uk
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закритий канал

🚩 Channel was restricted by Telegram

Показати більше
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
The Showdown (2011) ⭐IMDB: 5.8/10 (392 Votes) 🎬 #Action #Drama #History 🗓 2011 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 48 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Showdown (2011)=================== ဂျိုဆွန်းဘုရင်ဂွမ်ဟယ်ဂန်လက်ထက် ၁၁နှစ်မြောက်မှာ ချောင်နိုင်ငံနဲ့စစ်ပွဲဖြစ်တယ်။ ဒါပေမဲ့ ဒီကားက စစ်ပွဲအကြောင်းကို အဓိကထားရိုက်ထားတာတော့မဟုတ်ဘူး။ အဲ့စစ်ပွဲထဲပါသွားတဲ့ စစ်သားသုံးယောက်အကြောင်းကို အဓိကထားရိုက်ထားတာပါ။ ဂျိုဆွန်းနဲ့ ချောင်က အင်အားချင်းမမျှပါဘူး… ဂျိုဆွန်းဘက်က လွှတ်သမျှ စစ်သားတိုင်း အသေခံဖို့ ပို့နေသလိုပဲ…စစ်ပွဲရှုံးသွားတော့ မသေဘဲ ထွက်ပြေးလာတဲ့ စစ်သားသုံးယောက်က ဂျိုဆွန်းကနေ ၃ရက်ခရီးလောက်ဝေးတဲ့နေရာက တည်းခိုခန်းပျက်တစ်ခုမှာဆုံကြတယ်။ အပြင်မှာက ချောင်စစ်သားတွေခြေချင်းလိမ်နေတဲ့ ရန်သူ့နယ်မြေဖြစ်တဲ့အပြင် နှင်းမုန်တိုင်းကလည်း သည်းကြီးမဲကြီးပေါ့။ စစ်သားသုံးယောက်ထဲမှာ နှစ်ယောက်ကတော့ မျိုးရိုးမြင့်ဖြစ်တဲ့အပြင် ရာထူးကြီးတဲ့သူတွေ၊ သူငယ်ချင်းလည်းသူငယ်ချင်း‌ပေါ့၊ ကျန်တဲ့တစ်ယောက်ကတော့ အခွန်မပေးနိုင်လို့ဆိုပြီး ပေါ်တာဆွဲခံလာရတဲ့ ဇာတ်နိမ့်တစ်ယောက်။ သူတို့သုံးယောက်မှာလည်း ရာဇဝင်ကိုယ်စီနဲ့… ဂျိုဆွန်းကို အသက်ရှင်လျက်ပြန်သွားဖို့လုပ်ကြပေမဲ့ တကယ်တမ်း တည်းခိုခန်းပျက်ထဲဖြစ်လာတဲ့ ဇာတ်လမ်းတွေက သူတို့သုံးယောက်ကို အချင်းချင်းသတ်စေတဲ့အထိ ဖြစ်လာတဲ့အခါ….။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့
...

Jaga Pocong (2018) ⭐IMDB: 5.5/10 (252 Votes) 🎬 #Horror 🗓 2018 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 26 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Jaga Pocong (2018) ============== လူနာတစ်ယောက်ရဲ့အိမ်မှာသွားပြုစုပေးလိုက်ရတဲ့ သူနာပြုမလေး မီလာရဲ့ ‌ခြောက်ခြားဖွယ်ရာအတွေ့အကြုံတွေကိုကြည့်ရှုရမှာဖြစ်တယ်။ ဇာတ်လမ်းအစမှာ မီလာက လူနာကလေးလေးတစ်ယောက်ကိုပြုစုပေး‌နေရင်း သိပ်မကြာခင်မှာပဲ လူနာကဆုံးသွားရှာတယ်။ အဲမှာပဲ မီလာ့ဆီကိုတာဝန်တစ်ခုကျလာပါတော့တယ်။ အဲ့တာတာဝန်ကတော့ လူနာဘွားအိုကြီးတစ်ယောက်ကို သူ့အိမ်မှာအကြောဆေးသွား‌သွင်းပေးဖို့ပဲဖြစ်တယ်။ မီလာကလည်း ငြင်းလို့မရတဲ့အတွက် အိမ်ကြီးဆီကိုထွက်လာလိုက်ပါတော့တယ်။ အိမ်ရှေ့ရောက်တဲ့အခါမှာ အဘွားအိုရဲ့သားဖြစ်သူ ရာဒစ်တ်က အမေဖြစ်သူဆုံးသွားပြီဖြစ်ကြောင်းပြောပြီး သူ့အမေရဲ့အလောင်းကိုဆေးကြောပေးဖို့ မီလာ့ကိုတောင်းဆိုလိုက်ပါတော့တယ် မီလာ့ကလည်း မထူးဇာတ်ခင်းပြီး သဘောတူလိုက်တဲ့အခါမှာတော့… ‌ ရင်တမမနဲ့ ခြောက်ခြောက်ခြားခြားကြည့်ရမဲ့ အင်ဒိုနီးယားသရဲကားလေးကိုတင်ဆက်‌ပေးလိုက်ပါတယ်ဗျ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့
...

