uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закритий канал

🚩 Channel was restricted by Telegram

Показати більше
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
Real Love (2023) ⭐IMDB: 7.4/10 (400 Votes) 🎬 #Drama #Romance #TVMovie #Comedy 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 28 မိနစ် 26 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ကန်ဒရာဟာ ဘဝမှာစာမှစာကြိုးစားလာခဲ့ပြီး စကောလားရှစ်နဲ့ ကောလိပ်ကိုရောက်လာခဲ့တဲ့ စာကြိုးစားတဲ့ကျောင်းသူလေးတစ်ယောက်ပါ။ ကိုယ်ဘာဖြစ်ချင်လဲဆိုတာကို သေချာသိတဲ့ကန်ဒရာ့အတွက် သူ့ပန်းတိုင်ကိုရောက်ဖို့ဟာ သူ့ရဲ့ပထမဦးစားပေးပါပဲ။ တဘက်မှာ ဘန်ဂျမင်ကတော့ တစ်သက်လုံး မိဘတွေကြိုးဆွဲရာကလာခဲ့တဲ့ mamaboy လေးတစ်ယောက်ပါ။ သူ့ရဲ့အသုံးစရိတ်၊ ကျူရှင်လခတွေကအစ မိဘတွအပေါ်မှာပဲ တသက်လုံးမှီခိုလာခဲ့တဲ့ဘန်က သူဘာဖြစ်ချင်လဲဆိုတာလည်း သေချာမသိသလို မိဘတွေဖောက်ပေးတဲ့လမ်းကိုပဲလျှောက်ဖို့ လွယ်လွယ်တွေးထားခဲ့ပါတယ်။ ဒီလိုမျိုး အစစအရာရာမတူညီတဲ့လူနှစ်ယောက်ကြားမှာ အချစ်တစ်ခုပေါက်ဖွားလာတဲ့အခါမှာတော့ သူတို့ရဲ့အချစ်နဲ့ အရာရာကိုညှိယူဖို့ ဘယ်လိုကြိုးစားကြမလဲ။ ရည်မှန်းချက်ကြီးမားတဲ့ကန်ဒရာကရော အချစ်နဲ့ရည်မှန်းချက်ကြားမှာ ဘယ်အရာကိုရွေးချယ်မလဲ။ သူချစ်တဲ့ဘန် ကိုပြောင်းလဲပေးဖို့ရော ဘယ်လိုကြိုးစားမလဲ။ ဒီဇာတ်ကားလေးကို ပုံမှန်ဆယ်ကျော်သက် အချစ်ဇာတ်လမ်းတစ်ပုဒ်လို့ တွေးထားခဲ့ပေမဲ့ တကယ်တမ်းကြည့်ကြည့်တဲ့အခါမှာတော့ ဆွတ်ပျံ့ကြည်နူးဖို့ကောင်းပြီး လှပတဲ့အချစ်ပုံပြင်လေးတစ်ပုဒ်ပါ။ ဒီ (၂၀၂၃) ကမှ ထွက်ရှိထားတာဖြစ်ပြီး IMDB rating 7.4 အထိရရှိထားတာမို့ Romantic Drama movie တစ်ကားအနေနဲ့ rating မြင့်ပြီး ကြည့်လို့ကောင်းမဲ့ ဇာတ်ကားတစ်ကားပါပဲ။ ဒီကားလေး ကြည့်ပြီးရင်တော့ သူ့ရဲ့ sequel လေးဖြစ်တဲ့ Strength Of A Woman လေးပါ ဆက်ကြည့်လိုက်ပါ ဘဝရဲ့ အမောတွေကို တိုက်ခိုက် အနိုင်လိုယူစိတ်လေးဖြစ်လာမှာပါ...

After the Bite (2023) ⭐IMDB: 6.1/10 (294 Votes) 🎬 #Documentary 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 29 မိနစ် 16 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 After the Bite (2023)==============IMDb Rating 6.1/10 ဒီဇာတ်လမ်းလေးကတော့ ရှားပါးမျိုးစိတ်တစ်ခုဖြစ်တဲ့ ငါးမန်းဖြူတွေရဲ့အကြောင်းကို တင်ဆက်ရိုက်ကူးထားတဲ့ Documentary တစ်ခုဖြစ်ပါတယ်။ Documentary ပုံစံလေးကတော့…နှစ်စဉ်နွေရာသီရောက်တိုင်း အပန်းဖြေဖို့ လူအများလာရောက်ကြတဲ့ ကိတ်ပ်ကုဒ်ကမ်းခြေကို ငါးမန်းတွေရောက်ရှိလာပြီး လူသေဆုံးသည်အထိ တိုက်ခိုက်မှုတွေဖြစ်လာတဲ့အခါ မြို့နေဒေသခံတွေက သက်ဆိုင်ရာအဖွဲ့အစည်းကို ကိုင်တွယ်ဖြေရှင်းပေးဖို့အတွက် တောင်းဆိုလာကြပါတယ်။ တစ်ဖက်ကလည်းအဏ္ဏဝါထိန်းသိမ်းကာကွယ်ရေးဥပဒေအရ ရှားပါးမျိုးစိတ်တွေကို ထိန်းသိမ်းဖို့တာဝန်ရှိလာတဲ့အခါ နှစ်ဦးနှစ်ဖက် အခက်တွေ့ရပုံတွေ၊ အများပြည်သူ အပန်းဖြေတဲ့ ကမ်းခြေကို ပိတ်ထားရမယ့်အခြေအနေထိ ရောက်လာတာကြောင့်ကျွမ်းကျင်သူတွေကိုယ်တိုင် ကွင်းဆင်းလေ့လာပြီး ငါးမန်းဖြူတွေကိုထိန်းသိမ်းဖို့ဆောင်ရွက်ခဲ့ကြတော့တာပေါ့။ နောက်ပိုင်းထိခိုက်သေဆုံးမှုတွေမရှိအောင် ထိန်းသိမ်းနိုင်ခဲ့ပြီးတဲ့နောက်မှာတော့ကိတ်ပ်ကုဒ်ကမ်းခြေကို မူလအတိုင်း ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး အဖွဲ့လိုက် လှိုင်းစီးတာတွေ ရေလွှာလျှောစီးတာတွေ ကျင်းပပြုလုပ်နိုင်ခဲ့ကြတယ်။ အဏ္ဏဝါထိန်းသိမ်းရေးအဖွဲ့အနေနဲ့လည်း ငါးမန်းဖြူတွေသာမက ပင်လယ်ဖျံနဲ့ တခြားမျိုးစိတ်တွေကိုပါ အကောင်းဆုံးထိန်းသိမ်းကာကွယ်ပေးနိုင်ခဲ့ကြပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာတင်ဆက်မှုနဲ့အတူ ကိုယ်မသိသေးတဲ့ သဘာဝရဲ့အကြောင်းတွေကိုပါ လေ့လာခွင့်ရတာကြောင့် အချိန်ပေးကြည့်ရှုဖို့ ထိုက်တန်တဲ့Documentary ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Ei Po ဖြစ်ပါတယ်)...

Here Comes the Groom (2023) ⭐IMDB: 5.1/10 (41 Votes) 🎬 #Comedy 🗓 2023 🎞 movie 🌎 #Philippines ⏰ 1 နာရီ 48 မိနစ် 9 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Here.Comes.The.Groom(2023) ဒီဇာတ်ကားလေးကတော့ ဖိလစ်ပိုင်ဟာသရုပ်ရှင်အမျိုးအစားဖြစ်ပြီး ဒါရိုက်တာမာနီနက်ဇ်ကရိုက်ကူးတည်းဖြတ်ထားတာပါ။Metro Manila Summer Film Festival မှာ ရုပ်ရှင်ဆု၃ဆုနဲ့ဇာတ်ဆောင်ဆု၉ဆုရရှိထားတဲ့ဇာတ်လမ်းလေးပါ။၂၀၁၀မှာဒါရိုက်တာမာတီနက်ဇ်ဟာ သူကိုယ်တိုင်ရေးသားရိုက်ကူးထုတ်လုပ်တဲ့ Here Come The Bride အောင်မြင်မှုကြောင့်၂၀၂၂နှစ်လယ်လောက်မှာအလားတူဇာတ်လမ်းရိုက်ကူးဖို့ထပ်ဆုံးဖြတ်ခဲ့တာပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဘာသာတရားကိုင်းရှိုင်းတဲ့မိသားစုတစ်စုဟာ မင်္ဂလာပွဲကျင်းပဖို့အပန်းဖြေစခန်းသို့အသွားလမ်းမှာမာမီရှိန်းတို့တစ်သိုက်ကားဘရိတ်ပေါက်ပြီးလာတဲ့ကားနဲ့‌ခေါင်းချင်းဆိုင်တိုက်မိပါလေရော။ဖြစ်ချင်တော့ အချိန်ကနေကြတ်နေတဲ့အချိန် ရောက်နေတဲ့နေရာကသံလိုက်တောင်ကုန်း စတဲ့အကြောင်းတရားတွေကြောင့်လူတွေဝိညာဉ်ချိန်းကုန်တဲ့အခါ သူတို့ဘယ်လိုဖြေရှင်းကြမလဲဆိုတာ စောင့်မျှော်ကြည့်ရှုလို့ကောင်းတဲ့ဇာတ်လမ်းလေးပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့Pyae Phyo Minပဲ ဖြစ်ပါတယ်။...

