uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закритий канал

🚩 Channel was restricted by Telegram

Показати більше
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
Frybread Face and Me (2023) ⭐IMDB: 7.3/10 (435 Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 22 မိနစ် 41 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Frybread Face and Me (2023) ~ IMDb – 7.3/10, Rotten Tomatoes – 100% ~ Coming of Age အမျိုးအစားဆိုတော့ ကလေးတစ်ယောက်ရဲ့ ဖြတ်သန်းခဲ့ရ ခဏပေါင်းများစွာကို ဒီရုပ်ရှင်မှာ ကျွန်တော်တို့ မြင်ရလိမ့်မယ်။ တခြား CoA ကားတွေနဲ့မတူဘဲ ပိုထူးတာက ဒီရုပ်ရှင်က အမေရိကန်တိုင်းရင်းသား အင်းဒီယန်းတွေရဲ့ ဓလေ့ကို ထင်ဟပ်စေတာပဲဖြစ်လိမ့်မယ်။ ဘာလို့ဆို ဒီရုပ်ရှင်ကို ဇာတ်ညွှန်းရေးပြီး ရိုက်တဲ့ ဒါရိုက်တာ ကိုယ်တိုင်ကလည်း အမေရိကန်တိုင်းရင်းသားတစ်ယောက်ပဲ။ ဒီဇာတ်လမ်းကလည်း သူ့ငယ်ဘဝကို သူကိုယ်တိုင် ပြန်ပြောင်းပြောပြနေတာပဲ။ မြို့ပေါ်မှာ ကြီးလာတဲ့ကလေးကို အမေရိကန် အနောက်တောင်ဘက်က နာဗာဂျိုတိုင်းရင်းသားမျိုးနွယ်တွေနေတဲ့ဆီက သူ့အဘွားဆီ တစ်နွေပို့ပြီး အဲဒီမှာ ကျင်လည်ခိုင်းရာက အဲဒီကလေးကြုံရတဲ့ မှတ်မိနေတဲ့ အဖြစ်တွေကို ကျွန်တော်တို့ မြင်ရလိမ့်မယ်။ ရုပ်ရှင်တစ်ကားဆိုတာထက် ငယ်သူငယ်ချင်းတစ်ယောက် သူ့ငယ်ဘဝကို ပြန်ပြောင်းပြောပြနေတဲ့ ဖီလင်မျိုးလည်း ရလိမ့်မယ်။ သူငယ်ချင်းတစ်ယောက်ရဲ့ ငယ်ဘဝကိုနားထောင်ရင်း ကိုယ့်ငယ်ဘဝကိုပါ သတိရလာသလိုမျိုး ဖီလင်မျိုးလည်းပေးနိုင်တယ်။ တော်တော်လှပတဲ့ Coming of Age ဇာတ်လမ်းပါပဲ။ ကျွန်တော်တို့မသိတဲ့ လူမျိုးစုတစ်ခုရဲ့ ဘဝနေနည်းနဲ့ ခံယူချက်တွေကိုပါ မြင်ရလိမ့်မယ်။ ဒီလိုလှပလို့လဲ IMDb – 7.3/10 နဲ့ RT – 100% အပြည့်ရထားတယ်။ လွမ်းစရာကောင်းတဲ့ဘဝကို ပြန်ပြောင်းသတိရချင်ရင် ကြည့်လို့ကောင်းမယ့် ဇာတ်ကားတစ်ကားပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကိုWမှ ပြန်ဆို ရေးသားထားပါတယ်)...

Mother Theory (2019) ⭐TMDB: 50.0% User Score 🎬 #Adult #Drama #Romance 🗓 2019 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 14 မိနစ် 20 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Mother Theory -2 ကိုရီးယား 18+ကိုမှ Drama လေးတွဲပြီး ဇာတ်လမ်းလေးနဲ့ ကားကောင်းလေးမှ ကြည့်မယ်ဆို ဒီကားလေး ညွှန်းချင်ပါတယ် ငယ်ငယ်က တိတ်တခိုးချစ်ရတဲ့ ၃နှစ်ကြီးတဲ့ မမက တစ်ချိန်မှာ ကိုယ့်မိထွေး ဖြစ်လာခဲ့ရင် ဘယ်လိုလုပ်မလဲ? မိတဆိုး သူဌေးသားလေး မင်းဂျယ်က စိတ်တိုင်းကျ သုံးဖြုန်းနေပြီး သူ့ jf လေးနဲ့သီချင်းဆိုရင်းလောကစည်းစိမ် ခံစားနေတုန်းမှာ မထင်မှတ်ပဲ အဖေဖြစ်သူက သူငယ်ငယ်ကခိုးချစ်ခဲ့ရတဲ့ အချစ်ဦးကိုမှနောက်အိမ်ထောင်ပြုမယ်ဆိုပြီး ခေါ်ချလာတဲ့ အခါ ဘယ်လိုတွေ နှစ်ပါးသွားမယ်ဆိုတာကို ဇာတ်လမ်းလေးကြည့်ရင် သိမှာပါ ဇာတ်လမ်းလေးကလည်းကောင်း ချစ်ပုံချစ်နည်းတွေကလဲ  လေ့လာစရာတွေ တစ်ပုံကြီးကြည့်ရဦးမယ့် ကားကောင်းလေးပါလို့ ပြောချင်ပါတယ် Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။...

