitedKingdom
⏰ 1 နာရီ 47 မိနစ် 39 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
စစ်သားတိုနီတပ်ခ်ကာတစ်ယောက်ဖော့ကလန်စစ်ပွဲမှပြန်လာပြီးတဲ့နောက်
သူရဲ့တိုက်ရည်ခိုက်ရည်နဲ့ ခေါင်းမာတဲ့လုပ်ရပ်တွေကြောင့်
ကလပ်ရဲ့တံခါးမှုးအဖြစ်နဲ့ နာမည်ကြီးလာခဲ့ပါတယ်။
ကလပ်စီးပွားရေးရဲ့လက်ခွဲဖြစ်တဲ့
မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားတာတွေမှာပါ
ပါဝင်လာခဲ့ပြီး ကလပ်လောကမှာနာမည်ကြီးတဲ့
သူတစ်ယောက်ဖြစ်ပါတော့တယ်။
နောက်ပိုင်းမှာ လူဆိုးဂိုဏ်းတွေနဲ့ပေါင်းစပ်မိပြီးတဲ့နောက်
ကိုယ့်ကိုယ်ကိုမထိန်းနိုင်တော့ပဲ အခြေအနေတွေပိုဆိုးလာပြီတဲ့နောက်
သူတို့ပညာပြခဲ့တဲ့ကောင်က
သူ့ကိုဘယ်လိုဆွဲချမလဲဆိုတာကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။
၂၀၂၁မှာထုတ်လွှင့်ခဲ့တဲ့ဇာတ်ကားဖြစ်ပြီး
Action, Crime အမျိုးအစားဖြစ်ပါတယ်။...
Rakshak - India's Braves (2023)
⭐TMDB: 50.0% User Score
🎬 #Action #Biography #Bollywood
🗓 2023 🎞 movie
📺 #720p #1080p
💿 680.2 MB ⦿ 1.5 GB
🌎 #India
⏰ 1 နာရီ 16 မိနစ် 8 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Rakshak-India’s Braves 2023
အိန္ဒိယရဲ့သူရဲကောင်းများတဲ့
ယူနီဖောင်းနဲ့ခန့်နေတဲ့ Jalebi မင်းသား Varun Mitra နဲ့ အပြုံးချိုချိုမင်းသမီးလေး Kanika Mannတို့အဓိကပါဝင်ထားပါတယ်
ဇာတ်လမ်းအစမှာ သမီးဖြစ်သူကိုဘူတာလိုက်ပို့ရင်းဖုန်းအားပြည့်ရဲ့လား မုန့်နဲ့ရေကပါရဲ့လားနဲ့ သဲသဲလှုပ်ဂရုစိုက်အချစ်ပိုနေကြတဲ့မိသားစုလေးကိုကြည်နူးဖွယ်မြင်တွေ့ရမှာပါ အဲဒီချိန်မှာပဲ မထင်မှတ်တဲ့ပေါက်ကွဲမှုတစ်ခု …..
ဆိုနူးကတော့ခါးပတ်ညိုရထားတဲ့ ဗိုလ်ကြီးတစ်ဦးပါခွင့်ရက်ပြန်လာချိန် အပြုံးချိုချိုမာလာလေးနဲ့ စေ့စပ်ပေးဖို့ အိမ်ကစီစဉ်ထားတာနဲ့တန်းတိုးတာပေါ့အပြုံးချိုလေးဘယ်လောက်စွမ်းလဲဆို တစ်သက်လုံးမကြိုက်တဲ့ ခရမ်းသီးချက်တောင်စားမယ်ဖြစ်သွားသည်ထိပါပဲ ခွင့်ရက်မစေ့ခင်မှာပဲ တာဝန်ကျလို့ပြန်သွားရချိန်မှာတော့….
သာမန်အရပ်သားဘဝမှာ မေတ္တာအပြည့်ကြည်နူးနေတဲ့သူတစ်ယောက် တာဝန်ဝတ္တရားနဲ့နိုင်ငံ့အကျိုးသယ်ပိုးရချိန်မှာလည်း နိုင်ငံ့သားကောင်းတစ်ယောက်ဖြစ်နေရသူမေတ္တာဖွဲ့ ၊ စိတ်ခွန်အား ၊ အက်ရှင်တို့ကို တစ်စုတစ်စည်းတည်းမြင်တွေ့ရမဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ်
(အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ BpL ~ Cherry ~ V ~ Yunni တို့ပဲဖြစ်ပါတယ်)...