The Adventures of Maid Marian (2022) ⭐IMDB: 3.4/10 (330 Votes) 🎬 #Adventure #Action 🗓 2022 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 22 မိနစ် 52 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Adventures of Maid Marian (2022)============================= ရော်ဘင်ဟုဒ်ဆိုရင် လူတိုင်းသိကြပေမဲ့ မာရီယန်ကိုတော့ လူတိုင်းသိချင်မှသိကြမှာပါ။ ဒီကားကတော့ မြင်နေကျ ရော်ဘင်ဟုဒ်စွန့်စားခန်းများမဟုတ်ဘဲ ရော်ဘင်ဟုဒ်ပါ၀င်မယ့် သူ့ချစ်သူမာရီယန်ရဲ့ စွန့်စားခန်းတွေကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ မာရီယန်ဟာ သူ့အလှနဲ့သစ္စာကြောင့်တင်မက ရဲစွမ်းသတ္တိကြောင့်လည်း ဟုဒ်အသိုင်းအဝိုင်းမှာ လေးစားခံရတဲ့ အမျိုးသမီးတစ်ယောက်ပါ။ မာရီယန်တစ်ယောက် ဝေးလံတဲ့သီလရှင်‌ကျောင်းတစ်ကျောင်းမှာ ပုန်းအောင်းနေခဲ့ပြီး ၃ နှစ်အကြာမှာ ဘုရင်ရစ်ချတ်သေဆုံးတဲ့သတင်းကို ကြားလိုက်ရပါတယ်။ သူ့ချစ်သူရော်ဘင်ဟုဒ်လည်း စစ်ပွဲကပြန်လာပြီဖြစ်တာကြောင့်မာရီယန်ဟာ ခိုလှုံရာကိုစွန့်ပြီး ချစ်သူနဲ့ အပြေးလေးတွေ့ဆုံခဲ့ပါတယ်။ ဒါပေမဲ့အဖြစ်အပျက်တွေဟာ ထင်သလိုဖြစ်မလာခဲ့ပါဘူး။ သူတို့တွေ့ဆုံတဲ့ တောထဲမှာပဲရော်ဘင်ဟုဒ်ကို ကလဲ့စားချေမယ့်သူနဲ့တိုးမိပါတော့တယ်။ လူအင်အား မမျှတာကြောင့် ထွက်ပြေးခဲ့ရပါတယ်။ ဟု‌ဒ်တစ်ယောက် ဒဏ်ရာအပြင်းအထန်ရရှိချိန်မှာတော့ အသက်ရှင်လွတ်မြောက်ရေးဟာ မာရီယန့်ခေါင်းပေါ် ပုံကျလာပါတယ်။ရဲရင့်ပေမဲ့ အားနွဲ့တဲ့အမျိုးသမီးတစ်ယောက်သာဖြစ်တဲ့ မာရီယန်တစ်ယောက်ထွက်ပြေးလွတ်မြောက်ပါ့မလား၊ ဒဏ်ရာရနေတဲ့ချစ်သူကို ကယ်တင်နိုင်ပါ့မလား၊ဘယ်လိုလှည့်စားမှုတွေ ခက်ခဲကြမ်းတမ်းမှုတွေကို ရင်ဆိုင်ရဦးမလဲဆိုတာ ကြည့်လိုက်ကြရအောင်ပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့C’mon ဖြစ်ပါတယ်)...

See You on Venus (2023) ⭐IMDB: 5.8/10 (479 Votes) 🎬 #Drama #Romance 🗓 2023 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 34 မိနစ် 57 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 See You on Venus (2023) ဗီးနပ်စ်ကို သိပ်သဘောကျတဲ့ မီရာဆိုတဲ့ကောင်မလေးရှိတယ်။မီရာ့အတွက်တော့ ဗီးနပ်စ်ကဂြိုလ်တစ်ခုဆိုတာထက် သူ့စိတ်ကူးယဥ်ကမ္ဘာပဲဆိုပါတော့။ “မီရာ နင်ဘာလို့ ဗီးနပ်စ်မှ ဗီးနပ်စ်ဖြစ်နေတာလဲ ဘာတွေများထူးခြားလို့လဲ ဗီးနပ်စ်က”“ငါ့ဗီးနပ်စ်ပေါ်မှာတော့ စစ်ပွဲတွေမရှိဘူးနာကျင်မှုတွေ ဆာလောင်မှုတွေမရှိဘူးကလေးတွေကို မချစ်တတ်တဲ့မိဘတွေမရှိဘူး” မီရာကတော့ မိဘမဲ့ဂေဟာကကောင်မလေးပါ။မီရာက ဗီးနပ်စ်ကိုတော့မသွားနိုင်ပေမယ့် သူ့အမေရှိနိုင်တဲ့စပိန်ကိုသွားပြီး အမေရှာပုံတော်ထွက်ဖို့ပြင်ဆင်နေသူလေးပါ။စပိန်သွားဖို့ကို သူကနှစ်နှစ်တာငွေကို ခြစ်ခြစ်ကုပ်ကုပ်စုပြီး အသက်သာဆုံးဖြစ်အောင်စီစဥ်ထားတာပါ။မီရာ့သူငယ်ချင်းတစ်ယောက်ကပြောဖူးတယ်။“နင်မွေးဖွားလာတဲ့အတွက် ဝမ်းသာနေတဲ့လူတစ်ယောက်ယောက် တစ်နေရာရာမှာတော့ အမြဲရှိနေတယ်တဲ့” ဒါပေမဲ့မီရာခရီးမထွက်ခင်ပဲ ကောင်လေးတစ်ယောက်နဲ့ဆုံတယ်။ဒီကောင်လေးက သူ့ကိုယ်သူ မွေးလာမသင့်တဲ့လူတစ်ယောက်လို့ထင်နေပြီး သတ်သေဖို့ကြိုးစားနေတာပါ။သွက်လက်လွန်းတဲ့ဆယ်ကျော်သက်လေးမီရာက ဒီကောင်လေးကိုကူညီဖို့ကြိုးစားကြည့်ချင်စိတ်နဲ့ သူ့ခရီးစဥ်မှာအတင်းဆွဲခေါ်သွားတော့တာပါပဲ။စပိန်တစ်ခွင်ကို ဗန်ကားလေးနဲ့ပတ်ပြီး မီရာ့အမေကိုရှာပုံတော်ဖွင့်တာက တစ်ချိန်ကထွက်ခဲ့တဲ့ Letters to Juliet ကိုသတိရစေတယ်။စပိန်ရဲ့ အလှတရားတွေကိုလဲ ခံစားရဦးမယ်။ဇာတ်လမ်းဇာတ်အိမ်လဲခိုင်မာပြီး ရထားတဲ့ IMDb rating 7 နဲ့လဲထိုက်တန်တယ်လို့ပြောပါရစေ။ဒီကားကြည့်ပြီးရင် မီရာ့ရဲ့ဗီးနပ်စ်ပေါ်မှာ ပြန်ဆုံချင်ပါသေးတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့Rashidaပဲ ဖြစ်ပါတယ်။...

Fred Claus (2007) ⭐TMDB: 58.0% User Score 🎬 #Comedy #Family #Fantasy #Action #Drama 🗓 2007 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 56 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဆန်တာကလေ့ာစ်ကိုတော့ အားလုံးသိကြမှာပါ…။ ခရစ်စမတ်ဆိုရင် ဒရယ်စွတ်ဖားလှည်းကြီးစီးပြီး ဝတ်စုံနီကြီးနဲ့ ကလေးတွေကို လက်ဆောင်တွေလိုက်ပေးတဲ့ ဖိုးဖိုးကြီးပေါ့…။ ဒါပေမဲ့ လူတိုင်းမသိကြတာက သူ့မှာ ဖရက်ဒ်ကလော့စ်ဆိုတဲ့ အစ်ကိုတစ်ယောက်ရှိပါတယ်…။ ဒီပုံပြင်လေးက သူ့ရဲ့ပုံပြင်လေးပါ…။ ပုံပြင်လေးကဘယ်လိုလဲဆိုတော့ လိမ္မာပြီး စိတ်ထားလှတဲ့ ဆန်တာကိုဆိုရင် ငယ်ငယ်လေးကတည်းက လူတိုင်းကချစ်ခင်ကြ ချီးကျုးကြတယ်ပေါ့…။ ဖရက်ဒ်လေးဟာ ဆန်တာရဲ့လောင်းရိပ်အောက်မှာ ရောက်နေခဲ့တာကြောင့် ဘယ်လိုပဲကြိုးစားကြိုးစား လျစ်လျူရှုခံရမှုနဲ့သာ ကြီးပြင်းခဲ့ရပါတယ်…။ ဒီလိုနဲ့ ညီအစ်ကိုနှစ်ယောက် သဘောထားတွေကွဲလွဲခဲ့ပြီး မခေါ်မပြောဖြစ်ခဲ့ကြပါတယ်…။ သို့ပေမဲ့ တစ်ခုသော ခရစ်စမတ်မှာ ညီအစ်ကိုနှစ်ယောက် ပြန်ညီညွှတ်ဖို့အခွင့် အလမ်းတစ်ခုပေါ်လာတော့တယ်…။ ကဲဇာတ်ကြောင်းလေးက ဘယ်လိုလေးဆက်ဖြစ်မလဲ…ညီအစ်ကိုနှစ်ယောက်တကယ်တမ်း သင့်မြတ်ကြပါ့မလားဆိုတာကို…. ဒီComedy,Family, Fantasy movieလေးထဲမှာ ကြည့်ရှုလို့ရပါပြီ…။...

