uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закритий канал

🚩 Channel was restricted by Telegram

Показати більше
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
Voice of Sathyanathan (2023) ⭐IMDB: 6.9/10 (856 Votes) 🎬 #Bollywood #Comedy #Drama #Thriller 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 16 မိနစ် 4 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Voice of Sathyanathan (2023) (IMDb 7.2/10) ရယ်ရယ်မောမောနဲ့ အက်ရှင်အကွက်တွေကို ကြည့်ရှုလို့ရ‌မယ့်ဇာတ်‌လမ်းကောင်းလေးကို စောင့်မျှော်နေတာဆိုရင်တော့ဒီဇာတ်လမ်းလေးကို ကြည့်ကြည့်လိုက်ပါနော်။ မင်းသားကြီး Dileepရဲ့ ရယ်ရမလိုလို ငိုရမလိုလိုသရုပ်ဆောင်ချက်တွေကိုလည်း ကြည့်ရှုခံစားနိုင်မယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ် ဇာတ်ကောင်”ဆပ်သရာနာသ်”တစ်ယောက်ကတော့ပေါက်ပန်းလေးဆယ်ပြောတတ်တဲ့တစ်ယောက်ဖြစ်ပါတယ်။ပြောချင်တာပြောပြီးလို့ ပြဿနာတွေတတ်လာရင်ဒရာမာတွေခင်းပြီး ဖြေရှင်းလို့ရမယ်လို့ ယုံကြည်ထားတဲ့သူတစ်ယောက်။ တစ်နေ့မှာတော့ အရမ်းကြီးတဲ့အမှုကိစ္စတစ်ခုမှာ မထင်မှတ်ပဲပါသွားမိရာက….ပတ်ဝန်းကျင်က ပြဿနာတွေကို ဒရာမာအမျိုးမျိုးခင်းဖြေရှင်းလို့ရပေမဲ့ရဲတွေနဲ့ကျရင်ရော ဒရာမာတွေခင်းခွင့်ရပါဦးမလား…ဒါ့အပြင် တွဲဖက်တွေနဲ့ ဟန်ချက်ညီညီဟာသရုပ် သရုပ်ပေါ်အောင်တစ်မျိုးthriller ပုံစံတစ်မျိုး ပေါ်အောင် ရိုက်ကူးထားတဲ့ဇာတ်လမ်းလေးကို ဇာတ်အိမ်ထဲမျောရင်းတစ်ခါတည်း ကြည့်လိုက်ကြရအောင်ပါ…. ဒီဇာတ်လမ်းလေးကိုတော့ CM Bollywood Team မှ ဘာသာပြန်ဆိုပြီး အညွှန်းရေးပေးထားပါတယ်။...

Ravenous (2017) ⭐IMDB: 5.8/10 (10 k Votes) 🎬 #Action #Adventure #Drama #Horror #ScienceFiction #SciFi #Thriller 🗓 2017 🎞 movie 🌎 #Canada ⏰ 1 နာရီ 43 မိနစ် 44 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Ravenous (2017) ~ IMDb – 5.8/10, Rotten Tomatoes – 88% ~ ဒီကားလေးကတော့ 2017 ခုနှစ်ထွက် ဟော်ရာ ဒရာမာအမျိုးအစား ဇွန်ဘီကားတစ်ကားပါ။ ခေတ်တွေဘယ်လောက်ပြောင်းပြောင်း ရိုးမသွားတဲ့ထဲမှာ ဇွန်ဘီကားတွေကို Horror ပုံစံကနေအစ Comedy, Drama ပုံစံအထိ Genre ပုံစံအမျိုးမျိုးနဲ့ ကြည့်ရတာလည်းပါတယ်မလား။ ဒီကားကိုတော့ ကမ္ဘာပျက်ကပ်အလယ် ဆာလောင်နေတဲ့ဇွန်ဘီတွေကြားမှာ ရုန်းကန်‌နေရတဲ့‌ ကနေဒီယန်ကျေးလက်ဒေသတစ်ခုအပေါ်မှာ အခြေတည်ထားပါတယ်။ ပြီးတော့ ရိုးရာမပျက် ကမ္ဘာပျက်ကပ်မှာ ရှင်သန်နိုင်ဖို့ကြိုးစားရတဲ့ လူတစ်စုနဲ့ပေါ့။ ဇာတ်လမ်းပုံစံလေးကတော့ ဇွန်ဘီတွေက ပုံမှန်အတိုင်းမဟုတ်နေဘဲ လယ်ကွင်းထဲမှာ ပစ္စည်းဟောင်းတွေကို စုပုံနေတာကိုတွေ့လိုက်ရပါတယ်။ သူတို့လည်း တစ်ခုခုတော့ထူးဆန်းနေတယ်ဆိုပြီး လုံခြုံဖို့ခိုလှုံရာအသစ်လိုက်ရှာရင်း နောက်ဆုံးရှာတွေ့သွားမလား… ဖုတ်ကောင်တွေလက်ထဲပဲ အကိုက်ခံလိုက်ရမလား… ဆိုတာကို စိတ်၀င်တစားကြည့်ရှုရမှာပါ။ ကြည့်ရင်း တစ်ချက်တစ်ချက် The Walking Dead ကြည့်ရသလိုမျိုးဖြစ်ပေမဲ့ ခံစားချက်ကတော့ တစ်မူထူးပြီးကွဲပြားပါတယ်။ Cinematography ကလည်း အရမ်းကိုလှပပြီး ကာရိုက်တာတွေကလည်း သူ့ဟာနဲ့သူ ပြီးပြည့်စုံပါတယ်။ ပျက်ကပ်ကြောင့် တိတ်ဆိတ်နေတဲ့အချိန်မှာ ထွက်ပေါ်လာတဲ့အော်ဟစ်သံတွေက ဟော်ရာအရသာကို Perfect ဖြစ်စေတာမျိုးပါပဲ။ Drama ဖက်လည်း မလစ်ဟင်းစေရဘဲ အေးအေးလေးနဲ့ တဖြည်ဖြည်းဇာတ်ရှိန်တက်လာတဲ့ Slow Burn ဇာတ်ကားအမျိုးအစားပါ။ IMDb rating (5.8/10) ရထားပြီး ခရမ်းချဉ်သီး 88% ရထားပါတယ်။ အားလုံးပဲ… ဆုတွေ (၁၆)ခုထိရထားပြီး Nomination (၇)ခုလည်း ၀င်ထားတဲ့ ဒီကားလေးကို မိုးအေးအေးလေးမှာ အိပ်ရာထဲကွေးပြီး ကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကိုSoe Thiri Sweမှ ပြန်ဆို ရေးသားထားပါတယ်)...

