ဇာတ်ညွှန်းများ • FDMN
Закритий канал
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
Flying Swords of Dragon Gate (2011) ⭐IMDB: 5.9/10 (9 k Votes) 🎬 #Action #Adventure #Drama 🗓 2011 🎞 movie 🌎 #China #HongKong ⏰ 2 နာရီ 2 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Jet Li ရဲ့အမိုက်စားအက်ရှင်တွေနဲ့ သဘာဝကျတဲ့Effectsအလန်းစားတွေနဲ့ သိုင်းကားကောင်းတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းကတော့ နာမည်ကျော် လုံမိန်တည်းခိုခန်းမီးလောင်သွားပြီးတော့ပိုင်ရှင်ဖြစ်တဲ့သူပျောက်သွားပြီး (၃)နှစ်မှာ တိုင်းပြည်အုပ်ချုပ်ရေးမျာကြီးစိုးနေတဲ့အာဏာကိုအလွဲသုံးစားလုပ်နေတဲ့ မိန်းမစိုးအင်အားစုကိုကျောက်ဟွိုင်အန်းတို့လူစုက ဖြိုလှဲဖို့ကြိုးစားနေခဲ့ကြတယ်။ တစ်ချိန်ထဲမှာပဲ ကျောက်ဟွိုင်အန်းဆိုတဲ့နာမည်နဲ့ လူတွေကိုကယ်တဲ့သူတစ်ယောက်ရှိလာတယ်။နန်းတွင်းကိုအပျိုတော်လေးတစ်ယောက်ကိုကယ်ဖို့ကြိုးစားရင်းနဲ့ သဲကန္တာရထဲကလုံမိန်တည်းခိုခန်းကိုရောက်လာခဲ့ကြတယ်။ သိပ်မကြာခင်မှာသဲမုန်တိုင်းကြီးကျလာတော့မှာဖြစ်တဲ့အတွက် တည်းခိုခန်းထဲမှာပိတ်မိမလိုဖြစ်လာတဲ့အခါ သဲမုန်တိုင်းကြားကသူတို့ရဲ့တိုက်ပွဲဟာဘယ်လိုတွေပြင်းထန်မလဲဆိုတာကို အမိုက်စားအက်ရှင်တွေနဲ့ကြည့်ရမှာဖြစ်ပါတယ်။ဒီကားမှာ Jet Li အပြင် မမZhou Xun နဲ့ Chen Kun တို့ကအားဖြည့်ပါဝင်ထားပါတယ်။...
Mozart and the Whale (2005) ⭐TMDB: 63% User Score 🎬 #Comedy #Drama #Romance 🗓 2005 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 34 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Mozart and the Whale (2005) **************************** IMDb… 6.7 Autism လို့ခေါ်တဲ့ မြန်မာအခေါ် အထီးကျန်ခြင်းစိတ်ဝေဒနာကို ခံစားနေရတဲ့သူတွေက လူကြီးလူငယ်ကျားမ မရွေးရှိကြပါတယ်။ ဒီလိုဝေဒနာမျိုးကိုခံစားနေရပေမဲ့ သူတို့တွေထဲမှာ ကိုယ့်အားကိုယ်ကိုးပြီး သူများတွေထက် နောက်ကောက်မကျအောင် အမြဲတမ်း ကြိုးစားနေသူတွေလည်းရှိပါတယ်။ အပြင်လူတွေရော ဒီလိုဝေဒနာရှင်အချင်းချင်းပါ အားပေးကူညီကြရင် ဒီလိုလူတွေအတွက် မေတ္တာတွေနဲ့ ပြည့်နှက်နေတဲ့ သာယာတဲ့ ကမ္ဘာကြီးတစ်ခု ဖြစ်စေမှာကတော့ အမှန်ပါပဲ။ အခုတင်ဆက်ပေးမဲ့ဇာတ်ကားလေးကလည်း Autism လိုမျိုး ဝေဒနာနဲ့ဆင်တူတဲ့ Asperger ဝေဒနာရှင်နှစ်ယောက် အချင်းချင်းကူညီဖေးမရင်းနဲ့ ဖြစ်ပေါ်လာတဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ စိတ်ကူးယဉ်အချစ်ဇာတ်လမ်းလေးကို ကြည်နူး စိတ်ဝင်စားဖွယ်ရာ ရိုက်ကူးတင်ဆက်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဇာတ်ကားလေးရဲ့နာမည်က Mozart and the Whale ဖြစ်ပြီး IMDb Rating 6.7 အထိရရှိထားပါတယ်။ မင်းသား မင်းသမီးကလည်း နာမည်ကြီး Josh Hartnett နဲ့ Radha Mitchell တို့အပြင် တခြားသောနာမည်ကြီးတွေပါ ပါဝင်သရုပ်ဆောင်ထားတဲ့အတွက် ကြည့်မကောင်းမှာတော့ စိတ်ပူစရာမလိုပါဘူး။ ဒီဇာတ်ကားလေးထဲက အဓိကဇာတ်ကောင်နှစ်ယောက်ကတော့ ဒေါ်နယ်နဲ့ အစ်စဘဲလ်လို့ခေါ်တဲ့ အထက်မှာပြောခဲ့တဲ့ Asperger ဝေဒနာရှင်နှစ်ယောက်ဖြစ်ပြီး သူတို့နှစ်ယောက်က ဒေါ်နယ်တည်ထောင်ထားတဲ့ ဝေဒနာရှင်အချင်းချင်း ဖေးမကူညီပေးတဲ့အဖွဲ့မှာ စတွေ့ခဲ့ကြတာပဲဖြစ်ပါတယ်။ ဒေါ်နယ်က ဝေဒနာခံစားနေရပေမဲ့ သင်္ချာမှာ သာမန်လူတွေထက်ကို ပိုမိုထူးကဲကျွမ်းကျင်ပြီး အစ်စဘဲလ်ကလည်း အနုပညာကိုရူးသွပ်သူတစ်ယောက်ဖြစ်ပါတယ်။ ဒီလိုနဲ့စတွေ့ပြီး သိပ်မကြာခင်မှာတင် အစ်စဘဲလ်က အချစ်ငတ်နေသူတစ်ယောက်ဖြစ်နေတဲ့အတွက် ဒေါ်နယ့်ကို ရေလာမြောင်းပေးလုပ်ရင်းနဲ့မှ သူတို့နှစ်ယောက်ကြားက သာမန်နဲ့မတူတဲ့ အချစ်ခရီးစဉ်လေးက ဘယ်လိုဖြစ်မလဲဆိုတာကို ကိုယ်တိုင်ပဲရှုစားလိုက်ကြဖို့ ညွှန်းပေးလိုက်ချင်တဲ့ ဟောင်းပေမဲ့ကောင်းနေဆဲဖြစ်တဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Saw Lay ပဲဖြစ်ပါတယ်)...