Burned by Love (2023) ⭐IMDB: 5.0/10 (138 Votes) 🎬 #Mystery #Uncategorized #TVMovie #Thriller 🗓 2023 🎞 tv movie 🌎 #Canada #UnitedStatesofAmerica ⏰ 1 နာရီ 28 မိနစ် 7 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Burned by Love (2023)================= ဒီကားလေးကတော့ American Assassin ဇာတ်ကားထဲက မင်းသမီးချောလေး Shiva Negar ဇာတ်ဆောင်မင်းသမီးအနေနဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့ အိမ်ထောင်ရေးဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ အတွင်းခန်း အလှပြင်ပန်းချီဆရာအနေနဲ့ အသက်မွေးတဲ့ Shiva တစ်ယောက် ခင်ပွန်းသည်ရဲ့ ဖောက်ပြန်မှုကို လက်ပူးလက်ကြပ်မိသွားပြီး အိမ်ထောင်ကွဲဘဝကိုရောက်သွားရှာပါတယ်။ တစ်နှစ်လောက် ကြာတဲ့အထိ Move on မလုပ်နိုင်တော့အတူနေအခန်းဖော်က ဘဲလေးဘာလေးရအောင် ဆိုပြီး Tinder လိုမျိူးDating Account ဖွင့်ပေးပြီး သုံးခိုင်းရာကနေ Shiva တစ်ယောက်Marco ဆိုတဲ့ဘဲနဲ့ ညိသွားပါတော့တယ်။ဖြစ်ချင်တော့ Marco က ကြာကူလီ ဖိုးတွမ်တီးသမားဖြစ်နေတော့ပိုက်ဆံလည်းရှုံး အသည်းလည်းကွဲ မိအေးနှစ်ခါနာဖြစ်ပါတော့တယ်။အဲတော့ သူ့လိုမျိုး နောက်ထပ်ကောင်မလေးတွေ မခံရလေအောင်ဆိုပြီး လိုင်းပေါ်မှာ သတိပေးစာတွေထုတ်၊ မိန်းကလေးအချင်းချင်းရင်ဖွင့်ကြနဲ့ Carry on လုပ်တဲ့အခါမှာ Marco တစ်ယောက် စားပေါက်ပိတ်သွားပါတော့တယ်။ စားပေါက်ပိတ်သွားတဲ့ ကြာကူလီ Marco က Shivaကိုလက်တုံ့ပြန်ဖို့ ကြိုးစားတဲ့အခါမှာတော့ ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thetti Tun ဖြစ်ပါတယ်)...

Love, Sex and 30 Candles (2023) ⭐IMDB: 4.9/10 (112 Votes) 🎬 #Drama #Romance 🗓 2023 🎞 movie 🌎 #SouthAfrica ⏰ 1 နာရီ 47 မိနစ် 14 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Love, Sex and 30 Candles (2023)======================== ဒီခယ်လီဒီ၊ နော်လာဇီ၊ လင်ဒါနဲ့ ရှာဒေးတို့ဟာ တက္ကသိုလ်ကျောင်းသူဘဝကတည်းကစသိလာကြပြီး အခု အသက် ၃၀ ပြည့်တော့မယ့်အချိန်ထိ အင်မတန်ကိုရင်းနှီးခင်မင်နေကြတဲ့သူငယ်ချင်းလေးယောက်ပဲဖြစ်ပါတယ်။ ဒီခယ်လီဒီက တယ်ဘိုဂိုဆိုတဲ့သူနဲ့ ဆယ်နှစ်ကျော်လောက်ချစ်ကြိုက်ခဲ့ပြီးသမီးလေးတစ်ယောက်တောင်ရှိနေပေမယ့်လို့ အခုချိန်ထိ လက်မထပ်ရသေးပါဘူး။ နော်လာဇီကတော့ Single တစ်ယောက်ပါ၊ Single ဆိုပေမယ့်လည်း သူ့အသက် ၃၀ ပြည့်မွေးနေ့ရက်မှာတင်ပဲ သူ့မှာကိုယ်ဝန်ရှိနေတာကိုသိလိုက်ရပါတယ်။ လင်ဒါကတော့ ချစ်သူ၊ ရည်းစားတွေသာ ဗလပွများပြားနေပေမယ့် ငယ်ဘဝက ဖခင်နဲ့ဝေးကွာခဲ့ရမှုတွေ၊ မိခင်မကျန်းမမာဖြစ်မှုတွေကြောင့် commitment issues တွေရှိနေပြီး Relationship က ဒီထက်ပိုလေးနက်ပြီး လက်ထပ်မယ့်အဆင့်ရောက်လာပြီဆိုတာနဲ့ ချက်ချင်းကိုပဲ အဆက်ဖြတ်ပစ်လေ့ရှိတဲ့သူတစ်ယောက်ပေါ့။ ရှာဒေးဆိုတဲ့မိန်းကလေးကတော့မိန်းကလေးအများစုစိတ်ကူးယဉ်တတ်သလို အိပ်မက်ထဲကမင်းသားလေးနဲ့တွေ့ပြီးလက်ထပ်ရဖို့ကို ငယ်စဉ်ကတည်းကစိတ်ကူးယဉ်ခဲ့သူတစ်ယောက်ပါ။ သူစိတ်ကူးယဉ်ခဲ့ရသလိုပဲ လက်တွေ့မှာလည်း Perfect ဖြစ်တယ်ဆိုတဲ့ယောကျ်ားနဲ့ မကြာခင်မှာ လက်ထပ်တော့မှာဖြစ်ပေမယ့်လို့ ခင်ပွန်းလောင်းဖြစ်သူက ထင်ထားသလောက်လည်း Perfect ဖြစ်နေတာမဟုတ်ပါဘူး။ ဒီတော့ မကြာခင် အသက် ၃၀ ဆိုပြီး ထိပ်စီးပြောင်းကြတော့မယ့် ဒီသူငယ်ချင်းလေးယောက်ရဲ့ဘဝဟာ အခုလက်ရှိဖြစ်နေကြတဲ့ အခြေအနေတွေအတိုင်းပဲရှေ့ဆက်သွားမလား၊ ဘာတွေ ထူးထူးခြားခြားတွေ ဆက်ဖြစ်သွားဦးမယ်ဆိုတာကိုတော့ ဒီ “Love, Sex and 30 Candles” လေးကိုကြည့်ပြီးပဲအဖြေရှာကြည့်လိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Fiona Gillen ဖြစ်ပါတယ်)...

Mr Yin-Yang (2023) ⭐TMDB: 75.0% User Score 🎬 #Horror #Mystery #Thriller 🗓 2023 🎞 Movie 🌎 #China ⏰ 1 နာရီ 46 မိနစ် 52 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ချင်းယွမ်မြို့ မှာ ထူးခြားတဲ့ကိစ္စတွေအခြေတည်နေတဲ့လင်းအိမ်တော်ရဲ့ကနေအစတည်ခဲ့တဲ့ဇာတ်လမ်းလေးပါပဲ… ဖေးယွမ်လို့ခေါ်တဲ့ကောင်မလေးတစ်ယောက် မှာ သုန်းကျစ်လို့ခေါ်တဲ့ အဖော် ကောင်လးတစ်ယောက်ရှိခဲ့တယ်…တစ်နေ့မှာ နှစ်ယောက်သားသီးသန့်နေရာလေးတစ်ခုဘယ်သူ့ကိုမှမပြောပါဘူးဆိုပြီး ကတိပြုခဲ့ကြပြီး သုန်းကျစ်ကအဲ့ဒီနေရာလေးမှာ ရုပ်သေးအတတ်ပညာကိုအိမ်ရှင်တွေမသိအောင်ခိုးသင်ခဲ့တယ်…တစ်နေ့မှာ ငွေရှာပြီး ထွက်သွားဖို့အတွက်ပေါ့… ဒါပေမယ့် ကံကြမ္မာဖန်လာတော့အရာရာကို ငွေနဲ့ပဲ ဖြေရှင်းတဲ့ လင်းအိမ်တော်က သေဆုံးပြီးဖြစ်တဲ့သားဖြစ်သူကို ယင်ဓာတ် နဲ့မင်္ဂလာဆောင်ပေးဖို့  ဖေးယွမ်နဲ့ စီစဥ်ခဲ့ကြတယ်… ဖေးယွမ်သိတော့ ကြောက်လန့်တကြား သုန်းကျစ်ကို အကူအညီတောင်းခဲ့တော့သူတို့လျို့ဝှက်နေရာလေးမှာ ပုန်းနေဖို့ပြောခဲ့တယ်…အိမ်ရှင်တွေက ဖေးယွမ်ပျောက်ဆုံးသွားတဲ့ အတွက် သုန်းကျစ်ကိုစစ်မေးရင်းဖေးယွမ်ပြန်ပေါ်လာတာကြောင့်အရင်အစီအစဥ်အတိုင်းမင်္ဂလာပွဲစီစဥ်ကာ အရှင်လတ်လတ်​မြုပ်ပစ်ခဲ့ကြတယ်…မတရားသဖြင့်သေခဲ့ရတဲ့ ဝိဉာဥ်ဖြစ်တာကြောင့်ခြောက်လန့်မှုတွေရှိလာပြီး ယင်းယန်ဆရာ ယင်းရှစ်စန်းကို ခေါ်ခဲ့လိုက်ကြတယ်…. ယင်းရှစ်စန်းကဖြေရှင်းပေးနိုင်ပါ့မလား….လင်းအိမ်တော်ရဲ့ အရှုပ်တော်ပုံကရောဒီလောက်ပဲလား ဘာတွေ ထပ်ရှိဦးမလဲ….သရဲခြောက်တယ်ဆိုတာရော အမှန်တကယ်ပဲလားလုပ်ကြံနေတဲ့သူရှိနေတာလားဆိုတာကို စောင့်မျှော်ကြည့်ပေးကြပါဦးနော်...