Bedurulanka 2012 (2023) ⭐IMDB: 6.2/10 (346 Votes) 🎬 #Action #Bollywood #Comedy #Drama 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 26 မိနစ် 41 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Bedurulanka 2012 (2023) IMDB 6.2/10 ရထားတဲ့ အိန္ဒိယTelugu ဘာသာစကားပြော ဟာသ/ဒရာမာ ဇာတ်ကားသစ်လေးပဲဖြစ်ပါတယ်Telugu မင်းသား Kartikeya Gummakonda သရုပ်ဆောင်ထားပါတယ် 2012 ဆိုတာ တစ်ချိန်က နာမည်ပေါက်သွားခဲ့တဲ့ Hollywood ကမ္ဘာပျက်ဇာတ်လမ်းပါဒီကားလေးကလည်း အဲဒီ 2012 ဒီဇင်ဘာ 21ရက်နေ့အကြောင်းကိုသတင်းမီဒီယာတွေတကြော်ကြော်ပြောနေတာတွေနဲ့ စတင်ထားပါတယ် Bedurulanka ဆိုတဲ့ ရွာလေးကပညာတတ်နည်းပါးပြီး အုပ်ချုပ်ရေးမှူးကအစ တကယ့်သောက်တလွဲပါထိုအချိန်မှာ မီဒီယာရဲ့စကားတွေကို ထပ်ဆင့်ခုတုံးလုပ်ပြီး စီးပွားရှာချင်တဲ့ လူတစ်စုကလည်း ရှိနေပြန်ပါတယ် ရှီဗာဆိုသူက ရွာမွေးခြံပေါက်ဆိုပေမဲ့ မြို့မှာ ရုပ်ရှင်ဇာတ်ကားတွေအတွက်CGI effect တွေပြုလုပ်တဲ့ artist တစ်ယောက်ဖြစ်ပါတယ် ရွာမှာတော့သူချစ်ရတဲ့ မိန်းကလေးကျန်နေခဲ့ပါတယ် တစ်နေ့ လက်ပေါက်ကပ်တဲ့ စီးပွားရှင်နဲ့ အနုပညာသမား ရှီဗာနဲ့ စကားအဝေမတည့် ဖြစ်ပြီး ရှီဗာတစ်ယောက် အလုပ်ကထွက်လို့ ရွာပြန်လာပါတော့တယ်“ကမ္ဘာမီးလောင် သားကောင်ချနင်း” ဆိုတဲ့ အတိုင်း ဘေးဒုက္ခရောက်မယ်ဆိုကာမှ |အသွင်ပေါ်လာတဲ့လူတွေရဲ့ ကိုယ်ကျင့်တရားကို ထုံးစံအတိုင်းပေါ့ပေါ့ပါးပါးပဲ အပန်းပြေအောင်ရိုက်ကူးထားပါတယ် အညွှန်းကို KKKZ မှရေးသားထားပြီး ဘာသာပြန်သူတွေကတော့KKKZ ~ ToMo ~ Alex ~ Dee တို့ပဲဖြစ်ပါတယ်...

Grindhouse (2007) ⭐TMDB: 70.0% User Score 🎬 #Action #Horror #Thriller 🗓 2007 🎞 movie 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 3 နာရီ 11 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီ၂၀၀၇ ခုနှစ်ထွက်ဇာတ်ကားကတော့ ၃နာရီကျော်ကြာမြင့်ပြီး ရုပ်ရှင်ဖန်တီးသူနှစ်ဦးတို့ရဲ့  ရုပ်ရှင်တစ်ကားစီပေါင်းထားတဲ့ နှစ်ကားပါတစ်ကားရုပ်ရှင်လေးဖြစ်ပါတယ်၊ ပထမကားမှာက ဖုတ်ကောင်ရှင်းခန်းဇာတ်လမ်းတစ်ခု ၊ ဒုတိယကားမှာက ကားနဲ့ လိုက်အသတ်ခံရတဲ့ မိန်းမပျိုလေးတို့ အုပ်စုနှစ်စုအကြောင်းပါ၊ ပုံမှန်ဒီလိုကားတွေဆို ကြားထဲမှာဘာမှမခံအမဲကြီးပေါ်လာပြီးနောက်တစ်ကားထပ်ရောက်တာပေါ့နော်။ ဒီကားကျ နာမည် Grindhouse ဆိုတဲ့အတိုင်း အမေရိကမှာဆို ဒီ Grindhouse က တန်ဖိုးနည်းရုပ်ရှင်ရုံ။အထူးသဖြင့် လူကြီးကားတွေ ၊ ပေါပေါပဲပဲဘတ်ဂျက်အနည်းငယ်ပဲသုံးရိုက်ထားတဲ့ သည်းထိတ်ရင်ဖိုကားတွေ ၊ မသတီစရာရုပ်ရှင်တွေ ၊ အထူးသဖြင့်လူကြီးတွေအတွက်ရည်ရွယ်တဲ့ကားတွေ တစ်ကားပြီးတစ်ကား မနားတမ်းပြတယ်။ အဲ့ရုံမှာပြနေသလိုကြည့်ရတာပါ။ ဆိုတော့ရုပ်ရှင်စလာတည်းက တခြားပြနေတဲ့ကားကြော်ငြာတွေလာမယ် ။ တစ်ကားနဲ့တစ်ကားကြားမှာ ကြော်ငြာလေးတွေနဲ့ဆိုတော့ ပုံမှန်ကားမှာမရတတ်တဲ့theater vibe ခံစားရမှာပါ ၊ Rating အနေနဲ့ IMDb 7.5 , Rotten tomatoes 84% အသီးသီးရရှိထားပြီး တမူထူးတဲ့တင်ဆင်ပုံတွေနဲ့ ကြည့်ပျော်တဲ့အနေအထားရှိပါတယ် ။ ပါသမျှ ဣတ္ထိယတို့ကလည်း အနှစ်တွေပါ၊ (ရုပ်ရှင်ကတော့ Rated R မို့လို့ အသက်မပြည့်သေးသူတွေ ၊ မိသားစုနဲ့ကြည့်မယ့်သူတွေ ၊ ရွံ့စရာအခန်းတချို့လည်းပါတာမို့ ကြည့်လေ့မရှိတဲ့သူတွေကိုတော့ ကြံဖန်ချင့်ချိန်ပြီး ကြည့်ဖို့ အကြံပြုပါတယ်)...