Manyak (2023)
⭐IMDB: 5.6/10 (25 Votes)
🎬 #Adult #Thriller #Drama
🗓 2023 🎞 movie
📺 #720p #1080p
💿 716.4 MB ⦿ 1.6 GB
🌎 #Philippines
⏰ 1 နာရီ 46 မိနစ် 29 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Manyak (2023)
ဒတ်ဇရေးဟာ သူ့အစ်မခရီးသွားတဲ့အချိန် အိမ်ကိုစောင့်ရှောက်ပေးဖို့ နယ်ဘက်က ကျယ်ဝန်းလှတဲ့အိမ်ကြီးတစ်လုံးဆီကို သူ့ချစ်သူနဲ့အတူရောက်လာခဲ့ပါတယ်။ သူနဲ့သူ့အစ်မဟာ ခပ်တန်းတန်းဆက်ဆံရေးရှိကြပြီး သူတို့အိမ်ရောက်လာတဲ့အချိန်မှာ အိမ်စောင့်တစ်ယောက်ပဲ သူတို့ကိုသော့ပေးဖို့ကျန်ခဲ့ပါတယ်။
အဲဒီညမှာပဲ ဒတ်ဇရေးရဲ့ချစ်သူ မော်ဒယ်က မြို့မှာရိုက်ကွင်းရှိလို့ ပြန်သွားတဲ့နောက် အိမ်ကြီးတစ်ခုလုံးမှာ သူတစ်ယောက်ပဲကျန်ခဲ့ပါတော့တယ်။ အဲဒီညသန်းခေါင် ဒတ်ဇရေး ရေထသောက်တဲ့အချိန်မှာ တံခါးအကွယ်က အရိပ်မည်းတစ်ခု သူ့နောက်ကိုပြေးလိုက်လာခဲ့ပြီး သတိမေ့လဲကျသွားခဲ့ပါတယ်။ နောက်တစ်နေ့မနက်မှာ သူသိလိုက်ရတာက အဲဒီညက သူမုဒိမ်းကျင့်ခံခဲ့ရတယ်ဆိုတာပါပဲ။
ဒီအကြောင်းကို ဘယ်သူမှမပြောဘဲထားခဲ့ပေမဲ့ သိတဲ့သူတွေရှိနေပါတယ်။ တရားခံကလည်း သူတို့ထဲကပါပဲ။ မတွေ့ရတာကြာနေတဲ့ Christine Bermas နဲ့ ကားရိုက်ကျဲတဲ့ မမ Sheree တို့က ညီအစ်မတွေအဖြစ်ခေါင်းဆောင်ပါဝင်ထားတဲ့ Thirller ပုံစံ ကားကောင်းတစ်ကားပါ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုAliasမှ ပြန်ဆို ရေးသားထားပါတယ်)...