Apollo 18 (2011) ⭐IMDB: 5.2/10 (57 k Votes) 🎬 #Horror #ScienceFiction #Thriller #Mystery #SciFi 🗓 2011 🎞 movie 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 27 မိနစ် 45 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 horror, sci-fi ဇာတ်ကားဖြစ်ပြီးလကမ္ဘာပေါ်ကိုခရီးသွားခဲ့တဲ့ Apollo 18 အာကာသယာဉ်ပေါ်ကအာကာသယာဉ်မှူးတွေအကြောင်းကိုရိုက်ကူးထားတာပါ ဇာတ်လမ်းအကျဉ်း…. အာကာသယာဉ်မှူးသုံးယောက်ဟာလကမ္ဘာကိုစူးစမ်း‌လေ့လာဖို့အတွက်လျှို့ဝှက်မစ်ရှင်နဲ့ခရီးသွားခဲ့ရာကနေ လပေါ်ကတခြားအရာတစ်ခုနဲ့ကြုံတွေ့လာရပါတော့တယ် အဲဒီအရာဟာလူတွေကိုဒုက္ခပေးနိုင်တာကိုသိရပေမဲ့ အဲဒါကဘယ်လိုအရာလဲ ဘယ်လိုဒုက္ခပေးနိုင်သလဲဆိုတာကိုမသိတာကြောင့်ရှောင်လွှဲဖို့နည်းလမ်းကလည်းမရှိသလောက်ပါပဲ ကြာတော့သူတို့ဟာဘယ်သူ့ကိုမှမယုံကြည်နိုင်တော့ပါဘူး အစိုးရကလပေါ်မှာတခြားအရာတွေရှိနေတာကိုသိနေခဲ့တာလား ဒီကိုဘာလို့လွှတ်လိုက်တာလဲဆိုတာကိုပါသံသယဝင်လာပါတော့တယ် ဒီလိုနဲ့အာကာသယာဉ်မှူးသုံးယောက်သားဘယ်လိုအခက်အခဲတွေနဲ့ကြုံတွေ့ရမလဲ သူတို့ကမ္ဘာမြေပေါ်ကိုဘယ်လိုပြန်လာကြမလဲဆိုတာကို ကြည့်ရှုရမှာပါ...

Shohorer Ushnotomo Din E (2023) ⭐IMDB: 6.6/10 (72 Votes) 🎬 #Bollywood #Romance #Drama 🗓 2023 🎞 movie 🌎 #India ⏰ 1 နာရီ 51 မိနစ် 34 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Shohorer Ushnotomo Din E (2023) IMDb-6.6/10 မဆုံစည်းလိုက်ကြတဲ့ ချစ်ခြင်းတွေမှာ ဒုတိယအကြိမ်အခွင့်အရေးရခဲ့ကြရင်….. လန်ဒန်ကို ကျောင်းသွားတက်ဖို့ထောက်ပံ့နိုင်စွမ်းအပြည့်ရှိတဲ့ မိသားစုကမွေးဖွားလာသူနဲ့ထူးချွန်ပြီး သာမန်ကျောင်းဆရာမမိသားစုကမွေးလာသူတို့ အချစ်တွေနဲ့နှစ်ယောက်တစ်အိမ်မက်အတွက်ပညာတော်သင်သွားကြဖို့ ဆုံးဖြတ်ကြပြီးမှ ကိုယ်ရေးကိုယ်တာ မိသားစုပြဿနာတွေနဲ့ ဝေးကွာသွားခဲ့ရတယ် နှစ်အနည်းငယ်ကြာပြီး အလုပ်ရတဲ့သူ ကျောင်းတက်နေသူနဲ့ အားလုံးအသားကျနေချိန်မှ ချစ်ရသူတွေကောလိပ်က သူငယ်ချင်းတွေပြန်ဆုံစည်းလာကြပြီး နီးစပ်ဖို့အခွင့်အရေးထပ်ရလာချိန်မှာ… နီးမလိုနဲ့ ဝေးခဲ့ကြသူတွေ ၊ အချစ်နဲ့ဘဝကို တစ်ထပ်တည်းထပ်တူကျအောင်ပုံသွင်းနိုင်ကြမလားဆိုတာ ရှုထောင့်မျိုးစုံကနေခံစားကြည့်ပါဦး (အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ BpL ~ V ~ Zwe ~ Yunni တို့ပဲဖြစ်ပါတယ်)...

Inside Man (2023) ⭐IMDB: 5.5/10 (622 Votes) 🎬 #Crime #Drama #Thriller 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 55 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Inside Man (2023)============== ဒီကားလေးကတော့ ကျွန်တော်တို့ငယ်ငယ်တုန်းက ကြည့်ပြီးခွီခဲ့ရတဲ့ ‘ The GirlNext Door ‘ ကားထဲက Matthew Kidman တစ်ဖြစ်လဲ Emile Hirsch ပါဝင်သရုပ်ဆောင်ထားတဲ့ Drama/Thriller ဇာတ်ကားကောင်းလေးဖြစ်ပြီး ဖြစ်ရပ်မှန်ဇာတ်ကြောင်းကို အခြေခံ ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ဘော်ဘီဆိုတဲ့ ရဲတစ်ယောက် အလုပ်မှာတော်ပေမယ့် အိမ်ထောင်ရေးဘက် အာရုံမစိုက်နိုင်တော့ တစ်ရက်သား မိန်းမကိုပန်းလေးပေးရင်း ဇကောဝိုင်းလှည့်ဖို့ အိမ်ကိုစောစောပြန်လာတဲ့အခါမှာမိန်းမဖြစ်သူက တခြားယောင်္ကျားတစ်ယောက်နဲ့ ဇကောဝိုင်းလှည့်ခါနီး အခြေအနေနဲ့ သွားတိုးပါတော့တယ်။ စိတ်မထိန်းနိုင်ပဲ ခြံကျော်ကောင်လေးကို စုတ်ပြတ်သတ်သွားအောင် ဘော်ဘီ ထိုးလိုက်မိချိန်မှာတော့ ချစ်သူကမုန်းဖဲကရှုံးဆိုသလိုမျိုး မိန်းမဖြစ်သူနဲ့လည်း ဝေး၊ အလုပ်ကနေလည်း ရာထူးချခံရဖြစ်သွားပါတော့တယ်။ ဘော်ဘီတစ်ယောက် စိတ်ညစ်ညစ်နဲ့ အသည်းကွဲလူမိုက်လေးလုပ်နေတုန်းလူဆိုးနှစ်ယောက်ကြားက ရန်ပွဲကိုမဆီမဆိုင် ဝင်ပါမိသွားပြီး၊ ဖြစ်ချင်တော့သူဝင်ကယ်လိုက်တဲ့ လူဆိုးက ရဲတွေဘက်ကတောင် မနိုင်လို့လွှတ်ပေးထားရတဲ့ အကောင်ကြီးကြီးဖြစ်နေပါတော့တယ်။ ဒီလိုနဲ့ အားယားနေတဲ့ဘော်ဘီတစ်ယောက် နောက်ကြောင်းကိုလိုက်ရင်းနဲ့ မိန်းမလေးရဲ့ အထင်ကြီးမှုလေးပြန်ရပြီး အဆင်ပြေ၊ အလုပ်မှာလည်း နာမည်ကောင်းရဆိုပြီး တစ်ချက်ခုတ်နှစ်ချက်ပြတ်ဖြစ်အောင် သူကယ်လိုက်တဲ့ လူဆိုးနဲ့ဝင်ရော သူလျှိုလုပ်ပြီးထောင်ဖမ်းဖို့လုပ်ပါတော့တယ်။ လူဆိုးဂိုဏ်းထဲမှာ အသွင်ယူထားတဲ့ဘော်ဘီတစ်ယောက် ဘာတွေဘယ်လိုကြုံတွေ့ရမလဲ၊ တကယ်ပဲ သူ့အကြံတွေကအလုပ်ဖြစ်ပါ့မလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thetti Tun ဖြစ်ပါတယ်)...