Special OPS (2020- ) ⭐IMDB: 8.6/10 (36 k Votes) 🎬 #Mystery #Drama #Action #Crime #Thriller 🗓 2020- 🎞 tv series 🌎 #India ⏰ 55 မိနစ် 42 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Special OPS (2020) Season1 CompleteSpecial OPS (2020)အိန္ဒိယမှာ တကယ်ဖြစ်ခဲ့ဖူးတဲ့ Mumbai 26/11 အကြမ်းဖက်မှု ၊ ၂၀၀၁ ပါလီမန်အိမ်တိုက်ခိုက်ခံရမှုလိုမျိုး တကယ့်အဖြစ်အပျက်တွေကို အခြေခံရိုက်ထားတဲ့စီးရီးဖြစ်ပါတယ် ပါဝင်ထားတဲ့မင်းသားတွေကလည်း Key Key Menon ၊ Karan Tacker တို့လို တောင့်တောင့်ဖြောင့်ဖြောင့် အက်ရှင်မင်းသားတွေချည်းပါပဲ ဇာတ်လမ်းအညွှန်း၂၀၀၁ ပါလီမန်အိမ်တော်တိုက်ခိုက်ခံရမှုကြောင့် ရဲနဲ့ပြည်သူဘက်ကလည်း နစ်နာမှုကြီးမားခဲ့ရသလို ရဲတွေဘက်က ရတဲ့သတင်းအစအနနဲ့ ဘဏ္ဍာရေးလမ်းကြောင်းတွေ လိုက်လံပိတ်ဆို့ခံတဲ့အတွက် အကြမ်းဖက်အဖွဲ့တွေမှာလည်း အထိနာကုန်ပါတယ်။အကြမ်းဖက်အဖွဲ့ရဲ့ ထိပ်သီးပိုင်းခေါင်းဆောင်တွေက ကိုယ့်အထုပ်ကိုယ်ပိုက်ရင်းနဲ့ ပုန်းအောင်းကြကုန်တော့ လက်အောက်ခံအဖွဲ့ခွဲတွေမှာ ငွေပြတ်လပ်တဲ့ပြဿနာကြုံရပါတော့တယ်။ ဒီတော့ ဇာတ်လိုက်ကျော်ကြီးဟင်းမတ်(Menon)ကလည်း သူရထားတဲ့အချက်အလက်နဲ့ အခြေအ‌နေကို အသုံးချလို့ သူနှစ်ရှည်လများ လိုက်လံရှာဖွေနေခဲ့တဲ့ အီကလက်ခန်းရဲ့ ညာလက်ရုံးဖြစ်တဲ့ ဝါဆင်းကို ငွေထုပ်နဲ့မျှားရင်း သဲလွန်စရချိန်မှာ အမိဖမ်းဖို့ပြင်ဆင်ပါတော့တယ်။ဒီစစ်ဆင်ရေးအတွက် သူ‌ရွေးချယ်ခဲ့သူကတော့ သူကိုယ်တိုင် ၅ နှစ်တိတိ လေ့လာခဲ့တဲ့ ဖာရုအလီ(Karan)ပါပဲ။ ဝါဆင်းကိုရှင်းပြီးတော့ UAEမှာဆက်နေခဲ့တဲ့ ဖာရုတစ်ယောက် ဆက်လက်စုံစမ်းရင်းနဲ့ တစ်ချိန်က ၂၀၀၁ ခုနှစ် ပါလီမန်တိုက်ခိုက်ခံရမှုကစတင်လို့ ပုံစံခပ်ဆင်ဆင်နဲ့ ဖြစ်လာသမျှ အကြမ်းဖက်တိုက်ခိုက်မှုတွေရဲ့ နောက်ကွယ်က ကြိုးကိုင်သူလို့ ဟင်းမတ်သံသယဝင်နေတဲ့ အီကလက်ခန်းရဲ့သတင်းအစအနကို ရလာတဲ့အခါမှာတော့…နှစ်ဆယ်နဲ့ချီ စုံစမ်းစစ်ဆေးမှုရဲ့ မနည်းလှတဲ့ အသုံးစရိတ်‌တွေကြောင့် စစ်ဆေးခံနေရတာကတစ်ကြောင်း၊ အီကလက်ခန်းဆိုတာ တကယ်ရှိကြောင်း လက်ဆုပ်လက်ကိုင် သက်သေမပြနိုင်တာကတစ်ကြောင်းနဲ့ အထက်အရာရှိတွေ ကြပ်တာခံနေရတဲ့ဟင်းမတ်တစ်ယောက် သူကိုယ်တိုင်ရွေးချယ်ထားတဲ့ ဖာရုအလီအပါအဝင် အေးဂျင့် ၅ ယောက်နဲ့အတူ နောက်ကွယ်ကကြိုးကိုင်သူကို ရှာဖွေဖော်ထုတ်နိုင်မလားဆိုတာ အားလုံးအတူတူ ကြည့်ရှုခံစားလိုက်ရအောင်ပါ။အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ ToMo ~ Alex ~ Cherry ~ BpL ~ Yunni ~ YH တို့ပဲဖြစ်ပါတယ်Quality : 800MB / 400MBTotal Episodes : 8EpsFormat : mp4Genres : Action ~ ThrillerDuration : 50minSubtitle : Myanmar Subtitle ( Hardsub )...

Song of the Bandits (2023- ) ⭐TMDB: 50.0% User Score 🎬 #Action #Adventure #Drama #History #Western 🗓 2023- 🎞 tv series 🌎 #SouthKorea ⏰ 47 မိနစ် 47 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Song of the Bandits(2023)Song of the Bandits(2023)************************* အပိုင်းသစ်(၃)( Islandမှာ ဗန်အဖြစ် သရုပ်ဆောင်ထားတဲ့ Kim Nam Gilနဲ့ Girl Generationအဖွဲ့ဝင် Seohyunတို့အပြင် နာမည်ကြီးသရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားပါတယ်)1920ခုနှစ် ဂျပန်ကိုလိုနီခေတ်ကို ဇာတ်အိမ်တည်ရိုက်ကူးထားတာဖြစ်ပါတယ်..အဲဒီခေတ်ကာလများမှာတော့ ဂျပန်တွေဟာ နိုင်ငံရေးအမြင်နည်းပါးတဲ့ကိုရီးယားလူမျိုးတွေကို ကောင်းကောင်းနှိပ်ကွပ်ခဲ့တဲ့ကာလပေါ့…ငဲ့ရမဲ့ မိသားစုတွေရှိလို့ ဂျပန်ရန်ကကာကွယ်ဖို့အရေးအလိုက်အထိုက်နေတဲ့သူတွေ ဂျပန်နဲ့ပေါင်းပြီး လူမျိုးချင်းပြန်ဖိနှိပ်တဲ့သူတွေ အများအပြားရှိတဲ့အတွက်ကြောင့်ကိုရီးယားတွေရဲ့ နင်းပြားဘဝဟာ ဆိုးပြီးရင်းဆိုးရင်းပေါ့…ဒီအခြေအနေတွေကိုပြောင်းပြန်လှန်ဖို့အဖွဲ့အစည်းတစ်ခုပေါ်လာတယ်…ရိုင်ဖယ်တစ်လက်ကို ပခုံးပေါ်ထမ်းပြီးခပ်ကြမ်းကြမ်း ဂျပန်အဖွဲ့တွေကို ပြောက်ကျားနည်းနဲ့သမနေတဲ့တောပုန်းဓားပြအဖွဲ့ပေါ့..ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ခံစားကြည့်လိုက်ပါ….Episodes: 9...

Beach Rats (2017) ⭐IMDB: 6.4/10 (16 k Votes) 🎬 #Uncategorized #Drama #Romance 🗓 2017 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 50 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Beach Rats (2017)====================အသက်၁၉နှစ်ရှိပြီဖြစ်တဲ့ ဖရန်ကီဆိုတဲ့ လူငယ်တစ်ယောက်ဟာ ဘရွတ်ကလင်မြို့စွန်လေးမှာ နေထိုင်သူတစ်ယောက်ဖြစ်ပါတယ်။ သူ့အဖေဟာ ကင်ဆာရောဂါနဲ့ အိပ်ရာပေါ်သေလုဆဲဆဲ လဲနေခဲ့တာကြောင့် သူဟာ လူငယ်ပီပီ သူငယ်ချင်းတွေနဲ့ သောက်စားပျော်ပါး ဆေးကွဲပြီး အိမ်ကစိတ်ရှုပ်စရာတွေကို စိတ်ထွက်ပေါက်ပေးလေ့ရှိတဲ့သူပါ။ ဒါပေမယ့် ညဘက်တွေမှာတော့ လိုင်းပေါ်က၀က်ဘ်ဆိုဒ်တွေမှာ အသက်ကြီးကြီးယောက်ျားတွေကို ရှာကြည့်ပြီး စကားပြောတာ၊ ချိန်းတွေ့တာတွေ လုပ်လေ့ရှိပါတယ်။ ဒါပေမယ့် သူ့ရဲ့လိင်စိတ်ခံယူချက်ကို သူကိုယ်တိုင်လက်မခံနိုင်တာကြောင့် ဒီလိုတွေလုပ်နေတာကို သူငယ်ချင်းတွေကအစ မသိခဲ့ကြပါဘူး။ ဒါတင်မက မီးရှုးပွဲမှာတွေ့တဲ့ ကောင်မလေးတစ်ယောက်နဲ့ပါ တွဲလိုက်ပါသေးတယ်။ ဒီဇာတ်ကားဟာ ‌ဆေးစွဲပြီး လိင်စိတ်ခံယူချက်မပြတ်သားတဲ့ လူငယ်တစ်ယောက်၊ ဘော်ဒါတွေကြားမှာ၊ ရည်းစားရဲ့အနားမှာ သူ့ပြဿနာတွေကို တစ်ကိုယ်ရည်ဖြေရှင်းဖို့ ကြိုးစားနေတဲ့အကြောင်းကို ရိုက်ကူးတင်ဆက်ပေးထားတာဖြစ်လို့ ပေါ့ပေါ့ပါးပါး အနားယူရင်း ကြည့်လို့အဆင်ပြေတဲ့ ဇာတ်ကားလေးအဖြစ် ညွှန်းပေးလိုက်ပါတယ်။ မတော်တရော်လေးတွေ အနည်းငယ်ပါ၀င်တာကြောင့် မိသားစုနဲ့အတူကြည့်ဖို့တော့ မသင့်တော်ပါဘူး။...