Cyborg She (2008) ⭐TMDB: 73% User Score 🎬 #Action #Comedy #Romance #ScienceFiction 🗓 2008 🎞 movie 🌎 #Japan #SouthKorea ⏰ 2 နာရီ 1 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Cyborg She (2008) IMDB – 6.9 / 10 ဘယ်လောက်ကြာကြာရိုးမသွားနိုင်တဲ့ ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်IMDB 6.9 ရရှိထားပြီး ကြည်နူးလွမ်းမောဖွယ်ကောင်းတဲ့အချစ်ဇာတ်လမ်းလေးကိုပုံဖေါ်ထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ် အချိန်ခရီးသွားပြီးပြန်ရောက်လာတဲ့ စက်ရုပ်မလေး ဟာ 2008 ခုနှစ်ကဂျီရို ဆီကို လာပြီး ဂျီရိုဖြစ်လာမယ့် အန္တရာယ်တွေကြားမှာ ပြန်ကယ်..ဖြစ်လာမယ့်စိတ်ထိခိုက်စရာတွေကိုလိုက်လံဖယ်ရှားပြင်ဆင်ပေးရင်ကနေ..ဂျီရိုတစ်ယောက် စက်ရုပ်မလေးအပေါ်ကိုသံယောဇဉ်တွေ တွယ်လာပါတယ်.. စက်ရုပ်တစ်ရုပ်ကို ချစ်မိတဲ့ ဂျီရို ..နှလုံးသားဆိုတာမပါပဲ..စက်ချည်းသက်သက်သာဖြစ်တည်နေတဲ့ စက်ရုပ်မလေးဒီ၂ဦးကြားမှာဘာတွေဖြစ်မလဲ..အချစ်ဇာတ်လမ်းတွေဘယ်လိုရှေ့ဆက်မလဲဆိုတာကြည့်လိုက်ဦးနော်..မထင်မှတ်ထားတဲ့ Plot လေးတွေနဲ့အတူသပ်ရပ်စွာရိုက်ကူးထားတဲ့ Movie လေးပဲဖြစ်ပါတယ်အကြိုက်ဆုံး ဂျပန်ကားတွေထဲက တစ်ကားလို့သာဆိုပါရစေ...
Failan (2001) ⭐TMDB: 72% User Score 🎬 #Drama #Romance 🗓 2001 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 56 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Failan (2001) ~ IMDb – 7.5/10, RT – 86%, MyDramaList – 7.4/10 ~ Failan ကို Calla, One Day, Maundy Thursday တို့ကို ရိုက်ခဲ့တဲ့ Song Hae-sung ရဲ့ အကောင်းဆုံးရုပ်ရှင်ဖြစ်သလို ချွဲမင်ဆစ်ရဲ့ ပါဖောမင့်န်အပြောင်မြောက်ဆုံး ရုပ်ရှင်လို့လည်း တစ်ချို့က သတ်မှတ်ကြပါတယ်။ ချွဲမင်ဆစ်ဟာ ပတ်ချန်းဝုရဲ့ Old Boy တို့ Lady Vengeance တို့၊ ကင်ဂျီ၀န်းရဲ့ I Saw The Devil တို့နဲ့ အတော်ကြမ်းတမ်းပြီး ရက်စက်တဲ့ ဇာတ်ရုပ်တွေမှာ လုံးဝပီပြင်အောင် သရုပ်ဆောင်ခဲ့ဖူးသလို ခု Failan နဲ့ ကင်ဂျီ၀န်းရဲ့ The Quiet Family တို့မှာ Comedy ဆန်ဆန်ဇာတ်ရုပ်ဆိုလည်း အံ၀င်ခွင်ကျဖြစ်အောင် သရုပ်ဆောင်နိုင်ခဲ့တဲ့ သူဆိုလည်း မမှားပါဘူး။ Failan ဟာ ကိုရီးယားကားပေမဲ့ ဟောင်ကောင်မင်းသမီး Cecilia Cheung ပါ၀င်သရုပ်ဆောင်ထားပါတယ်။ Cecilia Cheung ဟာ စတီဖင်ချောင်ရဲ့ King of Comedy ရုပ်ရှင်နဲ့အတူ အောင်မြင်လာတဲ့ ဟောင်ကောင်မင်းသမီးတစ်လက်ဖြစ်ပြီး ဒန်ရီရယ်ဝူ၊ အန်ဒီလောင်တို့အပြင် Big Bang ရဲ့ T.O.P နဲ့လည်း Out of Control ဆိုတဲ့ကား ရိုက်ခဲ့ပါသေးတယ်။ 2017 date တပ်ထားပေမဲ့ ဒီနေ့အထိတော့ ဒစ်ဂျစ်တယ်အနေနဲ့ ထွက်မလာခဲ့ပါဘူး။ အချစ်ဆိုတာ လူတွေမျိုးပွားကြအောင် သုံးတဲ့ သဘာ၀တရားရဲ့ပရိယာယ်တစ်ခုပဲတဲ့။ ဒီစကားကို ဘယ်ပညာရှင်ကြီး ဆိုမိန့်ခဲ့လေသတည်းတော့ ကျွန်တော်လည်း မသိဘူးပေါ့။ လူဆိုတဲ့သတ္တဝါဟာ ထက်ခြမ်းကွဲလာကတည်းက လိုနေတဲ့တစ်ခြမ်းကို ရှာခဲ့ကြတာပဲ။ လွဲရင်းကွဲရင်းပါပဲ။ တစ်ခါတလေ အချစ်ဟာ အချိန်အခိုက်အတန့်နဲ့လည်း မဆိုင်သလို တစ်စုံတရာဖြစ်နေခြင်းနဲ့လည်း မဆိုင်ပါဘူး။ ဘယ်သူကမှ ဘာမှမဟုတ်ကြတဲ့ ဒီကမ္ဘာမှာ ဘာမှဟုတ်မနေတဲ့ လူ၂ယောက် တစ်ယောက်အတွက်တစ်ယောက် တစ်စုံတရာဖြစ်ခဲ့ကြခြင်းတွေပေါ့။ အောင်မြင်ခြင်းတွေ ကြီးကျယ်ခြင်းတွေ လိုမလိုတော့ မသေချာပေမဲ့ အရှုံးတွေကပဲ ပိုချစ်တတ်လာအောင် သင်ကြားပေးသွားခဲ့ပါပြီ။ ဒီရုပ်ရှင်မှာလည်း အဲဒီလိုပဲ။ ဘ၀မှာ ဘာမှဖြစ်ဖြစ်မြောက်မြောက်မရှိလို့ လူမိုက်လုပ်ပေမဲ့ လူမိုက်လုပ်တာတောင် ဖြစ်ဖြစ်မြောက်မြောက်ရှိမနေတဲ့ လူတစ်ယောက်နဲ့ တရုတ်ပြည်မှာ အားကိုးစရာ ဘာမှမရှိတော့လို့ ကိုရီးယားရောက်လာရာက ကိုရီးယားက သူ့အဒေါ်တွေပါ အမေရိကားပြောင်းသွားကြလို့ တစ်ကိုယ်တည်းဖြစ်နေတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဇာတ်လမ်းပေါ့။ သူတို့၂ယောက်ဟာ မျက်နှာချင်းဆိုင် တစ်ခါမှ မတွေ့ဖူးကြဘူး။ တစ်ယောက်ကိုတစ်ယောက်တော့ တစ်ကြိမ်တစ်ခါစီပဲ တွေ့ဖူးကြတယ်။ သူတို့ကြားက အဆက်အစပ်ဆိုလို့ လည်စည်းနီလေးတစ်ထည်၊ စာလေးနှစ်စောင်၊ တရုတ်မလေး ကိုရီးယားမှာ နေလို့ရအောင် အေဂျင်စီက သူတို့ကို အကြင်လင်မယားအဖြစ် မှတ်ပုံတင်ပေးထားတဲ့ စာချုပ်ထဲက လက်ထပ်ခြင်းတစ်ခု ဒါပဲရှိတယ်။ ဒါပေမဲ့ ဒီလိုဘ၀နာနာမှာပဲ သူတို့ရဲ့ အချစ်တွေကတော့ မြင်နေကြုံနေကျ အချစ်ဇာတ်လမ်းတွေထက်တောင် ခမ်းနားနေခဲ့တယ်။ တစ်ခါမှ မျက်လုံးချင်းမဆုံဖူး၊ ဘာမှလည်း မဆက်စပ်တဲ့ လူ၂ယောက်ရဲ့ အချစ်တွေ ဘာကြောင့် ဒီလောက်ခမ်းနားနေခဲ့လဲ မေးလာရင် အရှုံးတွေကြောင့်လို့ပဲ ဖြေရမှာပါပဲ။ ဒီရုပ်ရှင်ဟာ အရှုံးတွေကနေ ပိုချစ်တတ်လာစေခဲ့တဲ့အကြောင်းပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကိုWiRa Aungမှ ပြန်ဆို ရေးသားထားပါတယ်)...