How to Be Single (2016) ⭐IMDB: 6.1/10 (93 k Votes) 🎬 #Comedy #Drama #Romance 🗓 2016 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 51 မိနစ် 43 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အခုလို ၂၁ရာစုမှာ အချစ်စစ်ဆိုတာ စပါးပုံထဲအပ်ပျောက်ရှာနေသလိုပါပဲ၊ ဒီလိုခေတ်ထဲမှာ အချစ်စစ်ရှာရင်း ကိုယ့်ကိုယ်ကိုယ်မေ့ပျောက်နေမယ့်အစား ကိုယ့်ကိုယ်ကိုယ်ချစ်ရင်း ဘဝကို ဘယ်လိုပျော်ရွှင်အောင်နေကြမလဲ? ဒီဇာတ်ကားက ၂၀၁၆ ခုနှစ်မှာထွက်ရှိခဲ့ပြီး IMDb မှာ rating 6.1 နဲ့ Rotten Tomatoes မှာ rating 46% ရရှိထားပါတယ်။ Fifty Shapes of Gray မင်းသမီး Dakota Johnson နဲ့ Funny People, The Bling Ringတို့လိုဇာတ်ကားတွေမှာ ပါဝင်ခဲ့ပြီး Rio, The Simpsons တို့လို ကာတွန်းကားတွေမှာ အသံသရုပ်ဆောင်အဖြစ်ပါဝင်ခဲ့တဲ့ Leslie Mann အပြင် Night at the Museum တို့လို့ဇာတ်ကားမျိုးမှာ ပါဝင်ခဲ့တဲ့ Rebel Wilson တို့လို သရုပ်ဆောင်မင်းသမီးတွေပါတယ်ဆိုတော့ ကြည့်လို့ပျော်မှာ အသေအချာပါပဲဗျာ။ ဒီကားလေးက လူငယ်တွေရဲ့ အချစ်ရေးအချစ်ရာအကြောင်းတွေကို ဟာသလေးနှောပြီး ပေးချင်တဲ့မက်ဆေ့ခ်ျကို ထိထိမိမိ ရိုက်ပြထားတာဖြစ်လို့ သေချာပေါက် ကြည့်ကိုကြည့်သင့်ပါတယ်။ အဲလစ်နဲ့ ဂျော့ရှ်က မြင်မြင်ချင်းမှာပဲချစ်မိသွားကြပြီး အတူတူနေလာခဲ့တာ လေးနှစ်ရှိသွားပါပြီ။ လေးနှစ်ကြာ ဆက်ဆံရေးတစ်ခုဖြစ်တဲ့အတွက်ကြောင့် အဲလစ်တစ်ယောက် သူ့ကိုယ်ပိုင်ဘဝကိုပြန်ရှာချင်တာရယ် သူ့လက်ကျန်တစ်ဘဝလုံး ဂျော့ရှ်နဲ့ပဲ ဖြတ်သန်းချင်တာသေချာရဲ့လားဆိုတာ သိရဖို့အတွက် နှစ်ယောက်သားခဏတာခွဲခွါခဲ့ကြပါတယ်။ ဒီလိုမျိုးအဲလစ်က အလုပ်ခွင်အသစ်က စင်ဂယ်ဘဝကို ပ ါတီတက်ရင်း One night stand‌ တွေနဲ့ပျော်ပျော်ပါးပါးဖြတ်သန်းနေတဲ့ ရော်ဘင်တစ်ယောက်နဲ့ သူငယ်ချင်းဖြစ်သွားတဲ့နောက်မှာ ဘာတွေဆက်ဖြစ်ကြမလဲ… အဲလစ်ရဲ့အစ်မတဖြစ် ဆရာဝန်ဖြစ်သူ မက်ဂ်ကတော့ ချစ်သူ၊ယောက်ျား၊ ကလေး စတဲ့သံယောဇဉ်တွေကို အယုံအကြည်မရှိတဲ့သူပါ။ တစ်ရက် လူနာရဲ့ကလေးကို ကြည့်ပေးရတဲ့နောက်မှာတော့ ကလေးလိုချင်လာခဲ့ပါတယ်၊ ဒီလိုနဲ့ သုက်ပိုးအလှူရှင်တစ်ယောက်ဆီက သုက်ပိုးအလှူခံပြီး လိင်မဲ့ကိုယ်ဝန်ဆောင်ဖို့ ကြိုးစားခဲ့ပါတယ်။ တစ်သက်လုံး သံယောဇဥ်ဆိုတာ အလကားပဲလို့ ဟစ်ကြွေးလာတဲ့ မက်ဂ်တစ်ယောက် ဘာတွေပြောင်းလဲလာမလဲ… အပျိုကြီးလူစီတစ်ယောက်ကတော့ သူနေတဲ့တိုက်ခန်းမှာ လိုင်းမကောင်းလို့ အိမ်နားက ဘားတစ်ခုမှာ လာထိုင်ရင်း ဝိုင်ဖိုင်လာသုံးတတ်ပါတယ်၊ ရွယ်တူသူငယ်ချင်းတွေက မင်္ဂလာဆောင်နေချိန်မှာ အခုချိန်အထိ ချစ်သူရည်းစားအတည်တကျမရနိုင်သေးတဲ့ လူစီတစ်ယောက် ဘယ်လိုလူတွေနဲ့တွေ့ကြုံရပြီး ဘယ်လိုမျိုးဘဝအပြောင်းအလဲတွေဖြစ်သွားမလဲ… ***လူငယ်တွေကြားထဲက ဆက်ဆံရေးတွေအကြောင်းရိုက်ထားတာဖြစ်လို့ တချို့အခန်းတွေက R-rated ဖြစ်ပါတယ် မိသားစုနဲ့အတူတူ မကြည့်သင့်ပါဘူး*** အညွှန်းနဲ့ဘာသာပြန်ကတော့ Bennieပဲဖြစ်ပါတယ်...

Twin Murders: The Silence of the White City (2019) ⭐IMDB: 5.4/10 (6 k Votes) 🎬 #Crime #Drama #Mystery #Thriller 🗓 2019 🎞 movie 🌎 #Spain ⏰ 1 နာရီ 51 မိနစ် 5 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဇာတ်လမ်းအကျဉ်းကတော့ အလ်ဗာ မြို့မှာ ဆက်တိုက်ဆိုသလို လူသေအလောင်းတွေတွေ့ရှိလာရတယ်။ ရဲဖက်ဆိုင်ရာ စစ်ဆေးမှုတွေကအရ ဒီကွင်းဆက်လူသတ်မှုက လွန်ခဲ့တဲ့ ၂၀ က အတိုင်းတစ်ပုံစံတည်းဖြစ်နေပါတယ်။ လွန်ခဲ့တဲ့နှစ် ၂၀ ကလူသတ်သမားကိုထောင်ချထားတယ်တဲ့အတွက် ကျူးလွန်သူတရားခံဟာ ပထမလူသတ်သမားနဲ့ ဆက်စပ်မှုရှိလိမ့်မယ်လို့ ထင်ကြပါတယ်။ အဲ့ဒါကြောင့် ရဲတပ်ဖွဲ့ဟာ စုံထောက်ဟူနိုင်းကိုပြန်ခေါပြီး လက်ရှိဖြစ်နေတဲ့အမှုကိုအဆုံးသတ်ဖို့ဆောင်ရွက်ပါတော့တယ်။ ကွင်းဆက် လူသတ်သမားရဲ့ စေ့စပ်သေချာမှုတွေကြောင့်သဲလွန်စ တစ်ခုတစ်လေတောင်မရ ကြပါဘူး။ နောက်တော့ ဟူနိုင်းဟာ ပထမလူသတ်သမား တာဆီယို နဲ့သဘောတူညီချက် ရအောင်ယူပြီး လိုက်လံစုံစမ်းတဲ့အခါမှာတော့...

The Forbidden Door (2009) ⭐IMDB: 6.6/10 (3 k Votes) 🎬 #Horror #Mystery #Thriller #Drama 🗓 2009 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 55 မိနစ် 34 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDB – 6.6 ဒီဇာတ်ကားလေးက ဘန်ကောက်နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ nomination 2 ကြိမ်ဝင်တဲ့ဇာတ်ကားလေးဖြစ်သလို ၂၀၁၀ အင်ဒိုနီးရှားနိုင်ငံရဲ့ အကောင်းဆုံးရုပ်ရှင်ဆုကိုရထားတာဖြစ်ပါတယ်။ စုံတွဲတွေမှာ သေချာအစီအစဉ်ဆွဲပြီး ကလေးယူကြသူတွေရှိသလို ကိုယ်တိုင်က မလိုချင်ဘဲကလေးရသွားတဲ့အခါ ကလေးအပေါ် သဘောထားတွေက negative ဆန်တာတွေရှိနေမှာပါ။ တစ်ချို့က ကိုယ်ဝန်ဖျက်ပစ်တယ်။ တစ်ချို့တစ်ပါးသူလက်ထဲကိုထည့်လိုက်တယ်။ ဒါပေမယ့် တစ်ချို့ကျတော့ အညှင်းဆဲခံ ။ စိတ်အဖြေအဖျောက်ခံသက်သက် ကလေးကိုမွေးထားကြပါတယ်။ ဒီကလေးမွေးလာတာကိုက ဂြိုလ်ဆိုးသဖွယ် ခံယူထားတဲ့မိဘတွေလည်းရှိကြတယ်။ အကျိုးရလာဒ်အနေနဲ့ကတော့ စိတ်ဒဏ်ရာပေါင်းများစွာနဲ့ ဒီကလေးဟာကြီးပြင်း လာခဲ့ရတာပဲ။ ဒီလိုအဖြစ်အပျက်တွေက ရာခိုင်နှုန်းနည်းတယ်ဆိုပေမယ့် လောကကြီးထဲမှာရှိနေသေးတယ်ဆိုတာကို တစ်နည်းတစ်ဖုံရိုက်ပြထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဂမ်ဘီယာက အနုပညာရှင်တစ်ယောက်ဖြစ်ပြီး သူထုလုပ်ထားတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးရုပ်ထုတွေဟာ လူတကာကြိုက်လောက်အောင် အသက်ဝင်လွန်းတဲ့အတွက် နာမည်ကြီးလှပါတယ်။ သူ့မှာဇနီးချောလေးတစ်ယောက်ရှိပြီး အချစ်ဆုံးသူငယ်ချင်း နှစ်ယောက်လည်းရှိတယ်။ သူ့ရုပ်ထုတွေကို ပြခန်းမှာပွဲလုပ်ပြီး ဂမ်ဘီယာနဲ့ အရမ်းရင်းနှီးတဲ့ အစ်ကိုဂျင်မီက ရောင်းချပေးတယ်။ ဂမ်ဘီယာရဲ့အမေကတော့ သူတို့ကိုကလေးယူဖို့အမြဲတိုက်တွန်းနေတယ်၊ တစ်နေ့မှာ ဂမ်ဘီယာဆီကို ကယ်ပါဦး ဆိုတဲ့စာသားကိုသူတို့အိမ်ရှေ့မှာလာရေးသွားတယ်။ ဒီအတိုင်းကလေးတွေလက်ဆော့ပြီးရေးတယ်လို့ပဲထင်သွားတယ်။ နောက်တော့ သူငယ်ချင်းတွေနဲ့တွေ့လည်း ဒီစာသား ဒီစကားသံတွေကို တစ်နည်းမဟုတ်တစ်နည်း မြင်ရကြားလာရတဲ့အခါဂမ်ဘီယာလည်း အဖြေစရှာပါတော့တယ်...