To Kill a Stepfather (2023) ⭐TMDB: 0.0% User Score 🎬 #Drama #TVMovie #Mystery 🗓 2023 🎞 tv movie 🌎 #UnitedStates ⏰ 1 နာရီ 27 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 နစ်ကိုးလ်ရေးဟာ ကယ်လီဖိုးနီးယားက ထိပ်တန်းဥပဒေရုံးကြီးမှာ လုပ်ကိုင်နေတဲ့ အောင်မြင်တဲ့ ရှေ့နေတစ်ယောက်ဖြစ်ပါတယ်၊ တစ်နေ့မှာတော့ သူမဟာ သူမရဲ့မွေးစားအဖေဖြစ်သူ လှေကားပေါ်ကနေ တွန်းချခံလိုက်ရပြီး သေဆုံးသွားတဲ့အပေါ် သူမရဲ့အမေဖြစ်သူကို လူသတ်မှုနဲ့ဖမ်းဆီးခံလိုက်ရတာကို သိလိုက်ရပြီးတဲ့နောက်မှာ သူမရဲ့အမေဘက်ကနေ ရှေ့နေလိုက်ပေးဖို့နှင့် ဘာဖြစ်ခဲ့လဲဆိုတာက စုံစမ်းဖို့ ပြန်လာခဲ့ပါတော့တယ်၊ ဒီလိုနဲ့ အမှုအတွက် စတင်စုံစမ်းတဲ့အခါမှာ အဖြစ်အပျက်တွေက သူမထင်သလို မရိုးရှင်းနေဘူးဆိုတာ သူမသိလာရပါတော့တယ်။ သူမရဲ့အမေက တစ်ကယ်ပဲ သူ့မရဲ့မွေးစားအဖေကို သတ်ခဲ့တာလား၊ အပြင်မှာရော တစ်ကယ့်လူသတ်သမားရှိနေတာလား၊ သူမအနေနဲ့ရော ဒီအမှုကို ဘယ်လိုဖြေရှင်းမလဲ၊ အမှန်တရားကိုရောရှာဖွေတွေ့ရှိနိုင်ပါ့မလား ဆိုတာကို စိတ်ဝင်တစား ကြည့်ရှုရမှာဖြစ်ပါတယ်။...

The Dilemma (2011) ⭐IMDB: 5.3/10 (56 k Votes) 🎬 #Comedy #Drama 🗓 2011 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 52 မိနစ် 16 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 2011 ခုနှစ်က ထွက်ရှိခဲ့ပီး IMbd 5.3 ရရှိခဲ့တဲ့ black comedy အမျိုးအစား ဇာတ်ကား ​လေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းက​တော့ ရွန်နီ နဲ့ နစ်ခ် ဟာ အထက်တန်း​ကျောင်းတုန်းကနဲ့ ခင်ကြတဲ့ သူငယ်ချင်း​တွေဖြစ်ကြပီး စီးပွား​ရေး လည်းအတူတွဲလုပ်ကြတဲ့ သူတွေပါ။ ​ဂေါ်မစွံ့ လူပျိုကြီ ရွန်နီ ကို အိမ်​ထောင်ပြုဖြစ်​အောင် နစ်ခ် တို့ ဇနီး​မောင်နှံက ကြိုးစားတိုက်တွန်းကြပါတယ် ၊ တစ်​နေ့မှာ​တော့ နစ်ခ်ရဲ့ မိန်းမ က ​ဖောက်ပြန်​နေတာကို ရွန်နီ က သိရှိသွားတဲ့ အခါ နစ်ခ် ကို​ ​ပြောပြဖို့ ကြိုးစားပါတယ်။ အဲ့လိုလုပ်​နေရင်းနဲ့ မရိုးရှင်းလှတဲ့ အိမ်​ထောင်​ရေးပြသနာ​တွေ၊ လျို့ဝှက်ချက်​တွေကို သိသွားပီး ​ဖြေရှင်းဖို့ကြိုးစားပုံ​တွေ ၊ သူငယ်ချင်း​တွေ ကြားက သံ​ယောဇဥ် အ​ကြောင်း​တွေ ကို ​ပေါ်လွင်​အောင်​ဖော်ပြထားတဲ့ ဇာတ်လမ်း​လေးပဲ ဖြစ်ပါတယ်။ တဖက်ကလည်း အခက်အခဲ​တွေ​ကျော်လွှားပီး ​အောင်မြင်​အောင်ကြိုးစား အလုပ်လုပ်ကြပုံ​တွေကိုလည်း​တွေ့ရမှာပါ။ Vince Vaughn နဲ့ Kevin James တို့လို မင်းသားကြီး​တွေရဲ့သရုပ်​ဆောင်မှု နဲ့ ခပ်​သော့​သော့ ဟာသ ​တွေအပြင် Magic Mike မင်းသား Channing Tatum ပါပါဝင် သရုပ်​ဆောင်ထားတဲ့အတွက် လက်မလွတ်သင့်တဲ့ ဇာတ်ကားကောင်း​လေး ပဲဖြစ်ပါတယ်။...

Kill Her Goats (2023) ⭐IMDB: 2.9/10 (555 Votes) 🎬 #Horror 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 39 မိနစ် 39 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Steve Wolsh ရိုက်ကူးထားတဲ့ Horror အကြမ်းစားကားပါ။ Audra တို့သူငယ်ချင်းသုံးယောက် ၀ယ်ထားတဲ့အိမ်အသစ်မှာ ညအိပ်ကြချိန်မှာဖြစ်ပျက်ကုန်တာကိုရိုက်ကူးထားပါတယ်။ အဲဒီအိမ်မှာအရင်က မိသားစုတစ်ခု ရူးပြီးသေသွားကြတဲ့ ရာဇ၀င်ရှိပါတယ်။ Audra တို့သူငယ်ချင်းတွေစုပြီး ပျော်ပျော်ပါးပါးသောက်စားနေတဲ့အချိန်မှာ အမည်မသိသတ္တဝါတစ်ကောင်က လာတိုက်ခိုက်တဲ့အခါမှာ သွေးသံရဲရဲနဲ့ တွန်းလှန်ကြပုံကိုကြည့်ရှုရမှာပါ။ ‌သွေးထွက်သံယိုတွေရော အဖော်အချွတ်တွေရောပါတဲ့အကြမ်းစားကားလေးပါ။...