Bird of Paradise (2023) ⭐IMDB: 5.7/10 (71 Votes) 🎬 #Drama #Mystery #Thriller 🗓 2023 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 32 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Bird of Paradise (2024) ဆွီဒင်နိုင်ငံတကာရုပ်ရှင်ပြပွဲကြီးမှာ အကောင်းဆုံးအယ်ဒီတာဆုကို ရရှိထားတဲ့ Bird Of Paradise 2023 ရုပ်ရှင်ဇာတ်ကားကြီး။ ကတ်ဆိုတဲ့အချိန်ပိုင်းသရုပ်ဆောင်တစ်ယောက်က ကိုယ်ပိုင်သီးသန့်ဘဝလေးမှာ နေထိုင်တတ်သူတစ်ယောက်ပါ။ ပါတီပွဲတစ်ခုမှာ ဒိုမိနစ်ဒွန်နဝေးဆိုတဲ့ အေးဂျင့်တစ်ယောက်နဲ့တွေ့ပြီး မထင်မှတ်ထားလောက်အောင် နာမည်ကျော်ကြားသွားတဲ့အခါ.. ရုပ်ရှင်ဇာတ်ကားတစ်ခုမှာ ဂျာနယ်လစ်နေရာကနေ ပါဝင်သရုပ်ဆောင်ပေးဖို့ကမ်းလှမ်းခံရပြီးနောက် ဒီဇာတ်ကားအတွက် အရင်ရွေးချယ်ထားတဲ့သရုပ်ဆောင်ဆာရှာဟာ အသတ်ခံလိုက်ရတာကို ကတ်တစ်ယောက် သိလိုက်ရတဲ့အခါ ကတ်တစ်ယောက် ဆာရှာအသတ်ခံရတဲ့အမှုကို စုံစမ်းဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ ဆာရှာဟာ ဒီရုပ်ရှင်ကားကြောင့် အသတ်ခံခဲ့ရတာလား? ဒါမှမဟုတ် သူ့ရဲ့အတိတ်က ပတ်သက်ခဲ့သူတစ်ယောက်ယောက်ရဲ့ လက်ချက်လား? စိတ်ဝင်စားဖွယ်ရာအကြောင်းအရာတွေကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဟောလိဝုဒ်လောကနဲ့ LA မှာ ဖြစ်လေ့ရှိတဲ့ လျှို့ဝှက်ချက်တွေ ပြဿနာတွေကို ရိုက်ပြထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်တာကြောင့် သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကို စိတ်ဝင်စားသူတွေအတွက် လက်မလွှတ်သင့်တဲ့ဇာတ်ကားလေး ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Mon ဖြစ်ပါတယ်။)...
Chateau (2024) ⭐IMDB: 3.7/10 (164 Votes) 🎬 #Horror #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 25 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Chateau (2024) ဂျိမ်းစ်ဆိုတဲ့ နာမည်ကြီးအင်ဖလူယန်ဆာဖြစ်ဖို့ ကြိုးစားနေတဲ့ကောင်မလေးတစ်ယောက်ဟာ သရဲခြောက်တယ်လိုနာမည်ကြီးနေတဲ့အိမ်ကြီးမှာ သန့်ရှင်းရေးအလုပ်လုပ်ဖို့လက်ခံခဲ့လိုက်ပါတယ်။ အဲ့ဒီအိမ်ကြီးကသရဲတစ်ကယ်ခြောက်တာလား ဘာလျှို့၀ှက်ဆန်းကြယ်မှုတွေရှိနေလဲဆိုတာ စိတ်လှုပ်ရှားဖွယ်ကြည့်ရမဲ့ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Aung Kyaw ဖြစ်ပါတယ်။)...
东北“大仙儿” (2025) ⭐TMDB: 0% User Score 🎬 #Comedy #Drama #Thriller 🗓 2025 🎞 movie 🌎 #China ⏰ 1 နာရီ 16 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 တရုတ်ကားတွေကြည့်ရင်ဖြစ်ဖြစ်… တရုတ်အသိတွေရှိရင်ဖြစ်ဖြစ်…ဖုန်းရွှေဆိုတဲ့စကားလေးနဲ့ မစိမ်းလောက်ဘူးထင်ပါတယ်…ဒီနေ့ကတော့ ဖုန်းရွှေနဲ့ပတ်သက်ပြီး လူတချို့ရဲ့ ဘဝပြောင်းလဲသွားတဲ့အကြောင်းပုံဖော်ရိုက်ကူးထားတဲ့ လျို့ဝှက်ဆန်းကြယ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဇာတ်လမ်းလေးကတော့…သရဲပွဲတော်ကာလဆို ဆိုင်တွေ ၁ ပတ်ပိတ်ကြ…လူတွေ ညအပြင်မထွက်ကြနဲ့ နေကြတာ…ဒါကို လေယာဉ်မယ်လေးနဲ့ သူ့ရည်းစားသူဌေးကြီး လျိုချန်ဟူက …အမျိုးပိုင်ရေချိုးခန်းမှာ ရေအတူချိုးရင်း အရှင်လတ်လတ် ရေခဲရိုက်ခံရပြီးသေသွားခဲ့တာပဲ…ဒါက သူ့တရားဝင်ဇနီးကြောင့် ခိုက်တာပါဆိုပြီးဖြစ်တာပဲ…ဒီကြားထဲမှာ နတ်ဆရာနဲ့ ပရောဟိတ်ဆရာကြီးတို့ကလည်း ဝင်ပါနေသေးတယ်… သရဲခြောက်ခံရပြီးသေတာလို့ ပြောနေတဲ့ နတ်ဆရာရယ်…ကံဆိုးတဲ့ ဇနီးကြောင့် ဘိုးဘေးတွေက မကျေနပ်လို့ဝိညာဉ်နှုတ်ခံရတဲ့အထိ ခိုက်တာပါလို့ စွပ်စွဲနေတဲ့ ပရောဟိတ်ဆရာကြီးရယ်…ကြားထဲမှာ သရဲကလေးလေးကို ကိုယ်ဝန်ဆောင်ထားရတယ်ဆိုတဲ့ သေဆုံးသူရဲ့ဇနီး ကိုယ်ဝန်သည်ရယ်…နောက်သေဆုံးသူထက် ၁ မိနစ်နောက်ကျမွေးလို့ အဖေကြီးရဲ့ မျက်ကွယ်ပြု ငြိုငြင်ခံရတဲ့ သေဆုံးသူရဲ့ အမြွာညီလေးရယ်…ကဲ ဒီဇာတ်ထုတ်ကြီးက ဘယ်လိုတွေရှင်းကြမှာလဲ…အားလုံးက ဒီအမွေဆိုင်လုပ်ငန်းကို လိုချင်နေကြပြီး..အားလုံးကလည်း အပြန်အလှန်လက်ညှိုးထိုးနေကြတယ်…ဒီတော့ အဆုံးသတ် အမွေတွေ ဘယ်သူရမှာလဲ…ဘယ်သူက လျိုချန်ဟူကို သတ်ခဲ့တာလဲ...