Liverleaf (2018)
⭐IMDB: 6.2/10 (931 Votes)
🎬 #Horror #Thriller #Drama
🗓 2018 🎞 movie
📺 #720p #1080p
💿 952.2 MB ⦿ 2.1 GB
🌎 #Japan
⏰ 1 နာရီ 55 မိနစ် 35 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Liverleaf (2018)
ကျောင်းတွင်းအနိုင်ကျင့်မှုတွေကို ပြန်ကလဲ့စားချေတဲ့ ဇာတ်ကားကို ကြည့်ဖို့ရှာနေတယ်ဆိုရင်တော့ ဒီကားကို မြည်းစမ်းကြည့်သင့်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့…“နိုဇကိ ဟရုက”ဆိုတဲ့ ကျောင်းသူလေးက သူ့အဖေရဲ့အလုပ်ကြောင့် တိုကျိုကနေ အရမ်းအေးတဲ့ နယ်မြို့တစ်မြို့ကို ရွှေ့ပြောင်းလာခဲ့ရပါတယ်။ မကြာခင်မှာ အလယ်တန်းအောင်တော့မှာဖြစ်ပြီး သူလည်းကြိုးစားနေထိုင်နေပါတယ်။
ဒါပေမဲ့ ကလေးအချင်းချင်းကြား အထင်လွဲမှုတွေဖြစ်ပြီး အတန်းတွင်းလူဆိုးအုပ်စုရဲ့ ပစ်မှတ်က သူဖြစ်လာပါတယ်။ ကျောင်းပြီးချင်စိတ်နဲ့ သည်းခံလာခဲ့ပေမဲ့ တစ်နေ့မှာ နိုဇကိရဲ့အိမ်ကို Bully ကောင်တွေက ဓာတ်ဆီလောင်းပြီးတော့ပါ မီးရှို့လိုက်ကြပါတယ်။
ဒီဖြစ်ရပ်ကြောင့် ဟရုကရဲ့ မိဘနှစ်ပါးလုံး အရှင်လတ်လတ် မီးလောင်သေဆုံးသွားရပြီး ညီမလေးဖြစ်သူကလည်း တစ်ကိုယ်လုံး မီးလောင်ဒဏ်ရာနဲ့ အမြဲဆေးကုသနေရပါတယ်။
အမြဲသည်းခံလာခဲ့တဲ့ ဟရုကတစ်ယောက် ပြင်းထန်တဲ့ရိုက်ခတ်မှုတွေအပြီးမှာ သူ့မိသားစုကို သတ်ခဲ့ကြတဲ့လူတွေကို ဘယ်လိုပြန်ပြီး ကလဲ့စားချေ တုန့်ပြန်သတ်ဖြတ်မလဲဆိုတာကို ဒီ Psychological, Thriller, Murder ဇာတ်ကားထဲမှာ ကြည့်ရှုရမှာပါ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုIngyin Sanမှ ပြန်ဆို ရေးသားထားပါတယ်)...
Mesrine: Public Enemy #1 (2008)
⭐TMDB: 73.0% User Score
🎬 #Action #Biography #Crime #Drama #Thriller
🗓 2008 🎞 movie
📺 #720p #1080p
💿 1.0 GB ⦿ 2.9 GB
🌎 #France #Canada
⏰ 2 နာရီ 13 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Genre – Action, Biography, CrimeIMDB – 7.4/10
ပြင်သစ် လမ်းမတော်ဖိုးတုတ်ကြီးရဲ ဒုတိယကား လာပါပြီ။
ဒီကားကြည့်မယ်ဆို ပထမကား ဖြစ်တဲ့ Mesrine: Killer Instinct ကို
အရင်ကြည့်ပေးကြပါ တင်ထားတာရှိပါတယ် မဟုတ်ရင် ဇာတ်လမ်းကို
နားမလည်ပဲ နေမှာစိုးလို့ပါ။
ဒီတော့ ပထမကားမှာ တဖြည်းဖြည်းနဲ့ ဆရာကြီးလူမိုက် ဖြစ်ပြီးနောက် ဒီ
ဒုတိယကားမှာတော့ ပြင်သစ်တစ်နိုင်ငံလုံးရဲ့ အလိုအရှိဆုံး ဝရမ်းပြေး နံပါတ် ၁
ဖြစ်သွားခဲ့ပါပြီ။ ဒီ ဂျက်မယ်ရင်းဆိုတာက ပြင်သစ်နိုင်ငံ ၁၉၇၀ ခုနှစ်ဝန်းကျင်
လောက်မှာ အပြင်မှာတကယ်ရှိခဲ့တဲ့ လူမိုက်ကြီးတစ်ယောက်ပါ သူ့ရဲ့ ကြမ်းတမ်းပုံတွေ