Deep Water (2022) ⭐TMDB: 58% User Score 🎬 #Drama #Mystery #Thriller 🗓 2022 🎞 Series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 57 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Deep Water (2022) တစ်မျိုးတော့မထင်နဲ့ဦး။ တကယ်ကို ထူးဆန်းပြီး ကြောင်တောင်တောင်နိုင်ပြီး အချစ်စမ်းတာက လန့်စရာကောင်းတဲ့ လင်မယားနှစ်ယောက်ရဲ့ ဇာတ်လမ်းလေးပါ။ ဝက်သားဟင်းကို နေ့တိုင်းစားရတော့ တစ်ခါတလေ ချဉ်ပေါင်ဟင်းလေးလည်း စားချင်တာပေါ့ဆိုတဲ့ သဘောမျိုးပါပဲ။ အရမ်းချစ်ကြတဲ့လင်မယားနှစ်ယောက် အချိန်တွေ ကြာလာတော့ တစ်ယောက်ကို တစ်ယောက်ရိုးလာတတ်ကြသလို သူတို့ကိုမောင်းနှင်နေတဲ့ အချစ်မီးတောက်က လောင်စာတွေလျော့လာတော့ တစ်ယောက်ကိုတစ်ယောက် အပြစ်မြင်လာကြတယ်။ မိန်းမက ယောက်ျားကို အရမ်းပျင်းစရာကောင်းတယ်လို့ မြင်တယ်။ မိန်းမက သူ့ကိုအလေးမထားတော့ဘူး မချစ်တော့ဘူးလို့ ယောက်ျားက မြင်လာတယ်။ လွတ်လွတ်လပ်လပ်နေတတ်တဲ့ မိန်းမက ယောက်ျားမရှိတော့သလိုကို လွတ်လွတ်လပ်လပ်နေလာတယ်။ အဲဒီတော့ အပြစ်တွေ မြင်နေပေမဲ့ ချစ်နေသေးတဲ့ ယောက်ျားက သဝန်တိုတယ်။ ဒီအထိတော့ ပုံမှန်အိမ်ထောင်ရေး ဇာတ်လမ်းလေးလိုပါပဲ… ဒါပေမဲ့ မိန်းမနဲ့ ရင်းရင်းနှီးနှီးဖြစ်နေတဲ့ သူငယ်ချင်းတစ်ယောက် ပျောက်နေတာကစပြီး ပုံမှန်မဟုတ်တော့တာပါပဲ။ အဲဒီမိတ်ဆွေပျောက်သွားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ယောက်ျားဖြစ်သူက သူသတ်လိုက်တာလိုလိုနဲ့ အပေါင်းအသင်းတွေကြား မိန်းမရဲ့ မိတ်ဆွေသစ်တွေကြားမှာ ဂုဏ်ယူစွာနဲ့ ပြောနေတဲ့အတွက် သူ့ကို သံသယမျက်လုံးတွေနဲ့ကြည့်ခံနေရတယ်။ တစ်ရက် သူတို့အိမ်မှာ ပါတီလုပ်ကြရင်း မိန်းမဖြစ်သူရဲ့ မိတ်ဆွေသစ်တစ်​ယောက် ရေကူးကန်ထဲမှာ သေဆုံးသွားတဲ့အခါမှာတော့…. Amazon Prime က​ အသစ်ထွက်ရှိထားတဲ့ Erotic Thriller ဇာတ်လမ်းဖြစ်ပြီး Main Cast ​တွေဖြစ်တဲ့ Ben Affleck နဲ့ Ana de Armas တို့နဲ့တင် အ​ထွေအထူးမိတ်ဆက်​ပေးစရာ မလို​တော့ပါဘူး။ ကနဦး IMDb 5.6 နဲ့ Rotten Tomatoes 41% , Metacritic မှာ​တော့ 51% ချိတ်ထားပါတယ်။ ဇာတ်ရဲ့ Genre အတိုင်း Erotic ဆန်တဲ့ ခပ်ကြမ်းကြမ်းဇာတ်ကွက်​တွေများစွာပါဝင်မှာမလို့ မိသားစုနဲ့​ ကြည့်ရှုလို့မဖြစ်တာကို သတိချပ်​စေချင်ပါတယ်။ (ဇာတ်ကားကိုတော့ WiRa Aung, Jim X နဲ့ 666 တို့မှ ပြန်ဆိုထားပြီး အညွှန်းကိုတော့ Jim X နဲ့ 666 က ရေးသားပေးထားပါတယ်)
...

Kaiju No. 8 (2024) ⭐TMDB: 84% User Score 🎬 #Animation #Action #Adventure #SciFi #Fantasy 🗓 2024 🎞 Series 🌎 #Japan ⏰ 24 မိနစ် 1 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Kaiju No. 8 (2024)aiju No. 8 (2024) Genre – Anime, Action, Adventure, Comedy IMDB – 8.4/10 MyAnimeList – 8.2/10Japan Anime တွေတို့ Pacific Rim တို့ ကြည့်ဖူးတဲ့လူဆို Kaiju ဆိုတာ ဘာလဲ သိကြမှာပါ။ မသိတဲ့လူတွေအတွက်လည်း Kaiju တွေဆိုတာက အရှင်းဆုံး ပြောရရင် ခုလက်ရှိ အားလုံးရဲ့ အချစ်တော်ကြီး Godzilla တို့လို ထူးဆန်းပြီး ပါဝါတွေ ရှိကြတဲ့ အကောင်အကြီးကြီးတွေကို ခေါ်ဆိုတာ ဖြစ်ပါတယ်။ ဒီ Anime လေးကလည်း ခုလက်ရှိ အသစ်ထွက်ရှိထားတာ ဖြစ်ပြီး Rating မြင့် ရထားပါတယ်။ Kaiju တွေ ပါဝင်ပေမဲ့လည်း Mecha စက်ရုပ်တွေတော့ မပါဝင်ပဲ သာမန်လူတွေကို အဆင့်မြင့်လက်နက်တွေနဲ့ တိုက်ခိုက်တာမျိုးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ ဂျပန်မှာက Kaiju တွေ ခဏခဏ ဝင်ရောက်ကျူးကျော် ဖျက်ဆီးနေလို့ တစ်တိုင်းပြည်လုံးမှာ ကာကွယ်ရေးတပ်ဆိုတာ ဖွဲ့စည်းထားပြီး အကောင်ပေါ်လာတာနဲ့ သုတ်သင်နေရပါတယ်။ ဇ ာတ်ကောင် Kafka နဲ့ Mina ဆိုတဲ့ကောင်မလေးက ငယ်ငယ်လေးကတည်းက သူတို့အိုးအိမ်တွေ ကျောင်းတွေ ဖျက်ဆီးခံရလို့ စိတ်နာပြီး Kaiju တွေကို ရှင်းလင်းမယ်ဆိုပြီး အိပ်မက် ရှိကြရာမှာ ဟိုကောင်မလေးကတော့ တကယ်ဖြစ်လာပြီး အကြမ်းဆုံးဆိုတဲ့ တပ်ခွဲ ၃ ခေါင်းဆောင် ဖြစ်လို့နေပါပြီ။ မင်းသားကတော့ သူ့စကားအတိုင်းပဲ သူများတွေ သတ်လို့ သေပြီးမှ အကောင်ရဲ့အလောင်းကြီးကို ရှင်းလင်းရေးလုပ်ရတဲ့ လုပ်သားတစ်ယောက်ပဲ ဖြစ်ပါတယ်။ တစ်ရက်ကျ သူတို့အလုပ်ကို ကာကွယ်ရေးတပ်ထဲ ဝင်ချင်တဲ့အချိန်ပိုင်း အလုပ်သမားလေး ရောက်လာပါတယ်။ အစပိုင်း နှစ်ယောက်သား အဆင်မပြေကြပေမဲ့ နောက်အဆင်ပြေသွားတဲ့အချိန် လူသစ်လေးရဲ့ အားပေးစကားကြောင့် Kafka တစ်ယောက် အသက်ကြီးမှ ကာကွယ်ရေးတပ်ထဲ ဝင်မယ့်အချိန် ထူးဆန်းတာတစ်ခု ဖြစ်သွားတဲ့အခါမှာတော့…..။ ကြည့်ရတာ တော်တော် Fun ဖြစ်ပါတယ်။ ရယ်လည်းရယ်ရသလို အက်ရှင်တွေလည်း မိုက်ပါတယ် နောက်ဆုံးပိုင်း ဇာတ်အလှည့်အပြောင်းကြောင့် နောက်အပိုင်းတွေ ကြည့်ကောင်းနေမှာတော့ သေချာပါတယ်။ Opening သီချင်းဆိုရင်လည်း မိုက်တယ်ဟဆိုပြီး Youtube သွား နားထောင်ကြည့်တာ နာမည်ကျော် One Republic အဖွဲ့က ထူးထူးခြားခြား Anime သီချင်း သီဆိုပေးထားတာ ဖြစ်နေပါတယ်။ ကဲ တစ်ပတ်တစ်ပိုင်း Kaiju တွေကို ဘယ်လိုချကြမလဲဆိုတာ တူတူ စောင့်ကြည့်ကြတာပေါ့ဗျာ။
...