Antigang: La Relève (2023) ⭐IMDB: 5.4/10 (371 Votes) 🎬 #Action #Drama #Comedy #Thriller 🗓 2023 🎞 movie 🌎 #France ⏰ 1 နာရီ 34 မိနစ် 9 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb 5.4 ရရှိထားတဲ့ပြင်သစ် အက်ရှင်ကားတစ်ကားဖြစ်ပြီး အရမ်းမကြမ်းပေမဲ့ ဟာသတွေနဲ့ပေါ့ပေါ့ပါးပါ့းကြည့်လို့ကောင်းပါတယ် ဇာတ်လမ်းအကျဉ်း….. Niels ဟာအထူးရဲတပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး ဓားပြမှုတစ်ခုကိုလိုက်ရင်း မတော်တဆသူ့မိန်းမကိုဆုံးရှုံးခဲ့ရပါတယ် အသဲကွဲသွားတဲ့ Niels ဟာ ရဲတပ်ဖွဲထဲကနေထွက်ပြီး ပုံမှန်မထင်မရှားဘဝလေးမှာပဲ သမီးဖြစ်သူနဲ့နေထိုင်နေခဲ့ပါတယ် သူ့စိတ်ထဲမှာတော့ မိန်းမအတွက်အမြဲလက်စားချေဖို့တွေးနေပေမဲ့ သူပြောတဲ့အချက်အလက်တွေ သတင်းတွေနဲ့ပတ်သက်ပြီး ဘာအစအနမှရှာလို့မရတာကြောင့် လုပ်ဖော်ကိုင်ဖက်တွေကလည်း သူ့ကိုမယုံကြတော့ပါဘူး တစ်နေ့မှာတော့ ရုတ်တရက်ကြည့်လိုက်မိတဲ့သတင်းတစ်ခုက သူလက်စားချေဖို့စောင့်နေတဲ့ရန်သူနဲ့ပတ်သက်နေမှန်း သတိထားမိသွားပါတော့တယ် ရဲနဲ့လုပ်ဖော်ကိုင်ဖက်ဟောင်းတွေက သူပြောတာကိုမယုံကြတာကြောင့် သူ့တစ်ယောက်ထဲစုံစမ်းဖို့ဆုံးဖြတ်လိုက်ပေမဲ့ အလွတ်မပေးတဲ့သမီးကြောင့် နှစ်ယောက်ပေါင်းပြီးစုံစမ်းဖို့ဖြစ်သွားပါတော့တယ် သူတို့သားအဖနှစ်ယောက်သား လူဆိုးဂိုဏ်းကိုလိုက်စုံစမ်းရင်း ချစ်ရတဲ့ ဇနီးနဲ့အမေအတွက် ဘယ်လိုလက်စားချေကြမလဲ ဆိုတာကိုကြည့်ရှုရမှာပါ...

Step Brothers (2008) ⭐TMDB: 66.0% User Score 🎬 #Comedy #Uncategorized 🗓 2008 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အသက်၄၀ အရွယ် အလုပ်ကိုင်မဲ့ ဖခင်ဖြစ်သူနဲ့ ‌နေနေတုန်းဖြစ်တဲ့ ဒေးနဲ့ အသက်၃၉ အရွယ် အလုပ်မရှိ မိခင်နဲ့ နေနေတုန်းဖြစ်တဲ့ ဘရန်နန်, တစ်နေ့မှာတော့ ကံကြမ္မာလို့ပဲပြောရမလား သူတို့ရဲ့ မိဘနှစ်ယောက် ပွဲတစ်ပွဲမှာ ဆုံစည်းချစ်ကျွမ်းဝင် လက်ထက်ဖို့အထိပါဖြစ်လာတဲ့အခါ ဒေးနဲ့ ဘရန်နန်တို့နှစ်ယောက် တစ်အိမ်တည်းအတူတူနေဖို့ဖြစ်လာ‌ပါတော့တယ် ဒါပေမယ့် ဖအေမတူ အမေကွဲညီအကိုနှစ်ယောက်ဖြစ်တဲ့အလျောက် မတည့်တာတော့မထူးဆန်းပေမယ့် သူတို့ ဒီလိုအခက်အခဲတွေကနေ ဘယ်လိုမျိုး‌ကျော်ဖြတ်ကြမလဲ ဘယ်လိုခင်မင်သွားကြမလဲဆိုတာကို ဟာသ ဆန်ဆန်လေးရိုက်ထားတာဖြစ်လို့ ပရိတ်သတ်တို့ မပျင်း‌ရအောင် ရယ်နေရမှာပဲဖြစ်ပါတယ် မြည်းစမ်းကြည့်ကြပါဗျာလို့ပဲစကားပါးလိုက်ပါတယ်ဗျာ...

The Truth About Emanuel (2013) ⭐IMDB: 6.0/10 (10 k Votes) 🎬 #Drama #Thriller 🗓 2013 🎞 movie 🌎 #UnitedStates #Mexico #UnitedStatesofAmerica ⏰ 1 နာရီ 37 မိနစ် 38 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Truth About Emanuel [ 2013 ] IMDb 6/10Drama/Thriller ဒီဇာတ်ကားရဲ့အ‌ကြောင်းကိုပြောရမယ်ဆိုရင်တော့ အဓိကဇာတ်ဆောင် အမန်နျူရယ်ရဲ့ဘဝဇာတ်ကြောင်းနဲ့ အစချီရပါမယ် လူ့လောကထဲကို ရောက်ရောက်လာချင်းမှာပဲ မိခင်ဖြစ်သူကိုဆုံးရှုံးလိုက်ရတဲ့ အမန်နျူရယ်ဟာ တခြားကလေးတွေနဲ့မတူဘဲ ငယ်စဉ်ကတည်းက စိတ်ဒဏ်ရာဗရပွနဲ့ကြီးပြင်းလာသူပါ သူ့ရဲ့ပထမဆုံးဝင်သက်ဟာ မိခင်ဖြစ်သူရဲ့နောက်ဆုံးထွက်သက်ဖြစ်ခဲ့ရပြီးတော့ ဘဝတစ်လျှောက်လုံး အမန်နျူရယ်ဟာ သူ့အပြစ်မကင်းသလိုခံစားနေခဲ့ရပါတယ် ရက်တွေနှစ်တွေကုန်လွန်လာခဲ့ပြီး တစ်ရက်မှာတော့ အမန်နျူရယ်တို့အိမ်ဘေးကို ထူးဆန်းတဲ့အမျိုးသမီးတစ်ယောက် အိမ်ပြောင်းလာပါတော့တယ် မိခင်မေတ္တာငတ်မွတ်ခဲ့ရတဲ့အမန်နျူရယ့်ခမျာ အကြောင်းအရင်းမဲ့စွာနဲ့ပဲ အဲ့ဒီအမျိုးသမီးကို မြင်မြင်ချင်း စွဲလမ်းသွားခဲ့ပါတယ် လောကကြီးထဲမှာ ဖွင့်ရအခက်ဆုံးအရာက စိတ်ရဲ့တံခါးပေါက်ဆိုသလိုမျိုးပဲ အိမ်နီးနားချင်းအမျိုးသမီးဆီမှာလည်း လူမသိတဲ့လျို့ဝှက်ဆန်းကြယ်မှုတွေ ရှိလို့နေပြန်ပါတယ် အမန်နျူရယ်တစ်ယောက် သူ့ရဲ့စိတ်ဒဏ်ရာကိုကုစားနိုင်မှာလား အိမ်နီးနားချင်းအမျိုးသမီးရဲ့ လျို့ဝှက်ဆန်းကြယ်မှုတွေကရော ဘာတွေဖြစ်မလဲဆိုတာကို ဒီတစ်နာရီခွဲစာ Drama-Thriller အမျိုးအစား movie ထဲမှာ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်...