As Far As My Feet Will Carry Me (2001) ⭐TMDB: 73% User Score 🎬 #Action #Adventure #Drama #War 🗓 2001 🎞 movie 🌎 #Germany ⏰ 2 နာရီ 39 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 As Far As My Feet Will Carry Me (2001)************************************** ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမန်စစ်သားတစ်ဦးဖြစ်တဲ့ စစ်သုံ့ပန်းတစ်ယောက် ကလီမန်စ်ဖော်ရဲလ်ဟာ ဆီဘီးရီးယားအရှေ့ဘက်ခြမ်းမှာရှိတဲ့ အကျဉ်းထောင်စခန်းမှာ အနှစ်နှစ်ဆယ် အလုပ်ကြမ်းနဲ့ပြစ်ဒဏ်ချမှတ်ခံခဲ့ရတယ်… သို့ပေမယ့်အချိန်ရှိတိုင်းထွက်ပြေးဖို့ကြံဆနေလေ့ရှိတယ်…မိုင်းတွင်းထဲမှာလေးနှစ်ထိအလုပ်လုပ်ပြီးနောက် ထွက်ပြေးခဲ့ပြီးတော့ သူ့ရဲ့ဇနီးနဲ့သမီးရှိတဲ့အိမ်ကိုပြန်ဖို့အတွက် ကြိုးစားပါတော့တယ်… သူအိမ်သို့ပြန်ရာလမ်း သို့မဟုတ် သူထွက်ပြေးတဲ့ လမ်းကြောင်းဟာ ရှည်လျှားလွန်းပါတယ်… ရာသီဥတုက ဆိုးရွားတဲ့အပြင် လမ်းမှာလည်းဒုက္ခမျိုးစုံတွေ့ရတယ်… အဆိုးတကာ့အဆိုးဆုံးကတော့ ထွက်ပြေးတဲ့သုံပန်းကို ဖမ်းဆီးသတ်ဖြတ်ဖို့ ဗိုလ်ကြီးကန်မန်နဗ်က တစ်ချိန်လုံးနောက်က လိုက်နေလို့ပါပဲ…ဖော်ရဲလ်ဟာနောက်တစ်ကြိမ်ပြန်အဖမ်းခံရမလား… ဒါမှမဟုတ်လွတ်သွားမလားဆိုတာ ရင်တထိတ်ထိတ်နဲ့ကြည့်ရှုခံစားကြည့်ကြပါဗျာ… အက်ရှင်၊ဒရာမာ၊စွန့်စားမှု၊စစ်ပွဲစတဲ့ ခံစားမှုရသမျိုးစုံပါဝင်ပြီး တကယ်ကြည့်လို့ကောင်းတဲ့ဇာတ်ကားလေးပါ… ဇာတ်လမ်းအညွန်းနဲ့ ဘာသာပြန်သူကတော့ Zwel Zan Aung ပဲဖြစ်ပါတယ်...
Perfect Stranger (2007) ⭐TMDB: 58% User Score 🎬 #Crime #Mystery #Psychological #Thriller 🗓 2007 🎞 tv mini series 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 50 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Perfect Stranger (2007) *********************** IMDb….5.7 ဒီဇာတ်ကားကတော့ ဒါရိုက်တာ James Foley ရိုက်ကူးထားပြီး မင်းသမီး Halle Berry နဲ့ မင်းသား Bruce Willis, Giovanni Ribisi တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ psychological thriller သည်းထိတ်ရင်ဖိုအမှုဇာတ်လမ်းလေးပါ။ ရိုဝီနာကတော့ ဒေးဗစ်ရှိန်းဆိုတဲ့နာမည်နဲ့ နာမည်ကြီးဂျာနယ်လစ်တစ်ဦးပါ။ တစ်နေ့မှာတော့ သူမရဲ့ ငယ်သူငယ်ချင်းဖြစ်သူ ဂရေ့စ်က သူမဆီရောက်လာပြီး ဒိတ်ဒိတ်ကျဲ သူဌေးတစ်ယောက်ရဲ့သတင်းကို ရေးပေးဖို့ တောင်းဆိုလာခဲ့ပါတယ်။ သူဌေးရဲ့ မယားငယ်လုပ်နေတဲ့ ဂရေ့စ်က သူ့ကိုတာဝန်မယူရင် ဇနီးဖြစ်သူဆီသွားမယ့်အပြင် သတင်းရေးတင်မယ်လို့ပါ သူဌေးကို ခြိမ်းခြောက်နေခဲ့တာပါ။ ဒီလိုနဲ့ မကြာခင်မှာပဲ ဂရေ့စ်ကအသတ်ခံလိုက်ရတဲ့အခါ ရိုဝီနာတစ်ယောက် သူငယ်ချင်းဖြစ်တဲ့ ဟက်ကာ မိုင်းနဲ့အတူ ဟာရီဆန်ဟေးလ်ဆိုတဲ့ သူဌေးကြီးကို စုံစမ်းဖို့ဖြစ်လာပါတော့တယ်။ စုံစမ်းတဲ့ခရီးတစ်လျှောက်မှာ သူတို့ဘာသက်သေတွေရမလဲ… ရှာတွေ့ခဲ့တဲ့သက်သေတွေက အမှန်တွေပဲလား… ဂရေ့စ်ကိုသတ်တဲ့ လူသတ်သမားရော တကယ်ပဲဟာရီဆန်လား… ဘယ်သူဖြစ်နေမလဲ… မိုင်းကလဲ ရိုဝီနာအပေါ် စွဲလမ်းမှုတွေရှိနေတဲ့အခါ … ဘယ်သူလူသတ်သမားလဲဆိုတာ ဒီကားလေးထဲမှာ စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုရှာဖွေရမှာပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ K ပဲဖြစ်ပါတယ်)...
Becoming Astrid (2018) ⭐IMDB: 7.1/10 (8 k Votes) 🎬 #Biography #Drama #History 🗓 2018 🎞 movie 🌎 #Sweden #Denmark #Germany ⏰ 2 နာရီ 3 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Becoming Astrid (2018)********************** အခု မိတ်ဆက်ပေးမယ့် ဇာတ်ကားကတော့ ဆွီဒင်စာရေးဆရာမ Asrid Lindgren အကြောင်းကို ကျောရိုးထားရိုက်ကူးထားတဲ့ Becoming Astrid ဆိုတဲ့ Biography, Drama ကား အမျိုးအစားပါ ကလေးတွေအတွက် စာအုပ်များစွာကို ရေးသားခဲ့တဲ့ Astrid ကို သူ့ပရိသတ်ကလေးတွေက မွေးနေ့ဆုတောင်း ပို့တဲ့အသံဖိုင်လေးကို ဖွင့်ပြီးနားထောင်တဲ့ ပုံစံနဲ့ သူ့ငယ်ဘဝကိုပါ တစ်ပါတည်း ရိုက်ကူးပြသထားပါတယ် Astrid ငယ်စဉ်ကတည်းက ပုံပြောကောင်းတဲ့ မိန်းကလေးတစ်ယောက်ပါ စာရေးစာဖတ်ကို အရမ်းဝါသနာပါပြီး တစ်နေ့မှာတော့ သူတို့မြို့လေးက သတင်းစာတိုက်မှာ အလုပ်သင်လုပ်ခွင့်ရခဲ့ပါတယ် အယ်ဒီတာကတော့ အိမ်ထောင်ရေးအဆင်မပြေဖြစ်နေတဲ့ သူပါ… သူစိတ်ညစ်စရာတွေကို နှစ်သိမ့်ပေးရင်း Astrid နဲ့ ချစ်ကြိုးသွယ်မိရာက Asrid တစ်ယောက် ကိုယ်ဝန်ရသွားပါတယ် ကလေးကို တိတ်တိတ်ပုန်းမွေးပြီး သားလေးကို ဒိန်းမတ်မှာ ထားခဲ့ရတဲ့ Astrid တစ်ယောက် ဘဝကို ဘယ်လိုဖြတ်သန်းခဲ့ရလဲ ဆိုတာတော့ ဆက်လက်ကြည့်ရှုကြပါ… IMDB rating 7.1 ထိ ရထားတဲ့ ဇာတ်လမ်းကားလေးဖြစ်လို့ ဒရမ်မာချစ်ပရိသတ်တွေ လက်မလွတ်တမ်းကြည့်သင့်တဲ့ ဇာတ်ကားလေးပါလို့ ညွှန်းပေးချင်ပါတယ်… ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ May Tharaphi Lwin ပဲဖြစ်ပါတယ်...