Cubicles (2019) ⭐TMDB: 81% User Score 🎬 #Comedy #Drama 🗓 2019 🎞 Series 🌎 #India ⏰ 37 မိနစ် 16 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Cubicles (2019)Cubicles (2019) ကြုံရဆုံရ လူ့ဘဝIMDb – 8.2/10 Sony LIVကနေ ထုတ်လွှင့်ခဲ့တဲ့ အမိုက်စားဝက်ဘ်စီးရီးလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ရုပ်သံဇာတ်လမ်းတွဲကောင်းကောင်းကို စီစဉ်ရိုက်ကူးပြီး သူတို့အက်ပ်နဲ့ ယူကျုတွေပေါ်မှာ လွှင့်တဲ့ TVFက ရိုက်ကူးပုံဖော်ထားတာပဲဖြစ်ပါတယ်။ ပီယုရှ်ဆိုတဲ့ဘဲက အိုင်တီကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့ လူလတ်တန်းစားမိသားစုကဆင်းသက်လာတဲ့သူ။လုပ်ချင် ပြောချင်မိပြီဆို ရှေ့နောက်မကြည့်ဘဲ သူထင်ရာဇွတ်လုပ်တတ်တဲ့ ငနဲ။ အတွက်အချက်တော်ပြီး စည်းကမ်းကြီးတဲ့ဖခင်နဲ့ တစ်နေ့ဖုန်းမဆက်ရင် ပွစိပွစိလုပ်တတ်တဲ့မိခင်ဖြစ်သူတို့ရဲ့ သားတော်မောင်။ပထမဆုံး အလုပ်စဝင်တော့ လစာကို လကုန်တဲ့ည ၁၂နာရီမှာရောက်မလားထိုင်စောင့်ပြီး မရောက်လာလို့ ကုမ္ပဏီလူကြီးဆီဖုန်းဆက်ပြီး ကွန်ပလိန်းတက်တဲ့ ငနှောက်။ အချစ်ဆုံးသူငယ်ချင်းတစ်ယောက်နဲ့ အခန်းအတူငှားနေရင်း အလုပ်လုပ်နေတဲ့သူ။ ဒီလိုအသိုင်းအဝိုင်းကြားမှာ သူနေထိုင်သွားလာ လုပ်ကိုင်နေပုံကို မပျင်းရအောင် ကြည့်ရမှာပါပဲ။အိန္ဒိယရုပ်ရှင် နှစ်သက်သူတို့ လက်မလွှတ်သင့်တဲ့ဇာတ်လမ်းမို့ ရှာဖွေတင်ဆက်ပေးခြင်းဖြစ်လို့ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)
...

Monkey Man (2024) ⭐IMDB: 7.3/10 (18 k Votes) 🎬 #Action #Crime #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #Canada #Singapore #India #UnitedStatesofAmerica ⏰ 2 နာရီ 2 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အိန္ဒိယ အက်ရှင်ဇာတ်ကြမ်းတစ်ခု ထွက်လာပါပြီ။ ဒါရိုက်တာ၊ ဇာတ်ညွှန်း၊ သရုပ်ဆာင်အဖြစ် Slumdog Millionaire ထဲက ဂျာမဲအကြီးကောင်လေးအဖြစ် သိကြတဲ့ Dev Patel ပါဝင်ထားပါတယ်။ Dev Patel ဟာ ၁၀နှစ်သားကတည်းက တိုက်ကွမ်ဒိုသမားဖြစ်ခဲ့ပြီး ၁၆ နှစ်သားမှာ ခါးပတ်နက်ဖြစ်နေပါပြီ။ ဒီရုပ်ရှင်ဟာ အစက နက်ဖလစ်မှာ တင်ဖို့ ရိုက်ထားတာ ဖြစ်ပေမဲ့ Jordan Peele ကြည့်မိသွားပြီး ဒါမျိုးကားက ရုံပါတင်သင့်တယ်လို့ ယူဆလို့ နက်ဖလစ်ဆီကနေ ရုံတင်နိုင်အောင် စီစဉ်ပေးခဲ့တာပါ။ ဒါရိုက်တာမင်းသားရဲ့အပြောအရတော့ အက်ရှင်အများစုမှာ ဖြစ်တတ်တဲ့ ဇာတ်အိမ်မခိုင်မာတာကို ပြင်ထားပြီး ဇာတ်အိမ်ခိုင်ခိုင်၊ နောက်ကြောင်းခိုင်ခိုင်နဲ့ အိန္ဒိယဓလေ့တွေ ထည့်သွင်းရိုက်ကူးထားတာဖြစ်ပါတယ်။ အပြောအဆိုနဲ့ အတိုက်အခိုက်ခန်းတွေကြမ်းလို့ ကလေးငယ်တွေအတွက်တော့ မသင့်တော်ပါဘူး။ ဇာတ်လမ်းအကျဉ်း မြေအောက်လက်ဝှေ့ဝိုင်းတွေမှာ လုပ်ပွဲတွေ အထိုးခံပြီး ငွေရှာလေ့ရှိတဲ့ မျောက်မျက်နှာနဲ့လူငယ်လေးတစ်ယောက်။ ရင်ထဲမှာ အမုန်းတွေကလဲ့စားတွေနဲ့ပြည့်နေပြီး အထိုးခံစရာ နာစရာကိုရှာရင်းအသက်ရှင်နေတဲ့လူတစ်ယောက်၊ ဘာသာရေးအကြောင်းပြ၊ ဘာသာရေးသမားနဲ့ နိုင်ငံရေးသမားတို့ ရဲနဲ့ပေါင်းပြီး မြေမတရားသိမ်း၊ မိခင်ကို သတ်ဖြတ်ခဲ့တာတွေအတွက် တစ်သက်လုံး အငြိုးတွေနဲ့ ကြီးပြင်းလာတဲ့လူတစ်ယောက်။တစ်နေ့မှာတော့ သူ့ရဲ့ကလဲ့စားနဲ့အတူ အခြားသူတွေအတွက်ပါ တိုက်ခိုက်ပေးဖို့ အကြောင်းပြချက်တွေရှိလာပါတယ်။ သူလက်စားချင်ချင်တဲ့လူတွေကလည်း အိန္ဒိယရဲ့ ဩဇာအကြီးဆုံးအသိုင်းအဝိုင်းဖြစ်နေပြီး ဂရုဆရာတော်ကြီး၊ ရဲမှူးချုပ်နဲ့၊ ပါတီကြီးတစ်ခုတစ်ခုရဲ့ ခေါင်းဆောင်ဖြစ်နေတော့ ရဲတွေ လုံခြုံရေးတွေနဲ့ လူမိုက်တွေကို ရအောင်ကျော်ဖြတ်ပြီး လက်စားချေဖို့ကြိုးစားပုံတွေကို ပြထားတာပါပဲ။ အက်ရှင်ပရိသတ်တွေ အကြိုက်တွေ့မှာပါ၊
...