Sometimes They Come Back (1991) ⭐TMDB: 58.0% User Score 🎬 #Drama #Horror #Thriller #TVMovie 🗓 1991 🎞 tv movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 39 မိနစ် 11 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Sometimes They Come Back (1991)========================== အထူးတလည်မိတ်ဆက်ပေးစရာမလိုတဲ့ နာမည်ကျော်လျှို့ဝှက်သည်းဖိုဆရာကြီး Stephen King. ရဲ့ဝတ္ထုတိုကိုပွားထားတဲ့ဇာတ်ကားဖြစ်ပါတယ်။မူရင်းအနေနဲ့ Stephen King’s Cat’s Eye ထဲမှာဇာတ်ကားတိုအဖြစ်ပါရှိခဲ့ပြီး အခုကတော့ သီးသန့်ဇာတ်ကားရှည်အဖြစ်ဖန်တီးထားတာပါ။ ဂျင်မ်နော်မန်ဟာ ငယ်ဘဝစိတ်ဒဏ်ရာတွေခြောက်လှန့်ဆဲဖြစ်တဲ့ တမင်တကာစွန့်ပစ်ထားခဲ့တဲ့ မွေးရပ်မြေနယ်မြို့လေးကိုမဖြစ်မနေ အကြောင်းကိစ္စတစ်ခုကြောင့် ပြန်လာခဲ့ရပါတယ်။ ဂျင်မီအသက်ကိုးနှစ်တုန်းကသူတို့ညီအစ်ကိုနှစ်ယောက်ကို အနိုင်ကျင့်တတ်တဲ့လူငယ်လူရမ်းကားတစ်စုက မီးရထားလှိုဏ်ခေါင်းထဲမှာ လုယက်အနိုင်ကျင့်ရာကနေ သူ့အစ်ကို ဝိန်းသေဆုံးသွားခဲ့ပါတယ်။ အဲ့ဒီဖြစ်စဉ်ထဲမှာပဲ ကားနဲ့အတူထွက်ပြေးဖို့ကြိုးစားတဲ့လူရမ်းကားတစ်စုလည်းရထားတိုက်သေဆုံးသွားခဲ့ပါသေးတယ်။ ဒီတစ်ခေါက်မြို့ကိုပြန်အရောက်မှာတော့ ဂျင်မီမှာ သူ့အစ်ကိုအသတ်ခံရမှုအကြောင်းအိမ်မက်ဆိုးတွေပြန်မက်စပြုလာပါတယ်။ မကြာခင်မှာပဲ သူ့အတန်းထဲကကျောင်းသားတွေတစ်ယောက်ပြီးတစ်ယောက်ပျောက်ဆုံးလာခဲ့သလို တစ်ယောက်ပျောက်သွားတိုင်း သူ့အစ်ကိုကိုသတ်ခဲ့တဲ့ အုပ်စုထဲကကျောင်းသားတစ်ယောက်အဲ့ဒီနေရာကိုပြန်ရောက်လာတဲ့အခါမှာတော့..၊ ပြန်ရောက်လာတဲ့လူတွေက သူ့အစ်ကိုကိုသတ်ခဲ့စဉ်က အသက်အရွယ်အတိုင်းဖြစ်နေပြီး ဂျင်မီကိုလည်းကောင်းကောင်းမှတ်မိနေကြပါတယ်။ ဒါပေမယ့်လည်းအာဏာပိုင်တွေက ကျောင်းသားတွေပျောက်ဆုံးမှုတွေအတွက် သူ့အပေါ်ကိုသံသယဝင်စပြုလာပြီး ပြန်ရောက်လာတဲ့ အတိတ်တစ္ဆေတွေကလည်းပိုပြီးကြမ်းကြမ်းတမ်းတမ်းသောင်းကျန်းလာတဲ့နောက် ဂျင်မီတစ်ယောက် လွန်ခဲ့တဲ့နှစ် ၃၀ နီးပါးကဇာတ်လမ်းကို အဆုံးသတ်ဖို့ကြိုးစားရပါတော့တယ်။ ’90s CultClassics တွေထဲကတစ်ကားဖြစ်ပြီး အခုချိန်ထိဇာတ်လမ်းဇာတ်အိမ်တင်ဆက်ပုံတွေဆွဲဆောင်မှုရှိဆဲဖြစ်သလို၊ jump scare တွေမပါပဲနဲ့ကျောထဲကစိမ့်လာစေတဲ့ချောက်ချားမှုမျိုးပေးနိုင်တဲ့ Horror ကားကောင်းတစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Alias ဖြစ်ပါတယ်)...