ဘဏ်လုယက်တာ ထောင်ဖောက်တာ ပြန်ပေးဆွဲတာ မိန်းမတွေနဲ့ ကြူးတာ စသဖြင့်
လမ်းမတော်ဖိုးတုတ်လုပ်ပုံတွေကို ရိုက်ကူးပြထားတဲ့ ဖြစ်ရပ်မှန်ကားကောင်းပါ။
ဒီ ဒုတိယကားမှာတော့ အရင်ကားလို သာမညလူဆိုးတစ်ယောက်မဟုတ်တော့ပဲ
တစ်တိုင်းပြည်လုံးက သိတဲ့လူဆိုးဖြစ်နေပြီး ထောင်တွေ ဉာဏ်ပါပါ ဖောက်ခဲ့တာတွေ၊
တရားရုံးမှာ ဘယ်လိုသောင်းကျန်းပြီး တရားသူကြီးကို ဘယ်လိုတွေဖြဲခဲ့တာ၊ တောထဲမှာ
သက်စွန့်ဆံဖျား ရဲလက်ကနေ ပြေးရတာတွေ၊ တဖြည်းဖြည်းနဲ့ လူမိုက်လုပ်ရာကနေ
စနစ်ကို တော်လှန်ချင်တဲ့ စိတ်ကူးတွေပေါက်လာတာတွေ၊ သူဌေးကြီးတွေကို
ပြန်ပေးဆွဲပြီး ငွေညှစ်ကြတာတွေ၊ သတင်းထောက်တွေနဲ့ ညှိကြတာတွေ၊ နောက်ဆုံး
လူမိုက်တို့သွားရာလမ်း သေလမ်းကို ဘယ်လိုဘယ်ပုံရောက်ခဲ့တာတွေနဲ့ အတော်
ကြည့်လို့ကောင်းတဲ့ Biography ကားတစ်ကားပါ။ မင်းသားနေရာက ဟောလိဝုဒ်ကား
တွေမှာပါ သရုပ်ဆောင်ဖူးတဲ့ ပြင်သစ်မင်းသားကြီး Vincent Cassel က ပိုင်နိုင်စွာ
သရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာနေရာမှာဆိုလည်း ၂၀၂၃ ခုနှစ်တုန်းက ထွက်ထားတာ
မကြာသေးတဲ့ Gerald Butler ရဲ့ Plane လေယာဉ်ပျက်ကျပြီး သက်စွန့်ဆံဖျား
ရုန်းကန်ရတဲ့ကားကို ရိုက်ပေးထားတဲ့ ပြင်သစ်ဒါရိုက်တာ Jean-François Richet ပဲ
ဖြစ်ပါတယ်။ လူမိုက်ဇိုးဘဲကြီးကား ဖြစ်တဲ့အတွက် အိပ်ရာပေါ်အခန်းတွေ
အသတ်အဖြတ်တွေပါတဲ့အတွက် သတိထားပြီး ကြည့်ရှုစေလိုပါတယ်ဗျ။
ပြင်သစ် ဖိုးတုတ်ကြီးကို ခံစားလိုက်ကြပါဦး။...
Mesrine: Killer Instinct (2008)
⭐IMDB: 7.5/10 (35 k Votes)
🎬 #Action #Biography #Crime #Drama #Thriller
🗓 2008 🎞 movie
📺 #1080p #480p #720p
💿 392.4 MB ⦿ 1.1 GB ⦿ 3.2 GB
🌎 #France #Canada #Italy
⏰ 1 နာရီ 54 မိနစ် 12 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Mesrine: Killer Instinct(2008)
****************************
Jacques mesrine ဆိုတဲ့ ပြင်သစ်နိုင်ငံသားတစ်ယောက်က စစ်တပ်မှာ တာဝန်ထမ်းဆောင်ပြီး
မိဘအိမ် ပြန်လာတဲ့ သူပါ…သူ့မိဘက သူ့ကို အလုပ်ကောင်းကောင်းတစ်ခုရှာပေးခဲ့ပေမယ့် သူကတော့
ဂျာမနီလူမျိုးတွေနဲ့မို့ အလုပ်မလုပ်ချင်ပါဘူးဒါပေမယ့် တစ်နေ့မှာ သူ့သူငယ်ချင်းဖြစ်သူ Jean Paul Mercier ဟာ ဂိုဏ်းစတားတစ်ဦးဖြစ်သူ
Guido ဆိုတဲ့ လူဆီကို ခေါ်သွားပါတယ် ,,,အဲ့ဒီအလုပ်က သူများပစ္စည်းခိုးတာတွေ ဘဏ်ဖောက်တာတွေ ဖြစ်တာကြောင့်
တစ်ခါတည်းနဲ့ ငွေအချီကြီးရလေ့ရှိပါတယ်,,,အဲ့ဒီလို ငွေအချီကြီးကို မက်ပြီး Jacque mesrine တစ်ယောက် မကောင်းမှုထဲကို တစ်စတစ်စ နစ်ဝင်သွားချိန်မှာတော့…...