A Beautiful Wife And Father-In-Law – Yuko Ono (Decensored – FSDSS-435) ⭐- 🎬 #Adult 🗓 - 🎞 movie 🌎 #Japan ⏰ 2 နာရီ 4 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လှပပြေပြစ်ပြီး အပြစ်အနာအဆာ မရှိတဲ့ခန္ဓာကိုယ်ကောက်ကြောင်းလေးနဲ့ ယဉ်လှတဲ့ မျက်နှာထားလေးကြောင့် ပုရိသတွေအသည်းစွဲဖြစ်နေစေတဲ့ မင်းသမီးလေး Yuko Ono ရဲ့ ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်…… FSDSS-435 ဆိုတဲ့ ဒီ ဇာတ်ကားလေးထဲမှာတော့ အိမ်ထောင်ကျပြီး ယောက်ျားအိမ်လိုက်နေရာက ယောက်ခထီးရဲ့ အကြမ်းအရမ်း ဆက်ဆံပုံတွေကို ထုတ်မပြောသာ ရင်ဆိုင်ကျော်လွှားရမဲ့ ချွေးမလေးနေရာကနေ Yuko Ono က သရုပ်ဆောင်တင်ဆက်ပေးထားတာဖြစ်ပါတယ်……နဂိုကတည်းက လှပြီးသား မင်းသမီးလေးကို စွဲမက်စရာ သရုပ်ဆောင်ဟန်ပန်အမူအရာတွေနဲ့ပါ တွဲဖက်မြင်လိုက်ရတော့ ပုရိသတွေရင်ထဲ ရထားအစင်း၁၀၀ခုတ်မောင်းသွားတာထက်တောင် တုန်လှုပ်သွားစေမယ်ဆိုတာ ပြောရင်း ရှုစားလိုက်ကြပါဦးလို့…… (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။
...

Scanners (1981) ⭐TMDB: 67% User Score 🎬 #Horror #SciFi #Thriller #ScienceFiction 🗓 1981 🎞 movie 🌎 #Canada ⏰ 1 နာရီ 44 မိနစ် 24 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လက်နက်ရောင်းဝယ်ရေးကုမ္ပဏီဖြစ်တဲ့ကွန်းဆက်ကုမ္ပဏီက သဘာဝလွန်စွမ်းအားတွေရှိတဲ့လူသားတွေကိုစုဆောင်းပြီး သူတို့ရဲ့အစွမ်းတွေကိုစမ်းသပ်လေ့လာနေတာပါ။ အဲဒီသဘာဝလွန်အစွမ်းနဲ့လူတွေကိုတော့ စကန်နာတွေလို့ခေါ်ပြီး စိတ်နဲ့တစ်ဖက်လူကိုထိန်းချုပ်လို့ရတာ သတ်ပစ်တာမျိုးတွေလုပ်နိုင်ပါတယ်။ ဒါပေမဲ့ စွမ်းအားကြီးတဲ့စကန်နာဒါရယ်ရေဗေါ့က စကန်နာအစွမ်းသုံးပြီးကမ္ဘာကိုအုပ်စိုးချင်လာတော့ ကွန်းဆက်အဖွဲ့ရဲ့ရန်သူဖြစ်လာတယ်။ အဲဒါကြောင့် ကွန်းဆက်အဖွဲ့ဝင်ဒေါက်တာရုသ်က ရေဗေါ့နဲ့ယှဥ်ပြိုင်ဖို့ တခြားစွမ်းအားကြီးစကန်နာကမ်မရွန်ကို လက်သပ်မွေးပြီး ရေဗေါ့ကိုရှာခိုင်းပါတော့တယ်။
...

Clouds of Sils Maria (2014) ⭐IMDB: 6.8/10 (31 k Votes) 🎬 #Drama 🗓 2014 🎞 movie 🌎 #France #Germany #Switzerland #UnitedStatesofAmerica ⏰ 2 နာရီ 4 မိနစ် 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မာရီယာ အန်းဒရက်ဟာ နိုင်ငံတကာကျော်ကြားတဲ့ ရုပ်ရှင် သရုပ်ဆောင်တစ်ယောက်ပါ သူဟာ လွန်ခဲ့တဲ့ နှစ် ၂၀က စစ်ဂရစ်ဆိုတဲ့ ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ရင်း အောင်မြင်မှုရခဲ့တာဖြစ်ပါတယ် သူနာမည်ကြီးဖြစ်လာရတဲ့ ဇာတ်လမ်းမှာပဲ တခြားနေရာကနေ ပြန်ပြီးသရုပ်ဆောင်ဖို့ဖြစ်လာတဲ့အခါ အတိတ်က မှတ်ဉာဏ်တွေကြားမှာ မာရီယာတစ်ယောက် ရှေ့မဆက်နိုင်ဖြစ်ရင်း အခြားဇာတ်ကောင်အဖြစ် သရုပ်ဆောင်ဖို့ ခက်ခဲနေခဲ့ပါတော့တယ် ဒီဇာတ်ကားမှာကတော့ နိုင်ငံခြား အနုပညာရှင်တွေဟာ သူတို့ သရုပ်ဆောင်ရမယ့် ဇာတ်ကောင်ကို အလေးအနက်ထားပုံ ဇာတ်ကောင်အဖြစ်ခံယူပုံတွေအပြင် အနုပညာရှင်တွေရဲ့ ဘဝကိုပါ ရိုက်ကူးတင်ဆက်ထားတဲ့ Drama ဇာတ်ကားလေးပဲဖြစ်ပါတယ်။ Twilight ထဲက နာမည်ကျော်မင်းသမီး Kristen Stewart လည်း ပါဝင်သရုပ်ဆောင်ထားတာမလို့ ကြည့်ရှူလိုက်ကြပါဦးခင်‌ဗျာ
...