The X-Treme Riders (2023) ⭐TMDB: 60.0% User Score 🎬 #Action #Drama 🗓 2023 🎞 movie 🌎 #Thailand ⏰ 1 နာရီ 18 မိနစ် 1 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The X-Treme Riders (2023) အသစ်ထွက်ရှိထားတဲ့ ထိုင်းအက်ရှင်ကားလေးတစ်ကားကို တင်ဆက်ပေးပါ့မယ်။ဇာတ်လမ်းအကျဉ်းကတော့ Fun နဲ့ Kla ရဲ့ အဖေက လက်ဝှေ့အားကစားရုံပိုင်ရှင်ဖြစ်ပြီးတော့သားဖြစ်သူ Kla ကို လက်ဝှေ့အမွေ ပေးချင်နေတဲ့သူပါ။ အဖေဖြစ်သူ ရုတ်တရက်ဆုံးပါးသွားပြီးတဲ့နောက်မှာ သမီးဖြစ်တဲ့ Fun ကပဲ လက်ဝှေ့ရုံကို အမွေဆက်ခံပြီးတော့သားဖြစ်တဲ့ Kla ကတော့ အိမ်ကနေထွက်သွားပြီး မူးယစ်ဆေးရောင်းဝယ်ရေးလုပ်တဲ့ ပြိုင်ကားမောင်းတဲ့အဖွဲ့ထဲ ဝင်သွားပါတယ်။တစ်နေ့မှာ အမေဖြစ်သူ ကျန်းမာရေးမကောင်းဖြစ်ပြီး နှလုံးအစားထိုးကုသဖို့ ငွေအများကြီးလိုလာတဲ့အခါFun က MMA ချန်ပီယံတစ်ယောက်နဲ့ ယှဉ်ပြိုင်ရမယ့် လက်ဝှေ့ပြိုင်ပွဲမှာ ဝင်ပြိုင်ပြီး ဆုကြေးဘတ်တစ်သန်းရအောင် ကြိုးစားပါတော့တယ်။တစ်ဖက်မှာလည်း မူယစ်ဆေးရောင်းဝယ်တဲ့ အဖွဲ့တွေက လက်ဝှေ့ပွဲအကြောင်းပြပြီး မူးယစ်ဆေးသယ်ပို့ဖို့ လုပ်ကြတဲ့အခါမောင်နှမနှစ်ယောက် ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာကို ဇာတ်ကားထဲမှာပဲ ကြည့်လိုက်ကြပါစို့။ အညွှန်းနဲ့ ဘာသာပြန်ကတော့Moh Mohပဲ ဖြစ်ပါတယ်။...

Pay or Die (2023) ⭐TMDB: 65.0% User Score 🎬 #Documentary 🗓 2023 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 16 မိနစ် 29 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Pay or Die (2023) “ပိုက်ဆံပေးမလား သေမလား” အဲလိုမျိုး ခက်ခဲတဲ့ ရွေးချယ်မှုလုပ်ရမယ့်အချိန်မှာဆိုရင် သင်ဆိုရင်ရော ဘာကို ရွေးချယ်မလဲ။အဲလိုမျိုး ရွေးချယ်မှုတွေ လုပ်နေရတဲ့ အမေရိကန်ပြည်ထောင်စုက လူတွေအကြောင်းကို ရိုက်ကူးတင်ဆက်ထားတဲ့“Pay or Die” ဆိုတဲ့ Documentary film တစ်ခုပါ။Rotten Tomatoes 91%, IMDb rating 7.4 ရရှိထားပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်အတန်းမြင့်သလောက်ဈေးကြီးတယ်ဆိုပြီး နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။အထူးသဖြင့် ဆီးချိုရောဂါရှင်တွေ အသုံးပြုရတဲ့ အင်ဆူလင်နဲ့ ဆက်စပ်ပစ္စည်းတွေဟာလည်း ဈေးကြီးပါတယ်။ရောဂါရှင် တစ်ယောက်အတွက် တစ်လကို ဒေါ်လာ ထောင်နဲ့ချီပြီး အကုန်ခံမှသာ အသက်မသေမှာဖြစ်ပါတယ်။အဲလိုနဲ့ အင်ဆူလင်ဖိုးမတတ်နိုင်ဖို့ သေသွားရတဲ့ လူနာတွေလည်း ထောင်နဲ့ချီပြီး ရှိနေပြန်ပါတယ်။အဲတော့ ပိုက်ဆံပေးမလား သေမလား ဆိုတဲ့ အခြေအနေမျိုးကို ဆိုက်ရောက်သွားပါတယ်။အဲလိုဖြစ်နေတဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကြီးကို တွန်းလှန်ကြရင်းဥပဒေပြုဖို့ ကြိုးစားကြတဲ့ လူတစ်စုအကြောင်းကို ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ကောင်းလေးပါ။ အညွှန်းနဲ့ ဘာသာပြန်ကတော့Leonard Linပဲ ဖြစ်ပါတယ်။...

The Fabric of Christmas (2023) ⭐IMDB: 6.7/10 (102 Votes) 🎬 #Romance #TVMovie #Comedy 🗓 2023 🎞 tv movie 🌎 #Canada ⏰ 1 နာရီ 30 မိနစ် 23 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Fabric of Christmas (2023)======================IMDb Rating – 6.7/10 ခရစ်စမတ်က လူတိုင်းအတွက် အမှတ်တရတွေယူဆောင်လာတတ်ပါတယ်။ လူတွေက ဒီအားလပ်ရက်တွေမှာ အနားယူကြပြီးတော့မိသားစုနဲ့အတူတူ ပျော်ပါးတာတွေ ၊ ကိုယ့်အားလပ်ရက်ကို ကိုယ်လုပ်ချင်တဲ့ အရာတွေလုပ်ကြရင်း ကုန်ဆုံးစေကြတာတွေရှိပါတယ်။ ဒီတစ်ခါမှာလည်း မိဘနှစ်ပါးစလုံးကို ဆုံးရှုံးထားတဲ့ မောင်နှမနှစ်ယောက်ဟာ သူတို့ရဲ့ အမှတ်တရတွေကို ခရစ်စမတ်ကာလမှာ ကြုံကြရတော့မှာပါ။မိဘတွေဆုံးကတည်းက သူပြုစုပျိုးထောင်ခဲ့တဲ့ သူ့ညီမလေးလော်ရန်ဟာခရစ်စမတ်မတိုင်ခင် လက်ထပ်ဖို့ ဖြစ်လာတဲ့အခါမှာတော့ အကိုဖြစ်သူလီယမ်ဟာ တာဝန်ရှိသူတစ်ယောက်အနေနဲ့ရော ၊ သူ့ညီမကိုချစ်တဲ့ အကိုတစ်ယောက်အနေနဲ့ပါ ညီမလေးအတွက် အမျိုးမျိုးပြင်ဆင်ပေးခဲ့တာကိုတွေ့ရမှာပါ။ သူနဲ့မအပ်စပ်တဲ့အလုပ်တွေလုပ်ပြပြီးတော့ ညီမရဲ့ မဂ်လာပွဲဖြစ်မြောက်အောင် စီစဥ်သွားနိုင်တာကို တွေ့ရမှာပါ။ ကံကောင်းချင်တော့ ဒီလိုလုပ်ရင်းသူကိုယ်တိုင်လည်း ဘယ်လိုအတွေ့အကြုံတွေရသွားမလဲဆိုတာကိုတွေ့ရမှာမို့ မိသားစုနဲ့ နွေးနွေးထွေးထွေးလေး ကြည့်ရှုကြပါခင်ဗျာ။ ဒီဇာတ်ကားက မိသားစုဘဝတွေ ခက်ခဲတဲ့အခြေအနေမှာတောင် ပျော်ပျော်ရွှင်ရွှင်နဲ့အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းနိုင်တဲ့အကြောင်း အပြုအမူပိုင်းတွေ စံပြလုပ်ရိုက်ပြထားတဲ့ drama တီဗွီရုပ်ရှင်ကားပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thy Santa ဖြစ်ပါတယ်)...