Leaked! (2023- ) ⭐IMDB: 4.6/10 (67 Votes) 🎬 #Drama #Mystery #Thriller 🗓 2023- 🎞 tv series 🌎 #India ⏰ 21 မိနစ် 35 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Leaked! (2023) CompleteLeaked (2023)နာမည်အတိုင်း leaked ဗီဒီယိုတစ်ခုပေါက်ကြားသွားရာက စခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ် ခပ်မိုက်မိုက်လူငယ်ကျောင်းသားကျောင်းသူလေးတွေကို ရှုစားရင်းကြည့်ရှူရမဲ့စီးရီးလေးဖြစ်ပါတယ် အားကစားတော်ကြတဲ့ကျောင်းသားတွေ ၊ sexy ကျပြီး လူအ‌များကြားထင်ပေါ်တဲ့ကျောင်းသူတွေ အဲ ဒီလိုကျောင်းသူတွေထဲမှာ ရူဘီလည်းတစ်ယောက်အပါအဝင်ပေါ့ ပါတီတစ်ခုမှာ ကောင်လေးတစ်ယောက်နဲ့ ကြည်နူးကြတဲ့ဗီဒီယိုတစ်ခုပေါက်ကြားသွားခဲ့တယ်အားလုံးကသူရှက်ပြီးကျောင်းမလာတော့ဘူးထင်နေကြချိန်မှာပဲ သူကတော့အေးဆေးကျောင်းလာတက်ပြီး မတွဲသင့်တဲ့ကောင်နဲ့တွဲမိတာကလွဲ သူဘာမှအမှားလုပ်မထားကြောင်း ယုံကြည်မှုအပြည့်နဲ့ပေါ့…နောက်တစ်ရက်မှာတော့ သူ့ကိုကျောင်းမျက်နှာစာမှာပဲ ဆွဲကြိုးချလျက်တွေ့လိုက်ကြရတယ် ဘယ်လိုအခြေအနေမျိုးမဆို ကိုင်တွယ်နိုင်ပြီး စိတ်မညစ်တတ်တဲ့ cool girl တစ်ယောက်သတ်သေတာဖြစ်နိုင်ပါ့မလား ဒီအကြောင်းကိုလိုက်စုံစမ်းရင်းကျောင်းသားလေးတွေမွှေကြတဲ့ အရှုပ်တော်ပုံတွေပါ ဖြေရှင်းကြပုံကို ရှုစားရမှာဖြစ်ပါတယ်(အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ BpL ~ Yunni ဖြစ်ပါတယ်)File Size –800MB | 400MBQuality – 1080p WEBDL /720pDuration – 25minsTotal Episodes: 8EpsSubtitle – Myanmar HardsubFormat – Mp4Genre :  Thriller ~ Drama ~Bollywood...

Theater Camp (2023) ⭐IMDB: 7.2/10 (6 k Votes) 🎬 #Comedy 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 33 မိနစ် 15 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဇာတ်လမ်းနာမည်လေးအတိုင်းပဲ ပြဇာတ်လေးတစ်ခုကို စခန်းသွင်းကြည့်ရှုရသလိုခံစားရမယ့်ကားလေးပါ…။ ဇာတ်လမ်းအကြောင်းအရာလေးကတော့ နွေရာသီဆိုရင် ပြဇာတ်ဝါသနာ၊ အဆိုအကဝါသနာပါတဲ့ ကလေးငယ်လေးတွေ သင်တန်းလာတက်တဲ့ ပြဇာတ်စခန်းလေးရှိတယ်ပေါ့….။ ဒီစခန်းရဲ့ တည်ထောင်သူဟာ ကိုမာဖြစ်ပြီး အိပ်ယာထဲလဲသွားတော့… သားဖြစ်သူ ထရွိုင်ဟာ မိခင်ရဲ့အမွေအနှစ်ကို ထိန်းသိမ်းဖို့ တာဝန်ကျလာပါပြီ…။ သို့ပေမဲ့ ဒီစခန်းလေးဆက်လက်ရပ်တည်နိုင်ဖို့ကလည်း ရံပုံငွေအသည်းအသန်လိုနေခဲ့တာပါ…။ ငွေမှရှာမရရင် ဘဏ်က ချိတ်ပိတ်သိမ်းတာခံရမှာဆိုတော့ ထရွိုင်ဟာ ငွေရှာဖို့ကြံရပြန်ပါပြီ…။ ထရွိုင်ဟာ ငွေရှာဖို့ စိတ်ကူးယဥ်ရုံကလွဲပြီး အနုပညာအကြောင်းဘာမှမသိ ဘာမှမတတ်သူပါ…။ အခြားတစ်ဖက်မှာတော့ ဒီစခန်းလေးရဲ့ အနုပညာအရည်အသွေးကို ထိန်းပေးနေတဲ့ ဆရာအေးမိုစ့်နဲ့ ဆရာမ ရေဗက်ကာဒိုင်းယန်းတို့လည်းရှိပါသေးတယ်…။ သူတို့က နှစ်စဥ်နှစ်တိုင်း သင်တန်းလာတက်တဲ့ကလေးတွေနဲ့ ပြဇာတ်တစ်ခု လေ့ကျင့်ကပြနေကျပါ…။ ဒီတော့ ကလေးတွေကပြမယ့် ပြဇာတ်ကို အသုံးချပြီး ထရွိုင်တစ်ယောက်ငွေဘယ်လိုရှာမလဲ…၊ အနုပညာကြောင်းမသိတဲ့ ထရွိုင်နဲ့ အနုပညာသမားတွေကြားဘယ်လို ဒုက္ခသုခတွေကြုံရမလဲ… ပြဇာတ်တစ်ခုကဖို့ ဘယ်လို ကြိုးစား သင်ယူပြင်ဆင်ရတယ်ဆိုတာကို မြင်တွေ့ရမယ့် Musical Comedy movieလေးဖြစ်ပါတယ်…။...