A Serious Man (2009) ⭐TMDB: 67% User Score 🎬 #Comedy #Drama 🗓 2009 🎞 movie 🌎 #UnitedStatesofAmerica #UnitedKingdom #France ⏰ 1 နာရီ 46 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb 7 / Rotten Tomatoes 89% အပြင် ဆုပေါင်း ၁၇ ခုကိုသိမ်းပိုက်နိုင်ခဲ့ပြီး အော်စကာ ၂ ဆုအတွက်ပါ ဆန်ကာတင်ရွေးချယ်ခံခဲ့ရတဲ့ ကားဟောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ခင်ဗျားတို့ဘ၀မှာ တချိန်တည်းမှာ ပြဿနာပေါင်းသောင်းခြောက်ထောင်ကို ရင်ဆိုင်ရမယ်ဆိုရင် ခင်ဗျားတို့ဘယ်လိုများရင်ဆိုင်ကျော်လွှားဖို့ကြိုးစားကြမလဲ။ ဒီရုပ်ရှင်ထဲက ဂျူးလူမျိုး ရူပဗေဒပါမောက္ခတစ်ဦးဖြစ်တဲ့ လယ်ရီဂေါ့ပ်နစ်ခ်ကလည်း သူ့ရဲ့သာယာနေတဲ့ဘ၀လေးထဲကို ပြဿနာပေါင်းစုံ၀င်လာလို့ ဒုက္ခပင်လယ်ဝေခဲ့ရတဲ့သူပါ။ လယ်ရီဂေါ့ပ်နစ်ခ်က တက္ကသိုလ်မှာ ရူပဗေဒဘာသာရပ်ကိုသင်ကြားရင်း မိသားစုကိုဦးဆောင်နေတဲ့ ကလေးနှစ်‌ယောက်အဖေ အိမ်ထောင်ဦးစီးတစ်ယောက်ပါ။ တစ်ရက်မှာတော့ လယ်ရီ့ရဲ့ ပါဆင်နယ်ရော ပရော်ဖက်ရှင်နယ်ဘ၀ထဲကိုပါ မထင်မှတ်ထားတဲ့ ပြဿနာအရှုပ်ထုပ်ပေါင်းစုံက တချိန်တည်းမှာဆိုက်ဆိုက်မြိုက်မြိုက်ကြီး၀င်ရောက်လာတဲ့အခါမှာတော့ လယ်ရီတစ်ယောက် ရရာကောက်ရိုးလေးတမျှင်ကိုဆွဲပြီး ဒီအခက်အခဲတွေကို အံတုရင်ဆိုင်ဖြေရှင်းဖို့ ကြံရပါတော့တယ်။ လယ်ရီနေရာမှာသရုပ်ဆောင်ထားတဲ့ Michael Stuhlbarg ဟာဆိုရင်လည်း ၁၉၉၀ နဲ့ ၂၀၀၀ခုနှစ်ကျော်အတွင်းမှာ ရုပ်ရှင်ကားကောင်းတွေကိုရိုက်ကူးခဲ့တဲ့ ဝါရင့်သရုပ်ဆောင်ကြီးဆိုတော့ အက်တင်ဘာညာကတော့ ကြည့်မကောင်းမှာမပူရပါဘူး။ ရုပ်ရှင်ပြီးသွားတဲ့အထိကို ဘာဆက်ဖြစ်မလဲဆိုတာကို ပရိတ်သတ်ကိုဆက်ပြီး အတွေးနယ်ချဲ့ခိုင်းစေပြီး ချန်ထားခဲ့မယ့်ရုပ်ရှင်မျိုးပါ။ ပေါ့ပေါ့ပါးပါးနဲ့ ဟာသလေးတွေနှောပြီးရိုက်ကူးထားတဲ့ ရူပဗေဒပါ‌မောက္ခကြီးရဲ့အလွဲတွေကို သေချာပေါက် အချိန်ပေးရှုစားကြည့်ဖို့တန်ကြောင်း အကြံပေးလိုက်ရင်းနဲ့ပဲ
...

GomBurZa (2023) ⭐IMDB: 7.9/10 (325 Votes) 🎬 #Action #Biography #Drama #History 🗓 2023 🎞 movie 🌎 #Philippines ⏰ 1 နာရီ 55 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 GonBurZa ဇာတ်ကားဟာ ၂၀၂၃ ခုနှစ် ဖိလစ်ပိုင်နိုင်ငံက ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်း တစ်ခုဖြစ်ပါတယ် ဒီဇာတ်ကားဟာ သာမန်ကားတွေနဲ့ မတူတဲ့ အချက်က သမိုင်းကို အခြေခံရိုက်ကူးထားတဲ့ historical movie တစ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ ကိုလိုနီခေတ် စပိန်လက်အောက် ရောက်နေတဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ အခြေအနေကို ထင်ဟပ်အောင် ရိုက်ကူးပြထားပါတယ်။ ဇာတ်လမ်းရဲ့အဓိကကျောရိုးကတော့ ဖိလစ်ပိုင်နိုင်ငံဖွား စပိန်လူမျိုးဘုန်းတော်ကြီးတွေကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ စပိန်တွေရဲ့ ခွဲခြားဆက်ဆံမှုတွေကြားမှာ ဒီဖိလစ်ပိုင်နိုင်ငံဖွား ဘုန်းတော်ကြီးတွေကိုပါ ခွဲခြား ဆက်ဆံနေရတဲ့အခါ နိုင်ငံကလူငယ်တွေမှာ မျိုးချစ်စိတ်တွေ ပြင်းထန်လာတဲ့အခါ ဘယ်လိုတွေ ဆက်ဖြစ်မလဲဆိုတာကို ရုပ်ရှင်ထဲမှာ ဆက်လက်ရှုစားကြဖို့ တိုက်တွန်းလိုက်ပါတယ်။ IMDb rating 8 ကျော်ရထားလို့ ကြည့်ရတာ အရသာအပြည့်ပေးမဲ့ ဇာတ်ကားတစ်ကားဆိုတာ ငြင်းစရာမရှိပါဘူး
...

Buddha Mountain (2010) ⭐TMDB: 68% User Score 🎬 #Drama #Romance 🗓 2010 🎞 movie 🌎 #China ⏰ 1 နာရီ 45 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Fan Bing Bing ရဲ့ (၂၃)ကြိမ်မြောက် Tokyo InternationalFilm Festival မှာ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုရထားတဲ့ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့…… နယ်မြို့လေးတစ်မြို့မှာ ကြိုးစားရုန်းကန်နေတဲ့လူငယ်လေး(၃)ယောက်နဲ့အိမ်ရှင်မိန်းမကြီးတစ်ယောက်အကြောင်းဒရာမာလေးဖြစ်ပါတယ်။ပီကင်းအော်ပရာဇာတ်အဖွဲ့ဝင်ဟောင်း ဆရာမချန်ဟာခင်ပွန်းဆုံးသွားပြီးနောက်ပိုင်း တစ်ယောက်ထဲအထီးကျန်တဲ့ဘဝကိုဖြတ်သန်းရင်း တစ်နေ့မှာ သူ့ရဲ့အိမ်ခန်းကိုငှားဖို့ဆုံးဖြတ်လိုက်တယ်။ မရေရာတဲ့အနာဂတ်တွေနဲ့ လူငယ်လေး(၃)ယောက်ကသူ့ရဲ့အိမ်မှာလာငှားနေကြတယ်။ရှေးရိုးဆန်ပြီး အထီးကျန်နေတဲ့ ဂွကျတဲ့မိန်းမကြီးတစ်ယောက်နဲ့ဘဝကိုဖြစ်သလိုကျော်ဖြတ်ရင်း ဝေဝေဝါးဝါးဖြတ်သန်းနေတဲ့လူငယ်လေးတွေဟာ ကမောက်ကမနဲ့သံယောဇဉ်တွေဖြစ်ပြီးအတူနေထိုင်ရင်း လောကဒဏ်ကိုကိုယ့်နည်းကိုယ့်ဟန်နဲ့ခုခံပြီး ဖြတ်သန်းကြတဲ့ ဒရာမာလေးဖြစ်ပါတယ်။
...