October Baby (2011) ⭐IMDB: 6.6/10 (8 k Votes) 🎬 #Drama 🗓 2011 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 49 မိနစ် 25 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 October Baby (2011)===============IMDb Rating – 6.6/10 ဟန်နာလော်ဆန်ဆိုတဲ့မိန်းကလေးဟာ အောင်မြင်ခြင်းမရှိခဲ့တဲ့ကိုယ်ဝန်ဖျက်ချမှုတစ်ခုကနေ အသက်မသေဆုံးဘဲ ရှင်ကျန်ရစ်ခဲ့တဲ့မိန်းကလေးတစ်ယောက်ပေါ့။ သူ့ကိုမွေးပြီးသိပ်မကြာခင်မှာပဲဂျေကော့ဘ်လော်ဆန်နဲ့ ဂရေ့စ်လော်ဆန်ဆိုတဲ့ ဇနီးမောင်နှံနှစ်ယောက်က မွေးစားထားခဲ့တာပါ။ အခုအချိန်မှာတော့ ဟန်နာတစ်ယောက် အသက် ၁၉ နှစ်အရွယ်ရောက်လို့လာပါပြီ။ တစ်နေ့မှာ ကျောင်းအတွက်ပြဇာတ်ကရာကနေ သတိလစ်၊ တက်သွားပြီးတော့ ဆေးရုံရောက်သွားခဲ့ပါတယ်။ အဲဒီမှာပဲ ဟန်နာတစ်ယောက် သူ့မိဘတွေဆီကနေ သူဟာ ရက်လမစေ့ဘဲ မွေးဖွားလာခဲ့တာဖြစ်ပြီး Failed abortion မှာအသက်ရှင်ကျန်ရစ်ခဲ့သူတစ်ယောက်ဆိုတာကိုသိရှိသွားခဲ့ရပါတယ်။ အဲဒီလိုနဲ့ နောက်ပိုင်းမှာ ဟန်နာ့အနေနဲ့ သူ့ငယ်သူငယ်ချင်းဖြစ်သူ ဂျေဆန်နဲ့အတူ မိခင်ရင်းဖြစ်သူကိုရှာဖို့အတွက် မွေးစားဖခင်ကိုအတိုက်အခံလုပ်ပြီးတော့ မိုဘီလယ် အလာဘားမားကိုခရီးထွက်လာခဲ့ပါတယ်။ဒီနောက်ပိုင်းမှာ ဘယ်လိုတွေဆက်ဖြစ်သွားမလဲဆိုတာကိုတော့“October Baby” ကားထဲမှာပဲဆက်ကြည့်ရှုလိုက်ပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Fiona Gillen ဖြစ်ပါတယ်)...

Martha Marcy May Marlene (2011) ⭐IMDB: 6.8/10 (55 k Votes) 🎬 #Drama #Thriller #Mystery 🗓 2011 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 42 မိနစ် 10 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်ကားက ၂၀၁၁ က​ ထွက်ရှိ​ခဲ့တဲ့​ Psychological Drama အမျိုး​အစား​ဖြစ်ပါတယ်။ Marvel​ ထဲက​ Wanda အဖြစ်​သရုပ်ဆောင်​တဲ့​ Elizabeth Olsen ရဲ့ပွဲဦးထွက်ရုပ်ရှင်လည်းဖြစ်ပါတယ်။ အပြင်​မှာ​အမှန်​တကယ်ဖြစ်​ခဲ့တဲ့​ မိန်း​ကလေး​တစ်ယောက်​ရဲ့​ ဖြစ်ရပ်​မှန်​ကိုရိုက်ကူးထားတာပါ။ ဇာတ်လမ်း​အကျဥ်း​ကတော့​ မာသာ (Elizabeth Olsen)​ က​ အစွန်း​ရောက်​ဂိုဏ်းတစ်ခုထဲ​မှာ​ နှစ်ပေါင်း​များစွာ​နေလာခဲ့ရပြီး နောက်ဆုံး​မှာ​ ထွက်ပြေးလွတ်မြောက်လာခဲ့ပါတယ်။ ရုပ်​ပိုင်း​ဆိုင်​ရာအရ လွတ်မြောက်​လာခဲ့ပေမဲ့ စိတ်ကတော့မလွတ်မြောက်ခဲ့ဘဲ အတိတ်က စိတ်ဒဏ်ရာ​တွေရဲ့ဖိစီးနှိပ်စက်မှုကိုခံနေရပါတယ်။ သူနေခဲ့တဲ့​ အစွန်း​ရောက်​ဂိုဏ်းက​ သူ့ကိုအလွတ်မပေးဘဲ​ နောက်​ကနေလိုက်နေတယ်လို့​ စိတ်​ထဲမှာ​မြင်နေပါတယ်။ ဒီလို​နဲ့​ သူ့ရဲ့​စိတ်​ဝေဒနာတွေက သူ့ကိုယ်သူ​တင်မကဘဲ သူ့ကို​လက်​ခံစောင့်ရှောက်ထားတဲ့​ အစ်မ​ဖြစ်သူနဲ့သူ့ခင်ပွန်းတို့ရဲ့ဘဝကိုပါ​ အကျိုး​သက်ရောက်​လာပါတော့တယ်။ ဇာတ်​ကားက​ စိတ္တဇ​ဒရာမာ​ Thriller အမျိုး​အစား​ Indie​ ​ရုပ်​ရှင်​ဖြစ်ပြီး​ Elizabeth​ Olsen​ က​ အဓိက​သရုပ်ဆောင်​ထားပါတယ်။ Imdb​ rating 6.8 ရှိပြီး​ စိတ္တဇ​ Thriller ဇာတ်ကား​တွေကြိုက်နှစ်သက်တဲ့သူတွေ၊ Elizabeth​ Olsen​ ဖန်တွေကြည့်သင့်တဲ့ဇာတ်ကားပါ။...

UFO (2022) ⭐IMDB: 4.8/10 (1 k Votes) 🎬 #Drama #Romance 🗓 2022 🎞 movie 🌎 #Turkey ⏰ 1 နာရီ 50 မိနစ် 23 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 UFO (2022)========= ဒီဇာတ်ကားလေးကတော့ ဒါရိုက်တာ Onur Bilgetay ရိုက်ကူးထားတဲ့တူရကီအချစ်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဆိုင်ကယ်စီးချန်ပီယံဖြစ်ချင်တဲ့ အက်‌ဆဲ ဆိုတဲ့ကောင်လေးနဲ့ UFO တွေကတစ်နေ့နေ့မှာသူ့ကိုလာခေါ်မယ်ဆိုပြီး ယုံကြည်နေတဲ့ ‌ဒန်းနိဇ် ဆိုတဲ့ကောင်မလေးတို့ နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ အက်ဆဲ ဟာစရိုက်ကျကျပတ်၀န်းကျင်မှာကြီးပြင်းလာသူဖြစ်ပြီး ဒန်းနိဇ် ကတော့ပိုက်ဆံရှိတဲ့အသိုင်းအဝိုင်းကသူတစ်ယောက်ပါ။ စစ်မှုထမ်းဘ၀ကနေလွတ်လွတ်ပြီးချင်း အက်ဆဲ ဟာဆိုင်ကယ်ပြိုင်နေရင်းမထင်မှတ်ဘဲ ဒန်းနိဇ် ကိုပထမဆုံးတွေ့လိုက်ရပါတယ်။ဘ၀မတူတဲ့ သူတို့နှစ်ယောက်ဟာ ရေစက်မကုန်သေးဘဲ ပါတီပွဲတစ်ခုမှာပြန်တွေ့တဲ့အခါတော့ လူငယ်သဘာ၀အီစီကလီလုပ်ရင်းချစ်ကြိုက်မိလာပါတော့တယ်။ နောက်ပိုင်းမှာ ဒန်းနိဇ် ဟာ အက်ဆဲရဲ့ချန်ပီယံဖြစ်ချင်တဲ့ ဆန္ဒကိုဘယ်လိုဖြည့်‌ဆည်းပေးသွားမလဲနဲ့အက်ဆဲ ကလည်းဂီတကျောင်းတက်ချင်တဲ့ ဒန်းနိဇ် ရဲ့ပါရမီကိုဘယ်လိုဖြည့်ဆည်းပေးသွားမလဲဆိုတာကို စိတ်၀င်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Theo Kat ဖြစ်ပါတယ်)...