Senzano Savana (2021) ⭐TMDB: 50.0% User Score 🎬 #Crime #Drama #Romance 🗓 2021 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 16 မိနစ် 26 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Senzano Savana (2021) ဒီတစ်ခါမှာတော့ Crime, Drama အမျိုးအစား အင်ဒိုနီးရှားဇာတ်ကားလေးတစ်ကား တင်ဆက်ပေးပါ့မယ်။Senzano က ကြေးစားလူသတ်သမားတစ်ယောက်ဖြစ်ပြီးတော့တစ်နေ့မှာ မိခင်နဲ့အတူတူ ကမ်းခြေမှာ အခြေချနေထိုင်ပြီးကြေးစားအလုပ်ကို ဆက်မလုပ်တော့ဖို့ ဆုံးဖြတ်ထားပါတယ်။ သူက ကြေးစားဘဝမှာ ကျင်လည်နေပေမယ့် သူ့ရည်းစားဟောင်း Savana ကို စိတ်ထဲမှာ အမြဲရှိနေပြီးတော့တစ်နေ့ သူတို့ပြန်တွေ့တဲ့အချိန်မှာ Savana က သားလေးတစ်ယောက်နဲ့ Single Mother ဖြစ်နေပါပြီ။အဲဒီအချိန်မှာ Senzano ရဲ့ သူဌေးက နောက်ဆုံးအလုပ်အနေနဲ့ ပိုက်ဆံနှစ်ဆပေးပြီးလူတစ်ယောက်ကို သတ်ပေးဖို့ပြောတဲ့အခါမှာ သတ်ပေးရမယ့်သူကသူ့ရည်းစားဟောင်း Savana ဖြစ်နေတာကို သိလိုက်ရပါတယ်။သံယောဇဉ်လက်ကျန်တွေရှိနေတဲ့ ရည်းစားဟောင်းနှစ်ယောက် ဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာကိုတော့ဇာတ်ကားထဲမှာပဲ ဆက်ပြီးကြည့်လိုက်ရအောင်ပါ။ အညွှန်းနဲ့ ဘာသာပြန်ကတော့Moh Mohပဲ ဖြစ်ပါတယ်။...

Beacon 23 (2023- ) ⭐IMDB: 5.3/10 (1 k Votes) 🎬 #SciFi #Fantasy #Drama #Mystery #Thriller 🗓 2023- 🎞 tv series 🌎 #UnitedStates ⏰ 47 မိနစ် 10 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတစ်ခါ ပရိသတ်ကြီးအတွက် ခေတ်လွန်အာကာသ သိပ္ပံဇာတ်လမ်းတွဲလေး တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ….. ဒီကားထဲမှာတော့ ရေကြောင်းလမ်းခရီးမှာ လမ်းပြပေးတဲ့ မီးပြတိုက်လိုမျိုး အာကာသထဲ ယာဉ်တဲ့သွားတဲ့အခါ လမ်းပြပေးတဲ့ ဘီကွန် ၂၃ ကို ကြောရိုးယူပြီးရိုက်ထားတဲ့ကားလေးပါပဲ…… ဇာတ်လမ်းအစမှာတော့ ယာဉ်တစ်စင်းက လမ်းကြောင်းမရှင်းပါဘူးလို့ အတန်တန်ပြောနေတဲ့ကြားကနေ ဝင်လာလို့ ပေါက်ကွဲပျက်စီး သွားခဲ့ပါတယ် အဲဒီ ပေါက်ကွဲသွားတဲ့ ယာဉ်ပေါ်ကနေ ကျွန်တော်တို့ သိတဲ့ သက်ကယ်လှေလိုမျိုး လေထုဖိအားထိန်း ယာဉ်လေးနဲ့ အက်စတာဆိုတဲ့ အမျိုးသမီးက မျောလာလို့ ဘီကွန် ပေါ်မှာရှိတဲ့ ဟယ်လန် က ကယ်တင်ထားပေးခဲ့တာပါ…… အဲဒီနောက်ပိုင်းမှာတော့ ဘီကွန် ပေါ်မှာရှိနေခဲ့တာက ဘီကွန်ကို ထိန်းသိမ်းစောင့်ရှောက်ရမဲ့ ဆာလမွန် ဟုတ်မနေဘဲ ဟယ်လန် ဖြစ်နေတာကို အက်စတာ သိသွားတဲ့အချိန်…… အက်စတာ ကလည်း ဒီယာဉ်ပေါ်ကို ဘာအကြောင်းပြချက်နဲ့ရောက်လာတာလဲဆိုတာ ဟယ်လန် က သိသွားတဲ့အချိန်…… အထီးကျန် နေတဲ့ ဟယ်လန် နဲ့ လူတကာမျက်ခုံးပေါ်စင်္ကြံလျှောက်တတ်တဲ့ အက်စတာ တို့ ကြုံလာတဲ့ ပြဿနာတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ….. အချင်းချင်းရော ယုံကြည်နိုင်ရဲ့လား ဆိုတာတော့ ဇာတ်လမ်းတွဲလေးနဲ့အတူ စီးမျောလိုက်ပါကြည့်ရှုလိုက်ပါဦးလို့……...

Suffragette (2015) ⭐IMDB: 6.9/10 (44 k Votes) 🎬 #Drama #History 🗓 2015 🎞 movie 🌎 #UnitedKingdom #France ⏰ 1 နာရီ 48 မိနစ် 27 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ အမျိုးသမီးတွေမဲပေးခွင့်ရရေးအတွက် လှုပ်ရှားမှုတွေအကြောင်းရိုက်ကူးထားတဲ့ Suffragette ဆိုတဲ့ကားလေးကိုတင်ဆက်ပေးချင်ပါတယ် အရင်ဆုံးအနေနဲ့ ဒီဇာတ်ကားလေးထဲမှာ ပါဝင်တဲ့သရုပ်ဆောင်တွေက Alice in Wonderland live action ကားတွေနဲ့ Harry Potter ထဲမှာ သရုပ်ဆောင်ထားတဲ့ ဝါရင့်သရုပ်ဆောင် မင်းသမီးကြီး Helena Bohman Carter နဲ့ The Great Gatsby ထဲက မင်းသမီး Carey Mulligan တို့လို ဒိတ်ဒိတ်ကြဲသရုပ်တွေပါဝင်ထားပါတယ် နောက်ပြီး The Iron lady ရဲ့စာရေးသူ Abi Morgan ရေးသားတဲ့ဝတ္ထုကိုအခြေခံရိုက်ကူးထားတာပါ ဇာတ်လမ်းအကျဥ်းကတော့ ဗြိတိန်မှာ 1912 ကာလတွေတုန်းက အမျိုးသမီးတွေကို မဲပေးခွင့်ပေးဖို့အတွက် ဆန္ဒပြတောင်းဆိုနေကြတဲ့အချိန်ပါ မော့ဒ်ဝက်ထ်စ်ဆိုတဲ့ သာမန်ခဝါသည်အမျိုးသမီးလေးဟာ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် ဗွိုင်းအိုလက်ဆိုတဲ့အမျိုးသမီးနဲ့ စကားဆုံမိကြရာကနေ အမှတ်မထင်ပဲ အမျိုးသမီးတွေ တန်းတူအခွင့်အရေးရရှိရေးတက်ကြွလှုပ်ရှားမှုတွေမှာ ပါဝင်မိပါတော့တယ် အဲဒီလိုပါဝင်မိရင်း အဖမ်းခံ အကျဥ်းချခံရတဲ့အခါ ပတ်ဝန်းကျင်ရဲ့ လှောင်ပြောင်ကဲ့ရဲ့ခံရတဲ့အပြင် ယောက်ျားကိုယ်တိုင်ကပါ အိမ်ကနှင်ထုတ်ပြီး သားလေးနဲ့တွေ့ခွင့်မပေးတော့ပါ အဲ့ခေတ်က ဥပဒေအရ သားသမီးကို ဖခင်ကပဲ ပိုင်ဆိုင်ပါတယ် အဲ့ဒါကြောင့် ​မော့ဒ်တစ်ယောက် ထိုဥပဒေကို ပြင်ရမယ် အမျိုးသမီးတွေလည်း အမျိုးသားတွေနဲ့တန်းတူအခွင့်အရေးရှိရမယ်ဆိုပြီး တက်ကြွလှုပ်ရှားမှုတွေမှာ ထဲထဲဝင်ဝင်ပါဝင်ပါတော့တယ် သူမနဲ့အတူ ဗွိုင်းအိုလက် မစ္စစ်အယ်လင် အမ်မလီ မစ္စစ်ပန်ဟာ့စ် စတဲ့အမျိုးသမီးတွေနဲ့အတူ စစ်ဆင်ရေးတွေကိုဆောင်ရွက်ပါတော့တယ် ဒီဇာတ်ကားလေးဟာ မော့ဒ်ကိုအဓိကဇာတ်ကောင်အနေနဲ့ရိုက်ကူးထားတယ်ဆိုပေမဲ့ ဒီဇာတ်ကားထဲမှာပါတဲ့ အမ်မလီ ဆိုတဲ့ အမျိုးသမီးဟာ အပြင်မှာတကယ်ရှိခဲ့တဲ့ ”Emily Wilding Davison” ဆိုတဲ့ တက်ကြွလှုပ်ရှားသူအမျိုးသမီးကို အခြေခံထားတာပါ။...