I Miss You (2024) ⭐IMDB: 7.5/10 (72 Votes) 🎬 #Drama #Romance 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 53 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာ CM ပရိသတ်တွေအတွက်လူငယ်အချစ်ဇာတ်လမ်းလေးတပုဒ်ဖြစ်တဲ့I Miss you ဇာတ်လမ်းနဲ့ တင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းလေးကတော့ ဘဝကိုရိုးရှင်းစွာနဲ့အပူအပင်ကင်းမဲ့ဖြတ်သန်းနေတဲ့ပိုင်ရှောင်ယွီဆိုတဲ့ ကောင်လေးတစ်ယောက်။ငယ်စဉ်တည်းကမိဘတွေစကားများမှုကြောင့်စိတ်ဒဏ်ရာရထားတဲ့ ဝမ်ကျင်းကျင်းဆိုတဲ့မိန်းကလေး။ ငယ်စဉ်တည်းက Edgar Allan Poe ဆိုတဲ့သရဲပုံပြင်ကိုရေးတဲ့စာရေးဆရာကို အရူးအမူးကြိုက်နှစ်သက်ကြတယ်။တနေ့အထက်တန်းစာမေးပွဲဖြေတဲ့နေ့မှာကံကြမ္မာဖန်တီးပေးမှုကြောင့်နှစ်ဦးသားတွေ့ဆုံခဲ့တယ်။ နှစ်ဦးသားရဲ့ တွေ့ဆုံမှုအစက အလွဲလွဲအချော်ချော်ဖြစ်သွားခဲ့ပေမဲ့ပိုင်ရှောင်ယွီကတော့ဝမ်ကျင်းကျင်းကို မြင်မြင်ချင်းချစ်မိသွားတာပေါ့။တက္ကသိုလ်လေးနှစ်လုံးသူတစ်ယောက်တည်းအတွက် နှလုံးသားတံခါးကိုသော့ခတ်ထားပြီးနေလာခဲ့ရင်းတနေ့မှာ သူမနဲ့ပြန်လည်တွေ့ဆုံခဲ့ကြတယ်။ ဒီလိုနဲ့ ပြန်တွေ့ဆုံကြတဲ့အခါနှစ်ယောက်သားအကြိုက်တူနေတာတွေဝေမျှပြီး ပိုပိုနီးစပ်လာတဲ့အခါမှာသူငယ်ချင်းကနေ ရည်စားအဖြစ်တက်လှမ်းကြတဲ့အချိန်ဘယ်လိုမျိုးလေးတွေတွေ့ကြုံလာရမလဲ။ ပိုင်ရှောင်ယွီကောင်လေးက ပုံဆွဲဝါသနာပါပေမဲ့ငယ်စဉ်တည်းကမျက်လုံးရောဂါဖြစ်နေတာကြောင့်ပုံဆက်မဆွဲနိုင်တဲ့ ကောင်လေး။ဝမ်ကျင်းကျင်းကစာရေးရတာဝါသနာပါတာကြောင့်စာရေးဆရာမဖြစ်ချင်တဲ့အိပ်မက်ကိုပိုင်ဆိုင်ထားတဲ့ကောင်မလေး။ဒီလူနှစ်ဦးကြားမှာ ကံကြမ္မာကဘယ်လိုတွေဖန်တီးပေးဦးမလဲ။ဘယ်လိုအခက်အခဲစိန်ခေါ်မှုတွေကြုံတွေ့မလဲစတာတွေကိုတော့ဒီဇာတ်လမ်းလေးကို ကြည့်ရူလိုက်ကြရအောင်
...

记忆奇旅 (2024) ⭐TMDB: 0% User Score 🎬 #SciFi #ScienceFiction 🗓 2024 🎞 movie 🌎 #China ⏰ 21 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ duration တိုတိုလေးနဲ့ လူတွေရဲ့မှတ်ဉာဏ်တွေနဲ့ပတ်သတ်ပြီး ဘယ်လိုသဘောတရားထားသင့်တယ်ဆိုတဲ့အကြောင်းရိုက်ကူးထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ် ။ မန်မိုရီ ( မှတ်ဉာဏ် ) ဟော်တယ်မှာ လူကြီးမင်းယန်ကဧည့်လမ်းညွှန်အဖြစ်လုပ်ကိုင်ပါတယ် ။ သူကဟော်တယ်ကိုရောက်လာတဲ့သူတွေကို သူတို့စိတ်ထဲကအရောက်ချင်ဆုံးနေရာတွေကိုဖော်ပြပေးတဲ့ မှတ်ဉာဏ်အခန်းတွေဆီခေါ်သွားပြီးတော့ ဟော်တယ်ဝန်ဆောင်မှုပေးတဲ့သူပါ ။ အဲဒီလိုနဲ့ ဟော်တယ်ကိုရောက်လာတဲ့ တည်းခိုသူတွေကိုသူတို့မှတ်ဉာဏ်တွေဆီခေါ်သွားပေးတဲ့အချိန်မှာတော့… မှတ်ဉာဏ်နဲ့ပတ်သတ်ပြီး ထားသင့်တဲ့စိတ်နေသဘောထားတွေလူတွေရဲ့နောင်တဲ့ဝမ်းနည်မှုအကျိုးဆက်တွေကို လိုတိုရှင်းလေးအဓိပ္ပာယ်ဖွင့်ဟထားလို့ကြည့်ကိုကြည့်သင့်တဲ့ဇာတ်လမ်းလေးပဲဖြစ်လို့ လိုက်ပါကြည့်ရှုဖို့မမေ့ကြပါနဲ့နော်
...

Hotel (2004) ⭐TMDB: 56% User Score 🎬 #Drama #Horror #Mystery 🗓 2004 🎞 movie 🌎 #Austria #Germany ⏰ 1 နာရီ 18 မိနစ် 14 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Hotel (2004)============ ဒီဇာတ်လမ်းမှာ Irene ဆိုတဲ့ မိန်းကလေးတစ်ယောက် ဩစတေးလျတောအုပ်က လူသူအရောက်နည်းတဲ့ တစ်နေရာမှာဖွင့်လှစ်ထားတဲ့ဟိုတယ်မှာ ဧည့်ကြိုစာရေးအနေနဲ့ အလုပ်စဝင်လာခဲ့တယ်။ နောက်တော့ သူ့ရာထူးမှာလုပ်ခဲ့တဲ့ အရင်ကောင်မလေးက သဲလွန်စမရှိဘဲပျောက်ကွယ်သွားတာမို့ သူ့ကိုအစားထိုးလိုက်တာဖြစ်ကြောင်း သိလာရတယ်။ Irene လည်း ဟိုတယ်ရဲ့ တဖြည်းဖြည်း ကျောချမ်းစရာအငွေ့အသက်တွေကို ကြုံတွေ့လာရရင်း အရင်ကောင်မလေးရဲ့ အဆန်းတကြယ်ပျောက်ကွယ်သွားမှုက လူသတ်မှုလား သဘာဝလွန်ဖြစ်ရပ်တွေနဲ့ ဆက်စပ်နေသလားဆိုတာကို ဘယ်လိုအဖြေပေါ်မလဲဆိုတာတော့ ဒီဇာတ်လမ်းထဲမှာ စိတ်လှုပ်ရှားစွာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thwal Htoo Zin ဖြစ်ပါတယ်)
...