Ida Red (2021) ⭐TMDB: 60% User Score 🎬 #Drama #Thriller #Crime #Action 🗓 2021 🎞 tv mini series 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 52 မိနစ် 23 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Ida Red (2021) ***************** IMDb… 5.8 ဇာတ်လမ်းအစမှာ ပြည်နယ်အစိုးရဲ့ ဆေးကုန်ကားကိုလူတစ်ချို့ရဲဟန်ဆောင်ပြီးwsae mqmလုယက်ကြတယ်။ အဖော်ပါလာတဲ့တစ်ယောက်က သေပြီးတော့ ကားမောင်းသမားကတော့ အိုင်စီယူထဲရောက်သွားတယ်။ ကျူးလွန်တဲ့သူတွေကို သက်သေမခိုင်လုံတဲ့အတွက် ဘော်ဒီကစောင့်ကြည့်နေတယ်။ သူစောင့်ကြည့်နေရတဲ့သူက ယောက်ဖဖြစ်သူ ဝက်ထ်ဖြစ်နေတယ်။ အကြောင်းက ကိစ္စကြီးကြီးမားမား တစ်ခုခုဖြစ်တိုင်း လူသတ်မှုထောင်ကျနေတဲ့ သူရဲ့ယောက္ခမကြီး အက်ဒါရဲ့နာမည်ကအမြဲပါနေတယ်။ ဝက်ထ်ကလည်း သူစောင်ကြည့်ခံနေရပြီဖြစ်လို့ ဦးလေးဖြစ်သူ ဒဲလတ်စ်နဲ့တိုင်ပင်တယ်။ လက်ရဲဇက်ရဲ ဘာကိုမှမကြောက်တဲ့ ဒဲလတ်စ်က ဝက်ထ်ရဲ့အမေအက်ဒါ ခိုင်းတဲ့အတိုင်း ဒီအမှုမှာပါခဲ့လူတိုင်းကိုရှင်းပစ်ဖို့ကြိုးစားတဲ့အခါမှတော့…. (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Tin Myo Lwin ပဲဖြစ်ပါတယ်)...
A Carpenter Christmas Romance (2024) ⭐IMDB: 6.4/10 (296 Votes) 🎬 #Romance 🗓 2024 🎞 tv movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 27 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 A Carpenter Christmas Romance (2024) IMDb Rating (6.4) ဒါကတော့ အားလပ်ချိန်မှာ ပေါ့ပေါ့ပါးပါး healingဖြစ်စေမယ့် ရိုမန့်ဒရာမာကားတွေရှာနေတဲ့ပရိသတ်အတွက်ပါပဲ။ အန်ဒရီယာက စာရေးဆရာမတစ်ယောက်ပါ။ ရေးလက်စစာအုပ်ရဲ့ဇာတ်သိမ်းက ပေါက်ကြားသွားပြီး ပရိသတ်အချစ်တော်ဇာတ်ကောင်ကိုသတ်ပစ်လို့ ဇာတ်သိမ်းကိုပြန်ပြင်ရေးဖို့ ဖိအားပေးခံနေရပါတယ်။ ညီမဖြစ်သူရဲ့အကြံပေးမှုနဲ့ ခရစ်စမတ်ကာလမှာ အနားယူဖို့ မွေးရပ်မြေက မိသားစုပိုင်အိမ်ကိုပြန်လာခဲ့ရာမှ အဲဒီမှာ ဒဏ်ရာဟောင်းလဲဖြစ် အချစ်ဦးလဲဖြစ်တဲ့ ဆက်သ်နဲ့ပြန်တွေ့ပါတယ်။ အန်ဒီရဲ့စိတ်မလုံခြုံမှုတွေကို ဆက်သ်တစ်ယောက် ဘယ်လိုကုစားပေးမလဲ။ ဒဏ်ရာတွေကိုယ်စီနဲ့ အချင်းချင်းဖေးမကြတာကို ဆွတ်ပျံကြည်နူးဖွယ်ကြည့်ရှုနိုင်မှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Soe thiri swe ဖြစ်ပါတယ်။)...
Carol (2015) ⭐TMDB: 75% User Score 🎬 #Drama #Romance 🗓 2015 🎞 movie 🌎 #Australia #USA #UnitedKingdom #UnitedStatesofAmerica ⏰ 2 နာရီ 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Carol (2015) IMDb Rating (7.3) / Rotten Tomatoes (94%) ဒီတစ်ခေါက်ကတော့ Patricia Highsmithe ရဲ့ The price of Salt Novel ကိုပြန်လည်ရိုက်ကူးထားတဲ့ rating မြင့်ဇာတ်လမ်းကောင်းတစ်ကားပါ။ ဒီကားကိုဒါရိုက်တာ Todd Haynes ခေါင်းဆောင်ရိုက်ကူးထားပြီး မင်းသမီးကြီး Cate Blanchett , Rooney Mara တို့ပါ၀င်ပါတယ်။ မင်းသမီးနှစ်ယောက်လုံး Oscar Nominations ၀င်ခဲ့တာမို့လို့ သရုပ်ဆောင်ကိုတော့အထူးတလည်ပြောပြစရာတောင်မလိုတော့ပါဘူး။ လူတိုင်းလူတိုင်းဘ၀မှာ ကိုယ်တိုင်ရဲ့တည်ရှိမှုကိုမေးခွန်းပြန်ထုတ်စေနိုင်တဲ့တစ်စုံတစ်ဦးကတော့ရှိစမြဲပဲ။ ဘာအကြောင်းပြချက်ကြီးကြီးမားမားမှမရှိပါပဲနဲ့ ဒီတစ်ယောက်ကိုမှအလိုလိုတောင့်တနေမိတာမျိုး။ နားလည်မပေးနိုင်တဲ့ချစ်သူကောင်လေး ၊ ငြီးငွေ့ဖွယ်အလုပ်တို့ထဲပိတ်မိနေသူ အသက်၂၀ သာရှိသေးတဲ့မိန်းမငယ်လေးတစ်ဦးအတွက်တော့ ကယ်ရိုလ်ဆိုတဲ့လူကုန်ထံအသိုင်းအဝိုင်းမှ သက်လတ်ပိုင်းအမျိုးသမီးက အဲ့လိုဖြစ်တည်မှုတစ်ခုဖြစ်လာခဲ့တယ်။ စူးရဲရဲအကြည့်၊ နီရဲရဲနှုတ်ခမ်းတို့နဲ့ ရင့်ကျက်တဲ့အလှတရားပိုင်ရှင် ကယ်ရိုလ်နေရာမှာသရုပ်ဆောင်တဲ့ မင်းသမီးကြီး Cate Blanchett ကအသံနဲ့တင်ဖမ်းစားနိုင်စွမ်းရှိတာမို့ကောင်လေးရောကောင်မလေးပါလက်မလွှတ်သင့်ပါဘူး။ age-gap relationship တွေကိုမှကြိုက်ပါတယ်ဆိုတဲ့သူတွေဆို ပိုလို့တောင်ကြည့်သင့်ပါသေးတယ်။ 1950s ခုနှစ်ပိုင်းတွေမှာ LGBTQ ဆက်ဆံရေးတွေအပေါ်လူတွေရဲ့အမြင်၊ ခေါင်းစဉ်တပ်ခွင့်မရှိတဲ့ဆက်ဆံရေးတစ်ခုအနေနဲ့ ဒီအမျိုးသမီးနှစ်ဦးအတွက်အဆုံးသတ်ရောကောင်းနိုင်ပါ့မလား ဒါတွေကိုတော့ကိုယ်တိုင်ပဲကြည့်လိုက်ကြနော်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phu Thet Khin ဖြစ်ပါတယ်။)...