HORROR MATE (2023) ⭐TMDB: 30.0% User Score 🎬 #Horror 🗓 2023 🎞 movie 🌎 # ⏰ 1 နာရီ 32 မိနစ် 1 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Horror Mate (2023) ဒီတစ်ခေါက်ကို သည်းထိတ်ရင်ဖို ကျောင်းသားဇာတ်လမ်းလေးတင်ဆက်ပေးချင်ပါတယ် သူငယ်ချင်းသုံးယောက်က အတူတူ ဂိမ်းတီထွင်ခဲ့ပြီးတော့ ဆုတွေလည်းရခဲ့ပါတယ်…ဒါပေမဲ့ သူတို့တီထွင်တဲ့ဂိမ်းက သည်းထိတ်ရင်ဖို ဂိမ်းဖြစ်ပြီးတော့ ကျော်ဖြတ်ရမယ့်အဆင့်တွေလည်း တစ်ခုနဲ့တစ်ခု မတူပါဘူး အဲလိုနဲ့တစ်နေ့မှာ အပြင်လက်တွေ့မှာပါ အဲဒီဂိမ်းကို ကိုယ်တိုင်ဆော့ဖို့ဖြစ်လာတဲ့အချိန်ရောက်လာတော့ကိုယ်တိုင်တီထွင်ထားတဲ့ ဂိမ်းကို ဘယ်လိုဖြေရှင်းမလဲ လက်တွေ့မှာပါ ဂိမ်းကိုဖြေရှင်းရမှာဖြစ်တဲ့အတွက် သူငယ်ချင်းသုံးယောက်ဘယ်လိုတွေတိုင်ပင်ပြီး ဒီဂိမ်းကိုအဆုံးသတ်မလဲဆိုတာကို ကြည့်ရှုပေးကြပါဦးနော် အညွှန်းနဲ့ ဘာသာပြန်ကတော့Joyzပဲ ဖြစ်ပါတယ်။...

Jin & Jun (2023) ⭐IMDB: 5.2/10 (459 Votes) 🎬 #Comedy #Fantasy 🗓 2023 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 54 မိနစ် 40 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Jin & Jun (IMDb 5/10) ဂျွန်နိုင်ဒီဆိုတဲ့ကောင်လေးဟာ သူလက်ရှိတက်နေတဲ့ ကျောင်းမှာ ထောက်ပံ့ကြေးနဲ့ တက်နေရတဲ့ ကျောင်းသားလေးတစ်ယောက်ပေါ့…ဘဝနာတဲ့သူတွေက ပိုကြိုးစားလေ့ရှိတယ်ဆိုသလိုပဲ ဂျွန်ဟာလည်း ကျောင်းမှာ စာကို အများသူငှာထက် သာအောင်တော့ လုပ်တဲ့ သူတစ်ယောက်ပါ…ဒါကြောင့်လည်း ကျောင်းက လူချမ်းသာတွေရဲ့ သားသမီးတွေနဲ့ စုဖွဲ့ထားတဲ့ ဘူလီဂိုဏ်းတွေက သူ့ဆီကနေ အမှတ်ကောင်းတွေ ရဖို့ အနိုင်ကျင့်လေ့ရှိပါတယ်…စာတင်မဟုတ်ဘဲ ဂျွန် သဘောကျနေရတဲ့ ဆာရာကိုပါ ဂျွန် မရအောင် လိုက်ကာဆီးနေတဲ့ ဖာရာအိုတို့ အဖွဲ့လည်း ရှိပါသေးတယ်…တစ်နေ့မှာ ဂျွန်ဟာ အခွင့်ကြုံခိုက်မှာ ဆာရာကို စကားသွားပြောပါတော့တယ်…ဒါကို မြင်သွားတဲ့ ဖာရာအိုတို့က ဂျွန်ကို ဆာရာထွက်သွားချိန်မှာ ဝိုင်းဖွဲ့အနိုင်ကျင့်ပါတော့တယ်…အဲ့နောက်မှာ ဂျွန်လည်း သူငယ်ချင်းတွေ အကူအညီနဲ့ ထွက်ပြေးလို့ လွတ်လာပေမယ့်ဖာရာအိုတို့က ဝိုင်းပိတ်ဖမ်းတာကြောင့် သရဲခြောက်တယ်လို့ လူသိများတဲ့ ခြံနားမှာ မိသွားကြပါတယ်…ဒီလိုနဲ့ ဖာရာအိုတို့က ဂျွန်ကို ပညာပေးတဲ့အနေနဲ့ သရဲအိမ်ကြီးထဲမှာ ကြိုးတုပ်ထားခဲ့ပါတော့တယ်…ဂျွန် ပြန်သတိရလာတဲ့အခါ အိမ်ကြီးထဲက လွတ်မြောက်အောင် ကြံစည်ရင်း မြေအောက်ခန်းတစ်ခန်းကို ရောက်သွားပါတော့တယ်…အခန်းထဲမှာ အစီအရင်တွေနဲ့ ပုလင်းများလည်း ရှိနေပြီး ထိုထဲက တစ်ပုလင်းကို ဂျွန် ကောက်ဖွင့်ကြည့်လိုက်တဲ့အခါ…ဂျင်ဆိုတဲ့ မီးခွက်စောင့်ဘီလူးလည်း ထွက်လာပါတော့တယ်…ထုံးစံအတိုင်း မီးခွက်စောင့်ဘီလူးနဲ့ ဂျွန်ရဲ့ တောင်းဆုတွေအကြောင်း ရိုက်ပြထားတာပေါ့…ဇာတ်လမ်းဟာ အာလာဒင်လို ခပ်ဆင်ဆင်ဆိုသော်ငြား အင်ဒိုနီးရှားဗားရှင်းမို့ မတူကွဲပြားမှုတွေ များစွာပါဝင်နေပါတယ်…ဂျွန်ရဲ့ တောင်းဆုတွေဟာ အမှန်တကယ်ဖြစ်မြောက်လာပေမယ့် သူမမြင်ရမသိရသေးတဲ့ အကြောင်းတရားတွေလည်း ရှိလို့နေပါတယ်…ဒီဇာတ်လမ်းဟာ လူငယ်ကျောင်းသားကား ဖြစ်တာမို့ ရီစရာလေးတွေနဲ့ တသောသော ရယ်မောရင်းသင်ခန်းစာလေးတွေလည်း ရတာမို့ အပျင်းပြေကြည့်ကြပါလို့ အကြံပြုလိုက်ရပါတယ်…. အညွှန်းနဲ့ ဘာသာပြန်ကတော့Tun Aung Kyawပဲ ဖြစ်ပါတယ်။...