Triple Tap (2010) ⭐TMDB: 64% User Score 🎬 #Action #Thriller #Mystery 🗓 2010 🎞 movie 🌎 #HongKong ⏰ 1 နာရီ 58 မိနစ် 25 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ CM ပရိသတ်ကြီးတို့ကို ၂၀၁၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဟောင်ကောင်ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားနာမည်ကတော့ Triple Tap လို့ခေါ်ပြီးတော့ One Night in Mongkok နဲ့ Double Tap အစရှိတဲ့ ဇာတ်ကားတွေရဲ့ sequel ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ Louis Koo နဲ့ Daniel Wu တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ သေနတ်ပြိုင်ပွဲချန်ပီယံရဲ့ မစ္စတာကန်ကွမ် (Louis Koo) က IPSC ပြိုင်ပွဲမှာ အနိုင်ရခဲ့ပြီးတော့ အိမ်ကိုပြန်လာခဲ့တယ်။ အိမ်ပြန်လမ်းမှာ ဓားပြတိုက်မှုတစ်ခုနဲ့ ကြုံတွေ့ခဲ့ရတယ်။ ဓားပြတိုက်သူတွေဟာ ကျည်ကာကားပေါ်မှာပါတဲ့ သန်းရာချီတန်တဲ့ ပိုင်ဆိုင်မှုစာချုပ်ကို လိုချင်ကြတာပါ။ ဓားပြတိုက်သူတွေက ကားပေါ်မှာ လိုက်ပါလာသူတွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ရင်း သေနတ်ပစ်ဖောက်ခဲ့ကြတယ်။ ဒါတွေကို ကန်ကွမ်က အစအဆုံးမြင်လိုက်ရပါတယ်။ ခဏကြာပြီးနောက်မှာ ယာဉ်ထိန်းရဲ ရောက်လာခဲ့တယ်။ ယာဉ်ထိန်းရဲကိုလည်း သေနတ်နဲ့ ပစ်တော့မှာကို မြင်သွားတဲ့အခါ ကန်ကွမ်ဟာ ဓားပြတွေကို သူ့မှာပါလာတဲ့သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ကန်ကွမ် လူသတ်လိုက်တာ မှန်တယ် မမှန်ဘူးဆိုပြီး တရားရုံးရောက်တဲ့အထိ အငြင်းပွားကြပါတော့တယ်။ စာချုပ်ဓားပြတိုက်တဲ့ အမှုကို စုံစမ်းမယ့် ရဲအရာရှိ ဂျယ်ရီချုံက ကန်ကွမ်နဲ့ ပြိုင်ပွဲမှာ ရှေ့ဆင့်နောက်ဆင့် ဆုရသူတွေပါ။ မျက်မြင်သက်သေတွေလည်းအကုန်သေ သံသယတရားခံတစ်ယောက်ကလည်းလွတ်သွား ဘာသက်သေမှမကျန်ခဲ့တဲ့ ဒီအမှုကို ဂျယ်ရီချုံတစ်ယောက် ဘယ်လိုစုံစမ်းဖော်ထုတ်မလဲ။ အခင်းဖြစ်ပုံကို အစအဆုံးမြင်ခဲ့တဲ့ ကန်ကွမ်ကရော အားလုံးထင်သလို အရာရှိကို ကယ်တင်ခဲ့တဲ့ သူရဲကောင်းတစ်ယောက် ဟုတ်ရဲ့လား၊ နောက်ကွယ်မှာ ဘာဇာတ်လမ်းတွေရှိနေဦးမလဲဆိုတာကိုတော့ ပရိသတ်ကြီးတို့ကိုယ်တိုင် ဒီကားထဲမှာ ကြည့်ရှုလိုက်ကြပါနော်။
...

Model House (2024) ⭐IMDB: 4.7/10 (571 Votes) 🎬 #Thriller #Uncategorized #Horror 🗓 2024 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 24 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Model House (2024)================ Social Media မှာ ဖော်လိုဝါတွေများအောင် ကြိုးစားနေကြတဲ့ခေတ်ကြီးထဲ အဲဒါဖော်လိုဝါတွေကြောင့်ပဲ ဘယ်လိုဒုက္ခအန္တရာယ်တွေ ကျလာလဲဆိုတာကို ဒီဇာတ်လမ်းက ရုပ်လုံးဖော်ပြသထားပါတယ်။ ဖော်လိုဝါအများကြီးရှိတဲ့ နာမည်ကြီးမော်ဒယ်လ်တွေ အလုပ်ကိစ္စနဲ့အိမ်တစ်အိမ်မှာ တစ်ညနားပြီးတည်းကြတယ်။ မော်ဒယ်ကောင်မလေးတွေ အပန်းဖြေအိမ်မှာ ပျော်ပါးနေကြတုန်းမှာပဲ အိမ်ဖောက်ပြီးဓားပြတိုက်တဲ့သူတွေ ရောက်လာခဲ့တယ်။ ဒါပေမဲ့ လူဆိုးတွေ ဓားပြတိုက်တာက မော်ဒယ်လ်တွေဆီကမဟုတ်ဘဲ မော်ဒယ်လ်​တွေကိုအသုံးချပြီး သူတို့ရဲ့ဖော်လိုဝါတွေကို ငွေပို့ခိုင်းတာပဲဖြစ်ပါတယ်။ စစချင်းမှာတော့ ထိခိုက်မှုမရှိတဲ့ ငွေလိမ်လည်မှုသက်သက်ဆိုပေမဲ့ နောက်ပိုင်းမှာ ဘယ်လိုသွေးသံရဲရဲနဲ့ ကပ်ဆိုက်ပြီး မော်ဒယ်လ်တွေရော လွတ်မြောက်နိုင်ပါ့မလားဆိုတာကို သဲထိတ်ရင်ဖို စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thwal Htoo Zin ဖြစ်ပါတယ်)
...