Bad Tidings (2024) ⭐IMDB: 5.5/10 (1 k Votes) 🎬 #Comedy #TVMovie 🗓 2024 🎞 tv movie 🌎 #UnitedKingdom ⏰ 1 နာရီ 22 မိနစ် 14 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Bad Tidings (2024) IMDb Rating (5.5) Home Alone လိုမျိုး ခရစ္စမတ် အားလပ်ရက်ကာလမှာ အိမ်ကိုပစ္စည်းဝင်ခိုးမဲ့ သူခိုးဓားပြတွေရန်ကနေ စွန့်စားခန်းဆန်ဆန်ကာကွယ်ရတဲ့ ဟာသဇာတ်မြူး ဇာတ်ကားမျိုးကို နှစ်သက်သဘောကျသူတွေအတွက် 2024 ထွက် Bad Tidings ကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ နေးလ်ဟာ အိမ်တွင်းလုံခြုံရေးကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး ခရစ္စမတ်မီးတွေပို တစ်နှစ်ပတ်လုံး အလှဆင်ထားတဲ့ အိမ်ရှေ့အိမ်က မျက်မမြင် စကော့နဲ့ အမြဲတမ်းကတောက်ကဆဖြစ်နေခဲ့တာပါ။ တစ်ယောက်နဲ့ တစ်ယောက်လည်းမတည့်ကြတဲ့အပြင် အရွဲ့ပြိုင်တိုက်ကြရင်းနဲ့ ရပ်ကွက်စောင့်ကြည့်ကင်းအဖွဲ့မှာ တွဲဖက်လူကြီးရာထူးကို နှစ်ယောက်သားယူလိုက်ရပါတယ်။ ဒီနှစ်ခရစ္စမတ်မှာတော့ သူတို့တစ်လမ်းလုံး မီးပျက်သွားတဲ့အတွက် အိမ်တွေမှာလူမရှိတာကို အခွင့်ကောင်းယူပြီးဖောက်ထွင်းဖို့လုပ်ကြတဲ့ ဘရန်နန်မိသားစုကို ရပ်ကွက်စောင့်အနေနဲ့ကျန်ခဲ့ကြတဲ့ နေးလ်နဲ့ စကော့တို့ နှစ်ယောက် ဘယ်လို ရင်ဆိုင်ကြမလည်းဆိုတာကို ရယ်ရယ်မောမောနဲ့ကြည့်ရှုကြရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ TMMT ဖြစ်ပါတယ်။)...
Nang Nak (1999) ⭐TMDB: 63% User Score 🎬 #Horror #Romance #Drama 🗓 1999 🎞 tv mini series 🌎 #Thailand ⏰ 1 နာရီ 41 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Nang Nak 1999************** မယ့်နက် နန်းနက်လို့ကြားလိုက်ရုံနဲ့တင် အားလုံးစိတ်ထဲမြင်မိကြမှာကတော့… ကြမ္မာဇာတ်ဆရာရဲ့လှည့်စားမှုအောက်မှာ ဆုံဆည်းခွင့်မကြုံလိုက်တဲ့ ချစ်သူနှစ်ယောက်ရဲ့ ရင်နင့်ဖွယ်ဇာတ်လမ်းပေါ့…2013ခုနှစ်က ထွက်ရှိခဲ့တဲ့ Mario နဲ့ Davika ရဲ့ Mae Nak ကတော့ ဒီမယ့်နက်ဇာတ်ကားအမျိုးမျိုးထဲမှာ အအောင်မြင်ဆုံးတစ်ခုလို့ ပြောလို့ရပါတယ်… အခုတစ်ခါမှာတော့ အဲဒီဗားရှင်းမျိုးစုံထဲက ၁၉၉၉ ထွက် Nang Nak ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်… ဇာတ်လမ်းအကျဉ်း————– မယ့်နက်ရာဇဝင်ကို ပြန်ပြောင်းပြောပြရမယ်ဆိုရင်တော့ လွန်ခဲ့တဲ့နှစ် ၁၀၀ လောက်က… ဖရာခနုန်မြစ်ကမ်းနံဘေးမှာ နက်ဆိုတဲ့ သိပ်လှတဲ့မိန်းကလေးနဲ့ သူ့ကိုသိပ်ချစ်တဲ့ မက်ဆိုတဲ့ ကောင်လေးတို့က အကြင်လင်မယားအဖြစ် ပေါင်းသင်းနေထိုင်ကြတာပေါ့…ဒါပေမဲ့ ကံကြမ္မာက မျက်နှာသာမပေးလေတော့ မက်တစ်ယောက် တိုင်းပြည်အတွက် စစ်ထွက်ဖို့ တာဝန်ပေးခံရပြီး ကိုယ်ဝန်ကြီးနဲ့ မယ့်နက်တစ်ယောက်ခမျာ ခင်ပွန်းဖြစ်သူနဲ့ခွဲခွာရလို့ တစ်ယောက်တည်းကျန်နေခဲ့တာပေါ့… ကံကထပ်ဆိုးချင်တော့ နက်တစ်ယောက် မီးမဖွားနိုင်ဘဲ မီးတွင်းထဲမှာပဲ ဆုံးပါးသွားရရှာပါတယ်… ဒါကို တိုက်ပွဲမှာ သေလုမျောပါးဒဏ်ရာရလိုက်တဲ့ မက်က မသိခဲ့ရှာဘူး…ဒီလိုနဲ့ ဒဏ်ရာတွေသက်သာလို့ ဇနီးဖြစ်သူဆီ ပြန်အလာ သားနဲ့မိန်းမက အိမ်ဝမှာလာကြိုတာကိုမြင်လို့ ပျော်ရွှင်နေတဲ့မက်တစ်ယောက် သူနဲ့ဇနီးဖြစ်သူနဲ့ သားငယ်လေးက ဘဝခြားနေပြီဆိုတာ သိလိုက်ရချိန်မှာတော့…. ဇာတ်လမ်းအညွှန်းကို Choco မှရေးသားပေးထားပါတယ်...