Hell House LLC II: The Abaddon Hotel (2018) ⭐IMDB: 5.3/10 (6 k Votes) 🎬 #Horror #Mystery 🗓 2018 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 27 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Hell House LLC II: The Abaddon Hotel (2018) ဒီကားက Hell House Franchise ရဲ့ ဒုတိယကားဆိုပေမဲ့ ပထမနဲ့ တတိယကားကို ကြည့်ပြီးရင်တော့ ပိုနားလည်လွယ်ပါလိမ့်မယ်။ ဒီဇာတ်ကားကတော့ Abaddon Hotel အကြောင်း အဓိကပါဝင်ထားပါတယ်။ Hell House အဖြစ် ပြောင်းလဲ ဖွင့်လှစ်ပြီး ပထမဆုံး အဖွင့်ညမှာတင် လူ၁၅ယောက် သေဆုံးခဲ့ရလို့ ချိတ်ပိတ်လိုက်ရတဲ့ ဟိုတယ်တစ်ခု…ခိုးဝင်မိသူတိုင်း ပျောက်ချင်းမလှ ပျောက်ဆုံးသွားလေ့ရှိတာမို့ မြို့ခံတွေကလည်း ရဲအစောင့်အကြပ်တွေ အမြဲ ချထားလေ့ရှိတယ်။ ဒီလိုနာမည်ဆိုးနဲ့ကျော်ကြားတာမို့ စူးစမ်းချင်သူတွေကလည်း ခိုးဝင်လေ့ရှိတယ်။ ဒီအကြောင်းအရာတွေကို ဆွေးနွေးဖို့ ဆူဇီက တက်ဆယ်လ်မန်း မစ်ချယ်ရဲ့ အကြားအမြင်ပညာရှင် ဘရော့ခ်တို့ကို ဖိတ်ကြားတယ်။ တက်ဆယ်လ်မန်းကတော့ မစ်ချယ်ဟာ သူ့ရဲ့မှတ်တမ်းရုပ်ရှင် ရောင်းထွက်ဖို့အရေး လုပ်ဇာတ်ခင်းတာလို့ စွပ်စွဲတယ်။ မစ်ချယ်ကလည်း သူ့လုပ်ဖော်ကိုင်ဖက်တွေ ပျောက်ဆုံးသွားတာ ဟိုတယ်ကြောင့်ဆိုပြီး တစ်ထစ်ချ‌ငြင်းတယ်။ သူတို့ရဲ့ အငြင်းအခုံတွေ ထွက်ပေါ်လာတဲ့ Leaked Video တွေနဲ့အတူ မစ္စဖောက်စ်ဟာ ဒီဟိုတယ်ရဲ့ အကြောင်းရင်းကို ဖော်ထုတ်ဖို့ သဲလွန်စ‌တချို့ အမည်မသိတစ်ဦးဆီက ရရာက ဟိုတယ်ထဲ ခိုးဝင်ဖို့ ဖြစ်လာတဲ့အခါမှာတော့… ဒီဇာတ်လမ်းဟာ ညဘက် မီးပိတ်ကြည့်နေရင်းတောင် မီးထဖွင့်ရလောက်တဲ့အထိ ကျောချမ်းဖို့ ကောင်းလှပါတယ်။ ဇာတ်ကား ၃ကားလုံးကိုလည်း ဇာတ်အိမ်ခိုင်ခိုင် လျှို့ဝှက်ချက်တွေနဲ့ စိတ်ဝင်စားစရာကောင်းအောင် ဆွဲဆောင်နိုင်တာမို့ Horror Fans တွေအတွက် သိပ်ကောင်းတဲ့ရုပ်ရှင်ဖြစ်မှာ အသေအချာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုMugiwara Yaမှ ပြန်ဆို ရေးသားထားပါတယ်)...

I Need You Baby (2022) ⭐TMDB: 50.0% User Score 🎬 #Comedy #Drama 🗓 2022 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 22 မိနစ် 10 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 I Need You Baby [2022] ( IMDb 5/10 ) ဘီနိုနဲ့ ကတ်သီတို့ လက်ထပ်ပေါင်းသင်းခဲ့ကြတာဟာ ၅နှစ်တာသက်တမ်းထဲ ဝင်ရောက်လာခဲ့ပါပြီ…သူတို့ချင်းနားလည်မှုတွေနဲ့ အိမ်ထောင်တစ်ခုကို တည်ဆောက်ထားကြပေမယ့်ကတ်သရဲ့မိဘတွေကတော့ တောင်းဆိုမှုတစ်ခုကိုသူတို့လင်မယား ညားကတည်းက ပြင်းပြင်းထန်ထန် တောင်းဆိုလာခဲ့ကြတာပါ…အဲ့ဒါကတော့ သူတို့ မြေးချီရရေးပဲဖြစ်ပါတယ်… ၅နှစ်အတွင်း ဗိုက်ကြီးသံလုံးဝမကြားမိသေးတာကြောင့်ကတ်သီ့မိဘတွေက ဩစတြေးလျကနေ အင်ဒိုနီးရှားထိ ပြန်လာပြီးကတ်သီကလေးမမွေးမချင်း တစ်အိမ်ထဲအတူ နေကြမယ်လို့ ရာဇသံပေးလာပါတော့တယ်…ဒီလိုနဲ့ မိဘစကားကို မကျော်လွှားနိုင်တဲ့ ကတ်သီဟာ နှစ်ပေါင်းများစွာကြာရှည်လာပြီဖြစ်တဲ့ ပြဿနာကို ဖြေရှင်းမှကို ရတော့မယ့်အရေး စိုက်လာပါတော့တယ်…ကတ်သီတို့ လင်မယား ဟန်ဆောင်ဗိုက်ကြီးဖို့ ဆုံးဖြတ်လိုက်ကြပြီး ကလေးတစ်ယောက်မွေးစားဖို့လည်း စီစဉ်ထားပါတယ်…အရာရာဟာ စီစဉ်ထားတဲ့အတိုင်းဖြစ်မလာပေမယ့် ရပ်ကွက်ထဲမှာ သူတို့လင်မယားနဲ့ ရုပ်ချင်းဆင်တဲ့လသားအရွယ်ကလေးတစ်ယောက်ကို အမှတ်မထင် တွေ့လိုက်ကြရာကနေဒီကလေးကို မဖို့ ကတ်သီတို့ လင်မယားတိုင်ပင်ကြပါတော့တယ်…တရားဥပဒေနဲ့ မလျော်ညီသော်ငြား ကတ်သီတို့ဟာကလေးထိန်းဂျူဝီကို အကြပ်ကိုင်ပြီး ကလေးကို ငှားရမ်းပါတော့တယ်…ဒီအဖြစ်ကို ကလေးမိဘတွေ သိသွားမှာလား…ကတ်သီ့မိဘတွေကရော ကတ်သီတို့ဖုံးကွယ်ထားတာကို မသိရှိဘဲ ပိပိရိရိဖြစ်သွားမလား ကြည့်ရှုရမှာပဲ ဖြစ်ပါတယ် အညွှန်းနဲ့ ဘာသာပြန်ကတော့Tun Aung Kyawပဲ ဖြစ်ပါတယ်။...