American Outlaws (2023) ⭐IMDB: 5.3/10 (93 Votes) 🎬 #Crime #Drama #Mystery #Action #Thriller 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 39 မိနစ် 35 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 American Outlaws ဆိုတဲ့ ဖြစ်ရပ်မှန်မှုခင်းဇာတ်ကားလေးကို တင်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားထဲမှာတော့လီဂရေ့စ် ဒေလန် ရိုင်ယန်လို့ခေါ်တဲ့ ဒိုဟာတီမိသားစုဝင် မောင်နှမသုံးယောက်ရဲ့ ဝရမ်းပြေးဘဝကို အသေးစိတ်ရိုက်ကူးပြသထားတာကို တွေ့ရမှာပဲဖြစ်ပါတယ်။သူတို့မောင်နှမ သုံးယောက်ဘယ်လိုဝရမ်းပြေးတွေဖြစ်လာသလဲဆိုတာကိုပြောရရင် ရိုင်ယန်ကခံဝန်နဲ့လွတ်ထားတာမကြာသေးပဲ စောင့်ကြည့်ခံထားရတဲ့အပြင် မှတ်ပုံတင်ပါမရှိတဲ့အတွက် နှစ်ရက်နေရင်အဖမ်းခံရတော့မှာပဲဖြစ်ပါတယ်။ သူတို့မောင်နှမသုံးယောက်ကလည်း အရမ်းဆင်းရဲတဲ့အတွက် ကျရာအလုပ် လုပ်ကိုင်နေရတဲ့သူတွေဖြစ်ပါတယ်။ဒီလိုနဲ့ အစ်ကိုအကြီးဆုံးဖြစ်တဲ့ ဒေလန်က သုံးယောက်သား တခြားနိုင်ငံကိုထွက်ပြေးနေထိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ်။ သူတို့မောင်နှမသုံးယောက်လည်း သေချာစဉ်းစားဆုံးဖြတ်ပြီးတဲ့ နောက်မှာတော့ နယ်စပ်ကိုခိုးဖြတ်ဝင်ဖို့အတွက် သဘောတူခဲ့ကြပါတော့တယ်။ရိုင်ယန်လည်း သူ့ရဲ့မွေးဖွားခါနီးကောင်မလေးကိုထားခဲ့ရပြီး ထွက်လာခဲ့ပါတော့တယ်။ဒါပေမယ့် လမ်းမှာကားကို အရှိန်တင်မောင်းလို့ ရဲကားအလိုက်ခံရတဲ့အချိန်မှာသေနတ်နဲ့ ပြန်ပစ်လို့ အမှုပတ်သွားပါတော့တယ်။ဒီလိုနဲ့သူတို့လည်းဆက်ထွက်ပြေးရင်းနဲ့ ပိုက်ဆံလိုအပ်လာတဲ့အတွက်ဘဏ်ကိုပါဓားပြဝင်တိုက်ခဲ့ပါတော့တယ်။ဒီလိုနဲ့ တစ်မှုကနေနှစ်မှုဆင့်လာပြီး နောက်မှာတော့ သတင်းတွေထဲမှာရောရေဒီယို တွေထဲမှာပါနာမည်ကြီးလာတဲ့ ဝရမ်းပြေးတွေဖြစ်လာခဲ့ပါတယ်။တခြားနိုင်ငံကို ကူးဖို့နယ်စပ်တောင်မရောက်သေးပဲ နဲ့ဒီလောက်အမှုတွေကြီးနေတဲ့ ဝရမ်းပြေး မောင်နှမသုံးယောက်ထွက်ပြေးဖို့ဆိုတာဖြစ်နိုင်ဦးပါ့မလား။သူတို့ရဲ့ဝရမ်းပြေး ဘဝတွေမှာဘယ်လိုနေထိုင်ရလဲ သူတို့ရဲ့ငယ်ဘဝတွေကရောဘယ်လိုတွေဖြစ်ခဲ့လို့ ဒီလောက်ဆိုးသွမ်းနေတဲ့လူတွေဖြစ်ရတာလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမယ့် ဖြစ်ရပ်မှန်ဇာတ်ကားလေးပဲဖြစ်ပါတယ်။...

Jaane Jaan (2023) ⭐IMDB: 6.9/10 (184 Votes) 🎬 #Bollywood #Crime #Drama #Mystery #Thriller 🗓 2023 🎞 movie 🌎 #India #SouthKorea #UnitedStatesofAmerica ⏰ 2 နာရီ 19 မိနစ် 39 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Jaane Jaan (2023)====================IMDb-6.0/10ဒီကားကတော့ ၄တန်းအောင် အဂျေးရဲ့ အလောင်းဖျောက်ပုံ အလီဘိုင်ရှာပုံတွေနဲ့ ပုံစံဆင်တူတဲ့ ဇာတ်ကားတစ်ကားပါNetflix ကထုတ်လွှင့်ပြီး Rating အနေနဲ့ရော Plot အနေအထားအရပါ အတော်လေးကြည့်ရှုလို့ကောင်းတဲ့ Crime / Mysteryဇာတ်ကားအမျိုးအစားဖြစ်ပါတယ် မင်းသမီးကြီး ကရီနားကပူးဟာဆိုရင်လည်း အပိုအလိုမရှိ ပါဝင်သရုပ်ဆောင်ထားပြန်ပါတယ် ဘောလိဝုဒ်ကားတွေက အင်စပက်တာတွေ အမှုလိုက်တော်တဲ့ကားတွေပဲများပေမဲ့ဒီကားကတော့ criminal ဘက်ကနေ ဘယ်လောက်ထိပိရိအောင်လုပ်နိုင်လဲဆိုတာကိုကြည့်ရှုရမှာပါ ဉာဏ်ပညာထက်မြက်မှုနဲ့ ရူးသွပ်မှု..ဒီ၂ခုကြားမှာ မျဉ်းကြောင်းလေးတစ်ကြောင်းပဲ ခြားပါတယ်သင်္ချာပညာရပ်ကို ရူးသွပ်လို့ ဆယ်စုနှစ်တစ်ခုအထိ လေ့လာလိုက်စားလာခဲ့ပြီး အရာရာကိုသင်္ချာနည်းတကျ စေ့စပ်တွေးခေါ်တတ်တဲ့လူတစ်ယောက်က လူသတ်မှုတစ်ခုမှာ ပါဝင်ပတ်သက်လာခဲ့မယ်ဆိုရင်ရော.. နည်းနည်းလောက်သာပိုတွေးမိရင် မျက်စိရှေ့က အမှန်တရားကိုမြင်နိုင်ပေမဲ့ မကြိုးစားခဲ့ကြသူတွေနဲ့ ချစ်ရတဲ့မိသားစုကိုကာကွယ်ဖို့အဘက်ဘက်ကကြိုးစားကြတဲ့လူတွေကြားက တိုက်ပွဲတစ်ခု ..လူသတ်သမားကိုသိနေတာတောင် အလီဘိုင်က အစစအရာရာပြည့်စုံနေပြီးဟာကွက်မရှိနေတဲ့ ပြီးပြည့်စုံတဲ့ လူသတ်မှုတစ်ခု ..ဉာဏ်ပညာထက်မြက်မှုနဲ့ အမှန်တရားကြား ဘယ်သူကအနိုင်ရသွားမလဲဇာတ်ကားတစ်ကားလုံးက ပစ်ရက်စရာရှိအောင် ပြည့်စုံလွန်းတာကြောင့် လက်မလွှတ်သင့်တဲ့ ဇာတ်ကားတစ်ကားပါပဲ (အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ YH ~ Alex ~ ToMo ~ Yunni တို့ပဲဖြစ်ပါတယ်)...