100 Crores (2024) ⭐IMDB: 6.8/10 (4 k Votes) 🎬 #Action #Bollywood 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 52 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 100 Crores (2024) “ကုဋေ ၁၀၀ ရှာပုံတော်” ရိုးရိုးအချစ်ကားတွေချည်း ကြည့်ရတာငြီးငွေ့နေတဲ့ပရိသတ်ကြီးအတွက် ရသတစ်မျိုးပေးစွမ်းမဲ့မှုခင်းဇာတ်လမ်းတစ်ပုဒ် တင်ဆက်ပေးပါရစေ။ မှုခင်းဇာတ်လမ်းဆိုပေမဲ့ ဇာတ်ကောင်စရိုက်စုံစုံလင်လင်နဲ့twist အမျိုးမျိုးကို ပေါ့ပေါ့ပါးပါး ကြည့်ကြရမှာပါ။ ဇာတ်လမ်းအစမှာတော့ ဆိုင်ကယ်ပြင်ဆိုင်က စက်ပြင်ဆရာလေးရယ်၊သူ့ချစ်သူရယ်၊ အခွန်ရှောင်တဲ့ သူဌေးကြီးရယ်၊ သူ့ရဲ့စမောလေးရယ်၊သူဌေးကြီးရဲ့၀န်ထမ်းရယ်နဲ့ ရဲတစ်စုရဲ့နေ့စဉ်ဘ၀နဲ့အဖြစ်အပျက်တွေကို ခပ်ရိုးရိုးပဲ ပုံဖော်ထားပါတယ်။ တစ်နေ့မှာတော့ စမောလေးနဲ့ပျော်ပါးနေတဲ့ သူဌေးကြီးဟာသူ့အိမ်ကို အခွန်ဌာနက ရှောင်တခင်၀င်စစ်မဲ့သတင်းကြောင့်ဖွက်ထားတဲ့ပိုက်ဆံတွေကို အိတ်တွေနဲ့ထုပ်ပိုးပြီး အိမ်ပေါ်ကနေအိမ်နောက်ဖက်ကို ပစ်ချထားလိုက်ပါတယ်။ လာစစ်တဲ့သူတွေပြန်သွားတဲ့နောက် သူ့ပိုက်ဆံထုပ်တွေလည်းထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့တာကြောင့် သူဌေးကြီးလည်းရှော့ခ်ရပြီး သေဆုံးသွားခဲ့ပါတယ်။ အဲဒီအခါ ကုဋေချီတဲ့ပိုက်ဆံတွေကို ရှာဖွေဖို့အတွက် ရဲတွေရောလောဘသားကောင်တွေပါ အလုပ်များကုန်ပါတော့တယ်။အဲဒီပိုက်ဆံတွေ ဘယ်လိုပျောက်ဆုံးသွားတာလဲ၊ဘယ်သူတွေက ဘယ်လိုလှည့်ကွက်တွေ သုံးနေတာလဲဆိုတာစိတ်၀င်စားစရာ ဆက်လက်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပါ။)...
Anomalisa (2015) ⭐IMDB: 7.2/10 (77 k Votes) 🎬 #Animation #Comedy #Drama #Romance 🗓 2015 🎞 movie 🌎 #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 30 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Anomalisa (2015)**************** ၂၀၁၅ ခုနှစ်က ထုတ်လွှင့်ခဲ့တဲ့ အမေရိကန် comedy-drama အမျိုးအစား ကာတွန်းကားဖြစ်ပါတယ်… Michael Stone ကစီးပွားရေးလောကမှာ ဝန်ဆောင်မှုလုပ်ငန်းများတွေနဲ့ပတ်သက်ပြီး ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်သလို ဝန်ဆောင်မှုများအကြောင်း စာအုပ်များရေးသားနေသူလည်းဖြစ်ပါတယ်…ဇာတ်လမ်းအစကတော့ Ohio မှာ ကျင်းပပြုလုပ်မယ့် သူ့စာအုပ်မိတ်ဆက်ပွဲအခမ်းအခန်းအတွက် Cincinnati မြို့လေးကို ခရီးထွက်လာတာပဲဖြစ်ပါတယ်… သူ့မှာ မိန်းမနဲ့ သားတစ်ယောက်ရှိနေပေမဲ့လည်း သူ့ကိုယ်သူ လူအားလုံးနဲ့ကွဲပြားနေသူလို့ ယူဆထားသူဖြစ်ပါတယ်… ဒါပေမဲ့လည်း သူ့ရဲ့စာအုပ်မိတ်ဆက်ပွဲကို လာနားထောင်တဲ့ Lisa ဆိုတဲ့ အမျိုးသမီးတစ်ဦးနဲ့ တွေ့ပြီးချိန်မှာတော့ အရာရာက ပြောင်းလဲသွားခဲ့ပါတယ်…ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ကြပါကုန်… ဒီကားက Best Animated Feature Film of the Year မှာ အော်စကာဆန်ကာတင်စာရင်းဝင်ခဲ့သလို အခြားဆုပေါင်း ၂၅ဆုလည်းရရှိခဲ့ပါတယ်… မှတ်ချက်….ဒီကားက လူကြီးတွေပဲကြည့်သင့်တဲ့အပြင် မိသားစုနဲ့ အတူမကြည့်သင့်တဲ့အခန်းတချို့လည်းပါလေတော့ ဒေါင်းကြည့်တဲ့နေရာမှာ သတိချပ်စေလိုကြောင်းပြောကြားပါရစေ...
Anomalisa (2015) ⭐IMDB: 7.2/10 (77 k Votes) 🎬 #Animation #Comedy #Drama #Romance 🗓 2015 🎞 movie 🌎 #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 30 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Anomalisa (2015)**************** ၂၀၁၅ ခုနှစ်က ထုတ်လွှင့်ခဲ့တဲ့ အမေရိကန် comedy-drama အမျိုးအစား ကာတွန်းကားဖြစ်ပါတယ်… Michael Stone ကစီးပွားရေးလောကမှာ ဝန်ဆောင်မှုလုပ်ငန်းများတွေနဲ့ပတ်သက်ပြီး ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်သလို ဝန်ဆောင်မှုများအကြောင်း စာအုပ်များရေးသားနေသူလည်းဖြစ်ပါတယ်…ဇာတ်လမ်းအစကတော့ Ohio မှာ ကျင်းပပြုလုပ်မယ့် သူ့စာအုပ်မိတ်ဆက်ပွဲအခမ်းအခန်းအတွက် Cincinnati မြို့လေးကို ခရီးထွက်လာတာပဲဖြစ်ပါတယ်… သူ့မှာ မိန်းမနဲ့ သားတစ်ယောက်ရှိနေပေမဲ့လည်း သူ့ကိုယ်သူ လူအားလုံးနဲ့ကွဲပြားနေသူလို့ ယူဆထားသူဖြစ်ပါတယ်… ဒါပေမဲ့လည်း သူ့ရဲ့စာအုပ်မိတ်ဆက်ပွဲကို လာနားထောင်တဲ့ Lisa ဆိုတဲ့ အမျိုးသမီးတစ်ဦးနဲ့ တွေ့ပြီးချိန်မှာတော့ အရာရာက ပြောင်းလဲသွားခဲ့ပါတယ်…ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ကြပါကုန်… ဒီကားက Best Animated Feature Film of the Year မှာ အော်စကာဆန်ကာတင်စာရင်းဝင်ခဲ့သလို အခြားဆုပေါင်း ၂၅ဆုလည်းရရှိခဲ့ပါတယ်… မှတ်ချက်….ဒီကားက လူကြီးတွေပဲကြည့်သင့်တဲ့အပြင် မိသားစုနဲ့ အတူမကြည့်သင့်တဲ့အခန်းတချို့လည်းပါလေတော့ ဒေါင်းကြည့်တဲ့နေရာမှာ သတိချပ်စေလိုကြောင်းပြောကြားပါရစေ...