Carnage (2011) ⭐TMDB: 72.0% User Score 🎬 #Comedy #Drama 🗓 2011 🎞 tv mini series 🌎 #Spain #France #Germany #Poland ⏰ 1 နာရီ 20 မိနစ် 29 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Carnage ( 2011)Genre _ Comedy – Thriller ဒီတစ်ခါတော့ IMDb 7.1/10 အထိ ရရှိထားပြီးတော့ အ ထင်ကရရုပ်ရှင် Titanic ထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Kate Winslet ပါဝင်ထားတဲ့ ရုပ်ရှင်ကားကို CMပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ တစ်နေ့မှာ ကလေးနှစ်ယောက် ရန်ဖြစ်ခဲ့တဲ့အတွက် သူတို့ရဲ့ နှစ်ဖက်မိဘတွေက တွေ့ဆုံပြီး ပြဿနာကို ဖြေရှင်းဖို့ကြိုးစားကြပါတယ် ဒါပေမဲ့လည်း အားလုံး သိကြတဲ့အတိုင်း ပြဿနာဆိုတာမျိုးက ဖြစ်ဖို့လွယ်သလောက် ရှင်းဖို့တော့ ခက်ခဲတဲ့အမျိုးပါ ကလေးမိဘတွေ စုဝေးပြီးတော့ပြဿနာကို ဖြေရှင်းဖို့ကြိုးစားရာကနေ ဘယ်လိုအလွဲတွေဖြစ်လာပြီးတော့ သူတို့တွေ အခြေအနေကို ဘယ်လို‌ကျော်လွှားကြမလဲဆိုတာကို ဒီဇာတ်ကားလေးထဲမှာ ဟာသနှောပြီး ကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်...

The Old Oak (2023) ⭐IMDB: 7.2/10 (2 k Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #UnitedKingdom #France #Belgium ⏰ 1 နာရီ 53 မိနစ် 53 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Old Oak (2023)===============IMDb Rating – 7.2/10 The Old Oak ရုပ်ရှင်ကတော့ ဒရာမာကားလေးပါပဲ။ ဖြည်းဖြည်းလေးနဲ့နင့်နင့်လေးခံစားရတဲ့ကားလေးပါ။ ဆုတွေလည်း တစ်သီကြီး ရယူထားတဲ့ကားလေးဖြစ်တာကြောင့် ဇာတ်ကားကောင်းတစ်ခုဆိုတာ ပြောစရာတောင်မလိုပါဘူး။ ဇာတ်လမ်းကတော့ အဂ်လန်အရှေ့မြောက်ဘက်ပိုင်းက ရွာလေးတစ်ရွာဟာအရင်တုန်းက လုပ်ထားတဲ့ သတ္တုတွင်းမိုင်းလုပ်ငန်းတွေပိတ်လိုက်တဲ့အချိန်မှာလူသူကင်းမဲ့လာပြီး မတက်မကြွဖြစ်နေခဲ့ပါတယ်။ ဒီအခြေအနေကို မကြိုက်ကြတဲ့သူတွေကလည်း ဒါကို ပြင်ဆင်ဖို့ကြိုးစားကြပေမယ့် ဘာမှမလုပ်နိုင်ကြလို့ သူတို့ကိုယ်သူတို့စိတ်ပျက်နေကြတာပါ။ ဒီလိုအခြေအနေမှာ ဆီးရီယားနိုင်ငံရဲ့စစ်ဘေးသင့်ပြည်သူအချို့ဟာ ဒီရွာလေးမှာ ခိုလှုံဖို့ရောက်လာခဲ့ပါတယ်။ အဲဒီအထဲမှာ ယာရာဆိုတဲ့အမျိုးသမီးလေးဟာ သူ့ပတ်ဝန်းကျင်ကို အမြဲတမ်းကူညီလိုစိတ်ရှိတာကြောင့် ဒီရွာရဲ့ အခြေအနေဆိုးကို ကူညီဖို့ကြိုးစားရင်းကဒီရွာမှာ ရှိနေကြတဲ့သူတွေနဲ့ ရင်းနှီးလာခဲ့ပါတယ်။ နိုင်ငံမတူ ၊ လူမျိုးမတူ ၊ ကိုးကွယ်ရာမတူကြတဲ့သူတွေရဲ့ ထိတွေ့မှုကနေ ပြသနာတွေလည်း အများကြီးထွက်လာတာမို့ ဒီပြသနာကို ရင်ဆိုင်ဖြေရှင်းရင်း ဒီပတ်ဝန်းကျင်ကို ဘယ်လိုပြောင်းလဲနိုင်လိုက်သလဲဆိုတာကို ဆက်လက်ကြည့်ရှုကြရမှာပါ။ IMDb Rating 7.2ရရှိထားတဲ့ ရုပ်ရှင်ဇာတ်ကားလေးပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thy Santa ဖြစ်ပါတယ်)...

Debbie Does Demons (2023) ⭐IMDB: 2.6/10 (192 Votes) 🎬 #Adult #Horror 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 14 မိနစ် 49 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အီးဂဲလ်တစ်သိုက် သရဲခေါ်ဂိမ်းကစားပြီး ရင်သားကြီးကြီး စုန်းမကြီးကို ဆင့်ခေါ်မိတဲ့အခါ??? ဒီဇာတ်ကားလေးမှာတော့ လော်ရန်ဆိုတဲ့ကောင်မလေးဟာ သဘာဝလွန်ဖြစ်ရပ်တွေကိုတင်ဆက်တဲ့ ဒက်ဘီနှင့်နတ်ဆိုးများဆိုတဲ့အစီအစဉ်ကို ကြည့်ပြီးတဲ့နောက်မှာ သူ့သူငယ်ချင်းတွေနဲ့ သရဲခေါ်ဘုတ်ပြားကို အသုံးပြုပြီး လွန်ခဲ့တဲ့နှစ်သုံးရာက အထန်စုန်းမကြီးကို ဆင့်ခေါ်မိသွားပါတော့တယ်။ ဒီစုန်းမက သူ့သူငယ်ချင်းတွေကို ပြုစားလိုက်ပြီး ဆိုးသွမ်းလာတဲ့အခါ လော်ရန်တစ်ယောက် သူဆင့်ခေါ်မိတဲ့အထန်စုန်းမကြီးကို ဘယ်လိုပြန်ပို့မလဲဆိုတာကို ရင်ဖိုလိုက်မောစွာ ကြည့်ရမှာဖြစ်ပါတယ်။ (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။...

The Day of Swapping (2017) ⭐TMDB: 52.0% User Score 🎬 #Adult #Drama #Romance 🗓 2017 🎞 tv mini series 🌎 #SouthKorea ⏰ 1 နာရီ 21 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ******************************* မော်ဒယ်တစ်ဦးဖြစ်တဲ့ကောင်မလေးဟာ လက်ရှိမှာတော့ ပြက္ခဒိန်ပင်တိုင်စံမော်ဒယ်လေးလုပ်နေပါတယ်… ရည်းစားရှိနေပြီး ကောင်လေးကတော့ ဒီအလုပ်ကိုသိပ်သဘောမကျလှ… အကြောင်းကတော့ ကင်မရာမန်းက ဦးစားကြီးဖြစ်နေမှန်း ကျားချင်းခြေမြင်နေတဲ့သဘောပေါ့…. ဒါ့အပြင် သူ့ရည်းစားကောင်မလေးကလည်း မျက်လုံးရွဲကြီးနဲ့ လုံးကြီးပေါက်လှကောင်မလေးဆိုတော့…. အဲ့ဒီနောက်မှာတော့… မော်ဒယ်မကိုကြည့်ရတာတင်အတော်တန်တဲ့ကားပါ…. အိပ်ရာခန်းအမိုက်စားတွေနဲ့မို့ လက်မနှေးသင့်ပါကြောင်း...