Nobody's Hero (2022) ⭐IMDB: 6.3/10 (656 Votes) 🎬 #Comedy #Drama 🗓 2022 🎞 movie 🌎 #France #Belgium ⏰ 1 နာရီ 36 မိနစ် 9 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Nobody’s Hero (2022) ~ IMDb – 6.3/10, Rotten Tomatoes – 65% ~ “ညစ်ညမ်းပြကွက်များပါဝင်သောကြောင့် အသက်မပြည့်သူများနှင့် မိသားစုနှင့်အတူကြည့်ရှုရန်မသင့်ပါ” ဒီရုပ်ရှင်ကတော့ မနှစ်ကမှ ထွက်ရှိထားတဲ့ ပြင်သစ် ဟာသကားတစ်ခုပါ။ ဟာသတွေကလည်း အတည်ပေါက်ကြီး ဖောက်ထားတာတွေဆိုတော့ ကြည့်ရင်း ပြုံးစိစိဖြစ်စရာတွေပါပဲ။ ရုပ်ရှင်စလာကတည်းက အတော်ကိုစားပါတယ်။ မီဒရစ်ဟာ ပြည့်တန်ဆာတစ်ယောက်ကို ချစ်မိသွားပြီဆိုပြီး ပိုက်ဆံမယူဘဲ သူနဲ့အတူအိပ်ဖို့ ‌ဈေးညှိတယ်။ သူက သူများခန္ဓာကိုယ်ကို ငွေနဲ့ဝယ်တာ မလန်းဘူးထင်တယ် ဘာညာပေါ့။ ပြည့်တန်ဆာဖြစ်တဲ့ အီဆာဒိုရာကလည်း လက်ခံလိုက်တယ်။ ဖြစ်ချင်တော့ အီဆာဒိုရာကလည်း ယောက်ျားနဲ့၊ သူ့ယောက်ျားက သူ့ရဲ့ ချိတ်ပေါ့လေ။ အဲဒီလိုနဲ့ သူတို့ကြား တိုင်တွေပတ်ပါရောလား။ အဲဒီလိုဖြစ်နေတုန်းမှာပဲ သူတို့မြို့မှာ အကြမ်းဖက်မှုတစ်ခုဖြစ်သွားတယ်။ အစွန်းရောက်တွေရဲ့လက်ချက်ဆိုပြီး တမြို့လုံးကြောက်နေကြတဲ့အချိန်မျိုးပေါ့။ အဲဒီမှာ မီဒရစ်ရဲ့အိမ်ရှေ့ကို အိမ်ခြေရာမဲ့ အာရပ်ကောင်လေးတစ်ယောက်ရောက်လာတယ်။ မီဒရစ်ကတော့ သူ့ကိုအကြမ်းဖက်သမားလို့ သံသယဝင်နေသေးတာပေါ့။ ဒါပေမဲ့လည်း သနားတာနဲ့ လှေကားရင်းမှာ ပေးအိပ်ထားရာကနေ အိမ်အထိခေါ်တင်ထားတဲ့အထိ ဖြစ်ကုန်ပါလေရော။ ဒီလိုနဲ့ အမျိုးစုံ တိုင်တွေထပ်ပတ်ကြ‌တာပေါ့လေ။ ဘယ်လိုတွေ တိုင်ပတ်သလဲဆို‌တာတော့ ကိုယ်တိုင်ကြည့်လိုက်တာ ပိုရယ်ရပါလိမ့်မယ်။ ဒီရုပ်ရှင်က ဇာတ်လမ်းအရဆိုရင် သာမန်ဟာသလို့ထင်ရနိုင်ပေမဲ့ ပြင်သစ်တွေရဲ့ Islamophobia နဲ့ တခြားအပိုင်းတွေကို ပါးပါးလေးပုတ်ပြသွားပါတယ်။ ကြည့်ပျော်တယ်လို့ ပြောနိုင်တဲ့အခြေအနေရှိပြီး ဇာတ်သိမ်းမှာ ဘာဖြစ်သွားပါတယ်ဆိုပြီး အဖြေထုတ်မပြသွားဘဲ ခံစားချက်အသိကိုပေးလိုက်တာကတော့ ဒီဇာတ်ကားရဲ့ တစ်မျိုးလေးအရသာရှိတဲ့အပိုင်းလို့ပြောရမှာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုMin Thant Boမှ ပြန်ဆို ရေးသားထားပါတယ်)...

Natty Knocks (2023) ⭐IMDB: 4.3/10 (284 Votes) 🎬 #Horror #Thriller 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 12 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်ကားက ၂၀၂၃ ထွက်  horror / Thriller ဇာတ်ကားသစ်ပါ။ ဇာတ်လမ်းက Slasher themeလည်းပါသလို witch craft​တွေနဲ့ Horrorအ​ငွေ့အသက်​တွေလည်း အစုံပါတယ်လို့ပြောလို့ရပါတယ်။ ဇာတ်လမ်းအကျဉ်းက​တော့ ဝိုင်းယက်နဲ့ဂျိုလီ မောင်နှမ၂​ယောက်နဲ့ သူ့ရဲ့က​လေးထိန်း ဘရစ်တို့ဟာ မ​မျှော်လင့်ဘဲနဲ့ လူသတ်မှုတစ်ခုကို မျက်မြင်တွေ့ခဲ့ပြီး​​နောက် လူသတ်သမားရဲ့ လိုက်လံအငြိုးထားမှုကို ခံခဲ့ရပါတယ်။ သူ့လက်​က​ လွတ်​အောင်ကြိုးစားရင်း လူသတ်သမား ဖြစ်သူရဲ့ ဘဝ​ဇာတ်ကြောင်းနဲ့ သူတို့​ရဲ့မြို့​လေးမှာ အရင်ကဖြစ်ခဲ့တဲ့ မှုခင်းတခုအ​ကြောင်းပါ မီးခိုး​ကြွက်​လျှောက်​ပေါ်လာပါ​တော့တယ်။ သူတို့၃​​ယောက် လူသတ်သမားဆီက လွတ်​​အောင်​ ပြေးနိုင်မှာလား။ အဲဒီလူကဘာလို့လူ​သတ်​နေတာလဲ၊ သူ့​နောက်​​ကြောင်းကို သူတို့​တွေ ​​ဖော်ထုတ်နိုင်မှာလားဆိုတာ ကြည့်ရှုရမှာပါ။...

Mechamato Movie (2022) ⭐IMDB: 8.0/10 (363 Votes) 🎬 #Action #Adventure #Animation #Comedy #Family #ScienceFiction #SciFi 🗓 2022 🎞 movie 🌎 #Malaysia ⏰ 2 နာရီ 3 မိနစ် 16 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Mechamato movie 2022 Big Hero 6 ဇာတ်ကားလိုvibe မျိုးပြန်ရစေမဲ့စက်ရုပ်လူစွမ်းကောင်းအန်နီမေးရှင်းဇာတ်ကားကို တင်ဆက်ပေးချင်ပါတယ်။ Mechamato စီးရီး ရဲ့ prequel ဇာတ်လမ်းဖြစ်လို့ စီးရီးမကြည့်ဖူးဘူးဆိုရင်တောင်ဒီကားကနေစကြည့်နိုင်ပါတယ်။ ဒီကားမှာ အာမန်တိုက အသွင်ပြောင်းစက်ရုပ်မတ်ချာဘော့တ်နဲ့ဘယ်လိုစတင်တွေ့ခဲ့တယ်ဆိုတာ ကြည့်ရှုရမှာပါ။ စက်ရုပ်တွေကိုခုံမင်တဲ့ အာမန်တိုဟာ ကျောင်းကပရောဂျက်အတွက်စက်ရုပ်ကိုသူ့သူငယ်ချင်း ပီရန်နဲ့ ကြိုးစားပမ်းစားတီထွင်နေကြပါတယ်။တစ်နေ့မှာတော့ ဂလက်ဆီပေါ်မှာတိုက်ပွဲဖြစ်ရင်း ကိုယ်ပျောက်ယာဉ်တစ်စီးဟာကမ္ဘာပေါ်ကိုပျက်ကျလာခဲ့ပါတယ်။ အဲ့နေ့မှာပဲ ပရောဂျက်အတွက်စိတ်လှုပ်ရှားနေတဲ့အာမန်တိုတစ်ယောက်အိမ်ပြန်လမ်းမှာယာဉ်ပျက်တစ်စီးကို မထင်မှတ်ဘဲတွေ့လိုက်ရတဲ့အချိန်မှာတော့စူးစမ်းလေ့လာစိတ်ပြင်းပြတဲ့ အာမန်တိုဟာဘာဆက်ဖြစ်မယ်ဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Moon~ToMo~BpL~YH တို့ပဲဖြစ်ပါတယ်။)...