The Starling (2021)
⭐IMDB: 6.4/10 (15 k Votes)
🎬 #Comedy #Drama
🗓 2021 🎞 movie
📺 #1080p #720p
💿 712.1 MB ⦿ 1.6 GB
🌎 #UnitedStates #Canada #UnitedStatesofAmerica
⏰ 1 နာရီ 46 မိနစ် 2 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Starling (2021)
~ IMDb rating – 6.4/10 ~
ရှင်သန်ရတဲ့လူ့ဘဝတလျှောက်မှာ လောကဓံမျိုးစုံနဲ့ကြုံတွေ့ကြရတယ်။ ဒီထဲမှာ ချစ်ရတဲ့သူတွေနဲ့ သေကွဲကွဲရတာလည်းအပါအဝင်ပေါ့။ ဒါပေမဲ့ နာကျင်စရာအဖြစ်အပျက်တွေကိုပဲ ပြန်တွေးပြီး အတိတ်မှာနစ်မျောနေမလား သွားနှင့်သူတွေကို မှန်ကန်တဲ့နည်းလမ်းနဲ့သတိရရင်း ဘဝကို ရှေ့ဆက်မလားဆိုတာတော့ ရွေးချယ်ခွင့်ရှိပါတယ်။
၂၀၂၁ စက်တင်ဘာမှာ Netflix ကထုတ်လွှင့်ခဲ့တဲ့ The Starling ဆိုတဲ့ ရုပ်ရှင်လေးကတော့ ကြည့်ရှုသူတွေကို ဘဝနဲ့ပတ်သက်တဲ့ရသတစ်ခုခု ပေးစွမ်းနိုင်မှာ အသေအချာပါပဲ။
အရမ်းချစ်ကြတဲ့ဇနီးမောင်နှံဖြစ်တဲ့ ဂျက်နဲ့လီလီဟာ သမီးဖြစ်သူဆုံးပါးသွားပြီးနောက်ပိုင်းမှာ ပုံမှန်အတိုင်းပြန်နေနိုင်ဖို့ ရုန်းကန်နေကြရပါတယ်။ ဇနီးဖြစ်သူလီလီကတော့ ခက်ခက်ခဲခဲနဲ့ပြန်ရပ်တည်လာနိုင်ပေမဲ့ ခင်ပွန်းဖြစ်သူဂျက်ကတော့ စိတ်ကျရောဂါနဲ့ စိတ်ကျန်းမာရေးဆေးရုံမှာ ဆေးကုသမှုခံယူနေခဲ့ရပါတယ်။ ဒီဆုံးရှူံးမှုကြီးအပြီးမှာ တစ်ယောက်တစ်နေရာစီ စိတ်ပိုင်းဆိုင်ရာပြဿနာတွေနဲ့ရုန်းကန်ရင်း အချင်းချင်းဝေးကွာလာသလိုဖြစ်ပြီး ကတောက်ကဆတွေလည်းဖြစ်ခဲ့ကြပါတယ်။ ဒါပေမဲ့ အရမ်းချစ်ကြတဲ့ဇနီးမောင်နှံတွေပီပီ လောကဓံကိုဘယ်လိုအနိုင်ယူကြမလဲ။
ဒီဇာတ်ကားလေးရဲ့ထူးခြားချက်ကတော့ ကိုယ်ချစ်ရတဲ့သူတွေ ချစ်ရတဲ့အရာတွေသာအနားမှာရှိရင် ကြမ်းတမ်းတဲ့လောကကြီးမှာ ရှေ့ဆက်ဖို့ခွန်အားတွေရလာနိုင်တယ်ဆိုတာကို စတားလင်းငှက်ကလေးနဲ့ ပုံဖော်သွားတာပါပဲ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုHnin Ei Paiမှ ပြန်ဆို ရေးသားထားပါတယ်)...