A Good Year (2006) ⭐TMDB: 67% User Score 🎬 #Comedy #Drama #Romance 🗓 2006 🎞 movie 🌎 #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 58 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 A Good Year (2006) IMDb Rating (6.9) ဒါရိုက်တာကြီး Ridley Scott ရဲ့  ထူးထူးဆန်းဆန်း Comedy,Romance,Drama ရုပ်ရှင်ဇာတ်ကားလေးပါ။ မင်းသားကြီး Russell Crowe နဲ့ Taxi မင်းသမီးအဖြစ်မှတ်မှတ်ထင်ထင်ရှိရတဲ့ ပြင်သစ်မင်းသမီးချော Marion Cotillard တို့အဓိကပါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့…. ကလေးဘဝကတည်းက မိဘတွေ ဆုံးပါးသွားပြီး၊ ဦးလေးဟင်နရီရဲ့ စောင့်ရှောက်မှုအောက်မှာ ကြီးပြင်းခဲ့ရတဲ့ မက်စ်စကင်နာ။ အရွယ်ရောက်တော့ လန်ဒန်မှာ အခြေချပြီး ဦးလေးဖြစ်သူနဲ့ နှစ်ပေါင်းများစွာ အဆက်အသွယ်ပြတ်တဲ့အထိ အလုပ်အရမ်းလုပ်ရင်း ငွေနောက်အရမ်းလိုက်ရင်း တစ်ကိုယ်ကောင်းဆန်သူ ကိုယ့်အတွက်ပဲကိုယ်ကြည့်တဲ့သူတစ်ယောက် ဖြစ်မှန်းမသိဖြစ်ခဲ့ပါတော့တယ်။ ဒါပေမဲ့ တနေ့ ဦးလေးဖြစ်သူ ဆုံးပါးသွားတဲ့အချိန်မှာတော့ ဦးလေးဖြစ်သူရဲ့ ပိုင်ဆိုင်မှုတွေကို လွှဲပြောင်းရယူဖို့ ဖြစ်လာပါတော့တယ်။ အဲဒီအတွက် နှစ်ပေါင်းများစွာ မရောက်ဖြစ်တဲ့ ငယ်ဘဝကြင်လည်ရာ‌ပြင်သစ်တောင်ပိုင်းက မြို့ငယ်က‌လေးကို သွားရောက်ရင်း ငွေပုံကြားထဲမှာနေ့စဉ် ဘဝကိုဖြတ်သန်းနေရတဲ့ အသည်းမာသူ မက်စကင်နာရဲ့ဘဝအချိုးအကွေ့တွေ က ဘယ်လိုတွေ ဆက်ဖြစ်လာမလဲဆိုတာကတော့…..။ အေးအေးလေးနဲ့ချစ်စရာကောင်းတဲ့ရုပ်ရှင်ကားလေးမလို့ ကြည့်ရှုခံစားပေးပါဦး။
...

A Beautiful Life (2023) ⭐IMDB: 6.4/10 (8 k Votes) 🎬 #Drama #Music #Romance 🗓 2023 🎞 movie 🌎 #Denmark #Sweden ⏰ 1 နာရီ 40 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီရုပ်ရှင်လေးကတော့ musical romance ကားလေးဖြစ်တာမို့ သီချင်းသံငြိမ့်ငြိမ့်လေးတွေကြားမှာ စီးမျှောချင်သူတွေအကြိုက်တွေ့ဦးမယ့်ကားလေးပါပဲ…။ ဇာတ်လမ်းထဲမှာပါဝင်တဲ့ သီချင်းတိုင်းကလည်း ဇာတ်ဆောင်မင်းသားအဆိုတော်Christopherကိုယ်တိုင်‌ ရေးသားဖန်တီးထားတဲ့သီချင်းတွေချည်းပါတဲ့ဗျာ….။ ဂစ်တာသံစဥ်ငြိမ့်ငြိမ့်လေးနဲ့ သီချင်းအေးအေးလေးနဲ့ ခံစားကြည့်ချင်သူတွေအတွက်တော့ ကွက်တိကျမယ့် ဇာတ်ကားလေးတစ်ပုဒ်ပါပဲ…။ ဇာတ်အိမ်လေးကို အကျဥ်းပြောပြရမယ်ဆိုရင် ဒိန်းမတ်ဆိပ်ကမ်းလေးတစ်ခု ငါးဖမ်းသမားလေး တစ်ယောက်ဘဝကနေ သီချင်းအဆိုရှင်ဖြစ်လာတဲ့ လူငယ်လေးတစ်ယောက်အကြောင်းပါ..။ အီလီရော့ဟာ ဘဝအခြေအနေကြောင့် ငါးဖမ်းသမားဘဝနဲ့ ရုန်းကန်နေရပေမယ့် ပင်ကိုယ်အသံကလည်း သီချင်းဆိုဖို့ ပါရမီပါသလို သီချင်းရေးရာမှာလည်း ထူးချွန်သူပါ…။ တစ်နေ့ မွေးနေ့ပွဲတစ်ခုမှာ ဂစ်တာအငှားလိုက်တီးရင်း နာမည်ကျော်ထုတ်လုပ်သူတစ်ယောက်က မျက်စိကျသွားတဲ့နောက်…. ငါးဖမ်းသမားလေးဘဝကနေ အဆိုတော်ဘဝကို ဘယ်လိုတွေရောက်ရှိလာလဲဆိုတာကို သံစဥ်လေးတွေနဲ့ နားဆင်ကြည့်ရှုရမှာဖြစ်ပါတယ်
...

Exhuma (2024) ⭐IMDB: 7.4/10 (3 k Votes) 🎬 #Horror #Mystery #Supernatural #Thriller #Uncategorized 🗓 2024 🎞 movie 🌎 #SouthKorea ⏰ 2 နာရီ 14 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Exhuma 2024************** EXHUMA ရုံတင်ကားကြီး ကြည်တောက်ရှင်းထွက်လာပါပြီ စံချိန်တင်ကြည့်ရှု့သူ 10 သန်းကျော်ရရှိတဲ့ ပထမဆုံး Korean Occult Horror Film ဖြစ်လာတဲ့ ‘Exhuma’ ရုပ်ရှင် ပထမဆုံးရုံတင်ရက်ကနေ အခုချိန်ထိ Box office No 1 မှာပဲရှိနေခဲ့တဲ့ Exhuma ရုပ်ရှင်ဟာ စံချိန်တင်ကြည့်ရှု့သူ 10 သန်းကျော်ရရှိတဲ့ ပထမဆုံး Korean Occult Horror Film ဖြစ်လာရုံသာမက Box Office သမိုင်းမှာ 10 million viewers ကျော်ရရှိတဲ့ 23 ခုမြောက် ကိုရီးယားရုပ်ရှင် ဖြစ်လာခဲ့ပါတယ်။ အကြည်ထွက်လာလို့ cm ပရိတ်သတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်.. နာမည်ကြီး kdrama တွေဖြစ်တဲ့ (Goblin, TheKing: Eternal Monarch, Little Women) တို့ရဲ့ မင်းသမီး Kim Go Eun နဲ့ (Youth Of May, The Good Bad Mother, The Glory) တို့ရဲ့ မင်းသား Lee Do-hyun တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်…. ဒီ movieထဲမှာဆိုရင် မင်းသမီး Kim Go Eun ရော မင်းသား Lee Do-hyun ကပါ သူတို့တစ်ခါမှ သရုပ်မဆောင်ဘူးကြသေးတဲ့ နတ်ဆရာကာရိုက်တာတွေနဲ့ မြင်တွေ့ကြရမှာပါ…. ဇာတ်လမ်းကတော့ နတ်ဆရာအဖွဲ့ ဟာ အုတ်ဂူတွေတူးပြီး ဝိညဉ်တွေကိုနေရာပြောင်းဖို့လုပ်ရာကနေ ထင်မှတ်မထားတဲ့ကြမ္မာဆိုးတွေ ဆက်တိုက်တွေ့ကြုံလာတဲ့အကြောင်းဖြစ်ပါတယ်… ခံစားကြည့်ကြပါဦး
...

ဇာတ်ညွှန်းများ • FDMN - Статистика та аналітика Telegram каналу