The Last Voyage of the Demeter (2023) ⭐IMDB: 6.4/10 (8 k Votes) 🎬 #Fantasy #Horror 🗓 2023 🎞 movie 🌎 #UnitedStates #UnitedKingdom #Malta #Italy #Germany #India #UnitedStatesofAmerica ⏰ 1 နာရီ 59 မိနစ် 32 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Last Voyage of the Demeter (2023)=============================IMDb Rating – 6.4/10 ရှေးခေတ် ဟော်ရာရုပ်ရှင်ကောင်းကောင်းတစ်ခုလာပါပြီ။ တကယ်တော့ဒရက်ကူလာ ဇာတ်ကြောင်းတွေကို စိတ်ဝင်စားတဲ့သူဆိုရင်နာမည်ကြားတာနဲ့မှတ်မိမှာပါပဲ။ ကမ္ဘာကျော် ဒရက်ကူလာဝတ္ထုကြီးထဲမှာပါတဲ့ ဒမီတာဆိုတဲ့လှေပါပဲ။ ရုပ်ရှင်နာမည်အတိုင်းပဲ ဒမီတာရဲ့ နောက်ဆုံးပင်လယ်ခရီးရှည်အကြောင်းပါပဲ။ ဒါရိုက်တာကတော့ André Øvredal ပါ။ သူက လူကြိုက်များခဲ့တဲ့ The Autopsy of Jane Doe နဲ့ Troll Hunter ကို ရိုက်ခဲ့တဲ့သူပါ။ အခုလည်း The Autopsy of Jane Doe စတိုင်ပဲ ဘယ်ကိုမှ ပြေးလို့လွှားလို့မရတဲ့ အလုံပိတ်နေရာတစ်ခုထဲက မိစ္ဆာတစ်ကောင်ကို ဇာတ်လမ်းတည်ပြီးရိုက်ကူးထားတာပါ။ မာလိမ်မှူး အဲလိယက်အဖြစ် Game of Thrones ထဲကဆာဒါးဗို့စ်ဖြစ်တဲ့ Liam Cunningham က သရုပ်ဆောင်ထားပြီး၊ အန်နာအဖြစ်Game of Thrones ထဲမှာ လာယာနာစတာ့ခ်ဖြစ်တဲ့ Aisling Franciosi ကသရုပ်ဆောင်ထားပါတယ်။ (ဒီဇတ်လမ်းနဲ့ ဆင်တူတဲ့ စီးရီးတစ်ခုလည်းရှိပါတယ်။အက်မင်အကြိုက်ဆုံးစီးရီးတွေထဲက တစ်ခုပါပဲ၊ Dracula (2020) ဖြစ်ပြီးအပိုင်း ၃ ပိုင်းပဲရှိပါတယ်။ CM မှာ ကြည့်လို့ရပါတယ်)။ ဇာတ်လမ်းအကျဉ်း ဒမီတာဆိုတဲ့လှေရဲ့ မာလိမ်မှူး အဲလိယက်ဟာ သူ့ရဲ့အနားမယူခင် နောက်ဆုံးခရီးစဉ်အဖြစ် ငွေမြိုးမြိုးမြက်မြက်ရတဲ့ သီးသန့်အလုပ်တစ်ခုကိုလက်ခံလိုက်ပါတယ်။ ဒါကတော့ ရိုမေးနီးယားက သေတ္တာအလုံး ၅၀ ကို အင်္ဂလန်ကိုပို့ပေးဖို့ပါပဲ။ အဲဒီခရီးစဉ်အတွက် လက်ကျန်လှေထိုးသားတွေနဲ့မလောက်လို့လှေထိုးသားအသစ်အဖြစ် ကလယ်မန်ဆိုတဲ့ လူမည်းဆရာဝန်တစ်ယောက်ကိုပါခေါ်လာခဲ့ပါတယ်။ အဲဒီလှေခရီးစဉ်တလျှောက် ထူးဆန်းတာတွေ ကြောက်စရာတွေဖြစ်ပြီး လူတွေတစ်ယောက်ပြီးတစ်ယောက် သေဆုံးလာတဲ့အခါ…. (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Mr.Anderson ဖြစ်ပါတယ်)...

Love in Taipei (2023) ⭐IMDB: 5.7/10 (372 Votes) 🎬 #Comedy #Drama #Romance 🗓 2023 🎞 movie 🌎 #UnitedStates #Taiwan #UnitedStatesofAmerica ⏰ 1 နာရီ 36 မိနစ် 2 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Love in Taipei (2023) Young Adult စာအုပ်တွေ၊ Young Adult ရုပ်ရှင်တွေကို ခံစားရတာ ပေါ့ပေါ့ပါးပါး ကြည်နူးစရာလေးတွေများပါတယ်။ (များသောအားဖြင့်ပေါ့လေ)အခုလည်း Abigail Wen ရဲ့ Young Adult ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ Love Boat, Tapei ကို ပုံဖော်ထားတဲ့Love in Taipei ဆိုတဲ့ Romance Comedy ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ဒီ ဩဂုတ်လမှ ထွက်ရှိထားတဲ့ ဇာတ်ကားလေးက ဝတ္ထုနဲ့ နည်းနည်းတော့ ကွဲပြားသွားတာတွေရှိပေမယ့် ပေါ့ပေါ့ပါးပါး ကြည့်လို့ အဆင်ပြေတဲ့ ကားပါပဲ။ အမေရိကန်ကို ရွေ့ပြောင်းအခြေချနေထိုင်တဲ့ ထိုင်ဝမ်မိသားစုတစ်ခုမှာ တစ်သက်လုံး မိဘအလိုကျ စာတွေပဲလုပ်လာခဲ့တဲ့ အဲဗားဟာနွေကျောင်းပိတ်ရက်မှာတောင် သူ့မိဘတွေ စီစဉ်တဲ့အတိုင်း အမေရိကန်ကနေ ထိုင်ဝမ်ကို လေ့လာရေးခရီးထွက်လာရပါတယ်။သူထင်တာထားက စည်းကမ်းတွေ တင်းကျပ်ပြီး ပျင်းစရာကောင်းတဲ့ ကျောင်းတစ်ခုကို သွားရမယ်ပေါ့လေ။ဒါပေမယ့် သူထင်ထားသလို မဟုတ်ဘဲ အဲဒီကျောင်းမှာ သူကြုံတွေ့ရတာတွေ၊ သူလေးစားအားကျတဲ့ သူ့အဒေါ်နဲ့ ပြန်တွေ့ရတာတွေနဲ့အတူ ရွေးချယ်စရာတွေ ကြုံလာရပါတော့တယ်။ဘဝမှာ ရွေးချယ်ခွင့်မရှိတဲ့ တစ်ချို့သောကိစ္စတွေကလွဲလို့ လူတိုင်းလူတိုင်းဟာ ရွေးချယ်စရာတွေနဲ့ နိစ္စဓူဝ ဖြတ်သန်းနေရတာပါပဲ။ဒီဇာတ်လမ်းကတော့ အဓိကဇာတ်ဆောင် အဲဗားပေါ်မှာ ဗဟိုပြုထားပြီး သူ့ဘဝအတွက် ရွေးစရာလမ်းနှစ်ခုကို ဘယ်လိုရွေးမလဲဆိုတာကြည့်ရမှာပါ။အချစ်ရေးမှာလည်း ရွေးစရာနှစ်ခု၊ ဘဝလမ်းကြောင်းမှာလည်း ရွေးစရာနှစ်ခုပေါ့လေ။သူ ဘယ်လို ရွေးချယ်မလဲ ဆိုတာတော့ သူနဲ့အတူ ခံစားကြည့်ရှုလိုက်ကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့Masuji Onoပဲ ဖြစ်ပါတယ်။...

Kurukkan (2023) ⭐IMDB: 5.9/10 (810 Votes) 🎬 #Bollywood #Crime 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 3 မိနစ် 47 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Kurukkan (2023)IMDb-6.1/10 ဘတ်ဂျတ်ရူပီး၂ကုဋေကျော်အသုံးပြုရိုက်ကူးထားတဲ့ စိတ်ဝင်စားစရာမှုခင်းရုပ်ရှင်မလေယာလမ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဆိုရှယ်မီဒီယာပေါ်က နာမည်ကျော် ဆယ်လီတယောက် အသတ်ခံရတဲ့အမှုကိုလိုက်ရင်းမီဒီယာရှေ့မှာ အရှက်တကွဲဖြစ်ခဲ့တဲ့ ရဲအရာရှိက သူ့ဂုဏ်သိက္ခာကိုပြန်အဖတ်ဆယ်ဖို့အရေး အဲဒီလူသတ်မှုတရားခံကိုကြိုးစားပြီးရှာခဲ့တယ်။ သူ့စိတ်အထင်နဲ့ပဲ ဟာရီဆိုတဲ့လူကိုလူသတ်တရားခံအဖြစ် စွပ်စွဲပြီးတဲ့နောက် ရုံးတော်မှာ ယုတ္တိရှိရှိနဲ့မမှန်သက်သေထွက်ဆိုတတ်တဲ့ လူယုတ်မာတယောက်နဲ့ပေါင်းပြီးဟာရီကို လူသတ်တရားခံအဖြစ်ဖမ်းခဲ့တယ်။ သက်သေအထောက်အထားတချို့ကလည်း ဟာရီဆီ့ကိုညွှန်ပြနေလေတော့တရားခံအဖြစ်နဲ့ အမှုရင်ဆိုင်ရပါတော့တယ်။မဟုတ်မှန်းသိလာရက်နဲ့သူ့ဂုဏ်သိက္ခာကိုအဖတ်ဆယ်ဖို့အရေး လုပ်ကြံဖန်တီးသူ ရဲအရာရှိနဲ့တရားခံရိုးစွပ်ခံရသူဟာရီရဲ့ အပြစ်ကင်းကြောင်းသက်သေပြပုံတို့ကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Yunni~V~Zwe Yan~BpL~Moonတို့ပဲဖြစ်ပါတယ်)...