Family Gbese (2024) ⭐TMDB: 0% User Score 🎬 #Comedy #Drama 🗓 2024 🎞 tv mini series 🌎 #Nigeria ⏰ 1 နာရီ 28 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Family Gbese (2024) IMDb Rating (3.4) Family Gbese က ဒါရိုက်တာ Michelle Bello ရိုက်ကူးပြီး Chinaza Onuzo ရေးသားခဲ့တဲ့ Nigerian ဟာသဇာတ်လမ်းပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းက မိသားစုအပေါ် သစ္စာရှိမှု၊ ရည်မှန်းချက်နဲ့ ကိုယ်ရဲ့ဆန္ဒနဲ့ မိသားစုဝတ္တရားနှစ်ခု ဆန့်ကျင်လာတဲ့အခါ ပေါ်ပေါက်လာတဲ့ ကိုယ်ကျင့်တရားအကျပ်ရိုက်မှုတွေကို ပေါ်လွင်အောင် ရိုက်ကူးထားပါတယ်။ Plot summary: အောင်မြင်နေတဲ့ လူငယ်တစ်ဦးဖြစ်တဲ့ Nnamdi Nwagba ရဲ့ ဘဝက လောင်းကစားစွဲနေတဲ့ သူ့အစ်ကို Gozie ရဲ့ အကြွေးတွေကြောင့် နှောင့်ယှက်မှုကိုခံခဲ့ရတယ်။ အန္တရာယ်များတဲ့ လူဆိုးဂိုဏ်းမှာတင်နေတဲ့ Gozieရဲ့ အကြွေးတွေကြောင့် Nnamdi သူ့မိသားစုကို ကာကွယ်ဖို့နဲ့ သူနဲ့စေ့စပ်ထားတဲ့ အစိုးရဘက်ကချစ်သူနဲ့ ဆက်ဆံရေးကိုထိန်းသိမ်းဖို့ကြား အကျပ်ရိုက်ခံရပါတော့တယ်။ မိသားစုရှုပ်ထွေးမှုတွေနဲ့ သစ္စာရှိမှုကြောင့် စတေးရမဲ့အရာတွေပေါ်ပေါက်လာပြီး Nnamdi ဘယ်အရာတွေကို ရွေးချယ်ကာကွယ်သွားမလဲဆိုတာ ဆက်လက်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ “Family Gbese” က mixed reviews တွေ ရထားပြီး Imdb မှာတော့ 3.9 out of 10 ရထားပါတယ်။ Critics တွေက ဒီဇာတ်လမ်းဟာ Nigerian ယဥ်ကျေးမှုအတွင်းက ဆက်စပ်မှုရှိတဲ့အကြောင်းအရာတွေကို ရိုက်ကူးထားပေမဲ့ မှန်းဆရလွယ်တယ်လို့ မှတ်ချက်ချထားပါတယ်။ NollyCritic က ဒီဇာတ်လမ်းမှာ Technical flaws လေးတွေ အနည်းငယ်ရှိပြီး ဇာတ်လမ်းက comedy ဘက်သွားမလား serious ဘက်သွားမလား တစ်သမတ်တည်းမရှိဘူးလို့ ဝေဖန်ထားပါတယ်။ ဒီလို mixed reviews တွေရထားပေမဲ့ “Family Gbese” က commercial အရတော့ အတော်လေးအောင်မြင်ခဲ့ပါတယ်။ ရုပ်ရှင်စထွက်တဲ့ ပထမနှစ်ပတ်မှာပဲ ₦28 million ( $36,000 ဝန်းကျင်) ကျော်ရထားပြီး ပရိသတ်စိတ်ဝင်စားမှုကို အများအပြားရထားပါတယ်။ စာရေးသူအနေနဲ့တော့ Nigerian တွေရဲ့ လူမှုစံနှုန်းတွေကြားက မိသားစုပြဿနာကို အခွီတွေနဲ့ရိုက်ကူးထားတဲ့ ကြည့်ပျော်စရာ ဟာသဇာတ်လမ်းကောင်းတစ်ပုဒ်လို့ မြင်မိပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။)...
Aalan (2024) ⭐IMDB: 8.4/10 (1 k Votes) 🎬 #Bollywood #Fantasy #Drama 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 58 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Aalan (2024) အတိတ်စေရာ CM Bollywood ပရိသတ်ကြီးအတွက်Rating လည်းမြင့် ဇာတ်အိမ်သေသပ်ကောင်းမွန်ပြီးစိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ကြောင်းတွေနဲ့ချိတ်ဆက်ပေးထားတဲ့ ဇာတ်ကားသစ်လေးတစ်ကားကိုတင်ဆက်ပေးပါရစေ… လူတစ်ယောက်ဟာ ဘယ်လိုပဲပြေးပြေးမလွတ်နိုင်တာသူ့ရဲ့အတိတ်ဆီကပဲလို့ ပြောလို့ရမယ်ထင်ပါတယ်…အချိန်တွေဘယ်လိုကြာညောင်းညောင်းအဖြစ်အပျက်တွေဘယ်လိုပြောင်းပေမယ့်ခံစားချက်ပေါင်းစုံကတေ့ာ တွေးမိလိုက်ရင်အသစ်တဖန်ပြန်ဖြစ်နေမယ့် အမှတ်ရစရာအတိတ်တွေကလူတိုင်းမှာ တပုံတပင်နဲ့ပေါ့ ဒီထဲကဇာတ်ဆောင်တွေဟာလည်းအတိတ်ကနေထွက်ပြေးရင်း အတိတ်ကနေရုန်းမထွက်နိုင်ကြတဲ့အကြောင်းကို ရိုက်ပြထားတာပါပဲ။ ဇာတ်လိုက်မင်းသားဖြစ်တဲ့ သီယာဂူဟာ ပျော်ရွှင်ရတဲ့ငယ်ဘဝလေးပိုင်ဆိုင်ခဲ့ပေမယ့်ကံဆိုးမှုတစ်ခုကြောင့် အရာရာဆုံးရှုံး ချစ်ရသူကလည်း ကိုမာဝင်မေ့မြောသွားတဲ့အတွက်ကလေးဘဝမှာလည်း လောကြကြီးရဲ့ထရော်မာဒဏ်တွေကို မခံနိုင်လို့အိမ်ကထွက်ပြေးပြီး ရသေ့လေးလုပ်ရင်း အတိတ်ကိုကြိုးစားမေ့ဖျောက်ငြိမ်းချမ်းမှုရှာဖွေနေတာ ဆယ်နှစ်ကြာသွားခဲ့ပါတယ်… ဘယ်လိုပဲလုပ်လုပ် စိတ်ရဲ့အေးချမ်းမှူကို ရှာမတွေ့နိုင်တဲ့ သီယာဂူဟာ ဘုရားကျောင်းကနေထွက်ပြီးသူ့ရဲ့ဘဝကြီးကိုရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်အပြီးမှာ အဟောင်းတွေကပဲအသစ်ဖြစ်မလား…. အသစ်တွေကပဲ အတိတ်သစ်ထပ်ဖြစ်သွားမလား….ဘဝအချိုးအကွေ့ပေါင်းများစွာကိုဘယ်လိုကြုံရမလဲဆိုတာ ပရိသတ်ကြီးတို့ပဲ ဇာတ်ဆောင်တွေနဲ့အတူလိုက်ပါစီးမြောခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်။ အညွန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်...