Indiana Jones and the Kingdom of the Crystal Skull (2008) ⭐TMDB: 60.0% User Score 🎬 #Action #Adventure #Mystery 🗓 2008 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 02 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Indiana Jones and the Kingdom of the Crystal Skull (2008) IMDb Rating (6.2) / Rotten Tomatoes (77%) +++++++++++++++++++++++++ Indiana Jones Franchise (1981-2023) George Lucas လို့ပြောလိုက်တာနဲ့ ရုပ်ရှင်ပရိသတ်တော်တော်များများက Star Wars ကို ပြေးမြင်မိကြလိမ့်မယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ လူးကပ်စ်ရဲ့ အပေါက်ဆုံးကား‌တွေဟာ ကြယ်တာရာစစ်ပွဲတွေ ဖြစ်ခဲ့တာကိုး။ ဒါပေမဲ့ Steven Spielberg လို့ပြောရင်ကျ ပြေးမြင်မိစရာ ဇာတ်ကားအများကြီးရှိပါလိမ့်မယ်။ အဲဒီလို ဇာတ်ကားအများကြီးတွေထဲကမှ Jaws ဟာ စပီးဘာ့ဂ်အတွက် ရိုက်ရတာ ဒုက္ခအရောက်ဆုံးဖြစ်ခဲ့သလို လူးကပ်စ်အတွက်လည်း Star Wars Ep IV: A New Hope ကို လွယ်လွယ်နဲ့ ရိုက်ခွင့်ရခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီလို ပင်ပင်ပန်းပန်းကာလတွေအလွန်မှာ သူတို့နှစ်ယောက်ဟာ အပျင်းလည်းပြေ စိတ်ပေါ့ပေါ့ပါးပါးဖြစ်အောင် ဇာတ်ကားတစ်ကားပေါင်းရိုက်ဖို့ စိတ်ကူးမိခဲ့ကြတယ်။ Indiana Jones ပေါ့။ စပီးဘာ့ဂ်နဲ့ လူးကပ်စ်တို့ ငယ်ငယ်က ကြည့်ခဲ့ရတဲ့ ဖန်တစ်ရာတေ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ဗီလိန်ကလည်း တစ်ခါလာလည်း ဒီလိုပုံစံ၊ နောက်တစ်ယောက်လာလည်းဒီလိုပုံစံ၊ ဘယ်လိုလာလာ မင်းသားပဲနိုင်သွားလေသတည်းဆိုတဲ့ B အဆင့် ဇာတ်ကားတွေကို မှီးပြီး Indiana Jones ကို ဖန်တီးခဲ့ကြပေမဲ့ Raiders of the Lost Ark (1981) ဟာ အကြီးအကျယ်ပေါက်သွားခဲ့တယ်။ အော်စကာဆုတွေထိပါ ရသွားခဲ့တယ်။ ဒါရိုက်တာ စပီးဘာ့ဂ်အတွက်လည်း လက်နဲ့ထိရင် ရွှေဖြစ်တဲ့ကာလ လို့တောင် ပြောစမှတ်ပြုခဲ့ရတယ်။ Indiana ရဲ့ နာမည်ကိုလည်း တစ်ကမ္ဘာလုံးသိသွားခဲ့ပါတယ်။ The Temple of Doom (1984) ကိုတော့ Raiders မတိုင်ခင် တစ်နှစ်အလိုမှာ ဇာတ်အိမ်တည်ထားလိုက်တယ်။ ဗီလိန်တွေက နာဇီတွေပဲ ထပ်မဖြစ်စေချင်တဲ့အကြောင်းအရင်းကြောင့်ပေါ့။ Temple of Doom ဟာ Raiders လောက်တော့ ဂန္ထဝင်တွင်လောက်အောင်ပေါက်တဲ့ကား မဟုတ်ခဲ့ပေမဲ့ အထိုက်အလျောက်တော့ အောင်မြင်မှုရခဲ့ပြီး‌ အော်စကာပါရခဲ့ပါတယ်။ ပထမကားနဲ့ ဘယ်လိုမှမတူ၊ နောက်လာမယ့်ကားတွေနဲ့လည်း ဘယ်လိုမှမတူအောင် Deep Dark ပြီး သွေးထွက်သံယိုတွေအများဆုံးကားတစ်ကားအဖြစ် Indiana Jones Franchise ထဲမှာ ကွဲအထွက်ဆုံးကားတစ်ကားဖြစ်ခဲ့တယ်။ လူမျိုးရေးခွဲခြားမှုပြဿနာတွေ ကျွန်သဘောက်ပြဿနာတွေလည်း မီးမောင်းထိုးပြခဲ့တဲ့ကား ဖြစ်ခဲ့တယ်။ နှစ်ကြာလာလေ ပိုကောင်းလာလေဆိုပြီး နှစ်ချို့ဝိုင်လိုဖြစ်ခဲ့ပေမဲ့ Temple of Doom ဟာ သူ့နှစ်မှာတော့ ဝေဖန်ရေးသမားတွေ အတော်များများအကြိုက်တွေ့ခဲ့ကြတဲ့ ရုပ်ရှင်တစ်ကားတော့ မဟုတ်ခဲ့ဘူး။ အဲဒီအတွက် လူးကပ်စ်ဟာ ဒီပြဿနာကို ‌Sean Connery နဲ့ Holy Grail ကို ပေါင်းထည့်‌ပြီး‌ ဖြေရှင်းပေးလိုက်တယ်။ ခုနေ အင်ဒီယာနာဂျုံးစ်ကြည့်ဖူးတဲ့ ဘယ်သူ့ကိုမဆို “အကြိုက်ဆုံးက ဘာကားလဲ” လို့ သွားမေးလိုက်ရင် ဖန်အတော်များများ‌ဖြေကြမှာက The Last Crusade (1989) ပဲ ဖြစ်လိမ့်မယ်။ Raiders အလွန်မှာ အပြီးပြည့်စုံဆုံးဖြစ်ခဲ့တဲ့ ဇာတ်ကားတစ်ကားပါပဲ။ အစအဆုံးကို မှတ်မှတ်ရရ ရှိနေလောက်အောင်ကို ကောင်းလွန်းခဲ့တဲ့ ဇာတ်ကားတစ်ကားပေါ့။ ကွန်နရီနဲ့ဖို့ဒ်တို့ရဲ့ သားအဖ Moments တွေ၊ ပြန်ပါလာတဲ့ အချစ်တော်ကြီး ဆာလာ၊ ရင်လည်းဖိုရသလို ခွီလည်းခွီရတဲ့ Action ခန်းတွေ၊ ဂျုံးစ်နဲ့ ဟစ်တလာ၊ ဂျုံးစ်ရဲ့ ငယ်ဘဝ တစေ့တစောင်း၊ နောက်ဆုံး ဘုရားသခင်ရဲ့ သောက်တော်ရေခွက်။ သိပ်ကို လှပလွန်းခဲ့တဲ့ ရုပ်ရှင်တစ်ကားပါပဲ။ Original Trilogy အပြီးမှာတော့ အင်ဒီယာနာဂျုံးစ်ဆိုတဲ့ နာမည်နဲ့ ဇာတ်ကောင်ဟာ တစ်ကမ္ဘာလုံးစာ လွှမ်းမိုးသွားခဲ့တယ်။ သူ့ရဲ့ Trademark ဖြစ်တဲ့ ကျာပွတ် လယ်သာဂျက်ကတ် သက္ကလပ်ဦးထုပ်ပျော့ စတဲ့ဟာတွေကလည်း Lightsaber တွေနည်းတူ ရောင်းအားထိပ်ဆုံးရောက်ခဲ့တယ်။ Canon မဟုတ်တဲ့ အင်ဒီယာနာဂျုံးစ် ဂိမ်းတွေ ဝတ္ထုတွေ ကောမစ်တွေကလည်း အဆက်မပြတ်ထွက်လာခဲ့တယ်။ Indiana Jones ဇာတ်ကားတွေကလည်း နောင်လာမယ့် စွန့်စားခန်းရုပ်ရှင်တွေရဲ့ မီးရှူးတိုင် ပြဌာန်းစာအုပ်တွေ ဖြစ်သွားသလို One of the World’s Greatest Action Heroes အနေနဲ့လည်း အသိအမှတ်ပြုခံခဲ့ရတယ်။ Paramount နဲ့ ငါးကားစာ စာချုပ်ချုပ်ပြီးသားဖြစ်လို့ နောက်တစ်ကားအတွက် လူးကပ်စ်က ဇာတ်လမ်းရှာနေတဲ့အချိန်မှာ ဇာတ်လမ်းလည်းစဉ်းစား အပျင်းလည်းပြေ တစ်ချက်ခုတ် နှစ်ချက်ပြတ်အနေနဲ့ The Young Indiana Jones Chronicles စီးရီးကြီးကို ရိုက်ဖြစ်သွားတယ်။ ပရိသတ်တွေ သိချင်လှပါချည်ရဲ့ဆိုတဲ့ ဂျုံးစ်ရဲ့ ငယ်ဘဝ လူငယ်ဘဝ အဖြစ်အပျက်အကုန်ကို လူးကပ်စ်က ချပြခဲ့တယ်။ Star Wars ထဲမှာ Princess Leia အနေနဲ့ သရုပ်ဆောင်ခဲ့တဲ့ Carrie Fisher တောင် တစ်ပိုင်းအတွက် ဇာတ်ညွှန်းဝင်ရေးပေးခဲ့သလို Harrison Ford ကိုယ်တိုင်လည်း အင်ဒီယာနာအနေနဲ့ တစ်ပိုင်း ဝင်ပါခဲ့ပါသေးတယ်။ ခရူးဆိတ်အလွန် 19 နှစ်အကြာမှာတော့ အင်ဒီယာနာဟာ ပိတ်...

Indiana Jones and the Last Crusade (1989) ⭐TMDB: 78.0% User Score 🎬 #Action #Adventure #Mystery 🗓 1989 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 07 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Indiana Jones and the Last Crusade (1989) IMDb Rating (8.4) / Rotten Tomatoes (84%) +++++++++++++++++++++++++ Indiana Jones Franchise (1981-2023) George Lucas လို့ပြောလိုက်တာနဲ့ ရုပ်ရှင်ပရိသတ်တော်တော်များများက Star Wars ကို ပြေးမြင်မိကြလိမ့်မယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ လူးကပ်စ်ရဲ့ အပေါက်ဆုံးကား‌တွေဟာ ကြယ်တာရာစစ်ပွဲတွေ ဖြစ်ခဲ့တာကိုး။ ဒါပေမဲ့ Steven Spielberg လို့ပြောရင်ကျ ပြေးမြင်မိစရာ ဇာတ်ကားအများကြီးရှိပါလိမ့်မယ်။ အဲဒီလို ဇာတ်ကားအများကြီးတွေထဲကမှ Jaws ဟာ စပီးဘာ့ဂ်အတွက် ရိုက်ရတာ ဒုက္ခအရောက်ဆုံးဖြစ်ခဲ့သလို လူးကပ်စ်အတွက်လည်း Star Wars Ep IV: A New Hope ကို လွယ်လွယ်နဲ့ ရိုက်ခွင့်ရခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီလို ပင်ပင်ပန်းပန်းကာလတွေအလွန်မှာ သူတို့နှစ်ယောက်ဟာ အပျင်းလည်းပြေ စိတ်ပေါ့ပေါ့ပါးပါးဖြစ်အောင် ဇာတ်ကားတစ်ကားပေါင်းရိုက်ဖို့ စိတ်ကူးမိခဲ့ကြတယ်။ Indiana Jones ပေါ့။ စပီးဘာ့ဂ်နဲ့ လူးကပ်စ်တို့ ငယ်ငယ်က ကြည့်ခဲ့ရတဲ့ ဖန်တစ်ရာတေ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ဗီလိန်ကလည်း တစ်ခါလာလည်း ဒီလိုပုံစံ၊ နောက်တစ်ယောက်လာလည်းဒီလိုပုံစံ၊ ဘယ်လိုလာလာ မင်းသားပဲနိုင်သွားလေသတည်းဆိုတဲ့ B အဆင့် ဇာတ်ကားတွေကို မှီးပြီး Indiana Jones ကို ဖန်တီးခဲ့ကြပေမဲ့ Raiders of the Lost Ark (1981) ဟာ အကြီးအကျယ်ပေါက်သွားခဲ့တယ်။ အော်စကာဆုတွေထိပါ ရသွားခဲ့တယ်။ ဒါရိုက်တာ စပီးဘာ့ဂ်အတွက်လည်း လက်နဲ့ထိရင် ရွှေဖြစ်တဲ့ကာလ လို့တောင် ပြောစမှတ်ပြုခဲ့ရတယ်။ Indiana ရဲ့ နာမည်ကိုလည်း တစ်ကမ္ဘာလုံးသိသွားခဲ့ပါတယ်။ The Temple of Doom (1984) ကိုတော့ Raiders မတိုင်ခင် တစ်နှစ်အလိုမှာ ဇာတ်အိမ်တည်ထားလိုက်တယ်။ ဗီလိန်တွေက နာဇီတွေပဲ ထပ်မဖြစ်စေချင်တဲ့အကြောင်းအရင်းကြောင့်ပေါ့။ Temple of Doom ဟာ Raiders လောက်တော့ ဂန္ထဝင်တွင်လောက်အောင်ပေါက်တဲ့ကား မဟုတ်ခဲ့ပေမဲ့ အထိုက်အလျောက်တော့ အောင်မြင်မှုရခဲ့ပြီး‌ အော်စကာပါရခဲ့ပါတယ်။ ပထမကားနဲ့ ဘယ်လိုမှမတူ၊ နောက်လာမယ့်ကားတွေနဲ့လည်း ဘယ်လိုမှမတူအောင် Deep Dark ပြီး သွေးထွက်သံယိုတွေအများဆုံးကားတစ်ကားအဖြစ် Indiana Jones Franchise ထဲမှာ ကွဲအထွက်ဆုံးကားတစ်ကားဖြစ်ခဲ့တယ်။ လူမျိုးရေးခွဲခြားမှုပြဿနာတွေ ကျွန်သဘောက်ပြဿနာတွေလည်း မီးမောင်းထိုးပြခဲ့တဲ့ကား ဖြစ်ခဲ့တယ်။ နှစ်ကြာလာလေ ပိုကောင်းလာလေဆိုပြီး နှစ်ချို့ဝိုင်လိုဖြစ်ခဲ့ပေမဲ့ Temple of Doom ဟာ သူ့နှစ်မှာတော့ ဝေဖန်ရေးသမားတွေ အတော်များများအကြိုက်တွေ့ခဲ့ကြတဲ့ ရုပ်ရှင်တစ်ကားတော့ မဟုတ်ခဲ့ဘူး။ အဲဒီအတွက် လူးကပ်စ်ဟာ ဒီပြဿနာကို ‌Sean Connery နဲ့ Holy Grail ကို ပေါင်းထည့်‌ပြီး‌ ဖြေရှင်းပေးလိုက်တယ်။ ခုနေ အင်ဒီယာနာဂျုံးစ်ကြည့်ဖူးတဲ့ ဘယ်သူ့ကိုမဆို “အကြိုက်ဆုံးက ဘာကားလဲ” လို့ သွားမေးလိုက်ရင် ဖန်အတော်များများ‌ဖြေကြမှာက The Last Crusade (1989) ပဲ ဖြစ်လိမ့်မယ်။ Raiders အလွန်မှာ အပြီးပြည့်စုံဆုံးဖြစ်ခဲ့တဲ့ ဇာတ်ကားတစ်ကားပါပဲ။ အစအဆုံးကို မှတ်မှတ်ရရ ရှိနေလောက်အောင်ကို ကောင်းလွန်းခဲ့တဲ့ ဇာတ်ကားတစ်ကားပေါ့။ ကွန်နရီနဲ့ဖို့ဒ်တို့ရဲ့ သားအဖ Moments တွေ၊ ပြန်ပါလာတဲ့ အချစ်တော်ကြီး ဆာလာ၊ ရင်လည်းဖိုရသလို ခွီလည်းခွီရတဲ့ Action ခန်းတွေ၊ ဂျုံးစ်နဲ့ ဟစ်တလာ၊ ဂျုံးစ်ရဲ့ ငယ်ဘဝ တစေ့တစောင်း၊ နောက်ဆုံး ဘုရားသခင်ရဲ့ သောက်တော်ရေခွက်။ သိပ်ကို လှပလွန်းခဲ့တဲ့ ရုပ်ရှင်တစ်ကားပါပဲ။ Original Trilogy အပြီးမှာတော့ အင်ဒီယာနာဂျုံးစ်ဆိုတဲ့ နာမည်နဲ့ ဇာတ်ကောင်ဟာ တစ်ကမ္ဘာလုံးစာ လွှမ်းမိုးသွားခဲ့တယ်။ သူ့ရဲ့ Trademark ဖြစ်တဲ့ ကျာပွတ် လယ်သာဂျက်ကတ် သက္ကလပ်ဦးထုပ်ပျော့ စတဲ့ဟာတွေကလည်း Lightsaber တွေနည်းတူ ရောင်းအားထိပ်ဆုံးရောက်ခဲ့တယ်။ Canon မဟုတ်တဲ့ အင်ဒီယာနာဂျုံးစ် ဂိမ်းတွေ ဝတ္ထုတွေ ကောမစ်တွေကလည်း အဆက်မပြတ်ထွက်လာခဲ့တယ်။ Indiana Jones ဇာတ်ကားတွေကလည်း နောင်လာမယ့် စွန့်စားခန်းရုပ်ရှင်တွေရဲ့ မီးရှူးတိုင် ပြဌာန်းစာအုပ်တွေ ဖြစ်သွားသလို One of the World’s Greatest Action Heroes အနေနဲ့လည်း အသိအမှတ်ပြုခံခဲ့ရတယ်။ Paramount နဲ့ ငါးကားစာ စာချုပ်ချုပ်ပြီးသားဖြစ်လို့ နောက်တစ်ကားအတွက် လူးကပ်စ်က ဇာတ်လမ်းရှာနေတဲ့အချိန်မှာ ဇာတ်လမ်းလည်းစဉ်းစား အပျင်းလည်းပြေ တစ်ချက်ခုတ် နှစ်ချက်ပြတ်အနေနဲ့ The Young Indiana Jones Chronicles စီးရီးကြီးကို ရိုက်ဖြစ်သွားတယ်။ ပရိသတ်တွေ သိချင်လှပါချည်ရဲ့ဆိုတဲ့ ဂျုံးစ်ရဲ့ ငယ်ဘဝ လူငယ်ဘဝ အဖြစ်အပျက်အကုန်ကို လူးကပ်စ်က ချပြခဲ့တယ်။ Star Wars ထဲမှာ Princess Leia အနေနဲ့ သရုပ်ဆောင်ခဲ့တဲ့ Carrie Fisher တောင် တစ်ပိုင်းအတွက် ဇာတ်ညွှန်းဝင်ရေးပေးခဲ့သလို Harrison Ford ကိုယ်တိုင်လည်း အင်ဒီယာနာအနေနဲ့ တစ်ပိုင်း ဝင်ပါခဲ့ပါသေးတယ်။ ခရူးဆိတ်အလွန် 19 နှစ်အကြာမှာတော့ အင်ဒီယာနာဟာ ပိတ်ကားပေါ် ပြန်ရောက်လာခဲ့တယ်။ ဖို့ဒ...